id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
33,101 | Uncategorized | ကိုးကွယ်ရာဟူသည် | ဤကား - --- ဆတ္တပါဏိလုလင် သန္တာန်၌ တည်ရှိသော အင်္ဂါ လေးပါးတို့ပင်တည်း။ |
33,102 | Uncategorized | ကိုးကွယ်ရာဟူသည် | အမ္ဗဇာတ်၌ လာရှိသော အနာထမရဏ |
33,103 | Uncategorized | ကိုးကွယ်ရာဟူသည် | ဤအမ္ဗဇာတ်၌လာရှိသော အနာထမရဏကား --- မှီခိုအားထားရာ နာထတရား မရှိဘဲ သေကျေပျက်စီးရခြင်းကို ရည်ညွှန်းထားပေသည်။ |
33,104 | Uncategorized | ကိုးကွယ်ရာဟူသည် | အရှင်ဒေဝဒတ်ကား ငါသည် ဘုရားဖြစ်ပေတော့အံ့၊ ရဟန်းဂေါတမသည်ကား ငါ၏ ဆရာသမားလည်း မဟုတ်၊ ဥပဇ္ဈာယ်ဆရာလည်း မဟုတ် ဟု ဆရာအဖြစ်ကို စွန့်ပယ်လိုက်ခြင်းကြောင့် စျာန်လျှောကျ ပျက်စီးသွားခဲ့၏။ |
33,105 | Uncategorized | ကိုးကွယ်ရာဟူသည် | သံဃာကို သင်းခွဲပြီးနောက် အစဉ်သဖြင့် သာဝတ္တိပြည်သို့ ဆိုက်ရောက်လာသောအခါ ဇေတဝန်ကျောင်းတိုက်နှင့် မလှမ်းမကမ်း တစ်နေရာတွင် မြေမျို ခံရ၏။ |
33,106 | Uncategorized | ကိုးကွယ်ရာဟူသည် | သေသည်၏အခြားမဲ့၌ အဝီစိသို့ ရောက်ရှိသွားခဲ့၏။ |
33,107 | Uncategorized | ကိုးကွယ်ရာဟူသည် | ဤဝတ္ထုကို အကြောင်းပြု၍ အမ္ဗဇာတ်တော်ကို ဟောကြားတော်မူခြင်း ဖြစ်၏။ |
33,108 | Uncategorized | ကိုးကွယ်ရာဟူသည် | လွန်လေပြီးသောအခါ ဗာရာဏသီပြည် ဘုရင်မင်းမြတ်၏ ပုရောဟိတ်ပုဏ္ဏားကြီး၏ တစ်ဦးတည်းသော သားသည် တက္ကသိုလ်၌ ပညာသင်ကြားပြီးနောက် ထွက်ခွာလာခဲ့သော် အရပ်ဒေသ အကျင့်စာရိတ္တ ယဉ်ကျေးမှု အမျိုးမျိုးတို့ကို သိရှိရန် ခရီးဒေသစာရီလှည့်လည်စဉ် တိုင်းစွန်ပြည်နား မြို့ တစ်မြို့သို့ ဆိုက်ရောက်ခဲ့၏။ |
33,109 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုအခါ ဘုရားအလောင်းတော်ကား ထိုမြို့အနီး စဏ္ဍာလရွာကြီး၌ နေထိုင်လျက်ရှိ၏၊ ပညာရှိ၏၊ လိမ္မာကျွမ်းကျင်၏၊ အခါ မဟုတ်သည်၌ အသီးကို သီးစေတတ်သော မန္တာန်ကို တတ်သိနားလည်၏။ |
33,110 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုဘုရားအလောင်းတော်သည် နံနက်စောစော အိပ်ရာမှထကာ ဆိုင်းထမ်းပိုးကို ယူဆောင်လျက် ထိုရွာမှ ထွက်ကာ တောသို့ ဝင်ရောက်ပြီးလျှင် သရက်ပင်တစ်ပင်သို့ ချဉ်းကပ်ကာ သရက်ပင်မှ ခြေ (၇)လှမ်းခန့် အရပ်၌ ရပ်တည်လျက် ထိုမန္တာန်ကို မန်းမှုတ်သည်ရှိသော် သရက်ပင်ကို ကောင်းကင်မှ ကျဆင်းလာသော ရေအိုးအလုံးတစ်ရာမျှမကသော တစ်ခဲနက် ရေအယဉ်က တိုက်ခတ်မိ၏။ |
33,111 | Uncategorized | ကိုးကွယ်ရာဟူသည် | တစ်ခဏအတွင်း သရက်ပင်မှ သစ်ရွက်ဟောင်းတို့သည် ကြွေကျကြကုန်၏။ |
33,112 | Uncategorized | ကိုးကွယ်ရာဟူသည် | ရွက်နုတို့သည် ထမြောက်လာကြကုန်၏။ |
33,113 | Uncategorized | ကိုးကွယ်ရာဟူသည် | သရက်ပန်း အပွင့်တို့သည် ပွင့်ကာ ကြွေကျကြကုန်၏၊ သရက်သီးတို့ ဖြစ်ပေါ်လာကာ တစ်ခဏအတွင်းမှာပင် မှည့်ကာ ချိုမြိန်ကောင်းမြတ်သော အရသာရှိသော ဩဇာရှိသော နတ်ဩဇာနှင့် တူကုန်သော သရက်သီးတို့ ဖြစ်ကာ အပင်မှ ကြွေကြကုန်၏။ |
