title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
စာသင်ကျောင်းများအတွက် ဆီးချိုရောဂါပညာပေး။ ကျောင်းသူနာပြုများ၏ တာဝန်ဝတ္တရားများအကြောင်း။
ဒီနေရာမှာသင်တို့လူအရေအတွက်နည်းတာ၊ သင်တို့အချိန်တွေမှာဖိအားတွေရှိနေတာ ကျွန်ုပ်တို့ သိပါတယ်။ ကျောင်းအများကြီးကရောဂါရှိတဲ့ ကလေးတိုင်းကို ဖြန့်ကျက်ပြီးဂရုစိုက် စောင့်ရှောက်ပေးနိုင်ဖို့ မဖြစ်နိုင်မှန်းလည်းသိပါတယ်။ ဒါပေမယ့် ကလေးဆီးချိုကျွမ်းကျင်သူနာပြု ထားခြင်းအားဖြင့် ကျောင်းတွေဟာဆီးချိုရှိတဲ့ကလေးတွေအတွက် မှန်ကန်တဲ့ အထောက်အကူပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်။ရောဂါရှိနေတဲ့ကျောင်းသားတွေကိုစောင့်ရှောက်ရမယ့် ကျောင်းသူနာပြုတစ်ယောက်ရဲ့ အဓိကတာဝန်တစ်ခုကတော့ လုံလောက်တဲ့ဝန်ထမ်းအရေအတွက်ကို လေ့ကျင့်ပေးနိုင်ရဲ့လား၊ ကလေးဟာကောင်းမွန်စွာဂရုစိုက်ခံရရဲ့လားအတည်ပြုပေးဖို့ပါပဲ။ဆီးချိုရောဂါသည်ကလေးတစ်ယောက်ရှိတဲ့ ကျောင်းတစ်ကျောင်းမှာလေ့ကျင့်ပေးထားတဲ့ဝန်ထမ်း အနည်းဆုံး ၂ယောက်ရှိသင့်ပါတယ်။ဆီးချိုရောဂါသည်ကလေးတိုင်းမှာကလေးဆီးချိုအထူးပြုသူနာပြုကိုယ်စီရှိသင့်ပါတယ်။ သူနာပြုဟာဘယ်ကလေးဟာအကူအညီလိုသလဲဆိုတာသိထားရပြီးသူတို့ တစ်ယောက်ချင်းစီအတွက် ကျန်းမာရေးစောင့်ရှောက်မှုစီမံချက်ကိုစုစည်းထားဖို့၊ နေရာတကျ လေ့ကျင့်ပေးဖို့၊ ကျွမ်းကျင်တတ်မြောက်သွားတဲ့ ဝန်ထမ်းတွေကို သင်တန်းဆင်းပေးဖို့ တာဝန်ရှိပါတယ်။ တကယ်လို့ ဝန်ဆောင်မှုမပေးနိုင်ရင် ကလေးကျန်းမာရေးစောင့်ရှောက်ပေးတဲ့အဖွဲ့နဲ့ ချိတ်ဆက်ထားဖို့ ကျောင်းမှာ ကျွမ်းကျင်သူရှိမရှိ၊ သင်တန်းပေးဖို့ နေရာရှိမရှိ ကြည့်ရှုထားဖို့ လိုပါတယ်။ကျောင်းတွေအနေနဲ့ ကျောင်းဝန်ထမ်းတွေအားလုံးဟာ ကလေးရဲ့ဆီးချိုရောဂါကိုသိရှိထားဖို့၊ တကိုယ်ရေကျန်းမာရေးစီမံချက်ကိုနားလည်ထားဖို့ အတည်ပြုပေးသင့်ပါတယ်။ သင့်အနေနဲ့ တခြားဝန်ထမ်းတွေကို ဆီးချိုအကြောင်းသိသင့်သိထိုက်တာတွေ လေ့ကျင့်စီစဉ်ပေးနိုင်ဖို့ တောင်းခံလာနိုင်ပါတယ်။ စီစဉ်မှုတွေပေါ်မူတည်ပြီးလေ့ကျင့်ခြင်းမှာ တစိတ်တပိုင်းပါဝင်နိုင်ပါတယ်။ကျောင်းတွေအနေနဲ့ ဝန်ထမ်းတွေဟာ အရေးပေါ်ကြုံလာရင် ဘယ်ုလိဆောင်ရွက်ရမယ်ဆိုတာသိနေစေဖို့ လုပ်ဆောင်ထားသင့်ပါတယ်။ သင်ဟာ ဝန်ထမ်းတွေကို လေ့ကျင့်ပေးရာမှာသူတို့အနေနဲ့ ယုံကြည်ချက်ရှိရှိနဲ့ အရေးပေါ်ဖြစ်လာရင် ဘာလုပ်ရမယ်ဆိုတာ၊ ဘယ်လိုအခြေအနေဟာအရေးပေါ်ကိစ္စဖြစ်တယ်ဆိုတာတွေကိုလေ့ကျင့်ပေးထားရပါမယ်။သင့်အနေနဲ့ ဆီးချိုရောဂါသည်ကလေးတွေဟာကျောင်းမှာမှန်ကန်တဲ့ အထောက်အကူရမရကူညီစီစစ်ပေးသင့်ပါတယ်။ မိဘတွေ၊ ကလေးဆီးချိုအထူးပြုသူနာပြုတွေနဲ့ ချိတ်ဆက်နေဖို့ လိုအပ်ပါတယ်။ကျောင်းတွေမှာရှိတဲ့ ဆီးချိုရောဂါသည်ကလေးတိုင်းအတွက် မှတ်တမ်းလုပ်ထားသင့်ပြီးသူတို့ရဲ့ နောက်ဆုံးကျန်းမာရေးမှတ်တမ်းတွေကိုသိရှိထားသင့်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%85%e1%80%ac%e1%80%9e%e1%80%84%e1%80%b9%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%86/
ဘေဘီလေးတွေ ခြေစွယ်ငုပ်တဲ့အခါ
ကလေးရဲ့တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ခြေသည်းလေးတွေကို ပုံမှန် ဂရုစိုက်ပေးဖို့ လိုပါမယ်။ဘေဘီလေးတွေအရွယ်က ဘာဖြစ်နေတယ်ဆိုတာကို ပြောဖို့ နေနေသာသာ အမူအရာနဲ့တောင် ဖော်ပြနိုင်သေးတာ မဟုတ်တာကြောင့် မေမေဖေဖေတို့က သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဘေဘီလေးတွေက ခြေသည်းတွေ အရှည်မြန်ကြတာကြောင့်ခြေသည်းလေးတွေကို သေချာဂရုစိုက်ပေးတာက ဘေဘီလေးတွေကို နာကျင်တဲ့ခြေစွယ်ငုပ်တဲ့ ပြဿနာကနေ ကာကွယ်ရော ရောက်ပါတယ်။ဘေဘီလေးတွေကလှုပ်ရှားမှုမရှိသေးပေမယ့် ခြေမခြေသည်းမှာ ခြေစွယ်ငုပ်တာကို ခံစားရနိုင်ပါတယ်။ ခြေစွယ်ငုပ်တယ်ဆိုတာ ခြေသည်းအစွန်းလေးတွေက အသားထဲကို နစ်ဝင်နေတာမျိုးပါ။ ဒီလိုအခြေအနေမျိုးမှာ ဘေဘီလေးရဲ့။ဘေဘီလေးတွေမှာ ခြေစွယ်ငုပ်စေတဲ့ အကြောင်းအရင်းက။ဘေဘီလေးတွေက ခြေစွယ်ငုပ်နေတဲ့အခါ တော်တော်လေး နာနေနိုင်ပါတယ်။ ဒီပြဿနာကို သက်သာစေဖို့ဆိုရင်။ခြေထောက်ကို ရေနွေးနွေးလေး စိမ်ပေးပါ။ဘေဘီလေးက ခြေစွယ်ငုပ်နေတဲ့အခါ ခြေစွယ်ငုပ်နေတဲ့ ခြေထောက်လေးကိုရေနွေးနွေးလေးထဲ စိမ်ပေးပါ။ ရေနွေးနွေးလေးထဲမှာ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်အထိ စိမ်ပေးထားတာက ဘေဘီလေးကို ခြေစွယ်ငုပ်တာ သက်သာစေမှာပါ။ ရေနွေး အရမ်းမပူစေဖို့ သတိထားသင့်ပါတယ်။နှိပ်ပေးပါ။ရေနွေးစိမ်ပြီးတဲ့အခါ ခြေထောက်ကို ရေခြောက်အောင် သုတ်ပေးပြီး ခြေမရဲ့ ပတ်ပတ်လည်ကို လက်ချောင်းလေးတွေ သုံးလို့ ခပ်ဖွဖွလေး နှိပ်ပေးပါ။ ဒီလို လုပ်ပေးတာက ငုပ်နေတဲ့ ခြေစွယ်ကို ပုံစံမှန်သွားစေဖို့ အကူအညီပေးနိုင်ပါတယ်။ ကလေးက ခြေစွယ်ငုပ်တာ နည်းနည်း သက်သာလာတဲ့အခါ ခြေသည်းလေးကို သေချာလေး ပုံစံချပေးတာမျိုး လုပ်ပေးပါ။antibiotic creamလိမ်းပေးပါ။ဘေဘီလေး ခြေစွယ်ငုပ်တဲ့အခါ ခြေစွယ်ငုပ်တာကို သက်သာစေဖို့နဲ့ ပိုးဝင် ကူးစက်တာမျိုး မဖြစ်စေဖို့ ခြေစွယ်ငုပ်တဲ့နေရာကို antibiotic cream တစ်ခုခု လိမ်းပေးပါ။ ဘေဘီလေးရဲ့ပါးစပ်ထဲကို ဆေးတွေဝင်တာမျိုး မဖြစ်စေဖို့ အိပ်ချိန်မှာသာ ကလေးကိုဆေးလိမ်းပေးပါ။ခြေစွယ်ငုပ်တဲ့နေရာကို ဂရုစိုက်ပေးပါ။ခြေစွယ်ငုပ်တဲ့အခါ ခြေစွယ်ငုပ်နေတဲ့နေရာကိုပတ်တီးခပ်ဖွဖွလေး စည်းပေးထားတာ ချည်သားခြေအိတ်ပွပွချောင်ချောင်လေး ဝတ်ပေးထားတာ မျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ပိုးဝင်တာမျိုး မဖြစ်အောင် ကာကွယ်ရာ ရောက်သလို ခဏခဏထိမိတာ ဖိမိတာမျိုး မဖြစ်စေဘဲ မြန်မြန် သက်သာစေဖို့ အထောက်အကူ ပြုပေးနိုင်ပါတယ်။ရေနွေးဝတ်ကပ်ပေးပါ။ဘေဘီလေးကို ခြေစွယ်ငုပ်တာ သက်သာစေဖို့ လုပ်လို့ရတဲ့ နောက်တစ်နည်းက တဘက်စလေးကို ရေနွေးစိမ်ပြီး ကပ်ပေးတာက ဒါကပြည်တွေရှိနေရင်လည်း သက်သာစေနိုင်သလို အနာသက်သာစေဖို့လည်း အထောက်အကူ ပြုပေးပါတယ်။ဘေဘီလေးကို ခြေစွယ် မငုပ်စေဖို့ဆိုရင်။ကဲ… ဘေဘီလေးကို ခြေစွယ်ငုပ်တာကြောင့် နာကျင်မှု ကင်းအောင် ဂရုစိုက်လိုက်ပါ မေမေတို့ရေ………..။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/how-to-prevent-and-treat-a-babys-ingrown-toenails/
ကလေးကြီးတဲ့အထိ နို့မှုန့်ဆက်တိုက်သင့်တဲ့ အကြောင်းအရင်း
မိဘတွေအတွက်တော့ ကလေးမွေးတဲ့အချိန်က စပြီး ကြီးပြင်းလာတဲ့အထိအစာအာဟာရစုံလင်အောင် ကျွေးနိုင်ဖို့ဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ကလေးအရွယ်ဆိုတာလည်း ကြီးထွားဖွံ့ဖြိုးမှု အကောင်းဆုံးအရွယ် ဖြစ်နေတာဆိုတော့ အစာအာဟာရနဲ့ ပတ်သက်ပြီး လုံးဝပေါ့ဆလို့ မဖြစ်ပါဘူး။ကလေး မွေးကင်းစအရွယ်မှ အသက် ၆ လထိတော့ မိခင်နို့တစ်မျိုးတည်း တိုက်သင့်တယ်ဆိုတာတော့မေမေတိုင်း သိထားပြီး ဖြစ်မှာပါ။ မိခင်နို့မှာ ကိုယ့် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဦးနှောက်ဉာဏ်ရည်အတွက် အကျိုးဖြစ်စေမယ့် ဗီတာမင်နဲ့ အာဟာရဓာတ်တွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ ဝမ်းချုပ်တာ၊ဖျားနာတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးမယ့် anti-bodies တွေ အများအပြား ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ့်ကလေး အသက် ၆ လ ပြည့်တဲ့အထိ မိခင်နို့ကိုသာ မဖြစ်မနေ တိုက်သင့်တယ်နော်။အသက် ၆လ နောက်ပိုင်းကနေ ၂နှစ် အထိမိခင်နို့ကို ဆက်ပြီးတိုက်လို့ ရပါသေးတယ်။ အသက် ၂နှစ်ကျော်တဲ့အခါမှာတော့ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အာဟာရဓာတ်တွေ ပိုပြီး လိုအပ်လာပြီဖြစ်လို့ ကလေးအာဟာရဓာတ်ပြည့်စုံဖို့အတွက် တခြားဖြည့်စွက်အာဟာရအနေနဲ့ နို့မှုန့်တိုက်တာ၊ အမာစာတွေ စတင်ကျွေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ တခြားအချိုရည်တွေ အအေးတွေတိုက်ကျွေးမယ့်အစား နို့မှုန့်ကို ဖြည့်စွက်အာဟာရအဖြစ် တိုက်ပေးတာကတော့ အကောင်းဆုံးပါပဲ။ပုံမှန်အားဖြင့်တော့ ကလေးရဲ့ အသက် ၄နှစ် ဝန်းကျင်လောက်ထိ နို့မှုန့်ဖျော်တိုက်ကြပေမယ့် တကယ်တော့ ကလေး အသက် ၉နှစ်အထိ နို့မှုန့်ဖျော်တိုက်လို့ ရပါတယ်။ ကလေးဟာ အသက်ကြီးလာလေ အာဟာရဓာတ်တွေ ပိုမိုလိုအပ်လာလေ ဖြစ်တာကြောင့် နေ့စဉ် စားသုံးနေတဲ့ အစာအာဟာရတင် မကဘဲ ဖြည့်စွက်အာဟာရအနေနဲ့ ကလေးကိုကျွေးတာ အကောင်းဆုံးပါပဲ။ လိုအပ်တဲ့ အာဟာရဓာတ်တွေကို စုံလင်စွာ ကျွေးနိုင်ပါမှ ကိုယ့်ကလေးက သူများကလေးတွေနဲ့ ယှဉ်လိုက်ရင် ကိုယ်ခန္ဓာအချိုးအစား၊ ဦးနှောက်ဉာဏ်ရည်၊ ကြီးထွားမှု အပိုင်းမှာ အပြတ်အသတ် သာနေမှာပါ။ပုံမှန်အားဖြင့် အတွေ့များတဲ့ နို့မှုန့် အမျိုးအစားတွေက။• နွားနို့ကနေ အခြေခံပြီး ထုတ်ထားတဲ့ နို့မှုန့်။• ဆိတ်နို့ကနေ အခြေခံပြီး ထုတ်ထားတဲ့ နို့မှုန့်။• ပဲနို့ကနေ အခြေခံပြီး ထုတ်ထားတဲ့ နို့မှုန့်။• Hydrolysed Protein ဓာတ်ကို အခြေခံပြီး ထုတ်ထားတဲ့ နို့မှုန့် ဆိုပြီး (၄) မျိုး ရှိပါတယ်။နွားနို့ အခြေခံ ထုတ်ထားတဲ့ နို့မှုန့် အမျိုးအစားတွေကို အများဆုံး ရွေးချယ်တတ်ကြပါတယ်။ နွားနို့နဲ့ ဓာတ်မတည့်တဲ့ ကလေးတွေအတွက် ဆိတ်နို့ သို့မဟုတ် ပဲနို့ကနေ အခြေခံ ထုတ်ထားတဲ့နို့မှုန့်တွေကို ရွေးချယ်လို့ ရပါတယ်။ တော်ရုံနဲ့ အစာမကြေတတ်တဲ့ ကလေးတွေအတွက် Hydrolysed Protein နို့မှုန့်တွေကို ရွေးချယ်သင့်ပါတယ်။၁။ နို့မှုန့်မှာ ကလေးတွေအတွက် လိုအပ်တဲ့ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အပြည့်အဝ ပါဝင်ပါတယ်။ တစ်ခါတလေ အစားအစာကနေ ရတဲ့ အာဟာရက မလုံလောက်ခဲ့ရင် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုဟာ နှောင့်နှေးသွားနိုင်တဲ့အတွက် နို့မှုန့်ကို ဖြည့်စွက်ကျွေးသင့်ပါတယ်။၂။ နို့မှုန့်မှာ ကလေးရဲ့ဦးနှောက်ဉာဏ်ရည်ကို မြှင့်တင်ပေးမယ့် DHA၊ Omega-3 နဲ့ Omega-6 ဓာတ်တွေ ပါဝင်တာကြောင့် ကလေးငယ်စဉ်မှာ ပုံမှန်နို့မှုန့်တိုက်ကျွေးခြင်းဖြင့် ကျောင်းနေတဲ့အတွက် ကလေးရဲ့ ပညာရေးပိုင်းမှာလည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။၃။ နို့မှုန့်မှာပရိုတင်းဓာတ်ပါဝင်လို့ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေပြီး ပိန်လွန်းတာ၊ ဝလွန်းတာမျိုး မဖြစ်စေဘဲ အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်မျိုး ဖြစ်အောင် ထိန်းညှိပေးနိုင်မှာပါ။102။၄။ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်တဲ့အတွက် ကလေး အလွယ်တကူ ဖျားနာခြင်း မရှိအောင် ကာကွယ်ပေးသလို ပြင်ပက ဝင်လာနိုင်တဲ့ ရောဂါပိုးတွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။၅။ကယ်လ်စီယမ်ဓာတ် ပြည့်ဝစွာ ပါဝင်လို့ ကလေးရဲ့ အရိုးအဆစ်နဲ့ သွားတွေကို ကြံ့ခိုင်စေတယ်။ အရပ်မြန်မြန် ရှည်ထွက်လာစေဖို့လည်း ကူညီပေးနိုင်ပါတယ်။ဒါကြောင့် ကိုယ့်ရဲ့ ကလေးကို ဘာစားစား ပြီးရော ကျွေးတာမျိုးထက် ကလေးအတွက် အကျိုးလည်းရှိ၊ အာဟာရဓာတ်တွေလည်း များများ ပေးစွမ်းနိုင်မယ့် အရာတွေကိုပဲ သေချာကျွေးမွေးတာက ပိုအကျိုးရှိသလို မိဘတွေအတွက်လည်း ငွေကုန်ကြေးကျ ပိုပြီးသက်သာစေနိုင်ပါတယ်နော်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/why-should-you-continue-feeding-the-kids-formula-milk-until-9/
ကိုယ့်အဖျား သူများဆီမကူးအောင် ဒါတွေလုပ်ပါ
ကိုယ့်အဖျား သူများဆီမကူးအောင် ဒါတွေလုပ်ပါ ….. ဘယ်သူတစ်ဦးတစ်ယောက်မှတော့ ကိုယ့်ကြောင့် ကိုယ်ချစ်ခင်ရတဲ့မိသားစုဝင်တွေ၊သူငယ်ချင်းတွေ၊ မိတ်ဆွေတွေဖျားနာတာကိုမြင်ချင်မှာမဟုတ်ပါဘူး။ ကိုယ်တိုင်ဖျားနာလို့ စိတ်ညစ်ပါတယ်ဆိုမှာ ကိုယ့်ကြောင့်သူတို့တွေဖျားရင် အားနာရတဲ့စိတ်ကတော်တော်လေး စိတ်မကောင်းဖြစ်စေတယ်နော်။ ဒီလိုမျိုး အားနာစိတ်မကောင်းဖြစ်ရတာမျိုးမဖြစ်ချင်ဘူးဆိုရင် ဒီအချက်လေးတွေ သိထားဖို့လိုမယ်ထင်တယ်နော်။ ဒါမှ ကိုယ့်ကြောင့် ကိုယ်ချစ်ရတဲ့သူတွေဖျားနာမှုခံစားရတာကနေ ကင်းဝေးစေမှာပါ။အဓိကကတော့ လူတစ်ယောက်ဆီကနေလူတစ်ယောက်ဆီကိုချောင်းဆိုးတာနှာချေတာတွေကနေတဆင့်ရောဂါပိုးတွေကလေထဲမှာပြန့်နှံ့သွားပြီး ကူးစက်တာပါ။ ဖျားနာနေတဲ့လူချောင်းဆိုး နှာချေမှုကြောင့်ခန္ဓါကိုယ်ြပင်ပကိုရောက်လာတဲ့ရောဂါပိုးတွေကလေထဲကနေတဆင့် လွှင့်သွားပြီး အနီးမှာရှိနေတဲ့သူတွေရဲ့ ပါးစပ်နဲ့နှာခေါင်းတွေဆီကိုရောက်ရှိသွားပြီး ကိုယ်တွင်းကို ကူးစက်ဝင်ရောက်တာပါ။ရောဂါရှိသူရဲ့တံတွေး၊နှာရည်တို့ထိတွေ့ထားတဲ့နေရာတွေကို ထိတွေ့မိမှုကနေတဆင့်လည်းအဖျားကူးစက်နိုင်ပါသေးတယ်။အအေးမိတုပ်ကွေး ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေက တံခါးလက်ကိုင်ဖုတွေ၊ စားပွဲခုံတွေနဲ့ ထိုင်ခုံလိုမျိုးနေရာတွေမှာ ၂ နာရီကြာအထိရှင်သန်နေနိုင်ပါတယ်။ အချို့ဗိုင်းရပ်စ်တွေဆိုရင်ပြင်ပလေထုထဲမှာ အချိန် ၂ နာရီကျော်တဲ့ အထိရှင်သန်နေနိုင်ပါတယ်။ကိုယ့်အဖျား သူများဆီမကူးအောင် ဒါတွေလုပ်ပါ …..။လက်တွေကို စင်ကြယ်အောင်ဆေးကြောပေးပါ– လက်ဆေးတာကတစ်ကိုယ်ရေသန့်ရှင်းရေးအတွက် မဖြစ်မနေလိုအပ်တဲ့ အချက်တစ်ခုပါ။ရေနဲ့ပဲဆေးကြောတာမျိုးမလုပ်ဘဲဆပ်ပြာသုံးပြီးဆေးကြောပေးပါ။ရေအလွယ်တကူမရနိုင်ဘူးဆိုရင်ရေမလိုလက်သန့်ဆေးရည်သုံးပြီးဆေးကြောသန့်စင်ပေးလိုက်ပါ။မျက်နှာကို လက်နဲ့ခဏခဏမကိုင်ပါနဲ့ –လူတော်တော်များများက တစ်မိနစ်မှာ ပျမ်းမျှအနေနဲ့ မျက်နှာကို ၂ ကြိမ်ကနေ ၃ ကြိမ်လောက်အထိကိုင်တွယ်ထိတွေ့တတ်ကြပါတယ်။ လက်မှာ မမြင်နိုင်တဲ့ဘက်တီးရီးယားများစွာကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် လက်ကိုသေချာမဆေးကြောဘဲနဲ့ မျက်နှာကို ခဏခဏ မကိုင်ပါနဲ့။ မလိုအပ်ဘဲရောဂါပိုးတွေပြန့်နှံ့နိုင်တာကြောင့်ပါ။နီးနီးကပ်ကပ်စကားပြောတာမျိုးမလုပ်ပါနဲ့– ဖျားနာနေချိန်မှာ လူတွေနဲ့ နီးနီးကပ်ကပ်စကားပြောဆိုတာမျိုးမလုပ်ပါနဲ့။ရောဂါပိုးကူးစက်နိုင်တာကြောင့်ပါ။နေမကောင်းဖြစ်နေချိန်မှာ ချစ်ခင်ရသူတစ်ဦးဦးကို နမ်းရှုတ်တာမျိုးမလုပ်မိဖို့လည်း သတိထားပါ။အသုံးများတဲ့ ပစ္စည်းတွေကို ပိုးသတ်ပါ– အသုံးများတဲ့ ပစ္စည်းတွေဖြစ်ကြတဲ့ တယ်လီဖုန်း၊ ကွန်ပျူတာ ကီးဘုတ်၊ စားပွဲခုံ၊ ထိုင်ခုံတွေနဲ့ တံခါးလက်ကိုင်၊ ရီမု နဲ့ အခြားသော မိသားစုတွေအားလုံးလိုလို အသုံးပြုနေတဲ့ ပစ္စည်းတွေနဲ့ တစ်နေ့တာမှာ ကိုင်တွယ်ထိတွေ့ရတာများတဲ့ ပစ္စည်းပစ္စယတွေကို ပိုးသတ်ပေးပါ။ ဒါမှ အခြားသူတွေကို အဖျားမကူးအောင်ကာကွယ်ပြီးသားဖြစ်မှာပါ။တစ်ယောက်တည်း သီးသန့်နေပါ-နေမကောင်းလို့ အားငယ်နေမှာသိပေမယ့်ဖြစ်နိုင်မယ်ဆိုရင် တစ်ယောက်တည်းနေတာ ပိုကောင်းပါတယ်။ ဒါမှရောဂါပိုးတွေကူးစက်ခံရမှုကိုလျှော့ချပေးနိုင်ပါတယ်။ လုပ်ဖို့ခက်ပေမယ့်နေမကောင်းတဲ့အခါ တစ်ယောက်တည်းသီးသန့်ခွဲနေလိုက်တာက ကိုယ်ချစ်ရတဲ့သူတွေကို အဖျားမကူးစက်ခံရအောင်ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးသောနည်းလမ်းတစ်ခုပါ။ချောင်းဆိုး၊ နှာချေတဲ့အခါ ပါးစပ်နဲ့နှာခေါင်းကို အုပ်ထားပေးပါ-ဖျားနေတဲ့အချိန်မှာ ချောင်းဆိုးရင်ဖြစ်ဖြစ် နှာချေရင်ဖြစ်ဖြစ်ပါးစပ်နဲ့နှာခေါင်းကို လက်နဲ့အုပ်ထားပါ။ဖြစ်နိုင်ရင်တော့ လက်ကိုင်ပဝါ ဒါမှမဟုတ် တစ်သျှူးစနဲ့အုပ်ထားပေးပါ။ ဒီလိုလုပ်ပေးတာကရောဂါပိုးတွေပြန့်နှံ့တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ကျန်းမာရေးနဲ့ညီညွတ်တဲ့အလေ့အထတွေကိုမွေးမြူပါ –မိသားစုဝင်တွေကို ကိုယ့်ကြောင့်ဖျားနာတာမျိုးမဖြစ်စေချင်ဘူးဆိုရင်ကိုယ်ခံအားကောင်းစေဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အလေ့အထတွေကိုမွေးမြူပေးပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာ၊ ကျန်းမာရေးနဲ့ညီညွတ်မျှတအောင် အာဟာရပြည့်ဝတဲ့အစားအစာတွေကို စားသုံးပေးတာ၊အိပ်ရေးဝအောင်အိပ်စက်တာ၊ရေဓါတ်ပြည့်ဝအောင်သောက်သုံးတာ၊ဆေးလိပ်နဲ့အရက်တွေကိုရှောင်တာလိုမျိုး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထတွေကိုမွေးမြူပေးပါ။ပစ္စည်းတွေကို မျှမသုံးပါနဲ့– အစားအသောက်တွေကို စားတဲ့အခါမှာ ဘယ်လောက်ပဲချစ်ချစ် ဖျားနေချိန်မှာတော့ ဇွန်းတွေ ခရင်းတွေနဲ့ သောက်ရေခွက်တွေကို အတူတူမျှသုံးတာမျိုးမလုပ်ပါနဲ့။ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေဖြစ်တဲ့သွားပွတ်တံလိုမျိုးအရာတွေကို မျှမသုံးပါနဲ့။လေဒီတွေအနေနဲ့နောက်ထပ်သတိထားရမှာတစ်ခုက နှုတ်ခမ်းနီတစ်ခုထဲကို မျှဆိုးတာမျိုးမလုပ်ဖို့ပါ။ကြိုတင်ကာကွယ်မှုလုပ်ပါ– အအေးမိတုပ်ကွေးဖြစ်တဲ့အခါ ခံစားရတဲ့ဝေဒနာကတော်တော်လေးဆိုးပါတယ်။ ဒါကြောင့် ဖျားနာလာမှဆေးကုသမှုခံယူတာထက် မဖြစ်ခင်ကကြိုတင်ကာကွယ်လို့ရတာမျိုးကို ကြိုလုပ်ထားပေးပါ။မြင်သာအောင်ပြောပြရရင် တုပ်ကွေးကာကွယ်ဆေးကြိုထိုးတာမျိုး၊ အဖျားငွေ့ငွေ့လေးဖြစ်ကတည်းကဆေးခန်းပြတာမျိုး၊အအေးမိတုပ်ကွေးကိုကာကွယ်ပေးနိုင်တဲ့ဆေးဝါးမျိုးကိုဆောင်ထားပြီး အသုံးပြုပေးတာမျိုးပါ။အခုပြောခဲ့တဲ့အချက်လေးတွေကို လိုက်ပါလုပ်ဆောင်ကြည့်ပြီး ချစ်ရတဲ့သူတွေကို ကိုယ့်ကြောင့်ရောဂါမခံစားရအောင် ကာကွယ်ပေးလိုက်ပါနော်…..။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/how-not-to-spread-the-flu-2/
စမတ်ကျကျ အရက်သောက်ကြမယ်။
သင်ဟာ ပထမဆုံး အရက်သောက်ဖူးတဲ့သူဆိုပါတော့။ ဘားတစ်ခုကိုသွားတယ်။ သူငယ်ချင်းတွေက သင့်အတွက် တစ်ခွက်ငှဲ့ပေးတယ်။ ပေးတဲ့အတိုင်းသောက်ချလိုက်တယ်။ လည်ချောင်းထဲတော့ ခါးခါးပူပူကြီးဆင်းသွားတယ်။ အရသာမကောင်းတဲ့အတွက် နောက်တစ်ခေါက် သောက်ဖို့ တွန့်သွားတယ်။ ခဏနေကျတော့ တစ်ကိုယ်လုံး ပူရှိန်းရှိန်းနဲ့နေလို့ကောင်းလာတယ်။ နောက်တစ်ခွက်ထပ်သောက်ပြီးတဲ့ချိန်မှာ စကားတွေပိုပြောလို့ကောင်းလာတယ်။ ပျော်လာတယ်။ ဒီလိုနဲ့ နောက်တစ်ခွက်၊ နောက်တစ်ခွက်ဆိုပြီး ဒယိမ်းဒယိုင်ဖြစ်လာတယ်၊ စကားတွေကလည်း မပီတော့ဘူး၊ အိမ်ဘယ်လိုရောက်သွားလည်း မမှတ်မိဘူးတွေဖြစ်လာတယ်။ဒါဟာ ပထမဆုံး အရက်သောက်တဲ့သူတွေတင်မဟုတ်ဘဲ အရက်သောက်တဲ့သူတိုင်း ကိုယ်သောက်နေကျ ပမာဏအရ တစ်ဆင့်ပြီး တစ်ဆင့် အမူအရာပြောင်းလဲမှုတွေပါ။ လူတိုင်းကို ဒီလိုဖြစ်မယ်ဆိုပြီး ပုံသေသတ်မှတ်လို့တော့မရပါဘူး။ အရက်သောက်ရတာကြိုက်တဲ့သူတွေရော အရက်ခုမှစသောက်မယ့်သူတွေရော ကိုယ့်ခန္ဓာကိုယ်ဟာ အရက်ကို ဘယ်လိုတုန့်ပြန်လဲဆိုတာကို စိတ်ဝင်စားရင် ဆောင်းပါးလေးကို ဆက်ဖတ်ကြည့်ကြပါဦး။အရက်၊ ဘီယာ၊ ဝိုင်၊ ဆေးလိပ် စသဖြင့် အမျိုးမျိုးသော လူကို မူးစေနိုင်တဲ့ အရာတွေရှိတဲ့ထဲကမှ အီသနော (ethanol) အရက်ဟာ မူးတာရဲ့ အဓိကတရားခံဖြစ်ပါတယ်။အီသနောဟာ ရေထဲမှာ အလွယ်တကူပျော်ဝင်ပါတယ်။ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရည်တွေ သွေးတွေကလည်း ရေနဲ့ ပဲဖွဲ့စည်းထားတာမို့ အီသနောဟာ သွေးထဲကို ပျော်ဝင်သွားပါတယ်။ သွေးထဲကနေတဆင့့်ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့ကို ရောက်ပါတယ်။ စစသောက်တဲ့ချိန်ကနေ ၄၅ မိနစ်ကနေ မိနစ် ၉၀ အတွင်း သွေးထဲမှာ အယ်ကိုဟောပမာဏဟာ အမြင့်ဆုံးမှာရောက်နေပါတယ်။သင့်ရဲ့ ခန္ဓာကိုယ်ဟာ အရက်ကို အဆိပ်လို့ပဲမြင်ပါတယ်။ ဒါကြောင့် အသည်းက မသိုလှောင်ပဲနဲ့ အရက်ကို အင်ဇိုင်း (enzymes) တွေအသုံးပြုပြီး ချေဖျက်ပါတယ်။ အဲထဲက အင်ဇိုင်းတစ်မျိုးကို အယ်ကိုဟော ဒီဟိုင်ဒရိုဂျင်နေစ် (alcohol dehydrogenase) လို့ခေါ်ပြီးတော့ အရက်ကို အယ်စီတယ်လ်ဒီဟိုဒ် (acetaldehyde) ဆိုတဲ့ ကွန်ပေါင်းတစ်ခုဖြစ်လာအောင်ချေဖျက်ပေးပြီး ခန္ဓာကိုယ်က အလွယ်တကူစွန့်ထုတ်နိုင်အောင် လုပ်ပေးပါတယ်။ တစ်ခါတစ်လေ ဒီ ကွန်ပေါင်းကပဲ မနက်ကျရင် အရက်နာကျတာတွေကို ဖြစ်စေပါတယ်။ အသည်းက စုပ်ယူဖျက်စီးနိုင်တဲ့ပမာဏထက်ကျော်လွန်သွားတဲ့အခါမှာ သွေးထဲကို အရက်တွေရောက်သွားပြီး စမူးလာပါတယ်။သွေးထဲကနေတဆင့် ဦးနှောက်ထဲကို ရောက်ရင် ဦးနှောက်ထဲမှာရှိတဲ့ ဂလူတမိတ်လက်ခံပစ္စည်း (glutamate receptors) တွေရယ် ဂါမာအမိုင်နိုဘူတရစ်အက်ဆစ်လက်ခံပစ္စည်း (GABA receptors) တွေနဲ့ ပေါင်းပါတယ်။ ဒီလိုပေါင်းလိုက်တာဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို နှေးကွေးတာတွေဖြစ်စေပြီးတော့ စကားပြောနှေးတာ၊ မှတ်ဉာဏ်ပျောက်သွားတာတွေ၊ လမ်းလျှောက်တာမမှန်တော့တာတွေ၊ တုံ့ပြန်မှုနှေးကွေးသွားတာတွေဖြစ်တာတွေဖြစ်သွားကြပါတယ်။ဒါပေမဲ့ အီသနောဟာ နှေးကွေးတာကိုပဲဖြစ်စေတာမဟုတ်ပါဘူး။ ဦးနှောက်ထဲမှာရှိတဲ့ သာယာပျော်ရွှင်စေတဲ့ ဟော်မုန်းတွေဖြစ်တဲ့ ဒိုပါမင်း (dopamine) တို့ အန်ဒေါဖင်း (endorphins) တို့ကိုလဲ ထွက်စေပါတယ်။ ဒါကြောင့် အရက်သောက်ပြီး ပျော်တယ်၊ ကချင် ခုန်ချင်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာတာပါ။ဒါဟာ ဆေးပညာအရလည်းမှန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့။၁။ ယောကျာ်းလေးတွေမှာ မိန်းကလေးတွေနဲ့ ယှဉ်ရင် ကြွက်သားပမာဏပိုများပါတယ်။ ကြွက်သားတွေကို ရေတွေနဲ့ ဖွဲ့စည်းထားတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲဝင်လာတဲ့အရက်ကို ရေနဲ့ရောလိုက်သလိုဖြစ်သွားပြီး သိပ်မမူးတော့ဘူးပေါ့။၂။ မိန်းကလေးတွေမှာ အရက်ကို ချေဖျက်ပေးနိုင်တဲ့ အသည်းက အင်ဇိုင်း အယ်ကိုဟော ဒီဟိုင်ဒရိုဂျင်နေစ် (alcohol dehydrogenase) က ယောကျ်ားလေးတွေနဲ့ ယှဉ်ရင် ပမာဏနည်းတာကို တွေ့ရပါတယ်။ ဒါကြောင့် ချေဖျက်နိုင်စွမ်းအားနည်းပြီးတော့ နည်းနည်းသောက်တာနဲ့ မြန်မြန်ပိုမူးတတ်ပါတယ်။အရက်သောက်နိုင်မသောက်နိုင်ကို ဆုံးဖြတ်ပေးတဲ့ တခြားအရာတွေကတော့ အသက်ရယ် သောက်လာတဲ့အချိန်ပမာဏပါ။ အသက်ကြီးတဲ့သူတွေ အရက်တွေပိုသောက်နိုင်ကြတယ်။ ပုံမှန်သောက်နေကျလူတွေဆို အရက်မမူးတော့ဘူး။ ဒါဘာဖြစ်လို့လဲဆိုတော့ အရက်ကို ချေဖျက်ရတာ များလာတဲ့ အသည်းတစ်ခုဟာ အရက်ကို ချေဖျက်နိုင်မယ့် အဓိက အင်ဇိုင်းတွေကို ပိုထုတ်ပါတယ်။ အရက်ကို အသည်းဟာ တဖြည်းဖြည်းကျင့်သားရလာတဲ့သဘောပါ။ ဒီအခြေအနေကနေ ကျော်လွန်လာရင်တော့ အသည်း စတင်ပျက်စီးလာမှာပါ။ဒါကလည်း မှန်ပါတယ်။ ဘာလို့လဲဆိုတော့ မသောက်ခင် အစာတွေအများကြီးစားထားရင် အစာနဲ့တွဲပြီး အရက်က အစာအိမ်ထဲမှာ ကြာကြာနေပါတယ်။ သွေးထဲကိုမြန်မြန်မရောက်တော့ မမူးတော့ဘူးပေါ့။ ဒါကြောင့် ဘာမှမစားထားရင် အရက်မသောက်နဲ့၊ အရက်သောက်ရင် အမြည်းနဲ့တွဲစားဆိုပြီးပြောကြတာပေါ့နော်။နောက်ပြီး ကိုယ်သောက်တဲ့ အရက်အမျိုးအစားနဲ့လည်းဆိုင်ပါတယ်။ ဂက်စ်ပါတဲ့ ယမကာတွေ ဥပမာ ရှန်ပိန် မှာ ဂက်စ်တွေပါတဲ့အတွက် အစာအိမ်ထဲက ဖိအားကိုမြင့်စေပြီးတော့ အရက်ကို သွေးထဲမြန်မြန်ရောက်အောင် လှုံ့ဆော်ပေးပါတယ်။အဲဒီစကားကို အရက်သောက်နေကျလူတိုင်းကြားဖူးမှာပါ။ ဘီယာ၊ ဝီစကီ၊ ဗော့ကာ၊ ရှန်ပိန်၊ တီကွီလာ စသဖြင့် အရက်တွေအမျိုးမျိုးကို ပေါင်းသောက်တာကိုပြောတာပါ။ ဘီယာနဲ့ တခြားအရက်တွဲသောက်ရင် ပိုမူးမယ်၊ နှစ်ပင်မလိမ်နဲ့။ ဒါဟာ မှန်လားဆိုတော့ မမှန်ဘူးဘဲ ပြောရမှာပါ။ အရက်မူးတယ်ဆိုတဲ့နေရာမှာ ဘယ်ဟာကြောင့်မူးတာထက် ဘယ်လောက်ပမာဏ၊ ဘယ်လိုသောက်လိုက်လို့ မူးတယ်ဆိုတာက ပိုမှန်ပါတယ်။ ခပ်မြန်မြန်သောက်ရင် သွေးထဲမြန်မြန်ရောက်ပြီးပိုမူးမယ်။ အယ်ကိုဟောပမာဏများတာကို သောက်လိုက်ရင် မြန်မြန်မူးမယ်။ ရောသောက်လိုက်လို့မူးလိုက်တယ်ဆိုတာလည်း ရောလိုက်တဲ့ချိန်မှာ ကိုယ့်ခန္ဓာကိုယ်က လက်ခံနိုင်တဲ့ ပမာဏကျော်သွားလို့ပဲဖြစ်နိုင်ပါတယ်။ကဲ ဒီလောက်ဆိုရင်တော့ အရက်အကြောင်း တော်တော်စုံသွားပြီထင်ပါတယ်နော်။ အရက်ကို အပျော်အနေနဲ့၊ အလုပ်အကြောင်းအရ၊ အပေါင်းအသင်းတွေကြောင့် သောက်နေကြပါတယ်။ တန်ဆေး လွန်ဘေးဆိုတာလည်းရှ ကိုယ်သောက်နေတဲ့ အရက်အကြောင်းဟာ ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်မှုတွေ ပေးနိုင်လဲ၊ ဘယ်လောက်သောက်ရင် ဘယ်လိုဖြစ်မလဲဆိုတာသိထားရင် ချင့်ချိန်ပြီး သောက်လို့ရတော့ မဖြစ်သင့်တာတွေ မဖြစ်တော့ဘူးပေါ့။ အရက်ကြိုက်တဲ့ ကိုကိုမမတို့အတွက် အထောက်အကူဖြစ်တဲ့ ဆောင်းပါးလေးတစ်ခု ဖြစ်မယ်လို့ယုံကြည်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%85%e1%80%99%e1%80%90%e1%80%ba%e1%80%80%e1%80%bb%e1%80%80%e1%80%bb-%e1%80%a1%e1%80%9b%e1%80%80%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%99%e1%80%9a%e1%80%ba/
Break out ဖြစ်နေချိန်မှာ လုပ်မိတတ်တဲ့ အမှားများ
ဒီနေရာမှာ အရင်ဆုံး ပြောချင်တာက Break out ဆိုတာက ဝက်ခြံတွေ အစုလိုက်အပြုံလိုက် အဆက်မပြတ် ထွက်နေတာကို ဆိုလိုချင်တာပါ။ ဝက်ခြံက ၁ လုံးစ၊ ၂ လုံးစ ထွက်တာမျိုး ရှိသလို ဝက်ခြံတွေက အဆက်မပြတ် မျက်နှာမှာ အစုလိုက် အပြုံလိုက် ထွက်တာမျိုးလည်း ရှိပါတယ်။ ဒီလို ထွက်လာချိန်မှာ သက်သာစေဖို့ နည်းအမျိုးမျိုးနဲ့ လုပ်မိတတ်ကြတယ် မဟုတ်လား။ ဒီတစ်ခေါက်တော့ ဝက်ခြံထွက်တတ်တဲ့ အသားအရေ ပိုင်ရှင်တွေ အနေနဲ့ Break out ဖြစ်နေချိန်မှာ လုပ်မိတတ်တဲ့ အမှားများ အကြောင်း သတိထားနိုင်စေဖို့ ဖော်ပြလိုက်ပါတယ်။အရေပြားမှာ Breakout ဖြစ်နေတာဆိုရင်တော့ ထွက်နေကျ မဟုတ်တဲ့ နေရာမှာ ဝက်ခြံ အဖု အကြီးကြီးတွေ ထွက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီဝက်ခြံတွေက နီမြန်းမယ်။ ရောင်ရမ်းမယ်။ နာကျင်မယ် စတာတွေကို ခံစားရနိုင်ပါတယ်။ဒီ အနေအထားမှာ သည်းမခံနိုင်လို့ ကုတ်ခြစ်မိမယ် ဆိုရင် ပိုးဝင်ပြီး အရေပြားမှာအမာရွတ်တွေဖြစ်တာ အပါအဝင် အခြားသော အသားအရေ ထိခိုက်ပျက်စီးမှုတွေကို ခံစားရနိုင်ပါတယ်။ဒီအနေအထားကို သက်သာစေဖို့ဆိုရင်တော့ လက်ရှိ သုံးနေတဲ့ အသားအရေထိန်း ပစ္စည်းတွေကို ရပ်ပစ်လိုက်ပါ။ ဆရာဝန်နဲ့ ပြဖြစ်အောင်ပြပါ။ ဒီလိုမျိုး ရုတ်တရက် အစုလိုက်အပြုံလိုက် ထွက်ရတဲ့ အကြောင်းရင်းကို ရှာပါ။ဝက်ခြံက တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတာကြောင့်break out ဖြစ်နေချိန်မှာလည်း အမှားတွေ လုပ်မိပြီး ဝက်ခြံကို ပိုဆိုးစေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီတော့ သတိထားနိုင်စေဖို့ Break out ဖြစ်နေချိန်မှာ လုပ်မိတတ်တဲ့ အမှားများ အကြောင်း ပြောပြပေးချင်ပါတယ်။ဝက်ခြံ အသစ် တစ်လုံးထွက်လာပြီဆိုရင် အရင်ဆုံး လုပ်မိတတ်တဲ့ အလုပ် တစ်ခုကတော့ဝက်ခြံကိုညှစ်တာပါ။ ဝက်ခြံကို ညှစ်လိုက်တဲ့အခါ သက်သာသွားတာမျိုး မရှိဘဲ ရောင်ရမ်းမှုကို ပိုဆိုးစေသလို ပိုးဝင်ကူးစက်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ခြေက ဝက်ခြံကို ညှစ်လိုက်တဲ့အခါ အရေပြားက နီမြန်းတာမျိုး ဖြစ်နိုင်သလို အရေပြား ပိုးဝင်ပြီးအမာရွတ်ဖြစ်ကျန်တာမျိုးကိုလည်း ခံစားရစေနိုင်ပါတယ်။ဘာလုပ်ရမလဲ –ဝက်ခြံကို ညှစ်ပစ်မယ့်အစား ဝက်ခြံပေါ်မှာ ဝက်ခြံကပ် ပလာစတာလေး ကပ်ထားပါ။ နောက်ပြီး လက်ချောင်းတွေမှာ ဘက်တီးရီးယားတွေ အများကြီး ရှိနေတာကြောင့် ဝက်ခြံတွေကို ပိုမို ရောင်ရမ်းတာမျိုး ဖြစ်စေနိုင်ပါတယ်။ဝက်ခြံက ကြီးကြီးမားမား ထွက်လာပြီဆိုရင်ဖြစ်ဖြစ် break out ဖြစ်နေရင် ဖြစ်ဖြစ် လုပ်မိတတ်တာ တစ်ခုက ဆဲလ်သေတွေကို အလွန်အကျွံ ဖယ်ရှားတာပါ။ဆဲလ်သေတွေကို ဖယ်ရှားတဲ့အခါ ဝက်ခြံကိုပါ သက်သာစေနိုင်တဲ့ အရာတွေ ဖြစ်တဲ့ salicylic acid နဲ့ benzoyl peroxide ပါတာတွေကို အသုံးပြုပေးကြပါတယ်။ ဒါတွေကို အလွန်အကျွံသုံးမယ်ဆိုရင် အရေပြားခြောက်သွေ့လွန်းတာကြောင့် အဆီတွေ ပိုပြန်လာတာ၊ ပိုမို ရောင်ရမ်းတာကို ဖြစ်စေနိုင်ပါတယ်။ဘာလုပ်ရမလဲ– ဝက်ခြံထွက်နေချိန်မှာ ဆဲလ်သေဖယ်ရှားလို့ ရပါတယ်။ ဒါပေမဲ့ အရေပြားကို ပွန်းပဲ့ပြီး ရောင်ရမ်းစေနိုင်တာတွေကို ‌ရှောင်ပါ။ ဝက်ခြံအတွက် ထုတ်ထားတာတွေကိုပဲ သုံးပါ။ တစ်ပတ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်ပဲ ဆဲလ်သေ ဖယ်ရှားသင့်ပါတယ်။မျက်နှာကို ခဏခဏ သစ်တာ၊ အလွန်အကျွံသစ်တာက ဝက်ခြံကို မသက်သာစေပါဘူး။မျက်နှာ ခဏခဏ သစ်တာက အသားအရေ ခြောက်သွေ့တာကို ဖြစ်စေနိုင်သလို ဝက်ခြံတွေ ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံ ထွက်နေချိန်မှာ သက်သာချင်ဇောနဲ့ ခဏခဏ မျက်နှာသစ်တာမျိုး မလုပ်ပါနဲ့။ဘာလုပ်ရမလဲ– ဝက်ခြံ ထွက်နေတာကို သက်သာစေဖို့ဆိုရင် တစ်နေ့ကို မနက် ၁ ကြိမ်  ညဘက်မှာ တစ်ကြိမ် ၂ ကြိမ်ပဲ မျက်နှာသစ်ပေးပါ။ လေ့ကျင့်ခန်း လုပ်ပြီးလို့ချွေးထွက်လာချိန်မှာလည်း မျက်နှာသစ်လို့ ရပါတယ်။အဆီပြန်တတ်တဲ့ သူတွေက မျက်နှာ အဆီပြန်တာကို ပိုဆိုးမှာ စိုးတယ်ဆိုပြီး အစိုဓာတ်ထိန်းခရင်မ်ကို မလိမ်းဘဲ ဒီအဆင့်ကို ကျော်သွားတတ်ပါတယ်။ ဒီအခြေအနေကပဲ ဝက်ခြံတွေကို ပိုဆိုးစေနိုင်တာပါ။ အမှန်တကယ်မှာတော့ အရေပြားမှာ အစိုဓာတ် မရှိတာက ခန္ဓာကိုယ်ကို အဆီ များများ ထွက်စေပြီး ဝက်ခြံ ဖြစ်စေဖို့ အားပေးသလို ဖြစ်နေပါတယ်။ဘာလုပ်ရမလဲ– အဆီပြန်တတ်တယ်ဆိုရင် ခပ်ပျစ်ပျစ် အစိုဓာတ်ထိန်းကရင်မ်ကို ရှောင်ပါ။ အဆီမပါဘဲ ရေကို အခြေခံ ထုတ်ထားတဲ့အစိုဓာတ်ထိန်းခရင်မ်ကို  လိမ်းပေးလို့ ရပါတယ်။အရေပြားမှာ break out ကြောင့် ထိခိုက်မှု ကင်းစေဖို့ဆိုရင် အခုပြောခဲ့တဲ့ အချက်လေးတွေကို သတိထားဖို့ လိုပါမယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/things-to-avoid-when-youre-breaking-out/
ရင်းနှီးဖော်ရွေစွာ နဲ့ ဆက်ဆံတတ်ခြင်းရဲ့ အကျိုးကျေးဇူး
လူတိုင်းကဖော်ရွေရင်းနှီးသူတွေပဲတော့မဟုတ်ပါဘူး။ လူအမျိုးမျိုးစိတ်အထွေထွေဆိုသလိုမျိုးပေါ့။ လူတွေမှာဖော်ရွေတတ်သူတွေရှိသလို လူတွေနဲ့ သိပ်ရင်းရင်းနှီးနှီးမနေကြသူတွေလည်းရှိပါတယ်။ ဒီတစ်ခေါက်တော့ လူတွေနဲ့ ရင်းနှီးဖော်ရွေစွာ ဆက်ဆံတတ်သူလေးတွေပဲရရှိနိုင်မယ့် အကျိုးကျေးဇူးလေးတွေအကြောင်းပြောပြပေးချင်ပါတယ်။လူတိုင်းကိုဖော်ရွေရင်းနှီးစွာဆက်ဆံတတ်မှုကလည်းကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးတစ်ခုပါ။ ဒီလိုပြောရတဲ့အကြောင်းက လူတိုင်းမှာ လူတွေကို ဖော်ရွေရင်းနှီးစွာဆက်ဆံတတ်တဲ့အရည်အသွေးမရှိပါဘူး။ အလွယ်တကူပြောရရင်တော့ ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေပေါ့။ ဒီလိုမျိုးဖော်ရွေရင်းနှီးစွာ ဆက်ဆံတတ်မှုကြောင့်။တစ်ခါတစ်လေစိတ်အနှောင့်အယှက်ဖြစ်စရာ ကြုံတဲ့အခါမျိုးဆိုရင် လူတိုင်းက ရိုင်းစိုင်းလိုက်တာ၊ ဆက်ဆံရခက်လိုက်တာလို့ ခံစားမိနိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ အဆိုးမြင်သမားကြီးပဲမဟုတ်ပါဘူး။ သူတို့မှာလည်း သူတို့ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေရှိနေတာကြောင့်ဖြစ်နိုင်ပါတယ်။ ဒီကွင်းဆက်ကို အဆုံးသတ်ဖို့ဆိုရင် ကိုယ့်ဘက်ကဖော်ရွေရင်းနှီးစွာနဲ့ ဆက်ဆံလိုက်ပါ။ ဒီလိုဆက်ဆံမှုကြောင့် သူဘက်ကဆက်ဆံရေးကလည်းကောင်းလာပါလိမ့်မယ်။ ဒီတော့ ကိုယ်တိုင်မှာရော သူများမှာပါကောင်းမွန်စွာဆက်ဆံတတ်တဲ့ လူမှုဆက်ဆံရေး အလေ့အထတစ်ရပ်ကို ပျိုးထောင်ပေးပြီးသားဖြစ်သွားပါလိမ့်မယ်။ဖော်ရွေရင်းနှီးစွာ ဆက်ဆံတတ်တဲ့အလေ့အထက အခြားသူတွေကိုတင်ပျော်ရွှင်မှုပေးနိုင်တာမဟုတ်ဘဲ ကိုယ်တိုင်မှာလည်းပျော်ရွှင်မှုကို ခံစားရစေနိုင်ပါတယ်။ အပြန်အလှန်ဂရုစိုက်ပေးမှုရှိနေတဲ့အသိုက်အဝန်းတစ်ရပ်ကို ဖန်တီးနိုင်ခွင့်ရရှိပြီး နေ့ရက်တိုင်းမှာ ဂရုစိုက်ပေးမှုတွေကြောင့်ပျော်ရွှင်မှုတွေ ပြည့်စုံနေစေမှာ အသေအချာပါ။ဖော်ရွေရင်းနှီးစွာဆက်ဆံတတ်မှုက လူတစ်ယောက်နဲ့တစ်ယောက်ကြားက ခင်မင်မှုရဲ့ မြစ်ဖျားခံရာအချက်တစ်ခုပါ။ လူတိုင်းနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးကိုဖန်တီးနိုင်မှုကပျော်ရွှင်မှုကိုရရှိစေပြီး အပြန်အလှန်ဂရုစိုက်မှုတွေ၊ ကူညီစောင့်ရှောက်မှုတွေကပဲ ဘဝကို ပိုမိုအဓိပ္ပာယ်ရှိလာစေမှာပါ။ခင်မင်ရင်နှီးစွာဆက်ဆံတတ်မှုကြောင့် သူယ်ချင်းမိတ်ဆွေပေါများနေမယ်ဆိုတာ ပြောနေစရာတောင်မလိုပါဘူး။ ဒီလိုမိတ်ဆွေသူငယ်ချင်းကောင်းတွေ ပေါနေသူတစ်ယောက်အဖို့ အထီးကျန်မှုဆိုတာနဲ့ ခပ်ကင်းကင်းမှာနေနိုင်မယ်ဆိုတာအသေအချာပါ။ရန်သူမရှိ မိတ်ဆွေပေါသူတစ်ယောက်အဖို့ ဆက်ဆံရေးမှာ စိုးရိမ်စိတ်ကင်းနေမှာ အသေအချာပါ။ ဒီလို စိုးရိမ်စိတ်ကင်းစင်မှုကပဲစိတ်ခံစားမှုကောင်းအောင်ထောက်ပံ့ပေးမှာပါ။စိတ်ဓာတ်ကျတာကို ကင်းစေနိုင်ပြီး အမြဲတမ်းတက်ကြွလန်းဆန်းနေစေပါတယ်။စိတ်ခံစားမှုကောင်းမယ်၊ စိတ်ဖိစီးမှုကင်းနေတဲ့သူတစ်ယောက်ကအာရုံစူးစိုက်နိုင်စွမ်းပိုကောင်းနိုင်ကြပါတယ်။ပူပန်မှုကင်းနေတဲ့စိတ်ကပဲ တီထွင်ဖန်တီးမှုကောင်းစေမှာပါ။စိတ်ဓာတ်ကြံ့ခိုင်စေနိုင်တယ်။ရင်းနှီးဖော်ရွေသူတွေက ဆက်ဆံရေးကောင်းကြသလို လူတိုင်းနဲ့ အဆင်ပြေပြေဆက်ဆံတတ်ကြပါတယ်။ တစ်ဖက်က ခက်ထန်စွာနဲ့ပြုမူရင်တောင်မှ အဆင်ပြေဆုံးပြန်ဆက်ဆံပေးတတ်ကြတဲ့အလေ့အထကြောင့်ပဲ သူတို့ဟာ အခြေအနေအရပ်ရပ်ပေါ်မှာ အကောင်းဆုံးတုံ့ပြန်နိုင်တဲ့သူတွေဖြစ်လာတာပါ။ အဆိုးဆုံးအခြေအနေကို အကောင်းဆုံးကျော်လွှားနိုင်ဖို့ကစိတ်ဓာတ်ကြံ့ခိုင်သူတွေပဲ တတ်နိုင်မယ့် အခြေအနေတစ်ရပ်ပါ။ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတော်တော်များများ ခံစားရတာက စိတ်ဖိစီးတာကြောင့်ပါ။ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေကိုဖြစ်စေတဲ့အကြောင်းအရင်းခံထဲမှာ စိတ်ဖိစီးမှုကလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်နေတယ်ဆိုတာက အသေအချာပါ။ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူတွေကတော့ စိတ်ဖိစီးမှုကင်းကြတာကြောင့် နာတာရှည်ရောဂါတွေခံစားရနိုင်ခြေကလည်းတော်တော်လေးနည်းသွားမှာပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/friendly-benefits/
ဘေဘီလေးကို ဒူးရင်းသီး ကျွေးလို့ရလား...........
ကလေးက အစားစစား တတ်ပြီ။ ဒါဆို အသီးတွေလည်း ကျွေးလို့ရပြီပေါ့။ ဒါဆိုရင် တော်တော်များများ ကြိုက်ကြတဲ့ဒူးရင်းသီးရော ကလေးကို ကျွေးလို့ပြီလား၊ လို့ မေးစရာ ရှိနိုင်ပါတယ်။ ဒီအဖြေကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ဘေဘီလေးကို ဒူးရင်းသီး ကျွေးလို့ရလား……….. ဆိုတော့ ကျွေးလို့ရပါတယ်။ အရမ်း အများကြီးတော့ ကျွေးလို့ မရပါဘူး။ ဒီလီုပြောရတာက ဒူးရင်းသီးကအာဟာရပါဝင်မှုများသလိုသကြားဓာတ်ပါဝင်မှုကလည်း တော်တော်လေး မြင့်ပါတယ်။ ဒူးရင်းသီးမှာပရိုတင်း၊ဗီတာမင်တွေ၊ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ phosphorus နဲ့ သံဓာတ်တို့ ပါဝင် နေပါတယ်။ ဒူးရင်းသီးက ပုံမှန်အားဖြင့်တော့ အာဟာရ ကြွယ်ဝပြီးကျန်းမာရေးကို အထောက်အကူပြုပေးတဲ့ အသီးတစ်မျိုးပါ။ဒူးရင်းသီးကအမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်ပေမယ့် ဒီအမျှင်ဓာတ်က ရေကို အလွယ်တကူ စုပ်ယူနိုင်ပြီး အူတွေ အစာအိမ်တွေကို တင်းစေနိုင်ပါတယ်။ ကလေးက ဒူးရင်းသီး အများကြီး ကျွေးမိမယ်ဆိုရင် လေပွတာ၊ဝမ်းချုပ်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒူးရင်းသီးစားပြီး ဗိုက်တင်းနေတဲ့အတွက် တခြားအာဟာရှိတာတွေ စားနိုင်တော့မှာ မဟုတ်ပါဘူး၊၊။ဒူးရင်းသီးမှာ နေ့စဉ် လိုအပ်တဲ့ အမျှင်ဓာတ် ပြည့်ဝစွာပါပေမယ့် တော်တော်လေး ကိုက်ဖြတ်ရပါတယ်။ ဒီ အမျှင်ဓာတ်တွေကို ကိုက်ဖြတ်ဖို့သားသားမီးမီးတို့ရဲ့ သွားတွေက အပြည့်အဝ မဖွံ့ဖြိုးသေးပါဘူး။ ဒီတော့ ကလေးက ဒူးရင်းသီးကို သေချာ မဝါးမိဘဲ မျိုချလိုက်မယ်ဆိုရင် နင်တာ၊ သီးတာနဲ့အစာခြေစနစ်ပြဿနာတွေ ဖြစ်လာစေမှာပါ။ကလေးက တစ်နှစ် မပြည့်သေးဘူးဆိုရင်တော့ ဒူးရင်းသီးကို လုံးဝမကျွေးတာ အကောင်းဆုံးပါ။ ဒူးရင်းသီးက အစာကြေဖို့ ခက်သလို အနံ့အရသာ ပြင်းတာ၊ သကြားဓာတ် ပါဝင်မှုမြင့်တာတွေကိုကလေးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ကလေးကို အသက် ၁ နှစ် မပြည့်ခင်မှာ ဒူးရင်းသီး မကျွေးပါနဲ့လို့ ပြောရတဲ့ အကြောင်းအရင်း က ကလေးက သွားတွေ စုံအောင်မထွက်သေးဘူး။ တစ်နှစ်အရွယ်မှာ သွားပေါက်မြန်တယ်ဆိုတဲ့ ကလေးတစ်ယောက်အနေနဲ့တောင်သွားက ၁၀ ချောင်းပဲ ထွက်မှာပါ။ သွားပေါက်နှေးတဲ့ သားသားမီးမီးတို့ဆိုရင် ၂ ချောင်း ၃ ချောင်းအပြင် ပိုမရှိနိုင်ပါဘူး။ဒီလို သွားပမာဏ နည်းနည်းလေးက အမျှင်ဓာတ်များတဲ့ ဒူးရင်းသီးကို သေချာ ကြိတ်ဝါးနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီတော့ ကလေးက အလွယ်တကူ မျိုချလိုက်ပါမယ်။ ဒီလိုမျိုချတာက လည်ချောင်းမှာအစာနင်တာ၊လေပြွန်ပိတ်တာလိုမျိုး ပြဿနာတွေ ခံစားရစေနိုင်ပါတယ်။အသက် ၁ နှစ်အောက် ကလေးရဲ့ လည်ချောင်း၊ လေပြွန်၊ အစာရေမျိုတွေက တော်တော်လေး သေးငယ်ပါသေးတယ်။ ဒါ​ကြောင့် အသက် ၁ နှစ်အောက်ဘေဘီလေးကို အသက်ရှူကျပ်တဲ့ ပြဿနာမျိုး မဖြစ်စေဖို့ ဒူးရင်းသီး မကျွေးသင့်ပါဘူး။တကယ်လို့ ကျွေးချင်တယ်ဆိုရင်တော့ ကလေးရဲ့ ဖွံ့ဖြိုးမှု၊ စားသောက်တဲ့ ပုံစံကို ဆရာဝန်နဲ့အရင်တိုင်ပင်ပြီးမှပဲ ကျွေးသင့်ပါတယ်၊၊။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/can-babies-eat-durian/
ဆီးချိုကြောင့်ဖြစ်သော မျက်စိ နောက်ဆက်တွဲပြဿနာများ- ဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်း
ဆီးချိုဟာမျက်စိကိုအန္တရာယ်ပေးပါတယ်။ သူဟာမျက်စိရဲ့နောက်ပိုင်းမှာရှိတဲ့ အတွင်းမြင်လွှာ (retina)ကသွေးကြောငယ်လေးတွေကိုထိခိုက်စေပြီးဒီလိုဖြစ်ခြင်းကိုဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်းလို့ ခေါ်ပါတယ်။ဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်းဆိုတာဆီးချိုရောဂါကြောင့် မျက်စိအတွင်းမြင်လွှာမှာဖြစ်တဲ့ ပြသနာအားလုံးကို ခြုံငုံခေါ်ဆိုတာ ဖြစ်ပါတယ်။ သိပ်ပြီးမမြန်ဆန်ဘူးဆိုရင် မျက်လုံးနောက်ပိုင်းကသွေးကြောငယ်လေးတွဟာ ကြီးလာပြီးအိတ်ကလေးတွေလိုဖောင်းလာပါတယ်။ အဲဒီကနေတဆင့် ရောင်ပြီးသွေးထွက်တာ ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းမှာလျင်မြန်စွာ ကြီးထွားလာတတ်ပါတယ်။ ဒီလိုဖြစ်ခြင်းကြောင့် မျက်စိအတွင်းမြင်လွှာကသွေးကြောတွေပျက်စီးပြီးသွေးကြောသစ်တွေ ဖြစ်ပေါ်လာပါတယ်။ သွေးကြောသစ်တွေဟာအားပျော့ပြီးသွေးထွက်တတ်ပါတယ်။ဆီးချိုကြောင့် မျက်စိအမြင်လွှာထိခိုက်ခြင်းဟာအသက် ၂၀ မှ ၇၄ နှစ်အရွယ်အတွင်းဆီးချိုဝေဒနာသည်တွေ မျက်စိကွယ်ရခြင်းရဲ့ အဓိကအကြောင်းရင်းတရပ် ဖြစ်ပါတယ်။ ဒီအခြေအနေဟာဆီးချိုအမျိုးအစား (၁) ရော (၂) မှာပါဖြစ်နိုင်ပါတယ်။ ဆီးချိုဖြစ်တာအချိန်ကြာလာလေလေသွေးတွင်းသကြားဓါတ်ကိုမထိန်းချုပ်နိုင်လေလေ၊ မျက်စိရောဂါဖြစ်လာနိုင်လေလေ ဖြစ်ပါတယ်။ ဆီးချိုရောဂါသည်ရဲ့ ၄၀ မှ ၄၅ ရာခိုင်နှုန်းလောက်မှာအမြင်လွှာပျက်စီးခြင်းဟာအတိုင်းအတာတခုအထိရှိပါတယ်။ဖြစ်ခါစမှာတော့ လက္ခဏာတွေ မရှိနိုင်ပါဘူး။ အခြေအနေတဖြည်းဖြည်းဆိုးလာရင်တော့ အောက်ပါလက္ခဏာတွေ ပါဝင်လာပါတယ်။ဆီးချီုကြောင့် အမြင်လွှာထိခိုက်ခြင်းဟာမျက်စိနှစ်ဖက်လုံးကိုထိခိုက်စေပါတယ်။သင့်အနေနဲ့ အောက်ပါလက္ခဏာတွေ ကြုံလာရရင် (သို့) ပိုဆိုးလာရင် ဆရာဝန်ပြသင့်ပါတယ်။သင့်ရဲ့သွေးထဲမှာသကြားဓါတ်များလာတာအချိန်ကြာလာတဲ့အမျှ အမြင်လွှာကိုထောက်ပံ့ပေးနေတဲ့ သွေးကြောငယ်လေးတွေကိုပိတ်ဆို့စေပြီးသွေးရာက်ရှိမှုကို ဖြတ်လောက်လိုက်ပါတယ်။ ရလာဒ်အနေနဲ့ကတော့ မျက်လုံးဟာသွေးကြောအသစ်တွေ ပေါ်ထွက်လာဖို့ ကြိုးစားရပါတယ်။ ဒါပေမယ့် အဲဒီသွေးကြောအသစ်တွေဟာကောင်းစွာမဖွံ့ဖြိုးဘဲပေါက်ပြဲလွယ်ပါတယ်။ဆီးချိုကြောင့် အမြင်လွှာထိခိုက်ခြင်း (၂) မျိုးရှိပါတယ်။ဖြစ်ပွားမှုမမြန်သောအမြင်လွှာပျက်စီးခြင်း(Non-proliferative Diabetic retinopathy)။ပိုအဖြစ်များတဲ့ ဒီအမျိုးအစားမှာသွေးကြောသစ်တွေဟာ ကြီးထွားတာနှေးပါတယ်။ ဒီပြဿနာကိုသင်ကြုံပြီဆိုရင် သင့်ရဲ့အမြင်လွှာကသွေးကြောလေးတွေနံရံဟာအားနည်းလာတတ်ပါတယ်။ ဒီသွေးကြောလေးတွေရဲ့ နံရံကနေအိတ်ကလေးတွေ ဖောင်းထွက်လာပြီးတခါတရံပေါက်ပြဲတဲ့အခါ အမြင်လွှာထဲကိုအရည်နဲ့ သွေးတွေ ဝင်ရောက်သွားတတ်ပါတယ်။ အမြင်လွှာရဲ့ ပိုကြီးတဲ့ သွေးကြောတွေဟာလည်းကျယ်ပြန့်လာပြီးသွေးကြောလုံးပတ်ဟာမညီမညာ ဖြစ်လာပါတယ်။ သွေးကြောတွေ ပိုပြီးပိတ်တာများလာရင်တော့ အမြင်လွှာပျက်စီးမှုဟာသိပ်မပြင်းထန်တဲ့ အခြေအနေကနေဆိုးရွားသွားတတ်ပါတယ်။အမြင်လွှာထဲကအာရုံကြောတွေဟာလည်းဖောင်းလာပါတယ်။ တစ်ခါတရံအမြင်လွှာအလယ်ပိုင်းနေရာဟာရောင်လာတတ်ပြီးအဲဒီအခြေအနေဟာကုသဖို့ လိုအပ်ပါတယ်။ဖြစ်ပွားမှုမြန်သောအမြင်လွှာပျက်စီးခြင်း(Proliferative Diabeteti)။အမြင်လွှာပျက်စီးခြင်းဟာဆိုးရွားတဲ့ ဒီအခြေအနေထိရောက်လာတတ်ပါတယ်။ ဒီအမျိုးအစားမှာပျက်စီးသွားတဲ့ သွေးကြောတွေဟာပိတ်ဆို့သွားပြီးပုံမှန်မဟုတ်တဲ့ သွေးကြောအသစ်တွေ ဖြစ်လာစေပါတယ်။ ဒီသွေးကြောတွေပေါက်သွားရင် မျက်လုံးအလယ်ပိုင်းကအရည်ကြည်တွေထဲစိမ့်ဝင်သွားနိုင်ပါတယ်။တဖြည်းဖြည်းချင်းသွေးကြောအသစ်တွေ ကြီးထွားလာခြင်းကြောင့် အမာရွတ်ဖြစ်နေတဲ့ တစ်သျှူးစလေးတွေဟာအမြင်လွှာကိုမျက်လုံးအိမ်နောက်ပိုင်းမှာကွာကျလာစေပါတယ်။ သွေးကြောအသစ်များဟာမျက်လုံးအတွင်းကပုံမှန်အရည်စီးဆင်းမှုကိုဝင်ရောက်နှောင့်ယှက်တဲ့အခါ မျက်လုံးအိမ်အတွင်းဖိအားမြင့်တက်လာစေပါတယ်။ ဒီလိုဖြစ်ခြင်းဟာမျက်လုံးကနေဦးနှောက်ကိုပုံရိပ်တွေ ပို့ပေးနေတဲ့ အမြင်အာရုံကြောကိုပျက်စီးစေပြီးရေတိမ်ရောဂါ ဖြစ်ပေါ်စေပါတယ်။မျက်လုံးအိမ်ကိုအကျယ်ချဲ့စစ်ဆေးခြင်းဖြင့် အကောင်းဆုံးအတည်ပြုနိုင်ပါတယ်။ ဒီလိုစစ်ဆေးဖို့အတွက်သူငယ်အိမ်ကျယ်လာစေတဲ့ မျက်စဉ်းခပ်ပြီးနောက်မျက်လုံးအတွင်းပိုင်းကိုကောင်းကောင်းမြင်ရတဲ့အခါ စမ်းသပ်စစ်ဆေးပါတယ်။ ဒီမျက်စဉ်းကြောင့် စမ်းသပ်ပြီးနာရီအတော်ကြာတဲ့အထိသင့်အမြင်အာရုံ ေဝဝါးနေတတ်ပါတယ်။ဒါ့အပြင် သင်ရဲ့မျက်စိဆရာဝန်ဟာ-။ဒီစစ်ဆေးမှုဟာသင့်အနေနဲ့ ပုံမှန်မျက်လုံးပြနေကျ၊ မျက်မှန်အသစ်လဲနေကျ ပုံစံတွေနဲ့တော့ မတူနိုင်ပါဘူး။ သင့်မှာအမြင်အာရုံအပြောင်းအလဲရှိပြီး ဆရာဝန်သွားပြမယ်ဆိုရင် ဆီးချိုရှိနေကြောင်းပြောပြဖို့လိုအပ်ပါတယ်။သင်ဖြစ်တာစောသေးရင်တော့ ကုသဖို့မလိုပါဘူး။ ဒါပေမယ့် ဆရာဝန်ဟာ သင့်မျက်လုံးအခြေအနေကိုအသေးစိတ်စောင့်ကြည့်ပါလိမ့်မယ်။သင့်မျက်စိဆရာဝန်ဟာ သင့်အမြင်လွှာပိုင်းမှာသွေးကြောသစ်တွေ ပေါ်လာတာတွေ့ရင်၊ အမြင်လွှာအလယ်ပိုင်းမှာရောင်လာရင် သင့်အနေနဲ့ မျက်စိခွဲစိတ်မှု ခံယူဖို့လိုအပ်နေပါပြီ။ မျက်စိခွဲစိတ်ကုသခြင်းဟာအမြင်လွှာပျက်စီးခြင်းအတွက် အဓိကကုသမှုပါပဲ။လေဆာရောင်ခြည်နဲ့ မျက်စိခွဲစိတ်ခြင်းဟာအမြင်လွှာအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ပုံမှန်မဟုတ်တဲ့ သွေးကြောတွေကိုလောင်ကျွမ်းပစ်ပါတယ်။ ဒီဖြစ်ရပ်ကိုအလင်းပေး၍ခဲခြင်းလို့ ခေါ်ပါတယ်။ ဒီနည်းနဲ့ သွေးကြောတွေပေါက်ပြဲခြင်းကိုကာကွယ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ သွေးကြောတွေကို ကျုံ့သွားစေပါတယ်။မျက်လုံးအိမ်ထဲကိုသွေးယိုမယ်ဆိုရင်တော့ vitrectomyလို့ခေါ်တဲ့ ခွဲစိတ်မှု လိုအပ်ပါတယ်။ အမြင်လွှာကွာကျခြင်းကိုလည်း ပြန်လည်ပြုပြင်ဖို့ လိုပါတယ်။ဆရာဝန်ဟာ ပုံမှန်မဟုတ်တဲ့သွေးကြောတွေ ကြီးထွားမလာအောင် မျက်လုံးအိမ်ထဲကိုဆေးထိုးနိုင်ပါတယ်။အမြင်အာရုံကိုဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ မျက်စိဆရာဝန်ရဲ့ အကြံပြုချက်ကိုလိုက်နာဖို့လိုပါတယ်။ မျက်စိစစ်ဆေးခြင်းကိုညွှန်တဲ့အချိန်အတိုင်းစစ်ဆေးမှုခံယူဖို့ လိုပါတယ်။ ၁နှစ်တခါ ၂နှစ်၁ခါလောက်တော့ စစ်ဆေးရတတ်ပါတယ်။သင့်မှာဆီးချီုရှိပြီးသကြားဓါတ်အရမ်းများနေမယ်ဆိုရင် ဆရာဝန်ဟာ ဆေးအသစ်တွေပေးပြီးသကြားဓါတ်ကိုကျဆင်းစေပါလိမ့်မယ်။ တကယ်လို့ အမြင်လွှာပျက်စီးတာပါရှိရင် သကြားဓါတ်မြင့်မားစေဖို့ ဆေးများသောက်သုံးခြင်းကြောင့် အမြင်အာရုံပျက်စီးခြင်းဟာတခဏအတွင်းဆိုးရွားလာနိုင်ပါတယ်။သင့်ရဲ့ ဆီးချိုရောဂါကုသခြင်းဟာအမြင်လွှာပျက်စီးခြင်းနဲ့ တခြားမျက်လုံးပြသနာတွေကိုအဖြစ်နှေးစေပါတယ်။ သင့်ရဲ့သွေးတွင်းသကြားဓါတ်ကိုအောက်ပါနည်းတွေနဲ့ ထိန်းသိမ်းနိုင်ပါတယ်။ကုသခြင်းများဟာအမြင်အာရုံပျက်စီးခြင်းကိုလျှော့ချပေးပါတယ်။ သူတို့ဟာဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်းနဲ့ ပျက်စီးသွားပြီးသားအရာတွေကိုတော့ မကုပေးနိုင်တော့ပါဘူး။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/diabetic-complications-retinopathy/
လက်ဖက်ရည်ကြမ်း ဟာ ဆီးချိုကို ကာကွယ်ပေးနိုင်သလား
Green tea လက်ဖက်ရည်ကြမ်း ဟာ အလှအပရေးရာအတွက်သာမက အခြားသော ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာကိုလည်း ပေးနိုင်တဲ့အတွက် ရေပန်းစားလှပါတယ်။ စိတ်ဖိစီးမှုတွေကို လျှော့ချပေးခြင်း၊ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးခြင်း၊ အသားအရေကို စိုပြည်တောက်ပစေခြင်း၊ ခုခံအားကို မြှင့်တင်ပေးနိုင်ခြင်းတို့အပြင် ဆီးချိုဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီတစ်ခေါက်ပြောပြပေးမှာက လက်ဖက်ရည်ကြမ်း ဟာ ဆီးချိုကို ကာကွယ်ပေးနိုင်သလား ဆိုတာပါ။ကာဘိုဟိုက်ဒရိတ်ဓာတ်များပြားတဲ့ အစားအစာတွေကို စားမယ်ဆိုရင် အစာချေခြင်းဖြစ်စဉ်မှာ ကာဘိုဟိုက်ဒရိတ်တွေဟာ သကြားဓာတ်တွေအဖြစ် ပြောင်းလဲခြင်းခံရပါတယ်။ဒီနောက်မှာတော့ ခန္ဓာကိုယ်ကနေ အင်ဆူလင်ဓာတ်ကို ထုတ်လုပ်ပေးပြီး သွေးတွင်းသကြားဓာတ်တွေကို ဆဲလ်တွေထဲ စုပ်ယူစေကာ စွမ်းအင်အဖြစ် ပြောင်းလဲ အသုံးပြုခြင်းနည်းနဲ့ သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းချုပ်ပေးပါတယ်။ဒါပေမယ့် ဆီးချိုဝေဒနာရှင်တွေမှာတော့ ဒီဖြစ်စဉ်ဟာ မတူညီနိုင်တော့ပါဘူး။အမျိုးအစား ၁ ဆီးချိုမှာဆိုရင် အင်ဆူလင်ဟော်မုန်းကိုလုပ်ပေးတဲ့ ပန်ကရိယမှာရှိတဲ့ ဆဲလ်တွေကို ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က မှားယွင်းဖျက်ဆီးလိုက်ပါတယ်။ ဒါကြောင့် အင်ဆူလင်တွေလည်း ထွက်မလာနိုင်တော့ပါဘူး။အမျိုးအစား ၂ ဆီးချိုမှာတော့ အင်ဆူလင်ဟော်မုန်းတွေကို ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေက ကောင်းကောင်းမွန်မွန် တုံ့ပြန်ခြင်းမရှိတော့တာပါ။ ဒါကြောင့် သွေးထဲမှာ ရှိတဲ့ သကြားဓာတ်တွေကို အသုံးမပြုနိုင်ဘဲ ဒီတိုင်းထားထားသလို ဖြစ်နေတာမို့ ကြာလာတဲ့အခါ သွေးတွင်းသကြားဓာတ်ပမာဏတွေ မြင့်တက်လာပြီး ဆီးချိုရောဂါ ဖြစ်ပွားလာရပါတော့တယ်။Green tea အမျိုးအစား လက်ဖက်ရည်ကြမ်းဟာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို ဆီးချိုရှိနေပြီဆိုရင်လည်း ရောဂါကို ထိန်းချုပ်ထားနိုင်ဖို့ ကူညီပေးနိုင်ပါတယ် (အထူးသဖြင့် အမျိုးအစား ၂ ဆီးချိုကိုပေါ့)။လက်ဖက်ရည်ကြမ်းဟာ ခန္ဓာကိုယ်ထဲကို ရောက်ရှိလာတဲ့အခါ ရှုပ်ထွေးများပြားတဲ့ ဓာတ်ပြုမှုတွေကို ဖြစ်ပေါ်စေပြီး ရလဒ်အနေနဲ့ အင်ဆူလင်ကို မတုံ့ပြန်တဲ့ ဆဲလ်တွေ ပြန်လည်အလုပ်လုပ်လာအောင်၊အင်ဆူလင်ကို တုံ့ပြန်လာအောင်ပြုလုပ်ပေးတဲ့အတွက် သွေးတွင်းသကြားဓာတ်ပမာဏကို ကျဆင်းလာစေပါတယ်။ဒါ့အပြင် Green tea မှာပါဝင်တဲ့polyphenolsဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတမျိုးဖြစ်ပြီး သွေးလွှတ်ကြောတွေကို ကျယ်စေတဲ့အတွက် သွေးပေါင်ချိန်တက် ခြင်းကို သက်သာစေပြီး သွေးခဲတာကို ကာကွယ်ပေးတဲ့အပြင် သွေးတွင်းကိုလက်စထရောဓာတ်ကိုလည်း လျှော့ချပေးပါတယ်။ဒါတွေအားလုံးက နှလုံးနဲ့ သွေးကြောတွေကို ပိုမိုကျန်းမာကောင်းမွန်စေဖို့ချည်းပဲ ဖြစ်ပါတယ်။နေ့စဉ်သုံးစွဲသင့်တဲ့ polyphenols ပမာဏက ၂၀၀ – ၁၀၀၀ မီလီဂရမ် ဖြစ်ပြီး လက်ဖက်ရည်တခွက်မှာ polyphenols ၅ မီလီဂရမ်ကနေ ၁၈၀ မီလီဂရမ်ထိ ပါဝင်ပါတယ်။Green teaကို သောက်တဲ့အခါ အခြားသော အရာတွေ (ဥပမာ သကြား၊နို့ဆီ၊နို့ စသည်)ကို မထည့်ဘဲ သဘာဝအတိုင်း အသန့်စင်ဆုံးအရသာကို ရရှိအောင် သောက်တာဟာ အကောင်းဆုံးဖြစ်ပါတယ်။လတ်ဆတ်တဲ့ Green tea ကို သောက်နိုင်ရင် အကောင်းဆုံးပါ။ တကယ်လို့ ဒီလိုမျိုး လတ်လတ်ဆတ်ဆတ်မရနိုင်ဖူးဆိုရင် Green tea အမှုန့်ကို သောက်ရင်လည်း အဆင်ပြေပါသေးတယ်။ဒါပေမယ့် အမှုန့်သောက်ရင်တော့ polyphenols ဓာတ်ကို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပမာဏအတိုင်းရရှိဖို့တော့ ခက်ခဲပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အမှုန့်အနေနဲ့ဆိုရင် နေ့စဉ်လိုအပ်တဲ့ polyphenols ပမာဏကို ရရှိလာဖို့အတွက် ကျွန်တော်တို့ဟာ green tea ဆယ်ခွက်လောက် သောက်ဖို့လိုအပ်တဲ့အတွက် ဖြစ်ပါတယ်။(လစ်ပတန် တီး လိုမျိုး) အိတ်ကလေးတွေနဲ့ လုပ်ထားတဲ့ Green tea ကိုလည်း ရွေးချယ်သောက်သုံးနိုင်ပြီး ဆီးချိုဝေဒနာရှင်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ လက်ဖက်ခြောက်အိတ်ကလေးတွေကိုပါ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ဒါဆိုရင် ကျွန်တော်တို့အနေနဲ့ နေ့စဉ်လိုအပ်တဲ့ polyphenols ပမာဏကို လွယ်ကူအဆင်ပြေစွာ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/can-green-tea-prevent-diabetes-mellitus/
ယားယံတဲ့ ဝက်ခြံတွေကို သက်သာစေဖို့
ဝက်ခြံ ဆိုတာက အဖြစ်များတဲ့အရေပြား ပြဿနာဖြစ်သလို ဝက်ခြံ မဖြစ်ဖူးသူကလည်း မရှိသလောက်ပါ။ ဆယ်ကျော်သက်တွေမှာဆိုရင်တော့ အပျိုဖော်ဝင်ချိန်မှာ ဝက်ခြံဖြစ်တာကို ကြုံဖူးကြပါတယ်။ အပျိုဖော် လူပျိုဖော် ဝင်ချိန်မှာဝက်ခြံ ပြဿနာနဲ့ တော်တော်လေး လုံးပန်းရတဲ့ ကာလပါ။ ဒီတစ်ခေါက်တော့ ယားယံတဲ့ ဝက်ခြံတွေကို သက်သာစေဖို့ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ဝက်ခြံ ဆိုတာက အရေပြား ပြဿနာ တစ်ခုပါ။ အရေပြားကဂလင်းတွေနဲ့ မွေးညင်းအိတ်တွေကို ရောင်ရမ်းစေပြီး အရေပြားမှာ အဖုအပိမ့်တွေ ထွက်စေတာပါ။ ဝက်ခြံက အခုလို အခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ဝက်ခြံတွေက ယားယံစေနိုင်ပါတယ်။ ဝက်ခြံတွေကို ယားယံစေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ အဖြစ်များတဲ့ အကြောင်းအရင်းတွေကတော့ အပေါ်ယံ အရေပြား ပေါက်ပြဲတာ၊ အရေပြားဆဲလ်တွေ ခြောက်သွေ့တာ၊ချွေးပေါက်တွေ ပိတ်ဆို့တာတွေက ဝက်ခြံ တွေကို ယားယံစေနိုင်ပါတယ်။ အသားအရေက ခြောက်လာလေလေ အသားက ယားလေလေက ပုံမှန် အခြေအနေပါပဲ။ဝက်ခြံတွေကို ယားယံစေနိုင်တဲ့ အခြားသော အကြောင်းအရင်းတွေကတော့။အကောင်းဘက်က ကြည့်မယ်ဆိုရင်တော့ဝက်ခြံတွေယားယံလာတာက ဝက်ခြံတွေ သက်သာလာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဝက်ခြံက အနာကျက်လာချိန်မှာ ယားယံလာသလို အရေပြား နီမြန်းတာ နဲ့ ပြည်ဖုလိုမျိုးအရည်ကြည်ဖုတွေနေရာမှာ အစားထိုးနိုင်မယ့် အရေပြား အသစ်တွေ ဖြစ်ပေါ်လာပါတယ်။ ဒီဖြစ်စဉ် ဖြစ်ပေါ်နေချိန်မှာ ခန္ဓာကိုယ်က ဆဲလ်သေတွေကို ဖယ်ရှားပြီး အရေပြား အလွှာသစ်တွေ ဖြစ်ပေါ်စေပါတယ်။ အရေပြားခြောက်သွေ့တာ၊အရေပြား အဖက်လန်တာ၊ ဆဲလ်သေတွေ ကွာကျတာက နေရခက်တဲ့ ယားယံမှုကို ဖြစ်စေနိုင်ပေမယ့် ဒါက အနာကျက်မှု ဖြစ်စဉ်ပါ။ယားယံတဲ့ ဝက်ခြံတွေကို သက်သာစေဖို့ ဆိုရင် ဒီနည်းလမ်းလေးတွေအတိုင်း လုပ်ဆောင်ပေးလို့ ရပါတယ်။ဒီနည်းလမ်းလေးတွေက ဝက်ခြံ တွေကြောင့် ယားယံတာကို သက်သာစေဖို့ လုပ်ဆောင်ပေးနိုင်မှာပါ။ အကောင်းဆုံးကတော့ အရေပြားကို အစိုဓာတ်ထိန်းပေးပြီး သန့်စင်အောင် ထားပေးပါ။ ကုတ်ဖဲ့တာမျိုး မလုပ်ပါနဲ့။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/home-remedies-for-acne-itchy/
တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ ကပ်ရောဂါတွေကို ခုခေတ်ကလေးတွေ မသိဘူး မဖြစ်ရလေအောင်။ ။
ရှေးတုန်းက ကပ်ရောဂါလို့ ခေါ်ခဲ့ကြတဲ့ ရောဂါတော်တော်များများကို ခေတ်သစ်ဆေးပညာက အနိုင်တိုက်နိုင်ခဲ့တယ်ဆိုတာ သင်သိပါသလား။ ရှေးခေတ်က လူတော်တော်များများကို အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ ကပ်ရောဂါတွေကို ခုခေတ်ဆေးပညာက အမြစ်ပြတ်အောင် တိုက်ထုတ်ကုသလို့ ရခဲ့ပါပြီ။ ဘယ်ရောဂါတွေကို အမြစ်ပြတ်အောင် ကုသလို့ ရနိုင်ခဲ့သလဲ။ ရှေးခေတ်လူကြီးတွေကသာ သိပေမယ့် ခုခေတ်လူငယ်တွေ မသိဘူး မဖြစ်ရလေအောင်လို့ ဒီဆောင်းပါးလေးကို ရည်ရွယ်ရေးသားလိုက်ရတာပါ။ ။ပိုလီယိုရောဂါဆိုတာတစ်ချိန်တုန်းက လူတိုင်းကြားလိုက်ရင် ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ တစ်သက်လုံးမသန်မစွမ်း ဖြစ်အောင် လုပ်နိုင်တဲ့ ကပ်ရောဂါတစ်ခုပါ။ ဒီကပ်ရောဂါက ဖြစ်ပြီးသွားရင် ဘယ်လိုမှ ပြန်ကုသလို့မရတော့ပေမယ့် မဖြစ်အောင် ကြိုတင်ကာကွယ်လို့ရတဲ့ ကာကွယ်ဆေးတော့ရှိပါတယ်။ ဒီပိုလီယိုကာကွယ်ဆေးကို တီထွင်ခဲ့တဲ့ Jonas Salk ကို ကျွန်မတို့ ကျေးဇူးတင်ရမှာပါ။ သူ့ကြောင့်ပဲ ပိုလီယိုရောဂါဟာ ခုခေတ်ကလေးတွေ ဘယ်သူမှ မသိလောက်အောင်ကို ရှားပါးသွားတဲ့ ကပ်ရောဂါ တစ်ခုဖြစ်ခဲ့ပါပြီ။ငှက်ဖျားရောဂါကျတော့ တစ်ချိန်တုန်းကတော့ ခုအချိန်ထိရော လူတွေကို ဒုက္ခပေးနေတဲ့ လူဆိုးကြီး အဖြစ်ကျော်ကြားနေတုန်းပါ။ အရင်ခေတ်တုန်းကတော့ ပိုဆိုးတာပေါ့။ သူ့ကိုနိုင်တဲ့ဆေးမရှိတော့ သူ့ကြောင့် သေခဲ့ရတဲ့ လူတွေ မနည်းဘူးလေ။ဒီ ငှက်ဖျားရောဂါကို အနောက်က ကြိုးကိုင်နေတဲ့သူတွေကတော့ လူတွေရဲ့ အနီးဆုံးမှာရှိတဲ့ခြင်တွေပါ။ ခုခေတ်မှာတော့ သူက လူတွေကို ဆက်ပြီး ဒုက္ခပေးနိုင်ပေမယ့် သူ့ကို နိုင်တဲ့ ဆေးတွေ ပေါ်ထွက်ခဲ့ပါပြီ။ ကာကွယ်ဆေး မဟုတ်ဘဲ ဖြစ်နေတဲ့ငှက်ဖျားရောဂါပိုးကို အမြစ်ပြတ် တိုက်ထုတ်နိုင်တဲ့ ငှက်ဖျားအမြစ်ပြတ်ဆေးပါ။တီဘီရောဂါလို့ခေါ်တဲ့ အဆုတ်ရောဂါဟာ လေထဲကနေ ကူးစက်တဲ့ ရောဂါတစ်ခုဖြစ်ပြီး အိမ်မှာ တစ်ယောက်ဖြစ်ပြီ ဆိုတာနဲ့ တစ်အိမ်လုံးကို ကူးသွားတဲ့ ကြောက်စရာ ကူးစက်ရောဂါတစ်ခုပါ။ သူဖြစ်ပြီဆိုတာနဲ့ လူကလည်းပိန်ချုံး၊ အစားလည်း စားမဝင်၊ အဖျားတက်လိုက်ကျလိုက်ဖြစ် ၊ချောင်းဆိုးသွေးပါသွေးအားနည်းပြီးတော့ အသက်သေဆုံးတဲ့အထိ ပြင်းထန်တဲ့ ကပ်ရောဂါတစ်ခုပါ။ ဒါတွေက အရင် တီဘီဆေးမပေါ်ခင်တုန်းကသာကြောက်ရတာပါ။ ခုတော့တီဘီဆေးDOTS ပေါ်လာပြီ ဖြစ်တဲ့အတွက် ဆေးပတ်လည်တဲ့ အထိရက်ပြည့်အောင်သာသောက်ပေးပါ။ တီဘီရောဂါကို သူက အပြတ်အသတ်အနိုင်ယူမှာပါ။ခု စာဖတ်နေတဲ့ ပရိတ်သတ်ကြီး ကြုံဖူးခဲ့လားမသိဘူး။ SARS ရောဂါ ကပ်ဘေးကျရောက်လို့ ကျောင်းတွေ ပိတ်လိုက်ရတဲ့ အထိ တော်တော်ဆိုးဆိုးဝါးဝါး ပျံ့နှံ့ပြီး လူတွေကို ဒုက္ခပေးတဲ့ အချိန်တွေကိုလေ။ အဲဒီအချိန်တုန်ုးကတော့ လေထဲကနေ တစ်ဆင့် ကူးစက်တဲ့ SARS ရောဂါကို ကြောက်စရာ အကောင်းဆုံး ကပ်ရောဂါ အဖြစ်သတ်မှတ်ထားကြတာပါ။ ခုချိန်ထိလည်း သူက လူတွေကို ဆက်ဒုက္ခပေးနိုင်တဲ့ ကပ်ရောဂါအဖြစ် ဆက်လက်တည်ရှိနေပေမယ့် သူ့ကို ထိန်းနိုင်တဲ့ ဆေးတွေကို ပညာရှင်တွေက တီထွင် နိုင်ခဲ့ပါပြီ။ ။ကျောက်ရောဂါဆိုတာ တစ်ချိန်တုန်းက လူတွေကို ရွာလုံးကျွတ်၊ အိမ်လုံးကျွတ် ဒုက္ခပေးပြီး အပြုတ်ဖြုတ်ခဲ့တဲ့ ကပ်ရောဂါဆိုးကြီးတစ်ခုပါ။ ခုနောက်ပိုင်းမှာတော့ ကျောက်ရောဂါဆိုတဲ့ နာမည်ကို မကြားရတော့လောက်အောင် ကျောက်ရောဂါဆိုတာ မရှိသလောက်ရှားသွားပါပြီ။ ဒီ အတွက် ကျောက်ရောဂါကို ကာကွယ်တဲ့ ကာကွယ်ဆေးတီထွင်ခဲ့တဲ့ Dr. Edward Jenner ကို ကျေးဇူးတင်ရမှာပါ။ဒါတွေက ကိုယ့် ဘိုးဘွားတွေ၊ မိဘတွေ ငယ်ငယ်တုန်းက နာမည်ကြီးဆိုးသွမ်းခဲ့တဲ့ ကပ်ရောဂါတွေဖြစ်ပြီး ခုခေတ် ဆေးပညာက အနိုင်တိုက်နိုင်ခဲ့တဲ့ ကပ်ရောဂါတွေ ပဲဖြစ်ပါတယ်။ ခုခေတ်မှာ နာမည်ကြီးနေတဲ့ ကုရာနတ္ထိ ဆေးမရှိ ကပ်ရောဂါတွေကျတော့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ( HIV/ AIDS) ၊အီဘိုလာရောဂါ နဲ့ တစ်နှစ်ကို တစ်မျိုးနှုန်းနဲ့ ဖြစ်ပွားနေတဲ့ ကြက်ငှက်တုပ်ကွေးရောဂါတို့ပဲ ဖြစ်ပါတယ်။ ဒီရောဂါတွေကို အမြစ်ပြတ် တိုက်ထုတ်ဖို့အတွက် ဆေးဝါးကျွမ်းကျင်ပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တို့ ပေါင်းပြီး အဖြေရှာနေကြတာကြောင့် နောင်တစ်ချိန်ကျရင် ဒီရောဂါတွေက ကုသနည်း ကိုယ်စီနဲ့ ဖြစ်မယ့် ရောဂါတွေ ဖြစ်တော့မှာပါ ။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/epidemic-disease/
နေမကောင်းဖြစ်တိုင်း အိပ်ရာထဲမှာပဲခွေနေတော့မှာလား။ ။
နေမကောင်းဖြစ်တိုင်း အိပ်ရာထဲမှာပဲခွေနေတော့မှာလား။ ။ လူတိုင်း လူတိုင်း နေမကောင်းဖြစ်ပြီဆိုတာနဲ့ အိပ်ရာထဲမှာပဲ ခွေနေချင်ကြတာချည်းပါပဲ။ နေမကောင်းချိန် အိပ်ရာထဲမှလှဲနေတယ်ဆိုတာ တော်ရုံပဲကောင်းပါတယ်။ အဓိကကတော့ ကိုယ်ခန္ဓာက ပြောတဲ့ လက္ခဏာတွေကို နားလည်တတ်ဖို့ လိုပါတယ်။အရမ်းပင်ပန်းနေတယ်၊ အားလည်းမရှိဘူးဆိုတဲ့ လူနာတွေကတော့ အားပြန်ပြည့်အောင် အိပ်စက်အနားယူသင့်ပါတယ်။ ဖျားတာနာတာကလည်း မပြင်းထန်ဘူးဆိုရင်တော့ အိပ်ရာထဲ တစ်ချိန်လုံး လှဲနေခြင်းဟာ သင့်ကို ပိုပြီးနုန်းခွေစေမှာပါ။ ဒါကြောင့်ခုပြောပြချင်တာကတော့ အပြင်းဖျားနေတာကလွဲလို့ တော်ရုံအဖျားဆိုရင် အပျင်းမကြီး အိပ်ရာထဲ ခွေမနေဘဲ လှုပ်လှုပ်ရှားရှားလုပ်သင့်တဲ့ အကြောင်းလေးတွေပဲဖြစ်ပါတယ်။နေမကောင်းဘူးဆိုတာနဲ့ အိပ်ရာထဲခွေနေရင် ဘာတွေဖြစ်လာနိုင်သလဲ။ ။ဒါတွေကတော့ နေမကောင်းဖြစ်ရင် အိပ်ရာထဲခွေမနေဘဲ လှုပ်လှုပ်ရှားရှားလေး လုပ်ပေးသင့် တဲ့ အကြောင်းလေးတွေပဲဖြစ်ပါတယ်။နေမကောင်းရင် အနားမယူရဘူးလို့ မဆိုလိုပါဘူး။ သင့်တော်တဲ့ အချိန်ပမာဏလောက်ကိုပဲ အနားယူပြီး ကျန်တဲ့ အချိန်တွေမှာ ကိုယ်လက်လှုပ်ရှားမှု လုပ်ရမှာကို ဆိုလိုတာပါ။ ကိုယ်လက်လှုပ်ရှားမှုဆိုတော့ ချက်ချင်းကြီးလေ့ကျင့်ခန်းထလုပ်ရမယ်လို့ ဆိုလိုလည်းမဟုတ်ပါဘူး။ အပေါ့စားလုပ်နေကျ လှုပ်ရှားမှုလေးတွေ လုပ်တာကို ဆိုလိုတာပါ။ အနားယူသင့်တဲ့ အချိန်ပြည့်လောက်ပြီဆိုရင်။ခုပြောပြခဲ့တာတွေကတော့ နေမကောင်းဖြစ်ရင် အိပ်ရာထဲခွေမနေဘဲ ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်သင့်တဲ့ အကြောင်းပဲဖြစ်ပါတယ်။ လုံလောက်တဲ့အနားယူချိန်ပြည့်ပြီ၊ အဖျားကလည်း အရမ်းမပြင်းဘူး၊ အိပ်ရာထဲကလည်း ကိုယ့်ဘာသာ ထနိုင်နေပြီဆိုရင် အကောင်းဆုံးကတော့ ကိုယ့်စိတ်ကို အလိုမလိုက် အပျင်းမကြီးဘဲ ကိုယ်ခန္ဓာ တက်ကြွသွားအောင် လှုပ်လှုပ်ရှားရှားလေးလုပ်ပေးသင့်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/stay-active-sic/
ရယ်မောခြင်းက သင့်ကို ပိုကျန်းမာစေသလား
“ရယ်မောခြင်းသည် အသက်ရှည်စေ၏” တဲ့။ စကားပုံလေး လူတိုင်းကြားဖူးမှာပါ။ ပျော်တဲ့အခါ၊စိတ်ထဲမှာ နေလို့ထိုင်လို့ ကောင်းတဲ့အခါ ကျွန်တော်တို့ ရယ်မောတတ်ကြပါတယ်။ ရယ်မောခြင်းဟာ တဦးနဲ့တဦးကို နီးကပ်စေပါတယ်။ ရင်ဘတ်ချင်း နီးစေပါတယ်။သူစိမ်းတရံဆံတွေနဲ့တောင် ပျော်ပျော်ပါးပါးကြီး အတူတကွ ရယ်မောလို့ ရပါတယ်။ ရယ်မောခြင်းက သင့်ကို ပျော်ရွှင်စေရုံသာမက ကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေ အများကြီး ဖြစ်စေပါတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။တကယ်လို့ ကျွန်တော်တို့ရယ်မောနေတဲ့ အချိန်မှာ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ဇီဝဗေဒဖြစ်စဉ်တွေကို လေ့လာကြည့်မယ်ဆိုရင် အင်မတန်အံ့ဩဖွယ်ကောင်းတဲ့ အဖြစ်အပျက်တွေ ခန္ဓါကိုယ်ထဲမှာ ဖြစ်ပေါ်နေတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ရယ်မောခြင်းဟာ ကြွက်သားတွေကို ပြေလျော့စေပြီး ခန္ဓါကိုယ်ရဲ့ တင်းကြပ်မှုတွေကို သက်သာလျော့ပါးစေပါတယ်။ မကောင်းတဲ့ ဟော်မုန်းတွေ ထွက်ရှိမှုကို နည်းသွားစေပြီး ခုခံအားစနစ်မှာ ပါဝင်တဲ့ ဆဲလ်တွေထုတ်လုပ်မှုကို မြင့်တက်စေပါတယ်။Endorphins ဓါတ်တွေလည်း အများအပြား ထွက်ရှိလို့လာပါတယ်။ဝိတ်ချချင်သူတွေအတွက် သတင်းကောင်းလည်း ရှိနေပါသေးတယ်။ တခြားတော့မဟုတ်ပါဖူး၊ တနေ့ကို ဆယ်မိနစ်ကနေ ဆယ့်ငါးမိနစ်လောက် ရယ်ပေးမယ်ဆိုရင် ၄၀ကယ်လိုရီလောက် လောင်ကျွမ်းစေတယ်ဆိုတာပါပဲ။ ဒါတင်မကသေးပါဖူး။ စိတ်ဆိုးဒေါသထွက်ခြင်းကို တုံ့ပြန်ရာမှာလည်း ရယ်မောခြင်းဟာ ထင်မှတ်မထားလောက်တဲ့ အကျိုးသက်ရောက်မှုကို ပေးပါတယ်။ဆိုကြပါစို့၊ သင့်အနေနဲ့ ရန်ဖြစ်စကားများတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီဆိုရင် ရယ်စရာမောစရာ ဟာသလေးနှောပေးလိုက်ခြင်းအားဖြင့် ပြဿနာကို ပိုပြီးချောချောမွေ့မွေ့နဲ့ အဆင်ပြေပြေပြီးသွားစေနိုင်တဲ့အတွက် နောက်ဆက်တွဲ အာရုံနောက် စိတ်ရှုပ်စရာတွေကိုလည်း တွေ့ကြုံရတော့မှာ မဟုတ်ပါဖူး။endorphins တွေထွက်ရှိလာတဲ့အခါ ကျွန်တော်တို့ ပိုပြီးနေလို့ထိုင်လို့ ကောင်းလာပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးအတွက်လည်း အကျိုးဖြစ်စေပါတယ်။ ကျွန်တော်တို့ ပိုပျော်ပျော်ရွှင်ရွှင်ရှိလာတဲ့အပြင် အရာရာကို အကောင်းမြင်တတ်လာပါတယ်။တနည်းပြောရရင် ပြဿနာတွေ၊ခက်ခဲတဲ့ အခြေအနေတွေကို ကောင်းတဲ့အမြင်တမျိုးနဲ့ ရင်ဆိုင်တတ်လာပါတယ်။သင့်အနေနဲ့ နာကျင်ခံစားနေရတဲ့၊ဝမ်းနည်းနေတဲ့အချိန်မျိုးမှာ သူငယ်ချင်းတွေနဲ့ အားပါးတရ ရယ်မောလိုက်ခြင်းအားဖြင့် စိတ်ဓါတ်ခွန်အားတိုးစေသလို ပြဿနာ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို လက်တွေ့ကျကျ သုံးသပ်ရှာဖွေလာနိုင်တဲ့အတွက် ဝမ်းနည်းအားငယ်နေစရာ ဘာအကြောင်းမှ မရှိတော့ပါဖူး။ရယ်မောနေတဲ့အချိန်မှာ သင့်အနေနဲ့ မကောင်းတဲ့ အတွေးတွေ၊စိတ်ညစ်စရာတွေကို ဘေးရွှေ့ထားနိုင်လို့ပဲ ဖြစ်ပါတယ်။ ရယ်မောပြီးတဲ့အခါမှာ ပြဿနာတွေကို ပိုပြီးခေါင်းအေးအေးနဲ့ လက်ခံဖြေရှင်းနိုင်မှာပါ။မြန်မာကားတွေထဲက အောက်ကလိအာ လူကြမ်းရယ်သံတွေကို ဘေးဖယ်ထားလိုက်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ရယ်မောခြင်းအကြောင်းတွေးမိတဲ့ အကြိမ်အများစုဟာ တခြားလူတွေနဲ့ ရယ်မောတဲ့အကြောင်းတွေ ဖြစ်နေတတ်ပါတယ်။သင်နောက်ဆုံးအကြိမ် အားပါးတရ ရယ်မိတဲ့အကြောင်းကို ပြန်စဉ်းစားကြည့်ပါ၊ တယောက်တည်းရယ်တာလား ဒါမှမဟုတ် တခြားလူတွေနဲ့လား ဆိုတာကိုပေါ့။ တယောက်နဲ့ တယောက်လုံးဝမသိတဲ့ အနေအထားမျိုးတွေမှာတောင် (ဥပမာ ဘတ်စ်ကားပေါ်မှာ) ရယ်စရာပေါ်ရင် အားလုံးဝိုင်းရယ်ကြသေးတာပဲ နော့။စမ်းသပ်မှုပြုလုပ်တဲ့အနေနဲ့ လူတယောက်ဟာ ဘာအကြောင်းမှမရှိဘဲ လမ်းပေါ်မှာရယ်မောနေတဲ့အခါ တခြားလမ်းသွားလမ်းလာတွေလည်း တဖြည်းဖြည်းနဲ့ လိုက်ရယ်ကြတာကို တွေ့ရှိခဲ့ရပါတယ်။ သမ်းဝေခြင်းနည်းတူ ရယ်မောခြင်းဟာလည်း အနီးနားကလူတွေဆီ ကူးစက်စေပါတယ်။တဆက်တည်း ဆက်စပ်ပြီး စဉ်းစားရင် ချစ်သူရည်းစား၊လင်မယား ဆက်ဆံရေးမှာ ရယ်မောခြင်းဟာလည်း အရေးပါတဲ့ အချက်တချက်ဖြစ်တယ်ဆိုတာကို သတိပြုမိမှာပါ။ အတူတကွ ပျော်ရွှင်စွာ ရယ်မောတာမျိုးမရှိတဲ့ စုံတွဲတတွဲဟာ ဘယ်လိုများ နေထိုင်ကြမလဲ ဆိုတာ တွေးကြည့်တာနဲ့တင် စိတ်ဆင်းရဲ စရာ ကောင်းနေပါပြီ။အနည်းငယ် စိတ်ဖိစီးနေတယ်လို့ သင့်ကိုယ်သင် ထင်နေပါသလား။ ကြည့်ရတာ သင့်အနေနဲ့ ရယ်မောဖို့ လိုနေပါပြီ။ စိတ်ထွက်ပေါက်ပေးပါ၊ပျော်ရွှင်အောင် နေပါ။ ပျော်တတ်တဲ့သူတွေနဲ့ အချိန်ဖြုန်းပါ။ အမြဲတမ်းကြီး အလုပ်နဲ့ ပိတ်လှောင်မထားပါနဲ့။ ကြားမိတဲ့ ဟာသတွေကို ဟုတ်ဟုတ် မဟုတ်ဟုတ် ရယ်ပါ။ သူများတွေ ရယ်တာကြားရတဲ့အခါ ကိုယ်ပါ လိုက်မရယ်မိအောင် နေဖို့ဆိုတာ တော်ရုံစကေးနဲ့တော့ မရပါဖူး။ဒါကြောင့် ဟာသအစီအစဉ်တွေ အများစုမှာ နောက်ခံရယ်တဲ့အသံတွေ ထည့်ထားတာ ဖြစ်ပါတယ်။ ဟာသက အရမ်းကြီး ရယ်စရာ မကောင်းရင်တောင် တခြားသူတွေနဲ့ အတူတကွကြည့်တဲ့အခါ ရယ်ဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။တကယ်လို့ တယောက်တည်း ကြည့်ရင်လည်း ရယ်ရဦးမှာပါပဲ။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့တယောက်တည်း အထီးကျန်နေတာမှမဟုတ်တာ၊ ဟုတ်တယ်ဟုတ်?။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%9b%e1%80%9a%e1%80%b9%e1%80%b1%e1%80%99%e1%80%ac%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%80-%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%80%e1%80%ad%e1%80%af-%e1%80%95%e1%80%ad%e1%80%af/
သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းပေးနိုင်မယ့် နည်းလမ်းတစ်ရပ် (သို့မဟုတ်) အင်ဆူလင်
သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းပေးနိုင်မယ့် နည်းလမ်းတစ်ရပ် (သို့မဟုတ်) အင်ဆူလင် အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ဆီးချို…. ဒီစကားလုံးက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်က လူတိုင်းနဲ့ သိပ်ရင်းနှီးကျွမ်းဝင်ရှိလှတဲ့ စကားလုံးမဟုတ်ပါဘူး။ ဆီးချိုရောဂါ ဖြစ်နေတယ်လို့ ပြောလိုက်ရင်။ အော်…. ဆီးချိုလား။ အခုမှ ကြားဖူးတာဆိုသူက ခပ်များများရယ်။အခုကတော့ ဆီးချိုဆိုတာကို ကြားဖူးရုံသာမက ကိုယ်တိုင်ခံစားနေရသူအရေအတွက် အတော်လေးများနေပါတယ်။ ကမ္ဘာပေါ်က လူသန်းပေါင်းများစွာဟာ ဆီးချိုရောဂါကို ခံစားနေရတာပါ။ ကလေးလေးတွေက အစပေါ့။ဆီးချိုက နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး နေထိုင်စားသောက်မှုပုံစံကို ဂရုစိုက်မယ်။ ပုံမှန်ဆေးသောက်မယ်။ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို ခံယူမယ်ဆိုရင် သက်တမ်းစေ့နေနိုင်မယ့် ရောဂါတစ်မျိုးပါ။ခန္ဓာကိုယ်က အင်ဆူလင်လို့ ခေါ်တဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ ဟော်မုန်းတစ်မျိုးကို အလုံအလောက်မထုတ်လုပ်ပေးနိုင်တဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေတဆင့် ဆီးချိုရောဂါကို ခံစားရတာပါ။ ဆီးချိုဆိုတဲ့နေရာမှာ အမျိုးအစား (၁) ဆီးချို၊ အမျိုးအစား (၂) ဆီးချိုဆိုပြီး အဓိကအနေနဲ့ နှစ်မျိုးခွဲထားပါတယ်။အမျိုးအစား (၁) ဆီးချို ဆိုတာက autoimmune disease တစ်မျိုးပါ။ ခန္ဓာကိုယ်က ကိုယ်ခံအားဆဲလ်တွေကို မှားယွင်းတိုက်ခိုက်ရာကနေ အစပြုလာတဲ့ ရောဂါအခြေအနေတစ်မျိုးပေါ့။ အမျိုးအစား (၁) ဆီးချို ခံစားရတဲ့အခါ ခန္ဓာကိုယ်က အင်ဆူလင်ကို မထုတ်လုပ်နိုင်ပါဘူး။ အကြောင်းကတော့ ကိုယ်ခံအားစနစ်က အင်ဆူလင်ထုတ်ပေးတဲ့ ဆဲလ်တွေကို ဖျက်ဆီးလိုက်လို့ပါ။အမျိုးအစား (၁) ဆီးချိုက ကလေးငယ်တွေ၊ လူငယ်တွေမှာ အဖြစ်များပါတယ်။အမျိုးအစား (၂) ဆီးချိုဆိုတာကတော့ အင်ဆူလင်ဟော်မုန်းခုခံအားတက်လာတဲ့အခြေအနေပါ။ ခန္ဓာကိုယ်မှာ အင်ဆူလင်မတိုးတော့တာပေါ့။ ဒါကဘာကိုဆိုလိုသလဲဆိုတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ ခန္ဓာကိုယ်က အင်ဆူလင်ကို ပိုမိုလိုအပ်တယ်ဆိုတဲ့သဘောပါ။ဒီလိုအခြေအနေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့အတွက် ခန္ဓာကိုယ်က အင်ဆူလင်ကို ပိုမိုထုတ်လုပ်ပါတယ်။ ဒီလိုထုတ်လုပ်မှုက နှစ်ကာလကြာလာတဲ့အခါ အင်ဆူလင်ထုတ်ပေးတဲ့ ပန်ကရိယကဆဲလ်တွေ အားအင်ကုန်ခမ်းပြီး အင်ဆူလင်ထုတ်နိုင်စွမ်းကျသွားပါတော့တယ်။ ဒီလိုနဲ့ လုံလောက်တဲ့ အင်ဆူလင်ကို မရတဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်ပြီး အမျိုးအစား(၂) ဆီးချို ဖြစ်လာပါတယ်။အမျိုးအစား (၂) ဆီးချိုက အသက်အရွယ်မရွေးဖြစ်နိုင်ပြီး သက်လတ်ပိုင်းတွေမှာ ပိုအဖြစ်များပါတယ်။သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းပေးနိုင်မယ့် နည်းလမ်းတစ်ရပ် (သို့မဟုတ်) အင်ဆူလင် လို့ ဘာကြောင့် ပြောရတာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးချိုဖြစ်တဲ့အခါ သွေးတွင်းသကြားဓာတ်မြင့်တက်တာကို ထိန်းဖို့အတွက် အစားအသောက်ဂရုစိုက်ရတာ၊ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လုပ်ရတာတွေနဲ့အတူ ဆေးသောက်ရတာတွေရှိလာပါမယ်။ ဆေးသောက်တဲ့အခါ ကျောက်ကပ်ကို အလုပ်ပေးသလို ဖြစ်နိုင်တာကြောင့် ဆရာဝန်တွေက အင်ဆူလင် ထိုးဖို့ အကြုံပြုတတ်ကြပါတယ်။ဆီးချိုဆိုတဲ့ စကားလုံးက မြန်မာနိုင်ငံက လူတွေနဲ့ ရင်းနှီးလာပေမယ့် အင်ဆူလင်ထိုးတယ်ဆိုတဲ့ စကားလုံးကတော့ နည်းနည်း ခပ်စိမ်းစိမ်း ဖြစ်နေဆဲပါ။ ဒီတော့ အင်ဆူလင် ထိုးရမယ်လို့ ဆရာဝန်က ပြောတဲ့အခါ မထိုးဖို့ အတင်းငြင်းဆန်ကြတော့တာပါပဲ။ဒီလိုငြင်းဆန်တာက အပ်ကိုကြောက်တာ​ကြောင့်ဆိုတာထက် အင်ဆူလင်ထိုးရတာက ဆီးချိုနောက်ဆုံးအဆင့်လို့ မှားသိထားတာတွေ၊ အင်ဆူလင်ထိုးရတာက အလုပ်ပိုမယ်လို့ ယူဆထားတာတွေကြောင့်ပါ။အင်ဆူလင်ထိုးတာက နောက်ဆုံးအဆင့် မဟုတ်ပါဘူး။ သွေးတွင်းသကြားဓာတ်ကို ထိန်းရခက်တဲ့အချိန်မျိုးမှာ အင်ဆူလင်ကို စောစောစထားတာက ကိုယ်တွင်းက အင်ဆူလင်ထုတ်ပေးတဲ့ ဆဲလ်တွေကို သက်ညှာရာရောက်ပါတယ်။ ဆီးချိုကို ကောင်းကောင်းထိန်းနိုင်လို့ နောက်ဆက်တွဲဖြစ်လာမယ့်အချိန်ကို ဆွဲဆန့်နိုင်ပါတယ်။ဒါ့ပြင်အင်ဆူလင်ထိုးတာက အလုပ်မပိုပါဘူး။ အပ်ဆိုတာကလည်း တော်တော်လေးကိုသေးတဲ့ အပ်လေးပါ။ နာကျင်မှုဆိုတာကလည်း ပုရွက်ဆိတ်ကိုက်သလောက်လေးပဲနာတာပါ။ ဆေးပမဏ မသိမှာကို စိုးရိမ်တာလား။ ဒါကဆရာဝန်ညွှန်ကြားတဲ့ပမာဏကို သိထားရင်ကို သေချာချိန်လို့ရမယ့် အင်ဆူလင်ဆေးထိုးအပ်လေးတွေရှိနေပါပြီ။တိုးတက်လာတဲ့ ဆေးပညာအရ အရင်ကလို ဆေးကို ပုလင်းထဲကနေ စုပ်နေစရာ မလိုတော့ဘူး။ အပ်နဲ့ ဆေးကို စုပ်တဲ့အခါ ပမာဏမှားစုပ်မိမှာ စိုးတဲ့အတွက် အလွယ်တကူ ပမာဏချိန်ညှိလို့ရမယ့် အင်ဆူလင်penတွေ ပေါ်လာပါပြီ။ဘောပင်လေးလို အတံလေးမှာမှ အနောက်ဘက်ဖျားမှာ အင်ဆူလင်ပမာဏကို လှ​ည့်ပြီးချိန်လို့ရမယ့် လှည့်စရာလေးရယ် ပမာဏကိုပြတဲ့ ဂဏန်းလေးတွေရယ်ကပါပြီးသားပါ။ အရှေ့ဖျားမှာက ဘောပင်လို အဖုံးလေးကို ချွတ်လိုက်ရင် အပ်လေးကိုဖုံးထားတဲ့ အစွပ်သေးသေးလေးပါမယ်။ ဒီအစွပ်သေးသေးလေးကို ဖယ်လိုက်ရင် မှင်တံထိပ်ဖျားထက်တောင်သေးတဲ့ အပ်လေးပါမယ်။ ဒီအပ်လေးကို ပေါင်၊ တင်ပါး၊ လက်မောင်းစတဲ့နေရာလေးမှာ တည့်တည့်စိုက်ပြီး နောက်ဖျားက ခလုတ်လေးကို နှိပ်လိုက်ရုံပါနော်။အင်ဆူလင်ရဲ့ နောက်ထပ်အားသာချက်တစ်ခုက ခန္ဓာကိုယ်ကတစ်ရှူးတွေဆီကို မြန်မြန်ရောက်ရှိနိုင်တာပါ။ အချိန်တိုအတွင်းမှာ ရောက်ရှိမှုက သွေးတွင်းသကြားဓာတ်ကို စွမ်းအင်အဖြစ် ထိထိရောက်ရောက် ပြောင်းပေးနိုင်မှာပါ။နောက်တစ်ခုက တချို့ အင်ဆူလင်တွေ ထိုးတဲ့အခါ သွေးတွင်းသကြားဓာတ်ကို ဖောက်စစ်ဖို့ လိုပါလိမ့်မယ်။ သွေးတွင်းသကြားဓာတ်နည်းနေချိန်မှာ ထိုးမိရင်၊ လိုတာထက် ပိုထိုးမိရင် ပိုပြီးကျသွားနိုင်လို့ပါ။ ဒါကြောင့်လည်းပဲ ပမာဏကို ညှိပြီး အလွယ်တကူထိုးနိုင်တဲ့ အင်ဆူလင်ဘောပင်လေးတွေ ခေတ်စားလာတာပါ။အင်ဆူလင်ဆိုတာက အစာအိမ်နောက်ဘက်ခြမ်းမှာရှိတဲ့ ပန်ကရိယကနေ ထုတ်ပေးတဲ့ ဟော်မုန်းတစ်မျိုးပါ။ အင်ဆူလင်က သွေးတွင်းသကြားဓာတ်ကို စွမ်းအင်အဖြစ်ပြောင်းလဲပေးတာပါ။ အင်ဆူလင် လုံလောက်အောင် မထုတ်နိုင်တဲ့အခါ စားလိုက်သမျှ အချိုဓာတ်တွေက စွမ်းအင်အဖြစ်ပြောင်းမသွားဘဲ သွေးထဲမှာ စုပုံနေရင်းက သွေးတွင်းသကြားဓာတ် မြင့်တက်လာပါတော့တယ်။ဒီလို သွေးတွင်းသကြားဓာတ် မြင့်တက်မှုကနေတဆင့် ဆီးချိုဖြစ်လာတာပေါ့။ ဆီးချိုဖြစ်တဲ့အခါ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ ခန္ဓာကိုယ်က အင်ဆူလင် လုံလောက်အောင် မထုတ်နိုင်တာကြောင့် ပြင်ပကနေ အင်ဆူလင်ကို ထိုးသွင်းပေးဖို့လိုပါမယ်။ ဒါမှ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်မှာဖြစ်ပြီးသွေးတွင်းသကြားဓာတ်မြင့်တက်မှုကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ကာကွယ်နိုင်မှာပါ။ဒါကြောင့် ဆီးချိုရောဂါဖြစ်လာပြီဆိုရင် အမျိုးအစား (၁) ပဲဖြစ်ဖြစ်၊အမျိုးအစား (၂)ပဲဖြစ်ဖြစ် ကျန်းမာပျော်ရွှင်ပြီး သက်တမ်းစေ့စေ့နေနိုင်ဖို့အတွက် အစားအသောက်ဂရုစိုက်တာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ နေထိုင်မှုပုံစံကိုပြောင်းလဲတာအပြင် နောက်ထပ်လိုက်နာရမယ့် အချက်တစ်ခုက ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု ရယူပြီး ဆေးသောက်ဖို့လိုရင် ဆေးသောက်တာ၊ အင်ဆူလင်ထိုးဖို့လိုမယ်ဆိုရင် ထိုးဖို့ လိုပါမယ်။အင်ဆူလင်ထိုးတာက ကျန်းမာရေးကို ထိခိုက်စေမယ့် အရာတစ်ခုမဟုတ်သလို အလုပ်လည်းမပိုစေဘဲ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်မယ့် ဘေးကင်းစိတ်ချရတဲ့နည်းလမ်းပါလို့ အကြံပြုလိုက်ပါရစေ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/dont-be-scared-of-insulin-or-hypoglycemia-just-follow-this-to-control-your-dm-safely-without-fear/
တစ်ယောက်တည်း စကားပြောတတ်တာဟာ စိတ်ရောဂါတစ်ခုလား။
တစ်ယောက်တည်းကိုယ့်ဘာသာစကားပြောခြင်း။ လူတိုင်းမဟုတ်တောင် အများစုကတော့ တစ်ယောက်တည်း ကိုယ့်ဘာသာ စကားပြောတာတွေ လုပ်ဖူးကြမှာပါ။ တချို့တွေပြောကြတာရှိတယ်။ တစ်ယောက်တည်း စကားပြောနေတယ်။ ရူးသွားပြီလားပေါ့။ အဲလို အပြောခံရတာတွေ ကြုံဖူးမှာပါ။ အဲဒါက လူကြားထဲ အဲလို ပြောမိလို့ပါ။ လူတွေအများကြီးရှိနေချိန်တော့ မပြောနဲ့လေနော်။စိတ်လည်းကောင်းတယ် ရူးလည်းမရူးဘူးဆိုတဲ့ သူတွေက တော့ လူကြားထဲ တစ်ယောက်တည်း စကားပြောမနေတတ်ပါဘူး။ အိမ်မှာတစ်ယောက်တည်းရှိတဲ့ အချိန်၊ အိမ်သာတက်နေတဲ့အချိန်၊ လူတွေအိပ်နေတဲ့ အချိန် ကိုယ့်အခန်းထဲ အိပ်ရာပေါ်မှာ တစ်ယောက်တည်း ကိုယ့်ဘာသာ စကားပြောနေတဲ့ အခိုက်အတန့်တွေ ရှိဖူးမှာပါ။ တချို့ဆို အဲလို တစ်ယော့က်တည်းပြောနေတတ်တာ အကျင့်လိုကိုဖြစ်နေတာ။ သူများတွေ ပြောသလိုပဲ တစ်ယောက်တည်း စကားပြောတဲ့သူတွေကစိတ်ရောဂါဝေဒနာရှင်လား။တစ်ယောက်တည်း စကားပြောတတ်တာဟာ စိတ်ရောဂါတစ်ခုလား။ ဆိုတော့ ……..လေ့လာချက်တွေအရ တစ်ယောက်တည်း စကားပြောနေတတ်တဲ့ အကျင့်ရှိသူတွေဟာ စိတ်ရောဂါသည်တွေမဟုတ်( ယဉ်ယဉ်လေးရူးနေတဲ့သူတွေ မဟုတ်)ပဲ ဉာဏ်ကြီးရှင်တွေပါတဲ့။ ကိုယ်လည်း အဲ့အထဲ ပါနေရင် ဝမ်းသာလိုက်တော့။ ကမ္ဘာပေါ်က အကျော်အမော် သိပ္ပံညာရှင်ဖြစ်တဲ့ အိုင်းစတိုင်းဆိုရင် လည်း တစ်ယောက်တည်းစကားတိုးတိုးလေး ပြောနေတတ်တဲ့ သူပါတဲ့။ ကဲ အဖော်တွေ့ပြီဆိုတော့ ဝမ်းသာလိုက်တော့။ သူငယ်ချင်းတွေထဲမှာလည်း ဖွင့်မပြောကြတာသာရှိမယ်။ ကျိတ်ပြီးပြောနေတတ်တဲ့ သူတွေရှိရင်ရှိမှာ။ သူတို့တွေက ရူးနေတဲ့သူတွေ မဟုတ်ဘူးနော်။ ဉာဏ်ကြီးရှင်တွေ။ခုပြောချင်တာက တစ်ယောက်တည်း စကားပြောခြင်းရဲ့ အကျိုးကျေးဇူး (၅) ချက်ပြောပြပေးမယ်နော်။ကြုံဖူးကြမှာပါ။ အခက်အခဲတွေကြုံနေရတဲ့ အချိန်၊ အားပေးမယ့် သူတွေမရှိတဲ့အချိန်၊ တစ်ယောက်တည်းရှိနေချိန်မှာ “ငါလုပ်နိုင်တယ် ငါကျော်ဖြတ်နိုင်တယ် အေးဆေးပဲ” ဆိုပြီး စိတ်ထဲမှာတင်ပြောတာမဟုတ်ဘဲ ပါးစပ်ကပါ ထုတ်ပြောလိုက်တော့ ကိုယ့်အသံကိုယ်ပြန်ကြားပြီး အားတက်သွားတယ်ဟုတ်။သင် ဈေးသွားဝယ်တဲ့အခါမှာ ဝယ်ရမယ့် ပစ္စည်း၊ လုပ်စရာရှိတဲ့ ကိစ္စတွေကို ထပ်တလဲလဲ ရွတ်ဖြစ်တာမျိုး ကြုံဖူးမှာပါ။ ပြောတတ်တဲ့ ပုံစံတွေကတော့ “ပေါင်မုန့် ပေါင်မုန့် ဘယ်နားမှာလဲ ဟော တွေ့ပြီ” “ ဆပ်ပြာမှုန့်လည်း ဝယ်ရဦးမယ် တော်သေးလို့ မေ့တော့မလို့” ဆိုပြီး တစ်ကိုယ်တည်းကြားရုံ တိုးတိုးပြောလိုက်တာက ဦးနှောက်ကို အဆက်မပြတ် အလုပ်ပေးရာရောက်တယ်။ မေ့လည်းမမေ့တော့ဖူးပေါ့။တစ်ယောက်ယောက်က ကိုယ့်အပေါ် အနိုင်ကျင့် ဆူဆဲတယ်ဆိုပါစို့။ အဲ့ဒီလူက ကိုယ်ပြန်ခံပြောလို့မရတဲ့ လူတစ်ယောက်လဲ ဖြစ်နေမယ်ဆိုရင် ကိုယ်ကတစ်နေရာကိုသွားပြီး အဲ့လူအပေါ် မကျေနပ်ချက်တွေကို တစ်ယောက်တည်း ပွစိပွစိ ပြောပစ်လိုက်တာမျိုး လုပ်ဖူးကြတယ်မလား။ အဲလို လုပ်လိုက်တာက ခံစားနေရတဲ့ မကျေနပ်ချက်တွေ လျော့သွားနိုင်ပါတယ်။တစ်ခါတစ်လေ ခေါင်းတွေရှုပ်ပြီး ဘာလုပ်ရမှန်း မသိတဲ့ အချိန်တွေ ရှိခဲ့ဖူးမှာပါ။ အဲ့ အချိန်ဆို တစ်ယောက်တည်းစကားပြောတတ်သူတွေက “ ငါ ဘာတွေလုပ်နေတာပါလိမ့်။ ကဲခေါင်းအေးအေးထား၊ ဒီလိုလုပ်ကြည့်၊ အဆင်မပြေရင်လည်း နောက်တစ်မျိုးပြောင်းပေါ့။”။အဲလိုပြောလိုက်တာက ကိုယ်ဘာတွေးနေတယ် ကိုယ်ဘာလုပ်ချင်တယ်ဆိုတဲ့ လမ်းစပြန်ပေါ်လာတာယ်။ ခေါင်းကို ရှင်းပေးဖို့ ကိုယ့်ဘာသာ သတိပေးလိုက်သလို ဖြစ်သွားတယ်။ပွဲတစ်ခုမှာ ကိုယ်ကပြောရမယ့်သူဆိုရင် “ပွဲမဝင်ခင် အပြင်ကကျင်းပ” ဆိုတဲ့အတိုင်း ကိုယ်ပြောနေရမည့်စကားတွေကို တစ်ယောက်တည်း တစ်တွတ်တွတ်ရွတ်နေရင် စင်ပေါ်ကျရင် အဆင်ချောသွားရော။စာအသံထွက်ကျက်တာလည်း ဒီသဘောပဲပေါ့။ အာရုံစူးစိုက်ရတာလည်း ပိုကောင်းသွားတယ်။ ကိုယ့်အသံကို ပြန်ကြားနေရတော့ အာရုံမပြန့်တော့ဘူးပေါ့။ခုပြောခဲ့တာတွေကတော့ တစ်ယောက်တည်း စကားပြောတတ်ခြင်းရဲ့ ကောင်းကျိုးတွေ ဖြစ်တယ်။ ကိုယ်ကလည်း တစ်ယောက်တည်း စကားပြောတတ်တဲ့ အထဲ ပါနေရင် တော့ ဝမ်းသာလိုက်နော်။ ယဉ်ယဉ်လေးရူးနေတာ မဟုတ်ဘူး ဉာဏ်ကြီးရှင် လေးတွေပါလို့။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/surprising-benefits-of-talking-to-yourself/
စမတ်ဖုန်းလှလှ ရောဂါထူထူ
လူတိုင်းကိုင်တွယ် အသုံးပြုနေကြတဲ့စမတ်ဖုန်းလှလှလေးတွေဟာ ကျန်းမာရေးထိခိုက်နိုင်တယ်လို့ လူတိုင်းနီးပါးသိလာကြပြီဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်က ပညာရှင်တွေကလည်း ဒီအချက်ကို မကြာခန သတိပေးနေကြပါတယ်။ဒါပေမယ့် အဆိုပါ သတိပေးချက်တွေကို လိုက်နာနိုင်စွမ်းကတော့ နည်းပါးလွန်းလှပြီး လူတိုင်းနီးပါးဟာ စမတ်ဖုန်းတွေကို ဂရုတစိုက်သုံးစွဲကြခြင်းမရှိကြသေးပါဘူး။ ကျန်းမာရေးထိခိုက်နိုင်တယ်ဆိုတာကို သိရှိထားကြပေမယ့် ဘယ်လိုရောဂါတွေဖြစ်ပွားနိုင်တယ်ဆိုတာကိုလည်း တိတိပပ သိရှိထားကြခြင်းမရှိကြတာများပါတယ်။စမတ်ဖုန်းလို အီလက်ထရွန်နစ်ထုတ်ကုန်တွေဟာ ရောဂါဘယပေါင်းများစွာကို လူတွေဆီယူဆောင်လာနိုင်ပါတယ်။ အခန့်မသင့်လို့ ကိုယ့်မှာမဖြစ်သေးပေမယ့် အကြောင်းတိုက်ဆိုင်လာရင် ရောဂါဝေဒနာတွေ ကြုံတွေ့လာရနိုင်ပါတယ်။ ဒါကြောင့် စမတ်ဖုန်းတွေဟာ လူတွေကို ဘယ်လိုရောဂါဝေဒနာမျိုးတွေ ဖြစ်ပွားစေနိုင်သလဲဆိုတာကို ပြောပြချင်ပါတယ်။စမတ်ဖုန်းတွေမှာ ကပ်ညိနေတဲ့ ရောဂါပိုးမွှားတွေဟာ အလွန်အန္တရာယ်များပြားကြောင်း သတိပေးမှုတွေရှိနေပါတယ်။ စမတ်ဖုန်း မျက်နှာပြင်တွေမှာ လေထုထဲက ပိုးမွှားတွေသာမက ကိုယ့်ရဲ့လက်၊ ကိုယ်သယ်ဆောင်သွားရာ အိမ်သာ၊ မော်တော်ကား၊ ထမင်းစားခန်း၊ ရုံး၊ စားသောက်ဆိုင်နဲ့ ဘယ်နေရာကမဆို ကပ်ညိလာတဲ့ ပိုးမွှားပေါင်း သိန်းချီရှိနေတတ်ပါတယ်။ အထူးသဖြင့် E. coli လို ဘက်တီးရီးယားတွေဟာ စမတ်ဖုန်းတွေမှာ ကပ်ညိနိုင်ချေမြင့်မားပါတယ်။ ဒီရောဂါပိုးတွေကြောင့် အရေပြားရောဂါတွေ၊ ဝမ်းပျက်ဝမ်းလျှောလိုရောဂါမျိုးတွေဖြစ်နိုင်ပါတယ်။ဖုန်းကို အချိန်ကြာမြင့်စွာ ငုံကြည့်ကြတဲ့အလေ့အကျင့်ကြောင်း လွန်ခဲ့တဲ့ နှစ်အနည်းအငယ်အတွင်းမှာ Text Neck Syndrome ဖြစ်ပွားမှုနှုန်းမြင့်တက်လာခဲ့ပါတယ်။ လည်ပင်းရိုးက အာရုံကြောတွေကို ထိခိုက်စေတဲ ရောဂါဖြစ်ပြီးတော့ ပြင်းထန်ဆိုးရွားတဲ့အခြေအနေမျိုးမှာ ကျောရိုးမကြီးအထိ နာကျင်မှုခံစားရနိုင်ပါတယ်။တစ်ချို့သောလေ့လာချက်တွေမှာတော့ စမတ်ဖုန်းတွေဟာကင်ဆာနဲ့ ကင်ဆာအကျိတ်ဖြစ်ပွားမှုကို တွန်းအားပေးတယ်လို့ ဆိုထားကြပါတယ်။ အဆိုပါအချက်နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေရှိနေဆဲဖြစ်ပါတယ်။စမတ်ဖုန်းတွေကို အသုံးပြုချိန်တွေမှာ လက်ချောင်းလေးတွေ တောင့်တင်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လက်မနဲ့ လက်ချောင်းတစ်ချို့ ထံပြီး တောင့်တင်းကာ လှုပ်မရတဲ့ရောဂါမျိုးပါ။ အဆိုပါဝေဒနာသက်သာစေဖို့ဆိုရင် ဖုန်းသုံးတာကို ရပ်တန့်ဖို့လိုအပ်မှာဖြစ်ပါတယ်။စမတ်ဖုန်းတွေ အသုံးပြုရာမှာလက်မကို မဖြစ်မနေ အသုံးချရလေ့ရှိတာမို့ လက်မ အဆစ်ရောင်နာ (Thumb Arthritis) ဖြစ်ပွားဖို့ တွန်းအားပေးလေ့ရှိပါတယ်။ စမတ်ဖုန်းအလွန်အကျွံသုံးစွဲတာဟာ အဆိုပါရောဂါအခံရှိသူတွေအတွက်လည်း ဝေဒနာပိုမိုဆိုးရွားစေနိုင်ပါတယ်။ဖုန်းအသုံးပြုသူတွေဟာ Text ရိုက်ချိန်တွေ၊ ဖုန်းပြောဆိုချိန်တွေမှာ သာမန်ထက်ပိုပြီး လက်ကို အသုံးချရလေ့ရှိတာမို့ လက်ခုံက Ulnar Nerve ကို ထိခိုက်မှုဖြစ်ပေါ်စေပါတယ်။ ဒီလိုရောဂါမျိုးမဖြစ်အောင် တားဆီးလိုတယ်ဆိုရင် ညအိပ်ချိန်တွေမှာ လက်ကို ဆန့်ဆန့်တန်းတန်းဖြန့်ပြီး အိပ်စက်တာမျိုး ပြုလုပ်သင့်ပါတယ်။စမတ်ဖုန်းတွေမှာပါဝင်တဲ့Blue Lightဟာ အမြင်အာရုံချို့ယွင်းစေဖို့ တွန်းအားပေးပြီး မျက်စိကို နာကျင်စေနိုင်ပါတယ်။ ဒါ့အပြင် မျက်စိရဲ့ အမြင်အာရုံအလွှာကိုလည်း အလျှင်အမြန်ပျက်စီးစေနိုင်ပါသေးတယ်။ အထူးသဖြင့် ညဘက်တွေမှာ အသုံးပြုရင် ထိခိုက်နိုင်ချေပိုမြင့်မားပါတယ်။ အဆိုပါ Blue Light မျိုးကို ကွန်ပျူတာ မျက်နှာပြင်တွေကလည်း ထုတ်လွှတ်နိုင်ပါတယ်။Blue Light တွေဟာ အမြင်အာရုံတစ်ခုတည်းကိုပဲ ထိခိုက်စေတာမဟုတ်ပါဘူး။ အိပ်စက်ခြင်းကိုလည်း အနှောင့်အယှက်ပေးပါတယ်။ ဒါကြောင့် ညပိုင်း အိပ်ယာမဝင်ခင် နာရီပိုင်းအလိုမှာ ဖုန်းမသုံးဖို့ ဆရာဝန်တွေက မှာကြားလေ့ရှိပါတယ်။ အိပ်ယာဝင်ခါနီး ဖုန်းသုံးမှုကြောင့် အိပ်မပျော်တဲ့ရောဂါ ဖြစ်ပွားစေနိုင်တာကြောင့်ဖြစ်ပါတယ်။လေ့လာချက်တွေအရ စမတ်ဖုန်းအသုံးများတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေဟာ ရောဂါလက္ခဏာ စစ်ဆေးရာမှာ ၁၂% အထိ မှားယွင်းနိုင်ချေရှိတယ်လို့ သိရပါတယ်။ သူတို့ရဲ့ စမတ်ဖုန်းတွေဟာ အာရုံစုစည်းမှုကို အနှောင့်အယှက်ပေးတတ်တာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် စမတ်ဖုန်းတွေကို ကျန်းမာရေးစစ်ဆေးတဲ့ အီလက်ထရွန်နစ် ကိရိယာတွေနဲ့ အလွန်အမင်းနီးကပ်စွာထားရင် အလုပ်မလုပ်တာမျိုးလည်းဖြစ်တတ်ပါတယ်။စမတ်ဖုန်းတွေကို အကြီးအကျယ် အာရုံစိုက်သုံးမိနေချိန်တွေမှာ ဘေးပတ်ဝန်းကျင်က အခြေအနေတွေကို မေ့လျော့နေတာမျိုး၊ သတိလက်လွတ်ဖြစ်သွားတာမျိုးမကြာခနဖြစ်လေ့ရှိပါတယ်။ တကယ်လို့ ကိုယ့်မှာ ဒီလိုအမူအကျင့်မျိုးရှိနေတယ်ဆို ပြင်ဆင်ဖို့လိုအပ်ပါတယ်။ အကြောင်းကတော့ ဒီအမူအကျင့်ကြောင့် ထိခိုက်မှုဖြစ်ပွားနှုန်းမြင့်မားလာနေတာကြောင့်ဖြစ်ပါတယ်။ဒါ့အပြင် ကျန်းမာရေးပညာရှင်တွေကတော့ လည်ပင်းစောင်းငဲ့ပြီး ဖုန်းဖြေဆိုတာ၊ လမ်းလျှောက်ရင်း ဖုန်းပြောတာ၊ ကားမောင်းရင်းText Messageပို့တာ၊ ကားမောင်းရင်း ဖုန်းပြောဆိုတာတွေကိုလည်း မပြုလုပ်ဖို့ ပြင်းပြင်းထန်ထန်သတိပေးထားပါတယ်။ အဆိုပါ အပြုအမူတွေဟာ ကြွက်သား၊ အဆစ်အမြစ်၊ အရိုး၊ ဦးခေါင်းနဲ့ အမြင်အာရုံတွေကို ထိခိုက်စေနိုင်တဲ့အပြင် မတော်တဆမှုတွေလည်းဖြစ်နိုင်တာမို့ အသက်ဘေးအန္တရာယ်လည်း ထိခိုက်နိုင်တာမို့ဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%85%e1%80%99%e1%80%90%e1%80%ba%e1%80%96%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%9c%e1%80%be%e1%80%9c%e1%80%be-%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%91%e1%80%b0%e1%80%91%e1%80%b0/
သုံးဆယ်ကျော်လာတဲ့နောက်မှာ ကိုယ့်ခန္ဓာကိုယ်အတွက် ဘာတွေပြင်ဆင်ဂရုစိုက်သင့်သလဲ
အသက်သုံးဆယ်ကျော်ဆိုတာမကြီးလွန်းလှပေမယ့်ဆယ်ကျော်သက်လေးတွေလိုငယ်ရွယ်လွန်းတဲ့အသက်အရွယ်တော့လည်းမဟုတ်ပြန်ပါဘူး။တာ၀န်ယူရမှုတွေများပြားနေတတ်ပြီးလုပ်ငန်းခွင်တစ်ခုခုမှာအခြေကျနေပြီးသားအရွယ်တွေဖြစ်တာနဲ့အညီစိတ်ဖိစီးမှုတွေလည်းများတတ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်သုံးဆယ်ကျော်လာတဲ့နောက်မှာကိုယ့်ရဲ့တစ်ကိုယ်ရေကျန်းမာရေးနဲ့စိတ်ချမ်းသာရေးကိုပိုဂရုစိုက်သင့်နေပါပြီ။ကိုယ့်ကိုအဆိပ်အတောက်ဖြစ်စေတဲ့သမီးရည်းစားသူငယ်ချင်းဘယ်လိုဆက်ဆံရေးမျိုးကိုမဆိုလွှတ်ချရဲတဲ့သတ္တိမျိူးရှိသင့်နေပြီဖြစ်တဲ့အရွယ်လဲဖြစ်ပါတယ်။ဒါကြောင့်အသက်သုံးဆယ်ကျော် လာတဲ့သူတွေအနေနဲ့ကိုယ့်ကိုယ်ကိုဘယ်လိုနည်းလမ်းတွေနဲ့စိတ်ချမ်းသာအောင်ကိုယ်ကျန်းမာအောင်ထားသင့်သလဲဆိုတဲ့နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။(၁)ကိုယ်မလုပ်နိုင်တဲ့အရာတွေကိုသတ္တိရှိရှိငြင်းဆိုပါ။(၂)အိပ်ရာမ၀င်ခင်မှာတယ်လီဖုန်းကိုair plane mode onပြီးအိပ်ပါ။(၃)ယုတ္တိဗေဓမကျလက်တွေ့မဆန်တဲ့မျှော်လင့်ချက်မျိူးကိုသူတပါးဆီကဖြစ်ဖြစ်၊ကိုယ့်ကိုယ်ကိုဆီကဖြစ်ဖြစ်မျှော်လင့်တာမျိူးရှောင်ပါ၊ဖြစ်နိုင်ခြေနဲ့နီးစပ်တဲ့မျှော်လင့်ချက်မျိူးကိုသာထားပါ။(၄)နေပူထဲထွက်ထွက်မထွက်ထွက်နေလောင်ကာလိမ်းဆေးနေ့တိုင်းလိမ်းဖို့မမေ့ပါနဲ့၊(၅)အိပ်စက်ခြင်းကိုဦးစားပေးပါ၊တစ်နေ့ကိုအနည်းဆုံးခုနစ်နာရီအိပ်ချိန်ရှိပါစေ။(၆)အစားအသောက်စားတိုင်းမှာအသီးအရွက်တွေပါဖို့ကြိုးစားပါ။(၇)တစ်နေ့ကိုရေနှစ်လီတာသောက်ပါ၊အိပ်ရာထချိန်နဲ့အိပ်ရာ၀င်ခါနီးမှာရေကိုဖန်ခွက်ကြီးကြီးနဲ့သောက်ပါ။(၈)ကိုယ့်ကိုယ်ကိုခွင့်လွှတ်တတ်ပါစေ။(၉)သွားကျန်းမာရေးအတွက်သွားပွတ်ကြိုးသုံးပေးပါ။(၁၀)တခြားလူတွေကိုယ့်အပေါ်ဘယ်လိုမြင်သလဲဘယ်လိုတွေးသလဲဆိုတာကိုအရမ်းဂရုမစိုက်ပါနဲ့။(၁၁)တစ်နေ့ကိုဆယ်မိနစ်ပဲဖြစ်ဖြစ်me timeလို့ခေါ်တဲ့ကိုယ်ပိုင်အချိန်ရအောင်ယူတတ်ပါစေ။(၁၂)လူမှုကွန်ယက်မှာရောလက်တွေ့ဘ၀ထဲမှာပါကိုယ့်ကိုယ်ကိုအဆိုးပဲမြင်စေတဲ့သူမျိူးတွေရှိရင်ဘ၀ထဲကထုတ်ပစ်ပါ။(၁၃)နှစ်ခွက်သောက်ပြီးတာနဲ့ရပ်နိုင်အောင်ကြိုးစားပါ။(၁၄)အတင်းပြောတတ်တဲ့အလေ့အကျင့်ရှိနေရင်ရပ်ပြီးအဆိုးမြင်သံသရာစက်၀န်းထဲကလွတ်မြောက်နိုင်ပါစေ။(၁၅)တာရှည်ခံအောင်ပြုပြင်ထားတဲ့အစာတွေအစားသဘာ၀ကရတဲ့အစာတွေကိုပဲပိုစားသုံးပေးပါ။(၁၆)အိပ်ရာမ၀င်ခင်ကိုယ့်ကိုယ်ကိုသဘောကျတဲ့အချက်သုံးချက်ကိုတွေးပါ။ဒါကသင့်ကိုခွန်အားဖြစ်စေပါတယ်။(၁၇)ကိုယ်တကယ်စိတ်မကောင်းမဖြစ်တဲ့အရာတွေအတွက်ဆောရီးလို့ပြောတာကိုရှောင်ကြဉ်ပါ။(၁၈)မိမိဘ၀ကိုတခြားသူတွေရဲ့ဘ၀နဲ့မနှိုင်းယှဉ်ပါနဲ့၊ကျေနပ်ရောင့်ရဲတတ်ပါစေ။(၁၉)တစ်ပတ်ကိုအနည်းဆုံးသုံးရက်တစ်ကြိမ်ကိုနာရီ၀က်လေ့ကျင့်ခန်းလုပ်ပါ။သုံးဆယ်ကျော်လာတဲ့နောက်မှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အခုလိုလေးတွေ ဂရုစိုက်လိုက်ပါ။ အသက်သုံးဆယ်ကျော် ကာလကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်ကျော်ဖို့ ready ပဲလား …….။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/take-better-care-of-yourself-after-30s/
Covid-19 ကာလမှာ အရက်ကြောင့် ဒုက္ခရောက်ခံတော့မလို့လား
ခုဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံဆီကိုCovid-19ကူးစက်ဝင်ရောက်လာတာ တစ်လတောင် ကျော်ပြီနော်။ ခုနောက်ပိုင်းတော့ တချို့ရုံးတွေ ပြန်ဖွင့်ပြီမို့ မဖြစ်မနေ အလုပ်သွားရတာမျိုးတွေ ရှိပေမယ့်လူစုလူဝေးတွေကို တတ်နိုင်သလောက် ရှောင်ရှားဖို့တော့ လိုပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိုရိုနာဗိုင်းရပ်စ်ကို ဆက်ပြီး မပြန့်အောင် ထိန်းထားနိုင်တဲ့ အခြေအနေမှာ မရှိသေးလို့ပါ။ခုပြောမယ့် အကြောင်းက ဒီလိုCovid-19ကာလမှာအရက်သောက်လို့ ဖြစ်လာနိုင်မယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေပါ။ မိန်းကလေးတွေကတော့ သိပ်ပြီး လုပ်မှာ မဟုတ်ဘူးဆိုပေမဲ့ တစ်ခွက် တစ်ဖလား မမော့ရရင် မနေနိုင်တဲ့ ဘော်ဒါတွေအတွက် ရည်ရွယ်ပြီး ရေးရခြင်းပဲ ဖြစ်ပါတယ်။အရက်ကို အရင်ကတည်းကကျန်းမာရေးအတွက် ကောင်းကျိုးမပြုတဲ့ အရာအဖြစ် လူအများက သတ်မှတ်ထားကြတယ်။ တချို့နေရာမှာတော့ အရက်ရဲ့ အသုံးဝင်ပုံတွေ ရှိတယ်ဆိုတာ မှန်ပေမယ့် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေတာကြောင့် လုံးဝ မရှောင်နိုင်ရင်တောင် ကိုယ်တတ်နိုင်သလောက် လျှော့သောက်ဖို့တော့ လိုပါမယ်။အားလုံး ကြားဖူးကြတဲ့ အတိုင်းပဲ အရက်သည် ကျွန်တော်တို့ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်ပျက်စီးစေပါတယ်။ အထူးသဖြင့် အသည်း၊ ကျောက်ကပ်၊အဆုတ်၊ အစာအိမ်၊ နှလုံးတွေကို ထိခိုက်စေပါတယ်။ Covid-19 ကို ဖြစ်စေတဲ့ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အမှုန်အမွှားကနေ တစ်ဆင့် ကိုယ်ခန္ဓာထဲ ဝင်ရောက်ပြီး ကိုယ်တွင်းကလီစာတွေမှာ ရှိတဲ့ ဆဲလ်တွေကို တိုက်ခိုက်ခြင်းဖြင့် လူကို ဒုက္ခဖြစ်စေပြီး အသက်အန္တရာယ်ဖြစ်စေတာပါ။နောက်တစ်ချက်ကတော့ကိုယ်ခံအားစနစ်ပါ။ အရက်ဟာ ကိုယ်ခံအား စနစ်ကို တိုက်ရိုက်ရော သွယ်ဝိုက်ပြီးတော့ရော ကျဆင်းစေပါတယ်။ ဒီလို ကပ်ဘေးကာလမှာ လူတစ်ယောက်က ကိုယ်ခံအားကျပြီ ဆိုတာနဲ့ အပြင်ကရောဂါပိုးတွေက ကိုယ်ထဲက ဝင်ဖို့ အရမ်းလွယ်သွားတယ်။ မတော်တဆ ရောဂါပိုးကူးစက်ခံရတဲ့အခါမှာလည်း ကိုယ်ခံအားစနစ်က အားနည်းနေတဲ့အတွက် ရောဂါပိုးက အရင်ကလို ကောင်းကောင်း တိုက်ထုတ်နိုင်မှာ မဟုတ်ပါဘူး။ ဒီအတွက် ရောဂါလက္ခဏာက ပိုပြင်းထန်ပြီး အသက်ဆုံးရှုံးနိုင်တဲ့အထိ ဆိုးရွားသွားနိုင်ပါတယ်။တချို့ ဘော်ဒါတွေက မေးကြတယ်ဗျ။ သူတို့က အပြင်လုံးဝ မထွက်တော့ အိမ်မှာ သောက်လည်း ဘာမှမဖြစ်ဘူးမလားပေါ့။ တော်သင့်ရုံလောက် သောက်တာမျိုးကတော့ သိပ်ပြီး ပြဿနာ မရှိပါဘူး။ ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေးဆိုတာ ရှိပါတယ်။အရက်သည်လည်း အဲ့ဒီထဲမှာ ပါဝင်ပါတယ်။ နောက်ပြီးတော့ အိမ်မှာ ကိုယ်က အပြင်မသွားခဲ့ဘူးဆိုရင်တောင် စားဝတ်နေရေးကို တာဝန်ယူထားရတဲ့မိသားစုဝင်တွေက အပြင်သွားတာမျိုး ရှိနိုင်ပါတယ်။ မပြောကောင်း မဆိုကောင်း မိသားစုဝင်တွေပါ ကူးစက်ခံရရင် အဲ့ဒီအိမ်မှာ နေနေတဲ့သူ အားလုံးနီးပါး ကူးစက်ခံရဖို့ အခွင့်အလမ်းက ပိုများသွားပါပြီ။ ဒီတော့ကူးစက်ခံရတာချင်း အတူတူပဲ ဆိုရင်တောင် ကိုယ့်မှာက ကိုယ်ခံအား နည်းနေတဲ့အတွက် သူများထက် ပိုပြီး ဒုက္ခပိုများနိုင်ပါတယ်။အိမ်ပြင်မှာ လူ ၅ယောက် နဲ့ အထက် စုဝေးမနေရဘူးဆိုတော့ တချို့တွေက သူငယ်ချင်းတွေကို အိမ်ခေါ်ပြီး ဝိုင်းဖွဲ့စားသောက်ကြတယ်။ ဒီမှာ ဘာကို ပြောချင်သလဲဆိုတော့ Covid-19အဆုတ်ရောင်ရောဂါသည် ကူးစက်ခံရတဲ့တိုင်အောင် ကိုယ်ခန္ဓာထဲမှာ ဘာလက္ခဏာမှ မပြဘဲ အောင်းနေတတ်ပါတယ်။ ဒီလို အောင်းနေတဲ့အချိန်မှာ ကာယကံရှင်က ကိုယ့်ကိုယ်ကိုယ် နေကောင်းနေတယ်၊ ပိုးကူးစက်ခံရခြင်း မရှိဘူးလို့ပဲ ထင်ကြမှာပါ။ အဲ့ဒီလူသာ ကိုယ့်အိမ်ကို ပါလာခဲ့ရင်၊ မတော်တဆ ကိုယ့်ရှေ့မှာချောင်းဆိုးလိုက်တာ၊ နှာချေလိုက်တာမျိုး လုပ်မိရင် အဲ့ဒီအိမ်မှာ ရှိနေတဲ့သူ အများစုက ကူးနိုင်ဖို့ ဖြစ်နိုင်ခြေ အရမ်းများသွားပါပြီ။ ဒီအတွက်ကြောင့် ကိုယ့်အိမ်မှာပဲ ကိုယ်နေဖို့၊ တတ်နိုင်သလောက် အပြင်က ဘယ်သူနဲ့မှ ထိတွေ့ဆက်ဆံခြင်း မရှိဖို့ မှာရခြင်း ဖြစ်ပါတယ်။ဒါကြောင့် ဒီ Covid-19 ကာလအတွင်းကို တတ်နိုင်သလောက် အရက်၊ဆေးလိပ်တွေ မသောက်ဖို့၊ ကိုယ့်ရဲ့ ကျန်းမာရေးကိုရော ကိုယ့်မိသားစုကိုလည်း ကိုယ့်ကြောင့် ဒုက္ခမရောက်စေဖို့ သေချာ ဂရုစိုက်သင့်ပါတယ်။ အကယ်လို့ မသောက်ရ မနေနိုင်ဘူးဆိုရင်လည်း တော်သင့်ရုံ တစ်ခွက်လောက်ပဲ သောက်ပြီး၊ ရေများများသောက်၊ အစားအစာ တစ်ခုခုစားပြီး ညဘက်ကိုလည်း စောစောအိပ်ဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-19-%e1%80%80%e1%80%ac%e1%80%9c%e1%80%99%e1%80%be%e1%80%ac-%e1%80%a1%e1%80%9b%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%92%e1%80%af%e1%80%80%e1%80%b9/
၃၀ တောင် မကျော်သေးဘဲ ရုပ်ရင့်နေသူတွေ ဖတ်ဖို့
ရှိတယ်နော်၊ ရှိတယ်။ ဒီတိုင်းနေတာ အကောင်းသား၊ အသက် မေးလိုက်မှ “ဟယ်…မထင်ရဘူးနော်၊ ငယ်သေးတာပဲ” လို့ ပြောခံလိုက်ရတာမျိုး။ နဂိုရှိတဲ့ အသက်ထက် လူက ပိုရင့်နေတာမျိုးက ရွယ်တူတွေကြားမှာ နည်းနည်းတော့ ဘူနေမှာပေါ့။အရွယ်ကောင်း လို့ခေါ်ကြတဲ့ အသက် ၃၀ အရွယ်ကိုတောင် မရောက်သေးဘဲ ကိုယ့်ကို အသက်ကြီးတယ် ထင်နေကြတာကို ဝမ်းသာမယ့်သူတော့ ရှိမယ်မထင်ပါဘူး။လူ့ခန္ဓာကိုယ်မှာ အိုမင်းရင့်ရော်မှု ရဲ့ လက္ခဏာကို အရင်ဆုံး ပြလာတာကအရေပြားပါ။ အသက်အရွယ် ကြောင့် အပြင် အသားအရေ ကို အရွယ်မတိုင်မီ ရင့်ရော်စေတဲ့ တခြားအကြောင်းရင်းတွေက အများကြီး ရှိပါတယ်။စိတ်ဖိစီးမှု၊ ဆေးလိပ် သောက်ခြင်း၊ အရက်သောက်ခြင်း၊ အအေးဒဏ်၊ နေပူဒဏ် စတဲ့ ပတ်ဝန်းကျင် အကြောင်းရင်းတွေ၊ အစားအသောက်၊ ကိုယ်အလေးချိန်၊ သောက်သုံးနေတဲ့ ဆေးဝါး၊ အသားအရေ မထိန်းသိမ်းခြင်း စတဲ့ အကြောင်းရင်းတွေ ပါဝင်တာပေါ့။အပေါ်ယံ အရေပြားလေးပါပဲ လို့ ပြောကြပေမယ့် အဲဒီအရေပြားလေးက လူတစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာ နဲ့ ခန္ဓာကိုယ် ကျန်းမာရေးအပြင် လူမှုဆက်ဆံရေးနဲ့ ကိုယ့်ရဲ့စိတ်ကျန်းမာရေး တို့ကိုပါ သက်ရောက်မှု မသေးတာ သတိပြုသင့်ပါတယ်။အသားအရေ ကျန်းမာ၊ နုပျို တဲ့သူတွေဟာ ရုပ်မလှတောင် ကြည့်ကောင်းမယ်၊အရေပြားကင်ဆာလို ရောဂါတွေ ကာကွယ်နိုင်မယ်၊ လူမှုဆက်ဆံရေးမှာ အဆင်ပြေမယ်၊ ရင့်ရော်မှုနဲ့ ပတ်သက်လို့ ဆိုက်ကိုဝင်စရာမလိုဘူး စတဲ့ အကျိုးကျေးဇူးတွေ ရှိနေတယ်လေ။ စိတ်ကျန်းမာတော့ လူလည်း ကျန်းမာနိုင်မှာပါပဲ။ဒါ့ကြောင့်အသားအရေထိန်းသိမ်းချင်ရင် အာဟာရ ပြည့်တဲ့အသီးအနှံ၊အသီးအရွက်တွေ များများစားပါ၊ ရေသောက်ပါ၊ ကျန်းမာရေးနဲ့ မညီတဲ့ အမူအကျင့်တွေကို ရှောင်ပါ။ပိုအသေးစိတ်တဲ့ အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှု အတွက်တော့ –။နေလောင်ဒဏ်ကို ကာကွယ်တာက အသားအရေ ထိန်းသိမ်းမှု နဲ့ ရင့်ရော်မှုကို တားဆီးနိုင်ဖို့ အတွက် အခြေခံ အချက် ပါပဲ။ နေရောင်ခြည်က အသားအရေကို ပိုပြီး မြန်မြန်ရင့်ရော်စေပါတယ်။ ဒါ့ကြောင့် နေပူမရှောင်၊ ထီးမဆောင်း၊ဦးထုပ်မပါဘဲ အပြင်ထွက်လေ့ ရှိကြတဲ့ ယောကျာ်းလေးတွေ ပိုသတိထားသင့်တဲ့ အချက်ပါ။နေရောင်ခြည် နဲ့ခရမ်းလွန်UV rays တို့ ဒဏ်က ကာကွယ်နိုင်ဖို့ နေအပြင်းဆုံးအချိန်ဖြစ်တဲ့ မနက် ၁၀ နာရီကနေ နေ့လည် ၂ နာရီအတွင်း အမိုးအကာအောက်မှာ နေပါ။ သွားစရာရှိရင် ထီး အမြဲယူသွားဖို့ မမေ့ပါနဲ့။sunscreenလိမ်းပါ။ကိုယ့်အသားအရေကို ကာကွယ်နိုင်ဖို့ နေရောင်နဲ့ တိုက်ရိုက် ထိတွေ့နိုင်တဲ့ အရေပြား အစိတ်အပိုင်း မှန်သမျှကိုsunscreenလိမ်းပါ။ SPF ပါဝင်မှု 30 ထက် များတဲ့ sunscreen ကို ရွေးချယ်ပါ။ ရုပ်ရင့် စေတဲ့ အကြောင်းရင်းတွေထဲ နေပူထဲ အကာအကွယ် မပါဘဲ အမြဲသွားနေတဲ့ အချက်က ရှေ့ဆုံးက ပါဝင်ပါတယ်။အသက်ကြီးလာတာနဲ့အမျှ အသားအရေကို ရေဓာတ် ထိန်းသိမ်းဖို့၊ ဖြည့်တင်းဖို့ လိုအပ်လာပါတယ်။ အသားအရေ အစိုဓာတ် နည်းပါးတဲ့အခါ ခြောက်သွေ့လာတယ်၊ အရေးအကြောင်းတွေ ဖြစ်လာတတ်တယ်၊ အသားအရောင် မွဲခြောက်လာမယ်၊ ပိုရင့်ရော်စေတာပေါ့။ moisturizer က အရေပြားထဲမှာ ရေဓာတ် ကို ထိန်းပေးထားလို့ အသားအရေ ကို စိုပြေစေပြီး နုပျိုတဲ့ အသွင်ကို ဆောင်စေပါတယ်။မျက်နှာသစ်တဲ့ အခါမှာလည်း သစ်ပုံသစ်နည်းက တော်တော်စကားပြောပါတယ်။ သိပ်မပြင်းတဲ့မျက်နှာသစ်ဆေးကို ရွေးချယ်ပြီး သုံးပါ။ မျက်နှာ ကို အရမ်းပွတ်တိုက်ပြီး မသစ်မိအောင် သတိထားပါ။ မနက်နဲ့ ညအိပ်ရာဝင် တစ်နေ့ နှစ်ကြိမ် သန့်စင်ပေးပါ။မိန်းကလေးတွေ ဆိုရင် မိတ်ကပ် ဖျက်ဖို့ အဆင့်တစ်ဆင့် လိုအပ်ပါဦးမယ်။မိတ်ကပ်သို့မဟုတ် မျက်နှာမှာ လိမ်းထားသမျှကို makeup remover သို့မဟုတ်micellar waterသုံးပြီး ဖျက်မှ အဆင်ပြေပါလိမ့်မယ်။အရွယ် ငယ်ငယ်နဲ့ ရုပ်မရင့်စေဖို့ သို့မဟုတ် အသက်ကြီးလာလည်း အရွယ်တင် နုပျိုစေဖို့ ဒီအခြေခံအချက်တွေ ဂရုစိုက်လိုက်ရုံနဲ့ အဆင်ပြေပါတယ်နော်။ ဖြစ်နိုင်ရင်တော့ မကြာမကြာလည်း ပေါင်းတင်တာ၊ ဆိုင်မှာ treatment လုပ်တာမျိုး လုပ်ပေးရင် ပိုကောင်းတာပေါ့။Hello ဆရာဝန် ပရိသတ်တို့ ဘယ်အသက် ဘယ်အရွယ်ဖြစ်ဖြစ် အမြဲ နုပျိုလှပ နိုင်ကြစေဖို့ ရည်ရွယ် အကြံပြု ပေးလိုက်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/creating-anti-aging-plan/
စနစ်တကျလက်ဆေးခြင်းဖြင့် ရောဂါပိုးမွှားတွေကို ကာကွယ်ပါ
လွန်ခဲ့သည့်နှစ်အနည်းငယ်ကစပြီး ရုပ်မြင်သံကြားမှာ ထုတ်လွှင့်နေတတ်တဲ့လက်ဆေးခြင်းအကြောင်း ပညာပေး ကာတွန်းရုပ်ရှင်လေးကို ကြည့်ဖူးပါသလား။ဆေးရုံဆေးခန်းတွေမှာ လူနာသွားမေးတဲ့အခါ အထူးကြပ်မတ်ကုသခန်းအဝင်တွေမှာ လက်ဆေးဆပ်ပြာရည်ဘူးလေးတွေ တပ်ဆင်ပေးထားတာ မြင်ဖူးပါသလား။ဒါဟာ လက်ဆေးခြင်းရဲ့ အရေးပါပုံကို မမေ့ရအောင် သတိပေးနေတာတွေ ဖြစ်ပါတယ်။ အောက်တိုဘာ (၁၅) ရက်နေ့ကိုလည်း Global Hand Washing Day လို့ သတ်မှတ်ထားပါတယ်။နေ့စဉ်အရာဝတ္တုများကို ထိတွေ့ကိုင်တွယ်နေရတဲ့ လက်ဟာဘက်တီးရီးယားနဲ့ တခြားရောဂါပိုးတွေ ကပ်ငြိနေနိုင်ပါတယ်။ သုတေသနစာစောင်တခုမှာ ၁စတုန်းစင်တီမီတာမှာ ဘက်တီးရီးယားပေါင်း ၁၅၀၀ လောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။ လက်ဖျားကနေ တံတောင်ဆစ်အထိဆိုရင် သန်းနဲ့ချီပြီး ရှိနေနိုင်ပါတယ်။ ကလေးငယ်တွေဆိုရင် ညစ်ပေတဲ့အရာတွေကို ထိတွေ့ကိုင်တွယ်ရာကနေ ပါးစပ်ထဲကို လက်ထည့်တတ်တာကြောင့် ရောဂါပိုးတွေ ဝင်ရောက်နိုင်ပါတယ်။လက်ကနေတဆင့် ဝင်ရောက်နိုင်တဲ့ ကူးစက်ရောဂါမျိုးစုံကို အထိရောက်ဆုံး၊ ကုန်ကျစရိတ် အသက်သာဆုံးနဲ့ အရိုးရှင်းဆုံး ကာကွယ်တားဆီးပေးနိုင်တဲ့ နည်းလမ်းကတော့ လက်ဆေးခြင်းပဲ ဖြစ်ပါတယ်။စနစ်တကျ လက်ဆေးတတ်ရင် ရောဂါပိုးရှိတဲ့ အရည်၊အရာဝတ္တုေတွကို ထိတွေ့မိရာကနေ လက်မှာ ကပ်ငြိပါလာတဲ့ ရောဂါပိုးမွှားတွေကို လျော့ပါးစေနိုင်ကြောင်း၊ ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ပြီး လူတဦးကနေ တခြားလူတဦးကို ရောဂါကူးစက်နိုင်ခြေကို လျှော့ချနိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းလမ်းညွှန်မှာ ဖော်ပြထားပါတယ်။စနစ်တကျလက်ဆေးဖို့ လိုအပ်တဲ့အရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။၁။ ရေ – သန့်ရှင်းသောရေဖြစ်ဖို့ အရေးကြီးပြီး ဘုံပိုင်ခေါင်း/ပိုက်ခေါင်းကကျတဲ့ ရေဖြစ်ရင် ပိုကောင်းပါတယ်။ လက်နဲ့ခပ်စရာမလိုဘဲ ပိုက်ခေါင်းကနေကျတဲ့ရေဆိုရင် ပိုကောင်းပါတယ်။ ပေါင်းခံရေကတော့ သန့်ရှင်းမှုအရှိဆုံးရေ ဖြစ်ပါတယ်။၂။ ပိုးသန့်စင်ဖို့ လိုအပ်တဲ့ပစ္စည်း (ဆပ်ပြာဖြစ်စေ သန့်စင်ဆေးရည်ဖြစ်စေ) – ရိုးရိုးဆပ်ပြာခဲကို သုံးနိုင်သလို ဘူးမှာခလုတ်ကိုဖိလိုက်ရုံနဲ့ ဆပ်ပြာအရည်တွေ ထွက်လာစေတဲ့ လက်ဆေးဆပ်ပြာရည်ဘူးကိုလည်း သုံးနိုင်ပါတယ်။ လက်ကိုပိုးသန့်စင်ပေးတဲ့ အိမ်သုံး Hand Sanitizer တွေကိုလည်း သုံးနိုင်ပါတယ်။ အရက်ပျံဆွတ်ထားတဲ့ ဂွမ်းတွေကိုလည်း သုံးနိုင်ပါတယ်။ဆပ်ပြာရည်ဘူးတွေသုံးတဲ့အခါ ကုန်သွားရင် လွှင့်ပစ်သင့်ပါတယ်။ ထပ်မံဖြည့်တင်းပြီး မသုံးသင့်ပါဘူး။၁။ အိမ်သာမှ ထွက်လာချိန်။၂။ လူအများ အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေ ကိုင်တွယ်ပြီးချိန် (ဥပမာ လှေကားလက်ရမ်း၊ အများအသုံးပြုနေသောကွန်ပျူတာကီးဘုတ်၊ စားပွဲကုလားထိုင်)။၃။ ချောင်းဆိုးနှာချေပြီးချိန်။၄။ ဆေးရုံကို လူနာမေးသွားမေးစဉ် (သို့) လူနာစောင့်စဉ် လူနာ၏ အသုံးအဆောင်ပစ္စည်းများ ကိုင်တွယ်ပြီးချိန်၊ လူနာကို ပြုစုပြီးချိန်။၅။ အစာမစားမီနှင့် အစာစားပြီးချိန်။၆။ ဆရာဝန်၊ သူနာပြုများဆိုလျှင် လူနာကို စမ်းသပ်ကိုင်တွယ်ခြင်းမပြုမီနှင့် ပြုပြီးချိန်။၇။ အကြောင်းတခုခုကြောင့် လက်များညစ်ပေနေချိန်။၁။ စက္ကန့်အနည်းငယ်ကြာတဲ့အထိ လက်ကိုဆေးပါ။၂။ လက်နှစ်ဖက်စလုံးသု့းပြီး ဆပ်ပြာကိုနှံ့အောင်တိုက်ပါ။လက်ဖဝါးရော လက်ဖမိုးပါ အပြန်အလှန်တိုက်ချွတ်ပါ။၂။ လက်ဖမိုးတဖက်ကို ကျန်လက်ဖဝါးနဲ့ သေချာစွာ ပွတ်တိုက်ပေးပါ။ လက်ချောင်းများကြားကို ကျန်တဲ့လက်ရဲ့ လက်ချောင်းများနဲ့ ပွတ်တိုက်ပေးပါ။ ဘယ်၊ ညာ လက်နှစ်ဖက်ကို အပြန်အလှန် ပွတ်တိုက်ပေးပါ။၃။ လက်ဖဝါးတဖက်ထဲမှာ ကျန်လက်ရဲ့လက်မကိုထည့်ပြီး ပတ်လည်ပွတ်တိုက်ပေးပါ။ ဘယ်လက်ညာလက် အပြန်အလှန် ဆေးပေးပါ။၄။ လက်ဖဝါးတဖက်ထဲမှာ ကျန်လက်ရဲ့လက်ချောင်းလေးများကို စုပြီး ပတ်လည်ပွတ်တိုက်ပေးပါ။ ဘယ်လက်ညာလက် အပြန်အလှန် ဆေးပေးပါ။၅။ လက်နှစ်ဖက်စလုံးကို ရေနဲ့စင်ကြယ်အောင်ဆေးပါ။၆။ လက်ကိုခြောက်သွေ့အောင် တခါသုံးလက်သုတ်ပဝါ၊ တစ်သျှူးစက္ကူ စတာတွေနဲ့သုတ်ပါ။ ဒါမှမဟုတ် အခြောက်ခံစက်နဲ့ အခြောက်ခံပါ။လက်ဆေးခြင်းကြောင့် သင်အလုပ်လုပ်ရာ နေထိုင်ရာ ပတ်ဝန်းကျင်ကို ရောဂါပိုးတွေ ကင်းရှင်းအောင် ဘေးကင်းစိတ်ချရအောင် တစိတ်တဒေသ ပါဝင်လုပ်ဆောင်နိုင်ပါတယ်။ ဝမ်းရောဂါအပါအဝင် အူလမ်းကြောင်းမှာဖြစ်တတ်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ ရောဂါပိုးပါတဲ့လက်နဲ့ မျက်စိကို ကိုင်တွယ်မိရာကနေ ဖြစ်တတ်တဲ့ မျက်စိပိုးဝင်ခြင်းကို လျှော့ချနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာဖြစ်တတ်တဲ့ ကူးစက်ရောဂါပိုးတွေကိုလည်း ကာကွယ်နိုင်ပါတယ်။ဆပ်ပြာနဲ့ရေကိုသုံးပြီး လက်ဆေးနိုင်သလိုခရီးသွားလာစဉ်မှာ ရေနဲ့ဆပ်ပြာ အလွယ်တကူမရနိုင်ချိန်မှာ အဆင်သင့်သုံးနိုင်အောင် Hand Sanitizer ဘူးလေးတွေ ဆောင်ထားသင့်ပါတယ်။သင်နဲ့သင့်ပတ်ဝန်းကျင်ကို ရောဂါပိုးကူးစက်ခြင်းကနေ ကာကွယ်ပေးနိုင်တဲ့ စနစ်တကျလက်ဆေးခြင်းကို မမေ့မလျော့ပြုလုပ်ဖို့ တိုက်တွန်းပါရစေ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-bacterial-infections/%e1%80%85%e1%80%94%e1%80%85%e1%80%ba%e1%80%90%e1%80%80%e1%80%bb%e1%80%9c%e1%80%80%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%96%e1%80%bc%e1%80%84%e1%80%ba/
ဆီးချို ရှိမရှိ သွေးစစ်ကြည့်သင့်တဲ့သူ (၈) မျိုး
