id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
701 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | တုဝဉ္စ၊ သင်လည်းကေင်း။ |
702 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | တေ တုမှေ၊ ထိုသင်တို့သည်။ |
703 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | သမ္မောဒမာနာ၊ ဝမ်း မြောက် ဝမ်းသာကုန်သည်ဖြစ်၍။ |
704 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | အာဝသေထ၊ နေကြကုန်လော့။ |
705 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | သားနှင့်ချွေးမတို့ ကန်တော့ခြင်း |
706 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ဤသို့ဆို၍ တန်ဆာဆင်အပ်သော သိကြားမင်းသည် မိမိ၏ အာနုဘော်အားဖြင့် ကောင်းကင်၌ ရပ်၍ ကစ္စည်းအနွယ်ဖြစ်သော ရှင်မ၊ သင် မကြောက်လင့်၊ သား, ချွေးမတို့သည် ငါ၏ အာနုဘော်အားဖြင့် လာလတ်ကုန်၍ ခရီးအကြား၌ သင့်ကို ကန်တော့၍ ယူ၍ သွားကုန်လတ္တံ့၊ မမေ့မလျော့ ဖြစ်လော့ ဟု ဆို၍ မိမိနေရာသို့လျှင် သွား၏။ |
707 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ထိုသား, ချွေးမတို့သည်လည်း သိကြားမင်း၏ အာနုဘော်အားဖြင့် အမိကျေးဇူးကို အောက်မေ့၍ ငါတို့အမိသည် အဘယ်မှာနည်းဟု ရွာတွင်း၌ လူတို့ကိုမေး၍ သုသာန်သို့ သွား၏ဟူသော စကားကိုကြား၍ မိခင် မိခင် ဟု ခေါ်၍ သုသန်ခရီးသို့သွား၍ အမိကို မြင်၍ ခြေရင်း၌ဝပ်၍ မိခင် သင်သည် ငါတို့၏ အပြစ်ကို သည်းခံပါလော့ဟု ကန်တော့ကုန်၏။ |
708 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | အမိသည်လည်း မြေးကို ချီ၏။ |
709 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ဤသို့ ထိုသူတို့သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကုန်၍ အိမ်သို့သွား၍ ထိုအခါမှစ၍ ညီညွတ်စွာ နေခြင်းကို နေကုန်၏။ |
710 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | သဗ္ဗညူမြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍- |
711 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ၉။ သာ ကာတိယာနိ သုဏိသာယ သဒ္ဓိံ၊သမ္မောဒမာနာ ဃရမာဝသိတ္ထ။ |
712 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ပုတ္တော စ နတ္တာစ ဥပဋ္ဌဟိံသု၊ဒေဝါနမိန္ဒေန အဓိဂ္ဂဟိတာ။ |
713 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ဟူ၍ ဟောတော်မူ၏။ |
714 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ၉။ ဘိက္ခဝေ၊ ရဟန်းတို့။ |
715 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | သာ ကာတိယာနိ၊ ထိုကစ္စည်းအနွယ်ဖြစ်သော မိန်းမသည် သုတိသာယ၊ ချွေးမနှင့်။ |
716 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | သဒ္ဓိံ၊ တကွ။ |
717 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | သမ္မောဒမာနာ၊ ဝမ်းမြောက်ကုန်သည်ဖြစ်၍။ |
718 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | အာဝသိတ္ထ၊ နေ၏။ |
719 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ဒေဝါနမိန္ဒေန၊ သိကြားမင်းသည်။ |
720 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | အဓိဂ္ဂဟိတာ၊ ချီးမြှောက်အပ်သည်ဖြစ်၍။ |
721 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ပုတ္တော စ၊ သားသည်လည်းကောင်း။ |
722 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | နတ္တာ စ၊ မြေးသည်လည်းကောင်း။ |
723 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | တေ ဥဘော၊ ထိုနှစ်ယောက်ကုန်သော သူတို့သည်။ |
724 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ဥပဋ္ဌဟိံသု၊ လုပ်ကျွေးကုန်၏။ |
725 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ |
726 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ ထိုသီတင်းသည်သည် သောတာပတ္တိဖိုလ်၌ တည်၏။ |
