id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
33,201 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုကြောင့် ထိုသတ္တဝါသည် မိမိ ပြုစုပျိုးထောင်ခဲ့သော ကံနှင့် လျော်ညီစွာ အသားတုံးပြိတ္တာ ဖြစ်လာရပေသည်။ |
33,202 | Uncategorized | ကိုးကွယ်ရာဟူသည် | ) အရေ မရှိသော ယောက်ျားပြိတ္တာ ---- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော အရေမရှိသော ယောက်ျားပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကြကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ |
33,203 | Uncategorized | ကိုးကွယ်ရာဟူသည် | ပ ။ ရဟန်းတို့ ... ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် ဆိတ်သတ်သမား ဖြစ်ခဲ့ဖူးလေပြီ။ |
33,204 | Uncategorized | ကိုးကွယ်ရာဟူသည် | (သံ၊၁၊၄၄၈။ |
33,205 | Uncategorized | ကိုးကွယ်ရာဟူသည် | ) ထိုဆိတ်သတ်သမားကား သိုး ဆိတ်တို့ကို သတ်ပြီး အရေခွံကို ဆုတ်ကာ အသားတို့ကို ရောင်းချလျက် အသက်မွေးသော ပုဂ္ဂိုလ်ဖြစ်၏။ |
33,206 | Uncategorized | ကိုးကွယ်ရာဟူသည် | ယင်း အကုသိုလ်ကံတို့ကို ထူထောင်ခဲ့စဉ်က ပြိတ္တာဘဝသို့ ဖြစ်စေနိုင်သည့် စွမ်းအားရှိသော အကုသိုလ် အပရာပရိယကံတို့၏ စွမ်းအားကြောင့် ထိုကံကို ထူထောင်ခဲ့စဉ်က အာရုံနိမိတ်တစ်ခုအဖြစ် ကျေးဇူးပြုပေးနေသော အရေ မရှိသော သိုး ဆိတ်တို့၏ ကိုယ်ကောင်ဟူသော ကမ္မနိမိတ်အာရုံသည် ထိုငရဲသားသတ္တဝါ၏ မရဏာသန္နဇော၏ အာရုံအဖြစ် ထင်လာပေသည်။ |
33,207 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုကြောင့် ထိုသတ္တဝါသည် ငရဲမှ စုတေသောအခါ ပြိတ္တာဘုံ၌ အရေ မရှိသော ယောက်ျားပြိတ္တာ ဖြစ်လာရပေသည်။ |
33,208 | Uncategorized | ကိုးကွယ်ရာဟူသည် | ) သံလျက် အမွေးပေါက်သော ယောက်ျားပြိတ္တာ ---- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော သန်လျက်အမွေးပေါက်သော ယောက်ျားပြိတ္တာကို မြင်ရ၏။ |
33,209 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုပြိတ္တာ၏ ထိုသံလျက် အမွေးတို့သည် အထက်သို့ ပျံတက်၍ ပျံတက်၍ ထိုပြိတ္တာ၏ ကိုယ်ပေါ်၌ပင် ကျရောက်ကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ |
33,210 | Uncategorized | ကိုးကွယ်ရာဟူသည် | ပ ။ ရဟန်းတို့ ... ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် ဝက်သတ်သမား ဖြစ်ခဲ့ဖူးပြီ။ |
33,211 | Uncategorized | ကိုးကွယ်ရာဟူသည် | ပ ။ (သံ၊၁၊၄၄၈။ |
33,212 | Uncategorized | ကိုးကွယ်ရာဟူသည် | ) ဤဝက်သတ်သမားကား နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး ဝက်တို့ကို အစာကျွေး၍ မွေးမြူခဲ့၏။ |
33,213 | Uncategorized | ကိုးကွယ်ရာဟူသည် | ယင်းဝက်တို့ကို သံလျက် ဖြင့် သတ်ကာသတ်ကာ ရှည်မြင့်စွာသော အချိန်အခါကာလပတ်လုံး အသက် မွေးခဲ့ဖူး၏။ |
33,214 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုသတ္တဝါသည် ငရဲသို့ ရောက်ပြီးနောက် ငရဲမှ စုတေခါနီးအချိန် ကာလတွင် မိမိ ဝက်တို့ကို သတ်ဖြတ်ခဲ့စဉ်က သန်လျက်ဖြင့် မြှောက်ချီကာ ခုတ်ဖြတ်ခဲ့သည့် အာရုံနိမိတ်သည်သာလျှင် မရဏာသန္နဇော၏ အာရုံနိမိတ် အဖြစ် ထင်လာ၏။ |
