id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
24,801
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
သာယံ သမညာ၊ ထိုရဟန်းဟူသော အမည်နာမပညတ်သို့။
24,802
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
အဇ္ဇ၊ ယခုနေ့၌။
24,803
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
မယာ၊ အကျွန်ုပ်သည်။
24,804
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ပတ္တာ၊ ရောက်အပ်၏။
24,805
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ကလျာဏဓမ္မော၊ ကောင်းသော အကျင့်ရှိသော။
24,806
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
တံ၊ ထိုဂုဏ်၏အစွမ်းဖြင့်ရအပ်သော အမည်နာမပညတ်ကို။
24,807
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
သမေက္ခံ၊ ကောင်းစွာရှုလျက်။
24,808
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ဣဓ၊ ဤလောက၌။
24,809
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ပဗ္ဗဇိဿံ၊ ရဟန်းပြုအံ့။
24,810
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ကာမဘောဂေ၊ ကိလေသာကာမဖြင့် ဝတ္ထုကာမတို့ကို ခံစားခြင်း၌။
24,811
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
မေ၊ အကျွန်ုပ်အား။
24,812
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ဆန္ဒာ၊ ဆန္ဒသည်။
24,813
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
န ဟိ အတ္ထိ၊ မရှိသလျှင်ကတည်း။
24,814
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ဘုရားလောင်းသည် ဤသို့ဆို၍ မင်းကို ရဟန်းအဖြစ်ကို ခွင့်ပြုစေပြီးလျှင် ဟိမဝန္တာအရပ်၌ ရသေ့ရဟန်းပြု၍ အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ဗြဟ္မာပြည်သို့လား၏။
24,815
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။
24,816
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီသူဌေး ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။
24,817
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
နိမိတ်ကောင်းက၊ ကောင်းကျိုးရ၊ မုချ ဖြစ်တတ်စွာ
24,818
ဇာတ်နိပါတ်, မြန်မာဘာသာ
ကလျာဏဓမ္မဇာတ်
ရှေးဦးစွာသော ကလျာဏဓမ္မဇာတ်သည် ပြီး၏။
24,819
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ
အယ် ကာရန် ၄၆ ပုဒ်
24,820
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
ရောင်ခြည်ခြောက်သွယ် ဘဝဂ်ကယ် အံ့ဘွယ်ဆဲ့ရှစ်ဖြာ
24,821
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
ပရိသတ်လယ် ပျော်စံပယ် ဘုန်းကြွယ်လူ့ထွတ်ချာ
24,822
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
ရနံ့မပြယ် ပန်းစပယ် ခက်သွယ်နှာမောင်းဖြာ
24,823
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
မုရင်းတံစယ် ကောက်သန်လယ် ကတွယ်မစိုက်ရာ
24,824
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
ပျိုပျိုရွယ်ရွယ် နောင့်ဆွေမယ် ချစ်ဘွယ်များသည်သာ
24,825
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
မင်းဆက်ငါးသွယ် ရှင်ဘို့မယ် နန်းလယ်တင်သည်သာ
24,826
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
လဟာပြင်ကျယ် မိုးမှာကြယ် ပြိုင်ဆွယ်မနှုန်းရာ
24,827
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
ပိန်းကောလှေငယ် မြစ်ပင်လယ် အလွယ်မကူးသာ
24,828
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
အရိပ်နည်းငယ် မကုံကယ် ကုန်စယ်သွားလေပါ
24,829
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
ဖေါင်းစိမ်းသက်ငယ် ကိုင်းစက်စယ် ပိတ်ကွယ်မိုးရှက်ကာ
24,830
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
တုံ့ပယ်တုံ့ပယ် ယက်ကန်းရှယ် သွယ်လှယ်ပြန်လူးလာ
