id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
3,801
Uncategorized
ကထာဝတ္ထုပါဠိတော်
ထောပတ်အိုးကို ပြုလုပ်သော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် ရှိပါသလော။
3,802
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ သကဝါဒီ။
3,803
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ထို့ကြောင့်ပင် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍မဆိုသင့်။
3,804
Uncategorized
ကထာဝတ္ထုပါဠိတော်
၂၃၈။ သကဝါဒီ။
3,805
Uncategorized
ကထာဝတ္ထုပါဠိတော်
မြတ်စွာဘုရားသည် ဆီအိုး၊ ပျားရည်အိုး၊ တင်လဲအိုး၊ နို့ရေအိုး၊ ရေအိုး၊ သောက်ရေခွက်၊ ရေကျည်တောက်၊ ရေဖလား၊ နိစ္စဘတ်ဆွမ်း၊ အမြဲလှူသော ယာဂုဟူ၍ (သုံးနှုန်း) ပြောဆိုအပ်ပါသလော။
3,806
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် ပြောဆိုအပ်ပါ၏။
3,807
Uncategorized
ကထာဝတ္ထုပါဠိတော်
မြဲသော ခိုင်ခံ့သော ထင်ရှားရှိသော ဖောက်ပြန်ခြင်းသဘော မရှိသော တစ်စုံတစ်ခု သောယာဂုသည် ရှိပါသလော။
3,808
Uncategorized
ကထာဝတ္ထုပါဠိတော်
[အကျဉ်းချုံးထား၏။
3,809
Uncategorized
ကထာဝတ္ထုပါဠိတော်
] အဋ္ဌကနိဂ္ဂဟကထာ၊ ပေယျာလကထာ၊ သန္ဓာဝနိယကထာ၊ ဥပါဒါယကထာ၊ ငါးခုမြောက် စိတ္တကထာ၊ ကလျာဏကထာ၊ ဣဒ္ဓိကထာ၊ ရှစ်ခုမြောက် သုတ္တာ ဟရဏကထာတို့တည်း။
3,810
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုဂ္ဂလကထာ ပြီး၏။
3,811
Uncategorized
ကထာဝတ္ထုပါဠိတော်
၁။ ဤသို့သဘောရှိသော သစ္စိကဋ္ဌမျိုး မရှိနိုင်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,812
Uncategorized
ကထာဝတ္ထုပါဠိတော်
၂။ ပုဂ္ဂိုလ်ကို ရည်ရွယ်၍ ပရဝါဒီက ဝန်ခံပြန်သည်။
3,813
Uncategorized
ကထာဝတ္ထုပါဠိတော်
၃။ ‘ဇာတိဓမ္မာ ဇရာဓမ္မာ အထော မရဏဓမ္မိနော’ အစရှိသော သုတ်၏ အစွမ်းဖြင့် ဝန်ခံရ၏။
3,814
Uncategorized
ကထာဝတ္ထုပါဠိတော်
၄။ ပုဂ္ဂိုလ်၏ သင်္ခတအဖြစ်ကိုမူ အလိုမရှိသောကြောင့် ပယ်ပြန်သည်။
3,815
Uncategorized
ကထာဝတ္ထုပါဠိတော်
၅။ ‘ဒုက္ခမေဝ ဟိ သမ္ဘောတိ၊ ဒုက္ခံ တိဋ္ဌတိ ဝေတိစ’ အစရှိသည်ကို ဟောတော်မူသောကြောင့် ပုဂ္ဂိုလ်၏ ဥပါဒ် စသည်တို့ကား မသင့်ကုန်ဟု နှလုံးပြု၍ ဝန်ခံပြန်သည်။
3,816
Uncategorized
ကထာဝတ္ထုပါဠိတော်
၆။ ‘သင်ပရဝါဒီဆရာသည် ပုဂ္ဂိုလ်၏ သင်္ခတအဖြစ်ကို အလိုမရှိသော်လည်း ဥပါဒ် ဌီ ဘင်ရှိပါမူ သင်္ခတသာ ဖြစ်ရာ၏၊ အသင်္ခတအဖြစ်ကို အလို မရှိသော်လည်း ဥပါဒ် ဌီ ဘင် မရှိပါမူ အသင်္ခတသာ ဖြစ်ရာ၏’ဟု အပြစ်ကိုပင် ပြသည်။