33,215 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုကြောင့် ထိုသတ္တဝါသည် မိမိ ပြုစုပျိုးထောင်ခဲ့သော ကံနှင့် အလားတူစွာ သန်လျက်အမွေးပေါက်သော ပြိတ္တာ ဖြစ်လာရပေသည်။ |
33,216 | Uncategorized | ကိုးကွယ်ရာဟူသည် | (သံ၊ဋ္ဌ၊၂၊၂၀၂။ |
33,217 | Uncategorized | ကိုးကွယ်ရာဟူသည် | ) လှံအမွေးပေါက်သော ယောက်ျားပြိတ္တာ ---- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော လှံအမွေးပေါက်သော ယောက်ျားပြိတ္တာကို မြင်ရ၏။ |
33,218 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုပြိတ္တာ၏ ထိုလှံအမွေးတို့သည် အထက်သို့ ပျံတက်၍ ပျံတက်၍ ထိုပြိတ္တာ၏ ကိုယ်ပေါ်၌ပင်လျှင် ကျရောက်ကုန်၏။ |
33,219 | Uncategorized | ကိုးကွယ်ရာဟူသည် | ပ ။ ရဟန်းတို့ ... ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် သားမုဆိုး ဖြစ်ခဲ့ဖူးပြီ။ |
33,220 | Uncategorized | ကိုးကွယ်ရာဟူသည် | ) ဤသားမုဆိုးကား တည်သမင် တစ်ကောင်ကိုလည်းကောင်း, လှံကိုလည်းကောင်း ယူဆောင်၍ တောသို့သွားကာ ထိုတည်သမင်အနီးသို့ ရောက်လာတိုင်း ရောက်လာတိုင်းကုန်သော သားသမင်တို့ကို လှံဖြင့် ထိုးသတ်ခဲ့ဖူး၏။ |
33,221 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုလုပ်ငန်းရပ်ဖြင့် နှစ်ပေါင်းများစွာ အသက်မွေးခဲ့ဖူး၏။ |
33,222 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုအကုသိုလ်ကံကြောင့် ငရဲ၌ ကျက်ရပြီးသည်၏ အဆုံး၌ ထိုသားမုဆိုး၏ သားကောင်တို့ကို လှံဖြင့် ထိုးဆွနေသော အာရုံနိမိတ်သည်သာလျှင် ငရဲမှ စုတေခါနီးအခါဝယ် မရဏာသန္နဇော၏ အာရုံနိမိတ်အဖြစ် ထင်လာပေသည်။ |
33,223 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုကြောင့် ထိုသား မုဆိုးသည် မိမိ ပြုစုပျိုးထောင်ခဲ့သော ထိုအကုသိုလ်ကံနှင့် အလားတူစွာ လှံအမွေးပေါက်သော ပြိတ္တာ ဖြစ်လာရပေ၏။ |
33,224 | Uncategorized | ကိုးကွယ်ရာဟူသည် | ) မြားအမွေးပေါက်သော ယောက်ျားပြိတ္တာ ---- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော မြားအမွေးပေါက်သော ယောက်ျားပြိတ္တာကို မြင်ရ၏။ |
33,225 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုပြိတ္တာ ၏ ထိုမြားအမွေးတို့သည် အထက်သို့ ပျံတက်၍ ပျံတက်၍ ထိုပြိတ္တာ၏ ကိုယ်ပေါ်၌ပင် ကျရောက်ကုန်၏။ |
33,226 | Uncategorized | ကိုးကွယ်ရာဟူသည် | ပ ။ ရဟန်းတို့ ... ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် လက်မရွံ့ အာဏာသား ဖြစ်ခဲ့ဖူးပြီ။ |
33,227 | Uncategorized | ကိုးကွယ်ရာဟူသည် | ) ဤလက်မရွံ့ အာဏာသားကား မင်းပြစ်မင်းဒဏ်သင့်သူတို့ကို နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်ပြီးနောက် နောက်ဆုံးတွင် ထိုမင်းဒဏ်ထားခြင်း ခံရသူတို့ကို မြားဖြင့် ပစ်ခွင်းကာ အသေသတ်ခဲ့ဖူးသော ယောက်ျားဖြစ်၏။ |
33,228 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုသို့ တရားခံတိုကို မြားဖြင့် ပစ်ခွင်းလိုက်သောအခါ --- ဤအရပ်ကို ပစ်ခဲ့သော် သေလိမ့်မည်ဟု သိရှိမှသာလျှင် မြားဖြင့် ပစ်ခွင်းခဲ့၏။ |
