id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
24,301 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ မနောနှလုံးသက်သက်ဖြင့် ထွေထွေလာလာ ကြံကြ သိကြရာ၌ ပုဂ္ဂိုလ်ကြံမှု သိမှု, သတ္တဝါကြံမှု သိမှု-ဟုထင်စွဲသော သက္ကာယ ဒိဋ္ဌိအရိုးစိုက်ကြီးများသည် ရှိနေကြ၏၊ |
24,302 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သတ္တဝါတစ်ကောင်လုံးသည် ဒိဋ္ဌိတုံးကြီး, ဒိဋ္ဌိခဲကြီး, ဒိဋ္ဌိ ပဒေသာ ပင်ကြီးတွေဖြစ်၍နေကြလေ၏၊ |
24,303 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ထိုတွင်ရှေး ၅-ချက်တို့သည် ပဉ္စဝိညာဉ် နာမက္ခန္ဓာတို့၏ အခန်း၌ ပါဝင်လေကုန်ပြီ၊ နောက်ဆုံး အချက်သည်ကား ဤမနောဝိညာဉ် နာ မက္ခန္ဓာသက်သက်တို့ကို ပုဂ္ဂိုလ်သတ္တဝါပြု၍ ထင်မြင်စွဲယူမှုပေတည်း။ |
24,304 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မနောဝိညာဉ်နာမက္ခန္ဓာ ၄-ပါးတို့ကို နိစ္စ, သုခ,အတ္တ စွဲလမ်းချက် |
24,305 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မနောဝိညာဉ်နာမက္ခန္ဓာ ၄-ပါးတို့ကို နိစ္စဟူ၍, သုခဟူ၍, အတ္တ ဟူ၍စွဲလမ်းမှုပေတည်း။ |
24,306 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စွဲလမ်းပုံကား -ပုဂ္ဂိုလ် သတ္တဝါဟူသည် ဖြစ်စရာ ပျက်စရာ သဘာဝအသားမရှိသော နိမိတ္တဓမ္မကြီးဖြစ်၍ နိစ္စမျိုး,ဓုဝမျိုးပေတည်း၊ တစ်ဘဝတစ်ဘဝတွင် တစ်ခါဖြစ် တစ်ခါပျက်သာ ရှိသည်ဖြစ်၍ တစ်သက်တစ်သက် ခိုင်မြဲသော နိစ္စမျိုး ဓုဝမျိုးပေတည်း၊ ရုပ်ခန္ဓာ နာမ်ခန္ဓာတို့ကို ပုဂ္ဂိုလ်ဟူ၍, သတ္တဝါဟူ၍, ငါဟူ၍, သူတစ်ပါးဟူ၍, ယောကျ်ား မိန်းမဟူ၍ ထင်မြင်စွဲလ... |
24,307 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နိစ္စဓုဝဟူသည်--ဣဋ္ဌမျိုး, သုခမျိုး, သုတမျိုးပေတည်း၊ အနှစ် သာရ အတ္တမျိုးပေတည်း၊ ကြံတတ် သိတတ်သော ပုဂ္ဂိုလ်သတ္တဝါဟူ၍မရှိ၊ ခန္ဓာငါးပါး ရုပ်နာမ်တရားသာရှိ၏၊ ထိုတွင် နှလုံးသွေး၌ရှိသော နူးညံ့မှု ကိရိယာ, ဖွဲ့စည်း ယိုစည်းမှုကိရိယာ, ပူမှု နွေးမှုကိရိယာ,ပွရွ လှုပ်ရှားမှု ကိရိယာ, အဆင်း, အနံ့, အရသာ, ဩဇာတို့ကား ရုပ်ခန္ဓာတို့တည်း၊ ထို... |
24,308 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နှလုံးသွေး၌လည်း ထိုနာမက္ခန္ဓာတို့၏ ဖြစ်ပေါ်ရာဌာနသည် ၁- ရာမက ၁-ထောင်မက များပြား၏၊ အကြောင်းအခွင့်အထူးသင့်ရာ ဤနေရာ၌ တသုတ်, ထိုနေရာ၌တသုတ် ဖြစ်ပေါ်ကြကုန်၏၊ ၁-နာရီ အတွင်းမှာပင် ဖြစ်ရာဌာနပေါင်း ၁-ရာ ၁-ထောင်မက တစ်ဘဝတွင် တစ်ခါဖြစ်, တစ်ခါသေသာရှိရမည်၊ များပြား၏၊ တသုတ်တသုတ်၏ အကြားအကြား၌ ဘဝင်မနော အသီးအသီး ဖြစ်ပေါ်၍ခြား၏၊ အသုတ် ၂-ခု... |
24,309 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နှလုံးသွေးမှတပါး စက္ခု, သောတ-စသောတစ်ကိုယ်လုံးမှာ ထိုထိုနေရာ၌ နာမက္ခန္ဓာ ၄-ပါးတို့ ဖြစ်ပေါ်၍နေခိုက်တို့၌လည်း နှလုံး သွေးမှာ ဘဝင်ဝိညာဉ် မနောဝိညာဉ် နာမက္ခန္ဓာ ၄-ပါးတို့ အကုန်တိတိ ကင်း၍ နေကုန်၏၊ ရူပက္ခန္ဓာ သက်သက်သာရှိနေ၏၊ တသုတ်သုတ်ချုပ်မှု, ပျက်မှု, ကုန်ဆုံးမှုတို့ကြောင့် အနိစ္စ အစစ်ပေတည်း။ |
