id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
24,701
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
သုဒ္ဓိံ - စင်ကြယ်ခြင်းကို၊
24,702
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
အဂ္ဂံ - အမြတ်ဆုံးဟူ၍၊
24,703
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဝဒန္တိ နု - ဆိုကြပါကုန်သလော။
24,704
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဥဒါဟု - ထိုသို့မဟုတ်လျှင်၊
24,705
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဧတ္တော - ဤ အရူပဈာန် အရူပဘုံမှ၊
24,706
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
အညံ - အခြားအရာကို၊
24,707
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
မြတ်စွာဘုရား၏ အဖြေဂါထာ (၁၅)
24,708
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဧတ္တာဝတဂ္ဂမ္ပိ ဝဒန္တိ ဟေကေ၊
24,709
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ယက္ခဿ သုဒ္ဓိံ ဣဓ ပဏ္ဍိတာသေ။
24,710
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
တေသံ ပနေကေ သမယံ ဝဒန္တိ၊
24,711
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
အနုပါဒိသေသေ ကုသလာဝဒါနာ။
24,712
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ပဏ္ဍိတာ - ပညာရှိဟု ဝန်ခံနေကုန်သော၊
24,713
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဧတ္တာဝတာပိ - အရူပဈာန် အရူပဘဝဟူသော ဤမျှဖြင့် လည်း၊
24,714
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဝဒန္တိ - ပြောဆို ဟောကြားကြကုန်၏။
24,715
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
တေသံ - ထိုပညာရှိဝန်ခံသူတို့တွင်၊
24,716
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
အနုပါဒိသေသေ ကုသလာဝါဒနာ - ဥပါဒါနက္ခန္ဓာ အကြွင်းမရှိ ချုပ်ခြင်း၌၊
24,717
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ကုသလာဝဒါနာ - ကျွမ်းကျင်လိမ္မာသည်ဟု ဝန်ခံကြသော၊
24,718
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဧကေ-ပန - အချို့ပုဂ္ဂိုလ်တို့သည်ကား၊
24,719
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
သမယံ - ဥစ္ဆေဒအယူကို၊
24,720
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဝါ - ဘဝပြတ်ခြင်းကို၊
24,721
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
မြတ်စွာဘုရား၏ အဖြေ နိဂုံးချုပ်ဂါထာ (၁၆)
24,722
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဧတေ စ ဉတွာ ဥပနိဿိတာတိ၊
24,723
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဉတွာ မုနီ နိဿယေ သော ဝိမံသီ။
24,724
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဉတွာ ဝိမုတ္တော န ဝိဝါဒမေတိ၊
24,725
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဘဝါဘဝါယ န သမေတိ ဓီရော။
24,726
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ယော မုနိ - ဗုဒ္ဓဘုရား တည်းဟူသော အကြင်ရဟန်းမြတ်သည်၊
24,727
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဝါ - ရဟန္တာဖြစ်သော ရဟန်းသည်။
24,728
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဧတေ - အရူပဘဝကို အမြတ်ဆုံးဟူ၍ လည်းကောင်း၊လူ့ဘ၀ နတ်ဘ၀ ရူပဘ၀ အရူပဘဝမှ စုတေလျှင် ဘဝပြတ်သည် ဟူ၍လည်းကောင်း ဆိုကြသော ဤပုဂ္ဂိုလ် တို့ကို၊
24,729
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဥပနိဿိတာတိ - တည်မြဲအယူ ပြတ်စဲအယူကို စွဲမှီနေကြသည်ဟု၊
24,730
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဉတွာ စ - သိပြီး၍လည်းကောင်း၊
24,731
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
နိဿယေ ဉတွာ စ - မှီရာဒိဋ္ဌိတို့ကို သိပြီး၍လည်းကောင်း။
24,732
