id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
24,901 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | အဝကိရိယ၊ ဖရိုမရဲကြဲလိုက်၍။ |
24,902 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | ပတိတံ၊ ကျလေသော။ |
24,903 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | ဧကံ ကဠာယံ၊ ကုလားပဲတစေ့ကို။ |
24,904 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | ဂဝေသတိ၊ ရှာ၏။ |
24,905 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | ဤသို့ဆိုပြီး၍ တဖန် ဘုရားလောင်းသည် ထိုမျောက်ကို ဥပမာပြု၍ မင်းကိုသိစေလိုရကား- |
24,906 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | ၅၂။ ဧဝမေဝ မယံ ရာဇ၊ ယေ စည အတိလောဘိနော။ |
24,907 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | အပ္ပေန ဗဟုံ ဇိယျာမ၊ ကဠာယျေနေဝ ဝါနရော။ |
24,908 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။ |
24,909 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | ၅၂။ မဟာရာဇ၊ မင်းမြတ်။ |
24,910 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | ပရိယေသမာနော၊ ရှာသည်ရှိသော်။ |
24,911 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | ကဠာယေန၊ ကုလားပဲတစေ့ကြောင့်။ |
24,912 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | သဗ္ဗကဠာယေဟိ၊ အလုံးစုံကုန်သော ကုလားပဲမှ။ |
24,913 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | ပရိဟီနော ဣဝ၊ ယုတ်သကဲ့သို့။ |
24,914 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | ဧဝမေဝ၊ ဤအတူသာလျှင်။ |
24,915 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | အတိလောဘိနော၊ အလွန်လောဘကြီးကုန်သော။ |
24,916 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | အညေ၊ တပါးကုန်သော။ |
24,917 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | ယေ ဇနာ စ၊ အကြင်သူတို့သည်၎င်း။ |
24,918 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | မယဉ္စ၊ ငါတို့သည်၎င်း။ |
24,919 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | အပ္ပေန၊ အနည်းငယ်သော အကျိုးကြောင့်။ |
24,920 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | ဗဟုံ၊ များစွာသော အကျိုးကို။ |
24,921 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | ဇိယျာမ၊ ဖျက်ဆီးကုန်လတ္တံ့။ |
24,922 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | (ကဠာယမုဋ္ဌိန္တိ စဏကမုဋ္ဌိံ၊ ၎င်း အဋ္ဌကထာ)။ |
24,923 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | မင်းသည် ထိုဘုရားလောင်း၏ စကားကိုကြား၍ ထိုဥယျာဉ်မှပြန်၍ ဗာရာဏသီပြည်သို့သာလျှင် ဝင်၏။ |
24,924 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | ခိုးသူတို့သည်လည်း မင်းသည် ခိုးသူကိုဆုံးမခြင်းကိုပြုအံ့ဟူ၍ မြို့မှထွက်သတတ်ဟု ကြားကုန်၍ ပစ္စန္တရစ်မှ ပြေးလေကုန်၏။ |
24,925 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | ပစ္စုပ္ပန်၌လည်း ခိုးသူတို့သည် ကောသလမင်းသည် ထွက်သတတ်ဟုကြားကုန်၍ ပြေးလေကုန်၏။ |
24,926 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | ကောသလမင်းသည် မြတ်စွာဘုရား၏ ဓမ္မဒေသနာတော်ကို နာရ၍ နေရာမှထပြီးလျှင် ရှိခိုးလျက် လက်ျာရစ်လှည့်သည်ကိုပြု၍ သာဝတ္ထိမြို့သို့သာလျှင် ဝင်လေ၏။ |
24,927 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ |
24,928 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား မြတ်သောမင်းကြီး ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ။ |
24,929 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသောအမတ် ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။ |
24,930 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | အနည်းငယ်မက်၊ အများပျက်၊ မှားချက်နာလှ လူ့ဗာလ |
