title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
နှလုံးနဲ့ပတ်သက်ပြီး ဒီအချက်တွေ သိပြီးပြီလား..........
နှလုံးခုန်နေတာက အသက်ရှင်သန်နေတယ်ဆိုတဲ့ လက္ခဏာတစ်ခုပါ။ သက်ရှိတစ်ဦးဦးနှလုံးရပ်သွားပြီဆိုရင် ရှင်သန်မှု အဆုံးသတ်သွားပါပြီ။ ဒီရှင်သန်မှုလက္ခဏာဖြစ်တဲ့ နှလုံး အကြောင်း သင်ဘယ်လောက်ထိ သိထားလဲဆိုတာ ဒီဆောင်းပါးလေး ကနေတဆင့် ဆန်းစစ်ကြည့်ရအောင်လား……..။နှလုံး ကခန္ဓာကိုယ်သွေးလည်ပတ်မှုစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ နှလုံးကို သွေးလွှတ်ခန်း၊ သွေးပြန်ခန်း၊နှလုံးအဆို့ရှင်၊ သွေးလွှတ်ကြောတွေ၊ သွေးပြန်ကြောတွေနဲ့ ဖွဲ့စည်းထားပါတယ်။ နှလုံးက သွေးတွေကို သိုလှောင်တယ်၊ ပို့လွှတ်တယ်။ ခန္ဓာကိုယ်အနှံ့ကိုအောက်ဆီဂျင်တွေရောက်ရှိစေတယ် စတဲ့ ရှင်သန်မှုအတွက် အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပါတယ်။နှလုံးကျန်းမာမှ ခန္ဓာကိုယ်ကျန်းမာမှာပါ။ ဒီတော့ နှလုံးကျန်းမာစေဖို့အတွက်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/fun-facts-about-the-heart-you-didnt-know/
သင့်ရဲ့ အလှတရား ကို သင်ကိုယ်တိုင် တန်ဖိုးထားပါ။
အလှတရား ဆိုတာ ဘုရားကပေးတယ်ပဲဆိုဆို၊ မိဘနှစ်ပါးဆီက အမွေရတယ်ပဲဆိုဆို ဒါဟာ သင့်အတွက် အထူးသီးသန့်ရှိနေတဲ့ အရာတစ်ခုပါ။ ဘယ်သူနဲ့မှ မတူတဲ့ ကိုယ်ပိုင်ဝိသေသတစ်ခုပေါ့။ တစ်ယောက်နဲ့ တစ်ယောက် မတူညီခြင်းကပဲ ရောင်စုံအလှတရားတွေကို ထွက်ပေါ်စေတာပါ။ ဒါကြောင့် ကိုယ့်မှာရှိတဲ့ ကိုယ်ပိုင်တဲ့အလှတရားကို တန်ဖိုးထားပါ။တကယ်တော့ အလှတရားမှာ စံနှုန်းသတ်မှတ်ချက်ဆိုတာ မရှိဘူးလို့ပြောရင် ယုံပါ့မလားပဲ။ ဇင်ယော်တောင် မျက်ခုံး၊ ချွန်တဲ့ နှာခေါင်း၊ ဝါဝင်းတဲ့ အသားအရေ၊ သမင်မျက်လုံး စတာတွေက စာပေအရ ဖွဲ့ဆိုထားတာတွေပါပဲ။ ဒါတွေက တစ်ခုချင်းဆိုရင် လှပေမယ့် ဒီလိုအလှတရားတွေ အားလုံး ပေါင်းထားတဲ့ သူဆိုတာ မရှိပါဘူး။ ပေါင်းလိုက်ရင်လည်း သဘာဝမကျဘဲ မလှတော့ပါဘူး။ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ ဒီခေတ်မှာ ဒီလောက် ဆေးပညာတွေ တိုးတက်နေတာ၊ ငွေကြေးသာ ပြည့်စုံလို့ကတော့ ဒီလှပါတယ်ဆိုတဲ့ ပုံစံမျိုးတွေပဲရအောင် ခွဲစိတ်ပြုပြင်ကြမှာပေါ့။ ခြေဆုံး ခေါင်းဆုံး စိတ်ကြိုက် ခွဲစိတ်လို့ရတဲ့ ခေတ်ပဲဟာ။ ဒါပေမယ့် တကယ့် လက်တွေ့မှာ ဒီလိုမလုပ်ကြပါဘူး။ ကိုယ့်မှာ ရှိပြီးသား မျက်နှာကျနဲ့ လိုက်ဖက်သလောက်ပဲ ပြင်လို့ရတာပါ။ လှမယ်ထင်ပြီး အကြိမ်ပေါင်း မြောက်များစွာ ခွဲရင်း စိတ်ရင်း ပြုပြင်ရင်း နောက်ဆုံး နဂိုရုပ်ပျောက်ပြီး ပိုဆိုးသွားတဲ့ အဖြစ်မျိုးတွေ ဒုနဲ့ ဒေးပါပဲ။ဒါကြောင့် အရေးကြီးဆုံးက ကိုယ့်ရဲ့ အရှိတရားကို လက်ခံဖို့ပါပဲ။ ဘယ်သူနဲ့မှ မတူတဲ့ ကိုယ်ပိုင် အလှတရားကိုပေါ့။ ဒါပေမယ့် ဒီလောက်ဝတဲ့ဟာ ဒီလောက် ပိန်တဲ့ဟာ မလှတာက မလှတာပဲလေလို့ မညည်းညူပါနဲ့။ အလှတရားဆိုတာ ကြည့်တဲ့ မျက်စိနဲ့လည်း ဆိုင်ပါသေးတယ်။ပြင်ပက ကြုံလာတာတွေကိုပဲ အကောင်းမြင်စိတ်မွေးရမှာမဟုတ်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်ကိုလည်း အကောင်းမြင်စိတ်မွေးရမှာပါ။ သူ့ပုံစံလေးကို အရှိကို အရှိအတိုင်း လက်ခံပေးလိုက်ပါ။ No one is perfect ပါ။လူ့သဘာဝကိုက ရတာမလို လိုတာမရပါပဲ။ ဘယ်လိုပဲ ကိုယ့်မှာ ပြည့်စုံနေပါစေ။ မပြည့်စုံတာလေးတစ်ခုအတွက် စိတ်ထိခိုက်တတ်တာပေါ့။ ဥပမာပြောရရင် သင်ဘယ်လိုပဲ အရပ်ပုလို့၊ အရပ်ရှည်လွန်းလို့ သဘော မကျဘူးပဲပြောပြော သင့်ခန္ဓာကိုယ်က သူ့အလုပ်လုပ်သူ လုပ်နိုင်ပါသေးတယ်။ အရပ်ပုလည်း သင့်မှာ လုပ်နိုင်ကိုင်နိုင်တဲ့ ခြေနှစ်ဖက် လက်နှစ်ဖက် ရှိတယ်၊ အရပ်ရှည်နေလည်း သူများတွေလိုပဲ သွားနိုင်လာနိုင်သေးတာပဲလေ။ ဘယ်လိုပဲ ကွာခြား ကွာခြား သင်ကိုယ့်အားနဲ့ကိုယ် အလုပ်လုပ်နိုင်ပါသေးတယ်။ခြေသလုံးတုတ်နေတယ်လို့ ခံစားရတာလား။ တောင်တက်တဲ့အခါ ဘယ်လောက်တောင် အားရပါးရ တက်နိုင်လိုက်မယ့် ခြေထောက်တွေလည်းလို့ တွေးကြည့်လိုက်ပါ။ ခြေသလုံးလေးတွေ သေးသေးလေး ဖြစ်နေလို့ စိတ်ညစ်နေတာလား။ အသားကပ်ဘောင်းဘီလေးတွေ ဝတ်တဲ့အခါ ပိန်ပိန်သွယ်သွယ်နဲ့ တော်တော်လှမှာပါပဲ။ ဒါကြောင့် ပြောပါတယ်။ ကြည့်တဲ့ မျက်လုံးထဲမှာ လှနေရင် အရာအားလုံးက လှနေတာပါပဲလို့။မှတ်ထားပါဆိုတာ ပြင်ဖို့ မဟုတ်ပါဘူး။ အားသာချက်ကို ရှာဖို့ပါ။ သူတို့ပြောတဲ့ နင့်အရပ်ကြီးက ရှည်လိုက်တာတို့၊ နင်က အသားမည်းတယ်ဆိုတာတို့က သူတို့မျက်လုံးထဲမှာ မလှပေမယ့် ကိုယ့်အတွက်တော့ အလှတရားတွေပါပဲ။ အရပ်ရှည်တော့ ပေမီဒေါက်မီနဲ့ လှတာပေါ့။ အသားမည်းတော့ နေလောင်ဒဏ်ကို သိပ်မခံရဘူးပေါ့။ ဒါဟာ သူတို့ရဲ့ body shamingကို အမြင်ပြောင်းလိုက်တာပါပဲ။ဒါပြီးရင် ကိုယ့်ကို body shamingလုပ်တဲ့သူတွေကို ဘယ်သူရှောင်မလဲဆိုတာလေး ပြောပြပါ့မယ်။ဟုတ်တယ်။ သူတို့က လှပြီးသားကို လာဝေဖန်တဲ့ သူတွေပဲလေ။ဒါအရေးကြီးဆုံးပါပဲ။ ကိုယ်ကစပြီး ရှောင်လိုက်ပါ။ နောက်ပြောင်တဲ့ အနေနဲ့တောင် မပြောပါနဲ့။ ကိုယ့်အတွက် ဟာသပေမယ့် သူ့အတွက် စိတ်ဒဏ်ရာပါ။တစ်ခါ နှစ်ခါလောက်ဆို ပြဿနာ မရှိပေမယ့် ခဏခဏဆို ဒါက မသိစိတ်ထဲမှာ အားနည်းချက်အနေနဲ့ ရှိလာမှာပါ။ ဒါကြောင့် မကြိုက်ကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ ချက်ကျ လက်ကျ တုံ့ပြန်ပါ။ကိုယ့်ပတ်ဝန်းကျင်မှာ အကောင်းမြင်တတ်သူ၊ သူများကို ရုပ်ရည်နဲ့ ပတ်သက်ပြီး မဝေဖန်တတ်သူတွေများရင် သင်နေပျော်လာမှာပါ။Social mediaပေါ်က သင်မြင်သမျှက အမှန်ဟုတ်ချင်မှ ဟုတ်မှာပါ။ Facebookတို့ instagramတို့က မင်းသမီး မင်းသားတွေက သဘာဝမဟုတ်တဲ့ နည်းလမ်းတွေနဲ့ ပြင်ထားတာ ဖြစ်တဲ့အပြင် ကင်မရာeffectလည်း ပါသေးတယ်လေ။ Gymကြော်ငြာတွေဆိုလည်း ဒီလိုပါပဲ။ ဒါသူတို့ အပြစ်မဟုတ်ပါဘူး။ ကြော်ငြာရဲ့ သဘောသဘာဝကိုက ဒီလိုပဲလေ။ သင်က ဒါကို နားလည်နေပြီး အမှန်လို့ မမြင်ဖို့ပဲ လိုတာပါ။ မဟုတ်ရင် ကိုယ့်ကိုယ်ကို စိတ်ဒုက္ခပေးနေတာပါပဲ။ဒါဆို လုံးဝမပြင်ရတော့ဘူးလား။ ဒီလိုမဟုတ်ပါဘူးနော်။ ဘာလို့လဲဆိုတော့။ဒါကြောင့်။ပိန်ပြီးသားကို ထပ်လှချင်လို့ အစားတွေ လျှော့စားတာမျိုး မလုပ်ပါနဲ့။ ကိုယ်က တကယ်ဝနေလို့ နောက်ပိုင်းမှာ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချိုတွေ ဖြစ်လာမှာစိုးလို့ ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာကို ရွေးစားပြီး မတည့်တာတွေကို ရှောင်တာမျိုးပဲ ဖြစ်ပါစေ။ကြွက်သားတွေ ထွက်ချင်လို့ ဆိုတာထက် ကိုယ်က အထိုင်များလို့၊ အဝလွန်နေလို့ ကျန်းမာရေးကောင်းအောင် လေ့ကျင့်ခန်း လုပ်တယ်ဆိုတာမျိုးပဲ ဖြစ်ပါစေ။ Six packsတွေရဲ့ နောက်ကွယ်က အကြောင်းအရာတွေက သင်ထင်ထားသလို မဟုတ်ပါဘူး။ ဒါကြောင့် ကျန်းမာရုံဆို ရပါပြီ။ဒီနေရာမှာ နှာခေါင်းပြားနေလို့၊ ရင်သားသေးနေလို့ ခွဲစိတ်ပြုပြင်တာကို ပြောတာမဟုတ်ပါဘူး။ မျက်နှာမှာ ထိခိုက်ဒဏ်ရာရထားလို့ အမာရွတ်ကျန်တာမျိုးဆို ခွဲစိတ်ချင်ရင် ခွဲစိတ်လို့ရပါတယ်။ ဘာလို့လဲဆိုတော့ အားလုံးက နှာခေါင်းချွန်အောင်၊ မေးစေ့ချွန်အောင်သာ ခွဲစိတ်နေမယ်ဆိုရင် စက်ရုံထုတ်ပစ္စည်းလေးတွေကို တစ်ပုံစံတည်း ထွက်လာမှာပါ။တကယ်တော့ တစ်ယောက်နဲ့ တစ်ယောက် မတူညီတာကိုက အလှတရားတစ်မျိုးပါပဲ။ သင့်ကို သူများနဲ့ မတူဘဲ တစ်မူထူးခြားစေတာပါ။ ဒါကြောင့် အရှိကို အရှိအတိုင်းလက်ခံပြီး ပေါ့ပေါ့ပါးပါး နေထိုင်လိုက်ပါ။ အရှိတရားတွေက သင့်ကို ပိုလှပစေပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%9e%e1%80%84%e1%80%ba%e1%80%b7%e1%80%9b%e1%80%b2%e1%80%b7-%e1%80%a1%e1%80%9c%e1%80%be%e1%80%90%e1%80%9b%e1%80%ac%e1%80%b8-%e1%80%80%e1%80%ad%e1%80%af-%e1%80%9e%e1%80%84%e1%80%ba%e1%80%80/
သင် စိတ်ဖိစီးတဲ့ စိတ်ဝေဒနာ ခံစားနေရပြီလား
စိတ်အားငယ်တယ်၊ စိတ်ဓာတ်ကျတယ်၊ စိတ်ဖိစီးမှုများတယ်ဆိုတာဟာ စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ စိတ်ဖိစီးမှုဟာ ဖြစ်နိုင်ချေအမြင့်ဆုံး စိတ်ဝေဒနာတွေထဲမှာ ပါဝင်နေပြီတော့ တစ်ချို့ဝေဒနာရှင်တွေဟာ သူတို့မှာ ဒီဝေဒနာရှိနေတယ်ဆိုတာကို သတိထားမိကြခြင်းမရှိကြပါဘူး။ အသက်အရွယ်၊ လိင်၊ မိသားစုအခြေအနေ၊ လုပ်ငန်းခွင်နဲ့ ငွေကြေးအခြေအနေတွေကြောင့် လူအတော်များများမှာ စိတ်ဖိစီးမှုဝေဒနာခံစားရလေ့ရှိပါတယ်။စိတ်ဖိစီးမှုများပြီး စိတ်အားငယ်တာဟာ ပုံစံအမျိုးမျိုးရှိတတ်ပါတယ်။ အဖြစ်များ စိတ်ဖိစီးမှုဝေဒနာ (Major Depression) ၊ နာတာရှည် စိတ်ဖိစီးမှု (Dysthymia) ၊ ချွင်းချက်ဖြင့်ဖြစ်ပေါ်သော စိတ်ဖိစီးမှု (Atypical Depression) ၊ Postpartum Depression ၊ အာရုံထွေပြား စိတ်ဖိစီးမှု (Bipolar Depression) ၊ ပြင်းထန်စိတ်ဖိစီးမှု (Psychotic Depression) ၊ ရာသီအလိုက်ဖြစ်တဲ့ စိတ်ဖိစီးမှု (Seasonal Depression/SAD) ၊ ဆေးယဉ်ပါး စိတ်ဖိစီးမှု (Treatment-Resistant Depression) ဆိုပြီး အမျိုးမျိုးရှိပါတယ်။ အဆိုပါ ရောဂါဝေဒနာတွေ ကိုယ့်မှာ ရှိနေသလားဆိုတာကို ကြိုတင်သတိထား စောင့်ကြည့်လို့ရပါတယ်။အဆိုပါစိတ်ဝေဒနာအားလုံးဟာ အခြေခံကျတဲ့ ရောဂါလက္ခဏာတွေကို ပြသလေ့ရှိပါတယ်။ ယျေဘုယျအကျဆုံး လက္ခဏာ ၁၀ ခု ရှိတယ်လို့ ကျွမ်းကျင်သူတွေက သရုပ်ခွဲသုံးသပ်ထားကြပါတယ်။ ဘယ်လို လက္ခဏာတွေက စိတ်ဖိစီးမှုဝေဒနာလက္ခဏာတွေလဲဆိုတာကို လေ့လာကြည့်ကြရအောင်။စိတ်ဖိစီးမှုဝေဒနာကို ခံစားနေရတဲ့ လူတိုင်းအတွက် ပုံမှန်သူတို့ကို ပျော်ရွှင်စေတဲ့ အရာတွေကတောင် ပျော်ရွှင်တယ်လို့ မခံစားရတော့ပါဘူး။ ပျော်ရွှင်မှုကင်းမဲ့လာတာနဲ့အမျှ စိတ်အားတက်ကြွမှုလည်း နည်းပါးလာမှာဖြစ်ပါတယ်။သုတေသနရလဒ်တွေအရ စိတ်ဖိစီးနေသူတွေ၊ စိတ်အားငယ်နေသူတွေဟာ ဆုံးဖြတ်ချက်တွေချမှတ်ဖို့ ဖင့်နှေးကြလေ့ရှိတယ်လို့ ဆိုပါတယ်။ ပုံမှန်လူတစ်ယောက်ဟာ တစ်နာရီမှာ ဆုံးဖြတ်ချက် ၄ ခုကနေ ၅ ခုလောက်အထိ ချမှတ်နိုင်ကြပေမယ့် စိတ်ဖိစီးမှုဝေဒနာခံစားနေရသူတစ်ယောက်ဟာ သေးငယ်တဲ့ ဆုံးဖြတ်ချက်တစ်ခုချမှတ်နိုင်ဖို့အတွက်ကိုတောင်မှ အချိန်ကြာမြင့်စွာ ကုန်ဆုံးတတ်ပါတယ်။ကိုယ့်ရဲ့ တန်ဖိုး၊ ကိုယ့်ရဲ့ အရည်အသွေးကို သံသယဝင်လာပြီး မိမိကိုယ်ကို တန်ဖိုးထားမှုကင်းမဲ့လာတာ၊ သံသယဝင်လာတာ၊ အဆိုးမြင်လာတာတွေကလည်း စိတ်ဖိစီးမှုရဲ့ ဝေဒနာ လက္ခဏာတွေဖြစ်ပါတယ်။စိတ်ဖိအားများနေသူတွေဟာ စိတ်ဆိုးဒေါသထွက်တာ၊ မမျှမတတွေတာတွေပြုမူတတ်ပြီး မိမိကိုယ်ကို အပြစ်ရှိနေသူတစ်ဦးလို အမြဲခံစားနေတတ်ပါတယ်။ အကျိုးအကြောင်းသင့်လျော်တဲ့ အကြောင်းပြချက်ရှိနေခဲ့မယ်ဆိုရင်တောင်မှ သူတို့ရဲ့ အပြစ်ရှိသလို ခံစားချက်ကို ဖယ်ရှားဖို့ မလွယ်ကူပါဘူး။လူတွေဟာ စိတ်ဖိစီးမှုများလေလေ စိတ်မရှည်လေ၊ စိတ်ဆိုးဒေါသထွက်လွယ်လေလေဖြစ်ပါတယ်။ နေ့စဉ်လူမှုဘဝရဲ့ စိတ်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ အခက်အခဲတွေပိုမိုများလာပြီး အဆိုပါ အဆင်မပြေမှုတွေကြောင့်ပဲ ပိုပိုစိတ်တိုလာကာ သံသရာလည်နေတတ်ပါတယ်။ တစ်ချို့တွေအတွက်ဆိုရင် ကျန်းမာရေးကို ထိခိုက်လာစေတဲ့အထိ ဒေါသတွေကြီးမားနေတတ်တာပါ။စိတ်ဖိစီးမှုများနေတဲ့လူတွေဟာ အမှားတွေကြားမှာပဲ နစ်မြုပ်နေတတ်သူတွေဖြစ်လာတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ ပူပင်သောကများနေတတ်တာကြောင့်ဖြစ်ပါတယ်။ ပြဿနာတွေအပေါ် အလွန်အမင်း အာရုံစိုက်နေမိမယ်၊ အစာစားချင်စိတ်ပျောက်ဆုံးနေမယ်၊ ရုပ်ပိုင်းဆိုင်ရာအရ နာကျင်မှုတွေ ကြုံနေရမယ်၊ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေမယ်။ ဒီလိုလက္ခဏာမျိုးတွေဟာလည်း ပူပန်သောကများနေတဲ့ လက္ခဏာမျိုးဖြစ်ပါတယ်။စိတ်ဖိစီးမှုလွန်ကဲလာရင် ကိုယ့်ကိုယ်ကို သတ်သေတဲ့ ပြဿနာက အမြဲလိုလိုကပ်ပါလာတတ်ပါတယ်။ ဘဝဟာနေပျော်စရာမရှိတော့ဘူးလို့ ထင်မြင်ယူဆလာပြီး ဘဝကို အဆုံးသတ်ချင်စိတ် မကြာခနပေါ်လာနေပါလိမ့်မယ်။ ဒါဟာ အရေးပါတဲ့ အဆင့်တစ်ခုဖြစ်ပြီး ခုလို ခံစားလာရပြီဆိုရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ညှိနှိုင်းဖို့ မဖြစ်မနေလိုအပ်နေပြီဖြစ်ပါတယ်။စိတ်ရောဂါဝေဒနာ လက္ခဏာရှိနေသူတွေကို လေ့လာချက်တွေအရ အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုများလာချိန်တွေမှာ ရာသီသွေးဆင်းမှု အချိန်မမှန်တာမျိုး ပုံမှန်ဖြစ်ပျက်လေ့ရှိတယ်လို့ ဆိုပါတယ်။ စိတ်ဖိစီးမှုကြောင့် ခန္တာကိုယ်တွင်းမှာ လိုအပ်တဲ့ မဟိုမုန်းထုတ်လွှတ်မှု မူမမှန်ဖြစ်ပြီး ခုလို သွေးဆင်းချိန်မမှန်ဖြစ်ရတာဖြစ်ပါတယ်။စိတ်ဝေဒနာအမျိုးအစားပေါင်းများစွာရဲ့ ရောဂါလက္ခဏာတွေထဲမှာ အိပ်မပျော်တာ၊ အိပ်စက်ချိန်စိတ်မရှိတာနဲ့ အိပ်ချိန်မမှန်တာတွေဟာ အမြဲတစေ တွေမြင်ရတတ်တဲ့ လက္ခဏာတစ်မျိုးဖြစ်ပါတယ်။ဘာထိခိုက်မှုမှ မရှိပါပဲနဲ့ စိတ်ထဲမှာ ဟိုနေရာ နာနေသလိုလို ဒီနေရာက စပ်နေသလိုလို ခံစားချက်မျိုးဖြစ်ပေါ်နေတတ်ပါတယ်။ ဒါ့အပြင် ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ နဲ့ ရင်ဘတ်အောင့်တာတွေလည်း ခံစားရတတ်ပါတယ်။ ဒီဝေဒနာဟာ ဒီလို လက္ခဏာမျိုးကလည်း စိတ်ဖိစီးမှုများနေတဲ့ လက္ခဏာတစ်မျိုးဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%9e%e1%80%84%e1%80%ba-%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%96%e1%80%ad%e1%80%85%e1%80%ae%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%9d%e1%80%b1%e1%80%92/
သင့်ကိုယ်ခန္ဓာ၏ ဟော်မုန်းများကို ညီညွတ်မျှတစေမည့် နည်းလမ်းများ
ဟော်မုန်းများဟာ သင့်ကို စိတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ အထူးသဖြင့် စားသောက်မှု၊ ကိုယ်အလေးချိန်၊ စိတ်ကျန်းမာရေး စတဲ့ကိစ္စရပ်တွေမှာ လွှမ်းမိုးပါတယ်။ ပုံမှန်အားဖြင့် ဂလင်းများဟာကိုယ်ခန္ဓာရဲ့လုပ်ငန်းစဉ်တွေအတွက် ဟော်မုန်းများကို တိကျတဲ့ပမာဏနဲ့ ထုတ်လုပ်ပေးပါတယ်။ ဒါပေမယ့်နေထိုင်စားသောက်မှုပုံစံနဲ့ တခြားအကြောင်းအရာတွေကြောင့် ဟော်မုန်းတွေ ဟန်ချက်မညီတာမျိုး ဖြစ်လာနိုင်ပါတယ်။ယခုဖော်ပြမယ့် အကြောင်းအရာများကတော့ သင့်ကိုယ်ခန္ဓာတွင်းမှ ဟော်မုန်းများကို ဟန်ချက်ညီအောင် ဘယ်လိုနေထိုင်စားသောက်သင့်သလဲ ဆိုတဲ့အချက်များပဲ ဖြစ်ပါတယ်။ဟော်မုန်းများကို ညီညွတ်မျှတစေမည့် နည်းလမ်းများ ကတော့။၁။ပရိုတင်းကို လုံလောက်စွာစားပါ။သင်စားလိုက်တဲ့ ပရိုတင်းတွေဟာ ကိုယ်ခန္ဓာကနေ မထုတ်လုပ်နိုင်တဲ့ အမိုင်နိုအက်ဆစ်တွေကို ဖြစ်ပေါ်စေပါတယ်။ ပရိုတင်းကို လုံလောက်စွာ စားသုံးမှသာ ကြွက်သားများ၊ အရိုးများနဲ့ အရေပြားကျန်းမာရေးကို ကောင်းစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရိုတင်းဟာ အစာစားခြင်းကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတွေကို ထုတ်လုပ်ရာမှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ဥပမာ သင့်ကို ဗိုက်ဆာစေတဲ့ ghrelin ဟော်မုန်းကို လျော့နည်းစေပြီး ဗိုက်ပြည့်စေတယ်ဆိုတဲ့ ခံစားချက်ကိုဖြစ်စေမယ့် ဟော်မုန်းတွေကို ထွက်ပေါ်စေပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာဇီဝဖြစ်စဉ်တွေအတွက် အရေးပါတဲ့ ဟော်မုန်းတွေ ဟန်ချက်ညီစေဖို့ ပရိုတင်းကို လုံလောက်စွာ စားပေးရပါတယ်။ အစားတစ်နပ်စားတိုင်းမှာ ပရိုတင်းဓာတ်ဟာ ၂၀ဂရမ်လောက် ပါဝင်သင့်ပါတယ်။၂။လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ။ကိုယ်လက်လှုပ်ရှားခြင်းဟာ ဟော်မုန်းများညီညွတ်မျှတစေဖို့ များစွာ အထောက်အကူပြုပါတယ်။ ဥပမာ အင်ဆူလင်ဟော်မုန်းကို ကျဆင်းစေပြီး အင်ဆူလင်အာရုံခံနိုင်စွမ်းကို မြင့်တက်စေပါတယ်။ဒါ့အပြင် ကိုယ်လက်လေ့ကျင့်ခန်းများဟာ အသက်အရွယ်ကြီးလာတာနဲ့ ကျဆင်းလာတတ်တဲ့ တက်စတိုစထရုန်း၊ IGF 1၊ DHEA နဲ့ ကြီးထွားမှုဟော်မုန်းတွေကို လျော့နည်းမသွားအောင် ထိန်းသိမ်းပေးထားပါတယ်။၃။စိတ်ဖိစီးမှုကို လျှော့ချပါ။စိတ်ဖိစီးခြင်းဟာ ဟော်မုန်းများရဲ့ ဟန်ချက်ညီမှုကို ပျက်ယွင်းစေပါတယ်။ စိတ်ဖိစီးမှုနဲ့ အဓိကဆက်နွယ်နေတဲ့ ဟော်မုန်းတွေကတော့ ကော်တီဆောနဲ့ အဒရီနယ်လင်ဖြစ်ပါတယ်။ ကော်တီဆောဟာ စိတ်ဖိစီးချိန်မှာ ကိုယ်ခန္ဓာအနေနဲ့ ရင်ဆိုင်နိုင်အောင် ထွက်လာပေးတဲ့ ဟော်မုန်းဖြစ်ပြီး အဒရီနယ်လင်ကတော့ ခြိမ်းခြောက်မှု အန္တရာယ်ကို တနည်းနည်းနဲ့ တုံ့ပြန်နိုင်အောင် လှုံ့ဆော်ပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို ရေရှည်ရင်ဆိုင်နေရရင်တော့ အဆိုပါဟော်မုန်းတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြုံလာနိုင်ပါတယ်။တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ ဂီတနားထောင်ခြင်း စတဲ့နည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုကို ဖြေလျှော့ပြီး ကော်တီဆောပမာဏကို လျှော့ချနိုင်ပါတယ်။၄။ အလွန်အကျွံစားခြင်း၊ မစားဘဲနေခြင်း စတဲ့အစွန်းနှစ်ဖက်ကို ရှောင်ပါ။အစားအသောက်ကို လွန်ကဲစွာစားခြင်း၊ ဒါမှမဟုတ် မစားဘဲနေခြင်းဟာ ဟော်မုန်းပြောင်းလဲမှုတွေကို ဖြစ်စေပြီး ကိုယ်အလေးချိန်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ကြုံတွေ့စေပါတယ်။ အစားအသောက်ကို လွန်ကဲစွာ စားသုံးရင် အင်ဆူလင်ပမာဏလည်း တက်လာစေပြီး အင်ဆူလင်အာနိသင်ရဲ့ ထိရောက်မှုကိုလည်း လျော့ကျစေပါတယ်။ အဝလွန်သူတွေမှာ ပိုတွေ့ရပါတယ်။အစားအသောက်နည်းလွန်းရင်လည်း ကော်တီဆောလို့ခေါ်တဲ့ ဖိစီးမှုဟော်မုန်းကို ထွက်လာစေပါတယ်။ သုတေသနတစ်ခုမှ ဖော်ပြချက်အရ တစ်နေ့တာစားသုံးတဲ့ ကယ်လိုရီဟာ ၁၂၀၀ အောက် လျော့နည်းရင် ကော်တီဆောပမာဏ မြင့်မားတတ်ပါတယ်။၅။အဆီဓာတ်ပါသော ငါးများစားပါ။အဆီဓာတ်ကြွယ်ဝတဲ့ငါးဆိုတာ omega 3 ဖက်တီးအက်ဆစ်ကြွယ်ဝတဲ့ ငါးတွေကို ဆိုလိုပါတယ်။ Omega 3 မှာ ရောင်ရမ်းမှုကို ကျစေတဲ့အာနိသင်ရှိပြီး စိတ်ဖိစီးချိန်မှာထွက်တဲ့ ကော်တီဆောဟော်မုန်းနဲ့ အဒရီနယ်လင်ကို ကျဆင်းစေပါတယ်။ သုတေသနအချို့အရ Omega 3 ကို ပုံမှန်ရရှိနေသူတွေမှာ အဝလွန်ခြင်း၊ သားဥအိမ်အရည်အိတ်များတည်ခြင်း၊ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုတက်ခြင်း စတာတွေကြောင့် အင်ဆူလင်အာနိသင်လျော့ကျတတ်ခြင်းကို ကာကွယ်ပေးပါတယ်။၆။ သကြားနဲ့အချိုဓာတ်ရှောင်ပါ။သကြား ဒါမှမဟုတ် စားကောင်းအောင် ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေကို တတ်နိုင်သမျှ လျှော့စားရပါမယ်။ သူတို့ဟာ အဝလွန်ခြင်း၊ ဆီးချိုနဲ့ တခြားရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ အဆိုပါအခြေအနေမှာအင်ဆူလင်ဟော်မုန်းရဲ့ အာနိသင်မထိရောက်ဘဲ ဖြစ်တတ်ပါတယ်။၇။အမျှင်ဓာတ်များများစားပါ။အမျှင်ဓာတ်များတဲ့ အစားအစာများဟာ အင်ဆူလင်ထိရောက်မှုကို တိုးတက်စေပြီး ဗိုက်ပြည့်တဲ့ခံစားချက် ဖြစ်ပေါ်စေတဲ့ဟော်မုန်းကို ထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။ သုတေသနတွေအရ ပျော်ဝင်စေတဲ့ အမျှင်ဓာတ်များဟာ PYY ဟော်မုန်းကို မြင့်တက်စေပြီး မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်များဟာ GLP1 ဟော်မုန်းကို မြင့်တက်စေပါတယ်။ နှစ်မျိုးစလုံးဟာ အဝလွန်သူတွေဆီမှာ စားချင်သောက်ချင်စိတ်ကို လျော့ကျစေလာပါတယ်။၈။အိပ်ရေးဝအောင် အိပ်ပါ။အာဟာရပြည့်အောင် ဘယ်လောက်ပဲစားစား၊ လေ့ကျင့်ခန်း ဘယ်လိုပဲလုပ်လုပ် အိပ်ရေးမဝရင်လည်း ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။ အိပ်ရေးမဝရင် အင်ဆူလင်၊ ကော်တီဆော၊ လက်ပ်တင်၊ ဂရီလင်နဲ့ ကြီးထွားမှုဟော်မုန်း စတဲ့ဟော်မုန်းတွေကို ဟန်ချက်မညီ ဖြစ်လာစေပါတယ်။ဥပမာ လူတယောက်ဟာ တညကိုငါးနာရီနှုန်းနဲ့ပဲ အိပ်စက်ပြီး တပတ်လောက် အိပ်ရေးပျက်လာတဲ့အခါ အင်ဆူလင်အာနိသင် ထိရောက်မှုနှုန်းဟာ ၂၀ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ဟော်မုန်းတွေကို အကောင်းဆုံးအနေအထားမှာ ရှိစေချင်ရင် တညကို ၇နာရီခန့် နှစ်ခြိုက်စွာ အိပ်စက်သင့်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/balance-hormones/
သည်းခြေကျောက်ကုသနည်း ဘယ်နှနည်း ရှိသလဲ။
