id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
4,201 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာအား ရာဂသည်၊ ကာမရာဂသည်၊ ကာမရာဂသောင်းကျန်းခြင်းသည်၊ ကာမရာဂသံယောဇဉ်သည်၊ ကာမောဃသည်၊ ကာမယောဂသည်၊ ကာမစ္ဆန္ဒနီဝရဏသည် ရှိပါသလော။ |
4,202 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၆၈။ သကဝါဒီ။ |
4,203 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) လတ်သော် အဘယ်တရားထကြွသောင်းကျန်းသည် ဖြစ်၍ ဆုတ်ယုတ် (လျောကျ) ပါသနည်း။ |
4,204 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရာဂထကြွသောင်းကျန်းအပ်သည် ဖြစ်၍ ဆုတ်ယုတ် (လျောကျ) ပါ၏။ |
4,205 | Uncategorized | ကထာဝတ္ထုပါဠိတော် | အဘယ်ကို စွဲ၍ ထကြွသောင်းကျန်းမှု ဖြစ်ပါသနည်း။ |
4,206 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနုသယကို စွဲ၍ ဖြစ်ပါ၏။ |
4,207 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာအား အနုသယတို့သည် ရှိပါကုန်သလော။ |
4,208 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ရဟန္တာအား ကာမရာဂါနုသယသည် ပဋိဃာနုသယသည် မာနာနုသယသည် ဒိဋ္ဌာနုသယသည် ဝိစိကိစ္ဆာနုသယသည် ဘဝရာဂါနုသယသည် အဝိဇ္ဇာနုသယသည် ရှိပါသလော။ |
4,209 | Uncategorized | ကထာဝတ္ထုပါဠိတော် | (သကဝါဒီ။ ။ |
4,210 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) လတ်သော် အဘယ်တရား ထကြွသောင်းကျန်းသည် ဖြစ်၍ ဆုတ်ယုတ်လျောကျပါသနည်း)။ |
4,211 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၉ ပရဝါဒီ။ |
4,212 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ပြစ်မှားမှု ‘ဒေါသ’ ထကြွသောင်းကျန်းသည် ဖြစ်၍ ဆုတ်ယုတ် (လျောကျ) ပါ၏။ |
4,213 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ တွေဝေမှု ‘မောဟ’ ထကြွသောင်းကျန်းသည် ဖြစ်၍ ဆုတ်ယုတ် (လျောကျ) ပါ၏။ |
4,214 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထကြွသောင်းကျန်းမှုကား အဘယ်ကို စွဲ၍ ဖြစ်ပါသနည်း။ |
4,215 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာအား ကာမရာဂါနုသယသည်။ |
4,216 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ အဝိဇ္ဇာနုသယသည် ရှိပါကုန်သလော။ |
4,217 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာအား ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) လတ်သော် အဘယ်တရားသည်ပွါးစီးခြင်းသို့ ရောက်ပါသနည်း၊ ရာဂသည် ပွါးစီးခြင်းသို့ ရောက်ပါသလော၊ သက္ကာယဒိဋ္ဌိသည့်ပွါးစီးခြင်းသို့ ရောက်ပါသလော၊ ဝိစိကိစ္ဆာသည် ပွါးစီးခြင်းသို့ ရောက်ပါသလော၊ သီလဗ္ဗတပရာမာသသည် ပွါးစီးခြင်းသို့ ရောက်ပါသလော။ |