ဆီးချို ရှိမရှိ သွေးစစ်ကြည့်သင့်တဲ့သူ တွေက ဘယ်သူတွေလဲ။ ကိုယ်တိုင်ရော ပါနေလားဆိုတာကို သိနိုင်ဖို့ ဆောင်းပါးလေး ဖတ်ကြည့်လိုက်ပါ။ဆီးချို သွေးချိုရောဂါဆိုတာ ခုချိန်မှာ နားထဲမစိမ်းတဲ့ အခေါ်အဝေါ်တစ်ခုဖြစ်နေကြပါပြီ။ ဟိုးတုန်းကပြောကြသလို သူဌေးရောဂါလည်းမဟုတ်တော့သလို အသက်ကြီးမှ ဖြစ်တဲ့ရောဂါလည်း မဟုတ်ပါဘူး။ လူကြီးလူငယ်၊ ဆင်းရဲချမ်းသာမရွေး မျက်နှာမလိုက်တဲ့ သမာသမတ်ရောဂါတစ်ခု ဖြစ်နေတာကို သတိထားသင့်ပါတယ်။ဆီးချိုဖြစ်စေနိုင်တဲ့အနေအထိုင်၊ အစားအသောက်တွေရှိရင် ဖြစ်လာမှာပဲလေ။ဒါပေမယ့် ကိုယ့်မှာဖြစ်နိုင်ခြေရှိနေတာ မသိတာ၊ မဖြစ်ခင် ကြိုရှောင်လို့ရရဲ့သားနဲ့ ရောဂါအဆင့် ရောက်သွားတာ တွေကတော့ သိပ်နှမျောဖို့ကောင်းပါတယ်။ ဆရာဝန်စစ်ခိုင်းမှ စစ်ကြည့်ပြီး ဆီးချိုတအားအရှိန်မြင့်နေတာ သိရတာမျိုးက နောက်ဆက်တွဲပြဿနာတွေနဲ့ ဆီးချိုထိန်းချုပ်မှု (blood sugar control) မရတာတွေ ခံစားရတာပိုလာပါမယ်။လူတိုင်းတော့ မကြာခဏ လက်ထိပ်သွေးဖောက်စစ်နိုင်မှာ မဟုတ်သလို တစ်ခါစစ်လို့ မရှိရင် ငါ့မှာ ဆီးချိုမရှိဘူးလို့ သတ်မှတ်လိုက်လို့ မရပါဘူး။ ဒါ့ကြောင့် ဆီးချိုစစ်ကြည့်သင့်တဲ့ ဖြစ်နိုင်ခြေများသူတွေစာရင်းကို သတိပေးလိုက်ပါရစေ။ဆီးချို ရှိမရှိ သွေးစစ်ကြည့်သင့်တဲ့သူ (၈) မျိုး ကတော့။(၁) မိသားစုထဲမှာ ဆီးချိုရှိတဲ့ မျိုးရိုးရှိတာ (မိဘ၊ မွေးချင်းမောင်နှမတွေမှာဆီးချိုရောဂါရှိတာ) ၊။(၂)ကိုယ်အလေးချိန်များနေတာ(ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း BMIက ၂၅ သို့မဟုတ် ၂၅ ထက်များနေတာ)၊ အဝလွန်နေတာ၊။(၃) ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊။(၄) အရင်ကသွေးတွင်းသကြားပြဿနာ ရှိခဲ့ဖူးတာ၊။(၅)သွေးတိုးရှိတာ(သွေးပေါင်ချိန် 140/90 နဲ့အထက်ရှိတာ)၊။(၆)သွေးတွင်းအဆီများနေတာ(သွေးတွင်းကိုလက်စထရောHDL cholesterol– 35 mg/dL နဲ့အောက် ရှိပြီး triglyceride level 250 mg/dL ထက်များနေတာ) ၊။(၇)ကိုယ်ဝန်ဆောင်ဆီးချိုရှိခဲ့ဖူးတာဒါမှမဟုတ် ကိုယ်အလေးချိန် ကိုးပေါင်အထက်ရှိနေတဲ့ ကလေးမွေးဖွားခဲ့တာ၊။(၈)သားဥအိမ်အရည်အိတ်တည်တဲ့ရောဂါလိုမျိုး အချက်တွေရှိနေတဲ့သူတွေမှာ သူများတွေထက် ဆီးချိုသွေးချိုဖြစ်လာနိုင်ခြေ ပိုများပါတယ်။အများအားဖြင့် အစာမရှိချိန် မနက်ပိုင်း လက်ထိပ်သွေးဖောက်စစ်တာ ဒါမှမဟုတ်HbA1c(Hemoglobin A1C) သွေးစစ်တာဆိုတဲ့ နည်းနှစ်နည်းရှိပါတယ်။လက်ထိပ်ဖောက်တဲ့နည်းက အိမ်မှာ ကိုယ်တိုင်စစ်ကြည့်လို့ရပေမယ့် ပြီးခဲ့တဲ့သုံးလတာကာလအတွင်း သွေးတွင်းသကြားထိန်းချုပ်မှု အခြေအနေကို ပိုပြီးသေချာအောင် စစ်ဆေးပေးနိုင်တဲ့ HbA1c စစ်ဆေးမှုကိုတော့ ဆေးခန်းတွေမှာ စစ်နိုင်ပါတယ်။ဆီးချိုဖြစ်နိုင်ခြေ များတဲ့ အချက်တွေ ကိုယ့်မှာ ရှိနေတာတောင် သွေးစစ်ကြည့်လို့ ဆီးချို မရှိဘူးဆိုရင်လည်း ပေါ့ပေါ့ဆဆ မနေလိုက်ပါနဲ့ဦး။ စစ်ကြည့်တဲ့အချိန်မှာမရှိပေမယ့် အနေအထိုင်၊ အစားအသောက် မဆင်ခြင်ရင် နောက်ပိုင်း ဆက်ဖြစ်လာနိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ဒါမှမဟုတ် နောက်ပိုင်း အချိန်ကာလ တစ်ခုခြားပြီး ပြန်လည် စစ်ဆေးကြည့်သင့်ပါတယ်။ကျန်းမာရေး လိုက်စားပါလို့ တစ်ခွန်းတည်း ပြောရင်ရပေမယ့် အသေးစိတ် ထပ်ပြောရရင် ကိုယ်အလေးချိန်ကို ထိန်းပါ၊ သွေးပေါင်ချိန်ကိုထိန်းပါ၊ သွေးတွင်း အဆီလျှော့ပါ (အဆီလျှော့စားပါ၊ ဆီကြော်တွေ၊ အသင့်စားအစားအစာတွေရှောင်ပါ) ၊ ပုံမှန် ကိုယ်လက်လှုပ်ရှားပါ။ဆီးချိုမဖြစ်လာခင်အစပျိုးအဆင့်ရဲ့ လက္ခဏာတွေကို သိရှိနိုင်မယ် ဆိုရင် အမျိုးအစား၂ ဆီးချိုရောဂါကို ကြိုတင် ကာကွယ်နိုင်မှာ ဖြစ်သလို နှလုံးရောဂါ လိုမျိုး နောက်ဆက်တွဲ ရောဂါတွေ ဖြစ်လာနိုင်ခြေ လျော့နည်းစေမှာ ဖြစ်ပါတယ်။ အစပျိုးအဆင့်မှာ သွေးတွင်းသကြားဓာတ်ထိန်းညှိနိုင်ဖို့ glycemic index (GI) နည်းတဲ့ အစာအာဟာရတွေက အသင့်တော်ဆုံး ဖြစ်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/risk-person-of-diabetes/
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေပျောက်ဆုံးနေပြီလား
အရာရာကိုအောင်နိုင်ဖို့ တစ်ခုပဲလိုအပ်ပါတယ်။ ဒီလိုအပ်ချက်က ငွေပေးဝယ်စရာမလိုသလို သူများဆီကနေရယူလို့လည်းမရပါဘူး။ ကိုယ်တိုင်လုပ်ယူရတာပါ။ ဒါကတော့ အရာရာကိုအောင်နိုင်စေမယ့်ယုံကြည်မှုပါ။ ယုံကြည်မှုရှိနေရင် အောင်မြင်ဖို့ ၅၀ ရာခိုင်နှုန်းလောက်သေချာနေပါပြီ။ ဒီတော့ အရာရာကို အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ ယုံကြည်မှုရှိနေတာက အဆင်အပြေဆုံးဖြစ်မှာပါ။  ယုံကြည်မှုကမြင်ရတဲ့အရာမဟုတ်တော့ ကိုယ့်မှာယုံကြည်မှုကျနေလားဆိုတာက သိဖို့ခက်မှာပေါ့။ ဒီတော့ ယုံကြည်မှုကျနေပြီလားဆိုတာ သိနိုင်စေဖို့ ဒီဆောင်းပါးလေးဖတ်ကြည့်ပါ။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းလာသူတစ်ယောက်ဟာ အခုလိုလက္ခဏာတွေဖြစ်လာနိုင်ပါတယ်။အရာရာကို အလွယ်တကူပဲ ခေါင်းညိတ်လာတတ်တယ်။ကိစ္စတစ်ခုခုရှိလာတဲ့အခါ အချေအတင်ဆွေးနွေးဖို့ထက် မှားမှားမှန်မှန် ဘာမှ မပြောနေတော့ဘဲ အလွယ်တကူခေါင်းညိတ်လိုက်တယ်။ အရင်က အပြန်အလှန်ငြင်းချက်ထုတ်တတ်ပေမယ့် အခုချိန်မှာတော့ အခင်အမင်မပျက်အောင်ခေါင်းညိတ်လိုက်ပါတယ်လေဆိုတဲ့ အကြောင်းပြချက်နဲ့ မှားနေတာကို မျက်လုံးမှိတ်ခေါင်းညိတ်လိုက်တာမျိုးပါ။မလိုအပ်ဘဲ အမြဲလိုလိုတောင်းပန်စကားဆိုတတ်လာတယ်။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းလာတဲ့အခါ ကိစ္စတစ်ခုခုရှိလာတိုင်း ကိုယ့်ဘက်က မှားမှားမှန်မှန် တောင်းပန်စကားဆိုတတ်လာပါလိမ့်မယ်။ မှားနေတာမျိုးမဟုတ်ဘဲ သာမန်အသေးအဖွဲကိစ္စလေးတွေကိုတောင် တောင်းပန်စကားဆိုမိနေပြီဆိုရ်ငတော့ သေချာက သင်ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျဆင်းနေပါပြီ။အလွယ်တကူပဲစိတ်ဓာတ်ကျတတ်လာတယ်။စိတ်ဓာတ်ကျမှုတော်တော်များများက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းတာကနေ အစပြုလာခဲ့ကြတာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းလာတဲ့အခါ အများနဲ့ ပြောဆိုဆက်ဆံမှုတွေမလုပ်ချင်တော့သလို အသစ်အဆန်းတွေကို ထိတေါ့ဖိုပ ဖန်တီးဖို့လည်း စိတ်မပါတော့ပါဘူး။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ အရာရာကိုလုပ်နိုင်စွမ်းရှိမယ်ဆိုတဲ့စိတ်အားထက်သန်မှုပါပျောက်ဆုံးနေတာပါ။ ဒါကြောင့် အလွယ်တကူစိတ်ဓာတ်ကျလာတတ်ပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြန်တည်ဆောက်ဖို့ ကြိုးစားပါတော့။ဝေဖန်မခံနိုင်ဖြစ်လာတယ်။အလုပ်ကိစ္စနဲ့ပတ်သက်ပြီး အထက်လူကြီးက ဝေဖန်ထောက်ပြတာ၊ အဝတ်အစား၊ အနေအထိုင်နဲ့ပတ်သက်ပြီးလူကြီးမိဘတွေက ဝေဖန်တာ၊ ဝတ်ထားတဲ့အဝတ်အစားက အဆင်မပြေလို့ သူငယ်ချင်းတွေက ဝေဖန်အကြံပြုတာတွေကို ကြားလိုက်ရချိန်မှာ ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုကငိုချင်တာပဲသိတယ်ဆိုရင်တော့ စိတ်သာချလိုက်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျဆင်းနေပြီလေ။ ဒီအတိုင်းမနေပါနဲ့ ပြန်တည်ဆောက်ယူပါ။ လူတိုင်းမှာ တန်ဖိုးကိုယ်စီရှိစမြဲပါ။ပစ္စည်းအသစ်တွေဝယ်ရင်း ပျော်စရာဖန်တီးယူတယ်။မလိုအပ်ဘဲ၊ လိုချင်လို့လေဆိုတဲ့ အပြောလေးတစ်ခွန်းနဲ့ ပစ္စည်းတွေကို ဝယ်နေမိပြီဆိုရင်​တော့ သေချာတာကကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျဆင်းနေလို့ ပြန်တည်ဆောက်ယူနေတယ်ဆိုတာပါ။ ဈေးဝယ်ထွက်ပြီး ပစ္စည်းအသစ်တွေဝယ်ယူတာက ယုံကြည်မှုပြန်တက်လာစေမယ်လို့ ယူဆလုပ်ဆောင်မိနေတာပါ။ ဒီအချိန်မှာ အကောင်းဆုံးဖြေရှင်းနည်းကမိဘ၊မောင်နှမဒါမှမဟုတ် ယုံကြည်ရသူတစ်ဦးဦးနဲ့ စကားပြောလိုက်ပါ။သူများကိုအရမ်းဝေဖန်မိနေတယ်။ကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်စွမ်းနည်းနေတယ်။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းနေတဲ့အခါ ဆုံးဖြတ်ချက်ချနိုင်စွမ်းက အလိုလိုနည်းသွားတတ်ပါတယ်။ ဒီလိုဖြစ်နေတဲ့အခါ အရင်က ကိုယ်တိုင်ဆုံးဖြတ်ချက်ချရမှာ ကြိုက်တယ်ဆိုပေမယ့် အခုချိန်မှာတော့ သူများဆုံးဖြတ်တဲ့အတိုင်း ဟုတ်ကဲ့လုပ်မိနေနိုင်ပါတယ်။ထိရှလွယ်နေမယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/warning-signs-of-low-self-esteem/
အဆုတ်ရောင်ဝေဒနာ ခံစားနေရသူတွေ ကျန်းမာစေဖို့
အဆုတ်ရောင်ရောဂါက အခန့်မသင့်ရင် အသက်သေဆုံးသည် အထိဖြစ်နိုင်တဲ့ ပြင်းထန်တဲ့ရောဂါတစ်ရပ်ပါ။ အချိန်မီကုသမှုခံယူဖို့ လိုသလိုအာဟာရသင့်တင့်မျှတအောင် စားသုံးဖို့ကလည်း မေ့ထားလို့မဖြစ်တဲ့အချက်တစ်ခုပေါ့။ ဒီတစ်ခေါက်တော့ အဆုတ်ရောင်ဝေဒနာ ခံစားနေရသူတွေ ကျန်းမာစေဖို့ ဘာတွေ စားပေးသင့်လဲဆိုတာကို hello ဆရာဝန်ပရိသတ်ကြီးကိုပြောပြပေးပါရစေလား…….။အဆုတ်ရောင်ဝေဒနာ ခံစားနေရသူတွေ ကျန်းမာစေဖို့ နဲ့ ရောဂါထပ်တိုးမလာစေဖို့ဆိုရင် ဒီအစားအစာလေးတွေကို စားသုံးပေးသင့်ပါတယ်။ရေ။သင့်အနေနဲ့ အဆုတ်ရောင် ရောဂါ ခံစားနေရမယ်ဆိုရင် ရေများများသောက်တာက ရောဂါကို သက်သာစေဖို့ အကောင်ဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ အကြောင်းကတော့ အရည်များများသောက်တာက အဆုတ်ထဲကချွဲတွေကို ပျော်စေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်တာကြောင့်ပါ။ ရေက ကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့အသက်ရှုလမ်းကြောင်းမှာ ကပ်နေတဲ့ အမှုန်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ဆန်၊ဂျုံ။ဆန် နဲ့ ဂျုံတို့မှာပါတဲ့ ကာဗိုဟိုက်ဒရိတ်က ခန္ဓာကိုယ်ကို အားပြည့်စေနိုင်ပြီး ခန္ဓာကိုယ်အပူချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ဆန် နဲ့ ဂျုံတို့မှာပါတဲ့ ဗီတာမင်တွေနဲ့သတ္တုဓာတ်တွေကကိုယ်ခံအားကောင်းစေနိုင်ပါတယ်။ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေ။အဆုတ်ရောင် ရောဂါခံစားနေရတဲ့အခါ ရောဂါသက်သာစေဖို့မေ့ထားလိ့်မဖြစ်တဲ့ အချက်တစ်ချက်က ပရိုတင်းပြည့်ဝဖို့ပါ။ ဒါကြောင့် ပရိုတင်းကြွယ်ဝစွာပါဝင်နေတဲ့အခွံမာသီးတွေ၊ အစေ့အဆန်တွေ၊ ပဲအမျိုးမျိုး၊ ကြက်သား၊ အဆီမပါတဲ့အနီရောင်အသား၊ ပင်လယ်ငါးတွေကို စားသုံးပေးလို့ရပါတယ်။ ဒီလိုစားသုံးပေးမှုက ခန္ဓာကိုယ်မှာ ပျက်စီးသွားတဲ့ တစ်ရှုးတွေကို အသစ်ဖြစ်ပေါ်စေဖို့ အကောင်းဆုံးအားဖြည့်ပေးရာရောက်ပါတယ်။အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ။ကိုက်လန်၊ ဆလတ်ရွက်တို့လိုမျိုး အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ အာဟာရဓာတ်တွေက အသက်ရှုလမ်းကြောင်းမှာဖြစ်နေတဲ့ ရောဂါတွေကို သက်သာစေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက ရောဂါပိုးတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေ။လိမ္မော်သီး၊ ဘယ်ရီသီး နဲ့ ကီဝီသီးတို့လိုမျိုး အချဉ်ဓာတ်ပါတဲ့ အသီးတွေကဗီတာမင် Cကြွယ်ဝပြီး ကိုယ်ခံအားကိုကောင်းစေသလို ရောဂါကို မြန်မြန်သက်သာစေနိုင်ပါတယ်။ အချဉ်ဓာတ်ပါတဲ့ အသီးတွေမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုက ခန္ဓာကိုယ်ကို  ပြင်ပကရောဂါပိုးတွေ ကျူးကျော်ဝင်ရောက်လာတာမျိုးမဖြစ်အောင် အကောင်းဆုံးဟန့်တားနိုင်ပါတယ်။အကျိုးပြုဘက်တီးရီးယားကြွယ်ဝတဲ့ အစားအစာတွေ။ဒိန်ချဉ်လိုမျိုး က အကျိုးပြုဘက်တီးရီးယားတွေ ကြွယ်ဝစွာပါဝင်နေတဲ့ အစားအသောက်တွေက အဆုတ်ရောင်ရောဂါကို ဖြစ်စေတဲ့ပိုးမွှားတွေကို အကောင်းဆုံးတိုက်ဖျက်ပေးပါတယ်။ အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို တိုးပွားစေနိုင်ပြီး ကိုယ်ခံအားကို ကောင်းစေနိုင်ပါတယ်။ပျားရည်။ပျားရည်က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပြီးအအေးမိတာနဲ့ချောင်းဆိုးတာကို သက်သာစေနိုင်တယ်ဆိုတာကိုသိထားပြီးသားဖြစ်မှာပါ။ ပျားရည်ရဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်က အဆုတ်ရောင် ရောဂါကိုလည်းအထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ချင်း (ဂျင်း)။နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ချင်း (ဂျင်း) က အဆုတ်ရောင်တာကြောင့်ရင်ဘတ်အောင့်တာကို သက်သာစေနိုင်သလို အဆုတ်ရောင် ရောဂါကို သက်သာစေနိုင်ပါသေးတယ်။နနွင်း။နနွင်းက လေပြွန်တွေ ရောင်ရမ်းတာကို သက်သာစေနိုင်ပြီး အဆုတ်ထဲကချွဲသလိပ်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် ရေနွေးဆူဆူထဲကို နနွင်း ခတ်ပြီး သောက်တာဖြစ်ဖြစ် နို့ပူပူထဲကို နနွင်း ထည့်ပြီး သောက်တာဖြစ်ဖြစ် သောက်ပေးလို့ရပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/pneumonia/foods-to-eat-for-pneumonia/
ဗီတာမင် C ဓါတ်ဟာ အအေးမိတုပ်ကွေးရောဂါကို အမှန်တကယ် ကာကွယ်နိုင်ရဲ့လား
လူတွေတော်တော်များများ အအေးမိပြီဆိုရင် လုပ်လေ့လုပ်ထရှိတဲ့ အရာတစ်ခုကဗီတာမင် Cပါဝင်တဲ့ ဖြည့်စွက်စာတွေ၊ ဖျော်ရည်တွေ၊ ချောင်းဆိုးပျောက်ဆေးတွေ သောက်တာပါပဲ။ ၁၉၇၀ ခုနှစ်လောက်က ဗီတာမင် C ကိုအအေးမိတုပ်ကွေး ပျောက်ဖို့အတွက် တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပေမဲ့ နောက်ပိုင်းမှာ ပညာရှင်တွေရဲ့ လေ့လာစမ်းသပ်ချက်အရ ဗီတာမင် C ဟာ အအေးမိတုပ်ကွေးရောဂါကို ကုသတဲ့ နေရာမှာ အနည်းငယ်သာ ထိရောက်မှု ရှိတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ဗီတာမင် Cဆိုတာ ကျွန်တော်တို့ ခန္ဓါကိုယ်ရဲ့ကိုယ်ခံအားကို ကောင်းမွန်စေပြီး ကျန်းမာစေတဲ့အပြင် သံဓါတ်ကို ကောင်းစွာစုပ်ယူပေးလို့ အရိုးနဲ့ ကြွက်သားကို ကြံ့ခိုင်သန်စွမ်းစေတယ်။အသားအရေကိုလည်း လှပစေတယ်။ ဗီတာမင်C ဓါတ်ဟာ သဘာ၀ ဟင်းသီးဟင်းရွက်တွေနဲ့ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ ရှောက်သီး၊ သံပုရာသီး၊ စတော်ဘယ်ရီသီး အစရှိတဲ့ သစ်သီးဝလံတွေမှာ အများအပြား ပါဝင်ပြီး ဆေးဝါး သို့မဟုတ် ဝါးစားလို့ရတဲ့ ဆေးပြားအနေနဲ့လည်း ဗီတာမင် C ကို မှီဝဲကြပါတယ်။ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက နှစ်ပေါင်းများစွာ လေ့လာစမ်းသပ်ကြည့်တဲ့အခါမှာဗီတာမင် Cဓါတ်ဟာ အအေးမိတုပ်ကွေး မဖြစ်အောင် ကာကွယ်ပေးနိုင်မှု၊ ဖြစ်လာရင်လည်း ရောဂါဝေဒနာကို ပျောက်ကင်းစေမှုအပေါ်မှာ သက်ရောက်မှု မရှိတာကို တွေ့ရှိခဲ့ပါတယ်။ဗီတာမင်C ကို အအေးမိတုပ်ကွေး ဖြစ်နေတဲ့အချိန်မှ သောက်တာထက် နေ့စဉ် ပုံမှန်သောက်သုံးပေးမယ်ဆိုရင်တော့ အအေးမိတုပ်ကွေးဖြစ်လာခဲ့ရင် သာမန်လူတွေထက် ရောဂါကြာမြင့်ချိန်ဟာ လျော့နည်းသွားနိုင်ပါတယ်။ ဥပမာ ၁၂ ရက်ကြာမယ့် ဝေဒနာက ၁၁ရက်လောက်ပဲ ကြာတော့တာမျိုးပေါ့။ဗီတာမင်C ပါဝင်တဲ့ ဖြည့်စွက်စာ၊ ဆေးဝါးတွေကို သတ်မှတ်ထားတဲ့ပမာဏအတိုင်း သောက်နိုင်ရင် တခြားဘေးဥပါဒ်တွေတော့ မဖြစ်စေပါဘူး။ ဗီတာမင် C ပေါကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို အဓိကစားပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အမျိုးသားတွေအတွက် တစ်နေ့တာ သောက်သုံးသင့်တဲ့ ဗီတာမင် C ပမာဏက 90 mg ဖြစ်ပြီး အမျိုးသမီးတွေကတော့ 75 mg ပါ။ နေ့စဉ် ဗီတာမင် C ကို 2000 mg ထက် ပိုများပြီး သောက်ရင်တော့ မအီမသာဖြစ်ပြီး ပျို့အန်တာ၊ဝမ်းပျက်ဝမ်းလျှောနဲ့ ကျောက်ကပ်မှာ ကျောက်တည်တာတွေ ဖြစ်နိုင်ပါတယ်။အအေးမိ တုပ်ကွေးရောဂြါဖစ်ပြီဆိုရင်တော့ ဗီတာမင် C သောက်ဖို့ သင့်၊ မသင့်ကို ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/vitamin-c-cold-and-flu/
ဆီးချိုကြောင့်ဖြစ်သောမျက်စိနောက်ဆက်တွဲပြဿနာများ-မျက်စိအတွင်းတိမ်
မျက်စိအတွင်းတိမ်(Cataract)။အတွင်းတိမ်(Cataract)ဟာဆီးချိုကြောင့်ဖြစ်တဲ့ အမြင်အာရုံနဲ့သက်ဆိုင်တဲ့ နောက်ဆက်တွဲပြသနာတခုဖြစ်ပြီးအမြက်အာရုံကိုမကြည်မလင် ေဝဝါးခြင်း ဖြစ်စေပါတယ်။ နှစ်စဉ်ပြုရမယ့်ဆီးချိုအတွက် စစ်ဆေးမှုတွေမှာပုံမှန်မျက်စိစစ်ဆေးခြင်းလည်း ပါဝင်ပြီး မျက်လုံးတိမ်ရှိမရှိစောလျင်စွာသိရှိခြင်းဟာသင့်ရဲ့ကျန်းမာရေးစောင့်ရှောက်တဲ့အဖွဲ့အတွက် အထောက်အကူပြုပါတယ်။အတွင်းတိမ်ဆိုတာဘာလဲ။အတွင်းတိမ်ဆိုတာ မျက်လုံးရဲ့ မှန်ဘီလူးမှာတိမ်သဖွယ် အုပ်ဆိုင်းနေခြင်းပဲဖြစ်ပြီးအမြင်အာရုံကို ချို့ယွင်းစေပါတယ်။ ဆီးချိုနဲ့ဆက်စပ်နေတဲ့ မျက်လုံးတိမ်ဟာဂလူးကို့စ်အရည်တမျိုးအဆမတန် မြင့်တက်လာခြင်းကြောင့် မှန်ဘီလူးမှာစုပုံပြီး ဖြစ်ပွားတတ်ပါတယ်။ တိမ်တခုဟာ သင့်အမြင်အာရုံကို နှောက်ယှက်စပြုလာပြီဆိုရင် ခွဲစိတ်မှုခံယူပြီး ပြသနာရှိနေတဲ့ မှန်ဘီလူးနေရာမှာ အခြားမှန်ဘီလူးတခု အစားထိုးဖို့ လိုပါတယ်။ဘယ်သူတွေ ဒီပြဿနာဖြစ်နိုင်သလဲ။ဘယ်သူမဆိုအတွင်းတိမ်ရောဂါဖြစ်နိုင်တယ်ဆိုသော်လည်းသင့်အနေနဲ့ ဆီးချိုရှိနေရင် တခြားဆီးချိုမရှိသူတွေနဲ့ စာရင် မျက်စိပြဿနာကိုငယ်ငယ်ရွယ်ရွယ်မှာတွေ့လာရတတ်ပါတယ်။ဆီးချိုအပြင် တချို့အရာတွေဟာလည်းအတွင်းတိမ်ရောဂါကို မြန်မြန်ဆန်ဆန်ဖြစ်စေနိုင်ပါတယ်။ အဲဒါတွေကတော့- .။အိုမင်းခြင်းဟာတိမ်ဖြစ်စေတဲ့ အဓိကအကြောင်းဖြစ်ပေမယ့် တိမ်ရှိဖို့အတွက်တော့ စီနီယာမကျသင့်ပါဘူး။ တကယ်တော့ လူအများမှာလေးဆယ်ကျော် ငါးဆယ်အရွယ်တွေမှာအရွယ်ကြောင့်ဖြစ်လာတဲ့တိမ် ဖြစ်ပါားလာတတ်ပါတယ်။ ဒါပေမယ့် သက်လတ်ပိုင်းမှာတိမ်အများစုဟာသေးငယ်ပြီးအမြင်အာရုံကိုမထိခိုက်ပါဘူး။ ခြောက်ဆယ်ကျော်လာရင်တော့ တိမ်ကြောင့် အမြင်ချို့ယွင်းပါပြီ။မျက်လုံးအတွင်းတိမ်လက္ခဏာတွေဟာဘာတွေလဲ။တိမ်အများစုဟာတဖြည်းဖြည်းကြီးထွားလာပြီးအစပိုင်းမှာတော့ အမြင်အာရုံကိုအနှောက်အယှက် မပေးပါဘူး။ ဒါပေမယ့် ကြာလာတာနဲ့အမျှ မြင်ကွင်းကိုထိခိုက်လာစေပါတယ်။တိမ်တခုကြောင့် သင့်ရဲ့အမြင်အာရုံေဝဝါးလာခြင်းဟာ မျက်လုံးမှန်ဘီလူးရဲ့ အစိတ်အပိုင်းအနည်းငယ်ကိုပဲထိခိုက်စေပြီးအမြင်အာရုံကွယ်လာတာကိုသတိမထားမိသေးပါဘူး။ တိမ်ဟာဆက်လက်ကြီးထွားပြီးမှန်ဘီလူးကိုပိုဖုံးလာတဲ့နောက် မှန်ဘီလူးကို ဖြတ်သွားရတဲ့ အလင်းတန်းကိုလွဲချော်စေပါတယ်။ ဒီလိုဖြစ်ခြင်းကြောင့် သင်ဟာရောဂါလက္ခဏာတွေကိုပိုပြီးသတိထားမိလာပါတယ်။အတွင်းတိမ်ရောဂါရဲ့ အဓိကလက္ခဏာတွေကတော့-။ဘာကြောင့် အတွင်းတိမ်ဖြစ်တတ်သလဲ။မျက်စိရဲ့မှန်ဘီလူးဟာ မျက်ဝန်း(iris)နဲ့ သူငယ်အိမ်ကြားမှာရှိပါတယ်။ သူဟာကင်မရာတလုံးရဲ့ မှန်ဘီလူးလိုပဲအလုပ်လုပ်ပါတယ်။ အလင်းတန်းတွေကိုမျက်လုံးနောက်ဖက်ကအမြင်လွှာပေါ်မှာစုဆုံစေပြီးပုံရိပ်ကိုမှတ်သားပါတယ်။ မှန်ဘီလူးဟာမျက်လုံးကို နီးနီးဝေးဝေး ပြတ်သားစွာမြင်နိုင်အောင် ချိန်ပေးပါတယ်။ မှန်ဘီလူးကိုအများအားဖြင့် ရေ၊ ပရိုတင်းနဲ့ ဖွဲ့စည်းထားပါတယ်။ ပရိုတိန်းဟာမှန်ဘီလူးကို ကြည်လင်နေစေပြီး အလင်းကောင်းစွာဖြတ်သွားနိုင်အောင် တိကျတဲ့ပုံစံနဲ့ စီစဉ်ထားပါတယ်။ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ ပရိုတိန်းဟာ ပုံပျက်စုဝေးလာပြီး မှန်ဘီလူးကိုအနည်းငယ်ဖုံးစ ပြုလာပါတယ်။ ဒါဟာတိမ်ဖြစ်လာတာပါပါ။ တဖြည်းဖြည်းနဲ့ တိမ်ဟာကြီးထွားလာပြီးမှန်ဘီလူးကိုပိုမိုဖုံးအုပ်လာတဲ့အခါ မြင်ရခက်လာပါတယ်။အသက်အရွယ်ဟာအကြောင်းရင်းတခုဖြစ်ပြီးတခြားအကြောင်းတွေကတော့-။ဒီရောဂါကို ဆရာဝန်ကဘယ်လိုအတည်ပြုသလဲ။ဆရာဝန်အနေနဲ့ ပြည့်စုံတဲ့မျက်စိစစ်ဆေးမှုတွေ ပြုလုပ်ခြင်းမှတဆင့် ရောဂါအမည်တပ်ပါတယ်။သင့်ရဲ့ဆရာဝန်ဟာ သင့်မျက်လုံးရဲ့ တည်ဆောက်ပုံနဲ့ ကျန်းမာရေးအခြေအနေကိုပိုသိရအောင် စစ်ဆေးနိုင်ပါသေးတယ်။အရေးကြီးတာကတော့ သင့်မျက်လုံးရဲ့ရေချိန်ကိုမှန်မှန်စမ်းနေဖို့ပါပဲ။ ပြန်မကောင်းနိုင်တဲ့ မျက်စိထိခိုက်မှုကြုံမယ်ဆိုရင် ဘာလက္ခဏာမှ ပေါ်မလာခင် စမ်းသင့်ပါတယ်။တိမ်ရောဂါအတွက် ကုသမှုတွေကဘာတွေဖြစ်သလဲ။သိပ်မပြင်းတဲ့ တိမ်ရောဂါတွေအတွက်တော့ နေကာမျက်မှန်ကိုအခါအားလျော်စွာတပ်ဆင်ခြင်းနဲ့ အရောင်စူးစူးတွေကိုကာကွယ်တဲ့ မျက်မှန်ကိုသုံးဖို့ပါပဲ။ အမြင်ကိုအရမ်းအနှောင့်အယှက်ဖြစ်နေတဲ့ တိမ်အတွက်ကိုတော့ ဆရာဝန်အနေနဲ့ ဖယ်ထုတ်ပါတယ်။ တခါတရံမှာ မျက်စိမှန်ဘီလူး အစားထိုးပါတယ်။ ဆီးချိုရှိသူတွေမှာ မှနန်ဘီလူးဖယ်ထုတ်ပြီးနောက် သူငယ်အိမ်ပျက်စီးတာ ပိုဆိုးလာပြီးရေတိမ်ရောဂါ စလာတတ်ပါတယ်။ပုံမှန်အားဖြင့် အတွင်းတိမ်ခွဲစိတ်မှုဟာဘေးကင်းတတ်ပါတယ်။ တဦးတယောက်ချင်းစီပေါ်လည်းမူတည်ပါတယ်။ နေ့ပိုင်းတွေမှာခွဲနိုင်ပြီးထုံဆေးခပ်တာဟာအနေရခက်ဆုံးအပိုင်းပါပဲ။အတွင်းတိမ်ကိုဘယ်လိုကုနိုင်လဲ။မိမိဖာသာဂရုစိုက်ခြင်းဟာ ခဏတာ အထောက်အကူပြုပေမယ့် တိမ်ကြီးထွားလာရင် အမြင်ကွယ် လာနိုင်ပါတယ်။ နေ့စဉ်ပြုလုပ်နေကျ ကိစ္စတွေကိုထိခိုက်လာရင်တော့ တိမ်ကိုခွဲထုတ်ဖို့ စဉ်းစားသင့်ပါတယ်။အကြောင်းရင်းကိုသေချာမသိနိုင်သေးပေမယ့် ဆီးုရှိသူများရဲ့ ၆၀ရာခိုင်နှုန်းဟာ တိမ်ရောဂါ ဖြစ်တတ်ပါတယ်။ ဆီးချိုရဲ့ အဖြစ်များဆုံး ပြသနာတွေနဲ့အတူသွေးတွင်းသကြားဓါတ်ကိုထိန်းချုပ်ခြင်းအားဖြင့် ဖြစ်ပါးနိုင်ခြေကိုလျှော့ချနိုင်ပါတယ်။ဒါ့အပြင် သုတေသနတွေအရ HbA1C ၁ ရာခိုင်နှုန်းနည်းသူအမျိုးအစား (၂) ဆီးချိုသည်တွေဟာအတွင်းတိမ်ဖြစ်ပွားနှုန်း ၁၉ ရာခိုင်နှုန်းပိုနည်းပါတယ်။အောက်ပါအချက်များကတော့ သင့်အတွက် အကြံပြုချက်တွေပါပဲ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac%e1%80%99/
ယောက်ျားတွေရဲ့ ဂျီစပေါ့ ဘယ်နေရာမှာရှိလဲ
ဂျီ စပေါ့(G-Spot) ဆိုတာ မိန်းကလေးတွေမှာတင်မကဘဲ ယောက်ျားလေးတွေမှာလည်း ရှိပါတယ်။ ယောက်ျားလေးတွေမှာ ရှိတဲ့ ဂျီစပေါ့ကိုတော့ ပီ စပေါ့ (P-Spot,လိင်တံPenis ရဲ့ အတိုကောက် P) လို့လည်း ခေါ်ကြပါတယ်။ ယောက်ျားတွေရဲ့ ဂျီစပေါ့ က မိန်းကလေးတွေထက် ပိုရှာရလွယ်သလို နှိုးဆွရတာလည်း ပိုလွယ်တယ်လို့တော့ ဆိုကြပါတယ်။ ဒါပေမယ့် တချို့ယောက်ျားလေးတွေက သူတို့ရဲ့ ဂျီစပေါ့ကို နှိုးဆွတဲ့အခါ ဘယ်လိုခံစားမှုမျိုးမှ မရရှိဘူးလို့လည်း ပြောပါတယ်။မိန်းကလေးတွေမှာဖြစ်စေ၊ ယောက်ျားလေးတွေမှာဖြစ်စေ ဂျီစပေါ့ကို နှိုးဆွပေးခြင်းရဲ့ အားသာချက်ကသုက်လွှတ်ပြီးမြောက်မှု လျင်မြန်စေဖို့၊ လိင်စိတ်ဆန္ဒ အထွတ်အထိပ်ကို ရောက်သွားတဲ့အခါ အားရကျေနပ်ဖွယ် ခံစားချက်မျိုး ပေးစွမ်းနိုင်ပါတယ်။ အမျိုးသားတွေမှာဆိုရင် ဂျီစပေါ့ထိပြီး သုက်လွှတ်လိုက်တဲ့အခါ သုက်ရည်ထဲမှာ ပါသွားတဲ့သုက်ပိုးကောင်တွေကို အပြင်မှာ အချိန်ကြာကြာနေနိုင်စေဖို့လည်း ကူညီပေးနိုင်ပါတယ်။ ဒီဆောင်းပါးထဲမှာ ယောက်ျားတွေရဲ့ ဂျီစပေါ့ါ့ အကြောင်းကို ဆွေးနွေးပေးသွားပါမယ်။အမျိုးသားတွေရဲ့ ဂျီစပေါ့ကို အပြင်ဘက်နဲ့ အတွင်းဘက် ၂နေရာဆိုပြီး ခွဲရှာလို့ ရပါတယ်။ ဆက်ဆံတဲ့အနေအထားနဲ့ အခြေအနေပေါ် မူတည်ပြီး မိမိကိုယ်ကိုယ်ဖြစ်စေ၊ ကိုယ့်ဆက်ဆံဖော်ကဖြစ်စေ နှိုးဆွပေးနိုင်မယ်ဆိုရင်လိင်စိတ်ဆန္ဒအထွတ်အထိပ်ရောက်ဖို့ ပိုမြန်နိုင်ပါတယ်။စအိုဝအတွင်းဘက် ၂လက်မလောက် အကွာအဝေး ဆီးကျိတ်နေရာမှာ ရှိပါတယ်။ များသောအားဖြင့်လိင်တူဆက်ဆံတဲ့အမျိုးသားတွေ၊ ဆက်ဆံတဲ့အခါ ခံရသူအနေနဲ့ ဒီနေရာကို လိင်တံနဲ့ ထိုးသွင်းပြီးဖြစ်စေ၊ လက်နဲ့ဖြစ်စေ နှိုးဆွပေးလို့ ရပါတယ်။ဒါကတော့ တိုက်ရိုက်နှိုးဆွတာမဟုတ်ဘဲ အပြင်ကနေဆီးကျိတ်နေရာကို အားအနည်းငယ် ဖိပြီး နှိုးဆွပေးတာဖြစ်ပါတယ်။ Perineum လို့ခေါ်တဲ့ ကပ္ပါယ်အိတ်နဲ့ စအိုဝရဲ့ကြား အလယ်တည့်တည့် နေရာမှာ ဂျီစပေါ့ ရှိပါတယ်။ ကိုယ့်ရဲ့ဆက်ဆံဖော် အမျိုးသားကို ထိုးသွင်းဆက်ဆံနေချိန်မှာ ဒီနေရာလေးကို ဖိထားပေးခြင်းဖြင့် ပိုပြီးခံစားမှုအားကောင်းစေပြီး လိင်စိတ်ဆန္ဒကို ပိုတက်ကြွလာစေနိုင်ပါတယ်။လိင်ဆက်ဆံခြင်းမပြုခင်မှာ ဂျီစပေါ့နဲ့ ပတ်သက်ပြီး အမျိုးသားရော အမျိုးသမီးပါ သေချာတိုင်ပင်ထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိန်းကလေးတွေအတွက် သိပ်ပြဿနာမရှိပေမဲ့ ယောက်ျားလေးတွေရဲ့ ဂျီစပေါ့နေရာက အနောက်တံခါးမှာ တည်ရှိနေတာကြောင့်ပါပဲ။ လိင်တူဆက်ဆံတဲ့အမျိုးသားတွေမှာတော့ သိပ်ပြီးတိုင်ပင်စရာမလိုဘဲ ၂ဦးသား အတူနှိုးဆွပေးလို့ရပါတယ်။အမျိုးသားတွေအနေနဲ့ နှိုးဆွဖို့ သဘောတူခဲ့ရင်လည်း အပြင်ဘက်မှာ နှိုးဆွမှာလား၊ အတွင်းဘက်လားဆိုတာ သေချာပြောပြထားပါ။ အပြင်ဘက်မှာ နှိုးဆွမယ်ဆိုရင် လိင်မှုကိစ္စ စစချင်းမှာ မလုပ်ပါနဲ့။ အချိန်အတိုင်းအတာတစ်ခုထိ ကြာပြီး နှစ်ဦးနှစ်ဘက်လုံး အထွတ်အထိပ်ရောက်ဖို့ အချိန်တန်ပြီလို့ ခံစားရပြီဆိုမှ လုပ်ခိုင်းပါ။အတွင်းဘက်မှာ ဂျီစပေါ့ကို နှိုးဆွဖို့အတွက် ချောဆီ၊ ကွန်ဒုံး၊ Sex Toy တွေ၊ တစ်ရှူးတွေ ဆောင်ထားဖို့ လိုပါတယ်။•ချောဆီက လက်ရဲ့ အဝင်အထွက်ချောစေဖို့၊ ပွန်းပဲ့ထိခိုက်ခြင်း နည်းစေဖို့။•ကွန်ဒုံးကတော့ စအိုအတွင်းမှ မစင်နဲ့ အညစ်အကြေးများ လက်သည်းကြားသို့ မဝင်လာစေဖို့နဲ့ လက်သည်းရှိခဲ့ရင် စအိုအတွင်း ကုတ်မိခြစ်မိတာမျိုး မဖြစ်စေဖို့။• Sex Toy ကတော့ မရှိမဖြစ် မလိုပါဘူး၊ ကိုယ်နဲ့ ကိုယ့်ဆက်ဆံဖော်ရဲ့လိင်စိတ်ပေါ်မှာပဲ မူတည်တာပါ။ သုံးမယ်ဆိုရင်တော့ ကျဉ်စက် (Vibrator) ၊ ဘုလုံးလေး (Butt Plug) လိုမျိုး အသုံးပြုနိုင်ပါတယ်။• တစ်သျှူးကတော့ ဂျီစပေါ့ကို မနှိုးဆွခင်နဲ့ နှိုးဆွပြီးတဲ့အခါ သန့်ရှင်းရေးလုပ်ဖို့ပါပဲ။ အယ်လ်ကိုဟော (Alcohol) မပါတဲ့ တစ်ရှူးအခြောက် သို့မဟုတ် အစိုကို အသုံးပြုနိုင်ပါတယ်။၁။ နှိုးဆွမယ့်သူက လက်သည်းတွေ တိုနေအောင် ညှပ်ထားဖို့နဲ့ အချွန်အတက်၊ လက်စွယ်တွေ မရှိစေဖို့ ဂရုစိုက်ပါ။၂။ လက်မှာ သို့မဟုတ် တင်ပါး (စအိုဝ) မှာ အနာဖြစ်နေရင် မလုပ်ပါနဲ့။၃။ ရေနွေးနဲ့ ချိုးထားပါ။ အမွှေးဆီနဲ့ နှိပ်ပေးတာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။ အကြောအချဉ်ကို ပြေလျော့စေတဲ့အတွက် စအိုအတွင်းက ဂျီစပေါ့ကို နှိုးဆွတဲ့နေရာမှာ သက်တောင့်သက်သာ ပိုဖြစ်စေပါတယ်။၄။ ချောဆီကို ရေ သို့မဟုတ် ဆီအခြေပြု ချောဆီကိုသာ များများထည့်ပြီးမှ နှိုးဆွပေးပါ။၅။ ကြမ်းကြမ်းတမ်းတမ်း လုံးဝမလုပ်ပါနဲ့။ လက်ချောင်းတစ်ချောင်းထဲနဲ့ ဖြည်းဖြည်းချင်းစတင်ပြီး နောက်မှသာ အရှိန်မြှင့်တင်ပါ။၆။ နှိုးဆွခံမယ့် အမျိုးသားအနေနဲ့ စိတ်ကို လုံးဝလျှော့ထားပါ။ အသက်ပြင်းပြင်းရှူပြီး ပါးစပ်ကနေ လေပြန်မှုတ်ထုတ်ပါ။အပြင်ဘက်က ဂျီစပေါ့ကို နှိုးဆွဖို့ဆိုရင် အမျိုးသားက ကိုယ့်အပေါ်မှာ ရှိနေတဲ့အချိန်ဟာ အကောင်းဆုံးပါပဲ။ လိင်ဆက်ဆံနေတဲ့အချိန် ခြေထောက်နှစ်ဖက်ကို ဘေးနည်းနည်းကားပြီး ဆက်ဆံခံရသူက လက်ချောင်းနဲ့ အပြင်ဘက်က ဂျီစပေါ့ကို လက်မနဲ့ အားနည်းနည်းသုံးပြီး ဖိပေးရမှာပါ။အတွင်းဘက်က ဂျီစပေါ့ဆိုရင် အပြုခံရသူအနေနဲ့ လေးဘက်ထောက် အနေအထားမှာ ရှိတာက ဂျီစပေါ့ထိဖို့ အလွယ်ဆုံးပါပဲ။ သို့မဟုတ် ဘေးတစောင်းအနေနဲ့ ခြေတစ်ဖက်ကို မြှောက်ထားလို့လည်း အဆင်ပြေပါတယ်။ဂျီစပေါ့ဆိုတာ အမျိုးသားတွေမှာ ရှိတယ်ဆိုတာ မှန်ပေမယ့် ယောက်ျားလေးတိုင်းကတော့ ဒီနေရာနဲ့ပတ်သက်ပြီး ခံစားမှုအားကောင်းတယ်လို့ သတ်မှတ်ထားကြတာ မဟုတ်သလို မကြိုက်တဲ့သူလည်း ရှိနေဦးမှာပဲ။ ဒါကြောင့် လိင်ဆက်ဆံခြင်းမပြုခင်ကတည်းက သူ့အကြိုက် ကိုယ့်အကြိုက်ကို သေချာပြောပြညှိနှိုင်းပြီးမှ ရှေ့ဆက်တာက အကောင်းဆုံးဖြစ်မှာပါ။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%9a%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%9b%e1%80%b2%e1%80%b7-%e1%80%82%e1%80%bb%e1%80%ae%e1%80%85%e1%80%95%e1%80%b1%e1%80%ab%e1%80%b7/
ခွေးရူးရောဂါ အကြောင်း သင်သိသင့်သမျှ
ခွေးရူးရောဂါဆိုတာ ဖြစ်သူ၁၀၀မှာ ၉၉ယောက်သေတဲ့အထိ ပြင်းထန်ပါတယ်။ ဒါပေမယ့် ကံကောင်းတာက သူက ကာကွယ်ဆေးရှိပါတယ်။ သူက ခွေးရူးရောဂါ ပိုး(rabies virus)ရှိတဲ့ တိရစ္ဆာန်ရဲ့ ကိုက်တာ၊ ကုတ်တာ ခံရရင်ကူးပါတယ်။ တောရိုင်းတိရစ္ဆာန်တွေထဲမှာဆိုရင် လင်းနို့၊ ရှဉ့်၊ မြေခွေးစတဲ့ အကောင်တွေက ခွေးရူးပိုးကို သယ်ဆောင်ထားကြတာပါ။ လူနဲ့အနေနီးတဲ့ တိရစ္ဆာန်တွေထဲမှာဆိုရင် ခွေး၊ကြောင်၊ နွား၊ ဆိတ်စတဲ့ အကောင်တွေပါ။ ဒီထဲမှာ ခွေးကတစ်ဆင့်ကူးတာအများဆုံးပါ။ ဒါကြောင့်လည်း ခွေးရူးရောဂါ လို့ခေါ်တာပါ။ သေနှုန်း၉၉ရာခိုင်နှုန်းရှိတဲ့ ဒီ ခွေးရူးရောဂါ က ဘယ်လောက်ဆိုးလဲဆိုတာ ဆက်ကြည့်ရအောင်။ဒီမှာ ကူးနိုင်တဲ့နည်းလမ်း၊ ရှားရှားပါးပါးကူးနိုင်တဲ့နည်းလမ်း၊ မကူးနိုင်တဲ့နည်းလမ်းဆိုပြီးခွဲပြောသွားပါမယ်။အဓိကကူးနိုင်တဲ့နည်းလမ်းကတော့ ကိုယ့်ရဲ့ ပေါက်ပြဲနေတဲ့အနာ ဒါမှမဟုတ် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နဲ့ ရောဂါပိုးပါတဲ့ တံတွေးတိုက်ရိုက်ထိမိရင် ကူးနိုင်ပါတယ်။ ဒါကြောင့် အလွယ်ပြောရင် ရောဂါပိုးရှိတဲ့ အကောင်က ကိုယ့်ကို ကိုက်တာ၊ ကုတ်တာလုပ်ရင် ကူးနိုင်ပါတယ်။ခွေးရူးရောဂါရှိတဲ့ အကောင်က ကိုယ့်ရဲ့ အနာကိုလျှာနဲ့လျက်မိရင်လည်း ကူးနိုင်ပါတယ်။ထူးထူးခြားခြား ခွေးရူးရောဂါပိုးကို ရှူမိရာကနေလည်းကူးနိုင်ပါတယ်။ ဒါကသာမန်လူတွေမှာ ဖြစ်ခဲပါတယ်။ အကြာကြီးထိတွေ့ရတဲ့ ဓာတ်ခွဲခန်းကသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ နောက်ပြီး ရောဂါလက္ခဏာမပြခင် ရောဂါပျိုးချိန်မှာ မျက်ကြည်လွှာလှူတာ၊ကိုယ်တွင်းအင်္ဂါလှူတာကလည်းကူးနိုင်တယ်ဆိုပေမယ့် တော်တော်ကို ရှားပါတယ်။ခွေးရူးရောဂါရှိတဲ့ တိရစ္ဆာန်ကိုပွတ်သပ်တာ၊ သူ့ရဲ့ ဝမ်းတွေ၊ ဆီးတွေ၊ သွေးတွေကို ထိမိရာက မကူးနိုင်ပါဘူး။ ခွေးရူးရောဂါရှိတဲ့သူက သူများကို ကိုက်ရင် စာအရတော့ ကူးနိုင်တယ်ဆိုပေမယ့် လက်တွေ့မှာ ဒီနည်းနဲ့ကူးတဲ့သူ တစ်ယောက်မှ မရှိသေးပါဘူး။ နောက်ပြီး သူ့ရဲ့ ဝမ်း၊ဆီး၊ သွေးနဲ့ ထိမိရာကလည်း မကူးနိုင်ပါဘူး။ ခွေးရူးရောဂါပိုးက ပူပြင်းခြောက်သွေ့တဲ့ ဒဏ်ကို မခံနိုင်ပါဘူး။ နေရောင်နဲ့ တွေ့ရင်လည်း ပိုးသေပါတယ်။ ဒါကြောင့် ခွေးရူးရောဂါပိုးရှိတဲ့ ပစ္စည်းတစ်ခုခုခြောက်သွေ့သွားရင် ကူးနိုင်ချေမရှိဘူးလို့ ယူဆလို့ရပါတယ်။​ရောဂါပိုးစဝင်ချိန်ကနေ ရောဂါလက္ခဏာပြတဲ့အထိ ကြားချိန်ကို ရောဂါပျိုးချိန် (incubation period)လို့ခေါ်ပါတယ်။ ဒါက အများစုမှာ ရက်သတ္တပတ်ကနေ လပိုင်းအထိကြာတတ်ပါတယ်။ တချို့တွေမှာကတော့ ရက်ပိုင်းကနေ နှစ်ချီပြီးကြာတတ်ပါတယ်။ ရောဂါပျိုးချိန်က ကိုက်တဲ့နေရာနဲ့ ဦးနှောက်ကြားအကွာအဝေး၊ ခွေးရူးပိုးအမျိုးအစားနဲ့ နဂိုခုခံအားပေါ်မူတည်ပါတယ်။ ခွေးရူးရောဂါပိုးက ဦးနှောက်ကိုကြိုက်ပါတယ်။ ဘယ်ကိုပဲ ကိုက်ကိုက် နောက်ဆုံး ဦးနှောက်ကိုပဲသွားမှာပါ။ ဒါကြောင့် ဦးနှောက်နဲ့ ဝေးလေ ရောဂါလက္ခဏာပြဖို့ ကြာလေပါပဲ။ခွေးရူးရောဂါရဲ့ ပထမဆုံးလက္ခဏာကတုပ်ကွေးမိတာနဲ့ တူပါတယ်။ ဖျားတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်မအီမသာဖြစ်တာ စသဖြင့် ရက်ပိုင်းလောက်ခံစားရပါတယ်။ ကိုက်တဲ့နေရာမှာ စပ်ဖျဉ်းဖျဉ်းဖြစ်သလို၊ အပ်နဲ့ထိုးသလို ခံစားရတတ်ပါတယ်။ရက်ပိုင်းလောက်ထပ်ကြာရင် ဦးနှောက်ကိုပိုးရောက်ပြီး စိတ်တိုစိတ်ဆတ်တာ၊ ဂနာမငြိမ်တာဖြစ်တတ်ပါတယ်။ ဒီထက်ပိုဆိုးလာရင်တော့ ဂယောင်ဂတမ်းဖြစ်တာ၊ အိပ်မပျော်တာ၊ သားရည်တမြားမြားကျတာ၊ ရေမမျိုနိုင်တာ၊ရေကြောက်တာ၊ လေအထိမခံနိုင်တာ၊ ထင်ယောင်ထင်မှားဖြစ်တာ၊ ထူးထူးဆန်းဆန်းအပြုအမူတွေလုပ်တာ၊အကြောသေတာစတာတွေဖြစ်တတ်ပါတယ်။ ဒီအခြေအနေထိရောက်နေပြီဆိုရင်တော့ အသက်အန္တရာယ်နီးနေပါပြီ။ ထိရောက်တဲ့ကုသမှုပေးဖို့မမီတော့ပါဘူး။ လက္ခဏာသက်သာအောင်ပဲ လုပ်ပေးနိုင်တော့တာပါ။ခွေးရူးရောဂါကို ကုသဖို့အတွက် တိကျတဲ့ နည်းလမ်းမရှိသေးပါဘူး။ ကိုက်ခံရပြီဆိုတာနဲ့ ခွေးရူးရောဂါပိုးမဝင်အောင် နည်းမျိုးစုံနဲ့ကာကွယ်ရမှာပါ။ ခွေးကိုက်ခံပြီးတာနဲ့ ခွေးရူးမရူးမသေချာရင် ရူးတယ်လို့ပဲယူဆပြီးpost exposure prophylaxisအနေနဲ့ ကာကွယ်ဆေး rabies immunoglobulin ထိုးရပါတယ်။ ဒါ့ပြင် ခွေးရူးကာကွယ်ဆေးလည်း ၄လုံးထပ်ထိုးရပါတယ်။ ဒါမှ ကာကွယ်နိုင်မှာပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%81%e1%80%bd%e1%80%b1%e1%80%b8%e1%80%9b%e1%80%b0%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab-%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8-%e1%80%9e%e1%80%84/
ဆီးချီုရောဂါနောက်ဆက်တွဲများ -အင်ဆူလင်၏ ဘေးထွက်ဆိုးကျိုးများ
သင့်ရဲ့ဆီးချိုရောဂါကိုထိန်းနိုင်ဖို့ အင်ဆူလင်သုံးနေရချိန်မှာအင်ဆူလင်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုစိတ်ပူစရာမလိုဘူးလို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ သဘာဝပစ္စည်းတစ်ခုဖြစ်တာမို့ ဆေးဝါးလို့တောင် သတိရဖို့ခက်ပါတယ်။ ဒါပေမယ့် အင်ဆူလင်ကြောင့် ဓါတ်မတည့်မှုနဲ့ တခြားဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါသေးတယ်။ လူအများစုဟာအင်ဆူလင်ကိုသုံးစွဲချိန်မှာဒီဆိုးကျိုးတွေ မကြုံတွေ့ရဘူးဆိုပေမယ့် ဖြစ်နိုင်ခြေပြသနာများကိုတော့လိုလိုမယ်မယ် သတိထားသင့်ပါတယ်။လူနာအနည်းစုဟာအင်ဆူလင်ဓါတ်မတည့်ခြင်း ကြုံရပါတယ်။အင်ဆူလင်ထိုးချိန်မှာ ဆေးထိုးလိုက်တဲ့နေရာဝန်းကျင်မှာ ရောင်ပြီးနီလာတာဖြစ်ရင် ဆေးကုသမှု ချက်ချင်းခံယူပါ။ ဆိုးဆိုးရွားရွား ပြသနာရှိလာရင် ဆရာဝန်ဆီကို အရေးပေါ်ဆေးခန်းကိုဒါမှမဟုတ် ဆေးရုံအရေးပေါ်ဌာနကိုတိုက်ရိုက်သွားပါ။ ဆေးကုသနေစဉ် အင်ပျဉ်တွေထပြိးယားလာတာဖြစ်ရင် သူတို့ကုသပေးနိုင်ပါတယ်။ မျက်နှာနဲ့ နှုတ်ခမ်းတွေ ရောင်လာရင် သူတို့ အကူအညီယူနိုင်ပါတယ်။အသက်အန္တရယ်စိုးရိမ်ရတဲ့ ဘေးထွက်ဆိုးကျိုးဖြစ်လာရင် ဥပမာ လျှာရောင်လာပြီးရင်ကျပ်လာရင်၊ အသက်ရှူရခက် မူးဝေလာပြီး သတိလစ်သွားရင် တစ်စုံတစ်ယောက်ကချက်ချင်းအကူအညီပေးနိုင်တဲ့ နေရာဖြစ်ဖို့ လိုပါတယ်။သွေးတွင်းဂလူးကို့စ်နည်းခြင်းဟာ အဖြစ်အများဆုံး အဆိုးရွားဆုံးသော အင်ဆူလင်ရဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်ပြီးအမျိုးအစား (၁) ဆီးချိုရောဂါသည်ရဲ့ ၁၆ ရာခိုင်နှုန်း၊ အမျိုးအစား (၂) ဆီးချိုရောဂါသည်ရဲ့ ၁၀ ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်ပါတယ်။ပြင်းထန်တဲ့ hypoglycemiaရဲ့ အစပိုင်းမှာ အသိစိတ်ရှုပ်ထွေးခြင်း၊ ချွေးထွက်များခြင်း၊ နှလုံးခုန်မြန်ခြင်းတွေ တွေ့နိုင်ပြိးနောက်ပိုင်းမှာ ကြာရှည်စွာသတိလစ်ခြင်း၊ တက်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ အာရုံကြောချို့ယွင်းခြင်း၊ သေဆုံးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။သင်ဟာhypoglycemia ဖြစ်ဖို့ အလားအလာရှိပြီး hypoglycemiaရဲ့ လက္ခဏာတွေကို မမှတ်မိဘူးဆိုရင် သွေးတွင်းသို့မဟုတ် ဆီးတွင်းဂလူးကို့စ်ဓါတ်ကိုစစ်ဆေးဖို့ လိုပါတယ်။သင်ဟာ အင်ဆူလင်ဆေးသွင်းကုသမှုကို ဆက်တိုက်ခံယူနေရပြီဆိုရင် hypoglycemia ဖြစ်လာနိုင်ခြေ မြင့်မားပါတယ်။ဆီးချိုရောဂါ ကုထုံးအများအပြားဟာ သင့်ရဲ့သွေးတွင်းဂလူးကို့စ်ကို ထိန်းညှိပေးပါတယ်။ သင့်အနေနဲ့ ဂလူးကို့စ်ဓါတ် အလွန်နည်းမသွားအောင် ဒါမှမဟုတ် အလွန်တက်မလာအောင် အမြဲကြိုးစားရပါမယ်။အင်ဆူလင်သုံးပြီးချိန်မှာhypoglycemia ဖြစ်လာနိုင်ပါတယ်။ အင်ဆူလင်ဟာသွေးတွင်းဂလူးကို့စ်ကိုလျှော့ချပေးဖို့လုပ်ဆောင်ရာမှာလျှော့ချတာလွန်သွားပြီးသကြားဓါတ်ဟာအလွန်အမင်းကျဆင်းသွားတတ်ပါတယ်။Hypoglycemiaရဲ့ လက္ခဏာတွေကိုမှတ်မိအောင် လေ့လာထားဖို့ အရေးကြီးပါတယ်။ hypoglycemia ဖြစ်မဖြစ် ဆီးချိုတိုင်းစက်နဲ့စစ်နိုင်ပြီး ကစီဓါတ်များတဲ့အစာတွေ စားခြင်းအားဖြင့် ကုသနိုင်ပါတယ်။သင့်ရဲ့ဆရာဝန်နဲ့ ဆီးချိုရောဂါကုအဖွဲ့ဟာhypoglycemiaကိုဘယ်လိုသိနိုင်မလဲဘယ်လိုကုနိုင်မလဲလေ့လာဖို့ အကောင်းဆုံးရင်းမြစ်ပဲ ဖြစ်ပါတယ်။အင်ဆူလင်ကနေလာတဲ့ တခြားဘေးထွက်ဆိုးကျိုးတွေကတော့ ကိုယ်အလေးချိန်တက်ခြင်း၊ အခြားဆေးဝါးများနဲ့ ဓါတ်ပြုခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်းစတာတွေပဲ ဖြစ်ပါတယ်။အအင်ဆူလင်နဲ့ကုသနေချိန်မှာကယ်လိုရီများပြီးကိုယ်အလေးချိန်တက်နိုင်ခြေရှိတာမို့ အစားအစာ၊ ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ထိန်းသိမ်းဖို့ လိုပါတယ်။ အင်ဆူလင် အလွန်အမင်းသုံးရသူတွေမှာကိုယ်အလေးချိန်ပိုတက်နိုင်ပါတယ်။ဒါ့အပြင် အင်ဆူလင်ဟာအမျိုးအစားပေါ်လိုက်ပြီးဆိုးကျိုးဖြစ်နိုင်ခြေတွေ ကိုယ်စီရှိပါတယ်။ သင့်အနေနဲ့ အင်ဆူလင်ဆေးအသစ်ကိုသုံးမယ်ဆိုရင် သူ့အမျိုးအစားလိုက်ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကိုဖတ်ရှုပါ။အင်ဆူလင်အပေါ်တုံ့ပြန်ခြင်းဟာတွေ့လေ့တွေ့ထမရှိဘူးဆိုရင် သင့်အနေနဲ့ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ခြေတွေကိုသတိပြုဖို့လိုပါတယ်။ ဓါတ်မည့်မှုဖြစ်ပွားတာဒါမှမဟုတ် အင်ဆူလင်သုံးပြီးချိန်မှာhypoglycemia ဖြစ်တဲ့အခါ သင့်အနေနဲ့ သိရှိနိုင်ခြင်းဟာ သင့်ရဲ့ကျန်းမာရေးအတွက်ရောဆီးချိုရောဂါနဲ့ သက်တမ်းစေ့ကျန်းမာစွာနေထိုင်သွားနိုင်ရေးအတွက်ပါ အရေးကြီးလှပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%af%e1%80%ae%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9%e1%80%86%e1%80%80%e1%80%b9%e1%80%90%e1%80%bc/
လေဒီပိစိလေးတွေကို ခြေသည်းနီ မဆိုးပေးပါနဲ့
မေမေတွေလက်သည်းနီဆိုးနေတဲ့အခါ၊ တီတီတွေ လက်သည်းနီဆိုးချင်တဲ့အခါ မီးမီးလည်း ဆိုးချင်တယ်ဆိုပြီး လာကပ်ချွဲတဲ့ လေဒီပိစိလေးကို လက်သည်းနီ ခြေသည်းနီတွေ ဆိုးပေးဖြစ်လား။ လေဒီပိစိလေးတွေရဲ့ ပြည့်ဖောင်းနေတဲ့ လက်လေးတွေခြေထောက်လေးတွေက လက်သည်းနီ၊ခြေသည်းနီတွေနဲ့ လိုက်တယ်ဆိုပေမယ့် မဆိုးပေးဖို့ ပြောပါရစေ။မိဘတော်တော်များများက ဘေဘီလေးတွေရဲ့ခြေသည်းလက်သည်းလေးတွေမှာ လက်သည်းနီဆိုးပေးတာက ပျော်စရာကောင်းတဲ့ ကိစ္စတစ်ခုသာဖြစ်ပြီး အန္တရာယ်ရှိစေမယ်လို့ ထင်မထားကြပါဘူး။ အချို့ဆိုဘေဘီလေးနဲ့ လိုက်အောင်ဆိုပြီး အရောင်တောက်တောက်လေးတွေတောင် ဝယ်ပေးတတ်ပါသေးတယ်။ တကယ်ကတော့ လက်သည်းနီဆိုးတာက လေဒီပိစိလေးတွေအတွက် တော်တော်လေး အန္တရာယ်များတဲ့ ကိစ္စပါ။ ဘာကြောင့် ဒီလိုပြောရလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။လက်သည်းနီက လူကြီးတွေမှာတောင်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နုနယ်သေးတဲ့ကလေးငယ်လေးတွေမှာ ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတာ ပြောနေစရာတောင် မလိုအောင်ပါ။လက်သည်းနီ ဆိုးတာက တိုက်ရိုက်မဟုတ်ပေမယ့် ရေရှည်မှာကင်ဆာရောဂါ၊အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးပြဿနာ နဲ့ အခြားသောကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။လက်သည်းပေါ်မှာတင် ဆိုးတာလေ ဖြစ်စရာမရှိဘူးလို့ ထင်စရာရှိပေမယ့် ကလေးက လက်သည်းကို ကိုက်ရင်းပါးစပ်ကနေတဆင့် ဝမ်းထဲကို လက်သည်းနီစလေးတွေ ရောက်သွားနိုင်ပါတယ်။ ဒီလိုရောက်ရှိမှုကအစာခြေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ဘေဘီလေးတွေမှာ အစာခြေစနစ်ကကိုယ်ခံအားကောင်းစေဖို့ရော၊ ဦးနှောက်နဲ့ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့ပါ အကောင်းဆုံး အထောက်အပံ့ပေးနေတာပါ။ဒါကြောင့် လေဒီပိစိလေးကို လက်သည်းနီ မဆိုးပေးတာက အကောင်းဆုံးပါ။ လက်သည်းနီမှာ အဆိပ်အတောက် ဖြစ်စေတဲ့အရာတွေ မပါဘူးလို့ ဘယ်လောက်ပဲရေးရေးအဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အရာတွေက ပါနေဆဲပါ။လက်သည်းနီတွေက အရောင်အသွေး စုံစုံလင်လင်နဲ့ လှပေမယ့် ဓာတုပစ္စည်းတွေလည်း အများကြီး ပါဝင်နေပါတယ်။ လက်သည်းနီထဲမှာ ဘေဘီလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့။Toluene– Toluene က paint thinner၊ ပြုပြင်ထားတဲ့ ရနံ့၊ သန့်ရှင်းရေးသုံးပစ္စည်းတွေ၊အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေထဲမှာ အသုံးပြုတဲ့ ဓာတုပစ္စည်း တစ်မျိုးပါ။ Toluene နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့မှုက အသည်းနဲ့ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင်သလိုအာရုံကြောစနစ်နဲ့ အသက်ရှူလမ်းကြောင်း အထက်ပိုင်းကို ထိခိုက်စေနိုင်ပါတယ်။Triphenyl phosphate ( TPHP)– လက်သည်းနီ အများစုမှာပါတတ်တဲ့ TPHP  ပလပ်စတစ်တွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ဓာတုပစ္စည်းတစ်မျိုးပါ။ ရေရှည်မှာ ကျန်းမာရေးပြဿနာ တော်တော်များကို ဖြစ်စေနိုင်ပါတယ်။Formaldehyde –Formaldehyde  က ဆောက်လုပ်ရေးသုံးပစ္စည်းတွေ၊ အိမ်သုံးပစ္စည်း တော်တော်များများမှာ ပါဝင်နေပါတယ်။ လက်သည်းနီတွေမှာတော့ Formaldehyde  ကို လက်သည်းနီတွေ မကွာထွက်စေဖို့ အသုံးပြုကြတာပါ။ ဒါက ကြာရှည်ထိတွေ့မိတဲ့အခါ အသက်ရှူလမ်းကြောင်းပြဿနာ ခံစားရနိုင်ပြီး ကင်ဆာရောဂါ ခံစားရနိုင်ပါတယ်။Phthalates– Phthalates ကို ရနံ့တာရှည်ခံစေဖို့ အသုံးပြုကြသလို လက်သည်းနီ အချိန်ကြာမြင့်စွာ ခံစေဖို့ အသုံးပြုကြပါတယ်။ ငယ်စဉ်မှာ ဒီဓာတုပစ္စည်းနဲ့ ထိတွေ့မှုများတာက ကလေးကိုကြီးထွားဖွံ့ဖြိုးမှုနှောင့်နှေးစေပြီးဓာတ်မတည့်မှုရောဂါတွေခံစားရစေနိုင်ပါတယ်။ဒါကြောင့် ဘေဘီလေးတွေကို အဆိပ်အတောက်ကင်းစွာနဲ့ ကြီးပြင်းလာစေဖို့ လက်သည်းနီ မဆိုးပေးကြဖို့ ပြောပါရစေ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/is-applying-nail-polish-on-babies-and-toddlers-safe/
စိတ်တွင်းပဋိပက္ခတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ
တခါတလေကျရင် ကိုယ်ဖြစ်ချင်တာက တမျိုး၊တကယ်တမ်းလက်တွေ့ကျတော့ ဆန့်ကျင်ဖက် လုပ်မိတာမျိုးတွေ ကြုံဖူးပါသလား။ သင့်ရဲ့ အမူအကျင့်/ခံယူချက် စိတ်နေစိတ်ထားတွေဟာ မတည်မငြိမ် ပြောင်းလဲတတ်လွန်းလို့ ကိုယ့်ကိုယ်ကိုတောင် မခန့်မှန်းတတ်တော့အောင် ဖြစ်နေပါသလား။ တည်ငြိမ်အေးချမ်းတဲ့သူတွေဟာ အတွင်းစိတ်သန္တာန် တသမတ်တည်း ရှိပြီး သူတို့ကိုယ်သူတို့ ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ် ဆိုတာ သိရှိနားလည်ထားသူတွေဖြစ်ပါတယ်။ အချိန်နဲ့ အမျှ ဟိုစိတ်ပြောင်းလိုက်၊ဒီစိတ်ပြောင်းလိုက် ဂနာမငြိမ် ဖြစ်နေကြသူတွေ မဟုတ်ဘဲ တည်တည်ငြိမ်ငြိမ် ရှိကြသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် သင်လိုချင်တဲ့၊ဖြစ်ချင်တဲ့၊မျှော်လင့်တဲ့ လက်တွေ့ဘဝကို အကောင်အထည်ဖော်ဖို့အတွက် ဆိုရင် တသမတ်တည်းရှိပြီး တည်ငြိမ်တဲ့ စိတ်ရှိဖို့ အထူးလိုအပ်ပါတယ်။ ဒီလို စိတ်အနေအထားမျိုးဟာ အရာရာကို ပြီးမြောက်အောင်မြင်နိုင်လောက်တဲ့ စွမ်းအားရှိပြီး ဂယောက်ဂယက်ထနေပြီး မတည်ငြိမ်တဲ့ စိတ်ကတော့ ဘာကိုမှ အကောင်အထည်ပေါ်လာစေမှာ မဟုတ်ပါဘူး။အတွေးတွေ၊အထင်အမြင်တွေ များလွန်းပြီး အချက်တချက်တည်း၊အတွေးတခုတည်းကိုပဲ အာရုံမစိုက်နိုင်တဲ့အခါ စိတ်နဲ့ကိုယ်ဟာ ပဋိပက္ခဖြစ်လာပါတယ်။ ဒီလိုဖြစ်လာသူတွေရဲ့ အမူအကျင့်တွေက အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ပြဿနာတခုခု၊အခက်အခဲတခုနဲ့ တွေ့ကြုံပြီဆိုရင် တည်ငြိမ်မှုမရှိဘဲ ပျာယာခတ်နေတတ်တယ်။သင့်အနေနဲ့ စိတ်မတည်မငြိမ်ဖြစ်နေသလား၊ စိတ်တွင်းပဋိပက္ခဖြစ်နေသလားဆိုတာကို သိဖို့ကလွယ်ပါတယ်။ ဒီလိုမျိုး ပဋိပက္ခ စိတ်အခြေအနေပေါ်ပေါက်လာစေဖို့အတွက် လုံလောက်တဲ့ အဖြစ်အပျက်တွေ သင့်ဘဝတလျှောက်လုံး မတွေ့ချင်မှအဆုံး တွေ့ကြုံရမှာမို့ပဲ ဖြစ်ပါတယ်။စိတ်တွင်းပဋိပက္ခဖြစ်တာဟာ မခံမရပ်နိုင်လောက်အောင် ဆိုးရွားတဲ့ စိတ်ခံစားမှုတွေအဖြစ် အဆုံးသတ်သွားနိုင်တာမို့ ဒီပြဿနာကို ဘယ်လိုအဖြေရှာပြီး အဆုံးသတ်ရမလဲဆိုတာ သိဖို့ အရမ်းကို အရေးကြီးပါတယ်။လုပ်သင့်တဲ့ အချက်လေးတွေကို အောက်မှာ ဖော်ပြထားပါတယ်။စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အတွေးတွေ၊ ခံစားချက်တွေကို ကန်ထုတ်မပစ်ပါနဲ့။တကယ်လို့ သင့်အနေနဲ့ စိတ်တွင်းပဋိပက္ခဖြစ်နေတယ်ဆိုရင် သင်စိတ်လက်ဖြေလျှော့ပြီး အေးရာအေးကြောင်းနေမယ်လို့ စဉ်းစားလိုက်တိုင်းမှာ သင့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အတွေးတွေ၊ခံစားချက်တွေ ပေါ်လာမှာပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ ဒီစိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတွေကို သိစိတ်ကရော၊မသိစိတ်ကပါ လက်ခံလိုက်ပါ။ ဒါမှသာ ဒီအတွေးတွေက သင့်ကို ဆက်လက်ပြီး မနှိပ်စက်တော့မှာ ဖြစ်ပါတယ်။ကြုံလာရတဲ့ ပြဿနာတွေ၊အာရုံနောက်စရာတွေကနေ ထွက်မပြေးဘဲ ဖြေရှင်းဖို့ နည်းလမ်းတွေ၊အကြံဉာဏ်တွေကို စဉ်းစားရမှာပဲ ဖြစ်ပါတယ်။(၁) သင့်ကိုယ်သင် တန်ဖိုးချမပစ်လိုက်ပါနဲ့။စိတ်တွင်းပဋိပက္ခဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းရင်းတခုက သင့်အနေနဲ့ ကိုယ့်တန်ဖိုး ကိုယ်ချလိုက်လို့ပါပဲ။ မသိစိတ်ထဲက သင့်အတွက်အကောင်းဆုံးလို့ ဆုံးဖြတ်သတ်မှတ်ပေးထားတာနဲ့ဆန့်ကျင်ပြီး လုပ်လိုက်မယ်ဆိုရင် သင့်စိတ်နဲ့ ခန္ဓါ စ,ပြီး တိုက်ပွဲ ဖြစ်ပါပြီ။ ဒီတော့ မှတ်ထားရမယ့်အချက်က သင်ယုံကြည်ရာ၊မှန်တယ်ထင်ရာကို ရဲရဲကြီးလုပ်ပါ။ တကယ်လို့ သင့်အနေနဲ့ ဒီတခါတော့ ကိုယ့်မသိစိတ်ရဲ့ လမ်းညွှန်မှုကို ဆန့်ကျင်ပြီး လုပ်လိုက်မိတယ်လို့ ထင်တယ်ဆိုရင် နောက်တခါ ဒါမျိုးမဖြစ်ပါစေနဲ့။ စိတ်တွင်းပဋိပက္ခဆိုတဲ့ အခြေအနေဟာ သင့်အနေနဲ့ နေ့တိုင်းလိုလို မိမိတန်ဖိုးကို ကိုယ်တိုင် ရိုက်ချိုးဖျက်ဆီးနေတဲ့ အခြေအနေမျိုးမှာပဲ ဖြစ်ပေါ်ပါတယ်။ အမှားသေးသေးကွေးကွေး ကျူးလွန်လိုက်မိတဲ့အချိန်မျိုးမှာ ဖြစ်ပေါ်တာ မဟုတ်ပါဘူး။(၂) လုပ်သင့်တာကို လုပ်ပါ။စိတ်တွင်းပဋိပက္ခကို ဖြစ်စေတဲ့ နောက်ထပ် အရေးကြီးတဲ့ အကြောင်းရင်းခံတခုက သင့်အနေနဲ့ လုပ်ကိုလုပ်ရမယ့်၊လုပ်သင့်တဲ့ လုပ်ငန်းဆောင်တာကိစ္စတွေကနေ ထွက်ပြေးနေတာကြောင့်ပဲ ဖြစ်ပါတယ်။ သင်ယုံကြည်တန်ဖိုးထားတာတွေ၊ရည်မှန်းချက်တွေ ဖြစ်မြောက်ဖို့အတွက် သင့်အနေနဲ့ အမြဲတမ်းကြိုးစားလုပ်ကိုင်နေရပါမယ်။ ဒီလိုတွေလုပ်ဖို့ ပျက်ကွက်တာ ဒါမှမဟုတ် ရည်မှန်းချက်ကို ဖြစ်မြောက်အောင်မလုပ်နိုင်တာ၊ချက်ချင်းထလုပ်လိုက်ရမယ့်အလုပ်ကို နေ့ရွှေ့ညရွှေ့လုပ်နေတာတွေဟာ ဆိုးရွားပြင်းထန်လှတဲ့ စိတ်တွင်းပဋိပက္ခဆီကို ဦးတည်စေပါတယ်။(၃) သင့်စိတ်ထဲ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ချရေးပါ။သင့်ဦးနှောက်ထဲမှာ မရှိစေချင်တဲ့၊မလိုလားအပ်တဲ့ စိတ်ခံစားချက်တွေကို အန်ထုတ်ဖို့ အကောင်းဆုံးနည်းကတော့ ချရေးတာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ချရေးနေစဉ်ကာလမှာ သင့်အနေနဲ့ စိတ်ခံစားချက်တွေကို စာရွက်ပေါ် အန်ချ၊ထွေးချလိုက်ရသလို ခံစားရမှာပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် သင့်အနေနဲ့ စိတ်သက်သာရာ ရသွားမှာ ဖြစ်တဲ့အပြင် ကိုယ့်ကိုယ်ကိုလည်း ပိုနားလည်လာမှာ ဖြစ်တဲ့အတွက် စိတ်တွင်းပဋိပက္ခတွေကို အဆုံးသတ်ဖြေရှင်းဖို့ ဘယ်လိုမျိုးနည်းလမ်းတွေ အသုံးပြုသင့်တယ်ဆိုတာကို ပါ သဘောပေါက်သွားမှာ ဖြစ်ပါတယ်။(၄) အမြဲကြိုတင်ပြင်ဆင်ပါ။သင့်အနေနဲ့ အသက်တဖြည်းဖြည်း ကြီးလာတဲ့အခါ ဒါမှမဟုတ် ဘဝရဲ့ အရေးပါတဲ့ အချိုးအကွေ့တွေတိုင်းမှာ (ဥပမာ ဆယ်တန်းအောင်ပြီးလို့ တက္ကသိုလ်တက်တာ၊ဘွဲ့ရပြီးလို့ အလုပ်ဝင်တာ) သင့်ကိုယ်သင် ဘေးနားက အပေါင်းအသင်းတွေနဲ့ ချိန်ထိုး နှိုင်းယှဉ်မိမှာပဲ ဖြစ်ပါတယ်။ ဒီလို အနေအထားမျိုးတွေမှာ သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားပြီးသားဆိုရင် မထောင်းသာပေမယ့် မပြင်မဆင်နဲ့ ဆိုရင်တော့ သင့်အနေနဲ့ ဘဝရဲ့ အချိုးအကွေ့တွေ ရောက်တိုင်းမှာ စိတ်တွင်းပဋိပက္ခဖြစ်တာနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%95%e1%80%8b%e1%80%ad%e1%80%95%e1%80%80%e1%81%a1%e1%80%b1%e1%80%90%e1%80%bc%e1%80%80%e1%80%ad%e1%80%af-%e1%80%98/
စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်းကို ဘယ်လိုရင်ဆိုင်မလဲ
စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာဟာ အနိုင်ကျင့်ခံရတဲ့ သူရဲ့ စိတ်ထဲမှာ အမာရွတ်တသက်လုံးထင်ကျန်ရစ်ခဲ့စေနိုင်ပြီး ကိုယ်ရည်ကိုယ်သွေးကိုပါ ထိခိုက်စေတဲ့အတွက် ဒါဟာ အင်မတန်ဆိုးရွားတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဒါဖြင့် ဒီကိစ္စကို ဘယ်လို ရင်ဆိုင်မလဲ။စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တယ်ဆိုတာ ဘာလဲ။အောက်ပါအချက်တွေ ပါဝင်ပါတယ်။သင်ခံစားလာရအောင် သူတို့တွေက ပြောပါလိမ့်မယ်၊လုပ်ပါလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်းတော့ ဒါဟာ အနိုင်ကျင့်စော်ကားတဲ့ သူတွေရဲ့အပြစ်သာ ဖြစ်ပါတယ်။ တကယ်လို့ ဒီလိုအနိုင်ကျင့်ခံရတာဟာ သင်ခံစားနေရတဲ့ စိတ်ဝေဒနာတခုခု၊စိတ်ခံစားမှု အခြေအနေတခုခု၊သင့်ရဲ့ အတိတ်က မကောင်းတဲ့ အကြောင်းခြင်းရာ တခုခုကြောင့်ဆိုရင်တောင်မှ သူတို့အနေနဲ့ ဒီလိုလုပ်စရာ ၊သင့်အပေါ်ရန်လိုစရာ ဘာအကြောင်းမှ မရှိဘူးဆိုတာ အမြဲသတိချပ်ပါ။အကူအညီ ရှာဖွေပါ။သင့်အနေနဲ့ အနိုင်ကျင့်ခံနေရတယ်ဆိုရင် ရင်ဖွင့်လို့ရမယ့်သူကို ရှာဖွေသင့်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ သင့်ကို ကူညီနိုင်တဲ့၊ကူညီမယ့်သူတွေ အများကြီးရှိပါတယ်။ သင် ရင်းနှီးချစ်ခင်တဲ့ သူငယ်ချင်းကို ရင်ဖွင့်ပြလိုက်ရုံနဲ့ ပြဿနာက ပြေလည်သွားမှာ မဟုတ်တာမှန်ပေမယ့် အနည်းဆုံးတော့ သင့်ဖက်မှာ သူတို့ရှိနေမယ်၊ သင့်စိတ်ခံစားချက်တွေကို မျှဝေခံစားပေးနိုင်မယ် ဒါမှမဟုတ် သင့်ကို နည်းလမ်းတွေ၊အကြံဉာဏ်တွေ ပေးနိုင်ပါလိမ့်မယ်။ ဒါမှမဟုတ် သင့်မိသားစုဝင်တယောက်ယောက်ကို ပြောပြမယ်ဆိုရင်လည်း သူတို့အနေနဲ့ အခြေအနေကို ပြောင်းလဲပေးနိုင်ကောင်းပေးနိုင်မှာဖြစ်ပြီး အနည်းဆုံးတော့ ဒီအခြေအနေကို ရင်ဆိုင်နိုင်ဖို့ နည်းလမ်းတွေ။သင်ကြားပေးမှာ ဖြစ်ပါတယ်။ ဒီလို လုပ်လို့လည်း မဖြစ်နိုင်ဖူးဆိုရင် သင်တိုင်ပင် မေးမြန်းဖို့ ဆရာဆရာမတွေ၊ကျောင်းတာဝန်ရှိသူတွေ ရှိနေပါသေးတယ်ဆိုတာ မမေ့ပါနဲ့။ သင့်အနေနဲ့ အထက်မှာ ဖော်ပြခဲ့သလို လူတယောက်ယောက်နဲ့ မျက်နှာချင်းဆိုင်ပြောဆိုရမှာ အခက်တွေ့နေတယ်၊အဆင်မပြေဘူးဆိုရင်လည်း မပူပါနဲ့။ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာတွေမှာ အခမဲ့ ကူညီပေးနေသူတွေနဲ့ ဆက်သွယ်အကြံဉာဏ်တောင်းခံလို့ ရပါသေးတယ်။ သင့်ကို ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဖူး၊သင့်အသက်ဟာ ဘယ်သူအတွက်မှ တန်ဖိုးမရှိ၊အရေးမပါဘူးဆိုတဲ့ မဟုတ်တမ်းတရား အတွေးတွေ သင့်စိတ်ထဲ ဝင်မလာပါစေနဲ့။ သူငယ်ချင်း၊မိသားစု၊ဆရာဆရာမတွေ၊ကျောင်းတာဝန်ရှိသူ အတိုင်ပင်ခံတွေ ဒါမှမဟုတ် သင်နဲ့ ဘဝတူတွေ စသဖြင့် သင့်ကို ဂရုစိုက်မယ့်သူ တစ်ယောက်မဟုတ် တစ်ယောက်တော့ ရှိနေပါတယ်။ အကူအညီဟာလည်း လက်တကမ်းမှာ အမြဲတမ်းရှိနေတတ်ပါတယ်။ ရအောင် ယူတတ်ဖို့ပဲ လိုတာပါ။ဖြစ်နိုင်ရင် လက်ရှိအခြေအနေက ချက်ချင်းရုန်းထွက်ပါ။ဒီအဆင့်ဟာ သင့်ဘဝရဲ့ အချိုးအကွေ့တခု ဖြစ်သွားနိုင်တာမို့ အတော်တော့ ကြောက်ဖို့ကောင်းပြီး သင့်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ အရရော စိတ်ပိုင်းဆိုင်ရာ အရပါ နာကျင်မှုတွေကို ခံစားရပါလိမ့်မယ်။ ဒါပေမယ့် လူတွေ သိအောင်လုပ်ပြီး အကူအညီ တောင်းခံပါ။ ဘာလို့လဲ ဆိုတော့ ဒီလိုမျိုး အနိုင်ကျင့်ခံ၊စော်ကားခံနေရတဲ့ အခြေအနေကနေ လွတ်မြောက်ဖို့ ဒီတနည်းပဲ ရှိလို့ ဖြစ်ပါတယ်။ ကျောင်းတာဝန်ရှိသူ(အတိုင်ပင်ခံ)ကို အသိပေးပါ ဒါမှမဟုတ် ကျောင်းအုပ်နဲ့ သင်ကိုယ်တိုင်သွားတွေ့နိုင်ပါတယ်။အနိုင်ကျင့်ခံနေရတဲ့ အခြေအနေက လွတ်မြောက်ပြီဆိုတာနဲ့ စိတ်ပိုင်းဆိုင်ရာကုသမှု ခံယူပါ။လူအတော်များများ သတိမပြုမိကြပေမယ့် အနိုင်ကျင့်ခံရတာဟာ တသက်တာဖူလုံတဲ့ စိတ်ဒဏ်ရာ ကျန်ရစ်ခဲ့တတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် (တတ်နိုင်ရင်) စိတ်ပိုင်းဆိုင်ရာကုသမှုခံယူပါ။တကယ်လို့ သင်ဟာ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံနေရပြီဆိုရင် မကြောက်ပါနဲ့။ ရဲရဲကြီး ရင်ဆိုင်ပြီး အကူအညီ ရှာဖွေတောင်းခံပါ။ အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာမယ်၊သင့်အနေနဲ့လည်းပိုမိုနာကျင်ခံစားရမယ်ဆိုရင် အဆိုပါ အနိုင်ကျင့်ခံနေရတဲ့ အခြေအနေကနေ အမြန်ရုန်းထွက်ပါ။ နာကျင်မှုတွေကနေ ဖြစ်နိုင်သမျှ အမြန်ဆုံးသာ လွတ်မြောက်ဖို့ ကြံဆောင်ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9b%e1%80%ac-%e1%80%a1%e1%80%94%e1%80%ad%e1%80%af%e1%80%84/
မိုးတွင်းမှာ ကိုယ့်ကလေး ကျန်းမာအောင် ဘာတွေ ကျွေးမွေးမလဲ