သည်းခြေကျောက်က လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အဝလွန်တဲ့သူတွေ၊ အဆီအစိမ့်စားတဲ့သူတွေ၊ အသက်၄၀ကျော်တဲ့ အမျိုးသမီးတွေဆို ပိုဖြစ်တတ်ပါတယ်။ သည်းခြေကျောက် တည်တဲ့အခါ တချို့လူနာတွေကို ဘာဆေးမှ မပေးဘဲ စောင့်ကြည့်သလို တချို့ကိုကျတော့ ကျောက်ပျော်ဆေးတွေ ပေးပါတယ်။ တချို့ကျတော့ မှန်ပြောင်းကြည့်ပြီး ကျောက်ထုတ်လိုက်တယ်လို့ ‌ပြောကြတယ်။ တချို့ကျတော့လည်း သည်းခြေအိတ်ပါ ထုတ်လိုက်ရတယ်တဲ့။ သည်းခြေကျောက်ကုသနည်း က ဘယ်နှနည်းတောင် ရှိနေတာလဲဆိုပြီး သိချင်ကြမှာပါ။သည်းခြေကျောက်ကုသနည်း တွေမှာ အကြမ်းအားဖြင့်။လူနာတစ်ယောက်နဲ့ တစ်ယောက် ကုသနည်းတွေ မတူနိုင်ပါဘူး။ ရောဂါလက္ခဏာတွေ ဘယ်လောက်ဆိုးသလဲ။ လူနာက ခွဲစိတ်တာကို ခံနိုင်ပါ့မလား။ လူနာရဲ့ နဂိုရောဂါအခံတွေ စတာတွေကို ထည့်သွင်းစဉ်းစားပြီးမှ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ခုပြောမှာကတော့ အကြမ်းဖျင်းအချက်တွေပါ။ လူနာတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်တာကြောင့် အသေးစိတ်ကို ဆရာဝန်နဲ့ ဆွေးနွေးရပါမယ်။စောင့်ကြည့်နည်း။ပုံမှန်ကျန်းမာရေး စစ်ဆေးရင်းနဲ့ အယ်ထွာဆောင်းမှာဖြစ်ဖြစ်သည်းခြေကျောက်တွေ့လိုက်တယ်ဆိုပါစို့။ သည်းခြေကျောက်သာ ရှိနေသာ လူကအပြင်မှာ အကောင်းပဲ၊ ဘာလက္ခဏာမှလည်း မခံစားရဘူးဆိုရင် ပုံမှန်ရက်ချိန်းလေးပြပြီး စောင့်ကြည့်လို့ရပါတယ်။ချက်ချင်းကြီးတော့ ခွဲစရာစိတ်စရာ မလိုသေးပေမယ့် သည်းခြေကျောက်ရဲ့ လက္ခဏာတွေ ခံစားလာရရင် (ဥပမာ ဗိုက်အောင့်တာ၊ ‌ဖျားတာ၊ အသားဝါတာ) ဆရာဝန်ကို ပြန်ပြောပြဖို့ လိုပါတယ်။အကြမ်းအားဖြင့် ပြောရမယ်ဆိုရင်တော့ သည်းခြေကျောက်ရှိရဲ့သားနဲ့ လက္ခဏာမပြဘူးဆိုရင် အခြေအနေသိပ်မဆိုးဘူးလို့ သတ်မှတ်လို့ ရပါတယ်။လက္ခဏာမပြပေမယ့် သည်းခြေကျောက်ကြောင့် နောက်ဆက်တွဲပြဿနာတွေ ရှိနိုင်တယ်ဆိုရင်လည်း ကုသရပါမယ်။ ဥပမာ။နောက်ပြီး သည်းခြေအိတ်မှာ ကယ်ဆီယမ်တွေ များနေရင်လည်း ကုသဖို့ လိုပါတယ်။ ဒါက နောက်ပိုင်းမှာ သည်းခြေအိတ်ကင်ဆာ ဖြစ်နိုင်ခြေ များလို့ပါ။ကျောက်ပျော်ဆေးပေးတာ။တချို့သည်းခြေကျောက်လူနာတွေကို ကျောက်ပျော်ဆေးပေးတာကို တွေ့ဖူးမှာပါ။ ဒါကလည်း လူနာတိုင်းမှာ ပေးလို့ မရပါဘူး။အများဆုံးပေးတာကတော့ursodeoxycholic acidဆေးပြားတွေပါ။ ဒီဆေးက ကျောက်ပျော်စေတာမှန်ပေမယ့် ဘာကြောင့် လူနာတိုင်းကို မပေးတာလဲဆိုတော့။ဒါကြောင့် လူနာတိုင်းမှာ မပေးတာပါ။ သူ့ကို ကျောက်ပျော်စေဖို့ဆိုတာထက် ကျောက်တည်နိုင်ခြေများတဲ့သူတွေမှာ ပေးတာပိုများပါတယ်။ ဥပမာ အချိန်တိုအတွင်းမှာ ကိုယ်အလေးချိန်မြန်မြန်ချထားတဲ့သူတွေဆို သည်းခြေကျောက်တည်နိုင်ခြေများတာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပေးလေ့ရှိပါတယ်။ဒီကျောက်ပျော်ဆေးက ၂နှစ်လောက် သောက်ရတာဆိုတော့ ဘေးထွက်ဆိုးကျိုးရှိလားဆိုပြီး မေးကြပါတယ်။ သူ့မှာ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး။ မအီမသာဖြစ်တာ၊ အသားယားတာတော့ ဖြစ်တတ်ပါတယ်။နောက်ပြီး ဒီဆေးကို ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာ မပေးပါဘူး။ တားဆေးတွေနဲ့ ဓာတ်ပြုနိုင်တာကြောင့် အမျိုးသမီးတွေအနေနဲ့ ကွန်ဒုံးပြောင်းသုံးတာ ဒါမှမဟုတ် dose လျှော့ထားတဲ့ အီစထရိုဂျင်ကို ပြောင်းသုံးတာမျိုးလုပ်ရပါမယ်။မှန်ပြောင်းနဲ့ ကျောက်ထုတ်တာ။သည်းခြေကျောက်တွေက သည်းခြေအိတ်အပြင် သည်းခြေပြွန်မှာလည်း ပိတ်တတ်ပါတယ်။ အဲ့တာကို ဖယ်ဖို့ Endoscopic retrograde cholangio-pancreatography (ERCP)ကို သုံးလို့ ရပါတယ်။ဒီမှန်ပြောင်းကို သည်းခြေပြွန်မှာ ကျောက်ရှိမရှိ ရှာရင်း ရှိတယ်ဆို တစ်ခါတည်း ထုတ်လိုက်တာ ဖြစ်ပါတယ်။လူနာကို ထုံဆေး၊ စိတ်ငြိမ်ဆေးတွေ ပေးပြီး မှန်ပြောင်းကို ပါးစပ်ကနေ မျိုချပြီး ထုတ်ရတာဖြစ်ပါတယ်။ ၁၅မိနစ်ကနေ ၁နာရီထိကြာတတ်ပါတယ်။မှန်ပြောင်းက သည်းခြေအိတ်ကို မထုတ်နိုင်တဲ့အတွက် သည်းခြေအိတ်ထဲမှာ ကျောက်ရှိရင် တခြားခွဲစိတ်နည်းနဲ့ ထုတ်ရမှာ ဖြစ်ပါတယ်။ခွဲစိတ်နည်း။သည်းခြေကျောက်အတွက်  အထိရောက်ဆုံး နည်းလမ်းကို ပြောပါဆိုရင် ခွဲစိတ်နည်းပဲ ဖြစ်ပါတယ်။ ခွဲစိတ်ပြီး သည်းခြေကျောက်ကိုပဲ မဟုတ်ဘဲသည်းခြေအိတ်ကိုပါ ထုတ်လိုက်တာက ပိုပြီး စိတ်ချရပါတယ်။ ဘာကြောင့်လဲဆိုတော့ သည်းခြေအိတ်ရှိနေရင် နောက်ထပ် ကျောက်ထပ်တည်နိုင်ခြေ ရှိလို့ပါပဲ။ခွဲစိတ်နည်းမှာ ၂ခုရှိပါတယ်။(၁) ဗိုက်မှာ အပေါက်လေးတွေ ဖောက်ပြီး ခွဲစိတ်တာရယ်။(၂) သမားရိုးကျ ခွဲစိတ်နည်းရယ်ပါ။(၁) ဗိုက်မှာ အပေါက်ဖောက်ပြီး ခွဲစိတ်နည်း။Laparoscopic cholecystectomyလို့ ခေါ်ပါတယ်။ ဗိုက်မှာ ၁-၃ စင်တီမီတာအရွယ် အပေါက်လေး ၃-၄ပေါက်ကို ဖောက်ပြီး ခွဲစိတ်တာ ဖြစ်ပါတယ်။အဲ့ဒီအပေါက်လေးကနေ စက်ရုပ်လက်တံတွေကို ထည့်ပြီး သည်းခြေအိတ်ကို ဖယ်ထုတ်တာ ဖြစ်ပါတယ်။ သည်းခြေပြွန်မှာပါ ကျောက်ရှိနေရင် တစ်ခါတည်း ဖယ်ထုတ်လို့ ရပါတယ်။ မေ့ဆေးပေးထားတဲ့အတွက် လူနာက နာကျင်မှုကို ခံစားရမှာ မဟုတ်ပါဘူး။ခွဲစိတ်မှုက ၁နာရီ၊ ၁နာရီခွဲလောက်ပဲ ကြာပြီး နာလန်ထတာလည်း မြန်ပါတယ်။(၂) သမားရိုးကျ ခွဲစိတ်နည်း။သမားရိုးကျ ခွဲစိတ်နည်းဆိုတာက ပုံမှန်အတိုင်းပဲ ဗိုက်ကနေ ခွဲကြောင်းပေးပြီး ခွဲတာကို ဆိုလိုတာပါ။ အပေါ်ကနည်းနဲ့ ခွဲလို့ မရတဲ့လူနာတွေ – ဥပမာ။မေ့ဆေးပေးပြီး ခွဲတာကြောင့် လူနာက နာကျင်မှုကို မခံစားရပါဘူး။ အပေါ်က နည်းလမ်းနဲ့ ယှဉ်ရင်တော့ နာလန်ထဖို့ ပိုကြာပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gallbladder-disease/treatment-options-for-gallstones/
null
null
health
health
https://hellosayarwon.com/health/general-health-knowledge/how-to-prevent-diseases-from-unhygienic-water/
null
null
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%9b%e1%80%bd%e1%80%b1%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%a1%e1%80%90%e1%80%bd%e1%80%80/
Dyspepsia (အစာမကြေခြင်း)
အစာမကြေခြင်း သို့မဟုတ် ဒစ်ပက်ပ်စီးယားဆိုသည်မှာ အစာအိမ်နှင့်အူလမ်းကြောင်းအပေါ်ပိုင်း (အစာအိမ်၊ အစာရေမျိုပြွန်၊ အူသိမ်ဦး) တွင် မအီမသာ သို့မဟုတ် နာကျင်မှုကိုခံစားရခြင်းဖြစ်သည်။ အစာမကြေခြင်းခြင်းတွင် ရောဂါလက္ခဏာအမျိုးမျိုးပါဝင်ပြီး ဗိုက်ကယ်ခြင်း၊ ပျို့ခြင်းနှင့် လေချဉ်တက်ခြင်းတို့ဖြစ်နိုင်ပါသည်။ အစာမကြေခြင်းသည် အောက်ခံပြဿနာတစ်ခုခု၏ လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါသည်။အစာမကြေခြင်းကို ရောဂါတစ်ခုအဖြစ်မယူဆသင့်ပါ။ ၎င်းသည် အောက်ခံမကျန်းမာသည့်အခြေအနေ တစ်ခုခု၏ လက္ခဏာတစ်ရပ်ဖြစ်နိုင်သလို လူတိုင်းတွင်လည်း ခဏခဏဖြစ်တတ်သော အခြေအနေတစ်ခုဖြစ်ပါသည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။အစာမကြေခြင်း၏ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာ။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။အစာမကြေခြင်းကို ရောဂါတစ်ခုထက် လက္ခဏာတစ်ခုအဖြစ်သာ ယူဆရမည်။ အစာမကြေခြင်းကိုဖြစ်စေသော တစ်ချို့ရောဂါများမှာ။တစ်ချို့သောဆေးများကလည်း အစာမကြေခြင်းကို ဖြစ်ပွားစေနိုင်ပါသည်။နေ့စဉ်အမူအကျင့်များကလည်း သင့်ကို အစာမကြေခြင်းဖြစ်စေနိုင်ပါသည်။ တစ်ချို့သောရောဂါများနှင့် အထက်ပါအကြောင်းရင်းများအပြင် အစာမကြေခြင်းဖြစ်နိုင်သည့် တခြားအကြောင်းရင်းများ ရှိပါသေးသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။လက္ခဏာနှင့်ဆိုင်သော မေးခွန်းများကို ဆရာဝန်မှမေးပြီး ဗိုက်နှင့်ရင်ဘတ်ကို စမ်းသပ်ပါလိမ့်မည်။ သင့်အခြေအနေကို ပိုနားလည်နိုင်ရန်နှင့် တခြားသော အကြောင်းရင်းများကို သိနိုင်ရန်အတွက် စစ်ဆေးမှုတစ်ချို့ပြုလုပ်ပါလိမ့်မည်။ကုသမှုသည် အစာမကြေခြင်း၏လက္ခဏာများကို လျော့ချရန်အတွက် ဦးတည်ရပါမည်။ ထို့အပြင် အောက်ခံရောဂါကိုပါ ရှင်းရမည်ဖြစ်သည်။ ထို့ကြောင့် ဆရာဝန်ညွှန်ကြားသည့်ဆေးများနှင့် တခြားအထောက်ပံ့ရကုထုံးများကို အောက်ခံရောဂါအခြေအနေအရ ကုသရမည်ဖြစ်သည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအစာမကြေခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများက သင့်အနေဖြင့် အစာမကြေခြင်းကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/dyspepsia-%e1%80%a1%e1%80%85%e1%80%ac%e1%80%99%e1%80%80%e1%80%bc%e1%80%b1%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
လုပ်ငန်းခွင်မှာ မတော်တဆ ခြေပြတ်လက်ပြတ် ဖြစ်ခဲ့ရင်
စက်ယန္တရားတွေနဲ့ အလုပ်လုပ်နေကြတဲ့သူတွေမှာထိခိုက်ဒဏ်ရာဆိုတာက ကြုံတတ်ပါတယ်။ ဒီထဲမှာ ဆိုးဆိုးဝါးဝါး ဖြစ်တတ်တာကတော့ ခြေပြတ် လက်ပြတ်ဖြစ်တာပါပဲ။ ခြေချောင်း လက်ချောင်းလေးတွေ ဖြစ်ကောင်း ဖြစ်မယ်။ ခြေတွေ လက်တွေ ဖြစ်ကောင်း ဖြစ်မယ်။ခုခေတ်မှာက ခြေတွေ လက်တွေ ဆိုတာက ပြတ်သွားရင်တောင် တော်တော်များများ ပြန်ဆက်နိုင်နေပါပြီ။ အဓိက အရေးကြီးတာက ခြေတွေ လက်တွေကို သေချာသိမ်းဆည်းထားနိုင်ဖို့ပါပဲ။ယန္တရားတွေနဲ့ ထိခိုက်မိလို့ ခြေပြတ် လက်ပြတ် ဖြစ်သွားခဲ့ရင် ဘေးလူက အရေးကြီးပါတယ်။ ဘေးလူက သတ္တိရှိရှိနဲ့ လုပ်တတ်ကိုင်တတ်ရင် လူနာအတွက် အများကြီး အကျိုးရှိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးပါ့မယ်။တစ်ခုခုနဲ့ ခိုက်မိလို့ ရှိရင် ဘာတွေကို သတိထားရမလဲဆိုတော့။ဆေးရုံသွားနေတဲ့လမ်းမှာ လုပ်ပေးနိုင်တာတွေကတော့။လူနာကသွေးထွက်လွန်လို့ပဲ ဖြစ်ဖြစ်၊ လက်ပြတ် ခြေပြတ်ကို အကြောက်လွန်လို့ပဲ ဖြစ်ဖြစ်ရှော့ရတတ်ပါတယ်။ လူနာရှော့ရမှန်း ဘယ်လိုသိမလဲဆိုရင်။ဒါဆို သာမန်လူတစ်ယောက်အနေနဲ့ လုပ်ပေးနိုင်တာတွေက။ခြေပျက် လက်ပြတ်ဖြစ်တာက ခုခေတ်မှာ တော်တော်များများ ပြန်ဆက်လို့ရနေပါပြီ။ ဒါကြောင့် သိပ်စိတ်မပူပါနဲ့။ အရေးကြီးတာက ဆေးရုံကို အမြန်ရောက်ဖို့နဲ့ ဆေးရုံသွားနေတဲ့ လမ်းမှာ လူနာကို ကောင်းကောင်း ပြုစုတတ်ဖို့ပါပဲ။ ဒါကြောင့် ဒီနည်းလမ်းတွေကို စက်ယန္တရားတွေနဲ့ နေ့စဉ် အလုပ်လုပ်နေရသူတိုင်း သိထားသင့်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%84%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%bd%e1%80%84%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%99%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%90%e1%80%86/
ပျော်ရွှင်ချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထ
နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းနိုင်မယ့် အခွင့်အရေးက ဘယ်သူအပေါ်မှာတာဝန်ရှိမယ်ထင်လဲ….. အဖြေကတော့ ရှင်းပါတယ်။ ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်ကိုယ်တိုင်ပဲ တာဝန်ရှိတာပါ။ ဘယ်သူ့မှာမှ တာဝန်မရှိပါဘူး။ အခုဒီစာကို ဖတ်နေတဲ့ Hello ဆရာဝန် ပရိသတ်ကြီးရော နေ့ရက်တိုင်းမှာ ပျော်ရွှင်ချင်လား.. ဒါဆိုရင် ပျော်ရွှင်ချင်သူတိုင်း မွေးမြူသင့်တဲ့ ဒီအလေ့အထလေးတွေကို နေ့စဉ် အလေ့အထဖြစ်အောင် မွေးမြူလိုက်ပါ၊ လို့ပြောပါရစေ။ပျော်ရွှင်မှုကို အဓိပ္ပါယ်ဖွင့်ဆိုမှုက လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ ဒါပေမယ့်အကောင်းဆုံးကတော့ ပျော်ရွှင်မှုက ကိုယ်တိုင်ရဲ့ လုပ်ဆောင်မှုမှာ မူတည်နေစေဖို့ပါ။ နေ့ရက်တိုင်းကို ပျော်ရွှင်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဒီအချက်လေးတွေကို တူတူကြည့်လိုက်ရအောင်လား…..။ပြုံးပါ။ပျော်တဲ့အခါတိုင်းမှာ ပြုံးမိတယ်ဟုတ်။ တကယ်တော့ ပြုံးတာက စိတ်ကိုတင်ပျော်ရွှင်စေတာမဟုတ်ပါဘူး။ ပြုံးလိုက်တိုင်းမှာ ဦးနှောက်က ဒိုဗာမင်ဟော်မုန်းကို ထုတ်လွှတ်ပေးပြီး သင့်ကို ပိုစိတ်ပျော်ရွှင်စေမှာပါ။ ဒီလိုဆိုတာနဲ့ မပြုံးချင်ဘဲ ပြုံးပါလို့ မဆိုလိုပါဘူး။ တကယ်ကို ပြုံးချင်တဲ့ အခြေအနေမျိုးမှာ အားရပါးရပြုံးပါ။ ပြုံးတာက ကိုယ်တိုင်ကိုရော ပတ်ဝန်းကျင်ကသူတွေကိုပါ စိတ်ချမ်းသာစေနိုင်ပါတယ်။မနက်ခင်းတိုင်း မှန်ကြည့်ပြီး ပြုံးရင်း ငါက ပြဿနာတိုင်းကို ဖြေရှင်းနိုင်တယ် လို့ပြောကြည့်ပါ။လေ့ကျင့်ခန်းလုပ်ပါ။လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ကိုတင် ကျန်းမာစေတာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေနိုင်သလို စိတ်ပူပန်တာနဲ့ စိတ်ဓာတ်ကျတာတွေဖြစ်နိုင်ခြေကိုလည်း နည်းသွားစေနိုင်ပါတယ်။ စိတ်ပျော်ရွှင်စေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း တိုးစေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက ပျော်ရွှင်ခြင်း ဟော်မုန်းတွေထွက်ရှိအောင်လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်းလမ်းလျှောက်တာ၊အကြောလျှော့တာ၊ယောဂလုပ်တာ၊ ထိုက်ချိကစားတာမျိုးလုပ်ပေးပါ။အိပ်ရေးဝဝအိပ်ပါ။အခုနာက်ပိုင်းတိုးတက်လာမှုတဲ့ လူနေမှုပုံစံကြောင့် အိပ်စက်ချိန်တွေကနည်းလာတယ်။ ဒီလိုအိပ်ရေးမဝမှုတွေကပဲ ကျန်းမာရေးရော စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အိပ်ရေးဝမှုက ကျန်းမာရေးကိုကောင်းစေသလိုဦးနှောက်စွမ်းဆောင်ရည်ကိုကောင်းစေနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ တစ်ညတာမှာ အိပ်ချိန် ၇ နာရီ ကနေ ၈ နာရီအထိ ရှိဖို့လိုပါမယ်။တကယ်လို့ နေ့ခင်းဘက်တွေမှာ ဘယ်လိုမှ မနေနိုင်အောင် အိပ်ချင်နေပြီ။ အလုပ်လုပ်ရင်း အိပ်ငိုက်လာပြီဆိုရင်တော့ အိပ်စက်ချိန် လုံလောက်မှုမရှိဖြစ်နေတာပါ။ ဒါဆိုရင်တော့ အိပ်ချိန်ကို သေချာလေးဂရုစိုက်ဖို့လိုပါပြီ။အစားအသောက်ဂရုစိုက်ပါ။အစားအသောက်ရွေးချယ်မှုကခန္ဓာကိုယ်ကျန်းမာရေးအတွက်တင်မဟုတ်ပါဘူး။စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ်မှာပါ သက်ရောက်နေပါတယ်။ ဒါကြောင့် နေစဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ။ကာဗိုဟိုက်ဒရိတ်– ကာဗိုဟိုက်ဒရိတ်က စိတ်ခံစားမှုကို ကောင်းစေတဲ့ serotonin ဟော်မုန်းကို ထွက်ရှိစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်အောင် စားသုံးပေးပါ။ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုး နဲ့ ကောက်နှံတွေကို စားသုံးပေးပါ။ပရိုတင်း– အဆီမပါတဲ့ အသား၊ ကြက်သား၊ ပဲအမျိုးမျိုး နဲ့နို့ထွက်ပစ္စည်းတွေက ပရိုတင်းကြွယ်ဝတဲ့ အစားအစာအရင်းအမြစ်တွေပါ။ ဒီအစားအစာတွေက ခန္ဓာကိုယ်မှာ အင်အားပြည့်စေသလို အာရုံစူးစိုက်မှုကိုလည်း ကောင်းစေနိုင်တဲ့ dopamine နဲ့ norepinephrine တို့ပါဝင်နေပါတယ်။ဆီကြော်တွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေကတော့ စိတ်ခံစားမှုကို ထိခိုက်စေပြီး စိတ်ဓာတ်ကျစေနိုင်တာကြောင့် မစားသင့်ပါဘူး။ကျေးဇူးတင် တတ်ပါစေ။ကျေးဇူးတင်တတ်တာက စိတ်ပျော်ရွှင်စေတဲ့ အလေ့အထတစ်ခုပါ။ ကျေးဇူးတင်တတ်တာက မျှော်လင့်ချက်တွေရှင်သန်စေပြီး စိတ်ပျော်ရွှင်စေနိုင်ပါတယ်။ ဒီလိုကျေးဇူးတင်တတ်မှုက လူချစ်လူခင်များစေနိုင်ပြီး စိတ်ပျော်ရွှင်မှုလည်းတိုးစေနိုင်ပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်က ကိုယ့်ကို အကူအညီပေးတိုင်း ကျေးဇူးတင်စကားဆိုဖို့ မေမေ့ပါနဲ့။ကြင်နာပါ။အခြားသူတွေကို ဂရုစိုက်ကြင်နာမှုပေးတဲ့သူတွေက အတ္တကြီးသူတွေထက် ပိုပျော်ရွှင်ရတတ်ကြပါတယ်။ အခြားသူတွေကို ဂရုစိုက်ပေးလိုက်တဲ့အခါ စိတ်ကျေနပ်မှု ရရှိနိုင်ပါတယ်။ အခြားသူတွေကို ပျော်ရွှင်အောင်လုပ်ပေးတာကလည်း ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင်လုပ်ရာရောက်ပါတယ်။အသက် ပြင်းပြင်းရှူပါ။အရမ်းကို စိတ်ဖိစီးမှုများလာတဲ့အခါ ပျော်ရွှင်မှု မပျောက်ဆုံးသွားစေဖို့အတွက် မျက်စိကိုမှိတ်လိုက်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အ​ခြေအနေကို စိတ်ကူးကြည့်လိုက်ပါ။ ပြီးရင် နှာခေါင်းကနေတဆင့် အသက်ကိုဖြည်းဖြည်းမှန်မှန် ရှူသွင်းရှူထုတ်လုပ်ပါ။ စိတ်ငြိမ်သွားတဲ့အထိ လုပ်ပေးပါ။ကဲ….မနက်ခင်းတိုင်းမှာ အကောင်းဆုံးနိုးထလို့ တစ်နေ့တာကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းလိုက်တော့နော်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/how-to-be-happy/
မိဘများ သိထားသင့်တဲ့ ကလေးနို့မှုန့် အာဟာရအကြောင်း
သားသမီးတွေအတွက်ဆိုရင် အမြဲတမ်း အကောင်းဆုံးဆိုတဲ့ အရာတွေကိုမှ ပေးစွမ်းချင်တယ်ဆိုတာမိဘတွေရဲ့ စေတနာပါ။ ကိုယ်ဝန်ဆောင်ချိန်ကာစလို့ ကလေးမွေးပြီး ကျန်းမာစွာ ကြီးပြင်းလာတဲ့အထိ အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်ပေးဖို့တတ်သူတွေပါ။ ကိုယ့်ကလေး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့မှာ အာဟာရဟာ အလွန်ကြီးမားတဲ့နေရာက ပါဝင်နေတယ်ဆိုတာကို မိဘတွေသိနားလည်ဖို့လိုအပ်ပါတယ်။ကလေးမွေးပြီး ၆လအထိ အချိန်ကိုတော့ မိခင်နို့ တစ်မျိုးတည်းကိုသာ မဖြစ်မနေ တိုက်ဖို့ လိုအပ်ပါတယ်။ မိခင်နို့မှာ ကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ် အစုံအလင် ပါဝင်တဲ့အပြင် ကလေးတွေကို ဉာဏ်ကောင်းထက်မြက်စေအောင်လည်း ကူညီပေးနိုင်ပါတယ်။ ကလေး အသက် ၆လနောက်ပိုင်းမှာတော့မိခင်နို့အပြင် ဖြည့်စွက် အာဟာရအနေနဲ့ နို့မှုန့်ကိုပါ ကျွေးလို့ ရပါတယ်။ကလေးနို့မှုန့် မှာလည်း ကလေးတွေအတွက် အရိုးသန်စွမ်းစေမယ့် သံဓာတ်တွေ၊ ဦးနှောက် ဉာဏ်ရည်အတွက် Omega-3, Omega-6, DHA စတဲ့ သတ္တုဓာတ်တွေ ပါဝင်လို့ ကလေးကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေမှာပါ။ပုံမှန်အားဖြင့်ဆိုရင် နို့မှုန့် အမျိုးအစား (၄) မျိုးကို အဓိက အတွေ့များပါတယ်။ ဒါတွေကတော့။•နွားနို့ကနေ အခြေခံပြီး ထုတ်ထားတဲ့ နို့မှုန့်။•ဆိတ်နို့ကနေ အခြေခံပြီး ထုတ်ထားတဲ့ နို့မှုန့်။•ပဲနို့ကနေ အခြေခံပြီး ထုတ်ထားတဲ့ နို့မှုန့်။• Hydrolysed Protein ဓာတ်ကို အခြေခံ ထုတ်ထားတဲ့ နို့မှုန့်တွေပဲ ဖြစ်ပါတယ်။များသောအားဖြင့် မိဘတွေက နွားနို့ကနေ အခြေခံ ထုတ်ထားတဲ့ နို့မှုန့် အမျိုးအစားကို ရွေးချယ်ကြပါတယ်။ နွားနို့မှာ ပါတဲ့ အာဟာရကို ကလေးက မခြေဖျက်နိုင်ဘူးဆိုရင် ဆိတ်နို့ ဒါမှမဟုတ် ပဲနို့ အခြေပြု နို့မှုန့်တွေကို ရွေးချယ်နိုင်ပါတယ်။ အစာမကြေတတ်တဲ့ ကလေးတွေအတွက်တော့ Hydrolysed Protein နို့မှုန့်တွေကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။၁။ နို့မှုန့်သည် အစားအစာနဲ့ ဆေးဝါးကြီးကြပ်ရေးဌာနက ဘေးကင်းစိတ်ချရကြောင်း အသိအမှတ်ပြု ထောက်ခံချက် ရထားလားဆိုတာ စစ်ဆေးဖို့ လိုပါတယ်။၂။ အာဟာရဓာတ် ပါဝင်မှုနှုန်းကို သေချာစစ်ပါ။ အရိုးနဲ့ သွားကို ကြံ့ခိုင်စေပြီး သွေးအားနည်း ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်မယ့် သံဓာတ်၊ ဦးနှောက်ဉာဏ်ရည်ကို ထက်မြက်စေဖို့၊ ဦးနှောက် ဖွံ့ဖြိုးစေဖို့ Omega-3၊Omega-6၊ DHA စတဲ့ သတ္တုဓာတ်တွေ ပါမပါကို သေချာစစ်ရပါမယ်။၃။ ကြီးထွားဖွံ့ဖြိုးမှုအတွက် ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်ဓာတ်၊ ကိုယ်ခံအားစနစ်နဲ့ ကျန်းမာရေးအတွက် ဗီတာမင်ဓာတ်တွေကိုလည်း စစ်ကြည့်သင့်ပါတယ်။၄။ မိဘတွေအနေနဲ့ တံဆိပ်ရွေးဝယ်ရတာ အဆင်မပြေရင် ကိုယ့်ကလေးကို ဆရာဝန်နဲ့ သေချာပြပြီးတော့ ဘယ်လို နို့မှုန့်မျိုးနဲ့ သင့်လျော်မလဲဆိုတာ ဆရာဝန်ကိုလည်း ညွှန်းဖို့ ပြောပေးလို့ ရပါတယ်။ ဈေးကွက်ထဲမှာ တွေ့ရာ နို့မှုန့်တံဆိပ် ရွေးဝယ်တာမျိုးတော့ မလုပ်သင့်ပါဘူး။၁။ ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို စံချိန်မီအောင်ဖြည့်တင်းပေးထားတဲ့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရရှိနိုင်ပါတယ်။၂။ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးတဲ့DHAလိုအာဟာရဓာတ်တွေပါဝင်တဲ့အတွက် တီထွင်ဖန်တီးဉာဏ်နဲ့ ဦးနှောက်ဉာဏ်ရည်ကို ထက်မြက်စေပါတယ်။၃။ အကျိုးပြုဘက်တီးရီးယား အာဟာရlcFOSလို prebiotics တွေပါဝင်တာက ကလေးရဲ့ အစာခြေလမ်းကြောင်းနဲ့ကိုယ်ခံအားစနစ်အတွက် အထောက်အကူပြုစေပါတယ်။၄။ တခြားဗီတာမင်နဲ့သတ္ထုဓာတ်တွေလည်း ပါဝင်တာကြောင့် လိုအပ်တဲ့အာဟာရဓာတ်ပြည့်စုံပါတယ်။၅။ အလုပ်လုပ်နေရတဲ့ မိခင်တွေအတွက်လည်း အဆင်ပြေပါတယ်။ဒီတော့ ကိုယ့်ကလေးတွေနဲ့ ပတ်သက်လာရင် အရာရာကို အကောင်းဆုံး ဖြစ်အောင် ဖန်တီးပေးချင်တဲ့ မိဘတွေလည်း ဘယ်လိုနို့မှုန့် အမျိုးအစားကို ရွေးချယ်သင့်လဲ သိလောက်ပြီလို့ ထင်ပါတယ်နော်။ ဈေးကွက်ထဲမှာ တွေ့တဲ့ တံဆိပ်ဝယ်တာမျိုး မလုပ်ဘဲ ကိုယ့်ကလေးအတွက် အသင့်လျော်ဆုံးနဲ့ အာဟာရဓာတ် အပေးစွမ်းနိုင်ဆုံးဖြစ်မယ့် တံဆိပ်မျိုးတွေကိုပဲ အဓိက ဝယ်တိုက်ပါ။ အနည်းဆုံး ကလေး အသက် ၆လ မပြည့်မချင်း မိခင်နို့ တစ်မျိုးတည်းကိုသာ စွဲစွဲမြဲမြဲ တိုက်ပေးပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/all-u-need-toknow-about-infant-milk-formula/
စားပြီးလည်း ဆာနေသေးတာ ဘာကြောင့်များလဲ!
