id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
5,601
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာသည် မိန်းမယောကျ်ားတို့၏ အမည်အနွယ်ကို မသိရာ၊ ခရီးလမ်းဟုတ်သည်ခရီးလမ်း မဟုတ်သည်ကို မသိရာ၊ မြက် ထင်း တောစိုးသစ်ပင်တို့၏ အမည်ကို မသိရာ၊ ထို့ကြောင့်ရဟန္တာအား မသိမှုသည် ရှိပါသလော။
5,602
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာသည် သောတာပတ္တိဖိုလ်ကို လည်းကောင်း၊ သကဒါဂါမိဖိုလ်ကို လည်းကောင်း၊ အနာဂါမိဖိုလ်ကို လည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မသိရာသလော။
5,603
Uncategorized
ကထာဝတ္ထုပါဠိတော်
အညာဏကထာ ပြီး၏။
5,604
Uncategorized
ကထာဝတ္ထုပါဠိတော်
၁။ ရဟန္တာပုဂ္ဂိုလ်အား ယောကျ်ားမိန်းမ စသည်တို့၏ အမည်အနွယ် အစရှိသည်တို့၌ ဉာဏ်၏ ဖြစ်ခြင်းမရှိသောကြောင့် အညာဏ= မသိခြင်း, ဉာဏ်၏ ဆန့်ကျင်ဘက် မောဟရှိ၏၊ ယောကျ်ားမိန်းမ စသည်တို့၏ အမည်အနွယ် စသည်တို့၌ ဆုံးဖြတ်နိုင်ခြင်း မရှိသောကြောင့် ကင်္ခၤါ= တွေးတော ယုံမှားမှု ရှိ၏၊ ထိုရဟန္တာပုဂ္ဂိုလ်တို့အား ထိုယောကျ်ားမိန်းမ စသည်တို့၏ အမည်အနွယ...
5,605
Uncategorized
ကထာဝတ္ထုပါဠိတော်
-- (၁၂) ၃-ကင်္ခါကထာ
5,606
Uncategorized
ကထာဝတ္ထုပါဠိတော်
၃၁၈။ သကဝါဒီ။
5,607
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရဟန္တာအား တွေးတောယုံမှားမှု ‘ကင်္ခါ'သည် ရှိပါသလော။
5,608
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာအားဝိစိကိစ္ဆာဝိစိကိစ္ဆာသောင်းကျန်းမှုဝိစိကိစ္ဆာသံယောဇဉ်ဝိစိကိစ္ဆာနီဝရဏသည် ရှိပါသလော။
5,609
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာအားဝိစိကိစ္ဆာဝိစိကိစ္ဆာသောင်းကျန်းမှုဝိစိကိစ္ဆာသံယောဇဉ်ဝိစိကိစ္ဆာနီဝရဏသည် မရှိပါသလော။
5,610
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်ပရဝါဒီ ရဟန္တာအားဝိစိကိစ္ဆာဝိစိကိစ္ဆာသောင်းကျန်းမှုဝိစိကိစ္ဆာသံယောဇဉ်ဝိစိကိစ္ဆာနီဝရဏ မရှိခဲ့ပါမူ ရဟန္တာအား တွေးတော ယုံမှားမှုသည် ရှိ၏ဟူ၍ မဆိုသင့်။
5,611
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုထုဇဉ်အား တွေးတောယုံမှားမှု ရှိသည် ဖြစ်၍ ထိုပုထုဇဉ်အားဝိစိကိစ္ဆာဝိစိကိစ္ဆာသောင်းကျန်းမှုဝိစိကိစ္ဆာသံယောဇဉ်ဝိစိကိစ္ဆာနီဝရဏသည် ရှိပါသလော။
5,612
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာအား တွေးတောယုံမှားမှု ရှိသည် ဖြစ်၍ ထိုရဟန္တာအားဝိစိကိစ္ဆာဝိစိကိစ္ဆာသောင်းကျန်းမှုဝိစိကိစ္ဆာသံယောဇဉ်ဝိစိကိစ္ဆာနီဝရဏသည် ရှိပါသလော။
5,613
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာအား တွေးတောယုံမှားမှု ရှိသည် ဖြစ်ပါလျက် ထိုရဟန္တာအားဝိစိကိစ္ဆာဝိစိကိစ္ဆာသောင်းကျန်းမှုဝိစိကိစ္ဆာသံယောဇဉ်ဝိစိကိစ္ဆာနီဝရဏသည် မရှိပါသလော။
5,614
