id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
29,201
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆရာတော်အရှင်ဇနကာဘိဝံသ၏ သာသနာတော် အဆုံးအမများ
ဤခံယူချက် ယုံကြည်မှုအတိုင်း အစဉ်တစိုက် ပြုလုပ်ကျင့်ဆောင်ခဲ့ပုံကို ဆရာတော်ကြီး၏ ကိုယ်တော်တိုင်ရေး ထေရုပ္ပတ္တိတွင် ၅-ကြိမ်တိုင်တိုင် ဥဒါန်း ကျူးရင့်ခဲ့ပုံဖြင့် ဤစာတန်းကို နိဂုံးချုပ်လိုက်ပါသည်။
29,202
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆရာတော်အရှင်ဇနကာဘိဝံသ၏ သာသနာတော် အဆုံးအမများ
ဗုဒ္ဓမြတ်စွာလောင်းလျာတုန်းက နောက်ဆုံးအထိ ပါရမီ၊ လူ နတ် များစွာ ချမ်းသာရေးမို့ အသက်ပေးလို့ ဖြည့်ခဲ့သည်၊ ဗုဒ္ဓမြတ်စွာ သာသနာအတွက်တော့ ငါပါအသက်ဆုံးစေမည်၊ စိတ်မပျက်ပေါင် ခုလို တွေးလို့ ကုသိုလ်ရေးမို့ ကြိုးစားသည်။
29,203
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆရာတော်အရှင်ဇနကာဘိဝံသ၏ သာသနာတော် အဆုံးအမများ
(တဘဝသံသရာ စာမျက်နှာ-၁၀၊ ၃၇၂၊ ၄၆၇၊ ၄၆၅၊ ၅၀၀)
29,204
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆရာတော်အရှင်ဇနကာဘိဝံသ၏ သာသနာတော် အဆုံးအမများ
စဉ်ဆက်သာသနာ တည်စေသောဝ်
29,205
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆရာတော်အရှင်ဇနကာဘိဝံသ၏ သာသနာတော် အဆုံးအမများ
အကယ်၍သာ မြတ်ဗုဒ္ဓသည် လူ့ရွာထင်ရှား မပွင့်ငြားက ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘဝ မသိရ များလှအပြစ်တွေ။
29,206
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆရာတော်အရှင်ဇနကာဘိဝံသ၏ သာသနာတော် အဆုံးအမများ
ယခုသော်ကား ဘုရားရှင်တော် ပွင့်ထွန်း၍ ဟောဖေါ်ညွှန်ကြား မြတ်တရားကြောင့် ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘဝ သိကြရ များလှကျေးဇူးပေ။
29,207
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆရာတော်အရှင်ဇနကာဘိဝံသ၏ သာသနာတော် အဆုံးအမများ
ဂန္ဓာရုံရှင်တို့သခင်သည် ထွဋ်တင်ဗုဒ္ဓ ဟောညွှန်ပြသည့် ဓမ္မဒေသနာ အဖြာဖြာကို များစွာဗိုလ်လူ သိစိမ့်ဟူ၍ ဆူဆူကျမ်းစာ ကိုယ့်ဘာသာဖြင့် ဖွင့်ရာပြရာ များဋီကာဟု စာဝါမျိုးမျိုး ကမ္မည်းထိုးခဲ့၊ နောင်ကျိုးကိုမျှော် ဆရာတော်၏ ဉာဏ်တော်စေစား နှလုံးသားမှ ကိုးစားလောက်ဘွယ် ကျမ်းသွယ်သွယ်ကို မကွယ်မပျောက် စဉ်ထွန်းတောက်ဖို့ များမြောက် ကျေးဇူး ...
