id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
7,701
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဤကောင်းကင်နှင့် မြေကြီးသည် အလွန့်အလွန်ဝေးေသော ပထမအရာပေတည်း။
7,702
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ထို့ကြောင့် သူတော် ကောင်းတို့၏တရားသည် မသူတော်တို့မှ ဝေးကွာ၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
7,703
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ထို့ကြောင့်ပင် “ကုသိုလ်အကုသိုလ်တို့သည်။
7,704
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ မျက်မှောက်အဖြစ်သို့ ရောက်ကုန်၏”ဟူ၍ မဆိုသင့်။
7,705
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
(နီဝရဏတို့ ဖြင့်) ပိတ်ပင်အပ်သော သူသည် နီဝရဏကို ပယ်စွန့်ပါသလော။
7,706
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
“ထိုရဟန်းသည် ဤသို့ စိတ်သည် တည်ကြည်လတ်သော် ထက်ဝန်းကျင် စင်ကြယ် လတ်သော် ထက်ဝန်းကျင် ဖြူစင်လတ်သော် အညစ်အကြေး မရှိလတ်သော် ညစ်ညမ်းမှု (ကိလေသာ) ကင်းလတ်သော် နူးညံ့သည်ဖြစ်၍ ဖြစ်လတ်သော် အမှု၌ ခံ့လတ်သော် တည်တံ့လတ်သော် မတုန် မလှုပ်ခြင်းသို့ ရောက်လတ်သော် အာသဝတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို သိခြင်းငှါ စိတ်ကို ရှေးရှု ညွတ်စေ၏”ဟူ၍ မြတ...
7,707
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထို့ကြောင့် “(နီဝရဏတို့ ဖြင့်) ပိတ်ပင်အပ်သော သူသည် နီဝရဏကို ပယ်စွန့်၏”ဟူ၍ မဆိုသင့်။
7,708
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆၆၇။ ပရဝါဒီ။
7,709
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ “နီဝရဏတို့ဖြင့် ပိတ်ပင်အပ်သော သူသည် နီဝရဏကို ပယ်စွန့်၏”ဟူ၍ မဆိုသင့်ပါသလော။
7,710
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
“ဤသို့သိသော ဤသို့မြင်သော ထိုပုဂ္ဂိုလ်၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏။
7,711
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည် မဟုတ်ပါလော။
7,712
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထို့ကြောင့် (နီဝရဏဖြင့်) ပိတ်ပင်အပ်သော သူသည် နီဝရဏကို ပယ်စွန့်၏။
7,713
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
နိဝုတကထာ ပြီး၏။
7,714
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁။ စင်ကြယ်ပြီးပုဂ္ဂိုလ်အား တစ်ဖန် စင်ကြယ်ခြင်းကိစ္စ မရှိခြင်းကြောင့် နီဝရဏတို့ဖြင့် ဖုံးလွှမ်းမြှေးယှက်အပ်သူသည်သာ နီဝရဏကို စွန့်၏ဟု အယူရှိကြကုန်သော ဥတ္တရာပထဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤနိဝုတကထာကို ဟောတော်မူသည်။
7,715
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၂။ နီဝရဏတို့ဖြင့် မြှေးယှက်အပ်သူ၏ နီဝရဏကို ပယ်စွန့်ခြင်း၌ အပြစ်ကို ပြလို၍ ဤပုစ္ဆာကို တက်သည်။
7,716
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၃။ ဝိက္ခမ္ဘနဝိသုဒ္ဓိဖြင့် စင်ကြယ်သူ၏ သမုစ္ဆေဒဝိသုဒ္ဓိကို ပြလို၍ ဤစကားကို ဆိုသည်။
7,717
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၄။ ပရဝါဒီ၏ ဤစကားသည် သိသူမြင်သူ၏ အာသဝက္ခယကိုသာ ပြ၏၊ နီဝရဏမြှေးယှက်သူ၏ နီဝရဏကို ပယ်စွန့်ခြင်းကို မပြ၊ ထို့ကြောင့် သာဓက မထိုက်ပါ။
7,718
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
-- (၁၃၁) ၆-သမ္မုခီဘူတကထာ
7,719
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆၆၈။ သကဝါဒီ။
7,720
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ (သံယောဇဉ်တို့၏) မျက်မှောက်ဖြစ်သော သူသည် သံယောဇဉ်ကို ပယ်စွန့်ပါသလော။
7,721
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
