id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
8,301 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | လောကုတ္တရာတရားတို့၏ အိုမှု သေမှုသည် လောကီလော။ |
8,302 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် လောကုတ္တရာတည်း။ |
8,303 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဇရာမရဏကထာပြီး၏။ |
8,304 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဇရာ မရဏမည်သည် တစ်စုံတစ်ခုသော အကြောင်းသည် မပြီးစေအပ်သည်၏ အဖြစ်ကြောင့် လောကီဟူ၍လည်းကောင်း၊ လောကုတ္တရာဟူ၍လည်းကောင်း မဆိုအပ်သော တရားမည်၏။ |
8,305 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မှန်၏၊ ‘လောကီယာဓမ္မာ လောကုတ္တရာ ဓမ္မာ’ဟူသော ဒုက်၌ ဇရာမရဏကို လောကီယာဟူသော ပုဒ်၌လည်းကောင်း၊ လောကုတ္တရာ ဓမ္မာဟူသော ပုဒ်၌လည်းကောင်း မြတ်စွာဘုရား ညွှန်ပြတော် မမူခဲ့။ |
8,306 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သို့ဖြစ်ပါလျက် ဤသို့သော လက္ခဏာကို မယူမူ၍ လောကုတ္တရာတရားတို့၏ ဇရာ မရဏသည် လောကုတ္တရာဖြစ်၏ဟု အယူရှိသူ မဟာသံဃိကဂိုဏ်းဝင်တို့ကို ရည်ရွယ်၍ ဤဇရာမရဏကထာကို ဟောတော်မူသည်။ |
8,307 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (၁၅၁) ၇- သညာဝေဒယိတကထာ၁ |
8,308 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၂၈။ သကဝါဒီ။ |
8,309 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ သညာဝေဒနာတို့ ချုပ်ခြင်းသို့ ရောက်မှု နိရောဓသမာပတ်သည် လောကုတ္တရာလော။ |
8,310 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (သညာဝေဒနာတို့ ချုပ်ခြင်းသို့ရောက်မှု နိရောဓသမာပတ်သည်) မဂ်လော၊ ဖိုလ်လော၊ နိဗ္ဗာန်လော၊ သောတာပတ္တိမဂ်လော၊ သောတာပတ္တိဖိုလ်လော။ |
8,311 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၂၉။ ပရဝါဒီ။ |
8,312 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်မှု (နိရောဓသမာပတ်) သည် လောကုတ္တရာ”ဟူ၍ မဆိုသင့်ပါသလော။ |
8,313 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (သညာဝေဒနာတို့ ချုပ်ခြင်းသို့ ရောက်မှု နိရောဓသမာပတ်သည်) လောကီလော။ |
8,314 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သညာဝေဒယိတကထာ ပြီး၏။ |
8,315 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ နိရောဓသမာပတ္တိမည်သည် တစ်စုံတစ်ခုသော သဘောတရား မရှိ၊ နာမ်ခန္ဒာလေးပါးတို့၏ ချုပ်ခြင်းမျှသာ ဖြစ်ခဲ့၏၊ ထို့ကြောင့် ထိုနိရောဓသမာပတ်သည် လောကီတရားလည်း မဟုတ်၊ လောကုတ္တရာတရားလည်း မဟုတ်၊ သို့ပင်ဖြစ်သော်လည်း ပရဝါဒီဆရာတို့ကား လောကီယတရား မဟုတ်သောကြောင့် လောကုတ္တရာသာ ဖြစ်၏ဟု အယူရှိကြ၏၊ ထို့ကြောင့် ထိုဟေတုဝါဒဆရာတို့ကို ရည်ရွယ်၍ ဤကထ... |
8,316 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၅၂) ၈- ဒုတိယ သညာဝေဒယိတကထာ၁ |
8,317 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၃၀။ သကဝါဒီ။ |
8,318 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်မှု နိရောဓသမာပတ်သည် လောကီလော။ |
8,319 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (နိရောဓသမာပတ်သည်) ရုပ်လော။ |
8,320 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝေဒနာလော၊ သညာလော၊ သင်္ခါရတို့လော၊ ဝိညာဏ်လော။ |
8,321 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကာမဘုံ၌ သက်ဝင်၍ ဖြစ်ပါသလော။ |
