id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
7,901 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၃၇) ၂-သဠာယတနုပ္ပတ္တိကထာ၁ |
7,902 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၉၁။ သကဝါဒီ။ |
7,903 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အာယတနခြောက်ပါးသည် မရှေးမနှောင်း (တစ်ပြိုင်နက်) အမိဝမ်း၌ တည်ပါသလော။ |
7,904 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အလုံးစုံ အင်္ဂါကြီးငယ်ရှိသည် ဖြစ်၍ မယုတ်လျော့သော ဣန္ဒြေရှိသူသည် အမိဝမ်း၌ သက်ရောက်ပါသလော။ |
7,905 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပဋိသန္ဓေကို ရှာဖွေသောစိတ်နှင့် (အတူ) စက္ခာယတနသည် တည်ပါသလော။ |
7,906 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပဋိသန္ဓေကို ရှာဖွေသောစိတ်နှင့် (အတူ) လက်တို့သည် တည်ပါကုန်သလော၊ ခြေတို့သည် တည်ပါကုန်သလော၊ ဦးခေါင်းသည် တည်ပါသလော၊ နားရွက်သည် တည်ပါသလော၊ နှာခေါင်းသည် တည်ပါသလော၊ ခံတွင်း (ပါးစပ်) သည် တည်ပါသလော၊ သွားတို့သည် တည်ပါကုန်သလော။ |
7,907 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပဋိသန္ဓေကို ရှာဖွေသောစိတ်နှင့် (အတူ) သောတာယတနသည်။ |
7,908 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဇိဝှါယတနသည် တည်ပါသလော။ |
7,909 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၉၂။ ပရဝါဒီ။ |
7,910 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အမိဝမ်း၌ ကိန်းသော သတ္တဝါအား စက္ခာယတနသည် နောက်မှ ဖြစ်ပါသလော။ |
7,911 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အမိဝမ်း၌ မျက်စိကို ရဖို့ရန် ကံကို ပြုလုပ်ပါသလော။ |
7,912 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အမိဝမ်း၌ ကိန်းသော သတ္တဝါအား သောတာယတနသည်။ |
7,913 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဇိဝှါယတနသည် နောက်မှ ဖြစ်ပါသလော။ |
7,914 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အမိဝမ်း၌ လျှာကို ရဖို့ရန် ကံကို ပြုလုပ်ပါသလော။ |
7,915 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အမိဝမ်း၌ ကိန်းသော သတ္တဝါအား ဆံပင်တို့သည် အမွေးတို့သည် ခြေသည်း လက်သည်းတို့သည် သွားတို့သည် အရိုးတို့သည် နောက်မှ ဖြစ်ပါကုန်သလော။ |
7,916 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အမိဝမ်း၌ အရိုးကို ရဖို့ရန် ကံကို ပြုလုပ်ပါသလော။ |
7,917 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “အမိဝမ်း၌ ကိန်းသော သတ္တဝါအား ဆံပင်တို့သည် အမွေးတို့သည် ခြေသည်း လက်သည်းတို့သည် သွားတို့သည် အရိုးတို့သည် နောက်မှ ဖြစ်ကုန်၏”ဟူ၍ မဆိုသင့်ပါသလော။ |
7,918 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ကလလရေကြည် ရှေးဦးစွာ ဖြစ်၏၊ ကလလရေကြည်မှ နောက်၌ အမြှုပ်သည် ဖြစ်၏၊ အမြှုပ်မှ နောက်၌ သားတစ်သည် ဖြစ်၏၊ သားတစ်မှ နောက်၌ အတုံးအခဲသည် ဖြစ်၏။ |
7,919 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အတုံးအခဲဖြစ်သည်မှ နောက်၌ ခက်မငါးဖြာတို့သည်လည်းကောင်း၊ ဆံပင် အမွေး ခြေသည်း လက်သည်းတို့သည်လည်းကောင်း ဖြစ်ကုန်၏။ |
7,920 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုသတ္တဝါ၏ အမိသည် အကြင်ထမင်းကိုလည်းကောင်း၊ အဖျော်ရေကို လည်းကောင်း၊ စားစရာ ဘောဇဉ်ကို လည်းကောင်း စား၏။ |
