id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
3,701 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ သုခဝေဒနာကို ခံစားလတ်သော် ငါသည် သုခဝေဒနာကို ခံစား၏ဟု သိသောတစ်စုံတစ်ယောက်သောသူ ရှိ၏ဟု နှလုံးပြု၍ ထိုအကြောင်းကြောင့် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။ |
3,702 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်သူသည် သုခဝေဒနာကို ခံစားလတ်သော် ငါသည် သုခဝေဒနာကို ခံစား၏ဟုသိ၏၊ ထိုသူသည်သာ ပုဂ္ဂိုလ်ဖြစ်သလော၊ အကြင်သူသည် သုခဝေဒနာကို ခံစားလတ်သော် ငါသည် သုခဝေဒနာကို ခံစား၏ဟု မသိ၊ ထိုသူသည် ပုဂ္ဂိုလ် မဖြစ်သလော။ |
3,703 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်သူသည် ဒုက္ခဝေဒနာကို ခံစားလတ်သော်။ |
3,704 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ အဒုက္ခ မသုခဝေဒနာကို ခံစားလတ်သော် ငါသည် အဒုက္ခ မသုခဝေဒနာကို ခံစား၏ဟု သိ၏၊ ထိုသူသည်ပင် ပုဂ္ဂိုလ်ဖြစ်သလော၊ အကြင်သူသည် အဒုက္ခ မသုခဝေဒနာကို ခံစားလတ်သော် ငါသည် အဒုက္ခ မသုခဝေဒနာကို ခံစား၏ဟူ၍မသိ၊ ထိုသူသည် ပုဂ္ဂိုလ် မဖြစ်သလော။ |
3,705 | Uncategorized | ကထာဝတ္ထုပါဠိတော် | သုခဝေဒနာကို ခံစားလတ်သော် ငါသည် သုခဝေဒနာကို ခံစား၏ဟု သိသောတစ်စုံတစ်ယောက်သောသူ ရှိ၏ဟု နှလုံးပြု၍ ထိုအကြောင်းကြောင့် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။ |
3,706 | Uncategorized | ကထာဝတ္ထုပါဠိတော် | သုခဝေဒနာသည် (သိသူမှ) တစ်မျိုးတခြားလော၊ သုခဝေဒနာကို ခံစားလတ်သော်ငါသည် သုခဝေဒနာကို ခံစား၏ဟု သိသောပုဂ္ဂိုလ်သည် (သုခဝေဒနာမှ) တစ်မျိုးတခြားလော။ |
3,707 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဤကား မဆိုသင့်ပါ။ |
3,708 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဒုက္ခဝေဒနာသည် (သိသူမှ) တစ်မျိုးတခြားလော။ |
3,709 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ အဒုက္ခမသုခဝေဒနာသည် (သိသူမှ) တစ်မျိုးတခြားလော၊ အဒုက္ခမသုခဝေဒနာကို ခံစားလတ်သော် ငါသည် အဒုက္ခမသုခဝေဒနာကို ခံစား၏ဟုသိသော သူသည် (အဒုက္ခမသုခဝေဒနာမှ) တစ်မျိုးတခြားလော။ |
3,710 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၂၂။ ပရဝါဒီ။ |
3,711 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကိုယ်၌ ကိုယ်ကို အဖန်တလဲလဲ ရှုမှတ်လျက်နေသော တစ်စုံတစ်ယောက်သောသူ ရှိသည်မဟုတ်ပါလော။ |
3,712 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် ရှိပါသည်။ |
3,713 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်သကဝါဒီ ကိုယ်၌ ကိုယ်ကို အဖန်တလဲလဲ ရှုမှတ်လျက် နေသော တစ်စုံတစ်ယောက်သောသူ ရှိခဲ့ပါမူ ထိုအကြောင်းကြောင့် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ ဆိုသင့်၏။ |
