id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
5,201
Uncategorized
ကထာဝတ္ထုပါဠိတော်
၃၀၁။ သကဝါဒီ။
5,202
Uncategorized
ကထာဝတ္ထုပါဠိတော်
။ တရားအားလုံးတို့သည် သတိပဋ္ဌာန်တို့ မည်ကုန်သလော။
5,203
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ဩော် မည်ကုန်၏။
5,204
Uncategorized
ကထာဝတ္ထုပါဠိတော်
။ တရားအားလုံးတို့သည် သတိ, သတိန္ဒြေ, သတိဗိုလ်, သမ္မာသတိ, သတိသမ္ဗောဇ္ဈင်မည်သလော၊ တစ်ကြောင်းတည်းသောလမ်း, အာသဝကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းလမ်း, သစ္စာလေးပါးကို သိကြောင်းလမ်း, စုတိပဋိသန္ဓေကို ဖျက်ဆီးတတ်သော နိဗ္ဗာန်သို့ ရောက်ကြောင်းလမ်းမည်သလော၊ အာသဝတို့၏ အာရုံ မဟုတ်ကုန်သလော၊ သံယောဇဉ်တို့၏ အာရုံ မဟုတ်ကုန်သလော၊ ဂန္ထတရားတို့...
5,205
Uncategorized
ကထာဝတ္ထုပါဠိတော်
တရားအားလုံးတို့သည် သတိပဋ္ဌာန်တို့ မည်ကုန်သလော။
5,206
Uncategorized
ကထာဝတ္ထုပါဠိတော်
စက္ခာယတနသည် သတိပဋ္ဌာန်မည်သလော။
5,207
Uncategorized
ကထာဝတ္ထုပါဠိတော်
။ စက္ခာယတနသည် သတိမည်သလော၊ သတိန္ဒြေ, သတိဗိုလ်, သမ္မာသတိ, သတိသမ္ဗောဇ္ဈင်, တစ်ကြောင်းတည်းသောလမ်း, အာသဝတို့ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းလမ်း, သစ္စာလေးပါးကို သိကြောင်းလမ်း, ကိလေသာကို ဖျက်ဆီးတတ်သော နိဗ္ဗာန်သို့ ရောက်ကြောင်းလမ်း မည်သလော၊ အာသဝတို့၏ အာရုံ မဟုတ်သလော၊ သံယောဇဉ်တို့၏ အာရုံ မဟုတ်သလော။
5,208
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ကိလေသာတို့ကို ရခြင်းငှါ မထိုက်သလော၊ စက္ခာယတနသည် ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ, သံဃာနုဿတိ, သီလာနုဿတိ, စာဂါနုဿတိ, ဒေဝတာနုဿတိ အာနာပါနဿတိ, မရဏာနုဿတိ, ကာယဂတာသတိ,ဥပသမာ နုဿတိ မည်သလော။
5,209
Uncategorized
ကထာဝတ္ထုပါဠိတော်
သောတာယတနသည်။
5,210
Uncategorized
ကထာဝတ္ထုပါဠိတော်
ဃာနာယတနသည်။
5,211
Uncategorized
ကထာဝတ္ထုပါဠိတော်
ဇိဝှါယတနသည်။
5,212
Uncategorized
ကထာဝတ္ထုပါဠိတော်
ကာယာယတန သည်။
5,213
Uncategorized
ကထာဝတ္ထုပါဠိတော်
ရူပါယတန။ သဒ္ဒါယတန။
5,214
Uncategorized
ကထာဝတ္ထုပါဠိတော်
ဂန္ဓာယတန။ ရသာယတန။
5,215
Uncategorized
ကထာဝတ္ထုပါဠိတော်
ဖောဋ္ဌဗ္ဗာယတနသည်။
5,216
Uncategorized
ကထာဝတ္ထုပါဠိတော်
ရာဂသည်။ ဒေါသသည်။
5,217
Uncategorized
ကထာဝတ္ထုပါဠိတော်
မောဟသည်။ မာနသည်။
5,218
Uncategorized
ကထာဝတ္ထုပါဠိတော်
ဒိဋ္ဌိသည်။
5,219
Uncategorized
ကထာဝတ္ထုပါဠိတော်
ဝိစိကိစ္ဆာသည်။
