id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
29,301
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
သာမာဝတီကား မေတ္တာတရား အထူးပွားများနေသူ ဖြစ်သည်။
29,302
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
ဥတေနမင်းသည် မိဖုရား ၃-ယောက်တို့၏ အဆောင်ဝယ် တလှည့်စီ စံစားကာ စောင်းတီး ဝါသနာပါသော ဘုရင်တဦးတည်း။
29,303
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
အခါတပါး၌ သာမာဝတီ အထံ အဆောင်တော်ကူးရန် နီးလေသော် မာဂဏ္ဍီသည် သူ၏ ဘထွေးထံ အဆိပ်ပြင်းသော မြွေကို မှာ၍ အဆိပ်ကို ဖြေစေလျက် စောင်းခွက်အတွင်းသို့ သွင်းထားလေသည်။
29,304
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
ထို့နောက် အပေါက်ကို ပန်းကုံးဖြင့် ပိတ်ဆို့ပြီးမှ ဘုရင့်ထံ သွား၍ အိပ်မက် ရာမက် မကောင်းသောကြောင့် သာမာဝတီ၏အောင် မကူးဖို့ရန် မိန်းမတို့ ပင်ကိုယ်ဉာဏ်ဖြင့် သံတော်ဦး တင်လေသော်၊ ဘုရင်က ဂရုမစိုက်ပဲ သာမာဝတီ၏ အဆောင်သို့ ကူးသွားလေရာ၊ စိတ်မချသည့်ဟန်ဖြင့် နောက်က အတင်းလိုက်သွားလေသည်။
29,305
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
အဆောင်တော်ရောက်၍ ဆက်သသော ပွဲတော်ကို တည်ပြီးနောက် သလွန် ပေါ်၌ လျောင်းသည့်အခါ မယောင်မလည်နှင့် သူ ပိတ်ဆို့ ထားသော ပန်းကုံးကို နုတ်လိုက်လေသည်။
29,306
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
ထိုအခါ ထည့်ထားသောမြွေသည် အလွန် စိတ်ဆိုးနေရကား ရှူးကနဲ ထွက်ခါ ဘုရင့်ဦးခေါင်းအနီးသို့ ရောက်လာလေသော်၊ အလွန်ထိတ်လန့် စိုးရိမ်ဟန်ဖြင့် ရှင်ဘုရင်ကိုပြ၍ သာမာဝတီနှင့် မောင်းမတစုံကို ကြိမ်းမောင်းပြီးလျှင် ရှင်ဘုရင်လည်း သူ့စကားကို နားမထောင်သဖြင့် ယခုလို ဖြစ်ရသည်ဟု အပြစ်တင်လေသည်။
29,307
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
ဥတေနမင်းကား မာဂဏ္ဍီ စီစဉ်သမျှကို လုံးဝ နားမလည်ခြင်းကြောင့် လွန်မင်း ထိတ်လန့်၍ ရာဇမာန်ရှလေရကား “မင်းတိုမျက်စောင်း အကြောင်း မရွေး” တော့ပဲ ကိုင်နေကျ လေးကို တင်ကာ သာမာဝတီတို့ အစုကို စီတန်း စေလျက် ပစ်ဖို့ရန် ကြိမ်းဝါးနေတုန်းမှာပင် သူတော်စင် ထိပ်ထားကလေးက သူ၏ မောင်းမ မိဿံများကို ဩဝါဒ ပေးသည်မှာ-
29,308
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
“အမိတို့ .... မောင်တော်မင်းမြတ်နှင့် မာဂဏ္ဍီတို့ အပေါ်မှာ အနည်းငယ်မျှ စိတ်မကွက်ကြနဲ့နော်။
29,309
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
ယခုလို အခါမျိုးမှာ မေတ္တာမှတပါး အားကိုးစရာမရှိပေဘူး။
29,310
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
အမိတို့ ပွားများနေကျဖြစ်သော မေတ္တာ ကိုသာ မောင်တော်နှင့် မာဂဏ္ဍဂီတို့ အပေါ်မှာ ကြိုးစား၍ ပွားများကြပါ”
29,311
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
ဤသို့ တိုက်တွန်းလေလျှင် ပင်ကိုယ် ယဉ်ကျေးပြီးသော မောင်းမများ ဖြစ်သည့်အတွက် နီးကပ်နေသော အသက်ဘေးကို အရေးတကြီး မစဉ်းစားပဲ မေတ္တာကိုသာပွားကြလေသည်။
29,312
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
