id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
7,201 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဖြစ်ပေါ်လာသော ဝီရိယသည်။ |
7,202 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဖြစ်ပေါ်လာသော သတိသည်။ |
7,203 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဖြစ်ပေါ်လာသော သမာဓိသည်။ |
7,204 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဖြစ်ပေါ်လာသော ပညာသည် မချုပ်ပါစေလင့်”ဟူ၍ တန်ခိုးဖြင့် ချီးမြှောက်ခြင်းငှါ ရအပ်ပါသလော။ |
7,205 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ရုပ်သည် အမြဲ ဖြစ်ပါစေ”ဟူ၍ တန်ခိုးဖြင့် ချီးမြှောက်ခြင်းငှါ ရအပ်ပါသလော။ |
7,206 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဝေဒနာသည်။ |
7,207 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဝိညာဏ်သည် အမြဲ ဖြစ်ပါစေ”ဟူ၍ တန်ခိုးဖြင့် ချီးမြှောက်ခြင်းငှါ ရအပ်ပါသလော။ |
7,208 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဖြစ်ခြင်းသဘောရှိသော သတ္တဝါတို့သည် မဖြစ်ပါစေကုန်လင့်”ဟူ၍ တန်ခိုးဖြင့် ချီးမြှောက်ခြင်းငှါ ရအပ်ပါသလော။ |
7,209 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “အိုခြင်းသဘောရှိသော သတ္တဝါတို့သည် မအိုပါစေကုန်လင့်”ဟူ၍။ |
7,210 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ “နာခြင်း သဘောရှိသော သတ္တဝါတို့သည် မနာပါစေကုန်လင့်”ဟူ၍။ |
7,211 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ “သေခြင်းသဘောရှိသော သတ္တဝါတို့သည် မသေပါစေကုန်လင့်”ဟူ၍ တန်ခိုးဖြင့် ချီးမြှောက်ခြင်းငှါ ရအပ်ပါသလော။ |
7,212 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၂၃။ ပရဝါဒီ။ |
7,213 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “တန်ခိုးအားနှင့် ပြည့်စုံသူသည် တစ်ကမ္ဘာပတ်လုံး တည်နိုင်ရာ၏”ဟူ၍ မဆို သင့်ပါသလော။ |
7,214 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “အာနန္ဒာ တစ်စုံတစ်ယာက်သောပုဂ္ဂိုလ်သည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးစေအပ် ကုန်၏၊ အကြိမ်များစွာ လေ့လာအပ်ကုန်၏၊ ယာဉ်ကဲ့သို့ ပြုလုပ်အပ်ကုန်၏၊ တည်ရာကဲ့သို့ ပြုလုပ် အပ်ကုန်၏၊ အစဉ်မပြတ် ဖြစ်ပေါ်စေအပ်ကုန်၏၊ အထပ်ထပ် ဆည်းပူးအပ်ကုန်၏၊ ကောင်းစွာ အားထုတ်အပ်ကုန်၏၊ ထိုပုဂ္ဂိုလ်သည် အလိုရှိလတ်သော် တစ်ကမ္ဘာလုံးသော်လည်းကောင်း၊ ကြွင်းသော ကမ... |
7,215 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ထို့ကြောင့်ပင် တန်ခိုးအစွမ်းနှင့် ပြည့်စုံသူသည် တစ်ကမ္ဘာပတ်လုံး တည်နိုင်ရာ၏။ |
7,216 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၂၄။ သကဝါဒီ။ |
7,217 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ တန်ခိုးအားနှင့် ပြည့်စုံသူသည် တစ်ကမ္ဘာပတ်လုံး တည်နိုင်ရာသလော။ |
7,218 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ရဟန်းတို့ တရားလေးပါးတို့ကို ဝန်ခံနိုင်သော အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း၊ နတ်သည်လည်းကောင်း၊ မာရ်နတ်သည်လည်းကောင်း၊ ဗြဟ္မာသည်လည်းကောင်း၊ တစ်စုံတစ်ယောက်သော သတ္တဝါသည်လည်းကောင်းလောက၌ မရှိ။ |
7,219 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အဘယ်တရား လေးပါးတို့ကို ဝန်ခံနိုင်သော အချို့သော သမဏဗြာဟ္မဏစသည်သည် မရှိပါသနည်း၊ ‘အိုခြင်းတရားသည် မအိုပါစေသတည်း’ဟူ၍ ဝန်ခံနိုင်သော အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း၊ နတ်သည်လည်းကောင်း၊ မာရ်နတ်သည်လည်းကောင်း၊ ဗြဟ္မာသည်လည်းကောင်း၊ တစ်စုံ တစ်ယောက်သော သတ္တဝါသည်လည်းကောင်းလောက၌ မရှိ။ |
