id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
29,001 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | ထိုမရှိဆင်းရဲ စားရမဲ့ သောက်ရမဲ့ ဒုက္ခသည်တို့ကို ကယ်တင်နေရခြင်းကိုပင် “ဓနရှင် သူတော်ကောင်းတို့၏ မွန်မြတ်သော တာဝန်”ဟု အယူရှိ၍ ထိုဒုက္ခသည်တို့ကို ကယ်ဆယ်လိုသော ဆန္ဒ၏ ပြင်းပြတော်မူခြင်းသာ ဖြစ်ပါသည်။ |
29,002 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | တမြို့လုံး ပွက်ပွက်ဆူအောင် ပစ္စယဆင်ဖြူတော်ကို လှူသောအခါမှာလည်း ဂုဏ်ပကာသနနှင့် ဘဝစည်းစိမ်ကို တွေးတော်မမူပဲ “ဤကောင်းမှုကြောင့် သဗ္ဗညုတဉာဏ်တော်ကို ရလိုပါ၏”ဟု ဆုတောင်းတော်မူသည်။ |
29,003 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | ဤနေရာဝယ် သဗ္ဗညုတဉာဏ် ရခြင်းကို ကိုယ်တော်၏ အကျိုးဟု မှတ်ထင်ကြပေလိမ့်မည်။ |
29,004 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | ထိုထင်သလို မဟုတ်ပါ။ |
29,005 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | သဗ္ဗညုတဉာဏ် ရခြင်းကြောင့် ကိုယ်တော်မှာ သာ၍ ပင်ပန်းစရာ ရှိပါသည်။ |
29,006 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | ထိုအသိဉာဏ် ရသည့်အတွက် မနေမနား ဟောပြ ဆုံးမတော်မူရခြင်း၊ ဒေသစာရီ ကြွချီတော်မူရခြင်းတို့ဖြင့် အားလပ်ခွင့်ရတော်မမူပုံကို မှန်းဆ၍ ကြည့်ကြပါကုန်။ |
29,007 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | ထို့ကြောင့် သဗ္ဗညုတဉာဏ်ကို တောင့်တော်မူခြင်းသည် ကိုယ်တော်အတွက်မဟုတ်၊ အများချမ်းသာအတွက်သာ ဖြစ်ပါသည်။ |
29,008 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | နောက်ဆုံး၌ ချစ်လှစွာသော သားတော် သမီးတော် ၂-ပါးနှင့် မဒ္ဒီမိဖုရားကို လှူရက်ပုံမှာ “ကိုယ်တွက်ကိုယ့်တာ မပာုတ်၊ သတ္တဝါတို့အကျိုးသာဖြစ်ကြောင်း” ကောင်းကောင်းကြီး ထင်ရှား နေပါသည်။ |
29,009 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | ချဲ့ဦးအံ့-လူ့စည်းစိမ် ဖြစ်စေ၊ နတ်စည်းစိမ် ဖြစ်စေ လိမ္မာလှပ မိမိအလိုကျ နေထိုင်ဖော်ရသော ဇနီးနှင့် အဖိုးတန် သားသမီးများသာ အချုပ်အခြာ ဖြစ်၏။ |
29,010 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | ထိုအရာများ မရှိလျှင် စကြာမင်းပင် ဖြစ်သော်လည်း မပျော်မွေ့နိုင်ပါ။ |
29,011 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | ဝေဿန္တရာမင်း ဘဝ၌ကား မဒ္ဒီမိဖုရားနှင့် သားတော် သမီးတော် ၂-ပါးသည် တကမ္ဘာလုံး၏ မျက်နှာဖုံးဟု ဆိုရလောက်အောင် အထက်တန်း ရောက်ကြ၏။ |
29,012 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | ထို့ကြောင့် လောက စည်းစိမ်ဝယ် အမြိန်ဆုံး သားတော် သမီးတော်နှင့် မိဖုရား ရတနာကို လှူရက်တော်မူသည်မှာ မည်သည့်နည်းနှင့်မှ ဂုဏ် ပကာသနနှင့် ဘဝစည်းစိမ်အတွက် မဟုတ်နိုင်ပါ။ |
