id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
5,301
Uncategorized
ကထာဝတ္ထုပါဠိတော်
ထို့ကြောင့်ပင် အတိတ်တရားသည် ဤသို့ ရှိ၍ ဤသို့ကား မရှိ၊ အနာဂတ် တရားသည်ဤသို့ ရှိ၍ ဤသို့ကား မရှိ၊ ပစ္စုပ္ပန်တရားသည် ဤသို့ ရှိ၍ ဤသို့ကား မရှိပါ။
5,302
Uncategorized
ကထာဝတ္ထုပါဠိတော်
၆ ၃၀၆။
5,303
Uncategorized
ကထာဝတ္ထုပါဠိတော်
ရုပ်သည် ရှိသလော။
5,304
Uncategorized
ကထာဝတ္ထုပါဠိတော်
(ရုပ်သည်) ဤသို့ ရှိ၍ ဤသို့ကား မရှှိပါ။
5,305
Uncategorized
ကထာဝတ္ထုပါဠိတော်
ထိုရုပ်သည်ပင် ရှိ၍ ထိုရုပ်သည် မရှိသလော။
5,306
Uncategorized
ကထာဝတ္ထုပါဠိတော်
ထိုရုပ်သည် ရှိ၍ ထိုရုပ်သည် မရှိသလော။
5,307
Uncategorized
ကထာဝတ္ထုပါဠိတော်
ရှိသော ရုပ်သဘောသည် မရှိသော ရုပ်သဘောမည်သလော၊ မရှိသော ရုပ်သဘောသည် ရှှိသော ရုပ်သဘောမည်သလော၊ ရှိသည်၏အဖြစ်သည် မရှိသည်၏အဖြစ်မည်သလော၊ မရှိသည်၏အဖြစ်သည် ရှိသည်၏အဖြစ်မည်သလော၊ ရုပ်သည် ရှိ၏ဟူ၍လည်းကောင်း, မရှိဟူ၍လည်းကောင်း၊ ရုပ်သည် မရှှိဟူ၍လည်းကောင်း, ရှှိ၏ဟူ၍လည်းကောင်း ဤရှိမရှိနှင့် မရှှိရှိ တူသောအနက်ရှိသလော၊ တူသလော၊ တူသောအဖို့ရှိ...
5,308
Uncategorized
ကထာဝတ္ထုပါဠိတော်
ဝိညာဏ်သည် ရှိသလော။
5,309
Uncategorized
ကထာဝတ္ထုပါဠိတော်
ဤသို့ ရှိ၏၊ ဤသို့ကား မရှိပါ။
5,310
Uncategorized
ကထာဝတ္ထုပါဠိတော်
ထိုဝိညာဏ်သည်ပင် ရှိ၍ ထိုဝိညာဏ်သည်ပင် မရှိသလော။
5,311
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ တူသလော၊ တူသောအဖို့ရှှိသလော၊ ရှိမရှိကြောင့် မရှိရှှိ, မရှိရှှိကြောင့် ရှိမရှှိ ဖြစ်သလော။
5,312
Uncategorized
ကထာဝတ္ထုပါဠိတော်
ရုပ်သည် ဤသို့ ရှိ၍ ဤသို့ မရှိသလော။
5,313
Uncategorized
ကထာဝတ္ထုပါဠိတော်
အဘယ်သို့ ရှိ၍ အဘယ်သို့ မရှိသနည်း။
5,314
Uncategorized
ကထာဝတ္ထုပါဠိတော်
ရုပ်သည် ရုပ်ဟူ၍ ဤသို့ ရှိ၏၊ ရုပ်သည် ဝေဒနာဟူ၍ ဤသို့ကား မရှိ။
5,315
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ရုပ်သည်သညာဟူ၍ ဤသို့ မရှိ။
5,316
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ရုပ်သည် သင်္ခါရတို့ဟူ၍ ဤသို့ မရှှိ။
5,317
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ရုပ်သည်ဝိညာဏ်ဟူ၍ ဤသို့ မရှှိ။
5,318
Uncategorized
ကထာဝတ္ထုပါဠိတော်
ထိုရုပ်သည်ပင် ရှိ၍ ထိုရုပ်သည်ပင် မရှိသလော။
5,319
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ တူသလော၊ တူသောအဖို့ရှိသလော၊ ထိုရှိမရှှိကြောင့် မရှိရှိ, မရှိရှိကြောင့် ရှိမရှိ ဖြစ်ပါသလော။
5,320
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ဝေဒနာသည်။
