id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
4,301 | Uncategorized | ကထာဝတ္ထုပါဠိတော် | အသညသတ်ဗြဟ္မာတို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှုရှိကုန်သော ဗြဟ္မာတို့လည်းရှှိကုန်သလော၊ မြတ်သောအကျင့်ကို ကျင့်သုံးမှု မရှိကုန်သော ဗြဟ္မာတို့လည်း ရှိကုန်သလော၊ သညသတ်ဗြဟ္မာတို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှုရှိကုန်သော ဗြဟ္မာတို့လည်း ရှိကုန်သလော၊ မြတ်သောအကျင့်ကို ကျင့်သုံးမှု မရှိသော ဗြဟ္မာတို့လည်း ရှိကုန်သလော။ |
4,302 | Uncategorized | ကထာဝတ္ထုပါဠိတော် | နတ်ဗြဟ္မာတို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှုရှိသော နတ်ဗြဟ္မာတို့လည်း ရှိကုန်သလော၊ မြတ်သောအကျင့်ကို ကျင့်သုံးမှု မရှိသော နတ်ဗြဟ္မာတို့လည်း ရှိကုန်သလော။ |
4,303 | Uncategorized | ကထာဝတ္ထုပါဠိတော် | အဘယ်နတ်ဗြဟ္မာ၌ ရှိပါသနည်း၊ အဘယ်နတ်ဗြဟ္မာ၌ မရှိပါသနည်း။ |
4,304 | Uncategorized | ကထာဝတ္ထုပါဠိတော် | သညသတ်ဗြဟ္မာတို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှု မရှှိ၊ အသညသတ်ဗြဟ္မာတို့၌မြတ်သောအကျင့်ကို ကျင့်သုံးမှု ရှိ၏။ |
4,305 | Uncategorized | ကထာဝတ္ထုပါဠိတော် | အသညသတ်ဗြဟ္မာတို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှု မရှိပါသလော။ |
4,306 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ မြတ်သောအကျင့်ကို ကျင့်သုံးမှုရှိသော လူတို့လည်း ရှိကုန်၏၊ မြတ်သောအကျင့်ကိုကျင့်သုံးမှု မရှိသော လူတို့လည်း ရှိကုန်၏။ |
4,307 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမတို့၏ ဖြစ်ပေါ်လာမှု မရှိသော ပစ္စ န္တရာဇ့်ဇနပုဒ်နှင့် ပစ္စ န္တရာဇ်ဇနပုဒ်နေ မသိမလိမ္မာသော လူရိုင်းတို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှု ရှိသောလူတို့လည်း ရှိကုန်သလော၊ မြတ်သောအကျင့်ကို ကျင့်သုံးမှု မရှိသော လူတို့လည်း ရှိကုန်သလော၊ မဇ္ဈိမဇနပုဒ်တို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှုရှိသော လူတို့လည်... |
4,308 | Uncategorized | ကထာဝတ္ထုပါဠိတော် | လူတို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှုရှိသော လူတို့လည်း ရှိကုန်သလော၊ မြတ်သောအကျင့်ကို ကျင့်သုံးမှု မရှိသော လူတို့လည်း ရှိကုန်သလော။ |
4,309 | Uncategorized | ကထာဝတ္ထုပါဠိတော် | အဘယ်အရပ်တို့၌ ရှိပါသနည်း၊ အဘယ်အရပ်တို့၌ မရှိပါသနည်း။ |
4,310 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမတို့၏ ဖြစ်ပေါ်လာမှု မရှိသော ပစ္စန္တရာဇ်ဇနပုဒ်နှင့် ပစ္စ န္တရာဇ်ဇနပုဒ်နေ မသိမလိမ္မာသော လူရိုင်းတို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှု မရှိကုန်၊ မဇ္ဈိမဇနပုဒ်တို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှုသည် ရှိကုန်၏။ |