3,817
Uncategorized
ကထာဝတ္ထုပါဠိတော်
၇။ ဝေဒနာကို ခံစားလတ်သော် သိမ်းဆည်းအပ်သော ဝေဒနာရှိသော ယောဂီပုဂ္ဂိုလ်သည်သာ သိနိုင်၏၊ ဗာလပုထုဇဉ်ကား မသိနိုင်။
3,818
Uncategorized
ကထာဝတ္ထုပါဠိတော်
၈။ ပဉ္စဝေါကာရ၏ အစွမ်းအားဖြင့် ဝန်ခံသည်။
3,819
Uncategorized
ကထာဝတ္ထုပါဠိတော်
၉။ တံ ဇီဝံ တံ သရီရ န္တိ အဗျာကတမေတံဟူသော သုတ်နှင့် ဆန့်ကျင်သည်ကို ကြောက်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,820
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၀။ စတုဝေါကာရ၏ အစွမ်းအားဖြင့် ဝန်ခံသည်။
3,821
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၁။ အညံ ဇီဝံ အညံ သရီရန္တိ အဗျာကတမေတံဟူသော သုတ်နှင့် ဆန့်ကျင်သည်ကို ကြောက်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,822
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၂။ အတ္တဇီဝပုဂ္ဂလမှ ကင်းကုန်၏၊ တစ်ခုသော တရား၌မျှ ပုဂ္ဂိုလ် မရှိဟု ဆိုလိုသည်။
3,823
Uncategorized
ကထာဝတ္ထုပါဠိတော်
-- ၂-ပရိဟာနိကထာ
3,824
Uncategorized
ကထာဝတ္ထုပါဠိတော်
၁-ဝါဒယုတ္တိပရိဟာနိ
3,825
Uncategorized
ကထာဝတ္ထုပါဠိတော်
၂၃၉။ သကဝါဒီ။
3,826
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်ပါသလော။
3,827
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် ဆုတ်ယုတ် (လျောကျ) နိုင်ပါ၏။
3,828
Uncategorized
ကထာဝတ္ထုပါဠိတော်
။ အလုံးစုံသော ဘဝတို့၌ ရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်ပါသလော။
3,829
Uncategorized
ကထာဝတ္ထုပါဠိတော်
အလုံးစုံသော ဘဝတို့၌ ရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်ပါသလော။
3,830
Uncategorized
ကထာဝတ္ထုပါဠိတော်
။ အလုံးစုံသောဘဝတို့၌ ရဟန္တာအား ဆုတ်ယုတ် (လျောကျ) မှု (ရှိနိုင်ပါသလော။
3,831
Uncategorized
ကထာဝတ္ထုပါဠိတော်
) ပရဝါဒီ။
3,832
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်ပါသလော။
3,833
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာသည် ရဟန္တာအဖြစ်မှ အခါခပ်သိမ်း ဆုတ်ယုတ် (လျောကျ) နိုင်ပါသလော။
3,834
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရဟန္တာသည် ရဟန္တာအဖြစ်မှ အခါခပ်သိမ်း ဆုတ်ယုတ် (လျောကျ) နိုင်ပါသလော။
3,835
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရဟန္တာအား ဆုတ်ယုတ် (လျောကျ) မှု အခါခပ်သိမ်း ရှိနိုင်ပါသလော။
3,836
Uncategorized