7,921 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုအမိဝမ်း၌ အမိဝမ်း သို့ ရောက်သော ထိုသတ္တဝါသည် ထိုအမိ စားသောက်သော အစာဖြင့် မျှတ၏”ဟူသော မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည် မဟုတ်ပါလော။ |
7,922 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် အမိဝမ်း၌ ကိန်းသောသတ္တဝါအား ဆံပင် အမွေး ခြေသည်း လက်သည်း သွားအရိုးတို့သည် နောက်မှ ဖြစ်ကုန်၏။ |
7,923 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သဠာယတနုပ္ပတ္တိကထာ ပြီး၏။ |
7,924 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ ဥပပါတ်ပဋိသန္ဓေနေသူတို့အား ပဋိသန္ဓေစိတ်နှင့် အတူတကွ အာယတနခြောက်ပါး ဖြစ်သည်၊ ဂဗ္ဘသေယျက ပုဂ္ဂိုလ်တို့အား အဇ္ဈတ္တိကာယတနတို့တွင် မနာယတန, ကာယာယတနနှစ်ပါး စသည်တို့သည်သာ ပဋိသန္ဓေစိတ်နှင့် အတူတကွ ဖြစ်ကြသည်၊ စက္ခု, သောတ, ဃာန, ဇိဝှါယတန ဤလေးပါးတို့ကား တစ်ဆယ့်တစ်သတ္တာဟ (ခုနှစ်ဆယ့်ခုနှစ်ရက်မြောက်) ၌ ဖြစ်ပေါ်ကြကုန်၏၊ ထိုစက္ခုစသော အ... |
7,925 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဤကား သကသမယ၌ အယူဝါဒတည်း။ |
7,926 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပရသမယ၌ကား တစ်ခုသော ကံကြောင့် ဖြစ်သည်၏ အဖြစ်ကြောင့် အခက်အလက်နှင့် ပြည့်စုံသော သစ်ပင် စသည်တို့၏ အညွန့်ကဲ့သို့ မျိုးစေ့မျှဖြစ်သော သဠာယတနသည် အမိဝမ်းတိုက်ဝယ် ပဋိသန္ဓေခဏ၌ပင် ဖြစ်၏ဟု အယူ ရှိကြကုန်သော ပုဗ္ဗသေလိယဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤသဠာယတနကထာကို ဟောတော်မူသည်။ |
7,927 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ သဠာယတနရှိခဲ့ပါမူ ဤသို့သဘောရှိသည် ဖြစ်ရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
7,928 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၃၈) ၃-အနန္တရပစ္စယကထာ၁ |
7,929 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၉၃။ သကဝါဒီ။ |
7,930 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ စက္ခုဝိညာဏ်၏ အခြားမဲ့၌ သောတဝိညာဏ်သည် ဖြစ်ပါသလော။ |
7,931 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စက္ခုဝိညာဏ်ဖြစ်ပေါ်ခြင်းငှါ အကြင်ဆင်ခြင်ခြင်း။ |
7,932 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ တောင့်တခြင်းသည် (ရှိ၏)၊ ထိုဆင်ခြင်ခြင်းသည်။ |
7,933 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ တောင့်တခြင်းသည်ပင် (သောတဝိညာဏ်) ဖြစ်ပေါ်ခြင်းငှါလည်း ဖြစ်ပါသလော။ |
7,934 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စက္ခုဝိညာဏ်၏ အခြားမဲ့၌ သောတဝိညာဏ်သည် ဖြစ်၍ “စက္ခုဝိညာဏ် ဖြစ်ပေါ်ခြင်းငှါ အကြင်ဆင်ခြင်ခြင်း။ |
7,935 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ တောင့်တခြင်းသည် (ရှိ၏)၊ ထိုဆင်ခြင်ခြင်း။ |
7,936 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ တောင့်တခြင်းသည်ပင် သောတဝိညာဏ် ဖြစ်ပေါ်ခြင်းငှါလည်း ဖြစ်၏”ဟူ၍ မဆိုသင့်ပါသလော။ |
7,937 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သောတဝိညာဏ်သည် မဆင်ခြင်သူအား ဖြစ်ပါသလော။ |
7,938 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သောတဝိညာဏ်သည် ဆင်ခြင်သူအား ဖြစ်သည် မဟုတ်ပါသလော။ |