29,208
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆရာတော်အရှင်ဇနကာဘိဝံသ၏ သာသနာတော် အဆုံးအမများ
ဣဒံ နော ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု။
29,209
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း
တတိယအခန်း [ဤအခန်း၌ ကောင်းသော စေတသိက်များကို ပြသည်။
29,210
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း
] စိတ်ကို ကောင်းအောင် ခြယ်လှယ်သော စေတသိက်များ
29,211
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း
၁။ သဒ္ဓါ၂။
29,212
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း
သတိ၃။ ဟိရီ၄။
29,213
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း
ဩတ္တပ္ပ၅။ အလောဘ၆။
29,214
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း
အဒေါသ၇။ အမောဟဂ။
29,215
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း
မေတ္တာ၉။ ကရုဏာ၁၀။
29,216
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း
မုဒိတာ၁၁။ ဥပေက္ခာ၁၂။
29,217
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း
သမ္မာဝါစာ၁၃။
29,218
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း
သမ္မာကမ္မန္တ၁၄။
29,219
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း
သမ္မာအာဇီဝ
29,220
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း
[ဆောင်] ကောင်းသည့်အာရုံ၊ အဖုံဖုံဝယ်၊ ယုံကြည်တတ်လေ့၊ သဒ္ဓါငွေ့တည်း၊ အောက်မေ့သတိ၊ ဒုစရိကို၊ ဟိရီရှက်စွ၊ လန့်-ဩတ္တနှင့်၊ အလောဘလျှင်၊ မလိုချင်တည်း၊ ထို့ပြင် တဝ၊ အဒေါသတွက်၊ မခက်ထန်၊ ပညာဉာဏ်မူ၊ အမောဟ-ဟူ၏။
29,221
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း
မှတ်ယူချစ်ငြား၊ မေတ္တာပွား၍၊ သနား-ကရုဏာ၊ ဝမ်းသာ-မုဒိ၊ ရှုသည့်လျစ်လျူ၊ ပေက္ခာပြုလော၊ သုံးခုသမ္မာ၊ ဝါစာ-ကမ္မ၊ အာဇီဝကား၊ ကာယ ဝစီ၊ မသတီပေါင်း၊ ရှောင်ကြဉ်ကြောင်းသည်၊ စိတ်ကောင်း ဖြစ်ရန်၊ စေတသိက်တည်း။
29,222
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ ပို့နည်း
ကရုဏာ ပို့နည်း
29,223
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ ပို့နည်း
ကရုဏာ၏ သဘောကား ဆင်းရဲနေသူကို မြင်ရ ကြားရသောအခါ ထိုဒုက္ခမှ လွတ်စေလိုခြင်း၊ ကယ်ဆယ်လိုခြင်း သဘော ဖြစ်၏။
29,224
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ ပို့နည်း
ထို့ကြောင့် ကရုဏာပိုရာ၌ ပါဠိလို “ဒုက္ခာ မုစ္စန္တ”၊ မြန်မာလို “ယခုရောက်ရှိနေသော ဒုက္ခမှ လွတ်မြောက်ကြပါစေ”ဟု ပို့ရသည်။
29,225
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ ပို့နည်း
ဆင်းရဲဒုက္ခမှ လွတ်မြောက်၍ ချမ်းသာသို့ ရောက်စေလိုခြင်းသာ ကရုဏာအစစ် ဖြစ်၏။
29,226
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ ပို့နည်း
“ဆင်းရဲအချိန် တိုပါစေတော့” ဟူသော သဘောဖြင့် “မြန်မြန် သေပါစေ”ဟု တချို့ ဆုတောင်းခြင်း ကရုဏာပို့ရာ မရောက်သည့်ပြင် ဗျာပါဒ ဒုစရိုက်ပင် ဖြစ်သေးသည်။
29,227
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ ပို့နည်း
ဤ ကရုဏာလည်း ဆင်းရဲသူကို စိတ်မှန်း၍ ပို့မှသာ ကရုဏာ အစစ် ဖြစ်သည်။
