id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
401
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ထိုသူတို့အား ထိုက်ကုန်၏ဟု ဆိုကုန်၏။
402
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ဤသို့ဆိုပြီး၍ ထိုနတ်သားတို့တွင် နတ်သားအကြီးသည်-
403
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
၁၀၁။ ကာယေန ယော နာဝဟရေ၊ဝါစာယ န မုသာ ဘဏေ။
404
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ယသော လဒ္ဓါ န မဇ္ဇေယျ၊သ ဝေ ကက္ကာရုမရဟတိ။
405
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
၁၀၁။ ယော၊ အကြင်သူသည်။
406
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ကာယေန၊ ကိုယ်ဖြင့်။
407
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
နာဝဟရေ၊ သူ့ဥစ္စာကိုမခိုး။
408
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ဝါစာယ၊ နှုတ်ဖြင့်။
409
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
မုသာ၊ မဟုတ်မမှန်သော စကားကို။
410
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
န ဘဏေ၊ မဆို။
411
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ယသော၊ စည်းစိမ်ကို။
412
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
လဒ္ဓါ၊ ရ၍။
413
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
န မဇ္ဇေယျ၊ မမေ့မလျော့ရာ။
414
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
သော၊ ထိုသူသည်။
415
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ဝေ၊ စင်စစ်။
416
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ကက္ကာရုံ၊ ကရုမည်သောနတ်ပန်းကို။
417
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
အရဟတိ၊ ထိုက်၏။
418
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ထိုစကားကိုကြား၍ ပုရောဟိတ်သည် ငါ့အား ဤကျေးဇူးတို့တွင် တခုသော ကျေးဇူးသည်မျှလည်း မရှိ၊ မဟုတ်မမှန်သော စကားကိုဆို၍ ထိုပန်းတို့ကိုယူ၍ ပန်အံ့၊ ဤသို့ ပန်ဆင်သည်ရှိသော် လူများသည် ငါ့ကို ဤပုဏ္ဏားကား ကျေးဇူးဂုဏ်နှင့် ပြည့်စုံသောသူတည်းဟု သိလတ္တံ့ဟု ကြံ၏။
419
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ကြံပြီး၍ ထိုပုရောဟိတ်သည် ကျွန်ုပ်သည် ထိုကျေးဇူးတို့နှင့် ပြည့်စုံ၏ဟုဆို၍ ထိုကက္ကာရုပန်းတို့ကို ပေးစေ၍ ပန်ဆင်၍ နှစ်ယောက်မြောက်သော နတ်သားကို တောင်း၏။
420
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ထိုနတ်သားသည်လည်း-
421
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
၁၀၂။ ဓမ္မေန ဝိတ္တမေသေယျ၊န နိကတျာ ဓနံ ဟရေ။
422
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ဘောဂေ လဒ္ဓါ န မဇ္ဇေယျ၊သ ဝေ ကက္ကာရုမရဟတိ။
423
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ဟူသော နှစ်ခုမြောက်ဖြစ်သော ဤဂါထာကို ဆို၏။
424
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
၁၀၂။ ယော၊ အကြင်သူသည်။
425
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ဓမ္မေန၊ တရားသဖြင့်။
426
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ဝိတ္တံ၊ ဥစ္စာကို။
427
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ဧသေယျ၊ ရှာရာ၏။
428
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