7,939 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ တောင့်တ သူအား ဖြစ်သည် မဟုတ်ပါလော။ |
7,940 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ သောတဝိညာဏ်သည် ဆင်ခြင်သူအား ဖြစ်ခဲ့ပါမူ။ |
7,941 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ တောင့်တသူအား ဖြစ်ခဲ့ပါမူ “စက္ခုဝိညာဏ်၏ အခြားမဲ့၌ သောတဝိညာဏ် ဖြစ်၏”ဟူ၍ မဆိုသင့်။ |
7,942 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၉၄။ သကဝါဒီ။ |
7,943 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စက္ခုဝိညာဏ်သည် အဆင်းနိမိတ်ကို နှလုံးသွင်းသူအား ဖြစ်ပါသလော။ |
7,944 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သောတဝိညာဏ်သည် အဆင်းနိမိတ်ကို နှလုံးသွင်းသူအား ဖြစ်ပါသလော။ |
7,945 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စက္ခုဝိညာဏ်သည် ရူပါရုံသာ ရှိ၍ အခြားအာရုံကား မရှိပါသလော။ |
7,946 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သောတဝိညာဏ်သည် ရူပါရုံသာ ရှိ၍ အခြားအာရုံကား မရှိပါသလော။ |
7,947 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်ပါသလော။ |
7,948 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ သောတဝိညာဏ်သည် ဖြစ်ပါလော။ |
7,949 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ သောတဝိညာဏ်သည် ဖြစ်ပါသလော။ |
7,950 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ သောတဝိညာဏ်သည် ဖြစ်၏”ဟူသော သုတ္တန် (ပါဠိ) ရှိပါသလော။ |
7,951 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏”ဟူသော သုတ္တန် (ပါဠိ) ရှိပါသလော။ |
7,952 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ “မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ စက္ခု ဝိညာဏ်သည် ဖြစ်၏”ဟူသော သုတ္တန် (ပါဠိ) ရှိခဲ့ပါမူ “မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ သောတဝိညာဏ်သည် ဖြစ်၏”ဟူ၍ မဆိုသင့်။ |
7,953 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုစက္ခုဝိညာဏ်၏ အခြားမဲ့၌ သောတဝိညာဏ်သည် ဖြစ်ပါသလော။ |
7,954 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စက္ခုဝိညာဏ်သည်ပင် ထိုသောတဝိညာဏ်လော။ |
7,955 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၉၅။ သကဝါဒီ။ |
7,956 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ သောတဝိညာဏ်၏ အခြားမဲ့၌ ဃာနဝိညာဏ်သည် ဖြစ်ပါသလော။ |
7,957 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဃာန ဝိညာဏ်၏ အခြားမဲ့၌ ဇိဝှါဝိညာဏ်သည် ဖြစ်ပါသလော။ |
7,958 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဇိဝှါဝိညာဏ်၏ အခြားမဲ့၌ ကာယဝိညာဏ်သည် ဖြစ်ပါသလော။ |
7,959 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဇိဝှါဝိညာဏ် ဖြစ်ပေါ်ခြင်းငှါ အကြင်ဆင်ခြင်မှု။ |
7,960 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ တောင့်တမှုသည် ရှိ၏၊ ထိုဆင်ခြင်ခြင်း။ |
7,961 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ တောင့်တခြင်းသည်ပင် ကာယဝိညာဏ် ဖြစ်ပေါ်ခြင်းငှါလည်း ဖြစ်ပါသလော။ |
7,962 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဇိဝှါညာဏ်၏ အခြားမဲ့၌ ကာယဝိညာဏ်သည် ဖြစ်၍ ဇိဝှါညာဏ် ဖြစ်ပေါ်ခြင်းငှါ အကြင်ဆင်ခြင်ခြင်း။ |