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုထုဇဉ်အား တွေးတောယုံမှားမှု ရှိသည် ဖြစ်ပါလျက် ထိုပုထုဇဉ်အားဝိစိကိစ္ဆာဝိစိကိစ္ဆာသောင်းကျန်းမှုဝိစိကိစ္ဆာသံယောဇဉ်ဝိစိကိစ္ဆာနီဝရဏသည် မရှိပါသလော။
5,615
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာအား တွေးတောယုံမှားမှုသည် ရှိပါသလော။
5,616
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာအား ဘုရား၌ တွေးတောယုံမှားမှု တရား၌ တွေးတောယုံမှားမှု သံဃာ၌တွေးတောယုံမှားမှု အကျင့် ‘သိက္ခာ’၌ တွေးတောယုံမှားမှု ရှေ့အစွန်း၌ တွေးတောယုံမှားမှုနောက်အစွန်း၌ တွေးတောယုံမှားမှု ရှေ့အစွန်း နောက်အစွန်း၌ တွေးတောယုံမှားမှုပဋိစ္စသမုပ္ပါဒ်တရားတို့၌ တွေးတော ယုံမှားမှုသည် ရှိပါသလော။
5,617
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရဟန္တာအား ဘုရား၌ တွေးတောယုံမှားမှု တရား၌ တွေးတောယုံမှားမှု။
5,618
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ပဋိစ္စသမုပ္ပါဒ်တရားတို့၌ တွေးတောယုံမှားမှုသည် မရှိပါသလော။
5,619
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်ပရဝါဒီ ရဟန္တာအား ဘုရား၌ တွေးတောယုံမှားမှု တရား၌ တွေးတောယုံမှားမှု။
5,620
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ပဋိစ္စသမုပ္ပါဒ်တရားတို့၌ တွေးတောယုံမှားမှု မရှိခဲ့ပါမူ ရဟန္တာအား တွေးတောယုံမှားမှုရှှိ၏ဟု မဆိုသင့်။
5,621
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုထုဇဉ်အား တွေးတောယုံမှားမှုရှိသည် ဖြစ်၍ ထိုပုထုဇဉ်အား ဘုရား၌ တွေးတောယုံမှားမှု တရား၌ တွေးတောယုံမှားမှု။
5,622
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ပဋိစ္စသမုပ္ပါဒ်တရားတို့၌ တွေးတောယုံမှားမှုသည် ရှိပါသလော။
5,623
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာအား တွေးတောယုံမှားမှုရှိသည် ဖြစ်၍ ထိုရဟန္တာအား ဘုရား၌ တွေးတောယုံမှားမှု တရား၌ တွေးတောယုံမှားမှု။
5,624
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာအား တွေးတောယုံမှားမှုရှိသည် ဖြစ်ပါလျက် ထိုရဟန္တာအား ဘုရား၌တွေးတောယုံမှားမှု တရား၌ တွေးတောယုံမှားမှု။
5,625
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ပဋိစ္စသမုပ္ပါဒ်တရားတို့၌ တွေးတောယုံမှားမှု မရှိပါသလော။
5,626
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုထုဇဉ်အား တွေးတောယုံမှားမှုရှိသည် ဖြစ်ပါလျက် ထိုပုထုဇဉ်အား ဘုရား၌တွေးတောယုံမှားမှု တရား၌ တွေးတောယုံမှားမှု။
5,627
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ပဋိစ္စသမုပ္ပါဒ်တရားတို့၌ တွေးတောယုံမှားမှုသည်မရှိပါသလော။
5,628
Uncategorized
ကထာဝတ္ထုပါဠိတော်
၃၁၉။ သကဝါဒီ။
5,629