နိကတျာ၊ စဉ်းလဲသဖြင့်။
429
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ဓနံ၊ ဥစ္စာကို။
430
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
န ဟရေ၊ မဆောင်ရာ။
431
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ဘောဂေ၊ စည်းစိမ်တို့ကို။
432
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ကက္ကာရုံ၊ ကက္ကာရု မည်သော နတ် ပန်းကို။
433
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ပုရောဟိတ်သည် အကျွန်ုပ်သည် ဤကျေးဇူးတို့နှင့်ပြည့်စုံ၏ဟု ဆို၍ ထိုပန်းတို့ကို ပေးစေ၍ ပန်ဆင်၍ သုံးယောက်မြောက်သော နတ်သားကို တောင်း၏။
434
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
သုံးယောက်မြောက်သော နတ်သားသည်လည်း-
435
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
၁၀၃။ ယဿ စိတ္တံ အဟာလိဒ္ဒံ၊သဒ္ဓါ စ အဝိရာဂိနီ။
436
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ဧကော သာဒုံ န ဘုဉ္ဇေယျ၊သ ဝေ ကက္ကာရုမရဟတိ။
437
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။
438
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
၁၀၃။ ယဿ၊ အကြင်သူ၏။
439
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
စိတ္တံ၊ စိတ်သည်။
440
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
အဟာလိဒ္ဒံ၊ နနွင်းဆိုးသော အရည်ကဲ့သို့ လျင်မြန်စွာ ပြေတတ်သည် မဟုတ်။
441
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
သဒ္ဓါ စ၊ ကံ ကံ၏ အကျိုးကို ယုံကြည်ခြင်းသည်လည်း။
442
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
အဝိရာဂိနီ၊ အနည်းငယ်ဖြင့်လျှင် ပြေသည်မဟုတ်။
443
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
သာဒုံ၊ သာယာအပ်သော ဘောဇဉ်ကို။
444
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ဧကော၊ တယောက်တည်း။
445
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
န ဘုဉ္ဇေယျ၊ မစားရာ။
446
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ကက္ကာရုံ၊ ကက္ကာရုမည်သောနတ်ပန်းကို။
447
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ပုရောဟိတ်သည် အကျွန်ုပ်သည် ဤဂုဏ်တို့နှင့် ပြည့်စုံ၏ဟုဆို၍ ထိုပန်းတို့ကို ပေးစေ၍ ပန်ဆင်၍ လေးယောက် မြောက်သော နတ်သားကို တောင်း၏။
448
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
၁၀၄။ သမ္မုခါ ဝါ တိရောက္ခာ ဝါ၊ယော သန္တေ န ပရိဘာသတိ။
449
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ယထာဝါဒီ တထာကာရီ၊သ ဝေ ကက္ကာရုမရဟတိ။
450
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။
451
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
၁၀၄။ ယော၊ အကြင်သူသည်။
452
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
သမ္မုခါ ဝါ၊ မျက်မှောက်၌၎င်း။
453
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
တိရောက္ခာ ဝါ၊ မျက်ကွယ် ၌၎င်း။
454
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
သန္တေ၊ သူတော်ကောင်းတို့ကို။
455
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
န ပရိဘာသတိ၊ မဆဲရေး။
456
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ယထာဝါဒီ၊ အကြင်အခြင်းဖြင့် ဆို၏။
457
