id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
7,401
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ထို့ကြောင့် အသံသည် ဝိပါက်တည်း။
7,402
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သဒ္ဒေါ ဝိပါကောတိကထာ ပြီး၏။
7,403
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁။ “သော တဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပုလတ္တာ ဗြဟ္မဿရော ဟောတိ” အစရှိသည်တို့ကို မသင့်မတင့်အားဖြင့် ယူ၍ အသံသည် ဝိပါက်ဖြစ်၏ဟု အယူရှိကြကုန်သော မဟာသံဃိကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။
7,404
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၂။ ကမ္မသမုဋ္ဌာနတရားတို့သည်သာ ဝိပါက်အမည်ကို ရကုန်၏၊ ရုပ်တရားတို့၌ ဤဝိပါက အခေါ်အဝေါ်မျိုး မရှိဟု ပြလို၍ သကဝါဒီက မေးသည်။
7,405
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၃။ ဝိပါက်မည်သည် ဤသို့သဘောရှိ၏ဟု ပြလို၍ ဤပုစ္ဆာကို မေးသည်။
7,406
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၄။ ထိုသုတ်ကို ဗြဟ္မာမင်း၏ အသံနှင့် တူသောအသံရှိသည်၏ အဖြစ်တည်းဟူသော လက္ခဏာကိုပြခြင်းငှါ ဟောတော်မူ၏၊ ထိုကြောင့် ပြီးစေကြောင်း သာဓက မထိုက်ပါ။
7,407
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
-- (၁၁၉) ၄-သဠာယတနကထာ၁
7,408
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆၃၈။ သကဝါဒီ။
7,409
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ စက္ခာယတနသည် ဝိပါက်လော။
7,410
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
စက္ခာယတနသည် သုခဝေဒနာရှိပါသလော၊ ဒုက္ခဝေဒနာရှိပါသလော။
7,411
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ အာရုံ ရှိသလော၊ ထိုစက္ခာယတနအား ဆင်ခြင်မှု။
7,412
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
စက္ခာယတနသည် သုခဝေဒနာ မရှိသည် မဟုတ်ပါလော။
7,413
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ အာရုံ မရှိသည် မဟုတ်ပါလော၊ ထိုစက္ခာယတနအား ဆင်ခြင်မှု။
7,414
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ စက္ခာယတနသည် သုခဝေဒနာ မရှိခဲ့ပါမူ။
7,415
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ အာရုံ မရှိခဲ့ပါမူ စက္ခာ ယတနအား ဆင်ခြင်မှု။
7,416
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ဆုတောင်းမှု မရှိခဲ့ပါမူ “စက္ခာယတနသည် ဝိပါက်”ဟူ၍ မဆိုသင့်။
7,417
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
စက္ခာယတနသည် ဝိပါက်ဖြစ်၍ စက္ခာယတနသည် သုခဝေဒနာရှိပါသလော။
7,418
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ အာရုံရှိပါသလော၊ ထိုစက္ခာယတနအား ဆင်ခြင်မှု။
7,419
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
စက္ခာယတနသည် ဝိပါက်ဖြစ်ပါလျက် စက္ခာယတနသည် သုခဝေဒနာ မရှိပါသလော။
7,420
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ အာရုံ မရှိပါသလော။
7,421
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထိုစက္ခာယတနအား ဆင်ခြင်မှု။
7,422
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဖဿသည် ဝိပါက်ဖြစ်ပါလျက် ဖဿသည် သုခဝေဒနာ မရှိပါသလော။
7,423
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆၃၉။ သကဝါဒီ။
