id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
3,001
Uncategorized
ကထာဝတ္ထုပါဠိတော်
ဝက်သည်။ ကျွဲသည်ကျွဲပင်ဖြစ်သလော။
3,002
Uncategorized
ကထာဝတ္ထုပါဠိတော်
၈၇။ ပရဝါဒီ။
3,003
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ‘ထိုပုဂ္ဂိုလ်သည်ပင် ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ ကျင်လည် (သွားလာ) ၏’ဟူ၍ မဆိုသင့်ပါသလော။
3,004
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် မဆိုသင့်ပါ၁၁။
3,005
Uncategorized
ကထာဝတ္ထုပါဠိတော်
သောတာပန်ပုဂ္ဂိုလ်သည် လူ့လောကမှ စုတေ၍ နတ်လောကသို့ (လူ့ပြည်မှနတ်ပြည် သို့) ရောက်၏၊ ထိုနတ်လောက၌လည်း သောတာပန်ပင် ဖြစ်သည် မဟုတ်လော။
3,006
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် ဖြစ်ပါ၏၁၂။
3,007
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်သကဝါဒီ သောတာပန်ပုဂ္ဂိုလ်သည် လူ့လောကမှ စုတေ၍ နတ်လောကသို့ ရောက်၏၊ ထိုနတ်လောက၌လည်း သောတာပန်ပင် ဖြစ်ခဲ့ပါမူ ထိုအကြောင်းကြောင့်လည်း ‘ထိုပုဂ္ဂိုလ်သည် ပင်ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ ကျင်လည် (သွားလာ) ၏’ဟူ၍ဆိုသင့်၏။
3,008
Uncategorized
ကထာဝတ္ထုပါဠိတော်
၈၈။ သကဝါဒီ။
3,009
Uncategorized
ကထာဝတ္ထုပါဠိတော်
။ သောတာပန်ပုဂ္ဂိုလ်သည် လူ့လောကမှ စုတေ၍ နတ်လောကသို့ ရောက်၏၊ ထိုနတ်လောက၌လည်း သောတာပန်ပင် ဖြစ်၏ဟု နှလုံးပြု၍ ထိုအကြောင်းကြောင့်လည်း ထိုပုဂ္ဂိုလ်သည်ပင် ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ ကျင်လည် (သွားလာ) ပါသလော။
3,010
Uncategorized
ကထာဝတ္ထုပါဠိတော်
သောတာပန်ပုဂ္ဂိုလ်သည် လူ့လောကမှ စုတေ၍ နတ်လောကသို့ ရောက်၏၊ ထိုနတ်လောက၌လည်း လူပင် ဖြစ်၏ဟု နှလုံးပြု၍ ထိုအကြောင်းကြောင့်လည်း ထိုပုဂ္ဂိုလ်သည်ပင် ဤလောကမှ အခြားလောကသို့ ကျင်လည် (သွားလာ) ပါသလော။
3,011
Uncategorized
ကထာဝတ္ထုပါဠိတော်
၈၉။ သကဝါဒီ။
3,012
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်တစ်ပါး မဟုတ်မူ၍ မပြောင်းလွဲဘဲ ကျင်လည် (သွားလာ) ပါသလော။
3,013
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ၁၃
3,014
Uncategorized
ကထာဝတ္ထုပါဠိတော်
၉၀။ သကဝါဒီ။
3,015
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ပုဂ္ဂိုလ်တစ်ပါး မဟုတ်မူ၍ မပြောင်းလွဲဘဲ ကျင်လည် (သွားလာ) ပါသလော။
3,016
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် ကျင်လည် (သွားလာ) ပါ၏၁၄။
3,017
Uncategorized
ကထာဝတ္ထုပါဠိတော်
လက်ပြတ်သူသည် လက်ပြတ်သူပင် ဖြစ်ပါသလော။
3,018
Uncategorized
ကထာဝတ္ထုပါဠိတော်
ခြေပြတ်သူသည် ခြေပြတ်သူပင်ဖြစ်ပါသလော။
3,019
Uncategorized
ကထာဝတ္ထုပါဠိတော်
လက်ခြေပြတ်သူသည် လက်ခြေပြတ်သူပင် ဖြစ်ပါသလော။
3,020
Uncategorized
ကထာဝတ္ထုပါဠိတော်
ခြေမ, လက်မပြတ်သူသည်။
3,021
Uncategorized
ကထာဝတ္ထုပါဠိတော်