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
တထာကာရီ၊ ထိုအခြင်းဖြင့် ပြုလေ ရှိ၏။
458
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
( ယထာဝါဒီ တထာကာရီ၊ အပြောနှင့်အလုပ် ညီညွတ်၏ ) သော၊ ထိုသူသည်။
459
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ကက္ကာရုံ၊ ကက္ကာရုမည်သော နတ်ပန်းကို။
460
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ပုရောဟိတ်သည် ပေးလော့ အကျွန်ုပ်သည် ဤဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံ၏ဟုဆို၍ ထိုပန်းတို့ကိုပေးစေ၍ ပန်ဆင်၏။
461
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
လေးယောက်သော နတ်သားတို့သည် လေးခုသောပန်းကုံးတို့ကို ပုရောဟိတ်အား ပေး၍ နတ်ပြည်သို့လျှင် သွားကုန်၏။
462
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
နတ်သားတို့၏ သွားသောကာလ၌ ပုရောဟိတ်၏ ဦးခေါင်း၌ ကြီးစွာသော ဝေဒနာသညါ ဖြစ်၏။
463
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ဦးခေါင်းသည် ထက်စွာသောအသွားဖျားရှိသော ဆောက်ဖြင့် ဖြတ်ဘိသကဲ့ သို့၎င်း သံပြားဖြင့်နှိပ်ဘိသကဲ့သို့၎င်း ဖြစ်၏။
464
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ထိုပုရောဟိတ်သည် ဝေဒနာသို့ရောက်၍ ထိုမှဤမှ လူးလဲ၍ ကျယ်စွာသောအသံဖြင့် ဟစ်ကြွေး၏။
465
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ထိုအမှုသည် အဘယ်တုံနည်းဟု မေးသည်ရှိသော် ငါသည် ကိုယ်တွင်း၌ မရှိသော ဂုဏ်ကျေးဇူးတို့ကို ရှိ၏ဟု မုသားဆို၍ ထိုနတ်သားတို့ကို တောင်း၏။
466
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ထိုငါသည် ဝေဒနာသို့ရောက်၍ ကိုယ်အလုံး တုန်လှုပ်၏။
467
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ထိုပန်းကုံးတို့ကို ငါ၏ ဦးခေါင်းမှ ပယ်ပါလောဟု ဆို၏။
468
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ထိုပန်းကုံးတို့ကို ပယ်အံ့သောငှါ မတတ်နိုင်ကုန်၊ သံပြားဖြင့် ဖွဲ့အပ်သကဲ့သို့ ဖြစ်ကုန်၏။
469
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ထိုအခါ ထိုပုရောဟိတ်ကို ချီ၍ အိမ်သို့ ဆောင်ကုန်၏။
470
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
အိမ်၌ ပုရောဟိတ်အား ဟစ်ကြွေးစဉ် ခုနစ်ရက်တို့သည် လွန်ကုန်၏။
471
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
မင်းသည် အမတ်တို့ကိုတိုင်ပင်၍ သီလမရှိသော ပုဏ္ဏားသည် သေလတ္တံ့၊ အဘယ်သို့ ပြုကြကုန်အံ့နည်းဟု ဆိုသည်ရှိသော် မြတ်သောမင်းကြီး တဖန် ပွဲသဘင်ပြုပြန်သည်ရှိသော် နတ်သားတို့သည် တဖန် လာပြန်ကုန်လတ္တံ့ဟု လျှောက်ကုန်၏။
472
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
မင်းသည် ပွဲသဘင်ကိုပြုစေ၍ နတ်သားတို့သည် တဖန်လာပြန်ကုန်၏။
473
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
မြိုအလုံးကို ပန်းနံ့ဖြင့် တစပ်တည်းသော အနံ့ရှိသည်ကို ပြု၍ ရှေးအတူသာလျှင် မင်းယင်ပြင်၌ ရပ်ကုန်၏။
474
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
လူများသည် စည်းဝေး၍ သီလမရှိသော ပုဏ္ဏားကို ဆောင်၍ နတ်သားတို့၏ရှေ့မှ ပက်လက်အိပ်စေ၏။
475
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
သီလမရှိသော ထိုပုဏ္ဏားသည် အရှင်နတ်သားတို့ အရှင်တို့သည် အကျွန်ုပ်အား အသက်ကိုပေးပါကုန်ဟု နတ်သားတို့ကို တောင်းပန်၏။
476
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
