id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
29,501 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အဒေါသ အကြောင်း | အဒေါသ ဓာတ်ခံသည် သို့ကလောက်ပင် အကျိုးကြီးမား၏။ |
29,502 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အဒေါသ အကြောင်း | တလောကလုံး၏ အနှစ်သက်ဆုံးသော မေတ္တာဟူသည်လည်း ဤ အဒေါသပင် ဖြစ်ပေသည်။ |
29,503 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အဒေါသ အကြောင်း | [မေတ္တာအကြောင်းကို နောက်၌ တွေ့ရလုပြီ။ |
29,504 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အဒေါသ အကြောင်း | ] အလောင်းတော်၏ အလောဘ အဒေါသ |
29,505 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အဒေါသ အကြောင်း | ရှေးသရောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းသည် မိဖုရားခေါင်ကြီး နတ်ရွာစံသဖြင့် မိဖုရားငယ် အသစ်မြှောက်ကာ အရွယ်ရောက်သော သားတော် မဟာပဒုမမင်းသားကို အိမ်ရှေ့ ထားလေသည်။ |
29,506 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အဒေါသ အကြောင်း | အခါတပါးဝယ် သူပုန်များ ထ၍ ဘုရင့်ကိုယ်တိုင် နှိမ်နင်းရန်ထွက်ခွာသွားစဉ် အိမ်ရှေ့မင်းသားက ထီးနန်း ကိုစောင့်ရှောက်ရစ်ရလေသည်။ |
29,507 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အဒေါသ အကြောင်း | သူပုန်ရန်ငြိမ်းအေး၍ ခမည်းတော်မြို့ဝင်ခါနီး၌ နန်းတော်ကြီးနှင့်တကွ တမြို့လုံး တန်ဆာဆင်ပြီးနောက် အကျိုးအကြောင်း သံတော်ဦးတင်ဖို့ရန် မိထွေးတော်အထံသို့ သွား၍ “ပြုဖွယ်ကိစ္စရှိက အမိန့် ပေးပါရန်” သံတော်ဦးတင်လေသော်... |
29,508 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အဒေါသ အကြောင်း | မင်းသား၏ ရုပ်အဆင်းအင်္ဂါကို စွဲလမ်းရင်းရှိသော မိဖုရားက မင်းသား၏ လက်ကိုဆွဲ၍ သလွန်ပေါ်သို့ တက်ဖို့ရန် ညွှန်ပြလေရာ၊ မင်းသားက ပယ်ရှားလေသည်။ |
29,509 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အဒေါသ အကြောင်း | ၃ ကြိမ်တိုင်အောင် တိုက်တွန်းပါသော်လည်း မင်းသားက ပယ်မြဲ ပယ်နေလေရာ “ကောင်းပြီ အလိုသို့ မလိုက်တဲ့ မင်းသားကို မင်းတရား လာမှ သိစေမယ်”ဟု “ငဖယ်လန်က ပြောင်းပြန်” သူကပင် မာန်လိုက်လေ သေးသည်။ |
29,510 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အဒေါသ အကြောင်း | မင်းသားက “ပြုချင်သလိုသာပြုတော့”ဟု ပြော၍ ထွက်သွား သောအခါ သူ့အပြစ်ကို ကာကွယ်ဖို့ရာ သူ့ကိုယ်သူ ကုတ်ဖဲ့၍ တကယ့်ကို မင်းသား၏ အစော်ကား ခံရလေယောင် အားငယ်ဟန် ဆောင်နေလေသည်။ |
29,511 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အဒေါသ အကြောင်း | ဘုရင်မင်းလည်း မြို့တော်သို့ ရောက်လျှင် ရောက်ခြင်းပင် သူ့မိဖုရားကို မမြင်၍ မေးမြန်းရာ မိဖုရား အခြွေအရံတို့က မကျန်းမာကြောင်းကို သံတော်ဦး တင်ကြသဖြင့် မိဖုရားအဆောင်သို့ ကြွရောက်လေသည်။ |
