id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
5,501 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၁။ ဥဘတောဘာဂဝိမုတ္တရဟန္တာကို ရည်ရွယ်၍ ဆိုသည်။ |
5,502 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃၁၄။ သကဝါဒီ။ |
5,503 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ရဟန္တာအား မသိမှုသည် ရှိပါသလော။ |
5,504 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာအား အဝိဇ္ဇာသည် အဝိဇ္ဇောဃသည် အဝိဇ္ဇာယောဂသည် အဝိဇ္ဇာနုသယသည်အဝိဇ္ဇာပရိယုဋ္ဌာန်သည် အဝိဇ္ဇာသံယောဇဉ်သည် အဝိဇ္ဇာနီဝရဏသည် ရှိပါသလော။ |
5,505 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာအား အဝိဇ္ဇာသည် အဝိဇ္ဇောဃသည် အဝိဇ္ဇာယောဂသည် အဝိဇ္ဇာနုသယသည်အဝိဇ္ဇာပရိယုဋ္ဌာန်သည် အဝိဇ္ဇာသံယောဇဉ်သည် အဝိဇ္ဇာနီဝရဏသည် မရှိပါသလော။ |
5,506 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ ရဟန္တာအား အဝိဇ္ဇာသည် အဝိဇ္ဇောဃသည် အဝိဇ္ဇာယောဂသည်အဝိဇ္ဇာနုသယသည် အဝိဇ္ဇာပရိယုဋ္ဌာန်သည် အဝိဇ္ဇာသံယောဇဉ်သည် အဝိဇ္ဇာနီဝရဏသည် မရှိခဲ့ပါမူရဟန္တာအား မသိမှု ရှိ၏ဟူ၍ မဆိုသင့်။ |
5,507 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပုထုဇဉ်အား မသိမှုသည် ရှိသည် ဖြစ်၍ ထိုပုထုဇဉ်အား အဝိဇ္ဇာသည် အဝိဇ္ဇောဃ သည်အဝိဇ္ဇာယောဂသည် အဝိဇ္ဇာနုသယသည် အဝိဇ္ဇာပရိယုဋ္ဌာန်သည် အဝိဇ္ဇာသံယောဇဉ်သည် အဝိဇ္ဇာနီဝရဏသည် ရှိပါသလော။ |
5,508 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာအား မသိမှုရှိသည် ဖြစ်၍ ထိုရဟန္တာအား အဝိဇ္ဇာသည် အဝိဇ္ဇောဃသည်အဝိဇ္ဇာယောဂသည် အဝိဇ္ဇာနုသယသည် အဝိဇ္ဇာပရိယုဋ္ဌာန်သည် အဝိဇ္ဇာသံယောဇဉ်သည် အဝိဇ္ဇာနီဝရဏသည် ရှိပါသလော။ |
5,509 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာအား မသိမှုရှိသည် ဖြစ်ပါလျက် ထိုရဟန္တာအား အဝိဇ္ဇာသည် အဝိဇ္ဇောဃ သည်အဝိဇ္ဇာယောဂသည် အဝိဇ္ဇာနုသယသည် အဝိဇ္ဇာပရိယုဋ္ဌာန်သည် အဝိဇ္ဇာသံယောဇဉ်သည် အဝိဇ္ဇာနီဝရဏသည် မရှိပါသလော။ |
5,510 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပုထုဇဉ်အား မသိမှုရှိသည် ဖြစ်ပါလျက် ထိုပုထုဇဉ်အား အဝိဇ္ဇာသည် အဝိဇ္ဇောဃ သည်အဝိဇ္ဇာယောဂသည် အဝိဇ္ဇာနုသယသည် အဝိဇ္ဇာပရိယုဋ္ဌာန်သည် အဝိဇ္ဇာသံယောဇဉ်သည် အဝိဇ္ဇာနီဝရဏသည် မရှိပါသလော။ |
5,511 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာအား မသိမှု ရှိပါသလော။ |
5,512 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ရဟန္တာသည် မသိမှု နှိပ်စက်အပ်သည်ဖြစ်၍ (သူ့) အသက်ကို သတ်ရာသလော၊ မပေးအပ်သော (သူ့) ဥစ္စာကို ခိုးယူရာသလော၊ မုသားပြောဆိုရာသလော၊ ကုန်းစကားကို ပြောဆိုရာသလော၊ ကြမ်းတမ်းသောစကားကို ပြောဆိုရာသလော၊ အကျိုးမဲ့စကားကို ပြောဆိုရာသလော၊ အိမ်ခြံစပ်ကို ဖောက်ဖြတ်ရာသလော၊ တိုက်ခိုက်လုယူရာသလော၊ တစ်အိမ်တည်းကို လုယက်တိုက်ခိုက်ရာသလော၊ လမ်းခရီး၌ ... |