33,229 | Uncategorized | ကိုးကွယ်ရာဟူသည် | ဤလုပ်ငန်း ရပ်ဖြင့် နှစ်ပေါင်းများစွာ အသက်မွေးခဲ့သူ ဖြစ်၏။ |
33,230 | Uncategorized | ကိုးကွယ်ရာဟူသည် | ဤအကုသိုလ်ကံကြောင့် ငရဲ၌ နှစ်သိန်းပေါင်းများစွာ ကျက်ခဲ့ရပြီးနောက် ငရဲမှ ကျွတ်ခါနီး အချိန်ဝယ် ပြိတ္တာဘုံသို့ ရောက်သင့်သော အပရာပရိယကံတို့က အကျိုးပေးဖို့ရန် အခါ အခွင့် သင့်လာသဖြင့် ငရဲမှ စုတေခါနီး အခါတွင် တရားခံတို့အား မြားဖြင့် ပစ်ခွင်းခဲ့သော အာရုံနိမိတ်သည်ပင်လျှင် မရဏာသန္နဇော၏ အာရုံ နိမိတ်အဖြစ် ထင်လာပေသည်။ |
33,231 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုကြောင့် သတ္တဝါသည် မိမိ ပြုစုပျိုးထောင် ခဲ့သော အကုသိုလ်ကံနှင့် လျော်ညီစွာ မြားအမွေးပေါက်သော ပြိတ္တာ ဖြစ်လာရပေသည်။ |
33,232 | Uncategorized | ကိုးကွယ်ရာဟူသည် | ) အပ်မွေးပေါက်သော ယောက်ျားပြိတ္တာ --- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော အပ်အမွေးပေါက်သော ယောက်ျားပြိတ္တာကို မြင်ရ၏။ |
33,233 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုပြိတ္တာ၏ ထိုအပ်မွေးတို့သည် အထက်သို့ ပျံတက်၍ ပျံတက်၍ ထိုပြိတ္တာ၏ ကိုယ်ပေါ်၌ပင် ကျရောက်ကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ |
33,234 | Uncategorized | ကိုးကွယ်ရာဟူသည် | ပ ။ ရဟန်းတို့ ... ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် ရထားထိန်း ဖြစ်ခဲ့ဖူးပြီ။ |
33,235 | Uncategorized | ကိုးကွယ်ရာဟူသည် | ပ ။ (သံ၊၁၊၄၄၈-၄၄၉။ |
33,236 | Uncategorized | ကိုးကွယ်ရာဟူသည် | ) ထိုပြိတ္တာကား တစ်ချိန် လူ့ဘဝတွင် မြင်းတို့ကို သို့မဟုတ် နွားတို့ကို ဆိုဆုံးမသည့် ရထားထိန်းဘဝတွင် နှင်တံ၏ ထိပ်၌ သံစူးကို တပ်ကာ မြင်းတို့ကို (နွားတို့ကို) ထိုသံချွန်တပ် နှင်တံဖြင့် ထိုးဆွကာ ဆိုဆုံးမခဲ့ဖူး၏။ |
33,237 | Uncategorized | ကိုးကွယ်ရာဟူသည် | မောင်းနှင်ခဲ့ဖူး၏။ |
33,238 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုအပရာပရိယကံတို့၏ စွမ်းအားကြောင့် ငရဲမှ စုတေခါနီးကာလဝယ် မြင်း (နွား)တို့ကို သံချွန်တပ်ထားသော နှင်တံဖြင့် ထိုးဆွခဲ့ဖူးသော အာရုံနိမိတ်သည်ပင်လျှင် မရဏာသန္နဇော၏ အာရုံနိမိတ် အဖြစ် ထင်လာပေသည်။ |
33,239 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုကြောင့် ထိုသတ္တဝါသည် အပ်အမွေးပေါက်သော ပြိတ္တာဖြစ်လာရပေသည်။ |
33,240 | Uncategorized | ကိုးကွယ်ရာဟူသည် | ) ဒုတိယ အပ်အမွေးပေါက်သော ပြိတ္တာ ---- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ ပျံသွားနေသော အပ်အမွေးပေါက်သော ယောက်ျားပြိတ္တာကို မြင်ရ၏။ |
33,241 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုပြိတ္တာ၏ ထိုအပ်အမွေးတို့သည် ဦးခေါင်းမှ ဝင်၍ ခံတွင်းမှ ထွက်ကုန်၏၊ ခံတွင်းမှ ဝင်၍ ရင်မှ ထွက်ကုန်၏၊ ရင်မှ ဝင်၍ ဝမ်းဗိုက်မှ ထွက်ကုန်၏၊ ဝမ်းဗိုက်မှ ဝင်၍ ပေါင်တို့မှ ထွက်ကုန်၏၊ ပေါင်တို့မှ ဝင်၍ ခြေသလုံးတို့မှ ထွက်ကုန်၏၊ ခြေသလုံးတို့သို့ ဝင်၍ ခြေဖဝါးတို့မှ ထွက်ကုန်၏။ |