တပ်မက်သူသည် ရာဂကို ပယ်စွန့်ပါသလော၊ ပြစ်မှားသူသည် ဒေါသကို ပယ်စွန့်ပါသလော၊ တွေဝေသူသည် မောဟကို ပယ်စွန့်ပါသလော၊ ညစ်နွမ်းသူသည် ကိလေသာကို ပယ်စွန့်ပါသလော။
7,722
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ရာဂဖြင့် ရာဂကို ပယ်စွန့်သလော၊ ဒေါသဖြင့် ဒေါသကို ပယ်စွန့်သလော၊ မောဟဖြင့် မောဟကို ပယ်စွန့်သလော၊ ကိလေသာတို့ဖြင့် ကိလေသာတို့ကို ပယ်စွန့်သလော။
7,723
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆၆၉။ သကဝါဒီ။
7,724
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ကုသိုလ်အကုသိုလ်တို့သည်။
7,725
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ မျက်မှောက်အဖြစ်သို့ ရောက်ပါကုန်သလော။
7,726
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အဘယ်လေးမျိုးတို့ပေနည်း၊ ရဟန်းတို့ ကောင်းကင်သည်လည်းကောင်း၊ မြေကြီးသည်လည်းကောင်း (ရှိ၏)။
7,727
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဤကောင်းကင်နှင့် မြေကြီးသည် အလွန့်အလွန်ဝေးသော ပထမအရာပေတည်း။
7,728
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ထို့ကြောင့် သူတော်ကောင်းတို့၏ တရားသည် မသူတော်တို့မှ ဝေး၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
7,729
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
(သံယောဇဉ်တို့၏) မျက်မှောက်ဖြစ်သော သူသည် သံယောဇဉ်ကို ပယ်စွန့်ပါသလော။
7,730
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
“ထိုရဟန်းသည် ဤသို့ စိတ်တည်ကြည်လတ်သော်။
7,731
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ အာသဝတို့၏ ကုန်ရာ အရဟတ္တဖိုလ်ကို သိခြင်းငှါ စိတ်ကို ရှေးရှုညွတ်စေ၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
7,732
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထို့ကြောင့် “(သံယောဇဉ်တို့၏) မျက်မှောက်ဖြစ်သော သူသည် သံယောဇဉ်ကို ပယ်စွန့်၏”ဟူ၍ မဆိုသင့်။
7,733
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆၇၀။ ပရဝါဒီ။
7,734
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ “(သံယောဇဉ်တို့၏) မျက်မှောက်ဖြစ်သော သူသည် သံယောဇဉ်ကို ပယ်စွန့်၏”ဟူ၍ မဆိုသင့်ပါသလော။
7,735
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
“ဤသို့သိသော ဤသို့ မြင်သော ထိုရဟန်း၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏။
7,736
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထို့ကြောင့် (သံယောဇဉ်တို့၏) မျက်မှောက်ဖြစ်သော သူသည် သံယောဇဉ်ကို ပယ်စွန့်၏။
7,737
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သမ္မုခီဘူတကထာ ပြီး၏။
7,738
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
-- (၁၃၂) ၇-သမာပန္နော အဿာဒေတိကထာ၁
7,739
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆၇၁။ သကဝါဒီ။
7,740
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ သမာပတ်ဝင်စားသူသည် သာယာသည် ဖြစ်၍ ဈာန်၌ သာယာနှစ်သက်မှုသည် ဈာန်လျှင် အာရုံရှိပါသလော။
7,741
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထိုဈာန်သည် ထိုဈာန်၏ အာရုံလော။
7,742
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထိုဖဿဖြင့် ထိုဖဿကို တွေ့ထိပါသလော၊ ထိုဝေဒနာဖြင့် ထိုဝေဒနာကို ခံစားပါသလော၊ ထိုသညာဖြင့် ထိုသညာကို မှတ်သားပါသလော၊ ထိုစေတနာဖြင့် ထိုစေတနာကို စေ့ဆော်ပါသလော၊ ထိုစိတ်ဖြင့် ထိုစိတ်ကို သိပါသလော၊ ထိုဝိတက်ဖြင့် ထိုဝိတက်ကို ကြံစည်ပါသလော၊ ထိုဝိစာရ ဖြင့် ထိုဝိစာရကို သုံးသပ်ပါသလော၊ ထိုပီတိဖြင့် ထိုပီတိကို နှစ်သက်ပါသလော၊ ထိုသတိဖြင့် ထိ...