24,310 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနိစ္စလက္ခဏာ မရဏဘေးကြီး |
24,311 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနိစ္စလက္ခဏာ အမြဲမရှိ၍နေကြကုန်သော ထိုနာမက္ခန္ဓာ ၄-ပါးတို့သည် အနိစ္စမျိုး စင်စစ်တို့သာတည်း၊ အနိစ္စလက္ခဏာဟူသည် မရဏဘေးကြီး ခဏမစဲ မမြဲကပ်လိုက်၍နေကုန်သော ထိုနာမက္ခန္ဓာ ၄-ပါးတို့သည် ငါဟူ၍လည်းကောင်း, ငါ၏ဥစ္စာဟူ၍လည်းကောင်း သိမ်းပိုက်ဝံ့စရာမရှိ၊ ကြောက်မက်ဖွယ်အတိဖြစ်သော ဒုက္ခမျိုး စင်စစ်တို့ သာတည်း၊ မျက်တောင်တစ်ခတ်မျှ ခိုင်မြဲသည... |
24,312 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပုဂ္ဂိုလ်, သတ္တဝါ၏အနှစ်သာရမှန်ခဲ့လျှင် ပုဂ္ဂိုလ်သတ္တဝါ အသက် ရှည်သမျှ ခိုင်မြဲရမည်၊ တစ်ဘဝတွင် တစ်ခါဖြစ် တစ်ခါသေသာရှိရမည်၊ ထိုသို့ကား မဟုတ်၊ နာမက္ခန္ဓာ ၄-ပါးတို့သည်ကား ၁-နာရီအတွင်းမှာပင် အခါ ၁-ရာ အခါ ၁-ထောင်မက သေဆုံးကြကုန်၏၊ ပုဂ္ဂိုလ်နှင့်တစ်လမ်းစီ နေကြကုန်၏၊ ထို့ကြောင့်နာမက္ခန္ဓာ ၄-ပါးတို့သည် ပုဂ္ဂိုလ်, သတ္တဝါ၏ အထည်ခံ အ... |
24,313 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | -ဟူလိုသည်။ |
24,314 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့သိခြင်း မြင်ခြင်းသည်ကား ထိုနာမက္ခန္ဓာ ၄-ပါးတို့ကို အနိစ္စ ဟူ၍, ဒုက္ခဟူ၍ အနတ္တဟူ၍ သိခြင်း မြင်ခြင်းပေတည်း။ |
24,315 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မနောဝိညာဉ်နာမက္ခန္ဓာ ၄-ပါးကို ပြဆိုချက်ပြီး၏၊ |
24,316 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | --- (စျ) နိဒ္ဒါရာမတာ-စသော တဏှာ ၄-မျိုးကိုပြဆိုချက် |
24,317 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အရသာ၌ စိတ်အရသာ မနောအရသာ မည်သည် အလွန်တရာ ကြီးကျယ်၏၊ ဇောစိတ်, ဇောမနော, ဇောဝိညာဉ်တို့၏အရသာကို မဆိုထားဘိဦး၊ အိပ်ပျော်မှုဟူသော ဘဝင်မနော၏ အရသာသည်ပင်လျှင် အလွန်သာယာဖွယ် ခံစားဖွယ်ကြီး တစ်ပါးဖြစ်၏၊ စားသောက်၍ အမြိန် မရှက်ခဲ့လျှင် စိတ်စက်မကြည် မချမ်းရှိကြကုန်၏၊ စားသောက်၍ မမြိန်မရှက် စိတ်စက်မကြည်မချမ်း ရှိကြကုန်သကဲ့သို့ အိပ်စက်၍ မ... |
24,318 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤသာသနာတော်၌ ဗောဓိပက္ခိယဓမ္မ အစီးအပွါးသည် အထွတ် အမြတ်ဖြစ်၏၊ သတ္တဝါတို့ အိပ်ကြရာ ဆိပ်ငြိမ်သော ညဉ့်နာရီစုသည် ဗောဓိပက္ခိယ ဘာဝနာစီးပွါးကို အားထုတ်ကြရာ မြို့အလယ်, ရွာအလယ် ၌ပင် တောအသွင်ကဲ့သို့ အထူးသင့်လျော်သောအခါဖြစ်၏၊ ယခုအခါ သာသနာဂိုဏ်းဝင် လူရှင်အပေါင်းတို့အား နိဒ္ဒါရာမတာ အပေါက်ရှိနေ သည့်အတွက် ထိုအချိန်နာရီတွေကို အိပ်မှုနှင... |