33,242 | Uncategorized | ကိုးကွယ်ရာဟူသည် | ပ ။ ရဟန်းတို့ ... ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် ကုန်းတိုက်သူ ဖြစ်ခဲ့ဖူးပြီ။ |
33,243 | Uncategorized | ကိုးကွယ်ရာဟူသည် | ပ ။ (သံ၊၁၊၄၄၉။ |
33,244 | Uncategorized | ကိုးကွယ်ရာဟူသည် | ) ဤပြိတ္တာကား လူ့ဘဝက ချောပစ်ကုန်းတိုက်သူ ဖြစ်ခဲ့ဖူး၏။ |
33,245 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုသူသည် လူ့ဘဝတွင် ချစ်ခင်နေသူ အချင်းအချင်းကို စိတ်ဝမ်းကွဲပြားအောင် ပျက်စီးအောင် ပြုလုပ်ခဲ့ဖူး၏၊ မင်းနန်းတော် တရားရုံးစသည်တို့၌ ဤသူအား ဤမည်သော အမှုသည် ရှိ၏၊ ဤသူသည် ဤမည်သော အမှုကို ပြုခဲ့ဖူး၏ ဤသို့ ချောပစ်ကုန်းတိုက်ကာ ချောပစ်ကုန်းတိုက်ကာ (မတရား ရှေ့နေလိုက်ကာ) အကျိုးမဲ့ ပျက်စီးခြင်း ဆုံးရှုံးခြင်းသို့ ရောက်စေ၏။ |
33,246 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုကြောင့် ထိုသူသည် ချောပစ်ကုန်းတိုက်၍ လူတို့ကို စိတ်ဝမ်းကွဲပြားအောင် ပျက်စီးအောင် ဖျက်ဆီးခဲ့ဖူးသကဲ့သို့ အလားတူပင် မိမိ ပျက်စီးအောင် ဖျက်ဆီးမည့် အပ်တို့ဖြင့် ဖျက်ဆီးသည့် ထိုးဆွခံရသည့် ဒုက္ခကို အစဉ်တစိုက် ခံစားဖို့ရန်အတွက် မိမိ ပြုစုပျိုးထောင်ခဲ့သော ချောပစ်ကုန်းတိုက်သည့် ကံသည်ပင်လျှင် ငရဲမှ စုတေခါနီးကာလတွင် မရဏာသန္နဇော၏... |
33,247 | Uncategorized | ကိုးကွယ်ရာဟူသည် | (သံ၊ဋ္ဌ၊၂၊၂၀၂-၂၀၃။ |
33,248 | Uncategorized | ကိုးကွယ်ရာဟူသည် | ) ချောပစ်ကုန်းတိုက်စကားကို သယ်ဆောင်ကာ ဤသူထံမှ ကြားသော စကားကို ထိုသူထံသို့ရောက်အောင်, ထိုသူထံမှ ကြားသောစကားကို ဤသူထံသို့ရောက်အောင် ချေပစ်ကုန်းတိုက်တတ်သူတည်း။ |
33,249 | Uncategorized | ကိုးကွယ်ရာဟူသည် | ဤကဲ့သို့သော လုပ်ငန်းရပ်ဖြင့် လူတို့ကို အကျိုးမဲ့ ပျက်စီးခြင်းသို့ရောက်အောင် ပြုလုပ်ဆောင်ရွက်ခဲ့ပေသည်။ |
33,250 | Uncategorized | ကိုးကွယ်ရာဟူသည် | (သံ၊ဋီ၊၂၊၁၈၄။ |
33,251 | Uncategorized | ကိုးကွယ်ရာဟူသည် | ) အိုးပမာဏမျှ ဝှေးစေ့ရှိသော ပြိတ္တာ --- အရှင်ဘုရား ... တပည့်တော် သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော အိုးပမာဏမျှ ဝှေးစေ့ရှိသော ယောက်ျားပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာသည် သွားသော်လည်း ထိုဝှေးစေ့တို့ကိုသာလျှင် ပခုံး၌တင်၍ ထမ်း၍ သွားရလေ၏၊ ထိုင်သော်လည်း ထိုဝှေးစေ့တို့အပေါ်၌သာလျှင် ထိုင်ရ၏။ |
33,252 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုပြိတ္တာကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကုန်၏၊ ထိုပြိတ္တာ သည် နာကျင်သော အသံကို ပြု၏ ။ |
33,253 | Uncategorized | ကိုးကွယ်ရာဟူသည် | ပ ။ ရဟန်းတို့ ...ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် စဉ်းလဲကောက်ကျစ်သော တရားသူကြီး ဖြစ်ခဲ့ဖူးပြီး ။ |
33,254 | Uncategorized | ကိုးကွယ်ရာဟူသည် | ) ဤတရားသူကြီးကား တံစိုးလက်ဆောင်စားကာ တရားစီရင်ခဲ့ဖူးသော ကောက်ကျစ်စဉ်းလဲသည့် တရားသူကြီးတည်း။ |