29,228
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ ပို့နည်း
နှုတ်မှရနေ၍ “ဒုက္ခာ မုစ္စန္တု”ဟု ဆိုရုံမျှဖြင့် ကရုဏာ မဖြစ် နိုင်ပါ။
29,229
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ အကြောင်း
ကရုဏာ အကြောင်း
29,230
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ အကြောင်း
ဆင်းရဲသော “ဒုက္ခိတ သတ္တဝါ”များကို မြင်ရ ကြားရသောအခါ ဖြစ်ပေါ်လာသော သနားကြင်နာမှုကို “ကရုဏာ”ဟု ခေါ်သည်။
29,231
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ အကြောင်း
ထို့ကြောင့် “သနား-ကရုဏာ”ဟု ဆိုခဲ့သည်။
29,232
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ အကြောင်း
ထိုသို့ ကရုဏာအစစ် ဖြစ်သောအခါ ထိုဒုက္ခိတ သတ္တဝါကို ကယ်ဆယ်လို၏။
29,233
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ အကြောင်း
သူ၏ ဆင်းရဲမှုကို သက်သာနိုင်သမျှ သက်သာအောင်စောင့်ရှောက်လို၏။
29,234
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ အကြောင်း
ကူညီထောက်ပံ့လို၏။
29,235
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ အကြောင်း
ထိုသို့ မကူညီနိုင်လျှင် များစွာ စိတ်ထိခိုက်၏။
29,236
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ အကြောင်း
ရင်ထဲမှာ ပူလောင်သလို ဖြစ်၏။
29,237
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ အကြောင်း
ဤသို့ စိတ်ကို ထိခိုက်ခြင်းကား ကရုဏာအစစ် မဟုတ်ပါ။
29,238
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ အကြောင်း
ကရုဏာ အရင်းခံ၍ သူတော်ကောင်း သန္တာန်မှာ ဖြစ်တတ်သော ဒေါမနဿ အကုသိုလ်ကလေးမျှသာ ဖြစ်သည်။
29,239
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ အကြောင်း
ဤ အကုသိုလ်ကလေးကား ယုတ်မာ ဆိုးရွားလှသည် မဟုတ်ပါ။
29,240
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ အကြောင်း
ဒုက္ခိတ သတ္တဝါကို မြင်လျှင် သူတော်စင်တို့ သန္တာန်၌ ဖြစ်လေ့ရှိသော သဘောထုံးစံ ပင်တည်း။
29,241
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ အကြောင်း
ကရုဏာအတု
29,242
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ အကြောင်း
တခါတရံ မိမိနှင့် သက်ဆိုင်သူများ ဆင်းရဲသည်ကို မြင်ရကြားရ၍ ကရုဏာအစစ်သဖွယ် ကယ်ဆယ်ချင်သော သဘောများ ဖြစ်၏။
29,243
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ အကြောင်း
ထိုအခါ ကရုဏာ အစစ် လိုလိုနှင့် သောက ဖြစ်တတ်လေသည်။
29,244
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ အကြောင်း
ကရုဏာ အစစ်သည် သနားကြင်နာသော်လည်း စိတ်ကို မပူပန်စေတတ်။
29,245
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ အကြောင်း
ကရုဏာ အတုကား ပူပူပန်ပန်ရှိလေသည်။
29,246
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ အကြောင်း
ပုဂ္ဂိုလ်ထူးများနှင့် စိတ်ထား
29,247
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ အကြောင်း
သူတော်ကောင်း အခေါ်ခံသူ ယခု လူတို့တွင် တကယ် သနားစရာ ဒုက္ခိတ သတ္တဝါကို မြင်မှသာ ကရုဏာ ဖြစ်နိုင်ကြ၍၊ တကယ် ချစ်စရာ ဆွေမျိုး ဉာတိ စသူတို့ အပေါ်၌သာ မေတ္တာ ဖြစ်နိုင်ကြ၏။