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရဟန္တာအား တွေးတောယုံမှားမှု ရှိပါသလော။
5,630
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာသည် ရာဂကို ပယ်ရှားပြီးသည် အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်အပ်ပြီးသည်နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုလုပ်အပ်ပြီးသည် နောက်ထပ် မဖြစ်အောင် ပြုအပ်ပြီးသည် နောင်အခါမဖြစ်ခြင်း သဘောရှိသည် မဟုတ်ပါလော။
5,631
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်ပရဝါဒီ ရဟန္တာသည် ရာဂကို ပယ်ရှားပြီးသည် အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်အပ်ပြီးသည် နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုလုပ်အပ်ပြီးသည် နောက်ထပ် မဖြစ်အောင် ပြုလုပ်အပ်ပြီးသည် နောင်အခါ မဖြစ်ခြင်းသဘော ရှိသည် ဖြစ်ခဲ့ပါမူ ရဟန္တာအား တွေးတောယုံမှားမှု ရှိ၏ဟူ၍မဆိုသင့်။
5,632
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာအား တွေးတောယုံမှားမှု ရှိပါသလော။
5,633
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရဟန္တာသည် ဒေါသကို ပယ်ရှားအပ်ပြီးသည်။
5,634
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ အနောတ္တပ္ပကို ပယ်ရှားအပ်ပြီးသည်။
5,635
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ရာဂကို ပယ်ရှားရန် မဂ်ကို ပွါးများအပ်ပြီးသည်။
5,636
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ဗောဇ္ဈင်တို့ကို ပွါးများအပ်ကုန်ပြီးသည်။
5,637
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ အနောတ္တပ္ပကို ပယ်ရှားရန် မဂ်ကိုပွါးများအပ်ပြီးသည်။
5,638
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ဗောဇ္ဈင်တို့ကို ပွါးများအပ်ကုန်ပြီးသည် မဟုတ်ပါလော။
5,639
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ မျက်မှောက်ပြုထိုက်သော တရားကိုမျက်မှောက်ပြုအပ်ပြီးသည် မဟုတ်ပါလော။
5,640
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်ပရဝါဒီ ရဟန္တာသည် ရာဂကင်းပြီးသည် ဒေါသကင်းပြီးသည် မောဟကင်းပြီးသည်။
5,641
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ မျက်မှောက်ပြုထိုက်သော တရားကို မျက်မှောက်ပြုအပ်ပြီးသည် ဖြစ်ခဲ့ပါမူ ရဟန္တာအားတွေးတောယုံမှားမှု ရှိ၏ဟု မဆိုသင့်။
5,642
Uncategorized
ကထာဝတ္ထုပါဠိတော်
၃၂၀။ သကဝါဒီ။
5,643
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရဟန္တာအား တွေးတောယုံမှားမှုသည် ရှိပါသလော။
5,644
Uncategorized
ကထာဝတ္ထုပါဠိတော်
မိမိတရား (အရဟတ္တဖိုလ်) ၌ ကျွမ်းကျင်သော ရဟန္တာအား တွေးတောယုံမှားမှုရှိ၍သူတစ်ပါး တရား (သမာပတ်) ရှစ်ပါး၌ ကျွမ်းကျင်သော ရဟန္တာအား တွေးတောယုံမှားမှု မရှိ။
5,645
Uncategorized
ကထာဝတ္ထုပါဠိတော်
