id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
3,601 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၀၁။ ပရဝါဒီ။ |
3,602 | Uncategorized | ကထာဝတ္ထုပါဠိတော် | သောတာပန်ပုဂ္ဂိုလ်သည် ရှိသည် မဟုတ်ပါလော။ |
3,603 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်သကဝါဒီ သောတာပန်ပုဂ္ဂိုလ် ရှိခဲ့ပါမူ ထိုအကြောင်းကြောင့် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ ဆိုသင့်၏။ |
3,604 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၀၂။ ပရဝါဒီ။ |
3,605 | Uncategorized | ကထာဝတ္ထုပါဠိတော် | သကဒါဂါမ်ပုဂ္ဂိုလ်သည် ရှိသည် မဟုတ်ပါလော။ |
3,606 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ အနာဂါမ်ပုဂ္ဂိုလ်သည် ရှိသည်မဟုတ်ပါလော။ |
3,607 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာပုဂ္ဂိုလ်သည် ရှိသည် မဟုတ်ပါလော။ |
3,608 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဥဘတောဘာဂဝိမုတ္တပုဂ္ဂိုလ်သည် ရှိသည့်မဟုတ်ပါလော။ |
3,609 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပညာဝိမုတ္တပုဂ္ဂိုလ်သည် ရှိသည် မဟုတ်ပါလော။ |
3,610 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကာယသက္ခိပုဂ္ဂိုလ်သည် ရှိသည်မဟုတ်ပါလော။ |
3,611 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်သည် ရှိသည် မဟုတ်ပါလော။ |
3,612 | Uncategorized | ကထာဝတ္ထုပါဠိတော် | သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်သည် ရှိသည် မဟုတ်ပါလော။ |
3,613 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဓမ္မာနုသာရီပုဂ္ဂိုလ်သည် ရှိသည် မဟုတ်ပါလော။ |
3,614 | Uncategorized | ကထာဝတ္ထုပါဠိတော် | သဒ္ဓါနုသာရီပုဂ္ဂိုလ်သည် ရှိသည် မဟုတ်ပါလော။ |
3,615 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်သကဝါဒီ သဒ္ဓါနုသာရီပုဂ္ဂိုလ် ရှိခဲ့ပါမူ ထိုအကြောင်းကြောင့် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ ဆိုသင့်၏။ |
3,616 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၀၃။ သကဝါဒီ။ |
3,617 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ သောတာပန်ပုဂ္ဂိုလ်သည် ရှိ၏ဟု နှလုံးပြု၍ ထိုအကြောင်းကြောင့်ပင် ပုဂ္ဂိုလ်ကိုမှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။ |
3,618 | Uncategorized | ကထာဝတ္ထုပါဠိတော် | သောတာပန် မဟုတ်ဘဲ သောတာပန်ဖြစ်သော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည်ရှိပါသလော။ |
3,619 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပုဂ္ဂိုလ်မဟုတ်ဘဲ ပုဂ္ဂိုလ်ဖြစ်သော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် ရှိပါသလော။ |
3,620 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၀၄။ သကဝါဒီ။ |