5,220
Uncategorized
ကထာဝတ္ထုပါဠိတော်
ထိနသည်။ ဥဒ္ဓစ္စသည်။
5,221
Uncategorized
ကထာဝတ္ထုပါဠိတော်
အဟိရိကသည်။
5,222
Uncategorized
ကထာဝတ္ထုပါဠိတော်
အနောတ္တပ္ပသည် သတိပဋ္ဌာန်မည်သလော။
5,223
Uncategorized
ကထာဝတ္ထုပါဠိတော်
အနောတ္တပ္ပသည် သတိ, သတိန္ဒြေ, သတိဗိုလ်, သမ္မာသတိ မည်သလော။
5,224
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ကာယဂာတာ သတိမည်သလော။
5,225
Uncategorized
ကထာဝတ္ထုပါဠိတော်
ဥပသမာနုဿတိ မည်သလော။
5,226
Uncategorized
ကထာဝတ္ထုပါဠိတော်
သတိသည် သတိပဋ္ဌာန်မည်၍ ထိုသတိပဋ္ဌာန်မည်သော စက္ခာယတနသည်လည်းသတိလည်း မည်သလော။
5,227
Uncategorized
ကထာဝတ္ထုပါဠိတော်
စက္ခာယတနသည် သတိပဋ္ဌာန်မည်၍ ထိုသတိပဋ္ဌာန်မည်သော စက္ခာယတနသည်လည်းသတိလည်း မည်သလော။
5,228
Uncategorized
ကထာဝတ္ထုပါဠိတော်
သတိသည် သတိပဋ္ဌာန်မည်၍ ထိုသတိပဋ္ဌာန်မည်သော သတိသည်လည်း သတိမည်သလော။
5,229
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ကာယာယတနသည်။
5,230
Uncategorized
ကထာဝတ္ထုပါဠိတော်
ရူပါယတနသည်။
5,231
Uncategorized
ကထာဝတ္ထုပါဠိတော်
မောဟသည်။ အနောတ္တပ္ပသည် သတိပဋ္ဌာန်မည်၍ ထိုသတိပဋ္ဌာန်မည်သော အနောတ္တပ္ပသည်လည်း သတိမည်သလော။
5,232
Uncategorized
ကထာဝတ္ထုပါဠိတော်
စက္ခယတနသည် သတိပဋ္ဌာန်မည်၍ ထိုသတိပဋ္ဌာန်မည်သော စက္ခာယတနသည်ကားသတိ မမည်သလော။
5,233
Uncategorized
ကထာဝတ္ထုပါဠိတော်
။ သတိသည် သတိပဋ္ဌာန်မည်၍ ထိုသတိပဋ္ဌာန်မည်သော သတိသည်ကား သတိမမည်သလော။
5,234
Uncategorized
ကထာဝတ္ထုပါဠိတော်
ရာဂ။ ဒေါသ။
5,235
Uncategorized
ကထာဝတ္ထုပါဠိတော်
မောဟသည်။ အနောတ္တပ္ပသည် သတိပဋ္ဌာန်မည်၍ ထိုသတိပဋ္ဌာန်မည်သောအနောတ္တပ္ပသည်ကား သတိ မမည်သလော။
5,236
Uncategorized
ကထာဝတ္ထုပါဠိတော်
သတိသည် သတိပဋ္ဌာန်မည်၍ ထိုသတိပဋ္ဌာန်မည်သော သတိသည်ကား သတိမမည်သလော။
5,237
Uncategorized
ကထာဝတ္ထုပါဠိတော်
၃၀၂။ ပရဝါဒီ။
5,238
Uncategorized
ကထာဝတ္ထုပါဠိတော်
။ တရားအားလုံးတို့သည် သတိပဋ္ဌာန်မည်ကုန်၏ဟူ၍ မဆိုသင့်ပါသလော။
5,239
Uncategorized
ကထာဝတ္ထုပါဠိတော်
တရားအားလုံးတို့ကို အာရုံပြု၍ သတိသည် ကောင်းစွာ တည်သည် မဟုတ်ပါလော။
5,240
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်ပရဝါဒီ တရာအားလုံးတို့ကို အာရုံပြု၍ သတိသည် ကောင်းစွာ တည်ခဲ့ပါမူ ထိုအကြောင်းကြောင့် တရားအားလုံးတို့သည် သတိပဋ္ဌာန်မည်ကုန်၏ဟူ၍ ဆိုသင့်ပါ၏။
5,241
Uncategorized
ကထာဝတ္ထုပါဠိတော်