4,218 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဒေါသသည် ပွါးစီးခြင်းသို့ ရောက်ပါသလော။ |
4,219 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ မောဟသည် ပွါးစီးခြင်းသို့ရောက်ပါသလော၊ သက္ကာယဒိဋ္ဌိသည် ပွါးစီးခြင်းသို့ ရောက်ပါသလော၊ ဝိစိကိစ္ဆာသည် ပွါးစီးခြင်းသို့ရောက်ပါသလော၊ သီလဗ္ဗတပရာမာသသည် ပွါးစီးခြင်းသို့ ရောက်ပါသလော။ |
4,220 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာသည် (စုတိပဋိသန္ဓေကို) ပွါးစေပါသလော။ |
4,221 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာသည် (စုတိပဋိသန္ဓေကို) ဖျက်ဆီးပါသလော။ |
4,222 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာသည် (စုတိပဋိသန္ဓေကို) ပယ်စွန့်ပါသလော။ |
4,223 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာသည် (စုတိပဋိသန္ဓေကို) စွဲလမ်းပါသလော။ |
4,224 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာသည် (စုတိပဋိသန္ဓေကို) ဖြေရှင်းပါသလော။ |
4,225 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာသည် (စုတိပဋိသန္ဓေကို) နှောင်ဖွဲ့ပါသလော။ |
4,226 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာသည် (စုတိပဋိသန္ဓေကို) မှုတ်လွှင့်ပါသလော။ |
4,227 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာသည် (စုတိပဋိသန္ဓေကို) ပေါင်းစည်းပါသလော။ |
4,228 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာသည် ပွါးဆဲလည်းမဟုတ်၊ ဖျက်ဆီးဆဲလည်း မဟုတ်မူ၍ ဖျက်ဆီးပြီး၍တည်သည် မဟုတ်ပါလော။ |
4,229 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာသည် ပွါးဆဲလည်း မဟုတ်၊ ဖျက်ဆီးဆဲလည်း မဟုတ်မူ၍ ဖျက်ဆီးပြီး၍တည်သည်ဟုတ်ခဲ့ပါမူ ရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်၏ဟူ၍ မဆိုသင့်။ |
4,230 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာသည် မပယ်စွန့် မစွဲလမ်းဘဲ ပယ်စွန့်ပြီး၍ တည်သည် မဟုတ်ပါလော။ |
4,231 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အရှင်ပရဝါဒီ ရဟန္တာသည် မပယ်စွန့် မစွဲလမ်းဘဲ ပယ်စွန့်ပြီး၍ တည်သည်ဟုတ်ခဲ့ပါမူရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်၏ဟူ၍ မဆိုသင့်။ |
4,232 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာသည် မဖြေရှင်း မနှောင်ဖွဲ့ဘဲ ဖြေရှင်းပြီး၍ တည်သည် မဟုတ်ပါလော။ |
4,233 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ ရဟန္တာသည် မဖြေရှင်း မနှောင်ဖွဲ့ဘဲ ဖြေရှင်းပြီး၍ တည်ခဲ့ပါမူရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်၏ဟူ၍ မဆိုသင့်။ |
4,234 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာသည် မမှုတ်လွှင့် မပေါင်းစည်းဘဲ မှုတ်လွှင့်ပြီး၍ တည်သည် မဟုတ်ပါလော။ |