5,513 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပုထုဇဉ်အား မသိမှုရှိသည် ဖြစ်၍ ပုထုဇဉ်သည် မသိမှု နှိပ်စက်အပ်သည် ဖြစ် ရကား (သူ့) အသက်ကို သတ်ရာသလော၊ မပေးအပ်သော (သူ့) ဥစ္စာကို ခိုးယူရာသလော၊ မုသားပြောဆိုရာသလော။ |
5,514 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ရွာ၌ ဖျက်ဆီးမှုကို ပြုရာသလော၊ နိဂုံး၌ ဖျက်ဆီးမှုကို ပြုရာသလော။ |
5,515 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် ပြုရာပါ၏။ |
5,516 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာအား မသိမှုရှိသည် ဖြစ်၍ ရဟန္တာသည် မသိမှု နှိပ်စက်အပ်သည် ဖြစ် ရကား (သူ့) အသက်ကို သတ်ရာသလော၊ မပေးအပ်သော (သူ့) ဥစ္စာကို ခိုးယူရာသလော။ |
5,517 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ရွာ၌ဖျက်ဆီးမှုကို ပြုရာသလော၊ နိဂုံး၌ ဖျက်ဆီးမှုကို ပြုရာသလော။ |
5,518 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာအား မသိမှုရှိသည် ဖြစ်၍ ရဟန္တာသည် မသိမှု နှိပ်စက်အပ်သည် ဖြစ်ပါလျက် (သူ့) အသက်ကို မသတ်ပါသလော၊ မပေးအပ်သော (သူ့) ဥစ္စာကို မခိုးယူပါသလော။ |
5,519 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ရွာ၌ ဖျက်ဆီးမှုကို မပြုပါသလော၊ နိဂုံး၌ ဖျက်ဆီးမှုကို မပြုပါသလော။ |
5,520 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် မပြုပါ။ |
5,521 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပုထုဇဉ်အား မသိမှုသည် ရှိသည်ဖြစ်၍ ပုထုဇဉ်သည် မသိမှု နှိပ်စက်အပ်သည် ဖြစ်ပါလျက် (သူ့) အသက်ကို မသတ်ရာသလော၊ မပေးအပ်သော (သူ့) ဥစ္စာကို မခိုးယူရာသလော။ |
5,522 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ရွာ၌ဖျက်ဆီးမှုကို မပြုရာသလော၊ နိဂုံး၌ ဖျက်ဆီးမှုကို မပြုရာသလော။ |
5,523 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာအား မသိမှုသည် ရှိပါသလော။ |
5,524 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာအား ဘုရား၌ မသိမှု တရား၌ မသိမှု သံဃာ၌ မသိမှု သိက္ခာ၌ မသိမှုရှေ့အစွန်း၌ မသိမှု နောက်အစွန်း၌ မသိမှု ရှေ့အစွန်း နောက်အစွန်း၌ မသိမှု ပဋိစ္စသမုပ္ပါဒ်တရားတို့၌မသိမှုသည် ရှှိပါသလော။ |
5,525 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာအား ဘုရား၌ မသိမှု တရား၌ မသိမှု သံဃာ၌ မသိမှု သိက္ခာ၌ မသိမှုရှေ့အစွန်း၌ မသိမှု နောက်အစွန်း၌ မသိမှု ရှေ့အစွန်း နောက်အစွန်း၌ မသိမှု ပဋိစ္စသမုပ္ပါဒ်တရားတို့၌မသိမှုသည် မရှှိပါသလော။ |
5,526 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ ရဟန္တာအား ဘုရား၌ မသိမှု တရား၌ မသိမှု သံဃာ၌ မသိမှု။ |
5,527 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ပဋိစ္စသမုပ္ပါဒ်တရားတို့၌ မသိမှု မရှှိခဲ့ပါမူ ရဟန္တာအား မသိမှု ရှိ၏ဟူ၍ မဆိုသင့်။ |
5,528 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ပုထုဇဉ်အား မသိမှုရှိသည် ဖြစ်၍ ထိုပုထုဇဉ်အား ဘုရား၌ မသိမှု တရား၌ မသိမှုသံဃာ၌ မသိမှု။ |