33,114 | Uncategorized | ကိုးကွယ်ရာဟူသည် | ဘုရားအလောင်းသည် ထိုသရက်သီးတို့ကို ရွေးချယ်ကာ အလိုရှိတိုင်း ခဲစားပြီးလျှင် ဆိုင်းထမ်းပိုးကို ပြည့်စေလျက် အိမ်သို့ပြန်ကာ ထိုသရက်သီးတို့ကို ရောင်းချလျက် သားမယားကို မွေးမြူလေသည်။ |
33,115 | Uncategorized | ကိုးကွယ်ရာဟူသည် | တက္ကသိုလ်ပြည်မှ ပြန်လာသော ထိုပုဏ္ဏားလုလင်သည် ဘုရားအလောင်းတော်ကို အချိန်အခါ မဟုတ်ဘဲ သရက်သီးမှည့်တို့ကို ဆောင်ယူကာ ရောင်းချနေသည်ကို မြင်လတ်သော် ဧကန္တ .. မန္တာန်၏ စွမ်းအားပင် ဖြစ်တန်ရာသည်ဟု သဘောပေါက်ကာ မန္တာန်သင်ယူရန် ဘုရားအလောင်းတော် ထံသို့ ရိုသေကျိုးနွံစွာ ချဉ်းကပ်လေ၏။ |
33,116 | Uncategorized | ကိုးကွယ်ရာဟူသည် | ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်ကို ရိုသေစွာ ပြုစုကာ မန္တာန်ကို သင်ယူရန် အချိန်ကြာကြာ ကြိုးစားခဲ့ရ၏။ |
33,117 | Uncategorized | ကိုးကွယ်ရာဟူသည် | အမျိုးဇာတ်နှင့် ပြည့်စုံခြင်း, ဆရာအပေါ် ဆရာ့ကတော်အပေါ်တို့၌ ပြုစုထိုက်သည့် ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်နှင့် ပြည့်စုံခြင်းကြောင့် ဘုရားအလောင်းတော်က မန္တာန်ကို သင်ပေးလိုက်၏။ |
33,118 | Uncategorized | ကိုးကွယ်ရာဟူသည် | သို့သော် ဘုရားအလောင်းတော်က အမှာစကားတစ်ခု ပြောကြားလိုက်၏။ |
33,119 | Uncategorized | ကိုးကွယ်ရာဟူသည် | သင့်ဆရာ ဘယ်သူပါလဲဟု အများက မေးခဲ့သော် ငါ့ကို လျှို့ဝှက် မထားပါနှင့်။ |
33,120 | Uncategorized | ကိုးကွယ်ရာဟူသည် | အကယ်၍ ငါသည် စဏ္ဍာလ၏ အထံမှ မန္တာန်ကို သင်ယူခဲ့ပါသည်ဟု ပြောရမှာ ရှက်သဖြင့် ငါ၏ဆရာသည် ဗြာဟ္မဏမဟာသာလ ဖြစ်ပါသည်ဟု ပြောဆိုငြားအံ့၊ ဤမန္တာန်၏ အကျိုးတရားကို သင်ရရှိလိမ့်မည်မဟုတ်ဟု မှာကြားလိုက်၏။ |
33,121 | Uncategorized | ကိုးကွယ်ရာဟူသည် | အမှန်အတိုင်း ပြောဆိုပါမည်ဟု ဝန်ခံကာ ဘုရားအလောင်းတော်ထံမှ ထွက်ခွာခဲ့၏။ |
33,122 | Uncategorized | ကိုးကွယ်ရာဟူသည် | သို့သော် တကယ် အရေးကြုံလာသည့်အခါ စဏ္ဍာလထံမှ သင်ယူ ခဲ့သည်ကို ပြောပြရန် ရှက်နေပြန်၏။ |
33,123 | Uncategorized | ကိုးကွယ်ရာဟူသည် | တစ်နေ့တွင် ရှင်ဘုရင်ကြီးက ထို သရက်သီးကို စားရသဖြင့် အလွန် သဘောကျသွား၏။ |
33,124 | Uncategorized | ကိုးကွယ်ရာဟူသည် | ဆုလာဘ်များစွာ ချီးမြှင့်လိုက်၏။ |
33,125 | Uncategorized | ကိုးကွယ်ရာဟူသည် | အတတ်ပညာကိုလည်း ဥယျာဉ်တော်တွင်းသို့ သွားကာ လက်တွေ့ ပြသလိုက်၏။ |
33,126 | Uncategorized | ကိုးကွယ်ရာဟူသည် | ရှင်ဘုရင်ကြီးကလည်း သဘောကျလွန်းသဖြင့် ဤမန္တာန်ကို မည်သူ့ထံမှ သင်ယူခဲ့ပါသနည်းဟု မေးမြန်းသောအခါ ငါ အဝါးဝစွာ လေ့ကျက်ထားပြီးဖြစ်တဲ့ ဒီမန္တာန်ဟာ မပျောက်ပျက်နိုင်တော့ပါဟု သဘောပိုက်ကာ စဏ္ဍာလထံမှ သင်ယူခဲ့ပါသည်ဟု ပြောရန် ရှက်နိုးသဖြင့် တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံမှ သင်ယူခဲ့ပါသည်ဟု မုသားစကား ပြောကြားလိုက်၏။ |