29,248
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ အကြောင်း
အထက်တန်း ပါရမီကို ဖြည့်တော်မူကြသော အလောင်း အလျာနှင့် ပါရမီရင့်ပြီး သူတော်ကောင်းကြီးတို့ကား (မိမိ၏ သားသမီး ကလေးများ ဆင်းရဲနေသောအခါ မိဘတို့၌ ပြင်းပြစွာ ကရုဏာ ဖြစ်သကဲ့သို့) သတ္တဝါ ဟူသမျှတို့ အပေါ်တွင် မတော်တဆ ကျရောက်ရမည့် အပါယ်ဘေး၊ ဝဋ်ဆင်းရဲဘေးတို့ကို မျှော်တွေးတော်မူကာ ကရုဏာ သက်တော်မူကြသည်။
29,249
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ အကြောင်း
(ချစ်စရာမကောင်းသော သားကလေးကိုပင် မိခင်၏မေတ္တာက အလျှော့မပေးပဲ လေးလေးပင်ပင် ချစ်ခင်သကဲ့သို့) သတ္တဝါ အားလုံးကိုလည်း သိမ်း၍ ချစ်ခင်သော မေတ္တာစွမ်းဖြင့် လွန်စွာ ချစ်ကြည်တော်မူကြပေသည်။
29,250
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ အကြောင်း
ထိုကဲ့သို့ ဖြူစင် မြင့်မြတ်သော မေတ္တာ ကရုဏာ ဓာတ်ခံသည် ပါရမီတော် ဖြည့်စဉ်ကပင် ကိုယ်တော်သန္တာန်၌ အနှစ် တည်ကာ အမြူတေအလား ကြီးမား ခိုင်ခံ့စွာ ပါလာခြင်းကြောင့် ဘုရား ဖြစ်တော် မူခါနီး၌ အကြီးအကျယ်နှောင့်ယှက် လာသော မာရ်နတ် အပေါ်ဝယ် မပြယ်သော မေတ္တာဖြင့် ရှုစားတော်မူနိုင်သည့်ပြင် အသက်ကို ရန်ရှာနေသော ရှင်ဒေဝဒတ် အပေါ်မှာပင် ကရုဏာ ...
29,251
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ အကြောင်း
ထို့ကြောင့် ယခုအခါ သူတော်စင် ဖြစ်လိုသူတိုင်း အလောင်းတော်၏ စိတ်ထားပုံကို အတုယူကာ “သူတော်မှ ငါကောင်းမည်”ဟု သဘောမထားကြပဲ “သူတော်တော်၊ မတော်တော် ငါတော်မည်”ဟု အဓိဋ္ဌာန်ပြုလျက် မည်သူ့အပေါ် ဖြစ်ဖြစ် မေတ္တာစစ်၊ ကရုဏာစစ် ဖြစ်အောင် သတိထားနိုင်ကြပါစေသတည်း။
29,252
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဗြဟ္မစိုရ်တရား ၄-ပါး
ဗြဟ္မစိုရ်တရား ၄-ပါး
29,253
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဗြဟ္မစိုရ်တရား ၄-ပါး
ဤ ပြခဲ့သော မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ၄-ပါးကို ပါဠိလို “ဗြဟ္မဝိဟာရ”၊ မြန်မာလို “ဗြဟ္မစိုရ်” တရား ၄-ပါးဟု ခေါ်သည်။
29,254
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဗြဟ္မစိုရ်တရား ၄-ပါး
[ဗြဟ္မ= မြတ်သော+ဝိဟာရ = နေခြင်း။
29,255
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဗြဟ္မစိုရ်တရား ၄-ပါး
“သတ္တဝါတို့အပေါ်၌ မေတ္တာပွား၍ ဖြစ်စေ၊ ကရုဏာ မုဒိတာ ဥပေက္ခာတို့တွင် တပါးပါးပွား၍ဖြစ်စေ နေခြင်းသည် မြင့်မြတ်သောနေခြင်း ဖြစ်သည်”ဟု ဆိုလိုသည်။
29,256
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဗြဟ္မစိုရ်တရား ၄-ပါး
ထိုကဲ့သို့ ပွားများ၍ နေထိုင်ခြင်းသည် ဒေါသစိတ် အဘိဇ္ဈာ ဣဿာစိတ်တို့ဖြင့် နေခြင်းကဲ့သို့ ခြောက်ခြောက် သွေ့သွေ့ မဟုတ်ပဲ စိုစိုပြည်ပြည် ရှိနေသောကြောင့် “ဗြဟ္မစို”ဟု ခေါ်ဟန် တူသည်။
29,257
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဗြဟ္မစိုရ်တရား ၄-ပါး
အချို့က “ဗြဟ္မစရိယ” ဟူသော ပါဠိကို “ဗြဟ္မစိုရ်”ဟု မြန်မာပြန်ထားကြောင်း ပြောကြ၏။
29,258
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဗြဟ္မစိုရ်တရား ၄-ပါး