4,235 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ ရဟန္တာသည် မမှုတ်လွှင့် မပေါင်းစည်းဘဲ မှုတ်လွှင့်ပြီး၍ တည်ခဲ့ပါမူရဟန္တာသည် ရဟန္တာအဖြစ်မှ ဆုတ်ယုတ် (လျောကျ) နိုင်၏ဟူ၍ မဆိုသင့်တော့ပေ။ |
4,236 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပရိဟာနိကထာ ပြီး၏။ |
4,237 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁။ တိက္ခိန္ဒြေကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
4,238 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂။ တစ်ဖန် နောက်ထပ် မေးမြန်းလတ်သော် မုဒိန္ဒြေကို ရည်ရွယ်၍ ဝန်ခံပြန်သည်။ |
4,239 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃။ တိက္ခိန္ဒြေကို ရည်ရွယ်လျက် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
4,240 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၄။ မုဒိန္ဒြေကို ရည်ရွယ်လျက် ပရဝါဒီက ဝန်ခံပြန်သည်။ |
4,241 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၆။ ကာမရာဂ၏ အစွမ်းအားဖြင့် ဖြစ်သော အလုပ်ကိစ္စ၌ မွေ့လျော်မှုကို ရည်ရွယ်၍ ပဋိက္ခေပပြု၍ ဖြေသည်။ |
4,242 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၇။ ကာမရာဂ၏ အစွမ်းအားဖြင့် ဖြစ်သည်မှ တစ်ပါးသော အလုပ်ကိစ္စ၌ မွေ့လျော်မှုကို ရည်ရွယ်၍ ဝန်ခံပြန်သည်။ |
4,243 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၈။ တိက္ခိန္ဒြေကို ရည်ရွယ်လျက် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်၊ မုဒိန္ဒြေကို ရည်ရွယ်၍ ဝန်ခံပြန်သည်။ |
4,244 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၉။ ( ) ပါဠိတော်၌ မပါ၊ ကျရစ်နေသည်။ |
4,245 | Uncategorized | ကထာဝတ္ထုပါဠိတော် | -- ၃-ဗြဟ္မစရိယကထာ |
4,246 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁-သုဒ္ဓဗြဟ္မစရိယကထာ |
4,247 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၆၉။ သကဝါဒီ။ |
4,248 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ နတ်ဗြဟ္မာတို့၌ မြတ်သော အကျင့်ကို ကျင့်သုံးမှု မရှိပါသလော။ |
4,249 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁ ပရဝါဒီ၂။ |
4,250 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ဩော် မရှိပါ။ |
4,251 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အလုံးစုံကုန်သော နတ်ဗြဟ္မာတို့သည် အရိအရွဲယိုကုန်သလော၊ ဆွံ့အကုန်သလော၊ သိကြားမှု မရှိကုန်သလော၊ လက်ဖြင့် ပြောဆိုရကုန်သလော၊ ကောင်းစွာ ပြောဆိုအပ်သောစကားမကောင်းသဖြင့် ပြောဆိုအပ်သောစကားတို့၏ အနက် (အဓိပ္ပါယ်ကို) သိခြင်းငှါ မစွမ်းနိုင်ကုန်သလော၊၄ အလုံးစုံကုန်သော နတ်ဗြဟ္မာတို့သည် ဘုရား၌ မကြည်ညိုကုန်သလော၊ တရား၌ မကြည်ညိုကုန်သလော၊ ... |