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဝါ - စွဲမှီရာ ဒိဋ္ဌိနှင့် စွဲမှီရာ ရုပ်နာမ်ခန္ဓာတို့ကို အမှန်အတိုင်း သိပြီး၍လည်းကောင်း။
24,733
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဝိမံသီ - သစ္စာလေးတန်ကို မှန်စွာသိသော ဉာဏ်ပညာနှင့် ပြည့်စုံသည်၊
24,734
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
သော မုနိ - ဗုဒ္ဓဘုရားတည်းဟူသော ထိုရဟန်းမြတ်သည်၊
24,735
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဝါ - ရဟန္တာဖြစ်သော ထိုရဟန်းမြတ်သည်၊
24,736
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဉတွာ - သစ္စာလေးပါးကို ပိုင်းခြားထင်ထင် သိမြင်ပြီး၍၊
24,737
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဝိမုတ္တော - အာသဝေါ ကိလေသာဟူသမျှမှ ကင်းပလွတ်မြောက်သည်ဖြစ်၍၊
24,738
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဝိဝါဒံ - ငြင်းခုံခြင်းသို့၊
24,739
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဓီရော - ပညာရှိအစစ်ဖြစ်သော၊
24,740
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဝါ - ရဟန္တာဖြစ်သော ထိုရဟန်းမြတ် သည်၊
24,741
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဘဝါဘဝါယ - ဘဝယုတ်မြတ် တစ်ဖန်ထပ်၍ ဖြစ်ရန်အလို့ငှာ၊
24,742
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ဝါ - ဘ၀ ယုတ်မြတ် နောက်ထပ်ဖြစ်ခြင်းသို့၊
24,743
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
န သမေတိ - မရောက်တော့ပေ။
24,744
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ကလဟဝိဝါဒသုတ္တံ နိဋ္ဌိတံ။
24,745
Uncategorized
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
ကလဟဝိဝါဒသုတ် ပြီး၏။
24,746
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
၁။ ကလျာဏဓမ္မဇာတ်
24,747
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
သူဌေး နှင့် ဘုရင်
24,748
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကလျာဏဓမ္မော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကလျာဏဓမ္မဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော နားပင်းသော ယောက္ခမကို အကြောင်းပြု၍ ဟောတော်မူ၏။
24,749
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ထိုစကားသည် မှန်၏။
24,750
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
သာဝတ္ထိမြို့၌ တယောက်သော သူကြွယ်သည် သဒ္ဓါခြင်းနှင့် ပြည့်စုံ၏။
24,751
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ကြည်ညိုခြင်း ရှိ၏။
24,752
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ရတနာသုံးပါးသို့ ဆည်းကပ်၏။
24,753
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ငါးပါးသောသီလနှင့်ပြည့်စုံ၏။
24,754
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ထိုသူကြွယ်သည် တနေ့သ၌ များစွာကုန်သော ထောပတ်အစရှိကုန်သော ဆေးတို့ကို၎င်း ပန်းနံ့သာ, အဝတ်အစရှိသည်တို့ကို၎င်း ယူ၍ ဇေတဝန် ကျောင်းတော်ဝယ် မြတ်စွာဘုရားအထံတော်၌ တရားတော်ကိုနာအံ့သောငှါ သွား၏။
24,755
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ထိုသူကြွယ်၏သွားသောကာလ၌ ယောက္ခမသည် ခဲဘွယ်ဘောဇဉ်ကိုယူ၍ သ္မီးကိုမြင်ခြင်းငှာ အလိုရှိသည်ဖြစ်၍ ထိုအိမ်သို့လာ၏။
24,756
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ထိုယောက္ခမဖြစ်သော မိန်းမသည်လည်း အတန်ငယ်နားပင်းသည် ဖြစ်၏။
24,757
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ထိုမိန်းမသည် သ္မီးနှင့်တကွ ထမင်းစားပြီး၍ ထမင်းဆီယစ်ခြင်းကို ဖျောက်လျှက် ချစ်သ္မီး သင့်လင်သည် သင်နှင့် ဝမ်းမြောက်ဝမ်းသာ ချစ်ခင်လျက် နေခြင်းကို ပြု၏လောဟု မေးလေ၏။
24,758
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
