id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
2,801
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်သည် အကြောင်းနှင့် တကွဖြစ်၍ ‘သပစ္စယ’မည်သလော။
2,802
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ပုဂ္ဂိုလ်သည်အကြောင်း ကင်း၍ ‘အပစ္စယ’မည်သလော။
2,803
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်သည် ပြုပြင်စီရင်ခံရသူဖြစ်၍ ‘သင်္ခတ’မည်သလော။
2,804
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်သည် ပြုပြင်စီရင်မှု ကင်း၍ ‘အသင်္ခၤတ’မည်သလော။
2,805
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်သည် မြဲသည်ဖြစ်၍ ‘သဿတ’ မည်သလော။
2,806
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်သည် မမြဲသည်ဖြစ်၍ ‘အသဿတ’မည်သလော။
2,807
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်သည် အကြောင်းနိမိတ်နှင့်တကွဖြစ်၍ ‘သနိမိတ္တ’မည်သလော။
2,808
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်သည် အကြောင်းနိမိတ် ကင်း၍ ‘အနိမိတ္တ’မည်သလော။
2,809
Uncategorized
ကထာဝတ္ထုပါဠိတော်
[အကျဉ်းချုံးထား၏]။
2,810
Uncategorized
ကထာဝတ္ထုပါဠိတော်
၅၄။ ပရဝါဒီ။
2,811
Uncategorized
ကထာဝတ္ထုပါဠိတော်
မိမိစီးပွားအတွက် ကျင့်သောပုဂ္ဂိုလ်သည် ရှိ၏ဟု မြတ်စွာဘုရား ဟောအပ်ပါသလော။
2,812
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်သည် အကြောင်းနှင့်တကွ ဖြစ်၍ ‘သပစ္စယ’မည်သလော။
2,813
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ပုဂ္ဂိုလ်သည်အကြောင်းကင်း၍ ‘အပစ္စယ’မည်သလော။
2,814
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်သည် မြဲသည်ဖြစ်၍ ‘သဿတ’မည်သလော။
2,815
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်သည် အကြောင်းနိမိတ်ကင်း၍ ‘အနိမိတ္တ’မည်သလော။
2,816
Uncategorized
ကထာဝတ္ထုပါဠိတော်
၂ လက္ခဏယုတ္တိကထာ ပြီး၏။
2,817
Uncategorized
ကထာဝတ္ထုပါဠိတော်
၁။ နိဗ္ဗာန်ကို ချန်ထား၍ နိဗ္ဗာန်မှ ကြွင်းသော သစ္စိကဋ္ဌတရားဟူသမျှသည် အကြောင်းပစ္စည်းနှင့် တကွဖြစ်သောကြောင့် ‘သပစ္စယ’ မည်၏၊ အကြောင်းတရားတို့’ ပေါင်းဆုံ၍ ပြုအပ်သည်၏ အဖြစ်ကြောင့် ‘သင်္ခတ’ မည်၏၊ ဖြစ်ပြီးမှ ချုပ်ပျောက်သည်ဖြစ်၍ အခါခပ်သိမ်း မရှိသောကြောင့် ‘အသဿတ’ မည်၏၊ ဖြစ်ခြင်း၏ အကြောင်းဟု ဆိုအပ်သော နိမိတ်ရှိသည်၏ အဖြစ်ကြောင့် ‘သနိမိတ္တ’ မည်၏၊ နိဗ္ဗာန်သည်ကား