ဥတေနမင်းကား အမျက်မပြေနိုင်သေးသဖြင့် ချိန်ရွယ်ထားသော မြားကို တအားကုန် လွှတ်လိုက်လေရာ၊ မေတ္တာ၏ တန်ခိုးကြောင့် မြားအရှိန် ရှေ့မတိုးပဲ ပစ်သူ့ အထံမှာပြန်၍ ခလေသော်၊ ဥတေနမင်း သတိရ၍ မိဖုရားခြေတော်ရင်း၌ ထိုင်ကာ သည်းခံဖို့ရန်တောင်းပန်ရှာလေသည်။
29,313
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
ဝတ္ထုမှတ်ချက်
29,314
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
မာဂဏ္ဍီမှာ သာမာဝတီ၏ အပေါ်၌ ကိုယ့်ထက်သာ၍ မနာလိုသော ဣဿာစိတ်၊ ပရိယာယ်ဉာဏ် ဆင်ရသော မာယာစိတ်၊ သေစေလိုသော ဒေါသစိတ်များ ဖြစ်၏။
29,315
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
ဥတေနမင်း၌ မြွေကို မြင်ရသည်ကစ၍ ဒေါသစိတ်မွှန်ကာ မြားပြန်လာသောအခါကျမှ လွန်စွာ ကြောက်ရွံ့သော ဒေါသ ဒေါမနဿစိတ်များ ဖြစ်ရပြန်သည်။
29,316
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
မောင်းမ အများနှင့်တကွ သာမာဝတီ ထိပ်ထားကား ရန်သူ့ အပေါ်၌ပင် မေတ္တာစိတ်ထားနိုင်ပေသည်။
29,317
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
နည်းယူဖွယ်
29,318
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
ယခုကာလ သူတော်ကောင်း အမြင့်တန်းကို မှန်းထားရင်း ရှိသူများလည်း သာမာဝတီ ထိပ်ထား၏ ထုံးကို နှလုံးသွင်းလျက် မိမိအပေါ်မှာ မတော်မတရား ဣဿာ မစ္ဆရိယများသူကိုပင် အတုံ့ပြန်၍ ရန်မမူမိစေပဲ မိမိစိတ်ကိုသာ ကောင်းသည်ထက် ကောင်းအောင် ပြုပြင်ကြပါ။
29,319
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
အကျိုးဆောင်ခွင့် ကြုံလာလျှင် မိမိကို မလိုလားသူ၏ အကျိုးကိုပင် စိတ်ပါ လက်ပါ ဆောင်လျက် အဖိုးတန်လှစွာသော မေတ္တာ လက်နက်ကို အချက်ကျကျ သုံးစွဲသင့်ပါသည်။
29,320
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
ထိုသို့ သုံးစွဲနိုင်မှသာလျှင် ပါရမီရှင်ဟု ထင်မြင်နိုင်ပါသည်။
29,321
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
[မေတ္တာသည် ရေနှင့်တူ၏။
29,322
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
ဒေါသသည် မီးနှင့်တူ၏။
29,323
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
ရေများလေ မီးငြိမ်းလေ။
29,324
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း
ထို့ ကြောင် ဒေါသနည်းအောင် မောတိုးပွားဖို့ ကြိုးစားသင့်ကြပါသည်။
29,325
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ဝိရတိ ၃-ပါး အကြောင်း၊
29,326
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ
29,327
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ဤ ဝိရတိ စေတသိက် ၃-ပါးကို လေ့လာရာ၌ ရှေးဦးစွာ ဒုစရိုက် ၁၀-ပါးကို နားလည်ပြီး ဖြစ်ရမည်။
29,328
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ဤကျမ်း၌ကား ဒုစရိုက်များကို မပြောတော့။
29,329
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
] ထိုဒုစရိုက်များကို အသက်မွေး ဝမ်းကျောင်းနှင့် ဆိုင် မဆိုင် ၂-မျိုး ခွဲရာ၏။