8,322 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရူပဘုံ၌ သက်ဝင်၍ ဖြစ်ပါသလော။ |
8,323 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရူပဘုံ၌ သက်ဝင်၍ ဖြစ်ပါသလော။ |
8,324 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၃၁။ ပရဝါဒီ။ |
8,325 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်မှု နိရောဓသမာပတ်သည် လောကီ”ဟူ၍ မဆိုသင့်ပါသလော။ |
8,326 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | လောကုတ္တရာလော။ |
8,327 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် လောကီတည်း။ |
8,328 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒုတိယသညာဝေဒယိတကထာ ပြီး၏။ |
8,329 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ နိရောဓသမာပတ္တိမည်သည် လောကုတ္တရာမဟုတ်သောကြောင့် လောကီယသာ ဖြစ်၏ဟု အယူရှိသူ ဟေတုဝါဒဆရာတို့ကို ရည်ရွယ်၍ ဤကထာကို ဟောရပြန်သည်။ |
8,330 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၅၃) ၉- တတိယ သညာဝေဒယိတကထာ၁ |
8,331 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၃၂။ သကဝါဒီ။ |
8,332 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သောပုဂ္ဂိုလ်သည် သေရာသလော။ |
8,333 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် သေရာ၏။ |
8,334 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သောပုဂ္ဂိုလ်အား သေခြင်းအဆုံးရှိသော ဖဿသည်၊ သေခြင်းအဆုံးရှိသော ဝေဒနာသည်၊ သေခြင်းအဆုံးရှိသော သညာသည်၊ သေခြင်း အဆုံး ရှိသော စေတနာသည်၊ သေခြင်းအဆုံးရှိသော စိတ်သည် ရှိပါသလော။ |
8,335 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သောပုဂ္ဂိုလ်အား သေခြင်းအဆုံးရှိသော ဖဿသည်၊ သေခြင်းအဆုံးရှိသော ဝေဒနာသည်၊ သေခြင်းအဆုံးရှိသော သညာသည်၊ သေခြင်းအဆုံး ရှိသော စေတနာသည်၊ သေခြင်းအဆုံးရှိသော စိတ်သည် မရှိပါသလော။ |
8,336 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သောပုဂ္ဂိုလ်အား သေခြင်း အဆုံးရှိသော ဖဿသည်၊ သေခြင်းအဆုံးရှိသော ဝေဒနာသည်၊ သေခြင်းအဆုံးရှိသော သညာသည်၊ သေခြင်းအဆုံးရှိသော စေတနာသည်၊ သေခြင်းအဆုံးရှိသော စိတ်သည် မရှိခဲ့ပါမူ “သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သောပုဂ္ဂိုလ်သည် သေရာ၏”ဟူ၍ မဆိုသင့်။ |
8,337 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သောပုဂ္ဂိုလ်သည် သေရာသလော။ |
8,338 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သောပုဂ္ဂိုလ်အား ဖဿသည်၊ ဝေဒနာသည်၊ သညာသည်၊ စေတနာသည်၊ စိတ်သည် ရှိပါသလော။ |
8,339 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သောပုဂ္ဂိုလ်အား ဖဿသည်၊ ဝေဒနာသည်၊ သညာသည်၊ စေတနာသည်၊ စိတ်သည် မရှိပါသလော။ |
8,340 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဖဿမရှိသူအား သေခြင်းသည်၊ ဝေဒနာမရှိသူအား သေခြင်းသည်။ |
8,341 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်မရှိ သူအားသေခြင်းသည် ရှိပါသလော။ |
8,342 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဖဿရှိသူအား သေခြင်းသည်။ |
8,343 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်ရှိသူအား သေခြင်းသည် ရှိသည် မဟုတ်ပါသလော။ |
8,344 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ဖဿရှိသူအားသာ သေမှု ရှိခဲ့ပါမူ။ |
