id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
8,501 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တစ်ယောက်သောသူသည် တစ်ယောက်သောသူ၏ အကျိုးငှါ ဆင်းရဲကို ပိုင်းခြား၍ သိနိုင်ပါသလော။ |
8,502 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ မဂ်ကို ပွါးစေနိုင်ပါသလော။ |
8,503 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တစ်ပါးသောသူသည် တစ်ပါးသောသူကို ပြုလုပ် (ဖန်ဆင်း) နိုင်ပါသလော၊ ချမ်းသာ ဆင်းရဲကို တစ်ပါးသောသူသည် ပြုလုပ်အပ်ပါသလော။ |
8,504 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တစ်ပါးသောသူသည် ပြုလုပ်၍ တစ်ပါးသောသူက ခံစားနိုင်ပါသလော။ |
8,505 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “မိမိသည်သာလျှင် မကောင်းမှုကို ပြုလုပ်အပ်၏။ |
8,506 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ တစ်ယောက်သောသူသည် တစ်ယောက်သောသူကို မစင်ကြယ်စေနိုင်”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
8,507 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် “တစ်ယောက်သောသူသည် တစ်ယောက်သောသူ၏ စိတ်ကို ချီးမြှောက် နိုင်၏”ဟူ၍ မဆိုသင့်။ |
8,508 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၄၆။ ပရဝါဒီ။ |
8,509 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “တစ်ယောက်သောသူသည် တစ်ယောက်သောသူ၏ စိတ်ကို ချီးမြှောက်နိုင်၏”ဟူ၍ မဆိုသင့်ပါသလော။ |
8,510 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်သကဝါဒီ အားအစွမ်းသို့ ရောက်သူတို့သည် ရှိခဲ့ကုန်မူ ဝသီဘော်သို့ ရောက်သူတို့သည် ရှိခဲ့ကုန်မူ၊ ထို့ကြောင့် “တစ်ယောက်သောသူသည် တစ်ယောက်သောသူ၏ စိတ်ကို ချီးမြှောက် နိုင်၏”ဟူ၍ ဆိုသင့်၏။ |
8,511 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပဂ္ဂဟကထာ ပြီး၏။ |
8,512 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၅၈) ၃-သုခါနုပ္ပဒါနကထာ၁ |
8,513 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၄၇။ သကဝါဒီ။ |
8,514 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ တစ်ယောက်သောသူသည် တစ်ယောက်သောသူအား ချမ်းသာကို ပေးနိုင်ပါသလော။ |
8,515 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် ပေးနိုင်ပါ၏။ |
8,516 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တစ်ယောက်သောသူသည် တစ်ယောက်သောသူအား ဆင်းရဲကို ပေးနိုင်ပါသလော။ |
8,517 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တစ်ယောက်သောသူသည် တစ်ယောက်သောသူအား ဆင်းရဲကို မပေးနိုင်ပါသလော။ |
8,518 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် မပေးနိုင်ပါ။ |
8,519 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တစ်ယောက်သောသူသည် တစ်ယောက်သောသူအား ချမ်းသာကို မပေးနိုင်ပါသလော။ |
8,520 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တစ်ယောက်သောသူသည် တစ်ယောက်သောသူအား ချမ်းသာကို ပေးနိုင်ပါသလော။ |
8,521 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တစ်ယောက်သောသူသည် တစ်ယောက်သောသူအား မိမိ၏ ချမ်းသာကို ပေးနိုင်ပါသလော၊ တစ်ပါးသောသူတို့၏ ချမ်းသာကို ပေးနိုင်ပါသလော၊ ထိုသူ၏ ချမ်းသာကို ပေးနိုင်ပါသလော။ |
