id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
3,101 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဝိညာဏ်ကို စွဲ၍ ပုဂ္ဂိုလ်ကိုပညတ်ပါသလော။ |
3,102 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထိုဝိညာဏ်သည် မမြဲသော ‘အနိစ္စ’၊ ပြုပြင်အပ်သော ‘သင်္ခတ’၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်သော ‘ပဋိစ္စသမုပ္ပန္န’၊ ကုန်ခန်းခြင်းသဘော ‘ခယဓမ္မ’၊ ပျက်စီးခြင်းသဘော ‘ဝယဓမ္မ’၊ ကင်းပြတ်ခြင်းသဘော ‘ဝိရာဂဓမ္မ’၊ ချုပ်ငြိမ်းခြင်းသဘော ‘နိရောဓဓမ္မ’၊ ဖောက်ပြန်ခြင်းသဘော'ဝိပရိဏာမဓမ္မ’ ဖြစ်ပါသလော။ |
3,103 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၉၇။ သကဝါဒီ။ |
3,104 | Uncategorized | ကထာဝတ္ထုပါဠိတော် | ညိုသော ရုပ်ကို စွဲ၍ ညိုသောပုဂ္ဂိုလ်ကို ပညတ်ပါသလော။ |
3,105 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ရွှေသောရုပ်ကို စွဲ၍။ |
3,106 | Uncategorized | ကထာဝတ္ထုပါဠိတော် | နီသောရုပ်ကို စွဲ၍။ |
3,107 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဖြူသောရုပ်ကို စွဲ၍။ |
3,108 | Uncategorized | ကထာဝတ္ထုပါဠိတော် | မြင်ခြင်းနှင့်တကွဖြစ်သော ရုပ်ကို စွဲ၍။ |
3,109 | Uncategorized | ကထာဝတ္ထုပါဠိတော် | မြင်ခြင်း မရှိသောရုပ်ကို စွဲ၍။ |
3,110 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထိခိုက်ခြင်းနှင့်တကွ ဖြစ်သော ရုပ်ကို စွဲ၍။ |
3,111 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထိခိုက်ခြင်း မရှိသော ရုပ်ကို စွဲ၍ ထိခိုက်ခြင်း မရှိသောပုဂ္ဂိုလ်ကို ပညတ်ပါသလော။ |
3,112 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၉၈။ သကဝါဒီ။ |
3,113 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ဝေဒနာကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ပါသလော။ |
3,114 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကုသိုလ်ဖြစ်သော ဝေဒနာကို စွဲ၍ ကုသိုလ်ဖြစ်သောပုဂ္ဂိုလ်ကို ပညတ်ပါသလော။ |
3,115 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် ပညတ်ပါ၏၄။ |
3,116 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကုသိုလ်ဖြစ်သော ဝေဒနာသည် အကျိုးရှိသလော၊ ဝိပါကရှိသလော၊ လိုလားအပ် သောအကျိုးရှိသလော၊ နှစ်သက်အပ်သော အကျိုးရှိသလော၊ စိတ်ကို ပွားစေတတ်သော အကျိုးရှိသလော၊ (ကိလေသာ ရေဖြင့်) မသွန်းလောင်းအပ်သော အကျိုးရှိသလော၊ ချမ်းသာကို တိုးပွားစေတတ်သလော၊ ချမ်းသာသော အကျိုးရှိသလော။ |