24,319 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဇောမနောအရသာကို အမြဲလိုက်စားကြကုန်၏၊ မိမိတို့စိတ် ပျော်ရာ အာရုံဝတ္ထု အမှုကိစ္စနှင့်နေရမှ နေနိုင်ကြကုန်၏၊ ဇောမနော အရသာတို့၌သာယာသော တဏှာသည်ကား ကမ္မရာမတာတဏှာ, ဘဿာရာမတာ တဏှာ, သင်္ဂဏိကာရာမတာ တဏှာ-စသည်ဖြင့် အလွန်များ၏၊ |
24,320 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ပရိယတ္တိ, ပဋိပတ္တိ ဗောဓိပက္ခိယ စီးပွါးတို့မှ အပဖြစ်သော လုပ်ကြံမှုတို့ကို မစွန့်နိုင်သောတဏှာသည် ကမ္မာရာမတာ မည်၏၊ |
24,321 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ အပေါင်းအဖော်တို့နှင့် စကားပြောမှုကို မစွန့်နိုင်သော တဏှာသည် ဘဿာရာမတာ မည်၏၊ |
24,322 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ အဖော်နှင့်ကင်း၍ ဆိပ်ငြိမ်ရာဌာန၌ တကိုယ်ရေတစ်ကာယ မနေနိုင်သောတဏှာသည် သင်္ဂဏိကာရာမတာ မည်၏၊ |
24,323 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဗောဓိပက္ခိယစီးပွါးကို လွန်စွာဖျက်ဆည်းနိုင်သော ဓမ္မန္တရာယ် တို့ပေတည်း၊ ခွေး-ကျီး-လင်းတ-ဥပမာ, နူနာကြီး ဥပမာတို့ကိုလည်း ထိုက် သည်အားလျော်စွာ သိကြလေ။ |
24,324 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နိဒ္ဒါရာမတာစသောတဏှာ ၄-မျိုးကိုပြဆိုချက်ပြီး၏၊ |
24,325 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | --- (ည) ၂၄-ပစ္စည်းတို့ဖြင့် ထင်သာမြင်သာရှိအောင် ဝေဖန်၍ပြဆိုချက် |
24,326 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤကိုယ်ခန္ဓာအတွင်းမှာ ဘယ်နေရာကလှုပ်ရှားသည်-ဟုသိရ လျှင်ပင် ထိုနေရာ၌ နာမက္ခန္ဓာ မပေါ်ခဲ့လျှင် ထိုနေရာတစ်ခုလုံး ပြတ် ကြွေ၍ပင် သွားသော်လည်း ထိုအခါမသိနိုင်၊ ဦးခေါင်းတစ်ခုလုံး လှုပ်၍ သွားသည် ဟု သိလိုက်သောအခါ၌ ဦးခေါင်းတစ်ခုလုံး နာမက္ခန္ဓာတွေ အပြည့်ဖြစ်ပေါ်၍ သွားသည်ဟုမှတ်၊ ရင်တစ်ခုလုံး လှုပ်၍သွားသည်ဟု သိလိုက်သောအခါ၌ ရင်တစ်ခုလုံ... |
24,327 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တစ်ကိုယ်လုံးမှာ ထိုထိုနေရာတို့၌ နာမက္ခန္ဓာ ၄-ပါးတို့ဖြစ်ပေါ်၍ နေဆဲအခါမှာ နှလုံးသွေး၌ မနောဝိညာဉ် နာမက္ခန္ဓာ ၄-ပါးတို့ ပြတ်စဲ ကွယ်ပျောက်၍ နေမြဲဓမ္မတာတည်း၊ တစ်ကိုယ်လုံးမှာ ထိုထိုနေရာတို့၌ နာမက္ခန္ဓာ ၄-ပါးတို့ တသုတ်တသုတ် အချုပ်အဆုံးတွင် နှလုံး၌ နာမက္ခန္ဓာ ၄-ပါး ညှပ်ကာညှပ်ကာ ဖြစ်ပေါ်မြဲဓမ္မတာပေတည်း၊ တစ်ယောက်သော သတ္တဝါ၏နာမက္... |
24,328 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂၄-ပစ္စည်းတွင်- |
24,329 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ အနန္တရပစ္စည်း၊ |
24,330 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ သမနန္တရပစ္စည်း၊ |
24,331 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ နတ္ထိပစ္စည်း၊ |
24,332 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ဝိဂတပစ္စည်း၊ |