8,522 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တစ်ယောက်သောသူသည် တစ်ယောက်သောသူအား မိမိ၏ ချမ်းသာကို မပေးနိုင် ပါသလော၊ တစ်ပါးသောသူတို့၏ ချမ်းသာကို မပေးနိုင်ပါသလော၊ ထိုသူ၏ ချမ်းသာကို မပေးနိုင်ပါသလော။ |
8,523 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ တစ်ယောက်သောသူသည် တစ်ယောက်သောသူအား မိမိ၏ ချမ်းသာကို တစ်ပါးသူတို့၏ ချမ်းသာကို ထိုသူ၏ ချမ်းသာကို မပေးနိုင်ခဲ့ပါမူ “တစ်ပါးသောသူသည် တစ်ပါးသော သူအား ချမ်းသာကို ပေးနိုင်၏”ဟူ၍ မဆိုသင့်။ |
8,524 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တစ်ယောက်သောသူသည် တစ်ယောက်သောသူကို ဖန်ဆင်းနိုင်ပါသလော၊ ချမ်းသာနှင့် ဆင်းရဲကို သူတစ်ပါးက ပြုလုပ်အပ်ပါသလော၊ သူတစ်ပါး ပြုလုပ်၍ သူတစ်ပါး ခံစားနိုင် ပါသလော။ |
8,525 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၄၈။ ပရဝါဒီ။ |
8,526 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “တစ်ယောက်သောသူသည် တစ်ယောက်သောသူအား ချမ်းသာကို ပေးနိုင်၏”ဟူ၍ မဆိုသင့်ပါသလော။ |
8,527 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “မြတ်စွာဘုရားသည် များစွာသော ငါတို့၏ ဆင်းရဲတရားတို့ကို ပယ်ရှားတော်မူပါပေစွ၊ မြတ်စွာဘုရားသည် များစွာသော ငါတို့၏ ချမ်းသာတရားတို့ကို ဆောင်တော်မူပါပေစွ၊ မြတ်စွာဘုရားသည် များစွာသော ငါတို့၏ အကုသိုလ်တရားတို့ကို ပယ်ရှားတော်မူပါပေစွ၊ မြတ်စွာဘုရားသည် များစွာသော ငါတို့၏ ကုသိုလ်တရားတို့ကို ဆောင်တော်မူပါပေစွ”ဟူ၍ အရှင်ဥဒါယီ (မြတ်စွာဘ... |
8,528 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့် တစ်ယောက်သောသူသည် တစ်ယောက်သောသူအား ချမ်းသာကို ပေးနိုင်၏။ |
8,529 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သုခါနုပ္ပဒါနကထာ ပြီး၏။ |
8,530 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ မြတ်စွာဘုရားသည် များစွာကုန်သော ငါတို့အား ချမ်းသာသုခတရားတို့ကို ကပ်၍ ဆောင်တော်မူတတ်၏ဟူသော သုတ်ကို အမှီပြု၍ တစ်ယောက်သောသူသည် တစ်ယောက်သောသူအား ချမ်းသာသုခကို အဆင့်ဆင့် ပေးတတ်၏ဟု ဟေတုဝါဒ အယူရှိသူတို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။ |
8,531 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- ၁၆-သောဠသမဝဂ် (၁၅၉) ၄-အဓိဂယှမနသိကာရကထာ၁ |
8,532 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၄၉။ သကဝါဒီ။ |
8,533 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ပေါင်းရုံးသိမ်းကျုံး၍ နှလုံးသွင်းနိုင်ပါသလော။ |
8,534 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် နှလုံးသွင်းနိုင်ပါ၏။ |
8,535 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုစိတ်ဖြင့် ထိုစိတ်ကို သိနိုင်ပါသလော။ |
8,536 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ထိုစိတ်ဖြင့် ထိုစိတ်ကို “စိတ်”ဟူ၍ သိနိုင်ပါသလော။ |
8,537 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုစိတ်ဖြင့် ထိုစိတ်ကို “စိတ်”ဟူ၍ သိနိုင်ပါသလော။ |
8,538 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုစိတ်သည် ထိုစိတ်၏ အာရုံလော။ |
8,539 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုဖဿဖြင့် ထိုဖဿကို တွေ့နိုင်ပါသလော၊ ထိုဝေဒနာဖြင့်။ |
8,540 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ထိုသညာဖြင့်။ |