29,013 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | သဗ္ဗညုတဉာဏ်တော်ကို ရ၍ ဒုက္ခိတ သတ္တဝါတွေကို ချမ်းသာစေရန် အကျိုးသာ ဖြစ်ပါသည်။ |
29,014 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | ဤသို့သော ဆန္ဒတော်ဖြင့် အလောင်းဘုရားသည် ကမ္ဘာပေါင်းများဝယ် အသက်ကိုစွန့်၍ သီလစောင့်ခြင်း၊ အသက်ကိုစွန့်၍ သည်းခံခြင်း၊ မိမိအသက် စွန့်၍ သူတပါးအသက်ကိုကယ်ဆယ်ခြင်း၊ မဟောသဓာဘဝကဲ့သို့ သူ့အသက်ကို ကယ်ဆယ်ခြင်းအားဖြင့် ပါရမီဖြည့်တော်မူလာခဲ့သောကြောင့် ဘုရားရှင်ကို အကြောင်းရင်း ပါရမီတော်အားဖြင့် ကြည်ညိုသောအခါ လွန်စွာကောင်းသော အကြောင်း... |
29,015 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | ဤကား ဘုရားရှင်၏ အကြောင်းကောင်းပုံ ပေတည်း။ |
29,016 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | အကျိုးကောင်းပုံ |
29,017 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | ပြခဲ့သော ပါရမီကောင်းမှု အကြောင်းစုကြကြောင့် ဘုရားဖြစ်မည့် ဘဝ၌ ရရှိသော အကျိုးများ၏ အထက်တန်းကျခြင်းကို “အကျိုးကောင်းခြင်း”ဟု ဆိုလိုပါသည်။ |
29,018 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | ထိုအကျိုးများကား ရုပ်အဆင်းတော်၏ သပ္ပါယ်ခြင်း၊ ဉာဏ်တော်ကြီးမားခြင်း၊ တန်ခိုးအာနုဘော် ကြီးမားခြင်း များတည်း။ |
29,019 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | ထိုအကျိုးများကို မိမိတို့ ကြားဘူးသည့်အတိုင်း ချဲ့ထွင်၍ အာရုံပြုကြပါ။ |
29,020 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | သတ္တဝါတို့ အကျိုးများပုံ |
29,021 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | ထို ပြခဲ့သော အကြောင်းကြောင့် တင့်တယ် ကြီးမား ခမ်းနားသော အကျိုးကို ရရှိတော်မူပြီးသောအခါ အေးအေးသက်သာ သီတင်းသုံးတော်မမူပါပဲ သတ္တဝါတို့၏ အကျိုးစီးပွားများပြားဖို့ရာ တရားဟောတော်မူလျက် ၄၅-ဝါ အချိန်အခါကို ကုန်လွန်စေတော်မူပါသည်။ |
29,022 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | ထို့နောက် ပရိနိဗ္ဗာန် စံတော်မူခါနီးဆဲဆဲမှာပင်- |
29,023 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | “ဟန္ဒ ဒါနိ ဘိက္ခဝေ၊ အာမန္တယာမိ။ |
29,024 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ”ဟု ဆုံးမ ဩဝါဒ ပေးတော်မူရှာပါသေးသည်။ |
29,025 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | ထိုသို့ မနားမနေ ဟောပြ တော်မူပေသောကြောင့် ကုဋေများစွာ သတ္တဝါတို့ သံသရာဝဋ် ဇာတ်သိမ်း၍ အေးငြိမ်းကြရပါသည်။ |
29,026 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | ဤသို့ အကြောင်းကောင်းပုံ၊ အကျိုးကောင်းပုံ၊ လုံ့လ ဝီရိယ ကြီးမား၍ သတ္တဝါတို့၏ အကျိုးများပုံကို ယုံယုံ ကြည်ကြည်နှင့် အာရုံပြုသောအခါ “ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ=ဘုရားရှင်သည် တပည့်တော်၏ ကိုးကွယ်ရာ ဖြစ်ပေသည်။ |