5,529 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ပဋိစ္စသမုပ္ပါဒ်တရားတို့၌ မသိမှုသည် ရှိပါသလော။ |
5,530 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာအား မသိမှုရှိသည် ဖြစ်၍ ထိုရဟန္တာအား ဘုရား၌ မသိမှု တရား၌ မသိမှုသံဃာ၌ မသိမှု။ |
5,531 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာအား မသိမရှိသည် ဖြစ်ပါလျက် ထိုရဟန္တာအား ဘုရား၌ မသိမှု တရား၌ မသိမှုသံဃာ၌ မသိမှု။ |
5,532 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ပဋိစ္စသမုပ္ပါဒ်တရားတို့၌ မသိမှုသည် မရှိပါသလော။ |
5,533 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပုထုဇဉ်အား မသိမှုရှိသည် ဖြစ်ပါလျက် ထိုပုထုဇဉ်အား ဘုရား၌ မသိမှု တရား၌ မသိမှုသံဃာ၌ မသိမှု။ |
5,534 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃၁၅။ သကဝါဒီ။ |
5,535 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာသည် ရာဂကို ပယ်ရှားအပ်ပြီးသည် အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်အပ် ပြီးသည်နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုလုပ်အပ်ပြီးသည် နောက်ထပ် မဖြစ်အောင် ပြုအပ်ပြီးသည် နောင်အခါမဖြစ်ခြင်း သဘောရှိသည် မဟုတ်ပါလော။ |
5,536 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ ရဟန္တာသည် ရာဂကို ပယ်ရှားအပ်ပြီးသည် အမြစ်ရင်းကို အကြွင်းမဲ့ဖြတ်အပ်ပြီးသည် နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုလုပ်အပ်ပြီးသည် နောက်ထပ်မဖြစ်အောင် ပြုအပ်ပြီးသည် နောင်အခါ မဖြစ်ခြင်းသဘောရှိသည် ဖြစ်ခဲ့ပါမူ ရဟန္တာအား မသိမရှိ၏ဟူ၍ မဆိုသင့်။ |
5,537 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ အနောတ္တပ္ပကို ပယ်ရှားအပ်ပြီးသည် အမြစ်ရင်းကို အကြွင်းမဲ့ ပယ်ဖြတ်အပ်ပြီးသည် နုတ်ပြီးသောထန်းပင်ရာကဲ့သို့ ပြုလုပ်အပ်ပြီးသည် နောက်ထပ် မဖြစ်အောင် ပြုအပ်ပြီးသည် နောင်အခါ မဖြစ်ခြင်းသဘောရှိသည် မဟုတ်ပါလော။ |
5,538 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ ရဟန္တာသည် အနောတ္တပ္ပကို ပယ်ရှားအပ်ပြီးသည် အမြစ်ရင်းကို အကြွင်းမဲ့ပယ်ဖြတ်အပ်ပြီးသည် နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုလုပ်အပ်ပြီးသည် နောက်ထပ် မဖြစ်အောင်ပြုအပ်ပြီးသည် နောင်အခါ မဖြစ်ခြင်းသဘောရှိသည် ဖြစ်ခဲ့ပါမူ ရဟန္တာအား မသိမှုရှိ၏ဟု မဆိုသင့်။ |
5,539 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ရဟန္တာသည် ရာဂကို ပယ်ရှားရန် မဂ်ကို ပွါးများအပ်ပြီး မဟုတ်ပါလော။ |
5,540 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ဗောဇ္ဈင်တို့ကို ပွါးများအပ်ကုန်ပြီး မဟုတ်ပါလော။ |
5,541 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ ရဟန္တာသည် ရာဂကို ပယ်ရှားရန် ဗောဇ္ဈင်တို့ကို ပွါးများအပ်ကုန်ပြီးဖြစ်ခဲ့ပါမူ ရဟန္တာအား မသိမှု ရှိ၏ဟု မဆိုသင့်။ |
5,542 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာသည် ဒေါသကို ပယ်ရှားရန်။ |