29,512 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အဒေါသ အကြောင်း | ထိုအခါ မိဖုရားက လေးက ကုတ်ဖဲ့ထားသော အရာများကိုပြလျက် အိမ်ရှေ့မင်းသားက သူ့အား အတင်းကြံပုံ၊ သူက အလိုမပါသောကြောင့် ကုတ်ဖဲ့ ပုံပါ(မည်သည့်ဆရာ့အထံ၌ နည်းမခံရပဲ) ဝမ်းတွင်းပါ မိန်းမဉာဏ်ဖြင့် သူကြံထားသမျှ အားလုံးကို ရှိုက်ကြီးတငင် သံတော်ဦးတင်လေသည်။ |
29,513 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အဒေါသ အကြောင်း | ထိုအခါ ဘုရင်သည် လွန်စွာ ရာဇမာန်ရှသဖြင့် “မယားထိက ဓါးကြည့်” ဟူသော ပြောရိုးစကားနှင့် ညီစွာ ဘာကိုမှ မစဉ်းစားတော့ပ် မင်းသားကို ရှေ့တော်သွင်း၍ ချက်ခြင်းပင် တောင်ထိပ်မှ ပစ်ချရန် အမိန့်ပေးလေသည်။ |
29,514 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အဒေါသ အကြောင်း | ထို့နောက် တိုင်းပြည်က ချစ်ကြည် နေသော မင်းသားကို ပြည်သူတို့က အင်အားဖြင့် အတင်းလုမည် စိုးသောကြောင့် အာဏာသားများနှင့် အတူ ကိုယ်တိုင် ထွက်၍ တောင်ထိပ်ပေါ်မှ ပစ်ချလေသည်။ |
29,515 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အဒေါသ အကြောင်း | သို့သော် မင်းသား၏ မေတ္တာ တန်ခိုးကြောင့် တောင်စောင့်နတ် ကယ်မသဖြင့် အသက်ချမ်းသာရာ ရတော်မူလေသည်။ |
29,516 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အဒေါသ အကြောင်း | ဤဝတ္ထုဝယ် မိဖုရားနှင့် မင်းသား တွေ့ခန်း၌ မိဖုရားမှာ တဏှာလောဘစိတ် ပြင်းထန်နေ၏။ |
29,517 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အဒေါသ အကြောင်း | မင်းသားမှာ မလိုချင်မှု အလောဘစိတ် ထင်ရှားသည်။ |
29,518 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အဒေါသ အကြောင်း | ထို့နောက် မိဖုရား၌ သူ့ အပြစ်ကို ကွယ်ကာသော မာယာစိတ်၊ ရှင်ဘုရင့်ထံ ကြံဖန်၍ သံတော်ဦးတင်သော မာယာစိတ် (မုသာဝါဒကံ) ဖြစ်၏။ |
29,519 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အဒေါသ အကြောင်း | ရှင်ဘုရင်၌ ကြားသည်က စ၍ တောင်ပေါ်မှ ပစ်ချသည် အထိ ပြင်းပြသော ဒေါသစိတ်များ ဖြစ်နေ၏။ |
29,520 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အဒေါသ အကြောင်း | မင်းသား၌ကား မိဖုရား ကလေးကို မတပ်မက်သော အလောဘစိတ်၊ မိဖုရားနှင့် ရှင်ဘုရင့်အပေါ်၌ ရန်ငြိုးမထားသော အဒေါသစိတ်၊ သည်းခံနိုင်သော ခန္တီစိတ်၊ မေတ္တာထား နိုင်သော မေတ္တာစိတ်၊ အဒေါသစိတ်များ ဖြစ်သည်။ |
29,521 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အဒေါသ အကြောင်း | ဤဝတ္ထု၌ မင်းသားကလေးသည် ဘုရားအလောင်း၊ မိဖုရားကား စိဉ္စမာနခေါ်သော စိဉ္စမာနဝိကာ အလောင်း၊ ရှင်ဘုရင်ကား ရှင်ဒေဝဒတ် အလောင်းတည်း။ |
29,522 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အဒေါသ အကြောင်း | ကာလဝိပါက် နောက်ပိုးတက် |
29,523 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အဒေါသ အကြောင်း | ထိုသို့သော ကိစ္စများဖြစ်ပျက်ပြီးနောက် မင်းသားကလေးကို နဂါးမင်း ဆောင်ယူ၍ နဂါးပြည်၌ တနှစ် စံစေသည်။ |