3,714 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၂၃။ ပရဝါဒီ။ |
3,715 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ သဘောတရားတို့၌ သဘောတရားကို အဖန်တလဲလဲရှုမှတ်လျက်နေသော တစ်စုံတစ်ယောက်သောသူ ရှိသည် မဟုတ်ပါလော။ |
3,716 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်သကဝါဒီ သဘောတရားတို့၌ သဘောတရားကို အဖန်တလဲလဲ ရှုမှတ်လျက် နေသောတစ်စုံတစ်ယောက်သောသူ ရှိခဲ့ပါလျှင် ထိုအကြောင်းကြောင့် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ ဆိုသင့်၏။ |
3,717 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၂၄။ သကဝါဒီ။ |
3,718 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ကိုယ်၌ ကိုယ်ကို အဖန်တလဲလဲ ရှုမှတ်လျက် နေသော တစ်စုံတစ်ယောက်သောသူ ရှိ၏ဟု နှလုံးပြု၍ ထိုအကြောင်းကြောင့်လည်း ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။ |
3,719 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အကြင်သူသည် ကိုယ်၌ ကိုယ်ကို အဖန်တလဲလဲ ရှုမှတ်လျက် နေ၏၊ ထိုသူသည်သာပုဂ္ဂိုလ် ဖြစ်သလော၊ အကြင်သူသည် ကိုယ်၌ ကိုယ်ကို အဖန်တလဲလဲ ရှုမှတ်လျက် မနေ၊ ထိုသူသည့်ပုဂ္ဂိုလ် မဖြစ်ပါသလော။ |
3,720 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်သူသည် ဝေဒနာတို့၌။ |
3,721 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ သဘောတရားတို့၌ သဘောတရားကိုအဖန်တလဲလဲ ရှုမှတ်လျက် နေ၏၊ ထိုသူသည်သာ ပုဂ္ဂိုလ် ဖြစ်ပါသလော၊ အကြင်သူသည် သဘောတရားတို့၌ သဘောတရားကို အဖန်တလဲလဲ ရှုမှတ်လျက် မနေ၊ ထိုသူသည် ပုဂ္ဂိုလ် မဖြစ်ပါသလော။ |
3,722 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၂၅။ ကိုယ်၌ ကိုယ်ကို အဖန်တလဲလဲ ရှုမှတ်လျက် နေသော တစ်စုံတစ်ယောက်သောသူ ရှိ၏ဟုနှလုံးပြု၍ ထိုအကြောင်းကြောင့်လည်း ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။ |
3,723 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကိုယ်သည် (ကိုယ်၌ ကိုယ်ကို အဖန်တလဲလဲ ရှုမှတ်လျက် နေသူမှ) တစ်မျိုးတခြားလော၊ ကိုယ်၌ ကိုယ်ကို အဖန်တလဲလဲ ရှုမှတ်လျက် နေသော သူသည် (ကိုယ်မှ) တစ်မျိုးတခြားလော။ |
3,724 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဝေဒနာသည် (အဖန်တလဲလဲ ရှုမှတ်လျက် နေသူမှ) တစ်မျိုးတခြားလော၊ စိတ်သည် (အဖန်တလဲလဲ ရှုမှတ်လျက် နေသူမှ) တစ်မျိုးတခြားလော၊ သဘောတရားတို့သည် (သဘောတရားတို့၌ သဘောတရားကို အဖန်တလဲလဲ ရှုမှတ်လျက် နေသူမှ) တစ်မျိုးတခြားလော၊ သဘောတရားတို့၌ သဘောတရားဟု အဖန်တလဲလဲ ရှုမှတ်လျက် နေသူသည် (သဘောတရားတို့မှ) တစ်မျိုးတခြားလော။ |
3,725 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၂၆။ သကဝါဒီ။ |