5,543 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ အနောတ္တပ္ပကိုပယ်ရှားရန် မဂ်ကို ပွါးများပြီး မဟုတ်ပါလော။ |
5,544 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ ရဟန္တာသည် အနောတ္တပ္ပကို ပယ်ရှားရန် ဗောဇ္ဈင်တို့ကို ပွါးများအပ်ကုန်ပြီးဖြစ်ခဲ့ကုန်မူ ရဟန္တာအား မသိမှု ရှိ၏ဟူ၍ မဆိုသင့်။ |
5,545 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာသည် ရာဂကင်းပြီးသည် ဒေါသကင်းပြီးသည် မောဟကင်းပြီးသည်။ |
5,546 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ မျက်မှောက်ပြုထိုက်သော တရားကို မျက်မှောက်ပြုအပ်ပြီးသည် မဟုတ်ပါလော။ |
5,547 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ ရဟန္တာသည် ရာဂကင်းပြီးသည်။ |
5,548 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ မျက်မှောက်ပြုထိုက်သော တရား ကိုမျက်မှောက်ပြုပြီးသည် ဖြစ်ခဲ့ပါမူ ရဟန္တာအား မသိမှု ရှိ၏ဟူ၍ မဆိုသင့်။ |
5,549 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃၁၆။ သကဝါဒီ။ |
5,550 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ရဟန္တာအား မသိမှု ရှိပါသလော။ |
5,551 | Uncategorized | ကထာဝတ္ထုပါဠိတော် | မိမိတရား (အရဟတ္တဖိုလ်) ၌ ကျွမ်းကျင်သော ရဟန္တာအား မသိမှုရှိ၍ သူတစ်ပါးတရား (သမာပတ် ရှစ်ပါး) ၌ ကျွမ်းကျင်သော ရဟန္တာအား မသိမှု မရှှိ။ |
5,552 | Uncategorized | ကထာဝတ္ထုပါဠိတော် | မိမိတရား (အရဟတ္တဖိုလ်) ၌ ကျွမ်းကျင်သော ရဟန္တာအား မသိမှုသည် ရှိပါသလော။ |
5,553 | Uncategorized | ကထာဝတ္ထုပါဠိတော် | သူတစ်ပါးတရား (သမာပတ်ရှစ်ပါး) ၌ ကျွမ်းကျင်သော ရဟန္တာအား မသိမှုသည် ရှိပါသလော။ |
5,554 | Uncategorized | ကထာဝတ္ထုပါဠိတော် | သူတစ်ပါးတရား (သမာပတ်ရှစ်ပါး) ၌ ကျွမ်းကျင်သော ရဟန္တာအား မသိမှုသည်မရှိပါသလော။ |
5,555 | Uncategorized | ကထာဝတ္ထုပါဠိတော် | မိမိတရား (အရဟတ္တဖိုလ်) ၌ ကျွမ်းကျင်သော ရဟန္တာအား မသိမှုသည် မရှိပါသလော။ |
5,556 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ မိမိတရား (အရဟတ္တဖိုလ်) ၌ ကျွမ်းကျင်သော ရဟန္တာသည် ရာဂကို ပယ်ရှားအပ်ပြီးဖြစ်ပါလျက် ထိုရဟန္တာအား မသိမှုသည် ရှိပါသလော။ |
5,557 | Uncategorized | ကထာဝတ္ထုပါဠိတော် | သူတစ်ပါးတရား (သမာပတ်ရှစ်ပါး) ၌ ကျွမ်းကျင်သော ရဟန္တာသည် ရာဂကိုပယ်ရှားအပ်ပြီးဖြစ်ပါလျက် ထိုရဟန္တာအား မသိမှုသည် ရှိပါသလော။ |
5,558 | Uncategorized | ကထာဝတ္ထုပါဠိတော် | မိမိတရား (အရဟတ္တဖိုလ်) ၌ ကျွမ်းကျင်သော ရဟန္တာသည် ဒေါသကို ပယ်ရှား အပ်ပြီးဖြစ်ပါလျက်။ |
5,559 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ အနောတ္တပ္ပကို ပယ်ရှားအပ်ပြီးဖြစ်ပါလျက်ထိုရဟန္တာအား မသိမှုသည် ရှိပါသလော။ |
5,560 | Uncategorized | ကထာဝတ္ထုပါဠိတော် | သူတစ်ပါးတရား (သမာပတ်ရှစ်ပါး) ၌ ကျွမ်းကျင်သော ရဟန္တာသည် အနောတ္တပ္ပကိုပယ်ရှားအပ်ပြီးဖြစ်ပါလျက် ထိုရဟန္တာအား မသိမှုသည် ရှိပါသလော။ |