4,252 | Uncategorized | ကထာဝတ္ထုပါဠိတော် | အလုံးစုံကုန်သော နတ်ဗြဟ္မာတို့သည် ပိတ်ပင်တတ်သော ကံနှင့် ပြည့်စုံကုန်သလော၊ ပိတ်ပင်တတ်သော ကိလေသာနှင့် ပြည့်စုံကုန်သလော၊ ပိတ်ပင်တတ်သော အကျိုး ‘ဝိပါက်'နှင့်ပြည့်စုံကုန်သလော၊ သဒ္ဓါတရား မရှိကုန်သလော၊ လိုလားမှု'ဆန္ဒ’ မရှိကုန်သလော၊ ပညာမရှိကုန်သလော၊ ကုသိုလ် တရားတို့၌ မဖောက်ပြန်ခြင်း သဘောရှိသော မဂ်ဟူသော နိယာမသို့ရောက်ခြင်းငှါ မထိ... |
4,253 | Uncategorized | ကထာဝတ္ထုပါဠိတော် | အလုံးစုံကုန်သော နတ်ဗြဟ္မာတို့သည် အမိကို သတ်ကုန်သလော၊ အဖကို သတ်ကုန်သလော၊ ရဟန္တာကို သတ်ကုန်သလော၊ (ဘုရားရှင်၌) သွေးစိမ်းတည်စေကုန်သလော၊ သံဃာကို ကွဲပြားစေကုန်သလော။ |
4,254 | Uncategorized | ကထာဝတ္ထုပါဠိတော် | အလုံးစုံကုန်သော နတ်ဗြဟ္မာတို့သည် (သူတစ်ပါးအသက်ကို) သတ်လေ့ရှိကုန်သလော၊ မပေးအပ် သောပစ္စည်းဥစ္စာကို ခိုးယူလေ့ရှိကုန်သလော၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ကုန်သလော၊ မုသားပြောလေ့ရှိကုန်သလော၊ ကုန်းတိုက်သောစကား ရှိကုန်သလော၊ ကြမ်းတမ်းသောစကား ရှိကုန်သလော၊ အကျိုးစီးပွါး ပျက်စီးတတ်သောစကားကို ပြောဆိုလေ့ရှိကုန်သလော၊ (သူတစ်ပါးပစ္စည်းကို)... |
4,255 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရိအရွဲ မယိုကုန်သော နတ်ဗြဟ္မာတို့သည်၊ မဆွံ့, မအကုန်သော နတ်ဗြဟ္မာ တို့သည်၊ သိကြားမှုရှိကုန်သော နတ်ဗြဟ္မာတို့သည်၊ လက်ဖြင့် မပြောဆိုရကုန်သော နတ်ဗြဟ္မာတို့သည်၊ ကောင်းစွာပြောဆိုအပ်သောစကား မကောင်းသဖြင့် ပြောဆိုအပ်သောစကားတို့၏ အနက် (အဓိပ္ပါယ်) ကို သိခြင်းငှါစွမ်းနိုင်ကုန်သော နတ်ဗြဟ္မာတို့သည် ရှိကုန်သည် မဟုတ်ပါလော။ |
4,256 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဘုရား၌ ကြည်ညိုကုန်သော နတ်ဗြဟ္မာတို့သည်၊ တရား၌ ကြည်ညိုသော, သံဃာ၌ ကြည်ညိုသော,ဘုန်းတော်ကြီးတော်မူသော ဘုရားရှင်ကို ဆည်းကပ်သော, ဘုန်းတော်ကြီးတော်မူသော ဘုရားရှင်ကိုပြဿနာမေးကုန်သော , ဘုန်းတော်ကြီးတော်မူသော ဘုရားရှင် ပြဿနာကို ဖြေဆိုအပ်သော် နှစ်သက်ကုန်သော နတ်ဗြဟ္မာတို့သည် ရှိကုန်သည် မဟုတ်ပါလော။ |
4,257 | Uncategorized | ကထာဝတ္ထုပါဠိတော် | -- ပိတ်ပင်တတ်သော ကံနှင့် မပြည့်စုံကုန်သော နတ်ဗြဟ္မာတို့သည်၊ ပိတ်ပင်တတ်သော ကိလေသာနှင့်မပြည့်စုံကုန်သော , ပိတ်ပင်တတ်သော အကျိုး'ဝိပါက်'နှင့် မပြည့်စုံကုန်သော , ယုံကြည်မှု'သဒ္ဓါ'တရားရှိကုန်သော , လိုလားမှု'ဆန္ဒ'ရှိကုန်သော , ပညာရှိကုန်သော , ကုသိုလ်တရားတို့၌မဖောက်ပြန်ခြင်းသဘော ရှိသော, မဂ်ဟူသော နိယာမသို့ ရောက်ခြင်းငှါ ထိုက်တန်... |