] မေတ္တာပွား
29,259
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဗြဟ္မစိုရ်တရား ၄-ပါး
မေတ္တာစိတ်ကို မိမိသန္တာန်၌ အထပ်ထပ် ဖြစ်စေနိုင်လျှင် မိမိမှာ မေတ္တာစိတ်တွေ တိုးပွားများပြားနေ၏။
29,260
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဗြဟ္မစိုရ်တရား ၄-ပါး
ဤသို့ မေတ္တာစိတ်တွေ တိုးစေ၊ ပွားစေ၊ များလာခြင်းကို “မေတ္တာပွားသည်”ဟု ခေါ်၏။
29,261
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဗြဟ္မစိုရ်တရား ၄-ပါး
“ပွားစေ”၌ စေကို ဖြတ်၍ “မေတ္တာပွား”ဟု ခေါ်ကြသည်” ဟူလို။
29,262
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဗြဟ္မစိုရ်တရား ၄-ပါး
မေတ္တာပို့
29,263
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဗြဟ္မစိုရ်တရား ၄-ပါး
တစုံတယောက်ကို ရည်မှန်း၍ “ချမ်းသာပါစေ”ဟု အာရုံပြုနေသောအခါ မိမိ၏ မေတ္တာသည် ထိုသူနှင့် ဆက်သွယ်လျက် ရှိ၏။
29,264
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဗြဟ္မစိုရ်တရား ၄-ပါး
ထိုအခါ မိမိ၏ မေတ္တာကို ထိုသူ့ အထံသို့ ရောက်အောင် နေသကဲ့သို့ ဖြစ်သောကြောင့် မေတ္တာပွားစေခြင်းကိုပင် “မေတ္တာပို့သည်”ဟု ယခုကာလ သုံးစွဲကြသည်။
29,265
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မုဒိတာ ပို့နည်း
မုဒိတာ ပို့နည်း
29,266
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မုဒိတာ ပို့နည်း
“မုဒိတာ”ဟူသည် ချမ်းသာနေသူကို မြင်ရ ကြားရသောအခါ ဝမ်းမြောက် ဝမ်းသာ ဖြစ်ခြင်း၊ ထိုရရှိနေသော စည်းစိမ်ချမ်းသာမှ လက်မလွတ်စေလိုခြင်းတည်း။
29,267
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မုဒိတာ ပို့နည်း
ထို့ကြောင့် မုဒိတာ ပိုရာ၌ ပါဠိလို “ယထာလဒ္ဓသမ္ပတ္တိတော မာဝိ ဂစ္ဆန္တု”၊ မြန်မာလို “ရရှိနေသော စည်းစိမ်မှ လက်မလွတ်ပါစေသတည်း”ဟု ပို့ရသည်၊ ဤ မုဒိတာလည်း ချမ်းသာသူကို မြင်ရ ကြားရ၍ ဝမ်းမြောက်ပို့မှ မုဒိတာအစစ် ဖြစ်သည်။
29,268
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မုဒိတာ ပို့နည်း
နှုတ်လွတ်ရ၍ “ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု ဆိုရုံဖြင့် မုဒိတာ မဖြစ်ပါ။
29,269
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မုဒိတာ အကြောင်း
မုဒိတာ အကြောင်း
29,270
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မုဒိတာ အကြောင်း
ပြည့်စုံကြွယ်ဝ ချမ်းသာကြသူများကို မြင်ရ ကြားရသောအခါ ဝမ်းမြောက်ခြင်း သဘောတရားသည် မုဒိတာတည်း။
29,271
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မုဒိတာ အကြောင်း
ထို့ကြောင့် “ဝမ်းသာ-မုဒိ”ဟု ဆိုခဲ့ပေသည်။
29,272
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မုဒိတာ အကြောင်း
ချဲ့ဦးအံ့-ဥစ္စာစည်းစိမ် ဂုဏ်သိန်ဘက်က ဖြစ်စေ၊ အမျိုးအဆွေ၊ အဆင်း၊ ကျန်းမာခြင်း၊ ပညာတတ်ခြင်း စသည်တို့တွင် တမျိုးမျိုးဘက်က ဖြစ်စေ သမ္ပတ္တိဆိုက်နေသူကို မြင်ရ ကြားရသောအခါ အဘိဇ္ဈာ ဣဿာ အားကြီးသူတို့၌ မတရားလိုချင်မှု၊ မနာလိုမှု၊ မစားရတဲ့အမဲ သဲနှင့်ပက်လိုမှု စသော အယုတ်တမာ တရားတွေ ဖြစ်တတ်သော်လည်း စိတ်ထားဖြူလွင် သူတော်စင်တို့၌ကား ...