29,330
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ထိုတွင် သူ့အသက်ကိုသတ်ရာ၌ သေသူ၏ဥစ္စာကိုလိုချင်၍ ဖြစ်စေ၊ သူတပါးက ငွေဖြင့်ခိုင်း၍ ဖြစ်စေ၊ မုဆိုးတံငါ အလုပ်ဖြင့် အသက်မွေးနေ၍ဖြစ်စေ သတ်ဖြတ်ခြင်းသည် အသက်မွေး ဝမ်းကျောင်းနှင့် သက်ဆိုင်သော ကာယဒုစရိုက်တည်း။
29,331
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
တစုံတခု ပစ္စည်းကို မမျှော်လင့်ပဲ သက်သက်မုန်း၍ သတ်ခြင်းသည် အသက်မွေး ဝမ်းကျောင်းနှင့် မဆိုင်သော ကာယဒုစရိုက်တည်း။
29,332
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
အခြား ဒုစရိုက်တို့၌လည်း ရထိုက်သလို ခွဲခြားရာ၏။
29,333
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ပစ္စည်းရမှုအတွက် မုသား သက်သေလိုက်ခြင်း၊ မတရား ရှေ့နေ လိုက်ခြင်း၊ ကွက်စိပ်ဆရာ လုပ်၍ မမှန်သော ဒဏ္ဍာရီ ဇာတ် ဝတ္ထု ပြောဆိုခြင်းသည် အသက်မွေးဝမ်းကျောင်းနှင့် သက်ဆိုင်သော ဝစီဒုစရိုက်တည်း။
29,334
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ပစ္စည်း တစုံ တရာကို မမျှော်လင့်ပဲ သက်သက် မုသားပြောခြင်း၊ ရန်တိုက်ခြင်း၊ ကြမ်းကြမ်း တမ်းတမ်းပြောခြင်း၊ မမှန်သော ဒဏ္ဍာရီ ဇာတ် ဝတ္ထုခြင်းများသည် အသက်မွေးဝမ်းကျောင်းနှင့် မသက်ဆိုင်သော ဝစီဒုစရိုက်တည်း။
29,335
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ဝိရတိ
29,336
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ထို ကာယ ဒုစရိုက်၊ ဝစီ ဒုစရိုက် အမှုတို့မှ ရှောင်ကြဉ်ခြင်းသဘောသည် ဝိရတိမည်၏။
29,337
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
မုသားစကားပြောခွင့် (ဝစီဒုစရိုက် ဖြစ်ခွင့်) ကြုံလာသောအခါ “မပြောတော့ပါဘူး”ဟု ရှောင်ကြဉ်ရာ၌ ထိုအခွင့်ကြုံလာသော မုသားစကားသည် အသက်မွေး ဝမ်းကျောင်းနှင့် မစပ်ဆိုင်လျှင် သမ္မာဝါစာ ဝိရတိဖြစ်၍ အသက်မွေး ဝမ်းကျောင်းနှင့် စပ်ဆိုင်လျှင် သမ္မာအာဇီဝ ဝိရတိ ဖြစ်၏။
29,338
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
သူ၏ အသက်ကို သတ်ခွင့် (ကာယဒုစရိုက် ပြုခွင့်) ကြုံလာသောအခါ “မသတ်ပါဘူးလေ”ဟု ရှောင်ကြဉ်ရာ၌ ထိုအခွင့် ကြုံလာသော ပါဏာတိပါတမှုက အသက်မွေး ဝမ်းကျောင်းနှင့် မဆိုင်လျှင် သမ္မာကမ္မန္တ ဝိရတိ ဖြစ်၏။
29,339
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
အသက်မွေး ဝမ်းကျောင်းနှင့် ဆိုင်လျှင် သမ္မာအာဇီဝ ဝိရတိ ဖြစ်၏။
29,340
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ဝိရတိ မဟုတ်သောအရာ
29,341
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ရှောင်ကြဉ်မှု မပါ၊ ရှောင်ကြဉ်စရာ မရှိပဲ ကောင်းသောစကားကို ပြောဆိုရာအခါနှင့် “ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” စသည်ဖြင့် သီလဆောက်တည်ရာ အခါတို့၌ သမ္မာဝါစာ (ကောင်းသော စကား)ဟု ဆိုနိုင်ပါ၏။
29,342
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ကုသိုလ် စေတနာတွေ ဖြစ်၏။
29,343
