id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
33,001 | Uncategorized | ကိုးကွယ်ရာဟူသည် | ကျွန်တော် မျိုးသည်ကား အပြစ် မရှိပါ။ |
33,002 | Uncategorized | ကိုးကွယ်ရာဟူသည် | လက်ဆောင်ပဏ္ဏာကို ယူဆောင်လာကြတဲ့ ထိုခြောက်ကျိပ်လေးယောက်ကုန်သော တမန်တို့သည်သာ အပြစ်နှင့်တကွ ဖြစ်ကြပါသည်။ |
33,003 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုတမန်သည်တို့ကို ခေါ်၍ အမှု မှန်မမှန်ကို စစ်ဆေးတော် မူပါဟု တင်ပြလျှောက်ထားလိုက်၏။ |
33,004 | Uncategorized | ကိုးကွယ်ရာဟူသည် | ရှင်ဘုရင်ကြီးကလည်း ထိုတမန်တို့ကို နှောင်ဖွဲ့စေပြီးလျှင် မိဖုရားကြီးကို ခေါ်၍ သင်သည် ထိုတမန်တို့နှင့် မကောင်းမှုကို ပြုသလား မပြုသလားဟု မေးစိစစ်ခဲ့၏။ |
33,005 | Uncategorized | ကိုးကွယ်ရာဟူသည် | ယုတ်မာသည့် အမှုကို ပြုကျင့်မိပါကြောင်းကို မိဖုရားကြီးကလည်း မငြင်းသာသဖြင့် ဝန်ခံစကား တင်ပြလျှောက်ထားလိုက်၏။ |
33,006 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုအခါ ရှင်ဘုရင်ကြီးက ထိုသူအားလုံးကိုပင် သေဒဏ်အမိန့် ချမှတ်တော်မူလိုက်၏။ |
33,007 | Uncategorized | ကိုးကွယ်ရာဟူသည် | သက်ဦးဆံပိုင်စနစ်အတိုင်း ကျင့်သုံးခြင်းပင် ဖြစ်၏။ |
33,008 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုအခါ ဘုရားအလောင်းတော်က ရှင်ဘုရင်ကြီးကို ဤသို့လျှောက်ထား၏။ |
33,009 | Uncategorized | ကိုးကွယ်ရာဟူသည် | အရှင်မင်းမြတ် ... ဤတမန်သည်တို့အားလည်း အပြစ် မရှိပါ။ |
33,010 | Uncategorized | ကိုးကွယ်ရာဟူသည် | မိဖုရားကြီးက မိမိအလိုအတိုင်း ပြုကျင့်ခိုင်းခြင်းသာ ဖြစ်ပါသည်။ |
33,011 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုသူတို့မှာ အပြစ် မရှိကြပါ။ |
33,012 | Uncategorized | ကိုးကွယ်ရာဟူသည် | ဒါကြောင့် ထိုသူတွေကို သည်းခံခွင့်လွှတ်တော်မူပါ။ |
33,013 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုမိဖုရားကြီးမှာလည်း အပြစ် မရှိပါ။ |
33,014 | Uncategorized | ကိုးကွယ်ရာဟူသည် | အမျိုးသမီးတို့မည်သည် မေထုန်မှုဖြင့် ရောင့်ရဲသည်ဟူ၍ မရှိပါ။ |
33,015 | Uncategorized | ကိုးကွယ်ရာဟူသည် | မှန်ပါသည် --- ဤသို့ မရောင့်ရဲခြင်းသည် အမျိုးသမီးတို့ရဲ့မွေးရာပါ ဇာတိသဘာဝတစ်ခု ဖြစ်ပါသည်။ |
33,016 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုအမျိုးသမီးတို့အား သည်းခံခွင့်လွှတ်ခြင်း သဘောတရားနှင့် ယှဉ်တွဲထားရမည်သာ ဖြစ်ပါသည်။ |
