id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
4,101 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၆၁။ သကဝါဒီ။ |
4,102 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာသည် တပ်စွန်းမှု'ရာဂ'ကင်းပြီးသူ, ပြစ်မှားမှု'ဒေါသ'ကင်းပြီးသူ, တွေဝေမှု'မောဟ’ ကင်းပြီးသူ, ပြုဖွယ်ကိစ္စကို ပြုပြီးသူ, ခန္ဓာဝန်ကို ချပြီးသူ, မိမိအကျိုးစီးပွားကို ရပြီးသူ, ဘဝသံယောဇဉ် ကုန်ပြီးသူ, ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသူ, (အဝိဇ္ဇာ) တံခါးကျည်ကို ပစ်လွှတ်ပြီးသူ, (ကံသင်္ခါရ) ကျုံးမြောင်းကို ဖျက်ဆီးပြီးသူ, (တဏှာ) တံခ... |
4,103 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ ရဟန္တာသည် တပ်စွန်းမှု'ရာဂ’ ကင်းပြီးသူ, ပြစ်မှားမှု'ဒေါသ’ ကင်းပြီးသူ,တွေဝေမှု'မောဟ’ ကင်းပြီးသူ ဖြစ်ခဲ့မူ။ |
4,104 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ (ထိုရဟန္တာသည်) မျက်မှောက်ပြုထိုက်သော တရားကိုမျက်မှောက်ပြုပြီးသူ ဖြစ်ခဲ့ပါမူ ရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်၏ဟူ၍မဆိုသင့်။ |
4,105 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၆၂။ သကဝါဒီ။ |
4,106 | Uncategorized | ကထာဝတ္ထုပါဠိတော် | သမယဝိမုတ္တရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်ပါ၏၊ အသမယဝိမုတ္တရဟန္တာသည် ရဟန္တာအဖြစ်မှ မဆုတ်ယုတ် (မလျောကျ) နိုင်ပါ။ |
4,107 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ သမယဝိမုတ္တရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်ပါသလော။ |
4,108 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အသမယဝိမုတ္တရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်ပါသလော။ |
4,109 | Uncategorized | ကထာဝတ္ထုပါဠိတော် | အသမယဝိမုတ္တရဟန္တာသည် ရဟန္တာအဖြစ်မှ မဆုတ်ယုတ် (မလျောကျ) နိုင်ပါသလော။ |
4,110 | Uncategorized | ကထာဝတ္ထုပါဠိတော် | သမယဝိမုတ္တရဟန္တာသည် ရဟန္တာအဖြစ်မှ မဆုတ်ယုတ် (မလျောကျ) နိုင်ပါသလော။ |
4,111 | Uncategorized | ကထာဝတ္ထုပါဠိတော် | သမယဝိမုတ္တရဟန္တာသည် တပ်စွန်းမှု'ရာဂ'ကို ပယ်ရှားအပ်ပြီးဖြစ်လျက် သမယဝိမုတ္တရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်ပါသလော။ |
4,112 | Uncategorized | ကထာဝတ္ထုပါဠိတော် | အသမယဝိမုတ္တရဟန္တာသည် တပ်စွန်းမှု ‘ရာဂ'ကို ပယ်ရှားအပ်ပြီးဖြစ်လျက် အသမယဝိမုတ္တရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်ပါသလော။ |
4,113 | Uncategorized | ကထာဝတ္ထုပါဠိတော် | သမယဝိမုတ္တရဟန္တာသည် ပြစ်မှားမှု'ဒေါသ'ကို ပယ်ရှားအပ်ပြီးဖြစ်လျက်။ |
4,114 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ မကြောက်လန့်မှု ‘အနောတ္တပ္ပ'ကို ပယ်ရှားအပ်ပြီးဖြစ်လျက် သမယဝိမုတ္တရဟန္တာသည် ရဟန္တာအဖြစ်မှဆုတ်ယုတ် (လျောကျ) နိုင်ပါသလော။ |
