id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
7,301 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မမြဲမှုသည် (အကြောင်းတို့ဖြင့်) ပြီးသည်ဖြစ်၍ မမြဲမှု၏ မမြဲမှုသည် ရှိပါသလော။ |
7,302 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရုပ်သည် (အကြောင်းတို့ဖြင့်) ပြီးသည် ဖြစ်၍ ရုပ်၏ အိုမှုသည် ရှိပါသလော။ |
7,303 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အိုမှုသည် (အကြောင်းတို့ဖြင့်) ပြီးသည် ဖြစ်၍ အိုမှု၏ အိုမှုသည် ရှိပါသလော။ |
7,304 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရုပ်သည် (အကြောင်းတို့ဖြင့်) ပြီးသည် ဖြစ်၍ ရုပ်၏ ပျက်စီးမှုသည် ရှိပါသလော၊ ကွယ်ပျောက်မှုသည် ရှိပါသလော။ |
7,305 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သေမှုသည် (အကြောင်းတို့ဖြင့်) ပြီးသည် ဖြစ်၍ သေမှု၏ ပျက်စီးမှုသည် ရှိပါသလော၊ ကွယ်ပျောက်မှုသည် ရှိပါသလော။ |
7,306 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဝိညာဏ်သည် (အကြောင်းတို့ဖြင့့််) ပြီးသည် ဖြစ်၍ ဝိညာဏ်၏ မမြဲမှုသည် ရှိပါသလော။ |
7,307 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မမြဲမှုသည် (အကြောင်းတို့ဖြင့်) ပြီးသည် ဖြစ်၍ မမြဲမှု၏ မမြဲမှုသည် ရှိပါသလော။ |
7,308 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝိညာဏ်သည် (အကြောင်းတို့ဖြင့်) ပြီးသည် ဖြစ်၍ ဝိညာဏ်၏ အိုမှုသည် ရှိပါသလော။ |
7,309 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝိညာဏ်သည် (အကြောင်းတို့ဖြင့်) ပြီးသည် ဖြစ်၍ ဝိညာဏ်၏ ပျက်စီးမှုသည် ရှိပါသလော၊ ကွယ်ပျောက်မှုသည် ရှိပါသလော။ |
7,310 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အနိစ္စတာကထာ ပြီး၏။ |
7,311 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဧကာဒသမဝဂ် ပြီး၏။ |
7,312 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ မမြဲသော ရုပ် အစရှိသည်တို့၏ မမြဲသည်၏ အဖြစ်သည်လည်း ရုပ် အစရှိသည်တို့ကဲ့သို့ မမြဲမှုပြီးကုန်၏ဟု ဝန်ခံသည်။ |
7,313 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- ၁၂-ဒွါဒသမဝဂ် |
7,314 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (၁၁၆) ၁-သံဝရော ကမ္မန္တိကထာ၁ |
7,315 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၃၀။ သကဝါဒီ။ |
7,316 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ စောင့်စည်းမှုသည် ကံမည်သလော။ |
7,317 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စက္ခုန္ဒြေကို စောင့်စည်းမှုသည် စက္ခုကံမည်သလော။ |
7,318 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သောတိန္ဒြေကို စောင့်စည်းမှုသည်။ |
7,319 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဃာနိန္ဒြေကို စောင့်စည်းမှုသည်။ |
7,320 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဇိဝှိန္ဒြေကို စောင့်စည်းမှုသည်။ |
7,321 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ကာယိန္ဒြေကို စောင့်စည်းမှုသည် ကာယကံမည်သလော။ |
7,322 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကာယိန္ဒြေကို စောင့်စည်းမှုသည် ကာယကံမည်သလော။ |
7,323 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ စက္ခုန္ဒြေကို စောင့်စည်းမှုသည် စက္ခုကံမည်သလော။ |
7,324 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဇိဝှိန္ဒြေကို စောင့်စည်းမှုသည် ဇိဝှါကံမည်သလော။ |
7,325 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မနိန္ဒြေကို စောင့်စည်းမှုသည် မနောကံမည်သလော။ |
7,326 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၃၁။ သကဝါဒီ။ |
7,327 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ မစောင့်စည်းမှုသည် ကံမည်သလော။ |