မိုးရာသီရောက်လာပြီဆိုရင်ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးကနေစလို့ အရေပြားရောဂါတွေအထိ ကျန်းမာရေးပြဿနာတွေ များတတ်ပါတယ်။ အထူးသဖြင့် ရင်သွေးတွေမှာပေါ့။ကလေးတွေ မိုးတွင်းကာလမှာ ကျန်းမာရေးကောင်းမွန်နေဖို့ ဆိုရင် မိဘတွေရဲ့ ပြုစုစောင့်ရှောက်မှုက အရေးအကြီးဆုံး အချက်ပါပဲ။ရင်သွေးတွေကို ကျန်းမာနေအောင်ပြုစုစောင့်ရှောက်တဲ့ မိဘတိုင်းဟာ ကိုယ့်ကလေးကို အာဟာရမျှတစွာ ကျွေးမွေးပြီး ကိုယ်ခံအားစနစ်ကောင်းမွန်နေအောင် အာဟာရဓာတ်တွေ ပြည့်ဝနေအောင် ကျွေးမွေးတတ်ကြတယ်မဟုတ်လား။ပုံမှန်အချိန်မှာတောင် ရင်သွေးတွေကို ဘယ်လိုအစာတွေ ကျွေးရမယ်ဆိုတာက ခေါင်းခဲစရာပြဿနာတစ်ခုပါ။ ခုလို မိုးရာသီမှာ ရင်သွေးတွေရဲ့ ကျန်းမာသန်စွမ်းမှုကို မြှင့်တင်ပေးပြီး ဖျားတာနာတာကင်းအောင် အထောက်အကူဖြစ်စေမယ့် အစားအစာတွေကို ရွေးချယ်နိုင်ဖို့က ပိုပြီး ခေါင်းခဲစရာဖြစ်နေမှာပါ။ဒီလိုဆိုရင်တော့ မပူပါနဲ့။ မိုးရာသီမှာရင်သွေးတွေရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အစားအစာတွေကို ဖော်ပြပေးသွားမှာပါ။ မှတ်သားပြီး ပြန်လည်အသုံးချကြည့်နိုင်ပါတယ်။ကြက်သွန်ဖြူမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းလို့ခေါ်တဲ့Antioxidantsပါဝင်နေတာမို့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ မတူညီတဲ့ ဟင်းအမယ်ဖန်တီးမှုတွေမှာ ကြက်သွန်ဖြူကို ထည့်သွင်းဖန်တီးပေးမယ်ဆိုရင် အာဟာရဓာတ်တွေလည်း ပိုမိုရနိုင်မှာပါ။ ဒီလိုနည်းနဲ့ ကြက်သွန်ဖြူအရသာကို မနှစ်သက်တဲ့ ကလေးတွေကိုလည်း အဆင်ပြေပြေ ကျွေးမွေးနိုင်ပါတယ်။ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေထဲမှ နနွင်းလည်းပါဝင်နေပါတယ်။ ရင်သွေးကို ကျွေးမွေးဖို့ စီမံတဲ့ ဟင်းအမည်တွေထဲမှာ နနွင်းကို ထည့်သွင်းပြီး ဖန်တီးစီမံနိုင်ရင် အကျိုးကျေးဇူးကောင်းတွေ ရရှိနိုင်မှာပါ။ အိန္ဒိယမှာတော့ နွားနို့ထဲမှာ နနွင်းအနည်းငယ်ထည့်ပြီး ကလေးတွေကို တိုက်တာမျိုး ပြုလုပ်တတ်ကြပါတယ်။ကြက်ဟင်းခါးသီးဆိုတဲ့အတိုင်း အခါးအရသာကဲတဲ့ သစ်သီးတစ်မျိုးပါ။ ကလေးအများစု မနှစ်သက်ကြပါဘူး။ ဒါပေမယ့် ကြက်ဟင်းခါးသီးဟာ ကျန်းမာရေးအတွက် အထူးတလည်အကျိုးဖြစ်ထွန်းစေတဲ့ အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ ကြက်ဟင်းခါးသီးကရောင်ရမ်းမှုကိုလျော့ကျစေနိုင်သလို မှိုကြောင့်ဖြစ်တဲ့ ရောဂါတွေနဲ့ ဗိုင်းရပ်စ်တွေကိုလည်း တိုက်ဖျက်နိုင်စွမ်းရှိတာကြောင့် ကလေးကို မိုးတွင်းမှာရောဂါကင်းအောင် ကြက်ဟင်းခါးသီးကျွေးပေးသင့်ပါတယ်။မိုးရာသီကာလတွေမှာဆိုရင် နာနတ်သီး၊သရက်သီး၊ဒူးရင်းသီး၊ မင်းကွတ်သီး၊ ကြက်မောက်သီး၊ ကနစိုးသီးစတဲ့ သီးနှံအများအပြား ပေါပေါသီသီပေါ်ထွက်ကြလေ့ရှိပါတယ်။ ဒီလိုရာသီပေါ် သီးနှံတွေဟာ ကျန်းမာရေးနဲ့ ကိုက်ညီသလို ဗီတာမင် C၊ Antioxidants စတဲ့ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ အာဟာရဓာတ်လည်း ဖြည့်စွမ်းပေးနိုင်တဲ့ အရာတွေဖြစ်ပါတယ်။ နောက်ပြီး ကလေးတွေနှစ်ခြိုက်တဲ့ အရသာမျိုးတွေကိုလည်း ပိုင်ဆိုင်ထားကြပါသေးတယ်။ပဲစားရင် အားရှိတယ်လို့ အဆိုရှိပါတယ်။ ကလေးတွေကို ပဲကျွေးတာဟာ ခန္ဓာကိုယ် ဖွံ့ဖြိုးစေဖို့နဲ့ ကျန်းမာရေးကောင်းမွန်စေဖို့ အထူးတလည် အထောက်အကူပြုပါတယ်။ ပဲနဲ့ ပြုလုပ်ထားတဲ့ ဒါမှမဟုတ် ပဲပါဝင်တဲ့ ဟင်းအမည်တွေ ချက်ပြုတ်ကျွေးမွေးခြင်းအားဖြင့် တုပ်ကွေးလိုရောဂါတွေရဲ့ရန်ကို ကာကွယ်နိုင်ပြီး မိုးရာသီကာလမှာ ရင်သွေးတွေရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်အောင် ပံ့ပိုးလို့ရပါတယ်။မိုးအေးအေးလေးမှာစွပ်ပြုတ်ပူပူလေးတိုက်ပေးရင် ကလေးအများစုက နှစ်ခြိုက်တတ်ကြပါတယ်။ နွေးထွေးစေတဲ့ အကျိုးတစ်ခုတည်းရတာမဟုတ်ပါဘူး။ အသီးအရွက်စွပ်ပြုတ်ဆိုရင်လည်း အာဟာရဓာတ်တွေ ရမှာဖြစ်သလို အသားငါး စွပ်ပြုတ်တွေကလည်း ကယ်လ်ဆီယမ်၊ အသားဓာတ်စတာတွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ အာဟာရဖြစ်စေပြီး ကိုယ်ခံအားကိုကောင်းစေနိုင်တာမို့ စွပ်ပြုတ်ချိုချိုလေးပြုတ်ပြီး ခပ်နွေးနွေးလေးတိုက်ပေးပါနော်။အစေ့အဆန်တွေဟာ အမျှင်ဓာတ်ကြွယ်ဝစွာပါရှိတာမို့ အစာခြေစနစ်ကို အကျိုးပြုပါတယ်။ ဒါပေမယ့် လူကြီးကိုယ်တိုင် စနစ်တကျ ကျွေးမွေးဖို့တော့ လိုအပ်ပါတယ်။ မိုးရာသီမှာဖြစ်တဲ့ အစာခြေစနစ်ဆိုင်ရာပြဿနာတွေကို ရှောင်ရှားနိုင်စေဖို့အတွက် ဗာဒံစေ့၊ နေကြာစေ့၊ အယ်လ်မွန်စေ့ စတာတွေကို ကျွေးပေးနိုင်ပါတယ်။ဘီတွတ်ဥကတော့ နယ်ဒေသတွေမှာ ပိုပြီး ပေါပေါများများတွေ့ရတတ်ပါတယ်။ ဗီတာမင်၊ ပိုတက်ဆီယမ်၊ သက်စောင့်ဓာတ်တွေနဲ့ ဖောလစ်အက်ဆစ်တို့ပါဝင်နေတဲ့ အမိုက်စား ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ ဘီတွတ်ဥမှာ ပါရှိတဲ့ အာဟာရဓာတ်တွေဟာ အဆိပ်အတောက်ခြေဖျက်နိုင်တဲ့ အစွမ်းသတ္တိရှိသလို ကိုယ်ခန္ဓာကိုလည်း ကြံ့ခိုင်စေတဲ့ အကျိုးပေးပါတယ်။ကလေးတွေကို တို့ဟူးတို့၊ ပဲပြားတို့ ကျွေးမွေးတာကလည်း ကောင်းမွန်တဲ့ အလေ့အထပါပဲ။ ဒီအစားအစာတွေမှာ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ သံဓာတ် နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေပါဝင်နေတာကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေမှာဖြစ်ပြီး မိုးရွာသီမှာ ကျွေးမွေးဖို့ သင့်လျော်တဲ့ အစားအစာတစ်ခုပါပဲ။လက်ဖက်ခြောက်သင့်ရုံ ခတ်ထားတဲ့ရေနွေးကြမ်းနွေးနွေးလေးဟာ ဘယ်လိုရာသီဥတုမျိုးမှာမဆို ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အရာတစ်ခုပါ။ လူကြီးတွေအတွက်ချည်း အကျိုးဖြစ်ထွန်းတာမဟုတ်ပါဘူး။ ကလေးတွေအတွက်လည်း ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။ ကာလဝမ်းလို ရောဂါမျိုးကို ကာကွယ်ဖို့ ရိုးရိုးရေထက် ရေနွေးတိုက်တာက ပိုပြီး သင့်လျော်ပါတယ်။ဒါ့အပြင် သစ်ကြပိုး၊ ချင်း၊ ဇီရာစေ့၊ ငရုပ်ကောင်းစေ့၊ သလဲသီး၊ မက်မွန်သီးတို့လို အစားအစာတွေကလည်း မိုးရာသီမှာ ရင်သွေးတွေကို ကျွေးမွေးနိုင်တဲ့ အစားအစာတွေဖြစ်ကြပါတယ်။ဒီလိုအစားအစာတွေကို နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေ၊ ဟင်းအမယ်တွေထဲမှာ ထည့်သွင်းချက်ပြုတ်တာဖြစ်ဖြစ်၊ တွဲဖက်ကျွေးမွေးတာဖြစ်ဖြစ် ပြုလုပ်ပေးရင် ရင်သွေးတွေ မိုးရာသီကာလမှာ တော်ရုံတန်ရုံဖျားတာနာတာတွေနဲ့ ကင်းဝေးအောင် ကူညီနိုင်မှာပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/foods-kids-should-eat-in-rainy-season/
အလှအပအတွက် ဥသျှစ်ရွက်ရဲ့ အသုံးဝင်ပုံက
ဥသျှစ်ရွက်က တို့စားလို့တင် ရတာ မဟုတ်ပါဘူး။ အသားအရေ နဲ့ဆံသားအလှအပတွေအတွက်လည်း အသုံးဝင်ပါတယ်။ အလှအပအတွက် ဥသျှစ်ရွက်ရဲ့  အသုံးဝင်ပုံက ဘယ်လိုများလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ဥသျှစ်ရွက် ဆိုတာက ဥသျှစ်ပင်ရဲ့ အရွက်ပါ။ဥသျှစ်ပင်ဆိုတာက အပူပိုင်း ဒေသမှာ အများဆုံး ပေါက်ရောက်တဲ့ အပင် တစ်မျိုးပါ။ ဆေးဖက်ဝင် အာနိသင်တွေလည်း ကြွယ်ဝ ပါတယ်။ အမြင့်ပေ ၃၀လောက်ထိရှိတဲ့ အပူပိုင်းဒေသအပင်တစ်မျိုးပေါ့။ဥသျှစ်ရွက်က အစိမ်းရောင် ရှိပြီး ခပ်ရှိန်ရှိန်း အနံ့ မွှေးမွှေးလေး ရှိပါတယ်။ အိန္ဒိယ နဲ့ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံ တို့မှာ ပေါက်ရောက် သလိုမြန်မာနိုင်ငံ နဲ့ အခြား တောင်အာရှ နိုင်ငံတွေ မှာလည်း ပေါက်ရောက် ကြပါတယ်။ဥသျှစ်ရွက်ကို နုချိန်မှာ အစိမ်းစားလို့ ရသလို ဥသျှစ်သီးတွေကိုလည်း မှည့်လာရင် ဖျော်သောက်တာမျိုး လုပ်လို့ ရပါတယ်။ အရွက်ရင့်တွေကိုတော့ အလှအပအတွက် အသုံးပြုပေးလို့ ရပါတယ်။အလှအပ အတွက် ဥသျှစ်ရွက်ရဲ့ အသုံးဝင်ပုံတွေက ဘာတွေလဲ ဆိုတော့။ဥသျှစ်ရွက်မှာဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင် နေတာကြောင့် ဥသျှစ်ရွက်ကို အခြောက်ခံ အမှုန့် ကြိတ်ပြီး အုန်းဆီ နဲ့ ရောလို့ ခပ်ပျစ်ပျစ်လေး မွှေလေးလိုက်ပါ။ပြီးရင်တော့ အရေပြား ပေါ်မှာ တိုက်ရိုက် လိမ်းပေးလို့ ရပါတယ်။ ဒီလို လုပ်ပေးတာက အရေပြားပေါ်ကအစက်အပြောက်တွေကို သက်သာစေနိုင်ပါတယ်။ဒီလိုမှ မဟုတ်လည်း ဥသျှစ်ရွက်ကို ကြိတ်ပြီး သတ္တုရည်ကို အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့  ရပါတယ်။ဥသျှစ်ရွက်ကအဆီပြန်တာကို သက်သာ စေနိုင်သလို အရွယ်တင်စေ နိုင်ပါတယ်။ ဥသျှစ်ရွက်ကို အရေပြားမှာ အသုံးပြုပေးတာကအရေးအကြောင်းတွေကို သက်သာစေနိုင်ပါတယ်။အသားအရေကို တင်းရင်းစေပြီး အရွယ်တင် စေဖို့ ထိထိရောက်ရောက် ထောက်ကူပေးမှာပါ။အသားအရေကို ကြည်လင်စေချင်ရင် ဥသျှစ်ရွက်ကို သုံးပေးလို့ ရပါတယ်။ ဥသျှစ်ရွက်ဆီကို အရေပြားမှာ လိမ်းပေးပြီး  ပုံမှန် နှိပ်နယ်ပေးမယ် ဆိုရင်တော့ ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါ။ဆံပင်တွေ ကျွတ်တာကို သက်သာစေဖို့ ဥသျှစ်ဆီကို သုံးပေးလို့ ရပါတယ်။ ဆံပင်ကို အရင်း ကနေ အဖျားထိ သန်မာစေပြီး ဆံပင်တွေကို ထူထဲ သန်မာစေဖို့ ထောက်ကူပေး ပါတယ်။ဥသျှစ်ဆီကို ဦးရေပြားမှာ လိမ်းပေးပြီး နှိပ်နယ် ပေးတာကဦးရေပြားကိုကျန်းမာစေပြီး သွေးလည်ပတ်မှု ကောင်းစေဖို့လည်း ထောက်ကူပေးမှာပါ။ နောက် တစ်ချက်က ဆံပင်ဖြူတာ ကိုလည်း သက်သာစေမှာပါ။ဦးရေပြားကဗောက်တွေကို သက်သာစေဖို့ဆိုရင် ဥသျှစ်ဆီကို သုံးလို့ ရပါတယ်။ ဥသျှစ်ဆီက ဦးရေပြားကို ကျန်းမာ စေသလို ဆံသားခြောက်သွေ့တာကိုလည်း သက်သာစေနိုင်ပါတယ်။ဗောက် ထတာကိုလည်း သက်သာစေနိုင် ပါတယ်။ ဒါကြောင့် ဗောက် သက်သာစေဖို့ ဆိုရင်တော့ ဥသျှစ်ဆီကို သုံးပေးလို့ ရပါတယ်။ဥသျှစ်ရွက်က အသားအရေအတွက် အသုံးပြုနိုင်တယ်ဆိုပေမယ့် ဆက်ပြီး လေ့လာမှုတွေ လုပ်ဖို့ လိုပါသေးတယ်။ ဓာတုဓေဒနည်းအရ သန့်စင်ထားခြင်း မရှိတဲ့အခါ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နိုင်တာကြောင့် သတိထားအသုံးပြုဖို့ လိုပါတယ်။ အထူးသဖြင့် ဓာတ်မတည့် ပြဿနာရှိသူတွေ၊ ထိခိုက်လွယ် အသားအရေရှိသူတွေ၊ အရေပြားပြဿနာတစ်ခုခု ရှိတဲ့သူအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သုံးစွဲသင့်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/beauty-benefits-of-bale-leaf/
မူးယစ်ဆေးတွေ လူ့ခန္ဓာကိုယ်ထဲမှာ အချိန် ဘယ်လောက်ကြာကြာ ရှိနေနိုင်သလဲ
မူးယစ်ဆေးဝါးဆိုဟာ ဘယ်ပုံစံ ဘယ်အမျိုးအစားမဆို လူတွေကို အကျိုးမပြုတဲ့ အရာတွေဖြစ်ပါတယ်။ သုံးစွဲသူတွေအတွက် ဘေးထွက်ဆိုးကျိုးတွေ၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ထိခိုက်နစ်နာမှုတွေသာ ချန်ရစ်ထားခဲ့လေ့ရှိပါတယ်။ ဒါပေမယ့်လည်း မူးယစ်ဆေးဝါး သုံးစွဲမှုဟာ ကမ္ဘာပေါ်မှာ ထိန်းချုပ်ရခက်ခဲတဲ့ ပြဿနာတစ်ခုဖြစ်နေဆဲပါ။မူးယစ်ဆေးဝါးကြောင့် ထိခိုက်နစ်နာမှုတွေ ဆုံးရှုံးမှုတွေကို နေ့စဉ်နဲ့အမျှ ကြားသိနေကြရပါတယ်။ လူတစ်ယောက်ဟာ မူးယစ်ဆေးဝါး တစ်မျိုးမျိုးကို တစ်ကြိမ်တစ်ခါလောက်ပဲ စမ်းသပ်သုံးစွဲလိုက်ရင်တောင်မှ အချိန်အတော်ကြာအောင် ခန္ဓာကိုယ်ထဲမှာ တည်ရှိနေနိုင်ပြီး လူကို ဒုက္ခပေးဖို့ စောင့်ဆိုင်းနေတတ်ပါတယ်။ ပမာဏများပြားလာချိန်တွေမှာတော့ လူတွေကို ဒုက္ခအများအပြားပေးဖို့အတွက်ဖြစ်ပါတယ်။လူတစ်ယောက် သုံးစွဲလိုက်တဲ့ မူးယစ်ဆေးဝါးတွေဟာ အမျိုးအစားအလိုက် သင့်ခန္ဓာကိုယ်ထဲက ဆီး (ကျင်ငယ်ရည်) ၊ သွေးနဲ့ ဆံပင်တွေထဲမှာ ရှိနေနိုင်ပြီး အချိန် ဘယ်လောက်ကြာကြာရှိနေနိုင်ပြီး သင့်ကို ဒုက္ခပေးနိုင်သလဲဆိုတာကိုတော့ လူတော်တော်များများ သိရှိကြခြင်းမရှိကြပါဘူး။ ယေဘုယျအားဖြင့်တော့ သုံးစွဲတဲ့ ပမာဏနဲ့ ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး ကြာမြင့်ချိန်မတူညီပါဘူး။U.S. Food and Drug Administration ရဲ့ လေ့လာချက်တွေအရ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ လိင်၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုအခြေအနေတွေအပေါ်မူတည်ပြီး ခန္ဓာကိုယ်ထဲမှာ ကြာမြင့်ချိန် အနည်းငယ်ကွဲပြားတတ်တယ်လို့ သိထားရပါတယ်။ ပျမ်းမျှအားဖြင့် တစ်ရက်ကနေ ၆ ပတ်အထိ ကြာမြင့်စွာ တည်ရှိနေတတ်တာပါ။တစ်ကြိမ်တစ်ခါ အသုံးပြုလိုက်ရင်တောင်မှ လူ့ခန္ဓာကိုယ်ထဲမှာ မူးယစ်ဆေးဝါးရဲ့ ဓာတ်တွေ၊ ဘေးထွက်ဆိုးကျိုးတွေ ဆက်လက်တည်ရှိနေနိုင်တဲ့ အချိန်ပမာဏတွေကို အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ကိုယ့်ပတ်ဝန်းကျင်က မူးယစ်ဆေးအသုံးပြုနေတယ်လို့ သံသယရှိနေသူတွေ တကယ်သုံးစွဲထားခြင်း ရှိမရှိသိနိုင်ဖို့ဆိုရင် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီး သိရှိနိုင်မှာဖြစ်သလို ကာယကံရှင်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို လေ့လာပြီးလည်း သိရှိနိုင်ပါတယ်။  သုံးထားတဲ့ ပမာဏ၊ စိတ်အခြေအနေ (စိတ်မရှည်တာ၊ စိတ်တိုလွယ်တာ၊ သတိကင်းမဲ့နေတတ်တာ) ၊ ဆေးအာနိသင် ၊ ဇီဝဖြစ်ပျက်မှုအခြေအနေနဲ့ ဆေးဝါးအသုံးပြုနေမှု အခြေအနေ စတာတွေကို စောင့်ကြည့်လေ့လာပြီး စစ်ဆေးနိုင် ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/how-long-drugs-stay-in-body/
ခြင်အကြောင်း သိကောင်းစရာများ ။ ။
ခြင်ကိုက်တယ် ြခင်ကိုက်တယ်နဲ့ ခြင်ထောင်တွေ ထောင်အိပ်ကြ၊ခြင်ဆေးခွေတွထွန်း၊ ခြင်ဆေးတွေဖျန်းကြ၊ ခြင်မကိုက်တဲ့လိမ်းဆေးတွေ လိမ်းကြနဲ့ ခြင်နဲ့ စိမ်းတဲ့သူရှိမယ်မထင်ပါဘူး။ အကောင်းသေးသလောက် နားနားကပ်အောင်ရင် အမြင်ကပ်စရာကောင်းလောက်အောင် အသံကျယ်တဲ့ခြင်။ ကိုက်လိုက်ရင်လည်း ယားကျန်ခဲ့သလို ရောဂါပိုးတွေလည်း ဖြန့်ဝေတတ်တဲ့ ခြင် ကို လူတိုင်းနီးပါး ရင်းနှီးပြီးသား ဖြစ်ပေမယ့် ခြင် အကြောင်း အတွင်းကျကျ ပိုလေ့လာချင်တဲ့သူတွေ အတွက် ဒီဆောင်ပါးကို ရေးသားရတာ ဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင်ကလည်း ခြင်ဆို အင်မတန်မုန်းပါတယ်။ ။ခြင်( Mosquito ) ဆိုတာ စပိန်စကားကနေ ဆင်းသက်လာပြီးယင်ကောင်အသေးစားလေးလို့ အဓိပါ္ပယ်ရပါတယ်။ ခြင်မျိုးစိတ်ပေါင်း ထောင်ကျော်လောက်ရှိပြီး မျိုးပွားမှု အင်မတန်မှ မြန်တဲ့ များတဲ့ အကောင်တွေပါ။ မျိုးပွားဖို့အတွက်ကို ထုံးစံအတိုင်း ခြင်မတွေကသာ တာဝန်ယူရပြီး ခြင်မတွေကပဲ လူသွေးတွေကို စုပ်တာပါ။ ခြင်ထီးတွေကတော့ ပန်းဝတ်ရည်ကိုသာ စုပ်ယူလေ့ရှိပါတယ်။ခြင်မနဲ့ ခြင်ထီးတို့ မျိုးအောင်ပြီး ဖြစ်လာတဲ့ ဥလေးတွေကို ခြင်မက စိတ်ချရတဲ့နေရာမှာ ဥရပါတယ်။ ခြင်မျိုးစိတ်တွေပေါ်မူတည်ပြီး ခြင်ဥဥတဲ့ နေရာလည်း ကွဲပြားသွားပါတယ်။ တစ်ချို့ခြင်တွေက ရေဆိုးရေညစ်ကို ကြိုက်သလို တစ်ချို့ခြင်တွေက ရေသန့်မှာမှ အသက်ရှင်ပေါက်ဖွားနိုင်ကြတာပါ။ ခြင်မဥချလိုက်တဲ့ ဥပေါက်ပြီး ချက်ချင်းခြင်ဆိုတာ ဖြစ်မလာပါဘူး။ ဥကနေ >ပိုးလောက်လန်း > ပိုးလောင်း> ခြင် ဆိုပြီး အဆင့် ၄ ဆင့်ဖြတ်သန်းရပါတယ်။ ခြင်ဥကြီးထွားဖို့ လူ့သွေးထဲက ပရိုတင်းဓါတ်ရဖို့ လိုအပ်တဲ့အတွက် ခြင်မတွေက လူသွေးစုပ်ရတာ ဖြစ်ပါတယ်။ခြင်မျိုးစိတ်ထောင်ကျော်ရှိပါတယ်။ အကုန်ပြောရရင် စာရှည်သွားမှာ စိုးတာကြောင့် နာမည်ကြီးတဲ့ ခြင်မျိုးစိတ် ၃ ခု အကြောင်းပြောပြပေးချင်ပါတယ်။ ။၁။Aedes ( ခြင်ကျား)။ခြင်ကျားဆိုတဲ့အတိုင်း ကိုယ်ခန္ဓါနဲ့ ခြေချောင်းတွေပေါ်မှာ အဖြူနဲ့ အမဲကျား အစင်းလေးတွေ ရှိနေတတ်ပါတယ်။ သူရဲ့ထူးခြားချက်ကတော့ အခြားခြင်တွေလို မဟုတ်ဘဲ နေ့ခင်းပိုင်းမှာသာ ကိုက်တတ်တာပါ။ ညနေစောင်းတို့ မိုးလင်းခါစ အချိန်တို့ဆိုတာ ခြင်းကျားတို့ ပျော်စံရာ အချိန်တွေပါ။ ဒါ့အပြင် သူက အသန့်ကြိုက်တဲ့အတွက် ရေသန့်တွေမှာပဲ ပေါက်လေ့ရှိပါတယ်။Aedes ( ခြင်ကျား) မှာAedes aegyptiနဲ့Aedes albopictusဆိုပြီး မျိုးစိတ်နှစ်ခုရှိပါတယ်။Aedes aegyptiကို မြို့ပေါ် ဒေသတွေမှာတွေ့ရတတ်ပြီးလူ့သွေးတွေ စုပ်ကာ ရှင်သန်လေ့ရှိပါတယ်။Aedes albopictusကိုတော့ တောထဲမှာ အတွေ့များပြီး တိရိစ္ဆာန်တွေရဲ့ သွေးကို စုပ်ယူကာ အာဟာရမှီဝဲလေ့ရှိပါတယ်။ ဒီAedesမျိုးစိတ် ၂ ခုထဲမှာ လူ့သွေးကိုစုပ်တဲ့Aedes aegyptiကြောင့် ခြင်ကနေ ကူးစက်တဲ့ ရောဂါတွေ လူတွေမှာ ဖြစ်လာရတာပါ။ဒီခြင် အမျိုးအစားကတော့ အိမ်ထဲမှာ အတွေ့များတတ်ပြီး ညပိုင်းမှ လူတွေကို ကိုက်ကာသွေးစုပ်လေ့ရှိတဲ့ ခြင်အမျိုးအစားပါ။ သူ့ကြောင့်ဖြစ်တဲ့ နာမည် အကြီးဆုံးရောဂါကတော့ဆင်ခြေထောက်ရောဂါ(lymphatic filariasis ) နဲ့ဂျပန် ဦးနှောက်ရောင် ရောဂါ(Japanese encephalitis )တို့ပဲဖြစ်ပါတယ်။ သူ့ရဲဥတွေကိုတော့ ရေဆိုးမြောင်းထဲမှာ ဥချလေ့ရှိပါတယ်.။နေထွက်ချိန်နဲ့ နေဝင်ချိန်တွေမှာ အတွေ့များရပြီး လူ့သွေးစုပ်တဲ့ မျိုးစိတ်နဲ့ တိရိစ္ဆာန်သွေး စုပ်တဲ့ မျိုးစိတ်ဆိုပြီး နှစ်ခုရှိပါတယ်။ လူ့သွေးစုပ်တဲ့ Anopheles ခြင်မကြောင့်ဖြစ်တဲ့ နာမည်အကြီးဆုံးရောဂါကတော့malaria ငှက်ဖျားရောဂါပဲဖြစ်ပါတယ်။ ။မျိုးပြုတ်အောင် နှိမ်နင်းလို့ မရတဲ့အထဲမှာ ခြင်တွေက ထိပ်ဆုံးက ပါတဲ့အတွက် ခြင်ကင်းစင်တဲ့ နေရာဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။ ခြင်ကနေ ကူးစက်တတ်တဲ့ရောဂါတွေ မဖြစ်ချင်ဘူးဆိုရင်တော့။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/infections-from-insects/mosquito/
ဆီးချိုသွေးချိုအမျိုးအစား ၂ နဲ ပတ်သက်ပြီး သင် အထင်မှားနေသော အချက်များ
ဆီးချိုက ကျန်းမာရေးနယ်ပယ်မှာ တဖြည်းဖြည်းနဲ့ ပိုပိုပြီးတော့ ဂရုစိုက်စရာ၊ အာရုံစိုက်စရာ ရောဂါဖြစ်လာပါတယ်။ ရှောင်ရှားလို့မရ၊ ကာကွယ်လို့မရတဲ့ ဆီးချိုအမျိုးအစား ၁ အပြင် ဆီးချို အမျိုးအစား ၂ဆိုတဲ့ အဖြစ်များတဲ့ ဆီးချိုတစ်မျိုးလည်း ရှိပါသေးတယ်။ ဒါပေမယ့် ကောလဟာလတွေနဲ့ ဇာတ်လမ်းတွေက သင့်ကိုဆီးချိုနဲ့ပတ်သက်ပြီး အထင်လွဲမှုတွေဖြစ်စေနိုင်ပါတယ်။ အောက်မှာဖော်ပြထားတာတွေကတော့ ဆီးချိုအမျိုးအစား ၂နဲ့ ပတ်သက်ပြီး အထင်လွဲမှားမှုတွေပါ။ဆီးချိုရောဂါက ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး၊ ငါ တစ်သက်လုံး ဒီရောဂါနဲ့ အေးဆေးနေလို့ရပါတယ်။ဆီးချိုက သင်ထိန်းချုပ်နိုင်မယ်ဆိုရင်တော့ ဘာမှကြီးကျယ်တဲ့ရောဂါမဟုတ်တာ မှန်ပါတယ်။ သို့သော် ဒီနာတာရှည်ရောဂါက ထိန်းချုပ်လို့ရပေမယ့် သူ့ကြောင့် သေဆုံးတဲ့သူက AIDS နဲ့ ရင်သားကင်ဆာကြောင့် သေဆုံးရတဲ့သူတွေထက် ပိုများပါတယ်။ ဆီးချိုရှိတဲ့ သုံးယောက်မှာ နှစ်ယောက်က နှလုံးရောဂါသို့မဟုတ် လေဖြတ်ပြီး သေဆုံးကြပါတယ်။ငါအဝလွန်နေရင် နောက်ဆုံးမှာဆီးချိုအမျိုးအစား ၂ ဖြစ်လာမှာပဲ။ကိုယ်အလေးချိန်က ဆီးချိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းဆိုပေမယ့် တခြားဖြစ်စေတဲ့အကြောင်းအရင်းတွေ ရှိပါသေးတယ်။ ဥပမာ – မိသားစုမျိုးရိုးဖြစ်ပါတယ်။ အဝလွန်နေတဲ့သူ တော်တော်များများက ဆီးချိုလုံးဝမဖြစ်တာမျိုးလည်းရှိပြီး ပုံမှန်ကိုယ်အလေးချိန်ရှိသူတွေက ဆီးချိုအမျိုးအစား ၂ ဖြစ်တာတွေလည်း ရှိပါတယ်။ငါလေ့ကျင့်ခန်းတွေ အရမ်းမလုပ်သင့်ဘူး၊ လုပ်ရင် သကြားဓါတ်ကုန်ခမ်းသွားလိမ့်မယ်။တကယ်လို့ သင်ကအင်ဆူလင် ထုတ်လုပ်မှုပိုများစေတဲ့ ဆေးတွေ အသုံးပြုနေတယ် ဒါမှမဟုတ် အင်ဆူလင် ထိုးနေတယ်ဆိုရင် သင်အနေနဲ့ လေ့ကျင့်ခန်း၊ အင်ဆူလင်နဲ့ အစားအသောက်တွေကို ညီမျှအောင်လုပ်ရပါမယ်။ ဒါပေမယ့် ဆီးချိုအမျိုးအစား ၂ အတွက် အင်ဆူလင်ကို သုံးတာနည်းပါတယ်။ သောက်ရတဲ့ဆေးတွေ ဥပမာ metformin နဲ့ sitagliptin တွေက သင်ဘယ်လောက် လေ့ကျင့်ခန်းလုပ်လုပ် သွေးထဲကသကြားဓါတ်ကို အရမ်းကျသွားအောင်မလုပ်ပါဘူး။ အမှန်တကယ်တော့ လေ့ကျင့်ခန်းလုပ်ခြင်းက ဆီးချိုကိုထိန်းချုပ်ဖို့အပြင် ကိုယ်မလးချိန်ကျစေဖို့လိုကို လိုအပ်ပါတယ်။အင်ဆူလင်ကသင့်ကိုဆိုးကျိုးပေးလိမ့်မယ်။အင်ဆူလင်က မရှိမဖြစ်လိုအပ်ပေမယ့် တချို့သူတွေအတွက်တော့ အခက်အခဲဖြစ်စေပါတယ်။ သင့်အနေနဲ့ အင်ဆူလင်သုံးထားတယ်ဆိုရင် သကြားဓါတ်ခမ်းခြောက်ခြင်း မဖြစ်အောင် သွေးတွင်းသကြားဓါတ်ကို ခဏခဏ တိုင်းနေဖို့တော့ လိုပါလိမ့်မယ်။ဆီးချိုဆိုတာ သင့်ကိုယ်က အင်ဆူလင် လုံလုံလောက်လောက်မထုတ်လို့ဖြစ်လာတာပါ။ဒါက ဆီးချို အမျိုးအစား ၁ မှာတော့ မှန်ပါတယ်။ မုန့်ချိုအိတ်က အင်ဆူလင် ထုတ်လုပ်ခြင်းကို လုံးဝရပ်လိုက်လို့ပါ။ ဆီးချို အမျိုးအစား ၂ ဖြစ်တဲ့သူတွေမှာတော့ အင်ဆူလင် လုံလုံလောက်လောက် ထုတ်လုပ်ပါတယ်။ သူတို့ရဲ့ပြဿနာကတော့ အင်ဆူလင် တွေက သေချာအလုပ်မလုပ်တော့တာပါ။ အဲဒီ အင်ဆူလင်တွေက လူကိုယ်ရဲ့ ဆဲလ် တွေကို အစားအစာကရတဲ့ glucose (ဂလူးကိုစ့်) တွေကို စုပ်ယူစေဖို့ မစွမ်းဆောင်နိုင်တော့တာပါ။ နောက်ဆုံးမှာ မုန့်ချိုအိတ်က အင်ဆူလင် လုံလုံလောက်လောက် မထုတ်ခဲ့တဲ့အတွက် အင်ဆူလင်တွေ ထိုးသွင်းဖို့ လိုလာပါလိမ့်မယ်။အချိုများများစားတာက ဆီးချိုဖြစ်စေတယ်။အချိုရည်တွေ အများအပြားသောက်သုံးခြင်းက ဆီးချိုအန ္တရာယ်ရှိပြီးသားလူမှာ ဆီးချိုဖြစ်လာနိုင်ချေ နှုန်းမြင့်စေတယ်လို့မကြာသေးခင်က လေ့လာချက်များအရ ဆိုကြသော်လည်း အစားအသောက်က ဆီးချိုမဖြစ်စေပါဘူး။ ဒါ့အပြင် သကြားသက်သက်က ဆီးချိုမဖြစ်စေပါဘူး။ သူကဆီးချိုဖြစ်စေတဲ့ အကြောင်းအရင်းဖြစ်တဲ့ အဝလွန်ခြင်းကိုဖြစ်စေတာပါ။ အဝလွန်သူတွေက အချိုစားများကြပါတယ်။ သူတို့တွေက ကယ်လိုရီတက်စေတဲ့ အသင့်စားအစားအစာတွေ အရမ်းစားပါတယ်။ အချိုတွေက သွေးချိုတက်စေတဲ့အတွက် မကောင်းပါဘူး။ ဒါ့အပြင်glucose (ဂလူးကိုစ့်)အဖြစ် မြန်မြန်ပြိုကွဲသွားတဲ့စားစရာတွေ ဖြစ်တဲ့ပါစတာအလွတ်၊ ပေါင်မုန့်ဖြူ၊ ခေါက်ဆွဲနဲ့ ထမင်းတို့ကလည်း ဆီးချိုအတွက်မကောင်းပါဘူး။ကျွန်တော့် ဆီးချိုတက်မတက် ကျွန်တော် သိတယ်။သင့်အနေနဲ့ သင်ဘယ်လိုခံစားရလဲအပေါ် မူတည်ပြီး သင့် သွေးတွင်းသကြားဓါတ်နှုန်းကိုမသိနိုင်ပါဘူး။သင့်ရဲ့ ဆီးချိုကျနေရင် (သွေးတွင်းသကြားဓါတ်နည်းနေရင်)သင်ဟာကတုန်ကရင်ဖြစ်ခြင်း၊ မိုက်ခနဲဖြစ်ခြင်း၊ ခေါင်းမူးခြင်းတွေဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါကအဖျားကြောင့်လည်းဖြစ်နိုင်ပါတယ်။ သင်ဆီးခဏခဏသွားတာက သင့်ရဲ့ glucose ( သွေးတွင်းသကြားဓါတ်) ကမြင့်နေလို့ဖြစ်နိုင်သလို သင့်ဆီးအိမ်ပိုးဝင်လို့လည်း ဖြစ်နိုင်ပါတယ်။ သင့်မှာဆီးချိုရှိတာ ကြာလေသင့်ရဲ့အပေါ်က ခံစားချက်တွေက မတိကျလေဖြစ်ပါတယ်။ အတိကျဆုံးတစ်ခုတည်းသောနည်းက သွေးတွင်းသကြားဓါတ်စစ်ဖို့ပါပဲ။ဆီးချိုရှိသူတွေက အချိုမစားရဘူး။ဆီးချိုရှိသူတွေက အချိုစားလို့ မရစရာအကြောင်းမရှိပါဘူး။ ပမာဏခပ်နဲနဲပဲဆိုဘာစားစားရပါတယ်။ ပြဿနာက ကျွန်တော်တို့အများစုက ကိုယ်ကြိုက်တာတွေဆို အများကြီးစားတာပါ။ ဆီးချိုရှိတာက သင်ကိတ်မုန့်ကို လုံးဝမစားရတော့ဘူးလို့မဆိုလိုပါဘူး။ တစ်စိတ်လောက်ဆိုရပါတယ်။ သတိထားရမှာက ဘာနဲ့တွဲစားမလဲဆိုတာပါပဲ။ တစ်လကို အချိုပွဲနည်းနည်းစီစားလို့ရပေမယ့် ညတိုင်းတော့မရပါဘူး။သင့်မှာဆီးချိုရှိရင်ဖျားနာဖို့တုပ်ကွေးဖြစ်ဖို့လွယ်ပါတယ်။ဆီးချိုက သင့်ကိုအဲဒီလိုကူးစက်တတ်တဲ့ဖျားနာမှုတွေကို ပိုမဖြစ်စေနိုင်ပါဘူး။ ဒါပေမယ့် သင့်အနေနဲ့ တုပ်ကွေးကာကွယ်ဆေးထိုးထားတာကပိုကောင်းပါတယ်။ အကြောင်းက တုပ်ကွေးရောဂါကြောင့် သင့်ဆီးချိုပိုဆိုးနိုင်လို့ပါ။အကယ်၍ သင်ဟာအင်ဆူလင်ထိုးနေရပြီရင် သဘောက သင့်ဆီးချိုကို သင်သေချာဂရုမစိုက်ဘူးဆိုတဲ့ သဘောပါ။ သင်ဆီးချိုစဖြစ်တဲ့အချိန်မှာ အစားအစာ၊ လေ့ကျင့်ခန်း၊ ဂလူးကိုစ့်ကို စုပ်ယူဖို့ကူညီတဲ့ဆေးတွေ နဲ့သင့်သွေးတွင်း သကြားဓါတ်ကို ထိန်းနိုင်ပါတယ်။ ဒါပေမယ့် အဆုံးမှာ သင့်ရဲ့မုန့်ချိုအိတ်က အင်ဆူလင်ကို လုံးဝမထုတ်တဲ့ထိဖြစ်နိုင်ပါတယ်။ ထိုအချိန်မှာ သင် အင်ဆူလင်ထိုးဆေး လိုအပ်လာပါပြီ။ ဒါက သင့်အမှားမဟုတ်ပါဘူး။ ရောဂါရဲ့အဆင့်တိုးလာတဲ့ အခြေအနေတစ်ရပ်သာ ဖြစ်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%81%e1%80%ad%e1%80%ba%e1%80%b3%e1%80%a1%e1%80%99%e1%80%ad%e1%80%ba%e1%80%b3%e1%80%b8%e1%80%a1/
ဆီးချိုရှိသူတွေမှာ မအီမသာခံစားရတဲ့ ဒီအချက်တွေကြောင့်ပါ
ဆီးချိုရောဂါရှိသူတွေကို မအီမသာခံစားရစေနိုင်တဲ့အချက်တွေက တစ်ချက်မကရှိနေနိုင်ပါတယ်။ အခြေအနေကိုသေချာသိမှ မှန်ကန်တဲ့ပြုစုကုသမှုကိုပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ ခန္ဓာကိုယ်မှာဖြစ်လာတဲ့ပြောင်းလဲမှုတွေက ဘာကြောင့်လဲဆိုတာကို သိရှိနိုင်စေဖို့ ဒီဆာင်းပါးလေးကို ဖတ်ကြည့်ဖို့ပြောပါရစေ။ဆီးချိုရှိသူတွေမှာခံစားရနိုင်တဲ့ လက္ခဏာတွေ။ဆီးချိုအမျိုးအစား (၁) ဆီးချိုရောဂါရှိသူတွေရောအမျိုးအစား (၂) ဆီးချိုရှိသူတွေမှာရော အခုလိုလက္ခဏာတွေခံစားရနိုင်ပါတယ်။(၁)သွေးတွင်းသကြားဓာတ်အရမ်းများတာ၊ အရမ်းနည်းတာ။ဆီးချိုရောဂါရှိသူတွေအနေနဲ့ အချိုကဲတဲ့ အစားအစာတွေကို အများအပြားစားသုံးမိတာနဲ့ သွေးချိုတက်စေနိုင်တဲ့ အမူအကျင့်တွေကြောင့်သွေးတွင်းသကြားဓာတ်မြင့်တက်တဲ့အခါမျိုး နဲ့လေ့ကျင့်ခန်းတွေလုပ်မယ်။ အစားမစားဘဲနေမယ်၊ လှုပ်ရှားမှုအရမ်းများသွားတဲ့ အခြေအနေတွေကြောင့်သွေးတွင်းသကြားဓာတ်အရမ်းနည်းသွားတဲ့ အခါမျိုးမှာလည်းခေါင်းထဲက မူးဝေပြီး မအီမသာခံစားရနိုင်ပါတယ်။ ဒါကြောင့် ဒီလိုဖြစ်တဲ့အခါသွေးတွင်းသကြားဓာတ်ကို အရင်တိုင်းကြည့်ပြီး လိုအပ်တဲ့ကုသမှုကို ခံယူဖို့လိုပါမယ်။လက္ခဏာတွေက။ဒီအခြေအနေကိုခံစားရတဲ့အခါ။ဘယ်လိုကာကွယ်မလဲ။(၂)အစာခြေချိန်ကြာမြင့်တာ။ဆီးချိုရောဂါခံစားရသူတွေမှာတွေ့ကြုံရများတဲ့ပြဿနာတစ်ခုက အစာကြေခဲတာပါ။ အစာခြေစနစ်ကကောင်းကောင်းအလုပ်မလုပ်နိုင်တာကြောင့် အစာခြေချိန်ကြာမြင့်တဲ့ အခြေအနေတစ်ရပ်ကို ခံစားရနိုင်ပါတယ်။ အစာတွေကအူလမ်းကြောင်းတလျှောက်မှာ ပုံမှန်ထက်နှေးကွေးတဲ့အရှိန်နဲ့ သွားတဲ့အနေအထားပါ။ ဒီအခြေအနေကြောင့် မအီမသာဖြစ်နိုင်ပါတယ်။လက္ခဏာတွေက။ဒီအခြေအနေကို ခံစားရတဲ့အခါ။ဘယ်လိုကာကွယ်မလဲ။ပန်ကရိယရောင်ရမ်းတာကြောင့်လည်း မအီမသာခံစားရနိုင်ပါ။ ဒီအခြေအနေက သာမန်လူတွေမျာလည်းဖြစ်နိုင်တယ်ဆိုပေမယ့် ဆီးချိုရှိသူတွေမှာက ပိုဆိုးပါတယ်။လက္ခဏာတွေက။ဒီအခြေအနေကို ခံစားရတဲ့အခါ။ဘယ်လိုကာကွယ်မလဲ။လက္ခဏာတွေက။ဘယ်လိုကာကွယ်မလဲ။ဒီလိုမျိုးမအီမသာဖြစ်တာတွေကို ခံစားရတဲ့အခါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/how-can-diabetes-cause-nausea/
အားကစား လေ့ကျင့်ခန်းများနှင့် ဆီးချိုသွေးချိုရောဂါ
လေ့ကျင့်ခန်းနဲ့ကိုယ်လက်လှုပ်ရှားမှုတွေက လူတိုင်းအတွက် ကောင်းပါတယ်။ အထူးသဖြင့် အဝလွန်သူတွေနဲ့ ဆီးချိုရှိသူတွေအတွက် ကောင်းပါတယ်။ လေ့ကျင့်ခန်းတွေကသင့်ရဲ့သွေးတွင်းကလူးကိုစ့်ကိုထိန်းပေးရုံသာမကနှလုံး၊ကြွက်သား၊ကိုယ်အလေးချိန်စတာတွေကိုပါ အကောင်းဘက်ရောက်စေပါတယ်။ သင့်လေ့ကျင့်ခန်း စလုပ်တော့မယ်ဆိုတည်းက သင်သွေးတွင်းကလူးကိုစ့် ကျပါတော့မယ်။ လေ့ကျင့်ခန်းမလုပ်ခင်၊ လုပ်နေစဉ်၊ လုပ်ပြီးမှတ်သားထားစရာလေးတွေ ရှိပါတယ်။သင့်ဆရာဝန်နဲ့သင့်အတွက် ဘယ်လေ့ကျင့်ခန်းက သင့်တော်လဲ ဆွေးနွေးပါ။ သင့်ရဲ့ကာဗိုဟိုက်ဒရိတ်စားသုံးမှု၊ ဆေးပမာဏ နဲ့ သွေးတွင်းက လူးကိုစ့် ကို အသေးစိတ်မှတ်ထားပါ။ ဒါမှသာ သင့်ကျန်းမာရေး တိုးတက်လာမှာပါ။လေ့ကျင့်ခန်းမလုပ်ခင် သွေးတွင်းကလူးကိုစ့် ကို အရင်တိုင်းသင့်ပါတယ်။ ဒါကသင်လေ့ကျင့်ခန်း လုပ်နိုင်မလား၊ လေ့ကျင့်ခန်းက သင့်သွေးတွင်း ကလူးကိုစ့်ကိုကျစေနိုင်မလား သိနိုင်ဖို့အတွက်ပါ။ တကယ်လို့သင့်မှာ ဆီးချိုအမျိုးအစား (၁) ရှိနေတဲ့အခါသွေးနဲ့ဆီးထဲမှာ ကီတုန်းတွေများနေတဲ့အတွက် လေ့ကျင့်ခန်းလုပ်ဖို့ စိတ်မချရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအခြေအနေက သင့်ရဲ့ခန္ဓါကိုယ်ကို ဘေးဖြစ်စေတဲ့အပြင် တစ်ခါတစ်လေ အသက်ဘေးစိုးရိမ်ရတဲ့ diabetic ketoacidosis (DKA) လို့ခေါ်တဲ့ ကီတုန်းပမာဏများပြားသော အန ္တရယ် အခြေအနေတစ်ခုကိုပါဖြစ်စေနိုင်ပါတယ်။ဘာလေ့ကျင့်ခန်းပဲလုပ်လုပ် သင့်ရဲ့ကိုယ်က ကလူးကိုစ့်တွေကို အဓိကစွမ်းအင်အရင်းအမြစ်တွေအဖြစ် သုံးမှာပါ။ ဒါကြောင့်သင့်အစားအစာတွေမှာ ကာဗိုဟိုက်ဒရိတ်၊ပရိုတိန်းနဲ့အဆီတွေကို ညီညီမျှမျှ ပါဝင်အောင်ထိန်းညှိပြီးစားတာက လေ့ကျင့်ခန်းလုပ်နေစဉ် သွေးတွင်းကလူးကိုစ့် ရုတ်ချည်းကျသွားတာမျိုး မဖြစ်စေဖို့အကြံကောင်းပါ။သင့်ရဲ့သွေးတွင်းကလူးကိုစ့် ကို၁၅မိနစ်ကနေ မိနစ်၃၀ခြားတစ်ခါတိုင်းတာခြင်းက လေ့ကျင့်ခန်းအတွက်သင့်သွေးတွင်း ကလူးကိုစ့် တည်ငြိမ်မှုရှိမရှိ သိနိုင်ပါတယ်။ကျန်းမာစေတဲ့မုန့်များဥပမာ- ကွတ်ကီး၊မြေပဲထောပတ်၊စတာတွေကို သင့်သွေးတွင်းကလူးကိုစ့် အလွန်ကျနေတယ်ထင်ရင်စားပါ။ရေများများသောက်ပါ၊ ရေဓါတ်ခန်းခြင်းက အားကစားလုပ်သူတွေအတွက် ခြိမ်းခြောက်မှုပါ။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီးရင်တောင် ရေအများကြီး သောက်ဖို့လိုပါတယ်။ ရေဓါတ်ခန်းတာက သင့်ကိုနေမကောင်းစေရုံသာမက ဆီးချိုသွေးချိုကိုပါဆောင့်တက်စေပါတယ်။သာမန်လေ့ကျင့်ခန်းလုပ်ပြီးရင်တောင် သင့်သွေးတွင်း ကလူးကိုစ့်ကိုအကြိမ်များစွာစစ်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ဆီးချိုအမျိုးအစား(၁)ရှိသူတွေရဲ့ သွေးတွင်းကလူးကိုစ့်က လေ့ကျင့်ခန်းအပြီး ၄၈နာရီအတွင်း အမျိုးမျိုးပြောင်းလဲနိုင်လို့ပါ။သင့်ကိုယ်ထဲကအင်ဆူလင်ကိုအလုပ်ကောင်း။သင့်နေထိုင်မှုပုံစံကို လေ့ကျင့်ခန်းတွေနဲ့ပြောင်းလဲခြင်းက တချို့လူတွေအတွက် အစပိုင်း ခက်ချင်ခက်နေလိမ့်မယ်။ လူအများစုကတော့ သူတို့လေ့ကျင့်ခန်းတွေကနေ အကျိုးကျေးဇူးတွေရရှိလာသောအခါ လေ့ကျင့်ခန်း ပြုလုပ်ရတာကိုချစ်မြတ်နိုး လာတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့်လည်း သင့်လုံခြုံမှုအတွက်ကတော့ သင့်နဲ့သင့်တော်မယ့်လေ့ကျင့်ခန်းကို ဆရာဝန်နဲ့ အရင်ဆွေးနွေးမှသာ သင်ပျော်ပျော်ရွှင်ရွှင် နေနိုင်မှာပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%a1%e1%80%ac%e1%80%b8%e1%80%80%e1%80%85%e1%80%ac%e1%80%b8-%e1%80%b1%e1%80%9c%e1%80%b7%e1%80%80%e1%80%ba%e1%80%84%e1%80%b9%e1%80%b7%e1%80%81%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ba%e1%80%ac/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1-mask-%e1%80%90%e1%80%95%e1%80%ba%e1%80%96%e1%80%ad%e1%80%af%e1%80%b7-%e1%80%9c%e1%80%ad%e1%80%af%e1%80%9e%e1%80%9c%e1%80%ac%e1%80%b8/
နွေရောက် ပြီဆိုတော့ ဘာတွေ ပြင်ဆင်ထားရမလဲ။
ပူပြင်းခြောက်သွေ့တဲ့ နွေရဲ့ ဇာတ်လိုက်အပူဒဏ်ကြောင့် လူတွေကနွေရာသီကို မရောက်ချင်ကြပါဘူး။ သူတို့ မကြိုက်လည်း မကြိုက်ချင်စရာပါပဲ။နွေရဲ့ အပူဒဏ်ဟာချွေးကိုပိုထွက်စေတယ်၊ ပင်ပန်းမှုတွေကို နှစ်ဆပိုဖြစ်စေတယ်၊အသားအရေကိုထိခိုက်စေတယ် စတဲ့ မကောင်းတဲ့အချက်တွေ များတာကြောင့် လူတိုင်း နွေရောက် မှာကို ကြောက်ကြပါတယ်။ ဒါ့အပြင် နွေရဲ့ အပူချိန်ဟာ ကျန်းမာရေးကို ထိခိုက်စေတာတွေ ပိုဖြစ်နိုင်တာကြောင့် နွေဆို မရောက်ချင်ကြတဲ့သူတွေ များနေတာပါ။ ဒီတော့ နွေရဲ့ အပူချိန်ကို အံတုဖို့ နွေရောက် ပြီဆိုတော့ ဘာတွေ ပြင်ဆင်ထားရမလဲ။နွေရောက် ပြီဆိုတော့ ဘာတွေ ပြင်ဆင်ထားရမလဲ။ ဆိုတော့။နွေကြောင့် ဖြစ်တဲ့အပူချိန်ကို အံတုနိုင်တဲ့ အကောင်းဆုံး အရာကတော့ရေများများသောက်တာပဲ ဖြစ်ပါတယ်။ ချွေးထွက်များပြီး ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်တာကို ကာကွယ်ဖို့နဲ့ ကိုယ်တွင်းမြင့်တက်လာတဲ့ အပူချိန်ကို ပြန်ထိန်းညှိဖို့အတွက် ရေများများသောက်ကို သောက်ပေးရမှာပါ။ အရည်ဖြစ်ရင်ပြီးရောဆိုပြီး အချိုရည်တွေ၊ အရက်တွေ တော့ မသောက်သင့်ပါဘူး။ သောက်ချင်သပဆိုရင်တော့ ရေဓာတ်ဖြည့်အချိုရည်တွေ သောက်ပေးလို့ရပါတယ်။ကိုယ်တွင်း မြင့်တက်လာတဲ့ အပူချိန်တွေ အလွယ်တကူ အပြင်ပြန်ထွက်လို့ရအောင် နွေရာသီမှာ အဝတ်သင့်ဆုံးကတော့ ပေါ့ပေါ့ပါးပါးချည် အင်္ကျီတွေ ပဲ ဖြစ်ပါတယ်။နွေရာသီမှာ ရေချည်းပဲသောက်ရတာ ပျင်းလာရင်အရည်ရွှမ်းတဲ့ အသီးတွေ စားပေးလို့ရပါတယ်။ အသီးတွေမှာပါတဲ့ အအေးဓာတ်နဲ့ ကြွယ်ဝတဲ့အမျှင်ဓာတ်တွေကြောင့်ဝမ်းချုပ်တာတွေလည်း သက်သာဦးမှာပါ။နွေရာသီဆိုခရမ်းလွန်ရောင်ခြည်တွေပိုများနေတတ်တဲ့အတွက် အပြင်သွားရင် အနည်းဆုံး SPF 30++ လောက်ရှိတဲ့နေလောင်ကာလိမ်းဆေးတွေ လိမ်းသွားပါ။ နေရောင်နဲ့ အသားနဲ့ တိုက်ရိုက်မထိအောင် လက်ရှည်အင်္ကျီတွေ ဝတ်သွားပါ။ ဦးထုပ်ဆောင်းပါ။ နေကာမျက်မှန်တပ်ပါ။သွပ်မိုးနဲ့ နီးတဲ့ နေရာက ပိုပြီး အပူဟပ်တတ်တာကြောင့် နွေရာသီဆို အိမ်အောက်ထပ်အေးတဲ့နေရာတွေမှာ နေပါ။ အိပ်ပါ။ ပြတင်းပေါက်တွေကို ဖွင့်ထားပါ။ လေဝင်လေထွက်ကောင်းမှ ပူတဲ့လေတွေ ဖလှယ်ပြီးသားဖြစ်မှာပါ။ ပူလွန်းလို့ဆိုပြီး ပန်ကာလေကို တစ်ချိန်လုံး မခံပါနဲ့။ ချွေးနဲ့ပြန် အအေးပတ်တတ်သလို လေဖြတ်ဖို့ အခွင့်အလမ်းလည်း ပိုများတတ်ပါတယ်။ပူနွေးတဲ့ ရာသီဥတုကြောင့် စားစရာတွေ ခဏလေးနဲ့ ပျက်စီးသွားတတ်ပါတယ်။ ဒါ့ကြောင့် စားစရာတွေကိုရေခဲသေတ္တာထဲမှာ သေချာသိမ်းဆည်းထားဖို့ မမေ့သင့်ပါ။ဘယ်နေရာမှာတော့ နေ့အပူချိန်ဘယ်လောက်ရှိနိုင်တယ်၊ ဘယ်နေရာမှာတော့ တိမ်ထူထပ်ပြီး ဘယ်မှာတော့ သာယာမယ်ဆိုတဲ့ မိုးလေဝသ ခန့်မှန်းချက်တွေ နဲ့ အဆက်မပြတ်စေပါနဲ့။ နက်ဖြန် အပူချိန်အရမ်းများမယ်လို့ မိုးလေဝသက ခန့်မှန်းထားမယ်ဆိုရင် မသွားမဖြစ်ကိစ္စတွေကလွဲလို့ နေ့ခင်းပိုင်း နေပူထဲ မထွက်ပါနဲ့ ။ ကိုယ့်ကျန်းမာရေး အခြေအနေကို ဂရုစိုက်ရမှာ ကိုယ်ကိုယ်တိုင်ပါပဲ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/how-to-preapre-for-summer/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/different-types-of-depression/
Weil’s disease (ဝိုင်းလ်ရောဂါ )
ဝိုင်းလ်ရောဂါဆိုတာ လပ်တိုစပိုင်ရိုးစစ်ရောဂါရဲ့ ပြင်းထန်အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ ဘက်တီးရီယားရောဂါတစ်မျိုးပါ။ လပ်တိုစပိုင်ရာ ဘက်တီးရီးယားတွေကြောင့်ဖြစ်ရတာပါ။ဘက်တီးရီးယားကူစက်ခံထားရသော တိရိစ္ဆာန်တို့၏ သွေး၊ ဆီးနဲ့ တစ်ရှုးတို့ဖြင့် ထိတွေ့မိမယ်ဆိုရင် ထိုရောဂါရရှိလာနိုင်ပါတယ်။ အောက်ပါတိရိစ္ဆာန်များ ဖြစ်နိုင်ပါတယ်။ရောဂါပိုးကူးစက်ခံထားရတဲ့ ရေ၊မြေတို့ဖြင့် ထိတွေ့မိခြင်းဖြင့်လည်း ရရှိနိုင်ပါတယ်။လပ်တိုစပိုင်ရိုးစစ်က ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်းလိုမျိုး တုပ်ကွေးအပျော့စားလက္ခဏာတွေနဲ့ ဆင်တူပါတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ကူးစက်သွားမယ်ဆိုရင် ပိုမိုပြင်းထန်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ယင်းကိုယ်တွင်းအင်္ဂါတွေက အောက်ပါတို့ဖြစ်ပါတယ်။သင့်မှာလပ်တိုစပိုင်ရိုးစစ်ရှိတယ်လို့ တွေ့ရှိလာပြီဆိုရင် ဆရာဝန်က ပဋိဇီဝဆေးတွေနဲ့ ကုသပါလိမ့်မယ်။ ဝိုင်းလ်ရောဂါထိဖြစ်သွားပြီဆိုရင်တော့ ပိုမိုစောင့်ရှောက်မှုလိုတဲ့အတွက်ကြောင့် ဆေးရုံတင်ရနိုင်ပါတယ်။ဒီရောဂါဟာ အတွေ့ရနည်းပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။လပ်တိုစပိုင်ရိုးစစ်အပြီး ၁ရက်နေ ၃ရက်အတွင်းမှာ ဝိုင်းလ်ရောဂါရဲ့ လက္ခဏာတွေဖြစ်ပေါ်လာပါတယ်။ ထိခိုက်ခံရတဲ့ ကိုယ်အင်္ဂါတွေပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေ ကွဲပြားသွားမှာပါ။အသည်း၊ ကျောက်ကပ်နဲ့ နှလုံး။အသည်း၊နှလုံးနဲ့ ကျောက်ကပ်တို့မှာ လပ်တိုစပိုင်ရာ ဘက်တီးရီးယား ကူးစက်ခံလာရပြီဆိုရင် အောက်ပါတို့ကို ခံစားရနိုင်ပါတယ်။ဦးနှောက်။ဦးနှောက် ထိခိုက်ခံရပြီဆိုရင် အောက်ပါတို့ကို ခံစားရနိုင်ပါတယ်။အဆုတ်။အဆုတ်ထိခိုက်ခံရပြီဆိုရင် အောက်ပါတို့ကို ခံစားရနိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဝိုင်းလ်ရောဂါဟာ လပ်တိုစပိုင်ရာ ဘက်တီးရီးယားတွေကြောင့် ဖြစ်ပွားရတာပါ။ ပိုးဝင်မှုက မပြင်းထန်ဘူးဆိုရင် လပ်တိုစပိုင်ရိုးစစ်လို့ခေါ်နိုင်ပါတယ်။ ပြင်းထန်တဲ့အခြေအနေဖြစ်သွားပြီဆိုရင်တော့ ဝိုင်းလ်ရောဂါလို့ ခေါ်ရပါတော့မယ်။လပ်တိုစပိုင်ရာ ဘက်တီးရီးယားကို လယ်ယာသုံးတိရိစ္ဆာန်တွေ၊ ခွေးတွေ၊ ကိုက်ဖြတ်တတ်တဲ့သတ္တဝါတွေမှာ တွေ့နိုင်ပါတယ်။မျက်လုံး၊ ပါးစပ်၊ နှာခေါင်းနဲ့ အရေပြားရှိ ပြတ်ရှရာတို့က အောက်ပါတို့ဖြင့် ထိတွေ့မိလျှင် ဘက်တီးရီးယားကူးစက်ခံရနိုင်ပါတယ်။ဘက်တီးရီးယားပိုးရှိတဲ့ တိရိစ္ဆာန်ကိုက်ရင်လည်း ထိုရောဂါဖြစ်နိုင်ပါတယ်။ဝိုင်းလ်ရောဂါနဲ့ လပ်တိုစပိုင်ရိုးစစ်က ကမ္ဘာတစ်ဝန်းလုံးမှာ တွေ့ရသော်လည်း အပူပိုင်းဒေသနဲ့ သမပိုင်းဒေသတွေမှာတော့ ပိုအတွေ့ရများပါတယ်။ ဒါ့အပြင် တိရိစ္ဆာန်၊ တိရိစ္ဆာန်အသားစနဲ့ တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းတို့ဖြင့် ထိတွေ့/အနီးကပ်လုပ်ကိုင်နေရတဲ့သူတွေမှာဆိုရင် ပိုအဖြစ်များပါတယ်။ ဝိုင်းလ်ရောဂါနဲ့ လပ်တိုစပိုင်ရိုးစစ်ကူးစက်ခံရနိုင်ခြေများတဲ့ လူတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။ရောဂါအဖြေရှာအတည်ပြုဖို့ မေးမြန်းခြင်းကနေ စပါလိမ့်မယ်။ အောက်ပါတို့ရှိနေပါက ဆရာဝန်အားပြောပြပေးပါ။ဆရာဝန်က သင့်မှာ လပ်တိုစပိုင်ရိုးစစ်နဲ့ အခြားဘက်တီးရီးယားရောဂါတွေရှိမယ်လို့ သံသယရှိရင် သွေးစစ်ခြင်း သို့မဟုတ် ဆီးစစ်ခြင်း သို့မဟုတ် ၂ခုလုံးလုပ်ခိုင်းပါလိမ့်မယ်။ ဓါတ်ခွဲခန်းက သင့်သွေးကနေ လပ်တိုစပိုင်ရာ ဘက်တီးရီးယားရှိမရှိကို ရှာဖွေပေးနိုင်ပါတယ်။ ပြီးနောက်မှာတော့ ဓါတ်မှန်ရိုက်ခြင်းလိုများ ပုံရိပ်ဖော်စစ်ဆေးခြင်းများနဲ့ အသည်း၊ ကျောကပ်စွမ်းရည်တွေ သိရှိဖို့ နောက်ထပ်သွေးစစ်မှုတွေ ပြုလုပ်ခိုင်းပါလိမ့်မယ်။ ဘယ်ကိုယ်တွင်းအင်္ဂါထိခိုက်နေတယ်ဆိုတာကို စကင်ဖတ်ခြင်းနဲ့ စစ်ဆေးမှုအချို့က တွေ့ရှိစေနိုင်ပါတယ်။ဝိုင်းလ်ရောဂါကို ဘယ်လိုကုသလဲ။ဝိုင်းလ်ရောဂါကို စစ်ဆေးတွေ့ရှိမယ်ဆိုရင် ဆေးရုံးတက်ရပါမယ်။ ဆေးရုံမှာ ပဋိဇီဝဆေးတွေကို အကြောထဲကနေ ထိုးသွင်းပေးပါလိမ့်မယ်။ ထိုသို့ပြုလုပ်ခြင်းက ဘက်တီးရီးယားပိုးကို အမြစ်ဖြတ်ပေးနိုင်ပါတယ်။ ပန်နီဆလင်နဲ့ ဒေါက်ရှီဆိုက်ကလင်းက သင့်တော်တဲ့ပဋီဇီဝဆေးတွေဖြစ်ပါတယ်။ရောဂါလက္ခဏာတွေ၊ ထိခိုက်ခံရတဲ့ ကိုယ်တွင်းအင်္ဂါတွေပေါ်မှာ မူတည်ပြီး ကုသမှုအသစ်တွေ ထပ်တိုးလာနိုင်ပါတယ်။ ဥပမာ အသက်ရှုရခက်နေရင် အသက်ရှုစက်တပ်ထားပေးပါလိမ့်မယ်။ ကျောက်ကပ်ပိုးဝင်ပြီး ပျက်စီးသွားမယ်ဆိုရင် ကျောက်ကပ်ဆေးခြင်းတွေ ပြုလုပ်ရနိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဝိုင်းလ်ရောဂါကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။သိပ္ပံပညာရှင်တွေက လပ်တိုစပိုင်ရိုးစစ်ကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးကို တွေ့ရှိသွားပါပြီ။ အပြည့်အဝတော့ မကာကွယ်ပေးနိုင်ပါဘူး။ ကာကွယ်ဆေးတွေကို ကျူးဘားနဲ့ ပြင်သစ်တို့လိုမျိုး နိုင်ငံအချို့မှာသာရပါသေးတယ်။ ထိုဆေးတွေက လပ်တိုစပိုင်ရာ ဘက်တီးရီးယားအချို့ကိုသာ ကာကွယ်ပေးနိုင်ပြီး တစ်သက်စာ ကိုယ်ခံအားလည်း မပေးစွမ်းနိုင်ပါဘူး။တိရိစ္ဆာန်နဲ့ တိရိစ္ဆာန်ထွက် ပစ္စည်းတို့ဖြင့် အလုပ်လုပ်နေတယ်ဆိုရင် အကာအကွယ်ပစ္စည်းများကို အသုံးပြုခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေကို လျော့ချပေးပါတယ်။ထိုဘက်တီးရီးယား မပြန့်ပွားရအောင် သန့်ရှင်းမှုနဲ့ ကြွက်နှိမ်နင်းရေးတို့ကို ပြုလုပ်ရပါမယ်။ ကိုက်ဖြတ်သတ္တဝါငယ်လေးတွေက ထိုရောဂါရဲ့ အဓိကသယ်ဆောင်သူတွေပါ။ရေသေတွေ၊ လယ်တောနဲ့ ရေမြောင်းတို့မှရေကို ရှောင်ကျဉ်ပါ။ အစားအစာ၊ အစားအသောက်စွန့်ပစ်ပစ္စည်းတွေနဲ့ တိရိစ္ဆာန်များဖြင့် ထိတွေ့မှုအား လျော့ချပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-bacterial-infections/weils-disease-%e1%81%80%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%9c%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
အလုပ်များတဲ့ မေမေတွေ ကလေးကို အစာကျွေးမွေးရာမှာ အထောက်အကူဖြစ်စေမယ့် အကြံပြုချက်များ
ဒီကနေ့ခေတ်မှာက လင်ရယ် မယားရယ် ဒိုးတူဘောင်ဘက် ရှာဖွေလုပ်ကိုင်စားသောက်ကြတဲ့ မိသားစုတွေများလာပါတယ်။ ဒီတော့ နေ့စဉ်လုပ် လုပ်ငန်းခွင်အလုပ်တွေ၊ အိမ်မှုကိစ္စတွေနဲ့ အလုပ်များနေတဲ့ မိန်းမသားတွေကလည်း တစ်နေ့တခြား ပိုပိုများပြားလာပါတယ်။အိမ်ထောင့်ဝင်ငွေအတွက် မိမိတတ်သိထားတဲ့ ပညာနဲ့ တစ်ဖက်တစ်လမ်းက ဝင်ငွေရှာဖွေနေတဲ့ လေဒီတွေအတွက် နေ့စဉ်နဲ့အမျှ အားလပ်ချိန်ရယ်လို့ သိပ်တောင်မရှိလှပါဘူး။တကယ်လို့ ကိုယ့်မှာ အိမ်ရဲ့ ဆည်းလည်းသားသားမီးမီးကလည်း ရှိနေမယ်ဆိုရင်တော့ အလုပ်မအားလပ်မှုတွေကြားကနေ ကလေးကို နေ့စဉ် ကျွေးဖို့မွေးဖို့၊ နို့ချိုတိုက်ကျွေးဖို့ ကိစ္စတွေကို စီမံရတာက မိခင်တွေရဲ့ ဝတ္တရားတစ်ခုဖြစ်လာပါတော့တယ်။ကလေး အသက် ၆ လထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးဖို့သင့်ပါတယ်။ မိခင်နို့မှာ ပါဝင်တဲ့ အာဟာရတွေက ကလေးတွေ ကောင်းကောင်းကြီးထွားဖွံ့ဖြိုးနိုင်ဖို့နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ တကယ်လို့ ကိုယ့်ကလေးအသက် ၆ လ ပြည့်ပြီးပြီ ဆိုရင်တော့ဖြည့်စွက်စာတွေ စပြီး ကျွေးပေးလို့ ရပါပြီ။ဒီလိုအချိန်မှာ ကလေးတွေရဲ့သဘာဝအရ မေမေတွေ စားသမျှကို လိုက်ကြည့်ရင်း စားချင်တတ်တယ်။ တချို့သောအစားအစာတွေဟာ အာဟာရဖြစ်ပေမယ့် ကလေးတွေအတွက်တော့ အစာခြေရခက်စေနိုင်တယ်။ တချို့သောအစားအစာတွေကတော့ ကလေးတွေနဲ့ မသင့်လျော်ဘူး။ မာလွန်းတဲ့ အစားအစာတွေ၊ လည်ချောင်းနင်စေနိုင်လောက်တဲ့ အစားအစာတွေဆိုရင် ကလေးတွေကို မကျွေးသင့်ပြန်ဘူး။မိခင်တစ်ယောက်အနေနဲ့တော့ ကလေးကို အစာကျွေးမွေးတော့မယ်ဆိုရင် ဒီအချက်တွေကို တွေးရပူရ စဉ်းစားရနဲ့မို့ ပင်ပန်းလွန်းရတတ်ပြန်ပါတယ်။ အလုပ်ကလည်းများ၊ ကလေးအတွက်လည်း ပူရနဲ့ သောကမပွားရစေဖို့ မေမေတို့အတွက် အကြံပြုချက်လေးတွေကို ပြောပြပေးချင်ပါတယ်။•အာဟာရ ပြည့်ဝတာတွေကို ပြင်ဆင်ကျွေးမွေးပါ– ကလေးကို ကျွေးမွေးသမျှ အစားအစာတိုင်းကို ဂရုတစိုက်နဲ့ ပြင်ဆင်ကျွေးမွေးပါ။ အာဟာရပြည့်ဝဖို့နဲ့ ကျန်းမာစေဖို့က အဓိက အကျဆုံးအချက်ဖြစ်ပါတယ်။•မိခင်နို့ကိုလည်း ဆက်တိုက်ပါ– ကလေး အသက် ၆ လထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးဖို့သင့်ပါတယ်။ မိခင်နို့မှာ ပါဝင်တဲ့ အာဟာရတွေက ကလေးတွေ ကောင်းကောင်းကြီးထွားဖွံ့ဖြိုးနိုင်ဖို့နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ ၆ လ ကျော်သွားချိန်မှာလည်း မိခင်နို့ကို ဆက်လက်တိုက်ကျွေးလို့ရပါတယ်။•နို့ညှစ်ပြီး စနစ်တကျ သိမ်းဆည်း တိုက်ကျွေးနိုင်ပါတယ်– အာဟာရဓာတ်တွေအများကြီးပါတဲ့ မိခင်နို့ကို အာဟာရဓာတ်တွေ မပျောက်မပျက်စေဘဲ အန္တရာယ်ကင်းအောင် သိမ်းဆည်းပြီး တိုက်ကျွေးလို့ရပါတယ်။ ချက်ချင်းညှစ်ထုတ်ထားတဲ့ လတ်လတ်ဆတ်ဆတ်နို့ဟာ ပုံမှန် လေးနာရီ ဝန်းကျင်ကြာအောင် ထားနိုင်ပါတယ်။ ၄နာရီ ကျော်သွားရင်တော့ ကလေးကို မတိုက်သင့်တော့ပါဘူး။ ရေခဲသေတ္တာထဲမှာ သိမ်းထားမယ်ဆိုရင်တော့ ၄ ရက်ထိသိမ်းထားနိုင်ပါတယ်။•Formula Milk လည်း တိုက်နိုင်ပါတယ်– ကိုယ်က အချိန် လုံးဝ မအားလပ်တော့ဘူး၊ လုပ်ငန်းခွင်၊ အိမ်မှုကိစ္စတွေနဲ့ အလုပ်အရမ်းရှုပ်နေပြီ၊ နို့ကိုသိမ်းဆည်းတိုက်ကျွေးဖို့လည်း အဆင်မပြေတော့ဘူးဆိုရင်Formula Milkတိုက်ကျွေးပြီး အစားထိုးနိုင်ပါတယ်။•အချိန်ကုန်သက်သာစေဖို့ ကိုယ်တိုင် ကလေးနဲ့အတူ စားပါ– ကလေးကို အစားအသောက်တွေ ကျွေးမွေးရင်း ကိုယ်တိုင်လည်း စားတာက ကောင်းမွန်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ အစားအစာရဲ့ အရသာ၊ အခြေအနေကို သိနိုင်သလို အချိန်ကုန်တာကိုလည်း လျှော့ချနိုင်ပါတယ်။ နောက်ပြီး အာဟာရပြည့်ဝမှုကတော့ အပိုဆုပါ။•အာဟာရပြည့်ဝတဲ့ မုန့်ပဲသရေစာတွေ ဆောင်ထားပါ– ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကလေးနဲ့သင့်လျော်တဲ့ အစားအသောက်တွေ၊မုန့်ပဲသရေစာတွေကို ကိုယ်လက်လှမ်းမီရာမှာ ကြိုတင်သိုမှီးထားသင့်ပါတယ်။ နောက်ပြီး ကလေးသောက်မယ့် သောက်ရေကိုလည်း ခုလိုပဲ အဆင်သင့်ပြင်ဆင်ထားပါ။ ဒီနည်းလမ်းဟာ ကလေးကို ကြုံသလိုကျွေးမွေးမိတာမျိုးတွေ၊ ရေဆာရေငတ်စေတာမျိုးတွေ မဖြစ်စေအောင် ကူညီနိုင်ပါတယ်။•Energy နဲ့ Nutrition ကို မမေ့ပါနဲ့– ခုချိန်မှာ ကလေးအတွက် အရေးအကြီးဆုံးက ခွန်အားဖြစ်စေဖို့နဲ့ အာဟာရပြည့်ဝဖို့ပါပဲ။ ကျွေးမယ့်အစာတိုင်းမှာ ဒီအချက် ၂ ချက်ကို ထည့်စဉ်းစားပါ။ လတ်ဆတ်တဲ့ သစ်သီးတွေ၊နို့ထွက်ပစ္စည်းတွေ၊ အသား၊ ငါးနဲ့ အစိမ်းရောင်အရွက်တွေ ကျွေးမွေးနိုင်ပါတယ်။•စနစ်တကျ အကြိမ်ရေ သတ်မှတ်ကျွေးမွေးပါ– အသက် ၁ နှစ်နဲ့ ၂ နှစ်အကြား ကလေးတွေကို ပုံမှန်ပန်းကန်လုံးရဲ့ ၄ ပုံ ၃ ပုံ ပမာဏနဲ့ တစ်နေ့ကို ၄ ကြိမ်လောက် ကျွေးမွေးဖို့ UNICEF က တိုက်တွန်းထားပါတယ်။ အစာစားချိန်တွေရဲ့ အကြားမှာ အဆာပြေမုန့် နည်းနည်းစီ ကျွေးလို့ရပါတယ်။•အသင့်စားအစားအစာတွေလုံးဝ မကျွေးမွေးပါနဲ့– အသင့်စား အစားအစာတွေ (Fast Food) နဲ့အချိုရည်တွေကို လုံးဝ မတိုက်မိအောင် သတိထားပါ။•အစာအမျိုးအစားကို ရောနှောကျွေးပါ –တစ်ခါတစ်ရံမှာ ကလေးက အစာမာတွေကို မနှစ်သက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေကို ရှောင်လွှဲဖို့ ကလေးကို အစာမာတွေ စကျွေးချိန်မှာ သူနှစ်သက်ရာ အစားအစာနဲ့ ရောနှောကျွေးတာမျိုး လုပ်ပေးသင့်ပါတယ်။အထက်ပါနည်းလမ်းတွေဟာအလုပ်များတဲ့ မိခင်တွေကလေးကို အစာကျွေးမွေးရာမှာနဲ့ ကျွေးမွေးမှုအတွက် ကြိုတင် ပြင်ဆင်တာ၊ စီမံစဉ်းစားမှုပြုလုပ်တာတွေမှာ အထောက်အကူဖြစ်စေမှာ ဖြစ်ပြီးကလေးကျန်းမာစေဖို့လည်း အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/working-mothers-feeding-tips/
null
null
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/top-10-deadliest-viruses-in-human-history/
ဆီးချိုရှိနေတဲ့ သူတွေရဲ့ လက်တွဲဖော်တွေအတွက် နည်းလမ်းကောင်း လေးသွယ်
တကယ်လို့ သင့်ရဲ့လက်တွဲဖော်မှာ ဆီးချိုအမျိုးအစား ၂ ရှိနေတယ်ဆိုရင် သင်ပါ ဆီးချိုဖြစ်လာနိုင်သလား။ ဒီမေးခွန်းက လေ့လာမှုတစ်ခုမှာသုတေသနပညာရှင်တွေ ဖြေဖို့ကြိုးစားခဲ့တဲ့ မေးခွန်းတစ်ခုပါ။ လေ့လာချက်တွေအရ ဆီးချိုအမျိုးအစား ၂ ရောဂါသည်တွေရဲ့အိမ်ထောင်ဖက်တွေဟာပုံမှန်လူတွေရဲ့အိမ်ထောင်ဖက်တွေထက် ဆီးချိုဖြစ်လာနိုင်ချေ၂၆ ရာခိုင်နှုန်း ပိုများတယ်လို့ဆိုပါတယ်။ဒီလိုဖြစ်ရခြင်းဟာ သင့်လက်တွဲဖော်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေမစား၊ လေ့ကျင့်ခန်းတွေမလုပ်လို့ ဆီးချိုအမျိုးအစား ၂ ဖြစ်ရတာလား။ သင်က သူ့ကိုပြုစုရင်းနဲ့ ဆီးချိုအကြောင်းသိလာပြီး ဆီးချိုလက္ခဏာတွေ သင့်ဆီမှာတွေ့လာရသလား။ လေ့လာချက်အရတော့ ဘာကြောင့်ဆိုတာ မသိသေးပါဘူး။ သေချာတာကတော့ ဆီးချိုရှိနေတဲ့ သင့်ရဲ့လက်တွဲဖော်ကို ဂရုစိုက်တာအပြင် သင့်ကိုယ်သင်လည်း ဂရုစိုက်ဖို့ အလွန်အရေးကြီးပါတယ်။သင်ရောသင့်လက်တွဲဖော်ပါ ကျန်းမာစေဖို့နည်းလမ်းများကို အောက်တွင် ဖော်ပြထားပါတယ်။ရောဂါအကြောင်း နားလည်ထားခြင်းက ဆီးချိုခံစားနေရတဲ့ သင့်လက်တွဲဖော်ဖြတ်သန်းနေရတာတွေကို သိစေတဲ့အပြင် သင့်လက်တွဲဖော်ကိုလည်း ကူညီနိုင်ပြီး အရေးပေါ်အခြေအနေကျရင်လည်း အစိုးရိမ်မလွန်ဘဲ ဖြေရှင်းနိုင်ပါလိမ့်မယ်။ Glucagon ဆေးအကြောင်း လေ့လာထားပြီးဘယ်လိုသုံးရတယ်ဆိုတာ သိအောင်လုပ်ထားပါ။ (Glucagon ဆေးဆိုသည်မှာ သွေးတွင်းသကြားဓါတ် ထိုးကျသွားပြီး သတိလစ်သွားကာ သကြားကိုမစားနိုင်၊ မသောက်နိုင်တော့သောအချိန်တွင် ထိုးပေးရသော ဟော်မုန်းတစ်မျိုးဖြစ်သည်။) သင် ဒီလိုလေ့လာနေတာက သင့်လက်တွဲဖော်အနေနဲ့ သင်ဟာ သူ့ကို ဂရုစိုက်ကြောင်းသိစေနိုင်ပါတယ်။သင် ဆီးချိုရောဂါကိုလျစ်လျူရှုထားလို့မရသလို အဲဒီရောဂါကသင်တို့နှစ်ယောက်ဆက်ဆံရေးမှာ အမြဲစိုးမိုးနေတာမျိုးလည်း မဖြစ်သင့်ပါဘူး။ နှစ်ဦးလုံးရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အပြန်အလှန် အစီအစဉ်ချထားသင့်ပါတယ်။ တကယ်လို့သင်တို့ဟာဒီရောဂါမရှိဘူးလို့ဟန်ဆောင်နေရင် နာတာရှည်ရောဂါဖြစ်တဲ့ ဆီးချိုဟာ သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုကွဲပြဲစေမှာပါ။ခံစားချက်နဲ့အတွေးတွေကို မျှဝေဖို့လိုပါတယ်။ ထိုသို မဟုတ်ဘဲ သင်တစ်ယောက်တည်း ကြိတ်မှိတ်ခံစားနေလျှင်၊ သင်သာစိတ်တိုလွယ်ပြီး နေမကောင်းဖြစ်လာနိုင်ပါတယ်။ English ဆောင်ပုဒ်လေးတစ်ခုဖြစ်တဲ့ “Lets play team” ဆိုတဲ့အတိုင်း နှစ်ယောက်အတူတူကြိုးစားမှသာ ကျန်းမာတဲ့ relationship တစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ တစ်ယောက်က ကောင်းစွာရှင်သန်ရပ်တည်နေမှ နောက်တစ်ယောက်ကလည်း ကောင်းနိုင်မှာဖြစ်တယ်။ သို့သော် လူတွေဟာ ထိုသို့ဖြစ်ဖို့သူတို့ရဲ့လိုအပ်ချုက်တွေကို မျှဝေပြောဆိုပြီး အတူအကောင်အထည်ဖော်ရပါမယ်။အမျိုးသားမှာ ဆီးချိုအမျိုးအစား ၁ ရောဂါ ရှိရင်သူဟာ ကစီဓါတ်နည်းသော အစားအသောက်ကိုစားရတယ်။ သူ့အမျိုးသမီးမှာ ဆီးချိုမရှိသော်လည်း သူမဟာ ဝက်သား(သို့) gluten (ဂျုံမှာပါသောပရိုတိန်း) မစားနိုင်ပါဘူး။ ကျန်းမာတဲ့ စုံတွဲတွေ ဘယ်လိုလုပ်ကြလဲ။ သူတို့နှစ်ဦးလုံးစားလို့ရတဲ့ အစားအသောက်ကိုသာ စီစဉ်ပါတယ်။ အမျိုးသားက စနေ၊ တနင်္ဂနွေတွေမှာ ချက်ပြုတ်ပါတယ်။ များသောအားဖြင့် ရက်ပေါင်းများစွာ ကြာရှည်ခံတဲ့ လုံလောက်တဲ့ အစားအသောက်တွေအပို ချက်ထားပါတယ်။ အမျိုးသမီးက ကျန်ရက်တွေမှာ ချက်ပြုတ်ပါတယ်။ နှစ်ယောက်လုံးကျန်းမာစေမယ့် စားအသောက်တွေနဲ့တူတူ စားသောက်ကြတာက နှစ်ယောက်လုံးကို ကျန်းမာပြီးပျော်ရွှင်စေပါလိမ့်မယ်။လေ့လာမှုတွေအရ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုရှိထားခြင်းက သင့်ရဲ့ကျန်းမာရေးကို ကောင်းမွန်စေပါတယ်တဲ့။ လူတွေရဲ့အားပေးကူညီမှုက ကျန်းမာရေးအတွက် အလွန်အရေးပါပါတယ်။ လေ့လာမှုတော်တော်များများမှာ အိမ်ထောင်ရေးအဆင်ပြေတဲ့စုံတွဲတွေက အဆင်မပြေတဲ့စုံတွဲတွေထက် သတ်သေမှု၊ စိတ်ကျန်းမာရေးချို့ယွင်းမှုနည်းပါးတဲ့အပြင် ကျန်းမာရေးလည်း ပိုကောင်းတာတွေ့ရပါတယ်။ ဆီးချိုဖြစ်နေတဲ့ အတွဲတွေမှာလည်းဒီလိုပါပဲ။ ခိုင်မာတဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ထားလျှင် သူတို့ဘဝဟာ ပိုကျန်းမာပြီး အသက်ပိုရှည်ပါတယ်။။ဆီးချိုရှိသူတွေအတွက် ကောင်းကောင်းမွန်မွန်ရှင်သန်နိုင်ဖို့ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုကလည်း အရေးကြီးပါတယ်။ သင့်ကိုယ်သင် ဂရုစိုက်တဲ့နေရာမှာ သင်ဟာ ဆရာတစ်ဆူ ဖြစ်သင့်သလို ဖြစ်လည်းဖြစ်နိုင်ပါတယ်။ သို့သော် သင်နဲ့ရင်းနှီးသော အခြားလူတွေက သင့်ကို အဲဒီလိုဖြစ်ဖို့ပိုပြီးလွယ်ကူစေမှာပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%9b%e1%80%bd%e1%80%ad%e2%80%8b%e1%80%b1%e1%80%94%e1%80%90%e1%80%b2%e1%80%b7-%e1%80%9e%e1%80%b0%e2%80%8b%e1%80%b1%e1%80%90%e1%80%bc/
null
null
health
health
https://hellosayarwon.com/health/general-health-knowledge/5-tips-to-stay-fit-for-busy-person/
အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာ ဘယ်လိုကွာလဲသင်သိပါသလား
