id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
3,201 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဣန္ဒြေနှစ်ဆယ့်နှစ်ပါးတို့ကို စွဲ၍ ပုဂ္ဂိုလ်နှစ်ဆယ့်နှစ်ယောက်တို့ကို ပညတ်ပါသလော။ |
3,202 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၁၁။ သကဝါဒီ။ |
3,203 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ဧကဝေါကာရဘဝကို စွဲ၍ ပုဂ္ဂိုလ်တစ်ယောက်ကို ပညတ်ပါသလော။ |
3,204 | Uncategorized | ကထာဝတ္ထုပါဠိတော် | စတုဝေါကာရဘဝကို စွဲ၍ ပုဂ္ဂိုလ်လေးယောက်တို့ကို ပညတ်ပါသလော။ |
3,205 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဧကဝေါကာရဘဝကို စွဲ၍ ပုဂ္ဂိုလ်တစ်ယောက်ကို ပညတ်ပါသလော။ |
3,206 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပဉ္စဝေါကာရဘဝကို စွဲ၍ ပုဂ္ဂိုလ်ငါးယောက်တို့ကို ပညတ်ပါသလော။ |
3,207 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဧကဝေါကာရဘဝ၌ ပုဂ္ဂိုလ်တစ်ယောက်သာ ရှိပါသလော။ |
3,208 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် တစ်ယောက်သာ ရှိပါ၏။ |
3,209 | Uncategorized | ကထာဝတ္ထုပါဠိတော် | စတုဝေါကာရဘဝ၌ ပုဂ္ဂိုလ်လေးယောက်တို့ ရှိကုန်သလော။ |
3,210 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပဉ္စဝေါကာရဘဝ၌ ပုဂ္ဂိုလ်ငါးယောက်တို့ ရှိကုန်သလော။ |
3,211 | Uncategorized | ကထာဝတ္ထုပါဠိတော် | သစ်ပင်ကို စွဲ၍ အရိပ်ကို ပညတ်သကဲ့သို့ ဤအတူ ရုပ်ကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ပါသလော။ |
3,212 | Uncategorized | ကထာဝတ္ထုပါဠိတော် | သစ်ပင်ကို စွဲ၍ အရိပ်ကို ပညတ်သည် ဖြစ်ရကား သစ်ပင်သည်လည်း မမြဲ၊ အရိပ်သည်လည်း မမြဲသကဲ့သို့ ဤအတူ ရုပ်ကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ရကား ရုပ်သည်လည်း မမြဲ၊ ပုဂ္ဂိုလ်သည်လည်း မမြဲသလော။ |
3,213 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ၁၁ |
3,214 | Uncategorized | ကထာဝတ္ထုပါဠိတော် | သစ်ပင်ကို စွဲ၍ အရိပ်ကို ပညတ်ရကား သစ်ပင်သည် (အရိပ်မှ) တစ်မျိုးတခြား၊ အရိပ်သည် (သစ်ပင်မှ) တစ်မျိုးတခြား ဖြစ်သကဲ့သို့ ဤအတူ ရုပ်ကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ရကားရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြား ဖြစ်သလော။ |
3,215 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၁၃။ သကဝါဒီ။ |
3,216 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ရွာကို စွဲ၍ ရွာသူ, ရွာသားကို ပညတ်သကဲ့သို့ ဤအတူ ရုပ်ကို စွဲ၍ ပုဂ္ဂိုလ် ကိုပညတ်ပါသလော။ |
3,217 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရွာကို စွဲ၍ ရွာသူ, ရွာသားကို ပညတ်ရကား ရွာသည် (ရွာသူ, ရွာသားမှ) တစ်မျိုးတခြား၊ ရွာသူ, ရွာသားသည် (ရွာမှ) တစ်မျိုးတခြား ဖြစ်သကဲ့သို့ ဤအတူ ရုပ်ကို စွဲ၍ ပုဂ္ဂိုလ်ကိုပညတ်ရကား ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြား ဖြစ်သလော။ |