4,115 | Uncategorized | ကထာဝတ္ထုပါဠိတော် | အသမယဝိမုတ္တရဟန္တာသည် မကြောက်လန့်မှု'ရာဂ'ကို ပယ်ရှားအပ်ပြီးဖြစ်လျက်အသမယဝိမုတ္တရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်ပါသလော။ |
4,116 | Uncategorized | ကထာဝတ္ထုပါဠိတော် | သမယဝိမုတ္တရဟန္တာသည် တပ်စွန်းမှု'ရာဂ'ကို ပယ်ရှားရန် မဂ်ကို ပွားများအပ်ပြီးဖြစ်လျက် သမယဝိမုတ္တရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်ပါသလော။ |
4,117 | Uncategorized | ကထာဝတ္ထုပါဠိတော် | အသမယဝိမုတ္တရဟန္တာသည် တပ်စွန်းမှု'ရာဂ'ကို ပယ်ရှားရန် မဂ်ကို ပွားများအပ်ပြီးဖြစ်လျက် အသမယဝိမုတ္တရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်ပါသလော။ |
4,118 | Uncategorized | ကထာဝတ္ထုပါဠိတော် | သမယဝိမုတ္တရဟန္တာသည် တပ်စွန်းမှု'ရာဂ'ကို ပယ်ရှားရန် သတိပဋ္ဌာန်တို့ကိုပွားများအပ်ပြီးဖြစ်လျက်။ |
4,119 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ သမ္မပ္ပဓာန်တို့ကို ပွားများအပ်ပြီးဖြစ်လျက်။ |
4,120 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဣဒ္ဓိပါဒ်တို့ကို ပွားများအပ်ပြီးဖြစ်လျက်။ |
4,121 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဣန္ဒြေတို့ကို ပွားများအပ်ပြီးဖြစ်လျက်။ |
4,122 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဗိုလ်တို့ကို ပွားများအပ်ပြီးဖြစ်လျက်။ |
4,123 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဗောဇ္ဈင်တို့ကို ပွားများအပ်ပြီးဖြစ်လျက် သမယဝိမုတ္တရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်ပါသလော။ |
4,124 | Uncategorized | ကထာဝတ္ထုပါဠိတော် | အသမယဝိမုတ္တရဟန္တာသည် တပ်စွန်းမှု'ရာဂ'ကို ပယ်ရှားရန် သတိပဋ္ဌာန်တို့ကိုပွားများအပ် ပြီးဖြစ်လျက်။ |
4,125 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ဗောဇ္ဈင်တို့ကို ပွားများအပ်ပြီးဖြစ်လျက် အသမယဝိမုတ္တရဟန္တာသည်ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်ပါသလော။ |
4,126 | Uncategorized | ကထာဝတ္ထုပါဠိတော် | သမယဝိမုတ္တရဟန္တာသည် ပြစ်မှားမှု'ဒေါသ'ကို ပယ်ရှားရန်။ |
4,127 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ မကြောက်လန့်မှု'အနောတ္တပ္ပ'ကို ပယ်ရှားရန် မဂ်ကို ပွားများအပ်ပြီးဖြစ်လျက်။ |
4,128 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ဗောဇ္ဈင်တို့ကို ပွားများအပ်ပြီးဖြစ်လျက် သမယဝိမုတ္တရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်ပါသလော။ |
4,129 | Uncategorized | ကထာဝတ္ထုပါဠိတော် | အသမယဝိမုတ္တရဟန္တာသည် မကြောက်လန့်မှု'အနောတ္တပ္ပ'ကို ပယ်ရှားရန် မဂ်ကိုပွားများအပ်ပြီးဖြစ်လျက်။ |