နတ်သားတို့သည် သီလမရှိသော ယုတ်မာသော သဘောရှိသောသင့်အား ဤပန်းတို့သည် မထိုက်မလျော်ကုန်၊ သင်သည်ကား ငါတို့ကို လှည့်စားအံ့ဟု အမှတ်ရှိသည် ဖြစ်၏။
477
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
မိမိ၏ မုသာဝါဒအကျိုးကို ရ၏ဟု လူများအလယ်၌ ဒုဿီလပုဏ္ဏားကို ကဲ့ရဲ့၍ ဦးခေါင်းမှပန်းကုံးကိုပယ်၍ လူများအား အဆုံးအမကို ပေး၍ မိမိတို့၏ အရပ်သို့သာလျှင် သွားကုန်၏။
478
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ပုဏ္ဏားဖြစ်ဘူးပြီ၊ ယခုအခါ ကဿပသည် ထိုအခါ တယောက်သော နတ်သား ဖြစ်ဘူးပြီ၊ ယခုအခါ မောဂ္ဂလ္လာန်သည် ထိုအခါ တယောက်သော နတ်သား ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ တယောက်သော နတ်သား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ နတ်သားအကြီး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။
479
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
မုသားမနိုင်၊ သင်းနံ့ ကြိုင်၊ ပန်းခိုင်ဆင်မှ ဆင်းရဲရ
480
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ကက္ကာရုဇာတ်သည် ပြီး၏။
481
Uncategorized
ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) အက်ဥပဒေ
REDIRECT ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) အက်ဥပဒေ
482
မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လေးချိုး
ကင်းဝန်မင်းကြီးထံပေးပို့သော သံဝေဂလေးချိုးကြီး
၁။ မိုက်မလင်းနိုင်လို့၊ မြိုက်ခင်းညာဆီမှာ၊ ခါတော်မှီ သီမဝေ့နိုင်ဘု၊ ဒီကွေ့တွင် နေ့ကုန်မျောပြန်ရ၊ အတော ဘယ်မသတ်နိုင်တဲ့၊ ရဟတ်ဗွေ။
483
မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လေးချိုး
ကင်းဝန်မင်းကြီးထံပေးပို့သော သံဝေဂလေးချိုးကြီး
၂။ ငါးရပ်ကယ်စုံညီ၊ ဒုလ္လဘီငယ်၊ ကြုံမှီခုခေတ်၊ မြန်ခင်းဇမ္ဗူ၊ မှန်ကင်း ငယ်ထူ၊ လူ့ထက်လူဖြစ်ပါလျက်၊ အနှစ်ကယ် မနွယ်၊ အကာတောမှာ၊ ဗျာမောကျယ်လို့၊ အကယ် ယောင်ယောင်၊ အမြင်မဖြောင့်၊ အဉာဉ်ထောင့်၊ မှောင့်ထက်မှောင်၊ သန်းခေါင်လမိုက်၊ မိုးတိမ်မြှေးတဲ့၊ မီးသွေးတိုက်မှာ၊ အလိုက်ကယ် ဘာသာ၊ အမြင်မငွေ့၊ အထင်ရွေ့နှင့်သာ၊ အလေ့ရှာလျက်၊ အခါနာရီ၊ ရွေ့ရွေ့ငယ်ချီ၊ ထိထီဆန်းဆုတ်၊ ရတုအစဉ်၊ လုလုငယ်နှင်၊ အတွင်ချုပ်လို့၊ သုတ်သုတ်ကယ် ရက်ရေ၊ ဇရာလက်မှာ၊ အသက်သာ ကြွေတော့တယ်၊ အသေသတ် လက်မရွံ့ကို၊ အသက်ခွန် ပဏ္ဏာသွင်းရန်ဖို့၊ ထမင်းအစာစုံနှင့်၊ ခန္ဓာရုံ မြုံပြတီးဆီက၊ အငြီးဖြေကာ စောင့်ရှာကြ၊ စိုးနှောင့်သင်္ချေ။
484
မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လေးချိုး
ကင်းဝန်မင်းကြီးထံပေးပို့သော သံဝေဂလေးချိုးကြီး
၃။ သို့ပါမူလဲ၊ ပူနွယ်ဆွေးကျယ်၊ အရေးကျယ်တွေကို၊ အေးဖွယ်ထင်မှတ်၊ အစမမြင် ဘဝလျဉ်၊ အစဉ်ငတ်ဟာမို့၊ မသတ်ကယ်အာသာ၊ အာရုံဓမ္မ ပြာပုံမွမှာ၊ ရသရှာလျက်၊ ငါတလူလူ ပမာမူ၊ ရွာသူတို့ဝက်၊ အစာများထူ၊ အသားလူ၊ ဆူလေလေ ခက်ပါလျက်၊ ရမ္မက်ကယ်မာန်ဝင်၊ သူ့အသင်းမှာ၊ သူမင်းဘဲ ထင်လိုက်လို့၊ ရွှင်နိုင်မျှ ဝက်သဏ္ဌာန်လို၊ အချက်မှန် ပေါ်မလင်းစေဘို့၊ ဖော်သင်းရွေ၊ မိတ်သင် ယှက်သည့်ပြင်၊ ခင်မက်ဘွယ် အရံစုံပ၊ မာန်တဂုဏ်၊ဟန်ပုံနှင့် ဖုံးရှာကြ၊ ရှုံးပလေ၊ ထုံးမြေပြာစု၊ မိတ်တွေမို့။
485
မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လေးချိုး
ကင်းဝန်မင်းကြီးထံပေးပို့သော သံဝေဂလေးချိုးကြီး