29,524 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အဒေါသ အကြောင်း | ထို့နောက် လူ့ပြည်သို့ပြန်၍ ရသေ့ရဟန်းပြုသောအခါ မုဆိုးနှင့်တွေ့သောကြောင့် ဘုရင့်အထံသို့ သံတော်ဦးတင်လေရာ၊ ရှင်ဘုရင် ထွက်တော်မူလာ၍ အဖြစ်မှန်ကို သိသောအခါ သားတော်ကို ပြန်၍ ခေါ်သော်လည်း မရ၊ မိဖုရားကိုလည်း မိမိကို မှားယွင်းအောင် ပြုသည့်အတွက် စိတ်နာလှသောကြောင့် “ကာလဝိပါက် နောက်ပိုးတက်ရန်” တောင်ထိပ်မှ ပစ်ချသည်ကို မိဖုရားကလေးခံလျ... |
29,525 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | အမောဟ (ပညာ) အကြောင်း |
29,526 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | အမောဟဟူသည် ဉာဏ်ပညာတည်း။ |
29,527 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ထို့ကြောင့် “ပညာ ဉာဏ်မူ-အမောဟ ဟူ၏”ဟု ဆိုခဲ့သည်။ |
29,528 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | မောဟက ဖုံးလွှမ်းကွယ်ကာထားသော အရာဟူသမျှကို ဤဉာဏ်ပညာဟု ခေါ်သော အမောဟက မဖုံးကွယ်နိုင်အောင် စွမ်းနိုင်သမျှ ထုတ်ဖော်ပြသဖြင့် အမှန်ကို သိရလေသည်။ |
29,529 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | သို့ဖြစ်၍ မောဟနှင့် အမောဟသည် “ခင်ပုတ်နှင့် ကျီး”ကဲ့သို့ ကမ္ဘာ့ ရန်ဘက်ကြီးများပေတည်း။ |
29,530 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ပညာစစ် |
29,531 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ဤဉာဏ်ပညာသည် ပညာစစ် ပညာတုဟု ၂-မျိုးရှိ၏။ |
29,532 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ထိုတွင်ကံ ကံ၏ အကျိုးကို သိတတ်သော ဉာဏ်၊ စာပေကျမ်းဂန်၏ အဓိပ္ပါယ်မှန်ကို နားလည်သော ဉာဏ်၊ ဝိပဿနာ ဉာဏ်၊ မဂ်ဉာဏ် ဖိုလ် ဉာဏ်များနှင့် ဘုရားရှင်၏ သဗ္ဗညုတာ ဉာဏ်တိုင်အောင် အပြစ်ကင်းသော အသိအလိမ္မာ ဉာဏ်ပညာဟူသမျှ ပညာအစစ်ပင်တည်း။ |
29,533 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | “ပါးနပ်သူ”ဟု ခေါ်ရသူတို့ သန္တာန်ဝယ် တဘက်သားကျလောက်အောင် ဟန်ပန် လေသံ ဆောင်တတ်၊ ပြောတတ်၊ ဟောတတ်သောဉာဏ်၊ အခိုးအဝှက်ဉာဏ်၊ အလှည့်စားဉာဏ်၊ အလိမ်ဉာဏ်၊ ပရိယာယ်မာယာဉာဏ်များ ရှိ၏။ |
29,534 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ထိုဉာဏ်မျိုးသည် ပညာစစ် မဟုတ်။ |
29,535 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | လိမ်လည် လှည့်ပတ်တတ်သော “ဝဉ္စနာပညာတု” ဖြစ်သည်။ |
29,536 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | [ဝဉ္စနာ= သူတပါးကို လှည့်စားနိုင်သော ပညာ=အသိ၊ ပရမတ္ထ သဘောအားဖြင့် တဏှာပြဋ္ဌာန်းသော အကုသိုလ်တည်း။ |
29,537 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ထို့ပြင်-သတ်နည်းဖြတ်နည်း တိုက်ခိုက်နည်း လက်နက်ကောင်းကောင်း လုပ်နည်းများကို နားလည်သောဉာဏ်များလည်း ရှိသေးသည်။ |
29,538 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ထိုဉာဏ်များလည်း ပညာစစ် မဟုတ်၊ နောက်၌ပြမည့် “ဝိတက်”သော အကြံကောင်းသော အကုသိုလ်သာ ဖြစ်သည်။ |
29,539 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | သို့သော် ထိုပြခဲ့သော ပညာအတုများသည် ထူထိုင်း ဖျင်းအသူတို့မှာ မရှိ၊ ပင်ကိုယ်က ပညာအစစ်အမှန် ဓာတ်ခံပါသူ၊ အတွေအကြုံ အကြားအမြင် (ဗဟုသုတ) များသူတို့၌သာ ဖြစ်နိုင်ပေသည်။ |