33,255 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုသတ္တဝါအား မိမိ ပြုစုပျိုး ထောင်ခဲ့သော ဆည်းပူးခဲ့သော အကုသိုလ်ကံနှင့် သဘောတူစွာ တစ်ကုမ္ဘမျှ အတိုင်းအတာပမာဏရှိသော အိုးစရည်းကြီး ပမာဏရှိသော ဝှေးစေ့တို့သည် ဖြစ်ပေါ်နေကြကုန်၏။ |
33,256 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုတရားသူကြီးကား လျှို့ဝှက်ဖုံးကွယ်ရာအရပ်၌ တံစိုး လက်ဆောင်ကိုယူကာ ကောက်ကျစ်စဉ်းလဲသော တရားစီရင်မှုဖြင့် ထင်ရှားသော အပြစ်ကို ဖော်ပြလျက် ပိုင်ရှင်တို့ကို ပိုင်ရှင်မဟုတ်အောင် ပြုလုပ်တတ်၏။ |
33,257 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုကြောင့် ထိုသတ္တဝါ၏ လျှို့ဝှက်ဖုံးကွယ်ထားသင့်သော ကိုယ်အင်္ဂါ အစိတ်အပိုင်းသည် ဖုံးကွယ်လို့ မရအောင် ထင်ထင်ရှားရှား ဖြစ်ပေါ်လာရပေသည်။ |
33,258 | Uncategorized | ကိုးကွယ်ရာဟူသည် | တရားစီရင်ရာ၌ ဒဏ်ထားခဲ့သော် ဒဏ်တပ်ခဲ့သော် သူတစ်ပါးတို့အား သည်းမခံနိုင်လောက် ကြီးမားသော ဒဏ်ထားခြင်းဟူသော ဝန်ထုပ်ဝန်ပိုးကို အနိုင်အထက် ဒဏ်ပေးတတ်ခဲ့၏။ |
33,259 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုမကောင်းမှု အကုသိုလ်ကံကြောင့် ထိုသတ္တဝါ၏ သန္တာန်ဝယ် လျှို့ဝှက်ထားသင့်သော ကိုယ်အင်္ဂါ အစိတ်အပိုင်းကို သည်းမခံနိုင်လောက်အောင် ထမ်းဆောင်နေရပေ၏။ |
33,260 | Uncategorized | ကိုးကွယ်ရာဟူသည် | တစ်ဖန် တရားစီရင်ရာ အရပ်၌ ရပ်တည်သည့်အခါ အညီအညွတ်ဖြစ်အောင် ပြုလုပ်သင့်ပါလျက် မညီညွတ်အောင် ပြုလုပ်ခဲ့၏၊ ထိုမကောင်းမှု အကုသိုလ်ကံကြောင့် လျှို့ဝှက်အပ်သော ဝှေးစေ့အင်္ဂါရပ်ဟူသော မညီညွတ်သည့် အရပ်၌သာလျှင် ထိုင်ခွင့်ကို ရရှိခဲ့ခြင်း ဖြစ်ပေသည်။ |
33,261 | Uncategorized | ကိုးကွယ်ရာဟူသည် | (သံ၊ဋ္ဌ၊၂၊၂၀၃။ |
33,262 | Uncategorized | ကိုးကွယ်ရာဟူသည် | ) မစင်တွင်း၌ နစ်မြုပ်နေသော ပြိတ္တာ --- အရှင်ဘုရား ... တပည့်တော် သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် မစင်တွင်း၌ ဦးခေါင်းနှင့်တကွ နစ်မြုပ်နေသော ယောက်ျားပြိတ္တာကို မြင်ရ၏။ |
33,263 | Uncategorized | ကိုးကွယ်ရာဟူသည် | ပ ။ ရဟန်းတို့ ... ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် သူတစ်ပါးမယားကို လွန်ကျူးခဲ့သူ ဖြစ်ခဲ့ဖူးပြီ။ |
33,264 | Uncategorized | ကိုးကွယ်ရာဟူသည် | ပ ။ (သံ၊၁၊၄၅၀။ |
33,265 | Uncategorized | ကိုးကွယ်ရာဟူသည် | ) ထိုသတ္တဝါကား သူတစ်ပါး၏ ရက္ခိတဂေါပိတ = စောင့်ရှောက်ထိန်း သိမ်းထားအပ်သော ပိုင်ရှင်ရှိသော ဖောဋ္ဌဗ္ဗာရုံ အတွေ့အထိကို ခိုးဝှက်တွေ့ထိ လျက် မစင်ဘင်ပုပ် ချမ်းသာနှင့်တူသော ကာမချမ်းသာဖြင့် မိမိစိတ်ဓာတ်ကို မွေ့လျော်စေခဲ့သည့်အတွက် မိမိပြုစုပျိုးထောင်လိုက်သည့်ကံနှင့် အလားတူစွာ မစင် အတွေ့အထိဖြင့် တွေ့ထိလျက် ဆင်းရဲဒုက္ခကို ခံစားဖို... |
33,266 | Uncategorized | ကိုးကွယ်ရာဟူသည် | ) မစင်စားသော ပြိတ္တာ --- အရှင်ဘုရား ...တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် မစင်တွင်း၌ ဦးခေါင်းနှင့်တကွ နစ်မြုပ်လျက် လက်နှစ်ဖက်တို့ဖြင့် မစင်ကို စားနေသော ယောက်ျားပြိတ္တာကို မြင်ရ၏။ |