ကထာဝတ္ထုပါဠိတော်
အလုံးစုံသော ရဟန္တာတို့သည်ပင် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်ပါကုန်သလော။
3,837
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် ဆုတ်ယုတ် (လျောကျ) နိုင်ပါကုန်၏။
3,838
Uncategorized
ကထာဝတ္ထုပါဠိတော်
အလုံးစုံသော ရဟန္တာတို့အားသာလျှင် ဆုတ်ယုတ် လျောကျမှု (ရှိနိုင်ပါသလော)။
3,839
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) လတ်သော် ဖိုလ်လေးပါးတို့မှဆုတ်ယုတ် (လျောကျ) နိုင်ပါသလော။
3,840
Uncategorized
ကထာဝတ္ထုပါဠိတော်
သူဌေးသည် ဥစ္စာလေးသိန်းတို့ဖြင့် သူဌေးအဖြစ်ကို ပြုစေသည် ဖြစ်၍ ဥစ္စာတစ်သိန်းဆုတ်ယုတ်လတ်သော် သူဌေးအဖြစ်မှ ဆုတ်ယုတ် (လျောကျ) သူ ဖြစ်ပါသလော။
3,841
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် ဆုတ်ယုတ် (လျောကျ) သူ ဖြစ်ပါ၏။
3,842
Uncategorized
ကထာဝတ္ထုပါဠိတော်
။ အလုံးစုံသော စည်းစိမ်ဥစ္စာမှ ဆုတ်ယုတ် (လျောကျ) သူ ဖြစ်ပါသလော။
3,843
Uncategorized
ကထာဝတ္ထုပါဠိတော်
သူဌေးသည် ဥစ္စာလေးသိန်းတို့ဖြင့် သူဌေးအဖြစ်ကို ပြုစေသည် ဖြစ်၍ ဥစ္စာတစ်သိန်းဆုတ်ယုတ်လတ်သော် အလုံးစုံသော စည်းစိမ်ဥစ္စာမှ ဆုတ်ယုတ် (လျောကျ)ခြင်းငှါ ထိုက်ပါသလော။
3,844
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် ထိုက်ပါ၏။
3,845
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၄ သကဝါဒီ။
3,846
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) လတ်သော် ဖိုလ်လေးပါးတို့မှဆုတ်ယုတ် (လျောကျ)ခြင်းငှါ ထိုက်ပါသလော။
3,847
Uncategorized
ကထာဝတ္ထုပါဠိတော်
၁။ ပရိဟာနိကထာကို ဟောရခြင်းအကြောင်း- ဒွေမေ ဘိက္ခဝေ ဓမ္မာ သေက္ခဿ ဘိက္ခုနော ပရိဟာနာယ သံဝတ္တန္တိ ပဉ္စိမေ ဘိက္ခဝေ ဓမ္မာသမယဝိမုတ္တဿ ဘိက္ခုနော ပရိဟာနာယ သံဝတ္တန္တိ ဤသို့ အစရှိသော သုတ်တို့ကို အမှီပြု၍ သမ္မိတိယဂိုဏ်းဝဇ္ဇိပုတ္တကဂိုဏ်း သဗ္ဗတ္ထိဝါဒီ ဂိုဏ်း အချို့သော မဟာသံဃိကဂိုဏ်းဟူသော ပရဝါဒီဆရာတို့သည် သကဒါဂါမ် အနာဂါမ်ပုဂ္ဂိုလ်တို့...
3,848
Uncategorized
ကထာဝတ္ထုပါဠိတော်
၂။ အရဟတ္တဖိုလ်မှ အစဉ်အတိုင်း ဆုတ်ယုတ်လျောကျခဲ့၍ သောတာပတ္တိဖိုလ်၌ တည်လတ်သော် မဆုတ်ယုတ် မလျောကျတော့ပေ၊ အထက်ဖိုလ်သုံးပါးတို့၌ တည်နေသူအားသာ ဆုတ်ယုတ်လျောကျသည်၊ ရူပဘဝ အရူပဘဝတို့၌ တည်နေသော ရဟန္တာအား အရဟတ္တဖိုလ်မှ မဆုတ်ယုတ် မလျောကျနိုင်၊ ကမ္မာရာမတာအစရှိသော ဆုတ်ယုတ်ကြောင်းတရားရှိသည့် ကာမဘဝ၌ တည်နေသော ရဟန္တာအားသာ ဆုတ်ယုတ်လျောကျနိ...
