id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
901 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | ထိုစကားကိုကြား၍ သီလမရှိသော မျောက်သည်- |
902 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | ၆၈။ အဟံ ကပိသ္မိ ဒုမ္မေဓော၊ အနာမသာနိ အာမသိံ။ |
903 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | တွံ မံ မောစယ ဘဒ္ဒံ တေ၊ မုတ္တော ဂစ္ဆေယျ ပဗ္ဗတံ။ |
904 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | ၆၈။ တေ၊ အရှင်ဘုရားအား။ |
905 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | ဘဒ္ဒံ၊ ကောင်းခြင်းသည်။ |
906 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | ဟောတု၊ ဖြစ်ပါစေသတည်း။ |
907 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | အဟံ၊ အကျွန်ုပ်သည်။ |
908 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | ဒုမ္မေဓော၊ ပညာမရှိသော။ |
909 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | ကပိ၊ မျောက်သည်။ |
910 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | အနာမသာနိ၊ မသုံးသပ်အပ်သော အရာတို့ကို။ |
911 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | အာမသိံ၊ သုံးသပ်မိ၏။ |
912 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | တွံ၊ အရှင်ဘုရားသည်။ |
913 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | မံ၊ အကျွန်ုပ်ကို။ |
914 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | ဣမမှာ ဒုက္ခာ၊ ဤဆင်းရဲမှ။ |
915 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | မောစယ၊ လွတ်ပါစေလော့။ |
916 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | မုတ္တော၊ လွတ်သည်ရှိသော်။ |
917 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | ပဗ္ဗတံ၊ တောင်သို့။ |
918 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | ဂစ္ဆေယျ၊ သွားပါအံ့။ |
919 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | ဘုရားလောင်းသည် ထိုမျောက်ကို သနားသဖြင့် လိပ်နှင့်တကွ စကား ဆိုလိုရကား - |
920 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | ၆၉။ ကစ္ဆပါ ကဿပါဟောန္တိ၊ ကောဏ္ဍညာ ဟောန္တိ မက္ကဋာ။ |
921 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | မုဉ္စ ကဿပ ကောဏ္ဍညံ၊ ကတံ မေထုနကံ တယာ။ |
922 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကိုဆို၏။ |
923 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | ၆၉။ ကစ္ဆပါ၊ လိပ်တို့သည်။ |
924 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | ကဿပ၊ ကဿပ အနွယ်ရှိသည်။ |
925 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | ဟောန္တိ၊ ဖြစ်ကုန်၏။ |
926 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | မက္ကဋာ၊ မျောက်တို့သည်။ |
927 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | ကောဏ္ဍညာ၊ ကောဏ္ဍည အနွယ်တို့သည်။ |
928 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | တသ္မာ၊ ထို့ကြောင့်။ |
929 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | ကဿပ၊ ကဿပအနွယ်ဖြစ်သောလိပ်။ |
930 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | တယာ၊ သင်နှင့်။ |
931 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | မေထုနကံ၊ မေထုန်ကို။ |
932 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | ကတံ၊ ပြုသော။ |
933 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | ကောဏ္ဍညံ၊ ကောဏ္ဍညအနွယ်ဖြစ်သော မျောက်ကို။ |
934 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | လိပ်သည် ဘုရားလောင်း၏ စကားကိုကြား၍ အကြောင်းအားဖြင့် ကြည်ညိုရကား မျောက်၏အင်္ဂါဇာတ်ကို လွှတ်၏။ |
935 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | မျောက်သည် လွတ်တည့်ခြင်းလျှင် ဘုရားလောင်းကို ရှိခိုး၍ ပြေး၏။ |
936 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | တဖန် ထိုအရပ်ကို ပြန်၍လည်း မကြည့်၊ လိပ်သည် ဘုရားလောင်းကို ရှိခိုး၍မိမိနေရာသို့လျှင် သွား၏။ |
937 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | ဘုရားလောင်းသည် ဈာန်မှ မယုတ်သည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့လား၏။ |