3,218 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၁၄။ သကဝါဒီ။ |
3,219 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ တိုင်းပြည်ကို စွဲ၍ မင်းကို ပညတ်သကဲ့သို့ ဤအတူ ရုပ်ကို စွဲ၍ ပုဂ္ဂိုလ်ကိုပညတ်ပါသလော။ |
3,220 | Uncategorized | ကထာဝတ္ထုပါဠိတော် | တိုင်းပြည်ကို စွဲ၍ မင်းကို ပညတ်ရကား တိုင်းပြည်သည် (မင်းမှ) တစ်မျိုးတခြား၊ မင်းသည် (တိုင်းပြည်မှ) တစ်မျိုးတခြား ဖြစ်သကဲ့သို့ ဤအတူ ရုပ်ကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ရကားရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြား ဖြစ်သလော။ |
3,221 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၁၅။ သကဝါဒီ။ |
3,222 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ သံခြေချင်းသည် သံခြေချင်းရှိသူ မဟုတ်၊ အကြင်သူအား သံခြေချင်းသည် (ရှိ၏)၊ ထိုသူသည်သာ သံခြေချင်းရှိသူ ဖြစ်သကဲ့သို့ ဤအတူ ရုပ်သည် ရုပ်ရှိသူ မဟုတ်၊ အကြင်သူအားရုပ်သည် (ရှိ၏)၊ ထိုသူသည်သာ ရုပ်ရှိသူ ဖြစ်သလော။ |
3,223 | Uncategorized | ကထာဝတ္ထုပါဠိတော် | သံခြေချင်းသည် သံခြေချင်းရှိသူ မဟုတ်၊ အကြင်သူအား သံခြေချင်းသည် (ရှိ၏)၊ ထိုသူသည်သာ သံခြေချင်းရှိသူဖြစ်သကဲ့သို့ သံခြေချင်းသည် (သံခြေချင်းရှိသူမှ) တစ်မျိုးတခြား၊ သံခြေချင်းရှိသူသည် (သံခြေချင်းမှ) တစ်မျိုးတခြား ဖြစ်သကဲ့သို့ ဤအတူ ရုပ်သည် ရုပ်ရှိသူ မဟုတ်၊ အကြင်သူအား ရုပ်သည် ရှိ၏၊ ထိုသူသည်သာ ရုပ်ရှိသူ ဖြစ်ရကား ရုပ်သည် (ရုပ်ရှိသူမှ) တစ်မျိုးတခြား၊ ရုပ်ရှိသူသည် (ရုပ်မှ) တစ်မျိုးတခြား ဖြစ်ပါသလော။ |
3,224 | Uncategorized | ကထာဝတ္ထုပါဠိတော် | စိတ်တိုင်း စိတ်တိုင်း၌ ပုဂ္ဂိုလ်ကို ပညတ်ပါသလော။ |
3,225 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် ပညတ်ပါ၏၁၂။ |
3,226 | Uncategorized | ကထာဝတ္ထုပါဠိတော် | စိတ်တိုင်း စိတ်တိုင်း၌ ပုဂ္ဂိုလ်သည် ဖြစ်ပါသလော၊ အိုပါသလော၊ သေပါသလော၊ စုတေပါသလော၊ ပဋိသန္ဓေနေပါသလော။ |
3,227 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဒုတိယစိတ် ဖြစ်လတ်သော် ထိုပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊ အခြားပုဂ္ဂိုလ်ဟူ၍လည်းကောင်း မပြောဆိုသင့်ပါသလော။ |
3,228 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် မပြောဆိုသင့်ပါ၁၄။ |
3,229 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဒုတိယစိတ် ဖြစ်လတ်သော် သတို့သားဟူ၍လည်းကောင်း၊ သတို့သမီးဟူ၍လည်းကောင်း မပြောဆိုသင့်ပါသလော။ |
3,230 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပြောဆိုသင့်ပါ၏၁၅။ |
3,231 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ ဒုတိယစိတ် ဖြစ်လတ်သော် ထိုပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊ အခြားပုဂ္ဂိုလ်ဟူ၍လည်းကောင်း့မပြောဆိုသင့်ပါမူ ထိုအကြောင်းကြောင့် ဒုတိယစိတ် ဖြစ်လတ်သော် သတို့သားဟူ၍လည်းကောင်း၊ သတို့သမီးဟူ၍လည်းကောင်း မပြောဆိုသင့်ဟူ၍ ဆိုသင့်၏။ |