727 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ အမိကို လုပ်ကျွေးသော သီတင်းသည်သည် ထိုအခါ အမိကို လုပ်ကျွေးသောသူ ဖြစ်ဖူးပြီ၊ ယခုအခါ သီတင်းသည်၏ မယားသည် ထိုအခါ အမိကို လုပ်ကျွေးသောသူ၏ မယားဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သိကြားမင်း ဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။ |
728 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ကျေးဇူးသိငြား၊ သမီးသား၊ ကြီးပွားချမ်းသာရာ |
729 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္စာနိဇာတ် | ရှေးဦးစွာသော ကစ္စာနီ ဇာတ်သည် ပြီး၏။ |
730 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ဒုကနိပါတ်-ကလျာဏဝဂ် |
731 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ၈။ ကစ္ဆပဇာတ် |
732 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | အိုးထိန်းသည် နှင့် လိပ် |
733 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သောသဗ္ဗညူမြတ်စွာဘုရားသည် ဇနိတ္တံ မေ ဘဝိတ္တံ မေ အစရှိသောဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤ ကစ္ဆပဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ယဉ်းအနာမှလွတ်သော အမျိုးသားကိုအကြောင်းပြု၍ ဟောတော်မူ၏။ |
734 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | သာဝတ္ထိပြည်ဝယ် တဦးသောအမျိုး၌ ယဉ်းအနာသည်ဖြစ်သတတ်၊ မိဘတို့သည် သားကို ချစ်သား ဤအိမ်၌ မနေလင့်၊ နံရံကိုဘောက်၍ ပြေး၍ အမှတ်မရှိသောအရပ်သို့သွား၍ အသက်ကို စောင့်လေလော့၊ နောက်မှလာလတ်၍ ဤမည်သောအရပ်၌ မြှုပ်၍ထားအပ်သော များစွာသောဥစ္စာသည် ရှိ၏။ |
735 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ထိုဥစ္စာကို ထုတ်ဖော်၍ ဥစ္စာကိုဖြစ်စေ၍ ချမ်းသာသဖြင့်အသက်မွေးရစ်လော့ဟု ဆိုကုန်၏။ |
736 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | သားသည် မိဘတို့၏စကားကိုဝန်ခံ၍ နံရံကိုဘောက်၍ ပြေးလေ၍ မိမိ၏အနာသည် ငြိမ်းလတ်သည်ရှိသော်လာလတ်၍ မြှုပ်ထားအပ်သော ဥစ္စာကို ထုတ်ဘော်ပြီးလျှင် ဥစ္စာကိုဖြစ်စ၍ အိမ်ရာထောင်သောလူတို့ဘောင်၌ နေ၏။ |
737 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ထိုအမျိုးသားသည် တနေ့သ၌ ထောပတ်ဆီ အစရှိသည်တို့ကို၎င်း အဝတ်အာရုံ အစရှိသည်တို့ကို၎င်း ယူခဲ့စေ၍ ဇေတဝန် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကို ရှိခိုးလျက် နေလေ၏။ |
738 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | သဗ္ဗညူ မြတ်စွာဘုရားသည် ထိုအမျိုးသားနှင့်တကွ စကားအစေ့အစပ်ကို ပြုတော်မူ၍ ဒါယကာ သင်တို့၏အိမ်၌ ယဉ်းအနာသည်ဖြစ်၏ဟု ငါတို့ ကြားဘူးကုန်၏။ |
739 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | သင်တို့သည် အသို့ပြု၍ လွတ်သနည်းဟု မေးတော်မူ၏။ |
740 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ထိုအမျိုးသားသည် ထိုအကြောင်းကို လျှောက်၏။ |
741 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | မြတ်စွာဘုရားသည် ဒါယကာ စင်စစ်လျှင် ရှေး၌လည်း ဘေးဖြစ်သည်ရှိသော် မိမိ၏နေရာအရပ်၌ တပ်စွန်းခြင်းကိုပြုကုန်၍ တပါးသောအရပ်သို့ မသွားကုန်သောသတ္တဝါတို့သည် အသက်ကုန်ခြင်းသို့ ရောက်ဘူးကုန်၏။ |
742 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | မတပ်စွန်းခြင်းကိုပြုကုန်၍ တပါးသောအရပ်သို့ သွားကုန်သောသတ္တဝါတို့သည်ကား အသက်ကို ရဘူးကုန်၏ဟု မိန့်တော်မူ၍ ထိုဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။ |
743 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | အတိတ်ဝတ္ထု... ဒါယကာ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော်ဘုရားလောင်းသည် ကာသိကရွာငယ်ဝယ် အိုးထိန်းသည် အမျိုး၌ဖြစ်၍ အိုးထိန်းတို့၏အမှုကိုပြု၍ သားမယားကိုမွေး၏။ |
744 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ထိုအခါ ဗာရာဏသီပြည်၌ မြစ်ကြီးနှင့်တကွ တစပ်တည်းသော အလိုလိုဖြစ်သောအိုင်ကြီးသည် ရှိ၏။ |
