id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
801
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၁
သင်တို့သည်လည်း ဤလိပ်နှင့်အတူပြုကုန်သည် မဖြစ်ကုန်လင့်၊ ဤနေ့မှစ၍ ငါ၏ရူပါရုံ ငါ၏သဒ္ဒါရုံ ငါ၏ဂန္ဓာရုံ ငါ၏ရသာရုံ ငါ၏ဖောဋ္ဌဗ္ဗာရုံ ငါ၏သား ငါ၏သ္မီး ငါ၏ကျွန်ယောက်ျား ငါ၏ကျွန်မိန်းမ အပိုင်းအခြားဖြင့်၎င်း ငါ၏ရွှေငွေဥစ္စာဟု တဏှာ၏အစွမ်းအားဖြင့်၎င်း၊ အသုံးအဆောင်၏ အစွမ်းအားဖြင့်၎င်း မယူကုန်လင့်၊ သတ္တဝါသည် တယောက်အထီးထီးသာလျှင် ဘဝသုံးပါးတို့၌ တပြောင်းပြန်ပြန် ဖြစ်၏ဟု ဆို၏။
802
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၁
ဤသို့လျှင် ဘုရားကဲ့သို့သော တင့်တယ်ခြင်းဖြင့် လူများအား အဆုံးအမကိုပေး၏။
803
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၁
ထိုအဆုံးအမသည် ဇမ္ဗူဒိပ်ကျွန်းအလုံးကိုပြန့်၍ ခြောက်သောင်းအတိုင်းအရှည်ရှိကုန်သော နှစ်တို့ပတ်လုံးတည်၏။
804
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၁
လူများသည် ဘုရားလောင်း၏ အဆုံးအမ၌တည်၍ ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ အသက်၏အဆုံး၌ နတ်ပြည်ကို ပြည့်စေ၏။
805
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၁
ဘုရားလောင်းသည်လည်း ထို့အတူသာလျှင် ကောင်းမှုတို့ကိုပြု၍ နတ်ပြည်ကို ပြည့်စေ၏။
806
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၁
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။
807
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၁
သစ္စာကို ပြတော်မူသည်၏အဆုံး၌ ထိုအမျိုးကောင်းသားသည် သောတာပတ္တိဖိုလ်၌ တည်၏။
808
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၁
အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ဒါယကာ ယခုအခါ အာနန္ဒာသည် ထိုအခါ လိပ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည် သာလျှင် ထိုအခါ အိုးထိန်းသည် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။
809
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၁
သေဘေးကြုံလာ၊ နေရင်းရွာ၊ စွန့်ခွါ ချမ်းသာရ
810
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၁
ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကစ္ဆပဇာတ်သည် ပြီး၏။
811
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ဒုကနိပါတ်-ဗီရဏထမ္ဘဝဂ်
812
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
၅။ ကစ္ဆပဇာတ်
813
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ဟင်္သာ နှင့် လိပ်
814
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အဝဓီ ဝတ အတ္တာနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကစ္ဆပဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောကာလိကကို အကြောင်းပြု၍ ဟောတော်မူ၏။
815
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ပစ္စုပ္ပန်ဝတ္ထုသည်ကား မဟာတက္ကာရိဇာတ်၌ ထင်ရှားဖြစ်လတ္တံ့၊ အထူးကား ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ ကောလိကကို ယခုအခါ၌သာလျှင် မိမိစကားသည် သတ်သည် မဟုတ်သေး၊ ရှေး၌လည်း မိမိစကားသည် သတ်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
816
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် အမတ်မျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ထိုဗြဟ္မဒတ်မင်း၏ အကျိုး အကြောင်းကို ဆုံးမတတ်သော အမတ်သည် ဖြစ်၏။