3,232 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထိုပဌမပုစ္ဆာ၌ ဒုတိယစိတ် ဖြစ်လတ်သော် ထိုပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊ အခြားပုဂ္ဂိုလ်ဟူ၍လည်းကောင်း မပြောဆိုသင့်ဟူ၍ သင် ဆိုခဲ့သည်သာတည်း။ |
3,233 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဤဒုတိယပုစ္ဆာ၌မူ ဒုတိယစိတ် ဖြစ်လတ်သော်သတို့သားဟူ၍လည်းကောင်း၊ သတို့သမီးဟူ၍လည်းကောင်း ပြောဆိုသင့်၏ဟူ၍ကား သင် ဆိုခဲ့၏။ |
3,234 | Uncategorized | ကထာဝတ္ထုပါဠိတော် | (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ |
3,235 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ ဒုတိယစိတ် ဖြစ်လတ်သော် သတို့သားဟူ၍လည်းကောင်း၊ သတို့သမီးဟူ၍လည်းကောင်းပြောဆိုသင့်ပါမူ ထိုအကြောင်းကြောင့် ဒုတိယစိတ် ဖြစ်လတ်သော် ထိုပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊ အခြားပုဂ္ဂိုလ်ဟူ၍လည်းကောင်း ပြောဆိုသင့်၏ဟူ၍လည်း ဆိုသင့်တော့၏။ |
3,236 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၁၇။ သကဝါဒီ။ |
3,237 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ဒုတိယစိတ် ဖြစ်လတ်သော် ထိုပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊ အခြားပုဂ္ဂိုလ်ဟူ၍လည်းကောင်း မပြောဆိုသင့်ပါသလော။ |
3,238 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် မပြောဆိုသင့်ပါ။ |
3,239 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ဒုတိယစိတ် ဖြစ်လတ်သော် မိန်းမဟူ၍လည်းကောင်း၊ ယောက်ျားဟူ၍လည်းကောင်းအိမ်နေသူလူဟူ၍လည်းကောင်း၊ ရဟန်းဟူ၍လည်းကောင်း၊ နတ်ဟူ၍လည်းကောင်း၊ လူဟူ၍လည်းကောင်းမပြောဆိုသင့် ပါသလော။ |
3,240 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပြောဆိုသင့်ပါ၏။ |
3,241 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ ဒုတိယစိတ် ဖြစ်လတ်သော် ထိုပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊ အခြားပုဂ္ဂိုလ်ဟူ၍လည်းကောင်းမပြောဆိုသင့်ပါမူ ထိုအကြောင်းကြောင့် ဒုတိယစိတ် ဖြစ်လတ်သော် နတ်ဟူ၍လည်းကောင်း၊ လူဟူ၍လည်းကောင်း မပြောဆိုသင့်ဟူ၍ ဆိုသင့်၏။ |
3,242 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဤဒုတိယပုစ္ဆာ၌မူ ဒုတိယစိတ် ဖြစ်လတ်သော်နတ်ဟူ၍လည်းကောင်း၊ လူဟူ၍လည်းကောင်း ပြောဆိုသင့်၏ဟူ၍ကား သင် ဆိုခဲ့၏။ |
3,243 | Uncategorized | ကထာဝတ္ထုပါဠိတော် | (ဤသို့ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှား သောစကားသာတည်း။ |
3,244 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ ဒုတိယစိတ် ဖြစ်လတ်သော် နတ်ဟူ၍လည်းကောင်း၊ လူဟူ၍လည်းကောင်း ပြောဆိုသင့်ပါမူ ထိုအကြောင်းကြောင့် ဒုတိယစိတ် ဖြစ်လတ်သော် ထိုပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊ အခြားပုဂ္ဂိုလ်ဟူ၍လည်းကောင်း ပြောဆိုသင့်၏ဟူ၍လည်း သင် ဆိုသင့်၏။ |
3,245 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထိုပဌမပုစ္ဆာ၌ ဒုတိယစိတ် ဖြစ်လတ်သော် ထိုပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊ အခြားပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊ မပြောဆိုသင့်ဟူ၍လည်းကောင်း သင် ဆိုခဲ့၏။ |