29,540 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | အစစ်အမှန် ပညာဉာဏ်က ပညာအတုအား ပကတူပနိဿယခေါ် ပဋ္ဌာန်းပစ္စည်းဖြင့် ကျေးဇူးပြုသည်ဟု ဆိုလိုသည်။ |
29,541 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ထို့ကြောင့် ပင်ကိုယ်က ဉာဏ် ထက်မြက်သူတို့မှာ ကောင်းသော လုပ်ငန်း ကုသိုလ်လမ်း၌ အမြင့်ဆုံး အတန်းသို့ ရောက်အောင် စွမ်းနိုင်ကြသကဲ့သို့၊ မကောင်းလုပ်ငန်း အကုသိုလ်လမ်း၌လည်း ကမ်းကုန်လမ်းကုန် အဂွမ်းကုန် ဆိုးသွမ်းနိုင်ကြလေသည်။ |
29,542 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ဇာတိနှင့် ပဝတ္တိပညာ |
29,543 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | အစစ် ဖြစ်သော ပညာသည် ဇာတိပညာ-ပဝတ္တိပညာဟု ၂-မျိုး ရှိ၏။ |
29,544 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ပဋိသန္ဓေ တည်နေစဉ်ကပင် အလောဘ အဒေါသ အမောဟ ၃ မျိုးပါလာသူကို “တိဟိတ်ပုဂ္ဂိုလ်”ဟု ခေါ်သည်။ |
29,545 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | “ပဋိသန္ဓေစိတ်မှာ အလောဘ စသော ဟိတ် ၃ ပါးရှိသူ”ဟု ဆိုလိုသည်။ |
29,546 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ထိုတိဟိတ်ပုဂ္ဂိုလ်၏ အမောဟခေါ် ပညာသည် ဇာတိပညာ (ဝမ်းတွင်းပါ ပညာ)တည်း။ |
29,547 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ထို ဇာတိပညာ ပါသူသည် ကလေးဘဝကပင် ပြောပြ၍ နားလည်လွယ်၏။ |
29,548 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | တောင်တောင် ဤဤ ကြံစည်တတ် တွေးတော စဉ်းစား တတ်၏။ |
29,549 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ပဋိသန္ဓေပညာ မပါခဲ့ပဲ ပဝတ္တိအခါကျမှ (ဖွားမြင်လာမှ) မိကောင်း ဘကောင်းတို့က သင်ပြခြင်း၊ အရွယ်ရောက်၍ စာပေသင်ခြင်း၊ ကြီးရင့်သည့်အခါ ပညာရှိထံ မေးမြန်းလေ့ စုံစမ်းလေ့ ရှိခြင်း၊ ဗဟုသုတ ရှာမှီးခြင်း စသည်တို့ကြောင့် တတ်သိနားလည်သော ပညာသည် ပဝတ္တိပညာ မည်၏။ |
29,550 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ထို့ကြောင့် ဇာတိပညာ မပါသူသည် ပဝတ္တိပညာ ဖြစ်အောင် ထူထောင်နိုင် သေး၏။ |
29,551 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ဇာတိပညာ ပါလာသည့်ပြင် (ပြခဲ့သောနည်းဖြင့်) ပဝတ္တိပညာကိုလည်း ရပြန်ပါမူ အထက်တန်းရောက်သူတို့တွင် ပါဝင်နိုင်သည်။ |
29,552 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ဇာတိပညာရှိအောင် ပျိုးထောင်နည်း |
29,553 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ပဋိသန္ဓေက ဉာဏ်ဓာတ် ပါလာခြင်းသည် လောကီ၌သာ အကျိုးများသည် မဟုတ်သေး။ |
29,554 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | တရား အားထုတ် ပျိုးထောင်နည်းရာ၌လည်း အကျိုးများ၏။ |
29,555 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ပဋိသန္ဓေ ပညာရှိသူသာ တရားအားထုတ်၍ ပေါက်နိုင်၏။ |