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ရှောင်ကြဉ်စရာ မပါပဲ အပြစ်မရှိသော အလုပ်အကိုင်ကိုပြုနေရာအခါ၊ ဒါနပြုနေရာအခါ၊ ဘုရားဖူး တရားနာစသောအခါတို့၌ သမ္မာကမ္မန္တ (ကောင်းသောအလုပ်)ဟု ဆိုနိုင်ပါ၏။
29,344
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ရှောင်ကြဉ်စရာ မပါပဲ မိရိုးဖလာ ကောင်းရောင်း ကောင်းဝယ် ကုန်သွယ် လယ်လုပ်ခြင်း စသော အမှုများဖြင့် အသက်မွေးရာ၌ သမ္မာအာဇီဝ (ကောင်းသော အသက်မွေးမှု)ဟု ဆိုနိုင်၏။
29,345
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
သို့သော် ရှောင်ကြဉ်မှု သဘော မပါသောကြောင့် ထိုသမ္မာဝါစာ စသည်တို့ကို ဝိရတိ စေတသိက်ဟု မမှတ်ရ။
29,346
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ရိုးရိုး ကုသိုလ် စေတနာများသာ ဖြစ်သည်ဟု မှတ်ပါ။
29,347
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
သမာဒါန၊ သမ္ပတ္တနှင့်၊ သမုစ္ဆေဒ တလီ၊ သုံးမျိုးစီ၊ နာမည် ထပ်၍ဖြာ။
29,348
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝဟု ၃-မျိုးပြားသော ထိုဝိရတိသည် တမျိုးတမျိုးလျှင် သမာဒါနရတိ၊ သမ္ပတ္တရတိ၊ သမုစ္ဆေဒဝိရတိဟု ၃-မျိုးစီ ပြား၏။
29,349
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ထို၃-မျိုးတွင် သီလ ဆောက်တည်သော အားဖြင့် ဒုစရိုက်အမှုမှ ရှောင်ကြဉ်ခြင်းသည် သမ္မာဒါနဝိရတိတည်း။
29,350
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
သတ်ဖို့ နွားတကောင် ရောက်နေရာ မသတ်တော့ပါဘူးဟု ကြံပြီးလျှင် “ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ”ဟု ဆောက်တည်လျှင် ဆောက်တည်နေတုန်းမှာလည်း သမာဒါနဝိရတိ ဖြစ်နိုင်သည်။
29,351
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ရှေးတုန်းက ဥပါသကာ တယောက်သည် မထေရ်တပါးအထံ သီလခံယူ ပြီးနောက် ပျောက်သော နွားကိုရှာစဉ် တောင်ပေါ်သို့အရောက်တွင် စပါးကြီးမြွေက ခြေကိုပတ်သောကြောင့် ဓားဖြင့် ခုတ်မည်ဟု ကြံပြီးမှ သီလကိုသတိရ၍ မသတ်ပဲ ရှောင်လေသည်။
29,352
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
သီလတန်ခိုးကြောင့် မြွေကြီးကလည်း လွှတ်သွားလေ၏။
29,353
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ဤဝတ္ထု၌ သီလဆောက်တည်ထားသဖြင့် မသတ်ပဲ ရှောင်ကြဉ်သောကြောင့် သမာဒါနဝိရတိဖြစ်၏။
29,354
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ဤသို့လျှင် သီလဆောက်တည်နေတုန်းမှာ ဖြစ်စေ၊ ဆောက်တည်ပြီးနောက် ဖြစ်စေ ရှောင်ဖွယ် ဒုစရိုက်မှ ရှောင်ကြဉ်လျှင် သမာဒါနဝိရတိ ဖြစ်သည်။
29,355
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
[သမာဒါန=သီလဆောက်တည်ထားခြင်း+ဝိရတိ= မကောင်းမှုမှ ရှောင်ခြင်း။
29,356
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
] သီလဆောက်တည် မထားပဲ ရုတ်တရက် တွေ့ကြုံလာသောအခါ ရှောင်ကြဉ် မှုသည် သမ္ပတ္တဝိရတိ မည်၏။
29,357
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