5,321
Uncategorized
ကထာဝတ္ထုပါဠိတော်
ဝိညာဏ်သည် ဤသို့ ရှိ၍ ဤသို့ကားမရှှိသလော။
5,322
Uncategorized
ကထာဝတ္ထုပါဠိတော်
ဝိညာဏ်သည်ဝိညာဏ်ဟူ၍ ဤသို့ ရှိ၍ဝိညာဏ်သည် ရုပ်ဟူ၍ ဤသို့ မရှှိ။
5,323
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ဝိညာဏ်သည် ဝေဒနာတည်းဟူ၍ ဤသို့ မရှိ။
5,324
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ဝိညာဏ်သည် သညာဟူ၍ ဤသို့ မရှှိ။
5,325
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ဝိညာဏ်သည် သင်္ခါရတို့ဟူ၍ ဤသို့ မရှိပါ။
5,326
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရှိသောသဘောသည် မရှိသောသဘောမည်သလော။
5,327
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ တူသလော၊ တူသောအဖို့ရှိသလော၊ ထိုရှှိမရှိကြောင့် မရှိရှှိ, မရှိရှှိကြောင့် ရှှိမရှိ ဖြစ်ပါသလော။
5,328
Uncategorized
ကထာဝတ္ထုပါဠိတော်
ရုပ်သည် ဤသို့ ရှိ၏၊ ဤသို့ကား မရှိဟူ၍ မဆိုသင့်ပါသလော။
5,329
Uncategorized
ကထာဝတ္ထုပါဠိတော်
ဝိညာဏ်သည် ဤသို့ ရှိ၏၊ ဤသို့ကား မရှိဟူ၍ မဆိုသင့်ပါသလော။
5,330
Uncategorized
ကထာဝတ္ထုပါဠိတော်
ရုပ်သည် ဝေဒနာဟူ၍ ဤသို့ ရှိသလော။
5,331
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ရုပ်သည် သညာဟူ၍ ဤသို့ ရှိသလော။
5,332
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ရုပ်သည် သင်္ခါရတို့ဟူ၍ ဤသို့ ရှိသလော။
5,333
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ရုပ်သည်ဝိညာဏ်ဟူ၍ ဤသို့ ရှိသလော။
5,334
Uncategorized
ကထာဝတ္ထုပါဠိတော်
ဝိညာဏ်သည် ဝေဒနာဟူ၍ ဤသို့ ရှိသလော။
5,335
Uncategorized
ကထာဝတ္ထုပါဠိတော်
ဝိညာဏ် သည်သညာဟူ၍ ဤသို့ ရှိသလော။
5,336
Uncategorized
ကထာဝတ္ထုပါဠိတော်
ဝိညာဏ်သည် သင်္ခါရတို့ဟူ၍ ဤသို့ ရှိသလော။
5,337
Uncategorized
ကထာဝတ္ထုပါဠိတော်
ထို့ကြောင့်ပင် ရုပ်သည် ဤသို့ ရှိ၏၊ ဤသို့ကား မရှိ၊ ဝေဒနာသည်။
5,338
Uncategorized
ကထာဝတ္ထုပါဠိတော်
သညာသည်။ သင်္ခါရတို့သည်၊ ဝိညာဏ်သည် ဤသို့ ရှိ၏၊ ဤသို့ကား မရှိ။
5,339
Uncategorized
ကထာဝတ္ထုပါဠိတော်
၇ မဟာဝဂ် ပြီး၏။
5,340
Uncategorized
ကထာဝတ္ထုပါဠိတော်
၁။ အတိတ်စသည် အပြားရှိကုန်သော တရားအားလုံးတို့သည် ရုပ်စသည်တို့၏ အစွမ်းအားဖြင့် ထင်ရှားရှိကုန်၏၊ အတိတ်တရားသည် အနာဂတ်ပစ္စုပ္ပန်တို့၏ အစွမ်းအားဖြင့် ထင်ရှားရှိသည် မဟုတ်ကုန်၊ အနာဂတ်ပစ္စုပ္ပန်တို့သည်လည်း အတိတ်စသည်တို့၏ အစွမ်းအားဖြင့် ထင်ရှားရှိသည် မဟုတ်ကုန်၊ ထို့ကြောင့် ဤတရားအားလုံးသည်ပင် ရုပ်စသည်တို့၏ အစွမ်းအားဖြင့် ထင်ရှားရ...