7,424
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ သောတာယတနသည်။
7,425
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ကာယာယတနသည် ဝိပါက်လော။
7,426
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ကာယာယတနသည် သုခဝေဒနာရှိပါသလော။
7,427
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ အာရုံရှိပါသလော၊ ထိုကာယာ ယတနအား ဆင်ခြင်မှု။
7,428
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ကာယာယတနသည် သုခဝေဒနာ မရှိသည် မဟုတ်ပါလော။
7,429
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ အာရုံ မရှိသည် မဟုတ်ပါလော၊ ထိုကာယာယတနအား ဆင်ခြင်မှု။
7,430
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ ကာယာယတနသည် သုခဝေဒနာ မရှိခဲ့ပါမူ။
7,431
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ အာရုံ မရှိခဲ့ပါမူ ထိုကာယာယတနအား ဆင်ခြင်မှု။
7,432
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ဆုတောင်းမှု မရှိခဲ့ပါမူ “ကာယာယတနသည် ဝိပါက်တည်း”ဟူ၍ မဆိုသင့်။
7,433
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ကာယာယတနသည် ဝိပါက်ဖြစ်၍ ကာယာယတနသည် သုခဝေဒနာရှိပါသလော။
7,434
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ အာရုံ ရှိပါလော၊ ထိုကာယာယတနအား ဆင်ခြင်မှု။
7,435
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ကာယာယတနသည် ဝိပါက်ဖြစ်ပါလျက် ကာယာယတနသည် သုခဝေဒနာ မရှိပါသလော။
7,436
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ အာရုံ မရှိပါသလော၊ ထိုကာယာယတနအား ဆင်ခြင်မှု။
7,437
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆၄၀။ ပရဝါဒီ။
7,438
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ “အာယတနခြောက်ပါးသည် ဝိပါက်တည်း”ဟူ၍ မဆိုသင့်ပါသလော။
7,439
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အာယတနခြောက်ပါးသည် ကံကို ပြုအပ်သည်၏ အဖြစ်ကြောင့် ဖြစ်သည် မဟုတ်ပါလော။
7,440
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်သကဝါဒီ အာယတနခြောက်ပါးသည် ကံကို ပြုအပ်သည်၏ အဖြစ်ကြောင့် ဖြစ်ခဲ့ပါမူ ထိုအကြောင်းကြောင့် “အာယတနခြောက်ပါးသည် ဝိပါက်တည်း”ဟူ၍ ဆိုသင့်၏။
7,441
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သဠာယတနကထာ ပြီး၏။
7,442
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁။ သဠာယတနသည် ကံကို ပြုအပ်သည်၏ အဖြစ်ကြောင့် ဖြစ်ပေါ်လာသည် ဖြစ်ရကား အကျိုးဝိပါက်တရားတည်းဟု အယူရှိကြကုန်သော မဟာသံဃိကဂိုဏ်းဝင် ပရဝါဒီ ပုဂ္ဂိုလ်တို့ကို ရည်ရွယ်၍ ဤသဠာယတနကထာကို ဟောတော်မူသည်။
7,443
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၂။ မနာယတနသည် အချို့ကား ဝိပါက်တည်း၊ ဝိပါက်မှ ကြွင်းသော တရားတို့ကား သက်သက် ကမ္မသမုဋ္ဌာန်တို့သာတည်း၊ ဝိပါက် မဟုတ်ကုန်၊ ထို့ကြောင့် ပရဝါဒီ၏ စကားသည် သာဓက မထိုက်ပေ။
7,444
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
-- (၁၂၀) ၅-သတ္တက္ခတ္တုပရမကထာ၁
7,445
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆၄၁။ သကဝါဒီ။
7,446
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ သတ္တက္ခတ္တုပရမ (သောတာပန်) ပုဂ္ဂိုလ်သည် ခုနစ်ကြိမ် (ပဋိသန္ဓေနေခြင်း) အတိုင်းအရှည် ရှိသည်၏ အဖြစ်၌ မြဲပါသလော။