သီဟိုဠ်ကျွန်း၌ “စက္ကန” ဥပသကာသည် ငယ်ရွယ်စဉ်အခါက မကျန်းမာသော မိခင်မှာ လတ်ဆတ်သော ယုန်သား ဓာတ်စာ ကျသောကြောင့် တောထဲသို့ ယုန်ရှာထွက်လေသော် ကောက်နု ကလေးတွေ စားမည် လာသော ယုန်ငယ်ကို ဖမ်းမိ၍ သတ်တော့မည် ကြံပြီးမှ သနားသဖြင့် မသတ်ပဲ ရှောင်ကြဉ်၍ ယုန်ငယ်ကို လွှတ်လိုက်လေသည်။
29,358
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
အိမ်ပြန် ရောက်သောအခါ မိခင်အား ဖြစ်ပျက်ပုံအကြောင်းစုံကို ပြောပြ၍ “ကျွန်ုပ်သည် နားလည်သော အရွယ်မှစ၍ သူ၏အသက်ကို သေစေလိုသော စေတနာဖြင့် မသတ်ခဲ့ဘူး”ဟု သစ္စာစကားပြောလေ၊ သူ၏သစ္စာအစွမ်းကြောင့် မိခင်၏ ရောဂါလည်း ပျောက်ကင်းလေသည်။
29,359
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ဤဝတ္ထု၌ သီလ မဆောက်တည်ပဲ ရုတ်တရက် တွေ့၍ ရှောင်ကြဉ်သောကြောင့် သမ္ပတ္တဝိရတိ ဖြစ်သည်။
29,360
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
[သမ္ပတ္တ= တိုက်ဆိုင်လာသော (ရုတ်တရက် တွေ့ကြုံလာသော) မကောင်းမှု ဒုစရိုက်မှ + ဝိရတိ=ရှောင်ကြဉ်ခြင်း။
29,361
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
] မဂ်ကို ရသောအခါ ကိလေသာဓာတ် လုံးဝ ကင်းပြတ်အောင် ရှောင်ကြဉ်သောကြောင့် မဂ်စိတ်၌ ပါသော ဝိရတိသည် သမုစ္ဆေဒ ဝိရတိ မည်၏။
29,362
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
[သမုစ္ဆေဒ-ကိလေသာ အနုသယဓာတ်တို့ကို အကြွင်းမရှိအောင် ဖြတ်လျက်+ ဝိရတိ-ရှောင်ကြဉ်မှု။
29,363
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
] ဤသို့လျှင် သမ္မာဝါစာ စသော မူလ ဝိရတိစေတသိက် ၃-မျိုး၌ တမျိုးတမျိုးလျှင် သမာဒါနဝိရတိ စသည်ဖြင့် ၃-မျိုး ကွဲပြား နိုင်ကြ ပေသည်။
29,364
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
နိဂုံး ဤမျှလောက်သော စကားအစဉ်ဖြင့် ကိုယ်ကျင့်အတွက် လူများ သိဖွယ်ရာ စိတ်ကို ကောင်းအောင် ခြယ်လှယ် စေတသိက်များ ပြီးဆုံးပါပြီ။
29,365
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ယခုအခါ မိမိ၏စိတ်ကို ကောင်းအောင် ခြယ်လှယ်သော စေတသိက်များနှင့် (ဒုတိယအခန်း၌ ပြခဲ့သော) မကောင်းအောင် ခြယ်လှယ်တတ်သော စေတသိက်များကို နားလည်ကြပါပြီ။
29,366
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ထိုသို့နားလည်ပြီးနောက် “အကောင်း မကောင်း ၂-ဘက်တွင် မည်သည့်ဘက်က အဖြစ်များပါလိမ့်မည်နည်း”ဟု စဉ်းစား သင့်၏။
29,367
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
အကောင်း စေတသိက်များကိုပြရာဝယ် “အကောင်းအစစ် မဟုတ်ပဲ သဒ္ဓါ အတု၊ သတိအတု၊ ဟိရီဩတ္တပ္ပအတု” စသည်ဖြင့် အတုတွေ ပါဝင်နေသည်။
29,368
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
မကောင်း စေတသိက်များကို ပြရာ၌ကား မကောင်းသက်သက် အကောင်း မရောယှက်ခဲ့ချေ။
29,369
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ဤမျှလောက် ခွဲခြားရုံမျှဖြင့် “အကောင်းသက်သက် အဖြစ် နည်း၍ အကောင်း-မကောင်း သောင်းပြောင်းနှင့် မကောင်းသက်သက်တွေ ကသာ ငါတို့သန္တာန်၌ အဖြစ်များနေပါတကား”ဟု စဉ်းစားမိလောက်ပြီ။
29,370
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ထိုသို့ မကောင်းတရားတွေ ဗရပွေ ဖြစ်နေသောကြောင့်သာ သံသရာမှာ ကြာခဲ့ကြရသည်။