24,333 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟူသော ၄-ပါးသော ပစ္စည်းတို့သည် တစ်ယောက်သော သတ္တဝါ တွင် နာမ်တရားတို့ ၂-ဌာနပြိုင်၍ ဖြစ်ခြင်း မရှိသည်ကို ပြဆိုသော ပစ္စည်း တို့တည်း။ |
24,334 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟေတုပစ္စည်း |
24,335 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လောဘ,ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟ တို့၏ ရုပ်နာမ်ခန္ဓာတို့အား အဖြစ်မူလ ကိစ္စဖြင့် ကျေးဇူးပြုမှုကို ဟေတု ပစ္စည်း ဆိုသတည်း။ |
24,336 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာရမ္မဏပစ္စည်း |
24,337 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာရုံ ၆-ပါးထိခိုက်မှု ရှိမှသာ ထိခိုက်ရာဌာန၌ ဝိညာဉ် ၆-ပါး နာမက္ခန္ဓာ ၄-ပါးတို့ ဖြစ်ပေါ်နိုင်ကြသည်ကို အာရမ္မဏပစ္စည်း ဆိုသ တည်း။ |
24,338 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အထူးအားဖြင့် အကြီးအမှူးထား၍ ခင်မင်ကြသော အာရုံမျိုးကို အဓိပတိပစ္စည်း ဆိုသတည်း။ |
24,339 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခက်မာမှု, ဖွဲ့စည်းမှု,ပူမှု, အေးမှု အစရှိသော ရုပ်ခန္ဓာလျှင် ရုပ်ခန္ဓာချင်း၊ သိမှု, ခံစားမှု, မှတ်မှု, စေ့ဆော်မှု- အစရှိသောနာမ်ခန္ဓာလျှင် နာမ်ခန္ဓာချင်း၊ ပြိုင်းခနဲ ပြိုင်းခနဲ အတူတကွဖြစ်ပေါ်ကြသည်ကို သဟဇာတပစ္စည်း, အညမညပစ္စည်း ဆိုသတည်း။ |
24,340 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရုပ်လျှင်ရုပ်ချင်း၊ နာမ်လျှင်နာမ်ချင်း မှီကြရသည်ကိုလည်း ကောင်း, နာမက္ခန္ဓာတို့သည် ရုပ်ခန္ဓာတို့၌ မှီကြရသည်ကိုလည်းကောင်း နိဿယပစ္စည်း ဆိုသတည်း။ |
24,341 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အမိကျေးဇူး, အဖကျေးဇူး, သားကျေးဇူး,သမီးကျေးဇူး, အိမ် ကျေဇူး, ယာကျေးဇူး, နွားကျေးဇူး, ကျွဲကျေးဇူး, မြေကျေးဇူး, ရေကျေးဇူး, မီးကျေးဇူး, မိုးကျေးဇူး, လေကျေးဇူး, တောကျေးဇူး, တောင်ကျေးဇူး, ဘုရားကျေးဇူး, တရားကျေးဇူး, သံဃာကျေးဇူး, ဆရာသမားကျေးဇူးအစရှိသော လောကဉာဏ်ရှိသမျှ သိမြင်ကြရသော လောက၌ ကျေးဇူး ကြီးငယ် အနန္တတို့ကို ဥပနိဿယပစ္စည... |
24,342 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နှလုံးသွေး၌ ဖြစ်ပေါ်ကြသော နာမက္ခန္ဓာ ၄-ပါးတို့သည်ကား အတိတ် အနာဂတ်ဖြစ်သော ရှေးရှေးနှောင်းနှောင်း အာရုံတို့ကိုလည်း ကောင်း, မိမိတို့နှင့်အပြိုင်ဖြစ်ပေါ်သော အာရုံတို့ကိုလည်းကောင်း၊ အစွဲပြု၍ ဖြစ်နိုင်ကြကုန်၏၊ နှလုံးသွေးမှတစ်ပါး စက္ခု, သောတအစရှိသော တစ်ကိုယ်လုံး တစ်ကောင်လုံး၌ ဖြစ်ပေါ်ကြကုန်သော နာမက္ခန္ဓာ ၄-ပါးတို့သည်မူကား ထို... |
24,343 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရှေးရှေးတင်ကူး၍ ပေါက်ရောက်ပြီးသော မြက်, သစ်ပင်တို့အား ကြီးပွါးခြင်းငှါ နောက်နောက်ရွာသော မိုးရေသည် ကျေးဇူးပြုသကဲ့သို့ ရှေးရှေးတင်ကူး၍ ဖြစ်ပေါ်နှင့်ကြကုန်သော ရုပ်ခန္ဓာတို့အား ထက်သန်ကြ စေခြင်းငှါ နောက်နောက်၌ တသုတ်တသုတ်ဖြစ်ပေါ်ကြကုန်သော နာမက္ခန္ဓာ ၄-ပါးတို့သည် ကျေးဇူးပြုကြကုန်၏၊ ဤသို့သော ကျေးဇူးကို ပစ္ဆာဇာတပစ္စည်း ဆိုသတည်း... |