3,726 | Uncategorized | ကထာဝတ္ထုပါဠိတော် | “မောဃရာဇလုလင် အခါခပ်သိမ်း သတိရှိသည်ဖြစ်၍ (ခန္ဓာ) လောကကို အတ္တမှကင်းဆိတ်သောအားဖြင့် ရှုမှတ်လော့၊ ဤသို့ ရှုမှတ်သည် ရှိသော် အတ္တသို့ အစဉ်လိုက်သော အယူကိုပယ်နုတ်၍ သေမင်းကို လွန်မြောက်သူ ဖြစ်နိုင်၏။ |
3,727 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဤသို့ (ခန္ဓာ) လောကကို မှတ်သူကို သေမင်းသည်မမြင်ရတော့ချေဟူ၍ မြတ်စွာဘုရား ဟောအပ်၏”ဟူသော သုတ္တန် (ပါဠိ) ရှိသည် သာ မဟုတ်ပါလော။ |
3,728 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့်ပင် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍မဆိုသင့်။ |
3,729 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၂၇။ သကဝါဒီ။ |
3,730 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ပုဂ္ဂိုလ်သည် ရှုမှတ်ပါသလော။ |
3,731 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် ရှုမှတ်ပါ၏။ |
3,732 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရုပ်နှင့်တကွ ရှုမှတ်ပါသလော၊ ရုပ်နှင့် ကင်း၍ ရှုမှတ်ပါသလော။ |
3,733 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရုပ်နှင့်တကွ ရှုမှတ်ပါ၏။ |
3,734 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၈ သကဝါဒီ။ |
3,735 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ထိုဇီဝသည် ထိုသရီရ ဖြစ်ပါသလော။ |
3,736 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရုပ်နှင့် ကင်း၍ ရှုမှတ်ပါ၏။ |
3,737 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ဇီဝသည် သရီရမှ တစ်မျိုးတခြားလော၊ သရီရသည် ဇီဝမှ တစ်မျိုးတခြားလော။ |
3,738 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၂၈။ သကဝါဒီ။ |
3,739 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတွင်း၌ တည်လျက် ရှုမှတ်ပါသလော၊ အပြင်သို့ ထွက်၍ ရှုမှတ်ပါသလော။ |
3,740 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတွင်း၌ တည်လျက် ရှုမှတ်ပါ၏။ |
3,741 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထိုဇီဝသည် ထိုသရီရ ဖြစ်ပါသလော။ |
3,742 | Uncategorized | ကထာဝတ္ထုပါဠိတော် | အပြင်သို့ ထွက်၍ ရှုမှတ်ပါ၏။ |
3,743 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၂၉။ ပရဝါဒီ။ |
3,744 | Uncategorized | ကထာဝတ္ထုပါဠိတော် | မြတ်စွာဘုရားသည် အမှန်ကို ပြောဆိုလေ့ရှိသည်၊ အခါအားလျော်စွာ ပြောဆိုလေ့ ရှိသည်၊ဟုတ်သည်ကို ပြောဆိုလေ့ရှိသည်၊ မှန်သည်ကို ပြောဆိုလေ့ရှိသည်၊ မချွတ်မယွင်း ပြောဆိုလေ့ ရှိသည်၊ တစ်မျိုးတခြား မဟုတ်သည်ကို ပြောဆိုလေ့ရှိသည် မဟုတ်ပါလော။ |
