id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
301 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ဘုရားလောင်းသည် ဆွဲငင်အပ်သည်ရှိသော် ပုဇွန်ကိုဆောင်အံ့သောငှါ မတတ်နိုင်၊ ပုဇွန်သည်ကား ဘုရားလောင်းကိုငင်လျက် မိမိသို့ ရှေးရှုသည်ကို ပြု၏။ |
302 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ဘုရားလောင်းသည် သေဘေးမှ ကြောက်သည်ဖြစ်၍ မိသော မြည်ခြင်းကို မြည်၏။ |
303 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ခပ်သိမ်း သော ဆင်တို့သည် ဘေးမှကြောက်ကုန်ရကား ကြိုးကြာသံနှင့်တူသော အသံကိုမြည်၍ ကျင်ကြီးကျင်ငယ်ကို စွန့်ကုန်လျက် ပြေးကုန်၏။ |
304 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ဆင်မသည်လည်း ကြောက်ခြင်းကို သည်းခံအံ့သောငှါ မတတ်နိုင်၍ ပြေးအံ့သောငှါ အားထုတ်၏။ |
305 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ထိုအခါ ထိုဆင်မကို ဘုရားလောင်းသည် မိမိအား ပုဇွန်၏ ညှပ်မိသည်၏အဖြစ်ကို သိစေ၍ ထိုဆင်မကို မပြေးစိမ့်သောငှာ- |
306 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ၄၉။ သိင်္ဂီမိဂေါ အာယတစက္ခုနေတ္တော၊အဋ္ဌိတ္တစော ဝါရိသယော အလောမော။ |
307 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | တေနာဘိဘူတော ကပဏံ ရုဒါမိ၊မာဟေဝ မံ ပါဏသမံ ဇဟေယျ။ |
308 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။ |
309 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ၄၉။ ကရေဏုကေ၊ ဆင်မ၊ သိင်္ဂီမိဂေါ၊ ရွှေပုဇွန်သည်။ |
310 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | အာယတစက္ခုနေတ္တော၊ ရှည်သော မျက်စိရှိ၏။ |
311 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | အဋ္ဌိတ္တစော၊ အရိုးဟူသော အရေရှိ၏။ |
312 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ဝါရိသယော၊ ရေ၌နေ၏။ |
313 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | အလောမော၊ အမွေးမရှိ။ |
314 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | တေန၊ ထိုရွှေဗုဇွန်သည်။ |
315 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | အဘိဘူတော၊ နှိပ်စက်အပ်သည်ဖြစ်၍။ |
316 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | အဟံ၊ ငါသည်။ |
317 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ကပဏံ၊ သနားဘွယ်။ |
318 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ရုဒါမိ၊ ငို၏။ |
319 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ပါဏသမံ၊ အသက်နှင့်တူသော။ |
320 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | မံ၊ ငါ့ကို။ |
321 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | မာဟေဝ ဇဟေယျ၊ မစွန့်ပါလင့်။ |
322 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ထိုအခါ ဘုရားလောင်းအား ဆင်မသည် ပြန်၍ နှစ်သိမ့်စေလျက်- |
323 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ၅၀။ အယျ န တံ ဇဟိဿာမိ၊ ကုဉ္စရံ သဋ္ဌိဟာယနံ။ |
324 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ပထဗျာ စာတုရန္တာယ၊ သုပိယော ဟောသိ မေ တုံဝံ။ |
325 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။ |
326 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ၅၀။ အယျ၊ အရှင်။ |
327 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | သဋ္ဌိဟာယနံ၊ အနှစ်ခြောက်ဆယ် ရှိသောကာလ၌ အားယုတ်သော။ |
328 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ကုဉ္ဇရံ၊ ဆင်မင်း ဖြစ်သော။ |
