id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
3,501
Uncategorized
ကထာဝတ္ထုပါဠိတော်
ထိုအကျိုး'ဝိပါတ်'ကို ခံစားသူကို (တစ်ဆင့်) ခံစားသူအား ဆင်းရဲ၏ အဆုံးကိုပြုခြင်းသည် မရှိသလော၊ ဝဋ်ဆင်းရဲ၏ ပြတ်စဲခြင်းသည် မရှိသလော၊ (တစ်စုံတစ်ရာကိုမျှ) မစွဲလမ်းမူ၍ငြိမ်းအေးမှု (ပရိနိဗ္ဗာန်) သည် မရှိသလော။
3,502
Uncategorized
ကထာဝတ္ထုပါဠိတော်
။ အကျိုး'ဝိပါက်'သည် ရှိ၏ဟု နှလုံးပြု၍ အကျိုး'ဝိပါက်'ကို ခံစားသူသည် ရှိသလော။
3,503
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်သည် ရှိ၏ဟု နှလုံးပြု၍ ပုဂ္ဂိုလ်ကို ခံစားသူသည် ရှိသလော။
3,504
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၉၀။ သကဝါဒီ။
3,505
Uncategorized
ကထာဝတ္ထုပါဠိတော်
နိဗ္ဗာန်သည် ရှိ၏ဟု နှလုံးပြု၍ နိဗ္ဗာန်ကို ခံစားသူသည် ရှိသလော။
3,506
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၉၁။ သကဝါဒီ။
3,507
Uncategorized
ကထာဝတ္ထုပါဠိတော်
လေသည် ရှိ၏ဟု နှလုံးပြု၏။
3,508
Uncategorized
ကထာဝတ္ထုပါဠိတော်
မြက် ထင်း တောစိုးသစ်ပင်တို့သည် ရှိကုန်၏ဟု နှလုံးပြု၍ မြက် ထင်း့တောစိုးသစ်ပင်တို့ကို ခံစားသူသည် ရှိသလော။
3,509
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၉၂။ သကဝါဒီ။
3,510
Uncategorized
ကထာဝတ္ထုပါဠိတော်
အကျိုး'ဝိပါက်'သည် (အကျိုးခံစားသူမှ) တစ်မျိုးတခြားလော၊ အကျိုး'ဝိပါက်'ခံစားသူသည် (အကျိုးမှ) တစ်မျိုးတခြားလော။
3,511
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ [အကျဉ်းချုံးထား၏။
3,512
Uncategorized
ကထာဝတ္ထုပါဠိတော်
] ပုရိသကာရာနုယောဂ ပြီး၏။
3,513
Uncategorized
ကထာဝတ္ထုပါဠိတော်
ရှေးဦးစွာသော ကလျာဏဝဂ် ပြီး၏။
3,514
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်ကို ရည်ရွယ်၍ ပြုလုပ်သူ ကတ္တားကို မေး၏၊ ပြုလုပ်ခြင်းမျှကို ရည်ရွယ်၍ မေးသည် မဟုတ်။
3,515
Uncategorized
ကထာဝတ္ထုပါဠိတော်
ထို့ကြောင့် သကဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,516
Uncategorized
ကထာဝတ္ထုပါဠိတော်
၂။ တစ်ဆင့် ပြုလုပ်သူ ပြုလုပ်စေသူကို အလိုမရှိသောကြောင့်လည်းကောင်း၊ ဣဿရနိမ္မာနဝါဒမှ ကြောက်သောကြောင့်လည်းကောင်း ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,517
Uncategorized
ကထာဝတ္ထုပါဠိတော်
၃။ မိဘတို့သည် သားတည်းဟူသော ပုဂ္ဂိုလ်ကို ဖြစ်စေကုန်၏၊ အမည်မှည့်ကုန်၏၊ ကျွေးမွေးကြကုန်၏၊ ထို့ကြောင့် မိဘတို့သည် ထိုသားဖြစ်သော ပုဂ္ဂိုလ်ကို ပြုလုပ်သူ ကတ္တားမည်၏၊ အဆွေခင်ပွန်းကောင်းတို့သည်လည်းကောင်း၊ ဆရာတို့သည်လည်းကောင်း ထိုထိုအသက်မွေးကြောင်း အတတ်ပညာတို့ကို သင်စေကုန်၏။
3,518
Uncategorized
ကထာဝတ္ထုပါဠိတော်
ထို့ကြောင့် အဆွေခင်ပွန်းကောင်း ဆရာတို့သည် ပြုလုပ်စေသူတို့ မည်ကုန်၏၊ ဤကို ရည်ရွယ်၍ ပရဝါဒီက ဝန်ခံသည်။
3,519
Uncategorized