3,745 | Uncategorized | ကထာဝတ္ထုပါဠိတော် | “မိမိစီးပွားအတွက် ကျင့်သောပုဂ္ဂိုလ်သည် ရှိ၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သောသုတ္တန် (ပါဠိ) ရှိပါသလော။ |
3,746 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့်ပင် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏။ |
3,747 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၃၀။ ပရဝါဒီ။ |
3,748 | Uncategorized | ကထာဝတ္ထုပါဠိတော် | “ရဟန်းတို့ လောက၌ တစ်ဦးသောပုဂ္ဂိုလ်သည် ဖြစ်ပေါ်လတ်သော် လူအများ၏ အစီးအပွားအလို့ငှါ လူအများ၏ ချမ်းသာအလို့ငှါ လောကကို သနားစောင့်ရှောက် ချီးမြှောက်ရန်အလို့ငှါနတ်လူတို့၏ အကျိုးစီးပွား ချမ်းသာအလို့ငှါသာ ဖြစ်ပေါ်တော်မူ၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သောသုတ္တန် (ပါဠိ) ရှိသည် မဟုတ်ပါလော။ |
3,749 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၃၁။ သကဝါဒီ။ |
3,750 | Uncategorized | ကထာဝတ္ထုပါဠိတော် | မြတ်စွာဘုရားသည် အမှန်ကို ပြောဆိုလေ့ရှိသည်၊ အခါအားလျော်စွာ ပြောဆိုလေ့ရှိသည်၊ဟုတ်သည်ကို ပြောဆိုလေရှိသည်၊ မှန်သည်ကို ပြောဆိုလေ့ရှိသည်၊ မချွတ်မယွင်း ပြောဆိုလေ့ရှိသည်၊ တစ်မျိုးတခြား မဟုတ်သည်ကို ပြောဆိုလေ့ရှိသည် မဟုတ်ပါလော။ |
3,751 | Uncategorized | ကထာဝတ္ထုပါဠိတော် | “အလုံးစုံသော တရားတို့သည် အတ္တမဟုတ်ကုန်”ဟူ၍ မြတ်စွာဘုရား ဟောအပ်၏ဟူသော သုတ္တန် (ပါဠိ) ရှိသည် မဟုတ်ပါလော။ |
3,752 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၂ ပရဝါဒီ။ |
3,753 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍မဆိုသင့်။ |
3,754 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၃၂။ သကဝါဒီ။ |
3,755 | Uncategorized | ကထာဝတ္ထုပါဠိတော် | မြတ်စွာဘုရားသည် အမှန်ကို ပြောဆိုလေ့ရှိသည်၊ အခါအားလျော်စွာ ပြောဆိုလေ့ရှိသည်၊ဟုတ်သည်ကို ပြောဆိုလေ့ရှိသည်၊ မှန်သည်ကို ပြောဆိုလေ့ရှိသည်၊ မချွတ်မယွင်း ပြောဆိုလေ့ရှိသည်၊ တစ်မျိုးတခြား မဟုတ်သည်ကို ပြောဆိုလေ့ရှိသည် မဟုတ်ပါလော။ |
3,756 | Uncategorized | ကထာဝတ္ထုပါဠိတော် | “ဖြစ်လတ်သော် ဆင်းရဲသည်သာလျှင် ဖြစ်၏၊ ချုပ်လတ်သော် ဆင်းရဲသည်သာလျှင်ချုပ်၏၊ ဤအရာ၌ မယုံမှား မတွေးတော၊ ဤအချက်၌ ထိုပုဂ္ဂိုလ်အား ဘုရားမှတစ်ပါး အခြားကိုယုံကြည်မှု မရှိသော ဉာဏ်သည်သာ ဖြစ်၏၊ ကစ္စာန ဤမျှဖြင့် ကောင်းသော အယူ (အမြင်မှန်) သည်ဖြစ်၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်၏ဟူသော သုတ္တန် (ပါဠိ) ရှိသည် မဟုတ်ပါလော။ |
3,757 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့်ပင် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ မဆိုသင့်။ |
3,758 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၃၃။ သကဝါဒီ။ |