3,849
Uncategorized
ကထာဝတ္ထုပါဠိတော်
၃။ ကာမဘဝအားလုံး၌ ဆုတ်ယုတ်လျောကျကြောင်း ကာမဂုဏ်တို့ရှိသောကြောင့် ကာမဘဝအားလုံးကို ရည်ရွယ်၍ ပရဝါဒီက ဝန်ခံသည်။
3,850
Uncategorized
ကထာဝတ္ထုပါဠိတော်
၄။ ဆုတ်ယုတ်လျောကျကြောင်း တရားတို့ကို မေးသည် ဖြစ်ရကား ကမ္မာရာမတာအစရှိသော တရားတို့နှင့် အထူးအားဖြင့် ကာမရာဂ ဗျာပါဒတရားတို့သာ ဆုတ်ယုတ်လျောကျကြောင်း ဖြစ်သည်၊ ထိုတရားတို့ကား ရူပဘဝ အရူပဘဝတို့၌ မရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,851
Uncategorized
ကထာဝတ္ထုပါဠိတော်
၅။ အသင့်အတင့်အားဖြင့် နှလုံးသွင်းသော အခါ၌ မဆုတ်ယုတ် မလျောကျနိုင်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,852
Uncategorized
ကထာဝတ္ထုပါဠိတော်
မသင့်မတင့်သောအားဖြင့် နှလုံးသွင်းသောပုဂ္ဂိုလ်အား ညဉ့်အဖို့၌ ဖြစ်စေ၊ နေ့အဖို့၌ ဖြစ်စေ အခါခပ်သိမ်း ဆုတ်ယုတ် လျောကျနိုင်သောကြောင့် ပရဝါဒီက ဝန်ခံပြန်သည်။
3,853
Uncategorized
ကထာဝတ္ထုပါဠိတော်
၇။ ဆုတ်ယုတ်လျောကျခြင်းကို ပြုတတ်သော တရားအပေါင်း ရှိလတ်သော် တစ်ခဏမျှ ဆုတ်ယုတ်လျောကျသည် မည်၏၊ ထိုသို့ ဆုတ်ယုတ်လျောကျသည်မှ ရှေးအဖို့၌ မဆုတ်ယုတ့်မလျောကျမူ၍ နောက်မှ ဆုတ်ယုတ်လျောကျသူအား အခါခပ်သိမ်း ဆုတ်ယုတ်လျောကျမှု မရှိနိုင်ရကား ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,854
Uncategorized
ကထာဝတ္ထုပါဠိတော်
၈။ တိက္ခိန္ဒြိယရဟန္တာတို့ကို ရည်ရွယ်လျက် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,855
Uncategorized
ကထာဝတ္ထုပါဠိတော်
၉။ မုဒိန္ဒြိယရဟန္တာတို့ကို ရည်ရွယ်၍ ပရဝါဒီက ဝန်ခံပြန်သည်။
3,856
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၀။ တိက္ခိန္ဒြိယရဟန္တာအားလုံးတို့အား ဆုတ်ယုတ်လျောကျမှု မရှိနိုင်ဟု နှလုံးသွင်း၍ ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,857
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၁။ ဖိုလ်လေးပါးလုံးတို့မှ လျောကျမှုကို အလိုမရှိ၊ အထက်ဖိုလ်သုံးပါးတို့မှ လျောကျမှုကိုသာ အလိုရှိရကား ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,858
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၂။ တစ်စိတ်တစ်ဒေသအားဖြင့် ဆုတ်ယုတ်လျောကျသည်ကို ရည်ရွယ်၍ သကဝါဒီက ဝန်ခံသည်။
3,859
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၃။ အလုံးစုံသော စည်းစိမ်ဥစ္စာတို့မှမူ မလျောကျသောကြောင့် သကဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
3,860
Uncategorized
ကထာဝတ္ထုပါဠိတော်
ဤဥပမာအတူပင် ရဟန္တာအား ဖိုလ်လေးပါးလုံးတို့မှ လျောကျခြင်း မဟုတ်ဘဲ အထက်ဖိုလ်သုံးပါးတို့ လျောကျခြင်းသာ ဖြစ်၏ဟု ပရဝါဒီက ဆိုလိုသည်။
3,861
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၄။ အမြဲနိယာမအားဖြင့် စည်းစိမ်ဥစ္စာအားလုံးတို့မှ ဆုတ်ယုတ်လျောကျထိုက်သည်ကို မမြင်သောကြောင့် ပရဝါဒီက ဝန်ခံသည်။
3,862