3,621 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ သကဒါဂါမ် မဟုတ်ဘဲ၊ အနာဂါမ် မဟုတ်ဘဲ၊ ရဟန္တာ မဟုတ်ဘဲ၊ ဥဘတောဘာဂဝိမုတ္တမဟုတ်ဘဲ၊ ပညာဝိမုတ္တမဟုတ်ဘဲ၊ ကာယသက္ခိ မဟုတ်ဘဲ၊ ဒိဋ္ဌိပ္ပတ္တမဟုတ်ဘဲ၊ သဒ္ဓါဝိမုတ္တမဟုတ်ဘဲ၊ ဓမ္မာနုသာရီ မဟုတ်ဘဲ၊ သဒ္ဓါနုသာရီ မဟုတ်ဘဲ သဒ္ဓါနုသာရီဖြစ်သော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် ရှိပါသလော။ |
3,622 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၀၅။ သကဝါဒီ။ |
3,623 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ သောတာပန်သည် ရှိ၏ဟု နှလုံးပြု၍ ထိုအကြောင်းကြောင့်ပင် ပုဂ္ဂိုလ်ကိုမှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။ |
3,624 | Uncategorized | ကထာဝတ္ထုပါဠိတော် | သောတာပန်ဖြစ်၍ သောတာပန် မဟုတ်သော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည်ရှိပါသလော။ |
3,625 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပုဂ္ဂိုလ်ဖြစ်၍ ပုဂ္ဂိုလ်မဟုတ်သာ တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် ရှိပါသလော။ |
3,626 | Uncategorized | ကထာဝတ္ထုပါဠိတော် | သကဒါဂါမ်ဖြစ်၍။ |
3,627 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနာဂါမ်ဖြစ်၍ အနာဂါမ် မဟုတ်သော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် ရှိပါသလော။ |
3,628 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပဋိဝေဓာနုယောဂ ပြီး၏။ |
3,629 | Uncategorized | ကထာဝတ္ထုပါဠိတော် | -- ၂၀-သံဃာနုယောဂ |
3,630 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၀၆။ ပရဝါဒီ။ |
3,631 | Uncategorized | ကထာဝတ္ထုပါဠိတော် | အစုံအားဖြင့် လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်ဖြစ်သော ယောကျ်ားမြတ်တို့သည်ရှိကုန်သည် မဟုတ်ပါလော။ |
3,632 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် ရှိပါကုန်၏။ |
3,633 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်သကဝါဒီ အစုံအားဖြင့် လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်ဖြစ်ကုန်သော ယောကျ်ားမြတ်တို့သည် ရှိခဲ့ပါကုန်မူ ထိုအကြောင်းကြောင့် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ ဆိုသင့်၏။ |
3,634 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၀၇။ သကဝါဒီ။ |
3,635 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အစုံအားဖြင့် လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်ဖြစ်ကုန်သော ယောကျ်ားမြတ်တို့သည် ရှိကုန်၏ဟု နှလုံးပြု၍ ထိုအကြောင်းကြောင့်ပင် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။ |
3,636 | Uncategorized | ကထာဝတ္ထုပါဠိတော် | မြတ်စွာဘုရား ပွင့်တော်မူခြင်းကြောင့် အစုံအားဖြင့် လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်ဖြစ်ကုန်သော ယောကျ်ားမြတ်တို့သည် ထင်ရှားဖြစ်ပါကုန်သလော။ |