တရားအားလုံးကို အာရုံပြု၍ သတိသည် ကောင်းစွာ တည်၏ဟု နှလုံးပြု၍ တရားအားလုံးတို့သည် သတိပဋ္ဌာန်တို့ မည်သလော။
5,242
Uncategorized
ကထာဝတ္ထုပါဠိတော်
တရားအားလုံးကို အာရုံပြု၍ ဖဿသည် ကောင်းစွာ တည်၏ဟု နှလုံးပြု၍ တရားအားလုံးတို့သည် ဖဿပဋ္ဌာန်မည်ကုန်သလော။
5,243
Uncategorized
ကထာဝတ္ထုပါဠိတော်
တရားအားလုံးကို အာရုံပြု၍ ဝေဒနာသည် ကောင်းစွာ တည်၏။
5,244
Uncategorized
ကထာဝတ္ထုပါဠိတော်
သညာသည်ကောင်းစွာ တည်၏။
5,245
Uncategorized
ကထာဝတ္ထုပါဠိတော်
စေတနာသည် ကောင်းစွာ တည်၏။
5,246
Uncategorized
ကထာဝတ္ထုပါဠိတော်
စိတ်သည် ကောင်းစွာ တည်၏ဟု နှလုံးပြု၍ထိုတရားအားလုံးတို့သည် စိတ္တပဋ္ဌာန်မည်ကုန်သလော။
5,247
Uncategorized
ကထာဝတ္ထုပါဠိတော်
တရားအားလုံးတို့သည် သတိပဋ္ဌာန်တို့ မည်သလော။
5,248
Uncategorized
ကထာဝတ္ထုပါဠိတော်
သတ္တဝါအားလုံးတို့သည် ရှေးရှုထင်သော သတိရှိကုန်သလော၊ သတိနှင့် ပြည့်စုံကုန်သလော၊ သတိနှင့် ဆက်စပ်ကုန်သလော၊ သတ္တဝါအားလုံးတို့အား သတိသည် ရှေးရှုထင်ပါသလော။
5,249
Uncategorized
ကထာဝတ္ထုပါဠိတော်
၃၀၃။ သကဝါဒီ။
5,250
Uncategorized
ကထာဝတ္ထုပါဠိတော်
။ တရားအားလုံးတို့သည် သတိပဋ္ဌာန်တို့ မည်သလော။
5,251
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန်းတို့ အကြင်ပုဂ္ဂိုလ်တို့သည် ကာယဂတာသတိကို မသုံးဆောင်ရကုန်၊ ထိုပုဂ္ဂိုလ်တို့သည် အမြိုက်နိဗ္ဗာန်ကို မသုံးဆောင်ရကုန်။
5,252
Uncategorized
ကထာဝတ္ထုပါဠိတော်
အကြင်ပုဂ္ဂိုလ်တို့သည် ကာယဂတာသတိကိုသုံးဆောင်ရကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် အမြိုက်နိဗ္ဗာန်ကို သုံးဆောင်ရကုန်၏ဟူ၍ မြတ်စွာဘုရားဟောအပ် သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
5,253
Uncategorized
ကထာဝတ္ထုပါဠိတော်
သတ္တဝါအားလုံးတို့သည် ကာယဂတာသတိကို သုံးဆောင်ကြပါသလော၊ ရကြပါသလော၊ မှီဝဲကြပါသလော၊ ပွါးစေကြပါသလော၊ အကြိမ်များစွာ ပြုကြပါသလော။
5,254
Uncategorized
ကထာဝတ္ထုပါဠိတော်
တရားအားလုံးတို့သည် သတိပဋ္ဌာန်တို့ မည်ပါသလော။
5,255
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန်းတို့ အကြင်လေးပါးသော သတိပဋ္ဌာန်တို့သည် ရှိကုန်၏၊ ဤသတိပဋ္ဌာန်လမ်းစဉ်သည် သတ္တဝါတို့၏ စင်ကြယ်ရန် စိုးရိမ်ပူဆွေး ငိုကြွေးမှုတို့ကို လွတ်မြောက်ရန် ကိုယ်ဆင်းရဲနှင့်စိတ်ဆင်းရဲမှုတို့ ချုပ်ငြိမ်းရန် မဂ်ဉာဏ်ကို ရရှိရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသောလမ်းခရီးပေတည်းဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသ...