7,743
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဈာန်၌ သာယာနှစ်သက်မှုသည် စိတ်နှင့် ယှဉ်သည် ဖြစ်၍ ဈာန်သည် စိတ်နှင့် ယှဉ်ပါသလော။
7,744
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဈာန်၌ သာယာနှစ်သက်မှုသည် အကုသိုလ်ဖြစ်၍ ဈာန်သည် ကုသိုလ်လော။
7,745
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆၇၂။ သကဝါဒီ။
7,746
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ အပြစ်ရှိကုန်အပြစ်မရှိကုန်သော အယုတ်အမြတ်ဖြစ်ကုန်သော အမည်းအဖြူ အားဖြင့် တူသောအဖို့ရှိကုန်သော ကုသိုလ်အကုသိုလ်တရားတို့သည် မျက်မှောက်အဖြစ်သို့ ရောက်ပါကုန်သလော။
7,747
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ “ရဟန်းတို့ ဤလေးမျိုးတို့သည် အလွန့်အလွန်ဝေးသော အရာတို့ပေတည်း။
7,748
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ထို့ကြောင့် သူတော် ကောင်းတို့၏ တရားသည် မသူတော်တို့မှ ဝေး၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
7,749
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထို့ကြောင့်ပင် “အပြစ်ရှိကုန်အပြစ်မရှိကုန်သော အယုတ်အမြတ်ဖြစ်ကုန်သော အမည်းအဖြူအားဖြင့် တူသော အဖို့ရှိကုန်သော ကုသိုလ်အကုသိုလ်တရားတို့သည် မျက်မှောက်အဖြစ်သို့ ရောက်ကုန်၏”ဟူ၍ မဆိုသင့်။
7,750
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆၇၃။ ပရဝါဒီ။
7,751
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ “သမာပတ်ဝင်စားသော သူသည် သာယာသည် ဖြစ်၍ ဈာန်၌ သာယာ နှစ်သက်မှုသည် ဈာန်လျှင် အာရုံရှိ၏”ဟူ၍ မဆိုသင့်ပါသလော။
7,752
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဩော် မဆိုသင့်ပါ၊
7,753
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
“ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏၊ ထိုရဟန်းသည် ထိုဈာန်ကို သာယာ၏၊ ထိုဈာန်ကို လိုလား၏၊ ထိုဈာန်ဖြင့် နှစ်သက်ခြင်းသို့ ရောက်၏၊ ဝိတက်ဝိစာရတို့၏ ငြိမ်းခြင်းကြောင့်။
7,754
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ စတုတ္ထဈာန်ကို ပြည့်စုံစေ၍ နေ၏၊ ထိုရဟန်းသည် ထိုဈာန်ကို သာယာ၏၊ ထိုဈာန်ကို လိုလား၏၊ ထိုဈာန်ဖြင့် နှစ်သက်ခြင်းသို့ ရောက်၏” ဤသို့ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
7,755
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထို့ကြောင့် သမာပတ်ဝင်စားသော သူသည် သာယာသည် ဖြစ်၍ ဈာန်၌ နှစ်သက်မှုသည် ဈာန်လျှင် အာရုံရှိ၏။
7,756
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သမာပန္နော အဿာဒေတိကထာ ပြီး၏။
7,757
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁။ ‘ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ၊ သောတဒဿာဒေတိ’ ဤသို့စသော စကားကို အမှီပြု၍ သမာပတ်ဝင်စားသူသည် သာယာ၏၊ ထိုဈာန်ဝင်စားသူ၏ ဈာန်၌ ထိုသာယာမှုသည် ဈာန်လျှင် အာရုံရှိ၏ဟု အယူရှိကြကုန်သော အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။
7,758
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၂။ ထိုဈာန်၏ ထိုဈာန်လျှင် အာရုံရှိသည်၏ အဖြစ်ကို မမြင်ရကား ပါဠိတော်၌ ဆန့်ကျင်အံ့သည်မှ ကြောက်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။
7,759
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၃။ ပရဝါဒီ၏ ဤစကားသည် မိမိရသော ဈာန်မှ ထ၍ မိမိရသော ဈာန်ကို သာယာခြင်းကိုသာ ပြီးစေ၍ သမာပတ်၏ အတွင်း၌ ဈာန်ကို တပ်မက်သော တဏှာ၏ ဈာန်လျှင် အာရုံရှိသည်၏ အဖြစ်ကို မပြီးစေ၊ ထို့ကြောင့် သာဓက မထိုက်။
7,760