ဆာလောင်မှုက ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တစ်ခုပါ။ ခန္ဓာကိုယ်မှာ အာဟာရ ဖြည့်တင်းဖို့ လိုအပ်နေပြီဆိုတာကို အချက်ပြနေတာဆိုလည်း ဟုတ်ပါတယ်။ ဒီလို ဆာလောင်လာချိန်မှာ အစားစားလိုက်ရင် သက်သာသွားပါတယ်။ ဒါက လူတိုင်းလိုလို သိထားပြီးသား ဖြစ်စဉ် တစ်ခုပါ။ ဒါပေမယ့်စားပြီးလည်း ဆာနေသေးတာကိုတော့ ခံစားဖူးသူတွေ ရှိပေမယ့် အကြောင်းအရင်းခံကို သိသူကတော့ ရှားမယ် ထင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ စားပြီးလည်း ဆာနေသေးတာ ဘာကြောင့်များလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။စားပြီးတိုင်းလည်း ဆာနေရတဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ တစ်ခါတလေမှာ ဒီလိုဆာလောင်မှုက ကျန်းမာရေး ပြဿနာ တစ်ခုခုရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေကတော့။မနက်စာကို ပြည့်ပြည့်ဝဝ စားပေးတာကစိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်သလို ဆာလောင်မှုလည်း ကင်းစေနိုင်ပါတယ်။ မနက်စာကို ပြည့်ပြည့်ဝဝ စားပေးတာ တစ်နေ့တာလုံးမှာ သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဒီလို သွေးတွင်းသကြားဓာတ် ပုံမှန်အတိုင်း ရှိနေခြင်းက ဆာလောင်မှုကင်းဝေးစေနိုင်ပါတယ်။ မနက်စာ ပြည့်ဝခြင်းက အဝလွန်တာကိုလည်း ကာကွယ်ရာ ရောက်မှာပါ။ရေဓာတ်ခမ်းခြောက်နေတဲ့ အချို့သော လက္ခဏာတွေကလည်း ဆာလောင်မှုကို ဖြစ်စေနိုင်ပါတယ်။ ရေဆာတဲ့အခါ ဆာလောင်မှုနဲ့အတူ ခြေကုန်လက်ပမ်းကျတာ၊ ခေါင်းကိုက်တာ၊ အာရုံစူးစိုက်ဖို့ ခက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့်လည်း အစားစားပြီးချိန်မှာ ရေလုံလောက်အောင် သောက်ပေးဖို့ မမေ့ပါနဲ့။ရေဓာတ် မပြည့်ဝခြင်းက ဆာလောင်မှုကို ဖြစ်စေနိုင်ပါတယ်။ဆီသွတ်ဗူးတွေမှာ ပါဝင်နေတဲ့ ဓာတုပစ္စည်း တစ်မျိုးဖြစ်တဲ့  bisphenol A (BPA) က အစားအစာတွေထဲကို စိမ့်ဝင်သွားပြီး အဝလွန်တာနဲ့ ခဏခဏ ဆာလောင်တာ အပါအဝင် အခြားသောကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ BPA က leptin ဟော်မုန်းကို ကမောက်ကမဖြစ်စေပြီးဆာလောင်မှုကို ဖြစ်စေနိုင်ပါတယ်။ဆိုဒါမှာ fructose corn syrup မြင့်မားစွာ ပါဝင်နေတာကြောင့် ဦးနှောက်တွင်း သွေးစီးဆင်းမှုကို နှေးသွားစေပြီး ဆာလောင်မှုကို ထိန်းချုပ်တာ နှေးသွားစေပါတယ်။အစာအိမ်က ဦးနှောက်ဆီကိုဗိုက်ပြည့်ပြီဆိုတာကို အချက်ပြရပါတယ်။ ဒီလို အချက်ပြမှုကို ဦးနှောက်က လက်ခံ ရရှိစေဖို့အတွက် မိနစ် ၂၀ လောက် အချိန်ယူရပါတယ်။ အစာကို မြန်မြန် စားလိုက်ချိန်မှာ အချက်ပြမှု ရရှိဖို့ နှောင့်နှေးသွားပြီး အစားစားပြီးချိန်မှာတောင် ဆာလောင်မှုကို ခံစားရတာ၊ အစားတွေကို အလွန်အကျွံ စားမိတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။နေ့စဉ် စားသုံးမှုမှာအမျှင်ဓာတ်တွေပြည့်ပြည့်ဝဝ ပါဝင်အောင် မစားမိတာ ဖြစ်ဖြစ် အမျှင်ဓာတ်ကို လုံလောက်အောင် မစားမိရင် ဖြစ်ဖြစ် ဆာလောင်မှုကို ခံစားရနိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝအောင် စားသုံးတာက အဆာခံစေနိုင်ပြီး ကိုယ်အလေးချိန်ကိုရော သွေးတွင်းသကြားဓာတ်ကိုပါ ထိန်းညှိပေးနိုင်ပါတယ်။တစ်ခါတလေမှာ မဆာဘဲ စားလိုက်မိတာ၊ ပျင်းပျင်းနဲ့ စားလိုက်မိတာ၊ စိတ်ဖိစီးနေလို့ စားလိုက်မိတာတွေကြောင့်လည်း အစားစားပြီးချိန်မှာ ဗိုက်ဆာတာမျိုး ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးနေပြီဆိုရင်လည်း ဗိုက်ခဏခဏ ဆာနိုင်ပါတယ်။အချို့သော ကျန်းမာရေး ပြဿနာတွေက ပုံမှန် မဟုတ်တဲ့ ဆာလောင်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဆီးချို ရှိနေတာ၊ ကိုယ်ဝန်ဆောင်နေရတာ၊ သန်ကောင်ရှိနေတာ၊ သိုင်းရွိုက်ပြဿနာ နဲ့ အချို့သော ဆေးဝါးတွေကလည်း ဆာလောင်မှုကို ဖြစ်စေနိုင်ပါတယ်။အစားစားချိန်မှာ အစားအပေါ်ကို အာရုံမရောက်ဘဲ စားလိုက်မိတာကလည်း  စားပြီးချိန်မှာ ဗိုက်ဆာတာကို ခံစားရနိုင်ပါတယ်။စိတ်ဖိစီးနေတာကလည်း အစားစားပြီးချိန်မှာ ဗိုက်ဆာတာ၊ ခဏခဏ ဆာတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် လုပ်ကိုင်တာကလည်း ဇီဝကမ္မဖြစ်စဉ်တွေကို မြန်ဆန်စေပြီးခဏခဏ ဆာတာ၊အစားစားပြီးချိန်မှာလည်း ဗိုက်ဆာတာကို ဖြစ်စေနိုင်ပါတယ်။အိပ်ရေးဝတာက ဟော်မုန်းတွေကို ကောင်းကောင်း ထိန်းညှိပေးနိုင်ပါတယ်။ အိပ်ရေးပျက်လာချိန်မှာ ဟော်မုန်းတွေက ကမောက်ကမ ဖြစ်စေပြီး အစားစားပြီးချိန်မှာလည်း ဗိုက်ဆာတာကို ခံစားရနိုင်ပါတယ်။ဒါကတော့ ရှင်းပါတယ်။ လုံလောက်အောင် မစားဘူး။ ဗိုက်ပြည့်အောင် မစားဘူးဆိုရင် ပြန်ပြန်ဆာနေမှာပါ။# အမှာစကား။အစားစားပြီးချိန်မှာ ဗိုက်ဆာတာက များသောအားဖြင့် ကိုယ်စားတဲ့ပုံစံ၊ စားတဲ့အစာအစာတွေနဲ့ နေ့စဉ် နေထိုင်မှုပုံစံတွေကြောင့်ပါ။ ဒါကြောင့်အစားကိုလုံလောက် ပြည့်ဝအောင် စားကြည့်ဖို့နဲ့ တကယ်လို့ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့ ပြောပါရစေ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/hungry-after-eating/
Lung Disease (အဆုတ်ရောဂါ)
Lung Disease (အဆုတ်ရောဂါ) ကဘာလဲ။အဆုတ်ရောဂါသည် အသက်ရှုခြင်းကို လုပ်ဆောင်သော အင်္ဂါဖြစ်သည့် အဆုတ်ကို ထိခိုက်စေသော ရောဂါများကို ဆိုလိုသည်။ အဆုတ်ရောဂါကြောင့် ဖြစ်သော အသက်ရှူခက်ခဲခြင်းပြသနာများသည် ခန္ဓါကိုယ်ကို အောက်ဆီဂျင်လုံလောက်စွာမရခြင်းကို ဖြစ်စေသည်။ အဆုတ်ရောဂါများတွင် အောက်ပါတို့ပါဝင်သည်။-ရင်ကြပ်ရောဂါ၊ နာတာရှည် လေပြွန်ရောင်ခြင်း၊ အဆုတ်ထဲရှိ လေအိတ်ငယ်လေးများ ပျက်စီးခြင်း၊။-တုပ်ကွေး နှင့် နမိုးနီးယားကဲ့သို့သောရောဂါပိုးဝင်ခြင်း။-အဆုတ်ကင်ဆာ။-Sarcoidosis and pulmonary fibrosis။အဆုတ်သည် အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူသွင်းရှူထုတ်နိုင်ရန် တစ်နေ့လျင် အကြိမ်များစွာ ဆန့်လိုက်၊ လျော့လိုက်လုပ်ရသည့် အစိတ်အပိုင်းများစွာ ပါဝင်သော အဂါၤတစ်ခုဖြစ်သည်။အဆုတ်ရောဂါသည် အထက်ပါ အစိတ်အပိုင်းများထဲမှ တစ်ခုခု ပျက်စီးလျင် ဖြစ်နိုင်သည်။ အဆုတ်ရောဂါသည် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးသော ရောဂါများထဲမှ တစ်ခုဖြစ်သည်။အဆုတ်ရောဂါ သည် အလွန် အဖြစ်များပါသည်။ ၎င်းသည် အသက်အရွယ်မရွေးတွင်လည်း ဖြစ်နိုင်ပါသည်။ သို့သော် ဖြစ်နိုင်ချေကို များစေနိုင်သော အချက်များကို လျော့ချခြင်းဖြင့် ထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ရောဂါလက္ခဏာများသည် ဖြစ်နေသော အဆုတ်ရောဂါပေါ်မူတည်ပြီး ကွဲပြားနိုင်သည်။ အဖြစ်များသော လက္ခဏာများမှာ။ရင်ကြပ်ရောဂါ၏ လက္ခဏာများမှာ။-ချောင်းဆိုးခြင်း၊ အသက်ရှူသည့်အခါ တရွှီရွှီမြည်ခြင်း၊ ရင်ဘတ်ထဲတွင် တင်းကြပ်ခြင်း၊ အသက်ရှူရခက်ခြင်း။နာတာရှည် လေလမ်းကြောင်းပိတ်သော အဆုတ်ရောဂါ၏ လက္ခဏာများမှာ။-ချောင်းဆက်တိုက်ဆိုးပြီး အချွဲများစွာ ပါခြင်း။-လေ့ကျင့်ခန်းလုပ်သည့်အချိန်တွင် အထူးသဖြင့် အသက်ရှူရခက်ခြင်း။-အသက်ရှူသည့်အခါ တရွှီရွှီမြည်ခြင်း။-ရင်ဘတ်ထဲတွင် တင်းကြပ်ခြင်း။အဆုတ်ကင်ဆာ၏ ရောဂါလက္ခဏာများမှာ။-ချောင်းဆိုးခြင်းသည် သက်သာမသွားပဲ ပိုဆိုးလာခြင်း။-အသက်ရှူရခက်ခဲခြင်း။-ချောင်းဆိုးသည့်အခါ သွေးပါခြင်း။-ရင်ဘတ်အောင့်ခြင်း။-အသက်ရှူသည့်အခါ အသံမြည်ခြင်း။-နမိုးနီးယားရောဂါသည် သက်သာမသွားပဲ ပိုဆိုးလာခြင်း။-အစားစာချင်စိတ်ပျက်ခြင်း၊ အကြောင်းရင်းမရှိပဲ ကိုယ်အလေးချိန်ကျဆင်းခြင်း။အထက်တွင် ဖော်ပြမထားသော လက္ခဏာများလည်း ရှိနိုင်သည်။ သင့်တွင် စိတ်ပူပန်နေသည်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။သင့်တွင် အထက်တွင် ဖော်ပြထားသော လက္ခဏာများထဲမှ တစ်ခုခုရှိလျင် သို့မဟုတ် မေးမြန်းလိုသည်များရှိလျင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်သည် တုံ့ပြန်မှုမတူညီတတ်ပေ။ ထို့ကြောင့် သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။လူအချို့တွင် အဘယ်ကြောင့် ရင်ကြပ်ရောဂါဖြစ်ရသည်ကို သေချာစွာ မသိကြရပေ။ သို့သော် ၎င်းသည် ပတ်ဝန်ကျင်မှ အကြောင်းအချက်များနှင့် မျိုးရိုးဗီဇဆိုင်ရာ အချက်များ ပေါင်း၍ဖြစ်ပေါ်ခြင်း ဖြစ်နိုင်သည်။အဆုတ်ကို ထိခိုက်စေနိုင်သော အရာများကို ထိတွေ့သည့်အခါ ရင်ကြပ်ရောဂါကို ပိုဆိုးစေနိုင်သည်။ ရင်ကြပ်ရောဂါကို ပိုဆိုးစေသော အကြောင်းရင်းများတွင် လူတစ်ဦးနှင့် တစ်ဦးမတူညီကြပါ။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်နိုင်သည်။-လေထဲမှ ပြန့်နှံ့ပါလာသော ပန်းဝတ်မှုန်များ၊ ဖုန်များ၊ အမှိုက်စများ၊ ပိုးမွှားများ၊ မှိုများ၊ နှင့် အခြားသော အညစ်အကြေးများ။-အဆုတ်အအေးမိခြင်းကဲ့သို့သော ရောဂါပိုးများ။-လေ့ကျင့်ခန်းလုပ်ခြင်း။-လေအေးတိုက်ခြင်း။-မီးခိုးကဲ့သို့သော လေထဲမှ အညစ်အကြေးများ။-အချို့သော ဆေးဝါးများ (beta blockers, aspirin, ibuprofen နှင့် naproxen) စသော ဆေးဝါးများ။-စိတ်ဖိစီးမှုများခြင်း၊ စိတ်ခံစားမှုပြင်းထန်ခြင်း။-အစားအစာများတွင် ထည့်သွင်းထားသော တာရှည်ခံဆေးများ၊ ဥပမာ ပုစွန်ခြောက်၊ သစ်သီးခြောက်၊ အားလူးကြော်၊ ဘီယာနှင့် ဝိုင်။-အစာအိမ်ထဲမှ အက်ဆစ်ဓါတ်များ လည်ချောင်းထဲသို့ ပြန်တက်သော ရောဂါ Gastrooesophageal reflux disease (GERD)။နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်သည့် ရောဂါကို ဖြစ်စေသည့် အကြောင်းရင်းများ။-ဆေးလိပ်သောက်ခြင်းနှင့် အခြားသော ထိခိုက်စေသော အရာများ။ ။အဆုတ်ကို ထိခိုက်စေပြီး နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်သည့် ရောဂါကို ဖြစ်စေသော အကြောင်းရင်းမှာ ဆေးလိပ်ကို နှစ်ပေါင်းများစွာသောက်ခြင်းကြောင့် ဖြစ်သည်။ သို့သော် အခြားသော မျိုးရိုးဗီဇကဲ့သို့သော အကြောင်းရင်းများလည်း ရှိပါသေးသည်။ အခြားသော အဆုတ်ကို ထိခိုက်စေနိုင်သော အရာများမှာ ဆေးရွက်ကြီးသောက်ခြင်း၊ ဆေးလိပ်ငွေ့ကို တပါးသူထံမှ ရှူရှိုက်ရခြင်း၊ ပြောင်းနှင့် ဆေးရှူခြင်း၊ လေထုညစ်ညမ်းခြင်း၊ နှင့် အလုပ်မှရသော ဖုန်၊ မီးခိုးငွေ့နှင့် အခြားသော ဓါတ်ငွေ့များ ပါဝင်သည်။-Alpha 1 antitrypsin မရှိခြင်း။ ။အသက်ရှူလမ်းကြောင်းပိတ်သော လူများထဲမှ တစ်ရာခိုင်နှုန်းသည် မျိုးရိုးလိုက်သော ရောဂါဖြစ်သော အဆုတ်ကို ကာကွယ်သည့် alpha 1 antitrypsin ပရိုတင်းချို့တဲ့ကြသည်။ အဆုတ်ကို ထိခိုက်ခြင်းသည် ဆေးလိပ်သောက်သော လူကြီးများတွင် သာမကပဲ မွေးကင်းစကလေးများနှင့် ကလေးကြီးများတွင်လည်း ဖြစ်နိုင်သည်။ Alpha 1 antitrypsin ချို့တဲ့သော ရောဂါရှိသော လူများတွင် ကုသမှုသည် အခြားသောလူများနှင့် တူတူပင်ဖြစ်သ်ည။ ထို့အပြင် ချို့တဲ့နေသော ပရိုတင်းကို အစားထိုးပေးခြင်းဖြင့်လည်း ကုသနိုင်သည်။အဆုတ်ကင်ဆာ ဖြစ်ရသော အကြောင်းရင်းများ။ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာဖြစ်ရသော အဓိက အကြောင်းရင်းဖြစ်သည်။ ဆေးလိပ်သောက်သောသူနှင့် ကိုယ်တိုင်မသောက်သော်လည်း တခြားသူထံမှ ဆေးလိပ်ငွေ့ကို ရှူရသောသူ နှစ်မျိုးလုံးဖြစ်နိုင်သည်။ သို့သော် အဆုတ်ကင်ဆာသည် ဆေးလိပ်လုံးဝမသောက်သော သူများနှင့် ဆေးလိပ်ငွေ့ကို လုံးဝမရှူဖူးသောလူများတွင်လည်း ဖြစ်နိုင်သည်။ အချို့သောလူနာများတွင် အကြောင်းရင်းကို သေချာစွာ မသိရပေ။ရင်ကြပ်ရောဂါကို ပိုဖြစ်နိုင်စေသော အကြောင်းရင်းများတွင် အောက်ပါတို့ပါဝင်သည်။-သွေးသားတော်စပ်သော သူများတွင် ရင်ကြပ်ရောဂါရှိခြင်း။-အခြားသော ဓါတ်မတည့်သည့် အခြေအနေများရှိခြင်း၊ ဥပမာ atopic dermatitis or allergic rhinitis (hay fever)။-ကိုယ်အလေးချိန်များခြင်း။-ဆေးလိပ်သောက်ခြင်း။-သူတပါးထံမှ ဆေးလိပ်ငွေ့ကို ရှူရှိုက်ရခြင်း၊။–အခြားသော ဓါတ်ငွေ့များနှင့် လေထုညစ်ညမ်းမှုများ ရှိခြင်း။-အလုပ်မှ ဓါတုဓါတ်ငွေ့များ၊ ပိုးသတ်ဆေးများ၊ ဆံပင်ဖြန်းဆေးများ၊ နှင့် ထုတ်ကုန်များမှ အငွေ့များ ရှူရှိုကိရခြင်း။-ဆေးလိပ်ငွေ့ကို ရှူရှိုက်ရခြင်း။ ။အဖြစ်အများဆုံး အကြောင်းရင်းဖြစ်သည်။ ဆေးလိပ်သောက်သည့် အချိန်ကြာလာလေလေ၊ ဖြစ်နိုင်ချေ များလေလေဖြစ်သည်။ မည်သည့်နည်းဖြင့် သောက်ခြင်းဖြစ်စေ ဆေးလိပ်ငွေ့သည် ဖြစ်နိုင်ချေကို များစေသည်။-ဆေးလိပ်သောက်ပြီး ရင်ကြပ်ရောဂါရှိသူ။ ရင်ကြပ်ရောဂါ ရှိခြင်း၊ အသက်ရှူလမ်းကြောင်းရောင်ရမ်းခြင်းနှင့် ဆေးလိပ်သောက်ခြင်းများ စုပေါင်းလျင် အသက်ရှူလမ်းကြောင်းပိတ်သည့် ရောဂါကို ပို၍ဖြစ်နိုင်ချေများစေသည်။-အလုပ်မှ ဖုန်နှင့် ဓါတုပစ္စည်းများနှင့် ထိတွေ့ရခြင်း။–အသက်အရွယ်။ ။နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်သည့်ရောဂါသည် တဖြည်းဖြည်းနှင့် ဖြစ်ပွားသည်။ အချို့သော လူများတွင် ရောဂါလက္ခဏာစတင်ပြချိန်သည် အသက် ၄၀ ခန့်လောက်တွင်ဖြစ်သည်။-မျိုးရိုးဗီဇ။ ။မျိုးရိုးဗီဇကြောင့် ဖြစ်သော အဆုတ်ကို ကာကွယ်သည့် ပရိုတင်းတစ်မျိုးဖြစ်သော Alpha 1 antitrypsin ချို့တဲ့ခြင်းသည် လည်း အဆုတ်ရောဂါ၏ ဖြစ်ပွားစေသော အကြောင်းရင်းတစ်မျိုးဖြစ်သည်။ အခြားသော မျိုးရိုးလိုက်သော ရောဂါများလည်း ရှိသေးသည်။အဆုတ်ကင်ဆာကို ဖြစ်စေသော အကြောင်းရင်းများသည် အောက်ပါအတိုင်းဖြစ်သည်။-ဆေးလိပ်သောက်ခြင်း။-အခြားသူထံမှ ဆေးလိပ်ငွေ့ကို ရှူရှိုက်ရခြင်း။-Radon ဓါတ်ငွေ့ရှူရှိုက်မိခြင်း၊Radon ဓါတ်ငွေ့သည် မြေကြီး၊ ကျောက်ဆောင်နှင့် ရေထဲမှ ယူရေနီယမ်များပြိုကွဲသည့် အခါ၊ ထွက်လာပြီး သင်အသက်ရှူသည့်အခါ ပါသွားတတ်သည်။ Radon ကို စစ်ဆေးသော ကိရိယာကို အိမ်ဆောက်ပစ္စည်းဆိုင်များတွင် ဝယ်ရနိုင်သည်။ တိုင်းတာကြည့်ပြီး ပမာဏများနေလျင် ကုသမှု ပြုလုပ်နိုင်သည်။-ကင်ဆာကို ဖြစ်စေသော ဓါတ်များနှင့် ထိတွေ့ခြင်း (asbestos and other carcinogens, arsenic, chromium and nickel)။-အဆုတ်ကင်ဆာ မျိုရိုးရှိခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။ရင်ကြပ်ရောဂါကို သိရှိနိုင်ရန်အတွက် ဆရာဝန်သည် သင့်ကို ရောဂါလက္ခဏာများနှင့် သင်၏ ကျန်းမာရေးရာဇဝင်ကို။မေးမြန်းပြီး ကိုယ်ကာယစစ်ဆေးခြင်း ပြုလုပ်ပါလိမ့်မည်။ ရောဂါကိုသိရှိနိုင်ရန် ဆရာဝန်မှ အောက်ပါစစ်ဆေးချက်များကို ပြုလုပ်ပါလိမ့်မည်။-Spirometry။ ။ဆရာဝန်သည် Spirometer ဟုခေါ်သော ဆေးဘက်ဆိုင်ရာစက်တစ်မျိုးကို အသုံးပြုပြီး သင် မည်မျှ လေကိုရှူသွင်း ရှူထုတ်နိုင်သည်ကို တိုင်းတာနိုင်သည်။ ဆရာဝန်မှဆေးပေးပြီးနောက် သင့်ရလဒ်များ တိုးတက်လာသည်ကိုသိနိုင်ရန် ထပ်မံစစ်ဆေးနိုင်ပါသည်။-Bronchoprovocation။ ။အဆုတ်၏လုပ်ဆောင်ချက်ကို စစ်ဆေးရန် Spirometry ကို အသုံးပြုပြီး အဆုတ်ကို ဖိအားပေး၍တိုင်းတာသည်။ ၎င်းသည် လေ့ကျင့်ခန်းပြုလုပ်နေစဉ် သို့မဟုတ် လေအများကြီး ရှူသွင်းပြီးသည့်နောက်တွင် တိုင်းတာနိုင်သည်။-Chest Xray သို့မဟုတ် EKG (electrocardiogram)။ ။ထိုစစ်ဆေးချက်များသည် အခြားသော ရောဂါ သို့မဟုတ် အရာဝတ္ထု တစ်ခုခု ကြောင့် လက္ခဏာများပေါ်နိုင်သည့်အတွက် စစ်ဆေးကြည့်ရန်ဖြစ်သည်။–အခြားသော စစ်ဆေးမှုများ။ ။ဆရာဝန်မှ အခြားသော အကြောင်းရင်းများသည်လည်း ဤရောဂါ လက္ခဏာများကို ဖြစ်စေနိုင်သည့်အတွက် အခြားသောစစ်ဆေးချက်များကို ပြုလုပ်လိုခြင်းဖြစ်နိုင်သည်။ ထိုစစ်ဆေးမှုများတွင် အစာအိမ်မှ အက်ဆစ်ဓါတ်များ အပေါ်သို့ပြန်တက်ခြင်း၊ အသံကြိုးပြသနာများနှင့် အိပ်သညိအခါ အသက်ရှူမဝခြင်းတို့ကိုစစ်ဆေးခြင်းဖြစ်သည်။သင့်ဆရာဝန်မှ ဤရောဂါရှိကြောင်း သိရှိရန် အောက်ပါတို့ကို စစ်ဆေးနိုင်သည်။-ရောဂါလက္ခဏာများကို မေးမြန်းခြင်း။-ကျန်းမာရေးရာဇဝင်၊ မိသားစုရာဇဝင် ကို မေးမြန်းခြင်း။-ရောဂါကို ဖြစ်စေသော အခြားသောအကြောင်းရင်းများကို မေးမြန်းခြင်း၊ (ဆေးလိပ်သောက်ခြင်း၊ လေထုညစ်ညမ်းခြင်း နှင့် အခြားသောဓါတုပစ္စည်းများနှင့် ထိတွေ့ခြင်း၊ စသည်ဖြင့်)။-ကိုယ်ကာယစစ်ဆေးမှုပြုလုပ်သည့်အခါ နားကြပ်ဖြင့် အသက်ရှူသည့်အခါ ကြားရသည့် ပုံမှန်မဟုတ်သော အသံများကို နားထောင်ခြင်း။အဓိက စစ်ဆေးသည်မှာ Spirometry ဖြစ်သည်။ ၎င်းကို ပြုလုပ်ရန်အတွက် အသက်ကိုပြင်းပြင်းရှူရန်လိုအပ်ပြီး Spirometer နှင့် ဆက်ထားသောပြွန်တစ်ခုထဲသို့မှုတ်ထုတ်ရမည်။ဤစစ်ဆေးမှု ဖြင့် သင်မည်မျှ လေရှူသွင်း၊ ရှူထုတ်နိုင်သည်ကိုတိုင်းတာနိုင်သည်။ အခြားသော စစ်ဆေးချက်များတွင် အောက်ပါတို့ပါဝင်သည်။-Chest Xray or chest computed tomography (CT scan)။ ရင်ခေါင်းဓါတ်မှန် သို့မဟုတ် ကွန်ပြူတာဓါတ်မှန်ရိုက်ကူးခြင်း။ ထိုသို့ စစ်ဆေးခြင်းဖြင့် နှလုံးနှင့် အဆုတ်ကို ဓါတ်ပုံဖြင့်တွေ့ရနိုင်သည်။ ထိုပုံရိပ်များသည် အသက်ရှူလမ်းကြောင်း ပိတ်သည့်ရောဂါ၏ လက္ခဏာများကို ပြနိုင်သည်။ အခြားသောအခြေအနေများဖြစ်သည့် နှလုံးရောဂါကိုလည်း ပြနိုင်သည်။-သွေးကြောထဲမှ ဓတ်ငွေ့ပါဝင်မှုကို စစ်ဆေးခြင်း။ ။ သွေးစစ်ဆေးခြင်းဖြင့် အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို တိုင်းတာနိုင်သည်။ ၎င်းသည် အသက်ရှူလမ်းကြောင်းပိတ်သည့်ရောဂါ၏ ပြင်းထန်မှုကိုသိရှိနိုင်ပြီး၊ အောက်ဆီဂျင်လိုအပ်နေသည်ကိုလည်း သိရှိနိုင်သည်။အဆုတ်ကင်ဆာရောဂါကို စမ်းသပ်စစ်ဆေးရန် အောက်ပါစစ်ဆေးချက်များကို အသုံးပြုရသည်။-Chest Xray။ ။ ရင်ဘတ်ဓါတ်မှန်ဖြင့် အဆုတ်တွင် ပုံမှန်မဟုတ်သော ကြီးထွားမှုများကိုသိနိုင်သည်။Computerized tomography scans။ ။ ကွန်ပြူတာဓါတ်မှန်သည်ပို၍အသုံးတည့်ပြီးကင်ဆာကို အခြားသို့မပျံနှံ့မီ စစ်ဆေးတွေ့ရှိနိုင်သည်။-ချောင်းဆိုးသည့်အခါပါလာသော အချွဲများတွင်ကင်ဆာဆဲလ်များ ရှိမရှိစစ်ဆေးနိုင်သည်။-ပါးစပ်နှင့်နှာခေါင်းမှ တဆင့် အဆုတ်ထဲသို့ မှန်ပြောင်းထည့်ပြီးကြည့်နိုင်သည်။ အသားစ စစ်ဆေးရန် အတွက်လည်း ယူနိုင်သည်။-အပ်ဖြင့် အဆုတ်ထဲသို့ ထိုးသွင်းပြီးအသားစ သို့မဟုတအရည်ကို နမူနာအဖြစ်ယူနိုင်သည်။-ရင်ဘတ်မှခွဲစိတ်ပြီးလည်း အဆုတ်မှအသားစကို ယူနိုင်သည်။ရင်ကြပ်ရောဂါသည်နာတာရှည်ရောဂါဖြစ်ပြီး၊ ဆေးသောက်ခြင်းဖြင့် သက်သာနိုင်သော်လည်း ကုသပျောက်ကင်းရန် မဖြစ်နိုင်ပေ။ ရောဂါလက္ခဏာသက်သာစေရန် ဆရာဝန်ညွှန်ကြားသည့်အတိုင်းလိုက်နာပြီး ပြုလုပ်နိုင်သည်။ သက်သာစေသောဆေးများသုံးပြီး၊ ရင်ကြပ်ရောကို ပိုဆိုးစေမည့် အရာများကို မပြုလုပ်သင့်ပါ။-ရင်ကြပ်ရောဂါအတွက် အောက်ပါတို့ကို လုပ်ဆောင်နိုင်သည်။-သင်သောက်သည့် ဆေးကို သိထားသင့်သည်။-ဆေးကို မည်သည့်အချိန်သောက်မည်ကို သိထားသင့်သည်။ ရင်ကြပ်ရောဂါသည် မည်သည့် အချိန်တင် သတိထားစောင့်ကြည့်ရမည်ကိုလည်းသိထားသင့်သည်။-ပိုဆိုးစေမည့် အချက်များကိုရှောင်ကြဉ်ရမည်။-ဆရာဝန်ကို မည်သည့်အချိန်တွင်ခေါ်ရမည်၊။မည်သည့် အချိန်တွင်ု အရေးပေါ်အခန်းသို့သွားသင့်သည်။ ဆိုသည်များကို သိရှိထားရမည်။၏။ရင်ကြပ်ရောဂါ၏ဆေးများသည် အသက်ရှူလမ်းကြောင်းများကိုဖွင့်ပေးခြင်းဖြင့် ရင်ကြပ်ရောဂါကိုပျောက်အော် လုပ်သည်။ရေတာရှည်ဖြစ်သောလူနာများတွင်ဆေးကို နေ့စဉ်သောက်ရသည်။ ၎င်းသည် ရောဂါလက္ခဏာများဖြစ်ပေါ်မှုကိုလည်းတားသည်။ လက္ခဏာများသည် ဖြစ်လျှင် ရုတ်တရက်မြန်ဆန်စွာမသက်သာနိုင်ပေး။ အသုံးပြုသောဆေးများတွင် အောက်ပါတို့ ပါဝင်သည်။-Corticosteroid ရှူဆေးသည် နာတာရှည် လူနာများအတွက်ဖြစ်သည်။ လေလမ်းကြောင်းရောင်ရမ်းမှုကို သက်သာစေသည်။-Long acting beta 2agonists သည်လည်း corticosteroid နှင့်တွဲပြီးပေးသောရှူဆေးဖြစ်သည်။-Leukotriene modifiers သည် အသက်ရှူလမ်းကြောင်းတွင် ရောင်ရမ်းမှုကို သက်သာစေသော သောက်ဆေးဖြစ်သည်။-Cromolyn and nedocromil သည် ရင်ကြပ်ရောဂါကို ပိုဆိုးစေသော အရာများကို တုံ့ပြန်မှုကို လှံု့ဆော်သည်။-Theophylline သည် အသက်ရှူလမ်းကြောင်းကို ပွင့်စေသော ဆေးတစ်မျိုးဖြစ်သည်။လျင်မြန်စွာ သက်သာစေသော ဆေးများကို လိုအပ်သောအခါမှသာ အသုံပြုသည်။ ၎င်းတို့တွင် short acting beta2 agonists and short acting bronchodilators များပါဝင်သည်။ လျင်မြန်စွာသက်သာစေသော ဆေးများသည် မိနစ်ပိုင်းနှင့်ပင် လက္ခဏာများကို သက်သာစေနိုင်သည်။၎င်းတို့သည် အသက်ရှူလမ်းကြောင်း တဝိုက်ရှိ ကြွက်သားများကို ပြေလျော့စေခြင်းဖြင့် သက်သာစေသည်။ ၎င်းတို့ကို ရင်ကြပ်ရောဂါလက္ခဏာများ ဆိုးလာသည့်အခါ တားဆီးနိုင်ရန် အသုံးပြုသည်။ရင်ကြပ်ရောဂါကို ပိုဆိုးစေသောအရာများကို ရှောင်ပါ။ ဓါတ်မတည့်သည့်အရာများကို ရှောင်ပါ။ သင့်ဆရာဝန်ကို ဓါတ်မတည့်သ့် ဆေးများရှိလျင် ပြောပြထားပါ။အဆုတ်ကိုပျက်စီးစေပြီးလျှင် ပြန်ပြင်၍မရနိုင်ပေ။ အန္တရာယ်ဖြစ်စေသော အကြောင်းအချက်များကို ရှောင်ခြင်းအားဖြင့် ရောဂါတိုးတက်မှုကို နှေးကွေးစေနိုင်သည်။ ဆေးလိပ်သောက်သူများအနေဖြင့် ဆေးလိပ်ဖြတ်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ဆေးလိပ်ငွေ့၊ ဖုန်ငွေ့၊ မီးခိုးငွေ့ နှင့် အခြားသော အိမ်နှင့် အလုပ်တွင် ထိတွေ့စေနိုင်သော မတည့်သည့် အနံ့များကို ရှောင်ပါ။ အပြင်ဘက်တွင် တွေ့ကြုံနိုင်သော လေထုညစ်ညမ်းခြင်းများကိုလည်း ရှောင်ပါ။ ဆေးကုသခြင်းဖြင့် လက္ခဏာများကို သက်သာစေနိုင်သည်။ အသုံးများသော ဆေးဝါးများမှာ။-အသက်ရှူလမ်းကြောင်းကို ပွင့်စေသော ဆေးများ။-အဆုတ်ရောင်ရမ်းခြင်းကို သက်သာစေသော ရှူဆေးများ။-အဆုတ်တွင် ရောဂါပိုးဝင်ခြင်းကို သက်သာစေရန်သုံးသော ပိုးသတ်ဆေးများ။နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်သည့် လူနာများကို အောက်ပါဆေးများပေးနိုင်သည်။-တုပ်ကွေးရောဂါ ကာကွယ်ဆေး။-နမိုးနီးယားကာကွယ်ဆေး။-အဆုတ်ပြန်လည်ကျန်းမာလာစေသော ကုသနည်းများ။ ။ နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်သည့် ရောဂါရှိသူများသည် ကိုယ်ကာယအပြင် စိတ်ပိုင်းဆိုင်ရာလည်း ကုသရန်လိုအပ်သည်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ ရောဂါကို သက်သာအောင် ပြုလုပ်သော လေ့ကျင့်ခန်းများ၊ အာဟာရ အကြံဉာဏ်များ၊ နှင့် နှစ်သိမ့်ဆွေးနွေးခြင်းများကို ပြုလုပ်ပေးနိုင်သည်။-အောက်ဆီဂျင်ပေးခြင်း၊ လူနာကို ပိုက် သို့မဟုတ်၊ မျက်နှာအုပ်သည့် ကိရိယာဖြင့် အောက်ဆီဂျင်ပေးနိုင်သည်။-ခွဲစိတ်ကုသခြင်း။ ။တခါတရံတွင် ခွဲစိတ်ခြင်းအားဖြင့် လူနာကို သက်သာစေနိုင်သည်။ အဆုတ်ကို အစားထိုးကုသခြင်းလည်း ပြုလုပ်နိုင်သည်။တခါတရံတွင် အဆုတ်ကင်ဆာကုသမှုများသည် အဆုတ်ကင်ဆာကို ပျောက်ကင်းအောင် ကုသနိုင်သည်။ အခြားသော အချိန်တွင် ကုသမှုများသည် ကင်ဆာရောဂါကို ထပ်၍မပျံ့နှံ့ စေရန်နှင့် ရောဂါလက္ခဏာများ သက်သာစေရန်ဖြစ်သည်။သင့်အတွက် ကုသမှုသည် အောက်ပါတို့ပေါ်တွင် မူတည်သည်။-အဆုတ်ကင်ဆာ အမျိုးအစား။-ကင်ဆာသည် ဘယ်နေရာတွင်ဖြစ်ပြီး အခြားခန္ဓါကိုယ် အစိတ်အပိုင်းများသို့ ပျံ့နှံ့နေသည့်အခြေအနေ။-သင့်အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေ။သင့်ဆရာဝန်သည် ကုသမှုကိ ုတစ်မျိုးတည်းဖြစ်စေ၊ ကုသမှုများပေါင်း၍ ဖြစ်စေ ပေးနိုင်သည်။-ခွဲစိတ်ကုသခြင်းသည် အဆုတ်၏ ကင်ဆာရှိသော အစိတ်အပိုင်းကို ဖယ်ထုတ်ပစ်ရန်ဖြစ်သည်။ အဆုတ်၏ တစိတ်တပိုင်းဖြစ်စေ၊ အားလုံးကို ဖြစ်စေထုတ်ပစ်ရန်လိုအပ်သည်။-ဓါတ်ရောင်ခြည်ဖြင့် ကုသမှုသည် ကင်ဆာအဖုအကျိတ်ကို ဓါတ်ရောင်ခြည်ထိတွေ့စေပြီး ကင်ဆာဆဲလ်များသေစေရန်ဖြစ်သည်။ နာကျင်မှုကို သက်သာစေပြီး လူနာကိုလည်း ခံစာရခြင်းများ သက်သာစေသည်။-ဓါတုဆေးဝါးများပေး၍ ကုသခြင်းသည် ကင်ဆာဆဲလ်များကို သတ်နိုင်သည်။ ဆေးများသည် သွေးကြောထဲမှ ထိုးသွင်းခြင်းဖြင့် လည်းကောင်း၊ ဆေးလုံးအနေဖြင့် လည်းကောင်းရှိနိုင်သည်။အောက်ပါတို့သည် အဆုတ်ကင်ဆာရောဂါကို သက်သာစေနိုင်မည့် နည်းလမ်းများနှင့် အိမ်တွင်းကုထုံးများဖြစ်ကြပါသည်။-ဆေးလိပ်သောက်ခြင်းကို ဖြတ်ပါ။ ဆေးလိပ်ဖြတ်ရန်နည်းလမ်းများကို သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။-အခြားသူထံမှ ဆေးလိပ်ငွေ့မရစေရန် ဂရုစိုက်ပါ။-အိမ်နှင့် အလုပ်ပတ်ဝန်းကျင်တွင် radon gas ပါဝင်မှုကို စစ်ဆေးပါ။-Asbestos နှင့် ထိတွေ့ခြင်းသည် အဆုတ်ရောဂါကို ပြင်းထန်စေသည့်အတွက် ရှောင်ပါ။ အလုပ်တွင် ထိတွေ့မှုရှိသော လူများသည် လုံခြုံရေးအတွက် မည်သို့လုပ်ရမည်ကို သင်တန်းများရရှိထားသင့်ပြီး၊ ပုံမှန်စစ်ဆေးမှုများလုပ်သင့်သည်။-ဖုန်၊ နှင့် အခြားသော ဓါတုဓါတ်ငွေ့များနှင့် ထိတွေ့မှုကို ရှောင်ကြဉ်ပါ။ မရှောင်နိုင်လျင် ကာကွယ်ရေးပစ္စည်းများကို ဝတ်ဆင်ပါ။-ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရကို စားသောက်ပါ။-အသက်ရှူသည့် လေဖိအားတိုင်းတာခြင်းကို စစ်ဆေးရန် လိုမလို သင့်ဆရာဝန်ကို မေးမြန်းပါ။-တုပ်ကွေးနှင့်နမိုးနီးယားရောဂါများကို ကာကွယ်ရန် ကာကွယ်ဆေးထိုးပါ။-ချောင်းဆိုးကြာရှည်နေလျင်၊ အသက်ရှူရခက်နေလျင်၊ ရင်ဘတ်အောင့်လျင် သင့်ဆရာဝန်နှင့် ပြသဆွေးနွေးပါ။မေးမြန်းလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/lung-disease-%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