29,027 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | ဘုရားမှတပါး အခြား ကိုးကွယ်ရာ မရှိတော့ပါ”...ဟု ဘုရား ကိုးကွယ်မှု၊ သရဏဂုံသည် အသိဉာဏ်နှင့်တကွ ထက်သန်သော သဒ္ဓါတရားပါ မိမိသန္တာန်၌ တည်တော့၏၊ ဤကား ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းစီးဖြန်း ပွားများပုံ အချုပ်တည်း၊ ဤသို့ စသည်ဖြင့် မေတ္တာကို ဖြစ်စေ၊ ဗုဒ္ဓါနုဿတိ စသော တမျိုးမျိုးကိုဖြစ်စေ မိမိသန္တာန်၌ ဖြစ်စေခြင်း၊ ထုံမွှမ်းထားခြင်းကို “ဘာဝ... |
29,028 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | ဤကား သွားယင်း လာယင်း ဘုရားရှိခိုးယင်း ဖြစ်နိုင်သော ဘာဝနာ တချို့တည်း။ |
29,029 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း | အများ ပွားနေကျ ဘာဝနာကို ထိုထို ကျမ်းဂန်၌ ရှုကြပါတော့။ |
29,030 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဝေယျာဝစ္စ အကြောင်း | ဝေယျာဝစ္စ အကြောင်း |
29,031 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဝေယျာဝစ္စ အကြောင်း | သူတပါး၏ ကုသိုလ်ကောင်းမှု ကိစ္စကို ကူညီ၍ ပြုလုပ်ခြင်းသည် “ဝေယျာ ဝစ္စ” မည်၏။ |
29,032 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဝေယျာဝစ္စ အကြောင်း | ထို့ကြောင့် သူတပါး အလှူဒါနပြုသောအခါ မိမိကလည်း စိတ်ပါ လက်ပါနှင့် အလှူရှင်၏ စိတ်ကြည်လင်အောင်၊ သက်သာအောင်၊ အလှူမှာ တင့်တင့်တယ်တယ် ဖြစ်အောင် သဘောထား၍ ကူညီရမည်။ |
29,033 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဝေယျာဝစ္စ အကြောင်း | မကျန်း မမာသူ၊ အိုမင်းသူ၊ ကျန်းမာသော်လည်း မနိုင်မနင်းဖြင့် ထမ်းပိုးနေရသူ၊ ကျန်းမာ၍ နိုင်နင်းသော်လည်း မိဘ၊ မိမိထက်ကြီးသော ဆွေမျိုး မိတ်ဆွေ စသူ၏ (အကုသိုလ်နှင့် မသက်ဆိုင်သော) ကိစ္စ ကြီးငယ်ကို ကူညီ၍ ရွက်ဆောင်ခြင်းလည်း ဝေယျာဝစ္စ ကုသိုလ် ပင်တည်း။ |
29,034 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဝေယျာဝစ္စ အကြောင်း | ဤ ဝေယျာဝစ္စ ကုသိုလ်သည် စိတ်ထားတတ်သူတို့မှာ တချို့ အလှူရှင် ထက်ပင် အကျိုးများပါသေး၏။ |
29,035 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဝေယျာဝစ္စ အကြောင်း | အရှင်ကုမာရကဿပ၏ တရားတော် မိစ္ဆာဒိဋ္ဌိ အဖြစ်မှ ကျွတ်လွတ်သာ “ပါယာသိ” မည်သော ဘုရင်ခံသည် အမြဲမပြတ် လှူဒါန်းနေသော်လည်း ကိုယ်တိုင်မပြုပဲ “ဥတ္တရ” မည်သော လုလင်တယောက်ကို မိမိ၏ကိုယ်စား လှူဖို့ရန် လွှဲအပ်ထားသည်။ |
29,036 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဝေယျာဝစ္စ အကြောင်း | ဥတ္တရလုလင်း သူများပစ္စည်းဖြင့် လှူဒါန်းရသော်လည်း အလွန် စိတ်ပါလက်ပါ ကောင်းမွန်စွာ စီစဉ်၍ လှူဒါန်းသည်။ |
29,037 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဝေယျာဝစ္စ အကြောင်း | ထိုအလှူရှင်နှင့် ဝေယျာဝစ္စပြုသောလုလင်ကို စုတေသောအခါ အလှူရှင်မှာ အောက် စတုမဟာရာဇ်ဘုံ၌သာဖြစ်၍၊ ဥတ္တရလုလင်က ထိုဝေယျာဝစ္စကြောင့် အထက်တန်းကျသော တာဝတိံသာ၌ ဖြစ်ရသည်။ |
