id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
501 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | မိခင် အကျွန်ုပ်သည် မိမိကိုယ်၏ စီးပွားချမ်းသာကို မတောင့်တ၊ မိခင်တို့ကိုသာ လုပ်ကျွေးလို၏။ |
502 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ငါမှတစ်ပါးသော အဘယ် သူသည် ဤသို့ လုပ်ကျွေးလတ္တံ့နည်းဟုဆို၏။ |
503 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | အမောင် အမျိုးကိုပွားစေသော အမှုမည်သည်ကို ပြုခြင်းငှာ သင့်၏ဟု အမိသည်ဆို၏။ |
504 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | မိခင် အကျွန်ုပ်အား ဃရာဝါသဖြင့် အလိုမရှိ၊ အကျွန်ုပ်သည် သင်တို့ကိုလုပ်ကျွေး၍ သင်တို့သည် သေလွန်သောကာလ၌ ရဟန်းပြုအံ့ ဟု သားသည် ဆို၏။ |
505 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ထိုအခါ အမိသည် သားအား အဖန်တလဲလဲ တောင်းပန်သော်လည်း သား၏စိတ်ကို မရလတ်သော် သား၏စကားကို မယူမူ၍ အမျိုးတူဖြစ်သော သတို့သမီးကို ဆောင်၏။ |
506 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ထိုသတို့သားသည် အမိကိုလုပ်ကျွေး၍ ထိုအမျိုးသမီးနှင့်တကွ နေ၏။ |
507 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ထိုအမျိုးသူမီးသည်လည်း ငါ၏လင်သည် ကြီးစွာသော အားထုတ်ခြင်းဖြင့် အမိကိုလုပ်ကျွေး၏။ |
508 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ငါသည်လည်း လင်၏အမိကို လုပ်ကျေးအံ့။ |
509 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ဤသို့ လုပ် ကျွေးသော် ငါ့ကို လင်သည် ချစ်လတ္တံ့ ဟုကြံ၍ လင်၏အမိကို ရိုသေစွာ လုပ်ကျွေး၏။ |
510 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | အထင်လွဲမြင် |
511 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ထိုသီတင်းသည်သည် ဤမိန်းမကား ငါ၏ အမိကို ရိုသေစွာ လုပ်ကျွေး၏ဟု ထိုကာလမှစ၍ ရတိုင်း ရတိုင်းကုန်သော ကောင်းသော ခဲဖွယ် အစရှိသည်တို့ကို မယားအားသာလျှင် ပေး၏။ |
512 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ထိုမယားသည် နောက်အဖို့၌ ဤယောက်ျားကား ရတိုင်း ရတိုင်းကုန်သော ခဲဖွယ် အစရှိသည်တို့ကို ငါအားသာလျှင် ပေး၏။ |
513 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | မချွတ် အမိကို နှင်ထုတ်လိုသည် ဖြစ်လတ္တံ့။ |
514 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ငါသည် လင်အား အမိကိုနှင်ထုတ်ခြင်းအကြောင်းကို ပြုအံ့ဟု မသင့်သောအားဖြင့် နှလုံးသွင်း၍ တစ်နေ့သ၌ လင်ကို အရှင်သင်သည် အပသို့ထွက်သည်ရှိ သင်၏အမိသည် ငါ့ကို ဆဲရေး၏ဟုဆို၏။ |
515 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ထိုသီတင်းသည်သည် ဆိတ်ဆိတ် နေ၏။ |
516 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ထိုမိန်းမသည် ဤသက်ကြီးအိုမကို သားကို အယုတ်အားဖြင့် အောက်မေ့စေ၍ သား၏ဆန့်ကျင်ဘက်ဖြစ်အောင် ပြုအံ့ဟု ကြံ၏။ |
517 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ကြံပြီး၍ ထိုအခါမှစ၍ ယာဂုကို ပေးသည်ရှိသော် အလွန်ပူသည်ကိုလည်းကောင်း အလွန်အေးသည်ကိုလည်းကောင်း အလွန်ဆားငန်သည်ကိုလည်းကောင်း မခတ်သည်ကို လည်းကောင်း ပြု၍ ပေး၏။ |
518 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ချစ်သမီး အလွန်ပူ၏ဟူ၍ လည်းကောင်း၊ အလွန်ဆားငန်၏ဟူ၍ လည်းကောင်း ဆိုသည်ရှိသော် ခွက်ကိုပြည့်စေ၍ ရေချမ်းကိုခပ်၍ လောင်း၏။ |
519 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | တစ်ဖန် ချစ်သမီး အလွန်အေး၏ မခတ်ဟု ဆို သည်ရှိသော် ယခုပင်လျှင် အလွန်ပူ၏။ |