4,130 | Uncategorized | ကထာဝတ္ထုပါဠိတော် | သမယဝိမုတ္တရဟန္တာသည် တပ်စွန်းမှု'ရာဂ'ကင်းပြီးသူ, ပြစ်မှားမှု'ဒေါသ’ ကင်းပြီး သူ,့တွေဝေမှု'မောဟ'ကင်းပြီးသူ, ပြုဖွယ်ကိစ္စကို ပြုပြီးသူ, ခန္ဓာဝန်ကို ချပြီးသူ, မိမိအကျိုးစီးပွားကိုရပြီးသူ, ဘဝသံယောဇဉ် ကုန်ပြီးသူ, ကောင်း စွာ သိ၍ လွတ်မြောက်ပြီးသူ, (အဝိဇ္ဇာ) တံခါးကျည်ကိုပစ်လွှတ်ပြီးသူ, (ကံသင်္ခါရ) ကျုံးမြောင်းကို ဖျက်ဆီးပြီးသူ, ... |
4,131 | Uncategorized | ကထာဝတ္ထုပါဠိတော် | အသမယဝိမုတ္တရဟန္တာသည် တပ်စွန်းမှု'ရာဂ'ကင်းပြီးသူ, ပြစ်မှားမှု'ဒေါသ'ကင်းပြီး သူ,တွေဝေမှု ‘မောဟ'ကင်းပြီးသူ။ |
4,132 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ မျက်မှောက်ပြုထိုက်သော တရားကို မျက်မှောက်ပြုအပ်ပြီးသည်ဖြစ်လျက် အသမယဝိမုတ္တရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်ပါသလော။ |
4,133 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၆၃။ သကဝါဒီ။ |
4,134 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အသမယဝိမုတ္တရဟန္တာသည် တပ်စွန်းမှု ‘ရာဂ'ကို ပယ်ရှားအပ်ပြီးဖြစ်၍အသမယဝိမုတ္တရဟန္တာသည် ရဟန္တာအဖြစ်မှ မဆုတ်ယုတ် (မလျောကျ) နိုင်ပါသလော။ |
4,135 | Uncategorized | ကထာဝတ္ထုပါဠိတော် | သမယဝိမုတ္တရဟန္တာသည် တပ်စွန်းမှု'ရာဂ'ကို ပယ်ရှားအပ်ပြီးဖြစ်၍ သမယဝိမုတ္တရဟန္တာသည် ရဟန္တာအဖြစ်မှ မဆုတ်ယုတ် (မလျောကျ) နိုင်ပါသလော။ |
4,136 | Uncategorized | ကထာဝတ္ထုပါဠိတော် | အသမယဝိမုတ္တရဟန္တာသည် ပြစ်မှားမှု'ဒေါသ'ကို ပယ်ရှားအပ်ပြီးဖြစ်၍ သမယဝိမုတ္တရဟန္တာသည် ရဟန္တာအဖြစ်မှ မဆုတ်ယုတ် (မလျောကျ) နိုင်ပါသလော။ |
4,137 | Uncategorized | ကထာဝတ္ထုပါဠိတော် | သမယဝိမုတ္တရဟန္တာသည် မကြောက်လန့်မှု'အနောတ္တပ္ပ'ကို ပယ်ရှားအပ်ပြီးဖြစ်၍သမယဝိမုတ္တရဟန္တာသည် ရဟန္တာအဖြစ်မှ မဆုတ်ယုတ် (မလျောကျ) နိုင်ပါသလော။ |
4,138 | Uncategorized | ကထာဝတ္ထုပါဠိတော် | အသမယဝိမုတ္တရဟန္တာသည် တပ်စွန်းမှု'ရာဂ'ကို ပယ်ရှားရန် မဂ်ကို ပွားများအပ်ပြီးဖြစ်၍။ |
4,139 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ဗောဇ္ဈင်တို့ကို ပွားများအပ်ပြီဖြစ်၍ အသမယဝိမုတ္တရဟန္တာသည် ရဟန္တာအဖြစ်မှမဆုတ် ယုတ် (မလျောကျ) နိုင်ပါသလော။ |
4,140 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ သမယဝိမုတ္တရဟန္တာသည် တပ်စွန်းမှု'ရာဂ'ကို ပယ်ရှားရန် မဂ်ကို ပွားများအပ်ပြီးဖြစ်၍။ |
4,141 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ဗောဇ္ဈင်တို့ကို ပွားများအပ်ပြီဖြစ်၍ သမယဝိမုတ္တရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်ပါသလော။ |
4,142 | Uncategorized | ကထာဝတ္ထုပါဠိတော် | အသမယဝိမုတ္တရဟန္တာသည် ပြစ်မှားမှု'ဒေါသ'ကို ပယ်ရှားရန်။ |