29,038 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | သီလ အကြောင်း |
29,039 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | “ဒါနထက် သီလက မြတ်သည်”ဟု ပြောစမှတ်ပြုကြရာ၌ သာမန်လောက် စဉ်းစားလျှင် ထိုစကားကို ဝန်ခံဖို့ ခဲယဉ်း၏။ |
29,040 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | သို့သော် လေးလေးနက်နက် စဉ်းစားသောအခါ ကောင်းစွာ လုံလောက်သော အကြောင်းကို တွေ့ရပေသည်။ |
29,041 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | လောက၌ ရှိရှိသမျှ အလုပ်တို့တွင် သူတပါးမဆင်းရဲအောင် စောင့်ရှောက် အလုပ်နှင့် သူတပါးချမ်းသာအောင်ကူညီသောအလုပ်သည် ကောင်းအလုပ် အကျိုးများသောအလုပ်တို့ပေတည်း။ |
29,042 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ဒါနအလုပ်နှင့် သီလအလုပ် ၂-မျိုးတွင် ဒါနသည် သူတပါးချမ်းသာအောင် ပြုနိုင်သောအလုပ်ဖြစ်၍ သီလအလုပ်က သူတပါးမဆင်းရဲအောင် စောင့်ရှောက်သော အလုပ် ဖြစ်၏။ |
29,043 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | [သီလအလုပ် ဟူရာ၌ ၅-ပါးသီလ၊ အာဇီဝဋ္ဌမကသီလတို့ကို ဆိုလိုသည်။ |
29,044 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ဂ-ပါးသီလ၊ ၁၀-ပါးသီလတို့အတွက်မှာ အကြောင်းတမျိုး ပြဖွယ် ရှိ၏။ |
29,045 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ဒါနအလုပ် |
29,046 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ချဲ့ဦးမည်-“ဘယ်သူ မပြု မိမိမှု” ဆိုသည့်အတိုင်း သတ္တဝါ တဦး တယောက်သည် သူ့ကံအားလျော်စွာ ဆင်းရဲနေပြီ ဆိုကြပါစို့။ |
29,047 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ထိုဆင်းရဲနေသူကို ကူညီထောက်ပံ့ခြင်း စွန့်ကြဲပေးကမ်းခြင်းသည် ဒါနအလုပ်တည်း။ |
29,048 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ထပ်၍ပြဦးမည်ယခုခေတ် ရဟန်း သံဃာ စသော ပုဂ္ဂိုလ်များသည် တကယ် ဆင်းရဲနေသူများ မဟုတ်ကြ။ |
29,049 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | သို့သော် ထိုပုဂ္ဂိုလ်တို့၌ ကိုယ်ပိုင်ဟု ဆိုရာ ရိက္ခာမလုံလောက်ချေ။ |
29,050 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | သို့ဖြစ်၍ တနည်းအားဖြင့် ဆင်းရဲသူ များပင် ဖြစ်၏။ |
29,051 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ထို့ကြောင့် ဆင်းရဲသူတွင် ပါဝင်သော ထိုရဟန်းသံဃာတော်တို့အား လှူဒါန်းခြင်းသည်လည်း ကူညီခြင်းပင် ဖြစ်၏။ |
29,052 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ဘုန်းကံကြီး၍ ချမ်းသာနေသော ဆရာတော်တို့အား လှူဒါန်းခြင်းမျိုး ရှိသေး၏။ |
29,053 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ထိုသို့ လှူဒါန်းရာ၌လည်း ဆရာတော်ကြီးမှာ လိုနေသော (ဆရာတော်နှင့် ထိုက်တန်အောင် မလုံလောက်သေးသော) အရာဝတ္ထုကို လှူဒါန်းခြင်း ဖြစ်လျှင် ဆင်းရဲသူ့ကို ကူညီခြင်းမျိုးပင် ဖြစ်၏။ |