မိမိတရား (အရဟတ္တဖိုလ်) ၌ ကျွမ်းကျင်သော ရဟန္တာအား တွေးတောယုံမှားမှုသည်ရှိပါသလော။
5,646
Uncategorized
ကထာဝတ္ထုပါဠိတော်
သူတစ်ပါးတရား (သမာပတ်ရှစ်ပါး) ၌ ကျွမ်းကျင်သော ရဟန္တာအား တွေးတောယုံမှားမှုသည် ရှိပါသလော။
5,647
Uncategorized
ကထာဝတ္ထုပါဠိတော်
သူတစ်ပါးတရား (သမာပတ်ရှစ်ပါး) ၌ ကျွမ်းကျင်သော ရဟန္တာအား တွေးတောယုံမှားမှုသည် မရှိပါသလော။
5,648
Uncategorized
ကထာဝတ္ထုပါဠိတော်
မိမိတရား (အရဟတ္တဖိုလ်) ၌ ကျွမ်းကျင်သော ရဟန္တာအား တွေးတောယုံမှားမှုသည်မရှှိပါသလော။
5,649
Uncategorized
ကထာဝတ္ထုပါဠိတော်
မိမိတရား (အရဟတ္တဖိုလ်) ၌ ကျွမ်းကျင်သော ရဟန္တာသည် ရာဂကို ပယ်ရှားအပ်ပြီးသည် ဖြစ်ပါလျက် ထိုရဟန္တာအား တွေးတောယုံမှားမှု ရှိပါသေးသလော။
5,650
Uncategorized
ကထာဝတ္ထုပါဠိတော်
သူတစ်ပါးတရား (သမာပတ်ရှစ်ပါး) ၌ ကျွမ်းကျင်သော ရဟန္တာသည် ရာဂကိုပယ်ရှားအပ်ပြီးသည် ဖြစ်ပါလျက် ထိုရဟန္တာအား တွေးတောယုံမှားမှုသည် ရှိပါသေးသလော။
5,651
Uncategorized
ကထာဝတ္ထုပါဠိတော်
မိမိတရား (အရဟတ္တဖိုလ်) ၌ ကျွမ်းကျင်သော ရဟန္တာသည် ဒေါသကို ပယ်ရှားအပ်ပြီးသည်။
5,652
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ရာဂကို ပယ်ရှားရန်မဂ်ကို ပွါးများအပ်ပြီးသည်။
5,653
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ဗောဇ္ဈင်တို့ကို ပွါးများအပ်ပြီးကုန်သည်။
5,654
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ အနောတ္တပ္ပကို ပယ်ရှားရန် မဂ်ကို ပွါးများအပ်ပြီးသည်။
5,655
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ဗောဇ္ဈင်တို့ကိုပွါးများအပ်ကုန်ပြီးသည် ဖြစ်ပါလျက်။
5,656
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ မိမိတရား (အရဟတ္တဖိုလ်) ၌ ကျွမ်းကျင်သော ရဟန္တာအားရာဂကင်းပြီးသည် ဒေါသကင်းပြီးသည် မောဟကင်းပြီးသည်။
5,657
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ မျက်မှောက်ပြုထိုက်သော တရားကိုမျက်မှောက်ပြုအပ်ပြီးသည် ဖြစ်ပါလျက် ထိုရဟန္တာအား တွေးတော ယုံမှားမှုသည် ရှိပါသေးသလော။
5,658
Uncategorized
ကထာဝတ္ထုပါဠိတော်
သူတစ်ပါးတရား (သမာပတ် ရှစ်ပါး) ၌ ကျွမ်းကျင်သော ရဟန္တာအား ရာဂကင်းပြီးသည်ဒေါသကင်းပြီးသည် မောဟကင်းပြီးသည်။
5,659
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ မျက်မှောက်ပြုထိုက်သော တရားကို မျက်မှောက်ပြုအပ်ပြီးသည် ဖြစ်ပါလျက် ထိုရဟန္တာအား တွေးတောယုံမှားမှု ရှိပါသလော။
5,660
Uncategorized
ကထာဝတ္ထုပါဠိတော်
သူတစ်ပါးတရား (သမာပတ်ရှစ်ပါး) ၌ ကျွမ်းကျင်သော ရဟန္တာသည် ရာဂကို ပယ်ရှားအပ်ပြီးသည် ဖြစ်၍ ထိုရဟန္တာအား တွေးတောယုံမှားမှု မရှိပါသလော။
5,661
Uncategorized
ကထာဝတ္ထုပါဠိတော်
မိမိတရား (အရဟတ္တဖိုလ်) ၌ ကျွမ်းကျင်သော ရဟန္တာသည် ရာဂကို ပယ်ရှားအပ်ပြီးသည် ဖြစ်၍ ထိုရဟန္တာအား တွေးတောယုံမှားမှု မရှိပါသလော။