33,017 | Uncategorized | ကိုးကွယ်ရာဟူသည် | ဒါကြောင့် မိဖုရားကြီးအားလည်း သည်းခံခွင့်လွှတ်တော်မူပါ ဤသို့ စသည်ဖြင့် နည်းအမျိုးမျိုးတို့ဖြင့် ရှင်ဘုရင်ကြီးအား ဆိုဆုံးမတော်မူ၏။ |
33,018 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုတမန်ခြောက်ကျိပ်လေးယောက်တို့ကိုလည်းကောင်း, မိဖုရားကြီးကို လည်းကောင်း မိမိတို့၏ မူလရာထူး ဌာနန္တရ၌ပင် ထားမြဲထားစေတော်မူခဲ့၏။ |
33,019 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုသို့ ပြုကျင့်ပြီးနောက် ဘုရားအလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးက ရှင်ဘုရင်ကြီးအား ဤသို့လျှောက်ထား၏။ |
33,020 | Uncategorized | ကိုးကွယ်ရာဟူသည် | အရှင်မင်းမြတ်...ပညာမျက်စိကာဏ်းနေတဲ့ လူမိုက်တို့မည်သည် မဟုတ်မမှန် လုပ်ကြံထားတဲ့ အကြောင်းဝတ္ထုကို အခြေခံနေတဲ့စကားဖြင့် မနှောင်ဖွဲ့သင့် မနှောင်ဖွဲ့ထိုက်တဲ့ ပညာရှိတို့ကို လက်ပြန်ကြိုးတုတ်ကာ အနှောင်အဖွဲ့ ထားကြပါတယ်။ |
33,021 | Uncategorized | ကိုးကွယ်ရာဟူသည် | ပညာရှိသူတော်ကောင်းတို့ကတော့ ဟုတ်မှန် တဲ့ အကြောင်းယုတ္တိရှိတဲ့စကားကြောင့် လက်ပြန်ကြိုးတုတ်ကာ နှောင်ဖွဲ့သင့် နှောင်ဖွဲ့ထိုက်သူတို့ကိုသော်လည်း လွတ်မြောက်စေကြပါတယ်။ |
33,022 | Uncategorized | ကိုးကွယ်ရာဟူသည် | အလားတူပဲ လူမိုက်တွေဟာ မနှောင်ဖွဲ့သင့်တဲ့သူတွေကိုသော်လည်း နှောင်ဖွဲ့ကြတယ်။ |
33,023 | Uncategorized | ကိုးကွယ်ရာဟူသည် | ပညာရှိသူတော်ကောင်းတို့ကတော့ နှောင်ဖွဲ့သင့် နှောင်ဖွဲ့ထိုက်တဲ့သူတွေကို သော်လည်း လွတ်မြောက်စေကြပါတယ်ဟု ပြောဆိုကာ အောက်ပါဂါထာဖြင့် ဆက်လက်ကာ ဆိုဆုံးမတော်မူ၏။ |
33,024 | Uncategorized | ကိုးကွယ်ရာဟူသည် | = အကြင်တိုင်းနိုင်ငံ၌ လူမိုက်တို့သည် ဘုန်းတန်ခိုး တောက်ပလျက် ရှိကြ၏။ |
33,025 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုတိုင်းနိုင်ငံမျိုး၌ မနှောင်ဖွဲ့သင့် မနှောင်ဖွဲ့ထိုက်သည့်သူတွေကို နှောင်ဖွဲ့ထားတတ်ကြကုန်၏။ |
33,026 | Uncategorized | ကိုးကွယ်ရာဟူသည် | အကြင်တိုင်းနိုင်ငံ၌ကား လူလိမ်မာ ပညာရှိတို့သည် ဘုန်းတန်ခိုး တောက်ပလျက် ရှိကြကုန်၏။ |
33,027 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုကဲ့သို့သော တိုင်းနိုင်ငံမျိုး၌ နှောင်ဖွဲ့သင့် နှောင်ဖွဲ့ထိုက်သည့် သူတွေသော်မှလည်း အပြစ်မှ လွတ်မြောက်ကြကုန်၏။ |
33,028 | Uncategorized | ကိုးကွယ်ရာဟူသည် | (ဇာ၊ဋ္ဌ၊၁၊၄၆၅။ |
33,029 | Uncategorized | ကိုးကွယ်ရာဟူသည် | ဇာ၊ဋ္ဌ၊၂၊၁၇၆၊၊) |