29,054 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ဆရာတော်မှာ အရာရာ ပြည့်စုံပြီး ဖြစ်လျက် ဖြည့်စွက် လှူဒါန်းရာ၌ကား ဆရာတော်မှ တဆင့် မရှိနွမ်းပါးသော တပည့်တပန်းတို့အားဖြန့်ကမ်း ဝေဌဖို့ရန် ဆရာတော်ကြီးအထံ အပ်နှံလှူဒါန်းခြင်းမျိုး ဖြစ်သောကြောင့် မရှိဆင်းရဲသူများအား ထောက်ပံ့ခြင်းနှင့် အလားတူပင် ဖြစ်၏။ |
29,055 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ထို့ကြောင့် ဒါနအလုပ် ဟူသမျှသည် တယောက် ၂-ယောက်က စ၍ ကမ္ဘာသူ ကမ္ဘာသား ဆင်းရဲသူ သတ္တဝါများကို စောင့်ရှောက်ရသော အလုပ်ကောင်းတမျိုး ဖြစ်ရကား ဒါနအကျိုး နားလည်သူ မှန်လျှင် အလွန် ပြုချင်ဖွယ် ကောင်းပါပေသည်။ |
29,056 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ပါဏာတိပါတာ ဝိရတိ |
29,057 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | သီလအလုပ်ကား သူတပါး မဆင်းရဲအောင် စောင့်ရှောက်သော အလုပ်တည်း။ |
29,058 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ချဲ့ဦးမည်- ပါဏာတိပါတာ ဝေရမဏိ” စသော သိက္ခာပုဒ် သီလများကို မစောင့်ထိန်းပဲ တွေ့ကရကို သတ်နေလျှင် အသတ်ခံရသော သတ္တဝါမှာ မည်မျှ ဆင်းရဲမည်ကို စဉ်းစားကြည့်ပါလော။ |
29,059 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ထိုသိက္ခာပုဒ် သီလတခု မစောင့်ထိန်းပဲ သတ်ချင်တိုင်း သတ်နေကြသည့်အတွက် မြစ်ထဲ၌ ငါးပေါင်းမည်မျှ၊ မြို့ရွာတို့၌ နွား၊ ဆိတ် ဝက် ကြက် ငှက် စသော သတ္တဝါပေါင်းမည်မျှ အသတ်ခံရ၍ သတ်ခါနီး၌ မည်မျှ ဆင်းရဲရှာကြည်ကိုလည်းကောင်း၊ လူအချင်းချင်း ရက်စက်စွာ သတ်မှုမှ စ၍ စစ် အကြီးအကျယ် ခင်းလျက် သွေးချင်းချင်းနီအောင် သတ်နေကြသဖြင့် ကမ္ဘာ အရပ်ရပ်ဝယ... |
29,060 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ပါဏာတိပါတမှ ရှောင်ကြဉ်၍ ပါဏာတိပါတ ဝိရတိ သီလကို စောင့်ထိန်း လျှင်ကား သတ်ပုတ် ရိုက်နှက် နှိပ်စက် ညှဉ်းပန်းခံရ၍ မျက်ရည် တလည်လည်နှင့် အားငယ်ကြရသော ဆင်းရဲ၊ မချိမဆံခံရသော ဆင်းရဲမှ ကယ်ဆယ်ရာ ရောက်သောကြောင့် ဤသီလကိုတယောက်စောင့်လျှင် တယောက်အတွက်၊ ၂-ယောက် ၃-ယောက်စောင့်လျှင် ၂-ယောက် ၃-ယောက်အတွက်၊ ကမ္ဘာသူ ကမ္ဘာသား အားလုံးစောင့်လျှင... |
29,061 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | နှိုင်းယှဉ်ချက် |
29,062 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ဤပါဏာတိပါတ သီလ တပါးတည်းပင် ဒါနနှင့် နှိုင်းယှဉ်ကြည့်မူ သီလက သာလွန် မြင့်မြတ်ကြောင်း ထင်ရှားနေပေပြီး၊ ဤနေရာဝယ် သူတပါးက တစုံတရာပေး၍ စိတ်ချမ်းသာနေသူ တယောက်နှင့် အသတ်ခံရမည့်ဆဲဆဲမှ လွတ်လာ၍ စိတ်ချမ်းသာနေသူ တယောက်၏ ချမ်းသာပုံကို နှိုင်းယှဉ်ကြည့်လျှင် တစုံတရာ ရ၍ စိတ်ချမ်းသာသူ၏ ချမ်းသာပုံထက် အသက်ဘေးမှ လွတ်လာသူ၏ ချမ်းသာပုံက ဆထက်... |