ခြေချောင်း, လက်ချောင်း ပူးသူသည်။
3,022
Uncategorized
ကထာဝတ္ထုပါဠိတော်
နူနာ ရှိသူသည်။
3,023
Uncategorized
ကထာဝတ္ထုပါဠိတော်
ပွေးညှင်းတင်းတိပ်နာ ရှိသူသည်။
3,024
Uncategorized
ကထာဝတ္ထုပါဠိတော်
ဝက်သည်။ ကျွဲသည်ကျွဲပင် ဖြစ်ပါသလော။
3,025
Uncategorized
ကထာဝတ္ထုပါဠိတော်
၉၁။ သကဝါဒီ။
3,026
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ထိုပုဂ္ဂိုလ်သည်ပင် ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ကျင်လည် (သွားလာ) ပါသလော။
3,027
Uncategorized
ကထာဝတ္ထုပါဠိတော်
ရုပ်နှင့်တကွ ဖြစ်၍ ကျင်လည် (သွားလာ) ပါသလော။
3,028
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ၁၅
3,029
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် ကျင်လည် (သွားလာ) ပါ၏၁၆။
3,030
Uncategorized
ကထာဝတ္ထုပါဠိတော်
ထိုဇီဝသည်ပင် ထိုသရီရဖြစ်သလော။
3,031
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ၁၇
3,032
Uncategorized
ကထာဝတ္ထုပါဠိတော်
ဝေဒနာနှင့်တကွ ဖြစ်၍။
3,033
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ သညာနှင့်တကွ ဖြစ်၍။
3,034
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ သင်္ခါရတို့နှင့်တကွ ဖြစ်၍။
3,035
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ဝိညာဏ်နှင့်တကွ ဖြစ်၍ ကျင်လည် (သွားလာ) ပါသလော။
3,036
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ၁၈
3,037
Uncategorized
ကထာဝတ္ထုပါဠိတော်
ဝိညာဏ်နှင့်တကွ ဖြစ်၍ ကျင်လည်သွားလာပါသလော။
3,038
Uncategorized
ကထာဝတ္ထုပါဠိတော်
၉၂။ သကဝါဒီ။
3,039
Uncategorized
ကထာဝတ္ထုပါဠိတော်
ရုပ် မရှိမူ၍ ကျင်လည် (သွားလာ) ပါသလော။
3,040
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ၁၉
3,041
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် ကျင်လည် (သွားလာ) ပါ၏၂၀။
3,042
Uncategorized
ကထာဝတ္ထုပါဠိတော်
ဇီဝသည် (သရီရမှ) တစ်မျိုးတခြားလော၊ သရီရသည် (ဇီဝမှ) တစ်မျိုးတခြားလော။
3,043
Uncategorized
ကထာဝတ္ထုပါဠိတော်
ဝေဒနာ မရှိမူ၍။
3,044
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ သညာ မရှိမူ၍။
3,045
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ သင်္ခါရတို့ မရှိမူ၍။
3,046
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ဝိညာဏ် မရှိမူ၍ကျင်လည် (သွားလာ) ပါသလော။
3,047
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ၂၁
3,048
Uncategorized
ကထာဝတ္ထုပါဠိတော်
ဝိညာဏ် မရှိမူ၍ ကျင်လည် (သွားလာ) ပါသလော။
3,049
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ဩော် ကျင်လည် (သွားလာ) ပါ၏၂၂။
3,050
Uncategorized
ကထာဝတ္ထုပါဠိတော်
၉၃။ သကဝါဒီ။
3,051
Uncategorized
ကထာဝတ္ထုပါဠိတော်
ရုပ်သည် ကျင်လည် (သွားလာ) ပါသလော။