ရာသီအကူးအပြောင်းမှာ ဖျားကြနာကြတယ်နော်။ ဖျားတာက အကြောင်းအရင်းမရှိဘဲ ဖျားတာမျိုးတော့မဟုတ်ပါဘူး။ခန္ဓာကိုယ်ကကိုယ်ခံအားစနစ်အားနည်းသွားတာကြောင့် ပြင်ပကဝင်ရောက်လာတဲ့ဗိုင်းရပ်စ်တွေကို မတိုက်ထုတ်နိုင်တဲ့အခါ ဖျားတာနာတာ ဖြစ်လာတာပါ။ ဖျားတဲ့အခါ စကားတိုတိုတုတ်တုတ်နဲ့ နေထိုင်မကောင်းဘူးလို့ အလွယ်တကူသုံးလိုက်ကြပေမယ့် ဖျားတဲ့အခါ အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာ ဆိုပြီး ကွဲပြားပါတယ်။ ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ချင်း မတူသလို ကုသရတဲ့ ပုံစံချင်းလည်း ကွာခြားပါတယ်။အအေးမိတာဆိုရင်။တုပ်ကွေးဖြစ်တာဆိုရင်။တစ်ခါတလေ တုပ်ကွေးနဲ့ အအေးမိတာရဲ့ ရောဂါလက္ခဏာတွေက ခပ်ဆင်ဆင်တူနေတတ်တာကြောင့် ရောဂါအခြေအနေကို သေသေချာချာပြောပြဖို့အခက်အခဲလေးတွေရှိပါတယ်။ ဆေးစစ်ကြည့်တာက အကောင်းဆုံးသော အဖြေထုတ်နည်းတစ်မျိုးပါ။ ဒီလို ကွာခြားချက်လေးတွေတော့ ရှိပါတယ်။အအေးမိတာက ရက်အနည်းငယ်အကြာမှာ ပျောက်ကင်းသက်သာသွားပေမယ့် တုပ်ကွေးကတော့ ဒီလိုမဟုတ်ပါဘူး။ အအေးမိတာက (၇) ရက်ကနေ (၁၀) ရက်အတွင်းမှာ သက်သာသွားနိုင်ပေမယ့် တုပ်ကွေးဖြစ်ရင်တော့ သီတင်းပတ် (၂) ပတ်လောက်အထိ ရောဂါလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။အအေးမိတဲ့အခါ ရောဂါလက္ခဏာတွေ ခံစားရတာက မြန်မြန်ဆန်ဆန်ကြီးမဟုတ်ပေမယ့် တုပ်ကွေးဖြစ်တဲ့အခါမှာတော့ ရောဂါပြင်းထန်တဲ့နှုန်းက တော်တော်လေးမြန်ပြီး ပြင်းလည်းပြင်းထန်ပါတယ်။ အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာရဲ့ ကြားထဲက အကြီးမားဆုံးသော ကွာခြားချက်က ရောဂါလက္ခဏာက ဘယ်လောက်မြန်မြန်ဖြစ်လာသလဲ ဆိုတာပါ။သိသိသာသာဖြစ်အောင် ပြောပြရမယ်ဆိုရင်တော့ အအေးမိတာရဲ့ ပထမနေ့မှာ ဖျားချင်သလိုလိုဖြစ်တယ်ဆိုတာလောက်ပဲ ခံစားရပြီးနောက်နေ့မှာတော့ ရောဂါလက္ခဏာက နည်းနည်းလေးပိုပြင်းထန်လာပါမယ်။ ၃ ရက်လောက်ဆိုရင်တော့ နေမကောင်းတဲ့ဒဏ်ကို အပြင်းထန်ဆုံးခံစားနေရပါပြီ။တုပ်ကွေးကကျတော့ ဒီနေ့မှာ ဖျားမယ်လို့တောင် အရိပ်အယောင်သိပ်မမြင်ရဘဲ နောက်တစ်နေ့မှာ ဘယ်လိုမှ နေသာထိုင်သာမရှိအောင် ဖျားနာသွားတဲ့အခြေအနေပါ။ အရမ်းမြန်တဲ့ ဖျားနာမှုတစ်မျိုးပေါ့။အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာ က ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တာဆိုပေမယ့် ဗိုင်းရပ်စ်အမျိုးအစားချင်းတော့မတူပါဘူး။ တုပ်ကွေးဗိုင်းရပ်စ်က အအေးမိဖျားနာဖြစ်စေတဲ့ ဗိုင်းရပ်စ်ထက် ပိုပြင်းထန်ပါတယ်။အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာက အသက်ရှူလမ်းကြောင်းမှာ ရောဂါပိုးကူးစက်တာကြောင့်ဖြစ်တဲ့ အဖျားရောဂါဆိုပေမယ့် တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်က ပိုပြင်းထန်ပြီး အသက်ရှူလမ်းကြောင်းကို သိသိသာသာထိခိုက်စေနိုင်ပါတယ်။အအေးမိတာက အသက်ရှူလမ်းကြောင်း အထက်ပိုင်းကို ရောဂါပိုးဝင်ကူးစက်တာကြောင့်ဖြစ်တဲ့ အဖျားရောဂါတစ်မျိုးပါ။ အဖျားရောဂါ ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်က အမျိုးအစား (၂၀၀) ကျော်ရှိပေမယ့် အအေးမိတာကို အများဆုံးဖြစ်စေတာကrhinovirusesဗိုင်းရပ်စ်ပါ။အဖျားရောဂါက လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်နိုင်ပါတယ်။ အအေးမိတာက ရောဂါကူးစက်ခံရပြီး (၁) ရက်ကနေ (၇) ရက်အတွင်းမှာရောဂါလက္ခဏာပြတတ်ပါတယ်။ ကူးစက်ခံရတဲ့ ဗိုင်းရပ်စ်အမျိုးအစားပေါ်မူတည်ပြီး ဖျားနာမှုကို ခံစားရချိန်က (၇) ရက်၊ (၁၀) ရက်၊ (၂ )ပတ်လောက်အထိကြာမြင့်နိုင်ပါတယ်။အအေးမိဖျားနာတာက အပျော့စား အသက်ရှူလမ်းကြောင်းဆိုင်ရာ အဖျားရောဂါတစ်မျိုးပါ။တုပ်ကွေးက အသက်ရှူလမ်းကြောင်း အထက်ပိုင်းအပြင် အောက်ပိုင်းကိုပါ ပိုးဝင်ကူးစက်ရာကနေဖြစ်လာတဲ့ အဖျားရောဂါပါ။ တုပ်ကွေး ဗိုင်းရပ်စ်က အအေးမိတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ထက် ရောဂါလက္ခဏာပိုပြင်းထန်ပါတယ်။တုပ်ကွေးက လူတစ်ဦးဆီကနေ တစ်ဦးဆီကို ကူးစက်နိုင်ပြီး ရောဂါအစပျိုးချိန်က (၁) ရက်ကနေ (၄) ရက်အထိကြာမြင့်နိုင်ပါတယ်။ အဖျားပျောက်ကင်းချိန်ကတော့ ကူးစက်ခံရတဲ့ရောဂါပိုးရဲ့ ပြင်းထန်မှုအပေါ်မူတည်ပြီး (၅) ရက်ကနေ သီတင်းပတ် (၂) ပတ်အထိကြာမြင့်နိုင်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/cold_vs_flu/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/living-with-regrets/
null
null
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/steps-help-child-stop-lying-tell-the-truth/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/work-pressure/
null
null
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/common-cold-complications/
နဖူးပေါ်က အရေးအကြောင်းတွေကို ဘယ်လိုဖျောက်မလဲ
သင်အသက်ကြီးလာတာနဲ့အမျှ နဖူးပေါ်ကအရေးအကြောင်းတွေဟာ ပိုမိုထင်ရှားလာပါတယ်။ အသက်အရွယ်ကြီးရင့်လာပြီးအရေပြားတင်းရင်းမှုလျော့နည်းလာခြင်း၊ နေလောင်ခြင်း၊ မျိုးရိုးဗီဇ စတဲ့အကြောင်းတရားတွေ မျိုးစုံရှိနိုင်ပါတယ်။ ဇရာကို အန်တုလို့မရနိုင်ပေမယ့် သင်ကြုံတွေ့နေရတဲ့ ဒီလက္ခဏာတွေကို လျော့ပါးအောင်တော့ လုပ်ဆောင်နိုင်ပါတယ်။ နေထိုင်မှုပုံစံ (life style) ပြောင်းလဲခြင်း၊ အလှကုန်ပစ္စည်းများ သုံးစွဲခြင်း စတဲ့နည်းလမ်းတွေ ရှိပါတယ်။အောက်ပါနေထိုင်မှုပုံစံများ ပြောင်းလဲခြင်းနဲ့အလှကုန်ပစ္စည်းများရွေးချယ်ခြင်းဟာ နဖူးအရေးအကြောင်းတွေ လျော့ပါးဖို့အတွက် အရေးကြီးပါတယ်။နေရောင်ခြည်ကို ကြာမြင့်စွာထိတွေ့ရင် အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်း၊ အရေးအကြောင်းများပေါ်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်ပါတယ်။ သုတေသနတွေအရ SPF 15 နဲ့အထက် နေရောင်ကာခရင်မ်များကို နေ့စဉ်အသုံးပြုခြင်းဟာ မျက်နှာပေါ်က အစက်အပျောက်တွေ၊ အရေးအကြောင်းတွေ ပေါ်လာနိုင်ခြေကို လျော့နည်းစေတယ်လို့ သိရပါတယ်။စိတ်ပူပန်သောကများခြင်းဟာ သင့်နဖူးပေါ်မှာ အရေးအကြောင်းတွေကို ပိုမိုဖြစ်ပေါ်လာစေပါတယ်။ စိတ်ဖိစီးမှုကို လုံးဝဖြေဖျောက်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် ထိန်းချုပ်နိုင်အောင်တော့ ကြိုးစားရမှာပါ။ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ဖို့ တရားထိုင်ခြင်း၊ ယောဂလေ့ကျင့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ရနံ့ကုထုံးခံယူခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်အောင် စားသောက်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း၊ စာဖတ်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း စတဲ့နည်းလမ်းတွေကို လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။အသားအရေခြောက်သွေ့ခြင်းဟာ နဖူးပေါ်က အရေးအကြောင်းတွေကို ပိုမိုထင်ရှားစေနိုင်ပါတယ်။ အသားအရေမှာ ရေဓာတ်ပြည့်ဝနေမှသာ အရေးအကြောင်းတွေ မပေါ်လွင်မှာ ဖြစ်ပါတယ်။ ရေဓာတ်ပြည့်ဝနေစေဖို့ တစ်နေ့တာမှာ ရေကို အနည်းဆုံး ၈ အောင်စဖန်ခွက်နဲ့ ၈ ခွက်လောက် သောက်သုံးပေးဖို့ လိုပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ချိန်နဲ့ နေရောင်အောက်အနေများချိန်တွေမှာ ရေကို ပိုမိုသောက်သုံးပေးဖို့ လိုအပ်ပါတယ်။ဒီဇရာလက္ခဏာတွေဟာ သင်ဘာတွေစားခဲ့သလဲဆိုတာပေါ် မူတည်ပါတယ်။ အသားအရေပြောင်းလဲခြင်းဟာ သင်စားတဲ့ အစားအသောက်တွေအရ ဖြစ်ပေါ်ပါတယ်။ ဗီတာမင် C နဲ့ Omega 3 ပါဝင်တဲ့ အစားအသောက်ကို များများစားသူတွေမှာ အသားအရေခြောက်သွေ့ခြင်း နည်းပါးပါတယ်။ အဆီဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်အစားများသူတွေမှာ နဖူးအရေးအကြောင်းတွေ ဖြစ်နိုင်ခြေမြင့်စေပါတယ်။ဆေးလိပ်ဟာအဆုတ်နဲ့နှလုံးရောဂါတွေကို ဖြစ်နိုင်ခြေမြင့်စေရုံသာမကဘဲ အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်း၊ အရေးအကြောင်းများဖြစ်ခြင်း စတာတွေကို ဦးတည်စေပါတယ်။ သုတေသနတွေအရ ဆေးရွက်ကြီးမှာပါဝင်တဲ့ ဓာတုပစ္စည်းအချို့ဟာ ကော်လာဂျင်ထုတ်လုပ်မှုကို ထိခိုက်နိုင်ပြီး အသားအရေတင်းရင်းမှုကို လျော့နည်းစေပါတယ်။ ဒါကြောင့် နဖူးအရေးအကြောင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ပါတယ်။အလှကုန်ပစ္စည်းအများအပြားဟာ နဖူးပေါ်က အရေးအကြောင်းတွေကို ဖယ်ရှားပေးနိုင်တယ်လို့ ကြော်ငြာကြပါတယ်။ ဒါပေမယ့် အားလုံးတော့ မမှန်နိုင်ပါဘူး။ အလှကုန်ပစ္စည်းရဲ့ ပါဝင်ပစ္စည်းများပေါ်လည်း မူတည်ပါတယ်။ ဥပမာ retinol တစ်မျိုးဖြစ်တဲ့ tretinoin ဟာ အရေးအကြောင်းတွေ၊ဝက်ခြံတွေကို လျော့ကျစေပါတယ်။ Retinol ဟာ အရေပြားဆဲလ်တွေကို အသစ်ပြန်ဖြစ်စေပြီးကော်လာဂျင်ထုတ်လုပ်မှုကိုလည်း အထောက်အကူပြုပါတယ်။ ဒါကြောင့် အရေးအကြောင်းတွေကို လျော့နည်းစေချင်ရင် retinol ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။Glycolic acid ဆိုတာကတော့ အရေပြားကို အညစ်အကြေးများဖယ်ရှားသန့်စင်ရာမှာ အရေးပါပါတယ်။ အသားအရေကို နုပျိုပြီးကြည့်ကောင်းစေပါတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေကို ဆေးကြောဖို့ဆိုရင် Glycolic acid ပါဝင်တဲ့ အလှကုန်ပစ္စည်းကို ဦးစားပေး ရွေးချယ်နိုင်ပါတယ်။ Glycolic acid ဟာ နေရောင်ဒဏ် မခံနိုင်တာကြောင့် သုံးစွဲပြီးတဲ့အခါ နေရောင်ကာ အဝတ်အထည်တွေ ဝတ်ဆင်တာ၊ sunscreen လိမ်းတာမျိုး လုပ်သင့်ပါတယ်။Botox ထိုးခြင်းဟာလည်း နဖူးအရေပြားတွေကို သက်သာစေပါတယ်။ ကြွက်သားထဲကို ထိုးသွင်းလိုက်ပြီး အားလျော့သွားစေခြင်း ဖြစ်ပါတယ်။ ကြွက်သားများအားလျာ့ပြီး မကျုံ့နိုင်တော့တဲ့ အခြေအနေ ဖန်တီးလိုက်တာကြောင့် မျက်မှောင်ကျုံ့ချိန်မှာတောင် နဖူးမှာ အရေးအကြောင်းတွေ မပေါ်နိုင်တော့ပါဘူး။ ဒါပေမယ့် ဒီနည်းဟာ လူတိုင်းနဲ့ အဆင်မပြေနိုင်ပါဘူး။ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/forehead-wrinkles/
သွားတိုက်ဆေးရဲ့ အလှအပအတွက် အသုံးဝင်ပုံ
သွားတိုက်ဆေးက သွားတွေကို ဖြူစေရုံ၊ခံတွင်းနံ့ဆိုးကင်းစေရုံပဲ အသုံးဝင်တာလား။ တကယ်ကတော့ မဟုတ်ပါဘူး။ သွားတိုက်ဆေးက အလှအပအတွက်လည်း အသုံးဝင်ပါတယ်။  သွားတိုက်ဆေးကအလှအပအတွက် ဘယ်လို အသုံးဝင်လဲဆိုတာ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်စေချင်ပါတယ်။ခံတွင်းနံ့ကောင်းစေပြီး သွားတွေကို ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးနေတဲ့ သွားတိုက်ဆေးက။သွားတိုက်ဆေးလက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကိုသံပရိုရည်၂ စက်လောက်နဲ့ ရောပြီး သမအောင် မွှေပါ။ အမည်းစက်တွေပေါ်မှာ ခပ်ပါးပါး လိမ်းပေးပါ။ ပုံမှန်လေး လုပ်ပေးမယ်ဆိုရင် ၂ ပတ် အတွင်းမှာ သိသာတဲ့ ရလဒ်ကို ရရှိမှာပါ။သွားတိုက်ဆေးကို သွားတွေဖြူဖို့တင် မဟုတ်ဘဲ အသားဖြူ စေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ သွားတိုက်ဆေး နည်းနည်းကိုခရမ်းချဉ်သီးအရည်နဲ့ ရောစပ်လိုက်ပါ။ ပြီးရင်အရေပြားပေါ်မှာ လိမ်းပေးပါ။ ခဏထားပြီး ရေဆေးချလိုက်ပါ။အသားအရေကြည်လင်ဖြူဝင်းလာ ပါလိမ့်မယ်။ပိုးကောင် ကိုက်တာကြောင့် အသားယားတဲ့အခါ ပိုးကောင်ကိုက်ခံရတဲ့ နေရာပေါ်ကို သွားတိုက်ဆေး ခပ်ပါးပါး လိမ်းပေးလိုက်ပါ။ သွားတိုက်ဆေးရဲ့ ပူရှိန်းရှိန်း ဖြစ်တဲ့ ခံစားရမှုက ပိုးကောင် ကိုက်တာကြောင့်ယားယံမှုကို သက်သာစေမှာပါ။ဝက်ခြံပေါ်မှာ သွားတိုက်ဆေး နည်းနည်းယူပြီး အုံပေးပါ။ မိနစ် ၃၀ လောက်ထားပြီး ရေဆေးချလိုက်ပါ။ ဝက်ခြံကို သက်သာစေပြီး ဝက်ခြံဖြစ်စေတဲ့ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မှာပါ။အရေးအကြောင်းတွေ သက်သာစေဖို့ အတွက်လည်း  သွားတိုက်ဆေးကို အသုံးပြုလို့ ရပါတယ်။ အရေးအကြောင်း ဖြစ်တဲ့နေရာကို သွားတိုက်ဆေး ခပ်ပါးပါးလေး လိမ်းပြီး ညဘက် အိပ်လိုက်ပါ။ မနက်နိုးတဲ့အခါ ရေဆေးချလိုက်ရုံပါ။ချိုင်း၊ ပေါင်ခြံတို့မှာ ဖြစ်တတ်တဲ့ အမည်းစင်းတွေ သက်သာချင်ရင်လည်း သွားတိုက်ဆေးကို အသုံးပြုပေးလို့ ရပါတယ်။ သွားတိုက်ဆေးကို ရေနည်းနည်းနဲ့ ရောလို့ သမအောင် မွှေပေးပါ။ ​ပြီးရင် အမည်းစင်းတွေ ရှိတဲ့နေရာကို လိမ်းပေးပါ။ ခဏထားပြီး ရေဆေးချလိုက်ရုံပါ။ပန်းရောင်သွေးကြွယ်တဲ့ နှုတ်ခမ်းသားလေးတွေ ပိုင်ဆိုင်နိုင်ဖို့ အတွက်လည်း သွားတိုက်ဆေးကို အသုံးပြုပေးလို့ ရပါတယ်။ သွားတိုက်ဆေးကိုပျားရည်နဲ့ ရောပြီး နှုတ်ခမ်းသားကို ပွတ်လိမ်းပေးပါ။ ၅ မိနစ်လောက် ထားပြီး ရေဆေးချလိုက်ပါ။အဆီပြန်တဲ့ အသားအရေကြောင့် စိတ်ညစ်နေ တယ်ဆိုရင် သွားတိုက်ဆေးကို ရေ နည်းနည်း၊ဆားနည်းနည်းတို့နဲ့ ရေပြီး သမအောင် မွှေပါ။ မနက်တိုင်း ဒီ အရောနဲ့ မျက်နှာကို သန့်စင်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/amazing-ways-to-use-toothpaste/
null
null
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%a5%e1%80%90%e1%80%af%e1%80%b1%e1%80%a1%e1%80%b8%e1%80%90%e1%80%ac%e1%80%80-%e1%80%a1%e1%80%b1%e1%80%a1%e1%80%b8%e1%80%99%e1%80%ad%e1%80%b1%e1%80%85%e1%80%90/
လိင်ပညာပေး သင်ကြားရာမှာ ကြုံလာနိုင်တဲ့ အခက်အခဲများ
လိင်ပညာပေးကို အရင်က ထဲထဲဝင်ဝင် မသင်ကြားဖူးဘူးလို့ ထင်ပါတယ်။ မီလိုက်သလောက် ပြောရရင် အတန်းထဲမှာ ဆယ်ကျော်သက်အရွယ် ခန္ဓာကိုယ် ပြောင်းလဲပုံအကြောင်း၊ မိန်းကလေးတွေဓမ္မတာလာတဲ့ အကြောင်းလောက်ကိုပဲ သင်ပေးဖူးတာပါ။ ခုတော့ လိင်ပညာပေးကို သင်ရိုးညွှန်းတမ်းနဲ့ စနစ်တကျ စာသင်ချိန် တစ်ချိန် ပေးပြီး သင်ရတော့မှာပါ။ ရုတ်တရက်ဆိုတော့ ကျောင်းသားတွေအတွက်ရော၊ ဆရာတွေအတွက်ရော အခက်အခဲလေးတွေ ရှိနိုင်ပါတယ်။ ဘာအခက်အခဲတွေ ရှိမှာလဲဆိုတာ ဆက်ကြည့်ကြရအောင်။အရင်ကတော့ ကျောင်းတွေမှာလက်မထပ်ဘဲ အတူမနေရဘူးလို့ ပြောရင် ကိစ္စပြတ်ပါတယ်။ မျက်နှာ ပူစရာလည်း မလိုသလို ထွေထွေထူးထူး ပြောစရာလည်း မရှိပါဘူး။ ဒါပေမယ့် ခုလိင်ပညာပေးမှာ အတူမနေရဘူးဆိုတာ အပြင် မတော်တဆ အတူနေမိရင် ရောဂါပိုး မကူးစက်အောင်၊ မလိုချင်တဲ့ကိုယ်ဝန်မရအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာပါ ပါလာပါပြီ။ ဒါတွေကို အသေးစိတ်ပြောရမှာ ဖြစ်တဲ့အတွက် ရုတ်တရက်ဆို မျက်နှာပူစရာတွေ ဖြစ်လာမှာပါ။ ယောက်ျားလေး မိန်းကလေး ရောထားတဲ့ ကျောင်းဆိုရင် ပိုပြီး ဆိုးပါတယ်။နောက်တစ်ခုက ဆရာ၊ ဆရာမတွေရဲ့ စိတ်ထဲမှာ လိင်ပညာပေး သင်ရတဲ့အတွက်၊ လိင်ကိစ္စကို ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆွေးနွေးရတဲ့ အတွက် အရိုအသေတန်မှာကိုလည်း စိုးရိမ်ကြပါတယ်။သက်ဆိုင်ရာဘာသာရပ်တွေကို သင်ကြားတဲ့နေရာမှာတော့ ဆရာ၊ ဆရာမတွေက အထူးကျွမ်းကျင်မှု ရှိပေမယ့် လိင်ပညာပေး သင်မယ်ဆိုရင်တော့ သင်တန်းပေးဖို့ လိုပါလိမ့်မယ်။ ဒါမှ တိကျတဲ့ အချက်အလက်ကို ပြောနိုင်မှာပါ။ အလွယ်ပြောရရင် ဆရာ၊ ဆရာမတွေကို လိင်ပညာပေး အရင်သင်ရမှာပါ။ နောက်တစ်ခုက အခု လောလောဆယ် ဆယ်တန်းကိုပဲ လိင်ပညာပေး သင်တယ်ဆိုပေမယ့် နောက်ပိုင်းကျရင် ဒီထက်ငယ်တဲ့ အလယ်တန်း၊ မူလတန်းကလေးတွေကို အသက်အရွယ်အလိုက် သင်ပေးရမှာပါ။ အဲ့ဒီအခါ စကားလုံး အသုံးအနှုန်း ရွေးချယ်မှု၊ သူတို့လေးတွေကို နားလည်အောင် ပြောပြနိုင်မှု စတာတွေကိုပါ သင်ထားပေးဖို့ လိုပါတယ်။ဒါကို သင်ရိုးညွှန်းတမ်း တစ်ခုအနေနဲ့ သင်မှာ ဆိုတော့ သေချာပေါက် စာသင်ချိန် တစ်ချိန် ပေးဖို့ လိုလာပါပြီ။ ဒါကို တစ်ချိန်ဖဲ့ပေးလိုက်ရင် တခြားဘာသာရပ်တွေကို အလျင်မီအောင် ဘယ်လို သင်မလဲဆိုတာ စဉ်းစားရမှာပါ။ နောက်ပြီး ဆယ်တန်းမှာ သင်တာဖြစ်တဲ့အတွက် ဒီအတန်းက စာမှစာဆိုတာ မေ့ထားလို့ မရပါဘူး။ ဆယ်တန်းဆိုတာ ဘဝ အဆုံးအဖြတ်တစ်ခုလို ဖြစ်နေတဲ့အတွက် ဒီလိုသင်ကြားတာကို အချိန်ကုန်တယ်လို့ မိဘတချို့ တွေးကြမှာကို ထည့်တွက်ထားသင့်ပါတယ်။နောက်ပြီး ငွေကြေးကုန်ကျမှုပါ။ အရင်က လက်မထပ်ခင် အတူမနေရဘူးလို့ ပြောရင် ပြတ်ပြီ။ ဘာမှလည်း လုပ်ပြစရာ မလိုတော့ဘူး။ ခုက သင်ရိုးရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့သားဆက်ခြားနည်းပါပါမှာ ဖြစ်တဲ့အတွက် သင်ထောက်ကူပစ္စည်းတွေ (ဥပမာကွန်ဒုံး) လိုလာပါပြီ။ ဒါတွေအတွက် ငွေကြေးကုန်ကျမှုကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို စဉ်းစားရမှာပါ။လိင်ပညာပေးကို ကျောင်းမှာ တရားဝင်သင်ဖို့ ပြောထားပေမယ့် မိဘများအနေနဲ့ကတော့ လက်ခံချင်မှ လက်ခံမှာပါ။ ခုနကပြောသလိုဆယ်တန်းဆိုတာ ဘဝအချိုးအကွေ့ ဖြစ်တာကြောင့် ဒီချိန်မှာ သင်မယ်ဆို ကလေးက စာကို စိတ်မဝင်စားဘဲနေမယ်တို့၊ ပညာရေးမှာ အနှောင့်အယှက်ဖြစ်တယ်တို့၊ လူကြီးစိတ်ပေါက်သွားမယ်တို့ စသဖြင့် ကန့်ကွက်နိုင်ပါတယ်။ အကြောင်းကတော့ မိဘတွေ ကိုယ်တိုင်က လိင်ပညာပေးကို သေချာ နားမလည်လို့ဘဲ ဖြစ်ပါတယ်။ ဒါတွေ သင်ပေးရင် ကလေးတွေ စောစောစီးစီးလိင်ဆက်ဆံတတ်သွားမယ်။ လင်ယူသားမွေး လုပ်တတ်သွားမယ်လို့ ယူဆတဲ့အတွက်ပဲ ဖြစ်ပါတယ်။တော်တော်များများက လိင်ပညာပေး သင်ပေးမယ်လို့ ပြောရင် လိင်ဆက်ဆံနည်း သင်ပေးတယ်လို့ ယူဆကြပါတယ်။ ဒါဟာ တကယ့်ပြဿနာပါ။ လေ့လာချက်တွေအရ အသက် ၁၅နှစ်နဲ့ ၁၉နှစ်ကြားတွေကို လိင်ပညာပေး သင်ပေးတဲ့အခါ အိမ်ထောင်မပြုခင် အတူမနေရဘူးဆိုတဲ့ သင်ကြားချက်က မလိုချင်ဘဲ ကိုယ်ဝန်ရတာကို ၅၀ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်။Comprehensive sex educationလို့ ခေါ်တဲ့ ပြီးပြည့်စုံတဲ့ လိင်ပညာပေးခြင်းမှာတော့ ၄၀ရာခိုင်နှုန်းက လိင်ဆက်ဆံတဲ့အချိန် နောက်ကျသွားသလို ၆၀ရာခိုင်နှုန်းကအကာအကွယ်မပါဘဲ လိင်ဆက်ဆံတာ မရှိတော့ပါဘူး။ဒါကြောင့် လိင်ပညာပေးက ကလေးတွေကို လိင်ဆက်ဆံစေတာ မဟုတ်ပါဘူး။ လိင်ဆက်ဆံတဲ့အရွယ်ကို နောက်ကျစေတဲ့အပြင်လိင်ကတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါတွေ၊ မလိုချင်ဘဲ ကိုယ်ဝန်မရအောင်တွေကိုပါ လျှော့ချပေးပါတယ်။ကလေးတွေကို မသင်ကြားခင်မှာ အရင်ဆုံး ဆရာ၊ ဆရာမတွေကို သင်တန်းအရင်ပေးသင့်ပါတယ်။ ဒါမှမဟုတ် နားလည် တတ်ကျွမ်းသူတွေကို အကူအညီတောင်းပြီး သင်ခိုင်းတာမျိုးပေါ့။ ယောကျာ်းလေး၊ မိန်းကလေး ရောထားတဲ့ ကျောင်းမှာဆိုရင် အခန်းခွဲပြီး ကျောင်းသားတွေကို ဆရာက သင်၊ ကျောင်းသူတွေကို ဆရာမကသင် ဒီလိုနဲ့လည်း စကြည့်လို့ရပါတယ်။နောက်တစ်ခုက မိဘနဲ့ ပတ်ဝန်းကျင်ကိုလည်း ပညာပေးရပါမယ်။ လိင်ပညာပေးဆိုတာ ဘာတွေကို သင်တာ၊ လိင်ကိစ္စသက်သက်တင်မဟုတ်ဘဲ နောက်ပိုင်း ဆက်ဆံရေး တစ်ခုမှာ အချင်းချင်း အပြန်အလှန် လေးစားတတ်အောင်အထိပါ သင်ပေးတာဖြစ်ကြောင်း၊ လိင်ပညာပေးသင်လို့ ကလေးတွေ လိင်ဆက်ဆံတတ်မှာ မဟုတ်ကြောင်း နားလည်အောင် ပြောထားဖို့ လိုပါတယ်။ စာသင်ချိန်နဲ့ ငွေကုန်ကြေးကျမှုတွေ အတွက်က အစိုးရနဲ့အတူ NGO၊ INGO အဖွဲ့အစည်းတွေက အတူပူးပေါင်းပြီး ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။လိင်ပညာပေးက သင်ကို သင်ပေးရမယ့် အရာပါ။ စစချင်းဆိုတော့ အပေါ်က အခက်အခဲတွေ အပြင် တခြား အခက်အခဲတွေလည်း ကြုံနိုင်ပါသေးတယ်။ ဒါတွေကို အတူတကွ ဖြေရှင်းနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-milestones/barriers-sex-education/
သာယာတဲ့ အိမ်ထောင်ရေး တစ်ခု လိုချင်တယ်ဆိုရင် မမေ့ထားသင့်တဲ့ အချက်တွေ
သင့်အနေနဲ့ အခုချိန် ကြင်စဦး အိမ်ထောင်ရှင်ဘဝကို တည်ထောင်ထားသူပဲ ဖြစ်ဖြစ်၊ ငွေရတု၊ ရွှေရတု ပေါင်းများစွာ အိမ်ထောင်သက် ကြာညောင်းနေသူပဲ ဖြစ်ဖြစ် သင့်အနေနဲ့ သံယောဇဉ်ကြိုးခိုင်မြဲပြီး ချစ်ခင်ကြင်နာမှု အပြည့်နဲ့ သစ္စာတရားပြည့်ဝနေတဲ့အိမ်ထောင်ရေး ကိုသာ လိုချင်ကြမှာ အမှန်ပါပဲ။ ဒီလို အိမ်ထောင်တစ်ခုလည်း ပိုင်ဆိုင်ချင်တယ်၊ ဒီလို ဖြစ်လာဖို့အတွက်လည်း ဘယ်လိုနည်းလမ်းတွေကို လုပ်ဆောင်ရမှန်း မသိဘူးဆိုရင် ကျွန်တော်တို့ Hellosayarwon မှ ခိုင်မာတဲ့ Relationship တစ်ခု တည်ဆောက်ချင်တယ်ဆိုရင် မမေ့သင့်တဲ့ အချက်လေးတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။Relationship ဆိုင်ရာ အတိုင်ပင်ခံတွေအားလုံးက တကယ့် အစစ်အမှန် နားထောင်ခြင်းဟာ ရန်ဖြစ်ခြင်းကို လျှော့ချပေးနိုင်တဲ့အပြင် ယုံကြည်မှုကို တိုးမြှင့်ပေးနိုင်ပြီး ပျော်ရွှင်မှု ပြည့်ဝတဲ့Realtionshipတစ်ခုဖြစ်လာအောင် ပုံသွင်းပေးနိုင်တယ်လို့ လက်ခံထားကြပါတယ်။ နားထောင်ခြင်းက တခြားလူတွေနဲ့ဆိုရင် တော်တော်လေးကို လွယ်မယ့် ကိစ္စတစ်ရပ်ဖြစ်ပေမဲ့ သင့်လက်တွဲဖော်က စကားပြောနေမယ်ဆိုရင်တော့ တော်တော်ကို ခက်ခဲတဲ့ ကိစ္စတစ်ရပ်ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ နားထောင်ခြင်းရဲ့ စွမ်းအားက ကြီးမားလွန်းတဲ့ အတွက် ရအောင်ကြိုးစားလေ့ကျင့်ပါ။သင် တကယ်နားထောင်နေတယ်ဆိုတာ ပြဖို့အတွက် TV ဖွင့်ထားရင် TV ပိတ်လိုက်ပါ၊ ဖုန်းသုံးနေရင် ဖုန်းပိတ်လိုက်ပါ၊အာရုံစူးစိုက်မှုအပြည့်ပေးပါ၊ ပြီးရင် မျက်လုံးဆုံမှု ရှိပါစေ။ နောက်ပြီးရင် ကိုယ်ကြားခဲ့တဲ့ အရာကိုလည်း တကယ်လုပ်ဆောင်ကြောင်း သက်သေပြပါ။ နားထောင်ခြင်းဟာ သင်ရဲ့ လက်တွဲဖော်က စိတ်ဆိုးနေတဲ့ အချိန်မျိုးမှာ တကယ် အရေးကြီးပါတယ်။သင့်က တကယ်ကို နားထောင်ပေးမယ်ဆိုရင် ဘာပြဿနာ ဖြစ်နေတာလဲဆိုတာ နားလည်လာနိုင်မှာဖြစ်ပြီး ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာလည်း သိလာမှာ ဖြစ်ပါတယ်။နားထောင်တတ်ဖို့အတွက် လေ့ကျင့်မှုတွေလိုအပ်မှာဖြစ်ပြီး အလုပ်က Customerနဲ့ တွေ့တဲ့အခါ နားထောင်သလိုမျိုး၊ သူငယ်ချင်းတွေနဲ့ တွေ့တဲ့ အခါ နားထောင်သလို မျိုး နားထောင်တတ်ဖို့ လိုပါတယ်။ နားထောင်တတ်တဲ့ အရည်အချင်းတစ်ခု အိမ်ထောင်ရေးတစ်ခုမှာ ရှိလာပြီဆိုတာနဲ့ လက်တွဲဖော်နဲ့ ရန်ဖြစ်တာတွေ နည်းလာမှာပါ။စိတ်ပညာအရ လူတစ်ယောက်နဲ့ ပထမဆုံး အကြိမ်စတွေ့တဲ့အခါမှာ သင်ဟာ သင်ကြိုက်တဲ့ အရာတွေကို အားလုံးကို ဂရုစိုက်တတ်ပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတဲ့ အခါမှာ သင်ဟာ သင်မကြိုက်တဲ့ အရာတွေကိုပဲ ဂရုစိုက်လာပါတော့တယ်။ အကယ်၍ အိမ်ထောင်ရေးတစ်ခုမှာ ကောင်းတဲ့ အချက်တွေကို ဂရုမစိုက်ဘဲ ဆိုးတဲ့ အချက်တွေကို သာ အာရုံစိုက်လာမယ်ဆိုရင် မကြာခင်မှာပဲ ဒီ အိမ်ထောင်ရေးက ပျက်စီးသွားမှာ ဖြစ်ပါတယ်။ဒီအချက်ကိုဖြေရှင်းဖို့ အတွက်နည်းလမ်းတစ်ခုကတော့ သင့်လက်တွဲဖော်ရဲ့ ကောင်းတဲ့ အချက်တွေ၊ သင်ကြိုက်တဲ့ အချက်တွေကို သင်က သတိရှိရှိနဲ့ အာရုံစိုက်ဖို့ပါပဲ။ သင့်ရဲ့လက်တွဲဖော်မှာ သင်ကြိုက်တဲ့ အချက်များစွာရှိမှာပါ။ ဒါ့ကြောင့် ဒီအချက်တွေကို စိတ်ထဲ စွဲစွဲမြဲမြဲမှတ်ထားပါ။ လိုအပ်လာရင် စာရွက်တစ်ရွက်ပေါ်မှာ ချရေးထားနိုင်ပါတယ်။နားပူနားဆာ လုပ်ခြင်းက ဆက်ဆံရေးကို တင်းမာစေတဲ့အပြင် ပြဿနာတစ်ခုကိုလည်း ပြေလည်အောင် မဖြေရှင်းပေးနိုင်ပါဘူး။ သင်က နားပူနားဆာလုပ်လေလေ သင့်အဖော်ဖြစ်သူက နားမထောင်လေပါပဲ။ တကယ်၍ တစ်စုံတစ်ယောက်က သင်လိုချင်တာကို မပေးနိုင်ဘူးဆိုရင် ကိုယ်ဘာတွေ လုပ်နေသလဲဆိုတာ ကိုပြန်စဉ်းစားပါ။ကိုယ်တောင်းဆိုနေတာ မရဘူးဆိုရင် ကိုယ်မလိုချင်တာကိုပြောမဲ့အစား ကိုယ်ကြိုက်နှစ်သက်တဲ့ အရာကို ပြောင်းပြောကြည့်ပါ။ နားပူနားဆာလုပ်နေမယ့်အစား နည်းလမ်းပြောင်းကြည့်ပါ။ ဝေဖန်တာတွေ နားပူနားဆာလုပ်မိတဲ့အခါမှာ တစ်ဖက်ကလည်း သူ့ရဲ့ ကောင်းကျိုးတွေကို ပြောပြပေးပါ။သင့်လက်တွဲဖော်ကိုပြောင်းလဲစေချင်တယ်ဆိုရင် သူ့ရဲ့ ကောင်းကွက်တွေကိုပါ ထည့်ပြောပေးပါ။ အကယ်၍သူဟာ ကျေးဇူးတင်ခံရမယ်၊ စိတ်ကျေနပ်မယ်ဆိုရင် သင့်လက်တွဲဖော်က သင်စိတ်ကျေနပ်ဖို့ ပိုပြီး ပြောင်းလဲပေးချင်မှာ ဖြစ်ပါတယ်။အိမ်ထောင်ရေးတစ်ခု ခိုင်မာချင်တယ်ဆိုရင် အချိန်အကြာကြီး အတူတူ ရှိနေဖို့လိုတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒါကြောင့် အိမ်ထောင်သည်ဘဝကို ရောက်သွားတဲ့အချိန်မှာလည်းညစာထွက်စားတာမျိုး၊ ရုပ်ရှင်ကြည့်တာမျိုးကို မပျက်ပါစေနဲ့။ သင့်ရဲ့ ပြက္ခဒိန်ထဲမှာ တွေ့မယ့်ရက်တွေကို မှတ်ထားခြင်းကလည်း သင်မမေ့အောင် ကူညီပေးနိုင်ပါတယ်။အိမ်ထောင်ရေး တစ်ခုမှာ ဒီလို အလေးထားတဲ့ အကျင့်လေးတွေ ရှိတဲ့အခါမှာ ကောင်းကျိုးကို ခံစားရမှာ ဖြစ်ပါတယ်။ တခြားလူတွေမပါဘဲ ၂ ယောက်တည်း အတူတူတွေ့ခြင်းဖြင့် အိမ်ထောင်ရေး သံယောဇဉ်ကို ပိုခိုင်မာအောင် တည်ဆောက်နိုင်ပါတယ်။အိမ်ထောင်ရှင်ဖြစ်သွားတဲ့အတွက် အထူးအဆန်း လုပ်နေဖို့ မလိုဘူးဆိုတဲ့ အမှားမျိုးမလုပ်ကြဘဲ နေ့တိုင်းနေ့တိုင်း ကိုယ်ရဲ့ လက်တွဲဖော်နဲ့ အချိန်အနည်းငယ်စီ ကုန်ဆုံးစေပါ။ တွေ့တဲ့အချိန်မှာလည်း ကောင်းတဲ့အရာတွေကိုပဲ ဦးစားပေး ပြောဆိုဖို့လိုအပ်ပြီး လက်တွဲဖော် အိမ်ကို ရောက်လာတာနဲ့ လုပ်လက်စ အလုပ်တွေကိုရပ်ပြီး နှုတ်ဆက်ပါ။ဒါ့ဟာ အိမ်ထောင်ရေးမှာ ခံစားချက်တွေကိုပို ခိုင်မာလာစေပြီး သင့်ရဲ့ အိမ်ထောင်ဖက်ကို အရေးကြီးတဲ့ လူတစ်ယောက်ကဲ့သို့ဆက်ဆံခြင်းဖြင့် အိမ်ထောင်ရေးက ပိုခိုင်မြဲလာမှာ ဖြစ်ပါတယ်။ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိတွေ့မှု ရှိခြင်းကလည်း စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်ခြင်းကဲ့သို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိတွေ့ခြင်းက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပြီး သင့်ရဲ့ လက်တွဲဖော်ကို သင်က ဂရုစိုက်ကြောင်း ပြသနေပါတယ်။ အိမ်ထောင်ရေးမှာ နမ်းရှုပ်ခြင်း၊ ပွေ့ဖက်ခြင်းတို့ကို နေ့တိုင်း ပုံမှန်လုပ်ဆောင်နေမယ်ဆိုရင် ရန်ဖြစ်ဖို့ ခဲယဉ်းပါတယ်။အိမ်ထောင်ရေးတစ်ခုကို ခိုင်မြဲစေချင်တယ်ဆိုရင် အိမ်ထောင်ရေးတစ်ခုမှာ မရှိသင့်တဲ့ အကျင့်ဆိုး (၇) ချက်ကို ရှောင်ရှားပြီး အကျင့်ကောင်း (၇) ချက်ကို မွေးမြူသင့်ပါတယ်။ ဒီအကျင့်တွေကို မွေးမြူရတာက ခက်ခဲမှာပါ။ ဒါပေမဲ့ သင့်အနေနဲ့ သာယာတဲ့ အိမ်ထောင်ရေး တစ်ခု ပိုင်ဆိုင်ချင်တယ်ဆိုရင် စိတ်ရှည်ရှည်နဲ့ မွေးမြူဖို့ လိုပါလိမ့်မယ်။စွန့်ပစ်ရမယ့် အကျင့်ဆိုး ၇ ခုကတော့ အပြစ်ရှာခြင်း၊ ဝေဖန်ခြင်း၊ ညဉ်းညူခြင်း၊ နားပူနားဆာလုပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အပြစ်ပေးခြင်းနဲ့ အကျင့်ပျက်ခြင်းတို့ ဖြစ်ပါတယ်။အစားထိုးရမယ့် အလေ့အကျင့် (၇) ခုကတော့ အားပေးခြင်း၊ တိုက်တွန်းခြင်း၊ နားထောင်ခြင်း၊ လက်ခံတတ်ခြင်း၊ ယုံကြည်ခြင်း၊ လေးစားခြင်းနဲ့ ခြားနားမှုတွေကို ညှိနှိုင်းတတ်ခြင်းတို့ ဖြစ်ပါတယ်။အိမ်ထောင်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်တွေရဲ့ ထိပ်ဆုံးက အချက်ကတော့ လေးစားမှုပါပဲ။ သင့်အနေနဲ့ လူတစ်ယောက် အချစ်မပါဘဲ လေးစားလို့ရပေမဲ့ လေးစားမှုမပါဘဲ ချစ်လို့မရပါဘူး။ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို ဆွေမျိုးတွေ၊ ကလေးတွေ၊ မိတ်ဆွေတွေရှေ့မှာ အသုံးမကျကြောင်း မပြောပါနဲ့။ အိမ်ထောင်ရေး မှာပြဿနာရှိတဲ့အခါ အပြင်မသယ်ဘဲ အချင်းချင်း ၂ ယောက်သားဆွေးနွေးပါ။လူတစ်ယောက်ဟာ သူတို့ပြောင်းလဲချင်မှ ပြောင်းလဲတယ်ဆိုတဲ့ သဘောကို သတိထားပါ။ သင့်အနေနဲ့ သင့်အိမ်ထောင်ဖက်ရဲ့ နှစ်ပေါင်းများစွာ ရှိလာတဲ့ အမူအကျင့်တစ်ခုကို သွားပြောင်းလဲပေးလို့မရပါဘူး။ သူတို့ မှားနေတယ်လို့ မထင်တဲ့အရာတစ်ခုကို သင်က ဖိအားပေးပြီး ပြောင်းလဲခိုင်းလို့မရပါဘူး။ ဒါ့ကြောင့် ဒီလိုပြဿနာတွေကို အပေါ်ယံ ပြောင်းတော့ဆိုတဲ့စကားပြောမယ့်အစား လက်တွဲဖော်ရဲ့ လိုအပ်ချက်တွေကိုအချိန်ယူနားထောင်ပေးပြီးပြောင်းလဲရာမှာ ကူညီဖို့လိုပါတယ်။အမျိုးသမီးတွေ အိမ်ထောင်ရေးကနေ ဘာလိုချင်လဲဆိုတော့ ချစ်ခြင်း၊ တန်ဖိုးထားခြင်း၊ နားထောင်ခြင်း၊ ဂရုစိုက်ခြင်းနဲ့ စိတ်ကျေနပ်မှု လိုချင်ကြတာပါ။ အမျိုးသမီးတွေမှာ သူတို့လိုချင်တဲ့ အရာတွေကိုစုထားတဲ့စာရင်းရှည်ရှိပြီး အိမ်ထောင်ဖက်ကိုလည်း မျှော်လင့်ချက်များများထားတတ်ကြပါတယ်။ အမျိုးသားတွေကတော့အိမ်ထောင်ရေးတစ်ခုကနေလိုချင်တဲ့ အရာ သိပ်များများ မရှိပါဘူး။ဒီတော့ အိမ်ထောင်ရေးတစ်ခုမှာ အမျိုးသမီးတွေနဲ့ အမျိုးသားတွေအကြား မျှော်လင့်ချက် ကွာဟမှုက တော်တော်ကြီးမားနေပါတယ်။ အိမ်ထောင်ရေးတစ်ခုမှာ ပြဿနာတွေ ခဏခဏ မတက်စေဖို့ အတွက် အမျိုးသမီးတွေအနေနဲ့ ၂၄နာရီ ၇ရက် romance ဆန်နေဖို့ တောင်းဆိုနေတာတွေကို လျှော့ခြင်းဖြင့် မျှော်လင့်ချက် ကွာဟမှုကို ကျဉ်းမြောင်းသင့်ပါတယ်။အမျိုးသားတွေအနေနဲ့လည်း အမျိုးသမီးလိုချင်တဲ့ အရာတွေ ဖြစ်တဲ့ အိမ်ထောင်ရေးကို ပထမဆုံးထားဖို့နဲ့ ပိုပြီး နားထောင်ပေးဖို့ စတာတွေနဲ့ ကိုယ့်ရဲ့ ဇနီးလိုချင်တဲ့ အရာတွေကို တာဝန်ယူမှု ရှိရှိနဲ့ ပိုပြီး လုပ်ဆောင်ပေးဖို့ လိုပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/healthy-relationship/
null
null
health
health
https://hellosayarwon.com/health/health-news/%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%99%e1%80%bd%e1%80%ac-%e1%80%96%e1%80%af%e1%80%94%e1%80%b9%e1%80%91%e1%80%b0%e1%80%b1%e1%80%94%e1%80%9b%e1%80%84%e1%80%b9-%e1%80%9c%e1%80%b0%e1%80%80%e1%80%ad/
မိုး အေးအေးမှာ ထိခိုက်ပေါက်ပြဲဒဏ်ရာ ကျက်ဖို့ နှေးနေသလား
အေးတဲ့ ရာသီဆိုအနာကျက်နှေးတယ် တဲ့။ ဒါဟာ ဆောင်းရာသီမှာ အအေးဓာတ်နဲ့အရေပြားခြောက်သွေ့မှုကြောင့် ဆိုပေမယ့် မိုး ရာသီမှာတော့ အအေးဓာတ်နဲ့ စိုစွတ်မှုကြောင့် ဖြစ်ပါလိမ့်မယ်။မိုး ကြောင့် ဖြစ်ဖြစ် ဆောင်းကြောင့် ဖြစ်ဖြစ် ရာသီဥတု အေးတဲ့အခါ သွေးလည်ပတ်မှု ကိုလည်း နှေးစေနိုင်ပါတယ်။ သွေးလည်ပတ်မှု ကောင်းဖို့ ကအနာကျက်ခြင်းအတွက် အရေးပါတဲ့ အချက်ပါ။ သွေးလည်ပတ်မှု မကောင်းရင် အနာတစ်ဝိုက် ဧရိယာကို အောက်ဆီဂျင် မရောက်နိုင်တော့ဘဲ အနာကျက်ဖို့ နှေးစေပါတယ်။နောက်ပြီး သွေးလည်ပတ်မှု မကောင်းတဲ့ အခါ အနာတစ်ဝိုက်က အရေပြားတစ်ရှူးအသစ် ဖြစ်ပေါ်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်တယ်။တုပ်ကွေး ရာသီ ဖြစ်တာကြောင့်လည်း လူတွေကြားမှာ အအေးမိ ဗိုင်းရပ်စ် နဲ့ တုပ်ကွေး ဗိုင်းရပ်စ်တွေ အတော် လမ်းသလားတဲ့ အချိန်ပါ။ ဒီလိုအချိန်မှာ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေကို ကာကွယ်ဖို့ ကိုယ်ခံအားစနစ်က ဗျာများနေရတဲ့အတွက် ထိခိုက်ဒဏ်ရာ တွေ အတွက် လုပ်ဆောင်ပေးနိုင်စွမ်းမှာ အားနည်းသွားတတ်ပါတယ်။တုပ်ကွေး ရာသီမှာ ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်ချက်က ဒီအတွက်ပဲ အဓိက ကာကွယ်နေမှာ ဖြစ်လို့အနာကျက်ဖို့၊ပိုးမဝင်အောင်ကာကွယ်ဖို့ မှာ အားလျော့သွားနိုင်ပါတယ်။ တချို့တွေမှာ နေမကောင်းဖြစ်နေရင် အနာကျက်ဖို့နှေးတယ်ဆိုတာ ဒီအချက်ကြောင့် ဖြစ်နိုင်ပါတယ်။နောက်ဆုံးတစ်ချက် ကတော့ မိုးတွင်းမှာ အနာကို ရေမထိအောင် ကာကွယ်နိုင်ဖို့မလွယ်တာကလည်း တစ်ချက်ပါ။ ပလာစတာ နဲ့ ဖုံးအုပ်ထားတယ် ဆိုလည်း ရေထိတာနဲ့ အရေပြား နူးပြီး အနာကျက်ခြင်း ဖြစ်စဉ်ကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ရေစိုခံ ပလာစတာတွေ ရှိနေပေမယ့် တစ်ခါတစ်လေ ပြင်ပလေနဲ့ ထိတွေ့အောင် အနာကို ဖွင့်ထားဖို့ သိပ်မလွယ်တဲ့ ရာသီပါ။ ပိုးမဝင်အောင် အတော်လေး ဂရုစိုက်ရပါလိမ့်မယ်နော်။ဒီတော့ မိုးအေးတဲ့ ရာသီမှာအနာကျက်မြန်အောင်ဒီအချက်တွေ သိထားသင့်ပါတယ် –။သွေးလည်ပတ်မှု အတွက် လှုပ်ရှားမှုက အရေးကြီးတဲ့ အတွက် လှုပ်လှုပ်ရှားရှား နေဖို့ အကြံပြုတယ်ဆိုပေမယ့် အနာကို နွေးထွေးအောင်၊ လုံခြုံအောင် ဖုံးအုပ် ကာကွယ်ဖို့ လိုပါတယ်။လမ်းလျှောက်တာ၊ ယောဂ ကစားတာလိုမျိုး သွေးလည်ပတ်မှု ကောင်းစေမယ့် လှုပ်ရှားမှုမျိုးဆို ရပါတယ်။ထိခိုက်ဒဏ်ရာရှိတဲ့ နေရာကိုရောဂါပိုးအန္တရာယ်ကို ကာကွယ်ဖို့နဲ့ အစိုဓာတ် ထိန်းနိုင်ဖို့ သန့်စင်တဲ့ ပလာစတာ သို့မဟုတ် ပတ်တီး နဲ့ ဖုံးအုပ်ကာကွယ်သင့်ပါတယ်။ ခြောက်သွေ့ မသွားရအောင် အနာကျက်ဆေး သို့မဟုတ် moisturizer တစ်ခုခု လိမ်းထားပေးလို့ ရပါတယ်။လေ့လာမှုတွေ အရ အစိုဓာတ် ထိန်းထားနိုင်ရင် ၅၀% အနာကျက် ပိုမြန်တယ်လို့ ဆိုပါတယ်။ထိခိုက်ဒဏ်ရာ မှန်သမျှဟာ ခြောက်သွေ့လွန်းရင်အနာကျက်နှေးစေနိုင်သလို ရေစိုနေရင်လည်း အနာရင်းတတ်ပါတယ်။ အစိုဓာတ် ရှိနေဖို့ လိုပေမယ့် ရေတော့ မစိုပါစေနဲ့။ ရေစိုနေရင် အနာကျက်ခြင်း ဖြစ်စဉ်ကို နှောင့်နှေးစေပြီးအနာပိုးဝင်လွယ်ပါတယ်။အနာဖေး တက်တယ် ဆိုတာ အနာမှာ လိုအပ်သလောက် အစိုဓာတ် မရတဲ့ အခါ ခြောက်သွေ့လာတာပဲ ဖြစ်ပါတယ်။ အနာဖေးတွေက အနာမကျက်ခင် ကာလ အတွင်းမှာ မလိုလားအပ်တဲ့ ဘက်တီးရီးယားတွေ မဝင်ဖို့ ကာပေးထားတာပဲ ဖြစ်ပါတယ်။ အနာမကျက်ခင် အနာဖေးတွေ ကွာတဲ့အခါ အနာပေါက် အသစ် ဖြစ်ကျန်ခဲ့ပြီး အနာကျက် နှေးစေနိုင်တဲ့အပြင်အမာရွတ်ပါ ဖြစ်စေနိုင်ပါတယ်။ရေချိုးတဲ့အခါ သို့မဟုတ် မိုးရေစိုတဲ့အခါ အနာဖေးတွေကို ရေနူးပြီး ပဲ့မထွက်စေဖို့ သတိပြုပါ။ သွေးပြန်ထွက်ပြီး အနာပြန်ဖြစ်တဲ့အခါ ပိုးဝင်နိုင်ခြေ နဲ့ အမာရွတ်ဖြစ်ကျန်နိုင်ခြေ ပိုများစေပါတယ်။အနာတစ်ခုခု ဖြစ်ပြီဆို တင်းတင်းလေး ဖြစ်လာပြီး ယားသလိုလို ဖြစ်တတ်တာမျိုး ကြုံဖူးမှာပါ။ အထူးသဖြင့် အပေါ်ယံအနာ တွေမှာ ဖြစ်လေ့ရှိပါတယ်။ ဟုတ်ပါတယ်။ အသားတက်လာတာ၊ ပုံမှန်အတိုင်း အနာကျက်လာတာ ဆိုတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ဒါပေမယ့် သတိထားဖို့က အနာမှာ ယားတာအပြင် နီလာတာ၊ ပြည်တည်လာတာ၊ တဒိတ်ဒိတ် သွေးခုန်တိုးသလို ခံစားရတာတွေ ဖြစ်လာရင်အနာပိုးဝင်တဲ့လက္ခဏာ ဖြစ်နေနိုင်ပါတယ်။ အနာက ယားလာပြီဆို အနာတဝိုက် အခြေအနေ နဲ့ သန့်ရှင်းမှုကို သတိထားကြည့်ဖို့ လိုပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-bacterial-infections/%e1%80%99%e1%80%ad%e1%80%af%e1%80%b8-%e1%80%a1%e1%80%b1%e1%80%b8%e1%80%a1%e1%80%b1%e1%80%b8%e1%80%99%e1%80%be%e1%80%ac-%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%80%b1/
သင့်အရေပြားပေါ် Permanent Marker မင်စွန်းတဲ့အခါ ဘယ်လိုဖျက်မလဲ
Permanent marker မှာ ပါဝင်တဲ့ မင်အမျိုးအစားဟာ သူစွန်းထင်းမိတဲ့ နေရာမှာ အပေါက်ငယ်လေးတွေရှိရင် စိမ့်ဝင်စွဲမြဲတာကြောင့် ဖျက်ရခက်ပါတယ်။အရေပြားပေါ်မှာ စွန်းမိရင် ရက်အနည်းငယ်နေရင် သူ့အလိုလိုပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မြန်ဖယ်ရှားချင်ရင်လည်း အသုံးပြုနိုင်တဲ့ နည်းလမ်းတချို့ ရှိပါတယ်။သင့် အရေပြားပေါ် Permanent marker တစ်ချောင်းက မင်များစွန်းထင်းခဲ့ရင် သူ့ဖာသာ ပျက်ပြယ်သွားဖို့ နှစ်ရက်သုံးရက်ခန့်ကြာနိုင်ပါတယ်။ မြန်မြန်ပျက်ချင်ရင်တော့ ရေဆေးခြင်းအပြင် အောက်ပါ နည်းလမ်းတချို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။ ထပ်ခါထပ်ခါ လုပ်ဖို့တော့ လိုနိုင်ပါတယ်။ဆားမှာ အရေပြားပေါ်ကအညစ်အကြေးတွေကို ဖယ်ရှားနိုင်တဲ့ (exfoliating) ဂုဏ်သတ္တိ သဘာဝအလျောက် ပါဝင်ပါတယ်။ ဆားကို ရေနွေးနွေးနဲ့ရောပြီး အရေပြားအပေါ်ယံလွှာကို ညင်သာစွာ ပွတ်တိုက်ပေးနိုင်ပါတယ်။ ပြီးရင် မင်ပေတဲ့နေရာတွေကို ဖြည်းညင်းစွာ နှိပ်နယ်ပေးပါ။ ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်း မပြုပါနဲ့။သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီကို မင်ပေနေတဲ့ အရေပြားပေါ် လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပေးနိုင်ပါတယ်။အုန်းဆီ/သံလွင်ဆီဟာ အရေပြားထဲ စိမ့်ဝင်သွားတဲ့အခါ မင်နဲ့ပေါင်းစပ်သွားပြီး ဖယ်ထုတ်ဖို့ လွယ်ကူစေပါလိမ့်မယ်။ကလေးတွေအတွက်သုံးတဲ့ baby oil ဟာလည်း အရေပြားကို သန့်စင်အောင် ကူညီပေးနိုင်ပါတယ်။ permanent marker ရဲ့ မင်အစွန်းတွေကိုလည်း ဖျက်ပေးနိုင်ပါတယ်။ မင်စွန်းတဲ့နေရာကို နှံ့အောင်လိမ်းပေးထားပြီး ဆေးကြောလိုက်ရင် မင်များပျက်သွားနိုင်ပါတယ်။မင်စွန်းတဲ့နေရာကို သွားတိုက်ဆေးခပ်ပါးပါးလိမ်းပါ။ ညင်သာစွာ ပွတ်ပေးပါ။ ပြီးရင် ရေနဲ့ဆေးချလိုက်ပါ။ လိုအပ်ရင် နှစ်ကြိမ်ခန့်လုပ်ပေးပါ။အိမ်တွင်းသုံးပစ္စည်းတွေပဲ ဖြစ်တဲ့ အရက်ပျံ၊ လက်သည်းဖျက်ဆေး၊လက်သန့်ဆေးရည်စတဲ့ ဓာတုအခြေခံဆေးရည်များဟာလည်း မင်စွန်းများကိုဖျက်နိုင်ဖို့ အကူအညီပေးပါတယ်။ ဂွမ်းစသုံးပြီး မင်စွန်းတဲ့နေရာကို ညင်သာစွာ ပွတ်ပေးပါ။ ပြီးရင် ရေနွေးနွေးနဲ့ ဆေးချပါ။မိတ်ကပ်ဖျက်ဆေးများ သုံးပြီးတော့လည်း သင့်အရေပြားပေါ်က မင်အစွန်းတွေကို ဖယ်ရှားနိုင်ပါတယ်။ ဂွမ်းစကိုသုံးပြီး သန့်စင်ပေးပါ။ ရေနွေးနွေးနဲ့ ဆေးကြောပါ။Permanent marker မှာပါဝင်တဲ့ မင်များဟာ သင့်အရေပြားနဲ့ ဓာတ်မတည့်ခြင်း ဖြစ်နိုင်ပါတယ်။ အဓိကအားဖြင့် resin၊ xylene၊ tolene စတဲ့ ဓာတုပစ္စည်းများကြောင့် ဖြစ်တတ်ပါတယ်။ အဆိုပါ အခြေအနေမှာ ယားယံခြင်း၊ ရောင်ရမ်းခြင်း စတာမျိုးတွေ ကြုံနိုင်ပါတယ်။ ဟစ်စ်တမင်းဆန့်ကျင်ဆေးမျိုးတွေ သောက်သုံးဖို့ အခြေအနေကြုံနိုင်ပါတယ်။ လိုအပ်ရင် ဆရာဝန်နဲ့ ပြသပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/how-to-get-sharpie-off-of-skin/
အပူအစပ်တွေ စားပြီးရင် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်း
လူတော်တော်များများက ချိုချဉ်ဖန်စပ် အရသာတွေထဲမှာမှအစပ်အရသာကို အတော်လေး သဘောကျတတ်ကြ ပါတယ်။ ဘာစားစား အစပ်လေးပါမှ ခံတွင်းတွေ့ကြတာက ခပ်များများပါ။ ဟင်းဆိုလည်း စပ်စပ်လေးမှ အချဉ်ရည်ဆိုရင်လည်း ငရုတ်သီး စပ်စပ်လေးဖျော်မှ ခံတွင်းတွေ့တယ် ဆိုတာမျိုးပေါ့။ အစပ်က စားရတာခံတွင်းမြိန်စေပေမယ့် အများကြီး စားမိရင်တော့ ဗိုက်အောင့်တာမျိုး ဖြစ်တတ်ကြတယ်နော်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အပူအစပ်တွေ စားပြီးရင် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်း တွေကို ပြောပြပေးချင်ပါတယ်။အပူအစပ်တွေ စားပြီးရင် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်း က အဓိကအားဖြင့် ၂ ချက် ရှိနိုင်ပါတယ်။ဒီအချက်တွေအပြင် အခုလို အကြောင်းအရာတွေကြောင့်လည်း အစပ်စားပြီးချိန်မှာဗိုက်အောင့်တာကို ခံစားရတာပါ။ငရုတ်သီးမှာပါတဲ့ Capsaicin။ငရုတ်သီးစားပြီးချိန်မှာ ဗိုက်ထဲက အောင့်တာရင်ပူတာတွေက ငရုတ်သီးမှာပါတဲ့ သဘာဝအတိုင်း တွေ့ရှိရနိုင်တဲ့ ဓာတုပစ္စည်း တစ်မျိုး ဖြစ်တဲ့ capsaicin ကြောင့်ပါ။ ဒီဓာတုပစ္စည်းက အစာအိမ် အတွင်းနံရံသားနဲ့ ထိတွေ့မိတဲ့အခါ ဦးနှောက်ဆီကို နာကျင်တယ် ပူတယ်ဆိုတဲ့ ခံစားမှု ခံစားရစေဖို့ အချက်ပြတာကြောင့်ပါ။အစာအိမ် ရောင်နေတာ၊ အစာအိမ်ထဲ အနာ ရှိနေတာ။အစာအိမ်ရောင်နေတာအစာအိမ်ထဲမှာ အနာရှိနေတာတွေက သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီလို အခြေအနေ ရှိသူတွေက အစပ်ကဲတာတွေကို စားမိမယ်ဆိုရင် အစာအိမ်ရောင်တာကို ပိုဆိုးစေပြီး အစပ် စားပြီးချိန်မှာ ဗိုက်အောင့်တာကို ခံစားရတာပါ။အစာအိမ်အက်ဆစ် ပြန်ဆန်တက်တာ ခံစားနေရတာ။အစာအိမ် အက်ဆစ်ပြန်ဆန်တက်တာကို  ခံစားနေရမယ်ဆိုရင် အပူအစပ်တွေကို ရှောင်ဖို့ လိုပါမယ်။ အစာအိမ်အက်ဆစ်တွေက အစာအိမ်ထဲကနေအစာခြေအက်ဆစ်ရည်တွေ အစာရေမျိုထဲကို ပြန်ဆန်တက်တာ ဖြစ်ပြီး ဒီအခြေအနေ ခံစားနေရသူအနေနဲ့ အစပ်တွေကို စားမယ်ဆိုရင် ရင်ပူတာ ဗိုက်အောင့်တာကို ခံစားရနိုင်ပါတယ်။Irritable Bowel Syndrome (IBS) ခံစားနေရတာ။Irritable  bowel syndrome(IBS) ခံစားနေရသူတွေ အနေနဲ့ အပူအစပ်တွေကို ရှောင်ဖို့ လိုပါမယ်။ IBS က အစာခြေစနစ်ကို မအီမသာဖြစ်စေနိုင်သလို အပူအစပ်ကိုပါ စားမိမယ်ဆိုရင်ဗိုက်အောင့် ဗိုက်နာတာမအီမသာဖြစ်တာတွေကို ပိုဆိုးစေနိုင်ပါတယ်။အပူအစပ်စားတဲ့ သူတိုင်း ဗိုက်အောင့်ဗိုက်နာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်က ဖြစ်တတ်တယ်ဆိုရင် လျှော့စားပါ။ ရှောင်စားပါ။အပူအစပ်တွေ စားပြီးချိန်မှာ ဗိုက်အောင့် ဗိုက်နာကင်းစေဖို့ ဆိုရင် –။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/heartburn/why-does-spicy-food-cause-heartburn/
သင် ခြေကုန်လက်ပမ်းကျနေပြီလား
သင် ခြေကုန်လက်ပမ်းကျနေပြီလား …… သင့်အနေနဲ့စွမ်းအင်ကုန်ခမ်းပြီး ပုံမှန်လုပ်ငန်းဆောင်တာများကိုတောင် မလုပ်ချင် မကိုင်ချင်ဖြစ်နေတဲ့ အခြေအနေမျိုး ကြုံဖူးပါလိမ့်မယ်။ ဒီအခြေအနေကို အင်္ဂလိပ်လိုburnout လို့လည်း ခေါ်ပါတယ်။ စိတ်ဖိစီးမှု အခြေအနေတွေ (ဥပမာ နေထိုင်မကောင်းသော မိသားစုဝင်တစ်ဦးဦးကို ပြုစုနေရခြင်း၊ အလုပ်ချိန်ကြာမြင့်စွာ အလုပ်လုပ်ရခြင်း၊စိတ်ညစ်ညူးဖွယ်သတင်းများကို နားထောင်နေရခြင်း စတာတွေ)ကို အဆက်မပြတ်ကြုံကြိုက်လာတဲ့အခါ သင်ဟာ ခြေကုန်လက်ပမ်းကျသလို ခံစားလာရပါတယ်။သင် ခြေကုန်လက်ပမ်းကျနေပြီလား ဆိုတာကို ကိုယ်တိုင် ဆန်းစစ်ကြည့်လိုက်ဦးနော်။ စိတ်ပညာရှင်တစ်ဦးကတော့ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာတွေမှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်လာရင် အားအင်ကုန်ခမ်းသွားတဲ့ burnout အခြေအနေကြုံရတယ်လို့ ဆိုပါတယ်။ အဆိုပါ အခြေအနေဟာ သာမန်ပင်ပန်းနွမ်းနယ်မှုနဲ့ မတူပါဘူး။ သာမန်ကြုံကြိုက်နေကြ ပင်ပန်းနွမ်းနယ်ခြင်းဟာ အနားယူပြီးရင် အားပြန်ပြည့်နိုင်ပါတယ်။Burnout ဆိုတဲ့ အားအင်ကုန်ခမ်းတဲ့ အခြေအနေမှာတော့ လုပ်ကိုင်ချင်စိတ်ကို အတော်လေး လျော့ပါးသွားစေတာမို့ ပြန်လည်ထူထောင်ဖို့ ပိုမိုခက်ခဲပါတယ်။ မျှော်လင့်ချက်မဲ့သလိုဖြစ်နေပြီးအဆိုးမြင်စိတ်တွေပါ ပေါ်လာတတ်ပါတယ်။ ဒီအခြေအနေကို ဂရုမစိုက်ဘဲ၊ နားလည်တတ်ကျွမ်းသူတွေနဲ့ မတိုင်ပင်ဘဲထားလိုက်ရင် စိတ်ဓာတ်ကျခြင်း၊ နှလုံးရောဂါ၊ ဆီးချို စတဲ့ ရုပ်ပိုင်းစိတ်ပိုင်းပြဿနာတွေ ဖြစ်လာတတ်ပါတယ်။သာမန်ခဏတာ ပင်ပန်းခြင်းလား၊ အားအင်ကုန်ခမ်းနွမ်းနယ်ခြင်းလားဆိုတာ သေချာသတိထားလေ့လာရင် ခွဲခြားနိုင်ပါတယ်။ အောက်ပါအခြေအနေတွေဟာ burnout ဖြစ်ကြောင်းကို ပြနေပါတယ်။စိတ်ဖိစီးမှုတွေကတော့ ရှောင်လွှဲလို့မရပေမယ့် အားအင်ကုန်ခမ်းတဲ့ burnout အခြေအနေကတော့ ကြိုတင်ကာကွယ်နိုင်ပါတယ်။ အောက်ပါအချက်တွေက အထောက်အကူပြုပါလိမ့်မယ်။ရုပ်ပိုင်းဆိုင်ရာကိုတင်မကဘဲစိတ်ပိုင်းဆိုင်ရာကိုပါ လှုပ်ရှားတက်ကြွစေမှာ ဖြစ်ပါတယ်။ အားကစားခန်းမမှာ အဖော်နဲ့ ပြုလုပ်နိုင်သလို ပြင်ပမှာ လတ်ဆတ်တဲ့လေကို ရှူရှိုက်ရင်းလည်း လမ်းလျှောက်နိုင်ပါတယ်။Omega 3 ကြွယ်ဝတဲ့ အစားအစာများ ဥပမာ flaxseed၊ အခွံမာသီးများ၊ ငါးများဟာ စိတ်ပိုင်းဆိုင်ရာကို တိုးတက်စေပါတယ်။ ကျန်တဲ့ ဗီတာမင်၊ ပရိုတင်း စတဲ့အာဟာရဓာတ်တွေကိုလည်း မျှတစွာ စားသုံးရပါမယ်။သင့်ကိုယ်ခန္ဓာဟာ အလုပ်မပင်ပန်းခင်မှာ အနားယူဖို့လိုပါတယ်။ ဘယ်လောက်ပဲ စိတ်အားထက်သန်တဲ့အချိန်ဖြစ်စေ အလုပ်ကိုရပ်ပြီး အိပ်စက်ချိန်ကို အလုံအလောက်ပေးဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် အားအင်လုံးဝကုန်သွားပါလိမ့်မယ်။စိတ်ဖိစီးမှုကြုံနေချိန်မှာ မနိုင်ဝန်ကို မထမ်းပါနဲ့။ အကူအညီပေးနိုင်မယ့်သူတွေကို ရှာဖွေပါ။ လိုအပ်ချိန်မှာ အကူအညီယူဖို့ ဝန်မလေးပါနဲ့။အဆိုပါအချက်များဟာ သင့်အနေနဲ့ ဖိစီးမှုအရမ်းမများခင်၊ အားအင်လုံးဝကုန်ခမ်းခြင်း မဖြစ်ခင်မှာ ပြုလုပ်ဆောင်ရွက်သင့်ပါတယ်။ လုံးဝကို ခြေကုန်လက်ပမ်းကျသွားတဲ့ အခြေအနေမှာ သင့်အနေနဲ့ အထက်ပါအချက်တွေကိုတောင် မလုပ်ချင်ဘဲ ဖြစ်သွားနိုင်ပါတယ်။မိမိဝန်းကျင်မှာ အားအင်ကုန်ခမ်း burnout ဖြစ်နေသူများကိုလည်း ကူညီပေးပါ။ သူတို့ရဲ့ အခက်အခဲများကို နားထောင်ပါ၊ ကူညီဖြေရှင်းပေးပါ။ အနည်းဆုံးတော့ လောကကြီးမှာ သူတို့အတွက် သင်ရှိနေသေးကြောင်း သိမြင်လာအောင် ဂရုစိုက်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/tips-for-identifying-and-preventing-burnout/
ရောဂါပိုးတွေ ပြန့်ပွားနေချိန် သင့်ကလေး ခုခံအားကို မြှင့်တင်ပါ။
လူကြီးတွေက တစ်နှစ်လုံးနေမှ တစ်ခါ ဖျားခဲပေမယ့် ကလေးတွေကတော့ ခဏခဏ ဖျားတတ်ပါတယ်။ ကျန်းမာပါတယ်ဆိုတဲ့ကလေးတွေတောင် တစ်နှစ်ကို ၃-၄ ခေါက် ဖျားတတ်တာ သဘာဝပါ။ ဒါပေမယ့် ခုလိုကိုဗစ်ကာလမှာတော့ မေမေတွေအနေနဲ့ ကိုယ်ကလေးကို နည်းနည်းလေးတောင်မှ ဖျားစေချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရာသီဥတုက မိုးဦးကျ ဖြစ်လာပြီ။ ကိုဗစ်အပြင်ရာသီတုပ်ကွေး၊သွေးလွန်တုပ်ကွေးတွေပါ ပါလာနိုင်တယ်အတွက် မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ကာကွယ်ထားသင့်ပါပြီ။ ဘာပဲဖြစ်ဖြစ် ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်းတာကြောင့် ဒီအချိန်မှာ ကလေးတွေကိုခုခံအားကောင်းအောင် ထားပေးဖို့ အကြံပေးလိုပါတယ်။ကလေး အသက်အရွယ်ပေါ်လိုက်ပြီး သင့်တော်တဲ့ အာဟာရရအောင် ကျွေးပေးပါ။ မိခင်နို့ကတော့ ကလေး အသက် ၂နှစ်ကျော်တဲ့အထိ တိုက်လို့ရပါတယ်။ အိမ်မှာဖြည့်စွက်စာချက်ကျွေးမယ်ဆိုလည်းရသလို စျေးကွက်ထဲမှာ ရှိတဲ့ အာဟာရဖြည့်စွက်ထားတဲ့ ဖြည့်စွက်စာတွေ ကျွေးလို့ရပါတယ်။ကလေး တစ်နေ့တာ စားတဲ့အစားအစာထဲမှာ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်တွေ အပြင် တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါ စုံလင်အောင် ကျွေးပေးပါ။  အထူးသဖြင့်ကိုယ်ခံအားစနစ်ကို အထောက်အပံ့ပေးနိုင်တဲ့ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ သံဓာတ်၊ ဇင့် စတာတွေ နေ့တိုင်းပါအောင် ကျွေးပေးပါ။ကလေးတွေမှာ အိပ်ရေးပျက်ရင် natural killer cells လို့ ခေါ်တဲ့ ခုခံအားဆဲလ်တွေ ထိခိုက်ပြီးဖျားနာလွယ်ပါတယ်။ ကလေးတွေက တစ်နေ့ကို ၁၀နာရီလောက်အိပ်ဖို့ လိုပါတယ်။ နေ့လယ်ဘက်တွေမှာလည်း တစ်ရေး တစ်မော အိပ်နိုင်ရင် ပိုကောင်းပါတယ်။ ကလေးတွေကို စောစောအိပ်ခိုင်းပါ။ တီဗွီကြည့်တာတွေ၊ ဖုန်းသုံးတာတွေ လျှော့ခိုင်းပါ။အသက်အလိုက် ထိုးရမယ့် ကာကွယ်ဆေးတွေကို ပုံမှန်ထိုးပေးပါ။ ဒါ့ပြင် ခုလို ကာလမှာ ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးနိုင်ရင် ကောင်းပါတယ်။ အသက် ၆လကျော်တာနဲ့ ထိုးလို့ရပါပြီ။ အသက် ၆လနဲ့ ၉နှစ်ကြား တစ်ခါမှ မထိုးဘူးရင် တစ်လခြားပြီး ၂ခါထိုးပါ။ အရင်နှစ်က ထိုးထားဖူးရင် တစ်ခါပဲထိုးလို့ရပါတယ်။ ကလေးတွေကို ကာကွယ်ဆေးထိုးခါနီး ဆရာဝန်နဲ့ တိုင်ပင်ပါ။လက်ဆေးခြင်းနဲ့ တစ်ကိုယ်ရေသန့်ရှင်းတာဟာ ကလေးတွေကို ရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားပိုးတွေရန် အန္တရာယ်ကနေ ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ကလေးကိုရေနဲ့ ဆပ်ပြာသုံးပြီး သေချာလက်ဆေးတတ်အောင် သင်ပေးပါ။ ဘယ်အချိန်တွေမှာ လက်ဆေးရမယ်ဆိုတာကိုပါ ပြောပြပေးပါ။ဆက်စပ်ပြီး ပြောရရင် ဒီလိုကာလမှာ လက်ဆေးတာအပြင် နှာခေါင်းစည်း တပ်ဖို့ကိုပါ အကြံပေးလိုပါတယ်။ ကလေးတွေကိုလည်း အပြင်ခေါ်သွားမယ်ဆိုရင် သူတို့နဲ့ လိုက်ဖက်တဲ့ အရွယ်အစားရှိတဲ့ နှာခေါင်းစည်းတွေ တပ်ပေးဖို့ မမေ့ပါနဲ့နော်။လေ့ကျင့်ခန်း လုပ်တာက သွေးလည်ပတ်မှုကို ကောင်းစေပြီးစိတ်ဖိစီးမှုကို လျှော့ကျစေတဲ့အတွက် ခုခံအားကို တက်စေပါတယ်။ ဒီကာလမှာ ကလေးတွေက အိမ်တွင်းပုန်းရတဲ့အတွက် လှုပ်လှုပ်ရှားရှား နေဖို့တောင် ခက်ခဲမှာပါ။ ဒါကြောင့် သမားရိုးကျ လေ့ကျင့်ခန်းတွေ အပြင် သီချင်းဖွင့်ပြီး ကတာတို့၊ လှုပ်လှုပ်ရှားရှား ကစားရတဲ့ နည်းတို့ကို သုံးလို့ရပါတယ်။ပတ်ဝန်းကျင် သန့်ရှင်းပါစေ ဆိုတာက ကလေးနားမှာ ခုခံအားကျစေတဲ့ ကိစ္စတွေကို ရှောင်ခိုင်းတာပါ။ ဥပမာ ပြောရမယ်ဆိုရင် ကလေးနားမှာ ဆေးလိပ်သောက်တာမျိုးပေါ့။ ကလေးတွေ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် အဆုတ်ရဲ့ ခုခံအား စနစ်ကို ထိခိုက်ပြီး ရောဂါပိုး ဝင်လွယ်မှာပါ။နောက်ပြီး ခုလိုအချိန်မှာ တတ်နိုင်ရင် ဧည့်သည် လက်မခံပါနဲ့။ ဧည့်သည်လာရင်လည်း ကလေးနဲ့ ဝေးဝေးထားပါ။ လက်မဆေးဘဲ၊ နှာခေါင်းစည်း မတပ်ဘဲ ကလေးနား မကပ်ပါစေနဲ့။ ကလေးကို ချီခြင်း၊ ပွေ့ဖက်နမ်းရှုံ့ခြင်းကိုလည်း ရှောင်ကြဉ်ခိုင်းပါ။ အိမ်မှာ နေမကောင်းတဲ့သူ ရှိရင်လည်း ကလေးက  အနားမကပ်အောင် သေချာ မှာထားပါ။အပေါ်မှာ ပြောထားတဲ့ နည်းလမ်းတွေထဲမှာ ခုခံအား တက်စေတဲ့ နည်းလမ်းတွေလည်း ပါသလို၊ ခုခံအား မကျအောင် ကာကွယ်တဲ့ နည်းလမ်းတွေလည်း ပါပါတယ်။ ဘာပဲဖြစ်ဖြစ် ကလေးကို မဖျား မနာအောင် ကြိုတင်ကာကွယ်ထားတာက ပိုကောင်းတယ်လို့ ပြောချင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/enhancing-the-immune-system-of-your-children-aidst-of-the-risk-of-infections/
ဝမ်းဗိုက်အဆီတက်အောင် လုပ်မိနေပြီလား။
ဗိုက်ပူရင် ဝတ်ရတာ အဆင်မပြေသလို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု နည်းတယ်နော်။ တကယ်ကတော့ဗိုက်ပူတာက စားတဲ့အစားအသောက်ကြောင့်ပဲ မဟုတ်ပါဘူး။ ကိုယ်တိုင်က မသိဘဲ လုပ်မိတဲ့အလေ့အထကြောင့်လည်း ပါပါတယ်။ ကိုယ်တိုင်က ဝမ်းဗိုက်အဆီတက်အောင် လုပ်မိနေပြီလား။ ဆိုတာကို ကြည့်ကြည့်လိုက်နော်။ဒီတစ်ခေါက်တော့ ကိုယ်တိုင် လုပ်မိနေတဲ့ အလေ့အထထဲမှာဗိုက်ခေါက်ထူစေမယ့် အလေ့အထတွေ ပါနေလားဆိုတာကို ဆန်းစစ်ကြည့်ရအောင်နော်။ဒီအလေ့အထတွေက သင့်ကို ဗိုက်ခေါက် ထူစေတာပါတဲ့။တစ်ယောက်တည်း စားတာထက် အပေါင်းအသင်းတွေ၊မိသားစုတွေနဲ့ စားတဲ့အခါ ပိုစားဝင်တတ်ပါတယ်။ ပြောရင်းဆိုရင်း စားရင်းသောက်ရင်းနဲ့ စားမိတဲ့ ပမာဏက များမှန်းမသိ များသွားတတ်ပါတယ်။ဒီလို အစားအများကြီး စားမိတာကလည်း သင့်ကို ဗိုက်အဆီတက်စေပါတယ်။အစားစားတဲ့အခါ နည်းနည်းနဲ့ အကြိမ်ရေ များများစားသူတွေကချပ်ရပ်တဲ့ ဗိုက်သားလေးကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။ အစား စားတဲ့အခါ အားပါးတရ ပမာဏ များများ စားတတ်သူတွေက ဗိုက်အဆီ ပိုတက်ကြပါတယ်။ရေသောက်တာကစိတ်ရောကိုယ်ပါကျန်းမာစေနိုင်ပါတယ်။ ရေသောက် နည်းတဲ့အခါကိုယ်ခံအား နည်းတာ၊ အသက်ရှူ လမ်းကြောင်းစနစ်ကို ထိခိုက်တာ၊ ဆီးလမ်းကြောင်း ပိုးဝင်တာ အပါအဝင် အမျိုးမျိုးသောကျန်းမာရေး ပြဿနာကို ခံစားရစေနိုင်ပါတယ်။ဒါတင်မကသေးပါဘူး ရေသောက်တာက အသားအရေကို လှပစေပါသေးတယ်။ ရေသောက်နည်းတဲ့အခါ အသားခြောက်တာ၊ဝက်ခြံပေါက်တာတွေ ဖြစ်စေနိုင်သလို ဗိုက် အဆီလည်း တက်စေနိုင်ပါတယ်။တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်သောက်ပေးတာကဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပြီး အဆီလောင်ကျွမ်းစေနိုင်လို့ ဗိုက်အဆီ တက်တာကို ဟန့်တားနိုင်မှာပါ။အိပ်ရာထဲမှာ ဖုန်းသုံးတာက အိပ်ရေး ပျက်ရုံတင် ပျက်စေတာ မဟုတ်ဘဲ ဗိုက်ကိုလည်း အဆီ တက်စေနိုင် ပါသေးတယ်။ အိပ်ရာထဲမှာ ဖုန်းအပါအဝင် လျှပ်စစ် ပစ္စည်းတွေ ထားတာက အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပြီး ကိုယ်အလေးချိန် တက်စေနိုင်သလို ဗိုက် အဆီ ဖြစ်ပေါ်မှုကိုလည်း အားပေးရာ ရောက်ပါတယ်။အိပ်ခန်းထဲမှာ တီဗွီ၊ကွန်ပျူတာ၊ ဖုန်း စတာတွေ မထားပါနဲ့။ အိပ်ရာထဲမှာ ဖုန်းသုံးတာကို ရှောင်ပါ။ညအိပ်ချိန်ကလည်း ဗိုက်အဆီ တက်စေဖို့ အားပေးနေပါတယ်။ ညဘက်မှာ အနည်းဆုံး အိပ်ချိန် ၆ နာရီ ရှိဖို့ လိုပါမယ်။ ဒါမှ သင့်တင့်တဲ့ကိုယ်အလေးချိန်ကို ရရှိမှာ ဖြစ်သလို ဗိုက် အဆီတက်တာကိုလည်း ကာကွယ်ပြီးသား ဖြစ်မှာပါ။အစား မြန်မြန် စားတာက ကိုယ်အလေးချိန် တက်စေသလို ဗိုက် အဆီကိုလည်း တက်စေပါတယ်။ ဗိုက်ဝပြီဆိုတဲ့ အကြောင်းကိုအစာအိမ်ကဦးနှောက်ကို သတင်းပို့ဖို့ မိနစ် ၂၀ အချိန် ယူရပါတယ်။မြန်မြန်စားတဲ့အခါ သတင်းပို့လို့ ရောက်တဲ့ အချိန်မှာ တော်တော်လေး စားပြီးရက်သား ဖြစ်နေပါပြီ။ ဒါကပဲ အဆီ တက်တာကို ဖြစ်စေရတဲ့ အဓိက အကြောင်းအရင်းပါ။ လူအများစု အဆီတက်ရတာက အစားမြန်မြန်စားလို့ပါ။ကဲ…… ဘယ်နှချက်လောက် လုပ်မိနေပြီလဲ…… ခုကစပြီး ဆင်ခြင်လို့ချပ်ရပ်လှပတဲ့ ဗိုက်လေးကို ပိုင်ဆိုင်ကြစို့နော်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/habits-that-cause-belly-fat/
ရင်ပူတာက ဘယ်အချိန်ဆို စိုးရိမ်ဖို့ လိုမလဲ!