33,030 | Uncategorized | ကိုးကွယ်ရာဟူသည် | ဘုရားအလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီး၏ အဆုံးအမကို ကြားနာ ရသောအခါ အရှင်သာရိပုတ္တရာ အလောင်းလျာဖြစ်သော ဗာရာဏသီဘုရင်ကြီးသည် ဤသို့ စဉ်းစားတော်မူ၏ --- ငါသည် တစ်သောင်း ခြောက်ထောင်ကုန်သော အမျိုးသမီးတို့ကို ပယ်စွန့်ကာ ဤမယ်မင်းကြီးမ တစ်ဦးတည်းကိုပဲ ကိလေသာ၏ အစွမ်းဖြင့် ချီးမြှောက်သော်လည်း မယ်မင်းကြီးမအဖို့ ရောင့်ရဲခြင်းငှာ မစွမ်းန... |
33,031 | Uncategorized | ကိုးကွယ်ရာဟူသည် | (ဇာ၊ဋ္ဌ၊၂၊၁၇၆။ |
33,032 | Uncategorized | ကိုးကွယ်ရာဟူသည် | ) = ဤနေ့ ဤအချိန်ခါမှ စ၍ အရဟတ္တဖိုလ်သို့ မရောက်သေးသမျှ ကာလပတ်လုံး ကိလေသာကို အမှီပြု၍ အကျွန်ုပ်၏ သန္တာန်၌ ငြူစူစောင်းမြောင်းခြင်း (= ဥသူယတရား)သည် မဖြစ်ပါစေသတည်းဟု အဓိဋ္ဌာန် ပြုကာ ဆုတောင်းပန်ထွာခဲ့၏။ |
33,033 | Uncategorized | ကိုးကွယ်ရာဟူသည် | ဤဇာတ်လမ်းကား အရှင်သာရိပုတ္တရာအလောင်းလျာဖြစ်သော ဆတ္တပါဏိလုလင်၏ သန္တာန်၌ ငြူစူစောင်းမြောင်းတတ်သည့် ဥသူယတရား ထင်ရှား မရှိခြင်း၏ အကြောင်းရင်းပင် ဖြစ်ပေသည်။ |
33,034 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုဘဝမှ စ၍ အရှင်သာရိပုတ္တရာအလောင်းလျာ၏ သန္တာန်၌ ငြူစူစောင်းမြောင်းတတ်သည့် ဥသူယတရားသည် ထင်ရှား မဖြစ်တော့ပေ။ |
33,035 | Uncategorized | ကိုးကွယ်ရာဟူသည် | ဤဇာတ်လမ်းကို ပြန်ပြောင်းကာ ပြောပြလျက် မိမိ (= ဆတ္တပါဏိလုလင်)၏ သန္တာန်၌ ငြူစူစောင်းမြောင်း တတ်သည့် ဥသူယတရား ထင်ရှား မရှိကြောင်းကို ယသပါဏိမင်းအား တင်ပြ လျှောက်ထားလိုက်၏။ |
33,036 | Uncategorized | ကိုးကွယ်ရာဟူသည် | လောက၌ သတ္တဝါတို့ကို အများဆုံး ဒုက္ခပေးနေသည့် ကိလေသာ တရားဆိုးတို့တွင် မိမိစည်းစိမ်ကို အထိမခံနိုင်ခြင်းဆိုသည့် ငြူစူစောင်းမြောင်းတတ်သည့် စိတ်ထားလည်း ပါဝင်လျက် ရှိ၏။ |
33,037 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုကဲ့သို့သော စိတ်ထားမျိုးတွေ မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်၌ မတည်ရှိအောင် ထင်ရှား မဖြစ်ပေါ်လာအောင် ယခုကဲ့သို့ ဆုတောင်းပန်ထွာခြင်း အဓိဋ္ဌာန်ပြုခြင်းဖြင့်လည်း ထိုကိလေသာများကို ပယ်ရှားနိုင်သည်ဟု ဆိုလျှင် အဘယ်မည်သော သူတော်ကောင်းသည် ကောင်းမှုကုသိုလ်ပြုတိုင်း ထိုကဲ့သို့ ဆုတောင်းပန်ထွာမှု အဓိဋ္ဌာန်မှုကို မပြုလုပ်ဘဲ ရှိသင့်ပါအံ့နည... |
33,038 | Uncategorized | ကိုးကွယ်ရာဟူသည် | ဤဇာတ်လမ်းကား နောက်ဆုံးဘဝ အဝင်အပါ ဘဝ တော်တော် များများ၌ အရှင်သာရိပုတ္တရာအလောင်းလျာဖြစ်သည့် သူတော်ကောင်း၏ လူပျိုကြီး ဖြစ်ရခြင်း၏ အကြောင်းရင်းတစ်ခုပင် ဖြစ်ပေသည်။ |