4,311 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမတို့၏ ဖြစ်ပေါ်လာမှု မရှိသော ပစ္စန္တရာဇ်ဇနပုဒ်နှင့် ပစ္စ န္တရာဇ်ဇနပုဒ်နေ မသိမလိမ္မာသော လူရိုင်းတို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှု မရှိပါသလော။ |
4,312 | Uncategorized | ကထာဝတ္ထုပါဠိတော် | မဇ္ဈိမဇနပုဒ်တို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှု မရှိပါသလော။ |
4,313 | Uncategorized | ကထာဝတ္ထုပါဠိတော် | မဇ္ဈိမဇနပုဒ်တို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှု ရှိပါသလော။ |
4,314 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမတို့၏ ဖြစ်ပေါ်လာမှု မရှိသော ပစ္စန္တရာဇ်ဇနပုဒ်နှင့် ပစ္စ န္တရာဇ်ဇနပုဒ်နေ မသိမလိမ္မာသော လူရိုင်းတို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှု ရှိကုန်သလော။ |
4,315 | Uncategorized | ကထာဝတ္ထုပါဠိတော် | နတ်ဗြဟ္မာတို့၌ မြတ်သောအကျင့် ကျင့်သုံးမှု ရှိပါသလော။ |
4,316 | Uncategorized | ကထာဝတ္ထုပါဠိတော် | “ရဟန်းတို့ အကြောင်းသုံးပါးတို့ဖြင့် ဇမ္ဗူဒိပ်ကျွန်းသားဖြစ်သော လူတို့သည် ဥတ္တရကုရုကျွန်းသားဖြစ်သော လူတို့ကိုလည်းကောင်း၊ တာဝတိံသာနတ်တို့ကိုလည်းကောင်း လွှမ်းမိုးနိုင်ကုန်၏။ |
4,317 | Uncategorized | ကထာဝတ္ထုပါဠိတော် | အဘယ်အကြောင်းသုံးပါးတို့ဖြင့် လွှမ်းမိုးနိုင်ကုန်သနည်း၊ ရဲရင့်ကုန်၏၊ သတိရှိကုန်၏၊ ဤ (ဇမ္ဗူဒိပ်) ၌မြတ်သောအကျင့်ကို ကျင့်သုံးမှုသည် ရှိ၏၊ ဤအကြောင်းသုံးပါးတို့ဖြင့် လွှမ်းမိုးနိုင်ကုန်၏” ဤသို့လျှင်မြတ်စွာဘုရား ဟောတော်မူအပ်၏ဟူသော သုတ္တန် (ပါဠိ) ရှိသည်သာလျှင် မဟုတ်ပါလော။ |
4,318 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ထို့ကြောင့်ပင် နတ်ဗြဟ္မာတို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှု မရှိ။ |
4,319 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဤ (ဇမ္ဗူဒိပ်) ကျွန်း၌ မြတ်သောအကျင့်ကို ကျင့်သုံးမှု ရှိ၏ဟူသောစကားကိုသာဝတ္ထိမြို့၌ မြတ်စွာဘုရား ဟောအပ်သည် မဟုတ်ပါလော။ |
4,320 | Uncategorized | ကထာဝတ္ထုပါဠိတော် | သာဝတ္ထိမြို့၌သာ မြတ်သောအကျင့်ကို ကျင့်သုံးမှု ရှိပါသလော၊ အခြားအရပ်တို့၌မြတ်သော အကျင့်ကို ကျင့်သုံးမှု မရှိပါသလော။ |
4,321 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၇၂။ သကဝါဒီ။ |
4,322 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အနာဂါမ်ပုဂ္ဂိုလ်သည် အောက်ပိုင်း သံယောဇဉ်ငါးပါးတို့ကို ပယ်ရှားအပ်ကုန်၏၊ အထက်ပိုင်း သံယောဇဉ်ငါးပါးတို့ကိုကား မပယ်အပ်ကုန်သေး၊ ဤလူ့ဘုံမှ စုတေ၍ ထိုဗြဟ္မာ့ဘုံ၌ဖြစ်သော အနာဂါမ်ပုဂ္ဂိုလ်အား အဘယ်ဘုံ၌ အရဟတ္တဖိုလ် ဖြစ်ပေါ်ပါသနည်း။ |
4,323 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထိုဗြဟ္မာ့ဘုံ၌ပင် ဖြစ်ပါသည်။ |