ရင်ပူတာ၊အစာမကြေတာတွေက နေ့စဉ်ဘဝမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပေါ့။ အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒီလို ရင်ပူတာက ဖြစ်တတ်တယ်ဆိုပေမယ့် ရင်ပူတာက ဘယ်အချိန်ဆို စိုးရိမ်ဖို့ လိုမလဲ! ဆိုတာကို သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ရင်ပူတယ်ဆိုတာက ရင်ဘတ်ထဲမှာ ပူလောင်နေပြီး ရင်ညွှန့်အလယ်တည့်တည့်ကနေ စူးပြီး အောင့်တာမျိုးပါ။ ဒီလိုရင်ပူတာက ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုပေမယ့် ရင်ပူတဲ့ လက္ခဏာတွေက တစ်ခါတလေမှာ အခြား ပြင်းထန်တဲ့ ရောဂါတွေရဲ့ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင် တူနေတတ်ပါတယ်။ဒီတော့ ရင်ပူတာက ဘယ်လို ရောဂါတွေရဲ့ လက္ခဏာတွေ ဖြစ်နိုင်လဲ! ဘယ်အချိန်မှာ စိုးရိမ်ဖို့ လိုမလဲ! ဆိုတာကို အတူတူကြည့်လိုက်ရအောင်နော်။ရင်ပူတာက ဘယ်အချိန်ဆို စိုးရိမ်ဖို့ လိုမလဲ! ဆိုတော့။နေ့တိုင်းလိုလို ရင်ပူတာကို ခံစားနေရတာ။တကယ်လို့ ရင်ပူတာကို ခံစားရတာက တစ်ပတ်ကို ၂ ကြိမ်နဲ့အထက် ဖြစ်နေမယ်။ နေ့တိုင်းလိုလို ခံစားနေရမယ်ဆိုရင် အစာခြေအက်ဆစ် ပြန်ဆန်တက်တာ ဒါမှမဟုတ်အစာရေမြိုအောက်ဖက်ကြွက်သား မကျုံ့ဆန့်နိုင်တာ လိုမျိုးကျန်းမာရေး ပြဿနာတစ်ခုခု ရှိနေတာပါ။ ဒါကြောင့် နေ့တိုင်းလိုလို ရင်ပူနေရင် မပေါ့ပါနဲ့။ဒီအခြေအနေကြောင့် ရင်ပူတာကို ခံစားရတဲ့အခါ –။ဗိုက်အောင့်တာ။ရင်ပူတာအပြင်ဗိုက်အောင့်တာ၊ လေပွတာတွေကိုပါ အတူပူးတွဲ ခံစားနေရပြီဆိုရင်တော့ အစာအိမ်ရောင် နေတာဖြစ်နိုင်ပါတယ်ပါ။ အစာအိမ်ရောင်တယ်ဆိုတာက အစာအိမ်အတွင်းနံရံမှာ H.pyloriလို့ခေါ်တဲ့ ဘက်တီးရီးယားရှိနေတာ‌ကြောင့် ဖြစ်နိုင်သလို အရက်တွေနဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ အရောင်ကျဆေးတွေကို အလွန်အကျွံ သောက်သုံးတာတွေကြောင့်လည်း ဗိုက်အောင့်ပြီး ရင်ပူတာကို ခံစားရနိုင်ပါတယ်။အဆက်မပြတ် ချောင်းဆိုးတာ၊ ကြို့ထိုးတာ။တစ်ချိန်လုံး ချောင်းဆိုးနေတာ ကြို့ထိုးနေတာက အစာအိမ်အက်စစ် ဆန်တက်တာကြောင့် ဖြစ်နိုင်သလို အစာအိမ်က ရင်ဝမ်းခြားကြွက်သား‌ကနေ ရင်ခေါင်းထဲကို ကျွံနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ရင်ဝမ်းခြားမြှေးကြွက်သားက ရင်ခေါင်းနဲ့ ဝမ်းခေါင်းကြားကို ပိုင်းခြားပေးထားတဲ့ ကြွက်သားတစ်ချပ်ပါ။ အသက်ရှူရမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေသလို အဆုတ်ကို အသက်ရှူနိုင်ဖို့ လုပ်ဆောင်ပေးပါတယ်။ဒီအခြေအနေမှာ ရင်ပူတာနဲ့အတူ ရင်ဘတ်ထဲက အောင့်တာ၊ ဗိုက်အောင့်တာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ၊ အသက်ရှူ ပြတ်တောင်းတောင်း ဖြစ်တာကို ခံစားရနိုင်ပါတယ်။မျိုချရခက်တာ။အစားအစာ တစ်ခုခုကို မျိုချရ ခက်တာ၊ အစားကို မျိုချချိန်မှာ နာကျင်တာကို ခံစားရတာနဲ့အတူ ရင်ပူတာကိုပါ ခံစားရမယ် ဆိုရင်တော့ အစာရေမျို ရောင်နေတာလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာ အစာခြေအက်ဆစ် ပြန်ဆန်တက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။အချိန်ကြာလာတာနဲ့အမျှ မျိုချရခက်လာတယ်၊ အစာမာကနေ အပျော့၊ အပျော့ကနေ အရည်အထိ  တဖြည်းဖြည်း မျိုချလို့ မရတော့ဘူးဆိုရင် အစာရေမျိုပြွန်ကင်ဆာ ဖြစ်နိုင်တာကို သတိပြုပါ။မအီမသာဖြစ်တာ အော့အန်တာ။မအီမသာဖြစ်တာ အော့အန်တာတွေက အစာခြေအက်ဆစ်ပြန်ဆန်တက်မှုရဲ့ လက္ခဏာ တစ်ရပ် ဖြစ်နိုင်ပါတယ်။ အစာရေမျိုရောင်တာ၊ အစာအိမ်အတွင်းနံရံ ရောင်ရမ်းတာတွေကလည်း မအီမသာဖြစ်တာအော့အန်တာတွေကို ဖြစ်စေနိုင်ပါတယ်။ရင်ဘတ်ထဲက ပြင်းပြင်းထန်ထန် အောင့်တာ။ရင်ဘတ်ထဲက ပြင်းပြင်းထန်ထန် အောင့်တာ ရင်ဘတ်ထဲမှာ ဖိအား တစ်ခုခု ဖြစ်သလို ခံစားနေရတာနဲ့အတူ မေးရိုးထဲက နာကျင်တာ၊ ဇက်ကြောနဲ့ နောက်ကျော နာကျင်တာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ၊ အသက်ရှူရ ခက်ခဲတာတွေက ချက်ချင်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ လိုမယ့် လက္ခဏာပါ။ ဒါကရုတ်တရက် နှလုံးရပ်နိုင်ခြေခံစားရနိုင်တဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။ပိန်သွားတာ။အလိုလိုနေရင်း ပိန်လာတာ၊ လပိုင်းအတွင်းမှာ သိသိသာသာပိန်ကျသွားတာတွေက ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ ကင်ဆာရောဂါလည်း ဖြစ်နိုင်လို့ သတိထားဖို့ လိုပါတယ်။ရင်ပူတာက ဖြစ်လေ့ဖြစ်ထရှိပြီးစိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းတယ်ဆိုပေမယ့် ပုံမှန်အားဖြင့်ကတော့ မစိုးရိမ်ရပါဘူး။ ဒါပေမယ့် အမြဲလိုလို ဖြစ်နေမယ်။ အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေကိုပါ ခံစားနေရမယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာ တစ်ခုခုရဲ့ လက္ခဏာ ဖြစ်နိုင်သလို နေ့စဉ်ဘဝမှာပါ အနှောင့်အယှက်ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ သေချာ ပြသဖို့ လိုပါမယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/signs-your-heartburn-could-be-something-more-serious/
Exercise-induced asthma (လေ့ကျင့်ခန်းကြောင့်ဖြစ်သော ပန်းနာရင်ကြပ်ရောဂါ)
သူ့နာမည်အတိုင်းပင် လေ့ကျင့်ခန်းကြောင့် ဖြစ်တဲ့ ပန်းနာရင်ကြပ်ရောဂါဆိုသည်မှာ လေ့ကျင့်ခန်းများပြင်းပြင်းထန်ထန် သို့ ကြာရှည်လုပ်ပြီးတဲ့အခါမှာဖြစ်တဲ့ပန်းနာရင်ကြပ်ရောဂါ ပဲဖြစ်ပါတယ်။ နာတာရှည်ပန်းနာရင်ကြပ်ရောဂါရှိတဲ့လူတွေဟာ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ပန်းနာရင်ကြပ်ရောဂါရဲ့ ရောဂါလက္ခဏာတွေကိုကြုံတွေ့ရလေ့ရှိပါတယ်။ သို့သော်လည်း နာ တာရှည်ပန်းနာရင်ကြပ်ရောဂါမရှိပဲ လေ့ကျင့်ခန်းလုပ်နေစဉ်မှ ရောဂါလက္ခဏာဖြစ်လာတဲ့လူတွေလည်း များစွာရှိပါတယ်။လေ့ကျင့်ခန်းကြောင့်ဖြစ်တဲ့ ပန်းနာရင်ကြပ်ရောဂါ ဟာအရမ်းအဖြစ်များပါတယ်။ မိန်းကလေးများတွင်ယောက်ျားလေးများထက်ပိုဖြစ်တာတွေ့ရပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ် ။ အန္တရာယ်ရှိသည့်အရာများကို ရှောင်ရှားခြင်းဖြင့် ရောဂါကို သက်သာအောင်လုပ်နိုင်ပါတယ်။ အသေးစိတ်သိရှိစေရန် ဆရာဝန်နှင့်တိုင်ပင်သင့်ပါတယ် ။အများဆုံးဖြစ်လေ့ရှိတဲ့ရောဂါလက္ခဏာတွေကတော့….။လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် အသက်ရှူလမ်းကြောင်းကျဉ်းသွားသည့် ရောဂါလက္ခဏာတွေဟာ လေ့ကျင့်ခန်းလုပ်နေစဉ် သို့ လုပ်ပြီး မိနစ်အနည်းငယ်ကြာတဲ့အခါမှာ ဖြစ်ပေါ်လာလေ့ရှိပြီး မကုသပဲထားပါက မိနစ် ၃၀ သို့ ၃၀ ထက်ပိုပြီး ကြာနိုင်ပါတယ်။ ရောဂါလက္ခဏာများ ကတော့…။– ချောင်းဆိုးခြင်း ၊။– ရင်ကြပ်ခြင်း ၊။– အသက်ရှူမဝခြင်း ၊။– ရင်ဘတ်တင်းကြပ်နေခြင်း သို့ နာကျင်နေခြင်း ၊။– လေ့ကျင့်ခန်းလုပ်နေစဉ် မောပန်းခြင်း ၊။– လုပ်နိုင်မည်ထင်ထားသည့်ပမာဏလောက်မလုပ်နိုင်ခြင်း ၊။– သင်ဟာ ကျန်းမာသည့်ပုံစံတွင်ရှိနေသော်လည်း မကျန်းမာဘူးဟု ခံစားရခြင်း၊။– လှုပ်ရှားမှုများ မရှိတော့ခြင်း ( ကလေးငယ်များတွင်ဖြစ်လေ့ရှိသော လက္ခဏာ)။အထက်ဖော်ပြပါ စာရင်းတွင်မပါသည့်ရောဂါလက္ခဏာများလည်း ရှိနိုင်ပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ပတ်သတ်ပြီး အသေးစိတ်သိချင်လျှင်တော့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ ။အထက်ဖော်ပြပါစာရင်းတွင်ပါသည့်လက္ခဏာများ ခံစားနေရပြီဆိုလျှင်တော့ ဆရာဝန်နှင့်ပြသသင့်ပါပြီ။ လူတစ်ယောက်နှင့်တစ်ယောက် မတူညီကြပါဘူး ။ သင့်အတွက်အကောင်းဆုံးကိုသိရှိနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတာအကောင်းဆုံးပါ ။အကယ်၍ သင့်တွင်အောက်ပါဆိုးရွားသည့် ရောဂါလက္ခဏာများ ဖြစ်လာလျှင်တော့ အရေးပေါ်ကုသမှုခံယူဖို့လိုအပ်ပါတယ်။– ရုတ်တရက်အသက်ရှူမဝခြင်း သို့ရင်ကြပ်ခြင်းဖြစ်လာ၍ ပိုဆိုးလာခြင်း ၊။– ရောဂါအတွက် ရှူဆေးအသုံးပြုပြီးသည့်တိုင်အောင် သက်သာမှုမရှိခြင်း ။ဆေးပညာလေ့လာသူများဟာ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့်ပန်းနာရင်ကြပ်ရောဂါဖြစ်ရတဲ့အကြောင်းရင်းကို ရှာဖွေနေကြပါတယ်။ ဖြစ်စေသောအကြောင်းရင်းဟာ တစ်ခုထက်ပိုတဲ့ဇီဝကာမဖြစ်စဉ်တွေဖြစ်ပါတယ်။ လေ့လာရှာဖွေသူများသိကြတာကတော့ လေ့ကျင့်ခန်းကြောင့် အသက်ရှူလမ်းကြောင်းကျဉ်းသူများတွင် လေ့ကျင့်ခန်းဟာ မော်လီကျုးများရွှေ့လျားမှုကို ဖြစ်စေပြီး အသက်ရှူလမ်းကြောင်းကို ရောင်ရမ်းစေကာ ချွဲများထွက်လာစေသည်ဟု ဆိုကြပါတယ် ။ပိုဆိုးစေတဲ့အရာတွေကတော့..။– လေအေးများ ၊ ခြောက်သွေ့သောလေများ ၊ ညစ်ညမ်းသောလေများ ၊ လေထုထဲတွင်ဝတ်မှုန်များ များစွာပါဝင်ခြင်း ၊ ရေကူးကန်ထဲရှိကလိုရင်းဓါတ်များ ၊ မှင်ဆေးရည်တွက်ပါဝင်သည့် ဓါတုပစ္စည်းများ ၊ အသက်ရှူလမ်းကြောင်းရောဂါပိုးကူးစက်ခံရခြင်း သို့ အခြားအဆုတ်ရောဂါများ ၊ အသက်ပြင်းပြင်းကြာကြာရှူရသည့် အားကစားများဖြစ်သည့် ပြေးခြင်း ၊ ရေကူးခြင်း သို့ ဘောလုံးကန်ခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ရဲ့ရောဂါလက္ခဏာများ ကိုမေးခြင်းအပြင် ဆရာဝန်ဟာ စမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်ပါလိမ့်မယ် ။ သင့်ရဲ့အဆုတ်အလုပ်လုပ်နိုင်မှုကောင်းမကောင်းနှင့် ရောဂါလက္ခဏာဖြစ်စေတဲ့အခြားအကြောင်းရင်းများကိုလည်း သိရှိရဖို့ စမ်းသပ်စစ်ဆေးပါလိမ့်မယ်။အဆုတ်အလုပ်လုပ်မှုကောင်းမကောင်းစမ်းသပ်ခြင်း ။သင်လေ့ကျင့်ခန်းမလုပ်နေစဉ်မှာ အဆုတ်ရဲ့အလုပ်လုပ်နိုင်စွမ်း မည်မျှရှိသည်ကို spirometry စမ်းသပ်မှုနှင့် ဆရာဝန်ဟာ စစ်ဆေးပါလိမ့်မယ်။ ထိုစစ်ဆေးမှုဟာ သင်ရှူလိုက်သော လေပမာဏ ၊ သင်ရှူထုတ်လိုက်သော လေပမာဏ နှင့် ဘယ်လောက်မြန်မြန်ရှူထုတ်တယ်ဆိုတာကို တိုင်းတာ ပေးပါလိမ့်မယ်။ထိုစစ်ဆေးမှုလုပ်ပြီးတဲ့အခါမှာ သင့်ရဲ့အဆုတ်ကို ကျယ်စေရန် ရှူစရာပစ္စည်းတစ်ခုပေးပါလိမ့်မယ်။ ထို့နောက်ပထမအတိုင်း စမ်းသပ်မှုကို ပြန် လုပ်ကာ ဆရာဝန်ဟာ ရလာဒ်နှစ်ခုကိုနှိုင်းယှဉ်ကြည့်ပြီး အသက်ရှူလမ်းကြောင်းချဲ့သည့်ပစ္စည်းဟာ သင့်ရဲ့လေလမ်းကြောင်းကို ဘယ်လောက်ကောင်းမွန်လာအောင်လုပ်ပေးနိုင်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ အစပိုင်းလုပ်တဲ့ အဆုတ်စစ်ဆေးမှုဟာ ရောဂါရဲ့အကြောင်းရင်းတစ်ခုဖြစ်နိုင်တဲ့ နာတာရှည် ပန်းနာရင်ကြပ်ရောဂါကို ရှာဖွေအဖြေထုတ်ရာတွင်အရေးကြီးပါတယ်။လေ့ကျင့်ခန်းလုပ်ခိုင်းစေပြီး စမ်းသပ်စစ်ဆေးခြင်း ။နောက်ထပ်ဆရာဝန်လုပ်မယ့် စစ်ဆေးမှုကတော့ လေ့ကျင့်ခန်းလုပ်ခိုင်းစေပြီး စမ်းသပ်မှုပဲ ဖြစ်ပါတယ်။ သင်ဟာ သင့်အသက်ရှူနှုန်းကို မြန်လာစေမည့်ေ ပြးစက်ပေါ်တွင်ပြေးခြင်း သို့ အခြား လေ့ကျင့်ခန်းတစ်ခုကိုပြုလုပ်ရပါမယ်။ ထိုလေ့ကျင့်ခန်းဟာ သင်ကြုံတွေ့ခဲ့ရသည့် ရောဂါလက္ခဏာများ ပြန်ပေါ်လာနိုင်သည့်အထိ ပြင်းထန်ရပါမယ်။ လိုအပ်လျှင် လှေကားထစ်တက်ခြင်းကဲ့သို့ လက်တွေ့လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါတယ်။ ထိုသို့စမ်းသပ်မှုမလုပ်ခင်နှင့် ပြုလုပ်အပြီးတွင် spirometry နှင့်ပြန်လည်စစ်ဆေးခြင်းဟာလည်း လေ့ကျင့်ခန်းကြောင်း အသက်ရှူလမ်းကြောင်းကျဉ်းသွားခြင်းကို အတည်ပြုပေးနိုင်ပါတယ်။အခြား စစ်ဆေးမှု ။လေ့ကျင့်ခန်းလုပ်ခိုင်းနေခြင်းအပြင် ဆရာဝန်ဟာ သင့်ကို ရောဂါလက္ခဏာများ ပေါ်လာစေမည့် ရှူစရာတစ်ခုရှူခိုင်းပြီး စမ်းသပ်ပါလိမ့်မယ်။ အကယ်၍သင့်ရဲ့အသက်ရှူလမ်းကြောင်းဟာ ထိုလှုံ့ဆော်မှုများကို တုံ့ပြန်လျှင်ယခုစမ်းသပ်မှုဟာလည်း လေ့ကျင့်ခန်းလုပ်နေစဉ် သင့်အဆုတ်ရဲ့အလုပ်လုပ်ပုံက်ုတွေ့ရပါလိမ့်မယ်။ယခုစမ်းသပ်မှုမလုပ်ခင်နှင့် ပြီးတဲ့အခါ spirometry နှင့်ထပ်မံစစ်ဆေးခြင်းဖြင့် အဆုတ်ရဲ့အလုပ်လုပ်ပုံပြောင်းလဲခြင်းရှိမရှိ သိရှိနိုင်ပါတယ်။ အခြားစစ်ဆေးမှုများကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။Methacholine နှင့်စမ်းသပ်ခြင်း ။ ။ methacholine လို့ခေါ်တဲ့ရှူစရာပစ္စည်းတစ်ခုဟာ အသက်ရှူလမ်းကြောင်းထဲမှာရှိတဲ့ ကြွက်သားများနဲ့ဓါတ်ပြုပြီး အသက်ရှူလမ်းကြောင်းကို ကျဉ်းသွားစေပါတယ်။EVU နှင့်စမ်းသပ်ခြင်းတွင်အောက်စီဂျင်၊ ကာဘွန်ဒိုင်အောက်ဆိုဒ် နှင့် နိုက်ထရိုဂျင်တို့နှင့်ပေါင်းစပ်ထားသော ခြောက်သွေ့သည်လေ့ကိုရှူခိုင်းခြင်းဖြင့် အသက်ရှူရခက်ခဲနေသောအချိန်တွင်လေအဝင်အထွက်ကိုလှုံ့ဆော်ပေးပါတယ်။Mannitol နှင့်စမ်းသပ်ခြင်းတွင်ထိုအမှုန့်ကိုရှူခြင်းဖြင့် လေလမ်းကြောင်းတွင်ရေများကိုဆုံးရှုံးစေပြီး ရောင်ရမ်းခြင်းကိုဖြစ်စေပြီး အသက်ရှူလမ်းကြောင်းကျဉ်းသွားခြင်းကိုဖြစ်စေတဲ့မော်လီကျူးလှုပ်ရှားမှုများကို ထိန်းချုပ်ပေးပါတယ်။အခြားအခြေအနေများကိုစစ်ဆေးအဖြေရှာခြင်း ။လေ့ကျင့်ခန်းကြောင့်ဖြစ်တဲ့ပန်းနာရင်ကြပ်ရောဂါလက္ခဏာများကဲ့ သို့ အခြားအလားတူ ရောဂါလက္ခဏာများရှိနိုင်သည့် ရောဂါများကိုရှာဖွေဖို့ဘဆရာဝန်ဟာ စမ်းသပ်မှုများ ထပ်မံပြုလုပ်ပါလိမ့်မယ်။ ထိုအလားတူရောဂါများကတော့…။– အသံထုတ်ပေးသည့်အစိတ်အပိုင်းအလုပ်မလုပ်ခြင်း၊။– ဓါတ်မတည့်မှုများ ၊။– အဆုတ်ရောဂါ ၊။– နှလုံးခုန်နှုန်းမမှန်ခြင်း သို့ အခြားနှလုံးရောဂါများ ၊။– အစာရေမြိုထဲသို့ အစာအိမ်မှအက်စစ်များပြန်ကန်ထွက်လာသည့်ရောဂါ တို့ပဲဖြစ်ပါတယ်။ဆရာဝန်ဟာ လေ့ကျင့်ခန်းမလုပ်ခင် သို့ ရေရှည်စွဲသောက်ရန်ဆေးများကိုညွှန်ကြားပါလိမ့်မယ်။လေ့ကျင့်ခန်းမလုပ်ခင် ဆေးညွှန်းများ ။လေ့ကျင့်ခန်းကြောင့်ဖြစ်တဲ့အသက်ရှူကြပ်ခြင်းကို လျော့နည်းစေဖို့ ဆရာဝန်ဟာ ဆေးများကိုညွှန်ကြားပါလိမ့်မယ်။ ဆေးသောက်သည့်အချိန်နှင့် လေ့ကျင့်ခန်းလုပ်သည့်အချိန်မည်မျှခြားရမည်ကိုဆရာဝန်ကိုမေးမြန်းပါ ။ သောက်ရမည့်ဆေးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။ခဏတာ beta receptor လှုံ့ဆော်ဆေးများဟာ ရှူဆေးများဖြစ်ပြီး အသက်ရှူလမ်းကြောင်းကို ပွင့်စေပါလိမ့်မယ်။ ထိုဆေးများဟာအသုံးများပြီး လေ့ကျင့်ခန်းမလုပ်ခင်ဆေးများတွင် အထိရောက်ဆုံးဖြစ်ပါတယ်။ ထိုဆေးများဟာ ဆေးယဉ်ပါးခြင်းဖြစ်တတ်တာကြောင့် နေ့စဉ်သုံးစွဲရန်တော့ညွှန်ကြားမထားပါဘူး ။ ထိုဆေးများတွင် albuterol, levalbuterol, pirbuterol တို့ပါဝင်ပါတယ်။ Ipratropium ကတော့ လေလမ်းကြောင်းများကို ကျယ်စေတဲ့ရှူရသည့်ဆေးဖြစ်ပြီး အချို့လူများတွင် ထိရောက်တာတွေ့ရပါတယ်။ Ipratropium ကိုရှူသည့်ပစ္စည်း nebulizer နှင့်တွဲသုံးနိုင်ပါတယ်။ရေရှည်စွဲသောက်ရမည့်ဆေးများ။ရေရှည် ပန်းနာရင်ကြပ်ရောဂါကိုကုသရန် သို့လေ့ကျင့်ခန်းမလုပ်ခင်ပေးသော ဆေးတစ်မျိုးတည်းမထိရောက်တဲ့အခါ ဆရာဝန်ဟာ ရေရှည်သောက်ရမည့်ဆေးများကိုပါ ညွှန်ကြားပါလိမ့်မယ်။ ထိုဆေးများဟာ နေ့စဉ်သောက်ရမည်ဖြစ်ပြီး အောက်ပါတို့ဖြစ်ပါတယ်။ရှူရသည့် corticosteroid ဟာတော့ လေလမ်းကြောင်းထဲတွင်ရောင်ရမ်းမှုများကို လျော့ချပေးပါလိမ့်မယ်။ ထိုဆေးများ အထိရောက်ဆုံးဆေးစွမ်းမပြမီဆေးကို ၂ ပါတ်မှ၄ ပါတ်အထိသောက်သုံးရပါမယ်။ ထိုဆေးများတွင်တော့ fluticasone,budesonide,mometasone, beclometasone တို့ပါဝင်ပါတယ်။ corticosteroid နှင့် beta လှုံ့ဆော်ဆေးတို့ပေါင်းစပ်ထားသည့်ရှူဆေးများကတော့ အသက်ရှူလမ်းကြောင်းကို ချောင်စေပါတယ်။ ထိုရှူဆေးများကို ကြာရှည်စွဲသုံးရမည့်ဆေးများအဖြစ်ညျွန်ကြားတဲ့အခါဆရာဝန်ဟာ ထိုဆေးများကို လေ့ကျင့်ခန်းမလုပ်ခင် သောက်သုံးခိုင်းပါလိမ့်မယ်။ ပေါင်းစပ်ထားသည့်ရှူဆေးများကတော့ fluticasone and salmeterol, budesonide and formoterol,monetasone and formoterol တို့ ဖြစ်ပါတယ်။Leukotrine receptor ကိုပိတ်သည့်ဆေးများကတော့ ပါးစပ်မှသောက်သုံးရပြီး အချို့လူများတွင်ရောင်ရမ်းခြင်းများ ကို သက်သာစေပါတယ်။ ထိုဆေးများကို နေ့စဉ်သောက်သုံးလို့ရပြီး လေ့ကျင့်ခန်းမလုပ်ခင် ၂ နာရီကြိုသောက်ခြင်းဖြင့်လည်း ကာကွယ်ဆေးတစ်ခုအနေနဲ့သောက်သုံးနိုင်ပါတယ်။ ထိုဆေးများကတော့ montelulast,zafirlucast, zileuton တို့ဖြစ်ပါတယ်။ ထိုဆေးများရဲ့ဘေးထွက်ဆိုးကျိုးများကတော့ အပြုအမူပြောင်းလဲခြင်းနှင့် သက်သေချင်သည့်အတွေးတို့ကိုဖြစ်စေခြင်းတို့ပဲ ဖြစ်ပါတယ်။ ထိုသို့ လက္ခဏာများ ဖြစ်လာလျှင်တေြာ ဆရာဝန်ကို ပြောကြားပါ ။– ပုံမှန်လေ့ကျင့်ခန်းမလုပ်မီ ၁၀ မိနစ်လောက်သွေးပူလေ့ကျင့်ခန်းအရင်လုပ်ပါ ။– လေအဆုတ်ထဲသို့မဝင်မီ ပူနွေးစိုစွတ်စေရန် လေကိုနှာခေါင်းမှရှူသွင်းပါ ။– အေးမြ ခြောက်သွေ့သောရာသီမျိုးတွင် နှာခေါင်းစည်းတပ်ပြီး လေ့ကျင့်ခန်းပြုလုပ်ပါ ။– သင့်တွင်ဓါတ်မတည့်ခြင်းရှိလျှင် ဓါတ်မတည့်စေမည့်အရာများကို ရှောင်ရှားပါ ။ ဥပမာအဖြင့် ဝတ်မှုန်ပမာဏများစွာပါဝင်သည့် နေရာမျိုးတွင် လေ့ကျင့်ခန်းမလုပ်ပါနှင့် ။– သင့်တွင် အအေးမိခြင်း သို့ အသက်ရှူလမ်းကြောင်းပိုးကူးစက်ခံရခြင်းရှိလျှင် ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းများကို ရှောင်ရှားပါ ။– ကျန်းကျန်းမာမာရှိစေပြီး ကောင်းမွန်တဲ့အသက်ရှူလမ်းကြောင်းကိုဖြစ်စေရန် လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပါ။ကျောင်းတွင်တော့ သင့်ကလေးဟာ လေ့ကျင့်ခန်းကြောင့် အသက်ရှူကျပ်ခြင်းရှိလျှင် ဆရာဝန်ကို ဆေးစာတစ်ခုရေးပေးဖို့ပြောကြားပါ ။ ထိုဆေးစာတွင်ဆရာ ၊ဆရာမများ ၊ သူနာပြုများနှင့် နည်းပြများသိရန်လိုအပ်သည့် သင့်ကလေးလိုအပ်တဲ့ကုသမှုများ နှင့် ရောဂါလက္ခဏာများကြုံတွေ့လာပါက မည်သို့လုပ်ဆောင်ရမည်များကို တစ်ဆင့်ချင်းညွှန်ကြားချက်များပါဝင်ပါတယ်။အကယ်၍သင့်တွင်မေးခွန်းများရှိသေးလျှင်တော့ အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/asthma-respiratory-health/exercise-induced-asthma-%e1%80%b1%e1%80%9c%e1%80%b7%e1%80%80%e1%80%ba%e1%80%84%e1%80%b9%e1%80%b7%e1%80%81%e1%80%94%e1%80%b9%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7/
သွေးတိုး ရောဂါရှိတာ သေချာပြီလား
မြန်မာနိုင်ငံမှာ လူတွေကို အန္တရာယ်အပေးဆုံးနဲ့ အသေအပျောက် အများဆုံး ရောဂါတွေထဲမှာသွေးတိုး ရောဂါက နံပါတ် ၄ ချိတ် ပါတယ်။ မြန်မာနိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်ပေမယ့် ကူးစက်ရောဂါရော မကူးစက်တဲ့ ရောဂါဒဏ် နှစ်မျိုးစလုံးကို ခံစားနေရတာပါ။ ဒါကို double burden လို့ ခေါ်ပါတယ်။ သွေးတိုးရောဂါက မကူးစက်တဲ့ ရောဂါထဲမှာ ပါပါတယ်။ အခု လူတွေက သွေးတိုးရောဂါနဲ့ ပတ်သတ်ပြီး အတော်အသင့်လည်း သိလာကြပါပြီ။ ဒါပေမယ့် ပြဿနာက သွေးပေါင်လေး တစ်ခါလောက် ချိန်ပြီး ကိုယ့်ကိုယ်ကို သွေးတိုးနေပြီလို့ ထင်တာပါပဲ။ ဒီပြဿနာကို ပြောပြပေးမှာပါ။ သွေးတိုးလို့ ဘယ်အခါမှာ သတ်မှတ်မှာလဲ။ ကိုယ့်မှ သွေးတိုးရောဂါ ရှိမရှိ ဘယ်လို သိနိုင်မလဲ ဆိုတာ ဆက်ကြည့်ရအောင်။တစ်ခါတစ်လေ နေလို့မကောင်းလို့၊ ခေါင်းမူးလို့ ဆေးခန်းသွားပြတယ်။သွေးပေါင်ချိန်တယ်။ ဆိုပါစို့ ၁၃၀/၉၀ ရတယ်ပေါ့။ ချက်ချင်းပဲ အလန့်တကြားနဲ့ သူ့မှာ သွေးတိုးရောဂါ ရှိနေပါပြီပေါ့။ နောက်တစ်ခါ သွေးတိုးရောဂါ ရှိလားသိချင်လို့ သွေးပေါင်တိုင်းပေးပါဦး ဆိုတာလည်း ရှိပါသေးတယ်။ပြောချင်တာက သွေးတိုးရောဂါ ရှိမရှိကို ဒီလို တစ်ခါတည်း တိုင်းလို့မရပါဘူး။ စနစ်တကျ တိုင်းဖို့ဆိုရင်။အိမ်မှာ ကိုယ့်စက်နဲ့ကိုယ် တိုင်းမယ့်သူတွေက။ပထမဆုံးနေ့ကို ဘာလို့ ထည့်မတွက်တာလဲ ဆိုတော့ လူတွေက သွေးတိုးနေမှာစိုးလို့ ပထမဆုံးနေ့မှာ အစားရှောင်တာတို့ လေ့ကျင့်ခန်းလုပ်တာတို့ လုပ်တတ်ကြတာကြောင့် အဖြေမမှန်တတ်ပါဘူး။ နောက်ရက်တွေ ဆက်တိုင်းမှ အမှန်အတိုင်း သိရတာပါ။  ဒါကြောင့် တစ်ခါလောက်လေး တိုင်းပြီး ၁၂၀/၈၀ မရတာနဲ့ သွေးတိုးနေပြီလို့ စိတ်မပူပါနဲ့တော့။ဆေးခန်းမှာ တိုင်းမယ်ဆိုရင်တော့။နောက်တစ်ခုက သွေးတိုးလို့ သွားတိုင်းတာ ဖြစ်ဖြစ်၊ ဒီတိုင်း သွေးပေါင်ချိန် သိချင်လို့ တိုင်းတာဖြစ်ဖြစ် လုပ်တတ်တဲ့ အမှားတွေ ရှိပါတယ်။ အထူးသဖြင့် ဆေးဆိုင်မှာ သွားတိုင်းရင်၊ အိမ်မှာ ကိုယ့်စက်နဲ့ ကိုယ်တိုင်းရင်ပါ။ တွေ့ရတတ်တဲ့ အမှားတွေကတော့။သွေးပေါင်ကို မတ်တပ်ရပ်ပြီး မတိုင်းရပါဘူး။ မတ်တပ်ရပ်ရင် သွေးတွေ အကုန်လုံး ခြေထောက်မှာ စုသွားလို့ အဖြေမမှန်နိုင်ပါဘူး။ အကောင်းဆုံးက အမှီပါတဲ့ ခုံမှာ ထိုင်ပြီး စားပွဲခုံပေါ် လက်တင်ပြီး တိုင်းတာပါ။သွေးပေါင်တိုင်းမယ်ဆိုရင် ခဏနားပြီး တိုင်းရပါမယ်။ အပြင်က ပြန်လာလာချင်း၊ ရေချိုးပြီးပြီးချင်း၊ ထမင်းစားပြီးပြီးချင်း ဗိုက်အင့်နေတဲ့အချိန်၊ ဆီးအိမ်တင်းပြီး ဆီးသွားချင်တဲ့ အချိန်တွေ မတိုင်းရပါဘူး။ ခဏနား အမောပြေမှတိုင်းတာ ပိုမှန်ပါတယ်။ခုတိုင်း ၊ တော်ကြာ တစ်မိနစ်နေရင်တိုင်း အဖြေမတူနိုင်ပါဘူး။ နောက်ပြီး မာကျူရီနဲ့ တိုင်းတာနဲ့ အိမ်သုံးစက်နဲ့ တိုင်းတာ အဖြေအနည်းငယ် ကွာနိုင်တယ်ဆိုတာ သိထားရပါမယ်။ ဒါဖြစ်တတ်ပါတယ်။သွေးတိုးရှိတဲ့သူတွေကို မေးကြည့်ပါ။ သွေးတက်ရင် ဘာလက္ခဏာ ခံစားရသလဲလို့။ အများစုက ဘာမှ မခံစားရပါဘူး။ခေါင်းမူး၊ ဇက်ကြောတက်လေးတောင် မဖြစ်ပါဘူး။ သွေးပေါင်ချိန် ၂၀၀လောက် တက်နေတာတောင်လေဖြတ်ခါမှ ဖြတ်ရော လူကောင်းအတိုင်း သွားလာနေတဲ့ သူတွေ ရှိပါတယ်။သွေးတိုးရှိမှန်း စသိတာတောင်မှ ခေါင်းနောက်လို့ သွေးပေါင်ချိန်ကြည့်ပြီး သွေးတိုးမှန်း သိသူက နည်းနည်း၊ ဒီတိုင်း တခြား ရောဂါ တစ်ခုခု ကုရင်းနဲ့ အမှတ်မထင်သိသူက များများပါ။ ပြောချင်တာက သွေးတိုးက လက္ခဏာမပြတတ်ပါဘူး။ သွေးတက်နေရင်တောင် အကောင်းအတိုင်း သွားနေနိုင်ကြပါတယ်။ဒါကြောင့် သူ့ကိုsilent killerအသံတိတ်လူသတ်သမားလို့ ခေါ်တာပါ။ မကောင်းတဲ့ အချက်က ဒီလို ဘာလက္ခဏာမှ မပြတဲ့ အတွက် ကြောက်ရမှန်း မသိပါဘူး။ ဆေးလည်း ပုံမှန်မသောက်တော့ပါဘူး။ ခေါင်းမူးမှ သောက်မယ်။ အငန်စားတဲ့ နေ့မှ သောက်မယ်။အုန်းနို့ခေါက်ဆွဲစားတဲ့ နေ့မှ သောက်မယ်တွေ ဖြစ်လာပါတယ်။လူတိုင်းသိတာ သွေးတိုးက ကုလို့ မပျောက်ပါဘူး။ ဒါဆို ဘာလို့ ဆရာဝန်တွေ ဆေးပေးနေတာလဲ။ ရက်ချိန်းတွေ ပြန်ခေါ်ပြီး ကြည့်နေတာလဲ။ လူနာကလည်း အကောင်းတိုင်းရှိနေတာကိုလေ။ ဆရာဝန်တွေ သွေးတိုးလူနာကို ကုနေရတာ ရည်ရွယ်ချက်နှစ်ခုတည်းပါ။သွေးတိုးကို မထိန်းနိုင်လို့ နောက်ဆက်တွဲ ရောဂါတွေ ဖြစ်တဲ့ နှလုံးပျက်စီးတာ၊ မျက်လုံးထိခိုက်တာ၊ကျောက်ကပ်ပျက်တာ၊ လေဖြတ်တာတွေ ဖြစ်တော့မှ ကုရင် မမီတော့ပါဘူး။ ဒါကြောင့် သွေးတိုးကို ကုနေတာပါ။သွေးတိုးကို ထိန်းတဲ့ နည်းက ၂နည်း ရှိပါတယ်။ စားသောက်နေထိုင်တဲ့ ပုံစံပြောင်းတာနဲ့ ဆေးသောက်တာပါ။ ၂ခုလုံးက အရေးကြီးပါတယ်။(၁)ကိုယ်အလေးချိန်ထိန်းပါ။ ၁၀ကီလို (ပေါင် ၂၀) ကျတိုင်းမှာ သွေးပေါင်က ၅-၂၀ mmHg ကျပါတယ်။(၂) အသီးအရွက်များများစားပါ။ အဆီအဆိမ့် လျှော့စားပါ။(၃)ဆားကို တစ်နေ့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းထက် မပိုပါစေနဲ့။(၄)လေ့ကျင့်ခန်းလုပ်ပါ။ တစ်နေ့ကို မိနစ် ၃၀နဲ့ တစ်ပတ် ၅ရက်လောက် လုပ်ပါ။(၅) အရက်လျှော့သောက်ပါ။ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း ပုံမှန်သောက်ပါ။ ခေါင်းမူးမှ သောက်မယ် ဆိုတာမျိုး မလုပ်ပါနဲ့။ ဒီနေ့တော့ ငါးပိစားမိလို့ ဆိုပြီး ဆေးပိုသောက်တာမျိုး မလုပ်ပါနဲ့။နောက်ပြီး သွေးတိုးတဲ့ လူတိုင်းကို ပေးတဲ့ ဆေးက မတူပါဘူး။ ဒါကြောင့် ကိုယ်သွေးတိုးတိုင်း ဘေးအိမ်က သွေးတိုးနေတဲ့သူဆီက ဆေးကို ယူသောက်မယ်လို့ မတွေးပါနဲ့။ ဆေးဆိုင်ကလည်း အလွယ်ဝယ်မသောက်ပါနဲ့။ လူနာရဲ့ ရောဂါရာဇဝင်ပေါ် မူတည်ပြီး ဆေးပေးရတာကြောင့် သွေးတိုးကို ဆရာဝန်နဲ့ သေချာပြဖို့ လိုပါတယ်။ပြန်ချုပ်ရမယ်ဆိုရင် သွေးတိုးရောဂါရှိမရှိ သိဖို့က သွေးပေါင်ချိန် တိုင်းရုံနဲ့ ရပါတယ်။ တိုင်းတဲ့ နေရာမှာ မှန်မှန်ကန်ကန် တိုင်းဖို့လိုပါတယ်။ ဒီဆောင်းပါးမှာ အဓိက ပြောချင်တာက တစ်ခါတည်း တိုင်းရုံနဲ့ သွေးတိုးတယ်လို့ ပြောလို့ မရဘူးဆိုတာပါ။ သွေးတိုးရှိပြီဆိုရင်လည်း စားသောက်နေထိုင်မှု ပုံစံပြောင်းလဲတာရော ဆေးသောက်တာရော ပုံမှန်လုပ်ရမယ်ဆိုတာ သိဖို့လိုပါတယ်။ ဒါမှ သွေးတိုးကို ထိန်းနိုင်ပြီး နောက်ဆက်တွဲ ရောဂါတွေ မဝင်မှာပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8-%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%9b%e1%80%be%e1%80%ad%e1%80%90%e1%80%ac-%e1%80%9e%e1%80%b1%e1%80%81%e1%80%bb/
အီလက်ထရောနစ်ပစ္စည်းတွေဟာ ကလေးတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်သလဲ
တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာဆယ်ကျော်သက်တွေသာမက ကလေးတွေရဲ့ လက်ထဲမှာပါ ဖုန်း၊ တက်ဘလက်၊ အိုင်ပတ် စတဲ့ လျှပ်စစ်ပစ္စည်းတွေကို တွေ့လာရပါတယ်။ ဖုန်းတွေ၊ ဂိမ်းတွေ မရှိဘဲ တစ်နာရီလေးတောင် မကုန်ဆုံးနိုင်ကြပါဘူး။ အရင်ခေတ်က ကလေးတွေနဲ့ အကွာကြီးကွာနေ ပါတယ်။ဒီလိုစက်ပစ္စည်းတွေကြောင့် အထိခိုက်ရဆုံးသူတွေဟာလည်း ကလေးတွေကိုယ်တိုင်ပါပဲ။ လျှပ်စစ်ပစ္စည်းတွေနဲ့ တစ်ချိန်လုံး မျက်နှာအပ်ထားသူ ကလေးတွေမှာ ဖွံ့ဖြိုးမှုပြဿနာကြီးမားစွာ ရှိနေပါတယ်။ အောက်မှာကြည့်လိုက်ကြရအောင်။သင့်ကလေးရဲ့ ဦးနှောက်ဟာမွေးခါစမှ စကာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးနေတာပါ။ လျှပ်စစ်ပစ္စည်းတွေကို လွန်ကဲစွာ အသုံးပြုခြင်းဟာ ဦးနှောက်ဉာဏ်ရည်ဖွံဖြိုးတိုးတက်မှုကို နှောင့်နှေးစေတဲ့အပြင် အာရုံစူးစိုက်နိုင်စွမ်းနဲ့ အကြားအာရုံကိုလည်း ထိခိုက်စေပါတယ်။ တီတီတာတာ စကားစပြောတတ်တဲ့အချိန်မှာ သူတို့လေးတွေကို သီချင်းဆိုပြတာမျိုး၊ ပုံပြင်ပြောပြတာမျိုးဟာ တီဗွီ၊ ဖုန်းစခရင်ပေါ်ကလူတွေမဟုတ်ဘဲ သင် ကိုယ်တိုင်ပဲဖြစ်သင့်တယ် ဆိုတာကို သတိထားပါ။မိဘတွေဟာ ကလေးတွေကို ငြိမ်နေအောင် လက်ထဲ ဖုန်းထည့်ပေးထားလေ့ရှိရာမှာ အကျင့်တဖြည်းဖြည်း ပါသွားကာ သူတို့စွဲလမ်းသွားမှ စိုးရိမ်လာပြီး ပြန်သိမ်းတတ်ကြပါတယ်။ ဒီအခါမှာ ကလေးဟာ ကြည်ကြည်ဖြူဖြူနဲ့ ပြန်ပေးလိမ့်မယ်လို့ လုံးဝမထင်လိုက်ပါနဲ့။ ပြန်မပေးပါဘူး။ အတင်းပြန်ယူလိုက်တဲ့အခါ စိတ်ဆိုးပြီး ပေါက်ကွဲ ငိုယိုပါတော့တယ်။ အလွယ်တကူစိတ်တိုတတ်တဲ့ ကလေးတစ်ယောက်ကို မလိုချင်ရင်တော့ လျှပ်စစ်ပစ္စည်းနဲ့ ကလေးတွေရဲ့ ထိတွေ့မှုအချိန်ကို ကန့်သတ်လိုက်ပါ။ပြေးလွှားဆော့ကစားနေရမယ့်အစား၊ အရုပ်ကလေးတွေနဲ့ ဆော့နေရမယ့်အစား တီဗွီ၊ ဖုန်းတွေကိုပဲ ကပ်တွယ်နေရင်တော့ အကျိုးဆက်က ကိုယ်ကာယဖွံ့ဖြိုးမှုတွေ လျော့ကျလာမှာပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အဝလွန်နေပြီဆိုရင်တော့ ဒီကလေးဟာ လျှပ်စစ်ပစ္စည်းတွေပေါ်မှာပဲ အချိန်ကုန်နေပြီဆိုတာကို သတိပေးလိုက်သလိုပါ။ ထိတွေ့မှုလျှော့သင့်နေပြီလို့ အသိပေးတဲ့အချက် တစ်ချက်ပါပဲ။ကလေးတွေဟာ ဖုန်းနဲ့ပဲ အချိန်ကုန်နေပြီဆိုရင်တော့ မိဘနဲ့ရော၊ မောင်နှမတွေနဲ့ပါ ခပ်ခွာခွာ ဖြစ်လာမှာပါ။ မရင်းနှီးတော့ပါဘူး။ ဒီအရွယ်ဟာ လျှပ်စစ်ကမ္ဘာထဲက အရုပ်လေးတွေနဲ့ သူငယ်ချင်းဖြစ်ရမယ့် အရွယ်မဟုတ်ပါဘူး။ အပြင်မှာရှိတဲ့ လူသားအစစ်တွေနဲ့ ပြေးလွှားဆော့ကစားရမယ့်အရွယ်ပါ။အမေရိကန်နိုင်ငံမှာ ကလေး ၃ ပုံ ၁ ပုံဟာ အဝလွန်ပါတယ်။ တစ်နေ့ကို ခုနှစ်နာရီနဲ့အထက် တီဗွီကြည့်ခြင်းနဲ့ ဂိမ်းဆော့ခြင်းတွေ ပြုလုပ်လို့ပါပဲ။ ကိုယ်လက်လှုပ်ရှားမှု မလုပ်တဲ့အခါ အဝလွန်ပြီး ကိုယ်အလေးချိန် တက်လာတာ မဆန်းပါဘူး။ ကလေးကြီးတွေမှာဆိုရင်တော့ တစ်နေကုန်ဂိမ်းဆော့နေ၊ အင်တာနက်သုံးနေတဲ့အတွက် အဟာရဖြစ်တဲ့ အစားအစာတွေကို အချိန်ပေးမစားတော့ဘဲ အသင့်စားခေါက်ဆွဲပြုတ်၊ ဟမ်ဘာဂါစတဲ့ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို စားသုံးကြတာကြောင့် အဝလွန်လာရတာပါ။ အဝလွန်ခြင်းရဲ့ နောက်ကွယ်ကကျန်းမာရေးပြဿနာတွေကတော့ အများကြီးပါပဲ။ကလေးတွေဟာ ဖုန်း၊ ကွန်ပျူတာတွေအပေါ် အစွဲလမ်းကြီး စွဲလမ်းသွားရင်တော့ တခြားဘာကိုမှ သိပ်စိတ်မဝင်စားကြတော့ပါဘူး။ ကျောင်းသင်ခန်းစာနဲ့ ဗဟုသုတရစရာတွေဆိုရင်လည်း လှည့်တောင်မကြည့်ချင်ကြတော့ပါဘူး။ ကျောင်းစာတွေမှာ အာရုံမဝင်စားရင်တော့ ပညာရေးအတွက် ရင်ပူစရာပါ။ဖုန်းကိုသုံးနေတဲ့ ကလေးတစ်ယောက်ဟာ ဖုန်းအပေါ်မှာပဲ စိတ်ဝင်စားမှုရှိပါတယ်။ ဖုန်းသုံးရင်းပဲ တစ်ယောက်တည်း အချိန်ကုန်တတ်ကြပါတယ်။ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲ၊ ဘယ်သူတွေ ဘာလုပ်နေလဲဆိုတာ လားလားမှ စိတ်မဝင်စားတော့ပါဘူး။ မယုံရင် ကလေးတစ်ယောက်ကို ဖုန်းလေးတစ်လုံး ပေးထားကြည့်ပါ။ အများနဲ့မသက်ဆိုင်တဲ့ သူလို တစ်ဦးတည်း ပြုမူနေထိုင်လာတာကို သင်မြင်ရပါလိမ့်မယ်။ ဒီလိုမျိုး သီးသန့်နေထိုင်ရင်းနဲ့ လူမှုဆက်ဆံရေးမှာ ပြဿနာရှိလာပါလိမ့်မယ်။ လူမဝင်ဆံ့တော့ဘဲ ပင်ကိုယ်အရည်အသွေးတွေကျဆင်းလာနိုင်ပါတယ်။ကလေးတွေမှာ မျက်လုံးကို ထိခိုက်စေတဲ့ အဓိက အကြောင်းအရင်းတစ်ခုက လျှပ်စစ်ပစ္စည်းတွေကို အကြည့်များခြင်းပါ။ မျက်ခမ်းခြောက်သွေ့လာမယ်။ မျက်လုံးထဲကို ပိုးအလွယ်တကူ ဝင်ရောက်လာ နိုင်မယ်။ ဒီလိုနဲ့အမြင်အာရုံပါ ထိခိုက်လာမှာပါ။ မျက်မှန်ပါဝါအထူကြီး တပ်ထားရတဲ့ ကလေးတွေကို တွေ့ဖူးကြပါလိမ့်မယ်။ ဖုန်းအလွန်ကြည့်ခြင်းရဲ့ အကျိုးဆက်ပါ။ ဒါ့အပြင် ဖုန်းစခရင်က ထွက်လာတဲ့အပြာရောင် အလင်းဟာ Melatonin ဟော်မုန်းထွက်လာမှုကို ကန့်သတ်လိုက်ပါတယ်။  Melatonin ဟာ နှစ်ခြိုက်စွာအိပ်ပျော်စေတဲ့ ဟော်မုန်းပါ။ ဒီဟော်မုန်းမထွက်တော့တဲ့အခါ အိပ်စက် ခြင်းပြဿနာတွေရှိလာမှာပါ။ဒါကြောင့် မိဘတွေအနေနဲ့ ကလေးကို မလိုအပ်ဘဲ လုံးဝဖုန်းပေးမကိုင်ပါနဲ့။ အကွာအဝေး တစ်ခုကနေ တီဗွီကြည့်ခြင်းဟာ ဖုန်းကိုစိုက်ကြည့်နေတာထက်စာရင် အန္တရာယ်နည်းပါတယ်။ကလေးတွေဟာ ကိုယ်နေဟန်ထား မှန်မှန်ကန်ကန်နဲ့ ဖုန်းမကြည့်ကြပါဘူး။ ဖြစ်သလို အနေအထား (ဆိုဖာပေါ် ခွေခေါက်ထိုင်ခြင်း၊ ခုံပေါ်မှာ ခါးတည့်တည့်မတ်မတ် မထိုင်ဘဲ ကွေး၍ထိုင်ခြင်း)နဲ့ ဖုန်းသုံးကြတာပါ။ အကျိုးဆက်အနေနဲ့ ဇက်ကြောတက်ခြင်း၊ခါးနာခြင်းစတဲ့ကြွက်သားပြဿနာတွေ ခံစားရလာမှာပါ။စမတ်ဖုန်း၊ ကွန်ပျူတာစတဲ့ လျှပ်စစ်ပစ္စည်းတွေကနေ ဓာတ်ရောင်ခြည်တွေ ထုတ်လွှတ် ပါတယ်။ ဓာတ်ရောင်ခြည်တွေကို ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်က အရွယ်ရောက်ပြီးသူ တစ်ယောက်ထက်စာရင် ပိုပြီးစုပ်ယူနိုင်ပါတယ်။ ဒီလိုဓာတ်ရောင်ခြည်တွေဟာ ကလေးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ စကားပုံအတိုင်း သင်ကလေးကို ဖုန်း၊ ကွန်ပြူတာစတဲ့ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ ထိတွေ့မှုကို ကန့်သတ်လိုက်ပါ။ အရွယ်နဲ့မလိုက် မသုံးပါစေနဲ့။ ကလေးတွေလက်ထဲ ဒီလိုစက်ကိရိယာတွေ ဘာကြောင့်ပေးထားသလဲဆိုတာကို အသေအချာ ပြန်စဉ်းစားပါ။ ဖျော်ဖြေမှုအတွက်လား၊ ဆော့ကစားဖို့လား။ ဒီလိုဆိုရင်တော့ သူတို့တွေ ကလေး သဘာဝ ကစားဖို့ရန်အတွက် အရုပ်လေးတွေ၊ အားကစားနည်းလေးတွေ၊ ပစ္စည်းလေးတွေ၊ ပဟေဠိလေးတွေ ရှိပါတယ်။ အဲဒါလေးတွေနဲ့သာ ဆော့ကစားကြပါစေ။  သူတို့တွေ ကျန်းမာစွာ ကြီးပြင်းလာတဲ့အခါ သင့်ကို ကျေးဇူးတင်နေမှာ မလွဲဧကန်ပါပဲ။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/neurological-diseases/%e1%80%a1%e1%80%ae%e1%80%9c%e1%80%80%e1%80%ba%e1%80%91%e1%80%9b%e1%80%b1%e1%80%ac%e1%80%94%e1%80%85%e1%80%ba%e1%80%95%e1%80%85%e1%80%b9%e1%80%85%e1%80%8a%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%b1/
သိုင်းရွိုက်ဟော်မုန်းများသူတွေ သတိထားသင့်တဲ့ အရေးပေါ်အခြေအနေ
သိုင်းရွိုက်ဟော်မုန်းများသူတွေ သတိထားသင့်တဲ့ အရေးပေါ်အခြေအနေတစ်ခုရှိပါတယ်။ ဒါကို Thyroid crisis/Thyroid stormလို့ ခေါ်ပါတယ်။ အချိန်တိုလေးအတွင်းမှာ ဖြစ်လာပြီး တဖြည်းဖြည်းပိုဆိုးလာနိုင်လို့ ထိရောက်တဲ့ကုသမှုကို အမြန်ဆုံး ခံယူသင့်တဲ့ အခြေအနေပါ။သိုင်းရွိုက်ဟော်မုန်းက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ တော်တော်များများကို ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် သိုင်းရွိုက်ဟော်မုန်း များရင် ဖြစ်ဖြစ်၊ နည်းရင် ဖြစ်ဖြစ် တစ်ကိုယ်လုံးမှာ လက္ခဏာတွေ ပြတာပေါ့။ ဒီအရေးပေါ်အခြေအနေမှာတော့ သိုင်းရွိုက်ဟော်မုန်းတွေ အဆမတန်များလာတာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးက စနစ်တွေ ထိန်းမနိုင် သိမ်းမရဖြစ်လာတာပါ။သာမန်သိုင်းရွိုက်ဟော်မုန်း များတဲ့ လက္ခဏာတွေနဲ့ အတူတူပါပဲ။ သူကတော့ ရုတ်တရက်ကြီး ဖြစ်လာပြီး လက္ခဏာတွေလည်း ပိုဆိုးတတ်ပါတယ်။ တွေ့ရတတ်တာတွေကတော့။သိုင်းရွိုက်ဟော်မုန်းများတဲ့ သူတစ်ယောက်ဟာ ရုတ်တရက်ကြီး ဒီလိုလက္ခဏာတွေ ပြလာတယ်ဆိုရင် ဒါအရေးပေါ်အခြေအနေပါ။ ဆေးရုံကို အမြန်သွားရမှာပါ။ဒီအရေးပေါ်အခြေအနေက ဖြစ်ခဲပါတယ်။ သိုင်းရွိုက်ဟော်မုန်းများတာကို မသိလို့ မကုဘဲနေတဲ့သူတွေ၊ ထိထိရောက်ရောက် မကုတဲ့သူတွေမှာ ပိုတွေ့ရပါတယ်။ ဒါ့ပြင် နဂို သိုင်းရွိုက်ဟော်မုန်းများတဲ့ အခံရှိတဲ့သူတွေမှာ အောက်က ကိစ္စလေးတွေ ဖြစ်လာခဲ့ရင်လည်း Thyroid crisis ဖြစ်တတ်ပါတယ်။ကုသလို့ရပါတယ်။ အချိန်မီ ဆေးရုံကို ခေါ်သွားဖို့ လိုပါတယ်။ ဒီရောဂါက အချိန်တိုလေးအတွင်းမှာပဲ ပြင်းထန်လာတတ်လို့ ရုတ်တရက် နှလုံးခုန်မမှန်ဘဲ သေဆုံးတာမျိုး ဖြစ်တတ်ပါတယ်။ အဓိကကတော့ ဆေးဝါးတွေနဲ့ များနေတဲ့ သိုင်းရွိုက်ဟော်မုန်းကို ပြန်နည်းအောင် လုပ်ရတာပါ။ တခြားရောဂါအခံတွေ ရှိနေရင်လည်း ကုသပေးရပါတယ်။ အများစုကတော့ ၁ရက်ကနေ ၃ရက်လောက်ဆို သက်သာသွားပါပြီ။ သက်သာသွားရင်တော့ သက်ဆိုင်ရာ ဟော်မုန်းအထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး သေသေချာချာ ကုသရမှာပါ။ မဟုတ်ရင် ခဏခဏ ပြန်ဖြစ်ပါလိမ့်မယ်။ဒီရောဂါက နာတာရှည် ရောဂါတော့ မဟုတ်ပါဘူး။ အချိန်တိုလေးအတွင်းမှာ ခပ်မြန်မြန်ဖြစ်ပြီး အချိန်မီ ကုသမှုခံယူလိုက်ရင် ပြန်ကောင်းသွားတာမျိုးပါ။ ထပ်မဖြစ်ချင်ဘူးဆိုရင်တော့ သိုင်းရွိုက်ဟော်မုန်းကို ထိန်းချုပ်နိုင်အောင် ဆေးတွေ စနစ်တကျကုတာပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%9e%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%bd%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%9f%e1%80%b1%e1%80%ac%e1%80%ba%e1%80%99%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%99/
အထိုင်များတာကြောင့် ရှင်သန်မှုလက္ခဏာ နှလုံးလေးကို ထိခိုက်စေနိုင်ပါသတဲ့
ပြောင်းလဲလာတဲ့ ခေတ်အခြေအနေကြောင့် လူတော်တော်များများလှုပ်ရှားမှုနည်းလာကြတယ်။ နေအိမ်မှာလည်း အထိုင်များကြသလို အလုပ်ခွင်မှာလည်း တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေရသူက ခပ်များများပါ။ အထိုင်များတာက ကျန်းမာရေးကို ထိခိုက်စေမယ်ဆိုတာ ထွေထွေထူးထူးပြောနေဖို့ မလိုအောင်ပါ။ ဒီတစ်ခေါက်တော့ အထိုင်များတာကြောင့်နှလုံးလေးဘယ်လိုထိခိုက်နိုင်လဲဆိုတာကို ပြောပြပေးပါရစေလား…….။နေ့တိုင်း အချိန်ကြာမြင့်စွာ ထိုင်နေတတ်တဲ့အမျိုးသမီးတွေဟာ နှလုံးရောဂါခံစားရနိုင်ခြေပိုများတယ်လို့ လေ့လာမှု အသစ်တစ်ရပ်အရ သိရပါတယ်။တစ်ခုမကသော နှလုံးကို ထိခိုက်စေနိုင်တဲ့ အချက်တွေက။• ကျန်းမာရေးနဲ့ မညီညွတ်တဲ့စားသောက်မှုပုံစံ။• အိပ်ရေးပျက်တာ။•ဆေးလိပ်သောက်တာ။•ကိုယ်လက်လှုပ်ရှားမှုနည်းတာ။• ရောဂါအခံ တစ်ခုခုရှိတာ။•စိတ်ဖိစီးတာ။• အဝလွန်။•သွေးတိုးရောဂါရှိတာ။• သွေးတွင်းအဆီများတာ။•အထိုင်များတာတွေ ပါ။သုတေသီတွေနဲ့ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေလုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတွေအရ အထိုင်များတာက နှလုံး ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ အချက်ပါ။ အခုနောက်ပိုင်း လူလတ်ပိုင်းလောက်မှာကတည်းက အများစုဟာ အထိုင်များတဲ့ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်လာကြပါတယ်။အကြောင်းကတော့ နေအိမ်မှာလည်း အပန်းဖြေတဲ့ သဘောနဲ့ ထိုင်တာ၊ ရုပ်ရှင်ကြည့်တဲ့အခါ ထိုင်ကြည့်တာ။အလုပ်ခွင်မှာ ထိုင်ပြီး အလုပ်လုပ်ရတာတွေကြောင့် အထိုင်များတဲ့ လူနေမှုပုံစံက အလိုလို လုပ်မိနေရက်သား ဖြစ်နေပါတော့တယ်။မကြာသေးခင်ကလုပ်ဆောင်ခဲ့တဲ့ လ့လာမှုတစ်ရပ်အရ သိရတာက အသက် ၁၈ နှစ် အထက် လူ ၄ ဦးမှာ ၁ ဦးက တစ်နေ့ကို ၈ နာရီနဲ့အထက်ထိုင်ကြတယ် ဆိုတာပါ။ အသက် ၁၈ နှစ်အထက် လူတွေထဲက ၃ ရာခိုင်နှုန်းလောက်ဟာ တစ်နေ့ကို လှုပ်လှုပ်ရှားရှားနေတဲ့အချိန်က ၄ နာရီတောင်မရှိဘူးလို့ သိရပါတယ်။အခုလုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအသစ်တစ်ရပ်အရ အထိုင်များတာက အမျိုးသမီးတွေမှာသွေးဆုံးပြီးတဲ့အချိန်မှာ အဝလွန် တာနဲ့ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်များတာတွေ ခံစားရနိုင်ခြေများပါတယ်။ ဒီပြဿနာကို အများဆုံး ကြုံတွေ့ရတာက အသက် ၅၅ နှစ် နဲ့အထက် အမျိုးသမီးတွေမှာပါ။လေ့လာမှုအတွင်းအသက် ၅၀နဲ့အထက် အမျိုးသမီးတွေကို အုပ်စု ၂ စုခွဲပြီး လေ့လာခဲ့ပါတယ်။ လေ့လာမှုအတွင်း အမြဲမပြတ် ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီလေ့လာမှုမှာပါဝင်ခဲ့သူတွေထဲကမှ အထိုင်များတဲ့အမျိုးသမီးတွေဟာ နှလုံးရောဂါ ခံစားရနိုင်ခြေများနေတာကို တွေ့ရှိခဲ့ရပါတယ်။အမျိုးသမီးတွေကိုအသက်ဆုံးရှုံးမှုအများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းက နှလုံးရောဂါပါ။ အမျိုးသမီး ၃ ဦးမှာ ၁ ဦးက နှလုံးရောဂါကြောင့် သေဆုံးနေရသလို အသက် ၅၀ အထက်ရောက်လာတဲ့အခါ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ အမျိုးအစား (၂) ဆီးချိုလိုမျိုး ရောဂါတွေကို ခံစားကြရပါတယ်။တကယ်ကတော့ အထိုင်များတာက နှလုံးရောဂါဖြစ်နိုင်ခြေကိုတင် များစေနိုင်တာ မဟုတ်ဘဲ။ သေဆုံးနိုင်ခြေကိုပါ များစေနိုင်ပါတယ်။ အထူးသဖြင့် အသက်အရွယ်ကြီးရင့်သူတွေမှာပေါ့။ တစ်နေ့ကို ၁၄ နာရီနဲ့အထက် ထိုင်နေကြသူတွေဟာ အချိန်ကြာလာတာနဲ့အမျှအဝလွန်နိုင်ခြေ များလာကြသလို နှလုံးရောဂါ ခံစားရနိုင်ခြေလည်း တော်တော်လေးများပါတယ်။အထိုင်များတာကသွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလိုအမျိုးအစား (၂) ဆီးချိုရောဂါခံစားရနိုင်ခြေကိုလည်း မြင့်တက်စေနိုင်ပါတယ်။ နောက်တစ်ချက်က အထိုင်များတာက သွေးတွင်း အဆီဓာတ်ကိုလည်း တိုးစေနိုင်ပါတယ်။ အထိုင်များတာက လေဖြတ်နိုင်ခြေကိုလည်း မြင့်တက်စေနိုင်တာကြောင့် အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲဖို့က မဖြစ်မနေ လိုအပ်မှာပါ။အထိုင်များတာက အမြန်စား၊ အသင့်စား အစားအစာတွေကို စားသောက်သလောက်နီးပါး ကျန်းမာရေးကို ထိခိုက် စေနိုင်တာပါ။ ဒါကြောင့် ကျန်းမာတဲ့နှလုံးနဲ့ ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်စေဖို့ဆိုရင် တော်ရုံ သိပ်မဝေးတဲ့နေရာတွေကိုလမ်းလျှောက်သွားတာမျိုး၊ အမြဲထိုင်နေတာမျိုးမလုပ်ဘဲ ၃နာရီခြား တစ်ခါလောက် ရုံးတွင်းမှာ လမ်းလျှောက်တာမျိုး မတ်တတ်ရပ်တာမျိုး လုပ်ပေးသင့်ပါတယ်။နေ့စဉ်ကိုယ်လက် လှုပ်ရှားမှုရှိစေတာကစိတ်ရောကိုယ်ပါကျန်းမာစေပြီး အသက်ရှည်ကျန်းမာစေဖို့ရော နှလုံး ကျန်းမာ စေဖို့ပါ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ လှုပ်ရှားမှု ၁၅ မိနစ်လောက် လုပ်ပေးတာက နှလုံးထိခိုက်နိုင်ခြေကို ၁ ရာခိုင်နှုန်း လျှော့ချပေးနိုင်တာကြောင့် မဖြစ်မနေ အထိုင်များတဲ့ ဘဝနေထိုင်မှုကို ပိုင်ဆိုင်ထားရင်တောင်မှ လှုပ်ရှားမှု ပုံမှန်ရှိနေဖို့ လိုပါမယ်။ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ နှလုံးကျန်းမာရေးကို စောင့်ရှောက်ဖို့ တာဝန်အရှိဆုံးသူက ကိုယ်တိုင်ဖြစ်တာကြောင့် တစ်နေ့တာမှာ အနည်းဆုံး ၁၅ မိနစ်လောက် လှုပ်ရှားမှု ပုံမှန်လုပ်ရင်း နှလုံး ကျန်းမာရေးကို စောင့်ရှောက်ကြဖို့ တိုက်တွန်းလိုက်ရပါ ကြောင်း……….။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/sitting-may-raise-heart-disease-risk/
လက်ကို မကြာခဏ ဆေးကြောနေရချိန်မှာ အရေပြားကို ဘယ်လို ဂရုစိုက်သင့်သလဲ
COVID-19ဖြစ်ပွားနေစဉ်မှာ လက်ကို မကြာခဏ ဆေးကြောဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ တိုက်တွန်းထားပါတယ်။ဗိုင်းရပ်စ်ပိုးပြန့်ပွားမှုကို ကာကွယ်ရေးအတွက် ထိရောက်တဲ့နည်းလမ်းဖြစ်ပေမယ့်ဆပ်ပြာကို တိုက်လွန်း၊ လက်ကိုဆေးလွန်းအားကြီးရင်လည်းအရေပြားရဲ့ ကာကွယ်နိုင်စွမ်းကို လျော့ကျစေနိုင်ပါတယ်။ဒါကြောင့် လက်ကို မကြာခဏ ဆေးကြောနေရချိန်မှာ ဘယ်အချက်တွေကို ဂရုစိုက်ရမလဲဆိုတာ အရေပြားဆရာဝန်တွေက တိုက်တွန်းထားတဲ့အချက်တွေ ရှိပါတယ်။ အဆိုပါအချက်တွေကတော့ အောက်ပါအတိုင်းပါပဲ။ဆပ်ပြာနဲ့ရေကို အသုံးပြုပြီး စက္ကန့်နှစ်ဆယ်လောက် ဆေးကြောနေချိန်မှာ ရေနွေးနွေးကို သုံးသင့်တယ်လို့ သုတေသီအချို့က အကြံပြုပါတယ်။ ပူနေဖို့လည်း မလိုပါဘူး။ ပူနေရင်လည်း လက်ဆေးကာကွယ်ခြင်းနည်းလမ်းအတွက် မထိရောက်ပါဘူး။ ကောင်းတာကတော့ ရေနွေးနွေးလေးနဲ့ ဆပ်ပြာတိုက်ဆေးဖို့ပါပဲ။ စက္ကန့်နှစ်ဆယ်ကို မရေချင်ရင် ဟက်ပီးဘတ်ဒေးသီချင်းကို စိတ်ထဲကနေ နှစ်ခါဆိုဖို့ အကြံပြုလိုပါတယ်။ဆပ်ပြာအများစုဟာ အရေပြားပေါ်က အလွှာလေးတွေကို ကွာသွားစေနိုင်ပါတယ်။ ခြောက်သွေ့အက်ကွဲခြင်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစိုဓာတ်ထိန်းပေးတဲ့ ဆပ်ပြာတွေကို သုံးပေးသင့်ပါတယ်။ အထူးသဖြင့် glycerin နဲ့ lanolin ပါဝင်တဲ့ ဆပ်ပြာတွေ သုံးသင့်ပါတယ်။ ဆပ်ပြာခဲတွေဟာ pH မြင့်မားတာကြောင့် ခြောက်သွေ့စေပါတယ်။ ဆပ်ပြာအရည်ကို ဦးစားပေး သုံးစွဲသင့်ပါတယ်။လက်ကိုဆေးပြီးတဲ့အခါ သိပ်မကြာခင်မှာ လက်ဟာခြောက်သွေ့သွားပါတယ်။ ထူးခြားတာကအရေပြားအလွှာအောက်က ရေများကိုပါ ဆွဲယူသွားတာပါပဲ။ ဒါကြောင့် မကြာခဏလက်ဆေးနေရင်လည်း ပိုမိုခြောက်သွေ့ခြင်းကို ဖြစ်စေတယ်လို့ သုတေသီအချို့က ဆိုပါတယ်။ ဒီလိုမဖြစ်ရအောင် လက်ဆေးပြီးချိန်မှာ ခြောက်သွေ့အောင်သုတ်ပြီး ခရင်မ်တစ်မျိုးမျိုး လူးသင့်ပါတယ်။ အဓိကကတော့ အစိုဓာတ်ထိန်းပေးနိုင်တဲ့ moisturizer ခရင်မ်များ သုံးစွဲဖို့ပါပဲ။လက်ဆေးပြီးချိန်မှာ moisturizer သုံးပြီးတဲ့အပြင် လက်အိတ်လည်းစွပ်ထားသင့်ပါတယ်။ ခြောက်သွေ့အက်ကွဲတတ်တဲ့ အရေပြားဆိုရင် ခရင်မ်ထူထူလိမ်းပြီး ညလုံးပေါက် လက်အိတ်ဝတ်ထားသင့်ပါတယ်။ ဒါမှသာ အရေပြားထဲမှာ အစိုဓာတ်ကို ကောင်းစွာ ထိန်းပေးနိုင်မှာ ဖြစ်ပါတယ်။အရေပြားမှာ ရောဂါတခုခုရှိနေသူဆိုရင် လက်မကြာခဏဆေးခြင်းကြောင့် ပိုမိုခြောက်သွေ့စေပါတယ်။ အဆိုပါပြဿနာကို ဖြေရှင်းဖို့ လိမ်းဆေးအဆီတမျိုးမျိုး (ဥပမာ Vaseline) ကို လိမ်းပေးသင့်ပါတယ်။ ခြောက်သွေ့အက်ကွဲရာတွေရှိရင် တိုက်ရိုက်လိမ်းနိုင်ပါတယ်။ Vaseline ခေါ်petroleum jellyဟာ အနာများကိုလည်း ကျက်စေပါတယ်။သင့်ရဲ့အရေပြားဟာ ခြောက်သွေ့လွယ်လွန်းရင်တော့ ရေနဲ့ဆေးမယ့်အစား လက်သန့်ဆေးရည်ကို အစားထိုးသုံးစွဲနိုင်ပါတယ်။ ဒါပေမယ့် အစာမစားခင်၊ ရေအိမ်ဝင်ပြီးချိန်နဲ့ သဲရွှံ့တွေပေနေချိန်တော့ လက်သန့်ဆေးရည်ထက်စာရင် ရေနဲ့ဆပ်ပြာက ပိုကောင်းပါတယ်။တခါသုံးပစ္စည်းများဆိုရင် ပိုကောင်းပါတယ်။ လက်သုတ်ပဝါများကို အထပ်ထပ်သုတ်နေရင် ရောဂါပိုးတွေ ကူးစက်ပြန့်ပွားရာဖြစ်လာနိုင်ပါတယ်။ တစ်ကိုယ်ရေသုံးမယ်ဆိုရင်တော့ သုံးရက်တစ်ခါ လဲလှယ်သင့်တယ်လို့ သုတေသီအချို့က ဆိုပါတယ်။ လက်ကိုသုတ်ရာမှာလည်း ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်း မပြုသင့်ပါဘူး။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/how-to-keep-your-skin-healthy-while-washing-your-hands-often/
null
null
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%a1%e1%80%9b%e1%80%80%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9b%e1%80%84%e1%80%ba-%e1%80%9b%e1%80%af%e1%80%95%e1%80%ba%e1%80%9b%e1%80%84%e1%80%b7%e1%80%ba%e1%80%85%e1%80%b1/
ဟော်မုန်း မညီမျှခြင်းအကြောင်း
ဟော်မုန်းများဟာ သင့်ကိုယ်ခန္ဓာထဲက ဓာတုဆက်သွယ်ရေးပစ္စည်းတွေ ဖြစ်ပါတယ်။ သက်ဆိုင်ရာဂလင်းများက ထုတ်လုပ်လိုက်ပြီးချိန်မှာ ဟော်မုန်းများဟာ သွေးထဲကတဆင့် ကိုယ်ခန္ဓာတလျှောက် လှည့်လည်သွားလာပြီး ဘယ်အင်္ဂါအစိတ်အပိုင်းက ဘာတွေလုပ်ဆောင်ရမယ်ဆိုတာ အချက်ပြပေးပါတယ်။ ကိုယ်ခန္ဓာရဲ့ အရေးကြီးလုပ်ငန်းဆောင်တာတွေဖြစ်တဲ့ ဇီဝဖြစ်ပျက်ခြင်း၊ မျိုးဆက်ပွားခြင်း စတဲ့ကိစ္စရပ်တွေကို ထိန်းချုပ်ပေးပါတယ်။တကယ်လို့ဟော်မုန်းတမျိုးမျိုးဟာ လိုအပ်တာထက် လျော့နည်းနေရင် ဒါမှမဟုတ် များလွန်းနေရင်ကိုယ်ခန္ဓာအတွက် ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ အဲဒီအခြေအနေကိုဟော်မုန်းမညီမျှခြင်းလို့ ခေါ်ပါတယ်။ဟော်မုန်းတွေဟာ ကိုယ်ခန္ဓာရဲ့လုပ်ငန်းစဉ်ပေါင်းစုံမှာ ပါဝင်ပါတယ်။ ဒါကြောင့်မို့ ဟော်မုန်းတမျိုးမျိုး ချို့ယွင်းချက်ရှိရင် လက္ခဏာမျိုးစုံပြနိုင်ပါတယ်။ ကိုယ်ခန္ဓာရဲ့ ဘယ်စနစ်အပေါ် သက်ရောက်သလဲဆိုတာပေါ်လည်း မူတည်ပါတယ်။ ဟော်မုန်းမညီမျှခြင်းရဲ့ လက္ခဏာတွေကတော့။– ကိုယ်အလေးချိန်တက်ခြင်း၊ကိုယ်အလေးချိန်ကျခြင်း။– ပင်ပန်းနွမ်းနယ်ခြင်း။– အပူ/အအေး မခံနိုင်ခြင်း။– ဝမ်းချုပ်ခြင်း/ဝမ်းပျက်လွယ်ခြင်း။–အသားအရေခြောက်ခြင်း။– မျက်နှာအမ်းခြင်း။– နှလုံးခုန်မြန်ခြင်း/နှေးခြင်း။–ကြွက်သားများအားနည်းခြင်း။– မကြာခဏဆီးသွားခြင်း။– ရေငတ်ခြင်း။– ကြွက်သားများ၊ နာကျင်ကိုက်ခဲခြင်း၊ တောင့်တင်းခြင်း။– အဆစ်အမြစ်များ နာကျင်ခြင်း၊ တောင့်တင်းခြင်း၊ ရောင်ရမ်းခြင်း။– ဆံပင်များကျဲလာခြင်း၊ ကျွတ်ခြင်း။– ဆာလောင်မှုပိုဆိုးလာခြင်း။– စိတ်ဓာတ်ကျခြင်း။– လိင်စိတ်ဆန္ဒနည်းပါးလာခြင်း။– ဂနာမငြိမ်ခြင်း၊ စိတ်ပူပန်ခြင်း၊ သည်းမခံနိုင်ဖြစ်ခြင်း။–အမြင်အာရုံဝေဝါးခြင်း။– ချွေးထွက်ခြင်း။– မြုံခြင်း၊ ကလေးမရခြင်း စတာတွေ ဖြစ်ပါတယ်။အမျိုးသမီးတွေမှာ ဟော်မုန်းပြဿနာဖြစ်ရခြင်းဟာ သားဥအိမ်မှာအရည်တည်တဲ့ ရောဂါကြောင့်ဖြစ်တာ များပါတယ်။ ပုံမှန်ဟော်မုန်းထုတ်လုပ်မှုဟာ ပျိုဖော်ဝင်ချိန်၊ ကလေးမီးဖွားချိန်၊ မိခင်နို့တိုက်ချိန်၊ သွေးဆုံးချိန် စတဲ့အချိန်တွေမှာလည်း ပြောင်းလဲတတ်ပါတယ်။ အမျိုးသမီးတွေမှာ ဟော်မုန်းမညီမျှတဲ့အခါ။– ဓမ္မတာများခြင်း၊ မမှန်ခြင်း (ထိန်ခြင်း၊ မလာခြင်း၊ မကြာခဏလာခြင်း)။– မျက်နှာ၊ မေးစေ့နှင့် ကိုယ်ခန္ဓာအနှံ့အပြားတွင် အမွေးအမျှင်များပေါက်ရောက်ခြင်း။– မျက်နှာ၊ ရင်ဘတ်၊ ကျောကုန်းတွင် ဝက်ခြံများထွက်ခြင်း။– ဆံပင်ပါးခြင်း၊ ကျွတ်ခြင်း။– ကိုယ်အလေးချိန်တိုးခြင်း။– အရေပြားများတွဲခြင်း။– အရေပြားပေါ် အထူးသဖြင့် လည်ပင်း၊ ပေါင်ခြံ၊ ရင်သားများအောက်ခြေ မည်းလာခြင်း။–မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ ကျုံ့ခြင်း။– အတူနေစဉ် နာကျင်ခြင်း စတာတွေ ဖြစ်ပါတယ်။အမျိုးသားများသီးသန့်ကြုံနိုင်တာကတော့ တက်စတိုစထရုန်းဟော်မုန်းနဲ့ ဆက်စပ်နေလို့ ဖြစ်နိုင်ပါတယ်။ တက်စတိုစထရုန်းဟော်မုန်းနည်းပါးရင် လက္ခဏာမျိုးစုံတွေ့ရပါတယ်။ အထူးသဖြင့်။– ရင်သားများကြီးလာခြင်း၊ နာကျင်ခြင်း။– ပန်းညှိုးခြင်း။– ကြွက်သားများ သေးငယ်လာခြင်း။– လိင်စိတ်ဆန္ဒနည်းလာခြင်း။– မုတ်ဆိတ်၊ ဆံပင် အပါအဝင် အမွေးအမျှင်များ ကျဲပါးလာခြင်း။– အရိုးပွခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ဘာကြောင့်ဖြစ်တတ်သလဲ။ဟော်မုန်းဓာတ် မညီမျှခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေ မျိုးစုံရှိပါတယ်။ အဖြစ်များတာတွေကတော့။– ဆီးချို။– သိုင်းရွိုက်ဂလင်း ပုံမှန်အလုပ်မလုပ်ခြင်း (ပုံမှန်အောက်လျော့ခြင်း၊ ပုံမှန်ထက်ပိုခြင်း)။– သိုင်းရွိုက်ရောင်ခြင်း။– ကူးရှင်းရောဂါလက္ခဏာစု။– မျိုးပွားခြင်းအင်္ဂါများကို စေ့ဆော်သော ဟော်မုန်းဂလင်းများ ပုံမှန်အလုပ်မလုပ်ခြင်း။– ဟော်မုန်းကုသမှုခံယူခြင်း။– မွေးရာပါ အဒရီနယ်ဂလင်းကြီးထွားခြင်း။– အကျိတ်များ (ဥပမာ ပီကျူထရီဂလင်းအကျိတ်)။– ဆေးဝါးအချို့သုံးစွဲနေရခြင်း။–ထိခိုက်ဒဏ်ရာရခြင်း။– ကင်ဆာကုသမှုခံယူခြင်း စတဲ့အကြောင်းတွေကြောင့် ဖြစ်ပါတယ်။သင့်ကိုယ်ခန္ဓာရဲ့ ဟော်မုန်းများ မညီမျှတဲ့ လက္ခဏာများပေါ်လာတဲ့အခါ ဆရာဝန်နဲ့ တိုင်ပင်ကုသသင့်ပါတယ်။ အထူးသဖြင့် ဟော်မုန်းဆိုင်ရာ အထူးကုဆရာဝန်များနဲ့ ပြသသင့်ပါတယ်။ ဟော်မုန်းအမျိုးအစားပေါ် မူတည်ပြီး ကုသပုံပြောင်းလဲနိုင်တာကြောင့် နားလည်တတ်ကျွမ်းသူများနဲ့ ပြသပြီး ရောဂါကို စစ်ဆေးအတည်ပြုခြင်း ပြုလုပ်ရပါမယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/hormonal-imbalance/
ဆီးချိုရောဂါ အမျိုးအစား ၂ ကို ဘယ်လိုရှာဖွေမလဲ