5,662
Uncategorized
ကထာဝတ္ထုပါဠိတော်
သူတစ်ပါးတရား (သမာပတ်ရှစ်ပါး) ၌ ကျွမ်းကျင်သော ရဟန္တာသည် ဒေါသကိုပယ်ရှားအပ်ပြီးသည်။
5,663
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ဒေါသကိုပယ်ရှားရန်။
5,664
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ဗောဇ္ဈင်တို့ကို ပွါးများအပ်ကုန်ပြီးသည် ဖြစ်၍။
5,665
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ သူတစ်ပါးတရား (သမာပတ်ရှစ်ပါး) ၌ ကျွမ်းကျင်သောရဟန္တာသည် ရာဂကင်းပြီးသည် ဒေါသကင်းပြီးသည် မောဟကင်းပြီးသည်။
5,666
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ မျက်မှောက်ပြုထိုက်သောတရားကို မျက်မှောက်ပြုအပ်ပြီးသည် ဖြစ်၍ ထိုရဟန္တာအား တွေးတောယုံမှားမှု မရှိပါသလော။
5,667
Uncategorized
ကထာဝတ္ထုပါဠိတော်
မိမိတရား (အရဟတ္တဖိုလ်) ၌ ကျွမ်းကျင်သော ရဟန္တာအား ရာဂကင်းပြီးသည်ဒေါသကင်းပြီးသည် မောဟကင်းပြီးသည်။
5,668
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ မျက်မှောက်ပြုထိုက်သော တရားကို မျက်မှောက်ပြုအပ်ပြီးသည် ဖြစ်၍ ထိုရဟန္တာအား တွေးတောယုံမှားမှု မရှိပါသလော။
5,669
Uncategorized
ကထာဝတ္ထုပါဠိတော်
၃၂၁။ သကဝါဒီ။
5,670
Uncategorized
ကထာဝတ္ထုပါဠိတော်
“ရဟန်းတို့ သိသူမြင်သူအားသာ အာသဝေါတို့၏ ကုန်ခြင်းကို ငါ ဆို၏၊ မသိသူမမြင်သူအား ငါ မဆို။
5,671
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန်းတို့ အဘယ်ကို သိသူမြင်သူအား အာသဝေါတို့၏ ကုန်ခြင်းသည် ဖြစ်သနည်း၊ ဤကား ရုပ်။
5,672
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ဤကားဝိညာဏ်ချုပ်ခြင်းဟု ဤသို့ သိသူမြင်သူအား အာသဝေါကုန်မှုဖြစ်နိုင်၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
5,673
Uncategorized
ကထာဝတ္ထုပါဠိတော်
ထို့ကြောင့်ပင် ရဟန္တာအား တွေးတောယုံမှားမှု ရှိ၏ဟု မဆိုသင့်။
5,674
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန်းတို့ အဘယ်ကို သိသူမြင်သူအား အာသဝေါတို့၏ ကုန်ခြင်းသည်ဖြစ်သနည်း၊ ရဟန်းတို့ ဤကား ဆင်းရဲတည်း။
5,675
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်းဟု သိသူမြင်သူအားသာ အာသဝေါတို့၏ ကုန်ခြင်းသည် ဖြစ်၏၊ ရဟန်းတို့ ဤသို့ သိသူမြင်သူအား အာသဝေါတို့၏ ကုန်ခြင်းသည် ဖြစ်၏”ဟူ၍ မြတ်စွာဘုရားသည် ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
5,676
Uncategorized
ကထာဝတ္ထုပါဠိတော်
“ရဟန်းတို့ အလုံးစုံကို အထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင့်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်၊ ရဟန်းတို့ အလုံးစုံကို အထူးသိလျှင် ပိုင်းခြား၍သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခန်းခြင်းငှါ ထိုက်၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သောသုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