29,556 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ထို့ကြောင့် ဖြစ်လေရာဘဝတို့၌ ပဋိသန္ဓေ ပညာရှိဖြစ်အောင် ယခုဘဝကပင် ထူထောင်သင့်ကြသည်။ |
29,557 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ထူထောင်နည်း တချို့ကား- ပထမဆုံး အသိအလိမ္မာ ဉာဏ်ပညာ ထက်မြက်သူ ဖြစ်ချင်ရမည်။ |
29,558 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ထိုသို့ ဖြစ်ချင်သည့် အတိုင်းလည်း အသိအလိမ္မာ ဉာဏ်ပညာ တိုးပွားအောင် ရေးသားအပ်သော ကျမ်းစာတို့ကို စိတ်ပါ လက်ပါ ကြည့်ရှုရမည်။ |
29,559 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ပညာရှိနှင့် ဆက်ဆံ၍ ထိုသူ့အထံမှ အကြံဉာဏ် အကောင်းများကို မေးမြန်းမှတ်သား ရမည်။ |
29,560 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ဤမျှလောက် ကြိုးစားလျှင်ပင် ပဝတ္တိဉာဏ်တိုးပွား၍ အရာရာ၌ စဉ်းစားတတ်သူ ဖြစ်လာပါလိမ့်မည်။ |
29,561 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ထိုအခါ နောင်သံသရာအတွက် ဉာဏ်ပညာ အထုံပလောက်ပေပြီ။ |
29,562 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | သို့သော် အားမရသင့်သေးပါ။ |
29,563 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ဉာဏ်ပညာ ပွင့်လင်းအောင် အဝတ်အစား အိပ်ရာ နေရာမှစ၍ တကိုယ်လုံး အမြဲ သန့်သန့်ရှင်းရှင်း ရှိစေရမည်။ |
29,564 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ဒါန စသော ကုသိုလ်ပြုတိုင်း “ဉာဏ်ပညာ ထက်မြက်သူ ဖြစ်ရပါလို၏”ဟု စိတ်ကလည်း ညွှတ်ရမည်၊ နှုတ်ကလည်း ရွတ်ဆို ဆုတောင်းရမည်။ |
29,565 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ရဟန်း သံဃာ လှူဒါန်းရာ၌လည်း “စာပေကို သင်ယူနိုင် ပို့ချ ရေးသားနိုင်ပါစေ”ဟု စိတ်စေတနာ ဖြစ်စေရမည်။ |
29,566 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | တတ်နိုင်ပါမူ စာသင်ကျောင်းတိုက် တည်ထောင်၍ စာပို့ချနိုင်သော ပုဂ္ဂိုလ်ကို ကိုးကွယ်ကာ ပို့ချနိုင်အောင်လည်း ထောက်ပံ့ရမည်။ |
29,567 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | လူ စာသင်ကျောင်းများကိုလည်း ထောက်ပံ့ရမည်။ |
29,568 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | တိုင်းသူပြည်သားတို့ ပညာတိုးပွားအောင် ကူညီရမည်။ |
29,569 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | မိမိတတ်သိသမျှကို သူတပါးအား ပြောပြချင်စိတ်၊ နားလည်စေချင်စိတ် ရှိရမည်။ |
29,570 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ဤသို့ စသည်ဖြင့် ပညာဘက်၌ စိတ်ထက်သန်သူသည် ဘဝသံသရာဝယ် ကြီးကျယ်သော ပညာရှင် ဖြစ်နိုင်ပါသည်။ |
29,571 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ဤကား နောက်ဘဝ အဆက်ဆက်၌ ဇာတိပညာ (ဝမ်းတွင်း ပညာရှိ) ဖြစ်အောင် ပျိုးထောင်နည်း ပေတည်း။ |
29,572 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | သဒ္ဓါနှင့် ပညာ ကွာခြားပုံ |
29,573 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | သဒ္ဓါ၏ သဘောကား စွန့်ကြဲပေးကမ်း လှူဒါန်းရလျှင်ပြီးရော၊ နောင်သံသရာမှာ ချမ်းချမ်းသာသာ ဖြစ်ဖို့သာ အရေးကြီး၏။ |