4,143 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ မကြောက်လန့်မှု ‘အနောတ္တပ္ပ'ကို ပယ်ရှားရန် မဂ်ကို ပွါးများအပ်ပြီးဖြစ်၍။ |
4,144 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ဗောဇ္ဈင်တို့ကို ပွားများအပ်ပြီးဖြစ်၍ အသမယဝိမုတ္တရဟန္တာသည် ရဟန္တာအဖြစ်မှ မဆုတ်ယုတ် (မလျောကျ) နိုင်ပါသလော။ |
4,145 | Uncategorized | ကထာဝတ္ထုပါဠိတော် | သမယဝိမုတ္တရဟန္တာသည် မကြောက်လန့်မှု'အနောတ္တပ္ပ'ကို ပယ်ရှားရန် မဂ်ကိုပွါးများအပ်ပြီးဖြစ်၍။ |
4,146 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ဗောဇ္ဈင်တို့ကို ပွါးများအပ်ပြီးဖြစ်၍ သမယဝိမုတ္တရဟန္တာသည် ရဟန္တာအဖြစ်မှမဆုတ်ယုတ် (မလျောကျ) နိုင်ပါသလော။ |
4,147 | Uncategorized | ကထာဝတ္ထုပါဠိတော် | အသမယဝိမုတ္တရဟန္တာသည် တပ်စွန်းမှု'ရာဂ'ကင်းပြီးသူ, ပြစ်မှားမှု'ဒေါသ’ ကင်းပြီးသူ,တွေဝေမှု ‘မောဟ'ကင်းပြီးသူ။ |
4,148 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ မျက်မှောက်ပြုထိုက်သော တရားကို မျက်မှောက်ပြုအပ်ပြီး သည် ဖြစ်၍အသမယဝိမုတ္တရဟန္တာသည် ရဟန္တာအဖြစ်မှ မဆုတ်ယုတ် (မလျောကျ) နိုင်ပါသလော။ |
4,149 | Uncategorized | ကထာဝတ္ထုပါဠိတော် | အသမယဝိမုတ္တရဟန္တာသည် တပ်စွန်းမှု'ရာဂ'ကင်းပြီးသူ, ပြစ်မှားမှု'ဒေါသ'ကင်း ပြီးသူ,တွေဝေမှု ‘မောဟ'ကင်းပြီးသူ။ |
4,150 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ မျက်မှောက်ပြုထိုက်သော တရားကို မျက်မှောက်ပြုအပ်ပြီးသည် ဖြစ်၍အသမယဝိမုတ္တရဟန္တာသည် ရဟန္တာအဖြစ်မှ မဆုတ်ယုတ် (မလျောကျ) နိုင်ပါသလော။ |
4,151 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၆၄။ သကဝါဒီ။ |
4,152 | Uncategorized | ကထာဝတ္ထုပါဠိတော် | အသျှင်သာရိပုတ္တရာထေရ်သည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) ဖူးပါသလော။ |
4,153 | Uncategorized | ကထာဝတ္ထုပါဠိတော် | အသျှင်မဟာမောဂ္ဂလ္လာန်ထေရ်သည်။ |
4,154 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ အသျှင်မဟာကဿပထေရ်သည်။ |
4,155 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ အသျှင်မဟာကစ္စာယနထေရ်သည်။ |
4,156 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ အသျှင်မဟာကောဋ္ဌိကထေရ်သည်။ |
4,157 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ အသျှင်မဟာပန္ထကထေရ်သည်ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) ဖူးပါသလော။ |
4,158 | Uncategorized | ကထာဝတ္ထုပါဠိတော် | အသျှင်သာရိပုတ္တရာထေရ်သည် ရဟန္တာအဖြစ်မှ မဆုတ်ယုတ် (မလျောကျ) ဖူးပါသလော။ |
4,159 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် မဆုတ်ယုတ် (မလျောကျ) ဖူးပါ။ |
4,160 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ အသျှင်သာရိပုတ္တရာသည် ရဟန္တာအဖြစ်မှ မဆုတ်ယုတ် (မလျောကျ) ဖူးပါမူရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) ၏ဟူ၍ မဆိုသင့်။ |