8,345 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်ရှိသူအားသာ သေမှု ရှိခဲ့ပါမူ “သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သူသည် သေရာ၏”ဟူ၍ မဆိုသင့်။ |
8,346 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သူသည် သေရာသလော။ |
8,347 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သောပုဂ္ဂိုလ်၏ ကိုယ်၌ အဆိပ်တက်နိုင်သလော၊ (လက်နက်) ထိနိုင်သလော၊ မီးလောင်နိုင်သလော။ |
8,348 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သညာဝေဒနာတို့၏ ချုပ်ငြိမ်းခြင်းသို့ ရောက်သောပုဂ္ဂိုလ်၏ ကိုယ်၌ အဆိပ် မတက်နိုင်ပါသလော၊ လက်နက်မထိနိုင်ပါသလော၊ မီးမလောင်နိုင်ပါသလော။ |
8,349 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အရှင်ပရဝါဒီ သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သောပုဂ္ဂိုလ်၏ ကိုယ်၌ အဆိပ် မတက်နိုင်ခဲ့ပါမူ (လက်နက်) မထိနိုင်ခဲ့ပါမူ မီးမလောင်နိုင်ခဲ့ပါမူ “သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သောပုဂ္ဂိုလ်သည် သေရာ၏”ဟူ၍ မဆိုသင့်။ |
8,350 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သောပုဂ္ဂိုလ်၏ ကိုယ်၌ အဆိပ်တက်နိုင် ရာသလော၊ (လက်နက်) ထိနိုင်ရာသလော၊ မီးလောင်နိုင်ရာသလော။ |
8,351 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သောပုဂ္ဂိုလ်သည် မရှိပါသလော။ |
8,352 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၃၃။ ပရဝါဒီ။ |
8,353 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သောပုဂ္ဂိုလ်သည် မသေရာသလော။ |
8,354 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် မသေရာ။ |
8,355 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သောပုဂ္ဂိုလ်သည် မသေရာဟူသော အကြင် သတ်မှတ်ချက်ဖြင့် မြဲ၏၊ ထိုသတ်မှတ်ချက်သည် ရှိပါသလော။ |
8,356 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်သကဝါဒီ သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သောပုဂ္ဂိုလ်သည် မသေရာဟူသော အကြင်သတ်မှတ်ချက်ဖြင့် မြဲ၏၊ ထိုသတ်မှတ်ချက် မရှိခဲ့ပါမူ “သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သောပုဂ္ဂိုလ်သည် မသေရာ”ဟူ၍ မဆိုသင့်။ |
8,357 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၃၄။ သကဝါဒီ။ |
8,358 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ စက္ခုဝိညာဏ်နှင့် ပြည်စုံသောပုဂ္ဂိုလ်သည် မသေရာသလော။ |
8,359 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စက္ခုဝိညာဏ်နှင့် ပြည်စုံသူသည် မသေရာဟူသော အကြင်သတ်မှတ်ချက်ဖြင့် မြဲ၏၊ ထိုမြဲသော သတ်မှတ်ချက်သည် ရှိပါသလော။ |
8,360 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အရှင်ပရဝါဒီ စက္ခုဝိညာဏ်နှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် မကွယ်လွန်ရာဟူသော အကြင်သတ်မှတ်ချက်ဖြင့် မြဲ၏၊ ထိုမြဲသော သတ်မှတ်ချက် မရှိခဲ့ပါမူ “စက္ခုဝိညာဏ်နှင့် ပြည်စုံသောပုဂ္ဂိုလ်သည် မသေရာ”ဟူ၍ မဆိုသင့်။ |
8,361 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တတိယ သညာဝေဒယိတကထာ ပြီး၏။ |
8,362 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ ဤမည်သော သတ္တဝါသည် သေခြင်းသဘောရှိ၏၊ ဤမည်သော သတ္တဝါသည် သေခြင်းသဘော မရှိဟု သတ္တဝါတို့၏ သေခြင်းသဘောရှိသည်၏ အဖြစ်၌ မှတ်သားမူ မရှိ၊ ထို့ကြောင့် နိရောဓသမာပတ် ဝင်စားဆဲ ပုဂ္ဂိုလ်သည်လည်း သေရာ၏ဟု အယူရှိသူ ရာဇဂိရိကဂိုဏ်းဝင်တို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။ |