3,052
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ၂၃
3,053
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ဝိညာဏ်သည် ကျင်လည် (သွားလာ) ပါသလော။
3,054
Uncategorized
ကထာဝတ္ထုပါဠိတော်
ဝိညာဏ်သည် ကျင်လည် (သွားလာ) ပါသလော။
3,055
Uncategorized
ကထာဝတ္ထုပါဠိတော်
၉၄။ သကဝါဒီ။
3,056
Uncategorized
ကထာဝတ္ထုပါဠိတော်
ရုပ်သည် မကျင်လည် (မသွားလာ) ပါသလော။
3,057
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ၂၄
3,058
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် မကျင်လည် (မသွားလာ) ပါ။
3,059
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ဝိညာဏ်သည် မကျင်လည် (မသွားလာ) ပါသလော။
3,060
Uncategorized
ကထာဝတ္ထုပါဠိတော်
ဝိညာဏ်သည် မကျင်လည် (မသွားလာ) ပါသလော။
3,061
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ဩော် မကျင်လည် (မသွားလာ) ပါ။
3,062
Uncategorized
ကထာဝတ္ထုပါဠိတော်
ဇီဝသည် (သရီရမှ) တစ်မျိုးတခြားလော၊ သရီရသည် (ဇီဝမှ) တစ်မျိုးတခြား လော။
3,063
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ [အကျဉ်းချုံးထား၏]။
3,064
Uncategorized
ကထာဝတ္ထုပါဠိတော်
ခန္ဓာတို့ ပျက်စီးကုန်သည် ရှိသော် ထိုပုဂ္ဂိုလ်သည် အကယ်၍ ပျက်စီးပါမူ ပြတ်စဲခြင်းဟူသောအကြင် (ဥစ္ဆေဒ) အယူသည် ဖြစ်၏၊ (ထိုဥစ္ဆေဒအယူကို) မြတ်စွာဘုရားသည် ရှောင်ကြဉ်တော်မူ အပ်၏။
3,065
Uncategorized
ကထာဝတ္ထုပါဠိတော်
ခန္ဓာတို့ ပျက်စီးကုန်လျက် ပုဂ္ဂိုလ်ကား အကယ်၍ မပျက်စီးပါလျှင် ပုဂ္ဂိုလ်သည် မြဲသည် ဖြစ်၍ နိဗ္ဗာန်နှင့် အလွန်တူသည် ဖြစ်၏။
3,066
Uncategorized
ကထာဝတ္ထုပါဠိတော်
ဂတိအနုယောဂ ပြီး၏။
3,067
Uncategorized
ကထာဝတ္ထုပါဠိတော်
၁။ ‘သသတ္တက္ခတ္တုပရမံ သန္ဓာဝိတွာန ပုဂ္ဂလော’ ဤသို့စသော သုတ်တို့ကို နှလုံးသွင်း၍ ဝန်ခံ၏၊ ဒုတိယအမေး၌မူ ထိုပုဂ္ဂိုလ်သည်ပင် ဤလောကမှ အခြားသော လောကသို့ ပြေးသွား၏ဟု ဝန်ခံလိုက်လျှင် သဿတဒိဋ္ဌိအဖြစ်မှ မလွတ်သောကြောင့် ပရဝါဒီပုဂ္ဂိုလ်က ပဋိက္ခေပပြု၍ ဖြေသည်။
3,068
Uncategorized
ကထာဝတ္ထုပါဠိတော်
၂။ သကဝါဒီ၏ ဒုတိယအမေးကို ဝန်ခံခဲ့သော် ဥစ္ဆေဒဒိဋ္ဌိအဖြစ်မှ မလွတ်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,069
Uncategorized
ကထာဝတ္ထုပါဠိတော်
၃။ သကဝါဒီ၏ ဒုတိယအမေးကို ဝန်ခံခဲ့သော် ဧကစ္စသဿတဒိဋ္ဌိအဖြစ်မှ မလွတ်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,070
Uncategorized
ကထာဝတ္ထုပါဠိတော်
၄။ သကဝါဒီ၏ ဒုတိယအမေးကို ဝန်ခံခဲ့သော် အမရာဝိက္ခေပဒိဋ္ဌိအဖြစ်မှ မလွတ်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,071
Uncategorized
ကထာဝတ္ထုပါဠိတော်
၅။ သကဝါဒီ၏ ဒုတိယအမေးကို ဝန်ခံခဲ့သော် ဒိဋ္ဌိလေးမျိုးဟူသော အပြစ်မှ မလွတ်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,072
Uncategorized
ကထာဝတ္ထုပါဠိတော်