33,267 | Uncategorized | ကိုးကွယ်ရာဟူသည် | ပ ။ ရဟန်းတို့ ...ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် ပုဏ္ဏားပျက် ဖြစ်ခဲ့ဖူးပြီ၊ ထိုပုဏ္ဏားပျက်သည် ကဿပမြတ်စွာဘုရား သာသနာတော်၌ ရဟန်းသံဃာကို မိမိနေအိမ်သို့ ဆွမ်းစားကြွရန် ပင့်ဖိတ်၍ စားကျင်း၌ မစင်ပြည့်စေလျက် ရဟန်းသံဃာ ကြွလာသောအခါ အရှင်တို့ ...အလိုရှိ တိုင်း စားလည်းစားကုန်လော့၊ ဆောင်ယူလည်း ဆောင်ယူကုန်လော့ ဟု ပြောဆိုခဲ့ဖူးပြီ။ |
33,268 | Uncategorized | ကိုးကွယ်ရာဟူသည် | ) အရေ မရှိသော မိန်းမပြိတ္တာ --- အရှင်ဘုရား ...တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော အရေ မရှိသာ မိန်းမပြိတ္တာကို မြင်ရ၏။ |
33,269 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုပြိတ္တာမကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကုန်၏၊ ထိုပြိတ္တာမသည် နာကျင်သော အသံကို ပြု၏။ |
33,270 | Uncategorized | ကိုးကွယ်ရာဟူသည် | ပ ။ ရဟန်းတို့ ...ထိုပြိတ္တာမသည် ဤရာဇဂြိုဟ်ပြည်၌ပင် မိမိ၏ လွန်ကျူး၍ ကျင့်သော (= အခြားယောက်ျားတို့နှင့် ဖောက်ပြားလေ့ရှိသော) မိန်းမ ဖြစ်ခဲ့ဖူးလေပြီ။ |
33,271 | Uncategorized | ကိုးကွယ်ရာဟူသည် | ) အမျိုးသမီးမည်သည်ကား မိမိ၏ ကာမဂုဏ်အတွေ့အထိကို မိမိက မပိုင်ဆိုင်ပေ။ |
33,272 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုကာမဂုဏ် အတွေ့အထိကား အိမ်ရှင်ယောက်ျား၏ ကိုယ်ပိုင် ဥစ္စာသာ ဖြစ်၏။ |
33,273 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုအမျိုးသမီးသည် အိမ်ရှင်ယောက်ျား၏ ကိုယ်ပိုင်ဥစ္စာ ဖြစ်သော ထိုကာမဂုဏ်အတွေ့အထိကို အိမ်ရှင်ယောက်ျား မသိအောင် ခိုး၍ ယောက်ျားတစ်ပါးတို့အား မွေ့လျော်ပျော်ပိုက်ခြင်းကို ဖြစ်စေ၏။ |
33,274 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုကြောင့် မိမိ ပြုစုပျိုးထောင်ခဲ့သော အကုသိုလ်ကံနှင့် လျော်ညီစွာ တူညီသော အကျိုးကို ပေးဖို့ရန်အတွက် ချမ်းသာသော အတွေ့အထိတို့သည် ပြောင်းပြန်လှန်ကုန်၍ ဆင်းရဲသော အတွေ့အထိကို အစဉ်တစိုက် ခံစားဖို့ရန် အရေ မရှိသော ပြိတ္တာမ ဖြစ်လာရပေသည်။ |
33,275 | Uncategorized | ကိုးကွယ်ရာဟူသည် | ) အနံ့မကောင်းသော အရုပ်ဆိုးသော ပြိတ္တာမ --- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော အနံ့မကောင်းသော အရုပ်ဆိုးသော ပြိတ္တာမကို မြင်ရ၏၊ ထို ပြိတ္တာမကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍လိုက်၍ ထိုးဆိတ်ကုန်၏၊ ထိုပြိတ္တာမသည် နာကျင်သော အသံကို ပြု၏။ |
33,276 | Uncategorized | ကိုးကွယ်ရာဟူသည် | ပ ။ ရဟန်းတို့ ...ထိုပြိတ္တာမ သည် ဤရာဇဂြိုဟ်ပြည်၌ပင် နတ်ဝင်သည်မ ဖြစ်ခဲ့ဖူးပြီ။ |
33,277 | Uncategorized | ကိုးကွယ်ရာဟူသည် | ) ထိုအမျိုးသမီးကား လူဘဝတွင် နတ်ဝင်သည်မ ဘဝဖြင့် အသက်မွေးစဉ် နတ်ပူးခြင်း အမှုကို ပြုလျက် ဤမည် ဤမည်သော ဝတ္ထုပစ္စည်းဖြင့် ဤသို့ ဗလိနတ်စာ ကျွေးခြင်း ပူဇော်ခြင်းအမှုကို ပြုခဲ့သော် သင်တို့အဖို့ ဤမည်သော ကြီးပွားတိုးတက်မှုသည် ဖြစ်ပေါ်လာလတ္တံ့--- ဟု ဤသို့လျှင် လူများအပေါင်း ၏ နံ့သာ, ပန်းစသည်တို့ကို လှည့်ပတ်ကာ ယူဆောင်ပြီးလျှင် လူ... |