မိခင် အသို့ဆိုကုန်ဘိသနည်း၊ သင် မိခင်တို့၏သမက်သည် သီလအားဖြင့်၎င်း အကျင့်၏ ပြည့်စုံခြင်းအားဖြင့်၎င်း အကြင်သို့ သဘောရှိ၏။
24,759
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ထိုသို့သဘောရှိသည်ကို ရဟန်းဖြစ်သောသူသည်လည်း ရခဲစွတကားဟုဆိုသည်ရှိသော် ဒါယိကာမသည် သ္မီး၏စကားကို ကောင်းစွာမမှတ်နိုင်၍ ရဟန်းဟူသောအသံကိုသာလျှင်ယူ၍ ချစ်သ္မီး အဘယ့်ကြောင့် သင်၏လင်သည် ရဟန်းပြုလေသနည်းဟု ကျယ်စွာသော အသံကိုပြု၏။
24,760
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ထိုအသံကိုကြား၍ အိမ်အလုံး၌ နေကုန်သောသူတို့သည် ငါတို့၏သူကြွယ်သည် ရဟန်းပြုသတတ်ဟု မြည်တမ်းကြကုန်၏။
24,761
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ထိုအိမ်သူတို့၏အသံကို ကြားကုန်၍ တံခါးဖြင့်သွားကုန်သော သူတို့သည် အဘယ်မည်သောအကြောင်းကြောင့် ငိုကုန်သနည်းဟု မေးကုန်၏။
24,762
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ဤအိမ်၌ သူကြွယ်သည် ရဟန်းပြုသတတ်ဟု ဆိုကြကုန်၏။
24,763
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ထိုသူကြွယ်သည်လည်း မြတ်စွာဘုရား၏တရားတော်ကို နာပြီးလျှင် ကျောင်းမှထွက်ခဲ့၍ မြို့သို့ဝင်လာ၏။
24,764
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ထိုအခါ၌ ထိုသူကြွယ်ကို ခရီးအကြား၌သာလျှင် တယောက်သော ယောက်ျားကိုမြင်၍ အဆွေ သင်သည် ရဟန်းပြုသတတ်ဟု သင်၏အိမ်၌ သားမယား အခြွေအရံတို့သည် ငိုကြွေးမြည်တမ်းကြကုန်၏ဟု ဆို၏။
24,765
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ထိုအခါ၌ ထိုသူကြွယ်အား ဤသောအကြံသည် ဖြစ်၏။
24,766
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
အဘယ်သို့ အကြံဖြစ်သနည်းဟူမူကား ရဟန်းမပြုသည်သာလျှင်ဖြစ်သော ငါ့ကို ရဟန်းပြုသတတ်ဟု ဆို၏။
24,767
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ကောင်းသောအသံသည် ဖြစ်သလျှင်ကတည်း၊ ထိုကောင်းသောအသံကို မကွယ်စေအပ်၊ ယနေ့ပင်လျှင် ငါသည် ရဟန်း ပြုအံ့သောငှါသင့်၏ဟု ဤသို့အကြံဖြစ်၍ ထိုအကြံဖြစ်ပြီးသောနောက်မှ ပြန်၍ မြတ်စွာဘုရား၏ အထံတော်သို့သွား၍ ဒါယကာ ယခုပင်လျှင် ငါဘုရားအား ခစားခြင်းကိုပြုပြီးလျှင် သွား၍ ယခုပင်လျှင် အဘယ်ကြောင့် ပြန်လာသနည်းဟု မိန့်တော်မူသည်ရှိသော် ထိုအကြောင်းကိ...
24,768
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ထိုဒါယကာသည် ရှင်အဖြစ်ကို၎င်း ပဉ္စင်းအဖြစ်ကို၎င်းရ၍ ကောင်းစွာကျင့်သည်ဖြစ်၍ မကြာမြင့်မီသာလျှင် အရဟတ္တဖိုလ်သို့ ရောက်၏။
24,769
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ဤအကြောင်းသည် ရဟန်းသံဃာအပေါင်း၌ ထင်ရှားသည် ဖြစ်သတတ်၊ ထိုအခါ တနေ့သ၌ တရားသဘင်ဝယ် ရဟန်းတို့သည် စကားကို ဖြစ်စေကုန်၏။
24,770
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
အဘယ်သို့ ဖြစ်စေကုန်သနည်းဟူမူကား ငါ့သျှင်တို့ ဤအမည်ရှိသော သူကြွယ်သည် ဖြစ်သော ကောင်းသောအသံကို မကွယ်စေအပ်ဟု ရဟန်း ပြု၍ ယခုအခါ၌ အရဟတ္တဖိုလ်သို့ ရောက်၏ဟု စကားကို ဖြစ်စေကုန်၏။
24,771
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
မြတ်စွာဘုရားသည် ကြွတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ရှေးပညာရှိတို့သည်လည်း ဖြစ်သော ကောင်းသောအသံကို ချွတ်ယွင်းစိမ့်သောငှါ မအပ်ဟု ရဟန်းပြုကုန်သည်သာလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။
24,772
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူဌေးမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် အဘလွန်သဖြင့် သူဌေးအရာသို့ ရောက်၏။
24,773
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ထိုဘုရားလောင်းသည် တနေ့သ၌ အိမ်မှထွက်၍ မင်း၏အနီးဖြစ်သော အရပ်သို့သွား၏။
24,774
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ထိုအခါ၌ ထိုဘုရားလောင်း၏ ယောက္ခမသည် သ္မီးကိုကြည့်အံ့ဟူ၍ ထိုသ္မီး၏အိမ်သို့ သွားလေ၏။
24,775