29,574 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | အမျိုးဘာသာ သာသနာ ကြီးပွားရေးကို လေးလေးနက်နက် သတိမထားတတ်။ |
29,575 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ပညာ၏သဘောကား အမျိုးဘာသာ သာသနာ ပညာရေးကို လေးလေးနက်နက် စဉ်းစားပြီးလျှင် အကျိုးရှိလောက်မှလှူသည်။ |
29,576 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | အကြောင်းကောင်းလျှင် အကျိုးကောင်းမည်ဟု (ကံ-ကံ၏အကျိုးကို) ယုံကြည်ပြီးဖြစ်၍ နောက်ဘဝ၌ အကျိုးရဖို့ အရေးကို အထူးတလည် တွေးမနေတော့။ |
29,577 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ဤသို့လျှင် သဒ္ဓါနှင့် ပညာသည် အခြေတည်က စ၍ပင် ကွာချင်တိုင်း လာသည်။ |
29,578 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | မြန်မာနိုင်ငံကို သဒ္ဓါမျက်စိ၊ ပညာမျက်စိဖြင့် တမျိုးစီ ကြည့်ကြပေလိမ့်မည်။ |
29,579 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | သို့ရာတွင် အစုံကြည့်ခြင်း မဟုတ်ပဲ တဘက်စီခွဲ၍ အလွန်အကဲ ကြည့်ခြင်းကား သဒ္ဓါလည်း မကောင်း၊ ပညာလည်း မကောင်းပင်။ |
29,580 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ၂-ဘက်စုံ ကြည့်တတ်မှသာ ကောင်းပါသည်။ |
29,581 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | “သဒ္ဓါလွန်တော့ တဏှာ၊ ပညာလွန်တော့ မာယာ”ဟု ကျမ်းလာဆိုရိုး ရှိပါသည်။ |
29,582 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | သဒ္ဓါမျက်--ပညာမျက်စိဖြင့် တဘက်စီ ကြည့်ကြပုံ၊ ၂-ဘက်စုံ ကြည့်ကြပုံကို စုံစုံလင်လင် ရေးရလျှင် ကျမ်းစာတစောင် ဖြစ်အောင်ရေးမှသာ လုံလောက်ဖွယ်ရှိသောကြောင့် ဤနေရာ၌ မရေးပဲ လျစ်လျူရှုရတော့မည်။ |
29,583 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | တိုက်တွန်းချက် |
29,584 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | အို-အမျိုးသားတို့.....အသိအလိမ္မာ ဉာဏ်ပညာ ဟူသည် အစစ်ဖြစ်စေ၊ အတုဖြစ်စေ မိမိ၌ ဓာတ်ခံရှိဖို့ အရေးကြီးလှပေသည်။ |
29,585 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | လူတို့ အသက်ရှင်ဖိုအရေး၌ နှလုံးသည်းပွတ်သည် အရေးအကြီးဆုံး ဖြစ်သကဲ့သို့၊ လောကသံသရာ ၂-ဖြာ ကြီးပွားရေး၌လည်း ဉာဏ်ပညာသည် အရေးအကြီးဆုံး နှလုံးသည်းပွတ်ပင် ဖြစ်၏။ |
29,586 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ဒါန သီလ စသော ပါရမီ အားလုံး၏ အကျိုးကို ဉာဏ်ပညာရှိသူသာ အဆုံးတိုင်သိနိုင်၍ ဉာဏ်ပညာကြောင့်သာ ထိုပါရမီများ ပြည့်ဝကြပေသည်။ |
29,587 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | လောက၌လည်း အိမ်တွင်းရေး ငြိမ်းချမ်းမှုသည် သမီးခင်ပွန်း ၂-ယောက်၏ အသိအလိမ္မာ ဉာဏ်ပညာ အပေါ်မှာ တည်သည် မဟုတ်လော။ |
29,588 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | သားရေး၊ သမီးရေး၊ စီးပွားရေး၊ ကြီးပွားရေးတို့၌လည်း ဉာဏ်ပညာရှိမှ ဝီရိယအကျိုး နားလည်၍ လုံ့ လစိုက်ကာ သာသာယာယာ ရှိစေနိုင်သည်။ |