4,324 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ အနာဂါမ်ပုဂ္ဂိုလ်သည် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ပယ်ရှားအပ်ကုန်၏၊ အထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကိုကား မပယ်အပ်ကုန်သေး၊ ဤလူ့ဘုံမှ စုတေ၍ ထိုဗြဟ္မာ့ဘုံ၌ဖြစ်သော အနာဂါမ်ပုဂ္ဂိုလ်အား ထိုဗြဟ္မာ့ဘုံ၌ အရဟတ္တဖိုလ် ဖြစ်ပေါ်ခဲ့ပါမူ နတ်ဗြဟ္မာတို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှုသည် မရှိဟု မဆိုသင့်။ |
4,325 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနာဂါမ်ပုဂ္ဂိုလ်သည် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ပယ်ရှားအပ်ကုန်၏၊ အထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကိုကား မပယ်အပ်ကုန်သေး၊ ဤလူ့ဘုံမှ စုတေ၍ ထိုဗြဟ္မာ့ဘုံ၌ ဖြစ်သောအနာဂါမ်ပုဂ္ဂိုလ်အား အဘယ်ဘုံ၌ (ခန္ဓာ) ဝန်ကို ပစ်ချပါသနည်း၊ အဘယ်ဘုံ၌ ဆင်းရဲကို ပိုင်းခြား၍သိပါသနည်း၊ အဘယ်ဘုံ၌ ကိလေသာကို ပယ်ရှားပါသနည်း၊ အဘယ်ဘုံ၌ နိဗ္ဗာန်ကို မျက်မှ... |
4,326 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ အနာဂါမ်ပုဂ္ဂိုလ်သည် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ပယ်ရှားအပ်ကုန်၏၊ အထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကိုကား မပယ်အပ်ကုန်သေး၊ ဤလူ့ဘုံမှ စုတေ၍ ထိုဗြဟ္မာ့ဘုံ၌ဖြစ်သော အနာဂါမ်ပုဂ္ဂိုလ်အား ထိုဗြဟ္မာ့ဘုံ၌ အရဟတ္တဖိုလ်ကို ထိုးထွင်းသိမှု ဖြစ်ခဲ့မူ နတ်ဗြဟ္မာတို့၌မြတ်သောအကျင့်ကို ကျင့်သုံးမှု မရှိဟု မဆိုသင့်။ |
4,327 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနာဂါမ်ပုဂ္ဂိုလ်သည် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ပယ်ရှားအပ်ကုန်၏၊ အထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကိုကား မပယ်ရှားအပ်ကုန်သေး၊ ဤလူ့ဘုံမှ စုတေ၍ ထိုဗြဟ္မာ့ဘုံ၌ ဖြစ်သော အနာဂါမ်ပုဂ္ဂိုလ်အား ထိုဗြဟ္မာ့ဘုံ၌ အရဟတ္တဖိုလ်၏ ဖြစ်ပေါ်မှုသည်၊ ထိုဗြဟ္မာ့ဘုံ၌ (ခန္ဓာ) ဝန်ကိုပစ်ချမှုသည်၊ ထိုဗြဟ္မာ့ဘုံ၌ ဆင်းရဲကို ပိုင်းခြားသိမှုသည်၊ ထိုဗြ... |
4,328 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်ကြောင့် အနာဂါမ်ပုဂ္ဂိုလ်သည် ဤလူ့ဘုံ၌ ပွါးများပြီးသော မဂ်ဖြင့် ထိုဗြဟ္မာ့ ဘုံ၌အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်၏၊ ထို့ကြောင့် နတ်ဗြဟ္မာတို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှု မရှိဟု ဆိုပါ၏။ |
4,329 | Uncategorized | ကထာဝတ္ထုပါဠိတော် | မြတ်သောအကျင့်ကို ကျင့်သုံးမှု ‘ဗြဟ္မစရိယဝါသ’ ဟူသည် မဂ်ကို ပွါးများစေမှုနှင့် ရှင်အဖြစ် ရဟန်းအဖြစ်တည်း၊ ရှင်အဖြစ် ရဟန်းအဖြစ်သည် နတ်အားလုံးတို့၌ မရှိနိုင်၊ မဂ်ကို ပွါးများစေမှုသည်ကား အသညသတ်ဗြဟ္မာတို့အားသာ မရှိ၊ အခြားသော နတ်ဗြဟ္မာတို့၌ မတားမြစ်အပ်ပါ၊ သမ္မိတိယဆရာတို့သည်ကား ပရနိမ္မိတဝသဝတ္တိနတ်ပြည်မှ စ၍ အထက်ဗြဟ္မာပြည်တို့၌ မ... |
4,330 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂။ ဤပရဝါဒီဟူသည် သမ္မိတိယဂိုဏ်းဝင်များကို ဆိုလိုသည်။ |