5,677
Uncategorized
ကထာဝတ္ထုပါဠိတော်
ထိုပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ဉာဏ်ကို ရသည်နှင့် တစ်ပြိုင်နက်သာလျှင်။
5,678
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ (အာနန္တရိက ကံငါးပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိဟူသော) ခြောက်ပါးသော တရားတို့ကို မပြုတော့ပြီ”ဟူ၍မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်လော။
5,679
Uncategorized
ကထာဝတ္ထုပါဠိတော်
“ရဟန်းတို့ အကြင်အခါ၌ အရိယာသာဝကအား အလုံးစုံသော တရားသည် ဖြစ်ခြင်းသဘော ရှိ၏၊ ထိုဖြစ်ခြင်းသဘောရှိသော တရားအားလုံးသည် ချုပ်ခြင်းသဘောရှိ၏ဟူ၍ (ကိလေသာ) မြူ အညစ်အကြေး ကင်းစင်သော တရားမျက်စိသည် ဖြစ်ပေါ်၏၊
5,680
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန်းတို့ ထိုအခါ အရိယာသာဝကသည် သောတာပတ္တိမဂ်ဉာဏ် ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက်သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသဟူသော သံယောဇဉ်သုံးပါးတို့ကို ပယ်ရှားအပ်ကုန်၏”ဟူ၍မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှှိသည်သာ မဟုတ်ပါလော။
5,681
Uncategorized
ကထာဝတ္ထုပါဠိတော်
“အကြင်အခါ၌ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော မကောင်းမှုကိုရှို့မြှိုက်တတ်သော မကောင်းမှုမှ အပပြုပြီးသော ရဟန္တာအား စင်စစ်အားဖြင့် (ဗောဓိပက္ခိယ) တရားသုံးဆယ့်ခုနစ်ပါးတို့သည် ထင်ရှားဖြစ်ပေါ် လာကုန်၏၊ ထိုအခါ အကြောင်းနှင့်တကွပဋိစ္စသမုပ္ပါဒ်တရားကို အပြားအားဖြင့် သိသောကြောင့် ထိုမကောင်းမှုမှ အပပြုပြီးသော ရဟန္တာအားယုံမှားခြင်း...
5,682
Uncategorized
ကထာဝတ္ထုပါဠိတော်
အကြင်အခါ၌ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော မကောင်းမှုကို ရှို့မြှိုက်တတ်သောမကောင်းမှုမှ အပပြုပြီးသော ရဟန္တာအား စင်စစ်အားဖြင့် (ဗောဓိပက္ခိယ) တရားသုံးဆယ့်ခုနစ်ပါးတို့သည် ထင်ရှားဖြစ်ပေါ်လာကုန်၏၊ ထိုအခါ (အဝိဇ္ဇာစသော) အကြောင်းတရားတို့၏ ကုန်ရာ နိဗ္ဗာန်ကို သိသောကြောင့် ထိုမကောင်းမှုမှ အပပြုပြီးသော ရဟန္တာအားယုံမှားခြင်း အား...
5,683
Uncategorized
ကထာဝတ္ထုပါဠိတော်
အကြင်အခါ၌ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော မကောင်းမှုကို ရှို့မြှိုက်တတ်သောမကောင်းမှုမှ အပပြုပြီးသော ရဟန္တာအား စင်စစ်အားဖြင့် (ဗောဓိပက္ခိယ) တရားသုံးဆယ့်ခုနစ်ပါးတို့သည် ထင်ရှားဖြစ်ပေါ်လာကုန်၏၊ ထိုအခါ ‘ကောင်းကင်ကို တောက်ပစေသောနေမင်းသည် အမိုက်တိုက်ကို ဖျက်ဆီးလျက် တည်နေသကဲ့သို့ ‘(ထိုရဟန္တာသည်) မာရ်စစ်သည်ကို့ဖျက်ဆီးလျက် ...