29,371
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ယခုလောက် တတ်သိ နားလည်သော ဘဝမှာပင် မကောင်း တရားတွေ အဖြစ်များစေဦးမည်ဆိုက နိဗ္ဗာန်ရလိုကြောင်း အာပေါက်အောင် ဆုတောင်းနေသော်လည်း အကောင်းဆုံးနိဗ္ဗာန်နှင့် ဧကန် ဝေးကြဦးမည်သာ။
29,372
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
သို့ဖြစ်၍ သူတော်ကောင်း စာရင်းတွင် ပါဝင်လို၊ နိဗ္ဗာန်ကို အမြန် ရလိုသူတိုင်း သူတပါး အထင်ကြီးရုံကောင်းသော သူတော်ကောင်းမျိုးထက် မိမိကိုယ်ကို မိမိအထင်ကြီးသော သူတော်ကောင်းအဖြစ်မျိုးကိုသာ နစ်နစ်ကာကာ အလိုရှိ ကြပါကုန်။
29,373
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ငါ၏အတွက်ကား ပရိယာယ်သဘော မာယာသာဌေယျမနှောသော စင်းလုံးချော စိတ်ကောင်းစိတ်ထက်သာ ဘဝတိုင်း ဖြစ်ရလို၏။
29,374
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ငါ၏ အဆက် အသွယ် ကြီးကြီးငယ်ငယ်များလည်း တကယ်စင်စစ် သူတော်ကောင်းဖြစ်အောင် ထူထောင်နိုင်ကြပါစေသောဝ်။
29,375
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
စိတ်ကောင်းဖြစ်မှု၊ ခြယ်လှယ်ပြုသည့်၊ ယခု ညွှန်ကြား၊ စေတသိက်များကို၊ ခွဲခြမ်းစုပေါင်း၊ စိတ်စက်ကောင်းဖြင့်၊ နှစ်ထောင်းအားရ၊ ရေး-ပုညကြောင့်၊ ရှုကြသူပေါင်း၊ စိတ်ယုတ်ပြောင်း၍၊ စိတ်ကောင်းရစေ၊ ငါ့အနေမူ၊ မသွေဖြောင့်တန်း၊ နိဗ္ဗာန်လှမ်းဖို့၊ စိတ်စွမ်းထက်မြက်၊ ဆင့်ဆင့်တက်သား၊ အဆက် အသွယ်၊ ကြီးကြီးငယ်လည်း၊ ငါ့နှယ်နည်းတူ၊ စိတ်ကောင်းယ...
29,376
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
စိတ်ကို ကောင်းအောင် ခြယ်လှယ်သော စေတသိက်များ ပြီးပြီ။
29,377
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သတိ အကြောင်း
သတိ အကြောင်း
29,378
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သတိ အကြောင်း
အောက်မေ့ခြင်း အမှတ်ရခြင်းသဘောသည် သတိတရားတည်း။
29,379
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သတိ အကြောင်း
ထို့ကြောင့် “အောက်မေ့-သတိ”ဟု ဆိုခဲ့သည်။
29,380
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သတိ အကြောင်း
ဤအောက်မေ့မှု၊ အမှတ်ရမှုသည် အလွန် များပြား၏။
29,381
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သတိ အကြောင်း
ရှေးက ကုသိုလ်ကောင်းမှု တခုခုကို ပြုခဲ့၏။
29,382
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သတိ အကြောင်း
ယခု ထိုကုသိုလ်ကို ပြန်၍ အမှတ်ရ၏။
29,383
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သတိ အကြောင်း
တရားစကား ပြောဟောနေသည့်အခါ၊ ဆုံးမ ဩဝါဒ ပေးနေသည့်အခါ မှတ်မိနားလည်အောင် သတိထား၍ နားထောင်၏။
29,384
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သတိ အကြောင်း
ကမ္မဋ္ဌာန်း နှလုံးသွင်းသည့်အခါ အာရုံ ပျောက်မသွားအောင် စူးစူးစိုက်စိုက်နှင့် နှလုံးသွင်း၏။
29,385
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သတိ အကြောင်း
နက်ဖြန် ပြုရမည့်ကုသိုလ်၊ သို့မဟုတ် နောင် အတော်ကြာမှပြုရမည့်ကုသိုလ်ကို ကြိုတင်၍ အမှတ်ရ၏။