4,331 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃။ ‘တီဟိ ဘိက္ခဝေ ဌာနေဟိ ဇမ္ဗုဒီပိကာ မနုဿာ ဥတ္တရကုရုကေ စ မနုဿေ အဓိဂ္ဂဏှန္တိ ဒေဝေ စ တာဝတိံသေ။ |
4,332 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကတမေဟိ တီဟိ၊ သူရာ, သတိမန္ထော, ဣဓ ဗြဟ္မစရိယဝါသော’ ဟူသော သုတ်ကို မှီ၍ ဗြဟ္မစရိယဝါသ နှစ်မျိုးလုံးပင် နတ်တို့၌ မရှိကုန်ဟု ဖြစ်သောဝါဒ၏ အစွမ်းအားဖြင့် ပရဝါဒီက ဝန်ခံသည်။ |
4,333 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၄။ ဗြဟ္မစရိယ နှစ်ပါးတို့၏ အန္တရာယ်ကို သိတတ်ကုန်သော တရားတို့၏ အစွမ်းအားဖြင့် သကဝါဒီက မေးသည်။ |
4,334 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၅။ မဂ်ကို ပွါးများစေမှု ဗြဟ္မစရိယဝါသ ရှိသည်ကို ရည်ရွယ်၍ သကဝါဒီက ဝန်ခံသည်။ |
4,335 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၆။ ပဋိညာဉ်ဝန်ခံချက်၏ အဓိပ္ပါယ်ကို မမှတ်မိနိုင်သဖြင့် ပဗ္ဗဇ္ဇဗြဟ္မစရိယ၏ အစွမ်းအားဖြင့် ပရဝါဒီက မေးပြန်သည်။ |
4,336 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၇။ လူပုဂ္ဂိုလ်တို့နှင့် အချို့သောနတ်တို့၏ မဂ်ရခြင်းကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
4,337 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၈။ လူပုဂ္ဂိုလ်တို့နှင့် အချို့သောနတ်တို့၏ မဂ်ရခြင်းကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
4,338 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၉။ မဂ်ကို ပွားများစေမှု ရှိသည်ကို ရည်ရွယ်၍ သကဝါဒီက ဝန်ခံသည်။ |
4,339 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၀။ အသညသတ်ဗြဟ္မာတို့ကို ရည်ရွယ်၍ သကဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
4,340 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၁။ ဇမ္ဗူဒိပ်ကျွန်းသူ, ကျွန်းသားတို့ကို ရည်ရွယ်၍ ပရဝါဒီက ဝန်ခံသည်။ |
4,341 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၂။ ပစ္စန္တရာဇ်နေသူတို့ကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
4,342 | Uncategorized | ကထာဝတ္ထုပါဠိတော် | -- ၂-သံသန္ဒနဗြဟ္မစရိယကထာ |
4,343 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၇၃။ သကဝါဒီ။ |
4,344 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အနာဂါမ်ပုဂ္ဂိုလ်သည် ဤလူ့ဘုံ၌ ပွါးများပြီးသော မဂ်ဖြင့် ထိုဗြဟ္မာ့ဘုံ၌ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်ပါသလော။ |
4,345 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် ပြုနိုင်ပါ၏။ |
4,346 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ သောတာပန်ပုဂ္ဂိုလ်သည် ထိုဗြဟ္မာ့ဘုံ၌ ပွါးများပြီးသောမဂ်ဖြင့် ဤလူ့ဘုံ၌ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်ပါသလော။ |