520 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | အလွန် ဆားငန်၏ဟု ဆို၍ တစ်ဖန် အလွန်အေး၏ ဆားမခတ်ဟု ဆိုပြန်၏။ |
521 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | အဘယ်သူသည် သင့်ကို နှစ်သိမ့်စေအံ့သောငှာ တတ်နိုင်အံ့နည်းဟု ကျယ်စွာသောအသံကို ပြု၏။ |
522 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ချိုးရေကိုလည်း ပူသည်ကိုပြု၍ ကျောက်ကုန်း၌ လောင်း၏။ |
523 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ချစ်သမီး ငါ၏ ကျောက်ကုန်းသည် ပူလောင်၏ဟူ၍ ဆိုသည်ရှိသော် တစ်ဖန် ပြည့်စေ၍ အလွန်အေးသော ရေကိုထည့်၏။ |
524 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ချစ်သမီး အလွန်အေးဟု ဆိုသည်ရှိသော် ယခုပင်လျှင် အလွန်ပူ၏ဟု ဆို၍ ယခုပင်လျှင် အလွန်အေး၏ဟု ဆိုပြန်၏။ |
525 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | အဘယ်သူသည် ဤသက်ကြီးအိုမ၏ မထီ မဲ့မြင် ပြုခြင်းကို သည်းခံအံ့သောငှာ တတ်နိုင်အံ့နည်း ဟု အိမ်နီးချင်းတို့အား ပြောဆို၏။ |
526 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ချစ်သမီး ညောင်စောင်း၌ ကြမ်းပိုးတို့သည် များကုန်၏ ဟု ဆိုသည်ရှိသော် ညောင်စောင်းကိုထုတ်၍ ထိုညောင်စောင်းအထက်၌ မိမိ ညောင် စောင်းကို ခါ၍ ငါသည် ညောင်စောင်းကို ခါအပ်ပြီဟု သွင်း၍ ခင်း၏။ |
527 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ထိုသီတင်းသည်၏ အမိသည် ကြမ်းပိုးတို့သည် ကိုက်ခဲအပ်သည်ဖြစ်၍ ခပ်သိမ်းသော ညဉ့်ကို ထိုင်လျက်သာလျှင် လွန်စေ၍ ချစ်သမီး တစ်ညဉ့်ပတ်လုံး ငါ့ကို ကြမ်းပိုးတို့သည် ကိုက်ခဲကုန်၏ဟု ဆို၏။ |
528 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ချွေးမသည် ယမန်နေ့ကပင် သင်တို့၏ ညောင်စောင်းကို ခါအပ်ပြီ၊ အဘယ်သူသည် သက်ကြီးအိုမ၏ကိစ္စကို ဆောင်ရွက်အံ့သောငှာ တတ်နိုင်အံ့နည်း ဟုဆို၍ ယခု သက်ကြီးအိုမအား သားကို ကဲ့ရဲစေအံ့ဟု ထိုထိုသောအရပ်၌ တံတွေး နှပ် အစရှိသည်တို့ကို ကြဲ၍ အလုံးစုံသော ဤအိမ်ကို မသန့်ရှင်းအောင်ပြု၏ဟု သီတင်းသည် ဆိုသည်ရှိသော် သင့်အမိသည် ဤသို့ပြု၏။ |
529 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | မပြုလင့်ဟု ဆို သည်ရှိသော် ခိုက်ရန်ပြု၏။ |
530 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | အမေကိုချစ်၍ မယားကိုနှင် |
531 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | အကျွန်ုပ်သည် ဤသို့သဘောရှိသော သူယုတ်မာနှင့် အတူတကူ တစ်အိမ်တည်း၌ နေအံ့သောငှာ မတတ်နိုင်၊ ဤသက်ကြီးအိုမကိုမူလည်း အိမ်၌မနေစေလင့်၊ ငါ့ကိုမူလည်း အိမ်၌ မနေစေလင့်ဟု ဆို၏။ |
532 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ထိုသီတင်းသည်သည် မယား၏ စကားကိုကြား၍ ရှင်မ... သင်သည် ငယ်သေး၏။ |
533 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | အမှတ်မရှိသော အရပ်သို့သွား၍ အသက်မွေးခြင်းငှာ တတ်နိုင်၏။ |
534 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ငါ၏ အမိသည်ကား အားနည်း၏။ |
535 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ငါသည်သာလျှင် အမိ၏ ကိုးကွယ်ရာဖြစ်၏။ |
536 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | သင်သည် ထွက်၍ မိမိ၏ မိဘအိမ်သို့ သွားလော့ဟု ဆို၏။ |
537 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ထိုမိန်းမသည် လင်၏စကားကို ကြား၍ ငါသည် ဤယောက်ျားကို အမိ၏အတွင်း၌ ဖျက်ဆီးခြင်းငှာ မတတ်နိုင်ကောင်း၊ စင်စစ်သဖြင့် ဤယောက်ျားသည် အမိကို ချစ်၏။ |