29,589 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ပရိသတ်ဗိုလ်ပုံတို့၏ အလယ်မှာလည်း “ပညာရဲရင့်သူတို့သာ ပွဲလယ်တင့်” နိုင်ကြသည်။ |
29,590 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ဗူးလုံး နားမထွင်း အဖျင်း အအ ပညာပိုင်းက အောက်တန်းကျနေသူတို့မှာ စည်းစိမ် ရှင်ပင် ဖြစ်သော်လည်း အထက်တန်းသို့ မတက်လှမ်းနိုင်ကြပါ၊ |
29,591 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ကမ္ဘာကို လွှမ်းမိုး၍ အုပ်စိုးနိုင်သော သတ္တိမှာ ဤ ပညာ အရည်အချင်းသာတည်း။ |
29,592 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ဓနရှင်တို့မှာ ထိုပညာရှင်တို့ကို ကူညီကြသဖြင့် ကြီးပွားရေး၌ဝေစုရသူ များသာ ဖြစ်လေသည်။ |
29,593 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | အသေးအဖွဲ့ ရန်ပွဲကလေးမှစ၍ တိုင်းနိုင်ငံချင်း စစ်ခင်းသည်အထိ ပညာရှိတို့ဘက်မှ အောင်ပွဲရစမြဲ ဖြစ်သည်။ |
29,594 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | စတုဓမ္မဇာတ်တော်၌ ဂင်္ဂါမြစ် အတွင်း သူ့နယ်ဖြစ်သော စစ်တလင်းမှာပင် အလောင်းတော် မျောက်မင်းက ဝဉ္စနာပညာဖြင့်လှည့်စား၍ မိကျောင်းကို အနိုင်ရခဲ့ဖူးလေသည်။ |
29,595 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | [ဤ ဝတ္ထု၌ လှည့်စားတတ်သော ဉာဏ်သည် ပညာအတုသာ ဖြစ်၏။ |
29,596 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | သို့သော် လောကီ ကြီးပွားရေး၌ ဤ ပညာအတုလည်း များစွာ အသုံးကျသည်ပင်။ |
29,597 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ] မဟောသဓာ ဇာတ်တော်၌လည်း မရေမတွက်နိုင်လောက်အောင် မြားမြောင် လှစွာသော စစ်တပ်တို့ဖြင့် ချဉ်းကပ်လာသော ကေဝဋ်ပုဏ္ဏားနှင့် စူဠဏီမင်းကို အလောင်းတော်၏ပညာအစွမ်းဖြင့် ကျီးခြောက်သလိုခြောက်လှန့်၍ ခန့်ခန့်ကြီး အောင်ပွဲယင်ခဲ့ရပေသည်။ |
29,598 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ပညာဘက်၌ အလိုက်အစား နည်းခဲ့သောဤ မြန်မာ နိုင်ငံကိုလည်း ရေနံတွင်း၊ ကျောက်တွင်းနှင့် သစ်တောများကို သွားရည်ယိုသော ဝဉ္စနာ ပညာရှင်တို့က သူငယ်နှပ်စား-ကလေးကို လှည့်စားသလို သိမ်းယူသွား သည်မှာ သူတို့၏ ပညာစွမ်းပင် ဖြစ်လေသည်။ |
29,599 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ယခုအချိန်တိုင်အောင် ကူးသန်းရောင်းဝယ်မှု၌ ဉာဏ်မျက်စိ စူးရှသော နိုင်ငံခြားသားတို့က ငါတို့ အမျိုးသား အမျိုးသမီးတွေကို ကလေးလို သဘော ထား၍ ပစ္စည်းရော လူပါ အညွန့်ခူးချင်တိုင်း ခူးနေကြသည့်ပြင် အောက်တန်း စားဟု ထင်ရသော နိုင်ငံခြားသား လက်လီ ကုန်သည်ကလေးများကလည်း ထထကြွကြွ ဝီရိယဖြင့် စားပေါက်စားလမ်းကို အစွမ်းကုန် နှိုက်နေကြသည်။ |
29,600 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ငါတို့ အမျိုးသားတွေက “ဖိုးသူတော် ကျပ်တလုံးနှင့် ညောင်ပင်ကုန်းမှာ အိပ်ပျော်နေကြတုန်းပင်”။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.