4,347 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဤလူ့ဘုံ၌ ပရိနိဗ္ဗာန်စံမည့် သကဒါဂါမ်ပုဂ္ဂိုလ်သည် ထိုဗြဟ္မာ့ဘုံ၌ ပွါးများပြီးသော မဂ်ဖြင့်ဤလူ့ဘုံ၌ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုပါသလော။ |
4,348 | Uncategorized | ကထာဝတ္ထုပါဠိတော် | သောတာပန်ပုဂ္ဂိုလ်သည် ဤလူ့ဘုံ၌ ပွါးများပြီးသော မဂ်ဖြင့် ဤလူ့ဘုံ၌ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်ပါသလော။ |
4,349 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနာဂါမ်ပုဂ္ဂိုလ်သည် ထိုဗြဟ္မာ့ဘုံ၌ ပွါးများပြီးသော မဂ်ဖြင့် ထိုဗြဟ္မာ့ဘုံ၌ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်ပါသလော။ |
4,350 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ဤလူ့ဘုံ၌ ပရိနိဗ္ဗာန်စံမည့် သကဒါဂါမ်ပုဂ္ဂိုလ်သည် ဤလူ့ဘုံ၌ ပွါးများပြီးသော မဂ်ဖြင့်ဤလူ့ဘုံ၌ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်ပါသလော။ |
4,351 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနာဂါမ်ပုဂ္ဂိုလ်သည် ထိုဗြဟ္မာ့ဘုံ၌ ပွါးများပြီးသော မဂ်ဖြင့် ထိုဗြဟ္မာ့ဘုံ၌ အရဟတ္တ့ဖိုလ်ကို မျက်မှောက်ပြုနိုင်ပါသလော။ |
4,352 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဤလူ့ဘုံ၌ စွန့်လွှတ်၍ ပြီးဆုံးသောပုဂ္ဂိုလ်သည် မဂ်ကိုသာ ပွါးများအပ်ပါသလော၊ ကိလေသာတို့ကိုမူကား မပယ်ရှားအပ်ပါကုန်သလော။ |
4,353 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် မပယ်ရှားအပ်ပါကုန်။ |
4,354 | Uncategorized | ကထာဝတ္ထုပါဠိတော် | သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် မဂ်ကိုသာပွါးများအပ်ပါသလော၊ ကိလေသာတို့ကိုမူကား မပယ်ရှားအပ်ပါကုန်သလော။ |
4,355 | Uncategorized | ကထာဝတ္ထုပါဠိတော် | သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည်။ |
4,356 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် မဂ်ကိုသာ ပွါးများအပ်ပါသလော၊ ကိလေသာတို့ကိုမူကားမပယ်ရှားအပ်ပါကုန်သလော။ |
4,357 | Uncategorized | ကထာဝတ္ထုပါဠိတော် | သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် မရှေးမနှောင်း (တစ်ပြိုင်နက်) မဂ်ကိုလည်း ပွါးများအပ်ပါသလော၊ ကိလေသာတို့ကိုလည်း ပယ်ရှားအပ်ပါကုန်သလော။ |
4,358 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် ပယ်ရှားအပ်ပါကုန်၏။ |
4,359 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဤလူ့ဘုံ၌ စွန့်လွှတ်၍ ပြီးဆုံးသောပုဂ္ဂိုလ်သည် မရှေးမနှောင်း (တစ်ပြိုင်နက်) မဂ်ကိုလည်း ပွါးများအပ်ပါသလော၊ ကိလေသာတို့ကိုလည်း ပယ်ရှားအပ်ပါကုန်သလော။ |
4,360 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် မရှေးမနှောင်း (တစ်ပြိုင်နက်) မဂ်ကိုလည်း ပွါးများအပ်ပါသလော၊ ကိလေသာတို့ကိုလည်း ပယ်ရှားအပ်ပါကုန်သလော။ |