7,963 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ တောင့်တခြင်းသည်ပင် ကာယ ဝိညာဏ် ဖြစ်ပေါ်ခြင်းငှါလည်း ဖြစ်ပါသလော။ |
7,964 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဇိဝှါဝိညာဏ်၏ အခြားမဲ့၌ ကာယဝိညာဏ်သည် ဖြစ်၍ “ဇိဝှါဝိညာဏ် ဖြစ်ပေါ်ခြင်းငှါ အကြင်ဆင်ခြင်ခြင်း။ |
7,965 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ တောင့်တခြင်းသည် ကာယ ဝိညာဏ် ဖြစ်ပေါ်ခြင်းငှါလည်း ဖြစ်၏”ဟူ၍ မဆိုသင့်ပါသလော။ |
7,966 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကာယဝိညာဏ်သည် မဆင်ခြင်သူအား ဖြစ်ပါသလော။ |
7,967 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကာယဝိညာဏ်သည် ဆင်ခြင်သူအား ဖြစ်သည် မဟုတ်ပါလော။ |
7,968 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ တောင့်တသူအား ဖြစ်သည်မဟုတ်ပါလော။ |
7,969 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ကာယဝိညာဏ်သည် ဆင်ခြင်သူအား ဖြစ်ခဲ့မူ။ |
7,970 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ တောင့်တသူအား ဖြစ်ခဲ့မူ။ |
7,971 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ “ဇိဝှါဝိညာဏ်၏ အခြားမဲ့၌ ကာယဝိညာဏ်သည် ဖြစ်၏”ဟူ၍ မဆိုသင့်။ |
7,972 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၉၆။ သကဝါဒီ။ |
7,973 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဇိဝှါဝိညာဏ်၏ အခြားမဲ့၌ ကာယဝိညာဏ်သည် ဖြစ်ပါသလော။ |
7,974 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဇိဝှါဝိညာဏ်သည် ရသာရုံနိမိတ်ကို နှလုံးသွင်းသူအား ဖြစ်ပါသလော။ |
7,975 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကာယဝိညာဏ်သည် ရသာရုံနိမိတ်ကို နှလုံးသွင်းသူအား ဖြစ်ပါသလော။ |
7,976 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဇိဝှါဝိညာဏ်သည် ရသာရုံသာ ရှိသည်ဖြစ်၍ အခြားအာရုံ မရှိပါသလော။ |
7,977 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကာယဝိညာဏ်သည် ရသာရုံသာ ရှိသည်ဖြစ်၍ အခြားအာရုံ မရှိပါသလော။ |
7,978 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | လျှာကိုလည်းကောင်း၊ ရသာရုံတို့ကိုလည်းကောင်း စွဲ၍ ဇိဝှါဝိညာဏ်သည် ဖြစ်ပါသလော။ |
7,979 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း စွဲ၍ ကာယဝိညာဏ်သည် ဖြစ်ပါသလော။ |
7,980 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း စွဲ၍ ကာယဝိညာဏ်သည် ဖြစ်၏”ဟူသော သုတ္တန် (ပါဠိ) ရှိပါသလော။ |
7,981 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “လျှာကိုလည်းကောင်း၊ အရသာတို့ကို လည်းကောင်း စွဲ၍ ဇိဝှါဝိညာဏ်သည် ဖြစ်၏”ဟူသော သုတ္တန် (ပါဠိ) ရှိပါသလော။ |
7,982 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ “လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း စွဲ၍ ဇိဝှါ ဝိညာဏ်သည် ဖြစ်၏”ဟူသော သုတ္တန် (ပါဠိ) ရှိခဲ့မူ “လျှာကိုလည်းကောင်း၊ အရသာကိုလည်းကောင်း စွဲ၍ ကာယဝိညာဏ်သည် ဖြစ်၏”ဟု မဆိုသင့်။ |
7,983 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုဇိဝှါဝိညာဏ်၏ အခြားမဲ့၌ ထိုကာယဝိညာဏ်သည် ဖြစ်ပါသလော။ |
7,984 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဇိဝှါဝိညာဏ်သည်ပင် ကာယဝိညာဏ် ဖြစ်ပါသလော။ |