29,063 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | အစာမရလျင် သေရတော့မည့်သူကို အစာကျွေးသဖြင့် စိတ်ချမ်းသာမှုသော်မှလည်း အသတ်ခံ ရတော့မည့်ဘေးမှ လွတ်မြောက်ခွင့်ရခဲ့သူ၏ စိတ်ချမ်းသာမှုကို မီနိုင်မည် မဟုတ်ပါ။ |
29,064 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | အဒိန္နာဒါန ဝိရတိ |
29,065 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | သူ့ဥစ္စာကို ခိုး၍ တိုက်၍ လုယက်၍ ယုမူကြောင့် ဥစ္စာရှင်တို့မှာ ဆင်းရဲကြရရှာသည်။ |
29,066 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | တနိုင်ငံလုံးကို တိုက်ခိုက် လုယူမှုကြောင့် နိုင်ငံရှင် ဘုရင် မိဖုရား ဆွေတော် မျိုးတော်များနှင့် တကွ နိုင်ငံသူ နိုင်ငံသားတို့ မခံမရပ်နိုင်အောင် စိတ်ဆင်းရဲကြရ၏။ |
29,067 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ရသင့်ရထိုက်သော နိုင်ငံတွင်းရှိ အလုပ်များကို မလုပ်နိုင်ကြ၊ လုပ်ဖို့အခွင့်လည်း မရကြသဖြင့် ဥစ္စာဓန ရှားပါး၍ ကိုယ်ဆင်းရဲရ၏။ |
29,068 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ထို့ကြောင့် အဒိန္နာဒါနမှုသည် ဥစ္စာရှင်များကို အဆက်ဆက် နာလန်မထူနိုင်အောင် ဖိစီး နှိပ်စက်သော အမှုကြီးပေတည်း။ |
29,069 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ထိုအဒိန္နာဒါနမှ ရှောင်ကြဉ်၍ အဒိန္နာဒါနဝိရတိသီလကို စောင့်ထိန်းကြပါလျှင် ထိုဆင်းရဲမျိုးကို ကမ္ဘာမှာ တွေ့မြင်ကြရတော့မည် မဟုတ်သဖြင့် အဒိန္နာဒါန ဝိရတိ သီလသည် ကမ္ဘာသူ ကမ္ဘာသားများကို ဆင်းရဲဒုက္ခမှ မုချ လွတ်လပ်ခွင့် ရစေနိုင်သော ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေနိုင်သော သိလပေတည်း။ |
29,070 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ကာမေသုမိစ္ဆာစာရ ဝိရတီ |
29,071 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ကာမဂုဏ် အတွေ့သည် ပုထုဇဉ်များ၌ ထူးခြားသော အာရုံတမျိုး ဖြစ်ရကား ထိုအတွေ့ပစ္စည်းကို အခြား ပစ္စည်းထက် ခင်မင်၏။ |
29,072 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | မိမိပိုင်ဆိုင်သော (မိမိ အလွန် မြတ်နိုးသော) ထိုကာမအတွေ့ကို အခြားသူအား (အရူးအနှမ်း မဟုတ်လျှင်) အပိုင်ပေးဖို့ မဆိုထားဘိ၊ ခေတ္တမျှ မပေးနိုင်ရုံမက တနည်းအားဖြင့် နှောင့်ယှက် လုယူမည့်သူကိုပင် ရန်သူကြီး အစစ်ဟု တထစ်ချ မှတ်ယူလေ့ ရှိကြသည်။ |
29,073 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ထို့ကြောင့် သူပိုင် ကာမကို ခိုး၍ လု၍ ယူလျှင် ပိုင်ရှင်ဖြစ်သူမှာ အခြားပစ္စည်းကို လုယူသွားသည်ထက် နက်နက်နဲနဲ ဆင်းရဲရ၏။ |
29,074 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | တကယ်လို့ ခုခံနိုင်လျှင် အသက်ချင်း လဲမည့်သူသာ များလေသည်။ |
29,075 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ထို့ကြောင့် ထိုမိစ္ဆာစာရမှ ရှောင်ကြဉ်မှု သီလလည်း သူတပါး၏ ဆင်းရဲရမည့် အရေးကို လေးလေးပင်ပင် ရှောင်ကြဉ်ရာရောက်သဖြင့် ကမ္ဘာသူကမ္ဘာသား လူအများချမ်းသာစေနိုင်သော သီလတမျိုး ဖြစ်ပေသည်။ |