5,341
Uncategorized
ကထာဝတ္ထုပါဠိတော်
၂။ ရုပ်စသည်၏ အစွမ်းအားဖြင့် ထင်ရှားရှိ၍ အနာဂတ် ပစ္စုပ္ပန်၏ အစွမ်းအားဖြင့် ထင်ရှားရှိသည် မဟုတ်ဟု ဆိုလိုသည်။
5,342
Uncategorized
ကထာဝတ္ထုပါဠိတော်
၃။ အတိတ်တရားသည်ပင် ရုပ်စသည်တို့၏ အစွမ်းအားဖြင့် ထင်ရှားရှိ၏၊ အနာဂတ် ပစ္စုပ္ပန်တို့၏ အစွမ်းအားဖြင့် ထင်ရှားရှိသည် မဟုတ်ဟု အယူရှိခဲ့ပါမူ ထိုအတိတ်တရားသည်ပင် ထင်ရှားရှိသည် မည်၍ ထိုအတိတ်တရားသည်ပင် ထင်ရှားရှိသည် မမည်ပါသလောဟု မေးလိုရင်း ဖြစ်သည်။
5,343
Uncategorized
ကထာဝတ္ထုပါဠိတော်
၄။ ထိုအတိတ်တရားဖြင့်သာလျှင် သဘောအားဖြင့် ထင်ရှားရှိသည်၏ အဖြစ်ကိုလည်းကောင်း၊ ထင်ရှားမရှိသည်၏ အဖြစ်ကိုလည်းကောင်း ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
5,344
Uncategorized
ကထာဝတ္ထုပါဠိတော်
၅။ တစ်ဖန်မေးလတ်သော် မိမိသဘောဖြင့်သာလျှင် ထင်ရှားရှိသည်၏ အဖြစ်ကိုလည်းကောင်း၊ တစ်ပါးသောတရား၏ သဘောဖြင့်သာလျှင် ထင်ရှားမရှိသည်၏ အဖြစ်ကိုလည်းကောင်း ရည်ရွယ်၍ ပရဝါဒီက ဝန်ခံပြန်သည်။
5,345
Uncategorized
ကထာဝတ္ထုပါဠိတော်
ပရဝါဒီဆရာသည် ဤစကားရပ်ဖြင့် မိမိအယူကို တည်စေပါသော်လည်း မသင့်သောအားဖြင့် တည်စေသောကြောင့် အယူကို တည်စေအပ်သည် မမည်။
5,346
Uncategorized
ကထာဝတ္ထုပါဠိတော်
၇။ ပရဝါဒီဆရာသည် မိမိအယူကို တည်စေပါသော်လည်း မသင့်သောအားဖြင့် တည်စေသောကြောင့် အယူကို တည်စေအပ်သည် မမည်။
5,347
Uncategorized
ကထာဝတ္ထုပါဠိတော်
(၁၀) ၁-ပရူပဟာရကထာ၁
5,348
Uncategorized
ကထာဝတ္ထုပါဠိတော်
၃၀၇။ သကဝါဒီ။
5,349
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရဟန္တာအား သုက်နှင့် သုက်လွတ်မှုသည် ရှိပါသလော။
5,350
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာအား ရာဂသည်၊ ကာမရာဂသည်၊ ကာမရာဂ သောင်းကျန်းမှုသည်၊ ကာမ ရာဂသံယောဇဉ်သည်၊ ကာမောဃသည်၊ ကာမယောဂသည်၊ ကာမစ္ဆန္ဒနီဝရဏသည် ရှိသလော။
5,351
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာအား ရာဂသည်၊ ကာမရာဂသည်၊ ကာမရာဂ သောင်းကျန်းမှုသည်၊ ကာမ ရာဂသံယောဇဉ်သည်၊ ကာမောဃသည်၊ ကာမယောဂသည်၊ ကာမစ္ဆန္ဒနီဝရဏသည် မရှိပါသလော။
5,352
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်ပရဝါဒီ ရဟန္တာအား ရာဂ ကာမရာဂ ကာမရာဂသောင်းကျန်းမှု ကာမရာဂသံယောဇဉ် ကာမောဃ ကာမယောဂ ကာမစ္ဆန္ဒနီဝရဏ မရှိခဲ့ပါလျှင် ရဟန္တာအား သုက်နှင့် သုက်လွတ်မှုရှိ၏ဟု မဆိုသင့်။
5,353
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုထုဇဉ်အား သုက်နှင့်သုက်လွတ်မှု ရှိသည်ဖြစ်၍ ထိုပုထုဇဉ်အား ရာဂ ကာမရာဂကာမရာဂ သောင်းကျန်းမှု ကာမရာဂသံယောဇဉ် ကာမောဃ ကာမယောဂ ကာမစ္ဆန္ဒနီဝရဏ ရှိသလော။