817
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ထိုဗြဟ္မဒတ်မင်းသည်ကား စကားများသည် ဖြစ်၏။
818
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ထိုဗြဟ္မဒတ်မင်းသည် ပြောဆိုသည်ရှိသော် တပါးကုန်သောသူတို့အား စကား၏ အခွင့်မည်သည် မရှိ၊ ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ စကားများသည် အဖြစ်ကို မြစ်လိုသည်ဖြစ်၍ တခုသောအကြောင်းကိုစုံစမ်းလျက် သွား၏။
819
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ထိုကာလ၌လည်း ဟိမဝန္တအရပ်ဝယ် တခုသောအိုင်၌ လိပ်သည် နေ၏။
820
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ဟင်္သာငယ်နှစ်ခုတို့သည် အစာရှာအံ့သောငှါ သွားကုန်သည်ရှိသော် ထိုလိပ်နှင့်တကွ အကျွမ်းဝင်ခြင်းကို ပြုကုန်၏။
821
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ထိုဟင်္သာ, လိပ်တို့သည် မြဲစွာ အကျွမ်းဝင်ကုန်သည်ဖြစ်၍ တနေ့သ၌ လိပ်ကို အဆွေလိပ် ငါတို့၏ဟိမဝန္တာ၌ စိတ္တကုဋ်တောင်အပြင်ဝယ် ရွှေဂူ၌ နေရာအရပ်သည် ရှိ၏။
822
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ထိုအရပ်သည် မွေ့လျော်ဘွယ်ရှိ၍ ငါတို့နှင့်တကွ လိုက်ခဲ့လောဟု ဆိုကုန်၏။
823
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ငါသည် အဘယ်သို့ပြု၍ သွားနိုင်အံ့နည်းဟု လိပ်သည် ဆိုသည်ရှိသော် အဆွေ သင်သည် နှုတ်ကိုစောင့်အံ့သောငှါ အကယ်၍ စွမ်းနိုင်သည်ဖြစ်အံ့၊ တစုံတယောက်သော သူအား တစုံတခုသောစကားကို အကယ်၍ မဆိုလတ္တံ့၊ ငါတို့သည် သင့်ကိုယူ၍ သွားကုန်အံ့ဟု ဆိုကုန်၏။
824
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
အရှင်တို့ စောင့်ပါအံ့၊ အရှင်တို့သည် ငါ့ကိုယူ၍ သွားကြကုန်လောဟု လိပ်ဆိုသည်ရှိသော် ထိုဟင်္သာတို့သည် ကောင်းပြီဟု ဆိုကုန်၍ တခုသောတုတ်တံကို လိပ်ကိုကိုက်စေ၍ မိမိတို့သည် ထိုတုတ်တံ၏ အစွန်းနှစ်ဘက်တို့ကို ကိုက်၍ ကောင်းကင်သို့ ပျံကုန်၏။
825
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ထိုလိပ်ကို ထိုသို့သော အခြင်းအရာအားဖြင့် ဟင်္သာတို့သည် ဆောင်လတ်သည်တို့ကို ရွာသူသားငယ်တို့သည် မြင်ကုန်၍ ဟင်္သာနှစ်ခုတို့သည် လိပ်ကိုထုတ်တံဖြင့် ဆောင်ကုန်၏ဟု ဆိုကုန်၏။
826
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
လိပ်သည် ငါ့ကို အဆွေခင်ပွန်းတို့သည် ဆောင်ကုန်၏။
827
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
သူငယ်ပျက်တို့ ဤသို့ ဟင်္သာတို့သည် ကိုဆောင်ရာ၌ သင်တို့အား အဘယ်ပြုသနည်း ဆိုလိုသည်ဖြစ်၍ ဟင်္သာတို့၏ လျင်မြန်သောအဟုန် ရှိသည်၏ အဖြစ်ကြောင့် ဗာရာဏသီမြို့၌ မင်းအိမ်၏ အထက်အဘို့သို့ ရောက်သောကာလ၌ ကိုက်ရာအရပ်မှ တုတ်တံကိုလွှတ်သော် ကောင်းကင်ပြင်မှကျ၍ နှစ်စိတ်ကွဲလေ၏။
828
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
လိပ်သည် ကောင်းကင်မှကျ၍ နှစ်စိတ်ကွဲလေ၏ဟု တပြိုင်နက် အုတ်အုတ်ကျက်ကျက် ဖြစ်၏။
829
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
မင်းသည် ဘုရားလောင်းကို ခေါ်၍ အမတ်အပေါင်းခြံရံလျက် ထိုအရပ်သို့သွား၍ လိပ်ကိုမြင်၍ ဘုရားလောင်းကို ပညာရှိ ဤလိပ်သည် အသို့ပြု၍ ကျသနည်းဟု မေး၏။
830
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ဘုရားလောင်းသည် ငါသည် မင်းကို ဆုံးမလိုသည်ဖြစ်၍ အကြောင်းကို စုံစမ်းလျက် ကြာမြင့်စွာသော ကာလပတ်လုံးလျှင် သွား၏။