33,127 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုခဏမှာပင် မန္တာန်လည်း ပျောက်ကွယ်သွားလေ သည်။ |
33,128 | Uncategorized | ကိုးကွယ်ရာဟူသည် | နောက်ထပ် မန္တာန်ကို မရွတ်ဖတ်နိုင်သဖြင့် မန္တာန်စွမ်းအားလည်း ကုန်ခန်းပျက်စီးသွားလေသည်။ |
33,129 | Uncategorized | ကိုးကွယ်ရာဟူသည် | ဆရာထံသို့ တစ်ဖန် ပြန်သွားသော်လည်း ဆရာက ထိုမန္တာန်ကို မုသားစကား ခပ်များများ ပြောကြားတတ်သူ ထိုပုဏ္ဏားလုလင်အား သင်မပေးတော့ဘဲ နှင်ထုတ်ပစ်လိုက်၏။ |
33,130 | Uncategorized | ကိုးကွယ်ရာဟူသည် | သော ဧဝံ အာစရိယေန ဥယျောဇိတော ကိံ မယှံ ဇီဝိတေနာတိ အရညံ ပဝိသိတွာ အနာထမရဏံ မရိ။ |
33,131 | Uncategorized | ကိုးကွယ်ရာဟူသည် | (ဇာ၊ဋ္ဌ၊၄၊၂၀၇။ |
33,132 | Uncategorized | ကိုးကွယ်ရာဟူသည် | ) ထိုပုဏ္ဏားလုလင်သည် ဤသို့ ဆရာဖြစ်သူက နှင်ထုတ်လိုက်သည်ရှိသော် ငါ့အား အသက်ရှင်နေရခြင်းဖြင့် အဘယ်အကျိုးရှိနိုင်ပါအံ့နည်း ဟု နှလုံးပိုက်ကာ တောသို့ဝင်၍ မှီခိုအားထားရာမဲ့ သေကျေပျက်စီးရခြင်း အနာထမရဏဖြင့် သေကျေပျက်စီးရလေသည်။ |
33,133 | Uncategorized | ကိုးကွယ်ရာဟူသည် | ဆရာကို ဆရာဟု ပြောဆို ဝန်ခံရမည်ကို ရှက်နိုးသူ ဝန်လေးသူတို့ သတိပြုဖွယ်ရာ ဇာတ်လမ်းတစ်ခု ဖြစ်ပေသည်။ |
33,134 | Uncategorized | ကိုးကွယ်ရာဟူသည် | ကျေးဇူးမသိတတ်သူ ဤပုဏ္ဏားလုလင်ကား အခြားသူမဟုတ် အရှင်ဒေဝဒတ်အလောင်းပင် ဖြစ်ခဲ့၏။ |
33,135 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုဘဝတုန်းကလည်း ဆရာကို ဆရာဟု ပြောဆိုရန် ဝန်လေးခဲ့သဖြင့် အနာထမရဏဖြင့် သေကျေပျက်စီးခဲ့ရ၏။ |
33,136 | Uncategorized | ကိုးကွယ်ရာဟူသည် | ဂေါတမဘုရားရှင်၏ သာသနာတော်၌လည်း ဆရာဖြစ်တော်မူသော ဘုရားရှင် ကို ဆရာမဟုတ်ဟု ကျေးဇူးမဲ့စကား ပြောကြားကာ ဘုရားရှင်အား သွေးစိမ်း တည်စေခြင်း သံဃာသင်းခွဲခြင်းစသည့် မကောင်းမှုအကုသိုလ်တို့ကို လွန်ကျူးခဲ့၏။ |
33,137 | Uncategorized | ကိုးကွယ်ရာဟူသည် | မိမိ မကောင်းမှုကြောင့်ပင် မှီခိုအားထားရာ နာထတရား မရှိဘဲ အနာထမရဏဖြင့်ပင် သေကျေပျက်စီးခဲ့ရ၏။ |
33,138 | Uncategorized | ကိုးကွယ်ရာဟူသည် | သေသည်၏ အခြားမဲ့၌လည်း အဝီစိငရဲ၌ ကျက်ရပြန်၏။ |
33,139 | Uncategorized | ကိုးကွယ်ရာဟူသည် | တစ်လုတ်စားဖူး သူ့ကျေးဇူးကိုမျှ မသိတတ်သူတို့ သွားရာလမ်းတည်း။ |
33,140 | Uncategorized | ကိုးကွယ်ရာဟူသည် | မှီခိုအားထားရမည့် ကလျာဏမိတ္တအမည်ရသည့် ပုဂ္ဂိုလ် တစ်စုံတစ်ရာ မရှိဘဲ သေကျေပျက်စီးရခြင်း, မှီခိုအားထားရမည့် အခြားအခြားသော နာထတရား ထင်ရှား မရှိဘဲ သေကျေပျက်စီးရခြင်းမျိုးကို ရည်ညွှန်းထားပေသည်။ |
33,141 | Uncategorized | ကိုးကွယ်ရာဟူသည် | လက္ခဏသံယုတ် (သံ၊၂၊၄၄၆-၄၄၉။ |