24,831
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
သပ်သပ်ပါယ်ပါယ် ပျိုနုနယ် ထက်ဝယ်ဘွဲ့ခွေကာ
24,832
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
မင်းပရိယာယ် ငတင့်တယ် နားဝယ်မလည်ရှာ
24,833
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
ပြက်ပြက်ပြယ်ပြယ် ငရဲလွယ် မျိုးနွယ်မြတ်ဆန်းသာ
24,834
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
ရတုချဘွယ် အသွယ်သွယ် ခြောက်ဆယ်ကိရိယာ
24,835
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
ဆန်းဆန်းကြယ်ကြယ် ပညာကျယ် တဆယ်ဥပစာ
24,836
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
စင်စင်ကြယ်ကြယ် မျက်စုံချယ် လည်ဝယ်ဆွဲစရာ
24,837
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
မနှိပ်မနယ် အလမ္ပာယ် ကယ်ဆယ်မစပါ
24,838
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
ငပြေငဖယ် စက်ဆုပ်ဘွယ် မဝယ်မခြမ်းရာ
24,839
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
ရေကိုဖလှယ် အိုးသစ်စယ် သံဒယ်မဖြစ်ရာ
24,840
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
အခြင်ရနယ် မြဲအောင်တွယ် မျှော့မယ်နနှင့်သာ
24,841
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
ဒီပဲရင်းဝယ် ကိုးသန်းပယ် ထိုနယ်လေးမျက်နှာ
24,842
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
လက်ဖြင့်ဆုပ်နယ် ကြာပွင့်နှယ် ညှိုးငယ်မဲ့မျက်နှာ
24,843
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
ပြုံးပြုံးရယ်ရယ် အကယ်ကယ် ကျိန်တွယ်မဲ့သစ္စာ
24,844
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
ချီချီသယ်သယ် ထုပ်ပိုးလွယ် လဲလှယ်သူ့ဥစ္စာ
24,845
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
နွမ်းလည်းနွမ်းနယ် ဟင်းနုနယ် သိပ်နယ်မချက်ရာ
24,846
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
လ္လက်ချောင်းဝယ် မှတ်သောနှယ် ချိန်တွယ်ကိုးဗိဿာ
24,847
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
ပတ်မှာတံရှယ် ကြိုးဖြင့်သွယ် ညာဘယ်တီးဘို့သာ
24,848
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
ကိုးကိုးကွယ်ကွယ် ပုဗ္ဗကြယ် ရည်ရွယ်ပတ္ထနာ
24,849
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
သမင်ဒရယ် ဖြင်ပေါပယ် နကျယ်သတ္တဝါ
24,850
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
သံတအယ်အယ် သုရကာယ် အပါယ်လေးဘုံမှာ
24,851
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
ကလနားဝယ် အဖျားသွယ် သံနယ်ဆူးကန့်ကာ
24,852
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
ယွန်းပြည်ဇင်းမယ် ကျိုင်းကိုးသွယ် မိုင်းကယ်ရှမ်းတို့ရွာ
24,853
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
မော်တုံမော်ကယ် ရွာမိုင်းအွယ် သုံးဆယ်သီပေါမှာ
24,854
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
ပြည်အန္တရာယ် ဖြစ်စဘွယ် ပြည်စွယ်မချိုးရာ
24,855
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
တလိုင်းသဘွယ် လူသူငယ် နောက်ဖယ်မရိတ်သာ
24,856
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
ကြေးနီတဆယ် ငွေတဆယ် သည်ဖွယ်သုံးဗိဿာ
24,857
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
သစ်ကြားသစ်အယ် စားချင်ဘွယ် ဓါးဝယ်မြို့ကျေးမှာ
24,858
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
သလေးကောက်သွယ် နွားနှင့်နယ် ရွှေနွယ်တုသိတာ
24,859
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
အချင်းအိုဟယ် အာလုပ်သွယ် အဘယ်ခေါ်ဝေါဟာ
24,860
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