3,637 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် ဖြစ်ပါကုန်၏။ |
3,638 | Uncategorized | ကထာဝတ္ထုပါဠိတော် | မြတ်စွာဘုရား ပွင့်တော်မူခြင်းကြောင့် ပုဂ္ဂိုလ်သည် ထင်ရှားဖြစ်ပါသလော။ |
3,639 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်စံတော်မူခြင်းကြောင့် ပုဂ္ဂိုလ်သည်ပြတ်စဲသည်ဖြစ်၍ ပုဂ္ဂိုလ်သည် မရှိပါသလော။ |
3,640 | Uncategorized | ကထာဝတ္ထုပါဠိတော် | သံဃာနုယောဂ ပြီး၏။ |
3,641 | Uncategorized | ကထာဝတ္ထုပါဠိတော် | -- ၂၁-သစ္စိကဋ္ဌသဘာဂါနုယောဂ |
3,642 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၀၈။ သကဝါဒီ။ |
3,643 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပုဂ္ဂိုလ်သည် ပြုပြင်အပ်သော အရာ ‘သင်္ခတ’ လော။ |
3,644 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပုဂ္ဂိုလ်သည် မပြုပြင်အပ်သော အရာ ‘အသင်္ခတ’ လော။ |
3,645 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပုဂ္ဂိုလ်သည် ပြုပြင်အပ်သော အရာ ‘သင်္ခတ’ လည်း မဟုတ်၊ မပြုပြင်အပ်သော အရာ'အသင်္ခတ’ လည်း မဟုတ်ပါသလော။ |
3,646 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၀၉။ သကဝါဒီ။ |
3,647 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ပုဂ္ဂိုလ်သည် ပြုပြင်အပ်သော အရာ ‘သင်္ခတ’ လည်း မဟုတ်၊ မပြုပြင်အပ် သောအရာ ‘အသင်္ခတ’ လည်း မဟုတ်ပါသလော။ |
3,648 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် မဟုတ်ပါ။ |
3,649 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပြုပြင်အပ်သော အရာ ‘သင်္ခတ’ ကိုလည်းကောင်း၊ မပြုပြင်အပ်သော အရာ'အသင်္ခတ’ ကိုလည်းကောင်း ချန်ထား၍ (သင်္ခတ အသင်္ခတမှ) တစ်မျိုးတခြားသော သုံးခုမြောက် အစွန်းသည် ရှိပါသလော။ |
3,650 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၁၀။ ပြုပြင်အပ်သော အရာ ‘သင်္ခတ’ ကိုလည်းကောင်း၊ မပြုပြင်အပ်သော အရာ ‘အသင်္ခတ’ ကိုလည်းကောင်း ချန်ထား၍ (သင်္ခတ အသင်္ခတမှ) တစ်မျိုးတခြားသော သုံးခုမြောက် အစွန်းသည်ရှိပါသလော။ |
3,651 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် ရှိပါ၏၂။ |
3,652 | Uncategorized | ကထာဝတ္ထုပါဠိတော် | “ရဟန်းတို့ သဘာဝ (ဓာတ်) တို့ကား ဤနှစ်ပါးတို့တည်း၊ နှစ်ပါးတို့ဟူသည်အဘယ်တို့နည်း၊ ပြုပြင်အပ်သော သဘာဝ (ဓာတ်) လည်းကောင်း၊ မပြုပြင်အပ်သော သဘာဝ (ဓာတ်) လည်းကောင်းတည်း။ |
3,653 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်းတို့ သဘာဝ (ဓာတ်) တို့သည် ဤနှစ်ပါးတို့ပင်တည်း”ဟူ၍ မြတ်စွာဘုရားဟောအပ်၏ဟူသော သုတ္တန် (ပါဠိ) ရှိသည် မဟုတ်ပါလော။ |
3,654 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့် ပြုပြင်အပ်သော အရာ ‘သင်္ခတ’ ကိုလည်းကောင်း၊ မပြုပြင်အပ်သော အရာ'အသင်္ခတ’ ကိုလည်းကောင်း ချန်ထား၍ (သင်္ခတ အသင်္ခတမှ) တစ်မျိုးတခြားသော သုံးခုမြောက်အစွန်းသည် ရှိ၏ဟု မဆိုသင့်။ |