8,541 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုစေတနာဖြင့်။ |
8,542 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုစိတ်ဖြင့်။ |
8,543 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုဝိတက်ဖြင့်။ |
8,544 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုဝိစာရဖြင့်။ |
8,545 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုပီတိဖြင့်။ |
8,546 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုသတိဖြင့်။ |
8,547 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုပညာဖြင့် ထိုပညာကို သိနိုင်ပါသလော။ |
8,548 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၅၀။ သကဝါဒီ။ |
8,549 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အတိတ်တရားကို “အတိတ်တရား”ဟူ၍ နှလုံးသွင်းသူသည် အနာဂတ်တရားကို “အနာဂတ်တရား”ဟူ၍ နှလုံးသွင်းနိုင်ပါသလော။ |
8,550 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အတိတ်တရားကို “အတိတ်တရား”ဟူ၍ နှလုံးသွင်းသူသည် အနာဂတ်တရားကို “အနာဂတ်တရား”ဟူ၍ နှလုံးသွင်းနိုင်ပါသလော။ |
8,551 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်နှစ်ပါးတို့၏ ပေါင်းဆုံမှုသည် ဖြစ်နိုင်ပါသလော။ |
8,552 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အတိတ်တရားကို “အတိတ်တရား”ဟူ၍ နှလုံးသွင်းသူသည် ပစ္စုပ္ပန်တရားကို “ပစ္စုပ္ပန်တရား”ဟူ၍ နှလုံးသွင်းနိုင်ပါသလော။ |
8,553 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အတိတ်တရားကို “အတိတ်တရား”ဟူ၍ နှလုံးသွင်းသောသူသည် အနာဂတ်တရားကို “အနာဂတ်တရား”ဟူ၍ နှလုံးသွင်းပါသလော၊ ပစ္စုပ္ပန်တရားကို “ပစ္စုပ္ပန်တရား”ဟူ၍ နှလုံးသွင်းနိုင်ပါသလော။ |
8,554 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အတိတ်တရားကို “အတိတ်တရား”ဟူ၍ နှလုံးသွင်းသူသည် အနာဂတ်တရားကို “အနာဂတ်တရား”ဟူ၍ နှလုံးသွင်းနိုင်ပါသလော၊ ပစ္စုပ္ပန်တရားကို “ပစ္စုပ္ပန်တရား”ဟူ၍ နှလုံးသွင်းနိုင် ပါသလော။ |
8,555 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဖဿသုံးပါးတို့၏။ |
8,556 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်သုံးပါးတို့၏ ပေါင်းဆုံမှုသည် ဖြစ်နိုင်ပါသလော။ |
8,557 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၅၁။ သကဝါဒီ။ |
8,558 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အနာဂတ်တရားကို “အနာဂတ်တရား”ဟူ၍ နှလုံးသွင်းသူသည် အတိတ် တရားကို “အတိတ်တရား”ဟူ၍ နှလုံးသွင်းနိုင်ပါသလော။ |
8,559 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အနာဂတ်တရားကို “အနာဂတ်တရား”ဟူ၍ နှလုံးသွင်းသူသည် အတိတ်တရားကို “အတိတ်တရား”ဟူ၍ နှလုံးသွင်းနိုင်ပါသလော။ |
8,560 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အနာဂတ်တရားကို “အနာဂတ်တရား”ဟူ၍ နှလုံးသွင်းသူသည် ပစ္စုပ္ပန်တရားကို “ပစ္စပ္ပန်တရား”ဟူ၍ နှလုံးသွင်းနိုင်ပါသလော။ |
8,561 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အနာဂတ်တရားကို “အနာဂတ်တရား”ဟူ၍ နှလုံးသွင်းသူသည် ပစ္စုပ္ပန်တရားကို “ပစ္စုပ္ပန်တရား”ဟူ၍ နှလုံးသွင်းနိုင်ပါသလော။ |
8,562 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အနာဂတ်တရားကို “အနာဂတ်တရား”ဟူ၍ နှလုံးသွင်းသူသည် အတိတ်တရားကို “အတိတ်တရား”ဟူ၍ နှလုံးသွင်းနိုင်ပါသလော၊ ပစ္စုပ္ပန်တရားကို “ပစ္စုပ္ပန်တရား”ဟူ၍ နှလုံးသွင်းနိုင်ပါသလော။ |