4,161 | Uncategorized | ကထာဝတ္ထုပါဠိတော် | အသျှင်မဟာကဿပထေရ်သည်။ |
4,162 | Uncategorized | ကထာဝတ္ထုပါဠိတော် | အသျှင်မဟာကစ္စာယနထေရ်သည်။ |
4,163 | Uncategorized | ကထာဝတ္ထုပါဠိတော် | အသျှင်မဟာကောဋ္ဌိကထေရ်သည်။ |
4,164 | Uncategorized | ကထာဝတ္ထုပါဠိတော် | အသျှင်မဟာပန္ထကထေရ်သည် ရဟန္တာအဖြစ်မှမဆုတ်ယုတ် (မလျောကျ) ဖူးပါသလော။ |
4,165 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ အရှင်မဟာပန္ထကထေရ်သည် ရဟန္တာအဖြစ်မှ မဆုတ်ယုတ် (မလျောကျ) ဖူးပါမူ ရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) ၏ဟူ၍ မဆိုသင့်။ |
4,166 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရိယပုဂ္ဂလသံသန္ဒနာ ပြီး၏။ |
4,167 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁။ ဤအရာ၌ အချို့က ရဟန္တာ၏ ဆုတ်ယုတ်လျောကျမှုကိုသာ အလိုရှိကုန်၏၊ အချို့က ရဟန္တာ အနာဂါမ်ပုဂ္ဂိုလ်တို့၏ ဆုတ်ယုတ်လျောကျမှုကို အလိုရှိကုန်၏၊ အချို့က ရဟန္တာ အနာဂါမ် သကဒါဂါမ်ပုဂ္ဂိုလ်တို့၏ ဆုတ်ယုတ်လျောကျခြင်းကို အလိုရှိကုန်၏၊ ဝါဒအားလုံးကပင် သောတာပန်ပုဂ္ဂိုလ်၏ ဆုတ်ယုတ်လျောကျခြင်းကို အလိုမရှိကြကုန်၊ ထိုဝါဒတို့၏ အစွမ်းအားဖြင့် ပုစ... |
4,168 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂။ အရဟတ္တဖိုလ်မှ လျောကျ၍ သောတာပတ္တိဖိုလ်၌ တည်လတ်သော် တစ်ဖန် အားထုတ်ပြန်၍ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုသည်ကို ရည်ရွယ်လျက် မေးသည်။ |
4,169 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃။ သောတာပတ္တိဖိုလ်၏ အခြားမဲ့၌ အရဟတ္တဖိုလ်၏ မရှိခြင်းကို ရည်ရွယ်လျက် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
4,170 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၄။ ဤသို့ ဆုတ်ယုတ်လျောကျခြင်းမည်သည် ကိလေသာပယ်မှု နုံ့နှေးသောကြောင့် ဖြစ်ရာ၏ဟု နှလုံးသွင်း၍ သကဝါဒီက မေးသည်။ |
4,171 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၅။ ဤဆုတ်ယုတ်လျောကျမှုသည် မဂ်ကို ပွါးများခြင်းအစရှိသည်တို့၏ မလွန်ကဲမှုကြောင့် ဖြစ်ရာ၏ဟု နှလုံးသွင်းလျက် သကဝါဒီက မေးသည်။ |
4,172 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၆။ ဤသို့ ဆုတ်ယုတ်လျောကျမှုသည် သစ္စာတို့ကို မမြင်နိုင်သောကြောင့် ဖြစ်ရာ၏ဟု နှလုံးသွင်း၍ သကဝါဒီက မေးသည်။ |
4,173 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၇။ မုဒိန္ဒြေရဟန္တာသည် သမယဝိမုတ္တမည်၏၊ တိက္ခိန္ဒြေရဟန္တာသည် အသမယဝိမုတ္တမည်၏ဟု ပရဝါဒီတို့ အယူရှိကြကုန်၏၊ ထို့ကြောင့် မိမိဝါဒကို ယူလျက် သမယဝိမုတ္တရဟန္တာသည် အရဟတ္တဖိုလ်မှ ဆုတ်ယုတ် (လျောကျ) နိုင်၏၊ အသမယဝိမုတ္တရဟန္တာသည် အရဟတ္တဖိုလ်မှ မဆုတ်ယုတ် မလျောကျဟု ပရဝါဒီက ဖြေဆိုသည်။ |