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၅။ နိယတော သမ္ဗောဓိပရာယဏောဟူသောစကား၏ အနက်ကို မသင့်လျော်သောအားဖြင့် ယူ၍ မိမိအယူဝါဒ၌ တည်၍ သောတာပတ္တိဖိုလ်မှ ဆုတ်ယုတ်လျောကျခြင်းငှါ မထိုက်သည်ကို ရည်ရွယ်လျက် ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။
3,863
Uncategorized
ကထာဝတ္ထုပါဠိတော်
-- ၂-အရိယပုဂ္ဂလသံသန္ဒနပရိဟာနိ၁
3,864
Uncategorized
ကထာဝတ္ထုပါဠိတော်
၂၄၀။ သကဝါဒီ။
3,865
Uncategorized
ကထာဝတ္ထုပါဠိတော်
သောတာပန်သည် သောတာပတ္တိဖိုလ်မှ ဆုတ်ယုတ် (လျောကျ) နိုင်ပါသလော။
3,866
Uncategorized
ကထာဝတ္ထုပါဠိတော်
သကဒါဂါမ်သည် သကဒါဂါမိဖိုလ်မှ ဆုတ်ယုတ် (လျောကျ) နိုင်ပါသလော။
3,867
Uncategorized
ကထာဝတ္ထုပါဠိတော်
အနာဂါမ်သည် အနာဂါမိဖိုလ်မှ ဆုတ်ယုတ် (လျောကျ) နိုင်ပါသလော။
3,868
Uncategorized
ကထာဝတ္ထုပါဠိတော်
သောတာပန်သည် သောတာပတ္တိဖိုလ်မှ မဆုတ်ယုတ် (မလျောကျ) နိုင်ပါသလော။
3,869
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် မဆုတ်ယုတ် (မလျောကျ) နိုင်ပါ။
3,870
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရဟန္တာသည် ရဟန္တာအဖြစ်မှ မဆုတ်ယုတ် (မလျောကျ) နိုင်ပါသလော။
3,871
Uncategorized
ကထာဝတ္ထုပါဠိတော်
သကဒါဂါမ်သည် သကဒါဂါမိဖိုလ်မှ မဆုတ်ယုတ် (မလျောကျ) နိုင်ပါသလော။
3,872
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာသည် ရဟန္တာအဖြစ်မှ မဆုတ်ယုတ် (မလျောကျ) နိုင်ပါသလော။
3,873
Uncategorized
ကထာဝတ္ထုပါဠိတော်
အနာဂါမ်သည် အနာဂါမိဖိုလ်မှ မဆုတ်ယုတ် (မလျောကျ) နိုင်ပါသလော။
3,874
Uncategorized
ကထာဝတ္ထုပါဠိတော်
၂၄၁။ သကဝါဒီ။
3,875
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) လတ်သော် အဘယ်၌ တည်ပါသနည်း။
3,876
Uncategorized
ကထာဝတ္ထုပါဠိတော်
အနာဂါမိဖိုလ်၌ တည်ပါ၏။
3,877
Uncategorized
ကထာဝတ္ထုပါဠိတော်
အနာဂါမ်သည် အနာဂါမိဖိုလ်မှ ဆုတ်ယုတ် (လျောကျ) လတ်သော် အဘယ်၌ တည်ပါသနည်း။
3,878
Uncategorized
ကထာဝတ္ထုပါဠိတော်
သကဒါဂါမိဖိုလ်၌ တည်ပါ၏။
3,879
Uncategorized
ကထာဝတ္ထုပါဠိတော်
။ သကဒါဂါမ်သည် သကဒါဂါမိဖိုလ်မှ ဆုတ်ယုတ် (လျောကျ) လတ်သော် အဘယ်၌့တည်ပါသနည်း။
3,880
Uncategorized
ကထာဝတ္ထုပါဠိတော်
သောတာပတ္တိဖိုလ်၌ တည်ပါ၏။
3,881
Uncategorized
ကထာဝတ္ထုပါဠိတော်
သောတာပန်သည် သောတာပတ္တိဖိုလ်မှ ဆုတ်ယုတ် (လျောကျ) လတ်သော် ပုထုဇဉ် ဘုံ၌တည်ပါသလော။
3,882
Uncategorized
ကထာဝတ္ထုပါဠိတော်
ဖိနှိပ်ထိုက်သော အပြစ်ကို ဝန်ခံလော့-ဖိနှိပ်ပုံ
3,883
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်ပရဝါဒီ ရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) လတ်သော် အနာဂါမိဖိုလ်၌တည်ခဲ့ပါမူ အနာဂါမ်သည် အနာဂါမိဖိုလ်မှ ဆုတ်ယုတ် (လျောကျ) လတ်သော် သကဒါဂါမိဖိုလ်၌တည်ခဲ့ပါမူ သကဒါဂါမ်သည် သကဒါဂါမိဖိုလ်မှ ဆုတ်ယုတ် (လျောကျ) လတ်သော် သောတာပတ္တိဖိုလ်၌တည်ခဲ့ပါမူ ထိုအကြောင်းကြောင့် သောတာပန်သည် သောတာပတ္တိဖိုလ်မှ ဆုတ်ယုတ် (လျောကျ) လတ်သော် ပ...