5,684
Uncategorized
ကထာဝတ္ထုပါဠိတော်
ဤပစ္စုပ္ပန်အတ္တဘော၌လည်းကောင်း၊ အတိတ်အနာဂတ်အတ္တဘော၌လည်းကောင်း မိမိအတ္တဘော၌ရအပ်သည်လည်းဖြစ်ကုန်သော သူတစ်ပါးအတ္တဘော၌ ရအပ်သည် လည်း ဖြစ်ကုန်သော ယုံမှားခြင်းအားလုံးတို့သည် ရှှိကုန်၏။
5,685
Uncategorized
ကထာဝတ္ထုပါဠိတော်
သမထဝိပဿနာဖြင့် မကောင်းမှုဒုစရိုက်ကို ရှို့မြှိုက်ကြပြီးလျှင်သမ္မပ္ပဓာန်လုံ့လရှှိကြကုန်လျက် မဂ်တည်းဟူသော ဗြဟ္မစရိယကို ကျင့်သုံးရရှှိကြသူ ပုဂ္ဂိုလ်တို့သည်ထိုယုံမှားမှုအားလုံး တို့ကို ပယ်စွန့်နိုင်ကြကုန်၏။
5,686
Uncategorized
ကထာဝတ္ထုပါဠိတော်
တွေးတောယုံမှားမှု ရှိသည် ဖြစ်၍ ဖြစ်သော သတ္တဝါတို့တွင် အကြင်ပုဂ္ဂိုလ် တို့သည်တွေးတောယုံမှားမှုကို လွန်မြောက်ကြကုန်၏၊ ယုံမှားသံသယ ကင်းကြကုန်၏၊ ယုံမှားမှုနှင့်မယှဉ်ကြကုန်၊ ထိုပုဂ္ဂိုလ်တို့အား ပေးလှူရခြင်းသည် များမြတ်သော အကျိုးရှိ၏။
5,687
Uncategorized
ကထာဝတ္ထုပါဠိတော်
ဤသာသနာတော်၌ တရားကို ထင်ရှားစေကုန်သော ဂုဏ်နှင့်ပြည့်စုံသည့် ဤသို့သော တပည့်သာဝကတို့ရှိပါကုန်၏၊ ထိုတပည့်သာဝကတို့တွင် တစ်စုံ တစ်ယောက်သော တပည့်သာဝကသည် (ဘုရားစသည်၌) အဘယ်သို့ ယုံမှားတော့ အံ့နည်း၊ မယုံမှားတော့သည်သာ ဖြစ်၏၊ ဩဃလေးပါးကို ကူးမြောက်ပြီးသောဝိစိကိစ္ဆာကို ဖြတ်တောက်ပြီးသော မာရ်ငါးပါးတို့ကို အောင်တော်မူသော လူသုံးပါး တို့...
5,688
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာအား တွေးတောယုံမှားမှု ရှိ၏ဟု မဆိုသင့်ပါသလော။
5,689
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာသည် မိန်းမယောကျ်ားတို့၏ အမည်အနွယ်၌ တွေးတောရာသည် မဟုတ် ပါလော၊ ခရီးလမ်းဟုတ်သည် ခရီးလမ်း မဟုတ်သည်၌ တွေးတောရာသည် မဟုတ်ပါလော၊ မြက် ထင်းတောစိုးသစ်ပင်တို့၏ အမည်၌ တွေးတောရာသည် မဟုတ်ပါလော။
5,690
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်သကဝါဒီ ရဟန္တာသည် မိန်းယောကျ်ားတို့၏ အမည်အနွယ်၌ တွေးတောယုံမှား ခဲ့ပါမူခရီးလမ်းဟုတ်သည် ခရီးလမ်း မဟုတ်သည်၌ တွေးတောယုံမှားခဲ့ပါမူ မြက် ထင်း တောစိုးသစ်ပင်တို့၏ အမည်၌ တွေးတောယုံမှားခဲ့ပါမူ ထိုအကြောင်းကြောင့် ရဟန္တာအား တွေးတောယုံမှားမှု ရှိ၏ဟုဆိုသင့်၏။
5,691