3,246 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဤဒုတိယပုစ္ဆာ၌မူ ဒုတိယစိတ် ဖြစ်လတ်သော်နတ်ဟူ၍လည်းကောင်း၊ လူဟူ၍လည်းကောင်း၊ ပြောဆိုသင့်၏ဟူ၍လည်းကောင်း သင် ဆိုခဲ့၏။ |
3,247 | Uncategorized | ကထာဝတ္ထုပါဠိတော် | (ဤသို့ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ |
3,248 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၁၈။ ပရဝါဒီ။ |
3,249 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ မဆိုသင့်ပါသလော။ |
3,250 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် မဆိုသင့်ပါ၁၆။ |
3,251 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်ပုဂ္ဂိုလ်သည် ကြည့်ရှု၏၊ ထိုပုဂ္ဂိုလ်သည် မြင်သည် မဟုတ်ပါလော၊ အကြင် အဆင်း'ရူပါရုံ’ ကို မြင်၏၊ ထိုအဆင်းကို မြင်သည် မဟုတ်ပါလော၊ အကြင်မျက်စိဖြင့် မြင်၏၊ ထိုမျက်စိဖြင့်မြင်သည် မဟုတ်ပါလော။ |
3,252 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော်ဟုတ်ပါ၏၁၇။ |
3,253 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်သကဝါဒီ အကြင်ပုဂ္ဂိုလ်သည် ကြည့်ရှု၏၊ ထိုပုဂ္ဂိုလ်သည် အကယ်၍ မြင်ခဲ့ပါလျှင်အကြင်အဆင်းကို မြင်၏၊ ထိုအဆင်းကို အကယ်၍ မြင်ခဲ့ပါလျှင် အကြင်မျက်စိဖြင့် မြင်၏၊ ထိုမျက်စိဖြင့်အကယ်၍ မြင်ခဲ့ပါလျှင် ထိုအကြောင်းကြောင့် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ ဆိုသင့်၏။ |
3,254 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၁၉။ ပရဝါဒီ။ |
3,255 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ဩော် မဆိုသင့်ပါ။ |
3,256 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်ပုဂ္ဂိုလ်သည် ကြား၏။ |
3,257 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ အကြင်ပုဂ္ဂိုလ်သည် နမ်း၏။ |
3,258 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်ပုဂ္ဂိုလ်သည် လျက်၏။ |
3,259 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်ပုဂ္ဂိုလ်သည် တွေ့ထိ၏။ |
3,260 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်ပုဂ္ဂိုလ်သည် သိ၏၊ ထိုပုဂ္ဂိုလ်သည် သိသည် မဟုတ်ပါလော၊ အကြင်တရားကို သိ၏၊ ထိုတရား ‘ဓမ္မာရုံ’ ကို သိသည် မဟုတ်ပါလော၊ အကြင်စိတ်ဖြင့် သိ၏၊ ထိုစိတ်ဖြင့် သိသည် မဟုတ်ပါလော။ |
3,261 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော်ဟုတ်ပါ၏။ |
3,262 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်သကဝါဒီ အကြင်ပုဂ္ဂိုလ်သည် သိ၏၊ ထိုပုဂ္ဂိုလ်သည် အကယ်၍ သိခဲ့ပါလျှင်,အကြင်တရားကို သိ၏၊ ထိုတရားကို အကယ်၍ သိခဲ့ပါလျှင်, အကြင်စိတ်ဖြင့် သိ၏၊ ထိုစိတ်ဖြင့်အကယ်၍ သိခဲ့ပါလျှင် ထိုအကြောင်းကြောင့် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ ဆိုသင့်၏။ |
3,263 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၂၀။ သကဝါဒီ။ |