5,354
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာအား သုက်နှင့် သုက်လွတ်မှု ရှိသည် ဖြစ်လျက် ထိုရဟန္တာအား ရာဂ ကာမရာဂကာမရာဂ သောင်းကျန်းမှု။
5,355
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ကာမစ္ဆန္ဒနီဝရဏ ရှိသလော။
5,356
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာအား သုက်နှင့် သုက်လွတ်မှု ရှိသည် ဖြစ်လျက် ထိုရဟန္တာအား ရာဂ ကာမရာဂ ကာမရာဂ သောင်းကျန်းမှု။
5,357
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ကာမစ္ဆန္ဒနီဝရဏ မရှိပါသလော။
5,358
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုထုဇဉ်အား သုက်နှင့် သုက်လွတ်မှု ရှိသည် ဖြစ်လျက် ထိုပုထုဇဉ်အား ရာဂ ကာမရာဂ ကာမရာဂ သောင်းကျန်းမှု။
5,359
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာအား သုက်နှင့် သုက်လွတ်မှု ရှိသလော။
5,360
Uncategorized
ကထာဝတ္ထုပါဠိတော်
အဘယ်သဘောကြောင့် (ရဟန္တာအား သုက်နှင့် သုက်လွတ်မှု ရရှိပါသနည်း)။
5,361
Uncategorized
ကထာဝတ္ထုပါဠိတော်
မာရ်နတ်အသင်းအပင်း၌ ပါဝင်သော နတ်တို့သည် ရဟန္တာအား သုက်ကိုလည်းကောင်း၊ သုက်လွတ်မှုကိုလည်းကောင်း ဖြစ်စေကုန်၏။
5,362
Uncategorized
ကထာဝတ္ထုပါဠိတော်
(ထို့ကြောင့် ရဟန္တာအား သုက်လွတ်မှု ရှိ၏)။
5,363
Uncategorized
ကထာဝတ္ထုပါဠိတော်
။ မာရ်နတ်အသင်းအပင်း၌ ပါဝင်သော နတ်တို့သည် ရဟန္တာအား သုက်ကိုလည်းကောင်း၊ သုက်လွတ်မှုကိုလည်းကောင်း ဖြစ်စေနိုင်ကြပါသလော။
5,364
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် ဖြစ်စေနိုင်ကုန်၏။
5,365
Uncategorized
ကထာဝတ္ထုပါဠိတော်
မာရ်နတ်အသင်းအပင်း၌ ပါဝင်သော နတ်တို့အား သုက်နှင့် သုက်လွတ်မှုသည် ရှိသလော။
5,366
Uncategorized
ကထာဝတ္ထုပါဠိတော်
မာရ်နတ်အသင်းအပင်း၌ ပါဝင်သော နတ်တို့အား သုက်နှင့် သုက်လွတ်မှုသည် မရှိသလော။
5,367
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်ပရဝါဒီ မာရ်နတ်အသင်းအပင်း၌ ပါဝင်သော နတ်တို့အား သုက်နှင့် သုက်လွတ်မှု့မရှှိခဲ့ပါမူ မာရ်နတ်အသင်းအပင်း၌ ပါဝင်သော နတ်တို့သည် ရဟန္တာအား သုက်ကိုလည်းကောင်း၊ သုက်လွတ်မှုကိုလည်းကောင်း ဖြစ်စေကြ၏ဟူ၍ မဆိုသင့်။
5,368
Uncategorized
ကထာဝတ္ထုပါဠိတော်
မာရ်နတ်အသင်းအသင်း၌ ပါဝင်သော နတ်တို့သည် ရဟန္တာအား သုက်ကိုလည်းကောင်း၊ သုတ်လွတ်မှုကိုလည်းကောင်း ဖြစ်စေနိုင်ကုန်သလော။
5,369
Uncategorized
ကထာဝတ္ထုပါဠိတော်
မာရ်နတ်အသင်းအပင်း၌ ပါဝင်သော နတ်တို့သည် မိမိအား သုက်ကိုလည်းကောင်း၊ သုက်လွတ်မှုကိုလည်းကောင်း ဖြစ်စေနိုင်ကုန်သလော။
5,370