ကထာဝတ္ထုပါဠိတော်
၄။ သင်္ခါရရှိသောအတ္တ ဤသို့အစရှိသော အတ္တဒိဋ္ဌိမှ ကြောက်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,520
Uncategorized
ကထာဝတ္ထုပါဠိတော်
၅။ ခံစားအပ်သော တရားမည်သည် ဝိပါက်သာ ဖြစ်သင့်၏၊ ပုဂ္ဂိုလ်သည်လည်း ဝိပါက် မဟုတ်ခဲ့၊ ထို့ကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,521
Uncategorized
ကထာဝတ္ထုပါဠိတော်
၆။ တစ်ဖန် နောက်ထပ် မေးမြန်းပြန်သော် ကောင်းမှုသည် အကျိုး၌ တည်သောကြောင့် အကျိုးခံစားလျက် အမိကမူလည်း သားကို နမ်းရှုပ်ပွေ့ဖက်၏၊ မယားကမူလည်း လင်ကို နမ်းရှုပ်ပွေ့ဖက် ၏၊ ထိုသို့သဘောရှိသော ခံစားမှုမျိုးကို ရည်ရွယ်၍ ပရဝါဒီက ဝန်ခံပြန်သည်။
3,522
Uncategorized
ကထာဝတ္ထုပါဠိတော်
၇။ ဝေဒနာရှိသော အတ္တအစရှိသော သက္ကာယဒိဋ္ဌိမှ ကြောက်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,523
Uncategorized
ကထာဝတ္ထုပါဠိတော်
၈။ သကဝါဒီကား ပုဂ္ဂိုလ်၏ အစွမ်းအားဖြင့် ခံစားမှုကိုသာ ပယ်သည်၊ ခံစားသော ဝေဒနာ၏အစွမ်းအားဖြင့် ခံစားမှုကိုကား ပယ်သည် မဟုတ်ဟု သိလေ။
3,524
Uncategorized
ကထာဝတ္ထုပါဠိတော်
၉။ မြေကြီး အစရှိသည်တို့ကို အာရုံပြု၍ ခံစားသူတို့၏ ဖြစ်ခြင်းကိုမူ မတားမြစ်ပေ။
3,525
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၀။ သော ကရောတိ သော ပဋိသံဝေဒေတီတိ ခေါ ဗြာဟ္မဏ အယမေကော အန္တော- ဟူသော သုတ်နှင့် ဆန့်ကျင်သည်ကို ကြောက်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,526
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၁။ ဣဓ နန္ဒတိ ပေစ္စ နန္ဒတိ- စသော သုတ်ကို ရည်ရွယ်၍ ဝန်ခံပြန်သည်။
3,527
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၃။ လူဖြစ်သူသည် ကောင်းမှုကံကို ပြု၍ နတ်ဖြစ်သူသည် ထိုကံ၏ အကျိုး ခံစား၏ဟု အောက်မေ့ထင်မှတ်လျက် ဝန်ခံပြန်သည်။
3,528
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၄။ လူဘဝက ကောင်းမှုကံကို ပြုခဲ့၍ နတ်ဘဝ၌ ခံစား၏ဟု အယူရှိသူအား ပရံ ကတံ သုခံ ဒုက္ခံဟူသော အပြစ် ရောက်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,529
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၅။ သော စ အညော စ ကရောတိ သော စ အညော စ ပဋိသံဝေဒေတီတိ ခေါ ဗြာဟ္မဏ အယမေကော အန္တော- ဟူသော သုတ်နှင့် ဆန့်ကျင်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,530
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၆။ နေဝ သော ကရောတိ န အညော ပဋိသံဝေဒေတီတိ ခေါ ဗြာဟ္မဏ အယမေကော အန္တောဟူသော သုတ်နှင့် ဆန့်ကျင်သည်ကို ကြောက်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,531
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၇။ လူဖြစ်သူသည် နတ်ပြည်၌ဖြစ်ရန် ကံကို ပြု၍ လူ့အဖြစ်ဖြင့် ခံစားရသည် မဟုတ်၊ အကြင်သူသည် ကံကို ပြု၏၊ ထိုကံပြုသူမှ တစ်ပါးသူသည်သာ ခံစားရသည်လည်း မဟုတ်ဟု နှလုံးသွင်း၍ ဝန်ခံပြန်သည်။