3,655 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပုဂ္ဂိုလ်သည် ပြုပြင်အပ်သော အရာ'သင်္ခတ'လည်း မဟုတ်, မပြုပြင်အပ်သောအရာ ‘အသင်္ခတ’ လည်း မဟုတ်ပါသလော။ |
3,656 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပြုပြင်အပ်သော အရာ'သင်္ခတ'သည် (အသင်္ခတမှ) တစ်မျိုးတခြားလော၊ မပြုပြင်အပ်သာ အရာ ‘အသင်္ခတ’ သည် (သင်္ခတမှ) တစ်မျိုးတခြားလော၊ ပုဂ္ဂိုလ်သည် (သင်္ခတ အသင်္ခတတို့မှ) တစ်မျိုးတခြားလော။ |
3,657 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၁၂။ သကဝါဒီ။ |
3,658 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ခန္ဓာတို့သည် ပြုပြင်အပ်သော အရာ'သင်္ခတ’၊ နိဗ္ဗာန်သည် မပြုပြင်အပ်သောအရာ ‘အသင်္ခတ’ ဖြစ်၍ ပုဂ္ဂိုလ်သည် ပြုပြင်အပ်သော အရာ'သင်္ခတ'လည်း မဟုတ်, မပြုပြင်အပ်သောအရာ'အသင်္ခတ'လည်း မဟုတ်သည် ဖြစ်ပါသလော။ |
3,659 | Uncategorized | ကထာဝတ္ထုပါဠိတော် | ခန္ဓာတို့သည် (နိဗ္ဗာန် ပုဂ္ဂိုလ်တို့မှ) တစ်မျိုးတခြားတို့လော၊ နိဗ္ဗာန်သည် (ခန္ဓာပုဂ္ဂိုလ်တို့မှ) တစ်မျိုးတခြားလော၊ ပုဂ္ဂိုလ်သည် (ခန္ဓာ နိဗ္ဗာန်တို့မှ) တစ်မျိုးတခြားလော။ |
3,660 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၁၃။ သကဝါဒီ။ |
3,661 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ရုပ်သည် ပြုပြင်အပ်သော အရာ'သင်္ခတ’၊ နိဗ္ဗာန်သည် မပြုပြင်အပ်သော အရာ'အသင်္ခတ’ ဖြစ်၍ ပုဂ္ဂိုလ်သည် ပြုပြင်အပ်သော အရာ'သင်္ခတ'လည်း မဟုတ်, မပြုပြင်အပ်သောအရာ'အသင်္ခတ’ လည်း မဟုတ်သည် ဖြစ်ပါသလော။ |
3,662 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရုပ်သည် (နိဗ္ဗာန် ပုဂ္ဂိုလ်တို့မှ) တစ်မျိုးတခြားလော၊ နိဗ္ဗာန်သည် (ရုပ်ပုဂ္ဂိုလ်တို့မှ) တစ်မျိုးတခြားလော၊ ပုဂ္ဂိုလ်သည် (ရုပ်နိဗ္ဗာန်တို့မှ) တစ်မျိုးတခြားလော။ |
3,663 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဝိညာဏ်သည် ပြုပြင်အပ်သော အရာ ‘သင်္ခတ’၊ နိဗ္ဗာန်သည် မပြုပြင်အပ်သော အရာ'အသင်္ခတ’ ဖြစ်၍ ပုဂ္ဂိုလ်သည် ပြုပြင်အပ်သောအရာ'သင်္ခတ'လည်း မဟုတ်, မပြုပြင်အပ်သော အရာ'အသင်္ခတ’ လည်း မဟုတ်သည် ဖြစ်ပါသလော။ |
3,664 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဝိညာဏ်သည် (နိဗ္ဗာန် ပုဂ္ဂိုလ်တို့မှ) တစ်မျိုးတခြားလော၊ နိဗ္ဗာန်သည် (ပုဂ္ဂိုလ်ဝိညာဏ်တို့မှ) တစ်မျိုးတခြားလော။ |
3,665 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၁၄။ သကဝါဒီ။ |
3,666 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ပုဂ္ဂိုလ်၏ ဖြစ်မှု'ဥပါဒ်’ သည် ထင်ရှားသလော၊ ပျက်မှု ‘ဘင်’ သည် ထင်ရှားသလော၊ တည်သောပုဂ္ဂိုလ်၏ တစ်မျိုးတခြား၏ အဖြစ် ‘ဌီ’ သည် ထင်ရှားသလော။ |
3,667 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် ထင်ရှားပါ၏။ |