33,039 | Uncategorized | ကိုးကွယ်ရာဟူသည် | စာဖတ်သူ (စာဖတ်သူ) အသင်သူတော်ကောင်းသည်လည်း လူပျိုကြီး ဖြစ်လိုက (သို့မဟုတ်) မောင်မင်းကြီးသားတို့၏ ရက်စက်ကြမ်းကြုတ်သည့် စရိုက်ဆိုး တွေကြောင့် ယင်းတို့အပေါ်၌ စိတ်ကုန်သဖြင့် အပျိုကြီး ဖြစ်လိုပါက ထိုထုံး ကို အတုယူကာ လိုက်နာပြုကျင့်ပါလေ။ |
33,040 | Uncategorized | ကိုးကွယ်ရာဟူသည် | (၂) သေရည်သေရက် မသောက်တတ်ခြင်း |
33,041 | Uncategorized | ကိုးကွယ်ရာဟူသည် | အရက်မသောက်တတ်ခြင်း၏ အကြောင်းရင်းကို မေးမြန်းသော အခါ၌လည်း ယသပါဏိမင်းအား ဆတ္တပါဏိလုလင်က ဤသို့ ဆက်လက်ကာ တင်ပြလျှောက်ထားပြန်၏ --- |
33,042 | Uncategorized | ကိုးကွယ်ရာဟူသည် | အရှင်မင်းမြတ် ... ကျွန်တော်မျိုးသည် ရှေးယခင် တစ်ခုသောဘဝဝယ် ဗာရာဏသီမင်းပင် ဖြစ်ခဲ့၍ ယစ်ထုတ်ကြီး ဖြစ်ခဲ့ဖူးပါ၏။ |
33,043 | Uncategorized | ကိုးကွယ်ရာဟူသည် | အရက်နှင့် ကင်း၍ ရပ်တည်ခြင်းငှာ မစွမ်းနိုင်ခဲ့ပါ။ |
33,044 | Uncategorized | ကိုးကွယ်ရာဟူသည် | အသား မပါလျှင် မစားတတ်သူလည်း ဖြစ်ခဲ့ဖူးပါ၏ စသည်ဖြင့် ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်းကို တင်ပြလျှောက်ထား၏။ |
33,045 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုအခါတွင် ဥပုသ်နေ့၌ သားမသတ်ရန် တိုင်းပြည်ကို ကြေညာထားပြီး ဖြစ်၏။ |
33,046 | Uncategorized | ကိုးကွယ်ရာဟူသည် | ဥပုသ်နေ့အတွက် အသားကို အဖိတ်နေ့က ကြိုတင်ကာ စီမံ ထားသော်လည်း စားဖိုသည်၏ မေ့လျော့မှုကြောင့် ကင်ထားသောအသားကို ခွေးက ဆွဲစားသွားခဲ့၏။ |
33,047 | Uncategorized | ကိုးကွယ်ရာဟူသည် | စားဖိုသည်က အသား မပါသည့် ပွဲတော်အုပ်ကို မဆက်သရဲသဖြင့် မိဖုရား၏ အကူအညီကို ရယူကာ ပွဲတော်အုပ်ကို ဆက်သလာ၏။ |
33,048 | Uncategorized | ကိုးကွယ်ရာဟူသည် | ရှင်ဘုရင်ကြီးကား သားငယ်ကို အလွန် ချစ်မြတ်နိုးသဖြင့် မိဖုရားကြီးက သားငယ်ကို တန်ဆာဆင်ကာ ရှင်ဘုရင်ကြီး၏ ရင်ခွင်တွင် တည်ထားခိုက်တွင် ပွဲတော်အုပ်ကို ဆက်သလာ၏။ |
33,049 | Uncategorized | ကိုးကွယ်ရာဟူသည် | အမူးကြီးမူး အရူးကြီး ရူးနေသည့် အချိန်ဖြစ်သဖြင့် ပွဲတော်၌ အသား မပါသည်ကို မြင်သောအခါ ရင်ခွင်တွင် ပွေ့တင်ထားသော သားငယ်၏ လည်ပင်းကို လိမ်ချိုးကာ စဖိုသည်အား ချက်ရန် ပစ်ပေးလိုက်၏။ |
33,050 | Uncategorized | ကိုးကွယ်ရာဟူသည် | စဖိုသည်ကလည်း ရှင်ဘုရင် ခိုင်းစေ သည့်အတိုင်း ချက်ပြုတ်ကာ ပွဲတော်အုပ်ကို တစ်ဖန် ဆက်သရပြန်၏။ |
33,051 | Uncategorized | ကိုးကွယ်ရာဟူသည် | ချစ်လှစွာသော သားငယ်အသားဖြင့် ရှင်ဘုရင်ကြီး ပွဲတော်အုပ် တည်လေ၏။ |