29,076 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | မုသာဝါဒ ဝိရတိ |
29,077 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | လောကဝယ်အလိမ်ခံရသော ဆင်းရဲလည်း “ပျော့ပျော့နှင့် နံ” ဆိုသလို အတော်ကို အခံရခက်သော ဆင်းရဲတမျိုးတည်း။ |
29,078 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ထိုအလိမ်ခံရသည့်အတွက် အကျိုးပျက်စီးရပုံတို့မှာ မျက်မြင်အားဖြင့် ထင်ရှားရုံမက လိမ်သူက စွမ်းလှလျှင် နိုင်ငံတခုလုံးကိုပင် ရအောင် လိမ်နိုင်ကြသဖြင့် မည်မျှလောက် နစ်နာကြသည်ကို စဉ်းစားကြလေတော့။ |
29,079 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ယခုခေတ် ဘာသာ အမျိုးမျိုး၏ ဆရာအမျိုးမျိုး တရားတွေကြောင့် (ဗုဒ္ဓဘာသာ တရားတော်အရ ဆိုလျှင်) မြော်မြင် မှန်းဆ၍ မကုန်နိုင်သော ဆင်းရဲကိုလည်း အမှားလမ်း လိုက်မိသူတိုင်း တွေ့ရတော့မည်။ |
29,080 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ထို့ကြောင့် မုသာဝါဒမှ ရှောင်ကြဉ်မှု သီလလည်း တယောက် ၂-ယောက်မှ စ၍ ကမ္ဘာသူ ကမ္ဘာသားတို့၏ ဒုက္ခကို မုချ စောင့်ရှောက်ရာ ရောက်ပေသည်။ |
29,081 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | [ဤနေရာဝယ် ဗုဒ္ဓဘာသာ ဝင်ထဲမှ တချို့ တရားဟောဆရာတွေ ညာနေပုံ၊ ဉာဏ်မရှိသူ လူအများပင် ထိုအညာ ဆရာကို အထင်ကြီးပုံကိုပါ စဉ်းစားကြပါလေ။ |
29,082 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ]သုရာပါန ဝိရတိ |
29,083 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | သေရည် သေရက် သောက်သူသည် မိမိဘာသာ သောက်ရုံ သက်သက်ဖြစ်လျှင် မိမိမှာ နောင်ဘဝသံသရာ၌ မကောင်းကျိုး ခံစားရုံမှတပါး အခြားသူတို့၌ များစွာ မထိခိုက်သေးပေ။ |
29,084 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | သို့သော် ထိုကဲ့သို့ သောက်ရုံသက်သက်ဖြင့် အမြဲတင်းတိမ်မည် မဟုတ်။ |
29,085 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | မူးလာသောအခါ ရှေ့သိက္ခာပုဒ်များကို ကျူးလွန်ဖို့ရန် အခြေခံ ဖြစ်လေပြီ။ |
29,086 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | လောက၌ အလွန် လည်ပတ်သူ လူတယောက်သည် သတ်မှု ခိုးမှု ကာမမှု စသည်တို့ကို တစုံတခုမျှ ကိုယ်တိုင် မပြု။ |
29,087 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | သို့သော် သူ၏ဘက်သား ရဲဘော်များကို ကျကျနန နည်းပေး လမ်းပြလေ့ ရှိ၏။ |
29,088 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ထိုလူလည်ဖြစ်သူသည် (သူ့ ကိုယ်တိုင် မလုပ်သော်လည်း) ကိစ္စအားလုံး၌ နည်းပေးလမ်းပြ ခေါင်းဆောင်နေသူ ဖြစ်ရကား ကိုယ်တိုင် လုပ်သူထက်ပင် ကြောက်မက်ဖွယ် ကောင်းသေး၏။ |