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
-- (၁၃၃) ၈-အသာတရာဂကထာ၁
7,761
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆၇၄။ သကဝါဒီ။
7,762
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ သာယာဖွယ် မဟုတ်သည်၌ တပ်မက်မှုသည် ရှိပါသလော။
7,763
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သတ္တဝါတို့သည် ဆင်းရဲ၌ လွန်စွာနှစ်သက်ပါကုန်သလော၊ ဆင်းရဲကို တောင့်တ ကုန်သော, နှစ်သက်ကုန်သော, ရှာကုန်သော, ရှာဖွေကုန်သော, ရှာမှီးကုန်သော, ဆင်းရဲကို သိမ်းပိုက်၍ တည်ကုန်သော အချို့သတ္တဝါတို့သည် ရှိပါကုန်သလော။
7,764
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သတ္တဝါတို့သည် ချမ်းသာကို လွန်စွာနှစ်သက်ကုန်သည် မဟုတ်ပါလော၊ ချမ်းသာကို တောင့်တကုန်သော, နှစ်သက်ကုန်သော, ရှာကုန်သော, ရှာဖွေကုန်သော, ရှာမှီးကုန်သော, ချမ်းသာကို သိမ်းပိုက်၍ တည်ကုန်သော အချို့သော သတ္တဝါတို့သည် ရှိကုန်သည် မဟုတ်ပါလော။
7,765
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ သတ္တဝါတို့သည် ချမ်းသာကို လွန်စွာနှစ်သက်ကုန်မူ ချမ်းသာကို တောင့်တကုန်သော, နှစ်သက်ကုန်သော, ရှာကုန်သော, ရှာဖွေကုန်သော, ရှာမှီးကုန်သော, ချမ်းသာကို သိမ်းပိုက်၍ တည်ကုန်သော အချို့သတ္တဝါတို့သည် ရှိကုန်မူ “သာယာဖွယ် မဟုတ်သည်၌ တပ်မက်မှုသည် ရှိ၏”ဟူ၍ မဆိုသင့်။
7,766
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သာယာဖွယ် မဟုတ်သည်၌ တပ်မက်မှုသည် ရှိပါသလော။
7,767
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဒုက္ခဝေဒနာ၌ ရာဂါနုသယသည် ကိန်းအောင်းပါသလော၊ သုခဝေဒနာ၌ ပဋိဃာ နုသယသည် ကိန်းအောင်းပါသလော။
7,768
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သုခဝေဒနာ၌ ရာဂါနုသယသည် ကိန်းအောင်းသည် မဟုတ်ပါလော၊ ဒုက္ခဝေဒနာ၌ ပဋိဃာနုသယသည် ကိန်းအောင်းသည် မဟုတ်ပါလော။
7,769
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ သုခဝေဒနာ၌ ရာဂါနုသယသည် ကိန်းအောင်းခဲ့ပါမူ ဒုက္ခဝေဒနာ၌ ပဋိဃာနုသယသည် ကိန်းအောင်းခဲ့ပါမူ “သာယာဖွယ် မဟုတ်သည်၌ တပ်မက်မှုသည် ရှိ၏”ဟူ၍ မဆိုသင့်။
7,770
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆၇၅။ ပရဝါဒီ။
7,771
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ “သာယာဖွယ် မဟုတ်သည်၌ တပ်မက်မှုသည် ရှိ၏”ဟူ၍ မဆိုသင့်ပါသလော။
7,772
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
“ထိုသူသည် ဤသို့ ချစ်ခြင်း မုန်းခြင်းသို့ ရောက်လတ်သော် သုခကိုလည်းကောင်း၊ ဒုက္ခကိုလည်းကောင်း၊ အဒုက္ခမသုခကိုလည်းကောင်း အလုံးစုံသော ဝေဒနာကို ခံစား၏။
7,773
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထိုသူသည် ထိုဝေဒနာကို အလွန်နှစ်သက်၏၊ အလွန်ပြောဆို၏၊ သိမ်းပိုက်၍ တည်၏”ဟူ၍ မြတ်စွာဘုရား ဟောအပ် သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
7,774
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထို့ကြောင့် သာယာဖွယ် မဟုတ်သည်၌ တပ်မက်မှုသည် ရှိ၏။
7,775
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အသာတရာဂကထာ ပြီး၏။
7,776
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁။ ‘ယံကိဉ္စိ ဝေဒနံ ဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ သော တံ ဝေဒနံ အဘိနန္ဒတိ အဘိဝဒတိ’ ဟူသောသုတ်၌ ဒိဋ္ဌိဟူသော သာယာကြောင်း၏ အစွမ်းအားဖြင့် ဟောအပ်သော အဘိနန္ဒတိဟူသော စကားကို မှီ၍ ဒုက္ခဝေဒနာ၌လည်း ရာဂဿာဒ၏ အစွမ်းအားဖြင့် အလွန်နှစ်သက်သည်၏ အဖြစ်ကြောင့် မသာယာဖွယ်၌ တပ်မက်မှု (အသာတရာဂ) သည် ရှိ၏ဟု အယူရှိကြကုန်သော ဥတ္တရာပထဂိုဏ်...