7,447
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ဩော် မြဲပါ၏။
7,448
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သတ္တက္ခတ္တုပရမ (သောတာပန်) ပုဂ္ဂိုလ်သည် အမိကို သတ်အပ်ပါသလော၊ အဖကို သတ်အပ်ပါသလော၊ ရဟန္တာကို သတ်အပ်ပါသလော၊ ပြစ်မှားသော စိတ်ဖြင့် မြတ်စွာဘုရား၌ သွေးကို ဖြစ်စေအပ်ပါသလော၊ သံဃာကို သင်းခွဲအပ်ပါသလော။
7,449
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သတ္တက္ခတ္တုပရမ (သောတာပန်) ပုဂ္ဂိုလ်သည် ခုနစ်ကြိမ် (ပဋိသန္ဓေနေခြင်း) အတိုင်း အရှည်ရှိသည်၏ အဖြစ်၌ မြဲပါသလော။
7,450
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဩော် မြဲပါ၏။
7,451
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ခုနစ်ဘဝအကြား၌ သစ္စာတရားကို ထိုးထွင်းသိခြင်းငှါ မထိုက်ပါသလော။
7,452
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဩော် မထိုက်ပါ။
7,453
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ အမိကို သတ်အပ်ပါသလော၊ အဖကို သတ်အပ်ပါသလော၊ ရဟန္တာကို သတ်အပ် ပါသလော၊ ပြစ်မှားသော စိတ်ဖြင့် မြတ်စွာဘုရား၌ သွေးကို ဖြစ်စေအပ်ပါသလော၊ သံဃာကို သင်းခွဲ အပ်ပါသလော။
7,454
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆၄၂။ သကဝါဒီ။
7,455
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အကြင်မဂ်ဖြင့် သတ္တက္ခတ္တုပရမ (သောတာပန်) ပုဂ္ဂိုလ်သည် ခုနစ်ကြိမ် (ပဋိသန္ဓေနေခြင်း) အတိုင်းအရှည် ရှိသည်၏ အဖြစ်၌ မြဲ၏၊ ထိုမဂ်သည် ရှိပါသလော။
7,456
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အကြင်သတိပဌာန်။
7,457
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ အကြင်သမ္မပ္ပဓာန် ဣဒ္ဓိပါဒ် ဣန္ဒြေ ဗိုလ် ဗောဇ္ဈင်တို့ဖြင့် သတ္တက္ခတ္တုပရမ (သောတာပန်) ပုဂ္ဂိုလ်သည် ခုနစ်ကြိမ် (ပဋိသန္ဓေနေခြင်း) အတိုင်းအရှည် ရှိသည်၏ အဖြစ်၌ မြဲ၏၊ ထိုသတိပဌာန်။
7,458
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ သမ္မပ္ပဓာန် ဣဒ္ဓိပါဒ် ဣန္စြေ ဗိုလ် ဗောဇ္ဈင်တို့သည် ရှိပါကုန်သလော။
7,459
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အကြင်မဂ်ဖြင့် သတ္တက္ခတ္တုပရမ (သောတာပန်) ပုဂ္ဂိုလ်သည် ခုနစ်ကြိမ် (ပဋိသန္ဓေ နေခြင်း) အတိုင်းအရှည် ရှိသည်၏ အဖြစ်၌ မြဲ၏၊ ထိုမဂ်သည် မရှိပါသလော။
7,460
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ အကြင်မဂ်ဖြင့် သတ္တက္ခတ္တုပရမ (သောတာပန်) ပုဂ္ဂိုလ်သည် ခုနစ်ကြိမ် (ပဋိသန္ဓေနေခြင်း) အတိုင်းအရှည် ရှိသည်၏ အဖြစ်၌ ခိုင်မြဲ၏၊ ထိုမဂ်သည် မရှိခဲ့ပါမူ “သတ္တက္ခတ္တုပရမ (သောတာပန်) ပုဂ္ဂိုလ်သည် ခုနစ်ကြိမ် (ပဋိသန္ဓေနေခြင်း) အတိုင်းအရှည် ရှိသည်၏ အဖြစ်၌ မြဲ၏”ဟူ၍ မဆိုသင့်။
7,461
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ဗောဇ္ဈင်တို့ ဖြင့် သတ္တက္ခတ္တုပရမ (သောတာပန်) ပုဂ္ဂိုလ်သည် ခုနစ်ကြိမ် (ပဋိသန္ဓေနေခြင်း) အတိုင်းအရှည် ရှိသည်၏ အဖြစ်၌ မြဲ၏၊ ထိုသတိပဌာန်။
7,462
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ အကြင်ဗောဇ္ဈင်တို့ဖြင့် သတ္တက္ခတ္တုပရမ (သောတာပန်) ပုဂ္ဂိုလ်သည် ခုနစ်ကြိမ် (ပဋိသန္ဓေနေခြင်း) အတိုင်းအရှည် ရှိသည်၏ အဖြစ်၌ မြဲ၏၊ ထိုဗောဇ္ဈင်တို့သည် မရှိကုန်မူ “သတ္တက္ခတ္တုပရမ (သောတာပန်) ပုဂ္ဂိုလ်သည် ခုနစ်ကြိမ် (ပဋိသန္ဓေနေခြင်း) အတိုင်းအရှည် ရှိသည်၏အဖြစ်၌ မြဲ၏”ဟူ၍ မဆိုသင့်။