3,532
Uncategorized
ကထာဝတ္ထုပါဠိတော်
-- ၁၄-အဘိညာနုယောဂ
3,533
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ မဆိုသင့်သလော။
3,534
Uncategorized
ကထာဝတ္ထုပါဠိတော်
တန်ခိုးကို ပြုလုပ် (ဖန်ဆင်း) သော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် ရှိသည်မဟုတ်ပါလော။
3,535
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်သကဝါဒီ တန်ခိုးကို ပြုလုပ် (ဖန်ဆင်း) သော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ် သည်ရှိခဲ့ပါလျှင် ထိုအကြောင်းကြောင့် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ဆိုသင့်၏။
3,536
Uncategorized
ကထာဝတ္ထုပါဠိတော်
၁ ၁၉၄။
3,537
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ မဆိုသင့်ပါသလော။
3,538
Uncategorized
ကထာဝတ္ထုပါဠိတော်
နတ်၌ ဖြစ်သော နားနှင့်တူသော ‘ဒိဗ္ဗသောတ'အဘိညာဉ်နှင့် အသံကို ကြားနိုင် သော။
3,539
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ သူတစ်ပါးစိတ်ကို သိနိုင်သော။
3,540
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ရှေး၌ နေခဲ့ဖူးသော ဘဝကို အောက်မေ့နိုင်သော။
3,541
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ နတ်တို့၏မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု'အဘိညာဉ်ဖြင့် အဆင်းကို မြင်နိုင်သော။
3,542
Uncategorized
ကထာဝတ္ထုပါဠိတော်
အာသဝတို့၏ ကုန်ရာ (အရဟတ္တဖိုလ် နိဗ္ဗာန်) ကို မျက်မှောက်ပြုနိုင်သော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် ရှိသည် မဟုတ်ပါလော။
3,543
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်သကဝါဒီ အာသဝတို့၏ ကုန်ရာ (အရဟတ္တဖိုလ် နိဗ္ဗာန်) ကို မျက်မှောက်ပြုနိုင် သောတစ်စုံတစ်ယောက်သောပုဂ္ဂိုလ်ရှိခဲ့ပါမူ ထိုအကြောင်းကြောင့် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ ဆိုသင့်၏။
3,544
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၉၅။ သကဝါဒီ။
3,545
Uncategorized
ကထာဝတ္ထုပါဠိတော်
။ တန်ခိုးကို ပြုလုပ် (ဖန်ဆင်း) သော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ရှိ၏ဟုနှလုံးပြု၍ ထိုအကြောင်းကြောင့်ပင် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။
3,546
Uncategorized
ကထာဝတ္ထုပါဠိတော်
အကြင်သူသည် တန်ခိုးကို ပြုလုပ် (ဖန်ဆင်း) ၏၊ ထိုသူသည်သာ ပုဂ္ဂိုလ်ဖြစ်သလော၊ အကြင်သူသည် တန်ခိုးကို မပြုလုပ် (မဖန်ဆင်း)၊ ထိုသူသည် ပုဂ္ဂိုလ် မဖြစ်သလော။
3,547
Uncategorized
ကထာဝတ္ထုပါဠိတော်
အကြင်သူသည် နတ်၌ ဖြစ်သော နားနှင့် တူသော ‘ဒိဗ္ဗသောတ’ အဘိညာဉ်ဖြင့်အသံကို ကြား၏။
3,548
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ အကြင်သူသည် သူတစ်ပါးစိတ်ကို သိ၏။
3,549