လေလည်ရင် အနံ့နံတာ ဘာကြောင့်လဲ
လေလည်တဲ့ပုံစံတွေက တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ တချို့က မသိမသာ မှင်သေသေနဲ့ အသံတိတ် လည်ကြသလို တချို့ကျတော့လည်း ပွင့်ပွင့်လင်းလင်း ဖွင့်ထုတ်ချလိုက်တာတွေ ရှိပါတယ်။ ဘာအနံ့မှ မထွက်ဘဲ တိတ်တခိုးလေး လည်ကြသလို အသံမကြားရဘဲ အနံ့သက်သက်ပေးတဲ့ လေလည်ခြင်းတွေလည်း ရှိပါတယ်။  လေလည်တဲ့အခါ ကသိကအောက်ဖြစ်ကြတာ၊ သူများကို အားနာရတာ အသံကြောင့်ဆိုတာထက် ထွက်လာတဲ့အနံ့ကြောင့်ပါ။ သူများနဲ့ မတူဘဲ ကိုယ် လေလည်ရင် အနံ့နံတာ ဘာကြောင့်များပါလိမ့်။အစာအိမ်နဲ့ အူလမ်းကြောင်းက ပိုက်လိုင်းကြီးလို ဖြစ်နေတာဆိုတော့ နဂိုတည်းက လေရှိပြီးသားပါ။ အဲ့တာကိုမှ အပြင်ကနေ လေတွေမျိုချမိတာ၊ အစားအသောက်တွေကြောင့် အချဉ်ပေါက်ပြီး ဂတ်စ်တွေ ထွက်လာတာတွေ ရှိပါတယ်။ဒီလိုမျိုး အူလမ်းကြောင်းထဲမှာ လေတွေများလာရင် ပိုလျှံနေတဲ့လေတွေကို အပေါ်ကနေ လေတက်ပြီးဖြစ်ဖြစ်၊ အောက်ကနေ လေလည်ပြီး ဖြစ်ဖြစ် စွန့်ထုတ်ရပါတယ်။ ဒါမှ လေပွတာ၊ ရင်ခေါင်းတောင့်တာတွေ မဖြစ်မှာပေါ့။လူတွေက တစ်ရက်ကို စအိုကနေ သိသိ မသိသိအကြိမ် ၂၀လောက် လေလည်တယ်လို့ ဆိုပါတယ်။ လေလည်တာက ကျန်းမာရေးဖြစ်စဉ်တစ်ခုဖြစ်လို့ အောင့်ထားစရာတော့ မလိုပါဘူး။လေလည်တဲ့အခါ သူများနဲ့ မတူဘဲ အနံ့နံရတာက ကိုယ်စားတဲ့ အစားအစာတွေကြောင့် ဖြစ်နိုင်သလို ကျန်းမာရေးအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။အစားအစာတွေထဲမှာ အနံ့ပြင်းတဲ့ လေလည်ခြင်းကို ဖြစ်စေတာတွေကတော့။ပဲစားပြီးရင်  လေလည်တာ သိကြမှာပါနော်။ ဘာကြောင့်လဲဆိုတော့ တချို့သောပဲအမျိုးအစားတွေမှာ ချေဖျက်ရခက်တဲ့ ကာဘိုဟိုက်ဒရိတ်နဲ့ သကြားဓာတ်တွေပါနေလို့ပါ။ ဒါတွေ အချဉ်ပေါက်ရာကနေ အူလမ်းကြောင်းထဲမှာ လေတွေ များလာပြီး လေလည်တဲ့အခါ ကျယ်လည်းကျယ်၊ နံလည်းနံတာပါ။ဆာလဖာပါတဲ့ အစားအစာတွေ စားပြီး လေလည်တဲ့အခါ ကြက်ဥပုပ်လို အနံ့မျိုး ထွက်တတ်ပါတယ်။ ဆာလဖာပါတဲ့ အစားအစာတွေကတော့။-ပန်းပွင့်စိမ်း။-‌ပန်းဂေါ်ဖီ။-ဂေါ်ဖီထုပ်။-ဥအမျိုးမျိုး။-ကြက်သွန်ဖြူ၊ နီ။-အစေ့အဆန်။-အသား။-အရက်၊ ဘီယာ၊ ဝိုင် စတာတွေပဲ ဖြစ်ပါတယ်။ဒါတွေကို အလွန်အကျွံစားရင် ဆာလဖာတွေကြောင့် လေလည်ရင် အနံ့နံမှာ ဖြစ်ပါတယ်။နောက်ပြီး အားကစားသမားတွေ သောက်တဲ့ပရိုတင်းအမှုန့်တွေ (အထူးသဖြင့် Whey powder)တွေမှာလည်း cysteineပါတဲ့အတွက် လေလည်ရင် အနံ့နံတာ ဖြစ်တတ်ပါတယ်။နို့မှာပါတဲ့လက်တို့စ်ကို မချေဖျက်နိုင်ဘူးဆိုရင်လည်း အူလမ်းကြောင်းကို ဝန်ပိပြီး အနံ့ပြင်းတဲ့ လေလည်တာမျိုး ဖြစ်တတ်ပါတယ်။ဂတ်စ်ပါတဲ့ အချိုရည်သောက်ရင် အူထဲမှာ ဂတ်စ်တွေများလာမှာ အသိသာကြီးပါ။ သကြားဓာတ်တွေလည်း များတာကြောင့် အူလမ်းကြောင်းက ကုန်အောင် မစုပ်ယူနိုင်ဘဲ ကျန်နေတဲ့အခါ ချဉ်စူးစူးအနံ့ထွက်တတ်ပါတယ်။ကျန်းမာရေးအခြေအနေဘက်က ပြောရမယ်ဆိုရင်တော့။လူတိုင်းရဲ့ အူလမ်းကြောင်းမှာ ဘက်တီးရီးယားတွေ ရှိပြီး တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ်ကွာခြားနိုင်ပါတယ်။ တချို့သူတွေမှာ သဘာဝအရကိုက သူတို့ရဲ့ ဘက်တီးရီးယားတွေက အနံ့ပြင်းတဲ့ ဂတ်စ်တွေ ထုတ်လို့ နံတာပါ။အထူးသဖြင့်ပိုးသတ်ဆေးတွေ သောက်တဲ့အခါ အူလမ်းကြောင်းက ဘက်တီးရီးယားတွေ မျှခြေပျက်သွားပြီး မကောင်းတဲ့ ဘက်တီးရီးယားတွေ များလာတာကြောင့် လေလည်ရင် အနံ့နံတာ ဖြစ်တတ်ပါတယ်။ဒါကတော့ သိသာပါတယ်။ သိမ်းထားတာကြာလာရင် ဝမ်းလည်းနံ၊ လေလည်ရင်လည်း နံမှာပါ။ရာသီလာခါနီးရင် ဟော်မုန်းအပြောင်းအလဲကြောင့် ပုံမှန်ထက် လေပိုပွပါတယ်။ ဘက်တီးရီးယားအပြောင်းအလဲတွေလည်း ဖြစ်တာကြောင့် လေလည်ရင်လည်း အနံ့ပိုပြင်းတတ်ပါတယ်။လေလည်ရင် အနံ့နံတာက များသောအားဖြင့် စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမဲ့။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/causes-of-farts-smell/
အမျိုးအစား- ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချဖို့ ပြောင်းလဲသင့်တဲ့ ဘဝနေထိုင်မှုပုံစံ
အမျိူးအစား-၂ ဆီးချိုကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံ၊ သင့်တင့်တဲ့ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဆောင်မှုတွေ လုပ်ဆောင်ပြီး ထိန်းသိမ်းလို့ ရပါတယ်။သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးတာက ဆီးချိုကို ကာကွယ်ရာ ရောက်သလို ဆီးချိုကြောင့်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်ကြတဲ့ ကျောက်ကပ် ပျက်စီးတာနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ရာရောက်ပါတယ်။ ဒီတော့ အမျိုးအစား- ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချဖို့ ပြောင်းလဲသင့်တဲ့ ဘဝနေထိုင်မှုပုံစံ ကို လေ့လာကြည့်ရအောင်လား။ဆီးချို ရောဂါ ခံစားနေရသူတွေမှာရော ဆီးချိုရောဂါ မရှိသူတွေမှာပါ  သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့က အတော်လေး အရေးကြီးပါတယ်။ သွေးတွင်းသကြားဓာတ် မြင့်တက်တာက ဆီးချို အပြင်အဝလွန်တာ၊နှလုံးရောဂါတို့လိုမျိုး ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ဆီးချိုဖြစ်တဲ့အခါမှာ ကုသတာအပြင် ဆီးချိုကြောင့် နောက်ဆက်တွဲ ထိခိုက်မှု နည်းစေဖို့ဆိုရင် ကိုယ်တိုင် သေချာလေး ဂရုစိုက် နေထိုင်ဖို့လည်း လိုပါမယ်။ ဒါကြောင့်  ဆီးချို ရှိသူရော မရှိသူတွေပါ  သွေးတွင်း သကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိနိုင်စေဖို့ နည်းလမ်းကောင်းလေးတွေကို ဒီဆောင်းပါးလေးကနေ မျှဝေပေးလိုက်ပါရစေ။ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချဖို့ သွေးတွင်းသကြားဓာတ်ကို ဒီလိုထိန်းပါ။ဘယ်အသက်အရွယ်ပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်း ပုံမှန်လုပ်တာက သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိစေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာက ဆီးချိုရှိသူတွေမှာ သွေးတွင်း သကြားဓာတ် ကျစေနိုင်ပါတယ်။လေ့ကျင့်ခန်း လုပ်တဲ့အခါအင်ဆူလင် တုံ့ပြန်မှုပိုကောင်းလာပြီး သကြားဓာတ်တွေက ဆဲလ်တွေဆီကို ပိုမိုရောက်ရှိသွားပြီး စွမ်းအင်အဖြစ် အထိရောက်ဆုံး အသုံးချနိုင်တာကြောင့်ပါ။ဒါကြောင့် သွေးတွင်း သကြားဓာတ်ကို ထိန်းညှိဖို့ နေ့စဉ်လမ်းလျှောက်တာ၊ ပြေးတာ၊ ခပ်ရွရွလေး ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာ၊ ကတာလိုမျိုး ကိုယ်လက်လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းလေးတွေ နေ့စဉ်ပုံမှန် လုပ်ပေးပါ။မြန်မာလူမျိုးတွေရဲ့ အကြိုက်ဆုံး အစားအစားကထမင်း၊ အကြိုက်ဆုံး သရေစာက ဆန်၊ ကောက်ညှင်းတို့နဲ့ လုပ်ထားတာဆိုတော့ ကာဗိုဟိုက်ဒရိတ်ကို ရှောင်ပါလို့ ပြောဖို့ကတော့ အတော်ခက်ပါမယ်။ကာဗိုဟိုက်ဒရိတ် အစားများတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီးဆီးချိုနဲ့ နှလုံးရောဂါအပါအဝင် ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ​ကြောင့် အကောင်းဆုံးကတော့ ကာဗိုဟိုက်ဒရိတ်ကို အတိုင်းအချင့်နဲ့ စားတာပါ။ကာဗိုဟိုက်ဒရိတ်ကို အတိုင်းအချင့်နဲ့ စားတာက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်သလို ကျန်းမာရေးပြဿနာ အများစုကို ကာကွယ်လိုက်ရာရောက်ပါတယ်။ဒါကြောင့် ကာဗိုဟိုက်ဒရိတ်ကို လျှော့စားပြီး ဥအမျိုးမျိုး၊ အသီးအရွက်၊ ဂျုံကြမ်းပေါင်မုန့် စတာတွေကို စားပေးပါ။အမျှင်ဓာတ်ကသွေးတွင်း ကိုလက်စထရောပမာဏကျဆင်းစေဖို့ ထောက်ကူပေးပါတယ်။ အမျိုးသားတွေအနေနဲ့ တစ်နေ့ကို အမျှင်ဓာတ် ၃၈ ဂရမ် လိုအပ်ပြီး အမျိုးသမီးတွေအနေနဲ့ကတော့ တစ်နေ့ကို အမျှင်ဓာတ် ၂၅ ဂရမ်လောက်အထိ လိုအပ်ပါတယ်။ဒါကြောင့် နေ့စဉ် လိုအပ်တဲ့ အမျှင်ဓာတ်တွေ ပြည့်ဝစွာ ရရှိစေနိုင်ဖို့အတွက် ဂျုံကြမ်း၊ ပဲအမျိုးမျိုး၊ အခွံမာသီး၊ အစေ့အဆန် စတာတွေကို စားသုံးပေးပါ။တစ်နေ့ကို ရေ ၈ ခွက်သောက်တာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာကို ကြားဖူးပြီး ဖြစ်မှာပါ။ ခန္ဓာကိုယ်မှာ ရေဓာတ် ပြည့်ဝတာက ကိုယ်ခံအားကောင်းသလို သွေးတွင်းသကြားဓာတ်ကိုလည်း အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ရေဓာတ်ပြည့်ဝတာက ဆီးကနေတဆင့် ကိုယ်တွင်းမှာ ပိုလျှံနေတဲ့ သကြားဓာတ်တွေကို ပြင်ပကို စွန့်ထုတ်ပေးလိုက်ပါတယ်။ ဒါကြောင့် နေ့စဉ် ရေလုံလောက်အောင် သောက်ပါ။အချိုရည်နဲ့ ကဖင်းပါတဲ့ သောက်စရာတွေကို တတ်နိုင်သမျှ လျှော့သောက်ပါ။နေ့စဉ်စားသောက်မှုတိုင်းမှာကယ်လ်လိုရီပမာဏ၊ အဆီပါဝင်မှု ပမာဏ၊ အချိုပါဝင်မှု၊ အငန်ပါဝင်မှု စတာတွေကို သေချာ တွက်ချက် စားသုံးပေးတာက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိရာမှာ အတော်လေး အထောက်အကူပြုပါတယ်။အစားစားတဲ့အခါ မလိုအပ်ဘဲ အများကြီး မစားမိစေဖို့အတွက် ဖြည်းဖြည်းချင်း ဝါးစားတဲ့ အလေ့အထကို မွေးပါ။လေ့လာမှုတွေအရ စိတ်ဖိစီးမှု များတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စိတ်ဖိစီးမှုတွေကို ဖြေလျှော့ဖို့ သတိရပါ။လေ့ကျင့်ခန်းလုပ်တာ၊ စာအုပ်ဖတ်တာ၊ စောစော အိပ်၊ စောစောထတာ၊ ယောဂလေ့ကျင့်တာ၊ သူငယ်ချင်းတွေနဲ့ စကားလက်ဆုံပြောတာ၊ မိသားစုနဲ့ထမင်း လက်ဆုံစားတာ၊ ရုပ်ရှင် အတူတူကြည့်တာ၊ ဝါသနာပါရာကို လုပ်တာ၊ အပင်စိုက်တာမျိုး လုပ်ပြီး စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။အိပ်ရေးဝတာက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ပါတယ်။အမျိုးအစား -၂ ဆီးချိုဖြစ်စေရတဲ့ အဓိက အကြောင်းအရင်းတစ်ခုက အိပ်ရေးပျက်လို့ပါ။ ဒါကြောင့် အင်ဆူလင် ဟော်မုန်း ကောင်းကောင်းထွက်ရှိပြီး သွေးတွင်း သကြားဓာတ်ကျဆင်းစေဖို့ဆိုရင် ညတိုင်း ပြည့်ဝတဲ့ အိပ်စက်ချိန် ထားရှိဖို့ မမေ့ပါနဲ့။ဘယ်လောက် အလုပ်များများ မနက်စာကိုစားဖြစ်အောင် စားပါ။ မနက်စာက တစ်နေ့တာအတွက် အရေးအကြီးဆုံး အစားတစ်နပ်ပါ။ မနက်စာ မစားဘဲ နေတာက ခန္ဓာကိုယ်ကို အားအင် ကုန်ခမ်းစေသလို အလွန်အမင်းဆာလောင်မှုကြောင့် ပမာဏ များများ စားမိရာက မလိုအပ်ဘဲ သွေးတွင်းသကြားဓာတ် မြင့်တက်မှုကို ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ဆီးချိုကို ကာကွယ်ချင်တယ်ဆိုရင် မနက်စာ မှန်မှန်လေး စားပါ။ ဆီးချိုရှိသူတွေအနေနဲ့လည်း သွေးတွင်းသကြားဓာတ် ထိန်းညှိချင်တယ်ဆိုရင် မနက်စာ ပုံမှန် စားပေးပါ။ကဲ ဒီနည်းလမ်းလေးတွေ ကျင့်သုံးလို့ ဆီးချိုရောဂါကို အကောင်းဆုံး ကာကွယ်လိုက်ပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/lifestyle-changes-for-lower-type-2-diabetes-risk/
ဆီးချိုသွေးချိုရှိသော သင့်မိဘ အပြေးလေ့ကျင့်နိုင်ရန် ဘယ်လိုကူညီကြမလဲ
ဆီးချိုသွေးချိုရောဂါသည် တစ်ခါတရံတွင် နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်ပါသည်။ အပြေးကစားခြင်းသည် သွေးတွင်းသကြားဓါတ်နည်းခြင်းကို ဖြစ်စေနိုင်သည်။ ဆီးချိုသွေးချိုရှိသောသင့်မိဘသည် အပြေးအားကစားကို စတင်ချင်သည်ဆိုလျှင် အောက်ပါအချက်များကို ကြည့်၍ သင်သူတို့ကိုကူညီနိုင်ပါသည်။ဆီးချိုသွေးချိုရောဂါရှိသူသည် တွေ့ကြုံရင်ဆိုင်ရမည့်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ထို့ကြောင့် အပြေးအားကစားနည်းနှင့်ပတ်သက်၍ သင့်မိဘ၏ စိုးရိမ်ပူပန်မှုများကိုဖြေရှင်းပေးနိုင်အောင် ပြုလုပ်ပါ။ အစားအသောက်ကိုမျှတစွာမစားသူ၊ အားကစားကိုပုံမှန် မလုပ်သူဆိုလျှင်ပြေးသော်လည်း အသုံးဝင်မည် မဟုတ်ပါ။ ဆီးချိုလူနာများသည် တစ်ခါတစ်ရံတွင် သူတို့၏မကောင်းမွန် သောအခြေအနေများကြောင့် စိတ်မပါလက်မပါ ဖြစ်တတ်ကြသည်။သင့်မိဘက အပြေးလေ့ကျင့်ဖို့ သဘောတူညီလျှင် သင်စနစ်တကျစီစဉ်ဖို့ အချိန်ရောက်လာပါပြီ။ မိဘများသည် ရှုပ်ထွေးသော အကြောင်းအရာများကို မလိုချင်ကြပါဘူး။ ထို့ကြောင့် အပြေးလေ့ကျင့်ရန် အကြိမ်ရေ၊ အချိန်၊ နေရာနှင့် ပြင်ဆင်သင့်သည်များကို စနစ်တကျစီစဉ်ပေးသင့်သည်။နောက်အပတ်မနက်ခင်းမှ စတင်၍ပြေးသင့်သည်ဟုဆိုခြင်းထက် တနင်္လာနှင့် ကြာသပတေးမနက်ခင်းတွင် စပြေးနိုင်သည်ဟု ဆိုခြင်းက ပို၍ အသုံးဝင်နိုင်ပါသည်။ ထိုအစားအစာများ စားသင့်သည်၊ တစ်ပတ်ကိုမိနစ် (၄၀) ပြေးသင့်သည်ဟု ပြောခြင်းထက် တစ်ရက်ကိုအနည်းဆုံး (၂၀)မိနစ်ပြေးပြီး မိမိအခြေအနေပေါ်မူတည်၍ တဖြည်းဖြည်းတိုး၍ ပြေးရန်အကြံပေးခြင်းသည် ပို၍ကောင်းမွန်နိုင်ပါသည်။ ထို့နောက် သင့်မိဘအတွက် အစားအသောက်ကိုလည်း ပြင်ဆင်ရန်ကူညီပါ။ သူတို့၏ တိုးတက်မှုအခြေအနေကို ပြန်လည်သတိရန်ကူညီပါ။အပြေးလေ့ကျင့်ခြင်း အလေ့အထရှိရုံနှင့် မလုံလောက်ပါဘူး။ စိတ်ဓါတ်ကျခြင်း၊ စိတ်တက်ကြွခြင်း အခြေအနေတွေကို ကြုံလာနိုင်ပါသည်။ ထိုအချိန်မျိုးတွင် သင်၏ဖေးမမှုကို ပြသပြီးအားပေး ချီးကျူးခြင်းများကို ပြုလုပ်ပါ။ အပြစ်ရှာခြင်းကိုရှောင်ကြဉ်ပါ။ သင်သိသကဲ့သို့ပင် ပြီးပြည့်စုံသောသူဟူ၍ မရှိပါ။သင့်မိဘကိုကူညီခြင်းသည် သင်၏ပုံမှန်လုပ်ငန်းဆောင်တာများ ကြားကနေ အချိန်ပေးရမည်ဖြစ်သောကြောင့် သိပ်တော့မလွယ်ကူလှပါဘူး။ သို့သော်လည်း အပြေးအားကစားသည် သင်မိဘကို ကျန်းမာစေရုံမျှမက သင်တို့၏ သံယောဇဉ်တွေကိုလည်း ပိုခိုင်မာလာစေနိုင်ပါသည်။ ကျွန်ုပ်တို့သည် ကြီးပြင်းလာသည်နှင့်အမျှ မိဘနှင့် အနေဝေးသွားတတ်ကြသည်။ ထို့ကြောင့် သူတို့နာတာရှည်ရောဂါခံစားနေရချိန်သည် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာကို ပြသရန်အချိန်ဖြစ်သည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%b3%e1%80%ad%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%9b%e1%80%ad%e1%80%bd%e1%80%b1%e1%80%9e%e1%80%ac-%e1%80%9e/
ဆီးချိုစစ်ဆေးခြင်း - ကီတုန်း (ketone) စစ်ဆေးခြင်း
ဆီးချိုရောဂါဆိုတာသင့်ခန္ဓါကိုယ်ကလုံလောက်တဲ့ အင်ဆူလင်ကိုမထုတ်နိုင်တာ၊ အင်ဆူလင်ကိုအသုံးမပြုနိုင်တာ၊ ဒီနှစ်မျိုးစလုံးဖြစ်တာစတဲ့အခြေအနေပဲ ဖြစ်ပါတယ်။ ပန်ခရိယကနေထုတ်တဲ့ အင်ဆူလင်ဆိုတဲ့ ဟော်မုန်းဟာဆဲလ်တွေ ဂလူးကို့စ်ကိုသွေးထဲကစုပ်ယူပြီးစွမ်းအင် ရရှိစေဖို့ ကူညီပေးပါတယ်။ ဆီးစစ်တာကိုဆီးချိုရောဂါ နာမည်တပ်ဖို့ အသုံးမပြုပေမယ့် လူတယောက်ရဲ့ ဆီးထဲမှာကီတုန်းဓါတ် (ketones) ဘယ်လောက်ရှိလဲတိုင်းတာပြီးဆီးချိုအခြေအနေကိုစောင့်ကြည့်လေ့ရှိပါတယ်။အမျိုးအစား (၁) နဲ့ အမျိုးအစား (၂) ဆီးချိုဆိုပြီးအဓိက နှစ်မျိုးရှိပါတယ်။ အမျိုးအစား (၁) ဆီးချိုကတော့ ကိုယ်ခံအားစနစ်ဟာအင်ဆူလင်ဟော်မုန်းထုတ်ပေးတဲ့ ဆဲလ်တွေကိုဖျက်ဆီးတာကြောင့် ကိုယ်ခန္ဓါကနေအင်ဆူလင်ထွက်တာနည်းပြီး ဖြစ်ရခြင်းပါပဲ။ ဒီအမျိုးအစားဟာကလေးအရွယ်တွေမှာ ဖြစ်တတ်ပါတယ်။ အမျိုးအစား (၂) ကတော့ ကိုယ်ခန္ဓါဟာအင်ဆူလင်ကိုထိရောက်စွာမသုံးနိုင်လို့ ဖြစ်ရတာပါ။ ဒီအခြေအနေကိုအင်ဆူလင်ခုခံခြင်းလို့ ခေါ်ပါတယ်။ ဆဲလ်တွေဟာသွေးထဲကနေဂလူးကို့စ်ဓါတ်ကိုမယူနိုင်တော့ပါဘူး။ ဒီအမျိုးအစားဟာပခရိယကနေအင်ဆူလင်ကိုလုံလုံလောက်လောက် မထုတ်နိုင်တော့တဲ့အခါ တဖြည်းဖြည်းပိုဆိုးလာတတ်ပါတယ်။ အမျိုးအစား (၂) ဆီးချိုဟာကိုယ်အလေးချိန်များတာ၊ အထိုင်အထ လှုပ်ရှားမှုနည်းတာတွေနဲ့ ဆက်စပ်နေပါတယ်။အမျိုးအစား (၁) ဆီးချိုမှာကိုယ်ခန္ဓါဟာစွမ်းအင်အနေနဲ့ ဂလူးကို့စ်ဓါတ်ကိုလုံလောက်စွာမရတဲ့အခါ အဆီတွေကိုလောင်ကျွမ်းစေပါတယ်။ အင်ဆူလင် မရှိရင် ဂလူးကို့စ်ဟာသွေးထဲမှာပဲရှိနေပါတယ်။ ဒီလိုဖြစ်တဲ့အခါ သွေးထဲမှာကီတုန်းဓါတ်ဟာထွက်လာပါတယ်။ သူဟာသွေးကိုအက်ဆစ်ဓါတ်ပိုများစေပြီး ခန္ဓါကိုယ်ကိုအဆိပ်အတောက် ဖြစ်စေတဲ့အခါ သတိလစ်သွားတာ၊ သေဆုံးတာတွေ ဖြစ်နိုင်ပါတယ်။ သွေးထဲကကီတုန်းဓါတ်ဟာဆီးထဲကိုပါ ရောက်သွားနိုင်ပါတယ်။ဆရာဝန်တွေဟာ ဆီးချိုရောဂါကိုအတည်ပြုဖို့ ဆီးမစစ်တတ်ကြပါဘူး။ ဒါပေမယ့် ဆီးထဲကကီတုန်းဓါတ်နဲ့ ဂလူးကို့စ်ဓါတ်ကိုစောင့်ကြည့်ဖို့အတွက် ဆီးစစ်နည်းကိုသုံးကြပါတယ်။ လူတယောက်ဟာဆီးထဲမှာ ၂မျိုးစလုံးရှိနေရင် သူဟာအသင်ဆူလင်ကိုလုံလောက်စွာမထုတ်လုပ်နိုင်ဘူးလို့ ဆိုနိုင်ပါတယ်။ ဆီးစစ်တဲ့နည်းကိုပုံမှန် စစ်ဆေးနေကြနည်းအဖြစ် သုံးတတ်ပါတယ်။ အထူးသဖြင့် အမျိုးအစား (၁) ဆီးချိုရှိနေပြီးသွေးတွင်းသကြားဓါတ် ၃၀၀ ယူနစ်ထက် ကျော်နေသူတွေ ဆီးချိုကြောင့် ကီတုန်းဓါတ် တက်နေတဲ့ လက္ခဏာရှိသူတွေအတွက် အသုံးပြုပါတယ်။ဂလူးကို့စ်အတိုင်းအတာ။ယခင်ကဆီးထဲမှာဂလူးကို့စ်ဓါတ် ရှိမရှိစစ်ဆေးပြီးဆီးချီုရောဂါကိုအတည်ပြုတာ၊ စောင့်ကြည့်တာလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ယနေ့အခါမှာသွေးစစ်တာလောက် အသုံးမများတော့ပါဘူး။ ယနေ့အခါမှာ ဆရာဝန်တွေဟာ သွေးစစ်ဖို့ပဲညွှန်ကြပါတော့တယ်။ သွေးစစ်တာဟာပိုတိကျပြီးသွေးထဲကဂလူးကို့စ်ဓါတ်ကိုပိုပြီးတိကျစွာတိုင်းတာနိုင်လို့ ဖြစ်ပါတယ်။ကီတုန်းအတိုင်းအတာ။အမျိုးအစား (၁) ဆီးချိုရောဂါသည်တွေဟာသူတို့ရဲ့ ကီတုန်းအတိုင်းအတာကိုအိမ်သုံးဆေးစစ်ကိရိယာသုံးပြီးစစ်ဆေးနိုင်ပါတယ်။ လူတယောက်ဟာသွေးတွင်းဂလူးကို့စ်ဓါတ် ၃၀၀ ယူနစ်ထက် မြင့်နေရင် ကီတုန်းအတွက် ဆီးစစ်တဲ့နည်းသုံးသင့်ပါတယ်။ ကီတုန်းဓါတ် အတန်အသင့်၊ ဒါမှမဟုတ် များများစားစားရှိနေတာဟာဆီးချိုကိုမထိန်းချုပ်နိုင်တဲ့ အန္တရာယ်ရှိတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး သင့်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%86%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8-%e1%80%80%e1%80%ae%e1%80%90/
null
null
health
health
https://hellosayarwon.com/health/protein-deficiency-symptoms/
null
null
heart-health
heart-health
https://hellosayarwon.com/heart-health/cholesterol/cholesterol/
ဆူးစူးတဲ့အခါ ဘယ်လိုထွင်ကြမလဲ
ဖန်ကွဲစလေး နင်းမိလိုက်၊ သစ်သားစလေး စူးလိုက်၊ နှင်းဆီလေး ဆူးထွင်ရင်း စူးသွားလိုက် တစ်မျိုး မဟုတ် တစ်မျိုးတော့ စူးဖူးမှာပါ။ လက်ထဲမှာ နာတာတာ၊ ခိုးလို့ ခုလုနဲ့ နေရထိုင်ရ မကောင်းတဲ့ ပြဿနာ တစ်ခုပေါ့။ ဒါကြောင့် ဒီဆောင်းပါးလေးမှာဆူးစူးသွားရင် ဘယ်လိုထွင်မလဲ၊ ဘယ်လိုအချိန်မှာတော့ ဆေးရုံဆေးခန်းသွားသင့်လဲဆိုတာ ပြောပြပေးပါ့မယ်။ဆူးစူးတာက နေရတာခက်လို့ ထွင်တယ်ဆိုပေမယ့် တခြားအကြောင်းအရင်းတွေကြောင့် မထွင်မဖြစ် ထွင်ရတာပါ။ ဆူးက နက်တယ်ဆိုရင်။အနာကို သန့်ရှင်းရေးလုပ်ပါ။ညစ်ပေနေတာတွေ သန့်သွားအောင် အရင်ဆုံး ရေနဲ့ ဆပ်ပြာအပျော့စားသုံးပြီး ဆေးကြောလိုက်ပါ။ ဆူးကိုလည်း သေသေချာချာ မြင်ရတာပေါ့။ အားနဲ့ ကုတ်ခြစ်တာ၊ ပွတ်တိုက်တာကိုတော့ ရှောင်ပါ။ ဆူးက အထဲပိုဝင်သွားပါလိမ့်မယ်။ဆူးသေးရင်။ဆူးကြီးရင်။ဒီနေရာမှာ တစ်ခုပြောချင်တာက အရင်ကဆို ပင်နီဆလင် ပုလင်းကို သုံးပြီး ဆူးကို စုပ်ထုတ်တတ်ကြပါတယ်။ ဒါက ဘေးက တစ်ရှူးတွေကို လိုတာထက် ပိုပြီး ရောင်ရမ်းစေလို့ ဒီနည်းလမ်းကို မသုံးတော့ပါဘူး။ ဆူးက နစ်ဝင်နေရင် ပိုဆိုးပါတယ်။ဆူးစူးတာက သာမန်အားဖြင့်တော့ ဆရာဝန် ပြစရာ မလိုပါဘူး။ ခုနကပြောတဲ့ နည်းလမ်းတွေနဲ့ ထွက်ရင်ထွက် မထွက်လို့ ဒီတိုင်းထားလိုက်ရင်တောင် တော်တော်များများက ရက်ပိုင်းလောက်ဆို သက်သာသွားပါပြီ။ ဒါပေမယ့်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%86%e1%80%b0%e1%80%b8%e1%80%85%e1%80%b0%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81%e1%80%ab-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%91%e1%80%bd%e1%80%84%e1%80%ba/
အဆိပ်အတောက်ကင်းစင်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးနည်း ၁၃ သွယ်