3,759 | Uncategorized | ကထာဝတ္ထုပါဠိတော် | “မာရ်နတ် သင်သည် အဘယ်ကို သတ္တဝါဟူ၍ ယုံကြည်နေ သနည်း၊ သင့်အားအယူမှား (အမြင်မှား) ဖြစ်နေသလော၊ ဤကိုယ်သည် သက် သက် ပြုပြင်အပ်မှု ‘သင်္ခါရ'အစုသာ ဖြစ်၏၊ ဤကိုယ်၌ သတ္တဝါကို မရနိုင်ချေ။ |
3,760 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရထားအင်္ဂါ, အဆောက်အဦကြောင့် ရထားဟူ၍ ပြောဆိုမှု ဖြစ်သကဲ့သို့ ဤအတူ ခန္ဓာတို့ရှိကုန်လတ်သော် သတ္တဝါဟူ၍ ပညတ်မှုသည် ဖြစ်၏။ |
3,761 | Uncategorized | ကထာဝတ္ထုပါဠိတော် | မှန်၏၊ ဆင်းရဲသည်သာ ဖြစ်၏၊ ဆင်းရဲသည်သာ တည်လည်း တည်၏၊ ပျက်လည်း ပျက်၏၊ ဆင်းရဲကိုကြဉ်ထား၍ (အခြားသတ္တဝါသည်) ဖြစ်သည် မဟုတ်၊ ဆင်းရဲမှ အခြားသော သတ္တဝါသည် ချုပ်သည်မဟုတ်”ဟူ၍ဝဇိရာဘိက္ခုနီမသည် ယုတ်မာသော မာရ်နတ်အား ဤစကားကို ပြောဆိုပြီဟူသောသုတ္တန် (ပါဠိ) ရှိသည် သာ မဟုတ်ပါလော။ |
3,762 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၃၄။ သကဝါဒီ။ |
3,763 | Uncategorized | ကထာဝတ္ထုပါဠိတော် | “မြတ်စွာဘုရား ဆိတ်သုဉ်းသော လောက ဆိတ်သုဉ်းသော လောကဟူ၍ ပြောဆိုအပ်ပါသည်၊ မြတ်စွာဘုရား အဘယ်မျှဖြင့် ဆိတ်သုဉ်းသော လောကဟူ၍ ပြောဆိုအပ်ပါသနည်း။ |
3,764 | Uncategorized | ကထာဝတ္ထုပါဠိတော် | အာနန္ဒာ အကြင်ကြောင့် အတ္တမှလည်းကောင်း၊ အတ္တနိယမှလည်းကောင်း ဆိတ်သုဉ်း၏။ |
3,765 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့်ဆိတ်သုဉ်းသော လောကဟူ၍ ဆိုအပ်၏။ |
3,766 | Uncategorized | ကထာဝတ္ထုပါဠိတော် | အာနန္ဒာ အဘယ်အရာသည် အတ္တမှလည်းကောင်း၊ အတ္တနိယမှလည်းကောင်း ဆိတ်သုဉ်းသနည်း။ |
3,767 | Uncategorized | ကထာဝတ္ထုပါဠိတော် | အာနန္ဒာ စက္ခုသည် အတ္တမှလည်းကောင်း၊ အတ္တနိယမှလည်းကောင်းဆိတ်သုဉ်း၏။ |
3,768 | Uncategorized | ကထာဝတ္ထုပါဠိတော် | အဆင်း ‘ရူပါရုံ’ တို့သည် ဆိတ်သုဉ်းကုန်၏။ |
3,769 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ စက္ခုဝိညာဏ်သည် ဆိတ်သုဉ်း၏။ |
3,770 | Uncategorized | ကထာဝတ္ထုပါဠိတော် | စက္ခုသမ္ဖဿသည် ဆိတ်သုဉ်း၏။ |
3,771 | Uncategorized | ကထာဝတ္ထုပါဠိတော် | စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ချမ်းသာလည်းဖြစ်သော ဆင်းရဲလည်းဖြစ်သော မဆင်းရဲ မချမ်းသာလည်းဖြစ်သော အကြင်ဝေဒနာသည် ဖြစ်၏။ |
3,772 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထိုဝေဒနာသည်လည်းအတ္တမှ လည်းကောင်း၊ အတ္တနိယမှလည်းကောင်း ဆိတ်သုဉ်း၏။ |
3,773 | Uncategorized | ကထာဝတ္ထုပါဠိတော် | သောတသည် ဆိတ်သုဉ်း၏။ |
3,774 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ အသံ'သဒ္ဒါရုံ’ တို့သည် ဆိတ်သုဉ်းကုန်၏။ |
3,775 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဃာနသည် ဆိတ်သုဉ်း၏။ |