33,052 | Uncategorized | ကိုးကွယ်ရာဟူသည် | ရှင်ဘုရင်အား ကြောက်ရွံ့သဖြင့် ငိုကြွေးခြင်းငှာ တားမြစ်စကား ပြန်လည် ပြောကြားခြင်းငှာ စွမ်းနိုင်သောသူမည်သည် တစ်ဦးတစ်ယောက်သော်မျှလည်း မရှိခဲ့ပေ။ |
33,053 | Uncategorized | ကိုးကွယ်ရာဟူသည် | သို့သော် ရှင်ဘုရင်ကြီးကား စားပြီး အိပ်စက်လိုက်၏။ |
33,054 | Uncategorized | ကိုးကွယ်ရာဟူသည် | မိုးသောက်ထအခါ အိပ်ရာမှ နိုးလာသော် အမူးပြေသွားသဖြင့် သားငယ်ကို သတိရ၍ ခေါ်ဆောင်လာရန် အမိန့်ရှိပြန်၏။ |
33,055 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုအခါကျမှ မိဖုရားကြီးက - ယမန်နေ့က သားငယ်ကို သတ်ကာ အသားကို ပွဲတော်အုပ်တည်ခဲ့ကြောင်းကို တင်ပြ လျှောက်ထားလိုက်၏။ |
33,056 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုအခါတွင် ရှင်ဘုရင်ကြီးသည် သားသောကဖြင့် ငိုကြွေးမြည်တမ်းကာ ဤကဲ့သို့သော ဆင်းရဲဒုက္ခသည် သေရည်သေရက် သောက်သုံးမှုကို အမှီပြု၍ ငါရဲ့သန္တာန်၌ ဖြစ်ပေါ်ခဲ့၏ --- ဟု သုရာ သောက်ခြင်း၌ အပြစ်ဒေါသကို မြင်တွေ့သောအခါ --- |
33,057 | Uncategorized | ကိုးကွယ်ရာဟူသည် | ဣတော ပဋ္ဌာယ ယာဝ အရဟတ္တံ န ပါပုဏာမိ၊ တာဝ ဧဝရူပံ ဝိနာသကာရကံ သုရံ နာမ န ပိဝိဿာမိ၊၊ (ဇာ၊ဋ္ဌ၊၂၊၁၇၈။ |
33,058 | Uncategorized | ကိုးကွယ်ရာဟူသည် | ) = သုဂတခေါ်ဆိုသည့် ထို မြတ်စွာဘုရားကို ဤနေ့မှစ၍ အရဟတ္တဖိုလ်သို့ မဆိုက်ရောက်သေးသမျှ ကာလပတ်လုံး ဤကဲ့သို့ သဘောရှိသော ပျက်စီးခြင်းကို ပြုလုပ်တတ်သော သုရာမည်သည် ကို မသောက်သုံးရပါစေသား ...ဟု မြေမှုန့်ကို ဆုပ်ကိုင်ကာ မျက်နှာကို လိမ်းကျံလျက် အဓိဋ္ဌာန်ပြုခဲ့၏၊ ဆုတောင်းပန်ထွာခဲ့၏။ |
33,059 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုအချိန်အခါမှစ၍ မူးယစ်ဆေးဝါးမည်သည်ကို မသောက်သုံးစဖူးပါဟု ဆတ္တပါဏိလုလင်က ယသပါဏိမင်းအား တင်ပြ လျှောက်ထားလိုက်၏။ |
33,060 | Uncategorized | ကိုးကွယ်ရာဟူသည် | ဒုစရိုက်အိုး လူမိုက်မျိုးဘဝသို့ ရောက်အောင် တွန်းပို့ပေးတတ်သည့် သေရည်သောက်သုံးခြင်းစသည့် ဒုစရိုက်မှုတို့ကို စိတ်က အဓိဋ္ဌာန်ပြုကာ ဆောက်တည်သည့်အတိုင်း ဆုတောင်းပန်ထွာသည့်အတိုင်း ထိုဒုစရိုက်တွေကို ချိုးဖဲ့ ဖျက်ဆီးနိုင်သည်, မိမိရုပ်နာမ်သန္တာန်အစဉ်၌ ဖြစ်ပေါ်မလာအောင် တားမြစ် ပိတ်ပင်နိုင်သည် ဖြစ်ပါက မိမိအကျိုးကို လိုလားတောင့်တလ... |
33,061 | Uncategorized | ကိုးကွယ်ရာဟူသည် | (၃) မည်သူ့ကိုမျှ မချစ်တတ်ခြင်း |
33,062 | Uncategorized | ကိုးကွယ်ရာဟူသည် | မည်သူ့ကိုမျှ မချစ်တတ်ခြင်း၏ အကြောင်းရင်းကိုလည်း ဆတ္တပါဏိ လုလင်က ယသပါဏိမင်းအား ဤသို့ တင်ပြ လျှောက်ထားပြန်၏။ |