29,273
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မုဒိတာ အကြောင်း
မုဒိတာအတု
29,274
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မုဒိတာ အကြောင်း
တရံတခါ၌ကား မိမိနှင့် စပ်သူ သမ္ပတ္တိ ဆိုက်နေသည်ကို မြင်ရ၍ ဝမ်းသာအားရ ဖြစ်တတ်ကြသည်။
29,275
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မုဒိတာ အကြောင်း
ထိုအဖြစ်ကား မုဒိတာနှင့် ဆင်တူရိုးမှား တဏှာလောဘ မကင်းသော နှစ်သက်ခြင်း ပီတိသောမနဿ များတည်း။
29,276
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မုဒိတာ အကြောင်း
နှစ်သက်ရုံတွင်မက အလွန်အမင်း အားရလှ၍ မျက်ရည်ပင် ကျလာတတ်ပါသေးသည်။
29,277
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မုဒိတာ အကြောင်း
ဤကဲ့သို့ ဖြစ်ခြင်းကို “မုဒိတာအတု”ဟု မှတ်ပါ။
29,278
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မုဒိတာ အကြောင်း
သို့သော် ထိုသို့ ဖြစ်တိုင်းလည်း မုဒိတာအစစ် မဟုတ်ဟု မဆိုလို။
29,279
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မုဒိတာ အကြောင်း
အခါများစွာပင် မုဒိတာအစစ်လည်း ဖြစ်ပေလိမ့်မည်။
29,280
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
မေတ္တာ အကြောင်း
29,281
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
“မေတ္တာ” ဟူသော နာမည်ဖြင့် စေတသိက် သီးခြား မရှိချေ။
29,282
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
ရှေ့၌ ပြခဲ့သော အဒေါသစေတသိက်ကိုပင် သတ္တဝါများ၏ စီးပွား ချမ်းသာ လိုလား ချစ်ခင်ရာ၌ “မေတ္တာ”ဟု ခေါ်ဝေါ်ရပေသည်။
29,283
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
ထို့ကြောင့် “မှတ်ယူ ချစ်ငြား၊ မေတ္တာ ပွား၍”ဟု ဆိုခဲ့သည်။
29,284
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
သို့ဖြစ်၍ တယောက်ယောက် အပေါ်ဝယ် သူ၏ အကျိုး စီးပွားကို လိုလားသော (ကြီးပွားအောင် စောင့်ရှောက် ကူညီလိုသော) ချစ်ခင်မှုကို မေတ္တာဟု မှတ်ပါ။
29,285
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
မေတ္တာအတု
29,286
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
ဆွေချစ် မျိုးချစ် သမီး ခင်ပွန်းချစ် စသော အချစ်များလည်း တယောက်အကျိုး တယောက်က လိုလားကြ၊ ကူညီ စောင့်ရှောက်လို ထောက်ပံ့လိုကြ၏။
29,287
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
ထိုကဲ့သို့ ချစ်နေသူ့အပေါ်၌ “မေတ္တာရှိသည် ဟုလည်း ပြောဆိုကြသည်။
29,288
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