29,089 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ကိုယ်တိုင် လုပ်သူထက်ပင် သူများကို ဆင်းရဲစေသေး၏။ |
29,090 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ထို့အတူ သုရာပါနမှုလည်း တဖြည်းဖြည်း အနယ်ကျ၍ ယစ်ထုပ်ဘဝသို့ ရောက်သောအခါ ပါဏာတိပါတမှု စသည်ထက် ကြောက်မက်ဖွယ် ကောင်းလှ၍ ပါဏာတိပါတမှု စသည်တို့ထက် သတ္တဝါ အများ၏ ဆင်းရဲဒုက္ခကို များစွာ ဖြစ်စေနိုင်ပါသည်။ |
29,091 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ထို့ကြောင့် သုရာပါန ဝိရတိလည်း မိမိအိမ်သူအိမ်သားမှစ၍ ကမ္ဘာသူကမ္ဘာသားအထိ ဆင်းရဲမည့် အဖြစ်မှ စင်စစ် ကယ်တင်ရာ ရောက်လေသည်။ |
29,092 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ဤနည်းအားဖြင့် အခြားသော အာဇီဝဋ္ဌမကသီလ စသည်တို့၏ အကျိုးကို စဉ်းစားကြပါလေ။ |
29,093 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ဤကဲ့သို့ အကျိုး အပြစ်ကို စိစစ်လိုက်သောအခါ တကမ္ဘာလုံး ငါးပါးသီလ လုံခြုံနေပါမူ တကမ္ဘာလုံး ချမ်းသာကြမည့်အကြောင်း ကောင်းကောင်းကြီး ထင်ရှားရကား ငါးပါးသီလ တမျိုးသည်ပင် ဒါနထက် သာလွန် မြင့်မြတ်ကြောင်း ထင်ရှားပြီ။ |
29,094 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | သို့ဖြစ်၍ မိမိကိုယ်တိုင်နှင့် စပ်ဆိုင်ရာ အားလုံးဝယ် ငါးပါးသီလ ပြည့်ဝ လုံခြုံသူချည်း ဖြစ်အောင် သတိဆောင်ကာ သတ္တဝါများအပေါ်၌ မေတ္တာ ကရုဏာ ထားနိုင်ကြပါစေသတည်း။ |
29,095 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ဥပုသ်သီလ |
29,096 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ဗြဟ္မစရိယ၊ ဝိကာလဘောဇန စသော ဥပုသ်သီလများကား ပြခဲ့သောငါးပါးသီလ စသည်တို့ကဲ့သို့ သူတပါးမဆင်းရဲအောင် စောင့်ရှောက်ရသော သီလ မဟုတ်၊ မိမိစိတ်ဓာတ်ကို မြင့်မြတ်အောင် စောင့်သုံးရသော သီလ များတည်း။ |
29,097 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ချဲ့ဦးအံ့ – ယခုကာလ အများစောင့်သုံးသော အိမ်နီးချင်း ရိုသေရုံ ဥပုသ် မဟုတ်ပဲ တကယ် စောင့်ရသော ဥပုသ်မျိုးကို “အရိယ ဥပုသ်”ဟု ခေါ်၏။ |
29,098 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | [ထိုဥပုသ် အမျိုးမျိုးတို့နှင့် ဥပုသ်စောင့်ပုံ အစီအစဉ်ကို ရတနာ့ဂုဏ်ရည်၌ ကျယ်ဝန်းစွာ ပြထားခဲ့ပြီ။ |
29,099 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ]ထို အရိယ ဥပုသ်ကို စောင့်သူသည် သီလဆောက်တည်ပြီးနောက် ဘုရား ဂုဏ်တော်ကိုဖြစ်စေ၊ သို့မဟုတ် တရားဂုဏ်၊ သံဃာ့ဂုဏ်၊ မိမိသီလဂုဏ်၊ ဒါနဂုဏ် တမျိုးမျိုးကိုဖြစ်စေ အာရုံပြု၍ ကမ္မဋ္ဌာန်း ဘာဝနာကို ပွားများနေထိုင်ရမည်။ |
29,100 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း | ထိုသို့ ပွားများနေထိုင်သောအခါ မိမိ၏စိတ်ဝယ်လောဘ ဒေါသ မာန စသော အကုသိုလ်များ နည်းသည်ထက် နည်းပါး၍ စိတ်နေ စိတ်ထားလည်း ကြီးသည်ထက် ကြီးမားလာပေလိမ့်မည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.