8,363 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ သေဆုံးသောသူအား မည်သည့်သေခြင်းအဆုံးရှိသော ဖဿစသော တရားတို့သည် ဖြစ်ရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
8,364 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ နိရောဓသမာပတ်ပုဂ္ဂိုလ်မှ ကြွင်းသော သတ္တဝါတို့ကို ရည်ရွယ်၍ ပရဝါဒီပုဂ္ဂိုလ်က ပဋိက္ခေပပြုလျက် ဖြေသည်။ |
8,365 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၄။ သမာပတ်၏ အာနုဘော်ကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
8,366 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅။ သတ္တဝါတို့၏ ကိုယ်သဘာဝကို ရည်ရွယ်၍ ဝန်ခံပြန်သည်။ |
8,367 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆။ အဆိပ်တက်ခြင်းစသည် ဖြစ်ခဲ့သော် သမာပတ်၏ အာနုဘော်မည်သည် မရှိတော့ရကား ဤပုစ္ဆာကို မေးလေသည်။ |
8,368 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇။ မှတ်သားမှု မရှိပါသော်လည်း သေခြင်းမှာ လျောက်ပတ်သော အခါ၌သာ သေ၏၊ မလျောက်ပတ်သောအခါ၌ မသေဟု ပြလို၍ ဤပုစ္ဆာကို တက်သည်။ |
8,369 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၅၄) ၁၀-အသညသတ္တုပိကကထာ၁ |
8,370 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၃၅။ သကဝါဒီ။ |
8,371 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်မှု နိရောဓသမာပတ်သည် အသည သတ်ဘုံသို့ ကပ်ရောက်နိုင်ပါသလော။ |
8,372 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် ကပ်ရောက်နိုင်ပါ၏။ |
8,373 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သောပုဂ္ဂိုလ်အား အလောဘဟူသော ကုသိုလ်မူလသည်၊ အဒေါသဟူသော ကုသိုလ်မူလသည်၊ အမောဟဟူသော ကုသိုလ်မူလသည်၊ သဒ္ဓါသည်၊ ဝီရိယသည်၊ သတိသည်၊ သမာဓိသည်၊ ပညာသည် ရှိပါသလော။ |
8,374 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သောပုဂ္ဂိုလ်အား အလောဘဟူသော ကုသိုလ်မူလသည်။ |
8,375 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အဒေါသဟူသော ကုသိုလ်မူလသည်။ |
8,376 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ပညာသည် မရှိပါသလော။ |
8,377 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သောပုဂ္ဂိုလ်အား အလောဘဟူသော ကုသိုလ်မူလသည်၊ အဒေါသဟူသော ကုသိုလ်မူလသည်၊ အမောဟဟူသော ကုသိုလ်မူလသည်၊ သဒ္ဓါသည်၊ ဝီရိယသည်၊ သတိသည်၊ သမာဓိသည်၊ ပညာသည် မရှိခဲ့ပါမူ “သညာဝေဒနာတို့၏ ချုပ်ခြင်း သို့ ရောက်မှု နိရောဓသမာပတ်သည် အသညသတ်ဘုံသို့ ကပ်ရောက်နိုင်၏”ဟူ၍ မဆိုသင့်။ |
8,378 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်မှု နိရောဓသမာပတ်သည် အသညသတ် ဘုံသို့ ကပ်ရောက်နိုင်ပါသလော။ |
8,379 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဖဿမရှိသော သူအား မဂ်ကို ပွါးစေမှုသည်။ |
8,380 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်မရှိသော သူအား မဂ်ကို ပွါးစေမှုသည် ရှိပါသလော။ |
8,381 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဖဿရှိသော သူအား မဂ်ကို ပွါးစေမှုသည်။ |
8,382 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်ရှိသော သူအား မဂ်ကို ပွါးစေမှုသည် ရှိသည်သာ မဟုတ်ပါလော။ |
8,383 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အရှင်ပရဝါဒီ ဖဿရှိသော သူအား မဂ်ကို ပွါးစေမှုသည်။ |