3,264 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်ပုဂ္ဂိုလ်သည် မကြည့်ရှု၊ ထိုပုဂ္ဂိုလ်သည် မမြင်သည် မဟုတ်ပါလော၊ အကြင်အဆင်းကို မမြင်၊ ထိုအဆင်းကို မမြင်သည် မဟုတ်ပါလော၊ အကြင်မျက်စိဖြင့် မမြင်၊ ထိုမျက်စိဖြင့်မမြင် သည် မဟုတ်ပါလော၁၈။ |
3,265 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ။ |
3,266 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အကြင်ပုဂ္ဂိုလ်သည် မကြည့်ရှု၊ ထိုပုဂ္ဂိုလ်သည် အကယ်၍ မမြင်ခဲ့ပါလျှင်, အကြင်အဆင်းကို မမြင်၊ ထိုအဆင်းကို အကယ်၍ မမြင်ခဲ့ပါလျှင်, အကြင်မျက်စိဖြင့် မမြင်၊ ထိုမျက်စိဖြင့်အကယ်၍ မမြင်ခဲ့ပါလျှင် ထိုအကြောင်းကြောင့် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟု သင် မဆိုသင့်။ |
3,267 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။ |
3,268 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်ပုဂ္ဂိုလ်သည် မကြား။ |
3,269 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ အကြင်ပုဂ္ဂိုလ်သည် မနမ်း။ |
3,270 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်ပုဂ္ဂိုလ်သည့်မလျက်။ |
3,271 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်ပုဂ္ဂိုလ်သည် မတွေ့ထိ။ |
3,272 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်ပုဂ္ဂိုလ်သည် မသိ၊ ထိုပုဂ္ဂိုလ်သည် မသိသည် မဟုတ်ပါလော၊ အကြင်တရား ‘ဓမ္မာရုံ’ ကို မသိ၊ ထိုတရား ‘ဓမ္မာရုံ’ ကို မသိသည် မဟုတ်ပါလော၊ အကြင်စိတ်ဖြင့်မသိ၊ ထိုစိတ်ဖြင့် မသိသည် မဟုတ်ပါလော။ |
3,273 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ အကြင်ပုဂ္ဂိုလ်သည် မသိ၊ ထိုပုဂ္ဂိုလ်သည် အကယ်၍ မသိခဲ့ပါလျှင်,အကြင်တရားကို မသိ၊ ထိုတရားကို အကယ်၍ မသိခဲ့ပါလျှင်, အကြင်စိတ်ဖြင့် မသိ၊ ထိုစိတ်ဖြင့်အကယ်၍ မသိခဲ့ပါလျှင် ထိုအကြောင်းကြောင့် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ သင် မဆိုသင့်။ |
3,274 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၂၁။ ပရဝါဒီ။ |
3,275 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ “ရဟန်းတို့ ငါ (ဘုရား) သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ အဘိညာဉ်ဖြင့် စုတေဆဲ သတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ၊ ယုတ်ညံ့သော သတ္တဝါ မြင့်မြတ်သော သတ္တဝါ၊ အဆင်းလှသော သတ္တဝါ အဆင်းမလှသောသတ္တဝါ၊ ကောင်းသော လားရာ ‘ဂတိ'ရှိသော သတ္တဝါ မကောင်းသော လားရာ ‘ဂတိ'ရှိသော သတ္တဝါတို့ကို မြင်တော်မူ၏၊ ကံအားလျော်စွာ ဖြစ် ပေါ်ကုန်သော သတ္တဝါတို့ကို သိတော်မူ၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာလျှင် မဟုတ်ပါလော။ |
3,276 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏။ |
3,277 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၂၂။ သကဝါဒီ။ |