၆။ ဤလောကမှ အခြားလောကသို့ ပြေးသွားသော ထိုပုဂ္ဂိုလ်သည် ဤလောက၌လည်းကောင်း၊ အခြားလောက၌လည်းကောင်း တစ်ယောက်တည်းပင် ဖြစ်လေသလောဟူသော အလိုဖြင့် သကဝါဒီက မေးရကား သဿတဒိဋ္ဌိမှ မလွတ်နိုင်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,073
Uncategorized
ကထာဝတ္ထုပါဠိတော်
၇။ သကဝါဒီက မြဲမြံသည်ကို ပြု၍ တစ်ဖန်နောက်ထပ် မေးမြန်းလတ်သော် ထိုပြေးသွားသော သူသည် ပုဂ္ဂိုလ်သာ ဖြစ်ခဲ့၏၊ အခြားတစ်ပါးသော အဖြစ်မရှိ။
3,074
Uncategorized
ကထာဝတ္ထုပါဠိတော်
‘သော တတော စုတော ဣဓူပပန္နော’ အစရှိသော သုတ်သည်လည်း ရှိခဲ့၏ဟု နှလုံးသွင်းမိသောကြောင့် ပရဝါဒီက ဝန်ခံပြန်သည်။
3,075
Uncategorized
ကထာဝတ္ထုပါဠိတော်
၈။ ထိုသူသည်ပင် ထိုနတ်ဖြစ်သလောဟု မေးမြန်းရာ၌မူ လူဖြစ်သောပုဂ္ဂိုလ်၏ နတ်အဖြစ်သည် မရှိနိုင်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေပြန်သည်။
3,076
Uncategorized
ကထာဝတ္ထုပါဠိတော်
၉။ “အဟံ တေန သမယေန သုနေတ္တောနာမ သတ္ထာ အဟောသိံ"အစရှိသော သုတ္တန်ကို နှလုံးသွင်း၍ ပရဝါဒီက ဝန်ခံ၏။
3,077
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၀။ နတ်ဘဝ လူဘဝတို့၏ မတူ ထူးခြားသည်၏အဖြစ်ကြောင့် ပရဝါဒီစကား မှားသည်ဟု သကဝါဒီက ပြဆိုခြင်း ဖြစ်သည်။
3,078
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၁။ လောက၌ တည်နေသူအား ပဋိသန္ဓေ၏ အစွမ်းဖြင့် အခြားလောကသို့ သွားခြင်း မရှိနိုင်သောကြောင့် သကဝါဒီက ဝန်ခံသည်။
3,079
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၂။ သောတာပန်ပုဂ္ဂိုလ်၏ ဘဝတစ်ပါး၌လည်း သောတာပန်အဖြစ်ကို မစွန့်သောကြောင့် ဒုတိယအမေးကိုလည်း သကဝါဒီက ဝန်ခံပြန်သည်။
3,080
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၃။ နတ်လောက၌ ပဋိသန္ဓေနေသူအား လူ၏အဖြစ် မရှိနိုင်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,081
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၄။ ထိုပုဂ္ဂိုလ်သည်ပင် ကျင်လည်ပြေးလွှား၏ဟူသော မိမိဝါဒဖြင့် ပရဝါဒီက ဝန်ခံပြန်၏။
3,082
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၅။ ဤရူပကာယနှင့်တကွ အခြားလောကသို့ မသွားသည်ကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,083
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၆။ ဤနောက်အမေး၌ အန္တရာဘဝပုဂ္ဂိုလ်ကို ရည်ရွယ်၍ ဝန်ခံပြန်သည်၊ အန္တရာဘဝပုဂ္ဂိုလ်သည် အန္တရာဘဝရုပ်နှင့်တကွ သွား၍ အမိဝမ်းတိုက်သို့ သက်ဝင်ပြီးမှ ထိုရုပ် ပျက်၏ဟု ပရဝါဒီ အယူရှိသည်။
3,084
Uncategorized
ကထာဝတ္ထုပါဠိတော်
ဤလောက၌ပင် ကိုယ်ကောင်ကို ပစ်ချထားခဲ့ရသောကြောင့်လည်းကောင်း၊ ဘုရားဟောသုတ်နှင့် တိုက်ရိုက်ဆန့်ကျင်သောကြောင့်လည်းကောင်း ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,085