ဆီးချိုရောဂါ ကိုယ့်မှာ ရှိလား၊ မရှိလား  မသေချာဘူး။ ဆီးချိုလက္ခဏာတွေတော့ ခံစားနေရသလိုပဲဆိုရင် ဆီးချိုရောဂါ အမျိုးအစား ၂ ကို ဘယ်လိုရှာဖွေမလဲ ဆိုတာကို ကြည့်ကြရအောင်။ဆီးချိုရောဂါ အမျိုးအစား၂ သင့်မှာရှိနေတယ်လို့ ကြားရတာက ကြောက်ဖို့ကောင်းရင် ကောင်းပါလိမ့်မယ်။ သူက တစ်သက်လုံး ဖြစ်နေမှာ ဖြစ်တဲ့အတွက် ပိုကြောက်ဖို့ ကောင်းပါတယ်။ ဒါပေမယ့် သူ့ကို ထိန်းချုပ်လို့တော့ ရပါတယ်။ သင့်အနေနဲ့ ဆီးချိုရောဂါ အမျိုးအစား၂ ရှိနေတယ်ဆိုတာ သိတာနဲ့ ဘယ်လိုပြောင်းလဲပြီး နေထိုင်စားသောက်ရမလဲဆိုတာကို လေ့လာသင်ယူပါ။ ဒီလိုနေထိုင်စားသောက်သွားရင် ကျန်းမာတဲ့ဘဝလေးကို ပြန်လည်ပိုင်ဆိုင်နိုင်မှာပါ။တကယ်လို့ မကုသဘဲထားရင်တော့ အောက်ဖော်ပြပါ နောက်ဆက်တွဲ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ဆီးချိုရှိတဲ့သူတွေက သက်တူရွယ်တူဆီးချိုမရှိတဲ့သူတွေထက် သေနိုင်ချေ နှစ်ဆပိုများပါတယ်။ ဒါပေမယ့် ဆီးချိုရဲ့ နောက်ဆက်တွဲပြဿနာတွေကိုတော့ ကုသမှုကြိုတင်ခံယူပြီး ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှမြန်မြန် ဆီးချိုရောဂါကို ရှိမရှိ စစ်ဆေးဖို့အရေးကြီးပါတယ်။လူတချို့မှာ ရောဂါလက္ခဏာပြသတဲ့အတွက်ကြောင့် ဆီးချိုကို စစ်ဆေးသိရှိသွားကြပါတယ်။ဆီးချိုရောဂါ အစောပိုင်း လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။ပုံမှန်ဆို လူတစ်ယောက်က ဆီးချိုရှိမရှိကို အသက်၄၅ လောက်မှ စတင် စစ်ဆေးနိုင်ပါတယ်။ တကယ်လို့ သင်က အောက်ပါအခြေအနေနဲ့ လက္ခဏာတွေဖြစ်နေရင် စောစောသွားစစ်ဆေးသင့်ပါတယ်။အောက်ဖော်ပြပါစမ်းသပ်မှုတွေကို ပြုလုပ်မှာပါ။ဒီစစ်ဆေးမှုက သွေးထဲက သကြားဓာတ် ထိန်းချုပ်နိုင်မှုကို တိုင်းတာတဲ့ စစ်ဆေးမှုပါ။ သင်လွန်ခဲ့တဲ့လအနည်းငယ်က ပျမ်းမျှ သွေးထဲမှာ သကြားဓာတ်ဘယ်လောက်ရှိလဲဆိုတာကို သိနိုင်ပါတယ်။ ဒီစစ်ဆေးမှုက Hemoglobinမှာ တွယ်ကပ်နေတဲ့ သကြားရာခိုင်နှုန်းကို တိုင်းတာတာပါ။Hemoglobin ဆိုတာကတော့ သွေးနီဥထဲမှာရှိတဲ့ အောက်ဆီဂျင်ကို သယ်ဆောင်ပေးတဲ့ ပရိုတိန်းတစ်မျိုးဖြစ်ပါတယ်။ Hemoglobin A1C မြင့်လေ မကြာသေးခင်က သင့်သွေးရဲ့သကြားဓာတ်က မြင့်လေဖြစ်ပါတယ်။စစ်ဆေးမှုလုပ်ကြည့်လို့ A1C ၆.၅ ရာခိုင်နှုန်း သို့မဟုတ် အဲဒီထက်မြင့်မယ်ဆိုရင် သင့်မှာ ဆီးချိုရှိပါတယ်။ ရလဒ်က ၅.၇ နဲ့ ၆.၄ ရာခိုင်နှုန်းကြားမှာဆိုရင်တော့ ဆီးချိုအကြိုအဆင့် ဖြစ်နိုင်ပါတယ်။ ပုံမှန်က ၅.၇ ရာခိုင်နှုန်း အောက်ပါ။ဆီးချိုရှိမှန်းသိပြီးနောက်မှာလည်း သင့်သွေးတွင်းသကြားဓာတ်ထိန်းချုပ်နိုင်မှုကို စောင့်ကြည့်ဖို့ ဒီစစ်ဆေးမှုကို အသုံးပြုနိုင်ပါတယ်။ A1C ပမာဏကို တစ်နှစ်မှာ ၂ကြိမ်လောက် စစ်သင့်ပါတယ်။သင့်ဆရာဝန်အနေနဲ့Fasting Glucose စစ်ဆေးမှုကိုလည်း လုပ်ခိုင်းချင်လုပ်ခိုင်းပါလိမ့်မယ်။ ဒီစစ်ဆေးမှုမှာ တစ်ညလုံး အစာမစားထားတဲ့ သင့်ရဲ့သွေးနမူနာကိုယူပြီး စစ်ဆေးမှာဖြစ်ပါတယ်။ပုံမှန်စစ်ဆေးချက်အဖြေက 100 mg/dl (5.6mmol/L)အောက် ဖြစ်ပါတယ်။ 100 ကနေ 125 ကြား (5.6 နဲ့ 6.9 mmol/L ကြား)မှာရှိနေရင်တော့ ဆီးချိုအကြိုအဆင့်ဖြစ်နေပါပြီ။ ၂ခါစစ်ကြည့်လို့ 126 mg/dL (7 mmol/L) နဲ့အထက်ဆိုရင်တော့ သင့်မှာဆီးချိုရောဂါ အမျိုးအစား ၂ ရှိနေပါပြီ။ဒီစစ်ဆေးမှုက အချိန်မရွေးလုပ်လို့ ရပါတယ်။ ဒီစစ်ဆေးမှုက သင့်သွေးထဲက သကြားဓာတ်ကို အစာစားထားသလား၊ မစားထားဘူးလားဆိုတာတွေကို ထည့်မတွက်ဘဲ စစ်ဆေးတာဖြစ်ပါတယ်။ဒီစစ်ဆေးမှုမှာ သွေးထဲကသကြားဓာတ်တွေကို milligrams per decileter (mg/dL) ဒါမှမဟုတ် millimoles per liter (mmol/L) နဲ့ပြပါတယ်။ သင်နောက်ဆုံးဘာပဲစားခဲ့ပါစေ စစ်ဆေးမှုအဖြေက 200 mg/dL (11.1 mmol/L) နဲ့အထက် ဖြစ်နေမယ်ဆိုရင် သင့်မှာဆီးချိုရှိပါပြီ။ သင့်မှာ ဆီးချိုလက္ခဏာတွေပါရှိနေတယ်ဆိုရင်တော့ ပိုပြီးသေချာသွားပါပြီ။စစ်ဆေးမှုရလဒ်က140 mg/dL (7.8 mmol/L) နဲ့199 mg/dL (11.0 mmol/L) ကြားမှာဆိုရင် သင့်မှာဆီးချိုအကြိုအဆင့် စဖြစ်နေပါပြီ။ ပုံမှန်က140 mg/dL (7.8 mmol/L)အောက် နည်းရပါမယ်။ဒီစစ်ဆေးမှုမှာတော့ သင်တစ်ညလုံး ဘာမှမစားရပါဘူး။ ပြီးရင် Fasting Blood Sugar စစ်ဆေးမှုကို လုပ်ရပါမယ်။ ပြီးရင် သကြားအရည်တစ်ခုခုကို သောက်ရပါမယ်။ ပြီးရင် သင့်ရဲ့ သွေးထဲမှာသကြားဓာတ်ပါဝင်မှုကို နာရီပေါင်းများစွာ အချိန်အပိုင်းအခြားနဲ့ စစ်ဆေးကြမှာဖြစ်ပါတယ်။နှစ်နာရီကြာပြီးတဲ့နောက် သင့်မှာရှိတဲ့ သကြားဓာတ်က 140 mg/dL (7.8 mmol/L)အောက်ဆိုရင် ပုံမှန်ပါပဲ။ တကယ်လို့ 200 mg/dL (11.1 mmol/L) ထက်များနေမယ်ဆိုရင်တော့ သင့်မှာဆီးချိုရှိပါတယ်။ အပေါ်ကပြောသွားတဲ့ ရလဒ်နှစ်ခုကြားမှာ ရှိနေတယ်ဆိုရင်တော့ သင်ဆီးချိုအကြိုအဆင့် ဖြစ်နေပါပြီ။ဒီစစ်ဆေးမှုက ကိုယ်ဝန်ဆောင်ချိန်ဆီးချို (gestational diabetes) ကိုလည်း စစ်ဆေးနိုင်ပါတယ်။တကယ်လို့ သင့်မှာဆီးချိုရှိနေတယ်ဆိုရင် သင့်ကျန်းမာရေးကို သင်ကိုယ်တိုင် ထိန်းသိမ်းဖို့ လိုလာပါပြီ။ ဆရာဝန်ပြောတဲ့အတိုင်း လိုက်နာရမယ့်အပြင် ရက်ချိန်းတွေလည်း မှန်အောင်သွားတွေ့ရပါမယ်။ သွေးစစ်ခြင်းနဲ့ လက္ခဏာတွေ သိထားခြင်းက သင့်ရေရှည် ကျန်းမာရေးအတွက်အရေးကြီးတဲ့ အဆင့်တွေဖြစ်ပါတယ်။သင့်ကျန်းမာရေးကို သင်ကိုယ်တိုင်ဂရုစိုက်ရမယ်ဆိုတာ မှတ်ထားပါ။ ဆီးချိုရှိပေမယ့် သင့်ဘဝကိုကျန်းမာ ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ပါသေးတယ်။ စစ်ဆေးမှုတွေ မပျက်မကွက်လုပ်မယ်၊ အနေအထိုင်အစားအသောက်ဂရုစိုက်မယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်မှာဖြစ်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/diagnosis-tests-for-type-2-diabetes/
ဆီးချိုရောဂါစစ်ဆေးခြင်း- Autoantibodies စစ်ဆေးခြင်း အမေးအဖြေများ
သင့်အနေနဲ့ ဆီးချိုရှိနေကြောင်းပထမဆုံးသိလိုက်ရတဲ့အခါ သင့်ဆီးချိုရောဂါဟာမိမိခန္ဓါကိုယ်ကဆဲလ်များကို ပြန်တိုက်တဲ့ ကိုယ်ခံအားစနစ်ချို့ယွင်းမှုရောဂါနဲ့ ဆက်စပ်နေသလားသိလိုတဲ့အခါ၊ သင်ဟာဆီးချိုရောဂါသည်ဖြစ်ပြီးအစားအစာ၊ ဆေးဝါးများနဲ့ ကုသနေပေမယ့် သွေးတွင်းသကြားဓါတ်ကိုပုံမှန် (သို့) ပုံမှန်နားရောက်အောင် မထိန်းနိုင်တဲ့အခါ၊ အမျိုးအစား (၂) ဆီးချို အစားအမျိုးအစား (၁) ဆီးချိုဖြစ်နေတယ်လို့ သံသယရှိတဲ့အခါ စစ်ဆေးရပါမယ်။ဆီးချိုနဲ့ဆက်စပ်တဲ့ autoantibodies စစ်ဆေးနည်းတွေထဲကအသုံးများတဲ့စစ်ဆေးနည်း ၄မျိုးကတော့ အောက်ပါအတိုင်း ပါဝင်ပါတယ်။ဆီးချိုရောဂါအားလုံးရဲ့ ၅ရာခိုင်နှုန်းဟာအမျိုးအစား (၁) ဆီးချိုဖြစ်ပြီးအများစုဟာအသက် ၂၀ အောက် အရွယ်တွေမှာတွေ့ရတတ်ပါတယ်။ ဆီးချိုရောဂါရဲ့ လက္ခဏာတွေဖြစ်တဲ့ ဆီးမကြာခဏသွားခြင်း၊ ရေငတ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အနာကျက်နှေးခြင်းစတာတွေဟာအမျိုးအစား (၁) ဆီးချိုရဲ့ ဘီတာဆဲလ်တွေ ၈၀ မှ ၉၀ ရာခိုင်နှုန်းပျက်စီးကာအင်ဆူလင်ကိုဆက်မထုတ်နိုင်တော့တဲ့အခါ ဖြစ်လာပါတယ်။ ကိုယ်ခန္ဓါဟာနေ့စဉ် အင်ဆူလင်ကိုလိုအပ်ပါတယ်။ အဲဒါမှ ဂလူးကို့စ်ဟာ ဆဲလ်တွေထဲဝင်ရောက်ပြီးစွမ်းအင်ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အင်ဆူလင် မလုံလောက်ရင် ဆဲလ်တွေဟာစွမ်းအင်မရတော့ဘဲသွေးထဲမှာသကြားဓါတ်တက်လာပါလိမ့်မယ်။ ရုတ်တရက် သကြားဓါတ်မြင့်တက်ခြင်းဟာအရေးပေါ်ကျန်းမာရေးပြဿနာ ဖြစ်စေနိုင်ပြီးကာလတာရှည် သကြားဓါတ်မြင့်တက်မယ်ဆိုရင်တော့ သွေးကြောတွေနဲ့ ကျောက်ကပ်လိုမျိုးကိုယ်တွင်းအင်္ဂါတွေ ပျက်စီးနိုင်ပါတယ်။သွေးနမူနာကိုလက်မောင်းရဲ့ သွေးပြန်ကြောကနေအပ်နဲ့စုပ်ယူပါမယ်။ပြင်ဆင်မှုများမလိုအပ်ပါ။မပြုနိုင်ပါ ။ ဆီးချို အမျိုးအစား (၁) ရောတခြားအမျိုးအစားတွေကိုပါ သွေးတွင်းသကြားဓါတ်နဲ့ A1c စစ်ဆေးတဲ့နည်းများသုံး၍ရောဂါအတည်ပြုခြင်း၊စောင့်ကြည့်ခြင်းတို့လုပ်ရပါတယ်။ အလိုအလျောက်ခုခံပစ္စည်းAutoantibodies စစ်ဆေးမှုဟာဆီးချိုဖြစ်မှန်းသိပြီးသောအခါမှအမျိုးအစား (၁)နဲ့(၂)ကိုခွဲဖို့ သုံးတာပါ။သူတို့ဟာဘီတာဆဲလ်ပျက်စီးမှုတွေနဲ့ ဆက်စပ်နေပြီးမိမိခန္ဓါကိုယ်ကဆဲလ်များကို ပြန်တိုက်တဲ့ကိုယ်ခံအားစနစ်ချို့ယွင်းမှုရောဂါဖြစ်ပျက်မှုတွေကိုဖော်ပြနေပါတယ်။ ဒါပေမယ့် သူတို့ကြောင့်ထိခိုက်ပျက်စီးမှု ဖြစ်စေတယ်လို့ မယူဆပါဘူး။အခုတော့ မရပါဘူး။ သူဟာမကြာခဏဆီးသွားခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ သွေးတွင်းဂလူးကို့စ်ဓါတ်နည်းခြင်းစတဲ့ လက္ခဏာတွေပေါ်လာတာနဲ့ ဆီးချိုဖြစ်နေတယ်လို့ညွှန်ပြပေးတာ ဖြစ်ပါတယ်။ ဒီလိုသိခြင်းအားဖြင့်ဆီးချိုရဲ့ ဂလူးကို့စ်ဓါတ်ကိုထိန်းပေးနိုင်ပြီးကျောက်ကပ်နဲ့ မျက်စိပြသနာတွေလိုမျိုးနောက်ဆက်တွဲပြသနာတွေ မဖြစ်အောင်လျှော့ချနိုင်ပါတယ်။GADA နဲ့IA-2A စစ်ဆေးမှုတွေဟာအလိုအလျောက်စက်သုံးစစ်ဆေးခြင်း ဖြစ်တာမို့ ICA စစ်ဆေးမှုထက် ပိုပြီးလွယ်ကူပါတယ်။ ICA ကတော့ လုပ်အားသုံးရပြီးမှတ်တမ်းကို ပြန်ဖတ်ပြမယ့် ကျွမ်းကျင်သူတွေ လိုပါတယ်။Islet autoantibodies ကိုမိမိခန္ဓါကိုယ်ကဆဲလ်များကို ပြန်တိုက်တဲ့ကိုယ်ခံအားစနစ်ချို့ယွင်းမှုဟော်မုန်းဆိုင်ရာရောဂါများဖြစ်တဲ့Hashimoto thyroiditis ဒါမှမဟုတ် autoimmune Addison disease ဝေဒနာရှင်တွေမှာပါ တွေ့နိုင်ပါတယ်။ဆီးချိုမရှိသူတွေကို Islet autoantibodiesစစ်ဆေးမှုကိုသုတေသနအတွက်ပဲထောက်ခံပါတယ်။ သုတေသနပိုင်းမှာ Islet autoantibodiesစစ်ဆေးခြင်းများဟာ မိသားစုဝင်တွေထဲမှာ အမျီုးအစား (၁) ဆီးချိုရောဂါရှိသူတွေ အလားတူရောဂါဖြစ်လာနိုင်ခြေကိုခန့်မှန်းနိုင်ဖို့ အသုံးပြုပါတယ်။ ဥပမာဆီးချိုမရှိသူရဲ့ သွေးထဲမှာIslet autoantibodies ဟာတွေများများတွေ့နေပြီဆိုရင် နောက်ပိုင်းမှာအမျိုးအစား (၁) ဆီးချိုဖြစ်လာဖို့ အခွင့်အလမ်းများပါတယ်။Islet autoantibodiesတစ်ခုဒါမှမဟုတ် ပိုများစွာရှိနေတဲ့ဆီးချိုရောဂါမရှိသူဟာသွေးထဲကိုဂလူးကို့စ်သွင်းချိန်မှာအင်ဆူလင်တုံ့ပြန်တာ နှေးမယ်ဆိုရင်လည်းအမျိုးအစား (၁) ဆီးချိုဖြစ်နိုင်ခြေပိုမြင့်နိုင်ပါတယ်။ ပိုပြီးတိကျအောင်ပြောရရင် ဆွေမျိုးအရင်းထဲမှာဆီးချိုဖြစ်ပြီး ICA ရှိရင် သွေးထဲဂလူးကို့စ်သွင်းချိန်မှာအင်ဆူလင်တုံ့ပြန်တာလည်း နှေးမယ်ဆိုရင်ငါးနှစ်အတွင်းအမျိုးအစား (၁) ဆီးချိုဖြစ်လာနိုင်ခြေဟာ ၅၀ ရာခိုင်နှုန်းထက် ပိုများပါတယ်။လတ်တလောမှာအမျိုးအစား (၁) ဆီးချိုရောဂါကိုကာကွယ်ဖို့ ထိရောက်တဲ့ကုထုံးတွေ မရှိသေးလို့ လူအများကိုIslet autoantibodiesဆန်ကာတင်စစ်ဆေးခြင်းဒါမှမဟုတ် အမျိုးအစား (၁)ဆီးချိုရောဂါသည်ရဲ့ ဆွေမျိုးရင်းချာများကိုစစ်ဆေးခြင်းတွေကိုယေဘုယျအားဖြင့် သုတေသနလုပ်ငန်းတွေအတွက်ကလွဲရင် ပြုလုပ်ဖို့မထောက်ခံပါဘူး။အင်ဆူလင်ဆေးထိုးပြီးကုသနေရသူများဟာ ပြင်ပကလာတဲ့ အင်ဆူလင်ကိုဆန့်ကျင်တဲ့ ခုခံပစ္စည်း Autoantibodies ဖြစ်ပေါ်မှု စတင်လာတတ်ပါတယ်။ IAA စစ်ဆေးနည်းဟာ ၎င်း Autoantibodies တွေနဲ့ ကိုယ်တွင်းကထုတ်တဲ့ အင်ဆူလင်ကိုဆန့်ကျင်တဲ့ autoantibodies တွေကိုခွဲခြားမပေးနိုင်ပါဘူး။ ဒါကြောင့် ဒီစစ်ဆေးမှုဟာအင်ဆူလင်ဆေးထိုးပြီးကုသရဖူးရင် အကျူံးမဝင်ပါဘူး။ ဥပမာတစ်စုံတစ်ယောက်ဟာအမျိုးအစား (၂) ဆီးချိုရှိတယ်ယူဆပြီးအင်ဆူလင်ဆေးထိုးကုသထားခဲ့ရင် သူဟာအမျိုးအစား (၁) ဖြစ်သလားမဖြစ်သလားဆုံးဖြတ်ဖို့အတွက် ဒီစစ်ဆေးမှုကိုသုံးလို့မရပါဘူး။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%b3%e1%80%ad%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%86%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9-2/
ကလေးတွေ ဘာကြောင့်လိမ်ကြတာလဲ။
ကလေးက အရွယ်လေး နည်းနည်းရောက်လာလို့ သင့်ကိုလိမ်ပြောနေပြီဆိုရင် စိတ်မညစ်ပါနဲ့။ ဒါဟာ သဘာဝပါပဲ။ ထမင်းမကုန်သေးဘဲ ရုပ်ရှင်ကြည့်ချင်လို့ ထမင်းတွေ သွန်လိုက်ပြီး ကုန်ပြီလို့ လိမ်တာမျိုး၊ အိမ်စာမပြီးသေးရင် ဂိမ်းမဆော့ရဘူးဆိုလို့ အိမ်စာမပါဘူးလို့ လိမ်တာမျိုးဟာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ကိစ္စတွေပါပဲ။ ကလေးသဘာဝပါပဲ။ ကြီးကြီးကျယ်ကျယ်ပြောရရင် ကလေးတွေရဲ့ ဖွံ့ဖြိုးမှု အစိတ်အပိုင်း တစ်ခုပါပဲ။ ဒါကို ငါအသုံးမကျလို့ ကလေးက လိမ်တတ်တာလို့ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ကလေးကိုလည်း ရိုက်နှက်မနေပါနဲ့။ ဒါဟာ ဖြေရှင်းနည်း မဟုတ်ပါဘူး။ အဓိကက ကလေးဘာကြောင့် လိမ်တာလဲဆိုတာ အဖြေရှာရမှာပါ။ကလေးငယ်လေးတွေ၊ ကျောင်းတက်စ အရွယ်တွေမှာ ပိုတွေ့ရပါတယ်။ ကလေးတွေကစိတ်ကူးစိတ်သန်းကောင်းတဲ့အတွက် သူတို့စိတ်ထဲမှာ ရှိတာတွေကို ဇာတ်လမ်းထွင်ပြောတတ်ပါတယ်။ အပြင်က သူနဲ့သိတဲ့သူတွေကို ဇာတ်ကောင်လုပ်ပြီးတော့ပေါ့။ တစ်ခါတစ်လေ သူဖြစ်ချင်တာတွေကို ဇာတ်လမ်းလုပ်ပြီး ပြောလေ့ရှိပါတယ်။ ဥပမာ မရှိသေးတဲ့ သူငယ်ချင်း အသစ်က သူ့ကို နှိပ်စက်တယ်ပေါ့။ သူ့စာအုပ်မှာ လျှောက်ခြစ်ထားပါတယ်ပေါ့။ သူက နှိပ်စက်ခံရတဲ့ စင်ဒရဲလားလေးပါပေါ့။ ဒါမျိုးလေးတွေ ပြောတတ်ပါတယ်။ဒါပေမယ့် ကလေးက သူ့ကိုသူ လိမ်ပြောနေတယ်လို့ မထင်ပါဘူး။ သူဟာပုံပြင်ပြောနေတယ်လို့ပဲ ခံစားနေရတာပါ။ အမေကသာ ဒါကို လိမ်ပြောနေတယ်လို့ ထသိတာပါ။ ဒါက ကလေးကြီးလာလို့ အကျိုးအကြောင်းနားလည်လာရင် ပြီးသွားပါတယ်။ ဒီ့မတိုင်ခင်တော့ ကလေးက ဆိုးဆိုးဝါးဝါးတွေ မဖြစ်သေးရင် လွှတ်ထားလိုက်ပါ။ သူပြောတာကို အာရုံစိုက်ပြီး စိတ်ဝင်တစား နားထောင်ပါ။ ဒါဟာ သူ့စိတ်ထဲမှာ ခံစားနေရတာတွေကို သိနိုင်တဲ့ အခွင့်အရေး တစ်ခုပါပဲ။အရိုက်မခံချင်တာပေါ့။ တစ်ခါတစ်လေ အမေက အပြင်ထွက်မဆော့ဖို့ ပြောလိုက်ပေမယ့် ကိုယ်က ဆော့မိသွားပြီ။ အမေရိုက်တာလည်း မခံချင်ဘူးဆိုရင် မဆော့ဘူးလို့ပဲ လိမ်လိုက်တာပေါ့။ အမေသာ မသိရင် ဘာပြဿနာမရှိဘူး။ ငါလည်း အရိုက်မခံရဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ငါ့သမီးလေးက တော်လိုက်တာ၊ ငါ့သားလေးက လိမ္မာလိုက်တာလို့ အမြဲတမ်းချီးကျူးခံနေရတော့ ဒီကိစ္စနဲ့ မျက်နှာမပျက်ချင်ဘူး။ အမေ့ကို စိတ်မပျက်စေချင်ဘူး။ အထူးသဖြင့် အမျိုးတွေရှေ့မှာ၊ သူငယ်ချင်းတွေ ရှေ့မှာပေါ့။ ဆယ်ကျော်သက်အရွယ်တွေမှာ ပိုတွေ့ရပါတယ်။ လေ့လာချက်တွေအရ ကိုယ့်ကိုယ်ကိုယုံကြည်မှုနည်းတဲ့ကလေးတွေ၊ မိဘအချစ်လျော့မှာ ကြောက်တဲ့ကလေးတွေမှာ ဒါမျိုး အဖြစ်များပါတယ်။သင်နဲ့ ဆွေးနွေးရမယ့် အကြောင်းအရာတွေက သူ့ကိုစိတ်ဖိစီးစေတယ်၊ စိတ်မသက်မသာ ဖြစ်စေတယ်ဆိုရင် သူတို့က ပွင့်ပွင့်လင်းလင်း ပြောမှာ မဟုတ်ပါဘူး။ အဲ့ဒီအစား သူတို့က သင့်ကို လိမ်လည်လှည့်ဖြားဖို့ စဉ်းစားတော့မှာပါ။ သူတို့ လိမ်နေတာကို အပြစ်တင်မယ့်အစား ဘာအကြောင်းအရာကို လိမ်နေတာလဲ။ သူဘာကို ဖုံးကွယ်ထားချင်တာလဲဆိုတာ သိအောင်ကြိုးစားပါ။ADHDရောဂါစုနဲ့ လိမ်လည်တာ ဆက်စပ်တဲ့အကြောင်းတွေကို လေ့လာထားတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ ဒီထဲမှာ ကလေးက ADHD ရှိနေတာ သေချာရင် ဒါမှမဟုတ် ကလေးက တစ်ခုခုကိုဂျီကျလွယ်၊ သောင်းကျန်းလွယ်တဲ့ အကျင့်ရှိတယ်ဆိုရင် လိမ်ဖို့များပါတယ်တဲ့။ အကြောင်းက သူတို့ရဲ့ ဒီအမူအကျင့်ကြောင့် တချို့ အလုပ်တွေကို ကောင်းကောင်းမလုပ်နိုင်တာ ရှိပါတယ်။ ဥပမာ သင်္ချာပုစ္ဆာကို မတွက်နိုင်ဘဲနဲ့ တွက်ပြီးပြီလို့ ပြောတာမျိုး။ သူတို့လေးတွေသည် သူတို့ရဲ့ အခြေအနေကြောင့် အမှားလုပ်မိတာ များတယ်။ ဒီအမှားတွေကို ဖုံးကွယ်ဖို့ ဒါမှမဟုတ်  အပြစ်ပေးခံရမှာကြောက်လို့ လိမ်ပြောတာမျိုး လုပ်တတ်ပါတယ်။ဒါကတော့ ကလေးတွေ လိမ်ရတဲ့ အဓိက အကြောင်းရင်း ၅ခုပေါ့။ အကြောင်းရင်းတွေကို သိပြီဆိုရင် ကိုယ့်ကလေးဘာကြောင့် လိမ်ရတာတာလဲဆိုတာ စဉ်းစားကြည့်ပါ။ ဖြေမည်းနိုင်မယ့်နည်းလမ်းကိုလည်း ရှာဖွေကြည့်ပါ။ ဒါပေမယ့် ကလေးတွေကို ဆူတာ၊ ရိုက်တာကတော့ ဖြေရှင်းနည်း မဟုတ်ဘူးဆိုတာ အကြံပေးချင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/behavioral-and-developmental-disorders/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8-%e1%80%90%e1%80%bd%e1%80%b1-%e1%80%98%e1%80%ac%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b7%e1%80%9c%e1%80%ad%e1%80%99%e1%80%ba%e1%80%80%e1%80%bc/
ရောဂါထက် ကြောက်စိတ်ကြောင့် မြန်မြန်သေဆုံးနိုင်တယ်ဆိုတာ သိရဲ့လား
လူတော်တော်များများက ရုပ်ခန္ဓာကျန်းမာရေးကို အလေးပေးပြီး စိတ်ကိုတော့ လျစ်လျူရှုထားတတ်ကြပါတယ်။ တကယ်တမ်း လူတစ်ယောက် ကျန်းမာပျော်ရွှင်နေဖို့ စိတ်ရော ခန္ဓာ ၂မျိုးလုံး ကျန်းမာနေမှ ဖြစ်မှာပါ။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဆိုတဲ့ စကားပုံအတိုင်းပဲ၊ ရုပ်ခန္ဓာကျန်းမာခြင်းနဲ့ စိတ်ပျော်ရွှင်ခြင်းဟာ တစ်ဦးပေါ် တစ်ဦး မှီခိုနေပြီး တစ်ခုခုမှာ လွဲချော်သွားပြီဆိုတာနဲ့ အရာရာဟာ ပြိုလဲသွားဖို့သာ ရှိပါတော့တယ်။ကြောက်စိတ်ဖြစ်ပေါ်ရခြင်း အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်။ တချို့ကျတော့လည်း မွေးကတည်းက ပါလာတယ်၊ တချို့ကျတော့ စိတ်ထိခိုက်မှုတစ်စုံတစ်ရာကြောင့် ဥပမာ-အသက်အန္တရာယ်ဘေး ကြုံခဲ့ရတာ၊ စိတ်ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်မျိုး ရင်ဆိုင်ခဲ့ရတာ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားခံရတာ၊ ကလေးဘဝက စိတ်ဒဏ်ရာတွေ စတာတွေကြောင့် ကြောက်စိတ်ဖြစ်ပေါ်လာနိုင်ပါတယ်။ပုံမှန်အားဖြင့် လူတိုင်းမှာကြောက်စိတ်အနည်းဆုံး တစ်ခုရှိနေတတ်ပါတယ်။ ဒါက စိတ်ပူစရာမဟုတ်ပါဘူး။ အဲ့ထက် ပိုပြီးကြောက်ရွံ့ခြင်းကနေ စိုးရိမ်ပူပန်ခြင်းနဲ့ ထိတ်လန့်တုပ်လှုပ်ခြင်းဘက်ကို ရောက်လာတဲ့အခါ ပြဿနာရှိနိုင်ပါတယ်။ လူတစ်ယောက်က အတိုင်းအဆတစ်ခုထက် ပိုပြီး ကြောက်ရွံ့ထိတ်လန့်သွားတဲ့အခါ အသိစိတ်လွတ်ထွက်သွားပါတယ်။ ကိုယ့်ရဲ့ စိတ်ကို ထိန်းချုပ်ပဲ့ကိုင်ဖို့ အထိန်းအကွပ်မဲ့သွားတာနဲ့ လူတွေက ထင်ရာလုပ်တော့တာပါပဲ။ယေဘုယျအားဖြင့် ကြောက်စိတ်ကြောင့် နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ အခြေအနေတွေထဲမှာ ပြင်းထန်တဲ့အခြေအနေ၊ အသိစိတ်ဟာ ကိုယ်ထောင်ထားတဲ့ ထောင်ထဲမှာ ပိတ်မိတဲ့ အခြေအနေဆိုပြီးတော့လည်း ခွဲလို့ရပါတယ်။၁။ ပြင်းထန်လွန်းတဲ့ အခြေအနေမှာ ကြောက်စိတ်လွန်သွားလို့ ကိုယ့်ကိုယ်ကိုယ် သို့မဟုတ် တခြားတစ်ယောက်ယောက်ကို ကိုယ်ထိလက်ရောက်စော်ကားမိတာ၊ အသက်အန္တရာယ်ဖြစ်စေအောင် ပြုမူတာမျိုးတွေ၊ ကိုယ်ပုံမှန်ပြုမူလေ့မရှိတဲ့ အရာတွေလုပ်မိတာ၊ ကိုယ်သည်းခံခဲ့သမျှ မျိုသိပ်ခဲ့သမျှ အရာတွေ ဖွင့်ထုတ်ပစ်လိုက်တာ၊စိတ်လိုက်မာန်ပါဖြစ်ချင်ရာဖြစ်ဆိုပြီး လုပ်လိုက်တာမျိုး ဖြစ်နိုင်ပါတယ်။၂။ အဲ့လိုမဟုတ်ဘဲ သူနဲ့ လုံးဝငြိမ်ကျသွားတဲ့အခြေအနေမျိုး ဥပမာ ကိုယ်ကြောက်နေတဲ့ အရာတစ်ခု၊ အဲ့ကနေ နောက်ဆက်တွဲ ဆင့်ကဲဆင့်ကဲ အတွေးတွေ ဝင်လာပြီး လူက ဘာဆိုဘာမှ မလုပ်နိုင်တော့တာ၊ အိပ်ရာထဲလဲပြီး မစားနိုင် မသောက်နိုင်ဖြစ်သွားတာ၊ ဘာမှ မလုပ်ချင်မကိုင်ချင်တော့ဘဲ လူက ငူငူငိုင်ငိုင်ကြီး ဖြစ်နေတာ၊ နောက်ဆက်တွဲစိတ်ကျရောဂါ(Depression)စိုးရိမ်ပူပန်လွန်ကဲ စိတ်ဝေဒနာ (Anxiety) အထိတ်တလန့်လွန် အမူအရာ (Panic Attack) စတာတွေ ဖြစ်နိုင်ပါတယ်။နားလည်အောင် အလွယ်ပြောပြရမယ်ဆိုရင် ကိုယ်ခန္ဓာသည် ကျွန်တော်တို့ရဲ့ တစ်နေ့တာလုပ်ဆောင်ချက်တွေ (ကျန်းမာစေဖို့၊ အစာစားနိုင်ဖို့၊ အလုပ်လုပ်နိုင်ဖို့ အစရှိသဖြင့်) ကို စွမ်းစွမ်းတမံ လုပ်ဆောင်ပေးနေတဲ့ စက်ယန္တရားတစ်ခုပါ။ စိတ်ဆိုတာကတော့ ဒီစက်ယန္တရားကို အလုပ်လုပ်နိုင်စေဖို့ ကူညီအားဖြည့်ပေးတဲ့ လောင်စာဆီပေါ့။ စိတ်က ကျန်းမာနေမှ ခန္ဓာကိုယ်က အလုပ်လုပ်ဖို့ ခွန်အားရှိမယ်။ ခန္ဓာကိုယ်က ကောင်းကောင်းအလုပ်လုပ်နိုင်မှ အစစအရာရာ အဆင်ပြေပြီး စိတ်ချမ်းသာခြင်းကို ဖြစ်စေတယ်။ စိတ်ချမ်းသာလေ၊ လူက ကျန်းမာလေ၊ အလုပ်ပိုလုပ်နိုင်လေ၊ ဘဝအဆင်ပြေလေပါပဲ။အပေါ်မှာ ကြောက်စိတ်ကနေ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ပြောပြီးသွားပြီဆိုတော့ ရောဂါနဲ့ဆက်စပ်လို့ ရှင်းပြပေးချင်ပါတယ်။ အခု လတ်တလော ဟော့ဖြစ်နေတဲ့ ကျန်းမာရေးပြဿနာကတော့ ဝူဟန်ဗိုင်းရပ်စ် (သို့မဟုတ် ကိုရိုနာအဆုတ်ရောင်ဗိုင်းရပ်စ်) ပါပဲ။ အရင်တုန်းကလည်း သူ့လိုပဲ အလားတူဆားစ်ရောဂါနဲ့ မားစ်ရောဂါဆိုပြီး ဖြစ်ခဲ့တယ်။ လူတွေ ထောင်ပေါင်းများစွာ ကူးစက်ခံခဲ့ရပြီး ဝေဒနာခံစားခဲ့ရတယ်၊ ရာပေါင်းများစွာ သေဆုံးပြီး မိသားစုတွေ ရင်ကွဲနာကျခဲ့ရတယ်။ ဒီဒဏ်ရာတွေဟာ အကင်းအရှင်းပျောက်ဖို့ ပြင်ဆင်နေတုန်းမှာပဲ နောက်ကပ်ရောဂါ အသစ်တစ်ခု ထပ်ပေါ်လာပြီဆိုတော့ ဘယ်သူက မကြောက်ဘဲနေပါ့မလဲ။အဲ့လို ကြောက်ပြီဆိုတာနဲ့ ဒုက္ခကြီးကြီးရောက်ဖို့ ပိုလွယ်တော့တာပါပဲ။လူတွေက ကြောက်ပြီဆိုရင် စိတ်ကို တည်ငြိမ်အောင် မထားနိုင်ကြတော့ဘူး၊ ဒီရောဂါ ငါ့ကိုမကူးအောင် ဘာတွေလုပ်ရမလဲ၊ ပြင်ဆင်ရမလဲ၊ ဘယ်လိုကာကွယ်ရမလဲဆိုတာ မတွေးကြံတော့ဘဲ ပူပန်သောကရောက်ရတယ်။ အဲ့တော့ ဘာကောင်းကျိုးရသွားလဲဆိုတော့ ဘာမှမရပါဘူး။ နောက်တစ်ခါ စိတ်က စိုးရိမ်ပူပန်နေတော့အစာစားချင်စိတ်နည်းသွားမယ်၊ ညဘက်မှာ ကောင်းကောင်းအိပ်မပျော်တော့ဘဲ တွေးပူပြီး ငိုင်နေမယ်၊ ငါ့မှာသာ ဒီရောဂါလာဖြစ်ရင် ဘယ်လိုလုပ်ရမလဲဆိုတော့ အတွေးတွေ ခေါင်းထဲမှာ ပြည့်နှက်ပြီး ဘာကိုမှ မလုပ်ချင်မကိုင်ချင်တော့ဘူး။ အဲ့လိုဖြစ်လာတာနဲ့ ကျန်းမာရေးက ဆုတ်ယုတ်လာပြီး ကိုယ်ခံအားက ကျဆင်းလာမှာပါ။ကိုယ်ခံအားကျပြီဆိုတာနဲ့ ဒီရောဂါပိုးက အရင်ဆုံး ကိုယ့်ဆီကူးဖို့ အရမ်းကို လွယ်သွားတော့မှာပါ။ကူးပြီဆိုရင်လည်း ကိုယ်က နဂိုစိုးရိမ်ပူပန်ပြီး ကြောက်နေတတ်တော့ ဒီရောဂါအခံနဲ့ စိတ်ညစ်တာနဲ့ ရောပြီး မစားနိုင် မသောက်နိုင်ဖြစ်၊ နောက်ဆုံး ရောဂါထက် ကြောက်ရွံ့ခြင်းကြောင့်ပဲ ကိုယ့်ရဲ့ ဘဝကို အရှုံးပေးလိုက်ရမှာပါ။ အဲ့ဒါကြောင့် ဘယ်လိုအခြေအနေမှာမဆို ကြောက်စိတ်ကို မမွေးဖို့ အရမ်းလိုအပ်တယ်ဆိုတာကို ဒီဆောင်းပါးကနေ တစ်ဆင့် ဝေမျှပေးရခြင်းပဲ ဖြစ်ပါတယ်။ဝူဟန်ပိုးဟာ လက်ရှိမှာ ကုသထိန်းချုပ်နိုင်တဲ့ ဆေးဝါးတွေ မရှိသေးတာမှန်ပေမဲ့ မကူးစက်နိုင်အောင် ကိုယ့်ဘက်က ကာကွယ်မှုတွေ၊ ပြင်ဆင်မှုတွေ လုပ်ပြီး ကိုယ့်ကျန်းမာရေးကို ဂရုစိုက်မယ်ဆိုရင် အရမ်းကြီးကြောက်နေစရာ မကောင်းတော့ပါဘူး။ လက်ရှိအခြေအနေအရလည်း စိုးရိမ်ပူပန်ရလောက်အောင် ပြင်းထန်နေတဲ့ အခြေအနေမဟုတ်တာကြောင့် ကြောက်စိတ်မွေးမယ့်အစား ကိုယ့်ကျန်းမာရေးကိုပဲ သေချာဂရုစိုက်ကြဖို့ ထပ်မံအကြံပေးလိုက်ပါတယ်နော်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%91%e1%80%80%e1%80%ba-%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%ac/
ဆန်ကပေးတဲ့ အသားအရေ လှပမှု
ဆန်လို့ပြောလိုက်ရင် စားစရာလို့ ပြေးမြင်မယ် ထင်ပါတယ်။ အကြောင်းကတော့ ဆန်ကထမင်းအနေနဲ့ နေ့စဉ်စားသုံးမှုမှာ အာဟာရ ဖြည့်ပေးနေတာကိုး။ အရသာရှိလှတဲ့ ကြက်ဆီ ထမင်း၊ ဒံပေါက် စတာတွေကလည်း ဆန်ကနေ ဖြစ်လာတဲ့ စားဖွယ်တွေလေ။ဆန်က ထမင်းအဖြစ်နဲ့ အာဟာရ ဖြည့်ပေးနေတာထက် ပိုပါတယ်။ လူတော်တော်များများ မတွေးမိတာက ဆန်ကအရေပြားနဲ့ဆံသားအလှအပအတွက် ထောက်ပံ့ပေးနိုင်တယ် ဆိုတာကိုပါ။လေ့လာမှုတွေအရ ဆန်ကနေလောင်တာ၊ဝက်ခြံနဲ့အရေးအကြောင်းဖြစ်တာလိုမျိုး အဖြစ်များတဲ့အရေပြား ပြဿနာတွေကို သက်သာစေသလို ဆံသားကို ကျန်းမာစေပြီးဦးရေပြားကိုလည်း ဗောက်ပြဿနာ ကင်းစေနိုင်ပါသေးတယ်။နေ့စဉ် စားသုံးနေတဲ့ ဆန်ကို အလှအပအတွက် အခုလို အသုံးပြုပေးလို့ ရပါတယ်။ဆန်ကို  face powder အဖြစ် အသုံးပြုပေးလို့ ရပါတယ်။အဆီပြန်တဲ့သူတွေနဲ့ အထူး သင့်တော်ပါတယ်။ အဆီပြန်မှုကင်းစေပြီးမျက်နှာကို ဖွေးဖွေးလေးနဲ့ လှစေမှာပါ။အသားအရေကို ထိခိုက်မှု ကင်းစေပြီး နေ့စဉ်လည်း အသုံးပြုပေးလို့ ရပါတယ်။ဆန်ကို မှုန့်ညက်နေအောင် ကြိတ်ပြီး ပြောင်းမှုန့်နဲ့ ရောလိုက်ပါ။ ပြီးရင် လိမ်းနေကျ ပေါင်ဒါမှုန့်တွေကို အသုံးပြုသလို သုံးပေးလို့ ရပါတယ်။ အဆီပြန်မှုကို ကင်းစေပြီးချွေးပေါက်တွေကို ဖုံးပေးနိုင်မှာပါ။အရေပြားပေါ်မှာ ဆဲလ်သေတွေ ရှိနေမယ်ဆိုရင် အသားအရေက ကြည်လင်မှု မရှိဘဲ မွဲခြောက်ခြောက် ဖြစ်နေနိုင် ပါတယ်။ အရေပြားပေါ်ကဆဲလ်သေတွေက ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး အရေပြား ပြဿနာ အမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင် အရေပြားကို ပုံမှန် သန့်စင်ပြီး ဆဲလ်သေတွေကို ဖယ်ရှားဖို့ လိုပါမယ်။ဒီပြဿနာကို ဖြေရှင်းဖို့ ဆိုရင်တော့ မညက်တညက်ကြိတ်ထားတဲ့ ဆန်ခွက်တစ်ဝက်စာ နဲ့ ဂျုံမှုန့် ထမင်းစားဇွန်း ၂ ဇွန်းစာ၊နနွင်းလက်ဖက်ရည်ဇွန်း တဝက်စာ တို့ကို ရောလိုက်ပါ။ ရေ ဒါမှမဟုတ်rose waterလက်ဖက်ရည်ဇွန် တဝက်စာထည့်ပြီး သေချာလေး မွှေပေးပါ။ ပြီးရင် မျက်နှာပေါ်မှာ ခပ်ထူထူလေး လိမ်းပြီး လက်ချောင်းလေးတွေ သုံးလို့ နှိပ်နယ်ပါ။ ခြောက်အောင်ထားပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။ဒီလို လုပ်ပေးတာက အရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်သလိုအရေးအကြောင်းတွေကို လျော့ပါးစေပါတယ်။ အသားအရောင် မညီတာနဲ့အမဲစက်တွေကို သက်သာစေတဲ့အပြင် အဆီပိုတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။ဝက်ခြံရှိသူလေးတွေ အများစုက highly sensitive skin အမျိုးအစားပါ။ အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေကိုလည်း သေချာလေး စိစစ်ရွေးချယ်ရတဲ့ အသားအရေ ပိုင်ရှင်တွေပါ။ ဒီ အသားအရေပိုင်ရှင်တွေအတွက် အကောင်းဆုံးကတော့ သဘာဝ ပစ္စည်း စစ်စစ်တွေပါ။ဒါကြောင့် ဝက်ခြံ သက်သာစေဖို့ဆိုရင် သဘာဝ ပစ္စည်း စစ်စစ်ဖြစ်တဲ့ ဆန်မှုန့်ကို လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ နနွင်း နည်းနည်း၊ခရမ်းချဉ်သီးအရည် လက်ဖက်ရည်ဇွန်း ၄ ဇွန်းစာကို သေချာလေး မွှေပါ။ ပြီးရင် ဝက်ခြံဖြစ်တဲ့နေရာတွေမှာ လိမ်းပေးပြီး မိနစ် ၂၀ လောက် ထားပါ။ ပြီးရင် ရေအေးနဲ့ ဆေးချပါ။ ဝက်ခြံတွေကို သက်သာစေပြီး ဝက်ခြံ ထပ်မဖြစ်အောင် ကာကွယ်ပေးသလို ဝက်ခြံကြောင့် နီရဲရောင်ရမ်းတာကို သက်သာစေပါတယ်။ အသားအရေကို အစက်အပြောက် ကင်းစေပြီး ချောမွေ့စေမှာပါ။အသားအရေကို ကြည်လင်စေပြီး ချွေးပေါက် ကျဉ်းစေဖို့ နဲ့ ချွေးပေါက်တွေထဲက အညစ်အကြေးတွေကို သန့်စင်ဖို့အတွက် ဆန်ဆေးရည်ကို Toner အဖြစ် အသုံးပြုပေးလို့ ရပါတယ်။အသားအရေကို ခြောက်သွေ့ ယားယံမှု ကင်းစေမှာပါ။ဦးရေပြားမှာ အဖြစ်များတဲ့ ဗောက်ပြဿနာကင်းစေဖို့ဆိုရင်ပဲနံ့သာစေ့လက်ဖက်ရည်ဇွန်း ၃ ဇွန်းစာကို တစ်ည ရေစိမ် ကြိတ်ပြီး ဆန်မှုန့် လက်ဖက်ရည်ဇွန်း ၄ ဇွန်းစာနဲ့ရော၊ ရေနည်းနည်းပြီး မွှေ။ ရလာတဲ့အရောကို ဦးရေပြားမှာ လိမ်းပြီး မိနစ် ၂၀ ထားပါ။ ပြီးရင်ခေါင်းလျှော်ချလိုက်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/the-beauty-benefits-of-rice/
ဆား ကပေးတဲ့ အလှအပတရား
ဆားက ဟင်းလျာတွေ အရသာရှိအောင် ပေါ့နေတာ အရသာ ရှိသွားအောင် စားဖို့ပဲ အသုံးဝင်တာ မဟုတ်ပါဘူး။အလှအပအတွက်လည်း အထောက်အကူပြုပေးပါသေးတယ်။ ကဲ …. ဆား ကပေးတဲ့ အလှအပတရား အကြောင်း လေ့လာလိုက်ရအောင်နော်။ဆား ဆိုတဲ့နေရာမှာ အရောင်ချွတ် သန့်စင်ထားတဲ့ ဆားထက် သဘာဝအတိုင်း ရှိနေတဲ့ပင်လယ်ဆားက ပိုကောင်းပါတယ်။ဟင်းလျာတွေကို အရသာ ပြည့်ဝစေတဲ့ ဆားက အလှအပ အတွက် အခုလို အထောက်အကူ ပြုပေးနေပါတယ်။ ဆား ကပေးတဲ့ အလှအပတရား ကတော့။အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့က အလှအပအတွက် အရေးပါတဲ့ အချက် တစ်ခုပါ။ အခြား အရာတွေကို မသုံးချင်ရင်တောင် ရေနဲ့ဆားကို ရောပြီး အရေပြားမှာ စက်ဝိုင်းပုံ နှိပ်နယ်ပေးတာကအရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မှာပါ။ နှိပ်နယ်တဲ့ အခါ ခပ်ဖွဖွလေး နှိပ်နယ်ပေးဖို့ လိုပါမယ်။ဆားက အရောင်ကျစေနိုင်ပြီး အရေပြား​ပေါ်က အနာတွေကို ကျက်စေနိုင်ပါတယ်။ ဆားရည် နဲ့ရေချိုးတာက အရေပြားပေါ်ကဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။အနာတွေကိုဆားရည်နဲ့ ဆေးကြောပေးတာက အနာကျက် မြန်စေပါတယ်။အသားအရေ glow ပြီး ကျန်းမာစေဖို့ ဆိုရင် ထိုက်သင့်တဲ့ အသားအရေ ထိန်းသိမ်းမှု လုပ်ဖို့ လိုပါမယ်။ တစ်နေ့တာမှာ ဆား နည်းနည်း ထည့်ထားတဲ့ ရေတစ်ခွက်စာလောက် သောက်ပေးပါ။ဒီလို သောက်ပေးတာက ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။ ကိုယ်တွင်းက ရောင်ရမ်းတာကို သက်သာစေတယ်။ သဘာဝအတိုင်း အသားအရေကို glow ချင်တယ် ဆိုရင် ဆား နည်းနည်းထည့်ပြီးရေသောက်ပေးလို့ ရပါတယ်။မျက်နှာက ဝက်ခြံကို သက်သာစေဖို့ ဆိုရင် ဆားကို အသုံးပြုပေးလို့ ရပါတယ်။ ဆားက အရေပြားကိုအစိုဓာတ်ထိန်းပေးသလို ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။အသားအရေကို တင်းရင်းစေပြီးချွေးပေါက်ထဲက အဆီတွေ နဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။ ဝက်ခြံတွေ အများကြီး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ရှိနေတဲ့ ဝက်ခြံတွေကိုလည်း သက်သာစေပါတယ်။အသားအရေအတွက် အပြင်။ကဲ …. အလှအပအတွက် ဆားကို အခုလိုလေး အသုံးပြုလို့ ရတာ သိသွားပြီဆိုတော့ နောက်ဆို အလှအပအတွက် ဆားလေးကိုပါ ဖည့်အသုံးပြုလိုက်တော့နော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/beauty-benefits-of-salt/
မိုး အေးချိန်မှာ ကလေးတွေ ရှောင်သင့်တဲ့ အစားအစာများ
မိုး လို့ ဆိုလိုက်ရင် ကလေးတွေကတော့ ပျော်တာပဲ။ ကျောင်းသွား ကျောင်းပြန် မိုးရေထဲ သွားရတာ ပျော်တယ်၊ ဆော့ရတာပျော်တယ်။ မိုးရေချိုး ချင်ကြတယ်။ တချို့ကလေးတွေကျ အိပ်ရာထဲ ကွေးနေချင်တာ သဘာဝပါပဲ။ဒီလိုရာသီ ကလေးတို့ ရဲ့ ကျန်းမာရေးအတွက် မိဘတွေမှာ တာဝန်ကြီးတာပေါ့။ မိုး နဲ့အတူ ပါလာနိုင်တဲ့ ရောဂါတွေက နည်းမှ မနည်းဘဲလေ။ ဥပမာမိုးရာသီမှာဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ ရောဂါပိုး အပါအဝင် ဒီအချိန် ဖြစ်တတ်တဲ့ ရောဂါ တွေအတွက် ကြိုတင်ကာကွယ်ပေးရပါလိမ့်မယ်။မိုးရာသီမှာကလေးအာဟာရနဲ့ ပတ်သက်ပြီး အရေးကြီးဆုံး သတိထားရမှာက သန့်ရှင်းမှုနဲ့ လတ်ဆတ်မှု ပါ။ သန့်ရှင်းမှု အားနည်းတဲ့အခါ ဝမ်းပျက်ဝမ်းလျှော ကိုဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေ ကပ်ငြိပါသွားနိုင်တယ်။ မလတ်ဆတ်တဲ့ အစားအသောက်တွေ ဆိုရင် အစာအဆိပ်သင့်စေတဲ့ ပိုးတွေ ၊ အစာအိမ်အနာဖြစ်စေနိုင်တဲ့ ပိုးတွေ ပါလာနိုင်ပါတယ်။အဖြစ်များတဲ့ ရာသီတုပ်ကွေးနဲ့ မိုးရာသီ အဖြစ်များတဲ့ ရောဂါတွေကို ကာကွယ်နိုင်ဖို့ ကလေးရဲ့ ကိုယ်ခံအားအတွက် အရေးပါတဲ့ အစာခြေစနစ်ကို ဂရုစိုက်စောင့်ရှောက်ပေးရမှာပါ။ အစာခြေစနစ် ကျန်းမာဖို့ ဒီရာသီမှာ ရှောင်သင့် သို့မဟုတ် ကန့်သတ်စားသုံးသင့်တာတွေက –။မိုး ရာသီမှာ အစာမကြေ ဖြစ်လွယ်ပါတယ်။ ဒီအချိန်မှာ ကိုယ်ခံအားစနစ် ကျန်းမာဖို့ ကလေးရဲ့ အစာခြေစနစ်ကို ဂရုစိုက် ထိန်းသိမ်းပေးရမှာပါ။ ဆီကြော် အစားအစာတွေနဲ့ အဆီများတဲ့ စားစရာတွေက အစာမကြေ ဖြစ်တတ်ပါတယ်။ကလေးကို အပြင်စာတွေ ၊ အထူးသဖြင့်အသုပ်တွေ ဝယ်မကျွေးတာ ကောင်းပါတယ်။ တကယ်လို့ ကလေးက စားချင်တယ်ဆို ကိုယ်တိုင် သန့်သန့်ရှင်းရှင်း လုပ်ကျွေးပါ။ ဒီရာသီမှာ ဝမ်းနူးစေနိုင်တဲ့ အသုပ်တွေကို ဖြစ်နိုင်ရင် တော့ ကလေးကို မကျွေးတာ ကောင်းပါတယ်။အငန်များတာတွေ စားရင် ခန္ဓာကိုယ်မှာ အရည်ဓာတ်စုခြင်း (ဖောရောင်ခြင်း) ဖြစ်လာနိုင်ခြေ များပါတယ်။ ကလေးတွေမှာ အငန်တွေစား၊ ရေတွေပိုသောက်၊ အရည်တွေစုလာရင် ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ကလေးအာဟာရမှာ အငန်မများစေဖို့ ဂရုစိုက်ပေးပါ။မိုးရာသီမှာ လတ်ဆတ်တဲ့ နွားနို့ သောက်တာ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် နို့ထွက်ပစ္စည်းတွေရဲ့ သဘောသဘာဝအရ ဒီရာသီမှာ မြန်မြန်ဆန်ဆန် ဓာတ်ပျက်လွယ်ပါတယ်။ ဓာတ်ပျက်တယ်ဆိုတာ နို့ထွက်ပစ္စည်း မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ ဆုံးရှုံးပြီး အနံ့အရသာ ပြောင်းလဲ ပျက်စီးသွားတာပါ။ဒိန်ချဉ်က ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလတ်ဆတ်ဆုံး စားတာပဲ အကောင်းဆုံးပါ။ ဒိန်ချဉ် မဖြစ်၊ နို့မဖြစ် ဓာတ်ပျက်သွားတဲ့ အနေအထားတွေဆို အခန့်မသင့်ရင် အစာအဆိပ်သင့်တာ အထိ ဖြစ်စေနိုင်ပါတယ်။ နို့ထွက်ပစ္စည်းတွေ ရက်လွန်တာ၊ အသွင်သဏ္ဍာန်ပြောင်းလဲတာတွေက ဝမ်းပျက်စေနိုင်တဲ့ လက္ခဏာတွေပါ။ကလေးကို အသီးအရွက် ကျွေးပါ ဆိုပေမယ့် ဒီရာသီမှာ အစိမ်း မကျွေးတာ ကောင်းပါမယ်နော်။ ပူပူနွေးနွေး ဟင်းအဖြစ်ပဲ ချက်ကျွေးပါ။မိုးတွင်းဆို ဟင်းသီးဟင်းရွက် တွေဟာ စိုက်ခင်းကနေ၊ စျေး၊ မီးဖိုချောင် စတဲ့ အဆင့်ဆင့် ဖြတ်ကျော်ခဲ့တဲ့ နေရာတွေမှာ ရောဂါပိုးတွေ ကပ်ငြိလာနိုင်ခြေ ပိုများပါတယ်။ အစာခြေစနစ် ဖွံ့ဖြိုးဆဲအရွယ် ဖြစ်တဲ့ ကလေးတွေ အတွက် အရဲစွန့်ပြီး အသီးအရွက်အစိမ်း မကျွေးပါနဲ့လို့ အကြံပြုချင်ပါတယ်။ဆိုလိုတာက အပြင်မှာရောင်းတဲ့ လှီးဖြတ်ပြီးသား၊ ခွဲပြီးသား အသီးအနှံ တွေပါ။ အခွံမနွှာရသေး၊ မလှီးဖြတ်ရသေးတဲ့ လတ်ဆတ်တဲ့ အသီးအနှံတွေကို ဝယ်ပြီးမှ အိမ်မှာ ကိုယ်တိုင် ခွဲကျွေးပါ။ ဆိုင်က လှီးဖြတ်ပေးတဲ့ အသီးအနှံတွေက သန့်ရှင်းအောင် ဆေးကြောပါ့မလား၊ လက် သေချာဆေးပြီးမှ ကိုင်တွယ်တာ ဟုတ်ရဲ့လား မသေချာနိုင်ပါဘူး။အပေါ်မှာ ပြောခဲ့သလိုပဲ ကလေးကို ကျွေးမယ့် အစားအသောက်တွေက လတ်ဆတ်ဖို့ အရေးကြီးပါတယ်။ မနက်စာ၊ ညစာ ချန်ထားတဲ့ အစားအစာတွေ (ဥပမာ ကလေးက ကြိုက်လို့ ဆိုပြီး ကြက်ကြော်တို့၊ ဘဲကင်တို့ ခွဲသိမ်းထားတာမျိုး) ၊ မနွှေးထားတဲ့ ဟင်းတွေ၊ ပထမရက်က ဟင်းလျာတွေ၊ ‌ရေခဲသေတ္တာ ထဲက ထည့်ထားတာ ကြာတဲ့ အစားအသောက်တွေ မကျွေးပါနဲ့။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/%e1%80%99%e1%80%ad%e1%80%af%e1%80%b8-%e1%80%a1%e1%80%b1%e1%80%b8%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1/
ရေဆာရင် အချိုရည် သောက်တတ်တဲ့ အကျင့်ရှိလား...........
မောလိုက်တာ၊ရာသီဥတုကလည်း ပူလိုက်တာ၊ ရေဆာလိုက်တာဆိုတဲ့ အကြောင်းအရင်းအမျိုးမျိုးနဲ့ရေအစား အချိုရည်တွေကိုများ သောက်နေမိပြီလား……. ရေသောက်ရင် အမောမပြေလို့ဆိုပြီး အချိုရည်မှအချိုရည်ဆိုပြီး သောက်မိနေသူလေးတွေ ရှိလား……….. ဒီလိုသောက်မိနေပြီဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။နှစ်စဉ် ကမ္ဘာလူဦးရေရဲ့ ၁၇.၉ သန်းဟာနှလုံးသွေးကြောဆိုင်ရာရောဂါကြောင့် အသက်ဆုံးရှုံးနေရပါတယ်။ နှလုံးကိုထိခိုက် တာ၊ နှလုံးသွေးကြောတွေ ထိခိုက်တာကြောင့် သေဆုံးနေကြရပါတယ်။ဒီလိုသေဆုံးရခြင်းရဲ့ အဓိကအကြောင်းအရင်းက စားသုံးနေတဲ့အစားအသောက်တွေကြောင့်ပါ။ စားသောက်တဲ့ အစားအသောက်တွေကြောင့် သွေးတိုးတာနဲ့ သွေးတွင်းသကြားဓာတ်များတာ၊သွေးတွင်းကိုလက်စထရောများတာတွေကနှလုံးရောဂါဖြစ်စေရတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။လေ့လာမှုရလဒ်တွေအရ နေ့စဉ် အချိုရည်တွေ သောက်သုံးတာက သွေးတွင်းမှာအဆီပိုတွေများလာစေပြီး သွေးတွင်း ကိုလက်စထရောတွေကို များစေနိုင်ပါတယ်။ ဒါက အချိန်ကြာလာတဲ့အခါ နှလုံးကျန်းမာရေးကို တော်တော်လေး ထိခိုက်စေနိုင်မှာပါ။ သွေးတွင်းကိုလက်စထရောကို ထိန်းညှိတာက ရုတ်တရက် နှလုံးခုန်ရပ်တာနဲ့လေဖြတ်တာတွေကို ကာကွယ်ရာ ရောက်ပါ တယ်။၁၂ နှစ်နီးပါး လူ ၃၅၈၄ ဦးပါဝင်ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ အချိုရည်အမျိုးမျိုးကို သောက်သုံးသူတွေဟာ သွေးတွင်းအဆီဓာတ်များကြသလို သွေးတွင်းအကျိုးပြု ကိုလက်စထရော နည်းတာကို တွေ့ရှိခဲ့ကြရပါတယ်။တစ်နေ့ကို အချိုရည်တစ်ခွက် သောက်သုံးတာက သွေးတွင်းက အကျိုးပြု ကိုလက်စထရာကို ကျဆင်းစေနိုင်ခြေ ၉၈ ရာခိုင်နှုန်းအထိရှိပါတယ်။ အကျိုးမပြု ကိုလက်စထရော မြင့်တက်နိုင်ခြေကတော့ ၅၃ ရာခိုင်နှုန်းအထိရှိပါတယ်။ဒီလိုသွေးတွင်းက အကျိုးပြု ကိုလက်စထရော ကျပြီး အကျိုးမပြု ကိုလက်စထရော တက်တာက နှလုံးသွေးကြော ရောဂါ ခံစားရနိုင်ခြေ ပုံမှန်ထက်ပိုများနေပါတယ်။ရေက ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ပါဝင်ဖွဲ့စည်းထားပြီး စိတ်ရော ကိုယ်ပါကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်တာကြောင့် ရေဆာတဲ့ အခါ အချိုရည်သောက်တာမျိုး မလုပ်ဘဲ ရေပဲသောက်ပါ။ ဒါမှ ကျန်းမာမှာပါ။ ရေသောက်ပေးတာကြောင့်။ကဲ..အမောပြေ ရေပဲသောက်ပါ။ အချိုရည်တွေသောက်တာက အရသာရှိပေမယ့် ရေရှည်မှာ နှလုံးကျန်းမာရေးအပါအဝင် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းတွေက အများကြီး ဖြစ်နေတာကြောင့်ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/how-sugary-drinks-could-raise-heart-disease-risk/
null
null
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/causes-of-floating-poop/
မိုးရာသီ ရောက်ရင် စိတ်ပူရတဲ့ ကလေးတွေအဖြစ်များဆုံးရောဂါများ
နွေမှာ ပူလို့ မိုးရာသီ ကို မျှော်နေကြပေမယ့်မိုးနဲ့အတူ ပါလာလေ့ရှိတဲ့ ကျန်းမာရေးရဲ့ ရန်သူတော်တွေကိုလည်း ထည့်တော့ တွေးထားသင့်ပါတယ်။ အထူးသဖြင့် အိမ်မှာ ကလေးငယ်ငယ် ရှိတဲ့ မိသားစုတွေဆို ပိုအရေးကြီးပါတယ်။ ဒီတစ်ခေါက်တော့ မိုးရာသီ ရောက်ရင် စိတ်ပူရတဲ့ ကလေးတွေအဖြစ်များဆုံးရောဂါများ အကြောင်း ပြောပြပေးချင်ပါတယ်။ကလေးတွေကတော့ မိုးရွာရင် ပျော်တယ်၊ မိုးရေထဲ ဆော့ချင်တယ်၊ မိုးအေးအေးနဲ့ အိပ်ရတာကို သဘောကျတယ်။ ဒါပေမယ့်ကိုယ်ခံအားစနစ်အပြည့်အဝမဖွံ့ဖြိုးသေးတဲ့ ကလေးတွေဟာရာသီဥတု အပြောင်းအလဲမှာ နေမကောင်းဖြစ်ဖို့ ပိုလွယ်ပါတယ်။ ဒါ့အပြင် မိုးရာသီမှာ ကူးစက်ဖြစ်ပွားမှု ပိုများတတ်တဲ့ ရောဂါတွေ လည်းရှိနေပါတယ်။မိုးရာသီ လို စိုစွတ်တဲ့ ရာသီဥတုမှာ ရောဂါပိုး ပေါက်ပွားမှု ပိုများတဲ့၊ ဒါမှမဟုတ် ကူးစက်ပြန့်ပွားနိုင်ခြေ ပိုများတဲ့ အနေအထားတွေ ဖြစ်ဖို့လွယ်ပါတယ်။ ဒီရာသီမှာ အဖြစ်များတဲ့ ရောဂါတွေက –။(၁)သွေးလွန်တုပ်ကွေး။လူတိုင်း သိထားပြီးသား ရန်သူတော်ကြီးပါ။ ကလေးတွေအတွက် အဖြစ်များလွန်းလို့ သိပ်ကို စိုးရိမ်ကြရတဲ့ ရောဂါပါ။ ဒီရောဂါပိုးကို သယ်ဆောင် ကူးစက်ပေးနိုင်တဲ့ ခြင်တွေက နေရာတိုင်းမှာ ရှိနေနိုင်လို့ပါ။ မိုးရာသီ ဆို အိမ်နီး ပတ်ဝန်းကျင်မှာ ခြင်တွေ ပေါက်ဖွားဖို့ အနေအထား ဖန်တီးပေးသလို ဖြစ်နေပါတယ်။ခြင်ကျားက တစ်ဆင့် ကူးစက်တတ်တဲ့ ဒီရောဂါဟာ ကျောင်းမှာ၊ အိမ်မှာ အချိန်မရွေး ကိုယ့်ကလေးဆီ ရောက်ရှိလာနိုင်ပါတယ်။ ဒီရာသီမှာ ကလေးကို အကျီလက်ရှည်၊ ဘောင်းဘီလက်ရှည် ဝတ်ထားပေးပါ၊ ခြင်ပြေးလိမ်းဆေး လိမ်းပေးထားပါ၊ မှောင်ပြီး ချောင်ကျတဲ့နေရာမှာ မဆော့ကစားပါစေနဲ့၊ အိမ်ပတ်ဝန်းကျင် ရေရှိတဲ့ နေရာတွေကို ဖုံးအုပ်ပါ၊ ရေဝပ်နိုင်တဲ့ နေရာတွေ ကို ရှင်းလင်းပါ။(၂)အအေးမိ၊ တုပ်ကွေး။ဒီရာသီဆို နှာတရွှတ်ရွှတ်၊ ချောင်းလေး တဟွတ်ဟွတ် နဲ့ ကလေးတွေ မှာ ဖြစ်တတ်ပါတယ်။ တခြားသူဆီကနေလည်း အသက်ရှူလမ်းကြောင်းက တစ်ဆင့် ကူးစက်ခံရလွယ်တယ်လေ။ ဖျားလာပြန်တော့ စိတ်ပူရပြန်ရော။ အအေးမိဝေဒနာ ဖြစ်ပြီးတဲ့အခါမှာလည်း ကိုယ်ခံအား နည်းသွားတာကြောင့် တခြားရောဂါတွေ ဖြစ်မှာကိုလည်း စိုးရိမ်ရပါတယ်။ဒါ့ကြောင့် ကလေးတွေရဲ့ ကိုယ်ခံအားစနစ် ကျန်းမာနေဖို့ အရေးကြီးတာပါ။ ကလေးကို အာဟာရစုံလင်အောင် ကျွေးပါ၊ ကြေးထူရင်တောင် အာဟာရဓာတ်တွေ ရရှိအောင် ကြံဖန်စီမံကျွေးပါ၊ အိပ်ချိန် သတ်မှတ်ပြီး အိပ်စေပါ၊ ကိုယ်လက်လှုပ်ရှား ကစားတာကို မတားဆီးပါနဲ့။ လူကြီးတွေ နေမကောင်းရင် ကလေးအနား သိပ်မကပ်ပါနဲ့၊ နှာချေ၊ ချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို ဖုံးအုပ်ကာကွယ်ပါ၊ လက်သေချာဆေးကြောပါ။ တုပ်ကွေး ကာကွယ်ဆေး ထိုးထားတာလည်း ကောင်းပါတယ်။(၃)တိုက်ဖွိုက်။တိုက်ဖွိုက် အဖျားက မိုးရာသီ မှာ အတော်လေး အဖြစ်များတဲ့ ရောဂါတွေထဲ ပါဝင်ပါတယ်။ မသန့်ရှင်းတဲ့ရေ နဲ့ အစားအသောက်တွေကနေ တိုက်ဖွိုက်ဖြစ်စေတဲ့ ဘက်တီးရီးယားကို ကူးစက်ပြန့်ပွားစေနိုင်ပါတယ်။ဒါ့ကြောင့် မိုးရာသီ မှာ စားသမျှ သောက်သမျှတွေအတွက် သန့်ရှင်းမှုနဲ့ လတ်ဆတ်မှုကို အထူးဂရုစိုက်သင့်ပါတယ်။ တိုက်ဖွိုက်အဖျား ဟာ ပြင်းထန်တာကြောင့် ကလေး ဖျားနာတာနဲ့ ဆရာဝန်ပြပြီး အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။(၄)ဝမ်းပျက်ဝမ်းလျှော။ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတဲ့ ဘက်တီးရီးယားဟာလည်း ရေနဲ့ အစားအသောက်ကနေ ပါလာတတ်တာ ဖြစ်လို့ အစားအသောက် ပြင်ဆင်တဲ့၊ ကိုင်တွယ်တဲ့နေရာမှာ သန့်ရှင်းမှုကို အဓိက ဂရုစိုက်ရပါမယ်။ ပြင်းထန်ရင် ပြင်းထန်သလောက် အသက်အန္တရာယ်ထိ စိုးရိမ်ရတတ်လို့ မပေါ့ဆစေချင်ပါဘူး။ဖြစ်နိုင်ရင်အပြင်စာတွေ မစားစေတာအကောင်းဆုံးပါ၊ အိမ်မှာ ပူပူနွေးနွေးချက်ကျွေးပါ၊လက်ကို သေချာဆေးကြောကြပါ၊ ရေကို ရေသန့် သို့မဟုတ် ကျိုချက်ထားတဲ့ရေပဲ သောက်ပါ။ဒါတွေ ကာကွယ်နိုင်အောင် ဂရုတစိုက်နေထိုင်ရင်း ရောဂါကင်းကင်း ကျန်းမာစွာနဲ့ မိုးရာသီကို ကြိုဆိုလိုက်ရအောင်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/infectious-diseases-in-children/common-monsoon-diseases-in-child/
သွေးတိုးရှိတယ်။ ဆေးသောက်တာအပြင် ဘာလုပ်လို့ရသေးလဲ။
သွေးတိုးရှိတယ်။ ဆေးတွေပဲ သောက်နေရတယ်။ ဆေးသောက်နေတာတောင် သွေးတိုးက ကောင်းကောင်းထိန်းလို့ မရချင်ဘူး။ တခြားနည်းလမ်းရော မရှိဘူးလားဆိုသူတွေအတွက် ဒီဆောင်းပါးက သင့်အတွက်ပါ။ ကဲ … သွေးတိုးရှိတယ်။ ဆေးသောက်တာအပြင် ဘာလုပ်လို့ရသေးလဲ။ ဆိုတာကို ကြည့်လိုက်ရအောင်နော်။သွေးတိုးရောဂါက နာတာရှည်ရောဂါ ဖြစ်တဲ့အတွက် တစ်သက်လုံး ဆေးသောက်ရမှာပါ။ ဒါပေမဲ့ ဆေးသောက်ရုံနဲ့တင် မပြီးသေးပါဘူး။ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကိုလည်း ထိန်းရမှာပါ။ သွေးတိုးလည်းတိုး နောက်က ဆေးလိုက်သောက်လိုက်ရုံပဲလို့ တွေးလိုက်လို့ မဖြစ်ပါဘူး။ တိုးချင်သလောက်တိုး ဆေးသောက်မယ်ဆိုရင် နောက်ဆုံးမှာ ဆေးတောင် မကယ်နိုင်ဘဲ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးသွားမှာပါ။ဒါကြောင့် ဆေးတွေသောက်နေတာတောင် သွေးတိုးက ကောင်းကောင်းမထိန်းနိုင်ဘူးလို့ ထင်ရင်  ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ပြန်ပြင်ကြည့်ပါဦး။သွေးပေါင်ချိန်ကကျန်းမာရေးထိခိုက်နိုင်လောက်တဲ့ အနေအထားထိ မြင့်တက်သွားတာကို သွေးတိုးတယ် လို့ခေါ်ကြတာပါ။ သွေးတိုးကနောက်ဆက်တွဲရောဂါအနေနဲ့ ဝင်လာနိုင်သလိုရှေ့ကနေ ဦးဆောင်သူအနေနဲ့လည်း ဝင်လာနိုင်ပါတယ်။သွေးတိုးတယ်ဆိုတာကသွေးပေါင်ချိန်ပုံမှန်ထက်မြင့်တက်တဲ့အခြေအနေပေါ့။ အရမ်းပြင်းထန်မယ်ဆိုရင်လေဖြတ်တာအထိဖြစ်နိုင်ပါတယ်။သွေးပေါင်ချိန်အရမ်းမြင့်သွားမယ် အပေါ်သွေး ၁၈၀ mm Hg၊ အောက်သွေး ၁၂၀ mm Hgဖြစ်နေမယ်။ ဒါမှမဟုတ် အပေါ်သွေးက ၁၈၀ mm Hgကျော်နေမယ်၊အောက်သွေးက ၁၂၀ mm Hg ထက်များနေမယ်ဆိုရင်သွေးပေါင်ချိန်အရမ်းမြင့်နေပြီလို့ဆိုရပါမယ်။သွေးအရမ်းတိုးတာကသွေးကြောတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ သွေးကြောတွေ ရောင်ရမ်းလာပြီး သွေးယိုစိမ့်တာ ဒါမှမဟုတ်သွေးရည်ကြည်လိုမျိုး အရည်တွေ ယိုစိမ့်တာမျိုး ဖြစ်နိုင်ပါတယ်။ ရလဒ်အနေနဲ့ကတော့နှလုံးက သွေးတွေကို ထိထိရောက်ရောက် ညှစ်မထုတ်နိုင်တာ၊ လေဖြတ်တာတွေ ဖြစ်သွားနိုင်ပါတယ်။သွေးတိုးတဲ့အခါ အများစုက ဘာလက္ခဏာမှ မခံစားရပါဘူး။ တချို့တွေမှာတော့။သွေးတိုးရှိတယ်။ ဆေးသောက်တာတောင် သွေးတိုးက ကောင်းကောင်းထိန်းလို့ မရချင်ဘူးဆိုရင်  အောက်က နည်းလမ်းတွေကို လိုက်နာကြည့်ပါ။သင့်တင့်တဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ကိုယ်အလေးချိန် တိုးလာတာနဲ့အတူ သွေးပေါင်ချိန်ကလည်း တက်လာနိုင်ပါတယ်။ ဒီတော့ သွေးတိုး ကျစေဖို့ဆိုရင် လုပ်ရမယ့် အကောင်းဆုံး နည်းလမ်းက ပိုနေတဲ့ကိုယ်အလေးချိန်တွေကို လျှော့ချဖို့ပါ။ကိုယ်အလေးချိန် လျှော့ချနိုင်မှုနဲ့အတူ သွေးတိုးကလည်း ကျလာပါလိမ့်မယ်။ခန္ဓာကိုယ်က အလေးချိန် ၂.၂ ပေါင် ကျသွားတိုင်း သွေးပေါင်ချိန်က ၁ mm Hg ကျသွားပါလိမ့်မယ်။လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာကခန္ဓာကိုယ်ကိုရော စိတ်ကိုပါ ကျန်းမာစေနိုင်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀ တစ်ပတ်ကို မိနစ် ၁၅၀ ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးတာက သွေးတိုး ရှိသူတွေမှာ သွေးပေါင်ချိန် ၅ mm Hg ကနေ ၈ mm Hg အထိ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။သွေးတိုးကြောင့် နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်စေဖို့ဆိုရင် ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။ အနည်းဆုံး လမ်းလျှောက်တာဖြစ်ဖြစ်ပေါ့။စားသောက်မှုပုံစံပြောင်းပါ။သွေးတိုးရှိနေတယ်ဆိုရင် သန့်စင်ထားတဲ့ ကောက်နှံတွေ၊ အချိုများတဲ့ အစားအစာတွေ၊ ပြည့်ဝဆီတွေကို ရှောင်ပြီး လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊အမျှင်ဓာတ်ပါတဲ့ စားစရာတွေ၊ အဆီမပါတဲ့ အသားတွေ ပါဝင်အောင် စားပေးပါ။ဆားလျှော့စားပါ။ဆား အစားများတကလည်း သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြော်င့ သေါးတိုးရှိမယ်ဆိုရင် ဆားစားသုံးမှုကို တတ်နိုင်သမျှလျှောပဖိုပလိုပါမယ်။ ဆားဆိုတဲ့နေရာမှာလည်း ဆားချည်းသက်သက် မဟုတ်ပါဘူး။ အငန်ဓာတ်ပါနေတဲ့ငါးပိ၊ငါးခြောက်၊ ငံပြာရည် လိုမျိုး အငန်ပါတာတွေ။ ငါးချဉ်၊ ပုစွန်ချဉ်နဲ့ အချိုမှုန့် ပါဝင်မှု များတာတွေကိုပါ ရှောင်ရပါမယ်။ဆေးလိပ်ဖြတ်ပါ။ဆေးလိပ်သောက်တာကသွေးကြောတွင်းက နံရံတွေကို ပျက်စီးစေနိုင်ပြီး သွေးကြောတွေကို တောင့်တင်းစေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးရှိနေတယ်ဆိုရင် အကောင်းဆုံးက ဆေးလိပ်ဖြတ်လိုက်ပါ။အယ်လ်ကိုဟောလျှော့သောက်ပါ။အယ်လ်ကိုဟော အလွန်အကျွံ သောက်သုံးတာက သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက သွေးတိုးနေတယ်ဆိုရင် အယ်လ်ကိုဟောကို ဖြတ်တာပါ။ တကယ်လို့ မဖြတ်နိုင်ဘူးဆိုရင် တစ်နေ့ကို ၂ ခွက်ထက် ပိုမသောက်ပါနဲ့။ လေဒီတွေဆိုရင် တစ်နေ့ကို ၁ ခွက်ထက်ပိုမသောက်ပါနဲ့။စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။စိတ်ဖိစီးမှုများတာက သွေးတိုးစေရတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။ စိတ်ဖိစီးမှု များတဲ့အခါ သွေးပေါင်ချိန်က မြင့်တက်လာနိုင်ပါတယ်။ ဒါကြောင့်စိတ်ဖိစီးမှုပြေလျော့စေဖို့ တရားထိုင်တာ၊ထိုက်ချိကစားတာ၊ ယောဂ ကစားတာနဲ့ ပုံဆွဲတာ။အပင်စိုက်တာတွေ လုပ်ကြည့်ပါ။ကဖင်းလျှော့ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/ways-to-control-high-blood-pressure-without-medication/
ရေကြီးမှု၏ ကပ်ပါးကောင်ဆိုးများ
မိုးရာသီရောက်လာပြီဆိုတော့ မိုးအမြောက်အများ ရွာသွန်းမှုရဲ့ နောက်ကွယ်မှာရေကြီးရေလျှံမှုတွေ ရှိလာနိုင်ပါတယ်။ ကမ္ဘာနှင့်တဝှမ်းမှာလည်း မိုးရာသီကာလ ရောက်လာတိုင်း နှစ်စဉ် နှစ်တိုင်း ရေကြီးရေလျှံမှုတွေ ကြုံရစမြဲပါ။ လူသားတွေဟာ ရေကြီးမှုနဲ့အတူ အသက် အန္တရာယ်၊ စားဝတ်နေရေးပြဿနာတွေကိုသာ ရင်ဆိုင်ရတာမဟုတ်ပါဘူး။ လျှံလာတဲ့ ရေတွေဟာ အညစ်အကြေးတွေများစွာ ပါဝင်တာမို့ ရေကြောင့်ဖြစ်တဲ့ရောဂါတွေကိုလည်း နောက်ဆက်တွဲအနေနဲ့ ခံစားကြရပါတယ်။ ဒါ့အပြင် စီးဆင်းမှုမရှိ၊ တည်ငြိမ်နေတဲ့ရေဟာ ခြင်ပေါက်ပွားနိုင်တဲ့ အဓိကအကြောင်းအရင်း ဖြစ်တာနဲ့အညီ ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတွေကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး ရဲ့ အဆိုအရ ရေကြီးရေလျှံမှုတစ်ခုရဲ့ နောက်ကွယ်က ရောဂါ(၆)မျိုးကို မျှဝေပေးလိုက်ပါတယ်။အူရောင်ငန်းဖျားဟာ “Salmonella Typhi” ဆိုတဲ့ဘက်တီးရီးယားကြောင့် ကူးစက်တဲ့ ရောဂါပါ။ ဘတ်တီးရီးယားဟာ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီးပြီးချင်းမှာ အကောင်တွေ ပွားပါတယ်။ ဒီလိုပွားများပြီးရင်တော့ သွေးကြောထဲအထိ ပျံ့နှံ့ကာ။မကုသဘဲ ထားပါက အသက်ဆုံးရှုံးရသည်အထိ ဖြစ်နိုင်ပါတယ်။ အူရောင် ငန်းဖျားရောဂါဟာ ရောဂါရှိသူရဲ့ မစင်တွေနဲ့ ညစ်ပတ်ပျံ့နှံ့နေတဲ့ ရေ(သို့မဟုတ်) အစားအစာတွေကို စားသောက်လိုက်ခြင်းမှတဆင့် ကူးစက်တာပါ။ ရေကြီးမှုကြောင့် ပတ်ဝန်းကျင်ဟာ မသန့်ရှင်းတော့တာကြောင့် အူရောင်ငန်းဖျားကပ်ရောဂါကြီး ဖြစ်ပွားရတာပါ။ရေကောင်းရေသန့်သောက်သုံးခြင်း၊ အစားအသောက်စားသုံးရာမှာ သန့်ရှင်းစွာ ချက်ပြုတ်စားသောက်ခြင်းနဲ့ မကြာခဏ လက်ဆေးခြင်းတို့ဖြင့် ဒီရောဂါကို ကာကွယ်နိုင်ပါတယ်။ အူရောင်ငန်းဖျားရောဂါ ကာကွယ်ဆေးကို ထိုးနှံထားခြင်းဖြင့်လည်း ကာကွယ်နိုင်ပါသေးတယ်။ရေကြီးရေလျှံမှုဖြစ်တဲ့အခါ ရေကောင်းရေသန့်တွေ မရနိုင်တော့သလို ပတ်ဝန်းကျင်ဟာလည်း မသန့်ရှင်းနိုင်တော့ပါဘူး။ အစားအသောက်နဲ့ ရေတွေမှာ ဘတ်တီးရီးယား အများအပြား ပါဝင်လာမှာပါ။ ‘Vibrio cholerae’ ဆိုတဲ့ ဘတ်တီးရီးယားဟာ အစားအသောက်တွေထဲ ရောပါလာခဲ့ရင် ကာလဝမ်းရောဂါဖြစ်လာမှာပါ။ ဝမ်းလျှောဝမ်းပျက်ခြင်းကို ခံစားရတာကြောင့် အရည်ဝမ်း အကြိမ်ပေါင်းများစွာသွားပြီး ရေဓာတ်ဆုံးရှုံးရမှာပါ။ မကုသပါက သေဆုံးတဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။ ကာကွယ်မှုနည်းလမ်းတွေကတော့ အူရောင်ငန်းဖျား ရောဂါနဲ့ အတူတူပါပဲ။အသည်းကို ကူးစက်မှုများတဲ့ ‘Hepatovirus A သို့မဟုတ် Hepatitis A virus’ ကြောင့် ဖြစ်ရတာပါ။ မသန့်ရှင်းတဲ့အစားအသောက်နဲ့ ရေကြောင့် ဒီဗိုင်းရပ်စ် ကူးစက်ရပါတယ်။ ရောဂါလက္ခဏာတွေကတော့ ဖျားမယ်၊ နုံးခွေချည့်နဲ့မယ်။ အစားအသောက်ပျက်မယ်၊ ဝမ်းလျှောမယ်၊ မူးဝေမယ်၊ ပျို့မယ်၊ ဝမ်းဗိုက်မအီမသာဖြစ်မယ်၊ ဆီးအရောင်ရင့်မယ်၊ မျက်လုံးဝါ၊ အသားဝါမယ်စတဲ့ လက္ခဏာတွေ ခံစားရမှာပါ။ အထက်ပါနည်းလမ်းတွေအတိုင်း ကာကွယ်ပါ။ ကာကွယ်ဆေးထိုးကာ ကာကွယ်နိုင်ပါသေးတယ်။ငှက်ဖျားရောဂါဟာ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ ရောဂါဖြစ်တယ်ဆိုတာ လူတိုင်းသိနှင့်ပြီးသား ဖြစ်ပါတယ်။ Plasmodium ဆိုတဲ့ ကပ်ပါးကောင်ကို သယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ရတာပါ။ ရောဂါလက္ခဏာတွေအနေနဲ့။ဒေသတစ်ခုမှာ ရေကြီးခြင်း ထပ်မံဖြစ်ပွားပါက ငှက်ဖျားရောဂါဖြစ်နှုန်းဟာ ပိုမြင့်တက်လာပါတော့တယ်။ ကာကွယ်ပုံနည်းလမ်းကတော့ခြင်ကိုက်မခံရအောင်ခြင်ထောင်ထောင်အိပ် ခြင်း၊ ခြင်မကိုက်ရ ဆေးရည်လိမ်းခြင်း၊ စီးဆင်းမှုမရှိဘဲ အိုင်နေတဲ့ ရေတွေကို ဖယ်ရှားခြင်းနဲ့ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ပုဆိုး၊ထဘီ စသဖြင့် ဝတ်ဆင်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။သွေးလွန်တုပ်ကွေးရောဂါဟာ အေးဒီးစ်ခြင်ကျား ကိုက်ခံရခြင်းမှတဆင့် ကူးစက်ပျံ့နှံ့တာပါ။ အအေးမိတုပ်ကွေးရောဂါလက္ခဏာနဲ့ ဆင်တူပြီး ပြင်းထန်ပါက သွေးလွန်တုပ်ကွေးရှော့ခ်ရောဂါထိ ဖြစ်ပွားနိုင်ကာ အသက်ဆုံးရှုံးရနိုင်ပါတယ်။ ခြင်ကသယ်ဆောင်လာတဲ့ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်တွေဟာ သွေးကြောထဲမှာ ပမာဏများစွာ ပွားများလာပြီး ရောဂါဖြစ်ပွားတာပါ။ ကလေးတွေမှာအဖြစ်များပြီး လူကြီးတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ အချိန်မီဆေးရုံမရောက်ရှိပါက သေဆုံးရနိုင်ပါတယ်။ ကာကွယ်နိုင်မယ့် နည်းတွေကတော့ ငှက်ဖျားရောဂါနဲ့ အတူတူပါပဲ။ ရေသေရေငြိမ်တွေမှာ ခြင်ကျားဖြစ်လာမယ့် ပိုးလောက်လန်းတွေ ပေါက်ဖွားနိုင်တာမို့ ရေသေရေငြိမ်တွေ မရှိအောင် ဖုံး၊ သွန်၊ လဲ၊ စစ် ကို အထူးဂရုစိုက် ပြုလုပ်ပေးပါ။ရေကြီးရေလျှံမှုနောက်မှာ Hypothermia ​ကြောင့် သေဆုံးထိခိုက်ရသူ အများစုဟာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။ အပူချိန်ကျဆင်းခြင်းဟာ အရေးပေါ်အခြေအနေပါ။ ခန္ဓာကိုယ်ဟာ ထုတ်လုပ်နိုင်တဲ့ အပူချိန်ထက် ပိုလျှံမြန်ဆန်စွာ အပူဆုံးရှုံးတဲ့အခါ Hypothermia ဆိုတဲ့ အခြေအနေ ဖြစ်ပေါ်ပြီး ခန္ဓာကိုယ် အပူချိန်ဟာ ၃၅ ဒီဂရီ ဆယ်စီးယပ်စ်အောက် ကျဆင်းသွား ပါတော့တယ်။တုန်ရီခြင်း၊ စိတ်ရှုပ်ထွေးခြင်းကို စတင်ခံစားရပြီး။ခြောက်သွေ့ပြီး အေးမြတဲ့  အဝတ်ဝတ်ဆင်ခြင်းဟာ Hypothermia ကို ကာကွယ်ပေးနိုင်ပါတယ်။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-bacterial-infections/%e1%80%9b%e1%80%b1%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%81%8f-%e1%80%80%e1%80%95%e1%80%ba%e1%80%95%e1%80%ab%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%86/