33,063 | Uncategorized | ကိုးကွယ်ရာဟူသည် | အရှင်မင်းမြတ် ... ရှေးယခင် တစ်ခုသော ဘဝဝယ် ကျွန်တော်မျိုးသည် ဗာရာဏသီပြည်၌ပင်လျှင် ကိတဝါသ အမည်ရှိသော ရှင်ဘုရင် ဖြစ်ခဲ့ဖူးပါသည်။ |
33,064 | Uncategorized | ကိုးကွယ်ရာဟူသည် | သားတစ်ယောက် မွေးဖွားခဲ့ပါ၏။ |
33,065 | Uncategorized | ကိုးကွယ်ရာဟူသည် | လက္ခဏာဖတ်တတ်သည့် ပုဏ္ဏားပညာရှိတို့က ထိုသားကိုကြည့်၍ အရှင်မင်းမြတ် ... ဤသူငယ်သည် ရေငတ်၍ သေလိမ့်မည် ဟု နိမိတ် ဖတ်ကြပါ၏။ |
33,066 | Uncategorized | ကိုးကွယ်ရာဟူသည် | ဒုဋ္ဌကုမာရဟု နာမည် ပေးထားပါ၏။ |
33,067 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုမင်းသား အရွယ်သို့ ရောက်သည့်အခါ အိမ်ရှေ့မင်း ပြုလုပ်ထားပါ၏။ |
33,068 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုအိမ်ရှေ့စံမင်းသားကို မိမိသွားလေရာတွင် ရှေ့မှလည်းကောင်း နောက်မှလည်းကောင်း လိုက်ပါစေခဲ့ပါ၏။ |
33,069 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုမင်းသား ရေငတ် မသေရန် မြို့တွင်း ထိုထိုအရပ်တို့၌ ရေတွင်းရေကန်တို့ကို တူးဖော်ထားခဲ့ပါ၏။ |
33,070 | Uncategorized | ကိုးကွယ်ရာဟူသည် | လမ်းဆုံတို့၌ မဏ္ဍပ်တို့ကို ထိုးကာ အိုးစရည်းကြီးတို့ဖြင့် ရေတို့ကို အသင့်တည်ထားပါကုန်၏။ |
33,071 | Uncategorized | ကိုးကွယ်ရာဟူသည် | --- ဤသို့စသည်ဖြင့် ဖြစ်ရပ်အစုံအလင်ကို ကုန်စင်အောင် တင်ပြ လျှောက်ထားလေသည်။ |
33,072 | Uncategorized | ကိုးကွယ်ရာဟူသည် | ဆက်လက်ဖြစ်ပေါ်လာသည့် ဇာတ်လမ်းမှာ ဤသို့ ဖြစ်၏။ |
33,073 | Uncategorized | ကိုးကွယ်ရာဟူသည် | --- ကံဆိုးမိုးမှောင်ကျမည့် တစ်နေ့သို့ကား ဆိုက်ရောက်လာ၏။ |
33,074 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုမင်းသားငယ်သည် တစ်နေ့တွင် ဥယျာဉ်ကစားရန်အသွား လမ်းခုလတ် တစ်နေရာတွင် ပစ္စေကဗုဒ္ဓါဘုရားရှင်နှင့် ရင်ဆိုင်တိုးမိနေ၏။ |
33,075 | Uncategorized | ကိုးကွယ်ရာဟူသည် | လူများအပေါင်းက ပစ္စေကဗုဒ္ဓါ ဘုရားရှင်အား ရိုသေကြ၏၊ မြတ်နိုးကြ၏၊ ရှိခိုးဝတ်ပြုကြ၏၊ ချီးမွမ်းကြ၏၊ လက်အုပ်ချီမိုးကာ ရှိခိုးဝတ်ပြုလျက် ရပ်တည်နေကြ၏။ |
33,076 | Uncategorized | ကိုးကွယ်ရာဟူသည် | အိမ်ရှေ့မင်းသားက ငါကဲ့သို့သောသူနှင့် အတူလိုက်ပါလာကြတဲ့သူတွေဟာလည်း ဒီခေါင်းတုံးဦးပြည်းကို ရှိခိုးကြတယ်၊ ချီးမွမ်းကြတယ်၊ လက်အုပ်ချီမိုးကာ အရိုအသေပြုကြတယ်၊ ငါ့ကိုတော့ ထိုကဲ့သို့ မပြုကြဘူးဟု စဉ်းစားကာ အမျက်ဒေါသထွက်လျက် ဆင်ပေါ်မှ ဆင်းကာ ပစ္စေကဗုဒ္ဓါဘုရားရှင်ထံသို့ ချဉ်းကပ်လိုက်၏။ |
33,077 | Uncategorized | ကိုးကွယ်ရာဟူသည် | ရဟန်း ... သင့်မှာ ဆွမ်းကော ရပါရဲ့လား ဟု မထီလေးစား ရွံရှာသော စိတ်ထားဖြင့် မေးမြန်းလိုက်၏။ |