538 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ငါသည် မိဘအိမ်သို့ အကယ်၍ သွားအံ့၊ မုဆိုးမ၏ နေခြင်းကို နေရ၍ ဆင်းရဲသည်ဖြစ်အံ့၊ ရှေးနည်းဖြင့်သာလျှင် ယောက္ခမအား နှစ်သက်စေ၍ လုပ်ကျွေးအံ့ဟု ကြံ၏။ |
539 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ကြံပြီး၍ ထိုမိန်းမသည် ထိုအခါမှစ၍ ရှေးနည်းအတူသာလျှင် ထိုယောက္ခမကို လုပ် ကျွေး၏။ |
540 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ထိုအခါ တစ်နေ့သ၌ ထိုသီတင်းသည်သည် တရားနာအံ့သောငှာ ဇေတဝန် ကျောင်းတော်သို့သွား၍ ဘုရားကိုရှိခိုး၍ လျောက်ပတ်စွာ နေ၏။ |
541 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | သီတင်းသည် ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ ဖြစ်၏လော၊ အမိကို လုပ်ကျွေးသော အမှုကို ဖြည့်၏လော ဟု မိန့်တော်မူသည်ရှိသော် ဘုန်းတော်ကြီးသော အရှင်ဘုရား အမိန့်အတိုင်း ဖြည့်ပါ၏။ |
542 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | အမိသည်ကား အကျွန်ုပ်ကို အလိုမရှိဘဲလျှင် တစ်ယောက်သော အမျိုးသမီးကို ဆောင်၏။ |
543 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ထိုမိန်းမသည်ကား ဤသို့ ဤသို့ မကျင့်အပ်သော အမှုကိုပြု၏ ဟု အလုံးစုံသော အကြောင်းကို ဘုရားသခင်အား ကြားလျှောက်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... ထိုမိန်းမသည် အကျွန်ုပ်ကို အမိ၏အတွင်း၌ ဖျက်ဆီးအံ့သောငှာ မတတ်နိုင်၍ ယခု အကျွန်ုပ်၏အမိကို ရိုသေစွာ လုပ်ကျွေးပြန်၏ဟု လျှောက်၏။ |
544 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | သဗ္ဗညူ မြတ်ဘုရားသည် ထိုသီတင်းသည်၏ စကားကို ကြား၍ သီတင်းသည် ယခု သင်သည် ထိုမိန်းမ၏စကားကို မလိုက်နာ၊ ရှေး၌ကား ထိုမိန်းမ၏စကားဖြင့် သင်၏အမိကို နှင်ထုတ်၍ ငါ့ကိုမှီ၍ တစ်ဖန် အိမ်သို့ဆောင်၍ လုပ်ကျွေးဖူး၏ ဟု မိန့်တော်မူ၍ ထို သီတင်းသည်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။ |
545 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် မထင်ရှားသော အမျိုး၏သားသည် အဖလွန်သည်ရှိသော် အမိအား နတ်ကဲ့သို့ လုပ်ကျွေးသောသူဖြစ်၍ ဆိုအပ်ပြီးသော နည်းဖြင့်လျှင် အမိကို လုပ်ကျွေး၏။ |
546 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | (အလုံးစုံသောစကားကို ဆိုအပ်ပြီးသော နည်းဖြင့်လျှင် ချဲ့အပ်၏။ |
547 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ) မိန်းမစကားအရ အမေကိုနှင်ချ |
548 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | အရှင်... အကျွန်ုပ်သည် ဤသို့သဘောရှိသော သူယုတ်မနှင့် အတူတကွ နေခြင်းငှာ မတတ်နိုင်၊ ဤသက်ကြီးအိုကိုမူလည်း အိမ်၌ မနေစေလင့်၊ အကျွန့်ကိုမူလည်း အိမ်၌ မနေစေလင့် ဟု ဆိုသည်ရှိသော် ထိုမိန်းမ၏ စကားကို ယူ၍ အမိအားသာလျှင် အပြစ်ရှိ၏ဟူ၍ အမိကို မိခင်... သင်သည် ဤအိမ်၌ အမြဲလျှင် ခိုက်ရန်ကိုပြု၏။ |
549 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | အိမ်မှထွက်၍ အလိုရှိရာအရပ်၌ နေလော့ ဟု ဆို၏။ |
550 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | အမေ သုသာန်သွား |
551 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ထိုအမိသည် ကောင်းပြီဟု ငိုကြွေးလျက် ထွက်သွား၍ တစ်ဦးသော ကြွယ်ဝသောအမျိုးတို့၏ အခစားအမှုကိုပြု၍ ဆင်းရဲသဖြင့် အသက် မွေး၏။ |