7,220 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ‘နာခြင်းတရားသည် မနာပါစေ သတည်း’ဟူ၍။ |
7,221 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ‘သေခြင်းတရားသည် မသေပါစေသတည်း’ဟူ၍။ |
7,222 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ရှေး၌ ပြုအပ်ခဲ့သော ယုတ်မာ သော အကြင် (အကုသိုလ်) ကံတို့သည် ညစ်နွမ်းမှုကို ဖြစ်စေတတ်ကုန်၏၊ တစ်ဖန်ဘဝသစ်ကို ဖြစ်စေ တတ်ကုန်၏၊ ပူပန်ခြင်းနှင့်တကွ ဖြစ်တတ်ကုန်၏၊ ဆင်းရဲခြင်းအကျိုးကို ဖြစ်စေတတ်ကုန်၏၊ နောင်အခါ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်းတို့ကို ဖြစ်စေတတ်ကုန်၏၊ ‘ထိုယုတ်မာသော ကံတို့၏ အကျိုးသည် မဖြစ်ပါစေသတည်း’ဟူ၍ ဝန်ခံနိုင်သ... |
7,223 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန်းတို့ ဤတရားလေးပါးတို့ကို ဝန်ခံ နိုင်သော အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း၊ နတ်သည်လည်းကောင်း၊ မာရ်နတ်သည်လည်းကောင်း၊ ဗြဟ္မာသည်လည်းကောင်း၊ တစ်စုံတစ်ယောက်သော သတ္တဝါသည်လည်းကောင်းလောက၌ မရှိ” ဤသို့ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည် မဟုတ်ပါလော။ |
7,224 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် “တန်ခိုးအားနှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် တစ်ကမ္ဘာ ပတ်လုံး တည်နိုင်ရာ၏”ဟူ၍ မဆိုသင့်။ |
7,225 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဣဒ္ဓိဗလကထာ ပြီး၏။ |
7,226 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ ဣဒ္ဓိပါဒ် ပွါးများမှု၏ အကျိုးအာနိသံသ၏ အနက်ကို မသင့်သောအားဖြင့် ယူ၍ တန်ခိုးအစွမ်းနှင့် ပြည့်စုံသူသည် တစ်ကမ္ဘာပတ်လုံး တည်နိုင်ရာ၏ဟု အယူရှိကြကုန်သော မဟာသံဃိကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤဣဒ္ဓိဗလကထာကို ဟောတော်မူသည်။ |
7,227 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ တန်ခိုးနှင့် ပြည့်စုံသူသည် အာယုကပ်မှ အထက် မဟာကပ်ပတ်လုံးသော်လည်းကောင်း၊ မဟာကပ်၏ တစ်စိတ်တစ်ဒေသပတ်လုံးသော်လည်းကောင်း အသက်ရှည်နေခဲ့ပါမူ တန်ခိုးဖြင့် ပြီးသော အသက်သာဖြစ်ရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
7,228 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ တန်ခိုးဖြင့် ပြီးသော ဇီဝိတိန္ဒြေမည်သည် မရှိနိုင်၊ ကမ္မသမုဋ္ဌာန်သာဖြစ်၏ဟု ဆိုသောကြောင့် ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
7,229 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၄။ သာမညအားဖြင့် တစ်ကမ္ဘာပတ်လုံး တည်နိုင်၏ဟု ဝန်ခံသောကြောင့် ဤပုစ္ဆာကို တက်သည်။ |
7,230 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅။ တန်ခိုးအားနှင့် ပြည့်စုံသူသည် အသက်အပိုင်းအခြားကို လွန်ခြင်းငှါ စွမ်းနိုင်ပါမူ တစ်ကမ္ဘာသာ မဟုတ်သေး နှစ်ကမ္ဘာ စသည်တို့ပတ်လုံးလည်း တည်နိုင်ရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
7,231 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆။ အရာခပ်သိမ်းဟူသမျှကို တန်ခိုးဖြင့် ရအပ်သည် မဟုတ်ပါ၊ တန်ခိုး၏ အရာမဟုတ်သည်လည်း ရှိသေး၏ဟု ပြလို၍ ဤပုစ္ဆာကို တက်သည်။ |
7,232 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၁၃) ၈-သမာဓိကထာ၁ |
7,233 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၂၅။ သကဝါဒီ။ |
7,234 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ စိတ်အစဉ်သည် သမာဓိလော။ |