5,256
Uncategorized
ကထာဝတ္ထုပါဠိတော်
တရားအားလုံးတို့သည် တစ်ကြောင်းတည်းသော လမ်းခရီး မည်ပါသလော။
5,257
Uncategorized
ကထာဝတ္ထုပါဠိတော်
တရားအားလုံးတို့သည် သတိပဋ္ဌာန်မည်ကုန်သလော။
5,258
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန်းတို့ စကြဝတေးမင်း၏ ဖြစ်ပေါ်ခြင်းကြောင့် ရတနာခုနစ်ပါးတို့ ဖြစ်ပေါ်လာ၏၊ အဘယ်ရတနာခုနစ်ပါးတို့ ဖြစ်ပေါ်သနည်း။
5,259
Uncategorized
ကထာဝတ္ထုပါဠိတော်
စကြာရတနာ ဖြစ်ပေါ်လာ၏၊ ဆင်ရတနာ ဖြစ်ပေါ်လာ၏၊ မြင်းရတနာ၊ ပတ္တမြားရတနာ၊ မိန်းမရတနာ၊ သူဌေးရတနာ၊ သားကြီးရတနာ ဖြစ်ပေါ်လာ၏။
5,260
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန်းတို့ စကြဝတေးမင်း၏ ဖြစ်ပေါ်ခြင်းကြောင့် ဤရတနာခုနစ်ပါးတို့ ဖြစ်ပေါ်လာ၏။
5,261
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန်းတို့ လူနတ်တို့၏ ပူဇော်အထူးကို ခံတော်မူ ထိုက်သော တရားအားလုံးကို မှန်ကန်စွာ ကိုယ်တိုင်သိမြင်သော မြတ်စွာဘုရား၏ ပွင့်တော်မူခြင်းကြောင့် ဗောဇ္ဈင်ရတနာခုနစ်ပါးတို့ ဖြစ်ပေါ်လာ၏၊ အဘယ်ဗောဇ္ဈင် ရတနာခုနစ်ပါးတို့ ဖြစ်ပေါ်လာသနည်း။
5,262
Uncategorized
ကထာဝတ္ထုပါဠိတော်
သတိသမ္ဗောဇ္ဈင်ရတနာ ဖြစ်ပေါ်လာ၏၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်ရတနာ ဖြစ်ပေါ်လာ၏၊ ဝီရိယသမ္ဗောဇ္ဈင်ရတနာ ဖြစ်ပေါ်လာ၏၊ ပီတိသမ္ဗောဇ္ဈင်ရတနာ ဖြစ်ပေါ်လာ၏၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်ရတနာဖြစ်ပေါ် လာ၏၊ သမာဓိသမ္ဗောဇ္ဈင်ရတနာ ဖြစ်ပေါ်လာ၏၊ ဥပေက္ခာသမ္ဗောဇ္ဈင်ရတနာ ဖြစ်ပေါ်လာ၏။
5,263
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန်းတို့ လူနတ်တို့၏ ပူဇော်အထူးကို ခံတော်မူ ထိုက်သော တရားအားလုံးကို မှန်ကန်စွာ ကိုယ်တိုင်သိမြင်သော မြတ်စွာဘုရား၏ ပွင့်တော်မူခြင်းကြောင့် ဤဗောဇ္ဈင်ရတနာခုနစ်ပါးတို့ ထင်ရှားဖြစ်ပေါ်လာ၏ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
5,264
Uncategorized
ကထာဝတ္ထုပါဠိတော်
လူနတ်တို့၏ ပူဇော်အထူးကို ခံတော်မူ ထိုက်သော တရားအားလုံးကို မှန်ကန်စွာကိုယ်တိုင် သိမြင်တော်မူသော မြတ်စွာဘုရား ပွင့်တော်မူခြင်းကြောင့် တရားအားလုံးတို့သည် သတိသမ္ဗောဇ္ဈင်ရတနာတို့သာ မည်ပါကုန်သလော။
5,265
Uncategorized
ကထာဝတ္ထုပါဠိတော်
တရားအားလုံးတို့သည် သမ္မပ္ပဓာန်။