33,078 | Uncategorized | ကိုးကွယ်ရာဟူသည် | ရရှိပါကြောင်းကို ပစ္စေကဗုဒ္ဓါဘုရားရှင်က မိန့်ကြားတော် မူလိုက်သောအခါ ဘုရားရှင့်လက်တော်မှ သပိတ်တော်ကို ယူကာ မြေပြင်ပေါ်သို့ လွှင့်ပစ်ကာ ခြေထောက်ဖြင့် မုန့်မုန့် ညက်ညက် ကြေအောင် နင်းခြေပစ်လိုက်၏။ |
33,079 | Uncategorized | ကိုးကွယ်ရာဟူသည် | ပစ္စေကဗုဒ္ဓါဘုရားရှင်ကလည်း ဤသတ္တဝါတော့ ပျက်စီးပါပေါ့ဟု ပြောဆိုကာ ထိုမင်းသား၏မျက်နှာကို ကြည့်ရှုတော်မူ၏။ |
33,080 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုအခါ မင်းသားက အိုရဟန်း ... ငါဟာ ကိတဝါသဘုရင်ရဲ့သားဖြစ်တယ်။ |
33,081 | Uncategorized | ကိုးကွယ်ရာဟူသည် | ဒုဋ္ဌကုမာရအမည် ရှိတယ်၊ သင်က ငါ့ကို အမျက်ထွက်ကာ မျက်လုံးဖွင့်ကြည့်ပြီးတော့ ဘာ လုပ်ချင်သလဲ?ဟု ပြောဆိုလိုက်၏။ |
33,082 | Uncategorized | ကိုးကွယ်ရာဟူသည် | ပစ္စေကဗုဒ္ဓဘုရားရှင်သည် ထိုနေ့၌ ဆွမ်းပြတ်တော် မူသည်ဖြစ်၍ ကောင်းကင်သို့ စျာန်အဘိညာဏ်ဖြင့် ပြန်ကြွတော်မူကာ ဟိမဝန္တာမြောက်ပိုင်း နန္ဒမူလိုဏ်ဂူသို့သာလျှင် ကြွတော်မူလေသည်။ |
33,083 | Uncategorized | ကိုးကွယ်ရာဟူသည် | မင်းသား၏သန္တာန်၌ ထိုခဏမှာပင် မကောင်းမှုအကုသိုလ်ကံသည် အကျိုးပေးဖို့ရန် ရင့်ကျက်လာ၏။ |
33,084 | Uncategorized | ကိုးကွယ်ရာဟူသည် | ထို မင်းသားသည် ပူလှချည်ရဲ့ ပူလှချည်ရဲ့ဟု အော်မြည်ကာ အလွန် ပူလောင်လာသဖြင့် ထိုနေရာ၌ပင် လဲကျ သွားလေသည်။ |
33,085 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုထိုအရပ်၌ ရှိသမျှ ရေအားလုံးတို့သည် အပူရှိန်ကြောင့် ခန်းခြောက်သွားကြကုန်၏။ |
33,086 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုအရပ်မှာပင် အသက် ကုန်ဆုံးသွားလေသည်။ |
33,087 | Uncategorized | ကိုးကွယ်ရာဟူသည် | သေသည်၏ အခြားမဲ့၌ အဝီစိငရဲသို့ ဆိုက်ရောက်သွားပေသည်။ |
33,088 | Uncategorized | ကိုးကွယ်ရာဟူသည် | ခမည်းတော် ကိတဝါသဘုရင်ကြီးက ထိုသတင်းကို ကြားသိသောအခါ သားသောကဖြင့် အလွန်ပြင်းထန်စွာ အနှိပ်စက်ခံရသဖြင့် ဤသို့ စဉ်းစားခဲ့၏။ |
33,089 | Uncategorized | ကိုးကွယ်ရာဟူသည် | အယံ မေ သောကော ပိယဝတ္ထုတော ဥပ္ပဇ္ဇိ၊ သစေ မေ သ္နေဟော နာဘဝိဿ၊ သောကော န ဥပ္ပဇ္ဇိဿ၊ ဣတော ဒါနိ မေ ပဋ္ဌာယ သဝိညာဏကေ ဝါ အဝိညာဏကေ ဝါ ကိသ္မိဉ္စိ ဝတ္ထုသ္မိံ သ္နေဟော နာမ မာ ဥပ္ပဇ္ဇတု၊၊ (ဇာ၊ဋ္ဌ၊၂၊၁၇၉။ |
33,090 | Uncategorized | ကိုးကွယ်ရာဟူသည် | ) ငါရဲ့ ဤသောကသည် ချစ်ခင်မြတ်နိုးအပ်သော ဝတ္ထုကြောင့် ဖြစ်ပေါ် ခဲ့၏။ |