7,235 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အတိတ်စိတ်အစဉ်သည် သမာဓိလော၂။ |
7,236 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စိတ်အစဉ်သည် သမာဓိလော။ |
7,237 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အနာဂတ်စိတ်အစဉ်သည် သမာဓိလော။ |
7,238 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အတိတ်စိတ်အစဉ်သည် ချုပ်ငြိမ်းပြီး မဟုတ်ပါလော၊ အနာဂတ်စိတ်အစဉ်သည် မဖြစ်သေးသည် မဟုတ်ပါလော၄။ |
7,239 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ အတိတ်စိတ်အစဉ်သည် ချုပ်ငြိမ်းပြီး ဖြစ်ခဲ့မူ အနာဂတ်စိတ်အစဉ်သည် မဖြစ်သေးသည် ဖြစ်ခဲ့မူ “စိတ်အစဉ်သည် သမာဓိ"တည်းဟူ၍ မဆိုသင့်။ |
7,240 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၂၆။ ပရဝါဒီ။ |
7,241 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ သမာဓိသည် စိတ္တက္ခဏတစ်ချက်မျှ ရှိပါသလော။ |
7,242 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စက္ခုဝိညာဏ်နှင့် ပြည့်စုံသူသည် သမာပတ်ဝင်စားသူ ဖြစ်ပါသလော၆။ |
7,243 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သောတဝိညာဏ်နှင့် ပြည့်စုံသူသည်။ |
7,244 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဃာနဝိညာဏ်နှင့် ပြည့်စုံသူသည်။ |
7,245 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဇိဝှါ ဝိညာဏ်နှင့် ပြည့်စုံသူသည်။ |
7,246 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ကာယဝိညာဏ်နှင့် ပြည့်စုံသူသည်။ |
7,247 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ အကုသိုလ်စိတ်နှင့် ပြည့်စုံသူသည်။ |
7,248 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ရာဂနှင့်တကွဖြစ်သော စိတ်နှင့် ပြည့်စုံသူသည်။ |
7,249 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဒေါသနှင့်တကွဖြစ်သော စိတ်နှင့် ပြည့်စုံသူသည်။ |
7,250 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ မောဟနှင့်တကွဖြစ်သော စိတ်နှင့် ပြည့်စုံသူသည်။ |
7,251 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ အနောတ္တပ္ပနှင့်တကွဖြစ်သော စိတ်နှင့် ပြည့်စုံသူသည် သမာပတ်ဝင်စားသူ ဖြစ်ပါသလော။ |
7,252 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အကုသိုလ်စိတ်အစဉ်သည် သမာဓိလော။ |
7,253 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရာဂနှင့်တကွသော။ |
7,254 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဒေါသနှင့်တကွသော။ |
7,255 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ မောဟနှင့်တကွသော။ |
7,256 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ အနောတ္တပ္ပနှင့် တကွသော စိတ်အစဉ်သည် သမာဓိလော။ |
7,257 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “စိတ်အစဉ်သည် သမာဓိဖြစ်၏”ဟူ၍ မဆိုသင့်ပါသလော။ |
7,258 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ငါ့ရှင်နိဂဏ္ဌတို့ ငါသည် ကိုယ်ဖြင့် မလှုပ်ရှားဘဲ စကားကို မပြောဆိုဘဲ ခုနစ်ညဉ့် ခုနစ်နေ့တို့ပတ်လုံး ဧကန် ချမ်းသာကို ခံစားလျက် နေခြင်းငှါ စွမ်းနိုင်၏”ဟူ၍ မြတ်စွာဘုရား ဟောအပ် သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
7,259 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် စိတ်အစဉ်သည် သမာဓိပေတည်း၈။ |
7,260 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမာဓိကထာ ပြီး၏။ |