3,117 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကုသိုလ်ဖြစ်သောပုဂ္ဂိုလ်သည်လည်း အကျိုးရှိသလော၊ ဝိပါက်ရှိသလော၊ လိုလားအပ်သော အကျိုးရှိသလော၊ နှစ်သက်အပ်သော အကျိုးရှိသလော၊ စိတ်ကို ပွားစေတတ်သော အကျိုးရှိသလော၊ (ကိလေသာ ရေဖြင့်) မသွန်းလောင်းအပ်သော အကျိုးရှိသလော၊ ချမ်းသာကို တိုးပွားစေတတ်သလော၊ ချမ်းသာသော အကျိုးရှိသလော။ |
3,118 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၉၉။ သကဝါဒီ။ |
3,119 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကုသိုလ်ဖြစ်သော ဝေဒနာကို စွဲ၍ အကုသိုလ်ဖြစ်သောပုဂ္ဂိုလ်ကို ပညတ်ပါသလော။ |
3,120 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကုသိုလ်ဖြစ်သော ဝေဒနာသည် အကျိုးရှိသလော၊ ဝိပါက်ရှိသလော၊ မလိုလားအပ်သော အကျိုးရှိသလော၊ မနှစ်သက်အပ်သော အကျိုးရှိသလော၊ စိတ်ကို မပွားစေတတ်သော အကျိုးရှိသလော၊ (ကိလေသာရေဖြင့်) သွန်းလောင်းအပ်သော အကျိုးရှိသလော၊ ဆင်းရဲကို တိုးပွားစေတတ်သလော၊ ဆင်းရဲသော အကျိုးရှိသလော။ |
3,121 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အကုသိုလ်ဖြစ်သောပုဂ္ဂိုလ်သည်လည်း အကျိုးရှိသလော၊ ဝိပါက်ရှိသလော၊ မလိုလားအပ်သော အကျိုးရှိသလော၊ မနှစ်သက်အပ်သော အကျိုးရှိသလော၊ စိတ်ကို မပွားစေတတ်သောအကျိုးရှိသလော၊ (ကိလေသာရေဖြင့်) မသွန်းလောင်းအပ်သော အကျိုးရှိသလော၊ ဆင်းရဲကို တိုးပွားစေတတ်သလော၊ ဆင်းရဲသော အကျိုးရှိသလော။ |
3,122 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၀၀။ သကဝါဒီ။ |
3,123 | Uncategorized | ကထာဝတ္ထုပါဠိတော် | အဗျာကတဖြစ်သော ဝေဒနာကို စွဲ၍ အဗျာကတဖြစ်သောပုဂ္ဂိုလ်ကို ပညတ်ပါသလော။ |
3,124 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် ပညတ်ပါ၏၆။ |
3,125 | Uncategorized | ကထာဝတ္ထုပါဠိတော် | အဗျာကတဖြစ်သော ဝေဒနာသည် မမြဲသော ‘အနိစ္စ’၊ ပြုပြင်အပ်သော ‘သင်္ခတ’၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်သော ‘ပဋိစ္စသမုပ္ပန္န’၊ ကုန်ခန်းခြင်းသဘော ‘ခယဓမ္မ’၊ ပျက်စီးခြင်းသဘော'ဝယဓမ္မ’၊ ကင်းပြတ်ခြင်းသဘော ‘ဝိရာဂဓမ္မ’၊ ချုပ်ငြိမ်းခြင်းသဘော ‘နိရောဓဓမ္မ’၊ ဖောက်ပြန်ခြင်းသဘော'ဝိပရိဏာမဓမ္မ’ ဖြစ်ပါသလော။ |
3,126 | Uncategorized | ကထာဝတ္ထုပါဠိတော် | အဗျာကတဖြစ်သောပုဂ္ဂိုလ်သည်လည်း မမြဲသော ‘အနိစ္စ’၊ ပြုပြင်အပ်သော ‘သင်္ခတ’၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်သော ‘ပဋိစ္စသမုပ္ပန္န’၊ ကုန်ခန်းခြင်းသဘော ‘ခယဓမ္မ’၊ ပျက်စီးခြင်း သဘော'ဝယဓမ္မ’၊ ကင်းပြတ်ခြင်းသဘော ‘ဝိရာဂဓမ္မ’၊ ချုပ်ငြိမ်းခြင်းသဘော ‘နိရောဓဓမ္မ’၊ ဖောက်ပြန်ခြင်း့သဘော ‘ဝိပရိဏာမဓမ္မ’ ဖြစ်ပါသလော။ |
3,127 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၀၁။ သကဝါဒီ။ |
3,128 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ သညာကို စွဲ၍။ |