33,278 | Uncategorized | ကိုးကွယ်ရာဟူသည် | (သံ၊ဋ္ဌ၊၂၊၂၀၄။ |
33,279 | Uncategorized | ကိုးကွယ်ရာဟူသည် | ) မီးကျီးပုံ၌ မီးလောင်ခံနေရသော ပြိတ္တာမ --- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော, ထက်ဝန်းကျင် မီးခဲ တဖွားဖွားကျ၍ မီးကျီးပုံ၌ လူးလိမ့်ခံ နေရသော, မီးလောင်ဖုတို့မှ အရည်တစ်စက်စက် ယိုထွက်နေသော ပြိတ္တာမကို မြင်ရ၏၊ ထိုပြိတ္တာမသည် နာကျင်သော အသံကို ပြု၏။ |
33,280 | Uncategorized | ကိုးကွယ်ရာဟူသည် | ပ ။ ရဟန်းတို့... ထိုပြိတ္တာမသည် ကလိင်္ဂမင်း၏ မိဖုရားခေါင်ကြီး ဖြစ်ခဲ့ဖူး၏၊ ထိုမိဖုရားခေါင် ကြီးသည် ငြူစူခြင်းဖြင့် နှိပ်စက်အပ်ရကား လင်တူမိန်းမကို မီးကျီးအိုးကင်းဖြင့် လောင်းခဲ့ဖူးလေပြီ။ |
33,281 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုပြိတ္တာမကား ရဲရဲတောက်လောင်နေသော မီးကျီးခဲပုံပေါ်၌ လဲလျောင်း ကာ တုန်တုန်ရီရီဖြင့် လူးလိမ့်ကာ ဆင်းရဲဒုက္ခကို ခံနေရ၏၊ မီးကျီးခဲ၌ ကျက် နေရ၏။ |
33,282 | Uncategorized | ကိုးကွယ်ရာဟူသည် | ထို့ကြောင့် ထိုပြိတ္တာမသည် ဝန်းကျင်ပတ်ချာ အရပ်မျက်နှာအားလုံးမှ မီးကျီးခဲတို့ဖြင့် လောင်မြိုက်မှုကိုလည်း ခံနေရ၏၊ အလွန် ပြင်းထန်သော မီးပူဖြင့် ကျက်နေရသော ခန္ခာကိုယ်လည်း ရှိ၏၊ မီးကျီးခဲတို့က ကိုယ်ပေါ်သို့ တဖွားဖွား ကျနေကြသဖြင့် အလွန်ညှိုးနွမ်းပင်ပန်းသော ခန္ဓာကိုယ်လည်း ရှိနေ၏၊ မီးလောင်ဖုတို့သည် ပေါက်ကွဲကာ ခန္ဓာကိုယ်မှ ယိုစ... |
33,283 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုပြိတ္တာမ၏ အောက်အရပ်မှ လည်းကောင်း, ဘေးနှစ်ဘက်တို့မှလည်းကောင်း, အထက်အရပ်ကောင်းကင် မှလည်းကောင်း ပေါက်ပွင့်အဆင်းနှင့် တူကုန်သော ရဲရဲညိ တောက်ပကုန် သော မီးကျီးခဲတို့သည် ပြိတ္တာမ၏ ကိုယ်အထက်သို့ ကျရောက်နေကြကုန်၏။ |
33,284 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုပြိတ္တာမသည် ကလိင်္ဂမင်း၏ မိဖုရားဖြစ်ခဲ့စဉ်က ကလိင်္ဂမင်းအား ဖျော်ဖြေအသုံးတော်ခံနေသော ကချေသည် မောင်းမမိဿံတစ်ဦးကို ပြစ်မှားခဲ့ဖူး၏။ |
33,285 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုကချေသည်ကား ရေချိုးပြီးစ ဖြစ်သော ရှင်ဘုရင်၏ အနီးတွင် မီးကျီးခဲများ ထည့်ထားသော ခွက်ကို ထား၍ ရှင်ဘုရင်၏ကိုယ်မှ ရေများကို သုတ်ပေးနေ၏၊ လက်ဖြင့်လည်း ရေခြောက်အောင် ပြုလုပ်ပေးနေ၏၊ ရှင်ဘုရင်ကလည်း ထိုအမျိုးသမီးနှင့်အတူ စကားပြောနေ၏၊ နှစ်သက်ကျေနပ်သည့် အခြင်းအရာကိုလည်း ထင်ရှား ဖော်ပြနေ၏။ |
33,286 | Uncategorized | ကိုးကွယ်ရာဟူသည် | မိဖုရားခေါင်ကြီးကား ထိုအပြုအမူကို သည်းမခံနိုင်ဖြစ်ကာ ကိုယ့်ထက်သာ မနာလိုသည့် ဣဿာတရားက ညှဉ်းပန်းနှိပ်စက်အပ်သည်ဖြစ်၍ ရှင်ဘုရင်ကြီး ထွက်ခွာသွား၍ မကြာမီ ထိုမီးကျီးအိုးကင်းကိုယူကာ ထိုကချေသည်မ၏ ခန္ဓာကိုယ်ပေါ်သို့ မီးကျီးခဲတို့ကို လောင်းချလိုက်လေသည်။ |