4,361 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပြုအပ်ပြီးသော မဂ်ကိစ္စရှိသော ပွါးများပြီးသော ဘာဝနာရှိသော အနာဂါမ်ပုဂ္ဂိုလ် သည်ထိုဗြဟ္မာ့ဘုံ၌ (ပဋိသန္ဓေအားဖြင့်) ဖြစ်ပါသလော။ |
4,362 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၄ သကဝါဒီ။ |
4,363 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ရဟန္တာသည် ပဋိသန္ဓေအားဖြင့် ဖြစ်ပါသလော။ |
4,364 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ရဟန္တာအား တစ်ဖန်ဘဝသစ်၌ ဖြစ်မှု ရှိပါသလော။ |
4,365 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာသည် ဘဝ (တစ်ခု) မှ ဘဝ (တစ်ခု) သို့ သွားပါသလော၊ ဂတိ (တစ်ခု) မှ ဂတိ (တစ်ခု) သို့ သွားပါသလော၊ သံသရာ (တစ်ခု) မှ သံသရာ (တစ်ခု) သို့ သွားပါသလော၊ ပဋိသန္ဓေ (တစ်ခု) မှပဋိသန္ဓေ (တစ်ခု) သို့ သွားပါသလော။ |
4,366 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပြုအပ်ပြီးသော မဂ်ကိစ္စရှိသော ပွါးများပြီးသော ဘာဝနာရှိသော မချအပ်သော (ခန္ဓာ) ဝန်ရှိသော အနာဂါမ်ပုဂ္ဂိုလ်သည် ထိုဗြဟ္မာ့ဘုံ၌ (ပဋိသန္ဓေအားဖြင့်) ဖြစ်ပါသလော။ |
4,367 | Uncategorized | ကထာဝတ္ထုပါဠိတော် | ခန္ဓာဝန်ကို ချခြင်းငှါ တစ်ဖန် မဂ်ကို ပွါးများပါသလော။ |
4,368 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပြုအပ်ပြီးသောမဂ်ကိစ္စရှိသော ပွါးများပြီးသောဘာဝနာရှိသော ပိုင်းခြား၍ မသိအပ်သေးသော ဆင်းရဲရှိသော မပယ်အပ်သေးသော ကိလေသာရှိသော မျက်မှောက်မပြုအပ်သေးသော နိဗ္ဗာန်ရှိသော ထိုးထွင်း၍ မသိအပ်သေးသော အရဟတ္တဖိုလ်ရှိသော အနာဂါမ်ပုဂ္ဂိုလ်သည် ထိုဗြဟ္မာ့ဘုံ၌ပင်ပဋိသန္ဓေအားဖြင့် ဖြစ်ပါသလော။ |
4,369 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိခြင်းငှါ တစ်ဖန် မဂ်ကို ပွါးများပါသလော။ |
4,370 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပြုအပ်ပြီးသောမဂ်ကိစ္စရှိသော ပွါးများပြီးသောဘာဝနာရှိသော မချအပ်သေးသော (ခန္ဓာ) ဝန်ရှိသော အနာဂါမ်ပုဂ္ဂိုလ်သည် ထိုဗြဟ္မာ့ဘုံ၌ (ပဋိသန္ဓေအားဖြင့်) ဖြစ်ပါသလော၊ (ခန္ဓာ) ဝန်ကို ချခြင်းငှါတစ်ဖန် မဂ်ကို မပွါးများလည်း မပွါးများပါသလော။ |
4,371 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် မပွါးများပါ။ |
4,372 | Uncategorized | ကထာဝတ္ထုပါဠိတော် | ခန္ဓာဝန်ကို မချအပ်ဘဲလည်း ထိုဗြဟ္မာ့ဘုံ၌ ပရိနိဗ္ဗာန်စံပါသလော။ |
4,373 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပြုအပ်ပြီးသောမဂ်ကိစ္စရှိသော ပွါးများပြီးသောဘာဝနာရှိသော ပိုင်းခြား၍ မသိအပ်သေးသော ဆင်းရဲရှိသော မပယ်အပ်သေးသော ကိလေသာရှိသော မျက်မှောက်မပြုအပ်သေးသော နိဗ္ဗာန်ရှိသော ထိုးထွင်း၍ မသိအပ်သော အရဟတ္တဖိုလ်ရှိသော အနာဂါမ်ပုဂ္ဂိုလ်သည် ထိုဗြဟ္မာ့ဘုံ၌ (ပဋိသန္ဓေအားဖြင့်) ဖြစ်ပါသလော၊ အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိခြင်းငှါ တစ်ဖန် မဂ်ကို မပွါး... |