329 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | တံ၊ သင့်ကို။ |
330 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | န ဇဟိဿာမိ၊ မစွန့်အံ့။ |
331 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | စာတုရန္တာယ စ၊ သမုဒ္ဒရာလေးစင်း အဆုံးရှိသော။ |
332 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ပထဗျာ၊ မြေ၌။ |
333 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | တုဝံ၊ သင့်ကို။ |
334 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | မေ၊ ငါသည်။ |
335 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | သုပိယော၊ အလွန်ချစ်သည်။ |
336 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | အဟောသိ၊ ဖြစ်၏။ |
337 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ထိုအခါ ဘုရားလောင်းကို တောင်းပန်၍ အရှင်ယခု သင့်ကို ပုဇွန်နှင့်တကွ အတန်ငယ် စကားပြောဆို၍ လွတ်စေအံ့ဟု ဆို၍ ပုဇွန်ကို တောင်း ပန်လိုရကား- |
338 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ၅၁။ ယေ ကုဠီရာ သမုဒ္ဒသ္မိံ၊ ဂင်္ဂါယ ယမုနာယ စ။ |
339 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | တေသံ တွံ ဝါရိဇော သေဋ္ဌော၊ မုဉ္စ ရောဒန္တိယာ ပတိံ။ |
340 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။ |
341 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ၅၁။ အယျ၊ အရှင်ဗုဇွန်။ |
342 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ဝါရိဇော၊ ရေ၌ဖြစ်သော။ |
343 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | တွံ၊ သင်သည်။ |
344 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | သမုဒ္ဒသ္မိံ၊ သမုဒ္ဒရာ၌၎င်း။ |
345 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ဂင်္ဂါယ စ၊ ဂင်္ဂါ၌၎င်း။ |
346 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ယမုနာယ စ၊ ယမုနာ၌၎င်း။ |
347 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ယေ ကုဠီရာ၊ အကြင်ဗုဇွန်တို့သည်။ |
348 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | သန္တိ၊ ရှိကုန်၏။ |
349 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | တေသံ၊ ထိုဗုဇွန်တို့ထက်။ |
350 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | သေဋ္ဌော၊ မြတ်၏။ |
351 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ရောဒန္တိယာ၊ ငိုသော ငါ၏။ |
352 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ပတိံ၊ လင်ကို။ |
353 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | မုဉ္စ၊ လွှတ်လော့။ |
354 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ပုဇွန်သည် ဆင်မအသံ၌ မိန်းမသံဟူသော အာရုံကိုယူ၍ မိန်းမသံသည် ငင်အပ်သော စိတ်ရှိသည်ဖြစ်၍ ဆင်ခြေမှ တက်မတို့ကို ဖြေသကဲ့သို့ လျော့စေလျှက် ဤဆင်သည် လျော့သည်ရှိသော် ဤမည်သော အမှုကို ပြုလတ္တံ့ဟု တစုံတခုကို မသိသည်ဖြစ်၏။ |
355 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ထိုအခါ ဆင်သည် ခြေကိုချီ၍ ပုဇွန်၏ ကျောက်ကုန်း၌ နင်း၏။ |
356 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ထိုခဏ၌လျှင် အရိုးတို့သည် ကွဲကုန်၏။ |
357 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ဆင်သည် ဝမ်းမြောက်သောအသံဖြင့် မြည်၏။ |
358 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ခပ်သိမ်းသော ဆင်တို့သည် စည်းဝေး၍ ပုဇွန်ကိုထုတ်၍ ရေကန် ၏အပဖြစ်သော အပြင်၌ ထားလျက် မှုန့်မှုန့်ညက်ညက် ကြေစေကုန်၏။ |