29,386
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သတိ အကြောင်း
မိမိဆောက်တည်အပ်သော သီလ သိက္ခာပုဒ်များကို မကျိုး မပေါက်ရအောင် သတိ ထား၏။
29,387
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သတိ အကြောင်း
လောဘ ဒေါသ မာန်မာန စသည် မဖြစ်ရအောင် သတိ ထား၏။
29,388
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သတိ အကြောင်း
ဆရာသမား၏ အဆုံးအမကို သတိရ၏။
29,389
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သတိ အကြောင်း
ဤသို့ စသည်ဖြင့် ကုသိုလ်ကောင်းမှုဆိုင်ရာ ကိစ္စကို အမှတ်ရနေခြင်းသာ သတိ အစစ်ဖြစ်၏။
29,390
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သတိ အကြောင်း
ဤ သတိအစစ်ကို “အပ္ပမာဒ=မမေ့မလျော့ခြင်း” ဟုလည်း ခေါ်၏။
29,391
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သတိ အကြောင်း
ထို့ကြောင့် ဘုန်းကြီးများ သီလပေးသောအခါ “အပ္ပမာဒေန+ သမ္မာဒေထ = မမေ့ မလျော့သော သတိတရားဖြင့် ကုသိုလ် ကိစ္စတို့ကို ပြည့်စုံကြစေလော”ဟု တိုက်တွန်းရိုး ရှိကြပေသည်။
29,392
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သတိ အကြောင်း
ဘုရားရှင်လည်း “သတိဉ္စ ခွါဟံ ဘိက္ခဝေ သဗ္ဗတ္ထိကံ ဝဒါမိ-ဘိက္ခုတို့..သတိကို အရာရာ၌ လိုလားထိုက်၏”ဟု ဟောတော်မူသည်။
29,393
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သတိ အကြောင်း
[“သဒ္ဓါစသည်မှာ လွန်နေတတ်သော်လည်း သတိကား လွန်သွားသည်ဟု မရှိ၊ နေရာတိုင်းမှာ သတိပါစေရမည်”ဟု ဟောတော်မူလိုရင်း ဖြစ်သည်။
29,394
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သတိ အကြောင်း
] ပရိနိဗ္ဗာန် စံတော်မူခါနီး၌လည်း “အပ္ပမာဒေန သမ္ပာဒေထ”ဟု မိန့်တော်မူ၏။
29,395
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သတိ အကြောင်း
သတိအတု
29,396
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သတိ အကြောင်း
ဆွေမျိုးကို အောက်မေ့မှု၊ သမီးခင်ပွန်းချင်း ကွဲနေသည့် အခါ အောက်မှု၊ သူငယ်ချင်းချင်း ချိန်းချက်ထားသည်ကို အမှတ်ရမှု၊ မိမိအား ဂရုတစိုက်-အရေးပါလိုက်သည်ကို အမှတ်ရမှု၊ ဤသို့စသည်ဖြင့် တဏှာပေမဆိုင်ရာ အမှတ်ရမှုများ ရှိ၏။
29,397
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သတိ အကြောင်း
ထို့ပြင် မိမိအား နှိပ်စက်ဖူးသူကို လက်စားချေရန် အမှတ်ရနေမှု၊ သတ်ချိန် ဖြတ်ချိန်ကို အမှတ်ရနေမှု၊ သွားလာရာ၌ ဘေးရန် အန္တရာယ်ကို သတိထားမှု၊ ဤသို့ စသည်ဖြင့် ဒေါသ ဒေါမနဿဆိုင်ရာ အမှတ်ရမှုများလည်း ရှိသေး၏။
29,398
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သတိ အကြောင်း
ထိုအမှတ်ရမှုများ၌ သတိ အစစ် မဟုတ်ပါချေ။
29,399
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သတိ အကြောင်း
နောက်၌ ပြမည့် အမှတ်အသားကောင်းသော သညာသဘော စဉ်းစား ကြံစည်တတ်သော ဝိတက် သဘောသာ ဖြစ်လေသည်။
29,400
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သဒ္ဓါ အကြောင်း
သဒ္ဓါ အကြောင်း