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၈။ အသညသတ်ဘဝကို ရည်ရွယ်၍ ပဋိက္ခေပပြုလျက် ဖြေသည်၊ အခြားဘဝကို ရည်ရွယ်၍ ဝန်ခံပြန်သည်။
3,086
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၉။ အန္တရာဘဝကို ရည်ရွယ်၍ ပဋိက္ခေပပြုလျက် ဖြေသည်။
3,087
Uncategorized
ကထာဝတ္ထုပါဠိတော်
၂၀။ အရူပဘုံမှ စုတေ၍ အရူပဘုံ၌ ဖြစ်သူကို ရည်ရွယ်လျက် ပရဝါဒီက ဝန်ခံသည်။
3,088
Uncategorized
ကထာဝတ္ထုပါဠိတော်
၂၁။ သညီဘဝကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,089
Uncategorized
ကထာဝတ္ထုပါဠိတော်
၂၂။ အသညီဘဝကို ရည်ရွယ်၍ ပရဝါဒီက ဝန်ခံသည်။
3,090
Uncategorized
ကထာဝတ္ထုပါဠိတော်
၂၃။ “အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝတံ သံသရတံ"- ဟူ၍ သတ္တဝါတို့၏သာ ကျင်လည်ခြင်းကို ဟောတော်မူသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်၊ တစ်ဖန် နောက်ထပ်မေးမြန်းလတ်သော် ရုပ်နှင့်ကင်း၍ ပုဂ္ဂိုလ် မရှိနိုင်သောကြောင့် ပုဂ္ဂိုလ်ကျင်လည်သည်ရှိသော် ရုပ်သည်လည်း ကျင်လည်တော့သည်သာဟု နှလုံးပြု၍ ပရဝါဒီက ဝန်ခံပြန်၏၊ ဝေဒနာ စသည်တို့၌လည်း ဤနည်းအတိုင်းပင်တည်း။
3,091
Uncategorized
ကထာဝတ္ထုပါဠိတော်
၂၄။ ပုဂ္ဂိုလ်ကျင်လည်သည်ရှိသော် ပုဂ္ဂိုလ်၏ စွဲမှီရာရုပ် မကျင်လည်ဟု ဆိုရန် မတတ်ကောင်းဟူသော အမှတ်ဖြင့် ပရဝါဒီက ပယ်ခဲ့၏၊ တစ်ဖန်နောက်ထပ် မေးမြန်းပြန်သော် သတ္တဝါတို့၏ ကျင်လည်ခြင်းကိုလည်း ဟောတော်မူသောကြောင့် ပရဝါဒီက ဝန်ခံပြန်သည်။
3,092
Uncategorized
ကထာဝတ္ထုပါဠိတော်
-- ၁၂-ဥပါဒါပညတ္တာနုယောဂ
3,093
Uncategorized
ကထာဝတ္ထုပါဠိတော်
၉၅။ သကဝါဒီ။
3,094
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရုပ်ကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ပါသလော။
3,095
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် ပညတ်ပါ၏။
3,096
Uncategorized
ကထာဝတ္ထုပါဠိတော်
ရုပ်သည် မမြဲသော ‘အနိစ္စ’၊ ပြုပြင်အပ်သော ‘သင်္ခတ’၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ့်သော ‘ပဋိစ္စသမုပ္ပန္န’၊ ကုန်ခန်းခြင်းသဘော ‘ခယဓမ္မ’၊ ပျက်စီးခြင်းသဘော ‘ဝယဓမ္မ’၊ ကင်းပြတ်ခြင်းသဘော ‘ဝိရာဂဓမ္မ’၊ ချုပ်ငြိမ်းခြင်းသဘော ‘နိရောဓဓမ္မ’၊ ဖောက်ပြန်ခြင်းသဘော ‘ဝိပရိဏာမဓမ္မ'ဖြစ်ပါသလော။
3,097
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် ဖြစ်ပါ၏၁။
3,098
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်သည်လည်း မမြဲသော ‘အနိစ္စ’၊ ပြုပြင်အပ်သော ‘သင်္ခတ’၊ အကြောင်းကို စွဲ၍ဖြစ်ပေါ်သော ‘ပဋိစ္စသမုပ္ပန္န’၊ ကုန်ခန်းခြင်းသဘော ‘ခယဓမ္မ’၊ ပျက်စီးခြင်းသဘော ‘ဝယဓမ္မ’၊ ကင်းပြတ်ခြင်းသဘော ‘ဝိရာဂဓမ္မ’၊ ချုပ်ငြိမ်းခြင်းသဘော ‘နိရောဓဓမ္မ’၊ ဖောက်ပြန်ခြင်းသဘော ‘ဝိပရိဏာမဓမ္မ'ဖြစ်ပါသလော။
3,099
Uncategorized
ကထာဝတ္ထုပါဠိတော်
၉၆။ သကဝါဒီ။
3,100
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ဝေဒနာကို စွဲ၍။