8,563 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အနာဂတ်တရားကို “အနာဂတ်တရား”ဟူ၍ နှလုံးသွင်းသူသည် အတိတ်တရားကို “အတိတ်တရား”ဟူ၍ နှလုံးသွင်းနိုင်ပါသလော၊ ပစ္စုပ္ပန်တရားကို “ပစ္စုပ္ပန်တရား”ဟူ၍ နှလုံးသွင်းနိုင်ပါသလော။ |
8,564 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်သုံပါးတို့၏ ပေါင်းဆုံမှုသည် ဖြစ်ပါသလော။ |
8,565 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၅၂။ သကဝါဒီ။ |
8,566 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ပစ္စုပ္ပန်တရားကို “ပစ္စုပ္ပန်တရား”ဟူ၍ နှလုံးသွင်းသူသည် အတိတ်တရားကို “အတိတ်တရား”ဟူ၍ နှလုံးသွင်းနိုင်ပါသလော။ |
8,567 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပစ္စုပ္ပန်တရားကို “ပစ္စုပ္ပန်တရား”ဟူ၍ နှလုံးသွင်းသူသည် အတိတ်တရားကို “အတိတ်တရား”ဟူ၍ နှလုံးသွင်းနိုင်ပါသလော။ |
8,568 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပစ္စုပ္ပန်တရားကို “ပစ္စုပ္ပန်တရား”ဟူ၍ နှလုံးသွင်းသူသည် အနာဂတ်တရားကို “အနာဂတ်တရား”ဟူ၍ နှလုံးသွင်းနိုင်ပါသလော။ |
8,569 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပစ္စုပ္ပန်တရားကို “ပစ္စုပ္ပန်တရား”ဟူ၍ နှလုံးသွင်းသူသည် အတိတ်တရားကို “အတိတ်တရား”ဟူ၍ နှလုံးသွင်းနိုင်ပါသလော၊ အနာဂတ်တရားကို “အနာဂတ်တရား”ဟူ၍ နှလုံးသွင်းနိုင် ပါသလော။ |
8,570 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဖဿသုံးပါးတို့၏။ |
8,571 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်သုံးပါးတို့၏ ပေါင်းဆုံမှုသည် ဖြစ်ပါသလော။ |
8,572 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၅၃။ ပရဝါဒီ။ |
8,573 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “ပေါင်းရုံးသိမ်းကျုံး၍ နှလုံးသွင်း၏”ဟူ၍ မဆိုသင့်ပါသလော။ |
8,574 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “အလုံးစုံသော သင်္ခါရတို့သည် မမြဲကုန်”ဟု အကြင်အခါ၌ ပညာဖြင့် မြင်၏၊ ထိုအခါ ဆင်းရဲ၌ ငြီးငွေ့၏၊ ဤငြီးငွေ့မှုသည် အထူးစင်ကြယ်မှု (နိဗ္ဗာန်) သို့ ရောက်ကြောင်း လမ်းစဉ်ပေတည်း။ |
8,575 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “အလုံးစုံသော သင်္ခါရတို့သည် ဆင်းရဲကုန်၏”ဟု အကြင်အခါ၌ ပညာဖြင့် မြင်၏၊ ထိုအခါ ဆင်းရဲ၌ ငြီးငွေ့၏၊ ဤငြီးငွေ့မှုသည် အထူးစင်ကြယ်မှု (နိဗ္ဗာန်) သို့ ရောက်ကြောင်း လမ်းစဉ်ပေတည်း။ |
8,576 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “အလုံးစုံသော တရားတို့သည် အတ္တ မဟုတ်ကုန်”ဟု အကြင်အခါ၌ ပညာဖြင့် မြင်၏၊ ထိုအခါ ဆင်းရဲ၌ ငြီးငွေ့၏၊ ဤငြီးငွေ့မှုသည် စင်ကြယ်မှု (နိဗ္ဗာန်) သို့ ရောက်ကြောင်း လမ်းစဉ် ပေတည်း”ဟု မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
8,577 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် ပေါင်းရုံးသိမ်းကျုံး၍ နှလုံးသွင်းနိုင်ပါ၏။ |
8,578 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အဓိဂယှမနသိကာရကထာ ပြီး၏။ |