359 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ထိုပုဇွန်၏ နှစ်ခုသော တက်မတို့ကို ကိုယ်မှခွဲ၍ လျောက်ပတ်သောအရပ်၌ ထားကုန်၏။ |
360 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ထိုကုဠီရ ရေကန်သည် ဂင်္ဂါမြစ်နှင့် တစင်တည်းဖြစ်၍ ဂင်္ဂါရေ ပြည့်သောကာလ၌ ရေဖြင့် ပြည့်၏။ |
361 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ဂင်္ဂါရေ နည်းသည်ရှိသော် ရေကန်မှရေသည် ဂင်္ဂါသို့ ဝင်၏။ |
362 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ထိုအခါ နှစ်ခုသော ထက်သော တက်မတို့သည်လည်း ဂင်္ဂါ၌ မျောကုန်၏။ |
363 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | တခုသော တက်မသည် သမုဒ္ဒရာသို့ဝင်၍ တခုသော တက်မကိုကား ဒသဘာတိကမင်းတို့သည် ရေကန်၌ ကစားကုန်သော် ရကုန်၍ အာလိင်္ဂမည်သော မရိုးစည်ကို ပြုကုန်၏။ |
364 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | သမုဒ္ဒရာသို့ဝင်သော တက်မကိုကား အသုရာတို့သည် ယူကုန်၍ အာလမ္ဗရမည်သော စည်ကို ပြုကုန်၏။ |
365 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ထိုအသုရာတို့သည် နောက်ကာလ၌ သိကြားမင်းနှင့် စစ်ထိုးကုန်လတ်သော် ရှုံးကုန်၍ အာလမ္ဗရစည်ကို ပစ်၍ ပြေးကုန်၏။ |
366 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ထိုအခါ ထိုအာလမ္ဗရစည်ကို သိကြားမင်းသည် မိမိအကျိုးငှါ ယူခဲ့စေ၏။ |
367 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ထိုစည်ကိုရည်၍ အာလမ္ဗရမိုဃ်းကဲ့သို့ မြည်၏ဟု ဆိုကြကုန်၏။ |
368 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ဇာတ်ပေါင်း... မြတ်စွာဘုရားသခင်သည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ |
369 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | သစ္စာကို ပြတော်မူသည်၏အဆုံး၌ နှစ်ယောက်သော လင်မယားတို့သည် သောတာပတ္တိဖိုလ်၌ တည်၏။ |
370 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ သီတင်းသည်မသည် ထိုအခါ ဆင်မ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဆင် ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။ |
371 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ပညာဉာဏ်ကပ်၊ မိန်းမမြတ်၊ ဖြစ်ရပ်အထူး သက်ကယ်ဘူး |
372 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကဋကဇာတ် | ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကက္ကဋ္ဋကဇာတ်သည် ပြီး၏။ |
373 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | စတုက္ကနိပါတ် - ကုဋိဒူသကဝဂ် |
374 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | ၆။ ကက္ကာရုဇာတ် |
375 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | နတ်ပန်းခိုင် |
376 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်ကာယေန ယော နာဝဟရေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကက္ကာရုဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ |
377 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | ဒေဝဒတ်သည် သံဃာကိုသင်းခွဲ၍ ပရိသတ်သည် အဂ္ဂသာဝကတို့နှင့်တကွ ဖဲခွါလတ်သည်ရှိသော် ဒေဝဒတ်၏ ခံတွင်းမှ ပူသောသွေးသည် အန်၏။ |
378 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | ထိုအခါ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဒေဝဒတ်သည် မုသားဆိုခြင်းကိုပြု၍ သံဃာကို သင်းခွဲ၏။ |
379 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | ယခုနာ၍ ကြီးစွာသောဆင်းရဲကို ခံရ၏ဟု စကားကို ဖြစ်စေကုန်၏။ |
380 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော် လျောက်သည်ရှိသော် |