3,776 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနံ့ ‘ဂန္ဓာရုံ’ တို့သည် ဆိတ်သုဉ်းကုန်၏။ |
3,777 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဇိဝှါသည် ဆိတ်သုဉ်း၏၊ အရသာ ‘ရသာရုံ’ တို့သည် ဆိတ်သုဉ်းကုန်၏၊ ကာယသည်ဆိတ်သုဉ်း၏၊ အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ တို့သည် ဆိတ်သုဉ်းကုန်၏၊ စိတ်သည် ဆိတ်သုဉ်း၏။ |
3,778 | Uncategorized | ကထာဝတ္ထုပါဠိတော် | သဘောတရားတို့သည် ဆိတ်သုဉ်းကုန်၏၊ မနောဝိညာဏ်သည် ဆိတ်သုဉ်း၏၊ မနောသမ္ဖဿသည်ဆိတ်သုဉ်း၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ချမ်းသာလည်းဖြစ်သော ဆင်းရဲလည်းဖြစ်သောမချမ်းသာ မဆင်းရဲလည်းဖြစ်သော အကြင်ဝေဒနာသည် ဖြစ်၏။ |
3,779 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထိုဝေဒနာသည်လည်း အတ္တမှလည်းကောင်း၊ အတ္တနိယမှလည်းကောင်း ဆိတ်သုဉ်း၏။ |
3,780 | Uncategorized | ကထာဝတ္ထုပါဠိတော် | အာနန္ဒာ အကြင်အကြောင်းကြောင့် အတ္တမှလည်းကောင်း၊ အတ္တနိယမှလည်းကောင်း ဆိတ်သုဉ်း၏။ |
3,781 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထိုအကြောင်းကြောင့် ဆိတ်သုဉ်းသော လောကဟူ၍ဆိုအပ်၏”ဟူ၍ အရှင်အာနန္ဒာသည် လျှောက်ထား၍ မြတ်စွာဘုရား ဟောတော်မူသော သုတ္တန် (ပါဠိ) ရှိသည်သာလျှင် မဟုတ်ပါလော။ |
3,782 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၃၅။ သကဝါဒီ။ |
3,783 | Uncategorized | ကထာဝတ္ထုပါဠိတော် | မြတ်စွာဘုရားသည် အမှန်ကို ပြောဆိုလေ့ရှိသည်၊ အခါအားလျော်စွာ ပြောဆိုလေ့ရှိသည်၊ဟုတ်သည်ကို ပြောဆိုလေ့ရှိသည်၊ မှန်ကန်သည်ကို ပြောဆိုလေ့ရှိသည်၊ မချွတ်မယွင်း ပြောဆိုလေ့ရှိသည်၊ တစ်မျိုးတခြား မဟုတ်သည်ကို ပြောဆိုလေ့ရှိသည် မဟုတ်ပါလော။ |
3,784 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ “ရဟန်းတို့ အတ္တသည် ဖြစ်လတ်သော် ငါ၏ အတ္တနိယဟူသော အယူသည် ရှိရာသလော၊ ရှိရာပါသည်ဘုရား။ |
3,785 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်းတို့ အတ္တနိယရှိလတ်သော် ငါသည် အတ္တဟူသော အယူသည် ရှိရာသလော၊ ရှိရာပါသည်ဘုရား။ |
3,786 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်းတို့ အတ္တကိုလည်းကောင်း၊ အတ္တနိယကိုလည်းကောင်း အမှန်အားဖြင့် အဟုတ်အားဖြင့် မရအပ်သည် ရှိသော် ထိုခန္ဓာငါးပါးသည် လောကတည်း၊ ထိုခန္ဓာငါးပါးသည်အတ္တတည်း၊ ထို (ငါသည်) တမလွန်ဘဝ၌ ဖြစ်လိမ့်မည်၊ မြဲ၏၊ ခိုင်ခံ့၏၊ ထင်ရှားရှိ၏၊ မဖောက်ပြန်ခြင်းသဘော ရှိ၏၊ ထင်ရှားရှိသော မြေကြီး မြင်းမိုရ်တောင် လနေတို့နှင့် တူစွာ ထိုအတိုင်းပင် တည်တံ့လ... |
3,787 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့်ပင် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟုမဆိုသင့်။ |
3,788 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၃၆။ သကဝါဒီ။ |