8,579 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ “သဗ္ဗေ သင်္ခါရာ အနိစ္စာ” အစရှိသော စကားကို အမှီပြု၍ သင်္ခါရတို့ကို နှလုံးသွင်းသော ပုဂ္ဂိုလ်မည်သည် တစ်ပေါင်းတည်းယူ၍ သင်္ခါရအားလုံးတို့ကို တစ်ပေါင်းတည်း တပြိုင်နက် နှလုံးသွင်းနိုင်၏ဟု အယူရှိသော ပုဗ္ဗေသေလိယနှင့် အပရသေလိယတို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။ |
8,580 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ သင်္ခါရအားလုံးတို့ကို နှလုံးသွင်းသူသည် အကြင်စိတ်ဖြင့် ထိုသင်္ခါရတို့ကို နှလုံးသွင်း၏၊ ထိုစိတ်ကိုလည်း နှလုံးသွင်းအပ်၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
8,581 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ အာရုံပြု၍ သိခြင်းငှါ မတတ်ကောင်းသည်ကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
8,582 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၄။ စိတ်သည် ဤသို့ လက္ခဏာရှိ၏ဟု သိအပ်သည်၏ အဖြစ်ကြောင့် ထိုစိတ်သည်လည်း သိအပ်သည်သာ ဖြစ်၏ဟု ရည်ရွယ်လျက် ဝန်ခံပြန်သည်။ |
8,583 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅။ ပရဝါဒီ၏ သာဓကသုတ်လာ စကားကို နယအားဖြင့် ပြသည်ကို ရည်ရွယ်၍ မိန့်ဆိုအပ်ပါသည်၊ တစ်ပြိုင်နက်ခဏ၌ အာရုံပြုသောအားဖြင့် ပြသည် မဟုတ်သောကြောင့် သာဓက မထိုက်။ |
8,584 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၆၀) ၅-ရူပံ ဟေတူတိကထာ၁ |
8,585 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၅၄။ သကဝါဒီ။ |
8,586 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ရုပ်သည် အကြောင်း ‘ဟိတ်'လော။ |
8,587 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (ရုပ်သည်) အလောဘဟိတ်လော။ |
8,588 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (ရုပ်သည်) အဒေါသဟိတ်လော။ |
8,589 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ အမောဟဟိတ်လော။ |
8,590 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ လောဘဟိတ်လော၊ ဒေါသဟိတ်လော၊ မောဟဟိတ်လော။ |
8,591 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရုပ်သည် အကြောင်း ‘ဟိတ်'လော။ |
8,592 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (ရုပ်သည်) အာရုံရှိသည် ဖြစ်၍ ထိုရုပ်အား ဆင်ခြင်မှု။ |
8,593 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်ညွတ်မှုသည် ရှိပါသလော။ |
8,594 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (ရုပ်သည်) အာရုံမရှိသည် ဖြစ်၍ ထိုရုပ်အား ဆင်ခြင်မှု။ |
8,595 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်ညွတ်မှုသည် မရှိသည် မဟုတ်ပါလော။ |
8,596 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီသည် ရုပ်သည် အာရုံမရှိသည် ဖြစ်၍ ထိုရုပ်အား ဆင်ခြင်မှု။ |
8,597 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်ညွတ်မှု မရှိခဲ့ပါမူ “ရုပ်သည် အကြောင်း ‘ဟိတ်’ ရှိ၏”ဟူ၍ မဆိုသင့်။ |
8,598 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၅၅။ သကဝါဒီ။ |
8,599 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အလောဘသည် အကြောင်း ‘ဟိတ်’ ဖြစ်၍ အာရုံရှိသည် ဖြစ်ရကား ထိုအလောဘအား ဆင်ခြင်မှု။ |
8,600 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရုပ်သည် အကြောင်း ‘ဟိတ်’ ဖြစ်၍ အာရုံရှိသည် ဖြစ်ရကား ထိုရုပ်အား ဆင်ခြင်မှု။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.