3,278 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ “ရဟန်းတို့ ငါ (ဘုရား) သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ အဘိညာဉ်ဖြင့် စုတေဆဲ သတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ၊ ယုတ်ညံ့သော သတ္တဝါ မြင့်မြတ်သော သတ္တဝါ၊ အဆင်းလှသော သတ္တဝါ အဆင်းမလှသောသတ္တဝါ၊ ကောင်းသော လားရာ ‘ဂတိ’ ရှိသော သတ္တဝါ မကောင်းသော လားရာ ‘ဂတိ’ ရှိသောသတ္တဝါတို့ကို မြင်တော်မူ၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိတော်မူ၏”ဟူ၍မြတ်စွာဘုရား ဟောအပ်၏ဟု နှလုံးပြု၍ ထိုအကြောင်းကြောင့်ပင် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။ |
3,279 | Uncategorized | ကထာဝတ္ထုပါဠိတော် | မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သောနတ်တို့၏ မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ အဘိညာဉ်ဖြင့် အဆင်း ‘ရူပါရုံ’ ကို မြင်တော်မူပါသလော၊ ပုဂ္ဂိုလ်ကို မြင်တော်မူပါသလော။ |
3,280 | Uncategorized | ကထာဝတ္ထုပါဠိတော် | အဆင်း ‘ရူပါရုံ’ ကို မြင်တော်မူပါ၏။ |
3,281 | Uncategorized | ကထာဝတ္ထုပါဠိတော် | အဆင်း ‘ရူပါရုံ’ သည် ပုဂ္ဂိုလ်လော၊ အဆင်းရူပါရုံသည် စုတေသလော၊ အဆင်းရူပါရုံသည် ပဋိသန္ဓေနေသလော၊ အဆင်းရူပါရုံသည် ကံအားလျော်စွာ (ထိုထိုဘဝသို့) ကပ်ရောက်ပါသလော။ |
3,282 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပုဂ္ဂိုလ်ကို မြင်တော်မူပါသည်။ |
3,283 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပုဂ္ဂိုလ်သည် အဆင်း ‘ရူပါရုံ’ လော၊ ရူပါယတနလော၊ ရူပဓာတ်လော၊ အညိုလော၊ အရွှေလော၊ အနီလော၊ အဖြူလော၊ မျက်စိဖြင့် သိအပ်သူလော၊ မျက်စိ၌ ထိခိုက်သလော၊ မျက်စိအားထင်ခြင်းသို့ ရောက်ပါသလော။ |
3,284 | Uncategorized | ကထာဝတ္ထုပါဠိတော် | မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သောနတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ အဘိညာဉ်ဖြင့် အဆင်း ‘ရူပါရုံ’ ကို မြင်တော်မူပါသလော၊ ပုဂ္ဂိုလ်ကို မြင်တော်မူပါသလော။ |
3,285 | Uncategorized | ကထာဝတ္ထုပါဠိတော် | နှစ်မျိုးစလုံးကို မြင်တော်မူပါသည်။ |
3,286 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ နှစ်မျိုးလုံးတို့သည် အဆင်းလော၊ ရူပါယတနလော၊ ရူပဓာတ်လော၊ နှစ်မျိုးလုံး တို့သည် အညိုတို့လော၊ နှစ်မျိုးလုံးတို့သည် အရွှေတို့လော၊ နှစ်မျိုးလုံးတို့သည် အနီတို့လော၊ နှစ်မျိုးလုံးတို့သည် အဖြူတို့လော၊ နှစ်မျိုးလုံးတို့ကို မျက်စိဖြင့် သိအပ်ကုန်သလော၊ နှစ်မျိုးလုံးတို့သည်မျက်စိ၌ ထိခိုက်ကုန်သလော၊ နှစ်မျိုးလုံးတို့သည် မျက်စိအား ထင်ခြင်းသို့ ရောက်ကုန်သလော၊ နှစ်မျိုးလုံးတို့သည် စုတေကုန်သလော၊ နှစ်မျိုးလုံးတို့သည် ပဋိသန္ဓေနေကုန်သလော၊ နှစ်မျိုးလုံးတို့သည်ကံအားလျော်စွာ (ထိုထိုဘဝသို့) ကပ်ရောက်ကြကုန်သလော။ |
3,287 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဥပါဒါပညတ္တာနုယောဂ ပြီး၏။ |