938 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | အဘယ်သို့ ဇာတ်ကိုပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ အမတ်နှစ်ယောက်တို့သည် ထိုအခါ မျောက် လိပ်တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။ |
939 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | ကာမသော့သွမ်း၊ ထင်တိုင်းရမ်း၊ သေပန်းရှာ၏သို့ |
940 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၃ | သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ကစ္ဆပဇာတ်သည် ပြီး၏။ |
941 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | (မျက်နှာဘက်) |
942 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ၁၊၂၊၁၄၉၊၁။ |
943 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ၁“။ ၀ ။ |
944 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ၀ ။ သကရစ် ၆၂၄ ခု ပုဿနှစ် တပေါင်လ္ဆန် ၃ရျက် သောကြာနိယ်အာ။ |
945 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ၂ စိုဝ်မင်ကြာသဝတ်မိယာ။ |
946 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | လင်ကြာသဝတ် ငာနှင်ပ္လုသော။ |
947 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | တန်တိုင်မိတာ |
948 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ၃ လိယ်မျက်နှာ။ |
949 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ကူ ၁လုံ။ စလစ်မွံခောင်က္လောင်ကြီ ၁ ခု။ |
950 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ကုလါက္လောင် ၁ခု။ |
951 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | စါသ ၄ င်တိုက် ၈တိုက်။ |
952 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | စရဖုက် ၁ခု။ |
953 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | သိမ် ၁ခု ပိတကတ် ၃ပုံ။ |
954 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | တြျာပန်လင် ၁ခု။ |
955 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ဤသိုဝ်ပ္လုဧအ်။ |
956 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ၅ ဤသိုဝ် ငာတိုဝ်ပ္လုသောက္လောင်နှိုက်။ |
957 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ပုရှာ တြျာ သင်္ဃာရတနာ ၃ပါသောကိုဝ်။ |
958 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | သာသနာ ၅ ၆ ဝဝဝမ္လောက်ဩာင် နောင်နှိုက် အရှည်တည်စိမ်သောငှာ။ |
959 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ငာလှူသော ပုရှာကြီအာ ပုစဝ်အရပ် |
960 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ၇ နှိုက်။ စုံစီမဟာပိုလ် ပိယ်သော။ |
961 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | သစ်ငုတ်မျာမည်သော သံပုတ်လယ် ၁၀၀။ |
962 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ရတနာပုံစရင် |
963 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ၈ နှိုက်။ နက္က်သမန်နှမတုရွင်တိုင်သည် ရောင်သော။ |
964 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ပုစဝ်အရပ် ပုလုရွာနောက် လယ် ၄၀။ |
965 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ဤယ် ၉ ကာပုရှာတေ။ |
966 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | [သက္ကရာဇ် ၆၂၄ ခု ဖုသျှနှစ်၊ တပေါင်းလဆန်း ၃ ရက်၊ သောကြာနေ့အား စိုးမင်းကြာသဝတ် မယား၊ လင်ကြာသဝတ် ငါနှင့်ပြုသော တံတိုင်းမီးတား လေး မျက်နှာ၊ ဂူ ၁လုံး၊ စုလစ်မွမ်ခေါင်း ကျောင်းကြီး၁ခု၊ ကုလားကျောင်း ၁ခု၊ စာသင်တိုက်၈တိုက်၊ စရဘုတ် ၁ခု၊ သိမ်၁ခု၊ ပိဋကတ်၃ပုံ၊ တရားပလ္လင်၁ခု၊ ဤသို့ ပြု၏။ |
967 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ဤသို့ ငါတို့ပြုသောကျောင်း၌ ဘုရား တရား သံဃာ ရတနာသုံးပါးသောကို သာသနာ ၅ဝဝဝ မြောက်အောင် နောင်၌ အရှည်တည်စိမ့်သောငှာ ငါလှူသော ဘုရားကြီးအား ပူဇော်အရပ်၌ စုံစီ မဟာဗိုလ်ပေးသော သစ်ငုတ်များမည်သော သင်ပုတ်လယ် ၁ဝဝ၊ ရတနာပုံ စာရင်း၌ နက္ကသမန်နှမတုရင်တိုင်သည် ရောင်းသော ပူဇော်အရပ် ပုလုရွာနောက် လယ် ၄ဝ၊ ဤကားဘုရား တည်း။ |
968 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ၁၊၂၊၁၄၉၊၂။ |
969 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ၂၀ ...“ဤမျှသော (လှူတုံ)သလဲ |
970 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ၂၁ ကိုဝ် ထေရသ္ခိင်ကာတဆ။ |