381 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | ရဟန်းတို့ ဒေဝဒတ်သည် ယခုသာလျှင် မုသားဆိုသည် မဟုတ်သေး၊ ရှေး၌လည်း မုသားဆိုသလျှင်ကတည်း၊ ယခုသာလျှင် မုသားဆို၍ ကြီးစွာသော ဆင်းရဲကို ခံရသည် မဟုတ်သေး၊ ရှေး၌လည်း ခံရဘူးသလျှင် ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။ |
382 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တာဝတိံသာနတ်ပြည်၌ မထင်ရှားသော နတ်သားဖြစ်၏။ |
383 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | ထိုအခါ ဗာရာဏသီပြည်၌ ကြီးစွာသော ပွဲသဘင်သည် ဖြစ်၏။ |
384 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | များစွာကုန်သော နဂါး, ဂဠုန်, ဘုမ္မစိုဝ်းနတ်တို့သည် လာ၍ ပွဲသဘင်ကို ကြည့်ကုန်၏။ |
385 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | တာဝတိံသာ နတ်ပြည်မှလည်း လေးယောက်ကုန်သော နတ်သားတို့သည် ကက္ကာရုမည်သော နတ်ပန်းတို့ဖြင့် ပြုအပ်သော ပန်းကုံးတို့ကိုပန်၍ ပွဲသဘင်ကြည့်အံ့သောငှါ လာကုန်၏။ |
386 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | တဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီမြို့သည် ထိုပန်းတို့၏အနံ့ဖြင့် တစပ်တည်းသော အနံ့ရှိ၏။ |
387 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | လူတို့သည် ဤပန်းတို့ကို အဘယ်သူသည် ပန်အပ်ကုန်သနည်းဟု ဆင်ခြင်ကုန်လျက် သွားကုန်၏။ |
388 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | ထိုနတ်သားတို့သည် ငါတို့ကို ထိုလူတို့သည် ဆင်ခြင်ကုန်၏ဟု သိ၍ မင်းယင်ပြင်သို့ ပျံ၍ ကြီးစွာသော နတ်တို့၏ အာနုဘော်ဖြင့် ကောင်းကင်၌ တည်ကုန်၏။ |
389 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | လူများသည် စည်းဝေး၏။ |
390 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | မင်းသည်လည်း အိမ်ရှေ့ မင်းအစရှိကုန်သော သူတို့နှင့်တကွ သွား၏။ |
391 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | ထိုအခါ ထိုနတ်သားတို့ကို အရှင်နတ်သားတို့ အရှင်တို့သည် အဘယ်နတ်ပြည်မှ လာကုန်သနည်းဟု မေးကုန်၏။ |
392 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | တာဝတိံသာနတ်ပြည်မှ လာကုန်၏ဟု ဆိုကုန်၏။ |
393 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | အဘယ်အမှုဖြင့် လာကုန်သနည်းဟု မေးကုန်၏။ |
394 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | ပွဲကြည့်အံ့သောငှါ လာကုန်၏ဟု ဆိုကုန်၏။ |
395 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | ဤပန်းတို့သည်ကား အဘယ်အမည်ရှိကုန်သော ပန်းတို့နည်းဟု မေးကုန်၏။ |
396 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | ကက္ကာရုမည်သော နတ်ပန်းတို့တည်းဟုဆိုကုန်၏။ |
397 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | အရှင်နတ်သားတို့ အရှင်တို့သည် နတ်ပြည်၌ တပါးကုန်သော ပန်းတို့ကို ပန်ဆင်ပါကုန်လော၊ ကျွန်ုပ်တို့အား ဤပန်းတို့ကို ပေးပါကုန်လောဟု တောင်းကုန်၏။ |
398 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | နတ်သားတို့သည် ကက္ကာရုနတ်ပန်းတို့သည်ကား အာနုဘော်ကြီးကုန်၏။ |
399 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | နတ်တို့အားသာလျှင် ထိုက်ကုန်၏။ |
400 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကက္ကာရုဇာတ် | လူ့ပြည်၌ ယုတ်မာကုန်သော ပညာမရှိကုန်သော ယုတ်မာသော နှလုံးသွင်းရှိကုန်သော သီလမရှိကုန်သော သူတို့အား မထိုက်ကုန်၊ အကြင် လူတို့သည်ကား ဤသို့ သဘောရှိသည်လည်းဖြစ်ကုန်သော ဤသို့သဘောရှိသည်လည်း ဖြစ်ကုန်သော ဂုဏ်တို့နှင့် ပြည့်စုံကုန်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.