မိမိပတ်ဝန်းကျင်ကို ကျန်းမာရေးနဲ့ညီညွတ်ပြီး သဘာဝကနေရရှိတဲ့ ပစ္စည်းတွေနဲ့ပြင်ဆင်ခြယ်သမှုကငွေကုန်ကြေးကျသိပ်မများလှပါဘူး။နေ့စဉ်နေထိုင်နေတဲ့ ဘဝနေထိုင်မှုပုံစံကို အနည်းငယ်လောက်လေးပြောင်းလဲလိုက်တာက ကျန်းမာရေးကိုပိုမိုကောင်းမွန်လာစေနိုင်မှာ ဖြစ်ပါတယ်။နေ့စဉ်ဘဝနေထိုင်မှုအတွင်း အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေနဲ့ထိတွေ့တာကိုရှောင်ရှားတာနဲ့ကန့်သတ်တာတွေက အဓိကထားလုပ်ဆောင်လေ့ရှိမယ့်အလေ့အထတွေလို့ယူဆပါတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုစ္စည်းတွေကနေရာတိုင်းလိုလိုမှာရှိနေနိုင်တာကြောင့် မထိတွေ့အောင်ရှောင်ဖို့ဆိုတာကလည်းတော်တော့်ကိုမလွယ်ကူတဲ့ ကိစ္စပါ။အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေမှာ အများဆုံးထိတွေ့မိတဲ့ဓါတုပစ္စည်းတွေက ခဲဓါတ်နဲ့ ပိုးသတ်ဆေးတွေပဲဖြစ်ပါတယ်။လေ့လာမှုတွေအရ ခဲဓါတ်နဲ့ ပိုးသတ်ဆေးတွေကိုရေရှည်ထိတွေ့တဲ့အခါ ဦးနှောက်နဲ့အာရုံကြောစနစ်ကိုထိခိုက်ပျက်စီးစေနိုင်သလို ပန်းနာရင်ကျပ်၊ ကင်ဆာနဲ့အခြားရောဂါတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့လူနေမှုဘဝကိုဖန်တီးနိုင်စေဖို့အတွက် အဆိပ်အတောက်ကင်းစင်တဲ့ ပတ်ဝန်းကျင်လေးကိုဖန်တီးနိုင်မယ့်နည်းလမ်းအချို့ကိုမျှဝေပေးလိုက်ပါတယ်။အိမ်တွင်း (သို့) အခန်းတွင်းမှာအပင်စိုက်တာက အဆိပ်အတောက်တွေကိုလျှော့ချပေးနိုင်မယ့် အကောင်းဆုံးသောနည်းလမ်းတစ်ရပ်ပါ။ အပင်တွေက သဘာဝအတိုင်းလေသန့်စင်ပေးတဲ့အရာတွေဖြစ်ပါတယ်။ အပင်တွေက မိမိတို့အနီးဝန်းကျင်က ဓါတုပစ္စည်းတွေနဲ့အဆိပ်အတောက်ဖြစ်စေမယ့်အငွေ့တွေကို စုပ်ယူပြီး အစားအစာနဲ့စွမ်းအင်အဖြစ်ပြောင်းလဲကာ သန့်စင်တဲ့လေကိုထုတ်ပေးပါတယ်။ပိုးသတ်ဆေးတွေက ပိုးမွှားတွေ၊ကြွက်တွေ၊ပိုးဟပ်တွေကိုသေစေနိုင်တယ်ဆိုပေမယ့်ရေရှည်မှာ ကလေးငယ်တွေမှာ ပန်းနာရင်ကျပ်ဖြစ်တာ၊ သင်ယူမှုအပိုင်းမှာချို့ယွင်းတာနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာတွေနဲ့ရင်ဆိုင်ရတာမျိုးတွေဖြစ်ပေါ်ခံစားလာရနိုင်ပါတယ်။ ဒါကြောင့် သဘာဝအတိုင်းပြုလုပ်ထားတဲ့ ပစ္စည်းတွေဖြစ်ကြတဲ့ ရှာလာကာရည်၊ မုန့်ဖုတ်ဆိုဒါ၊ သံပုရာရည်နဲ့ သဘာဝအတိုင်းထုတ်ထားတဲ့ ဆီတွေကို မိမိပတ်ဝန်းကျင်ကိုသန့်ရှင်းရေးလုပ်ဆောင်ရာမှာ အသုံးပြုပေးခြင်းဖြင့် အဆိပ်အတောက်ကင်းစင်တဲ့ ပတ်ဝန်းကျင်ကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဖုန်စုပ်စက်အသုံးပြုတယ်ဆိုပါကလည်း ဖုန်စုပ်စက်မှာပါတဲ့ အမှိုက်အိတ်ကို ဖုန်စုပ်ပြီးတိုင်း သန့်စင်ပေးပါ။အဆိပ်အတောက်မဖြစ်စေတဲ့ အိမ်သုတ်ဆေးတွေက ကျန်းမာရေးအတွက်ဘေးကင်းသင့်တော်တဲ့ရွေးချယ်မှုတစ်ရပ်ဖြစ်ပါတယ်။ ဓါတုပစ္စည်းတွေနဲ့အဆိပ်အတောက် ကင်းစင်တဲ့အိမ်သုတ်ဆေးတွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့ပတ်ဝန်းကျင်ကို ဖန်တီးရာမှာအရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။မိမိအိမ်မှာအသုံးပြုဖို့ဖယောင်းတိုင်ဝယ်ယူတဲ့အခါ သဘာဝပစ္စည်းစစ်စစ်တွေနဲ့လုပ်ထားတဲ့ဖယောင်းတိုင်ကိုရွေးချယ်ဝယ်ယူဖို့ကတော်တော့်ကိုအရေးပါပါတယ်။ ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းတွေပါဝင်တဲ့ဖယောင်းတိုင်တွေဖြစ်နေမယ်ဆိုရင် မိမိနေအိမ်ထဲကလေအရည်အသွေးကို ထိခိုက်စေနိုင်သလို ခန္ဓါကိုယ်ရဲ့ ကျန်းမာသန်စွမ်းမှုကိုလည်းထိခိုက်စေမှာဖြစ်ပါတယ်။သောက်သုံးတဲ့ရေက သန့်ရှင်းတဲ့ရေဖြစ်အောင်လည်းဂရုပြုပါ။ အချို့ဈေးပေါတဲ့ရေတွေမှာ ဘက်တီးရီးယားတွေနဲ့ဓါတ်ပစ္စည်းတွေပါဝင်နေတတ်ပါတယ်။ဓါတုပစ္စည်းတွေပါဝင်နေတဲ့ ပလပ်စတစ်တွေက ခန္ဓါကိုယ်ရဲ့ဟော်မုန်းစနစ်နဲ့endocrine (ဂလင်း) စနစ်တွေကို အနှောက်အယှက်ဖြစ်စေနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျအထောက်အထားများစွာတွေ့ရှိထားပြီးဖြစ်တာကြောင့်ရေထည့်သောက်တဲ့အခါမှာလည်း ဖန် (သို့) စတိန်လက်စတီးနဲ့လုပ်ထားတဲ့ဗူးတွေနဲ့ထည့်သောက်ပါ။အခုနောက်ပိုင်းမှာ မကပ်တဲ့အိုးတွေကို အသုံးပြုပြီးချက်ပြုတ်ရတာကိုတော်တော်များများကနှစ်သက်လာကြပါတယ်။ အဆိုပါအိုးတွေက အဆိပ်အတောက်ဖြစ်စေနိုင်သလို အပူပေးလိုက်တဲ့အခါ အဆိပ်အတောက်ဖြစ်စေတဲ့ အမှုန်ငယ်လေးတွေထွက်ပေါ်လာပါတယ်။ဒါကြောင့် အစားအသောက်တွေချက်ပြုတ်တဲ့အခါဘေးကင်းစေဖို့အတွက် အရင်ကတည်းက အသုံးပြုလာခဲ့တဲ့ သတ္တုအိုးတွေကိုပဲအသုံးပြုပါ။ မီးဖိုချောင်က မိမိနေအိမ်ကို ဓါတုပစ္စည်းတွေကင်းစင်တဲ့နေရာတစ်ရပ်အနေနဲ့ဖန်တီးရာမှာ စတင်သင့်တဲ့ကောင်းမွန်တဲ့နေရာ တစ်ရပ်လို့ဆိုရပါမယ်။မိမိရဲ့မိသားစုနဲ့ကလေးငယ်တွေအတွက် သဘာဝပစ္စည်းတွေကနေထုတ်ထားတဲ့ သွားတိုက်ဆေးတွေကိုရွေးချယ်အသုံးပြုတာက အကောင်းဆုံးသောနည်းလမ်းဖြစ်ပါတယ်။ ကလေးတွေက သွားတိုက်တဲ့အခါ သွားတိုက်ဆေးတွေကို မျိုချတတ်တာကြောင့် သဘာဝပစ္စည်းတွေနဲ့ထုတ်ထားတဲ့ သွားတိုက်ဆေးကဘေးအကင်းဆုံးပါပဲ။ လက်ဖက်ရွက်အဆီ၊သစ်ကြံပိုးခေါက်၊တလည်း၊ ရှားစောင်းလက်ပတ်နဲ့ အခြားသဘာဝအပင်တွေကနေထုတ်တဲ့သွားတိုက်ဆေးတွေက သွားနဲ့သွားဖုံးကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။ပစ္စည်းထုတ်လုပ်သူတွေက အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတွေရဲ့ အမည်ကို စာလုံးရှည်တွေနဲ့ ရေးသားဖော်ပြပြီး မျက်စိလှည့်စားတတ်တာကြောင့် မိမိဝယ်ယူမယ့် အလှကုန်တွေနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေမှာဖော်ပြပါရှိတဲ့ အညွှန်းတွေကိုသေချာစွာဖတ်ကြည့်ပါ။အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေပါဝင်တဲ့ ပစ္စည်းတွေကို နှစ်ရှည်လများအသုံးပြုတဲ့အခါ နှလုံးထိခိုက်တာ၊ အဝလွန်တာ၊ကင်ဆာရောဂါတွေနဲ့ နာမကျန်းဖြစ်မှုတွေကိုဖြစ်ပေါ်ခံစားရစေနိုင်တာကြောင့် အလှကုန်တွေနဲ့အခြား ကိုပစ္စည်းတွေဝယ်ယူတဲ့အခါ အညွှန်းတွေကိုသေချာစွာဖတ်ပါ။အလှကုန်တွေရွေးချယ်တဲ့အခါမှာလည်း သဘာဝပစ္စည်းတွေဖြစ်တဲ့ နှင်းဆီပန်း အဆီ၊အုန်းဆီ၊ဗီတာမင် စီတို့လိုမျိုး သဘာဝပစ္စည်းတွေနဲ့ထုတ်လုပ်ထားတဲ့ အစိုဓါတ်ထိန်းခရင်မ်တွေနဲ့အလှကုန်တွေရွေးချယ်သုံးစွဲပေးပါ။သည်အချက်ကတော့ရိုးရိုးရှင်းရှင်းလေးပါပဲ။ ဒါပေမယ့်လူတော်တော်များများကသည်အချက်ကိုသတိလက်လွတ်ဖြစ်နေတတ်ပါတယ်။ အိမ်အတွင်းရော အပြင်မှာပါတောက်လျှောက်လျှောက်ထားတဲ့ဖိနပ်မှာ မညစ်ပတ်နေရင်တောင်မှ အဆိပ်ဖြစ်တဲ့ ဓါတုပစ္စည်းတွေ၊ချောဆီတွေ၊ ပိုးသတ်ဆေးတွေ၊ခဲဓါတ်၊ ဘက်တီးရီးယားတွေနဲ့ အခြားအဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အရာတွေကပ်ညှိပါလာနိုင်တာကြောင့် ဖိနပ်ကို အိမ်အပြင်ဘက်မှာချွတ်ထားခဲ့ဖို့မမေ့ပါနဲ့။အစားအစာတွေ စားသုံးတဲ့အခါမှာလည်းအော်ဂဲနစ် ဟင်းသီးဟင်းရွက်တွေ၊သစ်သီးတွေနဲ့အသားတွေကိုရွေးချယ်စားသုံးပါ။ဖြစ်နိုင်ရင် ဟင်းသီးဟင်းရွက်တွေကို ကိုယ်တိုင်စိုက်စားပါ။အော်ဂဲနစ်အသီးအနှံတွေက ပိုမိုအရသာရှိသလို ကျန်းမာရေးအတွက်လည်းအထောက်အကူပြုပါတယ်။သင်က ဆေးလိပ်သောက်သုံးနေတဲ့သူတစ်ဦးဖြစ်မယ်ဆိုရင်တော့ဆေးလိပ်ဖြတ်လိုက်ပါ။လေ့လာမှုအရ အမေရိကန်ပြည်ထောင်စုမှာကလေးငယ်တွေရဲ့ ၄၀ ရာခိုင်နှုန်းဟာ တဆင့်ခံဆေးလိပ်ငွေ့တွေကြောင့် ပန်းနာရင်ကျပ်ဝေဒနာကိုခံစားနေကြရတာဖြစ်တယ်၊လို့ နယူးယောက်မှာရှိတဲ့Mount Sinaiဆေးတက္ကသိုလ် Children’s Environmental Health Center ကတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါတယ်။ဒါကြောင့်ငွေကုန်ကြေးကျများတဲ့ဆေးလိပ်သောက်သုံးမှုအကျင့်ကိုဖျောက်ပစ်ပြီး မိမိပတ်ဝန်းကျင်ကို အဆိပ်အတောက်ကင်းစင်တဲ့ပတ်ဝန်းကျင်အဖြစ်ဖန်တီးလိုက်ပါ။ပိုလီကာဘွန်နိတ်လုပ်ထားတဲ့ ပလတ်စတစ် မှာတွေ့ရတဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်တဲ့bisphenol A ဘစ်ဖီနော်လ် အေ ကကျန်းမာရေးအတွက်ဘေးကင်းရဲ့လားဆိုတာကိုဆွေးနွေးနေဆဲဖြစ်ပါတယ်။ အဆိုပါ ပလပ်စတစ်အမျိုးအစားကိုရေဗူးတွေနဲ့ကလေးနို့ဗူးတွေထုတ်လုပ်ရာမှာ အသုံးပြုနေပါတယ်။bisphenol A ကို ဆီသွတ်ဗူးတွေပြုလုပ်ရာမှာလည်း အသုံးပြုလေ့ရှိပါတယ်။FDA နဲ့ အမေရိကန်ဓါတုဗေဒကောင်စီ တို့ကတော့ bisphenol A ဘစ်ဖီနော်လ် အေ ကအသုံးပြုဖို့ဘေးကင်းတယ်ဆိုပေမယ့်လည်း အမေရိကန်အစိုးရရဲ့ အခြား အစီရင်ခံစာတစ်စောင်ဖြစ်တဲ့National Toxicology Report မှာတော့bisphenol A ဘစ်ဖီနော်လ် အေ ကဦးနှောက်နဲ့ ဆီးကျိတ်ဂလင်းတွေကို ထိခိုက်စေနိုင်ပြီး သန္ဓေသား၊မွေးကင်းစနဲ့ကလေးငယ်တွေရဲ့ အပြုအမူပိုင်းဆိုင်ရာတွေမှာ ထိခိုက်စေနိုင်တယ်ဆိုတဲ့အချက်တွေတွေ့ ရှိ ခဲ့ရပါတယ်။အအေးမိတာတွေ။ တုပ်ကွေးတာတွေခံစားရတဲ့အခါ လက်ဆေးပါလို့ပြောတာကိုတော့ကြားဖူးပါတယ်။ မကြာခဏလက်ဆေးပေးတာက လက်မှာကပ်ညှိနေနိုင်တဲ့ ပိုးမွှားတွေကိုသေစေနိုင်ပါတယ်။ လက်ဆေးတာကရောဂါကင်းစင်စေတဲ့အကျင့်ကောင်းတစ်ခုဖြစ်တာကြောင့် ကလေးတွေကို ငယ်စဉ်ကတည်းက လက်ဆေးတာကိုအကျင့်လုပ်ပေးပါ။လက်ဆေးတဲ့နေရာမှာလည်း ပိုးသတ်ဆေးပါဝင်တဲ့လက်ဆေးဆပ်ပြာတွေ ကိုယ်ခံအားစနစ်ကိုအားနည်းစေတာမျိုးတွေဖြစ်စေတတ်ပါတယ်။ ပန်းနာရင်ကျပ်နဲ့အရေပြားဓါတ်မတည့်တာမျိုးတွေလည်းဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာတွေ၊ချိုင်းလိမ်းတောင့်တွေ၊သွားတိုက်ဆေး၊ခံတွင်းသန့်စင်ဆေးရည်တွေ၊အလှကုန်တွေ၊အဝတ်အထည်တွေနဲ့မီးဖိုချောင်သုံး ပလပ်စတစ်ပစ္စည်းတွေမှာ အဓိကပါဝင်တဲ့ triclosan ကလိင်ပိုင်းဆိုင်ရာဟော်မုန်းတွေနဲ့အာရုံကြောစနစ်ကိုထိခိုက်စေနိုင် လို့ဆိုပါတယ်။အထက်ပါအချက်လေးတွေကို သတိထားပြီး အဆိပ်အတောက်ကင်းစင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးကာ ကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆေိုင်နိုင်ပါစေကြောင်း။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/asthma-respiratory-health/%e1%80%a1%e1%80%86%e1%80%ad%e1%80%95%e1%80%b9%e1%80%a1%e1%80%b1%e1%80%90%e1%80%ac%e1%80%80%e1%80%b9%e1%80%80%e1%80%84%e1%80%b9%e1%80%b8%e1%80%85%e1%80%84%e1%80%b9%e1%80%90%e1%80%b2%e1%80%b7-%e1%80%95/
ဆီးချိုအနာများ အကျက်မြန်စေရန်
ဆီးချို ရောဂါဟာသွေးတွင်းသကြားဓာတ်ကို မထိန်းချုပ်နိုင်တဲ့ခါ ဖြစ်ပွားပြီး အာရုံကြောများ၊ သွေးကြောများကို ထိခိုက်လာနိုင်ပါတယ်။ အာရုံကြောများ ခံစားသိရှိမှုအားနည်းသွားလို့ ကိုယ်ခန္ဓာ အစိတ်အပိုင်းများ (အထူးသဖြင့် ခြေထောက်)ထိခိုက်ဒဏ်ရာရပြီး အနာများဖြစ်လာနိုင်ပါတယ်။ အိပ်ရာပေါ် ကာလကြာရှည် လှဲလျောင်းနေရသူများဟာလည်းအိပ်ရာပူနာများ ဖြစ်လာနိုင်ပါတယ်။အကယ်၍ ဆီးချို ရောဂါရှိသူများမှာ အနာဖြစ်ခဲ့ရင် သေချာစွာ ဂရုစိုက်ကုသဖို့ လိုအပ်ပါတယ်။ ဆီးချိုအနာများ ကို ဂရုမစိုက်ဘဲထားရင် နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အဆိုးဆုံးသော အခြေအနေကတော့ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြတ်တောက်ရခြင်း ဖြစ်ပါတယ်။ ဥပမာ ခြေချောင်းလေးများမှာ အနာဖြစ်ပြီး ကောင်းကောင်းမကျက်တာကြောင့် ဖြတ်ပစ်ရခြင်းမျိုး ဖြစ်ပါတယ်။ဆီးချို ရှိသူများမှာ အနာဖြစ်လာပြီဆိုရင် အနာဟာ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ မပေါ့ဆဘဲ ဂရုစိုက် ကုသရပါတယ်။ ဆီးချိုအနာများ ကို မိမိဖာသာ လုပ်ဆောင်နိုင်တဲ့အပိုင်းတွေ ရှိသလို ဆရာဝန်ဖက်က ကုသမှုအပိုင်းတွေလည်း ရှိပါတယ်။ အောက်ပါလုပ်ဆောင်ချက်များ ပါဝင်ပါတယ်။ဆီးချို ဝေဒနာရှင်များ အနေနဲ့ မိမိကိုယ်ခန္ဓာမှာ ထိခိုက်ဒဏ်ရာ၊ အနာ ရှိ၊မရှိ ပုံမှန်စစ်ဆေးနေသင့်ပါတယ်။ အနာဖြစ်ကြောင်း စောစီးစွာသိရှိပြီး လိုအပ်တဲ့ကုသမှုတွေ ခံယူမှသာရောဂါပိုးဝင်ခြင်းနဲ့ တခြားနောက်ဆက်တွဲ ပြဿနာတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။အထူးသဖြင့် မိမိရဲ့ခြေထောက်များကို နေ့စဉ် စစ်ဆေးနေရပါမယ်။ ခြေဖဝါးရော ခြေချောင်းလေးများကြားထဲမှာ အသေးစိတ် စစ်ဆေးရပါမယ်။ဆီးချိုအနာများ ဖြစ်လာရင် သားများဟာ ပုပ်ဆွေးလာပြီး ဘက်တီးရီးယားများ ဝင်ရောက်ပေါက်ပွားနိုင်ပါတယ်။ ရောဂါပိုးများ ပျံ့နှံ့လာနိုင်ပြီး အနာပျောက်ကင်းနိုင်ခြေလည်း လျော့နည်းသွားပါတယ်။ဒါကြောင့် အနာဝန်းကျင်က မကောင်းတော့တဲ့ တစ်ရှူးစတွေကို ရှင်းလင်းဖယ်ရှားပေးဖို့ လိုပါတယ်။ အပေါ်ယံအရိအရွဲအနည်းငယ်ကိုတော့ ဆေးထည့်ချိန်မှာ ဆေးရည်၊ ဂွမ်း စတာတွေနဲ့ ဖယ်ရှားနိုင်သလို မကောင်းတဲ့ အသားစများကိုတော့ ဆရာဝန်က ဖယ်ရှားပေးပါလိမ့်မယ်။နေ့စဉ် ပုံမှန်ဆေးထည့်ခြင်းအားဖြင့် ဘက်တီးရီးယားများ အနာထဲကို ဝင်ရောက်ပေါက်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်။ ဘယ်လို ဆေးအမျိုးအစားတွေသုံးရမလဲ၊ ဘာပစ္စည်းတွေ လိုအပ်သလဲဆိုတာ ဆရာဝန်က ညွှန်ပေးပါလိမ့်မယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း မပျက်မကွက် ဆေးထည့်ပေးဖို့ လိုပါတယ်။အနာရှိတဲ့ နေရာကို ဖိအားမသက်ရောက်ဖို့၊ အကယ်၍ ခြေထောက်မှာဆိုရင် အားနဲ့ဖိထောက်ခြင်းမပြုဖို့ သတိပြုရပါမယ်။ အနာရှိရာနေရာကို ဖိအားသက်ရောက်ရင် အနာဝက အရေပြားကို ထိခိုက်စေပြီး အနာပိုကြီးခြင်း၊ ပိုနက်ခြင်းများ ဖြစ်သွားနိုင်ပါတယ်။သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ဖို့၊ အနာကျက်မြန်စေဖို့အတွက် စားသောက်ပုံကို ဂရုစိုက်ရပါမယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်မယ့် အစားအစာတွေကို ရွေးချယ်စားသုံးသလို တဖက်မှာလည်း အနာကျက်မြန်အောင်၊ အသားတက်အောင် ပရိုတင်းဓာတ်နဲ့ ဗီတာမင်သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ အစားအစာများကို ရွေးချယ်စားသုံးရပါမယ်။လေ့ကျင့်ခန်းလုပ်ခြင်းဟာအင်ဆူလင်အာနိသင်ကို ပိုမိုထိရောက်စေပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်စေပြီး အနာကိုလည်း အကျက်မြန်စေပါတယ်။ဆေးလိပ်သောက်ခြင်းဟာ ကိုယ်ခန္ဓာရှိဆဲလ်များ အောက်ဆီဂျင် ရရှိနိုင်မှုကို လျော့ကျစေပါတယ်။ကိုယ်ခံအားကိုလည်း လျော့ပါးစေပြီး သွေးကြောနဲ့ဆိုင်တဲ့ ပြဿနာတွေ ပိုမိုဖြစ်ပွားစေပါတယ်။ အနာကျက် နှေးစေပါတယ်။ဆီးချိုအနာတွေကို ကုသနိုင်ဖို့ အချုပ်ကတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ပါပဲ။ ဆရာဝန်ညွှန်တဲ့ ဆေးဝါးတွေကို တိကျစွာ သောက်သုံးရပါမယ်။ အစားအသောက်ကို သတိပြုစားသောက်ပြီး ကိုယ်လက်လှုပ်ရှား ပုံမှန်လုပ်ပေးရင် ဆီးချိုကို ထိန်းနိုင်မှာ ဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ပုံမှန်တိုင်းတာပြီး ဆရာဝန်ချိန်းဆိုတဲ့အခါတိုင်း မပျက်မကွက် ပြသသင့်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/care-for-diabetes-wound-healing/
ဆီးချိုကျဆေးတွေက မုန့်ချိုအိတ်ကင်ဆာ ဖြစ်စေနိုင်သလား
မုန့်ချိုအိတ်ဆိုတာ အစာအိမ်ရဲ့နောက်ပိုင်း၊ နံရိုးအိမ်ထဲမှာ ရှိတဲ့ သေးငယ်တဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ သူ့မှာ တာဝန်၂ခု ရှိပါတယ်။ အစာခြေဖို့ အစာခြေပစ္စည်းတွေထုတ်ပေးခြင်းနဲ့သွေးတွင်းသကြားဓါတ်ကို ထိန်းညှိဖို့ ဟော်မုန်းထုတ်ခြင်းပဲ ဖြစ်ပါတယ်။မုန့်ချိုအိတ်ထဲမှာ ပုံမမှန်တဲ့ တစ်သျှူးတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ လျင်မြန်စွာဖြစ်ပေါ်တတ်ပြီး ဖြစ်ခါစမှာ သိတာရှားပါတယ်။ မုန့်ချိုအိတ်ကင်ဆာ လက္ခဏာဟာ အဆင့်သိပ်မကြီးလာခင် မပြတတ်ပါဘူး။အမျိုးအစား (၂) ဆီးချိုရောဂါကုတဲ့ နေရာမှာသုံးတဲ့ incretin mimetics အုပ်စုဝင် ဆေးအသစ် ၂မျိုးကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Glucagon-like peptide – 1 (GLP – 1) agonist (exenatide ကဲ့သို့) နဲ့ dipeptidyl peptidase – 4 inihibitors (DPP – 4) (sitagliptin ကဲ့သို့) အမည်ရပါတယ်။ဒီဆေးတွေကို ဆီးချိုကုသရာမှာ ပထမဦးစားပေးဆေးတွေနဲ့ အဆင်မပြေရင် အသုံးပြုပါတယ်။ဆေး၂မျိုးလုံးဟာ မုန့်ချိုအိတ်အပေါ် သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် မုန့်ချိုအိတ်ကို ထိခိုက်နိုင်ခြေတွေ စဉ်းစားလာကြပါတယ်။စစ်ဆေးချက်အထောက်အထားများအရ မုန့်ချိုအိတ်ကို ရောင်နိုင်ခြေရှိပါတယ်။ မုန့်ချိုအိတ်တစ်သျှူးတေါကို ကင်ဆာနဲ့သဏ္ဍာန်တူ ပြောင်းလဲခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ပိုဆိုးလာရင် ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်တွေကို အတည်ပြုဖို့ နောက်ထပ်လေ့လာမှုတွေ လုပ်ဖို့လိုအပ်ပါသေးတယ်။ ဒီဆေးတွေဟာ ဖြစ်နိုင်ခြေအန္တရာယ်ရှိသလား၊ ကင်ဆာကို ပိုဆိုးလာစေတာလား ဆိုတာနဲ့ ပတ်သက်တာကိုတော့ မဆုံးဖြတ်နိုင်သေးပါဘူး။ယခုအချိန်မှာတော့ ဒီဆေးတွေသောက်ရမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဆရာဝန်က ရပ်ဖို့ ညွှန်ကြားတာမရှိရင် ဒီဆေးတွေကို ရပ်ပစ်ဖို့ မလိုပါဘူး။ သင့်တော်တဲ့အကြံပြုချက်နဲ့ မဟုတ်ဘဲ ဆေးသောက်တာရပ်လိုက်ရင် မုန့်ချိုအိတ်ကင်ဆာ ဖြစ်နိုင်ခြေထက်စာရင် တခြား နောက်ဆက်တွဲ ပြသနာတွေ ရှိလာနိုင်ပါတယ်။ အဲ့ဒါတွေကတော့ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ပျက်ခြင်းနဲ့ မျက်စိကွယ်ခြင်းတွေပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%80%e1%80%ba%e1%80%b1%e1%80%86%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%80-%e1%80%99%e1%80%af%e1%80%94%e1%80%b9%e1%82%94%e1%80%81/
ဝမ်းချုပ်တာကို သက်သာစေဖို့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ကြစို့
ဝမ်းချုပ်တာက တော်တော်လေးကို နေရခက်တဲ့အစာခြေစနစ် ပြဿနာဖြစ်သလို ကလေးကစလို့ လူကြီးအထိ အရွယ်မရွေး ခံစားရနိုင်ပါတယ်။ ဝမ်းချုပ်တာက နေထိုင်စားသောက်မှုပုံစံတွေကြောင့် ဖြစ်နိုင်သလို တစ်ခါတလေမှာ သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဝမ်းချုပ်တာကြောင့် စိတ်ညစ်ရတာမျိုး မဖြစ်ချင်ဘူးဆိုရင်တော့  ဝမ်းချုပ်တာကို သက်သာစေဖို့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ကြစို့ နော်။နေ့တိုင်း ဝမ်းမသွားတာကိုဝမ်းချုပ်တယ်လို့ မဆိုနိုင်ပါဘူး။ တစ်နေ့ကို ဝမ်းတစ်ကြိမ် ဒါမှမဟုတ် ၂ ကြိမ်သွားတာမျိုးလည်း ရှိသလို ၁ရက်ခြား၊ ၂ရက်ခြား သွားကြသူတွေလည်း ရှိပါတယ်။ ကိုယ့်အကျင့်နဲ့ ကိုယ်ပါပဲ။ဒါပေမဲ့ လူတစ်ယောက်ဟာ ၁ ပတ်တာကို ၃ ကြိမ်အောက်ပဲ ဝမ်းသွားမယ်။ဝမ်းက မာကျစ်နေမယ်။ ဝမ်းသွားတဲ့အခါ ဝမ်းမာတာကြောင့် သွားရခက်တာမျိုးဖြစ်စနေမယ်ဆိုရင် ဝမ်းချုပ်တယ်လို့ ပြောနိုင်ပါတယ်။အခုလို အခြေအနေတွေကြောင့် ဝမ်းချုပ်နိုင်ပါတယ်။ဝမ်းချုပ်တဲ့အခါ အထိုင်မများစေနဲ့။ လှုပ်လှုပ်ရှားရှားနေ၊ လေ့ကျင့်ခန်းလုပ်လို့ အကြံပေးလေ့ရှိပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကိုတော့ ကိုယ်တိုင်လေ့လာကြည့်လိုက်ပါနော်။ဝမ်းချုပ်တာကို သက်သာစေဖို့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ကြစို့ ဆိုရာမှာ ဘယ်လို ကိုယ်လက်လှုပ်ရှားမှုတွေ ဖြစ်မလဲ ဆိုတော့။အပြေးလေ့ကျင့်တာက နှလုံး ကျန်းမာစေနိုင်သလို အစာခြေစနစ်ကိုလည်း လှုပ်ရှားမှု ကောင်းစေပါတယ်။ ဒါကြောင့် ဝမ်းချုပ်နေရင်ဖြစ်ဖြစ်၊ ဝမ်းချုပ်တာကို ကာကွယ်ချင်ရင် ဖြစ်ဖြစ် တစ်နေ့တာကို ၁၅ မိနစ် ကနေ နာရီဝက်လောက် ပုံမှန်လေး ပြေးပေးပါ။ မပြေးခင်မှာ ကြွက်သားဒဏ် ဖြစ်တာ ကင်းစေဖို့အတွက် အကြောလျှော့ဖို့တော့ မမေ့ပါနဲ့။ယောဂ လေ့ကျင့်တာက အကြောအခြင်တွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှု ကောင်းစေသလို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ယောဂပုံမှန် ကစားပေးတာက စိတ်ရောကိုယ်ပါ လန်းဆန်းစေသလို အစာခြေစနစ် ကျန်းမာစေပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးပါတယ်။လမ်းလျှောက်တာက တော်တော်များများ နေ့စဉ် လုပ်ဖြစ်နိုင်တဲ့ လေ့ကျင့်ခန်း ၁ ခုပါ။ အချိန် သီးသန့်ပေးစရာ မလိုအောင် အလုပ်သွား အလုပ်ပြန်မှာ ၁ မှတ်တိုင် ၂ မှတ်တိုင်လောက် လမ်းလျှောက်ပေးပါ။ အချိန်အားဖြင့် တစ်နေ့တာကို ၁၅ မိနစ် ကနေ နာရီဝက်လောက် လမ်းလျှောက်ပေးတာကဝမ်းမှန်စေဖို့ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။အသက်ကို ခပ်ဝဝလေး ရှူပေးတာက အဆုတ်ကိုတင် ကျန်းမာစေတာ မဟုတ်ဘဲ အစာခြေစနစ်ကိုလည်း ကျန်းမာစေပါတယ်။ နောက်တစ်ချက်က ကိုယ်တွင်း အောက်ဆီဂျင်ပမာဏကို မြင့်တက်စေပြီး စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းမှန်ချင်တယ်ဆိုရင် မနက်တိုင်းမှာအသက်ရှူလေ့ကျင့်ခန်းကို ၁၅ မိနစ်လောက် အနည်းဆုံး လုပ်ဖြစ်အောင် လုပ်ပါ။အခုပြောပြခဲ့တဲ့ လေ့ကျင့်ခန်းလေးတွေကို ပုံမှန် လုပ်ပေးတာက အစာခြေစနစ်ကို ကျန်းမာစေသလို ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ ကင်းစေပြီး ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/constipation-digestive-health/best-exercises-to-ease-constipation/
မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုရောဂါ ခံစားရသူအရေအတွက်
မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုရောဂါ ခံစားရသူအရေအတွက် …. ဆီးချိုက ကမ္ဘာတလွှားမှာတင် ဖြစ်ပွားမှုနှုန်း မြင့်တက်နေတာ မဟုတ်ဘဲမြန်မာနိုင်ငံမှာလည်းဆီးချို ရောဂါ ခံစားရသူ အရေအတွက်က ပြီးခဲ့တဲ့ နှစ်တွေအတွင်း အတော်လေး မြင့်တက်လာခဲ့ပါတယ်။ ဆီးချိုက ရုတ်တရက် သေဆုံးတာမျိုး မဖြစ်ပေမယ့် ကုသပျောက်ကင်းဖို့ မဖြစ်နိုင်တဲ့နာတာရှည် ရောဂါတစ်ရပ်ပါ။ကူးစက်တာမျိုး မရှိဘူးဆိုပေမယ့် မျိုးရိုးလိုက်တာကြောင့် နောက်မွေးလာမယ့် သားစဉ်မြေးဆက်မှာ ဆီးချို ခံစားရတာမျိုးဖြစ်နိုင်ပါတယ်။  ဒါကြောင့် သေချာ သိရှိ ကာကွယ်ဖို့ လိုအပ်တဲ့ ရောဂါတစ်မျိုးလို့ ပြောပါရစေ။မြန်မာနိုင်ငံရဲ့ ဆီးချို ဖြစ်ပွားမှုနှုန်း ဘယ်လောက်တောင် မြင့်တက်နေသလဲ။၂၀၁၄ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါဖြစ်ပွားနှုန်း နှင့် ကူးစက်မဟုတ်သောရောဂါများ ဖြစ်စေနိုင်သော အကြောင်း အချက်များ လေ့လာခြင်း စစ်တမ်းကောက်ယူမှု အရ မြန်မာနိုင်ငံမှာဆီးချို ဖြစ်ပွားမှုနှုန်းဟာ အတော်လေး မြင့်တက်နေတာကို တွေ့ရပါတယ်။ရာခိုင်နှုန်း အတိအကျ​ ပြောရမယ်ဆိုရင် ဆီးချို ခံစားနေရသူ အမျိုးသား အရေအတွက်က အယောက် ၁၀၀ မှာ ၁၀.၈ ရာခိုင်နှုန်း ကနေ ၁၁.၅ ရာခိုင်နှုန်း အထိရှိပြီး အမျိုးသမီးအရေအတွက်က အယောက် ၁၀၀ မှာ ၉.၂ ရာခိုင်နှုန်းအထိ ရှိပါတယ်။ဆီးချိုရောဂါ အကြို လက္ခဏာခံစားနေရသူ အရေအတွက်က အယောက် ၁၀၀ မှာ အမျိုးသား ၁၆.၅ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၂၃ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ဒီအရေအတွက် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ဆိုရင် တော်တော်လေးကို များပြားလှတဲ့ပမာဏပါ။မြန်မာနိုင်ငံမှာ ဆီးချိုဖြစ်ပွားမှုကို မြင့်တက်စေတဲ့ အကြောင်းအရင်းက တော်တော်လေး များပါတယ်။ ဒီအကြောင်းအရင်းတွေထဲမှာမှ ဆီးချို နဲ့ ဆီးချိုရောဂါ အကြိုလက္ခဏာတွေကို ခံစားရစေနိုင်တဲ့ အဓိက အကြောင်းအရင်းတွေက။နောက်ထပ်တွေ့ရှိရတဲ့ အချက်အလက်တစ်ခုက ဆီးချိုရောဂါ ခံစားနေရသူ အများစုဟာ ဆီးချိုရောဂါနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတ မရှိကြတာပါ။ဆီးချိုရောဂါ လက္ခဏာဆိုတာကို မသိကြသလို ဆီးချိုဆိုတာကို နာမည်ပဲ ကြားဖူးတာမျိုးတွေပါ။ဆီးချိုဖြစ်ပွားမှုမြင့်တက်စေရတဲ့ အကြောင်းအရင်းတွေကို ရာခိုင်နှုန်း အတိအကျနဲ့ ပြောပြရမယ်ဆိုရင်။ဒီအချက်တွေအပြင် မြန်မာလူမျိုးအများစုက ထမင်းကို အဓိက အားထားစားတာ၊ အချို၊အငန်ကဲတဲ့ အစားအစားတွေကို နှစ်ခြိုက်တာတွေကလည်း ဆီးချိုဖြစ်နိုင်ခြေကို မြင့်တက်စေနေတာပါ။ဆီးချိုရောဂါ ခံစားရပြီဆိုရင် နောက်ဆက်တွဲ အနေနဲ့။ဒါ့ပြင် ဆီးချိုရောဂါနောက်ကနေ တခြားမကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်တဲ့ သွေးတိုးရောဂါ၊ လေဖြတ်တာတွေပါ လိုက်ဖြစ်နိုင်ပါသေးတယ်။ဆီးချိုက ကုသလို့ မပျောက်ပေမယ့် ကာကွယ်လို့ရသလို သေချာဂရုစိုက်ရင် သက်တမ်းစေ့နေလို့ရပါတယ်။ ဒီတော့ ဆီးချိုကြောင့် ထိခိုက်မှု မဖြစ်စေဖို့ဆိုရင်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/diabetes-in-myanmar/