7,328 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စက္ခုန္ဒြေကို မစောင့်စည်းမှုသည် စက္ခုကံမည်သလော။ |
7,329 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သောတိန္ဒြေကို မစောင့်စည်းမှုသည်။ |
7,330 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဃာနိန္ဒြေကို မစောင့်စည်းမှုသည်။ |
7,331 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဇိဝှိန္ဒြေကို မစောင့်စည်းမှုသည်။ |
7,332 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ကာယိန္ဒြေကို မစောင့်စည်းမှုသည် ကာယကံမည်သလော။ |
7,333 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကာယိန္ဒြေကို မစောင့်စည်းမှုသည် ကာယကံမည်သလော။ |
7,334 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဇိဝှိန္ဒြေကို မစောင့်စည်းမှုသည် ဇိဝှါကံမည်သလော။ |
7,335 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မနိန္ဒြေကို မစောင့်စည်းမှုသည် မနောကံမည်သလော။ |
7,336 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၃၂။ ပရဝါဒီ။ |
7,337 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “စောင့်စည်းမှုကိုလည်းကောင်း၊ မစောင့်စည်းမှုကိုလည်းကောင်း ကံ”ဟူ၍ မဆိုသင့်ပါသလော။ |
7,338 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်လတ်သော် (မိန်းမ ယောက်ျား) စသော အမှတ်နိမိတ်ကို ယူလေ့ရှိသည် ဖြစ်၏။ |
7,339 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ အမှတ်နိမိတ်ကို ယူလေ့ရှိသည် မဖြစ်၊ နားဖြင့် အသံကို ကြားလတ်သော်။ |
7,340 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်ဖြင့် သဘောတရား ဓမ္မာရုံကို သိ၍ အမှတ်နိမိတ်ကို ယူလေ့ရှိသည် ဖြစ်၏။ |
7,341 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ အမှတ်နိမိတ်ကို ယူလေ့ရှိသည် မဖြစ်” ဤသို့လျှင် မြတ်စွာဘုရား ဟောအပ် သော သုတ္တန် (ပါဠိ) ရှိသည် မဟုတ်လော။ |
7,342 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် စောင့်စည်းမှုသည်လည်းကောင်း၊ မစောင့်စည်းမှုသည်လည်းကောင်း ကံမည်သတည်း။ |
7,343 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သံဝရော ကမ္မန္တိကထာ ပြီး၏။ |
7,344 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ “စက္ခုနာ ရူပံ ဒိသွာ နိမိတ္တဂ္ဂ္ဂါဟီ ဟောတိ၊ န နိမိတ္တဂ္ဂါဟီ ဟောတိ”ဟူသော သုတ်ကို အမှီပြု၍ စောင့်စည်းမှု သံဝရသည်လည်းကောင်း၊ မစောင့်စည်းမှု အသံဝရသည် လည်းကောင်း ကံမည်၏ဟု အယူရှိကြကုန်သော မဟာသံဃိကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူ၏။ |
7,345 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ သကသမယ၌ စေတနာကို ကံဟူ၍ ဟောတော်မူ၏၊ ထိုစေတနာသည် ဒွါရသုံးပါးတို့၌ ဖြစ်သည်ရှိသော် ကာယကံ စသော အမည်ကို ရသကဲ့သို့ သံဝရကံသည်လည်း စက္ခုန္ဒြေ စသည်တို့၌ ဖြစ်သည်ရှိသော် စက္ခုန္ဒြိယကံစသည် မည်သလောဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
7,346 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ ထိုသို့သဘောရှိသော သုတ် ပုဒ်ကို မတွေ့မမြင်သောကြောင့် သုံးဒွါရတို့၌ ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
7,347 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၄။ ကာယဒွါရ၌ ပသာဒကာယကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
7,348 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅။ ဝိညတ္တိကာယကို ရည်ရွယ်၍ ဝန်ခံသည်။ |
7,349 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆။ ဝိပါကဒွါရကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
7,350 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇။ ကမ္မဒွါရကို ရည်ရွယ်၍ ဝန်ခံပြန်သည်။ |
7,351 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈။ ဤသုတ်သည် ထိုဒွါရတို့၌ သံဝရ အသံဝရကိုသာ ပြသည်၊ ထိုသံဝရ အသံဝရတို့၏ ကံအဖြစ်ကို ပြသည် မဟုတ်ပါ၊ ထို့ကြောင့် သာဓက မထိုက်ပါ။ |