3,288 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၃။ “အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝတံ သံသရတံ"- ဟူ၍ သတ္တဝါတို့၏သာ ကျင်လည်ခြင်းကို ဟောတော်မူသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်၊ တစ်ဖန် နောက်ထပ်မေးမြန်းလတ်သော် ရုပ်နှင့်ကင်း၍ ပုဂ္ဂိုလ် မရှိနိုင်သောကြောင့် ပုဂ္ဂိုလ်ကျင်လည်သည်ရှိသော် ရုသည်လည်း ကျင်လည်တော့သည်သာဟု နှလုံးပြု၍ ပရဝါဒီက ဝန်ခံပြန်၏၊ ဝေဒနာ စသည်တို့၌လည်း ဤနည်းအတိုင်းပင်တည်း။ |
3,289 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂။ ညိုသော ရုပ်နှင့်တကွ ပုဂ္ဂိုလ်၏ တစ်ခုတည်းအဖြစ်ကိုလည်းကောင်း၊ တစ်ခုသော ကိုယ်၌ များစွာကုန်သော အညို စသည်တို့၏ အစွမ်းဖြင့် ပုဂ္ဂိုလ်များသည်၏ အဖြစ်ကိုလည်းကောင်း အလိုမရှိသည် ဖြစ်၍ ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
3,290 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၄။ တစ်ဖန် နောက်ထပ် မေးမြန်းအပ်သော် မဂ္ဂကုသလော- လမ်းခရီး၌ လိမ္မာသူ၊ ဤသို့ အစရှိသောစကား၏ ထင်ရှားရှိနေသောကြောင့် လိမ္မာခြင်းအနက်ကို ရည်ရွယ်၍ ပရဝါဒီက ဝန်ခံပြန်သည်။ |
3,291 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၅။ ထိုသို့သဘောရှိသော အကျိုးရှိသည့် ပုဂ္ဂိုလ်ဟူသော ဝေါဟာရ မရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
3,292 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၆။ သဿတ စသည်တို့၏ အစွမ်းဖြင့် အဗျာကတအဖြစ်ကို ရည်ရွယ်၍ ဝန်ခံပြန်သည်။ |
3,293 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၇။ “စက္ခုမာ ဝိသမာနီဝ၊ ဝိဇ္ဇမာနေ ပရက္ကမေ။ |
3,294 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပဏ္ဍိတော ဇီဝလောကသ္မိံ ပါပါနိ ပရိဝဇ္ဇယေ။ |
3,295 | Uncategorized | ကထာဝတ္ထုပါဠိတော် | ” ဟူသော ဥဒါန်းပါဠိတော်၌ မျက်စိရှိသူဟူသော ဝေါဟာရ ထင်ရှား ရှိသောကြောင့် ပရဝါဒီက ဝန်ခံသည်။ |
3,296 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၈။ စက္ခုချုပ်ကာမျှဖြင့် ပုဂ္ဂိုလ်၏ ချုပ်ခြင်းကို အလိုမရှိ၍ ဒုတိယအမေး၌ ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
3,297 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၉။ ခန္ဓာတို့ကို စွဲ၍ ပုဂ္ဂိုလ်ဟု ပညတ်ခဲ့ရကား နှစ်ခု သုံးခု လေးခု ငါးခုသော ခန္ဓာတို့ကို စွဲ၍ ပညတ်မှုကို ဝန်ခံခဲ့၏။ |
3,298 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၀။ တစ်ခုသော သန္တာန်၌ နှစ်ယောက် ငါးယောက်သော ပုဂ္ဂိုလ်တို့ မရှိကောင်းသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
3,299 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၁။ ဤမေးသော အခြင်းအရာအားဖြင့် အလိုမရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ မိမိအယူ၌တည်လျက်လည်းကောင်း ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
3,300 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၂။ သရာဂစသော စိတ်တို့၏ အစွမ်းအားဖြင့် သရာဂပုဂ္ဂိုလ်စသည်ကို ရည်ရွယ်၍ စိတ္တာနုပဿနာ၏ အစွမ်းအားဖြင့် ပရဝါဒီက ဝန်ခံသည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.