5,561 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ဗောဇ္ဈင်တို့ကို ပွါးများအပ်ကုန်ပြီးဖြစ်ပါလျက် ထိုရဟန္တာအားမသိမှုသည် ရှိပါသလော။ |
5,562 | Uncategorized | ကထာဝတ္ထုပါဠိတော် | သူတစ်ပါးတရား (သမာပတ်ရှစ်ပါး) ၌ ကျွမ်းကျင်သော ရဟန္တာသည် ရာဂကို ပယ်ရှားရန်ဗောဇ္ဈင်တို့ကို ပွါးများအပ်ကုန်ပြီးဖြစ်ပါလျက် ထိုရဟန္တာအား မသိမှုသည် ရှိပါသလော။ |
5,563 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ မိမိတရား (အရဟတ္တဖိုလ်) ၌ ကျွမ်းကျင်သော ရဟန္တာသည် ဒေါသကို ပယ်ရှားရန်။ |
5,564 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ဗောဇ္ဈင်တို့ကို ပွါးများအပ်ကုန်ပြီးဖြစ်ပါလျက် ထိုရဟန္တာအား မသိမှုသည် ရှိပါသလော။ |
5,565 | Uncategorized | ကထာဝတ္ထုပါဠိတော် | သူတစ်ပါးတရား (သမာပတ်ရှစ်ပါး) ၌ ကျွမ်းကျင်သော ရဟန္တာသည် အနောတ္တပ္ပကိုပယ်ရှားရန် ဗောဇ္ဈင်တို့ကို ပွါးများအပ်ကုန်ပြီးဖြစ်ပါလျက် ထိုရဟန္တာအား မသိမှုသည် ရှိပါသလော။ |
5,566 | Uncategorized | ကထာဝတ္ထုပါဠိတော် | မိမိတရား (အရဟတ္တဖိုလ်) ၌ ကျွမ်းကျင်သော ရဟန္တာသည် ရာဂကင်းပြီးသည် ဒေါသကင်းပြီးသည် မောဟကင်းပြီသည်။ |
5,567 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ မျက်မှောက်ပြုထိုက်သော တရားကို မျက်မှောက်ပြုပြီးသည်ဖြစ်ပါလျက် ထိုရဟန္တာအား မသိမှုသည် ရှိပါသလော။ |
5,568 | Uncategorized | ကထာဝတ္ထုပါဠိတော် | သူတစ်ပါးတရား (သမာပတ်ရှစ်ပါး) ၌ ကျွမ်းကျင်သော ရဟန္တာသည် ရာဂကင်းပြီးသည်ဒေါသကင်းပြီးသည် မောဟကင်းပြီးသည်။ |
5,569 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ မျက်မှောက်ပြုထိုက်သော တရားကို မျက်မှောက် ပြုအပ်ပြီးသည် ဖြစ်ပါလျက် ထိုရဟန္တာအား မသိမှုသည် ရှိပါသလော။ |
5,570 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ သူတစ်ပါးတရား (သမာပတ်ရှစ်ပါး) ၌ ကျွမ်းကျင်သော ရဟန္တာသည် ရာဂကိုပယ်ရှားအပ်ပြီးဖြစ်၍ ထိုရဟန္တာအား မသိမှုသည် မရှိပါသလော။ |
5,571 | Uncategorized | ကထာဝတ္ထုပါဠိတော် | မိမိတရား (အရဟတ္တဖိုလ်) ၌ ကျွမ်းကျင်သော ရဟန္တာသည် ရာဂကို ပယ်ရှားအပ်ပြီးဖြစ်၍ ထိုရဟန္တာအား မသိမှုသည် မရှိပါသလော။ |
5,572 | Uncategorized | ကထာဝတ္ထုပါဠိတော် | သူတစ်ပါးတရား (သမာပတ်ရှစ်ပါး) ၌ ကျွမ်းကျင်သော ရဟန္တာသည် ဒေါသကိုပယ်ရှားအပ်ပြီးဖြစ်၍ မောဟကို ပယ်ရှားအပ်ပြီးဖြစ်၍။ |
5,573 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ အနောတ္တပ္ပကို ပယ်ရှားအပ်ပြီးဖြစ်၍ထိုရဟန္တာအား မသိမှုသည် မရှိပါသလော။ |
5,574 | Uncategorized | ကထာဝတ္ထုပါဠိတော် | မိမိတရား (အရဟတ္တဖိုလ်) ၌ ကျွမ်းကျင်သော ရဟန္တာသည် အနောတ္တပ္ပကို ပယ်ရှားအပ်ပြီးဖြစ်၍ ထိုရဟန္တာအား မသိမှုသည် မရှိပါသလော။ |
5,575 | Uncategorized | ကထာဝတ္ထုပါဠိတော် | မောဟကို ပယ်ရှားရန်။ |
5,576 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနောတ္တပ္ပကို ပယ်ရှားရန် မဂ်ကို ပွါးများအပ်ပြီးဖြစ်၍။ |