971 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | သင်္ဃာတိုဝ်ကာ ၄ဆ အလိုဝ်ရစိယ်သတေ။ |
972 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ။ အပေါင်ကြီ ပုရှာ တြျာ |
973 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ၂၂ သင်္ဃာ ရတနာ၃ပါသောအာ လှူသောလယ်ကာ ၆၅၂ပယ်ဟိဧအ်။ |
974 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ဝ။ ဤမျှသော ပုရှာ တြျာ သ |
975 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ၂၃ င်္ဃာ ရတနာ၃ပါသောကိုဝ် ပစ်စည်၄ပါ အထောက်အပင်ဖ္လစ်စိမ်သောငှာ က္လောင်အာ။ |
976 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ငုယ်။ |
977 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ၂၄ ၁၀၀၀။ ရှုယ်၁၀၀။ |
978 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ငာလှူတုံဧအ်။ |
979 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | [ဤမျှသော လှူတုံသောလယ်ကို ထေရသခင်ကား တစ်ဆ၊ သံဃာတို့ကား ၄ဆ အလိုရစေသတည်း။ |
980 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | အပေါင်းကြီးဘုရား တရား သံဃာ ရတနာ၃ပါးသော လှူသောလယ်ကား ၆၅၂ပယ်ရှိ၏။ |
981 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ဤမျှသော ဘုရား တရား သံဃာ ရတနာ ၃ပါးသောကို ပစ္စည်း ၄ပါး အထောက်အပင့်ဖြစ်စိမ့်သောငှာ ကျောင်းအား ငွေ ၁ဝဝဝ၊ ရွှေ ၁၀ဝ ငါလှူတုံ၏။ |
982 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | (ကျောဘက်) ၂“ဤငာပ္လုသ ကောင်မှုအက္လိုဝ်ဖ္လင်ကာ။ |
983 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | လုရွါန ၃တ်ရွါ သင်သရါအရှည် ကျင်လည်ရရါ လုရွါဖ္လစ်လေလုထက်အမ္လတ် မန်ထတ်မင်ဧအ် စည်စိမ်သိုဝ်သော |
984 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ၄ စည်စိမ်ကိုဝ်လျှင် လိုဝ်ခ္လျင်သတေ။ |
985 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | နတ်ရွါဖ္လစ်လေ။ |
986 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ဟူရရါသ နတ်ရွါတိုဝ်ထက် သာယာစွါဟု ပုရှာလေါင် |
987 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ၅ တကာ ဖ္လစ်ရါအမှတ် မ္လတ်သနတ်ရွါ တုသိတာလျှင် ဖ္လစ်ခ္လျင်သတေ။ |
988 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | လုရွါနတ်ရွါ စည်စီမ်ချံသာ ခံပြီ |
989 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ၆ သောခာ။ ပုရှာမ္လတ်စွါ မိတ္တရျာလက်ထက် အမိုက်အမျက်ရမ်မက်အန်သ အရဟန္တ်ာဖ္လစ်ရုယ် နှစ်ဆစ် ရမ်မက် |
990 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ၇ မပ္လန် နိဗ္ဗန်မည်သော မသိယ်ပြည်လျှင် ဝင်ရလိုဝ်သတေ။ |
991 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | ဤငါပြုသော ကောင်းမှုအကျိုးဖြင့်ကား လူ့ရွာနတ်ရွာ သံသရာအရှည် ကျင်လည်ရာရာ လူ့ရွာဖြစ်လည်း လူထက်အမြတ် မန္ဓာတ်မင်း၏ စည်းစိမ်သို့သော စည်းစိမ်ကိုလျှင် လိုချင်သတည်း။ |
992 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | နတ်ရွာဖြစ်လည်း ဟူရာရာသော နတ်ရွာတို့ထက် သာယာစွာဟု ဘုရား လောင်းတကာ ဖြစ်ရာအမှတ် မြတ်သော နတ်ရွာ တုသိတာလျှင် ဖြစ်ချင်သတည်း။ |
993 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကစွန်းအိုကျောင်း ကျောက်စာ | လူ့ရွာ နတ်ရွာ စည်းစိမ် ချမ်းသာ ခံပြီးသောခါ ဘုရားမြတ်စွာ မေတ္တေယျာလက်ထက် အမိုက်အမျက် ရမ္မက်အန် သော အရဟန္တာဖြစ်၍ နှစ်ဆစ်မပြန် နိဗ္ဗာန်မည်သော မသေပြည်လျှင် ဝင်ရလိုသတည်း။ |
994 | မြန်မာကဗျာများ, ကိုလိုနီခေတ်, လွတ်လပ်ပြီးခေတ် | ကဆုန်ပွဲ | လကဆုန် နွေအကူးဟာမို့ |
995 | မြန်မာကဗျာများ, ကိုလိုနီခေတ်, လွတ်လပ်ပြီးခေတ် | ကဆုန်ပွဲ | မြတ်တိဂုံ ခြေတော်ဦးကိုဖြင့် |
996 | မြန်မာကဗျာများ, ကိုလိုနီခေတ်, လွတ်လပ်ပြီးခေတ် | ကဆုန်ပွဲ | ဖူးကြစို့ ခင်လေးပျို။ |
997 | မြန်မာကဗျာများ, ကိုလိုနီခေတ်, လွတ်လပ်ပြီးခေတ် | ကဆုန်ပွဲ | ရွှေဖီဦးငယ်နဲ့ |
998 | မြန်မာကဗျာများ, ကိုလိုနီခေတ်, လွတ်လပ်ပြီးခေတ် | ကဆုန်ပွဲ | ကွမ်းဖူးရယ် အဖြာဖြာပ |
999 | မြန်မာကဗျာများ, ကိုလိုနီခေတ်, လွတ်လပ်ပြီးခေတ် | ကဆုန်ပွဲ | စကားဝါ သိင်္ဂါသွေးတို့မှာ |
1,000 | မြန်မာကဗျာများ, ကိုလိုနီခေတ်, လွတ်လပ်ပြီးခေတ် | ကဆုန်ပွဲ | မွှေးနံ့ကပို။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.