7,985 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၉၇။ ပရဝါဒီ။ |
7,986 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “ဝိညာဏ်ငါးပါးတို့သည် အချင်းချင်း၏ အခြားမဲ့၌ ဖြစ်ကုန်၏”ဟူ၍ မဆိုသင့် ပါသလော။ |
7,987 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အချို့သော (အကြင်) ပုဂ္ဂိုလ်သည် က၏၊ သီချင်းဆို၏၊ တီးမှုတ်၏၊ အဆင်းကိုလည်း ကြည့်ရှု၏၊ အသံကိုလည်း နားထောင်၏၊ အနံ့ကိုလည်း နမ်းရှူ၏၊ အရသာကိုလည်း လျက်၏၊ အတွေ့ အထိကိုလည်း တွေ့ထိ၏၊ ထိုပုဂ္ဂိုလ်သည် ရှိသည် မဟုတ်ပါလော။ |
7,988 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အချို့သော (အကြင်) ပုဂ္ဂိုလ်သည် က၏၊ သီချင်းဆို၏၊ တီးမှုတ်၏၊ အဆင်းကိုလည်း ကြည့်ရှု၏၊ အသံကိုလည်း နားထောင်၏၊ အနံ့ကိုလည်း နမ်းရှူ၏၊ အရသာကိုလည်း လျက်၏၊ အတွေ့ အထိကိုလည်း တွေ့ထိ၏၊ ထိုပုဂ္ဂိုလ်သည် ရှိခဲ့မူ ထိုအကြောင်းကြောင့် “(ဝိညာဏ်) ငါးပါးတို့သည် အချင်း ချင်း၏ အခြားမဲ့၌ ဖြစ်ကုန်၏”ဟူ၍ ဆိုသင့်၏။ |
7,989 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အနန္တရပစ္စယကထာပြီး၏။ |
7,990 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ ကခြင်း သီဆိုခြင်း စသည်တို့၌ အဆင်းကို မြင်ခြင်း အသံကို ကြားခြင်းစသည်၏ လျင်သောအပြန်ရှိသည်၏ အဖြစ်ကို မြင်၍ ဤဝိညာဏ်တို့သည် အချင်းချင်း တစ်ပါးသည် တစ်ပါး၏ အခြားမဲ့၌ ဖြစ်ကုန်၏ဟု အယူရှိကြကုန်သော ဥတ္တရာပထဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ဤအနန္တရပစ္စယကထာကို ဟောတော်မူသည်။ |
7,991 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ သောတဝိညာဏ်သည် ရူပါရုံ၏ အခြားမဲ့၌ ဖြစ်ပါမူ ဝိပါက်မနောဓာတ်ကဲ့သို့ ရူပါရုံလျှင် အာရုံရှိသည် ဖြစ်ရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
7,992 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ သုတ်ပါဠိ၏ မရှိသောကြောင့် ပဋိက္ခေပပြုပြီးမှ အခြားမဲ့၌ ဖြစ်ခြင်းကို မှတ်သား၍ မိမိအယူ၏ အစွမ်းအားဖြင့် ဝန်ခံပြန်သည်။ |
7,993 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၄။ သုတ်ပါဠိ၏ မရှိသောကြောင့် ပဋိက္ခေပပြုပြီးမှ အခြားမဲ့၌ ဖြစ်ခြင်းကို မှတ်သား၍ မိမိအယူ၏ အစွမ်းအားဖြင့် ဝန်ခံပြန်သည်။ |
7,994 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅။ ပရဝါဒီဆရာ၏ ဤစကားသည် အာရုံတို့၏ ပေါင်းဆုံရာ၌ လျင်သော အပြန်ရှိသည်၏ အဖြစ်ကြောင့် တစ်စုံတစ်ခုသော ဝီထိ၏ အကြား၌ ရောပြွမ်းသည်၏ အဖြစ်ကို ပြသည်၊ အနန္တရပစ္စည်းအဖြစ်ကို ပြသည် မဟုတ်၊ ထို့ကြောင့် သာဓက မထိုက်။ |
7,995 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၃၉) ၄-အရိယရူပကထာ၁ |
7,996 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၉၈။ သကဝါဒီ။ |
7,997 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အရိယာတို့၏ ရုပ်သည် မဟာဘုတ်တို့ကို စွဲ၍ ဖြစ်ပါသလော။ |
7,998 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရိယာတို့၏ ရုပ်သည် ကုသိုလ်လော။ |
7,999 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မဟာဘုတ်တို့သည် ကုသိုလ်တို့လော။ |
8,000 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မဟာဘုတ်တို့သည် အဗျာကတတို့လော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.