5,266
Uncategorized
ကထာဝတ္ထုပါဠိတော်
ဣဒ္ဓိပါဒ်။
5,267
Uncategorized
ကထာဝတ္ထုပါဠိတော်
ဣန္ဒြေ။ ဗိုလ်။
5,268
Uncategorized
ကထာဝတ္ထုပါဠိတော်
ဗောဇ္ဈင်တို့ မည်ကုန်သလော။
5,269
Uncategorized
ကထာဝတ္ထုပါဠိတော်
သတိပဋ္ဌာနကထာ ပြီး၏။
5,270
Uncategorized
ကထာဝတ္ထုပါဠိတော်
၁။ “စတုန္နံ ဘိက္ခဝေ သတိပဋ္ဌာနာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ ဒေသေဿာမိ”ဟု သတိပဋ္ဌာနသံယုတ်၌ ဟောတော်မူသော နည်းဖြင့်သာလျှင် ကာယအစရှိသော သတိ၏ အာရုံဖြစ်ကုန်သော တရားတို့ကိုယူ၍ တရားအားလုံးတို့သည် သတိပဋ္ဌာန် မည်ကုန်၏ဟု အယူရှိကုန်သော ပုဗ္ဗသေလိယ, အပရသေလိယ, ရာဇဂိရိယ, သိဒ္ဓတ္ထိကဟူကုန်သော အန္ဓကဂိုဏ်းသား ပရဝါဒီတို့၏ အယူကို စိစစ်ခြင်းငှါ မေ...
5,271
Uncategorized
ကထာဝတ္ထုပါဠိတော်
(ဤ၌ ပဋ္ဌာနသဒ္ဒါကို အဓိကရဏသာဓ်ဝိဂြိုဟ်ပြု၍ ဆဋ္ဌီတပ္ပုရိသ်တွဲလျှင် သတိ၏ တည်ရာအာရုံ ဖြစ်ကောင်းသော တရားတို့သည် သတိပဋ္ဌာန မည်ကုန်၏၊ ပဋ္ဌာနသဒ္ဒါကို ကတ္တုသာဓ်ဝိဂြိုဟ်ပြု၍ သတိနှင့် ကမ္မဓရည်းသမာသ်တွဲလျှင် သတိသည်ပင်လျှင် ပဋ္ဌာန မည်၏၊ ထို့ကြောင့်ဝါဒနှစ်ပါးလုံးပင် ပရိယာယ်အားဖြင့် သင့်ကြပါကုန်၏၊ ပရဝါဒီတို့ကား ထိုပရိယာယ်ကို စွန့်ပယ်...
5,272
Uncategorized
ကထာဝတ္ထုပါဠိတော်
၂။ အာရုံ၏ အစွမ်းဖြင့် သတိပဋ္ဌာန်မည်သည်ကို ရည်ရွယ်၍ ဝန်ခံသည်။
5,273
Uncategorized
ကထာဝတ္ထုပါဠိတော်
-- ၉-ဟေဝတ္ထိကထာ၁
5,274
Uncategorized
ကထာဝတ္ထုပါဠိတော်
၃၀၄။ သကဝါဒီ။
5,275
Uncategorized
ကထာဝတ္ထုပါဠိတော်
ဤသို့ ရှိ၍ ဤသို့ကား မရှိ။
5,276
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ထိုအတိတ်တရားသည်ပင် ရှိ၍ ထိုအတိတ်တရားသည်ပင် မရှိသလော။
5,277
Uncategorized
ကထာဝတ္ထုပါဠိတော်
ထိုအတိတ်တရားသည်ပင် ရှိ၍ ထိုအတိတ်တရားသည်ပင် မရှိသလော။
5,278
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရှိသောသဘောသည် မရှိသောသဘောမည်သလော၊ မရှိသောသဘောသည် ရှိသောသဘော မည်သလော၊ ရှိသည်၏အဖြစ်သည် မရှိသည်၏အဖြစ်မည်သလော၊ မရှိသည်၏အဖြစ်သည်ရှိသည်၏အဖြစ်မည်သလော၊ ရှိ၏ဟူ၍လည်းကောင်း, မရှိဟူ၍လည်းကောင်း၊ မရှိဟူ၍လည်းကောင်း,ရှိ၏ဟူ၍လည်းကောင်း ဤရှိ မရှိနှင့် မရှိ ရှိသည် တူသောအနက်ရှိသလော၊ တူသလော၊ တူသောအဖို့ရှိသလော၊ ထိုရှိမရှှိကြောင့် မရှိရှှိ,...