ဆိုအပ်ခဲ့ပြီးသည်မှ ပြန်သောအားဖြင့် ‘အပစ္စယ၊ အသင်္ခတ၊ သဿတ၊ အနိမိတ္တ’ မည်၏၊ ဤကား သစ္စိကဋ္ဌလက္ခဏာတည်း၊ ထို့ကြောင့် ပုဂ္ဂိုလ်သည်လည်း သစ္စိကဋ္ဌ ပရမတ္ထ ဖြစ်ခဲ့မူ တိုပုဂ္ဂိုလ်သည်လည်း သပစ္စယ စသည် ဖြစ်ရာ၏ဟု ရည်ရွယ်၍ သကဝါဒီက မေးခြင်း ဖြစ်သည်၊ ပရဝါဒီကမူကား မိမိယူဆသော ပုဂ္ဂိုလ်၏ အတ္တဇီဝနှင့် ယှဉ်သောကြောင့် ပယ်မြစ်ရလေသည်။
2,818
Uncategorized
ကထာဝတ္ထုပါဠိတော်
၂။ သမ္မုတိသစ္စာဖြင့် ပြီးသောပုဂ္ဂိုလ်အားသော်လည်း သပစ္စယ စသောအဖြစ် မရှိခဲ့၊ ထို့ကြောင့် ဟုတ်တိုင်းမှန်စွာ ယူဆသော သကဝါဒီဆရာက ပဋိက္ခေပပြု၍ ဖြေသည်၊ ပရဝါဒီကား မိမိ၏ ယုတ်ညံ့သောဝါဒ၏ အစွမ်းဖြင့် တုံ့ပြန် ဖိနှိပ်မှုကို ပြု၏။
2,819
Uncategorized
ကထာဝတ္ထုပါဠိတော်
-- ၉-ဝစနသောဓနကထာ
2,820
Uncategorized
ကထာဝတ္ထုပါဠိတော်
၅၅။ သကဝါဒီ။
2,821
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ပုဂ္ဂိုလ်သည် ရအပ်သောအနက်သဘော မည်ပါသလော၊ ရအပ်သောအနက်သဘောသည် ပုဂ္ဂိုလ်မည်ပါသလော။
2,822
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်သည် ရအပ်သောအနက်သဘောမည်၏၊ ရအပ်သောအနက်သဘော အချို့ကားပုဂ္ဂိုလ်မည်၏၊ အချို့ကား ပုဂ္ဂိုလ်မမည်။
2,823
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်အချို့ကား ရအပ်သောအနက်သဘော မည်သလော၊ အချို့ကား ရအပ်သော အနက်သဘော မမည်သလော။
2,824
Uncategorized
ကထာဝတ္ထုပါဠိတော်
၅၆။ သကဝါဒီ။
2,825
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ပုဂ္ဂိုလ်သည် မှန်သောအနက်သဘော မည်သလော၊ မှန်သောအနက်သဘော သည်ပုဂ္ဂိုလ်မည်သလော။
2,826
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်သည် မှန်သောအနက်သဘော မည်၏၊ မှန်သောအနက်သဘော အချို့ကား ပုဂ္ဂိုလ်မည်၏၊ အချို့ကား ပုဂ္ဂိုလ်မမည်။
2,827
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်အချို့ကား မှန်သောအနက်သဘော မည်သလော၊ အချို့ကား မှန်သောအနက်သဘော မမည်သလော။
2,828
Uncategorized
ကထာဝတ္ထုပါဠိတော်
၅၇။ သကဝါဒီ။
2,829
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ပုဂ္ဂိုလ်သည် ထင်ရှားသောအနက်သဘော မည်သလော၊ ထင်ရှားသော အနက်သဘောသည် ပုဂ္ဂိုလ်မည်သလော။
2,830
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်သည် ထင်ရှားသောအနက်သဘော မည်၏၊ ထင်ရှားသောအနက်သဘော အချို့ကား ပုဂ္ဂိုလ်မည်၏၊ အချို့ကား ပုဂ္ဂိုလ်မမည်။
2,831