8,384 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်ရှိသော သူအား မဂ်ကို ပွါးစေမူသည် ရှိခဲ့ပါမူ “သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ကောင်းစွာ ရောက်မှု နိရောဓ သမာပတ်သည် အသညသတ် ဘုံသို့ ကပ်ရောက်နိုင်၏”ဟူ၍ မဆိုသင့်။ |
8,385 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အကြင်ပုဂ္ဂိုလ်တို့သည် သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်ကုန်၏၊ ထိုပုဂ္ဂိုလ် အားလုံးတို့သည် အသညသတ်ဘုံသို့ ကပ်ရောက်ပါကုန်သလော။ |
8,386 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၃၆။ ပရဝါဒီ။ |
8,387 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်မှု နိရောဓသမာပတ်သည် အသည သတ်ဘုံသို့ ကပ်ရောက်နိုင်၏”ဟူ၍ မဆိုသင့်ပါသလော။ |
8,388 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဤလူ့ဘုံ၌လည်း သညာမရှိသူသည် ထိုဗြဟ္မာ့ဘုံ၌လည်း သညာမရှိသူ ဖြစ်သည် မဟုတ်ပါလော။ |
8,389 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်သကဝါဒီ ဤလူ့ဘုံ၌လည်း သညာမရှိသူသည် ထိုဗြဟ္မာ့ဘုံ၌လည်း သညာမရှိသူ ဖြစ်ခဲ့ပါမူ ထို့ကြောင့် “သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်မှု နိရောဓသမာပတ်သည် အသညသတ် ဘုံသို့ ကပ်ရောက်နိုင်၏”ဟူ၍ ဆိုသင့်၏။ |
8,390 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အသညသတ္တုပိကကထာ ပြီး၏။ |
8,391 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ သညာ၌ တပ်ခြင်းကင်းသည်၏ အစွမ်းအားဖြင့် ဖြစ်သော ဘာဝနာဟူသော အသညသမာပတ်နှင့် နိရောဓသမာပတ်သည် သညာဝေဒယိတနိရောဓသမာပတ် မည်၏၊ ဤသို့လျှင် သညာဝေဒယိတနိရောဓသမာပတ်သည် လောကီ လောကုတ္တရာဟူ၍ နှစ်ပါးတို့ ဖြစ်ကုန်၏၊ ထိုတွင် လောကီသမာပတ်သည် ပုထုဇဉ်၏ အသညသတ်ဘုံသို့ ကပ်ရောက်ကြောင်း ဖြစ်၏၊ လောကုတ္တရာသမာပတ်သည် အရိယာတို့အားဖြစ်၏၊ ထို လောကုတ္တရာသ... |
8,392 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ အသညသမာပတ်ကို ဝင်စားသူအား အလောဘစသည်တို့ ရှိကုန်၏၊ နိရောဓသမာပတ်ကို ဝင်စားသူအား အလောဘစသည်တို့ မရှိကုန်၊ ထို့ကြောင့် ဤပုစ္ဆာကို တက်သည်။ |
8,393 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ သညာ၌ တပ်ခြင်းကင်းသည်၏ အစွမ်းအားဖြင့် ဝင်စားသည်၏ အဖြစ်ကြောင့် ဤလူ့ဘုံ၌ အသညီအဖြစ်ကို သကဝါဒီက ဝန်ခံခဲ့၏၊ ထိုဗြဟ္မာ့ဘုံ၌လည်း အသညသတ်၏ အဖြစ်ကြောင့်သာလျှင် အသညီအဖြစ်ကို ဝန်ခံအပ်၏၊ ထို့ကြောင့် ဤပဋိညာဉ်ကို ယူ၍ အယူကို တည်စေသူသည် ကောက်ကျစ်သော ဆလဝါဒဖြင့် တည်စေအပ်သည်သာတည်း။ |
8,394 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၅၅) ၁၁-ကမ္ဗူပစယကထာ၁ |
8,395 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၃၇။ သကဝါဒီ။ |
8,396 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ကံသည် တခြား ကံ၏ ပွါးစီးမှုသည် တခြားလော။ |
8,397 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဖဿသည် တခြား ဖဿ၏ ပွါးစီးမှုသည် တခြားလော။ |
8,398 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝေဒနာသည် တခြား ဝေဒနာ၏ ပွါးစီးမှုသည် တခြားလော။ |
8,399 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သညာသည် တခြား သညာ၏ ပွါးစီးမှုသည် တခြားလော။ |
8,400 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စေတနာသည် တခြား စေတနာ၏ ပွါးစီးမှုသည် တခြားလော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.