7,352 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၁၇) ၂-ကမ္မကထာ၁ |
7,353 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၃၃။ သကဝါဒီ။ |
7,354 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အလုံးစုံသော ကံသည် အကျိုးရှိပါသလော။ |
7,355 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အလုံးစုံသော စေတနာသည် အကျိုးရှိပါသလော။ |
7,356 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဝိပါက်အဗျာကတစေတနာသည် အကျိုးရှိပါသလော။ |
7,357 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကိရိယာအဗျာကတစေတနာသည် အကျိုးရှိပါသလော။ |
7,358 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကာမာဝစရဝိပါက် အဗျာကတစေတနာသည် အကျိုးရှိပါသလော။ |
7,359 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရူပါဝစရ အရူပါဝစရ အပရိယာပန္န ဝိပါက်အဗျာကတစေတနာသည် အကျိုးရှိပါသလော။ |
7,360 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကာမာဝစရ ကိရိယာအဗျာကတစေတနာသည် အကျိုးရှိပါသသလော။ |
7,361 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရူပါဝစရ အရူပါဝစရ ကိရိယာဗျာကတစေတနာသည် အကျိုးရှိပါသလော။ |
7,362 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၃၄။ သကဝါဒီ။ |
7,363 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဝိပါက်အဗျာကတစေတနာသည် အကျိုးမရှိပါသလော။ |
7,364 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ဝိပါက်အဗျာကတစေတနာသည် အကျိုးမရှိခဲ့ပါမူ “အလုံးစုံသော စေတနာသည် အကျိုးရှိ၏”ဟူ၍ မဆိုသင့်။ |
7,365 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကိရိယာဗျာကတစေတနာသည် အကျိုးမရှိပါသလော။ |
7,366 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ကိရိယာဗျာကတစေတနာသည် အကျိုးမရှိခဲ့ပါမူ “အလုံးစုံသော စေတနာသည် အကျိုးရှိ၏”ဟူ၍ မဆိုသင့်။ |
7,367 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကာမာဝစရ ရူပါဝစရ အရူပါဝစရ အပရိယာပန္န၆ ဝိပါက်အဗျာကတ စေတနာသည် အကျိုးမရှိပါသလော။ |
7,368 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ အပရိယာပန္န ဝိပါက်အဗျာကတစေတနာသည် အကျိုးမရှိခဲ့ပါမူ “အလုံးစုံသော စေတနာသည် အကျိုးရှိ၏”ဟူ၍ မဆိုသင့်။ |
7,369 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကာမာဝစရ ရူပါဝစရ အရူပါဝစရ ကိရိယာဗျာကတစေတနာသည် အကျိုးမရှိ ပါသလော။ |
7,370 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ အရူပါဝစရ ကိရိယာဗျာကတစေတနာသည် အကျိုးမရှိခဲ့ပါမူ “အလုံးစုံ သော စေတနာသည် အကျိုးရှိ၏”ဟူ၍ မဆိုသင့်။ |
7,371 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၃၅။ ပရဝါဒီ။ |
7,372 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “အလုံးစုံသော ကံသည် အကျိုးရှိ၏”ဟူ၍ မဆိုသင့်ပါသလော။ |
7,373 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ရဟန်းတို့ စေ့ဆော်အပ်ကုန်သော ပြုလုပ်အပ်ကုန်သော ဆည်းပူးအပ်ကုန်သော ကံတို့၏ အကျိုးကို မခံစားရဘဲ မထင်ရှားဘဲ ပျောက်ပျက်ကုန်သည်၏အဖြစ်ကို ငါမဆို။ |
7,374 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အမှန်စင်စစ် ထိုကံသည် မျက်မှောက်ဘဝ၌လည်းကောင်း၊ နောက်ဘဝ၌လည်းကောင်း၊ တတိယဘဝမှ စ၍ အဆက် ဆက်သော ဘဝ၌လည်းကောင်း (အကျိုးပေး၏)”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာလျှင် မဟုတ်ပါလော။ |
7,375 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် အလုံးစုံသော ကံသည် အကျိုးရှိ၏။ |
7,376 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ “နာဟံ ဘိက္ခဝေ သဉ္စေတနိကာနံ ကမ္မာနံ” အစရှိသော သုတ်ကို အမှီပြု၍ ကံဟူသမျှ အားလုံးသည် အကျိုးရှိ၏ဟု အယူရှိကြကုန်သော မဟာသံဃိကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤကမ္မကထာကို ဟောတော်မူသည်။ |