24,344 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စက်ကိရိယာတို့သည် အဆင့်ဆင့် အားပေးကြကုန်သကဲ့သို့ နောက်နောက်သော ဇောနာမက္ခန္ဓာတို့အား ရှေးရှေးသော ဇောနာမက္ခန္ဓာ တို့သည် အဆင့်ဆင့်အားပေးကြကုန်၏၊ ဤသို့သော အားပေးမှုကို အာသေဝန ပစ္စည်းဆိုသတည်း။ |
24,345 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရှေး၌ သင်္ခါရက္ခန္ဓာ အခန်းတွင်ပြဆိုခဲ့ပြီးသော စေတနာ၏ စိတ်ကိုရပ်တည်မရအောင် စေ့ဆော်မှု, လှုံ့ဆော်မှု, အပူတပြင်း တိုက်တွန်း မှုကို ကမ္မပစ္စည်း ဆိုသတည်း။ |
24,346 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (သုဂတိဘုံဘဝသို့ရောက်၍ လူဖြစ်ရမှု, နတ်ဖြစ်ရမှု, ဗြဟ္မာဖြစ် ရမှု ချမ်းသာ ၃-ပါးကိုခံစား စံစားကြရမှု, ဒုဂ္ဂတိဘဝသို့ရောက်၍ အပါယ် သတ္တဝါဖြစ်ရမှု, အပါယ်ဒုက္ခ ၄-ပါးကိုခံစားကြရမှုကိုလည်း ကမ္မပစ္စည်း ဆိုသတည်း။ |
24,347 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အိပ်ပျော်၍နေစဉ်အခါ၌ ဘဝင်မနောတို့၏ ငြိမ်သက်မှုကို ဝိပါကပစ္စည်းဆိုသတည်း။ |
24,348 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နေ့စဉ်မျိုအပ်သော ထမင်းအစာတို့၏ တစ်ဘဝ,တစ်ဘဝ၌ ရုက်ခန္ဓာကြီးကို ခိုင်မြဲအောင် ထောက်ပံ့မှု, စိတ်, ဖဿ, စေတနာတို့ အနမတဂ္ဂ သံသရာ၌ နာမ်ခန္ဓာအစဉ်ကို ခိုင်မြဲအောင် ထောက်ပံ့မှုသည် အာဟာရ ပစ္စည်းမည်၏၊ |
24,349 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စက္ခုရုပ်သည် စက္ခုဝိညာဉ် နာမက္ခန္ဓာ ၄-ပါးတို့ကို အစိုးရ၏၊ ထိုခန္ဓာ ၄-ပါးတို့သည် စက္ခုရုပ်နုံ့နှေးလျှင် နုံ့နှေးရကုန်၏၊ မျက်စိအမြင် မကြည်မလင်ဖြစ်ရ၏၊ စက္ခုရုပ်ထက်သန်လျှင် ထက်သန်ကြကုန်၏၊ မျက်စိအမြင် ကြည်လင်၏၊ လူတို့၏စက္ခုရုပ် ထက်သန်သည်ထက် နတ်တို့၏ စက္ခုရုပ်သည်ထက်သန်၏၊ ထို့ကြောင့် အမြင် ခန္ဓာတို့သည် သစ်ပင်, တော, တောင်, မြေ... |
24,350 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သောတရုပ်, ဃာနရုပ်, ဇိဝှါရုပ်, ကာယရုပ်တို့၌လည်း သူ့ဝိညာဉ် နှင့်သူ ဆိုလေ၊ ဇီဝိတ, စိတ်, ဝေဒနာ, သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာတို့သည် နာမ်ခန္ဓာ ၄-ပါးတို့ကို အသီးအသီး အစိုးရကြကုန်၏၊ မိမိတို့ကိစ္စ၌ မိမိတို့နုံ့ကြလျှင် နာမ်ခန္ဓာ ၄-ပါးတို့နုံ့ကြကုန်၏၊ ထက်လျှင် ထက်ကြကုန်၏၊ ဇီဝိတသက်သက်သည်လည်း ကမ္မဇရုပ်တို့ကို အစိုးရ၏၊ ဇီဝိတနုံ့လျ... |
24,351 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိတက်, ဝိစာရ, ပီတိ, ဝေဒနာ, ဧကဂ္ဂတာ-တို့၏ နာမ်ခန္ဓာတို့ကို အာရုံ၌ စူးစူးစိုက်စိုက် နေနိုင်ကြအောင် ကျေးဇူးပြုမှုသည် စျာနပစ္စည်း မည်၏၊ သေနတ်ဖြင့် ငှက်ကိုပစ်ရာ၌ ဤစျာနပစ္စည်းမပါလျှင် ရွယ်ပင် မရွယ်နိုင်။ |