7,463
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆၄၄။ သကဝါဒီ။
7,464
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
(သတ္တက္ခတ္တုပရမ သောတာပန်ပုဂ္ဂိုလ်သည်) သကဒါဂါမိမဂ်ဖြင့် မြဲပါသလော။
7,465
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အနာဂါမိမဂ်ဖြင့် မြဲပါသလော။
7,466
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရဟတ္တမဂ်ဖြင့် မြဲပါသလော။
7,467
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
(သတ္တက္ခတ္တုပရမ သောတာပန်ပုဂ္ဂိုလ်သည်) အဘယ်မဂ်ဖြင့် မြဲပါသနည်း။
7,468
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သောတာပတ္တိမဂ်ဖြင့် မြဲပါ၏။
7,469
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အကြင်ပုဂ္ဂိုလ်တို့သည် သောတာပတ္တိမဂ်သို့ သက်ရောက်ကုန်၏၊ ထိုပုဂ္ဂိုလ်အားလုံးတို့သည် ခုနစ်ကြိမ် (ပဋိသန္ဓေနေခြင်း) အတိုင်းအရှည် ရှိကုန်သည်၏ အဖြစ်၌ မြဲပါကုန်သလော။
7,470
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆၄၅။ ပရဝါဒီ။
7,471
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ “သတ္တက္ခတ္တုပရမ (သောတာပန်) ပုဂ္ဂိုလ်သည် ခုနစ်ကြိမ် (ပဋိသန္ဓေနေခြင်း) အတိုင်းအရှည် ရှိသည်၏ အဖြစ်၌ မြဲ၏”ဟူ၍ မဆိုသင့်ပါသလော။
7,472
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထိုသောတာပန်ပုဂ္ဂိုလ်သည် ခုနစ်ကြိမ် (ပဋိသန္ဓေနေခြင်း) အတိုင်းအရှည် ရှိသည် မဟုတ်ပါလော။
7,473
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်သကဝါဒီ ထိုသတ္တက္ခတ္တုပရမ (သောတာပန်) ပုဂ္ဂိုလ်သည် ခုနစ်ကြိမ် (ပဋိသန္ဓေ နေခြင်း) အတိုင်းအရှည် ရှိသည် ဖြစ်ခဲ့ပါမူ ထိုအကြောင်းကြောင့် “သတ္တက္ခတ္တုပရမ (သောတာပန်) ပုဂ္ဂိုလ်သည် ခုနစ်ကြိမ် (ပဋိသန္ဓေနေခြင်း) အတိုင်းအရှည် ရှိသည်၏ အဖြစ်၌ မြဲ၏”ဟူ၍ ဆိုသင့်၏။
7,474
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သတ္တက္ခတ္တုပရမကထာ ပြီး၏။
7,475
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁။ သတ္တက္ခတ္တုပရမဟူ၍ ဆိုအပ်သည်၏အဖြစ်ကြောင့် သတ္တက္ခတ္တုပရမသောတာပန်ပုဂ္ဂိုလ်သည် ခုနစ်ကြိမ် ပဋိသန္ဓေနေခြင်း အတိုင်းအရှည်ရှိသည်၏အဖြစ်၌ မြဲ၏ဟု အယူရှိကြကုန်သော ဥတ္တရာပထဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။
7,476
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၂။ အကြင်အကြောင်းဖြင့် ထိုသောတာပန်ပုဂ္ဂိုလ်သည် ခုနစ်ကြိမ် ပဋိသန္ဓေနေခြင်း အတိုင်းအရှည်ရှိသည်၏ အဖြစ်၌ မြဲသည် ဖြစ်ရာ၏၊ အရိယာမဂ်မှ တစ်ပါးသော ထိုသတ္တက္ခတ္တုပရမအဖြစ်၌ မြဲကြောင်းဖြစ်သော ထိုတရားသည် မရှိဟု ဤသို့သော ဝိဘာဂကို ပြလို၍ သကဝါဒီက မေးသည်။
7,477
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၃။ အနန္တရိယကံ မရှိသည်၏ အဖြစ်ကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။
7,478
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၄။ သတ္တက္ခတ္တုပရမပုဂ္ဂိုလ်ကို ရည်ရွယ်၍ ဝန်ခံပြန်သည်။
7,479
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၅။ သတ္တက္ခတ္တုပရမအဖြစ်၌ မြဲမှုကို မမြင်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