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်အချို့ကား ထင်ရှားသောအနက်သဘော မည်သလော၊ အချို့ကား ထင်ရှား သောအနက်သဘော မမည်သလော။
2,832
Uncategorized
ကထာဝတ္ထုပါဠိတော်
၅၈။ သကဝါဒီ။
2,833
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ပုဂ္ဂိုလ်သည် ကောင်းစွာ ထင်ရှားသောအနက်သဘော မည်သလော၊ ကောင်းစွာထင်ရှားသောအနက်သဘောသည် ပုဂ္ဂိုလ်မည်သလော။
2,834
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်သည် ကောင်းစွာ ထင်ရှားသောအနက်သဘော မည်၏၊ ကောင်းစွာ ထင်ရှား သောအနက်သဘောသည် အချို့ကား ပုဂ္ဂိုလ်မည်၏၊ အချို့ကား ပုဂ္ဂိုလ်မမည်။
2,835
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်သည် အချို့ကား ကောင်းစွာ ထင်ရှားသောအနက်သဘော မည်သလော၊ အချို့ကား ကောင်းစွာ ထင်ရှားသောအနက်သဘော မမည်သလော။
2,836
Uncategorized
ကထာဝတ္ထုပါဠိတော်
၅၉။ သကဝါဒီ။
2,837
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ပုဂ္ဂိုလ်သည် အရှိသဘောမည်သလော၊ အရှိသဘောသည် ပုဂ္ဂိုလ်မည်သလော။
2,838
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ပုဂ္ဂိုလ်သည် အရှိသဘောမည်၏၊ အရှိသဘော အချို့ကား ပုဂ္ဂိုလ်မည်၏၊ အချို့ကားပုဂ္ဂိုလ် မမည်။
2,839
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်သည် အချို့ကား အရှိသဘောမည်သလော၊ အချို့ကား အရှိသဘော မမည်သလော။
2,840
Uncategorized
ကထာဝတ္ထုပါဠိတော်
၆၀။ သကဝါဒီ။
2,841
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ပုဂ္ဂိုလ်သည် အရှိသဘောမည်သလော၊ အရှိသဘောသည် အားလုံး ပုဂ္ဂိုလ်မမည်သလော။
2,842
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် မမည်ပါ။
2,843
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်သည် မရှိသဘောမည်သလော၊ မရှိသဘောသည် အားလုံး ပုဂ္ဂိုလ် မမည်သလော။
2,844
Uncategorized
ကထာဝတ္ထုပါဠိတော်
၂ ဝစနသောဓန ပြီး၏။
2,845
Uncategorized
ကထာဝတ္ထုပါဠိတော်
၁။ မှန်သောသဘော၊ ထင်ရှားရှိသောသဘော၊ ကောင်းစွာ ထင်ရှားရှိသောသဘော၊ အရှိသဘော ဤလေးဋ္ဌာနကား ‘ရ'အပ်သော အနက်သဘောဟူသည်နှင့် ပရိယာယ်တူပုဒ်များတည်း။
2,846
Uncategorized
ကထာဝတ္ထုပါဠိတော်
၂။ ပုဂ္ဂိုလ်သည် အရှိသဘော ဖြစ်၏၊ အရှိသဘောသည် အချို့ကား ပုဂ္ဂိုလ်မည်၏၊ အချို့ကား ပုဂ္ဂိုလ်မမည်ဟု ပရဝါဒီက ဆိုခဲ့၏၊ ထိုစကားအရ ပုဂ္ဂိုလ်သည် အရှိသဘောမည်၏၊ အရှိသဘောသည် အလုံးစုံ ပုဂ္ဂိုလ် မမည်ဟု အနက် ရောက်ခဲ့၏၊ ထိုစကားကို ဝန်ခံစေလို၍ သကဝါဒီက ပဌမအမေးကို မေးသည်၊ ပရဝါဒီကလည်းဝန်ခံ၏။