33,142 | Uncategorized | ကိုးကွယ်ရာဟူသည် | ) ပိဋကစာပေတွင် ကိုးကွယ်အားထားရမည့် နာထတရား ထင်ရှား မရှိဘဲ သေကျေပျက်စီးသွားရပုံနှင့် ဆက်စပ်သည့် ဝတ္တုဇာတ်လမ်းများ များစွာလာရှိပေသည်။ |
33,143 | Uncategorized | ကိုးကွယ်ရာဟူသည် | ယင်းဝတ္ထုဇာတ်လမ်းတို့ထဲမှ လက္ခဏသံယုတ်တွင်လာရှိသော ဝတ္ထုဇာတ်လမ်းအချို့ကို ဆက်လက် တင်ပြအပ်ပါသည်။ |
33,144 | Uncategorized | ကိုးကွယ်ရာဟူသည် | တစ်ချိန်တွင် ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးမြူရာဖြစ်သော ဝါးတောပတ်ရံသည့် ဝေဠုဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော်မူဆဲ ဖြစ်၏။ |
33,145 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုအချိန်အခါ၌ အရှင်လက္ခဏမထေရ်မြတ်ကြီးနှင့် အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်ကြီးတို့သည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံး စံနေတော်မူကြ၏။ |
33,146 | Uncategorized | ကိုးကွယ်ရာဟူသည် | အရှင်လက္ခဏမထေရ်မြတ် --- အရှင်လက္ခဏမထေရ်မြတ်ကား ဥရုဝေလကဿပ, ဂယာကဿပ, နဒီကဿပ ဟူသော ကဿပညီနောင်တို့ ဦးဆောင်သည့် ရသေ့ညီနောင် ရှင်တစ်ထောင်တို့တွင် တစ်ပါးအပါအဝင် ဖြစ်တော်မူ၏။ |
33,147 | Uncategorized | ကိုးကွယ်ရာဟူသည် | ဘုရားရှင် ထံတော်မှောက်၌ - ဧဟိ ဘိက္ခု ရဟန်းအဖြစ်ကို ခံယူရရှိတော်မူသော သူတော်ကောင်းတစ်ဦး ဖြစ်တော်မူ၏။ |
33,148 | Uncategorized | ကိုးကွယ်ရာဟူသည် | ယင်း ဧဟိ ဘိက္ခု ရဟန်းတော် တစ်ထောင်တို့အား ဘုရားရှင်သည် ဂယာသီသအရပ်၌ အာဒိတ္တသုတ္တန် (သံ၊၂၊၂၅၁-၂၅၂၊)ကို ဟောကြား ပြသတော်မူ၏။ |
33,149 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုသုတ္တန်၏ အဆုံးတွင် ယင်း အားလုံးသော ရှင်တစ်ထောင်တို့သည် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြ၏။ |
33,150 | Uncategorized | ကိုးကွယ်ရာဟူသည် | ယင်း ဧဟိ ဘိက္ခု ရဟန္တာမထေရ်မြတ် တစ်ထောင်တို့တွင် အရှင်လက္ခဏမထေရ်မြတ်လည်း တစ်ပါးအပါအဝင် ဖြစ်တော်မူ၏၊ မဟာသာဝကတစ်ပါးလည်း ဖြစ်တော်မူ၏။ |
33,151 | Uncategorized | ကိုးကွယ်ရာဟူသည် | ယောက်ျားမြတ် တို့၏ အသွင်အပြင်လက္ခဏာနှင့် ပြည့်စုံရကား ခပ်သိမ်းသော အခြင်းအရာ အားဖြင့် ပြည့်စုံသော ဗြဟ္မာနှင့်တူသော ခန္ဓာကိုယ်အတ္တဘောနှင့် ပြည့်ဝ စုံလင်နေသည့်အတွက် လက္ခဏဟူသော အမည်ဖြင့် ခေါ်ဝေါ်ခြင်း ဖြစ်၏။ |
33,152 | Uncategorized | ကိုးကွယ်ရာဟူသည် | (သံ၊ဋ္ဌ၊၂၊၁၉၉။ |
33,153 | Uncategorized | ကိုးကွယ်ရာဟူသည် | ) အရိုးစုပြိတ္တာ ---- တစ်နေ့တွင် ဒုတိယအဂ္ဂသာဝက ဖြစ်တော်မူသော အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးသည် အရှင်လက္ခဏနှင့်အတူ ရာဇဂြိုဟ်မြို့တွင်း၌ ဆွမ်းခံရန်အတွက် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်တော် မူလာ၏။ |