7,480
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆။ နိယာမဟု ဆိုအပ်သော မဂ်တရားတို့ကို ပြလို၍ ဤစကားရပ်ကို ဆိုသည်။
7,481
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၇။ ပုဂ္ဂိုလ်သည် ဤမျှသော ဘဝတို့ပတ်လုံး ကျင်လည်ပြေးသွား၍ ပရိနိဗ္ဗာန်ပြုလတ္တံ့ဟု မိမိဉာဏ်တော်စွမ်းဖြင့်သာ မိန့်ကြားတော်မူသည်၊ တစ်စုံတစ်ခုသော ဘဝနိယာမမျိုး မည်သည်ကို မိန့်ကြားတော်မမူခဲ့ပေ၊ ထို့ကြောင့် သတ္တက္ခတ္တုပရမ၊ ကောလံကောလ၊ ဧကဗီဇီဟူ၍ မိန့်ဆိုအပ်ပါ၏။
7,482
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထို့ကြောင့် ဤပရဝါဒီ၏ စကားသည် သာဓက မထိုက်လေ။
7,483
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
-- (၁၂၁) ၆-ကောလံကောလကထာ
7,484
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆၄၆။ ပရဝါဒီ။
7,485
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ “ကောလံကောလ (သောတာပန်) ပုဂ္ဂိုလ်သည်ကောလံကောလသောတာပန် အဖြစ်၌ မြဲ၏”ဟူ၍ မဆိုသင့်ပါသလော။
7,486
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထိုပုဂ္ဂိုလ်သည် ကောလံကောလသောတာပန်ဖြစ်သည် မဟုတ်ပါလော။
7,487
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်သကဝါဒီ ထိုသောတာပန်ပုဂ္ဂိုလ်သည် ကောလံကောလပုဂ္ဂိုလ် ဖြစ်ခဲ့ပါမူ ထိုအကြောင်းကြောင့် “ကောလံကောလ (သောတာပန်) ပုဂ္ဂိုလ်သည် ကောလံကောလသောတာပန်အဖြစ်၌ မြဲ၏”ဟူ၍ ဆိုသင့်၏။
7,488
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ကောလံကောလကထာ ပြီး၏။
7,489
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
(၁၂၂) ၇-ဧကဗီဇီကထာ
7,490
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆၄၇။ ပရဝါဒီ။
7,491
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ “ဧကဗီဇီ (သောတာပန်) ပုဂ္ဂိုလ်သည် ဧကဗီဇီသောတာပန်အဖြစ်၌ မြဲ၏”ဟူ၍ မဆိုသင့်ပါသလော။
7,492
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထိုပုဂ္ဂိုလ်သည် ဧကဗီဇီ (သောတာပန်) ပုဂ္ဂိုလ် မဟုတ်ပါလော။
7,493
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်သကဝါဒီ ထိုပုဂ္ဂိုလ်သည် ဧကဗီဇီ (သောတာပန်) ပုဂ္ဂိုလ် ဖြစ်ခဲ့မူ ထိုအကြောင်းကြောင့် “ဧကဗီဇီသောတာပန်ပုဂ္ဂိုလ်သည် ဧကဗီဇီသောတာပန်အဖြစ်၌ မြဲ၏”ဟူ၍ ဆိုသင့်၏။
7,494
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဧကဗီဇီကထာ ပြီး၏။
7,495
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
-- (၁၂၃) ၈-ဇီဝိတာ ဝေါရောပနကထာ၁
7,496
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆၄၈။ သကဝါဒီ။
7,497
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ (သောတာပတ္တိမဂ်) ဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် စေတနာနှင့်တကွ သတ္တဝါကို (သတ်ရာသလော။
7,498
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ဩော် သတ်ရာ၏။
7,499
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
(သောတာပတ္တိမဂ်) ဉာဏ်အမြင်နှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် စေတနာနှင့်တကွ အမိကို သတ်ရာသလော။
7,500
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ အဖကို သတ်ရာသလော။