4,258 | Uncategorized | ကထာဝတ္ထုပါဠိတော် | အမိကို မသတ်ကုန်သော နတ်ဗြဟ္မာတို့သည်၊ အဖကို မသတ်ကုန်သော , ရဟန္တာကို မသတ်ကုန်သော , (ဘုရားရှင်၌) သွေးစိမ်း မတည်စေကုန်သော , သံဃာကို မကွဲပြားစေကုန်သော နတ်ဗြဟ္မာတို့သည် ရှိကုန်သည် မဟုတ်ပါလော။ |
4,259 | Uncategorized | ကထာဝတ္ထုပါဠိတော် | သူတစ်ပါးအသက်ကို သတ်လေ့မရှိကုန်သော နတ်ဗြဟ္မာတို့သည်၊ မပေးအပ်သော ပစ္စည်းဥစ္စာကိုခိုးယူလေ့ မရှိကုန်သော , ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့မရှိကုန်သော , မုသား ပြောဆိုလေ့မရှိကုန်သော , ကုန်းတိုက်သောစကား မရှိကုန်သော , ကြမ်းတမ်းသောစကား မရှိကုန်သော , အကျိုးစီးပွါးကိုဖျက်ဆီးတတ်သောစကားကို ပြောဆိုလေ့မရှိကုန်သော , (သူတစ်ပါးဥစ္စာကိ... |
4,260 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ အရိအရွဲ မယိုကုန်သော နတ်ဗြဟ္မာတို့သည်၊ မဆွံ့, မအ ကုန်သော နတ်ဗြဟ္မာတို့သည်၊ သိကြားမှုရှိသော နတ်ဗြဟ္မာတို့သည်၊ လက်ဖြင့် မပြောဆိုရကုန်သော နတ်ဗြဟ္မာတို့သည်၊ ကောင်းစွာ ပြောဆိုအပ်သောစကား မကောင်းသဖြင့် ပြောဆိုအပ်သောစကားတို့၏ အနက်အဓိပ္ပါယ်ကို သိခြင်းငှါ စွမ်းနိုင်ကုန်သော နတ်ဗြဟ္မာတို့သည် ရှိကုန်ပါမူ။ |
4,261 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ဘုရား၌ ကြည်ညိုကုန်သော နတ်ဗြဟ္မာတို့သည် ရှိပါကုန်မူ။ |
4,262 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ မှန်ကန်သော အယူရှိကုန်သော နတ်ဗြဟ္မာတို့သည် ရှိပါကုန်မူ နတ့်ဗြဟ္မာတို့၌ မြတ်သော အကျင့်ကို ကျင့်သုံးမှု မရှိဟု မဆိုသင့်။ |
4,263 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၇၀။ ပရဝါဒီ။ |
4,264 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ နတ်ဗြဟ္မာတို့၌ မြတ်သော အကျင့်ကို ကျင့်သုံးမှု ရှိပါသလော။ |
4,265 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ထိုနတ်ဗြဟ္မာတို့၌ ရှင်ရဟန်းအဖြစ်သည်၊ ဦးပြည်း (ခေါင်းတုံး) ၏ အဖြစ်သည်၊ သင်္ကန်းကိုဝတ်ရုံမှုသည်၊ သပိတ်ကို ကိုင်ဆောင်မှုသည် ရှိပါသလော၊ နတ်ဗြဟ္မာတို့၌ မြတ်စွာဘုရားတို့ပွင့်ပါကုန်သလော၊ ပစ္စေကဗုဒ္ဓါတို့ ပွင့်ပါကုန်သလော၊ သာဝကအစုံသည် ဖြစ်ပေါ်ပါသလော။ |
4,266 | Uncategorized | ကထာဝတ္ထုပါဠိတော် | နတ်ဗြဟ္မာတို့၌ ရှင်ရဟန်းအဖြစ်သည် မရှိဟု နှလုံးပြု၍ နတ်ဗြဟ္မာတို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှု မရှိပါသလော။ |
4,267 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် မရှိပါ။ |
4,268 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်ဘုံ၌ ရှင်ရဟန်းအဖြစ်သည် ရှိ၏၊ ထိုဘုံ၌သာလျှင် မြတ်သောအကျင့်ကို ကျင့်သုံးမှုရှိပါသလော၊ အကြင်ဘုံ၌ ရှင်ရဟန်းအဖြစ်သည် မရှှိ၊ ထိုဘုံ၌ မြတ်သောအကျင့်ကို ကျင့်သုံးမှုမရှိပါသလော။ |