552 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ယောက္ခမသည် အိမ်မှထွက်သော ကာလ၌ ချွေးမအား ကိုယ်ဝန်သည် တည်၏။ |
553 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ထိုချွေးမသည် သူယုတ်ဖြစ်သော သက်ကြီးအိုမသည် အိမ်၌နေသည်ရှိသော် ငါ၌ ကိုယ်ဝန်ကိုလည်း မရ၊ ယခု ငါသည် ကိုယ်ဝန်ကို ရပြီဟု လင်အားလည်းကောင်း၊ အိမ်နီးချင်းအားလည်းကောင်း ပြောဆိုလျက် သွား၏။ |
554 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | နောက်အဖို့၌ သားကိုဖွား၍ လင်ကို အရှင်သင့်အမိသည် အိမ်၌နေသည်ရှိသော် သားကိုမရ၊ ယခု ငါသည် သားကို ရအပ်ပြီ၊ ဤအကြောင်းကြောင့် ထိုသက်ကြီးအိုမ၏ သူယုတ်မာ၏ အဖြစ်ကို သိလော့ဟု ဆို၏။ |
555 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ယောက္ခမသည် ငါ့ကို အိမ်မှ နှင်ထုတ်သော ကာလ၌ သားကို ရ၏ဟု ကြား၍ မချွတ်လျှင် ဤလောက၌ တရားသေသည် ဖြစ်လတ္တံ့။ |
556 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | တရားသည် အကယ်၍ မသေအံ့၊ အမိကို သတ်ပုတ် ငင်ထုတ်၍ သားကို မရရာ၊ ချမ်းသာသည်ဖြစ်၍ အသက်မရှည်ရာ၊ ငါသည် တရားသေဆွမ်းကို လှူအံ့ ဟု ကြံ၏။ |
557 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ကြံပြီး၍ ထိုယောက္ခမသည် တစ်နေ့သ၌ နှမ်းမှုန့်ကိုလည်းကောင်း၊ ဆန်ကို လည်းကောင်း၊ ချက်ရန် အိုးကို လည်းကောင်း၊ ထင်းကို လည်းကောင်း၊ ယောက်မကိုလည်းကောင်း ယူ၍ သုသာန်သို့သွား၍ သုံးခုကုန်သော လူဦးခေါင်းခွံတို့ကို ခုံလောက် ပြု၍ မီးညှိ၍ မြေသို့ ဆင်းသက်၍ ဦးခေါင်းလျှော်၍ အဝတ်ကိုဝတ်၍ ခုံလောက်တည်ရာ အရပ်သို့လာ၍ ဆံထုံးကို ဖြေ၍ ဆန်ကို ဆေးအံ့သောငှာ အားထုတ်၏။ |
558 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | သိကြားမင်း ပုဏ္ဏားမေး |
559 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ထိုအခါ ဘုရားလောင်းသည် သိကြားမင်း ဖြစ်၏။ |
560 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ဘုရားလောင်းတို့မည်သည် မမေ့မလျော့ ဖြစ်ကုန်၏။ |
561 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ထိုသိကြားမင်းသည် ထိုခဏ၌ လောကကို ကြည့်လတ်သော် တရားသေပြီ ဟူသော အမှတ်ဖြင့် တရားသေဆွမ်းကို လှူလိုသော ဆင်းရဲခြင်းသို့ရောက်သော ထိုမိန်းမကို မြင်၍ ယနေ့ ငါသည် ငါ၏ အစွမ်းကို ပြအံ့ဟု ပုဏ္ဏားအသွင်ဖြင့် ခရီးမကို သွားသောသူကဲ့သို့ ဖြစ်၍ ထိုမိန်းမကိုမြင်၍ ခရီးမှဖဲ၍ ထိုမိန်းမ၏ အထံ၌ ရပ်၍ မိခင် သုသာန်၌ အာဟာရကို ချက်သောသူသည် မရှိ၊ သင်သည် ဤသုသာန်၌ ချက်အပ်သော နှမ်းထမင်းဖြင့် အဘယ်ပြုအံ့နည်း ဟု စကားကို ဖြစ်စေလိုရကား- |
562 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ၁။ ဩဒါတဝတ္ထာ သုစိ အလ္လကေသာ၊ကစ္စာနိ ကိံ ကုမ္ဘိမဓိဿယိတွာ။ |
563 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ပိဋ္ဌာ တိလာ ဓောဝသိ တဏ္ဍုလာနိ၊တိလောဒနော ဟေဟိတိ ကိဿဟေတု။ |
564 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ၁။ ကစ္စာနီ၊ ကစ္စည်း အနွယ်ယ်ဖြစ်သော ရှင်မ။ |
565 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ဩဒါတဝတ္ထာ၊ ဖြူသောအဝတ်ကို ဝတ်လျက်။ |
566 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | သုစိ၊ စင်ကြယ်သည်ဖြစ်၍။ |
567 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | အလ္လကေသာ၊ စွတ်စိုသော ဆံရှိလျက်။ |
568 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ကုမ္ဘိံ၊ ထမင်း အိုးကို။ |
569 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | အဓိဿယိတွာ၊ လူတို့၏ ဦးခေါင်းခွံ ဖြစ်သော ခုံလောက်သို့တင်၍။ |