7,261 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ ဧကဂ္ဂတာသည် စိတ္တက္ခဏတစ်ချက်ခန့်၌ ဖြစ်ပါသော်လည်း တစ်ခုတည်းသော အာရုံ၌ စိတ်ကို ကောင်းစွာထားခြင်းဟူသော အနက်ကြောင့် သမာဓိမည်၏ဟု မယူမူ၍ ခုနစ်ညဉ့် ခုနစ်နေ့တို့ပတ်လုံး စင်စစ် ချမ်းသာကို ခံစားလျက် နေခြင်းငှါ စသောစကားကို အမှီပြု၍ စိတ်အစဉ်သည် သမာဓိမည်၏ဟု အယူရှိကြကုန်သော သဗ္ဗတ္ထိနှင့် ဥတ္တရာပထဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍... |
7,262 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ စိတ်အစဉ်သည် သမာဓိဖြစ်ခဲ့ပါမူ စိတ်အစဉ်မည်သည် အတိတ်လည်း ရှိ၏၊ အနာဂတ်လည်း ရှိ၏၊ ပစ္စုပ္ပန် တစ်ခုတည်းသာ မဟုတ်ပါ။ |
7,263 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုအားလုံးသည် သမာဓိမည်သလောဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
7,264 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ ဤသို့ အလိုမရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
7,265 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၄။ စိတ်အစဉ်ဝယ် ပစ္စုပ္ပန်စိတ်သာလျှင် ပြုဖွယ်ကိစ္စကို ပြုတတ်၏၊ အတိတ်အနာဂတ်စိတ်သည် ချုပ်ငြိမ်းသည်၏ အဖြစ် မဖြစ်သေးသည်၏ အဖြစ်ကြောင့် မရှိခဲ့၊ ထိုအတိတ် အနာဂတ်စိတ်သည် အဘယ်သို့လျှင် သမာဓိ မည်နိုင်အံ့နည်းဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
7,266 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆။ စိတ္တက္ခဏ တစ်ချက်မျှ ရှိ၏ဟူသော စကားကို ယူ၍ ကောက်ကျစ်သောအားဖြင့် ပရဝါဒီက မေးသည်။ |
7,267 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇။ ထို့ကြောင့်ပင် သကဝါဒီက ပဋိက္ခေပပြုသည်။ |
7,268 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈။ ဘုရားဟောသုတ်သည် ရှေ့နောက်၏ အစွမ်းအားဖြင့်ဖြစ်သော သမာဓိဟု မရောပြွမ်းသည်၏ အဖြစ်ကိုသာ ပြီးစေ၏၊ အစဉ်သန္တတိ၏ သမာဓိ၏ အဖြစ်ကို မပြီးစေနိုင်ပါ၊ ထို့ကြောင့် သာဓက မထိုက်လေ။ |
7,269 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- ၁၁-ဧကာဒသမဝဂ် (၁၁၄) ၉-ဓမ္မဋ္ဌိတတာ ကထာ၁ |
7,270 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၂၇။ သကဝါဒီ။ |
7,271 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ပဋိစ္စသမုပ္ပါဒ်သည် (အကြောင်းတို့ဖြင့်) ပြီးပါသလော။ |
7,272 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် ပြီးပါ၏။ |
7,273 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုပဋိစ္စသမုပ္ပါဒ်၏ တည်နေမှုသည် (အကြောင်းတို့ဖြင့်) ပြီးပါသလော။ |
7,274 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုထိုပဋိစ္စသမုပ္ပါဒ်၏ တည်နေမှုသည် (အကြောင်းတို့ဖြင့်) ပြီးပါသလော။ |
7,275 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုပဋိစ္စသမုပ္ပါဒ်၏ ထိုတည်နေမှု၌ပင်လျှင် ဆင်းရဲ၏ အဆုံးကို ပြုခြင်းသည် မရှိပါသလော၊ ဝဋ်၏ ပြတ်စဲခြင်းသည် မရှိပါသလော၊ မစွဲလမ်းဘဲ ငြိမ်းအေးမှုသည် မရှိပါသလော။ |
7,276 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရုပ်၏ တည်နေမှုသည် (အကြောင်းတို့ဖြင့်) ပြီးပါသလော။ |
7,277 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုရုပ်တည်နေမှု၏ တည်နေမှုသည် (အကြောင်းတို့ဖြင့်) ပြီးပါသလော။ |
7,278 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုရုပ်တည်နေမှု၏ ထိုတည်နေမှု၌ပင်လျှင် ဆင်းရဲ၏ အဆုံးကို ပြုခြင်းသည် မရှိပါသလော၊ ဝဋ်၏ ပြတ်စဲခြင်းသည် မရှိပါသလော၊ မစွဲလမ်းဘဲ ငြိမ်းအေးမှုသည် မရှိပါသလော။ |