Uncategorized
ကထာဝတ္ထုပါဠိတော်
အခြားသူတို့အား သုက်ကိုလည်းကောင်း၊ သုက်လွတ်မှုကိုလည်းကောင်း ဖြစ်စေနိုင်ကုန်သလော။
5,371
Uncategorized
ကထာဝတ္ထုပါဠိတော်
ထိုရဟန္တာအား သုက်ကိုလည်းကောင်း၊ သုက်လွတ်မှုကိုလည်းကောင်း ဖြစ်စေနိုင်ကုန်သလော။
5,372
Uncategorized
ကထာဝတ္ထုပါဠိတော်
မာရ်နတ်အသင်းအပင်း၌ ပါဝင်သောနတ်တို့သည် မိမိအားလည်းကောင်း၊ အခြားသူတို့အားလည်းကောင်း၊ ထိုရဟန္တာအားလည်းကောင်း သုက်ကိုလည်းကောင်း၊ သုက်လွတ်မှုကိုလည်းကောင်း မဖြစ်စေနိုင်ကုန်သလော။
5,373
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် မဖြစ်စေနိုင်ပါကုန်။
5,374
Uncategorized
ကထာဝတ္ထုပါဠိတော်
။ အရှင်ပရဝါဒီ မာရ်နတ်အသင်းအပင်း၌ ပါဝင်သော နတ်တို့သည် မိမိအားလည်းကောင်း၊ အခြားသူတို့အားလည်းကောင်း၊ ထိုရဟန္တာအားလည်းကောင်း သုက်ကိုလည်းကောင်း၊ သုက်လွတ်မှုကိုလည်းကောင်း မဖြစ်စေနိုင်ခဲ့ကုန်လျှင် မာရ်နတ်အသင်းအပင်း၌ ပါဝင်သောနတ်တို့သည် ရဟန္တာအား သုက်ကိုလည်းကောင်း၊ သုက်လွတ်မှုကိုလည်းကောင်း ဖြစ်စေနိုင်ကုန်၏ဟူ၍ မဆိုသင့်။
5,375
Uncategorized
ကထာဝတ္ထုပါဠိတော်
မာရ်နတ်အသင်းအပင်း၌ ပါဝင်သော နတ်တို့သည် ရဟန္တာအား သုက်ကိုလည်းကောင်း၊ သုက်လွတ်မှုကိုလည်းကောင်း ဖြစ်စေနိုင်ကုန်သလော။
5,376
Uncategorized
ကထာဝတ္ထုပါဠိတော်
မွေးညင်းတွင်းတို့မှ ဆောင်သွင်းဖြစ်စေနိုင်ကုန်သလော။
5,377
Uncategorized
ကထာဝတ္ထုပါဠိတော်
မာရ်နတ်အသင်းအပင်း၌ ပါဝင်သောနတ်တို့သည် ရဟန္တာအား သုက်ကိုလည်းကောင်း၊ သုက်လွတ်မှုကိုလည်းကောင်း ဖြစ်စေကုန်သလော။
5,378
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် ဖြစ်စေကုန်၏။
5,379
Uncategorized
ကထာဝတ္ထုပါဠိတော်
အဘယ်အကြောင်းကြောင့် ဖြစ်စေကုန်သနည်း။
5,380
Uncategorized
ကထာဝတ္ထုပါဠိတော်
ယုံမှားတွေးတောမှုကို ယူစေကုန်အံ့ဟု နှလုံးပြု၍ ဖြစ်စေကုန်၏။
5,381
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရဟန္တာအား ယုံမှားတွေးတောမှုသည် ရှိသလော။
5,382
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာအား ယုံမှားတွေးတောမှုသည် ရှိသလော။
5,383
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာအား ဘုရား၌ ယုံမှားခြင်း တရား၌ ယုံမှားခြင်း သံဃာ၌ ယုံမှားခြင်းအကျင့်သိက္ခာ၌ ယုံမှားခြင်း ရှေ့အစွန်း၌ ယုံမှားခြင်း နောက်အစွန်း၌ ယုံမှားခြင်း ရှေ့အစွန်း နောက်အစွန်း၌ ယုံမှားခြင်း ပဋိစ္စသမုပ္ပါဒ်တရားတို့၌ ယုံမှားခြင်းသည် ရှိသလော။
5,384