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ အကြင်သူသည် ရှေး၌ နေဖူးသောဘဝကို အောက်မေ့နိုင်၏။
3,550
Uncategorized
ကထာဝတ္ထုပါဠိတော်
အကြင်သူသည် နတ်မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု'အဘိညာဉ်ဖြင့် အဆင်းကိုမြင်၏။
3,551
Uncategorized
ကထာဝတ္ထုပါဠိတော်
အကြင်သူသည် အာသဝတို့၏ ကုန်ရာ (အရဟတ္တဖိုလ် နိဗ္ဗာန်) ကို မျက်မှောက်ပြု၏၊ ထိုသူသည်သာ ပုဂ္ဂိုလ်ဖြစ်သလော၊ အကြင်သူသည် အာသဝတို့၏ ကုန်ရာ (အရဟတ္တဖိုလ် နိဗ္ဗာန်) ကိုမျက်မှောက်မပြု၊ ထိုသူသည် ပုဂ္ဂိုလ် မဖြစ်သလော။
3,552
Uncategorized
ကထာဝတ္ထုပါဠိတော်
အဘိညာနုယောဂ ပြီး၏။
3,553
Uncategorized
ကထာဝတ္ထုပါဠိတော်
၁။ အပြင်ပ အနိန္ဒြိယဗဒ္ဓရုပ်၌ ဣဒ္ဓိဝိဓစသော တရားထူးရခြင်း မရှိနိုင်၊ အဇ္ဈတ္တ၌သာ ရှိနိုင်၏၊ ထို့ကြောင့် ဣဒ္ဓိဝိဓ စသည်ကို ဖြစ်စေနိုင်သူသည် ပုဂ္ဂိုလ်သာ ဖြစ်ရာ၏ဟု ပရဝါဒီက ဆိုလိုသည်။
3,554
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၅-၁၈-ဉာတကာနုယောဂါဒိ
3,555
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၉၇။ ပရဝါဒီ။
3,556
Uncategorized
ကထာဝတ္ထုပါဠိတော်
။ “ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏”ဟူ၍ မဆိုသင့်ပါသလော။
3,557
Uncategorized
ကထာဝတ္ထုပါဠိတော်
အမိသည် ရှိသည် မဟုတ်ပါလော။
3,558
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်သကဝါဒီ အမိရှိခဲ့ပါလျှင် ထိုအကြောင်းကြောင့် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ ဆိုသင့်၏။
3,559
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၉၈။ ပရဝါဒီ။
3,560
Uncategorized
ကထာဝတ္ထုပါဠိတော်
အဖသည် ရှိသည် မဟုတ်ပါလော။
3,561
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ညီအစ်ကိုသည် ရှိသည် မဟုတ်ပါလော။
3,562
Uncategorized
ကထာဝတ္ထုပါဠိတော်
အစ်မနှစ်မသည် ရှိသည် မဟုတ်ပါလော။
3,563
Uncategorized
ကထာဝတ္ထုပါဠိတော်
မင်းမျိုးသည် ရှိသည် မဟုတ်ပါလော။
3,564
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဏ္ဏားမျိုးသည် ရှိသည်မဟုတ်ပါလော။
3,565
Uncategorized
ကထာဝတ္ထုပါဠိတော်
ကုန်သည်မျိုးသည် ရှိသည် မဟုတ်ပါလော။
3,566
Uncategorized
ကထာဝတ္ထုပါဠိတော်
သူဆင်းရဲမျိုးသည် ရှိသည် မဟုတ်ပါလော။
3,567
Uncategorized
ကထာဝတ္ထုပါဠိတော်
အိမ်၌နေသူ လူသည် ရှိသည် မဟုတ်ပါလော။
3,568
Uncategorized
ကထာဝတ္ထုပါဠိတော်
ရသေ့ရဟန်းသည် ရှိသည် မဟုတ်ပါလော။
3,569
Uncategorized
ကထာဝတ္ထုပါဠိတော်
နတ်သည်ရှိသည် မဟုတ်ပါလော။
3,570
Uncategorized
ကထာဝတ္ထုပါဠိတော်
လူသည် ရှိသည် မဟုတ်ပါလော။
3,571
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်သကဝါဒီ လူသည် ရှိပါလျှင် ထိုအကြောင်းကြောင့် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ ဆိုသင့်၏။
3,572
Uncategorized
ကထာဝတ္ထုပါဠိတော်