3,668 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ပုဂ္ဂိုလ်သည် ပြုပြင်အပ်သော အရာ'သင်္ခတ’ လော။ |
3,669 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဤသို့ကား မဆိုသင့်ပါ၄။ |
3,670 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ “ရဟန်းတို့ ဤသုံးပါးတို့ကား ပြုပြင်အပ်သော အရာ'သင်္ခတ'၏ ပြုပြင်မှုလက္ခဏာတို့တည်း၊ ရဟန်းတို့ ပြုပြင်အပ်သော အရာ သင်္ခတတရားတို့၏ ဖြစ်မှု'ဥပါဒ်'သည် ထင်ရှား၏၊ ပျက်မှု ‘ဘင်'သည် ထင်ရှား၏၊ တည်သော တရားတို့၏ တစ်မျိုးတခြား၏ အဖြစ်သည် ထင်ရှား၏”ဟု မြတ်စွာဘုရား ဟောအပ်၏။ |
3,671 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပုဂ္ဂိုလ်၏ ဖြစ်မှု'ဥပါဒ်'သည် ထင်ရှား၏၊ ပျက်မှု'ဘင်'သည် ထင်ရှား၏၊ တည်သောပုဂ္ဂိုလ်၏ တစ်မျိုးတခြား၏ အဖြစ်သည် ထင်ရှား၏။ |
3,672 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့်ပင်လျှင် ပုဂ္ဂိုလ်သည် ပြုပြင်အပ်သော အရာ'သင်္ခတ'တည်း။ |
3,673 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၁၅။ သကဝါဒီ။ |
3,674 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ပုဂ္ဂိုလ်၏ ဖြစ်မှု'ဥပါဒ်'သည် မထင်ရှားပါသလော၊ ပျက်မှု'ဘင်'သည်မထင်ရှားပါသလော၊ တည်သောပုဂ္ဂိုလ်၏ တစ်မျိုးတခြား၏ အဖြစ်'ဌီ’ သည် မထင်ရှားပါသလော။ |
3,675 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် မထင်ရှားပါ။ |
3,676 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ပုဂ္ဂိုလ်သည် မပြုပြင်အပ်သော အရာ'အသင်္ခတ’ လော။ |
3,677 | Uncategorized | ကထာဝတ္ထုပါဠိတော် | “ရဟန်းတို့ ဤသုံးပါးတို့ကား မပြုပြင်အပ်သော တရား၏ မပြုပြင်မှု လက္ခဏာတို့တည်း၊ ရဟန်းတို့ မပြုပြင်အပ်သော တရားတို့၏ ဖြစ်မှု'ဥပါဒ်'သည် မထင်ရှား၊ ပျက်မှု'ဘင်’ သည်မထင်ရှား၊ တည်သော တရားတို့၏ တစ်မျိုးတခြား၏ အဖြစ်'ဌီ'သည် မထင်ရှား”ဟု မြတ်စွာဘုရားဟောအပ်၏။ |
3,678 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပုဂ္ဂိုလ်၏ ဖြစ်မှု ‘ဥပါဒ်'သည် မထင်ရှား၊ ပျက်မှု'ဘင်'သည် မထင်ရှား၊ တည်သောပုဂ္ဂိုလ်၏ တစ်မျိုးတခြား၏ အဖြစ် ‘ဌီ'သည် မထင်ရှား။ |
3,679 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့် ပုဂ္ဂိုလ်သည် မပြုပြင်အပ်သောအရာ ‘အသင်္ခတ'တည်း။ |
3,680 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၆ ၂၁၆။ |
3,681 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပရိနိဗ္ဗာန်စံပြီးသောပုဂ္ဂိုလ်သည် နိဗ္ဗာန်၌ ရှိပါသလော၊ နိဗ္ဗာန်၌ မရှိပါသလော။ |
3,682 | Uncategorized | ကထာဝတ္ထုပါဠိတော် | နိဗ္ဗာန်၌ ရှိပါသည်။ |
3,683 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပရိနိဗ္ဗာန်စံပြီးသောပုဂ္ဂိုလ်သည် မြဲပါသလော။ |
3,684 | Uncategorized | ကထာဝတ္ထုပါဠိတော် | နိဗ္ဗာန်၌ မရှိပါ။ |