လည်ချောင်းထဲမှာ တစ်ဆို့ဆို့ဖြစ် သလို ခံစားနေရပါသလား
လည်ချောင်းထဲမှာ ဘာမှမရှိပါဘဲနဲ့ တစ်ခုခုတစ်နေသလို၊ ကပ်နေသလို ခံစားရတာ ကြုံဖူးမှာပါ။ ဒါကို Globus pharyngeus လို့ ခေါ်ပါတယ်။ လည်ချောင်းထဲမှာ တစ်ဆို့ဆို့ဖြစ် သလို ခံစားရတာက အကြောင်းရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။လည်ပင်းထဲမှာ အစာရှိနေလို့ နင်နေတာမျိုး မဟုတ်ဘဲ ဘာမှမရှိပါဘဲနဲ့ တစ်ခုခုကပ်နေသလို၊ တစ်နေသလို ခံစားရတာပါ။ ဒီလက္ခဏာက အင်မတန်မှ အဖြစ်များပါတယ်။ များသောအားဖြင့်တော့ ကြီးကြီးမားမား စိုးရိမ်ရလောက်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။လည်ပင်းမှာ တစ်ဆို့ဆို့ ဖြစ်တာနဲ့အတူ။အများစုက အကြောင်းအရင်းမရှိဘဲနဲ့ကို ဖြစ်ကြတာပါ။ ဒါပေမယ့် ဒီလက္ခဏာကို စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုများတဲ့ သူတွေမှာ တွေ့ရတတ်ပါတယ်။ အထူးသဖြင့်တော့ သူတို့ရဲ့ ခံစားချက်ကို မျိုသိပ်ပြီး တစ်ယောက်တည်း စိတ်ဆင်းရဲနေတတ်တဲ့ သူတွေပေါ့။ဒုတိယတစ်ခုကတော့ GERD လို့ခေါ်တဲ့အစာအိမ်အက်ဆစ်တွေအစာရေမျိုပြွန်ထဲ ဆန်တက်လာတဲ့ ရောဂါပါ။ စားချဉ့်ရည်ပြန်တယ်လို့လည်း ခေါ်ကြပါတယ်။ အစာအိမ်ထဲမှာ ရှိရမယ့် အက်စစ်တွေက အစာရေမျိုပြွန်ထဲကို တက်လာတော့အစာရေမျိုကြွက်သားတွေက ညှစ်ချတဲ့အခါ တစ်စို့စို့ ခံစားရပါတယ်။ နောက်ပြီး အက်ဆစ်နဲ့အတူ အစာတွေပါ ပါလာမယ်ဆိုရင် လည်ပင်းမှာ တစ်ခုခုကပ်နေသလို ခံစားရတတ်ပါတယ်။ဒီနှစ်ခုကတော့ အဖြစ်များဆုံး အကြောင်းရင်းပါ။ တခြားအနေနဲ့။အရင်က ဘာမှမဖြစ်ပေမယ့် ခုတလောမှာ စိုးရိမ်စရာကိစ္စတွေ ရှိလို့ လည်ပင်းမှာ တစ်စို့စို့ ဖြစ်နေတာလားဆိုတာကို ကိုယ့်ဟာကို ဆန်းစစ်ဖို့ လိုပါတယ်။ဒါမှမဟုတ် ကိုယ့်မှာ အစာအိမ်နဲ့ ပတ်သက်တဲ့ တခြားလက္ခဏာတွေပါ (ဥပမာ ရင်ပူတာ၊ ဗိုက်အောင့်တာ) ရှိနေရင်တော့ GERDကြောင့် ဖြစ်ဖို့များပါတယ်။ နောက်ပြီး GERD ဖြစ်နိုင်ခြေများတဲ့ သူဆိုရင်လည်း ဒါကြောင့်ဖြစ်ဖို့ များပါတယ်။ GERD ဖြစ်နိုင်ခြေများတဲ့သူတွေက။နောက်ပြီး စိုးရိမ်ပူပန်တတ်ပြီး စိတ်ဖိစီးမှုများတဲ့သူတွေမှာလည်းGERDကပိုဆိုးတတ်ပါတယ်။အကြောင်းအရင်း တိတိကျကျ မရှိတဲ့အတွက် ကုသနည်းကလည်း တိတိကျကျ မရှိပါဘူး။ ဒါပေမယ့် အများစုမှာတော့ အလိုလိုပြန်ကောင်းသွားတတ်ပါတယ်။ သက်သာစေမယ့် နည်းလမ်းတချို့ကတော့။နောက်ပြီး ဒီလေ့ကျင့်ခန်းတွေလည်း လုပ်ကြည့်ပါ။ဘာကြောင့်ဖြစ်မှန်း မသိရင်တော့ ဒီနည်းလမ်းတွေက အသုံးဝင်ပါလိမ့်မယ်။တကယ်လို့ ကိုယ်က။စိတ်အေးအေးထားပါ။ တစ်ဆို့ဆို့ ဖြစ်နေတာကို စိုးရိမ်လေလေ ပိုပြီး ဆိုးလေလေ ဖြစ်မှာပါ။ ရောဂါရဲ့ သဘောသဘာဝကို နားလည်ထားပြီး စိတ်အေးအေးထားပါ။ စိတ်ဖိစီးမှုပြေပျောက်စေတဲ့ တရားထိုင်တာတို့၊ အသက်ရှူလေ့ကျင့်ခန်းတို့ လုပ်ပေးပါ။ မသက်သာဘူးဆိုရင်တော့ စိတ်ကျန်းမာရေးပညာရှင်နဲ့ ပြသပါ။အက်စစ်ပြယ်ဆေးတို့ (Antacids)၊ အစာအိမ်ဆေးတို့ (Proton pump inhibitors) သောက်ပေးလို့ရပါတယ်။ တစ်ချိန်တည်းမှာပဲ အစာအိမ်အက်ဆစ်ဆန်တက်တာကို ပိုဆိုးစေမယ့် ဆေးလိပ်သောက်တာတို့၊ အရက်သောက်တာတို့၊ အပူအစပ်နဲ့ ဆီကြော်တွေကို ရှောင်ဖို့ လိုပါတယ်။ဆရာဝန်နဲ့ပြသသင့်တဲ့အခြေအနေ။များသောအားဖြင့်တော့ လည်ပင်းမှာ တစ်ဆို့ဆို့ဖြစ် တာက ကြီးမားတဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပါဘူး။ အလိုလိုလည်း သက်သာသလို၊ ရောဂါသိရင် ဆေးဝါးတွေနဲ့လည်း သက်သာအောင် လုပ်လို့ ရပါတယ်။ ဒါပေမယ့်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gerd/globus-pharyngeus-causes/
Primary Biliary Cirrhosis (သည်းခြေပြွန်ခြောက်ခြင်း)
အသည်းမှထုတ်သောအရည်တစ်မျိုးဖြစ်သည့် သည်းခြေရည်သည် အစာခြေရာတွင် အဓိကကျပြီး သေဆုံးသော သွေးနီဥများ၊ ကိုလက်စ်ထရောနှင့် အဆိပ်များကိုဖယ်ထုတ်ရန် အရေးပါသည်။ သည်းခြေပြွန်ခြောက်ခြင်းကို PBC ဟုအတိုခေါ်ပြီး အသည်းမှ သည်းခြေပြွန်လေးများ တဖြည်းဖြည်း ပျက်စီးလာသောရောဂါဖြစ်သည်။သည်းခြေပြွန်များ ပျက်စီးသည့်အခါတွင် အန္တရာယ်ဖြစ်စေသောပစ္စည်းများ အသည်းထဲ၌စုလာပြီး တခြားတစ်ရံတွင် ပြန်မကောင်းနိုင်တော့အောင် အသည်းတစ်ရှူးများ အမာရွတ်ဖြစ်သွားနိုင်ပါသည်။ (အသည်းခြောက်ခြင်း)။ဒီရောဂါသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။သည်းခြေပြွန်ခြောက်ခြင်းကိုအတည်ပြုပြီးသော်လည်း နှစ်များစွာကြာသည်အထိ လက္ခဏာပြတတ်သည်မဟုတ်ပါ။ ဖြစ်လာနိုင်သော အစောပိုင်းအဆင့်လက္ခဏာများမှာ –။နောက်ပိုင်းအဆင့် လက္ခဏာများမှာ –။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။သည်းခြေပြွန်ခြောက်ခြင်းဖြစ်ရသည့်အကြောင်းရင်းအား ရှင်းရှင်းလင်းလင်းမသိရပါ။ ကျွမ်းကျင်သူများက သည်းခြေပြွန်ခြောက်ခြင်းသည် ကိုယ်ခံအားမှပြန်တိုက်သောရောဂါတစ်ခုအဖြစ် ယူဆကြ၏။သည်းခြေပြွန်ခြောက်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။မျိုးရိုးအချက်အလက်နှင့်တွဲလျက် ပတ်ဝန်းကျင် အချက်အလက်များက အသားပေးလာသည့်အခါ သည်းခြေပြွန်ခြောက်ခြင်းဖြစ်လာသည်ဟု သုတေသီများက ထင်ကြ၏။ ထိုပတ်ဝန်းကျင်အချက်အလက်များမှာ –။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပထမဆုံးအနေဖြင့် ဆရာဝန်မှ သင်နှင့်သင့်မိသားစု၏ ရောဂါရာဇဝင်များကို မေးမြန်းကာ စမ်းသပ်ပါလိမ့်မည်။အောက်ပါစစ်ဆေးမှုများက သည်းခြေပြွန်ခြောက်ခြင်းကို အတည်ပြုရာတွင် အသုံးပြုနိုင်ပါသည်။ဓါတ်ခွဲစစ်ဆေးခြင်းများ။ပုံရိပ်ဖော်ခြင်းများ။ရောဂါအမည်တိတိကျကျမပြောနိုင်သေးပါက ဆရာဝန်သည် အသည်းစနမူနာယူပါလိမ့်မည်။ အသည်းတစ်ရှူးနမူနာကိုယူကာ ဓါတ်ခွဲခန်းတွင် စစ်ဆေးပါလိမ့်မည်။ ထိုမှ ရောဂါအမည်ဖြစ်ဖြစ် ရောဂါအဆင့်ကိုဖြစ်ဖြစ် အတည်ပြုမည်ဖြစ်သည်။သည်းခြေပြွန်ခြောက်ခြင်းအတွက် အရှင်းပျောက်အောင် မကုသနိုင်သေးသောကြောင့် ကုသမှုများကို ရောဂါရှေ့ဆက်မတိုးရန်၊ လက္ခဏာများကို သက်သာစေရန်နှင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန်တို့တွင် အားစိုက်ရ၏။ရောဂါကိုနှေးစေကာ အသက်ကိုဆွဲဆန့်နိုင်မည့် ကုသမှုများမှာ –။ဆရာဝန်မှ သည်းခြေပြွန်ခြောက်ခြင်း လက္ခဏာများကို ထိန်းချုပ်ပြီး သင့်အတွက် သက်တောင့်သက်သာ ရှိနေစေရန် တစ်ချို့ကုသမှုများကို လမ်းညွှန်ပါလိမ့်မည်။ ကုထုံးများသည် အဖြစ်များဆုံး လက္ခဏာများကို ထိန်းချုပ်ပေးပါလိမ့်မည်။သင်ရော သင့်ဆရာဝန်ရော အတူပူပေါင်းခြင်းဖြင့် တစ်ချို့သော နောက်ဆက်တွဲပြဿနာများကိုပါ ကာကွယ်နိုင်ပါလိမ့်မည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကသည်းခြေပြွန်ခြောက်ခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် သည်းခြေပြွန်ခြောက်ခြင်းကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gallbladder-disease/primary-biliary-cirrhosis-%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%b1%e1%80%95%e1%80%bc%e1%80%bd%e1%80%94%e1%80%ba%e1%80%81%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%bc/
null
null
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/interstitial-lung-disease-%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%b9%e1%81%be%e1%80%80%e1%80%ac%e1%80%b8%e1%80%81%e1%80%b6%e1%80%94%e1%80%9a%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
လိင်စိတ်ဆန္ဒလွန်ကဲခြင်းရောဂါ (nymphomania)
လိင်စိတ်ဆန္ဒလွန်ကဲခြင်းရောဂါ (nymphomania) အကြောင်းလေး လေ့လာလိုက်ရအောင်နော်။လိင်စိတ်ဆန္ဒလွန်ကဲခြင်းရောဂါ (nymphomania) ဆိုတာ လိင်စိတ်ဆန္ဒပြင်းပြမှုလွန်ကဲတဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတစ်ခုဖြစ်ပါတယ်။ လိင်စိတ်လွန်ကဲမှုဆိုတာ ကိုယ်တိုင် သာယာမှုမရှိဘဲ၊ ထိန်းချုပ်လို့မရနိုင်ဘဲ ၊ကိုယ်တိုင်မလိုလားဘဲ အကြိမ်ကြိမ်ပြုလုပ်မိနေတဲ့ အပြုအမူတွေဖြစ်ပါတယ်။Nymphomania ဖြစ်နေတဲ့သူတွေဟာ အလိုလိုဖြစ်လာတဲ့အာသာဆန္ဒပြင်းပြမှုကိုဖြေဖျောက်ဖို့လိင်ဆက်ဆံဖော်များခြင်း(promiscuity) လိုမျိုး ရောဂါအန္တရာယ်များတဲ့လုပ်ရပ်တွေလုပ်မိတတ်ပါတယ်။ဒီရောဂါဟာ အရွယ်ရောက်ပြီးသူတိုင်းမှာ ဖြစ်နိုင်သလို သူ့ရဲ့လက္ခဏာတွေက လိင်ကိစ္စအပြုအမူတွေအပြင် စဉ်းစားတွေးခေါ်နိုင်စွမ်းမှာပြဿနာရှိလာခြင်း၊ မလိုလားအပ်တဲ့ အတွေးတွေအကြိမ်ကြိမ်ဖြစ်ပေါ်လာခြင်း(စိတ်စွဲလမ်းခြင်း)၊ ရှက်စိတ်၊အပြစ်ရှိစိတ်နဲ့ ချို့ယွင်းချက်ရှိသလို ခံစားနေရခြင်းတို့ပါဝင်ပါတယ်။nymphomania ဖြစ်ရတဲ့ အဓိကအကြောင်းရင်းကိုတော့ အတိအကျမသိရသေးပါဘူး။ တခြားစိတ်ရောဂါဝေဒနာတွေလိုပဲnymphomania ဟာ ပတ်ဝန်းကျင်၊ မျိုးရိုးအခံ၊ဘဝအနေအထား စတဲ့အချက်တွေရဲ့ ရလဒ်အဖြစ် ခံစားလာရတတ်ပါတယ်။ စိတ်ခံစားမှုနဲ့သက်ဆိုင်တဲ့serotonin, dopamine နဲ့ norepinephrine လို ဦးနှောက်တွင်း neurotransmittersတွေမညီမျှမှု၊ ဦးနှောက်ကို ထိခိုက်စေတဲ့ရောဂါတချို့၊ ဦးနှောက်ရဲ့ အာရုံကြောဆဲလ်လှုပ်ရှားမှုလမ်းကြောင်း( neural circuits)မှာ အပြောင်းအလဲဖြစ်ခြင်းတို့ကလည်းnymphomania အကြောင်းရင်းထဲမှာပါဝင်နိုင်ပါတယ်။nymphomania ရဲ့အဓိကလက္ခဏာကတော့ လိင်မှုကိစ္စအာသာဆန္ဒပြင်းပြမှုဖြစ်ပါတယ်။ ဒီရောဂါက တခြားအာသာဆန္ဒပြင်းပြနေတဲ့ စွဲလမ်းမှုပြဿနာတွေ ဒါမှမဟုတ် တခြားစိတ်ဝေဒနာတွေရဲ့လက္ခဏာတွေနဲ့အတူဖြစ်လာနိုင်ပါတယ်။nymphomania လက္ခဏာတွေကိုနေ့တိုင်း သို့မဟုတ် ခဏကြာတိုင်းတစ်ကြိမ်ဖြစ်လာတတ်ပါတယ်။တစ်ခါတစ်ရံမှာ လက္ခဏာတွေက ပိုဆိုးရွားလာနိုင်ပါတယ် –။တချို့တွေမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမျိုးတွေ ဖြစ်လာစေတတ်ပါတယ်။အောက်ပါအချက်တွေထဲက တစ်ခုခုဖြစ်လာခဲ့ရင် ချက်ချင်းကုသမှုခံယူသင့်ပါတယ်။nymphomania အတွက်ပျောက်ကင်းနိုင်တဲ့ဆေးမရှိပေမယ့်အောက်ပါကုထုံးတွေ သုံးလေ့ရှိပါတယ် –။တခြားကုထုံးတွေကတော့ –။nymphomania ကို မကုသရင် ဒါမှမဟုတ် မထိန်းချုပ်နိုင်တော့ရင် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေက ဆိုးရွားလာနိုင်ပါတယ်။ ကျွမ်းကျင်သူတစ်ဦးဦးရဲ့ ကုသစောင့်ရှောက်မှုကိုခံယူပြီး ကိုယ်တိုင်လိုက်နာရင်းနဲ့ အောက်ပါဆိုးကျိုး အန္တရာယ်တွေကိုလျှော့ချနိုင်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/about-nymphomania/
မိဘတွေ သိထားသင့်တဲ့ ကလေးတွေအတွက် ဗီဒီယိုဂိမ်း ပေးဆော့နည်း လမ်းညွှန်
ဒီကနေ့ခေတ်မှာဗီဒီယိုဂိမ်းတွေဟာ အသက်အရွယ်မရွေး လူအတော်များများနဲ့ မကင်းကွာတော့တဲ့ အရာတွေဖြစ်ပါတယ်။လူအတော်များများဟာ Console၊ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ တက်ဘလက်စတဲ့ အီလက်ထရွန်နစ် ထုတ်ကုန်မျိုးစုံကနေ ဗီဒီယိုဂိမ်းဆော့ကစားနေကြပြီဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ ဗီဒီယိုဂိမ်းဆော့ကစားသူပေါင်း ၁.၂ ဘီလီယံတောင်ရှိပါတယ်။ ကမ္ဘာ့လူဦးရေက ၇.၆ ဘီလီယံသာရှိတာမို့ ကမ္ဘာ့လူဦးရေရဲ့ ၁၆% ဟာ ဂိမ်းဆော့ကစားကြတယ်ဆိုတဲ့ သဘောပါ။ခုနောက်ပိုင်းကာလတွေမှာလူငယ်အများစုဟာ ဂိမ်းကစားခြင်းကို နေ့စဉ်ပုံမှန်ပြုလုပ်နေကျ လုပ်ငန်းဆောင်တာတစ်ခုလို ပြုလုပ်နေကြပြီး အချို့လူငယ်တွေဟာဆိုရင် စွဲလမ်းတဲ့အဆင့်ကို ရောက်ရှိနေကြပါပြီ။ဒါဟာ ကောင်းမွန်တဲ့လက္ခဏာတော့မဟုတ်ပါဘူး။ ဂိမ်းကို စွဲလမ်းလွန်းလာတဲ့အခါဘေးထွက်ဆိုးကျိုးတစ်ချို့ဖြစ်ပေါ်လာပါတယ်။ ဒါတွေကတော့။ဂိမ်းကို အလွန်အကျွံကစားတဲ့အခါ မိမိတို့ရဲ့ ပင်ကိုယ်မူလပုံစံနဲ့ မတူကွဲပြားစွာ ပြုမူလာနိုင်ပါတယ်။ အေးအေးနေတတ်တဲ့ ကလေးတစ်ယောက်ဟာ ရန်လိုကြမ်းတမ်းလာနိုင်သလို ရှက်ကြောက်တတ်တဲ့ ကလေးတစ်ယောက်ဟာလည်း အပေါင်းအသင်းမက်လာနိုင်ပါတယ်။ကိုယ့်ရဲ့ ရင်သွေးဟာ ဒီလို ဗီဒီယိုဂိမ်းတွေကို စွဲလမ်းနေတတ်သူတစ်ယောက်ဖြစ်လာပြီဆိုရင် မိဘတွေအတွက် ရင်ပူစရာနေ့ရက်တွေစတင်လာပါတော့တယ်။ ဒီပြဿနာကို အဖြေရှာဖို့၊ ရင်သွေးနဲ့ ဆက်ဆံရေးအဆင်ပြေဖို့၊ အလွန်အမင်း ဆူပူကြိမ်းမောင်းမှုတွေ မလုပ်မိဖို့ လိုအပ်ပါတယ်။ဗီဒီယိုဂိမ်းတွေဟာ အမြဲတစေ ဘေးထွက်ဆိုးကျိုးတွေနဲ့ စွဲလမ်းမှုတွေချည်း ပေးနိုင်တဲ့အရာတွေတော့မဟုတ်ပါဘူး။ ဒါကြောင့်လည်း တချို့သော ကျန်းမာရေးကုထုံးတွေမှာ ဗီဒီယိုဂိမ်းတွေကို ထည့်သွင်းအသုံးချလာကြတာဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ အားကစားနည်းတစ်မျိုးလည်းဖြစ်လာတာဖြစ်ပါတယ်။ဗီဒီယိုဂိမ်းတွေကို အလွန်အကျွံသဘောမဆောင်ပဲ ပုံမှန်တကျနဲ့ စည်းနဲ့ဘောင်နဲ့ ဆော့ကစားမယ်ဆိုရင် …။သက်ကြီးရွယ်အိုတွေနဲ့သက်ဆိုင်တဲ့ မှတ်ဉာဏ်ဆိုင်ရာရောဂါတွေကို ဗီဒီယိုဂိမ်းနဲ့ ကုသနိုင်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာမှာ လူငယ်တွေ ဗီဒီယိုဂိမ်းအသုံးပြုမှုကို ပိတ်ပင်တာထက် အကျိုးရှိအောင် ထိန်းကြောင်းလမ်းပြပေးတာက ရလဒ်ကောင်းပိုထွက်လာစေတယ်လို့ မှတ်ယူထားကြတာပါ။မြန်မာပြည်မှာတော့ ဗီဒီယိုဂိမ်းဆော့တာဟာ မကောင်းဘူးဆိုတဲ့ တစ်ဖက်သက်အမြင်ရှိတဲ့ မိဘတချို့ရှိနေကြဆဲပါ။ ယခင်ကာလတွေကထက် နည်းပါးသွားပေမယ့်လည်း အတန်အသင့်တော့ ရှိနေပါသေးတယ်။တစ်ခြားတစ်ဖက်မှာလည်း ကလေးငြိမ်နေရင်ပြီးရော လက်ထဲဖုန်းထည့်ပေးထားမယ်ဆိုတဲ့ မိဘတစ်ချို့ကလည်း ရှိနေပြန်ပါတယ်။ အမေရိကမှာဆို ကလေး ၉၀% လောက်က ဂိမ်းဆော့ကြပါတယ်။ မိဘ ၂၉% လောက်လည်း ဂိမ်းဆော့ကြပါသေးတယ်။တကယ်တော့ လူကြီးဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ် ဗီဒီယိုဂိမ်းဆော့ကစားခိုင်းတော့မယ်ဆိုရင် နည်းလမ်းတကျ ဆော့ကစားခိုင်းဖို့ လိုအပ်ပါတယ်။ အသက်အရွယ်အလိုက် ဘယ်လိုဆော့ကစားခိုင်းသင့်လဲဆိုတာကို ကျွမ်းကျင်သူတွေက လမ်းညွှန်ထားတာတွေ ရှိပါတယ်။ဗီဒီယိုဂိမ်းတွေဟာ လူလုပ်ထုတ်ကုန်တွေသာဖြစ်ပါတယ်။ အသုံးချသူတွေဟာလည်း လူတွေကိုယ်တိုင်ပါပဲ။ ဒါကြောင့် ကောင်းခြင်းဆိုခြင်းကို ပြောဆိုကြရာမှာ အသုံးချသူတွေရဲ့ အပြုအမူနဲ့ အထိန်းအကွပ်တွေကသာ အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။ဘယ်အသက်အရွယ်မှာမဆို ရင်သွေးတွေ၊ ကလေးတွေ ဗီဒီယိုဂိမ်းဆော့ကစားတာနဲ့ ပတ်သက်ပြီး မလျော့မတင်း စည်းကမ်းတွေချမှတ်ပြီး စနစ်တကျ ဆော့ကစားစေတာက သူတို့အတွက် အကျိုးဖြစ်ထွန်းစေပါလိမ့်မယ်။အရမ်းတင်းကျပ်လွန်းတာနဲ့ မဆင်မခြင်လွှတ်ထားတာမျိုးကတော့ ဆိုးကျိုးတွေကိုသာ ယူဆောင်လာပေးမှာဖြစ်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-milestones/video-game-survival-guide-parents-kids/
null
null
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/childs-growth/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/suicide-prevention/%e1%80%9e%e1%80%90%e1%80%ba%e1%80%9e%e1%80%b1%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%90%e1%80%bd%e1%80%94%e1%80%ba%e1%80%b8%e1%80%a1/
null
null
health
health
https://hellosayarwon.com/health/%e1%80%9e%e1%80%90%e1%80%ad%e1%80%91%e1%80%ac%e1%80%b8%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%97%e1%80%ae%e1%80%90%e1%80%ac%e1%80%99%e1%80%84%e1%80%ba-%e1%80%92%e1%80%ae/
null
null
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/preventions-of-diabetes-complications/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/ketamine-abuse/
null
null
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba-%e1%81%84%e1%81%80-%e1%80%95%e1%80%bc%e1%80%8a%e1%80%b7%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac%e1%80%a1%e1%80%81%e1%80%ab%e1%80%9c%e1%80%b1%e1%80%b7%e1%80%80%e1%80%bb/
null
null
health
health
https://hellosayarwon.com/health/general-health-knowledge/how-to-stop-steroid-medicines/
ကျန်းမာထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ကြမယ်
ကျန်းမာထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ကြမယ် …… ပြိုင်ဆိုင်မှုတွေများလာတဲ့ ခေတ်ကာလ အခြေအနေအရ မိဘတိုင်းဟာ သူတို့ရဲ့ ကလေးဉာဏ်ရည်ထက်မြက်မှု မရှိမှာ၊ ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုး မလာမှာ၊ မကျန်းမာမှာကို စိုးရိမ်တတ်ကြပါတယ်။ ကလေးတွေကောင်းမွန်စွာကြီးပြင်းလာဖို့အတွက် မိဘတွေရဲ့ ဂရုစိုက်မှုတွေ အများကြီးလိုအပ်ပါတယ်။  အခုတစ်ခေါက်တော့မေမေတိုင်းအတွက် လက်တွေ့အသုံးတည့်စေမယ့် ကျန်းမာထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်အောင်ပျိုးထောင်နည်းတွေကို ပြောပြပေးသွားပါမယ်။ကိုယ့်ရဲ့ ကလေးကို ကျန်းမာထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ် ပျိုးထောင်တော့မယ်ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြုပြင်ရပါမယ်။ ဒါကတော့။ကလေးကို ကျန်းမာထက်မြက်စွာနဲ့ ကြီးပြင်းလာစေချင်တဲ့မေမေတိုင်းရဲ့ ဆန္ဒပြည့်ဝစေဖို့ဆိုရင် ကလေးကို ငယ်စဉ်အချိန်ကစလို့ အသက် ၅ နှစ်တာ ကာလအတွင်းမှာ ဒီအချက်လေးတွေကို လက်တွေ့လုပ်ဆောင်ပြီး ပျိုးထောင်လိုက်ပါ။ကျန်းမာထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ဆိုရင် –။(၁)အချိန်ပေးလို့ စကားပြောပါ။ကလေးတစ်ယောက် ဆက်ဆံရေး ကောင်းဖို့ဉာဏ်ရည်ထက်မြက်ဖို့ဆိုရင် ဘာသာစကားစွမ်းရည် ကောင်းဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ ကလေးကို ငယ်စဉ်ကတည်းက သူပြောချင်တာလေးတွေကို နားထောင်ပေးတာမျိုး လုပ်ပေးပါ။ ကလေးကို ဘာတွေလုပ်တယ်၊ ဘာတွေစားတယ်၊ ဘယ်လိုတွေဆော့တယ်၊ ဘယ်သူတွေနဲ့ တွေ့တယ်ဆိုတာမျိုးလေးတွေကို အပြန်အလှန် မေးမြန်းပြောဆိုတာတွေ လုပ်ပေးပါ။ဒီလိုလုပ်ပေးတာက ကလေးကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေနိုင်သလို ဆက်ဆံပြောဆိုနိုင်မှု စွမ်းရည် တိုးတက်စေမှာပါ။(၂)ပြဿနာတွေ ဖြေရှင်းတတ်အောင် သင်ကြားပေးပါ။ကလေးကို သူကိုယ်တိုင် ဖြေရှင်းနိုင်လောက်မယ့် ကိစ္စလေးတွေဆိုရင် ဘေးကနေ ပံ့ပိုးပေးတာလောက်ပဲ လုပ်လို့ ကိုယ်တိုင်ဖြေရှင်းခွင့် ပေးပါ။ ကလေးတစ်ယောက်အနေနဲ့ ပြဿနာ အကုန်လုံးကို ဖြေရှင်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် လုံးဝ မိဘအပေါ်လုံးဝ မှီခိုနေတာမျိုး မဖြစ်စေဖို့ သတိပြုပါ။ဥပမာ အတုံးလေးတွေ ဆက်တာမျိုး၊ တွက်ချက်အဖြေထုတ်ရတဲ့ ပဟေဠိမျိုးပေါ့။ ဒီလိုလုပ်ဆောင်ပေးတာက ကလေးရဲ့ ဦးနှောက်ကို လှုံ့ဆော်ပေးရာရောက်သလို ကလေးရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ပေးရာလည်း ရောက်ပါတယ်။ ပြဿနာကို အကောင်းဆုံး အ​ဖြေထုတ်လိုက်နိုင်တိုင်း ကလေးက ယုံကြည်မှုလည်းတိုးလာနိုင်ပါတယ်။(၃)ကလေးကို စကားလုံးတွေ၊ဂဏန်းတွေစောစောသင်ပေးထားပါ။ကလေးကို စကားလုံးတွေ၊ ဂဏန်းတွေ သင်ပေးဖို့ ကျောင်းနေအရွယ်အထိ စောင့်မနေပါနဲ့။ စကားစပြောနိုင်ပြီ၊ မှတ်ဉာဏ်ကို စတင်တည်ဆောက်ပြီဆိုတဲ့ အချိန်ကတည်းက ဂဏန်းတွေ (၁၊ ၂၊ ၃၊ ၄၊ ၅ စသဖြင့်ပေါ့) သင်ပေးပါ။ ဂဏန်းတွေကို ဒီအတိုင်းမသင်ချင်ရင် မုန့်လေးတွေ၊ အရုပ်လေးတွေနဲ့ တစ်ခု၊ နှစ်ခု၊ သုံးခု ဆိုပြီး သင်လို့ရပါသေးတယ်။နောက်သင်လို့ရတာတစ်ခုက တိရစ္ဆာန်လေးတွေ၊ အရာဝတ္ထုလေးတွေရဲ့ နာမည်ပါ။ ဥပမာ c-o-w (cow) နွား ဆိုတာမျိုး၊ e-l-e-p-h-a-n-t (elephant) ဆင်ကြီးဆိုတာမျိုးကို ကစားစရာအရုပ်လေးတွေ ကိုင်ရင်းဖြစ်ဖြစ် ရုပ်ပုံကားချပ်ကို ပြရင်းဖြစ်ဖြစ် သင်ပေးပါ။ ကလေးက စာလုံးပေါင်းတွေကို မမှတ်နိုင်သေးရင်တောင် အသံထွက်နဲ့ အရာဝတ္ထုတွေ၊ တိရစ္ဆာန်လေးတွေကို တွဲမှတ်မိနေမှာပါ။(၄)သီချင်း ပေးနားထောင်ပါ။လေ့လာမှုတွေအရ ကလေးတွေကို သီချင်း နားထောင်စေတာက မှတ်ဉာဏ်ကောင်းစေသလို၊အာရုံစူးစိုက်နိုင်စွမ်း၊ သင်ယူနိုင်စွမ်းကောင်းစေပြီး စိတ်အားထက်သန်စေတယ်လို့ သိရပါတယ်။ သီချင်းနားထောင်တာက ကလေးရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။(၅)အာဟာရပြည့်ဝအောင် ကျွေးပါ။ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်နေဖို့က လုံလောက်တဲ့ အာဟာရကို ရရှိဖို့လည်း လိုပါမယ်။ ဒါကြောင့် ကလေးနေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ကလေးရဲ့ ဉာဏ်ရည်၊ ကိုယ်ခံအား နဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုပေးမယ့် အာဟာရဓာတ်တွဖြစ်တဲ့ ပရိုတင်း၊  အကျိုးပြု ဘက်တီးရီးယားအာဟာရ (Prebiotics)၊ ဇင့်ဓာတ်၊ ဗီတာမင် A ၊ ဗီတာမင် E၊ Dual Fiber၊ သတ္တုဓာတ်တွေ၊ သံဓာတ်၊ နဲ့DHA(Omega-3 fatty acids) တို့ လုံလောက်ပြည့်ဝစွာ ပါဝင်စေဖို့လိုပါမယ်။ဒါကြောင့် ကလေးကို နေ့စဉ် ထမင်း၊ ကြက်သား၊ အဆီမပါတဲ့ အနီရောင်အသား၊ ပန်းဂေါ်ဖီစိမ်း၊ ဆယ်လ်မွန်ငါး၊ ပဲနီလေး၊ ဥအမျိုးမျိုး၊ အစိမ်းရောင် ဟင်းသီးဟင်း ရွက်တွေ၊ သစ်သီးတွေ၊ အခွံမာသီး နဲ့ အစေ့အဆန်လိုမျိုး စားစရာတွေ ပြင်ဆင်ကျွေးမွေးသင့်ပါတယ်။ ဒါ့အပြင် ဖော်မြူလာနို့တွေမှာလည်း ကလေးရဲ့ကြီးထွားမှုကို အထောက်အကူပြုနိုင်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံစွာပါတဲ့အတွက် နေ့စဉ် ကလေးရဲ့စားသောက်မှုပုံစံထဲမှာ ပါဝင်ဖို့ သင့်လျော်ပါတယ်။(၆)စာအုပ် အတူတူဖတ်ပါ။စာဖတ်တာက စဉ်းစားဉာဏ်ကို ရင့်သန်စေပါတယ်။ သင်ယူလေ့လာနေဆဲ ကလေးတစ်ယောက်အတွက် အတွေးသစ်၊ စိတ်ကူးသစ်တွေကို ပေးစွမ်းနိုင်မယ့် အရာတစ်ခုပါ။ ကလေးက စာမဖတ်နိုင်သေးရင်တောင် မေမေက ဘေးကထိုင်လို့ ဖတ်ပြပါ။ ကလေး စိတ်ဝင်စားလောက်မယ့် အရောင်တောက်တောက် အရုပ်လှလှလေးတွေ ပါတဲ့ ပုံပြင်စာအုပ်၊ ကလေးပညာပေး ရုပ်ပြစာအုပ်တွေက ကလေးကို ဉာဏ်ရည်ထက်မြက်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးမှာပါ။ငယ်စဉ်ကတည်းကစာဖတ်ဝါသနာပါအောင်ပျိုးထောင်ပေးတာက ဉာဏ်ရည်ထက်မြက်စွာနဲ့ အရွယ်ရောက် ကြီးပြင်းလာစေဖို့ မျိုးစေ့ချလိုက်တာပါ။ ကလေးကို တစ်နေ့ကို ၁၅ မိနစ်ကနေ နာရီဝက်လောက်အထိ စာဖတ်ပြတဲ့ အလေ့အထလေး ပျိုးထောင်ပါ။(၇)အခြားကလေးတွေနဲ့ အတူဆော့ကစားစေပါ။ပြေးလွှားဆော့ကစားတာက ကလေးကို ကျန်းမာသန်စွမ်းစေပါတယ်။ ဒီလိုဆော့ကစားတာကဦးနှောက်ဆဲလ်တွေဖြစ်ပေါ်မှုကို ထောက်ပံ့ပေးသလို ဦးနှောက်တွင်း သွေးစီးဆင်းရောက်ရှိမှု ကောင်းစေတာကြောင့်စိတ်ပိုင်းဆိုင်ရာကျန်းမာစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ကလေးကို ရွယ်တူကလေးတွေနဲ့ တက်တက်ကြွကြွ ပေးကစားခြင်းက တာဝန်သိစိတ် တိုးစေပြီး အဖွဲ့လိုက် လှုပ်ရှားမှုစွမ်းရည် ကောင်းစေသလို အချိန် စီမံခန့်ခွဲနိုင်မှုလည်း ကောင်းစေမှာပါ။မေမေတို့ရဲ့ချစ်ခြင်းမေတ္တာဂရုစိုက်မှုတို့ကို ဒီအချက်လေးတွေနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် သားသားမီးမီးတို့က ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာတဲ့ ကလေးတွေအဖြစ် ကြီးပြင်းလာမှာ အသေအချာပါ။ အရိပ်တကြည့်ကြည့် ပျိုးထောင်လာရတဲ့ သားသားမီးမီးတို့ကို ပြီးပြည့်တဲ့ ဖွံဖြိုးမှု ရရှိအောင် ပျိုးထောင်နိုင်တဲ့ လက်တစ်စုံ ဖြစ်ပါစေ မေမေတို့ရေ……………….။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-growth-development/parenting-tips-on-how-to-raise-a-smart-child/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%81%e1%80%bd%e1%80%84%e1%80%b7%e1%80%ba%e1%80%9c%e1%80%bd%e1%80%be%e1%80%90%e1%80%ba%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%80/