5,577 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ဗောဇ္ဈင်တို့ကိုပွါးများအပ်ကုန်ပြီးဖြစ်၍ ထိုရဟန္တာအား မသိမှုသည် မရှိပါသလော။ |
5,578 | Uncategorized | ကထာဝတ္ထုပါဠိတော် | မိမိတရား (အရဟတ္တဖိုလ်) ၌ ကျွမ်းကျင်သော ရဟန္တာသည် အနောတ္တပ္ပကို ပယ်ရှား ရန်ဗောဇ္ဈင်တို့ကို ပွါးများအပ်ကုန်ပြီးဖြစ်၍ ထိုရဟန္တာအား မသိမှုသည် မရှိပါသလော။ |
5,579 | Uncategorized | ကထာဝတ္ထုပါဠိတော် | သူတစ်ပါးတရား (သမာပတ်ရှစ်ပါး) ၌ ကျွမ်းကျင်သော ရဟန္တာသည် ရာဂကင်းပြီး သည်ဒေါသကင်းပြီးသည် မောဟကင်းပြီးသည် ဖြစ်၍။ |
5,580 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ မျက်မှောက်ပြုထိုက်သော တရားကို မျက်ေမှောက်ပြုအပ်ပြီးသည် ဖြစ်၍ ထိုရဟန္တာအား မသိမှုသည် မရှိပါသလော။ |
5,581 | Uncategorized | ကထာဝတ္ထုပါဠိတော် | မိမိတရား (အရဟတ္တဖိုလ်) ၌ ကျွမ်းကျင်သော ရဟန္တာသည် ရာဂကင်းပြီးသည် ဒေါသကင်းပြီးသည် မောဟကင်းပြီးသည် ဖြစ်၍။ |
5,582 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ မျက်မှောက်ပြုထိုက်သော တရားကို မျက်ေမှောက်ပြုပြီးသည် ဖြစ်၍ ထိုရဟန္တာအား မသိမှုသည် မရှှိပါသလော။ |
5,583 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃၁၇။ သကဝါဒီ။ |
5,584 | Uncategorized | ကထာဝတ္ထုပါဠိတော် | “ရဟန်းတို့ သိသူမြင်သူအားသာ အာသဝေါကုန်၏ဟု ငါ ဆို၏၊ မသိသူ မမြင်သူအား ငါမဆို။ |
5,585 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်းတို့ အဘယ်ကို သိသူ အဘယ်ကို မြင်သူအား အာသဝေါကုန်မှု ဖြစ်နိုင်သနည်း၊ ရဟန်းတို့'ဤကား ရုပ်၊ ဤကား ရုပ်ဖြစ်ပေါ်ခြင်း၊ ဤကား ရုပ်ချုပ်ခြင်း။ |
5,586 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဤကား သညာ။ ဤကား သင်္ခါရတို့။ |
5,587 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဤကားဝိညာဏ်၊ ဤကားဝိညာဏ်ဖြစ်ပေါ်ခြင်း၊ ဤကားဝိညာဏ် ချုပ်ခြင်း’ဟုဤသို့ သိသူ မြင်သူအား အာသဝေါကုန်မှု ဖြစ်နိုင်၏၊ ရဟန်းတို့ ဤသို့ သိသူ မြင်သူ အားသာအာသဝေါကုန်၏ဟု ငါ ဆို၏”ဟူ၍ မြတ်စွာဘုရား ဟောကြားအပ်သော သုတ္တန် (ပါဠိ) ရှိသည် သာမဟုတ်ပါလော။ |
5,588 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့် ရဟန္တာအား မသိမှုသည် ရှိ၏ဟု မဆိုသင့်။ |
5,589 | Uncategorized | ကထာဝတ္ထုပါဠိတော် | “ရဟန်းတို့ သိသူ မြင်သူအားသာ အာသဝေါကုန်၏ဟု ငါ ဆို၏၊ မသိသူ မမြင် သူအားငါ မဆို။ |
5,590 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်းတို့ အဘယ်ကို သိသူ အဘယ်ကို မြင်သူအား အာသဝေါကုန်မှု ဖြစ်နိုင်သနည်း၊ ရဟန်းတို့ ‘ဤကား ဆင်းရဲတည်း’ဟု သိသူ မြင်သူအား အာသဝေါကုန်၏၊ ‘ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်းတည်း’ဟု သိသူ မြင်သူအား အာသဝေါကုန်၏၊ ‘ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)တည်း’ဟု သိသူမြင်သူအား အာသဝေါကုန်၏၊ ‘ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း’ဟုသိ... |