သို့သော် ထိုအချစ်မျိုးမှာ မေတ္တာအစစ် မဟုတ်၊ လောဘခန်း၌ ပြခဲ့သော “ဂေဟဿိတပေမ=အိမ်၌မှီသောအချစ်”တည်း။
29,289
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
ရှေးတုန်းက ဒါယကာ တယောက်သည် “မေတ္တာ ပွားများသောအခါ မည်သူကစ၍ ပွားများရပါသနည်း”ဟု သူ၏ ဆရာ့အထံ လျှောက်လေရာ၊ ဆရာက “မေတ္တာအရှိဆုံးသူကစ၍ ပွားများရမည်”ဟု မိန့်သဖြင့် ညဉ့်အခါ အိပ်ခန်း အပြင်ဘက်၌ ထိုင်၍ သူ၏ဇနီးကို ရည်မှန်းလျက် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းလေလျှင်၊ ဇနီးအပေါ်၌ ချစ်ခင်မှု တိုးလာရကား ချက်ချင်း ထ၍ ဇနီးအထံ သွားလေသည်။
29,290
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
သို့သော် အတွင်းက မင်းတုပ်ထိုးထားသဖြင့် ဝင်ခွင့် မရသောကြောင့် နံရံကို ဦးခေါင်းဖြင့်ဝှေ့ကာ မေတ္တာ၏ အကျိုးကို ခံစား နေရရှာသတဲ့။
29,291
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
ထို့ကြောင့် ထိုအချစ်မျိုးကို “ဂေဟဿိတပေမ”ဟု မှတ်ရမည်။
29,292
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
နွားမကြီး၏ မေတ္တာ
29,293
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
ထိုတဏှာပေမမျိုးဖြင့် ချစ်ခင်နေသူ၏ အပေါ်မှာ “မည်သည့်အခါ၌ မေတ္တာအစစ် ကုသိုလ်စိတ် မဖြစ်နိုင်”ဟု မဆိုထိုက် ပါ။
29,294
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
မကြာမကြာ မေတ္တာအစစ် ကုသိုလ်ဖြစ်သော အခါလည်း ရှိနိုင်ပါသည်။
29,295
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
ရှေးသောအခါ မိခင်နွားမကြီးသည် မေတ္တာအစစ်ဖြင့် သားငယ် နွားကလေးကို နို့ချိုတိုက်ကျွေးနေစဉ် မုဆိုးက လှံဖြင့် ထိုးသတ်လေရာ မေတ္တာ တန်ခိုးကြောင့် လှံမစူးပဲ ထန်းရွက်ကဲ့သို့ ပျော့ကျသွားလေသတဲ့။
29,296
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
ဤသို့လျှင် ဆွေမျိုးဉာတိ သားအမိ ဇနီးမောင်နှံတို့၏ အတွင်းမှာလည်း အချင်းချင်း မေတ္တာအစစ်များ ဖြစ်နိုင်ကြပေသည်။
29,297
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
သာမာဝတီ၏ မေတ္တာ
29,298
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
ကောသမ္မီပြည် ဥတေနမင်းဝယ် သာမာဝတီ၊ မာဂဏ္ဍီ၊ ဝါသုလဒတ္တဒေဝီဟု မိဖုရား ၃-ယောက် ရှိသည်။
29,299
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
သာမာဝတီသည် ရတနာ ၃-ပါးကို ကြည်ညို၏၊ မာဂဏ္ဍီကား မိဖုရား မဖြစ်ခင် အပျိုစင်ဘဝကပင် ဘုရားရှင်အပေါ်မှာ ရန်ငြိုးထားခဲ့သော ပုဏ္ဏေးမ ကလေးတည်း။
29,300
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
ထို့ကြောင့် မာဂဏ္ဍီသည် သာမာဝတီအပေါ် အမြဲ အပြစ် ရှာ၏။