3,129 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဝိညာဏ်ကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ပါသလော။ |
3,130 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကုသိုလ်ဝိညာဏ်ကို စွဲ၍ ကုသိုလ်ဖြစ်သောပုဂ္ဂိုလ်ကို ပညတ်ပါသလော။ |
3,131 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကုသိုလ်ဝိညာဏ်သည် အကျိုးရှိသလော၊ ဝိပါက်ရှိသလော၊ လိုလားအပ်သောအကျိုးရှိသလော၊ နှစ်သက်အပ်သော အကျိုးရှိသလော၊ စိတ်ကို ပွားစေတတ်သော အကျိုးရှိသလော၊ (ကိလေသာရေဖြင့်) မသွန်းလောင်းအပ်သော အကျိုးရှိသလော၊ ချမ်းသာကို တိုးပွားစေတတ်သလော၊ ချမ်းသာသော အကျိုးရှိသလော။ |
3,132 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ဩော် ရှိပါ၏။ |
3,133 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကုသိုလ်ဖြစ်သောပုဂ္ဂိုလ်သည်လည်း အကျိုးရှိသလော၊ ဝိပါက်ရှိသလော၊ လိုလားအပ်သော အကျိုးရှိသလော၊ နှစ်သက်အပ်သော အကျိုးရှိသလော၊ စိတ်ကို ပွားစေတတ်သော အကျိုးရှိသလော၊ (ကိလေသာ ရေဖြင့်) မသွန်းလောင်းအပ်သော အကျိုးရှိသလော၊ ချမ်းသာကို တိုးပွားစေတတ်သလော၊ ချမ်းသာသော အကျိုးရှှိသလော။ |
3,134 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၀၂။ သကဝါဒီ။ |
3,135 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ဝိညာဏ်ကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ပါသလော။ |
3,136 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကုသိုလ်ဝိညာဏ်ကို စွဲ၍ အကုသိုလ်ဖြစ်သောပုဂ္ဂိုလ်ကို ပညတ်ပါသလော။ |
3,137 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကုသိုလ်ဝိညာဏ်သည် အကျိုးရှိသလော၊ ဝိပါက်ရှိသလော၊ မလိုလားအပ်သောအကျိုးရှိသလော၊ မနှစ်သက်အပ်သော အကျိုးရှိသလော၊ စိတ်ကို မပွားစေတတ်သော အကျိုးရှိသလော၊ (ကိလေသာ ရေဖြင့်) သွန်းလောင်းအပ်သော အကျိုးရှိသလော၊ ဆင်းရဲကို တိုးပွားစေတတ်သလော၊ ဆင်းရဲသော အကျိုးရှိသလော။ |
3,138 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကုသိုလ်ဖြစ်သောပုဂ္ဂိုလ်သည်လည်း အကျိုးရှိသလော၊ ဝိပါက်ရှိသလော၊ မလိုလားအပ်သော အကျိုးရှိသလော၊ မနှစ်သက်အပ်သော အကျိုးရှှိသလော၊ စိတ်ကို မပွားစေတတ်သောအကျိုးရှိသလော၊ (ကိလေသာရေဖြင့်) သွန်းလောင်းအပ်သော အကျိုးရှိသလော၊ ဆင်းရဲကို တိုးပွားစေတတ်သလော၊ ဆင်းရဲသော အကျိုးရှှိသလော။ |
3,139 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၀၃။ သကဝါဒီ။ |
3,140 | Uncategorized | ကထာဝတ္ထုပါဠိတော် | အဗျာကတဝိညာဏ်ကို စွဲ၍ အဗျာကတဖြစ်သောပုဂ္ဂိုလ်ကို ပညတ်ပါသလော။ |