4,269 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အကြင်ဘုံ၌ ရှင်ရဟန်းအဖြစ်သည် ရှိ၏၊ ထိုဘုံ၌သာလျှင် မြတ်သောအကျင့်ကို ကျင့်သုံးမှုရှိပါသလော၊ အကြင်ဘုံ၌ ရှင်ရဟန်းအဖြစ်သည် မရှိ၊ ထိုဘုံ၌ မြတ်သောအကျင့်ကို ကျင့်သုံးမှုမရှိပါသလော။ |
4,270 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အကြင်ပုဂ္ဂိုလ်သည် ရှင်ရဟန်းပြု၏၊ ထိုပုဂ္ဂိုလ်အားသာလျှင် မြတ်သောအကျင့်ကိုကျင့်သုံးမှု ရှိပါသလော၊ အကြင်ပုဂ္ဂိုလ်သည် ရှင်ရဟန်း မပြု၊ ထိုပုဂ္ဂိုလ်အား မြတ်သောအကျင့်ကိုကျင့်သုံးမှု မရှိပါသလော။ |
4,271 | Uncategorized | ကထာဝတ္ထုပါဠိတော် | နတ်ဗြဟ္မာတို့၌ ဦးပြည်း (ခေါင်းတုံး) ၏ အဖြစ်သည် မရှိပါဟု နှလုံးပြု၍ နတ်ဗြဟ္မာတို့၌မြတ်သောအကျင့်ကို ကျင့်သုံးမှု မရှိပါသလော။ |
4,272 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်ဘုံ၌ ဦးပြည်း (ခေါင်းတုံး) ၏ အဖြစ်သည် ရှိ၏၊ ထိုဘုံ၌သာလျှင် မြတ်သောအကျင့်ကို ကျင့်သုံးမှု ရှိပါသလော၊ အကြင်ဘုံ၌ ဦးပြည်း (ခေါင်းတုံး) ၏ အဖြစ်သည် မရှိ၊ ထိုဘုံ၌မြတ်သောအကျင့်ကို ကျင့်သုံးမှု မရှိပါသလော။ |
4,273 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်ပုဂ္ဂိုလ်သည် ဦးပြည်း (ခေါင်းတုံး) သူ ဖြစ်၏၊ ထိုပုဂ္ဂိုလ်အားသာ မြတ်သောအကျင့်ကို ကျင့်သုံးမှု ရှိပါသလော၊ အကြင်ပုဂ္ဂိုလ်သည် ဦးပြည်း (ခေါင်းတုံး) သူ မဟုတ်၊ ထိုပုဂ္ဂိုလ်အားမြတ်သောအကျင့်ကို ကျင့်သုံးမှု မရှိပါသလော။ |
4,274 | Uncategorized | ကထာဝတ္ထုပါဠိတော် | နတ်ဗြဟ္မာတို့၌ သင်္ကန်းဝတ်ရုံမှု မရှိဟု နှလုံးပြု၍ နတ်ဗြဟ္မာတို့၌ မြတ်သော အကျင့်ကို ကျင့်သုံးမှု မရှိပါသလော။ |
4,275 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်ဘုံ၌ သင်္ကန်းဝတ်ရုံမှု ရှိ၏၊ ထိုဘုံ၌သာ မြတ်သောအကျင့်ကို ကျင့်သုံးမှု ရှိပါသလော၊ အကြင်ဘုံ၌ သင်္ကန်းဝတ်ရုံမှု မရှိ၊ ထိုဘုံ၌ မြတ်သော အကျင့်ကို ကျင့်သုံးမှု မရှိပါသလော။ |
4,276 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်ဘုံ၌ သင်္ကန်းဝတ်ရုံမှု ရှိ၏၊ ထိုဘုံ၌သာ မြတ်သောအကျင့်ကို ကျင့်သုံးမှု ရှိပါသလော၊ အကြင်ဘုံ၌ သင်္ကန်းဝတ်ရုံမှု မရှိ၊ ထိုဘုံ၌ မြတ်သောအကျင့်ကို ကျင့်သုံးမှု မရှိပါသလော။ |
4,277 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်ပုဂ္ဂိုလ်သည် သင်္ကန်းကိုဝတ်ရုံ၏၊ ထိုပုဂ္ဂိုလ်အားသာလျှင် မြတ်သော အကျင့်ကိုကျင့်သုံးမှု ရှိပါသလော၊ အကြင်ပုဂ္ဂိုလ်သည် သင်္ကန်းကို မဝတ်ရုံ၊ ထိုပုဂ္ဂိုလ်အား မြတ်သော အကျင့်ကိုကျင့်သုံးမှု မရှိပါသလော။ |