4,374 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရဟတ္တဖိုလ်ကို ထိုးထွင်း၍ မသိအပ်ဘဲလည်း ထိုဗြဟ္မာ့ဘုံ၌ ပရိနိဗ္ဗာန်စံပါသလော။ |
4,375 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဤသို့ကား မဆိုသင့်ပါ၊ သမင်သည် မြားဖြင့် ပစ်အပ်သည် ရှိသော် အဝေးသို့ သွား၍သေသကဲ့သို့ ဤအတူ အနာဂါမ်ပုဂ္ဂိုလ်သည် ဤလူ့ဘုံ၌ ပွါးများအပ်ပြီးသော မဂ်ဖြင့် ထိုဗြဟ္မာ့ဘုံ၌ အရဟတ္တဖိုလ်ကို မျက်မှောက်ပြု၏။ |
4,376 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ သမင်သည် မြားဖြင့် ပစ်အပ်သည် ရှိသော် အဝေးသို့ သွား၍ မြားနှင့်တကွ သေရသကဲ့သို့ ဤအတူ အနာဂါမ်ပုဂ္ဂိုလ်သည် ဤလူ့ဘုံ၌ ပွါးများအပ်ပြီးသောမဂ်ဖြင့် ထိုဗြဟ္မာ့ဘုံ၌ (မဂ်တည်းဟူသော) မြားနှင့်တကွ ပရိနိဗ္ဗာန်စံပါသလော။ |
4,377 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဗြဟ္မစရိယကထာ ပြီး၏။ |
4,378 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁။ အနာဂါမ်ပုဂ္ဂိုလ်သည် ဤလူ့ဘုံ၌ အနာဂါမိမဂ်ကို ပွါးများပြီး၍ ‘ဩပပါတိကော တတ္ထ ပရိနိဗ္ဗာယီ’ဟု ဟောတော်မူသောကြောင့် တစ်ဖန် အရဟတ္တမဂ်ကို မရဘဲ သုဒ္ဓါဝါသပဋိသန္ဓေ၏ အစွမ်းအားဖြင့်ပင် အရဟတ္တဖိုလ်ကို မျက်မှောက် ပြု၏ဟု အယူရှိရကား ပရဝါဒီက ဝန်ခံသည်။ |
4,379 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂။ သောတာပန် သကဒါဂါမ်ပုဂ္ဂိုလ်တို့သည် ထိုဗြဟ္မာ့ဘုံ၌ မဂ်ကို ပွါးများပြီး၍ ထိုပွါးများရာဘုံ၌ ပဋိသန္ဓေနေခြင်း ရှိသူတို့ မည်ကုန်၏၊ ထို့ကြောင့် ထိုသောတာပန် သကဒါဂါမ်ပုဂ္ဂိုလ်တို့အား ဤလူ့ဘုံသို့ လာခြင်း မရှိနိုင်ရကား ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
4,380 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃။ အနာဂါမ်ပုဂ္ဂိုလ်အား ထိုဗြဟ္မာ့ဘုံ၌ မဂ်ကို ပွါးများမှုပင် မရှိဟူသော အယူဖြင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
4,381 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၄။ ‘ဩပပါတိကော တတ္ထ ပရိနိဗ္ဗာယီ’ဟု ဟောတော်မူသောကြောင့် ပဋိသန္ဓေဖြင့်သာလျှင် ပြုအပ်ပြီးသော ကိစ္စရှိသည် စသောအဖြစ်ကို ရည်ရွယ်၍ ပရဝါဒီက ဝန်ခံသည်။ |
4,382 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၅။ ဤလူ့ပြည်၌ ပရိနိဗ္ဗာန်ပြုသည့် ရဟန္တာ၏ အစွမ်းအားဖြင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
4,383 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၆။ ထိုဗြဟ္မာ့ဘုံ၌ ပရိနိဗ္ဗာန်ပြုသည့် ရဟန္တာ၏ အစွမ်းအားဖြင့် ပရဝါဒီက ဝန်ခံပြန်သည်။ |
4,384 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၇။ တတ္ထ ပရိနိဗ္ဗာယီ၏ အစွမ်းအားဖြင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
4,385 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၈။ ဣဓ ပရိနိဗ္ဗာယီ၏ အစွမ်းအားဖြင့် ပရဝါဒီက ဝန်ခံပြန်သည်။ |