3,141 | Uncategorized | ကထာဝတ္ထုပါဠိတော် | အဗျာကတဝိညာဏ်သည် မမြဲသော ‘အနိစ္စ’၊ ပြုပြင်အပ်သော ‘သင်္ခတ’၊ အကြောင်း ကိုစွဲ၍ ဖြစ်ပေါ်သော ‘ပဋိစ္စသမုပ္ပန္န’၊ ကုန်ခန်းခြင်းသဘော ‘ခယဓမ္မ’၊ ပျက်စီးခြင်းသဘော ‘ဝယဓမ္မ’၊ ကင်းပြတ်ခြင်းသဘော ‘ဝိရာဂဓမ္မ’၊ ချုပ်ငြိမ်းခြင်းသဘော ‘နိရောဓဓမ္မ’၊ ဖောက်ပြန်ခြင်းသဘော'ဝိပရိဏာမဓမ္မ’ ဖြစ်ပါသလော။ |
3,142 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အဗျာကတဖြစ်သောပုဂ္ဂိုလ်သည်လည်း မမြဲသော ‘အနိစ္စ’၊ ပြုပြင်အပ်သော ‘သင်္ခတ’၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်သော ‘ပဋိစ္စသမုပ္ပန္န’၊ ကုန်ခန်းခြင်းသဘော ‘ခယဓမ္မ’၊ ပျက်စီးခြင်း သဘော'ဝယဓမ္မ’၊ ကင်းပြတ်ခြင်းသဘော ‘ဝိရာဂဓမ္မ’၊ ချုပ်ငြိမ်းခြင်းသဘော ‘နိရောဓဓမ္မ’၊ ဖောက်ပြန်ခြင်းသဘော ‘ဝိပရိဏာမဓမ္မ’ ဖြစ်ပါသလော။ |
3,143 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၀၄။ သကဝါဒီ။ |
3,144 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ မျက်စိကို စွဲ၍ “မျက်စိရှိသောပုဂ္ဂိုလ်”ဟူ၍ ပြောဆိုသင့်ပါသလော။ |
3,145 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် ပြောဆိုသင့်ပါ၏၇။ |
3,146 | Uncategorized | ကထာဝတ္ထုပါဠိတော် | မျက်စိချုပ်လတ်သော် “မျက်စိရှိသောပုဂ္ဂိုလ်သည် ချုပ်၏”ဟူ၍ ပြောဆိုသင့်ပါသလော။ |
3,147 | Uncategorized | ကထာဝတ္ထုပါဠိတော် | နားကို စွဲ၍။ |
3,148 | Uncategorized | ကထာဝတ္ထုပါဠိတော် | နှာခေါင်းကို စွဲ၍။ |
3,149 | Uncategorized | ကထာဝတ္ထုပါဠိတော် | လျှာကို စွဲ၍။ |
3,150 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကိုယ်ကို စွဲ၍။ |
3,151 | Uncategorized | ကထာဝတ္ထုပါဠိတော် | စိတ်ကို စွဲ၍ စိတ်ရှိသောပုဂ္ဂိုလ်ဟူ၍ ပြောဆိုသင့်ပါသလော။ |
3,152 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် ပြောဆိုသင့်ပါ၏။ |
3,153 | Uncategorized | ကထာဝတ္ထုပါဠိတော် | စိတ်ချုပ်လတ်သော် “စိတ်ရှိသောပုဂ္ဂိုလ်သည် ချုပ်၏”ဟူ၍ ပြောဆိုသင့်ပါသလော။ |
3,154 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဤသို့ကား မပြောဆိုသင့်ပါ။ |
3,155 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၀၅။ သကဝါဒီ။ |
3,156 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ မှားယွင်းသော အယူ ‘မိစ္ဆာဒိဋ္ဌိ'ကို စွဲ၍ “မှားယွင်းသော အယူရှိသောပုဂ္ဂိုလ်”ဟူ၍ ပြောဆိုသင့်ပါသလော။ |
3,157 | Uncategorized | ကထာဝတ္ထုပါဠိတော် | မှားယွင်းသော အယူ ချုပ်လတ်သော် “မှားယွင်းသော အယူရှိသောပုဂ္ဂိုလ်သည်ချုပ်၏”ဟူ၍ ပြောဆိုသင့်ပါသလော။ |
3,158 | Uncategorized | ကထာဝတ္ထုပါဠိတော် | မှားယွင်းသော အကြံအစည်ကို စွဲ၍။ |
3,159 | Uncategorized | ကထာဝတ္ထုပါဠိတော် | မှားယွင်းသောစကားကို စွဲ၍။ |