5,279
Uncategorized
ကထာဝတ္ထုပါဠိတော်
ဤသို့ ရှိ၍ ဤသို့ကား မရှိပါ။
5,280
Uncategorized
ကထာဝတ္ထုပါဠိတော်
ထိုအနာဂတ်တရားသည်ပင် ရှိ၍ ထိုအနာဂတ်တရားသည်ပင် မရှိသလော။
5,281
Uncategorized
ကထာဝတ္ထုပါဠိတော်
ရှိသောသဘောသည် မရှိသောသဘောမည်သလော၊ မရှိသောသဘောသည် ရှိသောသဘော မည်သလော၊ ရှိသည်၏အဖြစ်သည် မရှိသည်၏အဖြစ်မည်သလော၊ မရှိသည်၏အဖြစ်သည်ရှိသည်၏အဖြစ်မည်သလော၊ ရှိ၏ဟူ၍လည်းကောင်း, မရှိဟူ၍လည်းကောင်း၊ မရှိဟူ၍လည်းကောင်း,ရှိ၏ဟူ၍လည်းကောင်း ဤရှိ မရှိနှင့် မရှိ ရှိသည် တူသောအနက်ရှိသလော၊ တူသလော၊ တူသောအဖို့ရှိသလော၊ ထိုရှိမရှှိကြောင့် မရှှိရှှိ, ...
5,282
Uncategorized
ကထာဝတ္ထုပါဠိတော်
ထိုပစ္စုပ္ပန်တရားသည်ပင် ရှိ၍ ထိုပစ္စုပ္ပန်တရားသည်ပင် မရှိသလော။
5,283
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ထိုပစ္စုပ္ပန်တရားသည်ပင် ရှိ၍ ထိုပစ္စုပ္ပန်တရားသည်ပင် မရှိသလော။
5,284
Uncategorized
ကထာဝတ္ထုပါဠိတော်
ရှိသောသဘောသည် မရှိသောသဘောမည်သလော။
5,285
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ တူသလော၊ တူသောအဖို့ရှိသလော၊ ထိုရှိမရှိကြောင့် မရှိရှိ, မရှိရှိကြောင့် ရှိမရှိ ဖြစ်ပါသလော။
5,286
Uncategorized
ကထာဝတ္ထုပါဠိတော်
၃၀၅။ သကဝါဒီ။
5,287
Uncategorized
ကထာဝတ္ထုပါဠိတော်
။ အတိတ်တရားသည် ဤသို့ ရှိ၍ ဤသို့ကား မရှိသလော။
5,288
Uncategorized
ကထာဝတ္ထုပါဠိတော်
အဘယ်သို့ ရှိ၍ အဘယ်သို့ကား မရှိသနည်း။
5,289
Uncategorized
ကထာဝတ္ထုပါဠိတော်
အတိတ်တရားသည် အတိတ်တရားဟူ၍ ဤသို့ ရှိ၏၊ အတိတ်တရားသည် အနာဂတ်တရားဟူ၍ ဤသို့ကား မရှိ၊ အတိတ်တရားသည် ပစ္စုပ္ပန်တရားဟူ၍ ဤသို့ကား မရှိပါ။
5,290
Uncategorized
ကထာဝတ္ထုပါဠိတော်
ရှိသောသဘောသည် မရှိသောသဘောမည်သလော၊ မရှိသောသဘောသည် ရှိသောသဘောမည်သလော၊ ရှိသည်၏အဖြစ်သည် မရှိသည်၏အဖြစ်မည်သလော၊ မရှိသည်၏အဖြစ်သည် ရှိသည်၏အဖြစ်မည်သလော၊ ရှိ၏ဟူ၍လည်းကောင်း, မရှိဟူ၍လည်းကောင်း၊ မရှှိဟူ၍လည်းကောင်း, ရှိ၏ဟူ၍လည်းကောင်း ဤရှှိ မရှိနှင့် မရှိရှှိသည် တူသောအနက်ရှိသလော၊ တူသလော၊ တူသောအဖို့ရှိသလော၊ ထိုရှိမရှှိကြောင့် မရှိရှိ,...