2,847
Uncategorized
ကထာဝတ္ထုပါဠိတော်
သင်ပရဝါဒီသည် မိမိအကျိုးစီးပွားအတွက် ကျင့်သောပုဂ္ဂိုလ်သည် ရှိ၏ဟူသော စကားမျှကို အမှီပြု၍ ပုဂ္ဂိုလ်ရှိ၏ဟူသော အယူကို ယူဘိ၏၊ မြတ်စွာဘုရားသည် မိမိအကျိုးအတွက် ကျင့်သောပုဂ္ဂိုလ်ရှိ၏ဟု ဟောသကဲ့သို့ ထို့အတူ သုညတော လောကံ အဝေက္ခဿု မောဃရာဇာ သဒါသတော အစရှိသောနည်းဖြင့် ပုဂ္ဂိုလ် မရှိဟူ၍လည်း ဟောတော်မူခဲ့၏၊ ထို့ကြောင့် ပုဂ္ဂိုလ်သည် အရှိသဘောဖြစ်၏ဟူသော အနက်သဘောသည် အလုံးစုံ ပုဂ္ဂိုလ် မမည်နိုင်သကဲ့သို့ ထို့အတူ ပုဂ္ဂိုလ်သည် မရှိ၊ မရှိသော အနက်သဘောသည် အလုံးစုံသောပုဂ္ဂိုလ် မမည်ဟူသော အနက်သို့လည်း ရောက်ခဲ့၏၊ ထိုကို ဝန်ခံမည်ဟူလော ရည်ရွယ်ချက်ဖြင့် ဒုတိယပုစ္ဆာကို သကဝါဒီက မေးလေသည်၊ ပရဝါဒီကမူ ထိုအတိုင်း ဝန်မခံနိုင်သဖြင့် ပဋိက္ခေပပြု၍ ဖြေရသည်။
2,848
Uncategorized
ကထာဝတ္ထုပါဠိတော်
-- ၁၀-ပညတ္တာနုယောဂ
2,849
Uncategorized
ကထာဝတ္ထုပါဠိတော်
၆၁။ သကဝါဒီ။
2,850
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရူပဓာတ်၌ ရုပ်ရှိသော သူသည် ပုဂ္ဂိုလ်မည်သလော။
2,851
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် မည်ပါ၏၁။
2,852
Uncategorized
ကထာဝတ္ထုပါဠိတော်
ကာမဓာတ်၌ လိုချင်တပ်မက်မှု ‘ကာမ'ရှိသော သူသည် ပုဂ္ဂိုလ်မည်သလော။
2,853
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ၂
2,854
Uncategorized
ကထာဝတ္ထုပါဠိတော်
၆၂။ သကဝါဒီ။
2,855
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရူပဓာတ်၌ ရုပ်ရှိသော သူတို့သည် သတ္တဝါမည်ကုန်သလော၃။
2,856
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် မည်ကုန်၏။
2,857
Uncategorized
ကထာဝတ္ထုပါဠိတော်
ကာမဓာတ်၌ လိုချင်မှု ‘ကာမ'ရှှိသော သူတို့သည် သတ္တဝါမည်ကုန်သလော။
2,858
Uncategorized
ကထာဝတ္ထုပါဠိတော်
၆၃။ သကဝါဒီ။
2,859
Uncategorized
ကထာဝတ္ထုပါဠိတော်
။ အရူပဓာတ်၌ ရုပ်မရှိသော သူသည် ပုဂ္ဂိုလ်မည်သလော၄။
2,860
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် မည်ပါ၏။
2,861
Uncategorized
ကထာဝတ္ထုပါဠိတော်
ကာမဓာတ်၌ လိုချင်မှု ‘ကာမ'ရှှိသော သူသည် ပုဂ္ဂိုလ်မည်သလော။
2,862
Uncategorized
ကထာဝတ္ထုပါဠိတော်
၆၄။ သကဝါဒီ။
2,863
Uncategorized
ကထာဝတ္ထုပါဠိတော်
။ အရူပဓာတ်၌ ရုပ်မရှိသော သူတို့သည် သတ္တဝါတို့ မည်ကုန်သလော။