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ထိုဒါယိကာမသည် အတန်ငယ် နားပင်းသောသဘောရှိသည် ဖြစ်၏။
24,776
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
အလုံးစုံသော စကားသည် ပစ္စုပ္ပန်ဝတ္ထုနှင့် တူသလျှင်ကတည်း၊ ထိုဘုရားလောင်းကိုကား မင်း၏အနီးဖြစ်သော အရပ်သို့သွား၍ မိမိ၏အိမ်သို့ လာလတ်သည်ကိုမြင်၍ ယောက်ျားတယောက်သည် ရှင်သူဌေးတို့ ရဟန်းပြုကုန်သတတ်ဟု သင်တို့၏အိမ်၌ သည်းစွာငိုကြွေးမြည်တမ်းခြင်းကို ငိုကြွေးမြည်တမ်းကြကုန်၏ဟု ဆို၏။
24,777
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ဘုရားလောင်းသည် ဖြစ်သော ကောင်းသော အသံမည်သည်ကို ကွယ်စေခြင်းငှါမသင့်ဟု ထိုအရပ်မှပြန်ပြီး၍ မင်း၏ အထံတော်သို့သွား၍ သူဌေးကြီး ယခုပင်လျှင်သွား၍ အဘယ့်ကြောင့် လာပြန်သနည်းဟု ဆိုသည်ရှိသော် မြတ်သော မင်းကြီး အကျွန်ုပ်တို့၏ အိမ်သူပေါင်းသည် အကျွန်ုပ်ကို ရဟန်းပြုသတတ်ဆို၍ ငိုကြွေးမြည်တမ်းကြကုန်၏။
24,778
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
စင်စစ်သဖြင့်လျှင် ဖြစ်သော ကောင်းသောအသံကို မကွယ်စေအပ်၊ ထို့ကြောင့် အကျွန်ုပ်သည် ရဟန်းပြုအံ့၊ ရဟန်းအဖြစ်ကို ခွင့်ပြုတော် မူပါလော့ဟု ထိုအကြောင်းကို ပြအံ့သောငှာ-
24,779
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
၄၁။ ကလျာဏဓမ္မောတိ ယဒါ ဇနိန္ဒ၊လောကေ သမညံ အနုပါပုဏာတိ။
24,780
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
တသ္မာ န ဟိယျေထ နရော သပညော၊ဟိရိယာပိ သန္တော ဓုရမာဒိယန္တိ။
24,781
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
သာယံ သမညာ ဣဓ မဇ္ဇ ပတ္တာ၊ကလျာဏဓမ္မောတိ ဇနိန္ဒ လောကေ။
24,782
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
တာဟံ သမေက္ခံ ဣဓ ပဗ္ဗဇိဿ၊န ဟိ မတ္ထိ ဆန္ဒော ဣဓ ကာမဘောဂေ။
24,783
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
၄၁။ ဇနိန္ဒ၊ လူတို့ကို အစိုးရသောမင်းမြတ်။
24,784
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ကလျာဏဓမ္မော၊ ကောင်းသော သဘောရှိသော သူသည်။
24,785
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ယဒါ၊ အကြင် အခါ၌။
24,786
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
သမညံ၊ သီလရှိသော ကောင်းသော တရားရှိသော ရဟန်းဟူသောအမည်ပညတ်သို့။
24,787
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
အနုပါပုဏာတိ၊ ရောက်၏။
24,788
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
သပညော၊ ပညာရှိသော။
24,789
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
နရော၊ သူမြတ်သည်။
24,790
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
တသ္မာ၊ ထိုသီလရှိသော ကောင်းသောတရားရှိသောသူ ရဟန်းဟူသောအမည်ပညတ်မှ။
24,791
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
န ဟိယျေထ၊ မယုတ်စေရာ။
24,792
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
မဟာရာဇ၊ မြတ်သောမင်းကြီး။
24,793
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
သန္တော၊ သူတော်ကောင်းတို့မည်သည်ကား။
24,794
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ဟိရိယာပိ၊ ဟိရီဖြင့်၎င်း။
24,795
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ဩတ္တပ္ပေနပိ၊ ဩတ္တပ္ပဖြင့်၎င်း။
24,796
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ဓုရံ၊ ရဟန်းအဖြစ်တည်းဟူသောဝန်ကို။
24,797
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
အာဒိယန္တိ၊ ယူကုန်၏။
24,798
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
၄၂။ ဇနိန္ဒ၊ လူတို့ကို အစိုးရသောမင်းမြတ်။
24,799
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ဣဓ လောကေ၊ ဤလောက၌။
24,800
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ပဝတ္တာ၊ ဖြစ်သော။