24,352 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပညာ,ဝိတက်,ဝိရတီ ၃-ခု, ဝီရိယ, သတိ, ဧကဂ္ဂတာ, ဒိဋ္ဌိတို့၏ နာမက္ခန္ဓာ ၄-ပါးကို ကယကံ, ဝစီကံ, မနောကံ, မြောက်ကြောင်း ဒုဂ္ဂတိ, သုဂတိနိဗ္ဗာန်သို့ ပေါက်ရောက်ကြောင်းအဖြစ်ဖြင့် ကျေးဇူးပြုမှုသည် မဂ္ဂပစ္စည်းမည်၏၊ |
24,353 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နာမက္ခန္ဓာ ၄-ပါးတို့၏ ဖြစ်တူ, ပျက်တူ ယှဉ်ဖက်မှုသည် သမ္ပယုတ္တပစ္စည်းမည်၏၊ ထိုသမ္ပယုတ္တပစ္စည်းကို ပြဆိုခဲ့ပြီ။ |
24,354 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နာမက္ခန္ဓာ ၄-ပါးတို့သည် အရေတွင်း, အသားတွင်း, အကြော တွင်း, အရိုးတွင်း, ဦးနှောက်တွင်း, အဆုတ်တွင်း, အသည်းတွင်း, နှလုံးသားတွင်း, နှလုံးသွေးတွင်းတို့၌ တဝင်းဝင်း တလက်လက် မစဲဖြစ်ပေါ်၍ နေကြကုန်သော်လည်း ရုပ်ခန္ဓာတို့ ရောယှက်ငြိတွယ်ခြင်း မရှိကြကုန် သည်ကို ဝိပ္ပယုတ္တပစ္စည်း ဆိုသတည်း။ |
24,355 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အတ္ထိပစ္စည်း, အဝိဂတပစ္စည်း |
24,356 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပြဆိုခဲ့ပြီးသော ပစ္စည်းအပေါင်းတို့တွင် အကျိုးဖြစ်သော ပစ္စုပ္ပန်တရားတို့နှင့် ခဏပစ္စုပ္ပန် အပြိုင်ရ ကောင်းသော သဟဇာတ ပစ္စည်း, ပုရေဇာတပစ္စည်း-စသည်ကိုပင် အတ္ထိပစ္စည်း, အဝိဂတပစ္စည်း ဆိုသတည်း။ |
24,357 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂၄-ပစ္စည်းတို့ဖြင့် ထင်သာမြင်သာရှိအောင် ဝေဖန်၍ပြ ဆိုချက်ပြီး၏၊ တိက္ခပုဂ္ဂိုလ်တို့ ရှုနည်းကို ပြဆိုခန်းပြီး၏၊ |
24,358 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤမျှသောစကားအစဉ်ဖြင့် အဘိဓမ္မာဆရာ တပည့်မောင်သဲ လျှောက်ထားတောင်းပန်ချက်အရ ကမ္မဋ္ဌာန်းပိုင်းနှင့်ဆိုင်ရာ သရုပ် သဘောသကန်တို့ကို အကျယ်ဝေဖန်၍ ရေးသားစီရင်အပ်သော ကမ္မဋ္ဌာန်းကျမ်းကြီးသည် ၁၂၆၆-ခု၊ တန်ဆောင်မုန်းလဆန်း ၁၀-ရက် နေ့တွင် ငါတို့စီရင်ရေးသား ပြီးစီးအောင်မြင်လေသတည်း။ |
24,359 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကမ္မဋ္ဌာန်းကျမ်းကြီး ပြီးပြီ။ |
24,360 | လင်္ကာ, မြန်မာဘာသာ | ကမ္မဘူမိ သံသန္ဒနာခဏ်း | ၄၈၆ ယင်းသို့ အမှန်၊ ကျမ်းလာဟန်ဖြင့်၊ ဝေဘန် ယုတ္တိ၊ ချင့် နှိုင်းညှိ၍့၊ ပါဠိ အဋ္ဌကထာ၊ ဋီကာစရိယ၊ ဇာတကနှင့်၊ မဇ္ဈိမနိကာယ်၊ ကျမ်း သုံးသွယ်တို့၊ အကျယ် မပြ၊ သာမညဖြင့်၊ ဗြဟ္မာလောကူပဂေါ၊ ဤမျှ ဟောလည်း၊ သဘောအလို၊ ယုတ် မပိုအောင်၊ အကုသိုလ် ဒု၊ ကုသိုလ် သုဟု၊ လေးခု ပါက၊ ဌာန ဘူမိ၊ အစဉ်း သိလော့၊ ဗောဓိပွင့်*လျာ၊ ရင့်ကြောင်းလျာသည့်၊ မဃဒ... |
24,361 | လင်္ကာ, မြန်မာဘာသာ | ကမ္မဘူမိ သံသန္ဒနာခဏ်း | ။ သံတော် အဟန်း အဟန်းတည်း။ |