4,386 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၉။ ဤလူ့ပြည်၌ ပွါးများအပ်ပြီးသော မဂ်ဖြင့် ထိုအနာဂါမ်ပုဂ္ဂိုလ်၏ အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိခြင်းကို အလိုရှိသော ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
4,387 | Uncategorized | ကထာဝတ္ထုပါဠိတော် | -- ၃-ဩဓိသောကထာ၁ |
4,388 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၇၄။ သကဝါဒီ။ |
4,389 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ကိလေသာတို့ကို အစိတ်အစိတ်အားဖြင့် ပယ်စွန့်ပါသလော။ |
4,390 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် ပယ်စွန့်ပါ၏။ |
4,391 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် ဒုက္ခသစ္စာကိုသိမြင်သဖြင့် အဘယ်ကိလေသာကို ပယ်စွန့်ပါသနည်း။ |
4,392 | Uncategorized | ကထာဝတ္ထုပါဠိတော် | သက္ကာယဒိဋ္ဌိကိုလည်းကောင်း၊ ဝိစိကိစ္ဆာကိုလည်းကောင်း၊ သီလဗ္ဗတပရာမာသကိုလည်းကောင်း၊ ထိုကိလေသာသုံးပါးနှင့်တကွ တစ်ခုတည်းသောစိတ်၌တည်သော ကိလေသာတစ်စိတ်တစ်ဒေသတို့ကိုလည်းကောင်း ပယ်စွန့်ပါ၏။ |
4,393 | Uncategorized | ကထာဝတ္ထုပါဠိတော် | တစ်စိတ်တစ်ဒေသသည် သောတာပန်မည်၍ တစ်စိတ်တစ်ဒေသသည် သောတာပန်မမည်သလော၊ တစ်စိတ်တစ်ဒေသသည် သောတာပတ္တိဖိုလ်သို့ ရောက်သည် ရသည် သိသည် မျက်မှောက်ပြုသည် ဖြစ်၍ ပြည့်စုံစေလျက် နေသလော၊ တစ်စိတ်တစ်ဒေသသည် ကိုယ်ဖြင့် တွေ့ထိ၍ နေသလော၊ တစ်စိတ်တစ်ဒေသသည် ကိုယ်ဖြင့် တွေ့ထိ၍ မနေသလော၊ တစ်စိတ်တစ်ဒေသသည် သတ္တက္ခတ္တုပရမသောတာပန်လော၊ ကောလံကောလသောတာပန်လေ... |
4,394 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ သံဃာ၌။ |
4,395 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ အရိယာတို့ နှစ်သက်သော သီလတို့နှင့်ပြည့်စုံသလော၊ တစ်စိတ်တစ်ဒေသသည် အရိယာတို့ နှစ်သက်သော သီလတို့နှင့် မပြည့်စုံသလော။ |
4,396 | Uncategorized | ကထာဝတ္ထုပါဠိတော် | သမုဒယသစ္စာကို သိမြင်သဖြင့် အဘယ်ကိလေသာကို ပယ်စွန့်ပါသနည်း။ |
4,397 | Uncategorized | ကထာဝတ္ထုပါဠိတော် | သက္ကာယဒိဋ္ဌိကိုလည်းကောင်း၊ ဝိစိကိစ္ဆာကိုလည်းကောင်း၊ သီလဗ္ဗတရာမာသကိုလည်းကောင်း၊ ထိုကိလေသာသုံးပါးနှင့်တကွ တစ်ခုတည်းသောစိတ်၌တည်သော ကိလေသာတစ်စိတ်တစ်ဒေသ့တို့ကိုလည်းကောင်း ပယ်စွန့်၏။ |
4,398 | Uncategorized | ကထာဝတ္ထုပါဠိတော် | တစ်စိတ်တစ်ဒေသသည် သောတာပန်မည်၍ တစ်စိတ်တစ်ဒေသသည် သောတာပန်မမည်သလော။ |
4,399 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ တစ်စိတ်တစ်ဒေသသည် အရိယာတို့ နှစ်သက်သော သီလတို့နှင့် ပြည့်စုံ၍ တစ်စိတ်တစ်ဒေသသည် အရိယာတို့ နှစ်သက်သော သီလတို့နှင့် မပြည့်စုံသလော။ |
4,400 | Uncategorized | ကထာဝတ္ထုပါဠိတော် | နိရောဓသစ္စာကို သိမြင်သဖြင့် အဘယ်ကိလေသာကို ပယ်စွန့်ပါသနည်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.