33,154 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုသို့ ဆင်းသက်တော်မူလာစဉ် အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးသည် ဒိဗ္ဗစက္ခုအဘိညာဏ်ကို ဝင်စားတော်မူလျက် ကောင်းကင်သို့ အဘိညာဏ်ဉာဏ်ဖြင့် အာရုံယူကာ လှမ်းမြော်ကြည့်ရှုတော်မူလတ်သော် ကောင်းကင်ယံတွင် အရိုးစုပြိတ္တာစသည့် ပြိတ္တာတို့ကို မြင်တော်မူလေသော် ဖြည်းညင်းစွာ ပြုံးရယ်တော်မူလေသည်။ |
33,155 | Uncategorized | ကိုးကွယ်ရာဟူသည် | ဤကဲ့သို့ သဘောရှိသော ခန္ဓာကိုယ်အတ္တဘောကို တွေ့မြင်ရသည့်အခါ သနားကရုဏာ ဖြစ်သင့်ပြုသင့်ပါလျက် အဘယ်ကြောင့် ပြုံးရယ်တော် မူရပါသနည်းဟု မေးရန်ရှိ၏။ |
33,156 | Uncategorized | ကိုးကွယ်ရာဟူသည် | မိမိ၏ ပြည့်စုံမှု သမ္ပတ္တိကိုလည်းကောင်း, ဘုရားရှင်၏ ဉာဏ်တော်မြတ်၏ ပြည့်စုံမှု သမ္ပတ္တိကိုလည်းကောင်း အဖန်ဖန် အောက်မေ့ အမှတ်ရသောကြောင့် ပြုံးရယ်တော်မူခြင်း ဖြစ်၏။ |
33,157 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုပြိတ္တာကို မြင်တော်မူသောအခါ အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်က ဤသို့ စဉ်းစားတော်မူ၏။ |
33,158 | Uncategorized | ကိုးကွယ်ရာဟူသည် | --- သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက် မသိမြင်သေးသော ပုဂ္ဂိုလ် တစ်ဦးအနေဖြင့် ရသင့်ရထိုက်သော ဤကဲ့သို့သော ခန္ဓာကိုယ် အတ္တဘောမျိုးမှ ငါသည် လွတ်မြောက်ရပေပေါ့၊ ငါသည် အရတော်လေစွ၊ ငါသည် ဘဝကို ကောင်းစွာ ရအပ်ပါပေစွဟု မိမိ၏ ပြည့်စုံခြင်း သမ္ပတ္တိဂုဏ်ကို အောက်မေ့မိသောကြောင့်လည်းကောင်း, ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်၏ ဉာဏ်တော်မြ... |
33,159 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုတရားစကားတော်ကို စင်စစ် ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးရာအခါ၌သာ ဘုရားရှင်တို့သည် ဟောကြားတော် မူကုန်၏။ |
33,160 | Uncategorized | ကိုးကွယ်ရာဟူသည် | ဘုရားရှင်တို့သည် ဓမ္မဓာတ်ကို ထွင်းဖောက် သိမြင်တော်မူကြကုန်၏ဟု ဤသို့လျှင် ဘုရားရှင်၏ ဉာဏ်တော်မြတ်၏ ပြည့်စုံခြင်းကိုလည်း အောက်မေ့ အမှတ်ရသောကြောင့်လည်းကောင်း ဖြည်းညင်းစွာ ပြုံးရယ်တော် မူခြင်းကို ထင်ရှား ပြုတော်မူလေသည်။ |
33,161 | Uncategorized | ကိုးကွယ်ရာဟူသည် | ) ရဟန္တာအရှင်မြတ်တို့သည် အကြောင်းထူး တစ်ခုခု မရှိဘဲ ပြုံးရယ်မှုကို ပြုတော်မူကြရိုး ဓမ္မတာကား မရှိ ဖြစ်ခဲ့၏။ |
33,162 | Uncategorized | ကိုးကွယ်ရာဟူသည် | သို့အတွက် အရှင်လက္ခဏမထေရ်မြတ်က ပြုံးရယ်တော်မူရခြင်း၏ အကြောင်းရင်းကို သိတော်မူလိုသည့်အတွက် အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်အား ပြုံးရယ်တော်မူရခြင်း၏ အကြောင်းရင်းကို မေးမြန်း လျှောက်ထားတော်မူလိုက်၏။ |
33,163 | Uncategorized | ကိုးကွယ်ရာဟူသည် | ဤအရာတွင် မေးစရာတစ်ခု ရှိလာပြန်၏၊ အရှင်လက္ခဏမထေရ်မြတ်က ထိုအရိုးစုပြိတ္တာ စသည်တို့ကို မမြင်သလော? ထိုအရှင်လက္ခဏအား ဒိဗ္ဗစက္ခု အဘိညာဏ်သည် မရှိသလောဟု မေးရန် ရှိ၏။ |