831
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ဤလိပ်သည် ဟင်္သာတို့နှင့်တကွ အကျွမ်းတဝင်ရှိခြင်းကို ပြုအပ်သည်ဖြစ်လတ္တံ့၊ ထိုဟင်္သာတို့သည် ဤလိပ်ကို ဟိမဝန္တာသို့ဆောင်ကုန်အံ့ဟု တုတ်တံကို ကိုက်စေ၍ ကောင်းကင်သို့ ပျံသည် ဖြစ်ရာ၏။
832
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ထိုသို့ပျံကုန်သည်ရှိသော် ဤလိပ်သည် တစုံတယောက်သောသူ၏ စကားကိုကြားလေ၍ နှုတ်မစောင့် သည်၏အဖြစ်ဖြင့် တစုံတခုသော စကားကို ဆိုလိုခြင်းကြောင့် တုတ်တံကိုလွှတ်သည် ဖြစ်လတ္တံ့၊ ဤသို့ လွှတ်သည်ရှိသော် ကောင်းကင်မှကျ၍ အသက်ကုန်ခြင်းသို့ ရောက်သည်သာလျှင် ဖြစ်ရာ၏။
833
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ဤသို့ကြံ၍ မင်းမြတ် အလွန်နှုတ်ကြမ်းကုန်သော အဆုံးမရှိပြောဆိုတတ်သော သူတို့မည်သည်ကား ဤသို့သဘောရှိသော ဆင်းရဲခြင်းသို့ ရောက်ကုန်သလျှင်ကတည်းဟု ဆို၍-
834
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
၁၂၉။ အဝဓီ ဝတ အတ္တာနံ၊ ကစ္ဆပေါ ဗျာဟရံ ဂိရံ။
835
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
သုဂဟိတသ္မိံ ကဋ္ဌသ္မိံ၊ ဝါစာယ သကိယာဝဓိ။
836
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ဧတမ္ပိ ဒိသွာ နရဝီရိယသေဋ္ဌ၊ဝါစံ ပမုဉ္စေ ကုသလံ နာတိဝေလံ။
837
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ပဿသိ ဗဟုဘာဏေန၊ ကစ္ဆပံ ဗျသနံ ဂတံ။
838
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
၁၂၉။ မဟာရာဇ၊ မင်းမြတ်။
839
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ကစ္ဆပေါ၊ လိပ်သည်။
840
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
သုဂဟိတသ္မိံ၊ ကောင်းစွာကိုက်၍ ချီအပ်သော။
841
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ကဋ္ဌသ္မိံ၊ တုတ်တံ၌။
842
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ဗျာဟရံ-ဗျာဟရန္တော၊ စကားဆိုခြင်းကြောင့်။
843
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
အတ္တာနံ၊ မိမိကိုယ်ကို။
844
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
အဝဓိ ဝတ၊ သတ်လေ၏တကား။
845
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
သကိယာ၊ မိမိဥစ္စာဖြစ်သော။
846
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ဝါစာယ၊ စကားဖြင့်။
847
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
အဝဓိ၊ မိမိကိုယ်ကိုမိမိ သတ်၏။
848
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
၁၃၀။ နရဝီရိယသေဋ္ဌ၊ လူတို့တွင် မြတ်သောဝီရိယ ရှိတော်မူသော အရှင်မင်းမြတ်။
849
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ပဏ္ဍိတော၊ ပညာရှိသော သူသည်။
850
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ဧတမ္ပိ၊ ထိုအကြောင်းကိုလည်း။
851
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ဒိသွာ၊ မြင်၍။
852
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ကုသလံ ဝါစံ၊ အပြစ်မရှိသော စကားကိုသာလျှင်။
853
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ပဉ္စေ၊ ပြောဆိုရာ၏။
854
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
တဉ္စ၊ ထိုအပြစ်မရှိသော စကားကိုလည်း။
855
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