33,091 | Uncategorized | ကိုးကွယ်ရာဟူသည် | ငါ၏သန္တာန်၌ ဤချစ်ခင်မြတ်နိုးမှုတရားသည် ထင်ရှား မဖြစ်ငြားအံ့၊ သောကဟူသည် မဖြစ်လေရာ၊ ဤယခုအခါမှ စ၍ ငါ၏သန္တာန်၌ သက်ရှိ အရာဝတ္ထုအပေါ်၌သော်လည်းကောင်း, သက်မဲ့အရာဝတ္ထုအပေါ်၌သော် လည်းကောင်း မည်သည့်တစ်စုံတစ်ခုသော အရာဝတ္ထုအပေါ်၌မဆို ချစ်ခင် မြတ်နိုးခြင်းမည်သည် မဖြစ်ရပါစေသားဟု စိတ်ဓာတ်ကို ခိုင်ခိုင်မာမာ ဆောက်တည်ကာ ဆုတောင်းပန်ထွာမှု... |
33,092 | Uncategorized | ကိုးကွယ်ရာဟူသည် | ဤသည်ကား မည်သူ့ကိုမျှ မချစ်တတ်ခြင်း၏ အကြောင်းရင်းဝတ္ထု ဖြစ်ပေသည်။ |
33,093 | Uncategorized | ကိုးကွယ်ရာဟူသည် | ဤကဲ့သို့ စိတ်ဓာတ်ကို ခိုင်ခိုင်မာမာ ဆောက်တည်ကာ ဆုတောင်းပန်ထွာမှုကို ပြုကျင့်ခြင်းကြောင့် ထိုကံက အကျိုးပေးသည့်ဘဝဝယ် မည်သူ့ကိုမျှ မချစ်တတ်ဟုဆိုလျှင် ဤစာကို ဖတ်ရှု၍နေသော ခါးတောင်းကျိုက် ဖြုတ်လိုသော စိတ်ထားရှိသော အသင်သူတော်ကောင်းသည်လည်း အဘယ့်ကြောင့် ကောင်းမှုကုသိုလ်ပြုပြီးတိုင်း ဤကဲ့သို့သော ဆုတောင်း ပန်ထွာမှု, စိတ်ဓာတ်ကို ... |
33,094 | Uncategorized | ကိုးကွယ်ရာဟူသည် | (၄) မည်သူ့ကိုမျှ မမုန်းတတ်ခြင်း |
33,095 | Uncategorized | ကိုးကွယ်ရာဟူသည် | မည်သူ့ကိုမျှ မမုန်းတတ်ခြင်း၏ အကြောင်းကိုလည်း ဆတ္တပါဏိ လုလင်က ယသပါဏိမင်းအား ဤသို့ ဆက်လက်ကာ တင်ပြ လျှောက်ထားလေသည်။ |
33,096 | Uncategorized | ကိုးကွယ်ရာဟူသည် | အရှင်မင်းမြတ် ... ကျွန်တော်မျိုးသည် ရှေးယခင် တစ်ခုသော ဘဝဝယ် အရက အမည်ရသော ရသေ့ဖြစ်စဉ်.. (၇)နှစ်တို့ကာလပတ်လုံး မေတ္တာစျာန်စိတ်ကို ပွားများခဲ့ဖူးပါ၏။ |
33,097 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုမေတ္တာစျာန်ကြောင့် (၇)ခုသော သံဝဋ္ဋကပ် ဝိဝဋ္ဋကပ်တို့ပတ်လုံး ဗြဟ္မာပြည်၌ ဖြစ်ခဲ့ရ၍ မေတ္တာစျာန်ကို ပွားများကာ နေထိုင်ခဲ့ဖူးပါ၏။ |
33,098 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုကြောင့် ကျွန်တော်မျိုးသည် မေတ္တာဘာဝနာဖြင့် လေ့ကျက်အပ် အမြဲမပြတ် ထုံမွမ်းထားအပ်သော စိတ်ဓာတ် ရှိသည့်အဖြစ်ကြောင့် မည်သူ့ကိုမျှလည်း မမုန်းတတ်ခြင်း အမျက်မထွက် တတ်ခြင်း ဖြစ်ပါသည်ဟု တင်ပြလျှောက်ထားလိုက်၏။ |
33,099 | Uncategorized | ကိုးကွယ်ရာဟူသည် | မေတ္တာဘာဝနာဖြင့် ထုံမွမ်းထားအပ်သော စိတ်ဓာတ်ကား ဒေါသကို တိုက်ဖျက်နိုင်သော စွမ်းအား ရှိခဲ့၏။ |
33,100 | Uncategorized | ကိုးကွယ်ရာဟူသည် | မည်သူ့ကိုမျှ မမုန်းတီးလိုသော အသင် သူတော်ကောင်းသည်လည်း မေတ္တာစျာန်ဘာဝနာကို အကြိမ်များစွာ ပွားများလေ့လာပါ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.