2,864
Uncategorized
ကထာဝတ္ထုပါဠိတော်
ကာမဓာတ်၌ လိုချင်မှု ‘ကာမ'ရှိသော သူတို့သည် သတ္တဝါတို့ မည်ကုန်သလော။
2,865
Uncategorized
ကထာဝတ္ထုပါဠိတော်
၆၅။ သကဝါဒီ။
2,866
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရူပဓာတ်၌ ရုပ်ရှိသော သူသည် ပုဂ္ဂိုလ်မည်၏၊ အရူပဓာတ်၌ ရုပ်မရှိသော သူသည်ပုဂ္ဂိုလ်မည်၏၊ ရူပဓာတ်မှ စုတေ၍ အရူပဓာတ်သို့ ရောက်သော သတ္တဝါအချို့ ရှိသလော။
2,867
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် ရှိပါ၏။
2,868
Uncategorized
ကထာဝတ္ထုပါဠိတော်
ရုပ်ရှိသောပုဂ္ဂိုလ်သည် ပြတ်သလော၊ ရုပ်မရှိသောပုဂ္ဂိုလ်သည် ဖြစ်သလော။
2,869
Uncategorized
ကထာဝတ္ထုပါဠိတော်
၆၆။ သကဝါဒီ။
2,870
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရူပဓာတ်၌ ရုပ်ရှိသော သူတို့သည် သတ္တဝါမည်ကုန်၏၊ အရူပဓာတ်၌ ရုပ်မရှိ သောသူတို့သည် သတ္တဝါမည်ကုန်၏၊ ရူပဓာတ်မှ စုတေ၍ အရူပဓာတ်သို့ ရောက်သော သတ္တဝါအချို့ရှိသလော။
2,871
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် ရှှိပါ၏။
2,872
Uncategorized
ကထာဝတ္ထုပါဠိတော်
ရုပ်ရှိသော သတ္တဝါသည် ပြတ်သလော၊ ရုပ်မရှိသော သတ္တဝါသည် ဖြစ်သလော။
2,873
Uncategorized
ကထာဝတ္ထုပါဠိတော်
ကိုယ်ဟူ၍လည်းကောင်း, သရီရဟူ၍လည်းကောင်း၊ သရီရဟူ၍လည်းကောင်း, ကိုယ်ဟူ၍လည်းကောင်း ကိုယ်ကို မခွဲဝေအပ်သည်ကို ပြု၍ ဤကိုယ်သည် ဤသရီရပင် ဖြစ်သလော၊ ဤသရီရသည် ဤကိုယ်ပင် ဖြစ်သလော၊ ကိုယ်နှင့် သရီရ, သရီရနှင့် ကိုယ်သည် တူသော အနက်ရှိသလော၊ တူသလော၊ တူသော အဖို့ရှိသလော၊ ထိုကိုယ်ကြောင့် သရီရ, ထိုသရီရကြောင့် ကိုယ်ဖြစ်သလော၅။
2,874
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် ဖြစ်ပါ၏။
2,875
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်ဟူ၍လည်းကောင်း, ဇီဝဟူ၍လည်းကောင်း၊ ဇီဝဟူ၍လည်းကောင်း, ပုဂ္ဂိုလ်ဟူ၍လည်းကောင်း ပုဂ္ဂိုလ်ကို မခွဲခြားအပ်သည်ကို ပြု၍ ဤပုဂ္ဂိုလ်သည် ဤဇီဝပင်ဖြစ်သလော၊ ဤဇီဝသည်ဤပုဂ္ဂိုလ်ပင် ဖြစ်သလော၊ ပုဂ္ဂိုလ်နှင့်, ဇီဝ, ဇီဝနှင့်, ပုဂ္ဂိုလ်သည် တူသော အနက်ရှိသလော၊ တူသလော၊ တူသော အဖို့ရှိသလော၊ ထိုပုဂ္ဂိုလ်ကြောင့် ဇီဝ၊ ထိုဇီဝကြောင့် ပုဂ္ဂိုလ် ဖြစ်သလော။
2,876
Uncategorized
ကထာဝတ္ထုပါဠိတော်
ကိုယ်သည် ပုဂ္ဂိုလ်မှ တစ်မျိုးတခြားလော၊ ပုဂ္ဂိုလ်သည် ကိုယ်မှ တစ်မျိုးတခြားလော။
2,877
Uncategorized
ကထာဝတ္ထုပါဠိတော်