24,931 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဠာယမုဋ္ဌိဇာတ် | ခြောက်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ကဠာယမုဋ္ဌိဇာတ်သည် ပြီး၏။ |
24,932 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ဧကကနိပါတ်-အသမ္ပဒါနဝဂ် |
24,933 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ၁၀။ ကာကဇာတ် |
24,934 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ပုဏ္ဏား၏အပေါ်၌ ကျီးမစင်စွန့်သော အကြောင်း |
24,935 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် နိစ္စံ ဥဗ္ဗိဂ္ဂ ဟဒယာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကာကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆွေတော်မျိုးတော်တို့၏အကျိုးငှါ ကျင့်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ |
24,936 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ပစ္စု ပ္ပန် ဝတ္ထုသည် ဒွါဒသကနိပါတ် ဘဒ္ဒသာလဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။ |
24,937 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် ကျီးအမျိုး၌ ဖြစ်၏။ |
24,938 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ထိုအခါ တနေ့သ၌ မင်း၏ပုရောဟိတ်သည် မြို့ပမြစ်နား၌ရေချိုးပြီးလျှင် နံ့သာတို့ဖြင့်လိမ်း၍ ပန်းပန်၍ မြတ်သောအဝတ်ကို ကောင်းစွာဝတ်လျက် မြို့သို့ဝင်၏။ |
24,939 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | မြို့တံခါးဝယ် တံခါးတိုင်ဖျား၌ နှစ်ခုကုန်သောကျီးတို့သည် နားကုန်၏။ |
24,940 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ထိုကျီးတို့တွင် တခုသောကျီးသည် တခုသောကျီးကို အဆွေ ငါသည် ဤပုဏ္ဏား၏ အပေါ်၌ မစင်ကိုချအံ့ဟု ဆို၏။ |
24,941 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | တခုသောကျီးသည် သင်သည် ဤအမှုကိုမနှစ်သက်လင့်၊ ဤပုဏ္ဏားသည် အစိုးရ၏။ |
24,942 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | အစိုးရသောသူနှင့်တကွ ရန်ပြုခြင်းမည်သည် ယုတ်မာ၏။ |
24,943 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ဤပုဏ္ဏားသည် အမျက်ထွက်သည်ရှိသော် အလုံးစုံလည်း ဖြစ်ကုန်သော ကျီးတို့ကို ဖျက်ဆီးရာ၏ဟု ဆို၏။ |
24,944 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ငါသည် မပြုအံ့သောငှါ မတတ်နိုင်ဟု ဆို၏။ |
24,945 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ထိုသို့တပြီးကား အမှန်ပင်လျှင် ဘေးဖြစ်လတ္တံ့ဟု ဆို၍ တခုသောကျီးသည် ပျံ၏။ |
24,946 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ထိုကျီးသည် ပုဏ္ဏားသည်တံခါးတိုင်အောက်အဘို့သို့ ရောက်သည်ရှိသော် တွဲလျားဆွဲသောဝတ္ထုကို ချွေဘိသကဲ့သို့ ပုဏ္ဏား၏ ဦးခေါင်း၌ မစင်ကိုချ၏။ |
24,947 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ပုဏ္ဏားသည် အမျက်ထွက်၍ ကျီးတို့၌ ရန်ငြိုးဖွဲ့၏။ |
24,948 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ထိုအခါ တယောက်သော အခစားစပါးထောင်းသော ကျွန်မသည် ကောက်ကို အိမ်တံခါး၌ နေပူ၌ ဖြန့်၍ ထိုင်လျှက်လျှင် အိပ်ပျော်ခြင်းသို့ရောက်၏။ |
24,949 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ထိုကျွန်မ၏ မေ့လျော့ခြင်းကိုသိ၍ ရှည်သောအမွေးရှိသော တခုသောဆိတ်သည် လာလတ်၍ ကောက်ကိုစား၏။ |
24,950 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ကျွန်မသည် နိုးသည်ရှိသော် ထိုဆိတ်ကိုမြင်၍ ပြေးစေ၍ ထိုဆိတ်သည် နှစ်ကြိမ်မြောက်၎င်း သုံးကြိမ်မြောက်၎င်း ထိုကျွန်မ၏ ထို့အတူလျှင် အိပ်ပျော်သောကာလ၌ ကောက်ကိုစား၏။ |
24,951 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ထိုကျွန်မသည်လည်း ထိုဆိတ်ကို သုံးကြိမ်ပြေးစေ၍ ထိုဆိတ်သည် အဖန် တလဲလဲစားသည်ရှိသော် ထက်ဝက်သောကောက်ကို စားလတ္တံ့၊ ငါ့အား များသော ဥစ္စာယုတ်ခြင်းသည် ဖြစ်လတ္တံ့၊ ယခုအခါ ထိုဆိတ်၏ မစားခြင်းအကြောင်းကိုပြုအံ့ ဟု ကြံ၏။ |
24,952 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ကြံပြီး၍ မီးစကိုကိုင်၍ အိပ်ပျော်သကဲ့သို့ထိုင်၍ ကောက်ကိုစားအံ့သောငှာ ဆိတ်သည် ရောက်သည်ရှိသော် ထ၍ မီးစဖြင့် ဆိတ်ကိုခတ်၏။ |