4,278 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ နတ်ဗြဟ္မာတို့၌ သပိတ်ဆောင်မှု မရှိဟု နှလုံးပြု၍ နတ်ဗြဟ္မာတို့၌ မြတ်သော အကျင့်ကိုကျင့်သုံးမှု မရှိပါသလော။ |
4,279 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်ဘုံ၌ သပိတ်ဆောင်မှု ရှိ၏၊ ထိုဘုံ၌သာ မြတ်သောအကျင့်ကို ကျင့်သုံးမှု ရှိပါသလော၊ အကြင်ဘုံ၌ သပိတ်ဆောင်မှုသည် မရှိ၊ ထိုဘုံ၌ မြတ်သောအကျင့်ကို ကျင့်သုံးမှု မရှိပါသလော။ |
4,280 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်ပုဂ္ဂိုလ်သည် သပိတ်ကို ဆောင်၏၊ ထိုပုဂ္ဂိုလ်အားသာ မြတ်သောအကျင့်ကိုကျင့်သုံးမှု ရှိပါသလော၊ အကြင်ပုဂ္ဂိုလ်သည် သပိတ်ကို မဆောင်၊ ထိုပုဂ္ဂိုလ်အား မြတ်သောအကျင့်ကိုကျင့်သုံးမှု မရှိပါသလော။ |
4,281 | Uncategorized | ကထာဝတ္ထုပါဠိတော် | နတ်ဗြဟ္မာတို့၌ မြတ်စွာဘုရားတို့သည် မပွင့်ကုန်ဟု နှလုံးပြု၍ နတ်ဗြဟ္မာတို့၌မြတ်သောအကျင့်ကို ကျင့်သုံးမှု မရှိပါသလော။ |
4,282 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်ဘုံ၌ မြတ်စွာဘုရားတို့သည် ပွင့်ကုန်၏၊ ထိုဘုံ၌သာလျှင် မြတ်သောအကျင့်ကိုကျင့်သုံးမှု ရှိပါသလော၊ အကြင်ဘုံ၌ မြတ်စွာဘုရားတို့သည် မပွင့်ကုန်၊ ထိုဘုံ၌ မြတ်သောအကျင့်ကိုကျင့်သုံးမှု မရှိပါသလော။ |
4,283 | Uncategorized | ကထာဝတ္ထုပါဠိတော် | မြတ်စွာဘုရားသည် လုမ္ဗိနီဥယျာဉ်၌ ဖွားတော်မူ၏၊ ဗောဓိပင်ရင်း၌ ဘုရား ဖြစ်တော်မူ၏၊ မြတ်စွာဘုရားသည် ဗာရာဏသီပြည်၌ တရားစကြာကို လည်စေတော်မူအပ်ပြီ၊ ထိုအရပ်တို့၌့သာလျှင် မြတ်သောအကျင့်ကို ကျင့်သုံးမှု ရှိပါသလော၊ အခြားအရပ်၌ မြတ်သောအကျင့်ကို ကျင့်သုံးမှုမရှိပါသလော။ |
4,284 | Uncategorized | ကထာဝတ္ထုပါဠိတော် | နတ်ဗြဟ္မာတို့၌ ပစ္စေဗုဒ္ဓါတို့သည် မပွင့်ကုန်ဟု နှလုံးပြု၍ နတ်ဗြဟ္မာတို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှုသည် မရှိပါသလော။ |
4,285 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အကြင်ဘုံ၌ ပစ္စေကဗုဒ္ဓါတို့သည် ပွင့်ကုန်၏၊ ထိုဘုံ၌သာလျှင် မြတ်သောအကျင့်ကိုကျင့်သုံးမှု ရှိပါသလော၊ အကြင်ဘုံ၌ ပစ္စေကဗုဒ္ဓါတို့သည် မပွင့်ကုန်၊ ထိုဘုံ၌ မြတ်သောအကျင့်ကိုကျင့်သုံးမှု မရှိပါသလော။ |
4,286 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်ဘုံ၌ ပစ္စေကဗုဒ္ဓါတို့သည် ပွင့်ကုန်၏၊ ထိုဘုံ၌သာလျှင် မြတ်သောအကျင့်ကိုကျင့်သုံးမှု ရှိပါသလော၊ အကြင်ဘုံ၌ ပစ္စေကဗုဒ္ဓါတို့သည် မပွင့်ကုန်၏၊ ထိုဘုံ၌ မြတ်သောအကျင့်ကိုကျင့်သုံးမှု မရှိပါသလော။ |
4,287 | Uncategorized | ကထာဝတ္ထုပါဠိတော် | မဇ္ဈိမဇနပုဒ်တို့၌ ပစ္စေကဗုဒ္ဓါတို့သည် ပွင့်ကုန်၏၊ ထိုမဇ္ဈိမဇနပုဒ်တို့၌သာလျှင် မြတ်သောအကျင့်ကို ကျင့်သုံးမှုသည် ရှိပါသလော၊ အခြားအရပ်တို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှု မရှိပါသလော။ |