24,362 | လင်္ကာ, မြန်မာဘာသာ | ကမ္မဘူမိ သံသန္ဒနာခဏ်း | ၄၈၇ ထိုသို့ ကြီးလှ၊ စျာန်သုခဖြင့်၊ ဘဝ *တောင်ကိုင်၊ နိဗ္ဗာန်တိုင်သို့၊ *ချက်ရိုင် မိမိ၊ စံရဘိလည်း၊ ဒိဋ္ဌိ ဝိတက်၊ မဘက် မနှော၊ မရော မငြိ၊ လောင်းဗောဓိတို့၊ ဇာတိ ဖြစ်တိုင်း၊ မခိုင်း *မမျဉ်၊ စက်ပိုင်း*ရဉ်သို့၊ အစဉ် ဝါသနာ၊ ထုံပြီးစွာသား၊ ပညာဝရဇိန်၊ စွဲးလက်ချိန်ကြောင့်၊ ဇီဝိန္ဒြိယ၊ ဖြစ်ချစေကာ၊ မဟာပထဝီ၊ ဤမြေ မြင်းမိုရ်၊ ယုဂန္ဓိ... |
24,363 | လင်္ကာ, မြန်မာဘာသာ | ကမ္မဘူမိ သံသန္ဒနာခဏ်း | ။ ယှဉ်ပြိုင် အတန်း အတန်းတည်း။ |
24,364 | လင်္ကာ, မြန်မာဘာသာ | ကမ္မဘူမိ သံသန္ဒနာခဏ်း | ၄၈၈ သီလဟူပြီ၊ ပါရမီလည်း၊ ဝိရတီ ချို့၊ ဗြဟ္မာတို့နှိုက်၊ သို့ဖြစ်စေကာ၊ စေတနာဖြင့်၊ ဆယ်ဖြာ အမိုက်၊ ဒုစရိုက်ကို၊ ဘုံလိုက် အမြဲး၊ ကွာရှဲး ပြကတေ့၊ ဘဝလေ့တိုင်း၊ သိမ်မွေ့ စင်စစ်၊ သီလဖြစ်၏၊ ကျင့်ညစ် ယုတ်မာ၊ ကင်းပြီးစွာသည်၊ ကာမာနိဿရဏ၊ နိက္ခမ္မနှင့်၊ သုခ ဒုက္ခ၊ ဓမ္မကထာ၊ ဒေသနာတရား၊ သူတပါးအား၊ ဟောကြား သာ†ကြည်၊ ပညာမည်ရှင့်၊ *ကျိုး†... |
24,365 | လင်္ကာ, မြန်မာဘာသာ | ကမ္မဘူမိ သံသန္ဒနာခဏ်း | ။ သင့်ရာ အခန်း အခန်းတည်း။ |
24,366 | လင်္ကာ, မြန်မာဘာသာ | ကမ္မဘူမိ သံသန္ဒနာခဏ်း | (၃) ဤသို့လျှင်တိ၊ ဤတွင် တဝ၊ ဗြဟ္မစရိ†ယ၊ ခဏ်းသာ†ရသည်၊ ပ ဉ္စမမြောက်၊ အပြီးရောက်တည်း။ |
24,367 | လင်္ကာ, မြန်မာဘာသာ | ကမ္မဘူမိ သံသန္ဒနာခဏ်း | (ကမ္မဘူမိသံသန္ဒနာခဏ်း ၃-ပိုဒ်။ |
24,368 | လင်္ကာ, မြန်မာဘာသာ | ကမ္မဘူမိ သံသန္ဒနာခဏ်း | (ဤကား သက်ပိုင်း လားရာဟူသော နိဒ္ဒေသ၏့ ပဋိနိဒ္ဒေသဖြစ်သော ဂတိဝိဘာဂဝိတ္ထာရတည်း။ |
24,369 | လင်္ကာ, မြန်မာဘာသာ | ကမ္မဘူမိ သံသန္ဒနာခဏ်း | ။ ဤတိုင်အောင်သော အစဉ်ဖြင့် ဗြဟ္မဝိဟာရစရိယခဏ်း ၅၈-ပိုဒ်။ |
24,370 | လင်္ကာ, မြန်မာဘာသာ | ကမ္မဘူမိ သံသန္ဒနာခဏ်း | ) ဤတွင်ရွေ့ကား ပ ဉ္စမပိုင်း ပြီး၏၊ |
24,371 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | အာပေါဓာတ်အိမ်အာပေါဓာတ်ချိန် [ဟ]၊ ထက်တိမ်မိုးကထိန်ထိန်မိုးက [ဘ]၊ |
24,372 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | သွန်းချသဲခန့် ရွဲခန့်လေသွန်းချပဇ္ဇုန် မြူးခုန်လေ [မ] [ဟ]။ |
24,373 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | စက်နေနှစ်သိန်း၊ ကိန်းခန်းသင်္ချာ၊ |
24,374 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | တသိန်းသာ၍၊ စွန်းပါငါးသောင်း၊ |
24,375 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | ချင့်ပေါင်းအညီ၊ ရာသီစရရာသီဇယ [ဟ]၊ |
24,376 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | ဝါဆိုလဟု၊ မှိုင်းပြရီမှောင်၊ |
24,377 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | လျှပ်ရောင်ပြိုးပြက်၊ မည်းနက်ဖြူပြာ၊ |
24,378 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | ခိုးမိလ္လာနှင့်၊ (စိမ်းဝါနီပြော့၊ |
24,379 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | ရွာလှတော့သား၊ ကိုင်းဖော့လိုကြူ၊ |