3,160 | Uncategorized | ကထာဝတ္ထုပါဠိတော် | မှားယွင်းသောအလုပ်ကို စွဲ၍။ |
3,161 | Uncategorized | ကထာဝတ္ထုပါဠိတော် | မှားယွင်းသော အသက်မွေးမှုကို စွဲ၍။ |
3,162 | Uncategorized | ကထာဝတ္ထုပါဠိတော် | မှားယွင်းသော အားထုတ်မှုကို စွဲ၍။ |
3,163 | Uncategorized | ကထာဝတ္ထုပါဠိတော် | မှားယွင်းသော အောက်မေ့မှုကို စွဲ၍။ |
3,164 | Uncategorized | ကထာဝတ္ထုပါဠိတော် | မှားယွင်းသော တည်ကြည်မှုကို စွဲ၍ “မှားယွင်းသောတည်ကြည်မှု ရှိသောပုဂ္ဂိုလ်”ဟူ၍ ပြောဆိုသင့်ပါသလော။ |
3,165 | Uncategorized | ကထာဝတ္ထုပါဠိတော် | မှားယွင်းသော တည်ကြည်မှု ချုပ်လတ်သော် “မှားယွင်းသော တည်ကြည်မှုရှိသောပုဂ္ဂိုလ်သည် ချုပ်၏”ဟူ၍ ပြောဆိုသင့်ပါသလော။ |
3,166 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၀၆။ သကဝါဒီ။ |
3,167 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ မှန်ကန်သော အယူ ‘သမ္မာဒိဋ္ဌိ'ကို စွဲ၍ “မှန်ကန်သော အယူရှိသောပုဂ္ဂိုလ်”ဟူ၍ ပြောဆိုသင့်ပါသလော။ |
3,168 | Uncategorized | ကထာဝတ္ထုပါဠိတော် | မှန်ကန်သော အယူချုပ်လတ်သော် “မှန်ကန်သော အယူရှိသောပုဂ္ဂိုလ်သည် ချုပ်၏”ဟူ၍ ပြောဆိုသင့်ပါသလော။ |
3,169 | Uncategorized | ကထာဝတ္ထုပါဠိတော် | မှန်ကန်သော အကြံအစည်ကို စွဲ၍။ |
3,170 | Uncategorized | ကထာဝတ္ထုပါဠိတော် | မှန်ကန်သောစကားကို စွဲ၍။ |
3,171 | Uncategorized | ကထာဝတ္ထုပါဠိတော် | မှန်ကန်သောအလုပ်ကို စွဲ၍။ |
3,172 | Uncategorized | ကထာဝတ္ထုပါဠိတော် | မှန်ကန်သော အသက်မွေးမှုကို စွဲ၍။ |
3,173 | Uncategorized | ကထာဝတ္ထုပါဠိတော် | မှန်ကန်သော အားထုတ်မှုကို စွဲ၍။ |
3,174 | Uncategorized | ကထာဝတ္ထုပါဠိတော် | မှန်ကန်သောအောက်မေ့မှုကို စွဲ၍။ |
3,175 | Uncategorized | ကထာဝတ္ထုပါဠိတော် | မှန်ကန်သော တည်ကြည်မှုကို စွဲ၍ “မှန်ကန်သော တည်ကြည်မှုရှိသောပုဂ္ဂိုလ်”ဟူ၍ ပြောဆိုသင့်ပါသလော။ |
3,176 | Uncategorized | ကထာဝတ္ထုပါဠိတော် | မှန်ကန်သော တည်ကြည်မှု ချုပ်လတ်သော် “မှန်ကန်သော တည်ကြည်မှုရှိသောပုဂ္ဂိုလ်သည် ချုပ်၏”ဟူ၍ ပြောဆိုသင့်ပါသလော။ |
3,177 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၀၇။ သကဝါဒီ။ |
3,178 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ရုပ်ကို စွဲ၍၊ ဝေဒနာကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ပါသလော။ |
3,179 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် ပညတ်ပါ၏၉။ |
3,180 | Uncategorized | ကထာဝတ္ထုပါဠိတော် | ခန္ဓာနှစ်ပါးတို့ကို စွဲ၍ ပုဂ္ဂိုလ်နှစ်ယောက်တို့ကို ပညတ်ပါသလော။ |
3,181 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ၁၀ |