အတိဝေလံ၊ အခါလေးမြင့်။
856
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
န ပမုဉ္စေ၊ မပြောဆိုရာ။
857
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ဗဟုဘာဏေန၊ စကားများစွာ ဆိုခြင်းကြောင့်။
858
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ဗျသနံ၊ ပျက်စီးခြင်းသို့။
859
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ဂတံ၊ ရောက်သော။
860
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ကစ္ဆပံ၊ လိပ်ကို။
861
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ပသသိ၊ မြင်၏လော။
862
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
မင်းသည် ငါ့ကိုရည်၍ ဆို၏ဟု သိ၍ ပညာရှိ သင်သည် ငါတို့ကို ရည်၍ ဆို၏ဟု ဆို၏။
863
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ဘုရားလောင်းသည် မင်းပြက် ရှင်မင်းမြတ်သည်မူလည်းဖြစ်စေ တပါးသော သူသည်မူလည်း ဖြစ်စေ အမှတ်မရှိသော သူသည် ပမာဏကိုလွန်သောစကားကို ဆိုသည်ရှိသော် ဤသို့သဘောရှိသော ပျက်စီးခြင်းသို့ ရောက်၏ဟု ထင်ရှားစွာပြု၍ ဆို၏။
864
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
မင်းသည် ထိုအခါမှစ၍ များစွာဆိုခြင်းမှကြဉ်ရှောင်၍ စကားနည်းသည် ဖြစ်၏။
865
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ကောကာလိကသည် ထိုအခါ လိပ် ဖြစ်ဘူးပြီ၊ ယခုအခါ နှစ်ပါးကုန်သော သာရိပုတ္တရာ, မောဂ္ဂလာန် ဖြစ်ကုန်သော မဟာထေရ်တို့သည် ထိုအခါ နှစ်ခုကုန်သော ဟင်္သာငယ်တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည် သာလျှင် ထိုအခါ ပညာရှိအမတ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။
866
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
စောင့်အပ်စကား၊ ပြောဆိုငြား၊ စကားကိုယ့်ကိုသက်
867
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၂
ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ကစ္ဆပဇာတ်သည် ပြီး၏။
868
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
တိကနိပါတ်-ဥဒပါနဝဂ်
869
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
၃။ ကစ္ဆပဇာတ်
870
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
လိပ်ခဲတန်းလန်း
871
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကော နု ဥဒ္ဓိတဘတ္တောဝ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကစ္ဆပဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် ကောသလမင်းကြီး၏ အမတ်ကြီး နှစ်ယောက်ကို ခိုက်ရန်ငြိမ်းခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။
872
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
ပစ္စုပ္ပန်ဝတ္ထုကို ဒုကနိပါတ်၌ ဆိုအပ်ပြီးသလျှင်ကတည်း။
873
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်သို့ သွား၍ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ ကာမတို့ကိုပယ်၍ ရသေ့ရဟန်းပြု၍ ဟိမဝန္တာအရပ်ဝယ် ဂင်္ဂါနား၌ ကျောင်းဆောက်၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဈာန်ကစားခြင်းကို ကစားလျှက်နေ၏။
874
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
ဤဇာတ် ၌ကား ဘုရားလောင်းသည် အလွန်လျစ်လျူရှုသတတ်၊ ဥပေက္ခာပါရမီကို ဖြည့်သတတ်၊ ထိုဘုရားလောင်းသည် ကျောင်းတံခါး၌နေစဉ် တခုသော သီလမရှိသော ပြစ်မှားတတ်သော မျောက်သည် လာလတ်၍ နားပေါက်တို့၌ အင်္ဂါဇာတ်ကို သွင်းသောအမှုကို ပြု၏။