3,884
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) လတ်သော် သောတာပတ္တိ ဖိုလ်၌တည်ပါသလော။
3,885
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် တည်ပါ၏။
3,886
Uncategorized
ကထာဝတ္ထုပါဠိတော်
သောတာပတ္တိဖိုလ်၏ အခြားမဲ့၌ အရဟတ္တဖိုလ်ကို ပင် မျက်မှောက်ပြုပါသလော။
3,887
Uncategorized
ကထာဝတ္ထုပါဠိတော်
၂ ပရဝါဒီ။
3,888
Uncategorized
ကထာဝတ္ထုပါဠိတော်
၂၄၂။ သကဝါဒီ။
3,889
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာသည်လည်းကောင်း၊ သောတာပန်သည်လည်းကောင်း အဘယ်ပုဂ္ဂိုလ်သည်အလွန် များပြားသော ကိလေသာတို့ကို ပယ်ရှားအပ်ပါကုန်သနည်း။
3,890
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာသည် အလွန်များသော ကိလေသာတို့ကို ပယ်ရှားအပ်ပါကုန်၏။
3,891
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်ပရဝါဒီ ရဟန္တာသည် အလွန်များပြားသော ကိလေသာတို့ကို ပယ်ရှားအပ်ပါကုန်လျက် ရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်ပါမူ ထိုအကြောင်းကြောင့်သောတာပန်သည် သောတာပတ္တိဖိုလ်မှ ဆုတ်ယုတ် (လျောကျ) နိုင်၏ဟု ဆိုသင့်၏။
3,892
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာသည်လည်းကောင်း၊ သကဒါဂါမ်သည်လည်းကောင်း အဘယ်ပုဂ္ဂိုလ်သည်အလွန်များပြားသော ကိလေသာတို့ကို ပယ်ရှားအပ်ပါကုန်သနည်း။
3,893
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာသည် အလွန်များပြားသော ကိလေသာတို့ကို ပယ်ရှားအပ်ပါကုန်၏။
3,894
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်ပရဝါဒီ ရဟန္တာသည် အလွန်များပြားသော ကိလေသာတို့ကို ပယ်ရှားအပ်ပါကုန်လျက် ရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်ခဲ့ပါလျှင် ထိုအကြောင်းကြောင့်သကဒါဂါမ်သည် သကဒါဂါမိဖိုလ်မှ ဆုတ်ယုတ် (လျောကျ) နိုင်၏ဟူ၍ ဆိုသင့်၏။
3,895
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာသည်လည်းကောင်း၊ အနာဂါမ်သည်လည်းကောင်း အဘယ်ပုဂ္ဂိုလ်သည်အလွန်များပြားသော ကိလေသာတို့ကို ပယ်ရှားအပ်ပါကုန်သနည်း။
3,896
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်ပရဝါဒီ ရဟန္တာသည် အလွန်များပြားသော ကိလေသာတို့ကို ပယ်ရှားအပ်ပါကုန်လျက် ရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) ခဲ့ပါမူ ထိုအကြောင်းကြောင့် အနာဂါမ်သည် အနာဂါမိဖိုလ်မှ ဆုတ်ယုတ် (လျောကျ) နိုင်၏ဟူ၍ ဆိုသင့်၏။
3,897
Uncategorized
ကထာဝတ္ထုပါဠိတော်
အနာဂါမ်သည်လည်းကောင်း၊ သောတာပန်သည်လည်းကောင်း အဘယ်ပုဂ္ဂိုလ်သည်အလွန် များပြားသော ကိလေသာတို့ကို ပယ်ရှားအပ်ပါကုန်သနည်း။
3,898
Uncategorized
ကထာဝတ္ထုပါဠိတော်
အနာဂါမ်သည် အလွန်များပြားသော ကိလေသာတို့ကို ပယ်ရှားအပ်ပါကုန်၏။
3,899
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်ပရဝါဒီ အနာဂါမ်သည် အလွန်များသော ကိလေသာတို့ကို ပယ်ရှားအပ်ပါကုန်လျက် အနာဂါမ်သည် အနာဂါမိဖိုလ်မှ ဆုတ်ယုတ် (လျောကျ) နိုင်ခဲ့ပါမူ ထိုအကြောင်းကြောင့် သောတာပန်သည် သောတာပတ္တိဖိုလ်မှ ဆုတ်ယုတ် (လျောကျ) နိုင်၏ဟူ၍ ဆိုသင့်၏။
3,900
Uncategorized
ကထာဝတ္ထုပါဠိတော်
၂၄၃။ သကဝါဒီ။