33,164 | Uncategorized | ကိုးကွယ်ရာဟူသည် | အဖြေကား --- မရှိသည် မဟုတ်၊ ရှိပါ၏။ |
33,165 | Uncategorized | ကိုးကွယ်ရာဟူသည် | အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်က ဒိဗ္ဗစက္ခုအဘိညာဏ်ကို ဝင်စားလျက် ဆင်ခြင်တော်မူသောကြောင့် ယင်း အရိုးစုပြိတ္တာ စသည်တို့ကို မြင်တော်မူခြင်း ဖြစ်၏။ |
33,166 | Uncategorized | ကိုးကွယ်ရာဟူသည် | အရှင်လက္ခဏမထေရ်မြတ်ကား ထိုသို့ ဆင်ခြင်တော် မမူသောကြောင့် မမြင်ခြင်း ဖြစ်ပေသည်။ |
33,167 | Uncategorized | ကိုးကွယ်ရာဟူသည် | ) ထိုသို့ မေးမြန်း လျှောက်ထားတော်မူသောအခါ အရှင်မဟာမောဂ္ဂလ္လာန် မထေရ်မြတ်က --- အရှင်ဘုရား လက္ခဏ ...ဤပြဿနာကို ဖြေဆိုခြင်းငှာ အခါ မဟုတ်သေး၊ မြတ်စွာဘုရား၏ ထံတော်မှောက်သို့ ရောက်ရှိသောအခါမှ တပည့်တော်အား ဤပြဿနာကို ထပ်မံ မေးတော်မူပါ --- ဟု လျှောက်ထား ပြောဆိုလိုက်၏။ |
33,168 | Uncategorized | ကိုးကွယ်ရာဟူသည် | အကြောင်းကား ---- ဤသို့ အရိုးစုပြိတ္တာစသည့် ဖြစ်ရပ်ကား ကိုယ်တိုင် မမြင်သူတို့အဖို့ ယုံကြည်ဖို့ရန် အလွန်ခက်ခဲလှ၏၊ ထိုကြောင့် မြတ်စွာဘုရားကို သက်သေပြုကာ ဖြေကြားတော်မူလိုသည့်အတွက် ထိုကဲ့သို့ လျှောက်ထားတော်မူခြင်း ဖြစ်၏။ |
33,169 | Uncategorized | ကိုးကွယ်ရာဟူသည် | (သံ၊ဋ္ဌ၊၂၊၂၀၀။ |
33,170 | Uncategorized | ကိုးကွယ်ရာဟူသည် | ) ထိုနောက် အရှင်လက္ခဏမထေရ်မြတ်နှင့် အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်တို့သည် ရာဇဂြိုဟ်မြို့တွင်း၌ ဆွမ်းခံလှည့်လည်ပြီး၍ ဆွမ်းစားခြင်းကိစ္စ ပြုလုပ်ပြီးနောက် ဆွမ်းစားဇရပ်မှ ဖဲခွာလာကြပြီးလျှင် မြတ်စွာဘုရား ထံသို့ ချဉ်းကပ်ကြ၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေကြပြီးသော် အရှင်လက္ခဏမထေရ်မြတ်က အရှင် မဟာမောဂ္ဂလ္လာန်... |
33,171 | Uncategorized | ကိုးကွယ်ရာဟူသည် | အရှင်ဘုရားမောဂ္ဂလ္လာန် ... ပြုံးရယ်တော်မူခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု မေးမြန်း လျှောက်ထားတော်မူလိုက်၏။ |
33,172 | Uncategorized | ကိုးကွယ်ရာဟူသည် | အရှင်ဘုရား ...တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော အရိုးစုပြိတ္တာကို မြင်ရ၏၊ ထိုအရိုးစုပြိတ္တာကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ နံရိုးကြားတို့၌ ထိုးဆိတ်ကြကုန်၏။ |
33,173 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ |
33,174 | Uncategorized | ကိုးကွယ်ရာဟူသည် | အရှင်ဘုရား ... ထိုတပည့်တော်အား အချင်းတို့ ..အံ့ဖွယ် ရှိစွတကား၊ အချင်းတို့ ..မဖြစ်ဘူးမြဲ ဖြစ်စွတကား၊ ဤကဲ့သို့သော သတ္တဝါဟု ရှိရတုံဘိ၏၊ ဤကဲ့သို့သော ပြိတ္တာဟု ရှိရတုံဘိ၏၊ ဤကဲ့သို့သော အတ္တဘောကို ရသူဟု ရှိတုံဘိ၏ဟု စိတ်အကြံ ဖြစ်ခဲ့ပါသည်ဟု ပြောဆို လျှောက်ထား၏။ |