null
null
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/how-to-inject-insulin/
ဝမ်းချုပ်မှု ကင်းဝေးစေမယ့် အလေ့အထများ
ဝမ်းချုပ်တာက လူတော်တော်များများ ကြုံဖူးကြတဲ့ကျန်းမာရေး ပြဿနာပါ။ ဘယ်လောက်ထိ အဖြစ်များလဲဆိုရင် လူ ၅ ဦးမှာ ၁ ဦးလောက်က နာတာရှည်ဝမ်းချုပ်တာနဲ့ ရင်ဆိုင်နေရပါတယ်။ အမျိုးသမီးတွေမှာဆိုရင် အသက်ကြီးလာလေလေ ဝမ်းချုပ်မှု အဖြစ်များလာလေလေပါ။ဝမ်းချုပ်တာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ နေ့စဉ် စားသောက်မှုတွေ၊ နေထိုင်မှုပုံစံတွေ အားလုံးက ဝမ်းချုပ်မှု အပေါ်မှာ သက်ရောက်နေပါတယ်။ ဒီတော့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ဝမ်းမှန်စေဖို့ဆိုရင် ဘယ်လိုအချက်တွေကို ဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကဲ …. ဝမ်းချုပ်မှု ကင်းဝေးစေမယ့် အလေ့အထများ အကြောင်း လေ့လာလိုက်ရအောင်နော်။လူတော်တော်များများ လက်ခံယူဆထားကြတာ တစ်နေ့တစ်ခါ ဝမ်းမသွားတာလို့ပေါ့။ တကယ်ကတော့ ဝမ်းချုပ်တယ်ဆိုတာက နေ့တိုင်း ဝမ်းမသွားတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ နောက်ပြီး ဝမ်းချုပ်တာကို ဒီအချက် တစ်ခုတည်းနဲ့ သတ်မှတ်လို့ မရပါဘူး။ ဒီအခြေအနေတွေကို ကြည့်ပြီးမှ ဝမ်းချုပ်တယ်လို့ ပြောနိုင်တာပါ။ဝမ်းချုပ်တဲ့အခါ အခြေအနေ ပြင်းထန်မှုကို လိုက်ပြီး ဗိုက်အောင့်တာ၊ လေထိုးလေအောင့်တာတွေ ခံစားရနိုင်ပါတယ်။ ဝမ်းချုပ်တာက အရမ်းပြင်းထန်လာမယ်ဆိုရင်တော့။နေ့စဉ်နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလိုက်တာက ဝမ်းချုပ်မှု ကင်းဝေးစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဝမ်းချုပ်မှု ကင်းဝေးစေမယ့် အလေ့အထများ ကတော့။အမျှင်ဓာတ်တွေကအစာခြေစနစ် ကျန်းမာစေဖို့ထောက်ကူပေးပါတယ်။ အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးပါတယ်။ နေ့စဉ် စားသုံးမှုမှာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ နှံစားသီးနှံတွေ စားပေးပါ။တကယ်လို့ လေထိုးလေအောင့် မဖြစ်စေဖို့ဆိုရင်fructose ကြွယ်ဝတဲ့ အသီးတွေဖြစ်တဲ့ ပန်းသီး၊ သစ်တော်သီး၊ ဖရဲသီး စတာတွေကို လျှော့စားပါ။နေ့စဉ် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေပြီးအူမကြီးကို ကျန်းမာစေသလို ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးပါတယ်။ ဒါကြောင့် လမ်းလျှောက်တာ၊ Gym ဆော့တာ၊ ယောဂ နဲ့ ထိုက်ချိလိုမျိုး ကိုယ်လက်လေ့ကျင့်ခန်းတွေကို ပုံမှန် လုပ်ဆောင်ပေးပါ။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် လုပ်ဆောင်ပေးတာက ဝမ်းပျော့ပျော့သွားနိုင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။ လေ့ကျင့်ခန်း မလုပ်နိုင်ဘူးဆိုရင်တောင် အထိုင်မများအောင်နေပါ။ လမ်းလျှောက်ပါ။ကျန်းမာစေဖို့ဆိုရင် တစ်နေ့ကို ရေ ၈ ခွက် သောက်ရမယ်လို့ ပြောကြပါတယ်။ ဒီလို ရေသောက်တာက အသားအရေကို ကျန်းမာစေသလို ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေပြီး အူမကြီးနဲ့ အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေသလို ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးပါတယ်။ ဒါကြောင့် ဝမ်းချုပ်မှု ကင်းပြီး ဝမ်းမှန်စေဖို့ဆိုရင်တော့ တစ်နေ့တာကို ရေလုံလောက်အောင် သောက်ပေးပါ။ရေများများ သောက်ပေးတာနဲ့အတူ ကဖင်းပါတဲ့ သောက်စရာတွေကို ရှောင်ဖို့ လိုပါမယ်။ဝမ်းသွားချင်ရင် အောင့်ထားတာကဝမ်းချုပ်စေတဲ့ အလေ့အထပါ။ ဒါကြောင့် ဝမ်းချုပ်တာကို ကင်းဝေးချင်တယ်ဆိုရင်တော့ ဝမ်းသွားချင်ရင် အောင့်မထားပါနဲ့။ ဝမ်းသွားချင်လာပြီဆိုရင် ရေအိမ် ချက်ချင်းသွားပါ။ မလွယ်ကူတဲ့ အခြေအနေတွေကလွဲရင်ပေါ့။နို့သကြားဓာတ် မစုပ်ယူနိုင်သူတွေအနေနဲ့ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ စားတဲ့အခါ အူလမ်းကြောင်းတွေရဲ့ လှုပ်ရှားမှုကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။ ဒီလို နို့သကြားဓာတ် မစုပ်ယူနိုင်တာက ကလေးတွေမှာရော လူကြီးတွေမှာပါ ဖြစ်နိုင်ပါတယ်။နွားနို့မှာပါတဲ့ ပရိုတင်းက ဝမ်းချုပ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်က ဝမ်းချုပ်တတ်တယ်ဆို နေ့စဉ် စားသုံးမှုမှာ နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေကို ဖယ်ထုတ်ကြည့်ပါ။ ကယ်လ်ဆီယမ်ကို နို့ထွက်ပစ္စည်း မဟုတ်တဲ့ အခြားသော အစားအစာ အရင်းအမြစ်တွေကနေ ရယူလိုက်ပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/constipation-digestive-health/daily-routine-to-avoid-constipation/
null
null
health
health
https://hellosayarwon.com/health/%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%90%e1%80%ad%e1%80%9b%e1%80%85%e1%80%b9%e1%80%86%e1%80%ac%e1%80%94%e1%80%ba%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd/
null
null
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/facts-to-know-about-rabbies/
တစ်ပတ်ကို ၅၅ နာရီနဲ့အထက် အလုပ်လုပ်တဲ့ လေဒီတွေ စိတ်ဓာတ်ကျ နိုင်
စိတ်တွေ ဖိစီးလိုက်တာ၊ အလုပ်တွေကလည်း ဒီလောက်လုပ်နေတာတောင် မပြီးဘူးဆိုတဲ့ လေဒီလေးတွေ များရှိလား။ ဒါဆိုရင်တော့ ပြောစရာတစ်ခုရှိလာပါပြီနော်။ ဒါကတော့ အလုပ်တွေကို တအားဖိလုပ်နေလို့စိတ်ဖိစီးနေတာ ဖြစ်နိုင်တယ်ဆိုတဲ့အချက်တစ်ခုပါ။ စိတ်ဖိစီးမှုများလာတဲ့အခါ အလုပ်တွေကိုကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။အာရုံစူးစိုက်မှုကလည်း ကျလာပါတယ်နော်။ နောက်ဆို စိတ်ဓာတ်ကျ တဲ့အထိ  ဖြစ်လာမှာပါ။အလုပ်စားပွဲမှာ တစ်ချိန်လုံးထိုင်နေရတာက ခက်ခဲပင်ပန်းပါတယ်။တစ်နေ့တာမှာ ၈ နာရီထက်ကျော်ပြီး အလုပ်စားပွဲမှာ ထိုင်နေရတာက အချိန်ကြာလာတာနဲ့အမျှ စိတ်ဖိစီးမှုက ပိုလာနိုင်ပါတယ်။ ဒီခံစားချက်ကစိတ်ခံစားမှုသက်သက်ပဲတော့ မဟုတ်ပါဘူး။ လေ့လာချက်တွေအရလည်း အမျိုးသမီးတွေဟာ အလုပ်ချိန်များများ အလုပ်လုပ်လေလေစိတ်ဖိစီးမှုပိုများလာလေလေလို့ တွေ့ရှိထားရပါတယ်။သုတေသီတွေက လေ့လာမှုအတွင်း အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေကို လေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုအရ တစ်ပတ်မှာအလုပ်ချိန်နာရီ ၄၀ ထက် အလုပ်လုပ်တဲ့အမျိုးသမီးတွေထက် တစ်ပတ်မှာ ၅၅ နာရီနဲ့အထက် အလုပ်လုပ်တဲ့အမျိုးသမီးတွေက စိတ်ဖိစီးမှုပိုများနေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ တစ်ပတ်တာမှာ ၅၅ နာရီနဲ့အထက် အလုပ်လုပ်တဲ့ လေဒီတွေက စိတ်ဓာတ်ကျ လက္ခဏာတွေပုံမှန်ထက်ပိုများနေတတ်ပါတယ်။တစ်ပတ်ကို ၅၅ နာရီနဲ့အထက် အလုပ်လုပ်တာအပြင် ပိတ်ရက်တွေမှာပါ အလုပ်လုပ်နေရတာက စိတ်ဖိစီးမှုဖြစ်စေပြီး စိတ်ဓာတ်ကျနိုင်ခြေ ပိုများနေပါတယ်နော်။ ဒါကတော့ အမျိုးသမီးတွေတင်မကပါဘူး။ အမျိုးသားတွေမှာပါ အကျုံးဝင်တဲ့လေ့လာချက်ပါ။ ဒီလေ့လာချက်ကဗြိတိန်နိုင်ငံက အရွယ်ရောက်ပြီးသူတွေကိုလေ့လာထားတဲ့လေ့လာချက်တစ်ခုပါ။အပတ်စဉ်တိုင်း ၅၅ နာရီ ဒါမှမဟုတ် ၅၅ နာရီနဲ့အထက် အလုပ်လုပ်တဲ့ လေဒီတွေ မှာ စိတ်ဓာတ်ကျဝေဒနာခံစားရနိုင်ခြေက တော်တော်လေးများပါတယ်။ ပိတ်ရက်တွေမှာပါ အလုပ်နဲ့လက်မပြတ်လုပ်နေရပြီဆိုရင်တော့ လေဒီတွေတင်မဟုတ်ပါဘူး။ Gentlemenတွေမှာပါ စိတ်ဖိစီးမှုဖြစ်စေပြီး စိတ်ဓာတ်ကျစေနိုင်တာပါ။ အလုပ်နဲ့လက်မပြတ်တမ်း လုပ်နေတာက ရေရှည်ဖြစ်လာတဲ့အခါ နေ့စဉ်နဲ့အမျှစိတ်ကျန်းမာရေးထိခိုက်လာရပါတယ်နော်။မေ့တတ်လာတာမျိုး၊ ချက်ချင်းဆိုသလို ပြောလိုက်တဲ့ အကြောင်းအရာတွေကို မမှတ်မိတော့တာ၊ နေ့စဉ်လုပ်နေကျတာဝန်တွေကို မေ့သွားတာမျိုးဖြစ်နိုင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/health-news/working-long-hours-increases-depression-risk-in-women/
Bronchitis (လေပြွန်ရောင်ခြင်း)
လေပြွန်ရောင်ခြင်းဆိုတာ ရောဂါပိုးကြောင့် လေပြွန်အတွင်း နံရံများရောင်ခြင်းဖြစ်တယ်။ လေပြွန်ဆိုတာ အဆုတ်ထဲကို လေဝင်တဲ့ လမ်းကြောင်းတွေပဲ ဖြစ်ပါတယ်။ လေပြွန်ရောင်နေတဲ့အခါချောင်းဆိုးပြီး သလိပ်ပြစ်ပြစ်တွေထွက်မယ်။သလိပ်က အရောင်ပြောင်းနိုင်ပါတယ်။လေပြွန်ရောင်ခြင်း အမျိုးအစား ၂မျိုးရှိပါတယ်။အဖြစ်များတဲ့ လက္ခဏာတွေကတော့။သင်ဟာ သာမန်လေပြွန်ရောင်နေတယ်ဆိုလျှင် အရောင်ကျပြီး ရက်အတော်ကြာကြာ ချောင်းဆိုးနေတတ်တယ်။ ဒါပေမယ့် သင်ဟာ နာတာရှည်လေပြွန်ရောင်ရောဂါ ခံစားနေရလျှင် အချိန်ကြာလာတာနှင့်အမျှ ပိုပိုဆိုးလာတတ်တယ်။ ဒီအခြေအနေမှာ ကာလတို လေပြွန်ရောင်ခြင်းလိုပဲ လက္ခဏာတွေ့ရတတ်တယ်။ဒီထဲမှာမပါတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်သေးတယ်။ သင့်ရောဂါလက္ခဏာနှင့် ပတ်သတ်ပြီး သေချာသိလိုပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။သင့်မှာ အောက်ပါလက္ခဏာတွေထဲက တစ်ခုခုတွေ့ရှိလျှင် ဆရာဝန်နှင့်ပြသနိုင်ပါတယ်။ကာလတို လေပြွန်ရောင်ခြင်းက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တတ်ပါတယ်။ ဒီပိုးက အအေးမိ၊ တုပ်ကွေးဖြစ်တဲ့ ပိုးတွေနဲ့ အတူတူပဲဖြစ်တယ်။နာတာရှည်လေပြွန်ရောင်ရောဂါကို အဖြစ်များစေတဲ့ အဓိကအကြောင်းကတော့ ဆေးလိပ်သောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လေထုညစ်ညမ်းမှု၊ ဖုန်မှုန့်တွေ၊ လုပ်ငန်းခွင်နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အဆိပ်သင့်စေတဲ့ ဓာတ်ငွေ့တွေက ရောဂါအခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။လေပြွန်ရောင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းများမှာ-။သင့်ရောဂါလက္ခဏာကို မေးမြန်းပြီး ဆရာဝန်မှ စမ်းသပ်ပါမယ်။ တခြားစစ်ဆေးမှုတွေကိုလည်း လုပ်ပေးပါလိမ့်မယ်။တကယ်လို့ သင်ဟာ ကာလတို လေပြွန်ရောင်တာဆိုလျှင် ဆရာဝန်မှ ရောဂါလက္ခဏာသက်သာစေမယ့် ဆေးများပေးပါလိမ့်ပါမည်။ အသုံးအများဆုံးဆေးများမှာ-။တကယ်လို့သင့်မှာ နာတာရှည် လေပြွန်ရောင်ရောဂါရှိလျှင် အခြေအနေပြန်ကောင်းအောင်လုပ်ဖို့ လိုအပ်ပါတယ်။ သင့်ကို အသက်ရှူလေ့ကျင့်ခန်းတွေသင်ပေးပြီး ဘယ်လိုနည်းနဲ့ အသက်ကို လွယ်ကူစွာရှူနိုင်မယ်၊ လေ့ကျင်မှုကို ပိုကောင်းလာစေမယ်ကို သင်ပေးပါလိမ့်မယ်။အောက်ပါနေထိုင်မှုပုံစံတွေနဲ့ အိမ်တွင်းကုထုံးတွေက သင့်ကို မကြာခဏ လေပြွန်ရောင်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။လေပြွန်ရောင်တာက တစ်ခါတလေဆို သိပ်ပြဿနာ မရှိပေမယ့် ခဏခဏဆိုရင် နာတာရှည် ဖြစ်သွားတတ်ပါတယ်။ ဒီကနေမှ နောက်ပိုင်းကျရင် လေပြွန်ပျက်စီးတဲ့အထိ ဖြစ်သွားနိုင်တာကြောင့် လေပြွန်ရောင်စေတဲ့ အချက်တွေကို ရှောင်ကြဉ်ဖို့ အကြံပြုလိုပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/bronchitis/bronchitis-explainer/
Hepatitis C (စီပိုးကြောင့်အသည်းရောင်ခြင်း )
စီပိုးကြောင့်အသည်းရောင်ခြင်းဆိုတာက စီပိုးဗိုင်းရပ်စ်က အသည်းကိုတိုက်ခိုက်ပြီး ရောင်ရမ်းစေတာပဲ ဖြစ်ပါတယ်။ အသည်းရောင်စီပိုး ကူးစက်ခံရလျှင် အသည်းကိုရောင်းရမ်းစေပြီး နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ အသည်းရောင် စီပိုးသည် အဖြစ်များသော အသည်းရောင်ပိုင်းရပ်စ်များထဲမှ တစ်ခုဖြစ်ပြီး အားလုံးထဲတွင် အဆိုးဝါးဆုံးလို့ ယူဆရပါတယ်။လူအများစုက Medical check up လုပ်ရာကနေ အသည်းရောင်စီပိုးကို တွေ့ရှိကြပါတယ်။ အသည်းရောင်စီပိုးသည် တစ်ခါတရံ လက္ခဏာမပြတတ်ပါ။ ဆယ်စုနှစ်ချီကြာပြီး အသည်းပျက်စီးလို့ လက္ခဏာများပေါ်လာမှသာ သိရှိရတတ်ပါသည်။ဒီရောဂါသည် အလွန်အဖြစ်များပါတယ်။အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကြီးရဲ့ သုနေသနအရ စီပိုးကြောင့်အသည်းရောင်ခြင်း မှာ အာရှတွင် အဖြစ်များကြောင်း သိရပါသည်။စီပိုးကူးစက်ခံရပါက လူအများစုတွင် နောက်ဆက်တွဲအသည်းပျက်စီးခြင်းမဖြစ်သည်အချိန်အထိ သိသာတဲ့ လက္ခဏာများ ပြမှာ မဟုတ်ပါ။ တချို့တွင် လုံးဝလက္ခဏာမပြဘဲ ကူးစက်ခံနေရတာမျိုးလည်း ရှိနိုင်ပါတယ်။စီပိုးစကူးခံရပြီး ပြတတ်တဲ့ လက္ခဏာတွေကတော့။နောက်ပိုင်း အသည်းပျက်စီးတဲ့အထိ ဖြစ်လာပါက။ဒီထဲမှာ မပါဝင်သေးတဲ့ အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ ခန္ဓာကိုယ်တုံ့ပြန်မှုက တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာလုပ်သင့်လဲဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။စီပိုးကြောင့်အသည်းရောင်ခြင်း ရဲ့ အဓိကအကြောင်းရင်းက အသည်းရောင်စီဗိုင်းရပ်စ် (HCV) ကူးစက်ခံရခြင်းကြောင့် ဖြစ်ပါတယ်။ရောဂါပိုးရှိသူရဲ့ သွေးနဲ့ ထိတွေ့မိရင် သို့မဟုတ် အပတ်ပေါင်းများစွာကြာပြီးဖြစ်သော ရောဂါပိုးရှိသူရဲ့ သွေးခြောက်များနဲ့ ထိတွေ့မိရင်လည်း ကူးစက်နိုင်ပါတယ်။တခြားသော ကိုယ်တွင်းအရည်များတွင် ဗိုင်းရပ်စ်ပါသည်ဆိုသော်လည်း သွေးတွင် ဗိုင်းရပ်စ်ပိုးအများဆုံးရှိနေသောကြောင့် သွေးသည် အသည်းရောင်စီပိုးကူးရသည့် အဓိကအကြောင်းရင်း ဖြစ်ပါသည်။အသည်းရောင်စီပိုး ကူးစက်နိုင်သည့် တခြားသောနည်းလမ်းများတွေကတော့။စီပိုးကြောင့်အသည်းရောင်ခြင်း ဖြစ်နိုင်ခြေကို မြင့်စေတဲ့ အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုတိကျသော အချက်အလက်များရရှိရန်အတွက် ဆရာဝန်နဲ့ အမြဲတမ်းတိုင်ပင်ပါ။ဗိုင်းရပ်စ်နဲ့ ထိတွေနိုင်ခြေမြင့်ကြောင်း  သံသယရှိပါက ဆရာဝန်မှ စစ်ဆေးမှုတစ်ချို့ကို ပြုလုပ်ပါလိမ့်မယ်။ သွေးစစ်ဆေးမှုများမှ စီပိုးရှိမရှိသိနိုင်ခြင်း၊ သွေးတွင်း၌ စီပိုးပမာဏကို သိနိုင်ခြင်း၊ ဆေးကုသမှုကိုအတွက် ဗိုင်းရပ်စ်ဗီဇစစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါသည်။တကယ်လို့ အသည်းပါပျက်စီးနေပြီလို့ သံသယရှိတဲ့အခါ ပျက်စီးမှုပမာဏကိုသိနိုင်ဖို့ အသည်းစနမူနာယူကောင်း ယူရနိုင်ပါတယ်။ အသည်းစနမူနာက ရောဂါရဲ့အတိမ်အနက်၊ ကုသမှုပုံစံတို့ကို ဆုံးဖြတ်ရာမှာ အထောက်အကူပြုပါတယ်။ခန္ဓာကိုယ်တွင်းမှာ ဗိုင်းရပ်စ်ပိုးပွားလာခြင်းကို  ဆေးတွေနဲ့ ထိန်းချုပ်လို့ရပါတယ်။ ဒါပေမယ့် ထိထိရောက်ရောက် ကုသနိုင်ဖို့ ဆေးကို လပေါင်းများစွာ စွဲသောက်ဖို့ လိုပါတယ်။  အသုံးများတဲ့ ဆေးတွေကတော့ pegylated interferon နှင့် ribavirin ဖြစ်ပြီး simeprevir, sofosbuvir နှင့် daclatasvir တို့လည်း ပါဝင်နိုင်ပါတယ်။နောက်ဆုံးပေါ်ဆေးတွေနဲ့ ကုသရာမှာ အရှင်းပျောက်ကင်းနှုန်းသည် ၉၀% ကျော်တယ်လို့ ဆိုကြပါတယ်။ အရှင်းပျောက်တယ်ဆိုတာက သွေးထဲမှာ ပိုးက စစ်ဆေးလို့ မရအောင် နည်းသွားတာဖြစ်ပြီး လုံးဝမရှိဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒါကြောင့် နောက်ထပ် မကူးစက်စေဖို့ လိုက်နာရမယ့် အချက်တွေ ရှိပါတယ်။အသည်းပျက်စီးသွားရင်တော့ အသည်းအစားထိုးဖို့ စဉ်းစားရပါမယ်။ ဒါပေမယ့် ဒါက အသည်းပျက်စီးတာကို သက်သာစေတာပဲ ဖြစ်ပြီး စီပိုးတွေ ပျောက်သွားတာ မဟုတ်ပါ။ ဒါကြောင့် အသည်းအစားထိုးထားပေမယ့် လိုအပ်ရင် စီပိုးကို ဆက်ကုနေရဦးမှာ ဖြစ်ပါတယ်။စီပိုးကြောင့် အသည်းရောင်တာကို ပိုမဆိုးစေဖို့နဲ့ ကုသတဲ့နေရာမှာ အထောက်အကူဖြစ်အောင် အောက်ပါအချက်တွေကို လိုက်နာပါ။စီပိုးမှာ အေပိုးနဲ့ ဘီပိုးလိုမျိုး ကာကွယ်ဆေး မရှိတဲ့အတွက် မဖြစ်လာအောင် ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးနည်းလမ်းပါ။ရေးသားသူ- Dr Hlaing Min Ko Ko။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/hepatitis-c-explained/
null
null
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/sleep-deprivation-plus-stress-hurts-blood-pressure/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-bacterial-infections/germiest-things/
ဆီးချိုရှိသူအတွက် ပြုစုစောင့်ရှောက်ရသူတစ်ယောက်ရဲ့စိတ်သောကကို လျှော့ချပေးနိုင်မယ့် (၇) ချက်
နာတာရှည်ရောဂါရှိသူတွေရဲ့ လိုအပ်သမျှကို ဘေးကနေ ဖြည့်ဆည်းစောင့်ရှောက်ပေးနေသူတွေမှာ စိတ်ဖိစီးမှု၊ ပူပန်မှုနဲ့ ဖိအားတွေ မကြာခဏခံစားရတတ်ပါတယ်။ ဆီးချို ရောဂါရှိသူတစ်ယောက်ကို ပြုစုဂရုစိုက်ရတဲ့အခါ ကြုံတွေ့လာရတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ဘယ်လိုလျှော့ချကြမလဲ။ ဆီးချိုရှိသူအတွက် ပြုစုစောင့်ရှောက်ရသူတစ်ယောက်ရဲ့စိတ်သောကကို လျှော့ချပေးနိုင်မယ့်အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။လေ့လာမှုတွေအရ ပြုစုစောင့်ရှောက်သူတစ်ယောက်ဟာ ဆီးချိုလိုမျိုး နာတာရှည်ရောဂါရှိသူကို ဂရုစိုက်စောင့်ရှောက်ပေးရင်းနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းအရ မြှုပ်နှံလုပ်ဆောင်ရတာတွေကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်လာတတ်တာပါ။တွေးကြည့်ပါ။ ဆီးချို ရှိသူတစ်ဦးရဲ့ လိုအပ်သမျှ ဆိုတဲ့အထဲမှာ သူ့ရဲ့သွေးတွင်းသကြားဓာတ် အတက်အကျကို ပုံမှန်စောင့်ကြည့်၊ စစ်ဆေး၊ မှတ်တမ်းတင်ထားရမယ်၊ ဆေးတွေ အချိန်မှန်သောက်ရဲ့လား သေချာဂရုစိုက်ရမယ် ဆိုတာတွေ ပါဝင်တယ်။ဒါ့အပြင်သွေးတွင်းသကြားဓာတ်ကျဆင်းခြင်း(hypoglycemia) နဲ့သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း(hyperglycemia)တို့ရဲ့ လက္ခဏာတွေကိုလည်း အမြဲမပြတ် သတိထားနေရပါသေးတယ်။လူနာက သက်ကြီးပိုင်းအရွယ် ဖြစ်နေရင် သူ့ရဲ့ဝေယျာဝစ္စတွေနဲ့ စားဖို့သောက်ဖို့ကို တာဝန်ယူထားရတဲ့ စောင့်ရှောက်သူမှာ ပိုပြီး စိတ်ဖိအားများရပါတယ်။ ဒီလိုဖိစီးမှုတွေကို လျှော့ချနိုင်ဖို့က နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။ဆီးချိုရှိသူအတွက် ပြုစုစောင့်ရှောက်ရသူတစ်ယောက်ရဲ့စိတ်သောကကို လျှော့ချပေးနိုင်မယ့်အချက်တွေကတော့။အသိပညာ ဝမ်းစာဖြည့်ပါ။ပြုစုစောင့်ရှောက်သူတွေမှာ စိတ်ဖိစီးရတဲ့ အကြောင်းတစ်ခုက ကိုယ့်ကိုယ်ကိုယုံကြည်မှု မရှိတာပါပဲ။ဆီးချိုသွေးချိုရောဂါဟာ ရှုပ်ထွေးတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး သွေးတွင်းသကြားပမာဏ၊ အင်ဆူလင်ကုထုံးနဲ့ သွေးတွင်းသကြားကျဆင်းခြင်း တို့လို အကြောင်းအရာတွေကို နက်နက်နဲနဲ နားလည်ဖို့လိုအပ်ပါတယ်။ဆီးချိုသွေးချိုနဲ့ပတ်သက်ပြီး အသိပညာ လေ့လာတဲ့အခါ ပြုစုစောင့်ရှောက်သူအတွက် စိတ်ဖိစီးမှုလျော့စေတဲ့ အကြောင်းရင်းလေးတွေ အများကြီးရှိပါတယ်။ ကိုယ်က ဗဟုသုတပြည့်ဝပြီး ရောဂါအကြောင်း သေချာသိထားတဲ့အခါ –။ကျန်းမာရေးအတွက် ပန်းတိုင်သတ်မှတ်ပါ။ဆီးချိုလူနာတစ်ယောက်ကို ဂရုစိုက်စောင့်ရှောက်တဲ့အခါ ကိုယ့်ကျန်းမာရေးလည်း ကိုယ်ဂရုစိုက်ဖို့ လိုပါတယ်။ ကိုယ်က ကျန်းမာနေမှ ဖြစ်မှာမို့အိပ်ရေးဝအောင်အိပ်၊ ညီညွတ်မျှတအောင် စား၊ ရေကို အလုံအလောက်သောက်ဖို့ ပန်းတိုင်တွေ သတ်မှတ်ထားပါ။ဥပမာ ညဘက် အိပ်ချိန်ကို နေ့တိုင်းအချိန်မှန် သတ်မှတ်ထားတာမျိုး၊ ရေသောက်ဖြစ်တဲ့ ပမာဏကို သိသာမှတ်သားနိုင်ဖို့ သောက်သုံးရေကို တစ်နေ့စာ တိုင်းတာ ထားရှိတာမျိုးပါ။ ဘာမှသိပ်မဟုတ်ဘူးလို့ ထင်ရတဲ့ ဒီလိုကိစ္စသေးသေးလေးတွေက နေ့စဉ်အတိုင်းအတာနဲ့ဆို ကျန်းမာရေးကို မြှင့်တင်ပေးပြီးစိတ်ဖိစီးမှုတွေ နည်းစေပါလိမ့်မယ်။အကန့်အသတ်ထားရှိပြီး ကိုယ်လုပ်နိုင်တဲ့အရာကိုပဲ အဓိကထားပါ။ပြုစုစောင့်ရှောက်သူတွေဟာ ဆီးချိုလူနာတွေအတွက် အစစအရာရာ လုပ်မပေးနိုင်တဲ့အပေါ် အပြစ်ရှိစိတ် ခံစားရတတ်ပါတယ်။ ဒါပေမယ့် အမှန်တရားကတော့ အရာရာတိုင်းကို ကိုယ်ဝင်လုပ်ပေးလို့ မဖြစ်နိုင်ဘူးဆိုတာပါပဲ။ဒီအကြောင်းရင်းကြောင့်ပဲ ဒါတွေ လုပ်ဖို့လိုပါတယ်-။အကူအညီရယူပါ။လူနာအတွက် အရာရာတိုင်းကို ကိုယ်တစ်ယောက်တည်း မလုပ်ပေးနိုင်တဲ့အတွက် ကိုယ့်ရဲ့စိုးရိမ်မှု တွေကို လျှော့ချပေးနိုင်မယ့်သူတွေရဲ့ အကူအညီရယူပါ။ကိုယ်ချစ်ခင်ရသူတစ်ယောက်အတွက် ပြုစုစောင့်ရှောက်နေရတာဖြစ်ရင် မိသားစုဝင် အချင်းချင်း တာဝန်မျှယူလို့ ရတဲ့အတွက် အကူအညီတောင်းရတာ ပိုလွယ်နိုင်ပါတယ်။ ကူညီစောင့်ရှောက်ပေးသူအဖြစ် အလုပ်လက်ခံထားတာဖြစ်ရင် အလုပ်အပ်သူနဲ့ တွေ့ဆုံပြီး တချို့တာဝန်တွေကို အခြားသူတွေ လုပ်ပေးတာက ပိုကောင်းတဲ့အတွေးဖြစ်ကြောင်း ရှင်းပြပါ။ဥပမာ –။အချိန်လေးခြားပြီး နားပါ။လူနာကို ပြုစုဂရုစိုက်နေချိန်အတွင်းမှာ အခါအားလျော်စွာ အချိန်လေးခြားပြီး နားတာကလည်း ပြုစုစောင့်ရှောက်သူတစ်ဦးရဲ့ စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။နားလို့မဖြစ်ပါဘူးလို့ ထင်ရင်ထင်မယ်၊ အပြစ်ရှိသလို ခံစားရင်ခံစားရနိုင်ပေမယ့် မိနစ် ၃၀ စာလောက်လေး နားချိန်ယူလိုက်တာက ပြုစုစောင့်ရှောက်ရသူရဲ့ စိတ်ကျန်းမာရေးအတွက် အထောက်အကူကောင်းဖြစ်စေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ဖြစ်နိုင်ရင် –။ချုံးချုံးကျ လက္ခဏာ ဂရုပြုပါ။စိတ်ရောကိုယ်ပါ ချုံးချုံးကျ ပင်ပန်းနေတဲ့အချိန် ကိုယ့်ကိုယ်ကို အတင်း တွန်းအားပေးတာက ကောင်းတဲ့လုပ်ရပ် မဟုတ်ပါဘူး။ စိတ်ကျန်းမာရေးအတွက် တကယ်ကို ဆိုးကျိုးဖြစ်စေပါတယ်။ဒါ့အပြင် ဆီးချိုလူနာအတွက် ပြုစုစောင့်ရှောက်ရာမှာ အမှားတွေ ပါစေနိုင်ပါတယ်။တကယ်လို့ ကိုယ့်မှာ –။ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။အနားယူတာ၊ အကူအညီယူတာတို့အပြင် ဆီးချို လူနာ ပြုစုစောင့်ရှောက်ရသူအတွက် စိတ်ကျန်းမာရေး အထောက်အကူဖြစ်စေဖို့ နောက်တစ်ချက်က ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့ပါပဲ။ဘယ်လိုဂရုစိုက်မလဲ ဆိုတော့ –။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/mental-health-impact-caring-diabetes-patient/