875
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
ဘုရားလောင်းသည် မမြစ်မူ၍ လျစ်လျူရှုလျက် နေ၏။
876
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
ထိုအခါ တနေ့သ၌ တခုသော လိပ်သည် ရေမှတက်၍ ဂင်္ဂါနား၌ ခံတွင်းကိုဘွင့်၍ နေပူခံလျက် အိပ်၏။
877
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
ထိုလိပ်ကိုမြင်၍ လျှပ်ပေါ်သောမျောက်သည် လိပ်ခံတွင်း၌ အင်္ဂါဇာတ်သွင်းခြင်းကို ပြု၏။
878
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
ထိုအခါ လိပ်သည်နိုး၍ မျောက်၏အင်္ဂါဇာတ်ကို ကြုပ်၌ ထည့်ဘိသကဲ့သို့ ကိုက်၏။
879
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
ပြင်းစွာသော ဝေဒနာသည် ဖြစ်၏။
880
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
ထိုဝေဒနာကို သည်းခံအံ့သောငှါ မတတ်နိုင်ရကား အဘယ်သူသည်သာလျှင် ဤဆင်းရဲမှ ငါ့ကို လွတ်ပါစေအံ့နည်း၊ အဘယ်သူ၏ အထံသို့ သွားရအံ့နည်းဟု ကြံ၍ ရသေ့ကိုထား၍ ငါ့ကို ဤဆင်းရဲမှ လွတ်စေနိုင်သော တပါးသောသူသည် မရှိ။
881
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
ငါသည် ရသေ့အထံသို့ သွားခြင်းငှာသင့်၏ဟု လိပ်ကို လက်နှစ်ဘက်တို့ဖြင့် ချီ၍ ဘုရားလောင်း အထံသို့ သွား၏။
882
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
ဘုရားလောင်းသည် ထိုသီလမရှိသော မျောက်နှင့်တကွ ပြက်ရယ်ပြုလိုရကား-
883
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
၆၇။ ကောနု ဥဒ္ဓိတဘတ္တောဝ၊ ပူရဟတ္ထောဝ ဗြာဟ္မဏော။
884
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
ကဟံ နု ဘိက္ခံ အစရိ၊ ကံ ဘတ္တံ ဥပသင်္ကမိ။
885
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
၆၇။ ယော၊ အကြင်သူသည်။
886
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
ကတ္တိကမာသေ၊ တန်ဆောင် မုန်းလ၌။
887
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
ဝစနကံ၊ မင်္ဂလာရွတ်ရာမှဆွမ်းကို။
888
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
လဘိတွာ၊ ရ၍။
889
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
ပူရဟတ္ထော၊ ပြည့်သောလက်ရှိသော။
890
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
ဗြာဟ္မဏာ ဣဝ၊ ပုဏ္ဏားကဲ့သို့။
891
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
ဥဒ္ဓိတဘတ္တောဝ၊ သပိတ်၌ ခူးလောင်းအပ်သော ပွားများသော ဆွမ်းရှိသကဲ့သို့ဖြစ်၍လျှင်။
892
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
အာဂစ္ဆတိ၊ လာ၏။
893
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
ဧသော၊ ဤသူသည်။
894
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
ကော နု၊ အဘယ်သူနည်း။
895
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
ကဟံ နု၊ အဘယ်၌လျှင်။
896
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
ဘိက္ခ၊ ဆွမ်းကို။
897
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
အစရိ၊ ခံချေသနည်း။
898
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
သဒ္ဓံ၊ သဒ္ဓါတရားနှင့် ပြည့်စုံသော။
899
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
ကံ၊ အဘယ်အမျိုးသ္မီးသို့။
900
ဇာတ်နိပါတ်, မြန်မာဘာသာ
ကစ္ဆပဇာတ် -၃
ဥပသင်္ကမိ၊ ဆည်းကပ်ချေသနည်း။