24,380 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | ရေသယ်ယူ၍၊ သဲပူမြစ်ကမ်း၊ |
24,381 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | ပြည့်တင်းကျမ်းနှင့်စိမ်းဝါနီပြောင် ရွာသွန်းဆောင်၍၊ သဲသောင်ရေသွယ်၊ ရှယ်၍မြစ်ကမ်း၊ ပြည့်တင်းကျမ်းနှင့် [မ] [ဟ] (ဤနေရာတွင် အတန်ငယ် ကွဲပြားသည်။ |
24,382 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | လွမ်း၍မယ့်ဆီလွမ်း၍ဘယ်ဆီ [ဘ] လွမ်း၍မအီ [မ] [ဟ]၊ သည်ရာသီတွင်၊ |
24,383 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | နာရီနေ့ကို၊ သုံးဆယ်ဆိုရှင့်၊ |
24,384 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | စွန်းပိုခြောက်ခု၊ ကြွင်းစုနာရီ၊ |
24,385 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | ညဉ့်ဘို့စီသော်၊ မညီအရေး၊ |
24,386 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | နှစ်ဆယ့်လေးတည့်၊ ပျံ့မွှေးဝတ်ဆံ၊ |
24,387 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | ရိုးတန်မြရွက်၊ ပုန်းညက်ရွှေလှော်၊ |
24,388 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | မွှေးပေါင်းဖျော်၍၊ တောင်တော်မြင့်ဖျား၊ |
24,389 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | မြင်းမိုရ်ခါးက၊ ပတ္တမြားဗိမာန်၊ |
24,390 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | ပြုပ္ပါသန်နှင့်၊ ယုဂန္ဓိုရ်မှ၊ |
24,391 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | လှည့်သွားကြသော်ယုဂန်ထိပ်ဖျား လှည့်သွားကြသော် [ဘ] ယုဂန္ဓိုရ်ခါး လှည့်လည်သွားသော် [မ] [ဟ]၊ နောက်ကမကွာ၊ |
24,392 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | ဗျိုင်းတာရာဝယ်၊ ညီလာခံသညီလာကုန်ကြ [မ] [ဟ]၊ |
24,393 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | ရောင်ထွန်းပလျက်၊ ဖုသျှနက္ခတ်၊ |
24,394 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | ဖလ်နေနတ်နှင့်၊ လှည့်ပတ်ညီစွာ၊ |
24,395 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | သွားသောခါတွင်၊ မမြင်တဝါး၊ |
24,396 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | အသုဉ်းညား၍၊ ပန်းများလှိုင်ကြူ၊ |
24,397 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | မဉ္ဇူရွှေခက်၊ ပုန်းညက်ကြိုင်သင်း၊ |
24,398 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | ပဉ္ဇင်းတော်ပွဲ၊ သဲသဲအုပ်အော်၊ |
24,399 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | ရွှင်ပျော်လှည့်ပတ်၊ ကရကဋ်နှင့်၊ |
24,400 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | ပြာလတ်ကြန်ညီရွှင်ပျော်လှည့်ပတ်၊ (ကရကဋ်နှင့်၊) ပြာလတ်ကြန်ညီ [မ] နှင့် [ဟ] မူတွင် ကွင်းပိုဒ်စကားများမပါ၊ ကုမ္မာရီတို့၊ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.