4,174 | Uncategorized | ကထာဝတ္ထုပါဠိတော် | သကဝါဒီဆရာတို့ကား ဝသီဘော်သို့ မရောက်သေးသော ဈာနလာဘီသည် သမယဝိမုတ္တမည်၏၊ ဝသီဘော်သို့ ရောက်ပြီးသော ဈာနလာဘီတို့နှင့် အရိယာအားလုံးတို့သည် အရိယာဝိမောက္ခ၌ အသမယဝိမုတ္တမည်ကုန်၏ဟု ဆုံးဖြတ်တော်မူကြကုန်၏။ |
4,175 | Uncategorized | ကထာဝတ္ထုပါဠိတော် | -- ၃-သုတ္တသာဓနပရိဟာနိ |
4,176 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၆၅။ သကဝါဒီ။ |
4,177 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်းမြတ်ဖြစ်သော မြတ်စွာဘုရားသည် မြတ်သောအကျင့်, မမြတ်သော အကျင့်တို့ကိုပြအပ်ကုန်၏၊ (နိဗ္ဗာန်) တစ်ဖက်ကမ်းသို့ (မဂ်တစ်ပါးတည်းဖြင့်) နှစ်ကြိမ် မရောက်နိုင်ကုန်၊ ဤ (နိဗ္ဗာန်) တစ်ဖက်ကမ်းသည် (မဂ်) တစ်ကြိမ်ဖြင့်သာ တွေ့ထိအပ်သည် မဟုတ်ဟု မြတ်စွာဘုရားဟောအပ်၏”ဟူသော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
4,178 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့်ပင် ရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်၏ဟူ၍ မဆိုသင့်။ |
4,179 | Uncategorized | ကထာဝတ္ထုပါဠိတော် | မဂ်ဖြင့် ဖြတ်ပြီးသော ကိလေသာကို (တစ်ဖန်) ဖြတ်ခြင်းသည် ရှိပါသေးသလော။ |
4,180 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ မဂ်ဖြင့် ဖြတ်ပြီးသော ကိလေသာကို (တစ်ဖန်) ဖြတ်ခြင်းသည် ရှိပါသေးသလော။ |
4,181 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ “အကြင်ပုဂ္ဂိုလ်အား ပြုဖွယ်ကိစ္စသည် မရှိ၊ (ထိုပုဂ္ဂိုလ်သည်) တပ်မက်မှု ‘ရာဂ'ကင်းသူစွဲလမ်းမှု မရှိသူ (ဖြစ်၏)၊ မဂ်ဖြင့် ဖြတ်ပြီးသော ကိလေသာကို တစ်ဖန် ဖြတ်ခြင်းသည် မရှိ၊ ကိလေသာရေအလျဉ် ကိလေသာ ကျော့ကွင်းကို ပယ်အပ်ပြီဟု မြတ်စွာဘုရား ဟောအပ်၏”ဟူသောသုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
4,182 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့်ပင် မဂ်ဖြင့် ဖြတ်ပြီးသော ကိလေသာကို တစ်ဖန် ဖြတ်ခြင်းသည် ရှိ၏ဟူ၍မဆိုသင့်။ |
4,183 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၆၆။ သကဝါဒီ။ |
4,184 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပြုအပ် (ပွါးများအပ်) ပြီးသော မဂ်ကို တစ်ဖန် ဆည်းပူးခြင်းသည် ရှိပါသလော။ |
4,185 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ပြုအပ် (ပွါးများအပ်) ပြီးသော မဂ်ကို တစ်ဖန်ဆည်းပူးခြင်းသည် ရှိပါသလော။ |
4,186 | Uncategorized | ကထာဝတ္ထုပါဠိတော် | “ကောင်းစွာ (ကိလေသာတို့မှ) လွတ်သည်ဖြစ်၍ ငြိမ်သက်သော စိတ်ရှိ သောထိုရဟန္တာပုဂ္ဂိုလ်အား ပြုပြီးသောကိစ္စကို တစ်ဖန်ပွားစေခြင်း မရှိ၊ ပြုဖွယ် ကိစ္စလည်း မရှိ။ |