7,279 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝေဒနာ၏ တည်နေမှုသည်။ |
7,280 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သညာ၏ တည်နေမှုသည်။ |
7,281 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သင်္ခါရတို့၏ တည်နေမှုသည်။ |
7,282 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဝိညာဏ်၏ တည်နေမှုသည် (အကြောင်းတို့ဖြင့်) ပြီးပါသလော။ |
7,283 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုဝိညာဏ်တည်နေမှု၏ တည်နေမှုသည် (အကြောင်းတို့ဖြင့်) ပြီးပါသလော။ |
7,284 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုဝိညာဏ်တည်နေမှု၏ ထိုဝိညာဏ်တည်နေမှု၌ပင်လျှင် ဆင်းရဲ၏ အဆုံးကို ပြုခြင်းသည် မရှိပါသလော၊ ဝဋ်၏ ပြတ်ခြင်းသည် မရှိပါသလော၊ မစွဲလမ်းဘဲ ငြိမ်းအေးမှုသည် မရှိပါသလော။ |
7,285 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဓမ္မဋ္ဌိတတာကထာ ပြီး၏။ |
7,286 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ “ဋ္ဌိတာစ သာ ဓာတု”ဟူသော စကားကို အမှီပြု၍ ပဋိစ္စသမုပ္ပါဒ်ဟုဆိုအပ်သော တစ်ခုသော ဓမ္မဋ္ဌိတအဖြစ်မည်သည် ရှိ၏၊ ထိုဓမ္မဋ္ဌိတအဖြစ်သည် အကြောင်းတို့ဖြင့် ပြီး၏ဟု အယူရှိကြကုန်သော အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤဓမ္မဋ္ဌိတတာ ကထာကို ဟောတော်မူသည်။ |
7,287 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- ၁၁-ဧကာဒသမဝဂ် (၁၁၅) ၁၀-အနိစ္စတာကထာ၁ |
7,288 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၂၈။ သကဝါဒီ။ |
7,289 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ မမြဲမှုသည် (အကြောင်းတို့ဖြင့်) ပြီးပါသလော။ |
7,290 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုမမြဲမှု၏ မမြဲမှုသည် (အကြောင်းတို့ဖြင့်) ပြီးပါသလော။ |
7,291 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် ပြီးပါ၏ ၃။ |
7,292 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုမမြဲမှု၏ ထိုမမြဲမှု၌ပင် ဆင်းရဲ၏ အဆုံးကို ပြုခြင်းသည် မရှိပါသလော၊ ဝဋ်၏ ပြတ်စဲခြင်းသည် မရှိပါသလော၊ မစွဲလမ်းဘဲ ငြိမ်းအေးမှုသည် မရှိပါသလော။ |
7,293 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အိုမှုသည် (အကြောင်းတို့ဖြင့်) ပြီးပါသလော။ |
7,294 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုအိုမှု၏ အိုမှုသည် (အကြောင်းတို့ဖြင့်) ပြီးပါသလော။ |
7,295 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုအိုမှု၏ ထိုအိုမှု၌ပင် ဆင်းရဲ၏ အဆုံးကို ပြုခြင်းသည် မရှိပါသလော၊ ဝဋ်၏ ပြတ်စဲခြင်းသည် မရှိပါသလော၊ မစွဲလမ်းဘဲ ငြိမ်းအေးမှုသည် မရှိပါသလော။ |
7,296 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သေမှုသည် (အကြောင်းတို့ဖြင့်) ပြီးပါသလော။ |
7,297 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုသေမှု၏ သေမှုသည် (အကြောင်းတို့ဖြင့်) ပြီးပါသလော။ |
7,298 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုသေမှု၏ ထိုသေမှု၌ပင် ဆင်းရဲ၏ အဆုံးကို ပြုခြင်းသည် မရှိပါသလော၊ ဝဋ်၏ ပြတ်စဲခြင်းသည် မရှိပါသလော၊ မစွဲလမ်းဘဲ ငြိမ်းအေးမှုသည် မရှိပါသလော။ |
7,299 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၂၉။ သကဝါဒီ။ |
7,300 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ရုပ်သည် (အကြောင်းတို့ဖြင့်) ပြီးသည်ဖြစ်၍ ရုပ်၏ မမြဲမှုသည် ရှိပါသလော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.