3,789 | Uncategorized | ကထာဝတ္ထုပါဠိတော် | မြတ်စွာဘုရားသည် အမှန်ကို ပြောဆိုလေ့ရှိသည်၊ အခါအားလျော်စွာ ပြောဆိုလေ့ရှိသည်၊ဟုတ်သည်ကို ပြောဆိုလေရှိသည်၊ မှန်သည်ကို ပြောဆိုလေ့ရှိသည်၊ မချွတ်မယွင်းသည်ကိုပြောဆိုလေ့ရှိသည်၊ တစ်မျိုးတခြား မဟုတ်သည်ကို ပြောဆိုလေ့ရှိသည် မဟုတ်ပါလော။ |
3,790 | Uncategorized | ကထာဝတ္ထုပါဠိတော် | “သေနိယ လောက၌ ဤဆရာသုံးဦးတို့သည် ထင်ရှားရှိကုန်၏၊ ဆရာသုံးဦးတို့ ကားအဘယ်တို့နည်း- |
3,791 | Uncategorized | ကထာဝတ္ထုပါဠိတော် | သေနိယဤလောက၌ အချို့သော ဆရာသည်ယခုဘဝ၌ပင်အတ္တကို အမှန်အားဖြင့်အဟုတ်အားဖြင့် ပညတ်၏၊ နောင်တမလွန်ဘဝ၌လည်း အတ္တကို အမှန်အားဖြင့် အဟုတ်အားဖြင့် ပညတ်၏။ |
3,792 | Uncategorized | ကထာဝတ္ထုပါဠိတော် | သေနိယ ထို့ပြင် ဤလောက၌ အချို့သော ဆရာသည် ယခုဘဝ၌သာလျှင် အတ္တကို အမှန်အားဖြင့်အဟုတ်အားဖြင့် ပညတ်၏၊ နောင်တမလွန်ဘဝ၌ကား အတ္တကို အမှန်အားဖြင့် အဟုတ်အားဖြင့် မပညတ်။ |
3,793 | Uncategorized | ကထာဝတ္ထုပါဠိတော် | သေနိယ ထိုမှတစ်ပါး ဤလောက၌ အချို့သော ဆရာကား ယခုဘဝ၌လည်း အတ္တကို အမှန်အားဖြင့်အဟုတ်အားဖြင့် မပညတ်၊ နောင်တမလွန်ဘဝ၌လည်း အတ္တကို အမှန်အားဖြင့် အဟုတ်အားဖြင့်မပညတ်ချေ။ |
3,794 | Uncategorized | ကထာဝတ္ထုပါဠိတော် | သေနိယ ထိုသုံးဦးတို့တွင် အကြင်ဆရာသည် ယခုဘဝ၌လည်း အတ္တကို အမှန်အားဖြင့် အဟုတ်အားဖြင့် ပညတ်၏၊ နောင်တမလွန်ဘဝ၌လည်း အတ္တကို အမှန်အားဖြင့် အဟုတ်အားဖြင့် ပညတ်၏၊ သေနိယ ဤဆရာကို သဿတအယူ ရှိသူဟု ဆိုအပ်၏။ |
3,795 | Uncategorized | ကထာဝတ္ထုပါဠိတော် | သေနိယ ထိုသုံးဦးတို့တွင် အကြင်ဆရာသည် ယခုဘဝ၌သာလျှင် အတ္တကို အမှန်အားဖြင့် အဟုတ်အားဖြင့် ပညတ်၏၊ နောင်တမလွန်ဘဝ၌ကား အတ္တကို အမှန်အားဖြင့် အဟုတ်အားဖြင့် မပညတ်၊ သေနိယ ဤဆရာကို ဥစ္ဆေဒအယူ ရှိသူဟု ဆိုအပ်၏။ |
3,796 | Uncategorized | ကထာဝတ္ထုပါဠိတော် | -- သေနိယ ထိုသုံးဦးတို့တွင် အကြင်ဆရာသည် ယခုဘဝ၌လည်း အတ္တကို အမှန်အားဖြင့် အဟုတ်အားဖြင့် မပညတ်၊ နောင်တမလွန်ဘဝ၌လည်း အတ္တကို အမှန်အားဖြင့် အဟုတ်အားဖြင့် မပညတ်ချေ၊ သေနိယ ဤဆရာကို မြတ်စွာဘုရားဟူ၍ ဆိုအပ်၏။ |
3,797 | Uncategorized | ကထာဝတ္ထုပါဠိတော် | သေနိယ ဤဆရာသုံးဦးတို့သည် လောက၌ ထင်ရှားရှိကုန်၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်၏ဟူသော သုတ္တန် (ပါဠိ) ရှိသည် မဟုတ်ပါလော။ |
3,798 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၃၇။ သကဝါဒီ။ |
3,799 | Uncategorized | ကထာဝတ္ထုပါဠိတော် | မြတ်စွာဘုရားသည် “ထောပတ်အိုး”ဟူ၍ (သုံးနှုန်း) ပြောဆိုအပ်သည် မဟုတ်ပါ လော။ |
3,800 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် ပြောဆိုပါ၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.