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာအား မြတ်စွာဘုရား၌ ယုံမှားခြင်း တရား၌ ယုံမှားခြင်း သံဃာ၌ ယုံမှားခြင်းအကျင့်သိက္ခာ၌ ယုံမှားခြင်း ရှေ့အစွန်း၌ ယုံမှားခြင်း နောက်အစွန်း၌ ယုံမှားခြင်း ရှေ့အစွန်း နောက့်အစွန်း၌ ယုံမှားခြင်း ပဋိစ္စသမုပ္ပါဒ်တရားတို့၌ ယုံမှားခြင်းသည် မရှိပါသလော။
5,385
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်ပရဝါဒီ ရဟန္တာအား ဘုရား၌ ယုံမှားခြင်း။
5,386
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ပဋိစ္စသမုပ္ပါဒ်တရားတို့၌ ယုံမှားခြင်းမရှိခဲ့ပါမူ ရဟန္တာအား ယုံမှားမှု ရှှိ၏ဟူ၍ မဆိုသင့်။
5,387
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုထုဇဉ်အား ယုံမှားမှုရှိသည် ဖြစ်၍ ထိုပုထုဇဉ်အား ဘုရား၌ ယုံမှားခြင်း။
5,388
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ပဋိစ္စသမုပ္ပါဒ်တရားတို့၌ ယုံမှားခြင်းသည် ရှိသလော။
5,389
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာအား ယုံမှားမှုရှိသည် ဖြစ်၍ ထိုရဟန္တာအား ဘုရား၌ ယုံမှားခြင်း။
5,390
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ပဋိစ္စသမုပ္ပါဒ်တရားတို့၌ ယုံမှားခြင်းသည် မရှိပါသလော။
5,391
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာအား သုက်နှင့် သုက်လွတ်မှုသည် ရှိသလော။
5,392
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရဟန္တာ၏ သုက်နှင့် သုက်လွတ်မှုသည် အဘယ်အရာ၏ အကျိုးဆက် ဖြစ်ပါသနည်း။
5,393
Uncategorized
ကထာဝတ္ထုပါဠိတော်
စားအပ် သောက်အပ် ခဲအပ် လျက်အပ်သော အစာ၏ အကျိုးဆက် ဖြစ်ပါ၏။
5,394
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာ၏ သုက်နှင့် သုက်လွတ်မှုသည် စားအပ် သောက်အပ် ခဲအပ် လျက်အပ်သောအစာ၏ အကျိုးဆက် ဖြစ်ပါသလော။
5,395
Uncategorized
ကထာဝတ္ထုပါဠိတော်
စားကြ သောက်ကြ ခဲကြ လျက်ကြသူ သတ္တဝါအားလုံးတို့အားပင် သုက်နှင့် သုက်လွတ်မှုသည် ရှိပါသလော။
5,396
Uncategorized
ကထာဝတ္ထုပါဠိတော်
စားကြ သောက်ကြ ခဲကြ လျက်ကြသူ သတ္တဝါအားလုံးတို့အားပင် သုက်နှင့် သုက်လွတ်မှုသည် ရှိသလော။
5,397
Uncategorized
ကထာဝတ္ထုပါဠိတော်
ကလေးသူငယ်တို့သည် စားကြ သောက်ကြ ခဲကြ လျက်ကြကုန်သည်ဖြစ်၍ ကလေးသူငယ်တို့အား သုက်နှင့် သုက်လွတ်မှုသည် ရှိသလော။
5,398
Uncategorized
ကထာဝတ္ထုပါဠိတော်
ပဏ္ဍုက်တို့သည် စားကြ သောက်ကြ ခဲကြ လျက်ကြကုန်သည် ဖြစ်၍ ပဏ္ဍုက် တို့အားသုက်နှင့် သုက်လွတ်မှုသည် ရှိပါသလော။
5,399
Uncategorized
ကထာဝတ္ထုပါဠိတော်
နတ်တို့သည် စားကြ သောက်ကြ ခဲကြ လျက်ကြကုန်သည် ဖြစ်၍ နတ်တို့အား သုက်နှင့် သုက်လွတ်မှုသည် ရှိသလော။
5,400
Uncategorized
ကထာဝတ္ထုပါဠိတော်
၃၀၉။ သကဝါဒီ။