အမိသည် ရှိ၏ဟု နှလုံးပြု၍ ထိုအကြောင်းကြောင့်ပင် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။
3,573
Uncategorized
ကထာဝတ္ထုပါဠိတော်
အမိ မဟုတ်ဘဲ အမိဖြစ်သော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် ရှိပါသလော။
3,574
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ် မဟုတ်ဘဲ ပုဂ္ဂိုလ်ဖြစ်သော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် ရှိပါသလော။
3,575
Uncategorized
ကထာဝတ္ထုပါဠိတော်
အဖ မဟုတ်ဘဲ။
3,576
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ အစ်ကို ညီ မဟုတ်ဘဲ။
3,577
Uncategorized
ကထာဝတ္ထုပါဠိတော်
အစ်မ နှမ ညီမ မဟုတ်ဘဲ။
3,578
Uncategorized
ကထာဝတ္ထုပါဠိတော်
မင်းမျိုးမဟုတ်ဘဲ။
3,579
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဏ္ဏားမျိုး မဟုတ်ဘဲ။
3,580
Uncategorized
ကထာဝတ္ထုပါဠိတော်
ကုန်သည်မျိုး မဟုတ်ဘဲ။
3,581
Uncategorized
ကထာဝတ္ထုပါဠိတော်
သူဆင်းရဲမျိုး မဟုတ်ဘဲ။
3,582
Uncategorized
ကထာဝတ္ထုပါဠိတော်
အိမ်၌နေသူ လူမဟုတ်ဘဲ။
3,583
Uncategorized
ကထာဝတ္ထုပါဠိတော်
ရသေ့ရဟန်း မဟုတ်ဘဲ။
3,584
Uncategorized
ကထာဝတ္ထုပါဠိတော်
နတ် မဟုတ်ဘဲ။
3,585
Uncategorized
ကထာဝတ္ထုပါဠိတော်
လူ မဟုတ်ဘဲ လူဖြစ်သော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် ရှိပါသလော။
3,586
Uncategorized
ကထာဝတ္ထုပါဠိတော်
၂၀၀။ သကဝါဒီ။
3,587
Uncategorized
ကထာဝတ္ထုပါဠိတော်
။ အမိသည် ရှိ၏ဟု နှလုံးပြု၍ ထိုအကြောင်းကြောင့် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။
3,588
Uncategorized
ကထာဝတ္ထုပါဠိတော်
အမိဖြစ်၍ အမိမဟုတ်သော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် ရှိပါသလော။
3,589
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂိုလ်ဖြစ်၍ ပုဂ္ဂိုလ်မဟုတ်သော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် ရှိပါသလော။
3,590
Uncategorized
ကထာဝတ္ထုပါဠိတော်
အဖဖြစ်၍။ အစ်ကို, ညီဖြစ်၍။
3,591
Uncategorized
ကထာဝတ္ထုပါဠိတော်
အစ်မ, နှမ, ညီမဖြစ်၍။
3,592
Uncategorized
ကထာဝတ္ထုပါဠိတော်
မင်းမျိုးဖြစ်၍။
3,593
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဏ္ဏားမျိုးဖြစ်၍။
3,594
Uncategorized
ကထာဝတ္ထုပါဠိတော်
ကုန်သည်မျိုးဖြစ်၍။
3,595
Uncategorized
ကထာဝတ္ထုပါဠိတော်
သူဆင်းရဲမျိုးဖြစ်၍။
3,596
Uncategorized
ကထာဝတ္ထုပါဠိတော်
အိမ်၌နေသူ လူဖြစ်၍။
3,597
Uncategorized
ကထာဝတ္ထုပါဠိတော်
ရသေ့ရဟန်းဖြစ်၍။
3,598
Uncategorized
ကထာဝတ္ထုပါဠိတော်
နတ်ဖြစ်၍။ လူဖြစ်၍ လူ မဟုတ်သော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် ရှိပါသလော။
3,599
Uncategorized
ကထာဝတ္ထုပါဠိတော်
ဉာတကာနုယောဂါဒိ ပြီး၏။
3,600
Uncategorized
ကထာဝတ္ထုပါဠိတော်
-- ၁၉-ပဋိဝေဓာနုယောဂ