နံနွင်းကသယ် လိမ်းဆီနယ် မီးမယ်ဖျူးပါးမှာ
24,861
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
မြင်းကျော်ဗွေဝယ် ပြက်သချယ် လယ်ပယ်ဘွဲ့ချင့်စာ
24,862
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
ရွှေဝမြို့ဝယ် တံခါးငယ် မလွယ်ရှစ်ပေါက်သာ
24,863
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
ပဲကူးမြို့ဝယ် မွေသောက်သွယ် သပ္ပါယ်ရှုစရာ
24,864
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
အသွယ်အသွယ် နတ်ပွဲပွယ် နာဘွယ်သူ့နှုတ်လျှာ
24,865
မြန်မာဘာသာ, သံပေါက်
ကဝိလက္ခဏသတ်ပုံ/အယ်
မြက်သီးခပ်ခွယ် အဝကျယ် ညာဘယ်ယမ်းတိုင်းပါ
24,866
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
၆။ ကဠာယမုဋ္ဌိဇာတ်
24,867
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
ကုလားပဲတစေ့ နှင့် တဆုပ်ဆုံး
24,868
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဗာလော ဝတာယံ ဒုမသာခ ဂေါစရောအစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဠာယမုဋ္ဌိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောသလမင်းကြီးကို အကြောင်း ပြု၍ ဟောတော်မူ၏။
24,869
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
တပါးသောအခါ မိုဃ်းတွင်းကာလ၌ ကောသလမင်း၏ ပစ္စန္တရစ်သည် ပျက်၏။
24,870
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
ထိုပစ္စန္တရစ်၌ တည်ကုန်သော သူရဲတို့သည် နှစ်ကြိမ်သုံးကြိမ်ကုန်သော စစ်ထိုးခြင်းတို့ကို ပြုကုန်၍ ရန်သူကိုနှိပ်နင်းအံ့သောငှါ မတတ်နိုင်ကုန်သည်ဖြစ်၍ မင်းအား သတင်းစကားကိုစေကုန်၏။
24,871
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
ကောသလမင်းသည် စစ်ထိုးသင့်သောအခါမဟုတ်သော မိုဃ်းတွင်းကာလ၌ပင်လျှင်ထွက်၍ ဇေတဝန် ကျောင်းတော်၏အနီး၌ သစ်ခက်တပ်ကိုဖွဲ့၍ ကြံ၏။
24,872
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
အဘယ်သို့ ကြံသနည်းဟူမူကား ငါသည်ကား စစ်ထိုးသင့်သောအခါမဟုတ်သည်၌ စစ်ထိုးအံ့သောငှါ ထွက်၏။
24,873
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
ချောင်းမြောင်းထုံးအိုင်တို့သည် ရေဖြင့်ပြည့်ကုန်၏။
24,874
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
လမ်းခရီးသည် သွားရန်ခဲယဉ်း၏။
24,875
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
မြတ်စွာဘုရားသို့ဆည်းကပ်အံ့၊ ထိုမြတ်စွားဘုရားသည် ငါ့ကို မြတ်သော မင်းကြီး သင်သည်အဘယ်အရပ်သို့ သွားအံ့နည်းဟု မေးတော်မူလတ္တံ့၊ ထိုအခါ၌ ငါသည် ထိုအကြောင်းကို ကြားလျှောက်အံ့၊ ငါ့ကို မြတ်စွာဘုရားသည် တမလွန်ဘဝ၌ဖြစ်သော အကျိုးဖြင့်သာလျှင် ချီးမြှောက်တော်မူသည် မဟုတ်၊ ပစ္စုပ္ပန်မျက်မှောက် ၌ဖြစ်သော အကျိုးဖြင့်လည်း ချီးမြှောက်တော် မူပေ...
24,876
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
ကြံပြီး၍ ထိုကောသလမင်းသည် ဇေတဝန်ကျောင်းသို့ဝင်၍ မြတ်စွာဘုရားအား ရှိခိုးလျက် တင့်အပ်လျောက်ပတ်စွာ နေ၏။
24,877
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
မြတ်စွာဘုရားသည် မြတ်သောမင်းကြီး ယခု သင်သည် နေမွန်းတည့်သောအခါ၌ အဘယ်အရပ်မှလာသနည်းဟု မေးတော်မူ၏။
24,878
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
အရှင်ဘုရား ကျွန်ုပ်သည် ပစ္စန္တရစ်ကို ငြိမ်းစိမ့်သောငှာ ခွါထွက်ခဲ့၏။
24,879
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
အရှင်ဘုရားတို့ကို ရှိခိုး၍ သွားအံ့သောငှါ လာပါသည်ဟုလျှောက်၏။
24,880
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
မြတ်စွာဘုရားသည် မြတ်သောမင်းကြီး ရှေး၌လည်း မင်းတို့သည် စစ်သည်ဗိုလ်ပါဖြင့် စစ်ထိုးအံ့သောငှါ ထွက်လတ်ကုန်သည်ရှိသော် ပညာရှိတို့၏စကားကို နာကုန်၍ စစ်ထိုးသင့်သောအခါ မဟုတ်သည်၌ စစ်ထိုးအံ့သောငှာ သွားခြင်းကို မသွားကုန်ဟု မိန့်တော်မူ၍ ထိုကောသလမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။