33,287 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုကလိင်္ဂမင်း၏ မိဖုရား ခေါင်ကြီးသည် ထိုမကောင်းမှု အကုသိုလ်ကံကို ပြုစုပျိုးထောင်လိုက်မိသည့် အတွက် ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သော မီးကျီးခဲတို့ဖြင့် လောင်မြိုက် ခံရခြင်းတည်းဟူသော အကျိုးတရားကို အစဉ်တစိုက် ခံစားဖို့ရန်အတွက် ပြိတ္တာလောက၌ ဖြစ်လာရပေသည်။ |
33,288 | Uncategorized | ကိုးကွယ်ရာဟူသည် | ) ဦးခေါင်း မရှိသော ပြိတ္တာ --- အရှင်ဘုရား ...တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော ဦးခေါင်းမပါ ကိုယ်သာရှိသော ပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာ၏ ရင်၌ မျက်လုံးနှင့် ပါးစပ်တို့သည် ဖြစ်ပေါ်ကုန်၏၊ ထိုပြိတ္တာကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပ... |
33,289 | Uncategorized | ကိုးကွယ်ရာဟူသည် | ပ ။ ရဟန်းတို့ ...ထိုသတ္တဝါတိုိ့သည် ဤရာဇဂြိုဟ်ပြည်၌ပင် ဟာရိကခေါ် ခိုးသူသတ်ယောက်ျား ဖြစ်ခဲ့ဖူးလေပြီ။ |
33,290 | Uncategorized | ကိုးကွယ်ရာဟူသည် | (သံ၊၁၊၄၅၁။ |
33,291 | Uncategorized | ကိုးကွယ်ရာဟူသည် | ) ထိုပြိတ္တာကား လူ့ဘဝတွင် မင်း၏အာဏာဖြင့် သူခိုးဓားပြတို့ကို ရှည်မြင့် စွာသော အချိန်အခါကာလပတ်လုံး ဦးခေါင်းတို့ကို ဖြတ်ကာ သတ်ဖြတ် ခဲ့ဖူး၏။ |
33,292 | Uncategorized | ကိုးကွယ်ရာဟူသည် | သေခါနီးကာလတွင် ယင်းဦးခေါင်းပြတ်နေသော အလာင်းကောင် တို့သည် မရဏာသန္နဇော၏ အာရုံအဖြစ် ထင်လာကာ ပြိတ္တာဘုံသို့ ရောက်ရှိ လာသောအခါ ဦးခေါင်းမပါ ကိုယ်သာရှိသောပြိတ္တာ ဖြစ်လာရပေသည်။ |
33,293 | Uncategorized | ကိုးကွယ်ရာဟူသည် | ) ရဟန်းပြိတ္တာ သာမဏေပြိတ္တာ --- အရှင်ဘုရား ...တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော ရဟန်းပြိတ္တာကို ။ |
33,294 | Uncategorized | ကိုးကွယ်ရာဟူသည် | ရဟန်မိန်းမ ပြိတ္တာကို ။ |
33,295 | Uncategorized | ကိုးကွယ်ရာဟူသည် | သိက္ခမာန် (= ရဟန်းမလောင်း) ပြိတ္တာကို ။ |
33,296 | Uncategorized | ကိုးကွယ်ရာဟူသည် | သာမဏေပြိတ္တာကို ။ |
33,297 | Uncategorized | ကိုးကွယ်ရာဟူသည် | သာမဏေမပြိတ္တာကို မြင်ရ၏။ |
33,298 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုပြိတ္တာ၏ ဒုကုဋ် သင်္ကန်း သပိတ် ခါးပန်းကြိုးနှင့် ခန္ဓာကိုယ်တို့သည် မီးအလျှံပြောင်ပြောင် တောက်လောင်နေကုန်၏။ |
33,299 | Uncategorized | ကိုးကွယ်ရာဟူသည် | ထက်ဝန်းကျင် မီးတောက်မီးလျှံနှင့်တကွ အရောင်အလင်းနှင့်တကွ မီးတောက်မီးလျှံ တပြောင်ပြောင် တောက်လောင်နေ၏။ |
33,300 | Uncategorized | ကိုးကွယ်ရာဟူသည် | အရှင်ဘုရား ...တပည့်တော်အား အချင်းတို့ ..အံ့ဖွယ်ရှိစွတကား၊ အချင်းတို့ .. မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ ဤကဲ့သို့သော သတ္တဝါဟု ရှိရတုံဘိ၏၊ ဤကဲ့သို့သော ပြိတ္တာဟု ရှိရတုံဘိ၏၊ ဤကဲ့သို့သော အတ္တဘောကို ရသူဟု ရှိရတုံဘိ၏ဟု စိတ်အကြံ ဖြစ်ခဲ့ပါသည်ဟု လျှောက်ထား ပြောဆို၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.