570 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | တိလာ ပိဋ္ဌာ၊ နှမ်းမှုန့်တို့ကိုယူလျက်။ |
571 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | တဏ္ဍုလာနိ၊ ဆန်တို့ကို။ |
572 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ကိံ ဓောဝသိ၊ အဘယ့်ကြောင့် ဆေးသနည်း။ |
573 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်။ |
574 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | တိလောဒနော၊ နှမ်းထမင်းသည်။ |
575 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ဟောဟိတိ၊ ဖြစ်လတ္တံ့နည်း။ |
576 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | တရားသေလို့ သပိတ်သွတ်မယ် |
577 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ထိုအခါ သိကြားမင်းအား ထိုမိန်းမသည် ကြားလို၍- |
578 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ၂။ န ခေါ အယံ ဗြာဟ္မဏ ဘောဇနတ္ထာ၊တိလောဒနော၊ ဟေဟိတိ သာဓုပက္ကော။ |
579 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ဓမ္မော မတော တဿ ပဟုတ္တမဇ္ဇ၊အဟံ ကရိဿာမိ သုသာနမဇ္ဈေ။ |
580 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။ |
581 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ၂။ ဗြာဟ္မဏ၊ ပုဏ္ဏား။ |
582 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | သာဓုပက္ကော၊ ကောင်းစွာ ချက်အပ်သော။ |
583 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | အယံ ခေါ တိလောဒနော၊ ဤနှမ်းထမင်းသည်။ |
584 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ဘောဇနတ္ထာယ၊ စားအံ့သောငှာ။ |
585 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | န ဟေဟိတိ၊ မဖြစ်လတ္တံ့။ |
586 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ဓမ္မော၊ တရားသည်။ |
587 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | မတော၊ သေ၏။ |
588 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | အဇ္ဇ၊ ယနေ့။ |
589 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | သုသာနမဇ္ဈေ၊ သုသာန်အလယ်၌။ |
590 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | တဿ၊ ထိုတရား၏။ |
591 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ပဟုတ္တံ၊ သေဆွမ်းကို။ |
592 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ကရိဿာမိ၊ ပြုအံ့။ |
593 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ငါ မသေပါလား |
594 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ထို့နောင်မှ သိကြားမင်းသည်- |
595 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ၃။ အနုဝိစ္စ ကစ္စာနိ ကရောဟိ ကိစ္စံ၊ဓမ္မော မတော ကော နု တဝေဝ သံသိ။ |
596 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | သဟဿေနေတ္တော အတုလာနုဘာဝေါ၊န မီယတိ ဓမ္မဝရော ကဒါစိ။ |
597 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ၃။ ကစ္စာနိ၊ ကစ္စည်း အနွယ်ဖြစ်သော ရှင်မ။ |
598 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | အနုဝိစ္စ၊ စိစစ်၍။ |
599 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ကိစ္စံ၊ ကိစ္စကို။ |
600 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ကရောဟိ၊ ပြုလော့။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.