24,953 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | အမွေးတို့ကို မီးလောင်ကုန်၏။ |
24,954 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ဆိတ်သည် ကိုယ်ကိုမီးလောင်သည်ရှိသော် မီးကိုငြိမ်းစေအံ့ဟု လျှင်သွား၍ ဆင်တင်းကုပ်၏ အနီး၌ တခုသောမြက်တင်းကုပ်၌ ကိုယ်ကိုပွတ်၏။ |
24,955 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ထိုတင်းကုပ်ကို မီးလောင်၏။ |
24,956 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ထိုမြက်တင်း ကုပ်မှထသော မီးလျှံသည် ဆင်တင်းကုပ်ကိုစွဲ၏။ |
24,957 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ဆင်တင်းကုပ်ကို မီးလောင်ကုန်သည်ရှိသော် ဆင်ကျောက်ကုန်းတို့ကို လောင်ကုန်၏။ |
24,958 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | များစွာကုန်သောဆင်တို့သည် ကိုယ်၌မီးလောင်မှုရှိကုန်၏။ |
24,959 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ဆေးသ္မားတို့သည် ဆင်တို့ကိုအနာမရှိသည်တို့ကို ပြုအံ့သောငှါ မတတ်နိုင်ကုန်သည်ဖြစ်၍ မင်းအား ကြားကုန်၏။ |
24,960 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | မင်းသည် ပုရောဟိတ်ကို ဆရာ ဆင်တို့ကို ဆေးသ္မားတို့သည် ဆေးကုအံ့သောငှာ မတတ်နိုင်ကုန်၊ တစုံတခုသောဆေးကို သင်သည် သိသလောဟုမေး၏။ |
24,961 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | မြတ်သောမင်းကြီး သိ၏ဟု ဆို၏။ |
24,962 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | အဘယ်ကို ရအံ့သောငှါ သင့်သနည်းဟုမေး၏။ |
24,963 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | မြတ်သောမင်းကြီး ကျီးဆီကိုရခြင်းငှါ သင့်၏ဟုဆို၏။ |
24,964 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ထိုသို့တပြီးကား ကျီးတို့ကို သတ်၍ အဆီကိုဆောင်ကုန်လောဟု ဆို၏။ |
24,965 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ထိုအခါမှ စ၍ ကျီးတို့ကိုသတ်၍ အဆီကိုမရ၍ ထို ထိုအရပ်၌လျှင် အစုကိုပြုကုန်၏။ |
24,966 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ကျီးတို့အား ကြီးစွာသောဘေးသည် ဖြစ်၏။ |
24,967 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ထိုအခါ ဘုရားလောင်းသည် ကျီးရှစ်သောင်း အခြံအရံရှိသည်ဖြစ်၍ သုသာန်၌နေ၏။ |
24,968 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | တခုသောကျီးသည် သွား၍ ကျီးတို့အားဖြစ်သောဘေးကို ဘုရားလောင်းအား ကြား၏။ |
24,969 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ဘုရားလောင်းသည် ငါ့ကိုထား၍ ငါမှတပါးသော ငါ၏အဆွေအမျိုးတို့အား ဘေးကိုပယ်ခြင်းငှါ စွမ်းနိုင်သောသူမည်သည် မရှိ၊ ထိုဘေးကိုပယ်အံ့ဟု ဆယ်ပါးသော ပါရမီတို့ကို ဆင်ခြင်၍ မေတ္တာပါရမီကို ရှေ့သွားပြု၍ တဟုန်တည်းဖြင့်ပျံ၍ ဖွင့်အပ်သော လေသွန်တံခါးမဖြင့်ဝင်၍ မင်း၏နေရာ အောက်သို့ဝင်၏။ |
24,970 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ထိုအခါ ထိုကျီးကို တယောက်သောသူသည် ဖမ်းလိုသည်ဖြစ်၏။ |
24,971 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | မင်းသည် ဘေးလွတ်ရာဝင်၏။ |
24,972 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | မဖမ်းလင့်ဟု မြစ်၏။ |
24,973 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ဘုရားလောင်းသည် အတန်ငယ် အပင်အပန်းဖြေ၍ မေတ္တာပါရမီကိုဆင်ခြင်၍ နေရာအောက်မှထွက်၍ မင်းကို မြတ်သောမင်းကြီး မင်းမည်သည် ဆန္ဒအစရှိသည်၏ အစွမ်းအားဖြင့် မလားမူ၍ မင်းပြုအံ့သောငှါ သင့်၏။ |
24,974 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | အကြင်အမှုကို ပြုအပ်၏။ |
24,975 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ထိုအမှုကို စုံစမ်း ဆင်ခြင်၍ ပြုခြင်းငှါ သင့်၏။ |
24,976 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ပြုအပ်သော အကြင်အမှုသည် ပြီး၏။ |
24,977 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ထိုအမှုကိုသာလျှင် ပြုခြင်းငှါ သင့်၏။ |