7,777
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၂။ ပရဝါဒီ၏ သုတ်သည် ဝေဒနာအပေါင်းမှ အသီးအခြားထုတ်၍ ဒုက္ခဝေဒနာကိုသာ အာရုံပြု၍ ရာဂဖြစ်ခြင်း မရှိနိုင်ပါ၊ ဒုက္ခဝေဒနာ အနှိပ်အစက်ခံရသူသည် ထိုဒုက္ခဝေဒနာ၏ ဆန့်ကျင်ဘက် ကာမသုခကို တောင့်တသော်လည်း ဒုက္ခဝေဒနာကို နှစ်သက်သည် မည်၏၊ ဤသို့လျှင် ဒုက္ခဝေဒနာ၌ နှစ်သက်ခြင်း ဖြစ်၏ဟု ဆိုလိုသော သုတ်ဖြစ်၍ သာဓက မထိုက်ပါ။
7,778
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
(၁၃၄) ၉-ဓမ္မတဏှာ အဗျာကတာတိကထာ၁
7,779
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆၇၆။ သကဝါဒီ။
7,780
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ဓမ္မာရုံ၌ တပ်မက်မှု ‘ဓမ္မတဏှာ'သည် အဗျာကတလော။
7,781
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဓမ္မတဏှာသည် ဝိပါက်အဗျာကတလော၊ ကိရိယာအဗျာကတလော၊ ရုပ်လော၊ နိဗ္ဗာန်လော၊ စက္ခာယတနလော။
7,782
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဓမ္မတဏှာသည် အဗျာကတလော။
7,783
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ရူပတဏှာသည် အဗျာကတလော။
7,784
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ သဒ္ဒတဏှာသည်။
7,785
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ဂန္ဓတဏှာသည်။
7,786
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ရသတဏှာသည်။
7,787
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ဖောဋ္ဌဗ္ဗတဏှာသည် အဗျာကတလော။
7,788
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ရူပတဏှာသည် အကုသိုလ်လော။
7,789
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဓမ္မတဏှာသည် အကုသိုလ်လော။
7,790
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သဒ္ဒတဏှာသည်။
7,791
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ဖောဋ္ဌဗ္ဗတဏှာသည် အကုသိုလ်လော။
7,792
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆၇၇။ သကဝါဒီ။
7,793
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ဓမ္မတဏှာသည် အဗျာကတလော။
7,794
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
တပ်မက်မှု ‘တဏှာ'ကို အကုသိုလ်ဟူ၍ မြတ်စွာဘုရား ဟောအပ်သည် မဟုတ်ပါလော။
7,795
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ တပ်မက်မှု ‘တဏှာ'ကို အကုသိုလ်ဟူ၍ မြတ်စွာဘုရား ဟောအပ်ခဲ့ပါမူ “ဓမ္မတဏှာသည် အဗျာကတတည်း”ဟူ၍ မဆိုသင့်။
7,796
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
လိုချင်မှု ‘လောဘ'ကို အကုသိုလ်ဟူ၍ မြတ်စွာဘုရား ဟောအပ်သည်ဖြစ်၍ ဓမ္မ တဏှာသည် လိုချင်မှု ‘လောဘ’ မဟုတ်ပါလော။
7,797
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ လိုချင်မှု ‘လောဘ’ ကို အကုသိုလ်ဟူ၍ မြတ်စွာဘုရား ဟောအပ်သည် ဖြစ်၍ ဓမ္မတဏှာသည် လိုချင်မှု ‘လောဘ’ ဖြစ်ခဲ့ပါမူ “ဓမ္မတဏှာသည် အဗျာကတတရား”ဟူ၍ မဆိုသင့်။
7,798
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆၇၈။ သကဝါဒီ။
7,799
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ဓမ္မတဏှာသည် လိုချင်မှု ‘လောဘ’ ဖြစ်ပါလျက် အဗျာကတရားလော။
7,800
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ရူပတဏှာသည် လိုချင်မှု ‘လောဘ’ ဖြစ်ပါလျက် အဗျာကတတရားလော။