ဇီဝသည် သရီရမှ တစ်မျိုးတခြားလော၊ သရီရသည် ဇီဝမှ တစ်မျိုးတခြားလော။
2,878
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်ပရဝါဒီ ကိုယ်ဟူ၍လည်ကောင်း, သရီရဟူ၍လည်းကောင်း၊ သရီရဟူ၍လည်းကောင်း, ကိုယ်ဟူ၍လည်းကောင်း ကိုယ်ကို မခွဲခြားအပ်သည်ကို ပြု၍ ဤကိုယ်သည် ဤသရီရပင်၊ ဤသရီရသည်ဤကိုယ်ပင်ဖြစ်ခဲ့မူ ကိုယ်နှင့် သရီရ၊ သရီရနှင့် ကိုယ်သည် တူသောအနက်ရှိခဲ့မူ တူခဲ့မူ တူသော အဖို့ရှိသည် ဖြစ်ခဲ့မူ ထိုကိုယ်ကြောင့် သရီရ၊ ထိုသရီရကြောင့် ကိုယ်ဖြစ်ခဲ့မူ ပုဂ္ဂိုလ်ဟူ၍လည်းကောင်း, ဇီဝဟူ၍လည်းကောင်း၊ ဇီဝဟူ၍လည်းကောင်း, ပုဂ္ဂိုလ်ဟူ၍လည်းကောင်း ပုဂ္ဂိုလ်ကို မခွဲဝေအပ်သည်ကို ပြု၍ဤပုဂ္ဂိုလ်သည် ဤဇီဝပင်၊ ဤဇီဝသည် ဤပုဂ္ဂိုလ်ပင် ဖြစ်ခဲ့မူ ပုဂ္ဂိုလ်နှင့် ဇီဝ၊ ဇီဝနှင့် ပုဂ္ဂိုလ်သည်တူသောအနက်ရှိခဲ့မူ တူခဲ့မူ တူသောအဖို့ရှိသည် ဖြစ်ခဲ့မူ ထိုပုဂ္ဂိုလ်ကြောင့် ဇီဝ၊ ထိုဇီဝကြောင့် ပုဂ္ဂိုလ်ဖြစ်ခဲ့မူ ကိုယ်သည် ပုဂ္ဂိုလ်မှ တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် ကိုယ်မှ တစ်မျိုးတစ်ခြား ဖြစ်ခဲ့မူ ထိုအကြောင်းကြောင့် ဇီဝသည် သရီရမှ တစ်မျိုးတခြား၊ သရီရသည် ဇီဝမှ တစ်မျိုးတခြားဟူ၍ ဆိုသင့်၏။
2,879
Uncategorized
ကထာဝတ္ထုပါဠိတော်
ထိုပဌမပုစ္ဆာ၌ ကိုယ်ဟူ၍လည်ကောင်း, သရီရဟူ၍လည်းကောင်း၊ သရီရဟူ၍လည်းကောင်း, ကိုယ်ဟူ၍လည်းကောင်း ကိုယ်ကို မခွဲခြားအပ်သည်ကို ပြု၍ ဤကိုယ်သည် ဤသရီရပင်၊ ဤသရီရသည်ဤကိုယ်ပင် ဖြစ်၏။
2,880
Uncategorized
ကထာဝတ္ထုပါဠိတော်
ကိုယ်နှင့် သရီရ၊ သရီနှင့် ကိုယ်သည် တူသောအနက်ရှိ၏၊ တူ၏၊ တူသောအဖို့ရှိ၏။
2,881
Uncategorized
ကထာဝတ္ထုပါဠိတော်
ထိုကိုယ်ကြောင့် သရီရ၊ ထိုသရီရကြောင့် ကိုယ်ဖြစ်၏ဟူ၍လည်းကောင်း၊ ပုဂ္ဂိုလ်ဟူ၍လည်းကောင်း, ဇီဝဟူ၍လည်းကောင်း၊ ဇီဝဟူ၍လည်းကောင်း, ပုဂ္ဂိုလ်ဟူ၍လည်းကောင်း ပုဂ္ဂိုလ်ကို မခွဲခြားအပ်သည်ကို ပြု၍ ဤပုဂ္ဂိုလ်သည် ဤဇီဝပင်၊ ဤဇီဝသည် ဤပုဂ္ဂိုလ်ပင် ဖြစ်၏။
2,882
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်နှင့် ဇီဝ၊ ဇီဝနှင့်ပုဂ္ဂိုလ်သည် တူသောအနက်ရှိ၏၊ တူ၏၊ တူသော အဖို့ရှိ၏။
2,883
Uncategorized
ကထာဝတ္ထုပါဠိတော်
ထိုပုဂ္ဂိုလ်ကြောင့် ဇီဝ၊ ထိုဇီဝကြောင့်ပုဂ္ဂိုလ် ဖြစ်၏ဟူ၍လည်းကောင်း၊ ကိုယ်သည် ပုဂ္ဂိုလ်မှ တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် ကိုယ်မှ့တစ်မျိုးတခြား ဖြစ်၏ဟူ၍လည်းကောင်း သင် ဆိုခဲ့သည်သာတည်း။
2,884
Uncategorized
ကထာဝတ္ထုပါဠိတော်