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရဟန္တာသည် မိန်းယောကျ်ားတို့၏ အမည်အနွယ်၌ တွေးတောယုံမှားရာ၏၊ ခရီးလမ်းဟုတ်သည် ခရီးလမ်း မဟုတ်သည်၌ တွေးတောယုံမှားရာ၏၊ မြက် ထင်း တောစိုးသစ်ပင်တို့၏ အမည်၌တွေးတောယုံမှားရာ၏၊ ထိုအကြောင်းကြောင့် ရဟန္တာအား တွေးတောယုံမှားမှု ရှိပါသလော။
5,692
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာသည် သောတာပတ္တဖိုလ်၌လည်းကောင်း၊ သကဒါဂါမိဖိုလ်၌လည်းကောင်း၊ အနာဂါမိဖိုလ်၌လည်းကောင်း၊ အရဟတ္တဖိုလ်၌လည်းကောင်း တွေးတောယုံမှားရာသလော။
5,693
Uncategorized
ကထာဝတ္ထုပါဠိတော်
ကင်္ခါကထာ ပြီး၏။
5,694
Uncategorized
ကထာဝတ္ထုပါဠိတော်
-- ၂-ဒုတိယဝဂ် (၁၃) ၄-ပရဝိတာရဏကထာ
5,695
Uncategorized
ကထာဝတ္ထုပါဠိတော်
၃၂၂။ သကဝါဒီ။
5,696
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရဟန္တာအား သူတစ်ပါးတို့၏ ပြောပြမှုသည် ရှှိပါသလော။
5,697
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာသည် သူတစ်ပါးတို့ ဆွဲဆောင်ခံရသူ သူတစ်ပါးတို့ ယုံကြည်စေအပ်သူသူတစ်ပါးဟူသော အကြောင်းရှှိသူ သူတစ်ပါးနှင့်စပ်၍ ဖြစ်သူ တွေဝေသူ ဆင်ခြင်မှု မရှိသူ ဖြစ်၍ မသိပါမမြင်ပါသလော။
5,698
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာသည် သူတစ်ပါးတို့ ဆွဲဆောင်မခံရသူ သူတစ်ပါးတို့ မယုံကြည်စေအပ်သူသူတစ်ပါးဟူသော အကြောင်း မရှိသူ သူတစ်ပါးနှင့် စပ်၍ မဖြစ်သူ မတွေဝေသူ ဆင်ခြင်မှုရှိသူ ဖြစ်၍သိသည် မြင်သည် မဟုတ်ပါလော။
5,699
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်ပရဝါဒီ ရဟန္တာသည် သူတစ်ပါးတို့ ဆွဲဆောင်မခံရသူ သူတစ်ပါးတို့မယုံကြည်စေအပ်သူ သူတစ်ပါးဟူသောအကြောင်း မရှိသူ သူတစ်ပါးနှင့်စပ်၍ မဖြစ်သူ မတွေဝေသူဆင်ခြင်မှုရှိသူ ဖြစ်၍ သိခဲ့ မြင်ခဲ့ပါမူ ရဟန္တာအား သူတစ်ပါးတို့၏ ပြောပြမှုသည် ရှိ၏ဟု မဆိုသင့်။
5,700
Uncategorized
ကထာဝတ္ထုပါဠိတော်
ပုထုဇဉ်အား သူတစ်ပါးတို့ ပြောပြမှု ရှိသည် ဖြစ်၍ ထိုပုထုဇဉ်သည်လည်း သူတစ်ပါးတို့ဆွဲဆောင်ခံရသူ သူတစ်ပါးတို့ ယုံကြည်စေအပ်သူ သူတစ်ပါးဟူသောအကြောင်းရှိသူ သူတစ်ပါးနှင့် စပ်၍ဖြစ်သူ တွေဝေသူ ဆင်ခြင်မှု မရှိသူ ဖြစ်၍ မသိပါ မမြင်ပါသလော။