7,377 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ”ဟု မြတ်စွာဘုရားသည် သာမညအားဖြင့် စေတနာကို ကံဟူ၍ ဟောတော်မူ၏၊ ထိုစေတနာသည်လည်း ကုသိုလ် အကုသိုလ်သည်သာ သဝိပါက၊ အဗျာကတ စေတနာကား အဝိပါကမည်၏ဟု ဝေဖန်ခြင်းကို ပြလို၍ ဤပုစ္ဆာကို တက်သည်။ |
7,378 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ အဗျာကတကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
7,379 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၄။ ကုသိုလ် အကုသိုလ်ကို ရည်ရွယ်၍ ဝန်ခံပြန်သည်။ |
7,380 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅။ သဝိပါက အဝိပါက စေတနာကို သရုပ်အားဖြင့် ပြလို၍ ဤပုစ္ဆာကို တက်သည်။ |
7,381 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆။ လောကုတ္တရာတရားကို အပရိယာပန္နဟု ခေါ်သည်။ |
7,382 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၁၈) ၃-သဒ္ဒေါ ဝိပါကောတိကထာ၁ |
7,383 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၃၆။ သကဝါဒီ။ |
7,384 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အသံသည် ဝိပါက်လော။ |
7,385 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (အသံသည်) သုခဝေဒနာ ရှိသလော၊ ဒုက္ခဝေဒနာ ရှိသလော၊ ဥပေက္ခာဝေဒနာ ရှိသလော၊ သုခဝေဒနာနှင့် ယှဉ်ပါသလော၊ ဒုက္ခဝေဒနာနှင့် ယှဉ်ပါသလော၊ အဒုက္ခမသုခဝေဒနာနှင့် ယှဉ်ပါသလော၊ ဖဿနှင့် ယှဉ်ပါသလော၊ ဝေဒနာနှင့် ယှဉ်ပါသလော၊ သညာနှင့် ယှဉ်ပါသလော၊ စေတနာနှင့် ယှဉ်ပါလော၊ စိတ်နှင့် ယှဉ်ပါသလော၊ အာရုံရှိပါသလော၊ ထိုအသံအား ဆင်ခြင်မှု နှလုံးသွင်းမှု ကောင... |
7,386 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (အသံသည်) သုခဝေဒနာ မရှိသည် မဟုတ်ပါသလော၊ ဒုက္ခဝေဒနာ မရှိသည်။ |
7,387 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ အာရုံ မရှိသည် မဟုတ်ပါလော၊ ထိုအသံအား ဆင်ခြင်မှု။ |
7,388 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ “သုခဝေဒနာ မရှိခဲ့ပါမူ။ |
7,389 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ အာရုံ မရှိခဲ့ပါမူ ထိုအသံအား ဆင်ခြင်မှု။ |
7,390 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဆုတောင်းမှု မရှိခဲ့ပါမူ “အသံသည် ဝိပါက်တည်း”ဟူ၍ မဆိုသင့်။ |
7,391 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဖဿသည် ဝိပါက်ဖြစ်၍ ဖဿသည် သုခဝေဒနာရှိပါသလော။ |
7,392 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ အာရုံရှိပါသလော၊ ထိုဖဿအား ဆင်ခြင်မှု။ |
7,393 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အသံသည် ဝိပါက်ဖြစ်၍ အသံသည် သုခဝေဒနာရှိပါသလော။ |
7,394 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ အာရုံရှိပါသလော၊ ထိုအသံအား ဆင်ခြင်မှု။ |
7,395 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အသံသည် ဝိပါက်ဖြစ်ပါလျက် အသံသည် သုခဝေဒနာ မရှိပါသလော။ |
7,396 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ အာရုံ မရှိပါသလော၊ ထိုအသံအား ဆင်ခြင်မှု။ |
7,397 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဖဿသည် ဝိပါက်ဖြစ်ပါလျက် ဖဿသည် သုခဝေဒနာ မရှိပါသလော၊ ဒုက္ခဝေဒနာ မရှိပါသလော။ |
7,398 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၃၇။ ပရဝါဒီ။ |
7,399 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “အသံသည် ဝိပါက်”ဟူ၍ မဆိုသင့်ပါသလော။ |
7,400 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ထိုသူသည် ထိုကံကို ပြုအပ်သည်၏အဖြစ် ဆည်းပူးအပ်သည်၏အဖြစ်ကြောင့်လည်းကောင်း၊ ထိုကံ၏ များပြားသည်၏အဖြစ် ပြန့်ပြောသည်၏အဖြစ်ကြောင့်လည်းကောင်း ဗြဟ္မာမင်း၏ အသံနှင့် တူသော အသံရှိသည် ကရဝိက်ငှက်သံနှင့် တူသော အသံရှိသည် ဖြစ်၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.