24,881
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
အတိတ်ဝတ္ထု... မြတ်သောမင်းကြီး လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အလုံးစုံသောအမှုကိစ္စကို ရွက်ဆောင်သော အမတ်ဖြစ်၏။
24,882
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
ထိုအခါ၌ ပစ္စန္တရစ်သည် ပျက်သည်ရှိသော် ဗြဟ္မဒတ်မင်းအား ပစ္စန္တရစ်၌နေကုန်သော သူရဲတို့သည် ကျောက်စာကို ဆက်ကုန်၏။
24,883
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
မင်းသည် မိုဃ်းတွင်းကာလ၌ ထွက်၍ ဥယျာဉ်၌ သစ်ခက်တပ်ကိုဖွဲ့၏။
24,884
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
ဘုရားလောင်းသည် မင်း၏အထံ၌ တည်၏။
24,885
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
ထိုခဏ၌ မြင်းတို့၏အကျိုးငှာ ကုလားပဲတို့ကို ပြုတ်ပြီးလျှင် ဆောင်ခဲ့ကုန်၍ မြင်းစားခွက်၌ ထည့်ကုန်၏။
24,886
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
ဥယျာဉ်၌ မျောက်တို့တွင် တခုသော မျောက်သည် သစ်ပင်မှဆင်း၍ ထိုမြင်းတို့စားခွက်မှ ကုလားပဲတို့ကို ယူ၍ ခံတွင်းကို ပြည့်စေပြီးလျှင် လက်တို့ဖြင့်ယူ၍ ခုန်၍ သစ်ပင်၌ ထိုင်လျက် စားအံ့သော အားထုတ်၏။
24,887
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
ထိုအခါ၌ စားစဉ်ထိုမျောက်၏လက်မှ ကုလားပဲတစေ့သည် မြေ၌ကျ၏။
24,888
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
ထိုမျောက်သည် ခံတွင်းဖြင့်၎င်း လက်ဖြင့်၎င်း ယူအပ်ကုန်သော အလုံးစုံကုန်သော ကုလားပဲတို့ကိုစွန့်ပြီးလျှင် ဆင်းသက်၍ ထိုကျလေသော ကုလားပဲတစေ့ကိုသာလျှင် ကြည့်လတ်သည်ရှိသော် ထိုကျလေသော ကုလားပဲတစေ့ကို မမြင်၍သာလျှင် တဖန် သစ်ပင်သို့တက်၍ တရားတွေ့ရာ၌ တထောင်သောဥစ္စာမှ ရှုံးသောသူကဲ့သို့ စိုးရိမ်လျက် မျက်နှာမသာသည်ဖြစ်၍ သစ်ခက်၌ နေ၏။
24,889
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
မင်းသည် မျောက်၏ အမူအရာကိုမြင်၍ ဘုရားလောင်းကိုခေါ်၍ အိုအမတ် မျောက်သည်ပြုအပ်သော ထိုအမူအရာကို မြင်၏လော၊ အဘယ်မည်သောအမှုနည်းဟု မေး၏။
24,890
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
ဘုရားလောင်းသည် မြတ်သောမင်းကြီး များသည်ကို မကြည့်ကုန်မူ၍ အနည်းငယ်ကို ကြည့်ကုန်သော ပညာမရှိကုန်သော သူမိုက်တို့သည် ဤသို့ သဘောရှိသောအမှုကို ပြုကုန်မြဲသာလျှင်တည်း၊ ဤသို့ ဆို၍-
24,891
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
၅၁။ ဗာလော ဝတာယံ ဒုမသာခဂေါစရော၊ပညာ ဇနိန္ဒ နယိမဿ ဝိဇ္ဇတိ၊ကဠာယမုဋ္ဌိံ အဝကိရိယ ကေဝလံ၊ဧကံ ကဠာယံ ပတိတံ ဂဝေသတိ။
24,892
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
ဟူသော ရှေးဦးသော ဤဂါထာကို ဆို၏။
24,893
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
၅၁။ ဇနိန္ဒ၊ လူတို့ကို အစိုးရတော်မူသော မင်းမြတ်။
24,894
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
အယံ ဒုမသာခဂေါစရော၊ ထိုသစ်ပင်၏အခက်တို့၌ ကျက်စားတတ်သော မျောက်သည်။
24,895
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
ဗာလော ဝတ၊ မိုက်စွတကား။
24,896
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
ဣမဿ၊ ဤမျောက်အား။
24,897
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
ပညာ၊ ပညာသည်။
24,898
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
န ဝိဇ္ဇတိ၊ မရှိ။
24,899
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
အယံ ဒုမသာခဂေါစရော၊ ဤမျောက်သည်။
24,900
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဠာယမုဋ္ဌိဇာတ်
ကဠာယမုဋ္ဌိံ၊ ကုလားပဲဆုပ်ကို။