3,182 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရုပ်ကိုစွဲ၍၊ ဝေဒနာကို စွဲ၍၊ သညာကို စွဲ၍၊ သင်္ခါရတို့ကို စွဲ၍၊ ဝိညာဏ်ကို စွဲ၍ပုဂ္ဂိုလ်ကို ပညတ်ပါသလော။ |
3,183 | Uncategorized | ကထာဝတ္ထုပါဠိတော် | ခန္ဓာငါးပါးတို့ကို စွဲ၍ ပုဂ္ဂိုလ်ငါးယောက်တို့ကို ပညတ်ပါသလော။ |
3,184 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၀၈။ သကဝါဒီ။ |
3,185 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ စက္ခာယတနကို စွဲ၍၊ သောတာယတနကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ပါသလော။ |
3,186 | Uncategorized | ကထာဝတ္ထုပါဠိတော် | အာယတနနှစ်ပါးတို့ကို စွဲ၍ ပုဂ္ဂိုလ်နှစ်ယောက်တို့ကို ပညတ်ပါသလော။ |
3,187 | Uncategorized | ကထာဝတ္ထုပါဠိတော် | စက္ခာယတနကို စွဲ၍၊ သောတာယတနကို စွဲ၍။ |
3,188 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ဓမ္မာယတနကို စွဲ၍ ပုဂ္ဂိုလ်ကိုပညတ်ပါသလော။ |
3,189 | Uncategorized | ကထာဝတ္ထုပါဠိတော် | အာယတနတစ်ဆယ့်နှစ်ပါးတို့ကို စွဲ၍ ပုဂ္ဂိုလ်တစ်ဆယ့်နှစ်ယောက်တို့ကို ပညတ်ပါသလော။ |
3,190 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၀၉။ သကဝါဒီ။ |
3,191 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ စက္ခုဓာတ်ကို စွဲ၍၊ သောတဓာတ်ကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ပါသလော။ |
3,192 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဓာတ်နှစ်ပါးတို့ကို စွဲ၍ ပုဂ္ဂိုလ်နှစ်ယောက်တို့ကို ပညတ်ပါသလော။ |
3,193 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ စက္ခုဓာတ်ကို စွဲ၍၊ သောတဓာတ်ကို စွဲ၍။ |
3,194 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ဓမ္မဓာတ်ကို စွဲ၍ ပုဂ္ဂိုလ်ကိုပညတ်ပါသလော။ |
3,195 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဓာတ်တစ်ဆယ့်ရှစ်ပါးတို့ကို စွဲ၍ ပုဂ္ဂိုလ်တစ်ဆယ့်ရှစ်ယောက်တို့ကို ပညတ်ပါသလော။ |
3,196 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၁၀။ သကဝါဒီ။ |
3,197 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ စက္ခုန္ဒြေကို စွဲ၍၊ သောတိန္ဒြေကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ပါသလော။ |
3,198 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဣန္ဒြေနှစ်ပါးတို့ကို စွဲ၍ ပုဂ္ဂိုလ်နှစ်ယောက်တို့ကို ပညတ်ပါသလော။ |
3,199 | Uncategorized | ကထာဝတ္ထုပါဠိတော် | စက္ခုန္ဒြေကို စွဲ၍၊ သောဘိန္ဒြေကို စွဲ၍။ |
3,200 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ အညာတာဝိန္ဒြေကို စွဲ၍ ပုဂ္ဂိုလ်ကိုပညတ်ပါသလော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.