null
null
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/upper-airway-obstruction-%e1%80%9c%e1%80%b1%e1%80%95%e1%80%bc%e1%80%bd%e1%80%94%e1%80%ba%e1%80%a1%e1%80%95%e1%80%b1%e1%80%ab%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%95/
ကလေးငယ်ငယ် ရှိတဲ့အိမ်မှာ မိဘတွေ မျက်ခြေမပြတ်သင့်တဲ့ ပစ္စည်းတချို့
အိမ်မှာ ကလေးငယ်ငယ် လေးတွေ ရှိလား။ တွေ့ကရာ ပါးစပ်ထဲ ကောက်ထည့်တတ်တဲ့ အရွယ်တွေ၊ တစ်အိမ်လုံး မျောက်ရှုံးအောင် ဆော့ကစားတတ်တဲ့ အရွယ်တွေ၊စူးစမ်းတတ်တဲ့ အရွယ်တွေကို တအားလွှတ်မထားပါနဲ့နော်။ကလေး သဘာဝ လွတ်လွတ်လပ်လပ် ဆော့ခွင့်ပေးထားတာ ကောင်းပေမယ့် မိဘက ဘေးကနေ စောင့်ကြည့်နေသင့်ပါတယ်။ ကလေးတွေနဲ့ဆို သတိထား စောင့်ကြည့်သင့်တဲ့ အိမ်က ပစ္စည်းတွေ အကြောင်း သတိပေးလိုက်ချင်ပါတယ်။(၁) ဓာတ်ခဲ အသေးစား။အီလက်ထရောနစ်ပစ္စည်းတွေမှာ ပါတဲ့ ဓာတ်ခဲသေးသေးလေးတွေ (ဥပမာ -နာရီဓာတ်ခဲအပြားလေးတွေ) ကို ကလေးငယ်တွေ မျိုချမိနိုင်ပါတယ်။ Nine-volt ဓာတ်ခဲတွေဟာလည်း ပါကင်ဖောက်ပြီး ပြင်ပမှာ စက္ကူညှပ်တွေ၊ အိုးတိုက် စတီးမျှင်ထွေး တွေလို သံသတ္တ္တုတွေနဲ့ ထိတွေ့မိရင် အပူရှိန်မြင့်ပြီး မီးထလောင်နိုင်ပါတယ်။(၂) Flat တီဗီ။ဘယ်သူမဆို မတော်တဆ ဖြစ်နိုင်ပေမယ့် အထူးသဖြင့် ကလေးငယ်တွေ အတွက် ပိုသတိထားသင့်ပါတယ်။ Flat တီဗီတွေကို အောက်ခြေ မငြိမ်တဲ့ ပရိဘောဂတွေပေါ် တင်မထားပါနဲ့။ အခန့်မသင့်လို့ ပြုတ်ကျခဲ့ရင် အန္တရာယ်ရှိတဲ့ အပြင်လျှပ်စစ်အန္တရာယ်လည်း စိုးရိမ်ရပါတယ်။ အံဆွဲတွေပါတဲ့ တီဗီစင် တွေကို လည်း သတိထား ကိုင်တွယ်ပါ။တီဗီ ပလပ်ပေါက်တွေ ကလေး ကိုယ်တိုင် မဖွင့်၊ မပိတ်ဖို့ သတိထားစောင့်ကြည့်ပါ။ မီးခလုတ်တွေ၊ ပလပ်ပေါက်တွေကို ကလေးတွေ ပေးကိုင်တဲ့ အကျင့်မလုပ်ပါနဲ့။(၃) မီးဖို။ဂက်စ်မီးဖိုတွေက အိမ်တွေမှာ အသုံးဝင်တဲ့ မီးဖိုချောင် အသုံးအဆောင် ဖြစ်ပေမယ့် ကျန်းမာရေးအတွက်ရော၊ မီးဘေးအန္တရာယ် အတွက်ပါ သတိထားရမယ့် အထဲ ထိပ်ဆုံးက ပါဝင်ပါတယ်။ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့နဲ့ ဖော်မယ်လ်ဒီဟိုက်တွေ ထွက်ရှိတဲ့နှုန်းက ပုံမှန်အတိုင်းဆို သိပ်မများပေမယ့် နိုက်ထရိုဂျင်အောက်ဆိုဒ် ထုတ်လွှတ်မှုက ပြင်ပလေထု အတွက် လက်ခံနိုင်တဲ့ အတိုင်းအတာ ထက် ကျော်လွန်နေတယ်လို့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။ဒါ့ကြောင့် အလုံပိတ်အခန်း အတွင်း ချက်ပြုတ်ရတာ ပုံမှန်ထက် ပိုများတဲ့ စားဖိုမှူးတွေမှာ ဒီအန္တရာယ် ပိုစိတ်ပူရတာပါ။ ဒါ့ကြောင့် ဂက်စ်မီးဖိုနဲ့ ချက်တဲ့အခါ။(၄) ချွန်ထက်တဲ့ အရာတွေ (ဓား)။ဓားမ၊ ဓားချွန်၊ ဓားအသေး စသည်ဖြင့် ဓားအမျိုးပေါင်းစုံကို စနစ်တကျမထားဘဲ တစ်နေရာစီ ပစ်ထားမယ်ဆိုရင် အန္တရာယ်များနိုင်ပါတယ်။ ဓားထည့်စင်နဲ့ စီပြီးထားတာလည်းမတော်တဆတိုက်ချမိနိုင်လို့ သတိထားပါ။ ဓား အပါအဝင် ချွန်ထက်တဲ့ အရာတွေကို ကလေးတွေ မမီလောက်တဲ့ နေရာမှာ ထားပါ။(၅) ရေတွင်း၊ ရေကန်။ရေကူးကန် သို့မဟုတ် ရေတွင်း၊ ရေကန်တွေဟာ ကလေးတွေအတွက် အန္တရာယ်ဖြစ်ပါတယ်။ ရေတွင်း၊ ရေကန်တွေ တစ်ဝိုက်မှာ ရေညှိတွေနဲ့ ချောမနေဖို့၊ သန့်ရှင်းနေဖို့ အမြဲဂရုစိုက် လုပ်ဆောင်နေသင့်ပါတယ်။ ဒါမှ လူကြီးတွေပါ အန္တရာယ် ကင်းနိုင်မှာပါ။ ရေချိုးခန်းထဲက အုတ်ကန်တောင် ကလေးတွေအတွက် မေ့မေ့လျော့လျော့ မထားပါနဲ့။(၆) လှေကား ၊ ဝရံတာ။တိုက်ခန်းမှာ နေထိုင်သူတွေဆို အိမ်ရှေ့ဝရံတာ နဲ့ လှေကားတွေမှာ ကလေးတွေ ကို မျက်စိအောက်မှာပဲ စောင့်ကြည့်သင့်ပါတယ်။ ဆော့ကစားရင်း မတော်တဆ ပြုတ်ကျ၊ ချော်ကျ ခဲ့ရင် ရင်ကျိုးရပါလိမ့်မယ်။(၇) ဆေး။အိမ်မှာ ဆေးတွေ ဆောင်ထားသင့်တယ် ဆိုပေမယ့် သိမ်းဆည်းတဲ့ နေရာက အရေးကြီးပါတယ်။ ဆေးအမျိုးအစားတွေကို သီးခြားသပ်ရပ်စွာထားရှိပြီး ကလေးတွေ မမီတဲ့နေရာမှာ ထားသင့်ပါတယ်။မိသားစုထဲက တစ်ယောက်ယောက်က ဆေးမှားသောက်လိုက်တာ၊ ရက်လွန်ဆေးတွေကို မစွန့်ပစ်မိလို့ သောက်လိုက်မိတာ၊ကလေးက ယူသောက်လိုက်တာတွေက ကိစ္စကြီးသွားစေနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက် လိုတဲ့ ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် မသောက်ဖို့၊ ဆေးခန်းက ပေးလိုက်တာ ဆိုလည်း တခြားမိသားစုဝင်တွေ ရမ်းမသောက်မိစေဖို့ သီးခြားထားသင့်ပါတယ်။(၈)မှိုတက်နေတဲ့ ပစ္စည်းတွေ။မှိုအမှုန် သေးသေးလေးတွေက လေထုထဲ ပျံ့နှံ့သွားတဲ့အခါ အသက်ရှူလမ်းကြောင်း ပြဿနာတွေ၊ ပန်းနာရင်ကျပ် နဲ့ တခြားဓာတ်မတည့်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဘယ်က မှိုလဲ ဆိုတော့ အိမ်ကအစားအသောက်မှာတက်တဲ့မှို၊ အမှိုက်တွေမှာ တက်တဲ့ မှို၊ အိမ်မျက်နှာကျက် သို့မဟုတ် ကြမ်းပြင်ထောင့်မှာ ဖြစ်တဲ့ မှို ဖြစ်ပါတယ်။အရောင်စုံ ဖြစ်လာတတ်တဲ့ မှိုအမှုန်လေး တွေက ကျန်းမာရေး အတွက် သိပ်အန္တရာယ်ကြီးပါတယ်။ ဒါ့ကြောင့် အိမ်မှာ ရေစိမ့်တာလိုမျိုး ယိုစိမ့်မှုတွေ၊ အစိုပြန်ခြင်းတွေကို အမြန်ဆုံးဖြေရှင်းပါ။ ရက်လွန်အစားအစာ တွေကို လွှင့်ပစ်ပါ။ အမှိုက် တွေကို စနစ်တကျစွန့်ပစ်ပါ။ မှိုတက်နေတဲ့ အရာတွေကို ကလေးတွေ မထိတွေ့မိစေဖို့ အိမ်သန့်ရှင်းရေး မကြာခဏ လုပ်သင့်ပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/dangerous-things-for-babies-in-your-house/
null
null
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/aging-mind/%e1%80%95%e1%80%84%e1%80%ba%e1%80%85%e1%80%84%e1%80%ba%e1%80%9a%e1%80%b0%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%9b%e1%80%84%e1%80%ba-%e1%80%98%e1%80%ac%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%bc/
null
null
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/bad-habits-that-causes-diabetes/
ရှာလကာရည်ရဲ့ အလှအပအတွက် အသုံးဝင်မှု
ရှာလကာရည်ကို အချဉ်စိမ်ဖို့၊ အချဉ်သုပ်တွေထဲမှာ ထည့်ဖို့ပဲ အသုံးများ ကြပါတယ်။ တကယ်ကတော့ ရှာလကာရည်က စားစရာ တစ်ခု ဆိုတာထက် ပိုပြီး အလှအပ အတွက်ပါ အသုံးဝင်ပါတယ်။ ရှာလကာရည်ကိုအလှအပအတွက် ဘယ်လို အသုံးပြုရလဲ ဆိုတာ သိချင်တယ်ဆိုရင် ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ရှာလကာက တန်ဖိုးနည်း အလှအပ လျှို့ဝှက်ချက် တစ်ခုပါ။အသားအရေရဲ့ အက်ဆစ်ပမာဏကို ထိန်းညှိပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။ ဒါတင်မကပါဘူး။ အသားခြောက်တာ၊ အသား ယားယံတာ၊ အရေပြား အဖက်လန်တာ၊ဝက်ခြံစတဲ့ အရေပြား ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ဒါတင်မကသေးပါဘူး။ အသက်အရွယ်ကြောင့် ဖြစ်တဲ့အစက်အပြောက်တွေကို သက်သာစေဖို့အတွက်လည်း ရှာလကာရည်ကို အသုံးပြုပေးလို့ရပါတယ်။ ရှာလကာရည်ကို နည်းလမ်းမှန်မှန် အသုံးပြုတာက အသားအရေကို ကြည်လင်စေမှာပါ။ရှာလကာရည်ကို အလှအပအတွက် အခုလိုလေးတွေ အသုံးပြုပေးလို့ ရပါတယ်။ ရှာလကာရည်ရဲ့ အလှအပအတွက် အသုံးဝင်မှု လေးတေါက ဘာတွေများ ဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။အသားအရေအတွက် ရှာလကာရည်ကို အသုံးပြုတဲ့အခါ သဘာဝပစ္စည်းကနေ ထုတ်ထားတဲ့ ရှာလကာရည် (ဥပမာပန်းသီးရှာလကာရည်) က အသင့်တော်ဆုံးပါ။ ရှာလကာရည်ကို အသားအရေ သန့်စင်မှုအတွက် အသုံးပြုပေးလို့ ရပါတယ်။ရှာလကာရည်ကို ဆံသား တောက်ပစေဖို့ နဲ့ ဆံသား သန့်စင်စေဖို့ အသုံးပြုပေးလို့ ရပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/white-vinegar-health-benefits/
ကျန်းမာခြင်း ပန်းတိုင်ကို သွားရတာ လွယ်ပါတယ်။
ကျန်းမာခြင်းဆိုတဲ့ ပန်းတိုင်ကို လူတိုင်းကြိုးစားလျှောက်နေကြတာပဲ။ ဒါပေမယ့် လူတိုင်း မရောက်ကြပါဘူး။ တချို့က လမ်းတစ်ဝက်မှာပဲ လက်လျှော့သွားခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ ကျန်းမာအောင် လုပ်ရတာ ထင်သလောက် မလွယ်ပါဘူး။ နဂိုအကျင့်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေရင် ပိုတောင်ဆိုးပါသေးတယ်။ အစားအသောက်တွေ ဆင်ခြင်ရမယ်၊ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ရမယ်၊ အချိန်ပေးရမယ်။ ရေရှည်သွားနိုင်ရမယ် စတဲ့ စတဲ့ လိုအပ်ချက်တွေ ပြည့်စုံဖို့လိုပါတယ်။ဒါကြောင့် လမ်းတစ်ဝက်မှာတင် လက်လျှော့သွားကြတယ်လို့ ပြောတာပေါ့။ ဘာကြောင့်လဲဆိုတော့ ကျန်းမာခြင်းဆိုတဲ့ ပန်းတိုင်ကို သွားတဲ့လမ်းမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေ ကြုံရလို့ပါ။ ဒီလိုပြောတာ အလွယ်တကူ လက်လျှော့ဖို့ မဟုတ်ပါဘူး။ နောက်ပြီးရင်လည်း လက်လျှော့ရမှာပဲ။ အစကတည်းက လုပ်မနေပါနဲ့တော့လို့ ပြောချင်တာ မဟုတ်ပါဘူး။ကျန်းမာခြင်း ပန်းတိုင်ကို သွားတဲ့လမ်းမှာ တွေ့ရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ နည်းလမ်းလေးတွေကို ပြောပြချင်တာပါ။ ဆက်ကြည့်ရအောင်။ဒါက ခဏခဏ ကြားနေရတာပါပဲ။ လေ့ကျင့်ခန်း လုပ်ချင်တာ အချိန်မရှိလို့ဆိုပြီး။ အချိန်ကို ဆက်တိုက်ယူလိုက်တာထက် စာရင် တစ်နေ့ တစ်နေ့ ဟိုနား နည်းနည်း ဒီနား နည်းနည်း ခွဲယူလိုက်တာက ပိုကောင်းပါတယ်။ ဥပမာ မနက်ကို ၁၀မိနစ်လောက် စောထပြီး လေ့ကျင့်ခန်း ထလုပ်တာမျိုး၊ ရုပ်ရှင်ကြည့်ရင်း ကြော်ငြာလာရင် လေ့ကျင့်ခန်း တစ်မျိုးလောက် ထလုပ်လိုက်တာမျိုး တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှားနေလို့ရပါတယ်။ Gymသွားမှရယ် မဟုတ်ပါဘူး။ ဒီလို လှုပ်ရှားနေတာကလည်း သင့်ကို ကျန်းမာစေပါတယ်။ကိုယ်လက်လေ့ကျင့်ခန်း လုပ်စဆိုရင် အကျင့်မရှိလို့ ညောင်းညာကိုက်ခဲနေတာပဲ။ ပေါင်တွေလည်းကွ၊ ဗိုက်ကြောတွေလည်း နာလိုက်တာ ဆိုတာ ဖြစ်ဖူးမှာပါ။ ဒါက အလေ့အကျင့် မရှိလို့ပါ။ နေ့စဉ် ပုံမှန် လုပ်သွားရင် မနာတော့ပါဘူး။ ဒါပေမယ့် အဲ့ဒီအချိန်မတိုင်ခင်မှာ ပင်ပန်းလို့၊ နာလို့ဆိုပြီး အလွယ်တကူ လက်လျှော့တတ်ပါတယ်။ ဒီလိုမဖြစ်အောင် တစ်ခါတည်း အချိန်အကြာကြီး မလုပ်ပါနဲ့။ နိုင်သလောက်ပဲ စလုပ်ပါ။ တစ်နေ့ကို နည်းနည်းနဲ့ နှစ်ခေါက်လောက် ခွဲလုပ်ပါ။ မလုပ်ခင်မှာ အကြောလျှော့ပါ။ ရေများများသောက်ပါ။ လိုအပ်ရင် အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ရပါတယ်။Gymမှာ ဆော့မှ ကျန်းမာတာ မဟုတ်ပါဘူး။ အိမ်မှာပဲ ကိုယ်လုပ်တတ်တာလေးတွေ လုပ်လို့ရပါတယ်။ အင်တာနက်ကနေ ဗီဒီယိုတွေ ကြည့်ပြီး လုပ်လို့လည်း ရပါတယ်။ ဒါကြောင့် Gymဖိုး မတတ်နိုင်လို့၊ သွားရမှာဝေးလို့ ဆိုပြီး လက်လျှော့စရာ မလိုပါဘူး။ကျန်းမာခြင်းဆိုတဲ့ ပန်းတိုင်က အစားအသောက်လေးပါ ဆင်ခြင်မှ မြန်မြန်ရောက်မှာပါ။ ဒါပေမယ့် အစားအသောက်ကို သီးသန့်ပြင်ဆင်စရာ မလိုပါဘူး။ စနစ်တကျ ရွေးချယ်စားသောက်ဖို့ပဲ လိုတာပါ။ အဆီအဆိမ့်တွေ လျှော့စားမယ်။ အငန်တွေ၊ သကြားဓာတ်တွေ လျှော့စားမယ်။ အသီးအနှံတွေ၊ အသီးအရွက်တွေ များများစားမယ်ဆို လုံလောက်ပါပြီ။ ကျန်းမာရုံသက်သက်ကတော့ သီးသန့် diet planမလိုပါဘူး။တစ်နေ့ တစ်နေ့ ဒါပဲ လုပ်နေရတယ်။ ပျင်းလိုက်တာလို့ တွေးပြီး အလွယ်တကူ လက်လျှော့တတ်ပါတယ်။ ဒါကြောင့် တစ်နေ့ တစ်နေ့ မတူတာလေးတွေ ဆော့ပါ။ မပျင်းရအောင် သီချင်းလေးတွေ ဖွင့်ပါ။ အချိန်လေးတွေ ပြောင်းပြောင်းပြီး ဆော့ကြည့်ပါ။ဆော့နေတာ တစ်လလောက် ရှိပြီ ဘာမှမထူးခြားလာဘူးဆိုပြီး လက်မလျှော့လိုက်ပါနဲ့။ တစ်ယောက်နဲ့ တစ်ယောက် ဝိတ်အကျ အတက်က မတူပါဘူး။ ဒါကြောင့် လက်မလျှော့ပါနဲ့။ နောက်တစ်ခုက ဝိတ်အတက်အကျမဟုတ်ရင်တောင် သင့်အနေနဲ့ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု တစ်ခု ရှိနေပါပြီ။ နောက်ပြီး လေ့ကျင့်ခန်း လုပ်နေချိန်မှာ ထွက်လာတဲ့ ဟော်မုန်းတွေက သင့်စိတ်ကို ကြည်စေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ တိုးတက်မှု ရှိနေပါတယ်။ သင်လိုချင်တဲ့ ရလဒ်လည်း မကြာခင်ရမှာပါ။ လက်မလျှော့လိုက်ပါနဲ့။သြော် Gymတောင် ဆော့နေပါလား။ လှလာတော့မှာပေါ့။ Gymဆော့နေတာ ကြာပြီ။ သိပ်လည်း ထူးခြား မလာဘူးနော် စသဖြင့်ပေါ့ အပြောခံရတတ်ပါတယ်။ ဒါတွေကို အာရုံထားမနေပါနဲ့။ ကိုယ်တွေက ကျန်းမာခြင်း လမ်းကြောင်းပေါ် ရောက်နေပါပြီ။ဆက်လျှောက်သွားရင် ပန်းတိုင်ရောက်တော့မှာပါ။ ခုလည်း နေ့တိုင်း လှုပ်ရှားမှု တစ်ခု ရှိနေပြီလေ။ မကြာခင်မှာ ကိုယ်လိုချင်တဲ့ ပုံစံကို ရတော့မှာပါ။ဒါကြောင့် ယုံကြည်မှု ပျောက်ဆုံးနေတာ ဖြစ်နိုင်ပါတယ်။ ဒီတစ်ခါ စိတ်သစ် လူသစ်နဲ့ ပြန်စပါ။ လုပ်နိုင်သလောက်နဲ့ စပါ။ ဖြည်းဖြည်းချင်း တိုးသွားပါ။ ပုံမှန်တော့လုပ်ပါ။ ဘာကြောင့် ဒါကို လုပ်နေတာလဲဆိုတော့ ရည်ရွယ်ချက်လေး မပျောက်ပါစေနဲ့။တစ်နေ့ တစ်နေ့ နိုင်သလောက် လုပ်သွားရင် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာ မဟုတ်ပါဘူး။ အလွန်အကျွံလုပ်မယ်ဆိုရင်တော့ နောက်ရက်တွေ ဆက်လုပ်ချင်စိတ်ရှိမှာ မဟုတ်ပါဘူး။တစ်နေ့ တစ်နေ့ ဒီအသီးအရွက်တွေပဲ စားနေရတယ်လို့ မတွေးပါနဲ့။ ဒါတွေပဲ စားနေရရင် ကြာလာရင် ဘယ်ခံနိုင်မလဲ။ တကယ်တမ်း ဖြစ်သင့်တာက မျှမျှတတနဲ့ အာဟာရပြည့်အောင် စားသင့်တာပါ။ ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီနဲ့ လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေ ပါအောင်စားရင် ရပါပြီ။ အမြဲတမ်း အသီးအရွက်တွေပဲ စားနေဖို့ မလိုပါဘူး။ကျန်းမာခြင်း ပန်းတိုင်ကို ရောက်ဖို့ စိတ်ရှည်ရပါမယ်။ ပုံမှန်လုပ်ရပါမယ်။ ဒါကြောင့် ကိုယ်ရွေးချယ်တဲ့ အစားအသောက်ပုံစံတွေ၊ လေ့ကျင့်ခန်းတွေက ရေရှည်လုပ်နိုင်တာတွေ ဖြစ်ဖို့ လိုပါတယ်။ဒါမှပဲ ကျန်းမာခြင်းပန်းတိုင်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်ဘဲ ရောက်သွားနိုင်မှာပါ။ အပေါ်က နည်းလမ်းတွေနဲ့ဆိုရင်တော့ လွယ်လွယ်ကူကူရောက်သွားမှာပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%80%95%e1%80%94%e1%80%ba%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%80/
ဝမ်းသွားစေတဲ့ အစားအစာများ
ခရီးသွားစရာရှိတယ်၊ အရေးကြီးတဲ့ ပွဲတစ်ခု သွားစရာရှိတယ်။ ဝမ်းသွားမှာလည်း ကြောက်လို့ ဘာတွေ ရှောင်စားမလဲဆိုပြီး လာတိုင်ပင်လေ့ ရှိကြပါတယ်။ လူတွေရဲ့ အစာခြေစနစ်က တစ်ယောက်နဲ့ တစ်ယောက် တုံ့ပြန်ပုံခြင်းမတူပါဘူး။ လူတစ်ယောက်တည်းမှာကိုပဲ အသက်ကြီးလာလေလေ အစာခြေစနစ်ရဲ့ တုံ့ပြန်မှုတွေက ကွာခြားသွားပါတယ်။ ဒီကြားထဲ ကျန်းမာတဲ့ လူတစ်ယောက်နဲ့ ရောဂါအခံရှိတဲ့သူတွေရဲ့ အစားအစာပေါ် တုံ့ပြန်ခြင်းကလည်း မတူပါဘူး။ ဒါကြောင့် ဝမ်းသွားစေတဲ့ အစားအစာများ က ဘာတွေလဲ။ ဘာတွေကို သတိထားစားရမလဲဆိုတာကို သိထားသင့်ပါတယ်။ဝမ်းအရည်တွေပဲ မကြာခဏ သွားနေတယ်ဆိုရင် ဒါကို ဝမ်းသွားတယ်လို့ ခေါ်နိုင်ပါတယ်။ တချို့ကျတော့လည်း ဝမ်းသွားတယ်ရယ်လို့ မဟုတ်ဘဲ လေနဲ့ ဝမ်းနဲ့ မကွဲဘဲ ဗိုက်ရစ်နေတာမျိုးပေါ့။ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး ဝမ်းပျက်စေတဲ့ အကြောင်းရင်းတွေကတော့။ဒါတွေအပြင် နေ့စဉ်စားနေကျ အစားအစာတွေထဲမှာလည်း ဝမ်းသွားအောင် လှုံ့ဆော်နေတဲ့ အစားအစာတွေလည်း ရှိပါတယ်။ခုပြောမယ့် အစားအစာတွေက ဝမ်းသွားစေတဲ့ အစားအစာများ ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ခန္ဓာကိုယ် တုံ့ပြန်ခြင်းက မတူတော့ သူစားတုန်းက ဘာမှမဖြစ်ဘဲ ကိုယ့်အလှည့်ကျမှ ဝမ်းလျှောတာလည်း ဖြစ်နိုင်ပါတယ်။သကြားတွေက အူလမ်းကြောင်းထဲကို ရေနဲ့ ဓာတ်ဆားတွေ ဆွဲသွင်းနိုင်တဲ့အတွက် အူထဲမှာ ရေတွေများပြီး ဝမ်းအရည်တွေ သွားတတ်ပါတယ်။သကြားထဲမှာဆိုရင်ဖရက်တို့စ်သကြား (သစ်သီးတွေမှာ တွေ့ရတတ်တဲ့သကြား)က ဝမ်းလျှောတာ ဖြစ်တတ်ပါတယ်။ တချို့လူတွေက သစ်သီးတွေ အများကြီးစားပြီး ဝမ်းသွားတယ်ဆိုတာ ဒါ‌ကြောင့် ဖြစ်နိုင်ပါတယ်။  တစ်ရက်ကို ဖရက်တို့စ် ၄၀-၈၀ဂရမ်ထိ စားမိရင် ဝမ်းလျှောတတ်တယ်လို့ ဆိုပါတယ်။အစားထိုးသကြားတွေ (sorbitol, mannitol, and xylitol)က ချေဖျက်ရခက်တာကြောင့် အူထဲမှာ ကြာကြာနေပြီး ရေကိုဆွဲထားပါတယ်။ ဒါကြောင့် ဝမ်းလျှောတာပါ။ အစားထိုးသကြားတွေကို သွေးတွင်းသကြားဓာတ်မတက်အောင်ဆိုပြီး ဆီးချိုလူနာတွေ အသုံးများပါတယ်။ ဒါတွေကို။-ပီကေ။-သကြားမပါ ချိုချဉ်နဲ့ အချိုမုန့်တွေ။-diet soda။-သကြားလျှော့ထားတဲ့ စီရီယယ်။-ကော်ဖီဖျော်တဲ့နို့။-အချဉ်ရည်စတာတွေမှာ တွေ့ရတတ်ပါတယ်။နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ လက်တို့စ်လို့ခေါ်တဲ့ နို့သကြားပါဝင်ပါတယ်။ တချို့သူတွေမှာ နို့သကြားကို ချေဖျက်ဖို့ lactase ဆိုတဲ့ အင်ဇိုင်း မရှိတာကြောင့် နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားပြီးရင် လေပွတာ၊ ဝမ်းလျှောတာ၊ အစာမကြေတာတွေ ခံစားရတာပါ။FODMAPsဆိုတာ fermentable oligosaccharides, disaccharides, monosaccharides, and polyolsကို ဆိုလိုတာ ဖြစ်ပါတယ်။  သူ့မှာ ချေဖျက်ရခက်တဲ့။-ဖရက်တို့စ်သကြားနဲ့ သကြားအစားထိုးပစ္စည်းတွေ။-ဂျုံ၊ ဆပ်။-ကြက်သွန်နီ၊ ကြက်သွန်ဖြူ။-ပဲ။-ပျားရည်။-ကညွတ်။-သီဟိုဠ်စေ့ စတာတွေ ပါဝင်ပါတယ်။ဒါတွေကလည်း လူတချို့မှာ ဝမ်းလျှောတာကို ဖြစ်စေနိုင်ပါတယ်။ဂလူတန်ဆိုတာ ဂျုံ၊ ဘာလီ၊ ဆပ်တို့မှာ ပါတဲ့ ပရိုတင်းတစ်မျိုးပါ။ ဘီယာကို အချဉ်ဖောက်တဲ့ ဂျုံမှာလည်း ပါတတ်ပါတယ်။ တချို့သူတွေရဲ့ အစာခြေစနစ်က ဒီပရိုတင်းကို ချေဖျက်ဖို့ ခက်ပါတယ်။ တချို့မှာတော့Celiac diseaseလို့‌ခေါ်တဲ့ ခုခံအားရောဂါတစ်မျိုးရှိပြီး ဂလူတန်ကို စားလိုက်တာနဲ့ ခုခံအားစနစ်က အူလမ်းကြောင်းကို တိုက်ခိုက်တာကြောင့် ဝမ်းလျှောတာ ဖြစ်ပါတယ်။ဆီကြော်စာတွေဖြစ်တဲ့ ဘာဂါ၊ ကြက်ကြော်၊ အာလူးကြော် စတာတွေမှာ ပြည့်ဝဆီနဲ့ အသွင်ပြောင်းဆီတွေ ပါဝင်နေပါတယ်။ ဒီအဆီတွေက ချေရခက်တာကြောင့် အူမကြီးကို ဒီတိုင်းရောက်သွားပြီး အူမကြီးဆီရောက်မှ ဖက်တီးအက်စစ် ဖြစ်သွားပါတယ်။ ဖက်တီးအက်စစ်တွေက အူမကြီးက အရည်တွေကို ပိုထွက်စေတဲ့အတွက်  ဝမ်းလျှောစေပါတယ်။နောက်ပြီး သည်းခြေရည်တွေကို ပိုထွက်စေလို့ အူလမ်းကြောင်းထဲမှာ အရည်တွေ ပိုများလာပြီး ဝမ်းအရည်တွေ သွားစေပါတယ်။လူတိုင်း အစပ်စားကြတာပဲ။ လူတိုင်း ဝမ်းမလျှောပါဘူး။ ဒါပေမဲ့ တချို့သူတွေကတော့ အစပ် (အထူးသဖြင့် ငရုတ်သီး) စားပြီးရင် ဝမ်းလျှောပါတယ်။ ဘာကြောင့်လဲဆိုတော့ ငရုတ်သီးမှာပါတဲ့ capsaicinကြောင့်ပါ။Capsaicinက နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေတဲ့ အာနိသင်ရှိပေမယ့် အစာအိမ်နံရံကို လောင်စေတာကြောင့် စားပြီးတဲ့အခါ။-ပျို့တာ။-အန်တာ။-ဗိုက်အောင့်တာ။-ဝမ်းလျှောတာ။-ဝမ်းသွားရင် ပူနေတာ စတာတွေ ဖြစ်တတ်ပါတယ်။ကဖင်းက အူလမ်းကြောင်း လှုပ်ရှားမှုကို မြန်စေပြီး ဝမ်းပျော့စေတဲ့ အာနိသင်ရှိပါတယ်။ တချို့သူတွေဆို တစ်ရက်ကို ကော်ဖီ ၂-၃ခွက်လောက် သောက်တာနဲ့ကို ဝမ်းလျှောပါတယ်။ တချို့ဆို ၁ခွက်လောက်နဲ့တင် လျှောပါတယ်။ပိုဆိုးတာက ကော်ဖီကို နို့၊ သကြား၊ အစားထိုးသကြားတွေ အများကြီး သောက်တဲ့အခါ ဒါတွေအကုန်လုံးက ဝမ်းလျှောစေတဲ့ အာနိသင်ရှိတော့ နဂိုတည်းက ဝမ်းလျှောတတ်တဲ့သူဆို သောက်ပြီး ခဏနေတာနဲ့ ဝမ်းသွားတော့တာပါ။ ဒါကြောင့် ကဖင်းထုတ်ထားတဲ့ ကော်ဖီသောက်ရဲ့သားနဲ့ ဝမ်းလျှောနေတယ်ဆိုတာ ဒါကြောင့်ပါ။ကဖင်းက ကော်ဖီမှာတင် မဟုတ်ပါဘူး။-အားဖြည့်အချိုရည်။-လက်ဖက်ရည်။-ချောကလက်။-ဆိုဒါ စတာတွေမှာလည်း ပါပါတယ်။အမျှင်ဓာတ်က အစာခြေစနစ်ကို ကျန်းမာစေတယ်ဆိုပေမဲ့ လိုတာထက် ပိုစားရင်တော့ လေပွပြီး ဝမ်းလျှောတတ်ပါတယ်။ အထူးသဖြင့် အမျှင်ဓာတ်များတဲ့ ဟင်းရွက်ထုပ်တွေ (‌ဂေါ်ဖီထုပ်၊ ပန်းပွင့်)၊ ပဲ၊ ကောက်နှံတွေကို အလွန်အကျွံစားရင် ဖြစ်တတ်ပါတယ်။အရက်ကလည်း ဒီနေ့သောက်ပြီး နောက်နေ့ ဝမ်းလျှောတာကို ဖြစ်စေပါတယ်။ အထူးသဖြင့် ဘီယာတွေ၊ ဝိုင်တွေ သောက်ရင် ပိုဆိုးပါသတဲ့။တခြားအကြောင်းရင်း မယ်မယ်ရရ မရှိဘဲဝမ်းလျှောတယ်ဆိုရင် စားနေတဲ့ အစားအစာတွေကို ပြန်လည်စစ်ဆေးကြည့်ပါ။ တတ်နိုင်ရင် food diaryနဲ့ သေချာ ရေးမှတ်ထားပါ။ ဒါဆို ဘယ်အစားအစာတွေစားပြီးတိုင်းမှာ ဝမ်းလျှောတယ်ဆိုတာ သိသာလာပါလိမ့်မယ်။ပြီးရင်တော့ ကိုယ်ထင်တဲ့ အစားအစာကို တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည် ရှောင်ကြည့်ပါ။ ဝမ်းမလျှောဘူးဆိုရင် ရှောင်လိုက်တဲ့ အစားအစာကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ နို့ကြောင့်လို့ ယူဆရင် နို့မသောက်ဘဲ တစ်ပတ်လောက် စောင့်ကြည့်တာမျိုးပါ။သက်သာသွားရင် နည်းနည်းစီ ပြန်စားကြည့်ပါ။ ဥပမာ lactase အင်ဇိုင်းချို့တဲ့တဲ့သူ တချို့ဆိုရင် နို့ကို နည်းနည်းလောက် ပြန်သောက်ပေးလို့ ရပါတယ်။ များများသောက်မှ ဝမ်းလျှောတာမျိုးပါ။ ဒီလိုနည်းနဲ့ ကိုယ်နဲ့ မတည့်တဲ့ အစားအစာကို လုံးဝရှောင်ရမလား။ လျှော့စားရမလားဆိုတာ သိနိုင်ပါတယ်။အစားရှောင်တဲ့အတွက် အာဟာရမချို့တဲ့စေဖို့ အာဟာရဆရာဝန်နဲ့ တိုင်ပင်ပါ။ ဘာစားရမလဲဆိုတာ ညွှန်ကြားပေးပါလိမ့်မယ်။ ဥပမာ နွားနို့ သောက်မရရင် ပဲနို့သောက်တာ။ ဂလူတန်မပါတဲ့ အစားအစာတွေ စားတာ စသဖြင့်။အူလမ်းကြောင်း ရောဂါတစ်ခုခုရှိတယ်လို့ ယူဆရင် (ဥပမာ အူလမ်းကြောင်း လှုပ်ရှားမှုမမှန်တဲ့ရောဂါ၊ အူလမ်းကြောင်းရောင်ရမ်းတဲ့ရောဂါ၊ Celiac disease) ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ ကုသမှုခံယူပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/diarrhea-digestive-health/foods-that-can-cause-diarrhoea/
သင့်မျက်နှာကို လှပစေမယ့် အက်ဆစ်အမျိုးအစားတွေ
အက်ဆစ်လို့ ကြားတာနဲ့ လုံးဝမထိတွေ့သင့်တဲ့အရာတစ်ခုမို့ ဘုရား ဘုရား တနေချင်စရာပါ။ ဒါပေမယ့် အက်ဆစ်တိုင်းကတော့ လူတွေကို အန္တရာယ်ပေးနိုင်တာမဟုတ်ပါဘူး။ တချို့ အက်ဆစ်တွေဆို အလှအပအတွက်တောင် အထောက်အကူပြုပါသေးတယ်။တချို့သော အက်ဆစ်အမျိုးအစားတွေဟာဆိုရင် မျက်နှာပေါ်တောင် တင်လို့ရပါတယ်။ “မျက်နှာလှချင် အက်ဆစ်တင်” လို့ ဆိုရမလို ဝက်ခြံအတွက်လိမ်းရတဲ့ ဆေးတွေ၊ အသားအရည်လှပဖို့ လိမ်းရတဲ့ Skincare တွေထဲမှာ အက်ဆစ်ပျော့လေးလေးတွေ ပါဝင်နေတတ်တယ်လေ။တစ်ခုတော့ရှိတာပေါ့။ လှစေတာဆိုတာနဲ့ ဒီအတိုင်းပြေးကိုင်လို့တော့ ဘယ်ရမတုန်း။ အကျိုးပြုအက်ဆစ်တွေ ပါဝင်တဲ့SkincareSeries လေးတွေကို ရွေးချယ်ပြီးသုံးစွဲရမှာပါ။ခုတော့ ဘယ်လို အက်ဆစ်မျိုးတွေက ကိုယ့်ကို အကျိုးပြုမှာလဲဆိုတာကို လေ့လာကြည့်ရအောင်။အရေပြားမွေးညင်းပေါက်ထဲထိ ရောက်ရှိပြီး အဆီတွေ ၊ အညစ်အကြေးတွေကို သန့်စင်နိုင်စွမ်းရှိတဲ့အက်ဆစ်ပါ။ အဆီထွက်လွန်းတဲ့ အခြေအနေကိုထိန်းချုပ်ဖို့ မျက်နှာသစ်ဆေးတွေထဲမှာ ဒီအက်ဆစ်ကိုသုံးပါတယ်။သူကရောင်ရမ်းနာကျင်မှုတွေ ၊ မျက်နှာပေါ်ကဆိုးရွားတဲ့ အဖုအပိမ့်တွေ အနာတွေ ၊ တင်းတိပ် နေလောင်ကွက်တွေကိုပါ ကုသနိုင်ပါတယ်။ ဒါပေမဲ့ လွန်လွန်ကျွံကျွံသုံးရင်အရေပြားနဲ့ထိတွေ့ချိန်ကြာရင် အသားလောင်စေတာပဲမို့ ညွှန်ကြားချက်အတိုင်းသာ အသုံးပြုရမှာပါ။သူကတော့ အမည်းစက်နေလောင်ဒဏ်ရာ၊မှဲ့ခြောက်၊ဝက်ခြံနဲ့ အမာရွတ် တွေကို ကုသဖို့ အတွက်ဖြစ်ပါတယ်။ အရေပြားအတွင်းလွှာရော အပေါ်ယံလွှာကိုပါ ပြုပြင်ပေးနိုင်တာမို့ အလှအပအတွက်အသုံးများပါတယ်။ ဒီအက်ဆစ်ကို Toner ၊ Moisturizer တို့ထုတ်လုပ်ရာမှာ အများဆုံးသုံးပါတယ်။လိမ္မော်တို့၊သံပုရာသီးတို့မှာ ပါတတ်တဲ့ အက်ဆစ်မျိုးပါ။ Antioxidant ပါဝင်တာကြောင့် နေလောင်တာတွေ၊ အသားအရည် သဘာဝအတိုင်းပြန်ဖြစ်တာတွေဖြစ်အောင် ကူညီနိုင်ပါတယ်။ဒီအက်ဆစ်ကတော့ သကြားဂျယ်တစ်မျိုးဖြစ်ပါတယ်။ ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ရေဓာတ်အားဖြည့်ပေးတယ်လို့ ဆိုထားတဲ့ အလှကုန်အများစုမှာ ဒီအက်ဆစ်ပါဝင်နေလေ့ရှိပါတယ်။ အရေပြားအမျိုးအစားအားလုံးနီးပါးနဲ့ အဆင်ပြေပေမယ့် စပ်ဖျဉ်းဖျဉ်းဝေဒနာတော့ ကြုံရတတ်ပါတယ်။နို့ရည်တွေကနေ တိုက်ရိုက်ရရှိနိုင်ပါတယ်။ အသားအရောင်ညီညာစေဖို့၊ အရေးကြောင်းတွေ ပျောက်ဖို့၊ ဝက်ခြံအနာရွတ်တွေ သက်သာဖို့နဲ့ ဆဲလ်သေတွေကို ဖယ်ရှားဖို့ အသုံးပြုကြပါတယ်။ဒီအက်ဆစ်ကတော့ ဗီတာမင် A အမျိုးအစားတစ်မျိုးပါ။ အရေးကြောင်းတွေနဲ့ အမည်းစက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အရေပြားကိုလည်း တင်းတင်းရင်းရင်းဖြစ်စေနိုင်ပါသေးတယ်။ အရေပြားကျန်းမာရေးအတွက် အတော်ကို အရေးပါတဲ့ အက်ဆစ်တစ်မျိုးပါ။ဒီအမျိုးအစားကတော့ ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်တဲ့ အက်ဆစ်တစ်မျိုးပါ။ Antioxidant တစ်မျိုးဖြစ်ပြီးတော့ နေရောင်ကြောင့် အရေပြားထိခိုက်ပျက်စီးတာတွေကို သက်သာစေပါတယ်။ ဗီတာမင် C နဲ့ E ကိုလည်း အရေပြားထဲမှာ ထိမ်းသိမ်းပေးနိုင်ပါတယ်။ အိုမင်းရင့်ရော်ခြင်းကို လျော့ချပေးနိုင်တဲ့ အက်ဆစ်အမျိုးအစားအဖြစ် လူသိများပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/acids-skincare/
ဆီးချိုအမျိုးအစား (၁) အတွက် မျှတသော အစားအသောက်ပုံစံ
ကစီဓါတ်စားသုံးမှုနဲ့ အင်ဆူလင်နဲ့ မျှတတဲ့ စားသောက်မှုကို ပြုခြင်းဟာ အမျိုးအစား (၁) ဆီးချို ရောဂါသည်တွေအတွက် မဖြစ်မနေလုပ်ရမှာ ဖြစ်ပါတယ်။ကစီဓါတ်ဟာ ပရိုတိန်းနဲ့ အဆီဓါတ်တွေနဲ့စာရင် ဆီးချိုရောဂါကို ပိုပြိး အကျိုးသက်ရောက်ပါတယ်။ အမျိုးအစား (၁) ရောဂါမှာ ခန္ဓါကိုယ်ဟာ သွေးထဲကသကြားဓါတ်ကို မယူနိုင်တော့ပါဘူး။ အဲဒီအခါ သွေးထဲက သကြားဓါတ်ဟာ မြင့်တက်လာပါတယ်။ ဒါကို မကုသရင်၊ ကစီဓါတ်ပါတာတွေ စားနေရင် သကြားဓါတ်ဟာ ပိုပြီး မြင့်တက်လာနိုင်ပါတယ်။အမျိုးအစား (၁) ဆီးချိုရောဂါသည်ဟာ သွေးထဲက သကြားဓါတ်ကို ထိန်းပေးတဲ့ အင်ဆူလင်ဟော်မုန်းကို နေ့စဉ် လိုအပ်ပါတယ်။ ဆီးချိုရောဂါကုသတဲ့ အဓိကရည်မှန်းချက်တခုကတော့ သွေးတွင်းသကြားဓါတ်ကို ပုံမှန်အနေအထားနဲ့ အနီးစပ်ဆုံး ထိန်းထားနိုင်ဖို့ပါပဲ။ ဘယ်လိုလုပ်ရမလဲဆိုရင် သင်စားနေတဲ့ ကစီဓါတ်ကို ဂရုစိုက်ပြီး တွက်ဆပေးဖို့ပါပဲ။ကစီဓါတ်တွက်ဆဖို့ ၂ခု သိရပါမယ်။ တခုက သင်စားတဲ့ အစားအသောက်မှာ ကစီဓါတ် ဘယ်လောက်ပါတယ်ဆိုတာနဲ့ နောက်တခုက ဒီကစီဓါတ်ပမာဏအတွက် လုံလောက်တဲ့ အင်ဆူလင်ဓါတ်ဖြစ်ပါတယ်။စားစရာတွေမှာ ဘယ်ပစ္စည်းတွေ ပါဝင်တယ်လို့ တံဆိပ်ကပ်ထားခြင်းဟာ ကစီဓါတ်ပါဝင်နှုန်းကို သိနိုင်ဖို့ အထောက်အကူပေးပါတယ်။ အစာအာဟာရအကြောင်း ရေးထားတဲ့စာအုပ်တွေဟာ အသီးအရွက်တွေနဲ့ အညွှန်းမရေးထားတဲ့ စားစရာတွေအတွက် အထောက်အကူ ပြုပါတယ်။ သင့်ဆရာဝန် သို့ ဆီးချိုအကြောင်း နားလည်သူတယောက်ယောက်က သင့်အနေနဲ့ အင်ဆူလင်ဘယ်လောက်လိုကြောင်း ညွှန်နိုင်ပြီး ကစီဓါတ် ဘယ်လိုတွက်ဆမလဲ ဆက်စပ်သိနိုင်ပါတယ်။ကစီဓါတ်တွက်ချက်မှုဟာ သင့်အတွက် သိပ်မတင်းကြပ်ရင် ကျန်းမာရေးနဲ့ သင့်တော်တဲ့ စားစရာမှန်သမျှ စားနေနိုင်ပါသေးတယ်။ ကစီဓါတ်မျှတဖို့ အားစိုက်ထုတ်စရာ လိုသူတွေကလွဲရင် အမျိုးသစား (၁) ဆီးချိုရောဂါသမားတယောက် ကျန်းမာအောင် ဘယ်လိုစားသုံးရမယ်ဆိုတာ တခြားလူတွေနဲ့ အတူတူပါပဲ။ အမျှင်ဓါတ်များတဲ့ စားစရာတွေ၊ ဗီတာမင်တွေ၊ ဓါတ်ဆားတွေ၊ ပြည့်ဝဆီနဲ့ ဆားနည်းတဲ့အစာတွေ မျိုးစုံကို နေ့စဉ် စားသုံးရပါမယ်။ဘရောင်းရစ်ဆိုသူက ‘’ဆီးချိုရှိသူအများက အသီးတွေဟာ အချိုများလို့ဆိုပြီး မှားယွင်းစွာ ရှောင်ကြဉ်ကြပါတယ်’’ လို့ သတိပေးခဲ့ပါတယ်။ တကယ်တော့ အသီးတွေမှာ အာဟာရဓါတ်တွေ၊ အမျှင်ဓါတ်တွေပါဝင်ပြီး အဆီဓါတ်၊ ဆားနဲ့ ကယ်လိုရီဓါတ်နည်းပါတယ်။ နေ့စဉ်စားသောက်မှုပုံစံ သတ်မှတ်ပြီးသားဆိုရင် ဘယ်လောက်အချိုးအဆ စားဖြစ်တယ်ဆိုတာရယ်၊ သင်စားတဲ့အသီးမှာ ကစီဓါတ် ဘယ်လောက်ပါတယ်ဆိုတာရယ် သတိထားနေဖို့ပါပဲ။ပြုပြင်ထားတဲ့ စားစရာတွေ၊ ဥပမာ- အေးခဲစာ၊ စည်သွပ်စာ၊ ထမင်းဘူး၊ ခေါက်ဆွဲထုပ်နဲ့ စည်သွပ်ထားတဲ့ စွပ်ပြုတ်စတာတေါဟာ အသင့်စားကောင်းအောင်လုပ်ထားတာမို့ သူတို့နဂို အနေအထားကနေ ပြောင်းလဲနေပါတယ်။ အဲ့ဒီစားစရာတွေမှာ ဆား၊ သကြား၊ အဆီဓါတ်တွေ ပါဝင်ပြီး အမျှင်ဓါတ်၊ ဗီတာမင်၊ ဓါတ်ဆားတွေမှာတော့ လျော့မည်းနေပါတယ်။ဆီးချိုသမားအတွက် ကျန်းမာရေး အထောက်အကူပြု စားစရာစာရင်း ပြုစုရာမှာ သိပ်ပြီး ခက်ခဲနေစရာ မလိုပါဘူး။ အများစုဟာ တပတ်နဲ့တပတ် အတူတူပဲ စားရမှာပါ။ သိပ်မကြာခင်ကာလမှာ သင်နှစ်သက်တဲ့ စားစရာတွေမှာ ကစီဓါတ်ဘယ်လောက်ပါလဲ မှတ်မိသွားပြီး စားစရာတွေ၊ အင်ဆူလင်နဲ့ သွေးထဲကသကြားဓါတ်ကို ဘယ်လိုမျှတအောင် စားသုံးသင့်လဲ ချိန်ဆသွားနိုင်ပါလိမ့်မယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-1-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%b8-%e1%81%81-%e1%80%a1%e1%80%90%e1%80%bc%e1%80%80/
Safflower oil ကပေးတဲ့ အသားအရေ ကျန်းမာမှု
အသားအရေက လူ တစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာ အများကြီး သက်ရောက်မှု ရှိပါတယ်။ ဒီ တစ်ခေါက်တော့ လူ တစ်ယောက်ကို အလှ တိုးစေဖို့ အထောက်အပံ့ ပေးတဲ့ သဘာဝ ပစ္စည်းလေး တစ်ခု အကြောင်း ပြောပြ ပေးချင်ပါတယ်။  ဒါကတော့ လူသိနည်း သေးတဲ့ အသားအရေရဲ့အာဟာရတစ်မျိုး ဖြစ်တဲ့SafflowerOil ဆိုတာပါ။သဘာဝ စစ်စစ်ဖြစ်ပြီး အသားအရေကို ဘယ်လို ထောက်ပံ့ပေး သလဲ သိချင်တယ် ဆိုရင်တော့ ဒီ ဆောင်းပါးလး ထဲမှာ ဖတ်ကြည့် စေချင်ပါတယ်။ဟင်းချက်ဆီအဖြစ် အသုံးပြု ကြတဲ့ Safflower Oil က အသားအရေ ကိုလည်း အခုလို အထောက်အကူ ပြုပေး ပါသေးတယ်။ဝက်ခြံ ပေါ်မှာ Safflower oil အသုံးပြု ပေးတာက ဝက်ခြံကို သက်သာစေ ပါတယ်။ အကြောင်းကတော့ safflower oil မှာချွေးပေါက်တွေကို ပိတ်ဆို့မှု ကင်းစေတဲ့ အာနိသင် ရှိနေလို့ပါ။ရောင်ရမ်းမှုကို သက်သာစေပြီး ဝက်ခြံတွေ နီရဲ ရောင်ရမ်းတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ချွေးပေါက်တွေကို ပွင့်စေပြီး ချွေးပေါက်ထဲက အညစ်အကြေးနဲ့ အဆီတွေကို သန့်စင်ပေးနိုင်တာကြောင့်ဆားဝက်ခြံမဖြစ်စေဖို့လည်း ကာကွယ်ပေးမှာပါ။ အသားအရေ ဝက်ခြံ ကင်းစေဖို့ safflower oil ကို ညဘက် လိမ်းအိပ်ပေးလို့ ရသလို အခုလိုလည်းပေါင်းတင်ပေးလို့ ရပါတယ်။safflower oilကိုအုတ်ဂျုံ၊ ပျားရည်တို့နဲ့ ရောစပ်ပါ။ သမအောင် မွှေပြီး ရလာတဲ့ အရောကို မျက်နှာ အနှံ့ လိမ်းပေးပါ။ ၁၀ မိနစ် ထားပြီး မျက်နှာကို ဆေးကြောပေးရုံပါ။နေရောင်ခြည်ကို အချိန်ကြာမြင့်စွာ ထိတွေ့မယ်ဆိုရင် အသားအရေမှာ နေလောင်တာနဲ့ အဆိုးဆုံး အဆင့်အထိဆိုရင် အရေပြား ကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ဒါကြောင့်ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ထိခိုက် ပျက်စီးမှု ကင်းချင်တယ် ဆိုရင်တော့ ဗီတာမင် E ပါဝင်နေတဲ့ Safflower oilကို အသုံးပြုပေးလို့ ရပါတယ်။safflower oilကဗီတာမင် Eကြွယ်ဝသလို ဓာတ်တိုးဆန့်ကျင် အာနိသင် ပါဝင်နေတာကြောင့် အသားအရေကို နေရောင်ဒဏ် ကနေ အထိရောက်ဆုံး ကာကွယ် ပေးပါတယ်။ နေလောင်ကွက်တွေ နဲ့အသားအရောင် မညီတာကို သက်သာစေဖို့ အတွက်လည်း အသုံးပြု ပေးလို့ ရပါတယ်။safflower oilမှာ အသားအရေကို နုပျိုအောင် အားဖြည့်ပေးတဲ့ linoleic acid  ပါဝင်တာကြောင့် အသားအရေကို ခြောက်သွေ့မှု ကင်းစေပြီး အရေးအကြောင်းတွေကို သိသိသာသာ သက်သာ စေပါတယ်။safflower oilမှာ ဇရာကြောင့် အသားအရေ ပျက်စီးတာနဲ့ အရေးအကြောင်း ဖြစ်တာတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ စွမ်းအားမြင့် ဓာတ်တိုး ပစ္စည်း တစ်မျိုး ဖြစ်တဲ့ ဗီတာမင် E ကြွယ်ဝစွာ ပါဝင် နေပါတယ်။အရေးအကြောင်း ကင်းစေသလို အရွယ်တင် နုပျိုစေပြီး အရေပြားအစိုဓာတ်ကို ထိန်းပေး ပါတယ်။safflower oilမှာ အနာကျက် စေနိုင်တဲ့linoleic acidပါဝင်နေ တာကြောင့် အနာ​တွေကို အမြန်ဆုံး ကျက်စေနိုင် ပါတယ်။ထိခိုက်ရှနာဖြစ်တဲ့အခါ မှာလည်း safflower oilကို လိမ်းပေးလို့ ရပါတယ်။safflower oilရဲ့ နောက်ထပ် အကျိုးကျေးဇူး တစ်ရပ်က အသားအရေကို ပတ်ဝန်းကျင် ညစ်ညမ်းမှုဒဏ်၊ မှိုပိုး နဲ့ဘက်တီးရီးယားတွေရဲ့ ဒဏ်ကနေ အထိရောက်ဆုံး ကာကွယ်ပေး နိုင်တာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/safflower-skin-benefits/
အစိုးရိမ်လွန်တာ ရောဂါတစ်ခုလား
ရေးသားသူ – မောင်မျိုးအောင် (ဆေး – ၁)။အကယ်၍သင်ဟာ ကိုယ်လုပ်ဆောင်ရမယ့်အလုပ်တွေကို ဆောင်ရွက်ရမယ့်အစားစိုးရိမ်စရာတွေပဲ တွေးနေမိတယ်ဆိုရင်တော့ အတွေးလွန်နေပါပြီ။ အတွေးစတစ်ခုထဲကိုပဲ ထပ်ကာထပ်ကာ စဉ်းစားလိုက်၊ သုံးသပ်လိုက်လုပ်နေတယ်ဆိုရင်တော့ အစိုးရိမ်လွန်တဲ့အဆင့်ကို ရောက်နေပါပြီ။ဒီလိုအစိုးရိမ်လွန်တာမျိုးက ကိုယ့်ရဲ့အချိန်တွေ၊ခွန်အားတွေကိုအလဟသပြုန်းတီးစေသလို ဘဝအတွက်အရေးပါတဲ့အလုပ်တွေမလုပ်နိုင်အောင်လည်း ဟန့်တားသလိုဖြစ်စေနိုင်တဲ့အတွက် အချိန်မှီပြင်ဆင်သင့်ပါတယ်။ဒီလိုဖြစ်လာပြီဆိုရင်တော့ ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်လာပြီဖြစ်တဲ့အတွက် ဆရာဝန်နဲ့တွေ့ဆုံပြီး သင့်တော်တဲ့ ဆွေးနွေးမှု ကုသမှုတွေပြုလုပ်သင့်ပါတယ်။အကယ်၍များ အပေါ်ကအချက်တွေတော်တော်များများနဲ့ သင့်မှာကိုက်ညီနေပြီဆိုရင်တော့ စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး ပုံမှန်လုပ်ငန်းဆောင်တာတွေဆီကိုပြန်လည်ရောက်ရှိအောင်သွားနိုင်ဖို့အရေးကြီးပါတယ်။ကိုယ်ရဲ့ ဖြစ်တည်မှုတွေအပေါ် အကောင်းမြင်စိတ်နဲ့ စိတ်တည်ငြိမ်အောင်ကြိုးစားသင့်သလို ပြဿနာတွေအပေါ် ရှုမြင်တဲ့အမြင်ကိုလည်းပြောင်းလဲဖို့ကြိုးစားသင့်ပါတယ်။ ဒါနဲ့မလုံလောက်ပဲ မပျောက်ကင်းနိုင်ရင်တော့ သက်ဆိုင်ရာဆရာဝန်နဲ့တွေ့ဆုံပြီး ဆွေးနွေးမှုတွေပြုလုပ်သင့်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/phobia/
ကလေးက အမှောင်ကြောက်ရွံ့မှုကို ဘယ်လိုကျော်လွှားနိုင်သလဲ
ကလေးအတော်များများဟာ အမှောင်ကိုကြောက်ရွံ့ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ ဘီဒိုထဲမှာ၊ အိပ်ရာအောက်မှာ သရဲရှိနေတယ်လို့ ထင်တတ်ကြပါတယ်။ ကလေးရဲ့ မိဘတစ်ယောက်အနေနဲ့ သင့်ကလေးကို ဒီကိုကြောက်ရွံ့မှုတွေကို ကျော်လွှားနိုင်အောင် ကူညီပေးသင့်ပါတယ်။မိဘအတော်များများဟာ ကလေးတွေက ဘာလို့ အမှောင်ကို ကြောက်လဲဆိုတာကို သိရှိခြင်းမရှိပါဘူး။ ဒါပေမယ့် မိဘအများစုက သူတို့မီးမှိတ်လိုက်ချိန်မှာ ကလေးကြောက်ရွံ့ခြင်းကို ခံစားရတတ်ပါတယ်။ ဒါကြောင့် ကလေးဟာ ရုတ်တရက် အမှောင်ကို ကြောက်ရွံ့နေပြီဆိုရင် အကြောင်းရင်း အချို့ရှိနိုင်ပါတယ်။ကလေး သန်းပေါင်းများစွာဟာ အမှောင်ထဲမှာ သူတို့ကို အစိမ်းလိုက်ကိုက်စားနိုင်တဲ့ လျှို့ဝှက်ချက် တစ်ခု ရှိနေတယ်လို့ ယုံကြည်ကြပါတယ်။ ကြောက်ရွံ့ခြင်းဟာ လူတိုင်းလူတိုင်းရဲ့ ဘဝအစိတ်အပိုင်း တစ်ခုဖြစ်ပြီး ကလေးတွေမှာ ပိုဆိုးကြပါတယ်။ ဒါ့ပြင် ကလေးတွေရဲ့ ဦးနှောက်ဟာ အပြည့်အစုံ ဖွံ့ဖြိုးခြင်း မရှိသေးတာကြောင့် သူတို့ဟာ TV programs တွေ၊ စာအုပ်တွေ မှာ ပါဝင်တဲ့ ကြောက်စရာကောင်းတဲ့ အရာတွေရဲ့ လွှမ်းမိုးမှုကို ခံရနိုင်ပါတယ်။မိဘတွေ အရင်ဆုံးလုပ်သင့်တဲ့အရာကတော့ ကလေးနဲ့ ပိုပြီး ဆက်သွယ်မှု ပြုဖို့ ဖြစ်ကာ ကလေးကို လေးစားပြီး ကလေးဘာတွေ ကြုံတွေ့နေရလဲဆိုတာ နားလည်တယ်ဆိုတာ ပြသဖို့ပဲ ဖြစ်ပါတယ်။ကလေးဟာ ညဘက်မှာ နိုးလာပြီး အော်ဟစ်ကာ သင့်အခန်းအတွင်းပြေးဝင်လာပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို ပြောပြမယ်ဆိုရင်လည်း ဒေါသမထွက်သင့်ပဲ စိတ်တည်ငြိမ်အောင် ထားသင့်ပါတယ်။ သူတို့ပြောတဲ့ အချက်တွေကို သေချာနားထောင်ပြီး သူတို့ကိုကြောက်ရွံ့အောင် ပုံပြင်တွေကို ပုံကြီးမချဲ့ဖို့လည်း အရေးကြီးပါတယ်။ ဒီအစား ကလေးအတွက် အန္တရာယ် မရှိဘူးဆိုတာ သေချာဖို့ ကလေးအိပ်တဲ့နေရာကို သင်သွားကြည့်မယ်လို့ ကတိပေးသင့်ပါတယ်။သင်ဟာ အလုံခြုံဆုံးနေရာဖြစ်ပြီး သင်ရှိနေစဉ်မှာ ကြောက်စရာမလိုဘူးဆိုတဲ့ ခံစားချက်မျိုး ကလေးကို ပေးသင့်ပါတယ်။ ဒါ့ပြင် ကြောက်ရွံ့မှုဟာ တကယ်မရှိပဲ အမှောင်ကြောက်တာဟာ ပုံမှန်ဖြစ်ကြောင်း ရှင်းပြသင့်ပါတယ်။ ကလေးလိုအပ်ရင် အမှောင်ထဲမှာ ကာကွယ်မှုနဲ့ ပံ့ပိုးမှုကို ပေးသင့်ပါတယ်။သူတို့ သက်တောင့်သက်သာပြီး လုံခြုံမှု ကို ခံစားရအောင် ကိုင်တွယ်စရာ တစ်ခုခု ပေးထားသင့်ပါတယ်။ အရုပ်၊ အလင်းရောင် အဖျော့ အစရှိတာတွေဟာ သူတို့ အမှောင်ထဲမှာ ကြောက်ရွံ့ခြင်းကို ထိန်းချုပ်ဖို့ ကူညီပေးနိုင်ပါတယ်။တကယ်လို့ သင်ဟာ သင့်ကလေးကို အပြည့်အဝ ထောက်ပံ့ပေးနေပြီး သူတို့ဟာ ရက်သတ္တပတ် အနည်းငယ်အထိ ကြောက်ရွံ့မှုကို ပြသနေတုံးဆိုရင်တော့ ကလေးကို ကလေးဆရာဝန်ထံခေါ်သွားပြီး အထူးကုသမှုကို ခံယူစေသင့်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba-%e1%80%a1%e1%80%99%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9b%e1%80%bd/
အရောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ကျန်းမာရေးအပေါ် သက်ရောက်မှု
နေ့စဉ်လှုပ်ရှားသွားလာနေတဲ့ ပတ်ဝန်းကျင်မှာ အဆင်အသွေးတွေနဲ့အရောင်အသွေးစုံလင်လှတဲ့အရောင်တွေကို မဖြစ်မနေမြင်တွေ့ လို့နေရပါတယ်။ ဒီအရောင်တွေက ကျန်းမာရေး အထူးသဖြင့် လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် ဘယ်လိုများသက်ရောက်နေလဲလို့တွေးမိပါရဲ့လား။ အချို့အရောင်တွေကိုမြင်တဲ့အခါ စိတ်ထဲမှာ ရှုပ်သွားသလိုခေါင်းထဲကနေလို့မကောင်းသလိုဖြစ်ဖူးကြပါလား။ ဒါက အရောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ကျန်းမာရေးအပေါ်သက်ရောက်မှုပါ။ရှေးခေတ်ထဲက အီဂျစ်တွေနဲ့တရုတ်လူမျိုးတွေက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကို သက်သာစေဖို့အတွက် အရောင်တွေကို အသုံးပြုကုသမှုတွေလုပ်ဆောင်ခဲ့ကြပါတယ်။ ဘယ်အရောင်တွေက ဘယ်လိုမျိုးသက်ရောက်မှုတွေရှိတာလဲဆိုတာကိုသိချင်ရင်တော့ ဒီဆောင်းပါးလေးကနေတဆင့်လေ့လာကြည့်လိုက်ပါ။အနီရောင်– အနီရောင်ကအင်အားပြည့်ဝမှုရှိတဲ့ အရောင်တစ်မျိုးပါ။စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်ပေးနိုင်ပြီးadrenalineဟော်မုန်းပမာဏကို တိုးစေနိုင်ပါတယ်။သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ အနီရောင်က စိတ်ဓာတ်ခိုင်မာမှုကိုရရှိစေနိုင်တယ်ဆိုပေမယ့် အရမ်းကြီးများသွားမယ်ဆိုရင်တော့သွေးပေါင်ချိန်ကိုတက်စေနိုင်သလိုအသက်ရှူမြန်တာ၊နှလုံးခုန်နှုန်းမြန်တာမျိုးတွေကိုဖြစ်စေနိုင်ပါတယ်တဲ့။အဝါရောင်-အဝါရောင်က စိတ်ပျော်ရွှင်မှုကိုရရှိစေပြီးနွေးထွေးမှုရှိတယ်လို့ ခံစားရစေနိုင်ပါတယ်။ စိတ်ခံစားမှုကိုကောင်းမွန်စေတဲ့ အရောင်တစ်မျိုးပါ။အာရုံကြောတွေကို လုပ်ဆောင်မှုကောင်းမွန်စေနိုင်ပါတယ်။ ဒါပေမယ့် တောက်လွန်းတဲ့ အဝါရောင်ကတော့ဒေါသအလွယ်တကူဖြစ်စေနိုင်သလို စိတ်ရှုပ်ထွေးစေမှာ အမှန်ပါ။အပြာရောင်– အပြာရောင်က အမြင်အေးစေပြီး စိတ်အေးချမ်းမှုကို ရရှိစေနိုင်ပါတယ်။ အပြာရောင်ရဲ့နောက်ထပ်အစွမ်းသတ္တိတစ်ခုကသွေးတိုးကျစေနိုင်ပြီး အသက်ရှူနှုန်းကို ထိန်းညှိပေးပါတယ်။ နှလုံးခုန်နှုန်းကို မှန်စေနိုင်ပါတယ်။ဖျားနာမှုကို သက်သာစေပြီးနာကျင်မှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။အစိမ်းရောင်– အစိမ်းရောင်ကသဘာဝရဲ့ အရောင်အသွေးတစ်ခုပါ။ အမြင်ကိုအေးစေသလို စိတ်ပိုင်းဆိုင်ရာအေးဆေးမှုကိုလည်း ရရှိစေနိုင်ပါတယ်။ အစိမ်းရောင်ကပျော်ရွှင်မှုကိုခံစားရစေနိုင်သလို စိတ်တည်ငြိမ်အေးချမ်းမှု၊ နွေးထွေးမှု၊ သက်တောင့်သက်သာဖြစ်မှုကို ခံစားရစေနိုင်ပါတယ်။လိမ္မော်ရောင်– လိမ္မော်ရောင်က စိတ်တည်ငြိမ်စေပြီး စိတ်အရမ်းလှုပ်ရှားတာမျိုး မဖြစ်အောင်ထိန်းပေးနိုင်ပါတယ်။တီထွင်ဖန်တီးနိုင်စွမ်းကို တိုးတက်ကောင်းမွန်စေသလိုနွေးထွေးလုံခြုံမှုကို ခံစားရစေနိုင်ပါတယ်။ပန်းရောင်– စိတ်ကိုတည်ငြိမ်အေးချမ်းစေနိုင်တဲ့ အစွမ်းရှိပါတယ်။ ပန်းရောင်က ကလေးငယ်ငယ်လေးတွေကြိုက်တဲ့အရောင်ဆိုပေမယ့် လူကြီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။ ပန်းရောင်က စိတ်ဆိုးဒေါသဖြစ်နေတာတွေကိုပြေလျော့စေနိုင်စွမ်းရှိပါတယ်။ခရမ်းရောင် –ခရမ်းရောင်က စိတ်ကို တည်ငြိမ်အေးချမ်းစေနိုင်ပြီးသွေးလည်ပတ်မှုကိုကောင်းမွန်စေနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။အဖြူရောင်– စိတ်ကို လန်းဆန်းကြည်လင်ပြီး တည်ငြိမ်အေးချမ်းမှုကို ခံစားရစေမှာဖြစ်ပါတယ်။ သန့်စင်ကြည်လင်မှုကို ခံစားရပြီး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာသန်စွမ်းစေမှာဖြစ်ပါတယ်။နေထိုင်မကောင်းတဲ့ အခါမှာဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြုံတွေ့တဲ့အခါမျိုးမှာဖြစ်ဖြစ် အရောင်လေးတွေရဲ့ အကူအညီကို ရယူလိုက်ကြရအောင်လား…..။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/colours-mental-health/
သွေးတိုး နဲ့ ပတ်သတ်ပြီး သင်သိထားတဲ့ အလွဲများ
သွေးတိုးမှာကို လူတိုင်းကြောက်ပါတယ်။ သွေးတိုးက ပျောက်အောင် ကုမရဘူး။ ထိန်းထားလို့ပဲ ရမယ်လို့ ပြောတဲ့အခါမှာလည်း စိတ်ဓာတ်ကျသွား တတ်ပါတယ်။ သွေးတိုးနဲ့ ပတ်သတ်ပြီး ပျောက်ချင်ဇောနဲ့  အယူအဆများတွေကိုလည်း လိုက်လုပ်တတ်ပါသေးတယ်။ ဘာလို့ ဒီလိုလုပ်မိတာလဲဆိုတော့ သွေးတိုးအကြေောင်းကို ကောင်းကောင်း မသိလို့ပါပဲ။ သွေးတိုးနဲ့ ပတ်သတ်ပြီး သင်သိထားတာတွေ မှန်ရဲ့လား။ ဘာတွေ လွဲနေလဲ ဆိုတာ ဆက်ကြည့်ရအောင်။သွေးတိုးက မျိုးရိုး လိုက်တတ်တယ်ဆိုတာ ဟုတ်ပါတယ်။ အမေမှာဖြစ်ရင် ကိုယ့်မှာ ဖြစ်နိုင်တယ် ဆိုတာလည်း ဟုတ်ပါတယ်။ မဟုတ်တာက မတတ်နိုင်ဘူးဆိုတာပါ။ မျိုးရိုးရှိပေမယ့်လည်း ကိုယ်က အနေအထိုင် အစားအသောက် ဆင်ခြင်မယ် ဆိုရင် မဖြစ်ပါဘူး။ မိဘမှာ သွေးတိုးရှိပေမယ့် အနေအထိုင် ဆင်ခြင်လို့ မဖြစ်တဲ့ သူတွေ အများကြီးပါပဲ။ဆားမစားတာ ကောင်းတာပေါ့။ ဒါပေမယ့် ဆားလို့ ပြောရင် မီးဖိုချောင်ထဲက ဆားဘူးကိုပဲ ပြေးမြင်ကြတာပါ။ တကယ်တော့ ဘေးနားမှာ ရုပ်ဖျက်ပြီး ရှိနေတဲ့ ဆားတွေမှ အများကြီးပါ။ အသင့်စား အစားအစာတွေ၊ ဆီသွတ်ဗူးတွေ၊ အချဥ်ရည်တွေ မှာလည်း ဆားပါပါတယ်။ ဒါတွေ အစားများရင်လည်း သွေးတိုးပါတယ်။ ဒါကြောင့် တစ်ခုခုစားမယ်ဆိုရင် ‘ပါဝင်သည့် ပစ္စည်းများ’ မှာ ဆား ဒါမှမဟုတ် ဆိုဒီယမ်လို့ ရေးထားတာ ရှိမရှိ ကြည့်ပြီးမှ  စားပါ။ဒါကြောင့်လည်း အသံတိတ်လူသတ်သမားsilent killerလို့ ခေါ်တာပေါ့။ သွေးတိုးလူနာတွေက လက္ခဏာပြခဲ ပါတယ်။ သွေးတိုး ၂၀၀လောက် ဖြစ်နေတာတောင် အကောင်းအတိုင်း လျှောက်သွားနေတဲ့ သူတွေ အများကြီးပါ။လေသာဖြတ်သွားမယ်။ ခေါင်းမကိုက် လိုက်ပါဘူး။ ဒါကြောင့် သွေးတိုးတိုင်း ခေါင်းကိုက်မယ်လို့ မမျှော်လင့်ပါနဲ့။ သွေးပေါင်ချိန်ကိုသာ ပုံမှန်တိုင်းပါ။ ဒါကသာ ပိုအရေးကြီးတာပါ။ဝိုင်တွေအရက်တွေက သွေးကြောတွေ ကျယ်စေလို့ သွေးတိုးကျစေပါတယ်။ ဒါပေမယ့် ဆေးဖြစ်ဝါးဖြစ် မှကျတာပါ။ အများကြီးသောက်မယ်။ နေ့တိုင်း သောက်မယ်ဆိုရင် သွေးမကျတဲ့အပြင် သွေးပိုတိုးလာမယ်။ နှလုံးခုန်မမှန်တာ၊ လေဖြတ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်တင့်တဲ့ ပမာဏပဲ သောက်ပါ။သွေးတိုးဆိုတာ ဆရာဝန်နဲ့ တွေ့မှ တိုးတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကိုယ်ထဲမှာ တစ်ချိန်လုံး ရှိနေတာပါ။ ဒါ့ကြောင့် ပုံမှန် တိုင်းနေဖို့ လိုပါတယ်။ ဒါမှ အဖြေပေါ် မူတည်ပြီး ဆေးအတိုးအလျှော့ လုပ်လို့ ရမှာပါ။ ဒါကြောင့် ဆရာဝန်နဲ့ တွေ့လည်း တိုင်းပါ။ အိမ်မှာလည်း ကိုယ့်ကိုယ်ကို တိုင်းပါ။ တိုင်းရင်လည်း တတ်နိုင်ရင် မနက်ဖြစ်ဖြစ် ညဖြစ်ဖြစ် အချိန်မှန်တိုင်းနိုင်ရင် ပိုကောင်းပါတယ်။ တိုင်းပြီးရင်လည်း သေချာမှတ်ပြီး ဆရာဝန်နဲ့ ပြတဲ့အခါ ယူသွားပါ။သွေးတိုးတာက ပျောက်အောင်  ကုလို့ မရပါဘူး။ ၁၂၀/၈၀ ရတယ် ဆိုတာ ဆေးနဲ့ ထိန်းထားလို့ပါ။ ဆေးဖြတ်လိုက်တာနဲ့ သွေးပြန်တက်လာမှာပါ။ ဒါကြောင့် ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို သေချာလိုက်နာပါ။ဆေးနေ့တိုင်း သောက်ရမယ်ဆို သောက်ပါ။ ဆရာဝန်ရော လူနာရော အတူတူ လုပ်မှပဲ ဒီရောဂါကို ကောင်းကောင်း ထိန်းနိုင်မှာပါ။သွေးကျဆေးဆိုတာငါးပိနဲ့ တွဲသောက်ရတဲ့ ဆေးမဟုတ်ပါဘူး။ ဒီနေ့ အငန်စားလို့ ဆေးသောက်မယ်။ နက်ဖြန်တော့ မစားလို့ မသောက်ဘူး။ ဒီလို သောက်ရတဲ့ ဆေး မဟုတ်ပါဘူး။သွေးတိုးသမားတွေက ငါးပိ မစားရပါဘူး။ မရှောင်နိုင်ရင် လျှော့စားပါ။ သွေးကျဆေးကလည်း ပုံမှန်သောက်ပေးရမှာပါ။တစ်ခါတစ်လေသွေးအားနည်းနေလို့သံဓာတ်အားဆေးလိုဟာမျိုး သောက်ခိုင်းတဲ့အခါ ဆရာ ကျွန်မမှာ သွေးတိုးရှိတယ်လို့ ပြန်ပြောတတ်ကြပါတယ်။ တကယ်က သွေးတိုးတယ်ဆိုတာ သွေးကြောထဲက သွေးဖိအားများတာပါ။သွေးအားနည်းတယ်ဆိုတာ သွေးနီဥ အားနည်းတာကို ပြောတာပါ။ နှစ်ခုက မတူပါဘူး။ ဒါကြောင့် သွေးတိုးရှိသူတွေ သွေးအားကောင်းဆေး သောက်လို့ ရပါတယ်။ပြန်ချုပ်ရမယ်ဆိုရင် သွေးတိုးသမားတွေ အနေနဲ့ ရောဂါကုသတဲ့ နေရာမှာ ဆရာဝန်ချည်းပဲ အားကိုးလို့ မရပါဘူး။ ကိုယ်တိုင်လည်း ပါဝင်ရမှာပါ။ ဒီ့အတွက် မှန်ကန်တဲ့ အသိရှိဖို့ လိုပါတယ်။ အပေါ်က အကြောင်းတွေ ဖတ်ပြီးလို့ ကိုယ်နဲ့ တိုက်ဆိုင်တာ ရှိရင် ဆင်ခြင်ပါ။ တခြားသူတွေကိုလည်း မျှဝေပါ။ မှန်ကန်တဲ့ နည်းလမ်းနဲ့ ကုသပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8-%e1%80%94%e1%80%b2%e1%80%b7-%e1%80%95%e1%80%90%e1%80%ba%e1%80%9e%e1%80%90%e1%80%ba%e1%80%95%e1%80%bc%e1%80%ae%e1%80%b8/
ရိုမန့်တစ် ဆန်တဲ့ မင်္ဂလာပွဲတွေကို အားမကျခင် အရင်စဉ်းစားရမယ့် (၈) ချက်
ရိုမန့်တစ် ဆန်တဲ့ မင်္ဂလာပွဲတွေကို အားမကျခင် အရင်စဉ်းစားရမယ့် အချက်လေတွေ ရှိပါတယ်။ သူများရဲ့ Wedding ပွဲလေးတွေ ကြည့်ပြီးအားကျနေပြီလား။ ငါ့ပွဲကျရင် ဘယ်လို ခမ်းနားရမယ်၊ ရိုရမယ်၊ လှရမယ်နဲ့ စိတ်ကူးလေးတွေယဉ်ဖူးလား။ အမြဲတမ်းသာယာပြီး ရိုမန့်တစ် ဆန်တာက ဒရမ်မာကားတွေထဲမှာပဲ ရှိပါတယ်နော်။RS ဘဝကို အဆုံးသတ်ပြီး အိမ်ထောင်သည်ဘဝကို စတင်ဖို့ လက်တွေ့ကျကျစဉ်းစားကြည့်ရအောင်။ မင်္ဂလာပွဲ လှတာ၊ ခမ်းနားတာ၊ ရိုမန့်တစ် တာထက် အရေးကြီးတဲ့ အချက်တွေအများကြီးရှိနေတာ မေ့မထားသင့်ပါဘူး။အရေးကြီးဆုံးကလက်တွဲကြမယ့်သူနှစ်ယောက်က အဓိကပါပဲ။ အကြီးအကျယ်လက်ထပ်ပွဲ ကျင်းပပြီး ဟိုးလေးတကျော်လမ်းခွဲကြတာလည်း မြင်တွေ့ဖူးကြမယ်ထင်ပါတယ်။ နှစ်ယောက်ကြားက ကြိုးကို ခိုင်မာမှုရှိအောင် တည်ဆောက်ပြီးမှသာ ချည်နှောင်ကြဖို့ သတိပေးလိုက်ချင်ပါတယ်။ ဒီအချက်တွေကို အရင်စဉ်းစားကြည့်ပါ။ရိုမန့်တစ် ဆန်တဲ့ မင်္ဂလာပွဲတွေကို အားမကျခင် အရင်စဉ်းစားရမယ့် (၈) ချက် ကတော့။(၁) သေချာပြီလား။ရင့်ကျက်တဲ့အရွယ်ရောက်နေပြီဖြစ်လို့ လက်ထပ်ဖို့စဉ်းစားနေပြီဆိုရင် ကိုယ့်စိတ်ကိုအရင်သိအောင် လုပ်ပါ။ ဒီလူနဲ့ တစ်သက်လုံးအတူအသက်ကြီးသွားဖို့ သေချာပြီလား၊ အဆိုးအကောင်းတွေ အတူခံယူဖို့ အဆင်သင့်ဖြစ်ပြီလား။(၂) ယုံကြည်ရပြီလား။နှစ်ယောက်ကြားကဆက်ဆံရေးမှာ စိတ်ရင်းနဲ့ရိုးသားကြရဲ့လား၊ ကိုယ့်မှာရှိတဲ့ချို့ယွင်းချက်တွေကိုအပြန်အလှန်ပွင့်လင်းကြရဲ့လား။ နှစ်လွှာပေါင်းလို့ ရတဲ့အထိ တစ်သားတည်း ယုံကြည်လို့ရပြီလား ဆန်းစစ်ပါ။ယုံကြည်မှုဆိုတာ ချစ်သူတွေအတွက် အဓိကကျတဲ့အရာတစ်ခုဖြစ်တာကြောင့်ယုံကြည်မှုကို တည်ဆောက်ပြီးချိန်မှလက်ထပ်ဖို့စဉ်းစားသင့်ပါတယ်။(၃) ဆက်ဆံရေးက ဘယ်လိုရှိလဲ။ကိုယ့်ဘက်ကသေချာပြီဆိုရင် လက်ထပ်ဖို့အထိ ရှေ့ဆက်တိုးဖို့ အပြန်အလှန် ဆက်ဆံရေးကို အချက်တချို့နဲ့ ဆန်းစစ်ကြည့်ပါ။(၄) ရင်းနှီးပွင့်လင်းတဲ့သူတွေ ဖြစ်ပြီလား။ကိုယ်ကြိုက်တာ မကြိုက်တာတွေကို အချင်းချင်းသိနေကြပြီး ပွင့်ပွင့်လင်းလင်း ဆက်ဆံနေကြပြီလား။ ကိုယ့်ကို ပြုမူဆက်ဆံစေလိုတဲ့ ပုံစံအတိုင်း တစ်ဖက်ကို ဆက်ဆံပေးပါ။ သာယာခိုင်မြဲတဲ့အိမ်ထောင်တစ်ခုတည်ဆောက်နိုင်ပါလိမ့်မယ်။တွေ့ဆုံချိန်မှာ တသီးတသန့် ဂရုစိုက်နေထိုင်ရတယ်၊ စကားသတိထားပြောနေရတယ်၊ စိတ်ဆိုးမှာကြောက်နေတယ်၊ အထင်သေးမှာ စိုးနေတယ်၊ ကိုယ့်အမူအကျင့်တွေ သူ့ရှေ့မှာ ဖုံးကွယ်ထားမိတယ်၊ ကိုယ်မဟုတ်တဲ့ တခြားလူတစ်ယောက်လို ပြုမူတယ် ဆိုတာ မဖြစ်သင့်ပါဘူး။ သူနဲ့ဆို ပျော်ရွှင်ပွင့်လင်းနေတာမျိုးမဟုတ်ဘဲ ထိန်းချုပ်အောင့်အည်းနေရတာတွေများနေတာက နောက်အတူနေတဲ့အခါပြဿနာရှိလာနိုင်တဲ့အချက်ပါ။(၅) လေးစားမှုရှိလား။လက်တွဲကြတော့မယ့်သူအချင်းချင်း ဆက်ဆံတဲ့အခါ လေးစားမှုရှိသင့်ပါတယ်။ အခန့်မသင့်လို့ ရန်ဖြစ်ချိန်တွေမှာ ဒေါသပေါက်ကွဲတဲ့အခါမျိုးမှာ လေးစားမှုလေးရှိရင် နောင်အခါ မေတ္တာပျက်ဖို့ အခွင့်အလမ်းနည်းစေပါတယ်။(၆) ဘဝအတွက် ရည်မှန်းချက်ပန်းတိုင်တွေ ပေါင်းစည်းပြီးပြီလား။နှစ်ယောက်အတူလျှောက်လှမ်းကြမယ့် ရည်မှန်းချက်လမ်းကြောင်းတွေကို လက်မထပ်ခင်ကတည်းက ရေးဆွဲထားဖို့ လိုပါတယ်။ ကလေးဘယ်နှယောက်ယူမလဲ ၊ ဘာအလုပ်တွေလုပ်ကြမလဲ၊ ဘယ်မှာနေမလဲဆိုတာတွေ အတူစဉ်းစားပါ။(၇) ညှိနှိုင်းလို့ရတဲ့သူလား။ကိုယ်ရွေးချယ်ထားတဲ့လက်တွဲဖော်လောင်းက ဘယ်အရာမှာမဆို ညှိလို့နှိုင်းလို့ရတဲ့သူ ဖြစ်ဖို့လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကျင့်စရိုက်၊ အတွေးအမြင်၊ ခံယူချက်တွေ မတူတာ သဘာဝမို့ အချင်းချင်းပြုပြင်ခိုင်းစရာမှ မလိုတာပဲ။ နားလည်မှုနဲ့ ညှိနှိုင်းမယ်ဆိုရင် လုံလောက်ပြီလေ။(၈) မလောပါနဲ့။နောက်ဆုံးအချက်ကတော့ လက်ထပ်ပွဲလေးလှပေမယ့် အားကျရုံနဲ့ မလောပါနဲ့လို့။ ကိုယ့်ဘဝအတွက် သေချာခိုင်မာပြီဆိုမှ အလှပဆုံး လက်ထပ်ပွဲလေးပြင်ဆင်လို့ နောက်မကျသေးပါဘူး။ဟန်ချက်ညီတဲ့ တွဲဖက်မှုကို တစ်သက်တာ ပိုင်ဆိုင်နိုင်ကြဖို့ စေတနာ ဗလပွနဲ့ ရက်ရက်ရောရော အကြံပေးလိုက်ပါတယ်နော်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/know-the-right-age-to-get-married/