ဤဒုတိယ ပုစ္ဆာ၌မူ ဇီဝသည်သရီရမှ တစ်မျိုး တခြား၊ သရီရသည် ဇီဝမှ တစ်မျိုးတခြားဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက်မညီညွတ်သောစကားသည် မှားသောစကား သာတည်း။
2,885
Uncategorized
ကထာဝတ္ထုပါဠိတော်
-- အရှင်ပရဝါဒီ ဇီဝသည် သရီရမှ တစ်မျိုးတခြား၊ သရီရသည် ဇီဝမှ တစ်မျိုးတခြားဟူ၍ သင် မဆိုခဲ့မူကိုယ်ဟူ၍လည်းကောင်း, သရီရဟူ၍လည်းကောင်း၊ သရီရဟူ၍လည်းကောင်း, ကိုယ်ဟူ၍လည်းကောင်းကိုယ်ကို မခွဲခြားအပ်သည်ကို ပြု၍ ဤကိုယ်သည် ဤသရီရပင်၊ ဤသရီရသည် ဤကိုယ်ပင် ဖြစ်၏။
2,886
Uncategorized
ကထာဝတ္ထုပါဠိတော်
ကိုယ်နှင့် သရီရ၊ သရီရနှင့် ကိုယ်သည် တူသောအနက်ရှိ၏၊ တူ၏၊ တူသောအဖို့ရှိ၏။
2,887
Uncategorized
ကထာဝတ္ထုပါဠိတော်
ထိုကိုယ်ကြောင့်သရီရ၊ ထိုသရီရကြောင့် ကိုယ်ဖြစ်၏ဟူ၍လည်းကောင်း၊ ပုဂ္ဂိုလ်ဟူ၍လည်းကောင်း, ဇီဝဟူ၍လည်းကောင်း၊ ဇီဝဟူ၍လည်းကောင်း, ပုဂ္ဂိုလ်ဟူ၍လည်းကောင်း ပုဂ္ဂိုလ်ကို မခွဲခြားအပ်သည်ကို ပြု၍ဤပုဂ္ဂိုလ်သည် ဤဇီဝပင်၊ ဤဇီဝသည် ဤပုဂ္ဂိုလ်ပင် ဖြစ်၏၊ ပုဂ္ဂိုလ်နှင့် ဇီဝ၊ ဇီဝနှင့် ပုဂ္ဂိုလ်သည်တူသောအနက်ရှိ၏၊ တူ၏၊ တူသောအဖို့ရှိ၏။
2,888
Uncategorized
ကထာဝတ္ထုပါဠိတော်
ထိုပုဂ္ဂိုလ်ကြောင့် ဇီဝ၊ ထိုဇီဝကြောင့် ပုဂ္ဂိုလ်ဖြစ်၏ဟူ၍လည်းကောင်း၊ (ကိုယ်သည်) ပုဂ္ဂိုလ်မှ တစ်မျိုးတခြား၊ (ပုဂ္ဂိုလ်သည် ) ကိုယ်မှ တစ်မျိုးတခြားဟူ၍လည်းကောင်း မဆိုသင့်တော့ပေ။
2,889
Uncategorized
ကထာဝတ္ထုပါဠိတော်
ထိုပဌမပုစ္ဆာ၌ ကိုယ်ဟူ၍လည်းကောင်း, သရီရဟူ၍လည်းကောင်း၊ သရီရဟူ၍လည်းကောင်း, ကိုယ်ဟူ၍လည်းကောင်း ကိုယ်ကို မခွဲဝေအပ်သည်ကို ပြု၍ ဤကိုယ်သည် ဤသရီရပင်၊ ဤသရီရသည်ဤကိုယ်ပင် ဖြစ်၏၊ ကိုယ်နှင့် သရီရ၊ သရီရနှင့် ကိုယ်သည် တူသောအနက်ရှိ၏၊ တူ၏၊ တူသောအဖို့ရှိ၏။
2,890
Uncategorized
ကထာဝတ္ထုပါဠိတော်
ထိုကိုယ်ကြောင့် သရီရ, ထိုသရီရကြောင့် ကိုယ်ဖြစ်၏ဟူ၍လည်းကောင်း၊ ပုဂ္ဂိုလ်ဟူ၍လည်းကောင်း, ဇီဝဟူ၍လည်းကောင်း၊ ဇီဝဟူ၍လည်းကောင်း, ပုဂ္ဂိုလ်ဟူ၍လည်းကောင်း ပုဂ္ဂိုလ်ကိုမခွဲဝေအပ် သည်ကို ပြု၍ ဤပုဂ္ဂိုလ်သည် ဤဇီဝပင်၊ ဤဇီဝသည် ဤပုဂ္ဂိုလ်ပင် ဖြစ်၏။
2,891
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်နှင့် ဇီဝ၊ ဇီဝနှင့် ပုဂ္ဂိုလ်သည် တူသောအနက်ရှိ၏၊ တူ၏၊ တူသော အဖို့ရှိ၏။
2,892
Uncategorized
ကထာဝတ္ထုပါဠိတော်
ထိုပုဂ္ဂိုလ်ကြောင့် ဇီဝ၊ ထိုဇီဝကြောင့် ပုဂ္ဂိုလ်ဖြစ်၏ဟူ၍လည်းကောင်း၊ ကိုယ်သည် ပုဂ္ဂိုလ်မှ တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် ကိုယ်မှတစ်မျိုး တခြား ဖြစ်၏ဟူ၍လည်းကောင်း သင် ဆိုခဲ့သည်သာတည်း။