33,175 | Uncategorized | ကိုးကွယ်ရာဟူသည် | --- ရဟန်းတို့ ... တပည့်သာဝကတို့သည် စင်စစ် မျက်စိအမြင် ရှိကုန်သည်ဖြစ်၍ နေကြပေသည်တကား၊ ရဟန်းတို့ ... တပည့်သာဝကတို့သည် ဉာဏ်အမြင် ရှိကုန်သည်ဖြစ်၍ နေကြပေသည်တကား၊ အကြင်သို့သော တပည့်သာဝက စင်လျက် ဤသို့သော သတ္တဝါကို သိလည်း သိနိုင်တုံဘိ၏။ |
33,176 | Uncategorized | ကိုးကွယ်ရာဟူသည် | မြင်လည်း မြင်နိုင်တုံဘိ၏။ |
33,177 | Uncategorized | ကိုးကွယ်ရာဟူသည် | သက်သေကိုသော်လည်း ပြုနိုင်တုံဘိ၏။ |
33,178 | Uncategorized | ကိုးကွယ်ရာဟူသည် | ရဟန်းတို့ ... ရှေးကပင် (= ဗောဓိမဏ္ဍိုင်၌ သဗ္ဗညုတဉာဏ်တော်မြတ်ကို ထိုးထွင်း သိမြင်တော်မူခဲ့စဉ်ကပင် အတိုင်းအတာပမာဏ မရှိသော စကြဝဠာတို့၌ အတိုင်းအတာပမာဏ မရှိသော သတ္တဝါတို့ကို ဒိဗ္ဗစက္ခုဉာဏ်တော်မြတ်ဖြင့် မျက်မှောက်ပြုတော်မူစဉ်) ထိုသတ္တဝါကို ငါဘုရား ရှင်သည် မြင်တော်မူခဲ့၏။ |
33,179 | Uncategorized | ကိုးကွယ်ရာဟူသည် | သို့သော်လည်း ငါဘုရားရှင်သည် မပြောဆိုခဲ့ပေ။ |
33,180 | Uncategorized | ကိုးကွယ်ရာဟူသည် | ငါဘုရားရှင်သည် ထိုအကြောင်းအရာကို ပြောဆိုခဲ့ပါမူ သူတစ်ပါးတို့သည် ငါဘုရားရှင်အား မယုံကြည်နိုင်ကြပေရာ၊၊ ငါဘုရားရှင်ကို မယုံကြည် ကြသူအား ထိုမယုံကြည်ခြင်းသည် ကြာမြင့်စွာသော ကာလပတ်လုံး အကျိုးစီးပွား မဲ့ခြင်းငှာ, ဆင်းရဲခြင်းငှာ ဖြစ်လေရာ၏။ |
33,181 | Uncategorized | ကိုးကွယ်ရာဟူသည် | ရဟန်းတို့ ... ထိုအရိုးစုပြိတ္တာ သတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် နွားသတ်သမား ဖြစ်ခဲ့ဖူးလေပြီ၊ ထိုသတ္တဝါသည် ထိုကံ၏ အကျိုးအဖြစ်ဖြင့် များစွာသော နှစ်တို့ပတ်လုံး, များစွာသော နှစ်အရာတို့ပတ်လုံး, များစွာသော နှစ်အထောင်တို့ပတ်လုံး, များစွာသော နှစ်အသိန်းတို့ပတ်လုံး ငရဲ၌ ကျက်ခဲ့၍ ထိုကံ၏ အကျိုးကြွင်း အဖြစ်ဖြင့်လျှင် ဤသို့သော အတ္တဘောက... |
33,182 | Uncategorized | ကိုးကွယ်ရာဟူသည် | (သံ၊၁၊၄၄၆-၄၄၇။ |
33,183 | Uncategorized | ကိုးကွယ်ရာဟူသည် | ) [အလုံးစုံသော အောက်ပါ အကြောင်းအရာတို့၌ ။ |
33,184 | Uncategorized | ကိုးကွယ်ရာဟူသည် | ပ။ (= ပေယျာလ) ဟူမျှကို ဤနည်းအတိုင်း ချဲ့လေ။ |
33,185 | Uncategorized | ကိုးကွယ်ရာဟူသည် | ] ဤနွားသတ်သမားကား နွားတို့ကို သတ်ပြီးလျှင် အရိုးမှ အသားကို ခွာပြီးလျှင် နွားသားကို ရောင်းချကာ အသက်မွေးသူ အထီးကျန် သူသတ်သမားတည်း။ |
33,186 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုနွားသတ်သမား၏ အထူးထူး အပြားပြားကုန်သော အကုသိုလ် စေတနာတို့ဖြင့် အားထုတ်ဆည်းပူးအပ်ခဲ့သည့် ဘဝအဆက်ဆက် ၌ အကျိုးပေးဖို့ရန် စွမ်းအားရှိနေသော အပရာပရိယကံ၏ စွမ်းအားကြောင့် ယခုကဲ့သို့ ပြိတ္တာဘဝသို့ ဆိုက်ရောက်လာရခြင်း ဖြစ်၏။ |