5,591 | Uncategorized | ကထာဝတ္ထုပါဠိတော် | “ရဟန်းတို့ အလုံးစုံကို အထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မကင်းနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်၊ ရဟန်းတို့ အလုံးစုံကို အထူးသိလျှင်ပိုင်းခြား၍ သိလျှင် ကင်းနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏”ဟူ၍ မြတ်စွာဘုရားဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာလျှင် မဟုတ်ပါလော။ |
5,592 | Uncategorized | ကထာဝတ္ထုပါဠိတော် | “ထိုပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ဉာဏ်ကို ရသည်နှင့် တစ်ပြိုင်နက်သာလျှင်သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ ဤတရားသုံးပါးတို့ကို ပယ်စွန့်အပ်ကုန်၏။ |
5,593 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကိလေသာစိုးစဉ်းမျှရှိစေကာမူ အပါယ်လေးပါးတို့မှ လွတ်၏၊ (အာနန္တရိကကံငါးပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိဟူသော) ခြောက်ပါးသော တရားတို့ကို မပြုတော့ပြီ”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာမဟုတ်ပါလော။ |
5,594 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့်ပင် ရဟန္တာအား မသိမှုသည် ရှိ၏ဟု မဆိုသင့်။ |
5,595 | Uncategorized | ကထာဝတ္ထုပါဠိတော် | “ရဟန်းတို့ အကြင်အခါ၌ အရိယာသာဝကအား ‘အလုံးစုံသော တရားသည်ဖြစ်ပေါ်ခြင်းသဘောရှိ၏၊ ထိုဖြစ်ပေါ်ခြင်းသဘောရှိသော တရား အားလုံးသည်ချုပ်ပျောက်ခြင်းသဘောရှိ၏’ဟူ၍ (ကိလေသာမြူ) အညစ်အကြေး ကင်းစင်သော တရားမျက်စိသည်ဖြစ်ပေါ်၏။ |
5,596 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်းတို့ (ထိုအခါ၌) အရိယာသည် သောတာပတ္တိမဂ်ဉာဏ် ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက်သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသဟူသော သံယောဇဉ် သုံးပါးတို့ကို ပယ်စွန့်အပ်ကုန်၏”ဟူ၍မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
5,597 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့်ပင် ရဟန္တာအား မသိမှုသည်ရှိ၏ဟု မဆိုသင့်။ |
5,598 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာအား မသိမှုသည် ရှိ၏ဟု မဆိုသင့်ပါသလော။ |
5,599 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာသည် မိန်းမယောကျ်ားတို့၏ အမည်အနွယ်ကို မသိရာသည် မဟုတ်ပါလော၊ ခရီးလမ်းဟုတ်သည် ခရီးလမ်း မဟုတ်သည်ကို မသိရာသည် မဟုတ်ပါလော၊ မြက် ထင်း တောစိုးသစ်ပင်တို့၏ အမည်ကို မသိရာသည် မဟုတ်ပါလော။ |
5,600 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်သကဝါဒီ ရဟန္တာသည် မိန်းမယောကျ်ားတို့၏ အမည်အနွယ်ကို မသိခဲ့ပါမူ ခရီးလမ်းဟုတ်သည် ခရီးလမ်း မဟုတ်သည်ကို မသိခဲ့ပါမူ မြက် ထင်း တောစိုးသစ်ပင်တို့၏ အမည်ကို မသိခဲ့ပါမူ ထိုအကြောင်းကြောင့် ရဟန္တာအား မသိမှုသည် ရှိ၏ဟူ၍ ဆိုသင့်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.