3,685 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပရိနိဗ္ဗာန်စံပြီးသောပုဂ္ဂိုလ်သည် ပြတ်စဲပါသလော။ |
3,686 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၁၇။ သကဝါဒီ။ |
3,687 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ပုဂ္ဂိုလ်သည် အဘယ်ကို မှီ၍ တည်ပါသနည်း။ |
3,688 | Uncategorized | ကထာဝတ္ထုပါဠိတော် | (ဥပပတ္တိ) ဘဝကို မှီ၍ တည်ပါ၏။ |
3,689 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဘဝသည် မမြဲသော'အနိစ္စ’၊ ပြုပြင်အပ်သော'သင်္ခတ’၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်သော ‘ပဋိစ္စသမုပ္ပန္န’၊ ကုန်ခန်းခြင်းသဘော'ခယဓမ္မ’၊ ပျက်စီးခြင်းသဘော'ဝယဓမ္မ’၊ ကင်းပြတ်ခြင်းသဘော ‘ဝိရာဂဓမ္မ’၊ ချုပ်ငြိမ်းခြင်းသဘော'နိရောဓဓမ္မ’၊ ဖောက်ပြန်ခြင်းသဘော'ဝိပရိဏာမဓမ္မ’ ဖြစ်ပါသလော။ |
3,690 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ပုဂ္ဂိုလ်သည်လည်း မမြဲသော'အနိစ္စ’၊ ပြုပြင်အပ်သော'သင်္ခတ’၊ အကြောင်းကို စွဲ၍ဖြစ်ပေါ်သော ‘ပဋိစ္စသမုပ္ပန္န’၊ ကုန်ခန်းခြင်းသဘော ‘ခယဓမ္မ’၊ ပျက်စီးခြင်းသဘော'ဝယဓမ္မ’၊ ကင်းပြတ်ခြင်းသဘော ‘ဝိရာဂဓမ္မ’၊ ချုပ်ငြိမ်းခြင်းသဘော'နိရောဓဓမ္မ’၊ ဖောက်ပြန်ခြင်းသဘော'ဝိပရိဏာမဓမ္မ’ ဖြစ်ပါသလော။ |
3,691 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၁၈။ ပရဝါဒီ။ |
3,692 | Uncategorized | ကထာဝတ္ထုပါဠိတော် | သုခဝေဒနာကို ခံစားလတ်သော် ငါသည် သုခဝေဒနာကို ခံစား၏ဟု သိသော တစ်စုံတစ်ယောက်သောသူ ရှိသည် မဟုတ်ပါလော။ |
3,693 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်သကဝါဒီ သုခဝေဒနာကို ခံစားလတ်သော် ငါသည် သုခဝေဒနာကို ခံစား၏ဟုသိသော တစ်စုံတစ်ယောက်သောသူ ရှိခဲ့ပါမူ ထိုအကြောင်းကြောင့် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ ဆိုသင့်၏။ |
3,694 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၁၉။ ပရဝါဒီ။ |
3,695 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဒုက္ခဝေဒနာကို ခံစားလတ်သော်။ |
3,696 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ အဒုက္ခမသုခဝေဒနာကို ခံစားလတ်သော်။ |
3,697 | Uncategorized | ကထာဝတ္ထုပါဠိတော် | ငါသည်အဒုက္ခ မသုခဝေဒနာကို ခံစား၏ဟု သိသော တစ်စုံတစ်ယောက်သောသူ ရှိသည် မဟုတ်ပါလော။ |
3,698 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၇ ပရဝါဒီ။ |
3,699 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အရှင်သကဝါဒီ အဒုက္ခမသုခဝေဒနာကို ခံစားလတ်သော် ငါသည် အဒုက္ခ မသုခ ဝေဒနာကိုခံစား၏ဟု သိသော တစ်စုံတစ်ယောက်သောသူ ရှိခဲ့ပါမူ ထိုအကြောင်းကြောင့် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ ဆိုသင့်၏။ |
3,700 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၂၀။ သကဝါဒီ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.