၄။ ငါတစ်လုံးနယ်၊ အနှုန်းကျယ်၊ သုံးသွယ်မြုံသိုက်၊ ဘုံတလှိုက်မှာ၊ တုန်ရိုက်ကယ်ဆူညံ၊ မြူမချန် - လူလျှံတောက်ညီး၊ အမြဲတစေ မစဲချွေ၊ အသေမီးတဲ့၊ အပြီးငယ် ကုန်စင်၊ ဘုံတခွင်ကို၊ အတွင်လောင်မြိုက်၊ အပြောင်တိုက်လို့၊ အမိုက်ကယ်ဝဋ်နွယ်၊ အဖြစ်မစဲ၊ သစ်သစ်လဲ၊ သဲသဲကြွယ်လည်း၊ အကယ်မလောက်၊ သူကသာ မောက်တော့၊ နောက်နောက်ကမ္ဘာ၊ ဖန်ဖန်လာလဲ၊ အစာသူ့တွင်၊ တစ်ခုသာ ဝင်ကြရ၊ သင်္ခတရုပ်နာမ်ငယ်၊ အဟုတ်ဉာဏ် မတင်စီးနိုင်ရ၊ သည်မီးတာ ဘယ်တစ်ကိန်းမှာမှ၊ ငြိမ်းပါ့မယ်လို့။
486
မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လေးချိုး
ကင်းဝန်မင်းကြီးထံပေးပို့သော သံဝေဂလေးချိုးကြီး
၁၂၅၆ ခုနှစ်အတွင်း ကင်းဝန်မင်းကြီးထံပေးပို့သော သံဝေဂလေးချိုးကြီး
487
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ကစ္စဗိုလ်လင်မယား ကျောက်စာ
၉ ...“ဤအနှစ်လင်
488
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ကစ္စဗိုလ်လင်မယား ကျောက်စာ
၁၀မိယာလှူသောအလှူကာ အနှစ်တောင်သောဆု မသိယ် သောကြာ နိယ်ရပန်ပစ္စ်
489
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ကစ္စဗိုလ်လင်မယား ကျောက်စာ
၁၁ ည် အထောက်အပင် ဖ္လစ်လိုဝ်သတေ။
490
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ကစ္စဗိုလ်လင်မယား ကျောက်စာ
” [ဤအနှစ်လင်မယားလှူသောအလှူကား အနှစ်တောင်း သောဆု မသေသောကြား နေရပန်ပစ္စည်း အထောက် အပင့် ဖြစ်လိုသတည်း။
491
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္စာနိဇာတ်
အဋ္ဌကနိပါတ် - ကစ္စာနီဝဂ်
492
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္စာနိဇာတ်
၁။ ကစ္စာနီဇာတ်
493
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္စာနိဇာတ်
မိဘတို့အား လုပ်ကျွေးသင့်ကြောင်း
494
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္စာနိဇာတ်
ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသခင်သည် ဩဒါတဝတ္ထာ သုစိ အလ္လကေသာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကစ္စာနီဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသော အမိကိုလုပ်ကျွေးသော သီတင်းသည်ကို အကြောင်းပြု၍ ဟောတော်မူ၏။
495
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္စာနိဇာတ်
ထိုသီတင်းသည်သည် သာဝတ္ထိပြည် ၌နေသော အကျင့်နှင့်ပြည့်စုံသော အမျိုးသားငယ် ဖြစ်သတတ်။
496
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္စာနိဇာတ်
ထိုအမျိုးသားငယ်သည် အဖသေလွန်သော် အမိအား နတ်ကဲ့သို့ လုပ်ကျွေးသောသူ ဖြစ်ရကား မျက်နှာသစ်ရေပေးခြင်း တံပူပေးခြင်း ချိုးရေတည်ခြင်း ခြေဆေးရေပေးခြင်း အစရှိသော ဝေယျာဝစ္စအမှုဖြင့်လည်းကောင်း၊ ယာဂု ထမင်း အစရှိသည်တို့ဖြင့်လည်းကောင်း အမိကိုလုပ်ကျွေး၏။
497
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္စာနိဇာတ်
ထိုအခါ ထိုအမျိုးသားငယ်ကို အမိသည် အမောင် သင့်အား တစ်ပါးကုန်သော ဃရာဝါသ ကိစ္စတို့သည်လည်း ရှိကုန်၏။
498
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္စာနိဇာတ်
သင်သည် တစ်ယောက်သော အမျိုးသမီးကိုယူလော့။
499
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္စာနိဇာတ်
ထိုသတို့သမီးသည် ငါ့ကို လုပ်ကျွေးလတ္တံ့။
500
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္စာနိဇာတ်
သင်သည်လည်း မိမိအမှုကို ပြုရလတ္တံ့ဟုဆို၏။