745 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ထိုအိုင်ကြီးသည် ရေများသောကာလ၌ မြစ်နှင့်တကွ ရေတစပ်တည်းရှိ၏။ |
746 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ရေသည် နည်းလတ်သော် အသီးအခြား ဖြစ်၏။ |
747 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ငါးလိပ်တို့သည်ကား ဤနှစ်၌ မိုဃ်းကောင်းသည် ဖြစ်လတ္တံ့၊ ဤနှစ်၌ မိုဏ်းခေါင်သည်ဖြစ်လတ္တံ့ဟု သိကုန်၍ အိုင်ရေ၏ မြစ်ရေနှင့် တစပ်တည်းရှိသောကာလ၌သာလျှင် အိုင်မှထွက်ကုန်၍ မြစ်သို့ သွားကုန်၏။ |
748 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | လိပ်တခုသည်ကား ဤအရပ်သည် ငါ၏ဖွားရာအရပ်တည်း၊ ကြီးမြင့်ရာအရပ်တည်း၊ မိဘတို့သည် နေသောအရပ်တည်း၊ ငါသည် ဤအရပ်ကို စွန့်အံ့သောငှါ မတတ်နိုင်ဟု မြစ်သို့ မသွား၊ ထိုအခါ နွေကာလဝယ် အိုင်တို့၌ရေသည်ပြတ်၏။ |
749 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ထိုလိပ်သည် ဘုရားလောင်း၏ မြေစိုင်ယူရာအရပ်၌ မြေကိုကျစ်၍ ဝပ်၏။ |
750 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ဘုရားလောင်းသည် မြေစိုင်ကိုယူအံ့ဟူ၍ ထိုအရပ်သို့သွား၍ ပေါက်တူးကြီးဖြင့် မြေကိုပေါက်သည်ရှိသော် လိပ်၏ကျောက်ကုန်းကို ပေါက်မိ၍ မြေစိုင်ကိုကဲ့သို့ ပေါက်တူးနှင့်သာလျှင် ထိုလိပ်ကိုထုတ်၍ ကုန်း၌ကျစေ၏။ |
751 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ထိုလိပ်သည် ဝေဒနာသို့ရောက်သည်ဖြစ်၍ နေရာအရပ်၌တပ်စွန်းခြင်းကို စွန့်အံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ဤသို့သောပျက်စီးခြင်းသို့ ရောက်ရ၏ဟု ဆို၍ ငိုကြွေးလိုရကား- |
752 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ၅၅။ ဇနိတ္တံ မေ ဘဝိတ္တံ မေ၊ ဣတိ ပင်္ကေ အဝဿယိံ။ |
753 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | တံ မံ ပင်္ကော အဇ္စျဘဝိ၊ ယထာ ဒုဗ္ဗလကံ တထာ။ |
754 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | တံ တံ ဝဒါမိ ဘဂ္ဂဝ၊ သုဏောဟိ ဝစနံ မမ။ |
755 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ဂါမေ ဝါ ယဒိ ဝါ ရည၊ သုခံ ယတြာဓိဂစ္ဆတိ။ |
756 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | တံ ဇနိတ္တံ ဘဝိတ္တဉ္စ၊ ပုရိသဿ ပဇာနတော။ |
757 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ယမှိ ဇီဝေ တမှိ ဂစ္ဆေ၊ န နီကေတဟတော သိယာ။ |
758 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ဟူသော ဤဂါထာတို့ကို ဆို၏။ |
759 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ၅၅။ ဘဂ္ဂဝ၊ ဘဂ္ဂဝ။ |
760 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ဣဒံ ဌာနံ၊ ဤအရပ်သည်။ |
761 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | မေ၊ ငါ၏။ ဇနိတ္တံ၊ ဖွားရာအရပ်တည်း။ |
762 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | မေ၊ ငါ၏။ ဘဝိတ္တံ၊ ဖြစ်ရာ အရပ်တည်း။ |
763 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ဣတိ-ဣမိနာ ကာရဏေန၊ ဤသို့သော အကြောင်းကြောင့်။ |
764 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ပင်္ကေ၊ ညွန်၌။ |
765 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | အဝဿယိံ၊ နေမိ၏။ |
766 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | တံ၊ ထိုငါ့ကို။ |
767 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ပင်္ကော၊ ညွန်သည်။ |
768 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ဒုဗ္ဗလကံ၊ အားနည်းသောသူကို။ |
769 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | အဇ္စျဘဝိ ယထာ၊ အားရှိသောသူသည် နှိပ်စက်သကဲ့သို့။ |
770 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | တထာ၊ ထို့အတူ။ |