2,893
Uncategorized
ကထာဝတ္ထုပါဠိတော်
ဤဒုတိယပုစ္ဆာ၌မူ ဇီဝသည်သရီရမှ တစ်မျိုးတခြား၊ သရီရသည် ဇီဝမှ တစ်မျိုးတခြားဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက်မညီညွတ်သောစကားသည်မှားသောစကားသာတည်း။
2,894
Uncategorized
ကထာဝတ္ထုပါဠိတော်
၆၈။ ပရဝါဒီ။
2,895
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ကိုယ်ဟူ၍လည်းကောင်း, သရီရဟူ၍လည်းကောင်း၊ သရီရဟူ၍လည်းကောင်း,ကိုယ်ဟူ၍ လည်းကောင်း ကိုယ်ကို မခွဲခြားအပ်သည်ကို ပြု၍ ဤကိုယ်သည် ဤသရီရပင်, ဤသရီရသည်ဤကိုယ်ပင် ဖြစ်သလော၊ ကိုယ်နှင့် သရီရ, သရီရနှင့် ကိုယ်သည် တူသောအနက်ရှိသလော၊ တူသလော၊ တူသောအဖို့ရှိသလော။
2,896
Uncategorized
ကထာဝတ္ထုပါဠိတော်
ထိုကိုယ်ကြောင့် သရီရ၊ ထိုသရီရကြောင့် ကိုယ်ဖြစ်သလော။
2,897
Uncategorized
ကထာဝတ္ထုပါဠိတော်
ကိုယ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြားလော၊ ပုဂ္ဂိုလ်သည် (ကိုယ်မှ) တစ်မျိုးတခြား လော။
2,898
Uncategorized
ကထာဝတ္ထုပါဠိတော်
ဤသို့ကား မဆိုသင့်ပါ၆။
2,899
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်သကဝါဒီ ကိုယ်ဟူ၍လည်းကောင်း သရီရဟူ၍လည်းကောင်း၊ သရီရဟူ၍လည်းကောင်း၊ ကိုယ့်ဟူ၍လည်းကောင်း ကိုယ်ကို မဝေခွဲအပ်သည်ကို ပြု၍ ဤကိုယ်သည် ဤသရီရပင် ဤသရီရသည်ဤကိုယ်ပင် ဖြစ်ခဲ့မူ ကိုယ်နှင့် သရီရ သရီရနှင့် ကိုယ်သည် တူသော အနက်ရှိခဲ့မူ တူခဲ့မူ တူသောအဖို့ရှိခဲ့မူ ထိုကိုယ်ကြောင့် သရီရ ထိုသရီရကြောင့် ကိုယ်ဖြစ်ခဲ့မူ မိမိစီးပွားအတွက် ကျင့်သောပုဂ္ဂိုလ်သည် ရှိ၏ဟု မြတ်စွာဘုရား ဟောအပ်ခဲ့မူ ထိုအကြောင်းကြောင့် ကိုယ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား ပုဂ္ဂိုလ် သည် (ကိုယ်မှ) တစ်မျိုးတခြားဟူ၍ ဆိုသင့်၏။
2,900
Uncategorized
ကထာဝတ္ထုပါဠိတော်
ထိုပဌမပုစ္ဆာ၌ ကိုယ်ဟူ၍လည်ကောင်း၊ သရီရဟူ၍လည်းကောင်း၊ သရီရဟူ၍လည်းကောင်း၊ ကိုယ်ဟူ၍လည်းကောင်း ကိုယ်ကို မခွဲခြားအပ်သည်ကို ပြု၍ ဤကိုယ်သည် ဤသရီရပင် ဤသရီရသည်ဤကိုယ်ပင် ဖြစ်၏၊ ကိုယ်နှင့် သရီရ သရီရနှင့် ကိုယ်သည် တူသော အနက် ရှိ၏၊ တူ၏၊ တူသောအဖို့ရှိ၏၊ ထိုကိုယ်ကြောင့် သရီရ ထိုသရီရကြောင့် ကိုယ်ဖြစ်၏ဟူ၍လည်းကောင်း၊ မိမိစီးပွားအတွက် ကျင့်သောပုဂ္ဂိုလ်သည် ရှိ၏ဟု မြတ်စွာဘုရား ဟောအပ်၏ဟူ၍လည်းကောင်း သင် ဆိုခဲ့သည်သာတည်း။