4,187 | Uncategorized | ကထာဝတ္ထုပါဠိတော် | တစ်ခဲနက်သော ကျောက်တောင်သည် ပြင်းထန်စွာတိုက်ခတ်သော လေကြောင့်မတုန်လှုပ် (မရွေ့လျား) သကဲ့သို့ ၊ ဤအတူ အဆင်း'ရူပါရုံ', အရသာ'ရသာရုံ', အသံ ‘သဒ္ဒါရုံ',အနံ့'ဂန္ဓာရုံ', အတွေ့'ဖောဋ္ဌဗ္ဗာရုံတို့သည်လည်းကောင်း၊ အားလုံး သော-ကောင်းသော အာရုံတို့သည်လည်းကောင်း၊ မကောင်းသော အာရုံတို့သည်လည်းကောင်းသည်းခံခြင်းဂုဏ်နှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂ... |
4,188 | Uncategorized | ကထာဝတ္ထုပါဠိတော် | (ရဟန္တာပုဂ္ဂိုလ် သည်) ထိုစိတ်၏ ဖြစ်ခြင်း ပျက်ခြင်းကို ရှု၏”ဟူ၍မြတ်စွာဘုရား ဟောအပ်၏ဟူသော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
4,189 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့်ပင် “ပြုအပ်ပြီးသောမဂ်ကို တစ်ဖန် ဆည်းပူးခြင်းသည် ရှိ၏”ဟု မဆိုသင့်။ |
4,190 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၆၇။ ပရဝါဒီ။ |
4,191 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်၏ဟူ၍ မဆိုသင့်ပါသလော။ |
4,192 | Uncategorized | ကထာဝတ္ထုပါဠိတော် | “ရဟန်းတို့ ဤတရားငါးပါးတို့သည် သမယဝိမုတ္တရဟန်းအား ဆုတ်ယုတ်ခြင်းငှါ ဖြစ်ကုန်၏၊ အဘယ် (တရား) ငါးပါးတို့နည်းဟူမူ- အလုပ် (အမှု) ကိစ္စ၌ မွေ့လျော်ခြင်း၊ စကားပြောဆိုမှု၌မွေ့လျော်ခြင်း၊ အိပ်မှု၌ မွေ့လျော်ခြင်း၊ အပေါင်းအသင်း၌ မွေ့လျော်ခြင်း၊ လွတ်မြောက်ပြီးတိုင်းသောစိတ်ကို မဆင်ခြင်ခြင်းတို့တည်း။ |
4,193 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်းတို့ ဤတရားငါးပါးတို့သည် သမယဝိမုတ္တရဟန်းအားဆုတ်ယုတ်ခြင်းငှါ ဖြစ်ကုန်၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်၏ဟူသော သုတ္တန် (ပါဠိ) ရှိသည်သာမဟုတ်ပါလော။ |
4,194 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ထို့ကြောင့်ပင် ရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်၏။ |
4,195 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာအား အလုပ်ကိစ္စ၌ မွေ့လျော်ခြင်းသည် ရှိပါသလော။ |
4,196 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ရဟန္တာအား အလုပ်ကိစ္စ၌ မွေ့လျော်ခြင်းသည် ရှိပါသလော။ |
4,197 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ရဟန္တာအား ရာဂသည်၊ ကာမရာဂသည်၊ ကာမရာဂသောင်းကျန်းခြင်းသည်၊ ကာမရာဂသံယောဇဉ်သည်၊ ကာမောဃသည်၊ ကာမယောဂသည်၊ ကာမစ္ဆန္ဒနီဝရဏသည် ရှိပါသေးသလော။ |
4,198 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာအား ပြောဆိုမှု၌ မွေ့လျော်ခြင်းသည် ရှိပါသလော။ |
4,199 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာအား အိပ်မှု၌မွေ့လျော်ခြင်းသည် ရှိပါသလော။ |
4,200 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာအား အပေါင်းအသင်း၌ မွေ့လျော်ခြင်းသည် ရှိပါသလော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.