33,187 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုသတ္တဝါ၏ သန္တာန်ဝယ် ငရဲ၌ အကျိုပေးနေသော အကုသိုလ်ကံတို့၏ စွမ်းအင်များ ကုန်ခန်းသွားသောအခါ ငရဲမှ စုတေခါနီး အချိန်ကာလ မရဏာသန္နဇော စောသည့် အချိန်ကာလဝယ် အသားမရှိအောင် ထွင်ထား လှီးဖြတ်ထားအပ်ကုန်သော နွားတို့၏ အရိုးစု အစုအပုံကြီးသည်သာလျှင် ကမ္မနိမိတ်အဖြစ် ထင်လာ၏။ |
33,188 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုသတ္တဝါ၏ ဖုံးကွယ်နေသော ထိုအကုသိုလ်ကံသည်လည်း ပညာရှိတို့အား ထင်ရှားအောင် ပြုသကဲ့သို့ ထိုသတ္တဝါသည် ထိုအကုသိုလ်ကံကြောင့် ကံကို ထူထောင်စဉ်က အာရုံတွင် ထင်လှာနေသော အရိုးစုအာရုံနှင့် တူစွာ အရိုးစုပြိတ္တာ ဖြစ်လာပေသည်။ |
33,189 | Uncategorized | ကိုးကွယ်ရာဟူသည် | (သံ၊ဋ္ဌ၊၂၊၂၀၁။ |
33,190 | Uncategorized | ကိုးကွယ်ရာဟူသည် | ) အသားတစ်ပြိတ္တာ ---- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော အသားတစ်ပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကြကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ |
33,191 | Uncategorized | ကိုးကွယ်ရာဟူသည် | ပ ။ ရဟန်းတို့ ... ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် နွားသတ်သမား ဖြစ်ခဲ့ဖူးလေပြီ။ |
33,192 | Uncategorized | ကိုးကွယ်ရာဟူသည် | ပ ။ (သံ၊၁၊၄၄၇။ |
33,193 | Uncategorized | ကိုးကွယ်ရာဟူသည် | ) ဤအသားသစ်ပြိတ္တာကား လူ့ဘဝက နွားကို သတ်ပြီးလျှင် အသားတုံး ပြုလုပ်ကာ အခြောက် လှမ်းပြီးလျှင် အသားခြောက် ရောင်းချခြင်းဖြင့် နှစ်ပေါင်းများစွာ အသက်မွေးခဲ့၏။ |
33,194 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုအကုသိုလ်ကံကြောင့် ထိုသတ္တဝါ၏ သန္တာန်ဝယ် ငရဲမှ စုတေခါနီး ကာလ၌ အသားတစ်သည်သာလျှင် မရဏာသန္နဇော၏ အာရုံနိမိတ် ဖြစ်လာ ထင်လာပေသည်။ |
33,195 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုသတ္တဝါသည် အသားတစ်ပြိတ္တာ ဖြစ်လာရပေသည်။ |
33,196 | Uncategorized | ကိုးကွယ်ရာဟူသည် | ) အသားတုံးပြိတ္တာ ---- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော အသားတုံးပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ |
33,197 | Uncategorized | ကိုးကွယ်ရာဟူသည် | ပ။ ရဟန်းတို့ ...ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် ငှက်မုဆိုး ဖြစ်ခဲ့ဖူးပြီ။ |
33,198 | Uncategorized | ကိုးကွယ်ရာဟူသည် | (သံ၊၁၊၄၄၇။ |
33,199 | Uncategorized | ကိုးကွယ်ရာဟူသည် | ) ဤငှက်မုဆိုးကား ငှက်တို့ကို ဖမ်းယူပြီး ရောင်းချသောအခါ အမွေးအတောင်နှင့် အရေခွံကို ဆုတ်ကာ အသားတုံးမျှ ပြုလုပ်ကာ ရောင်းချ အသက်မွေးခဲ့၏။ |
33,200 | Uncategorized | ကိုးကွယ်ရာဟူသည် | ထို့ကြောင့် ထိုသတ္တဝါ၏ သန္တာန်ဝယ် ယင်း အပရာပရိယ အကုသိုလ်ကံ၏ စွမ်းအားကြောင့် ငရဲမှ စုတေခါနီး အခါဝယ် အသားတုံးသည်သာလျှင် မရဏာသန္နဇော၏ နိမိတ်အဖြစ် ထင်လာပေသည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.