771 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | အဇ္ဈဘဝိ၊ နှိပ်စက်၏။ |
772 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ဘဂ္ဂဝ၊ ဘဂ္ဂဝ။ |
773 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | မမ၊ ငါ၏။ ဝစနံ၊ စကားကို။ |
774 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | သုဏောဟိ၊ နာဦးလော။ |
775 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ၅၆။ ဂါမေ ဝါ၊ ရွာ၌၎င်း။ |
776 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ယဒိ၊ ထိုမြို့။ |
777 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | အရညေ ဝါ၊ တော၌၎င်း။ |
778 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ယတြ၊ အကြင်အရပ်၌။ |
779 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | သုခံ၊ ကိုယ်စိတ်နှစ်ပါး၌ဖြစ်သော ချမ်းသာခြင်းကို။ |
780 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | အဓိဂစ္ဆတိ၊ ရ၏။ |
781 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | တံ ဌာနံ၊ ထိုအရပ်သည်။ |
782 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ပဇာနတော၊ အကျိုးရှိသည် မရှိသည် အကြောင်းဟုတ်သည် မဟုတ်သည်ကိုသိသော။ |
783 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ပုရိသဿ၊ ယောက်ျား၏။ |
784 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ဇနိတ္တဉ္စ၊ ဖွားရာအရပ်သည်၎င်း။ |
785 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ဘဝိတ္တဉ္စ၊ ကြီးမြင့်ရာအရပ်သည်၎င်း။ |
786 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ဟောတိ၊ ဖြစ်၏။ |
787 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ပဏ္ဍိတော၊ ပညာရှိသည်။ |
788 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ယမှိ၊ အကြင်အရပ်၌။ |
789 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ဇီဝေ၊ အသက်ရှင်ရာ၏။ |
790 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | တမှိ၊ ထိုအရပ်သို့။ |
791 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ဂစ္ဆေ၊ သွားရာ၏။ |
792 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ဂစ္ဆတော၊ သွားသည်ရှိသော်။ |
793 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | နိကေတဟတော၊ နေရာအရပ် သတ်အပ်သည်။ |
794 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | န သိယာ၊ မဖြစ်ရာ။ |
795 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ဤသို့ ထိုလိပ်သည် ဘုရားလောင်းနှင့်တကွ စကားပြောဆိုလျက်သေလေ၏။ |
796 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ဘုရားလောင်းသည် ထိုလိပ်ကိုယူ၍ အလုံးစုံသော ရွာ၌နေကုန်သောသူတို့ကို စည်းဝေးပြီးလျှင် ထိုသူတို့ကိုဆုံးမလို၍ ဤသို့ ဆို၏။ |
797 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | အချင်းတို့ ဤလိပ်ကို သင်တို့သည် ရှုကြကုန်လော့၊ ဤလိပ်သည် တပါးကုန်သော ငါး, လိပ်တို့၏ မြစ်ကြီးသို့ သွားလေသောကာလ၌ မိမိ၏နေရာအရပ်၌ တပ်စွန်းခြင်းကို ဖျက်ဆီးအံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ထိုငါး လိပ်တို့နှင့်တကွ မသွားမူ၍ ငါ၏ မြေစိုင်ယူရာအရပ်သို့ ဝင်၍ နေ၏။ |
798 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ထိုအခါ၌ ငါသည် မြေစိုင်ကိုယူသည်ရှိသော် ထိုလိပ်၏ကျောက်ကုန်းကို ပေါက်တူးဖြင့်ပေါက်မိ၍ မြေစိုင်ကိုကဲ့သို့ ကုန်း၌ကျစေ၏။ |
799 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ဤလိပ်သည် မိမိ၏ ပြုအပ်သောအမှုကို အောက်မေ့၍ နှစ်ဂါထာတို့ဖြင့် ငိုကြွေး၍ သေ၏။ |
800 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကစ္ဆပဇာတ် -၁ | ဤသို့ ဤလိပ်သည် မိမိ၏နေရာအရပ်၌ တပ်စွန်းခြင်းကိုပြု၍ သေခြင်းသို့ ရောက်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.