4,288 | Uncategorized | ကထာဝတ္ထုပါဠိတော် | နတ်ဗြဟ္မာတို့၌ သာဝကအစုံသည် မဖြစ်ပေါ်ဟု နှလုံးပြု၍ နတ်ဗြဟ္မာတို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှု မရှိပါသလော။ |
4,289 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်ဘုံ၌ သာဝကအစုံသည် ဖြစ်ပေါ်၏၊ ထိုဘုံ၌သာလျှင် မြတ်သောအကျင့်ကိုကျင့်သုံးမှု ရှိပါသလော၊ အကြင်ဘုံ၌ သာဝကအစုံသည် မဖြစ်ပေါ်၊ ထိုဘုံ၌ မြတ်သောအကျင့်ကိုကျင့်သုံးမှု မရှိပါသလော။ |
4,290 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်ဘုံ၌ သာဝကအစုံသည် ဖြစ်ပေါ်၏၊ ထိုဘုံ၌သာလျှင် မြတ်သော အကျင့်ကိုကျင့်သုံးမှု ရှိပါသလော၊ အကြင်ဘုံ၌ သာဝကအစုံသည် မဖြစ်ပေါ်၊ ထိုဘုံ၌ မြတ်သော အကျင့်ကိုကျင့်သုံးမှု မရှိပါသလော။ |
4,291 | Uncategorized | ကထာဝတ္ထုပါဠိတော် | မဂဓတိုင်းတို့၌ သာဝကအစုံသည် ဖြစ်ပေါ်၏၊ ထိုမဂဓတိုင်းတို့၌သာလျှင် မြတ်သောအကျင့်ကို ကျင့်သုံးမှု ရှိပါသလော၊ အခြားအရပ်တို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှု မရှိပါသလော။ |
4,292 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၇၁။ ပရဝါဒီ။ |
4,293 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ နတ်ဗြဟ္မာတို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှု ရှိပါသလော။ |
4,294 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အလုံးစုံသော နတ်ဗြဟ္မာတို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှု ရှိပါသလော။ |
4,295 | Uncategorized | ကထာဝတ္ထုပါဠိတော် | လူတို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှု ရှိပါသလော။ |
4,296 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အလုံးစုံသော လူတို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှု ရှိပါသလော။ |
4,297 | Uncategorized | ကထာဝတ္ထုပါဠိတော် | အသညသတ်ဗြဟ္မာတို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှု ရှိပါသလော။ |
4,298 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမတို့၏ ဖြစ်ပေါ်လာမှု မရှိသော ပစ္စ န္တရာဇ်ဇနပုဒ်နှင့် ပစ္စ န္တရာဇ်ဇနပုဒ်နေ မသိမလိမ္မာသော လူရိုင်းတို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှုရှိပါသလော။ |
4,299 | Uncategorized | ကထာဝတ္ထုပါဠိတော် | နတ်ဗြဟ္မာတို့၌ မြတ်သောအကျင့်ကို ကျင့်သုံးမှု ရှိပါသလော။ |
4,300 | Uncategorized | ကထာဝတ္ထုပါဠိတော် | မြတ်သောအကျင့်ကို ကျင့်သုံးမှုရှိသော နတ်ဗြဟ္မာတို့သည်လည်း ရှိကုန်၏၊ မြတ်သောအကျင့်ကို ကျင့်သုံးမှု မရှိသော နတ်ဗြဟ္မာတို့သည်လည်း ရှိကုန်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.