24,978 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ဤမှတပါး အမှုကို မပြုအပ်၊ ပြုအပ်သော အကြင်အမှုသည် မပြီး၊ ထိုအမှုကို မင်းတို့သည် အကယ်၍ပြုကုန်အံ့၊ လူအများအား သေဘေးအဆုံးရှိသော ကြီးစွာသော ဘေးသည်ဖြစ်လတ္တံ့၊ ပုရောဟိတ်သည် ရန်ငြိုးဖွဲ့သည်ဖြစ်၍ မုသားဆိုခြင်းကို ပြု၏။ |
24,979 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ကျီးတို့အား အဆီမည်သည် မရှိဟု ဆို၏။ |
24,980 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ထိုစကားကိုကြား၍ မင်းသည် ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍ ဘုရားလောင်းကို ရွှေအင်းပျဉ်၌နေစေ၍ ထိုရွှေအင်းပျဉ်၌ နေသော ဘုရားလောင်း၏ အတောင်တို့ကို အကြိမ်တရာ အကြိမ်တထောင် ချက်အပ်သော ဆီတို့ဖြင့်လိမ်း၍ ရွှေခွက်ငယ်နှင့် မင်းအားထိုက်သော ကောင်းသောဘောဇဉ်ကို ပေးစေ၍ ဝသော ကင်းသောပူပန်ခြင်းရှိသော ဘုရားလောင်းကို ပညာရှိ သင်သည် ကျီးတို့အား အဆီမည... |
24,981 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | အဘယ်အကြောင်းကြောင့် ကျီးတို့အား အဆီမရှိသနည်းဟု မေး၏။ |
24,982 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ထိုအခါ မင်းကို ဘုရားလောင်းသည် ဤအကြောင်းကြောင့်၎င်း ဤအကြောင်းကြောင့်၎င်း အဆီမရှိဟု အလုံးစုံသော မင်းအိမ်ကို တစပ်တည်းသော အသံရှိသည်ကိုပြု၍ တရားဟောလိုရကား- |
24,983 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ၁၄၀။ နိစ္စံ ဥဗ္ဗိဂ္ဂဟဒယာ၊ သဗ္ဗလောကဝိဟေသကာ။ |
24,984 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | တသ္မာ နေသံ ဝသာ နတ္ထိ၊ ကာကာနမှာက ဉာတိနံ။ |
24,985 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ၁၄၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ |
24,986 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ကာကာ နာမ၊ ကျီးတို့မည်သည်ကား။ |
24,987 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ဥဗ္ဗိဂ္ဂဟဒယာ၊ ထိတ်လန့်သော နှလုံးရှိကုန်၏။ |
24,988 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | သဗ္ဗလောကဝိဟေသကာ၊ ခပ်သိမ်းသောလူတို့ကို ညှဉ်းဆဲတတ်ကုန်၏။ |
24,989 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | အမှာကံ၊ ငါတို့၏။ |
24,990 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ဉာတီနံ၊ အဆွေအမျိုးဖြစ်ကုန်သော။ |
24,991 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | နေသံ ကာကာနံ၊ ထိုကျီးတို့အား။ |
24,992 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ဝသာ၊ အဆီသည်။ |
24,993 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | လွန်လေပြီးသောအခါကလည်း မဖြစ်စဘူး။ |
24,994 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | နောင်အခါ၌လည်း မဖြစ်လတ္တံ့၊ ဤသို့ ဘုရားလောင်းသည် ဤအကြောင်းကို ထင်စွာပြု၍ မြတ်သောမင်းကြီး မင်းမည်သည် မစုံစမ်းမဆင် ခြင်မူ၍ မပြုအပ်ဟု မင်းကို သိစေ၏။ |
24,995 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | မင်းသည်လည်း နှစ်သက်၍ ဘုရားလောင်းအား မင်းအဖြစ်ဖြင့် ပူဇော်၏ ဘုရားလောင်းသည် မင်းအဖြစ်ကိုခံ၍ မင်းအားအပ်နှင်း၏။ |
24,996 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | မင်းကို ငါးပါးကုန်သော သီလတို့၌တည်စေ၍ ခပ်သိမ်းကုန်သောသတ္တဝါတို့အား ဘေးမဲ့ကိုတောင်း၏။ |
24,997 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | မင်းသည်လည်း ဘုရားလောင်း၏ ဒေသနာကိုနာရ၍ ခပ်သိမ်းကုန်သောသတ္တဝါတို့အား ဘေးမဲ့ပေး၍ ကျီးတို့အား အမြဲဖြစ်သော အလှူဝတ်ကိုတည်စေ၏။ |
24,998 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | နေ့တိုင်းနေ့တိုင်း တဆယ့်တစိတ်သောဆန်ကို ထမင်းချက်စေ၍ အထူးထူးသော မြတ်သော အရာဖြင့်နယ်၌ ကျီးတို့အားလှူ၏။ |
24,999 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ဘုရားလောင်းအားကား မင်း၏ဘောဇဉ်ကိုလျှင် လှူ၏။ |
25,000 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကျီးမင်းဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.