5,291
Uncategorized
ကထာဝတ္ထုပါဠိတော်
အနာဂတ်တရားသည် ဤသို့ ရှိ၍ ဤသို့ကား မရှိသလော။
5,292
Uncategorized
ကထာဝတ္ထုပါဠိတော်
အနာဂတ်တရားသည် အနာဂတ်တရားဟူ၍ ဤသို့ ရှိ၏၊ အနာဂတ်တရားသည်အတိတ်တရားဟူ၍ ဤသို့ကား မရှိ၊ အနာဂတ်တရားသည် ပစ္စုပ္ပန်တရားဟူ၍ ဤသို့ကား မရှိပါ။
5,293
Uncategorized
ကထာဝတ္ထုပါဠိတော်
ထိုတရားသည် ရှိ၍ ထိုတရားသည် မရှိသလော။
5,294
Uncategorized
ကထာဝတ္ထုပါဠိတော်
ရှိသောသဘောသည် မရှိသောသဘောမည်သလော၊ မရှိသောသဘောသည် ရှိသောသဘော မည်သလော။
5,295
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ တူသလော၊ တူသောအဖို့ရှိသလော၊ ထိုရှှိမရှှိကြောင့် မရှိရှှိ, မရှိရှိကြောင့်ရှှိမရှိ ဖြစ်ပါသလော။
5,296
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ပစ္စုပ္ပန်တရားသည် ဤသို့ ရှိ၍ ဤသို့ကား မရှိသလော။
5,297
Uncategorized
ကထာဝတ္ထုပါဠိတော်
ပစ္စုပ္ပန်တရားသည် ပစ္စုပ္ပန်တရားဟူ၍ ဤသို့ ရှိ၏၊ ပစ္စုပ္ပန်တရားသည် အတိတ်တရားဟူ၍ ဤသို့ကား မရှိ၊ ပစ္စုပ္ပန်တရားသည် အနာဂတ်တရားဟူ၍ ဤသို့ကား မရှိပါ။
5,298
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ တူသလော၊ တူသောအဖို့ရှိသလော၊ ထိုရှှိမရှိကြောင့် မရှှိရှှိ, မရှိရှှိကြောင့် ရှိမရှှိ ဖြစ်ပါသလော။
5,299
Uncategorized
ကထာဝတ္ထုပါဠိတော်
အတိတ်တရားသည် ဤသို့ ရှိ၍ ဤသို့ကား မရှှိ၊ အနာဂတ်တရားသည် ဤသို့ ရှိ၍ဤသို့ကား မရှှိ၊ ပစ္စုပ္ပန်တရားသည် ဤသို့ ရှိ၍ ဤသို့ကား မရှိဟူ၍ မဆိုသင့်ပါသလော။
5,300
Uncategorized
ကထာဝတ္ထုပါဠိတော်
အတိတ်တရားသည် အနာဂတ်တရားတည်းဟူ၍ ဤသို့ ရှိသလော၊ အတိတ်တရားသည်ပစ္စုပ္ပန်တရားဟူ၍ ဤသို့ ရှိသလော၊ အနာဂတ်တရားသည် အတိတ်တရားဟူ၍ ဤသို့ ရှိသလော၊ အနာဂတ်တရားသည် ပစ္စုပ္ပန်တရားဟူ၍ ဤသို့ ရှိသလော၊ ပစ္စုပ္ပန်တရားသည် အတိတ်တရားဟူ၍ဤသို့ ရှိသလော၊ ပစ္စုပ္ပန်တရားသည် အနာဂတ်တရားဟူ၍ ဤသို့ ရှိသလော။