null
null
diabetes
diabetes
https://hellosayarwon.com/diabetes/about-diabetes/
သွေးလွန်တုပ်ကွေး ရောဂါ
မင်္ဂလာပါ Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခါ ဆွေးနွေးပေးမှာကတော့ အခုတလော လူကြီးတွေ ဖြစ်နေတတ်တဲ့ သွေးလွန်တုပ်ကွေး ရောဂါ အကြောင်းပါ ။သွေးလွန်တုပ်ကွေး ရောဂါက မိုးရာသီမှာ အဖြစ်များတယ်ဆိုတာ လူတိုင်းသိပါတယ် ။ လူတွေသိကြတာတော့ သွေးလွန်တုပ်ကွေးရောဂါဟာ ကလေးတွေမှာ ပိုဖြစ်တတ်ကြတာပါ ။တကယ်တော့ သွေးလွန်တုပ်ကွေး ရောဂါပိုး သယ်ဆောင်လာတဲ့ Aedes ခြင်မ ကိုက်ခံရတဲ့ ဘယ်သူမဆို ရောဂါဖြစ်နိုင်ပါတယ် ။ ဒါပေမဲ့ လူအချင်းချင်း ကူးစက်တဲ့ရောဂါ မဟုတ်ပါဘူး ။သွေးလွန်တုပ်ကွေးရောဂါမှာ အဖြစ်များတတ်တဲ့ လက္ခဏာတွေကတော့။သွေးလွန်တုပ်ကွေးရောဂါဟာ မကုသရင် ၊ကုသပေမဲ့ နောက်ကျရင် ‌ကလေးတွေမှာ အသက်အန္တရာယ်ရှိစေနိုင်ပါတယ် ။ နောက်ဆက်တွဲရောဂါတွေကတော့ ‌ကိုယ်ပူရှိန်တက်ခြင်း ၊ သွေးကြောများနဲ့ ပြန်ရည်ကြောများ ပျက်စီးခြင်း ၊ အသည်းကြီးခြင်း ၊ ရှော့ခ်ဖြစ်ခြင်းနဲ့ သေဆုံးခြင်း အထိဖြစ်တတ်ပါတယ် ။ အထူးသဖြင့် ကိုယ်ခံအားစနစ်အားနည်းတတ်တဲ့ လူတွေ (ကလေးနှင့် သက်ကြီးရွယ်အိုများ) ၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ဖူးတဲ့ လူတွေမှာ ပိုပြီး အသက်အန္တရာယ်ဖြစ်‌စေတတ်တဲ့အတွက် သတိထားဖို့ လိုအပ်ပါတယ် ။သွေးလွန်တုပ်ကွေး ရောဂါ ဟုတ်မဟုတ် သိရှိနိုင်ဖို့အတွက် ‌ကိုယ်တွင်းမှာ ရှိတဲ့ ဗိုင်းရပ်စ်ပိုးကို သွေးစစ်ရှာခြင်း ၊ ခန္ဓာကိုယ်ကထွက်တဲ့ Antibody ဇီဝပစ္စည်းကို ရှာဖွေခြင်း ၊  ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် အခြားလိုအပ်သော စစ်ဆေးမှုတွေကို ပြုလုပ်ရမှာပါ ။သွေးလွန်တုပ်ကွေး ရောဂါကို ကာကွယ်ဖို့အတွက် မြန်မာတွေ အသိများတဲ့ ဖုံး၊သွန်၊လဲ၊စစ် က အရေးကြီးပါတယ် ။ ရေစည်‌ရေအိုးများကို ဖုံးအုပ်ထားခြင်း ၊ ခြံထဲ လမ်းထဲမှာရှိတဲ့ တာယာခွံ ၊ အိုးခြမ်းပဲ့တွေထဲမှ ရေသွန်ခြင်း၊ ဘုရားပန်း ညောင်ရေအိုးများကို ပုံမှန်လဲလှယ်ခြင်း ၊ ပိုးလောက်လန်းများကို စစ်ခပ်ခြင်းတွေ လုပ်သင့်ပါတယ် ။ဒါ့အပြင် ခြင်မကိုက်တဲ့ လိမ်းဆေးများ လိမ်းခြင်း ၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်များ ဝတ်ခြင်း ၊ ခြင်ထောင်အသုံးပြုခြင်း ၊ ခြင်မဝင်နိုင်အောင် ခြင်လုံဇကာများ ကပ်ခြင်း စတာတွေက ခြင်မကိုက်အောင် ထိရောက်စွာ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ် ။ရေးသားသူ – Dr. Aung Kyaw Myint။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/dengue/dengue-fever/
ကင်ဆာဆေးသွင်းပြီးနောက် ဝမ်းလျှောခြင်းကို ဘယ်လိုဖြေရှင်းမလဲ
ကင်ဆာဆေးသွင်းကုသပြီးနောက် လူအချို့သည် ဝမ်းသွားသည့် အကြိမ်ရေများလာကာ ဝမ်းသည်လည်း ပုံသဏ္ဍာန်မမှန် (သို့) အရည်ကျဲကျဲဖြစ်လာသည်။ ၎င်းကို ဝမ်းပျက်ဝမ်းလျောဖြစ်သည်ဟု ခေါ်သည်။ ကင်ဆာလူနာများတွင် ဖြစ်သော ဝမ်းပျက်ဝမ်းလျှောကို ကာကွယ်ကုသနိုင်မည့် နည်းလမ်းအချို့ကို ဤဆောင်းပါးတွင် ဖော်ပြလိုက်ပါသည်။ဝမ်းပျက်ဝမ်းလျှောခြင်း ဆိုသည်မှာ ဝမ်းသွားသည့် အကြိမ်ရေများခြင်း ၊ ဝမ်းပျော့ခြင်း (သို့) ဝမ်းအရည်ကျဲကျဲသွားခြင်းကို ခေါ်သည်။ ဝမ်းပျက်ဝမ်းလျှောသည် ရောဂါတစ်ခုဟု ဆိုရမည်ထက် လက္ခဏာတစ်ရပ်သာ ဖြစ်ပါသည်။ ထိုအခြေအနေသည် အခြား ရောဂါ အခံတစ်စုံတစ်ခု (သို့) ကုသမှု တစ်ခုခု (ဥပမာ။ ကင်ဆာ ဆေးသွင်းကုသခြင်း၊ ဓါတ်ရောင်ခြည်ကုသမှု ခံယူခြင်း)ကြောင့် ဖြစ်ပွားနိုင်ပါသည်။ကင်ဆာကုသမှု အမျိုးအစားများစွာသည် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်ပွားစေနိုင်ပါသည်။ကင်ဆာဆေးသွင်းကုသခြင်း။ ။ဤကုသနည်းသည် ကင်ဆာဆဲလ်များကို သေစေရုံသာမက အူနံရံဆဲလ်များကဲ့သို့သော ကြီးထွားနှုန်းမြန်သည့် ဆဲလ်များကိုပါ သေစေနိုင်ပါသည်။ အကယ်၍ ကင်ဆာဆေးသွင်းကုသမှုသည် အူလမ်းကြောင်း နံရံရှိဆဲလ်များကို သေစေသောအခါတွင် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်ပွားစေနိုင်ပါသည်။ဓါတ်ရောင်ခြည် ကုသမှု။ ။ဝမ်းဗိုက်၊ တင်ပါးဆုံအရိုးကွင်း၊ ခါးအောက်ပိုင်းကို အဓိက ဦးတည်ပေးသော ဓါတ်ရောင်ခြည်ကုသမှုသည် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေသည်။ ၎င်းသည် ကုသမှုခံယူပြီး ရက်ပိုင်းမှ လပိုင်းအထိ ကြာနိုင်ပါသည်။ခွဲစိတ်မှု။ ။ကင်ဆာကုသမှုအတွက် အူအစိတ်အပိုင်းအချို့ကို ခွဲစိတ်ဖြတ်တောက်လိုက်ပြီးနောက်တွင် အာဟာရနှင့် အဆီစုပ်ယူနိုင်စွမ်းပြောင်းလဲသွားကာ ဝမ်းပျက်ခြင်းကို ဖြစ်စေပါသည်။ရိုးတွင်းခြင်ဆီ ပင်မဆဲလ် အစားထိုးကုသမှု။ ။ရိုးတွင်းခြင်ဆီ ပင်မဆဲလ် အစားထိုးကုသမှု အစိတ်အပိုင်းအနေဖြင့် ပေးရသော ကင်ဆာဆေးသွင်းကုသမှုနှင့် တစ်ကိုယ်လုံးဓါတ်ရောင်ခြည်ကုသမှုတို့သည် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်ပွားစေပါသည်။ဖြစ်နိုင်ချေရှိသော ဝမ်းပျက်ဝမ်းလျှောခြင်းစေသည့် အခြားအကြောင်းရင်းများမှာ။· အရည်ကြည်များများသောက်ပါ (တစ်ရက်ကို ရေ ၈ ခွက်မှ ၁၀ ခွက်သောက်သုံးပါ)။အကောင်းဆုံး ရွေးချယ်မှုကတော့ ရေသန့်ပဲဖြစ်သည်။· အမျှင်ဓါတ်နည်းသော အစာများ စားသုံးပေးပါ။ဥပမာ။ ။ ငှက်ပျောသီး၊ ဆန်၊ ခေါက်ဆွဲ၊ ပေါင်မုန့်ဖြူ၊ ကြက်သား၊ ကြက်ဆင်၊ငါး။· ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝသော အစားအသောက်များကို စားသုံးပေးပါ။ပိုတက်ဆီယမ်သည် မရှိမဖြစ်လိုအပ်သော သတ္တုဓါတ်ဖြစ်ပြီး ၎င်းသည် ဝမ်းလျှောရာမှတစ်ဆင့် ဆုံးရှုံးနိုင်သည်။ ပိုတက်ဆီယမ်ဓါတ်ပြန်ရဖို့ ငှက်ပျောသီး၊ အာလူးနှင့် တရုတ်ဆီးသီးများ စားသုံးပေးပါ။· Probiotic ဆေးသောက်ခြင်း။ ။ဥပမာ။ ဒိန်ချဉ်နှင့် ဖြည့်စွက်စာများ။ Probiotics ဆိုသည်မှာ ခန္ဓါကိုယ်အတွက် ကောင်းကျိုးပြုသော ဘက်တီးရီးယားလေးများ (ဥပမာ။ lactobacillus ၊ bifidobacterium) ကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းဘက်တီးရီးယားလေးများသည် ပုံမှန်အစာချေဖျက်သောစနစ်ကို ပြန်လည်ရရှိစေရန် ကူညီပေးသည်။ အကယ်၍ သင်သည်ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုခံယူထားသူ ဖြစ်လျှင် Probiotics မသောက်သုံးခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။အဆီများသော ဆီကြော်စာများ။ ထိုအစားအစာများသည် သင့်အူလမ်းကြောင်းကို အနှောင့်အယှက်ပေးနိုင်သည်။အသီးအရွက်နှင့် သစ်သီး အစိမ်းများ။အရသာပြင်းသော ဟင်းခတ်အမွှေးအကြိုင်များ။အစေ့အဆန်များ၊ စီရီယယ်လ်၊ အခွံမာသီးများ နှင့် ပြောင်းဖူးပေါက်ပေါက်။ဂတ်စ်ပါသော အအေးနှင့် အစားအသောက်များ (ပဲ၊ ဂေါ်ဖီထုပ်၊ ဂတ်စ်ပါသော အချိုရည်များ)။လတ်တို့စ် (Lactose) ပါသော စားသောက်ကုန်များ။ ဥပမာ။ နို့ထွက်ကုန်များ၊ ဖြည့်စွက်စာများ၊ အရက်။ လတ်တို့စ် (lacotse) ဓါတ်မတည့်ခြင်းသည် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေသည်။ကဖင်းဓါတ်ပါသော အချိုရည် နှင့် စားသောက်ဖွယ်ရာများ၊ ပူလွန်း၊ အေးလွန်းသော အချိုရည်များကို သိပ်မစားသုံးပါနှင့်။ဆေးဖက်ဝင်အပင်များမှ ထုတ်သော ဖြည့်စွက်စာများကိုရှောင်ပါ။ (ဥပမာ။ ဂျင်ဆင်း၊ ဒေစီပန်းအနွယ်ဆေးဖက်ဝင် အပင်milk thistle၊ ငရုတ်၊ ဆေးထန်းပင် နှင့် အခြား )။သင့်တွင် အောက်ပါ လက္ခဏာများ ခံစားနေရပါက ဆရာဝန် နဲ့ ချက်ခြင်း ပြသဖို့ လိုအပ်ပါတယ်။· အဖျား ၃၈ ဒီဂရီစင်တီဂရိတ် နှင့် အထက်ဖျားခြင်း။· အလယ်အလတ်မှ အပြင်းအထန် ဗိုက်ရစ်ပြီးအောင့်ခြင်း၊ နာခြင်း၊ လေပွခြင်း။· မူးဝေခြင်း။· ဆီးအရောင်ရင့်ခြင်း။· ပါးစပ်၊ အသားအရေ ခြောက်ခြင်း။· ဝမ်းမဲမဲသွားခြင်း (သို့) ဝမ်းတွင်းသွေးပါခြင်း။· ရုတ်တရက် နှလုံးခုန်မြန်ခြင်း (သို့) နှလုံးခုန်မမှန်ခြင်း။· အကယ်၍ အစားအသောက်ပြောင်းခြင်း (သို့) ဆေးဝါးများသည် ဝမ်းပျက်ခြင်းကို မသက်သာစေလျှင် ဆရာဝန်နဲ့ ပြဖို့လိုအပ်နေပါသည်။ကင်ဆာဆေးသွင်းကုသမှု ခံယူပြီးနောက်တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းသည် သင့်အား မအီမသာဖြစ်စေပါသည်။ အထက်ပါနည်းလမ်းအချို့သည် သင့်အား ဝမ်းပျက်ဝမ်းလျှောခြင်း မှ ကာကွယ်ရန် (သို့) သက်သာစေရန် ကူညီနိုင်မည့် ရိုးရှင်းသော နည်းလမ်းများဖြစ်ပါသည်။သို့သော် သင့်ရောဂါ အခြေအနေ နှင့် တိကျသော ကုသမှုအတွက် ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ကိုတော့ တိုက်တွန်းအားပေးလိုပါသည်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/diarrhea-digestive-health/%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%86%e1%80%b1%e1%80%b8%e1%80%9e%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-2/
ဘေဘီလေးကို ဘယ်အချိန်မှာ ချောကလက် စကျွေးမလဲ။
ဘေဘီလေးကို ဘယ်အချိန်မှာ ချောကလက် စကျွေးမလဲ။ဘေဘီလေးတွေအတွက် အသက် ၆လ အထိ မေမေ့နို့စို့တယ်။ ၆ လပြည့်ရင်မေမေ့နို့အပြင် ဘေဘီလေးက အစား စစားပြီ။အစာစစားတယ် ဆိုပေမယ့် အစားအစားတိုင်းကို မဟုတ်ပါဘူး။ ထမင်း ခပ်ပျော့ပျော့၊ နူးအိအောင် ပြုတ်ထားတဲ့ အသား၊ မုန်လာဥနီ၊ပန်းဂေါ်ဖီစိမ်းတို့ကို နူးအောင်ပြုတ် ကြိတ်ခြေလို့ ကျွေးရတာပါ။ကလေးကို ၆ လ မပြည့်ခင်မှာ အစာမာ မကျွေးသင့်သလိုရေလည်း မတိုက်သင့်သေးပါဘူး။ ကလေးကို အရွယ်မတိုင်ခင်မှာအစာမာကျွေးတာက မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်လို့ပါ။ ကလေးကို ၆ လမှာ အစာမာ စကျွေးလို့ရပြီ ဆိုပေမယ့် အစားတိုင်းတော့ မဟုတ်ဘူးပေါ့။ ဒီတော့ ကလေးကို လူတိုင်းကြိုက်တဲ့ ချောကလက်ကို ဘယ်အချိန်ဆို စကျွေးလို့ ရမလဲဆိုတာကိုရော သိထားပြီးပြီလားမေမေဖေဖေတို့ရေ။ဘေဘီလေးကို ဘယ်အချိန်မှာ ချောကလက် စကျွေးမလဲ။ ချောကလက်က ဘေဘီလေးတိုင်း ကြိုက်မယ့်အရသာပါ။ ဒါပေမယ့် အရမ်းငယ်သေးတဲ့ ဘေဘီလေးနဲ့တော့ ချောကလက်က အဆင်မပြေပါဘူး။ အသက် ၁ နှစ် မပြည့်ခင်အထိ ဘေဘီလေးကို ချောကလက် မကျွေးတာ အကောင်းဆုံးပါ။ဒီလိုပြောရတာက ချောကလက်မှာကဖင်းဓာတ်ပါနေတာကြောင့် ပါပဲ။ ကဖင်းကသွေးပေါင်ချိန်မြင့်စေနိုင်သလိုနှလုံးခုန်နှုန်းလည်း မြန်စေနိုင်ပါတယ်။ နောက်တစ်ချက်က ချောကလက်မှာပါတဲ့ အချိုဓာတ်က ဘေဘီလေးရဲ့အာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ချောကလက်မှာပါတဲ့ anandamide ကဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို  ထိခိုက်စေနိုင်ပါတယ်။ကလေးကိုချောကလက်ဘယ်လိုကျွေးရမယ်ဆိုတဲ့ နည်းလမ်း သီးသီးသန့်သန့် မရှိပါဘူး။ ကလေး တစ်နှစ်လောက် ရောက်ပြီဆိုရင် ချောကလက်ကို နည်းနည်းချင်း စကျွေးလို့ ရပါတယ်။ သတိထားရမှာ တစ်ခုက ချောကလက်မှာပါတဲ့ အချို့အရာတွေက ဘေဘီလေးနဲ့ မတည့်ပါဘူး။ ဒါကြောင့် နည်းနည်းလောက် စကျွေးတာက အဆင်အပြေဆုံးပါ။ကလေးစားနေကျ အစားအစာတွေထဲမှာ ချောကလက်မှုန့် နည်းနည်းထည့်ပြီး စကျွေးကြည့်ပါ။ ကလေးကို စကျွေးစမှာ နည်းနည်းလောက် ကျွေးတာ အသင့်တော်ဆုံးပါ။ ဒါကြောင့် ကလေးကို ချောကလက် ကျွေးတဲ့အခါlabelကို ဖတ်ပြီး သေချာလေး ရွေးချယ်ပေးပါ။ချောကလက်မှာပါတဲ့ အချို့သောအရာတွေက ဘေဘီလေးတွေနဲ့ မသင့်တော်ပါဘူး။ ဒါကြောင့် ဘေဘီလေးကို ချောကလက်ကြောင့်ဓာတ်မတည့်မှုမဖြစ်စေဖို့ဆိုရင် ဘေဘီလေးအတွက် ချောကလက်ရွေးချယ်တဲ့အခါ။ဘေဘီလေးမှာ ချောကလက်ကြောင့် ဓာတ်မတည့်မှုအပြင် ဒါလေးတွေပါ ဖြစ်စေနိုင်တာကြောင့်ဘေဘီလေးကို ချောကလက်ကျွေးမယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားစေချင်ပါတယ်။အစာမကြေတာ– ဘေဘီလေးတွေက ၆ လအထိ မိခင်နို့ တစ်မျိုးတည်းကို သောက်လာတာပါ။ သူတို့ရဲ့ အစာခြေစနစ်က အစာမာတွေ နဲ့ ပြုပြင်ထားတဲ့ အစားအစာတွေကို ချေဖျက်ဖို့ ခက်ပါမယ်။ ဒါကြောင့် ချောကလက် အပါအဝင် အစာမာ အချို့ကို ဘေဘီလေး တစ်နှစ်ပြည့်ပြီးမှ ဘေဘီလေးကို စကျွေးပါ။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေကိုမိတ်ဆက်ဖို့ ခက်သွားတာမျိုး ဖြစ်နိုင်ပါတယ် –ကလေးက ချောကလက်ကိုပဲ သဘောကျပြီး အခြား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားတွေကို မစားတော့ဘဲ ချောကလက်ကိုပဲ အာသာပြင်းပြင်းစားမှာ စိုးရပါတယ်။သွားပိုးစားနိုင်ပါတယ်– ချောကလက်မှာသကြားပါဝင်နေတာကြောင့် အများကြီးစားမိမယ်ဆိုရင် ကလေး သွားပိုးစားတာ၊ သွားထိခိုက်ပျက်စီးတာမျိုး ဖြစ်နိုင်ပါတယ်။အစာနင်နိုင်တယ်– ချောကလက်မှာအခွံမာသီးတွေ နဲ့ အခြားသော အရာတွေ ပါဝင်နေတတ်တာကြောင့် အခန့်မသင့်ရင်ကလေးမှာ အစာနင်တာမျိုး ဖြစ်စေနိုင် ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/baby-and-chocolate/
အပြောင်းအလဲမြန် ရာသီဥတုနဲ့ အဲယားကွန်း
လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက အဲယားကွန်းဆိုတာကို အသုံးပြုတဲ့နေရာကလက်ချိုးရေလို့ရပါတယ်။ အခုချိန်မှာတော့ အဲယားကွန်းက အလုပ်ခွင်တွေနဲ့ရုံးတွေအိမ်တွေမှာတင်မဟုတ်ဘဲ ဈေးဝယ်စင်တာတွေ၊ပြဇာတ်ရုံ တွေ၊ ဆေးရုံတွေ၊ကုသရေးစင်တာတွေအပြင် အိမ်စီးကားတွေနဲ့အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်တွေမှာ ပါမရှိမဖြစ်ထည့်သွင်းလာရတဲ့ အရာတစ်ခုလိုတောင်ဖြစ်လာပြီဖြစ်ပါတယ်။ အဲယားကွန်းကအေးလွန်းတာကြောင့် အချို့သူတွေမှာ ကျန်းမာရေးပြဿနာတွေတွေ့ကြုံရတာမျိုးရှိပါတယ်။အဲယားကွန်းကဆိုးကျိုးတွေပဲပေးတယ်ရယ်လို့တော့မဟုတ်ပါဘူး။ အဲယားကွန်းကအပူဒဏ် ကိုမခံစားမိအောင် လုပ်ဆောင်ပေးတာကြောင့် ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာပေါ့ပါးလန်းဆန်းမှုကိုရရှိစေပြီး အလုပ်ခွင်မှာ တက်ကြွလန်းဆန်းနေစေသလို အလုပ်လုပ်နိုင်စွမ်းကိုတိုးတက်စေပါတယ်။ အေးမြတဲ့ခံစားမှုက ပိုးမွှားတွေနဲ့ ဘက်တီးရီးယားတွေရှိနေမှုကိုလျော့ပါးစေနိုင်သလို ချွေးထွက်နည်းစေတာကြောင့်ရေဓါတ်ဆုံးရှုံးမှုကိုလည်း လျှော့ချ ပေးနိုင်တဲ့အပြင် သန့်စင်တဲ့အဲယားကွန်းစနစ်က ဓါတ်မတည့်စေတဲ့အရာတွေနဲ့ ထိတွေ့နိုင်ခြေကိုလျှော့ချပေးပါတယ်။ အဲယားကွန်းတပ်ဆင်ထားတဲ့အနေအထားကကောင်းမွန်နေမယ်ဆိုရင် သန့်စင်တဲ့လေကိုရရှိ နိုင်မှာဖြစ်ပါတယ်။ရာသီဥတုက ပူပြင်းလာပြီဆိုတာနဲ့ပဲ အများစုက အပူဒဏ်သက်သာပြီး သက်တောင့်သက်သာ အလုပ်ပိုလုပ်နိုင်တဲ့ လေအေးပေးစက်တပ်ဆင်ထားတဲ့အခန်းမှာပဲ နေချင်ကြပါတယ်။ ဒါပေမယ့် လေအေးပေးစက် တွေက လူ့ကျန်းမာရေးအတွက် မကောင်းတဲ့သက်ရောက်မှုတွေ ရှိလာစေနိုင်တာကို သိဖို့လိုပါတယ်။ ဒီလိုသိထားပြိဆိုရင် လေအေးပေးစက်တွေကိုအကျိုးရှိရှိ အသုံးချပြီး အန္တရာယ်ထိခိုက်မှု နည်းပါးအောင် ဘယ်လိုနေထိုင်ရမလဲ၊ ဘယ်လိုသတိထားရမလဲဆိုတာ နားလည်နိုင်မှာဖြစ်ပါတယ်။ ဒါမှပဲ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ ရှောင်ရှားနိုင်၊ ဖြစ်နိုင်ခြေ နည်းပါးစေနိုင်ပါလိမ့်မယ်။လေအေးပေးစက်အသုံးပြုရာမှာ ကျန်းမာရေးအတွက် ဖြစ်လာစေနိုင်တဲ့ သက်ရောက်မှုတချို့ကတော့ –။(၁) အပူချိန်ရုတ်တရက်ပြောင်းလဲမှု။အပူချိန်နဲ့စိုထိုင်းဆ ရုတ်တရက်ပြောင်းလဲမှုက အသက်ရှူလမ်းကြောင်းစနစ်ကိုထိခိုက်စေနိုင်ပါတယ်။ ရာသီဥတုပူပြင်းနေချိန်မှာ လေအေးပေးစက်ရဲ့အပူချိန်ကို 20 °C အောက်မှာ ထားရင်ထားကြမှာပါ။ ဒါပေမယ့် (တခါတရံ အပူချိန် 40 °C လောက်ရှိတတ်တဲ့) အပြင်ကနေ အဲယားကွန်းခန်းထဲဝင်လိုက်ရင် အပူချိန်ရုတ်တရက်ကျဆင်းမှုကြောင့် ခန္ဓါကိုယ်မှာ ဖိအားဖြစ်စေပါတယ်။(၂) အသားအရေခြောက်သွေ့ခြင်း။လေအေးပေးထားတဲ့ပတ်ဝန်းကျင်ဖြစ်ရုံနဲ့ အသားအရေခြောက်သွေ့မှုဖြစ်စေမယ့်ခိုင်လုံတဲ့ အကြောင်းရင်း ဖြစ်နေပါပြီ။ အဲယားကွန်းတွေကထုတ်ပေးလိုက်တဲ့လေအေးတွေက အရေပြားဆဲလ်တွေကို ထိခိုက်စေပြိး အရေပြားခြောက်သွေ့၊ မွဲခြောက်စေပါတယ်။(၃) ရောဂါပြန့်ပွားမှု။အဲယားကွန်းလေရဲ့ လှည့်ပတ်မှုစနစ်ကြောင့် ကူးစက်နိုင်တဲ့အသက်ရှူလမ်းကြောင်းရောဂါတွေ ပြန်ပွားစေ နိုင်ပါတယ်။ အဲယားကွန်းနဲ့နေတာ ကြာရှည်လာရင် ပန်းနာရင်ကျပ်ရှိသူတွေမှာ ရောဂါပိုဆိုးစေနိုင်သလို အဆုတ်ရောဂါပါဝင်လာနိုင်ပါတယ်။ အဲယားကွန်းဟာ လတ်ဆတ်တဲ့လေနဲ့မဟုတ်ဘဲ အတွင်းမှာရှိနှင့်ပြီးသားလေတွေနဲ့ပဲ ထပ်ကာထပ်ကာလှည့်ပတ်နေတဲ့စနစ်ဖြစ်တာကြောင့် အအေးမိခြင်း၊ တုပ်ကွေး စတဲ့ ရောဂါပိုးတွေ၊ဘက်တီးရီးယားတွေကို တခြားသူဆီကနေပြန့်ပွားကူးစက်နိုင်ဖို့များပါတယ်။(၄) ဓါတ်မတည့်မှုပြဿနာ။လေထုထဲမှာရှိနေတဲ့ ဖုန်မှုန့်တွေ၊ မှိုတွေကြောင့် ဓါတ်မတည့်မှုတွေဖြစ်လာစေနိုင်ပါတယ်။ လေအေးပေး စက်တွေကိုသန့်စင်မပေးဘူးဆိုရင် ဖုန်မှုန့်တွေ၊ဘက်တီးရီးယားနဲ့မှိုတွေက လေထဲမှာပါလာပြီး အရေပြားပြဿနာတွေ၊ ယားယံခြင်းတွေ၊ ဓါတ်မတည့်တာတွေဖြစ်လာစေနိုင်ပါတယ်။(၅) မျက်သားခြောက်သွေ့ခြင်း။အဲယားကွန်းကြောင့် မျက်ရည်ခမ်းခြောက်ပြီး မျက်သားခြောက်သွေ့မှုတွေဖြစ်စေနိုင်သလို မျက်ကပ်မှန်တပ်သူတွေမှာ အခက်တွေ့နိုင်ပါတယ်။ မျက်ရည်ခမ်းခြောက်မှုအပြင် မျက်စိနီရဲယားယံခြင်း၊ မျက်ရည်ထွက်ခြင်း၊ ရောင်ရမ်းခြင်းတွေဖြစ်စေတတ်ပါတယ်။(၆) ကိုယ်ခံအားနည်းခြင်း။အဲယားကွန်းက အပူချိန်ပြောင်းလဲမှုကိုအတုဖန်တီးပေးတဲ့အရာဖြစ်တာကြောင့် လူ့ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားကို ထိခိုက်အားနည်းစေပါတယ်။ အိမ်ခန်း၊ရုံးခန်းတွေထဲမှာနေရာက ပြင်ပကခြစ်ခြစ်တောက်အပူရှိန်ထဲ ထွက်ပြီး အပူချိန်အပြောင်းအလဲ မကြာခဏကြုံတတ်တဲ့သူတွေမှာ အကြောင်းရင်းမရှိဘဲ နာမကျန်းပိုဖြစ်တတ်ပါတယ်။(၇) အပူဒဏ်မခံနိုင်တော့ခြင်း။လေအေးပေးစက်နဲ့ပဲနေတာကြာလာတဲ့ သူတွေဟာ အအေးနဲ့အပူအပြောင်းအလဲမှာ ခန္ဓါကိုယ်မှာဖိစီးမှုဖြစ်စေတာကြောင့် ပြင်ပအပူချိန်ကို ခံနိုင်ရည်မရှိတော့ပါဘူး။ ဒါ့ကြောင့်ပဲ အပူလှိုင်းဖြစ်ရပ်တွေမှာ ရုတ်တရက်သေဆုံးမှုတွေများလာတာဖြစ်ပါတယ်။လေအေးပေးစက်ကြောင့်အန္တရာယ်ရှိနိုင်တဲ့အနေအထားကနေ ကာကွယ်နိုင်စေဖို့ အပြင်ကနေပြန်ပြန်လာချင်း လေအေးပေးစက်ကိုချက်ချင်းမဖွင့်ပါနဲ့၊ ဖွင့်ခါစမှာ fan-only mode ကိုပဲစဖွင့်ပြီး အခန်းတွင်းအပူချိန်နဲ့ ပြင်ပအပူချိန် သိပ်မကွာတဲ့အနေအထားရောက်မှ အပူချိန်ကို ဖြည်းဖြည်းချင်းလျှော့ချပေးပါ။သန့်စင်မှုအားနည်းတဲ့အခန်းတွင်းလေနဲ့လေအေးပေးစနစ်ကို အမြဲအသုံးပြုနေတဲ့ အနေအထားက သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာနဲ့ ဓါတ်မတည့်မှုတွေကို ဖြစ်ပေါ်ခံစားရစေတဲ့ အရင်းခံအကြောင်းတရားဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/%e1%80%a1%e1%80%b1%e1%80%bb%e1%80%95%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%9c%e1%80%b2%e1%80%bb%e1%80%99%e1%80%94%e1%80%b9-%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%a5%e1%80%90%e1%80%af/
null
null
digestive-health
digestive-health
https://hellosayarwon.com/digestive-health/constipation-digestive-health/what-you-should-know-about-fecal-impaction/
null
null
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/h1n1-%e1%80%b1%e1%80%81%e1%81%9a-%e1%81%80%e1%80%80%e1%80%b9%e1%80%90%e1%80%af%e1%80%95%e1%80%b9%e1%80%b1%e1%80%80%e1%80%bc%e1%80%b8/
null
null
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/how-to-deal-with-sweaty-smell/
သွေးတိုးရှိသူတိုင်း သောက်ပေးသင့်တဲ့ ဖျော်ရည်တွေက ဘာတွေများလဲ……..
အသံတိတ် လူသတ်သမားရယ်လို့ တင်စားရလောက်အောင်အထိ ပြင်းထန်တဲ့သွေးတိုးရောဂါက ကမ္ဘာပေါ်က လူတော်တေ်ာများများကို ခြိမ်းခြောက်နေတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ သွေးတိုးရောဂါဆိုတာ ရုတ်တရက် ကြည့်လိုက်ရင်အသက်အန္တရာယ်ကို ထိခိုက်လောက်အောင်အထိ မပြင်းထန်ဘူးလို့ ယူဆစရာရှိပေမယ့် တကယ်ကတော့ အခန့်မသင့်ရင် အသက်ကို ရန်ရှာနိုင်တဲ့နာတာရှည်ရောဂါတစ်ခုပါ။သွေးတိုးဆိုတာကခန္ဓာကိုယ်အနှံ့အပြားကို သွေးတွေ စီးဆင်းရောက်ရှိစေဖို့နှလုံးက ပုံမှန်ထက်ပိုအားစိုက်လို့ သွေးတွေကို ညှစ်ထုတ်ရတဲ့ အခြေအနေပါ။ ဒီလိုနဲ့ သွေးတိုးတာကို အချိန်ကြာမြင့်စွာ ခံစားလာရတဲ့အခါ လေဖြတ်တာ၊ နှလုံးရောဂါ၊ကျောက်ကပ်ပျက်စီးတာ၊ အမြင်အာရုံ ထိခိုက်တာတွေ ခံစားရနိုင်ပါတယ်။လူတော်တော်များများဟာ သူတို့ဘဝ သက်တမ်းတလျှောက်မှာ သွေးတိုးရောဂါကို တစ်ချိန်မဟုတ် တစ်ချိန်မှာ ခံစားတတ်ကြရပါတယ်။ အဖြစ်များတဲ့ ရောဂါတစ်ခုလို့ ဆိုရမှာပေါ့။ ဒါပေမယ့် အခုဆိုရင် လူတော်တော်များများ သွေးတိုးရောဂါ ခံစားရမယ်ဆိုတာက ခေါက်ထားလို့ ရမယ့်အခြေအနေတစ်ခုကိုရောက်လာပါပြီ။ ဒီလိုပြောရတဲ့ အကြောင်းကတော့ ယနေ့ခေတ်မှာ တိုးတက်ပြောင်းလဲလာတဲ့ အနေအထားအရစားသောက်နေထိုင်မှုပုံစံကို မှန်မှန်ကန်ကန်ပြောင်းလဲ လိုက်မယ်ဆိုရင် သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်လို့တောင် ရပါတယ်။တကယ်လို့ သွေးတိုးရောဂါခံစားနေရပြီဆိုရင်လည်း သွေးတိုးကြောင့် နောက်ဆက်တွဲရောဂါတွေ မဖြစ်စေဖို့ နေထိုင်မှုပုံစံကို ပြောင်းလဲတာ၊ အစားအသောက်ပုံစံကို ကျန်းမာရေးနဲ့ညီညွတ်အောင် ပြင်ဆင်တာ၊လေ့ကျင့်ခန်းလုပ်တာ၊ ထိုက်သင့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ရယူတာမျိုးတွေကို လုပ်ဆောင်ဖို့လိုပါမယ်။ ဒီလိုမျိုး သွေးတိုးကို ထိန်းသိမ်းမှုမှာ အထိရောက်ဆုံးနဲ့ အရိုးစင်းဆုံး နည်းလမ်းကောင်းလေး တစ်ခုရှိပါတယ်။ ဒါကတော့ အသီးဖျော်ရည်တွေ သောက်သုံးပြီး သွေးတိုးကို ထိန်းညှိတာပါ။သွေးတိုးကို ထိန်းညှိတာက နှလုံးကျန်းမာရေးကို စောင့်ရှောက်ရာ ရောက်သလိုအသက်ရှည်ကျန်းမာစေဖို့လည်း တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။ ဒီတော့ သွေးတိုးကို ထိန်းညှိဖို့ ဒါလေးတွေသောက်ပေးဖို့ အကြံပြုပါရစေနော်။BEET ဖျော်ရည်။လေ့လာမှုတွေအရ beet ဖျော်ရည်တစ်ခွက်က သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အကြောင်းကတော့ beet ဖျော်ရည်မှာ နိုက်ထရိတ်ကြွယ်ဝစွာ ပါဝင်နေမှုက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးတာ ပါ။ သွေးတိုးရှိသူတွေအနေနဲ့ သွေးတိုးသက်သာစေဖို့ သောက်ပေးသင့်ပါတယ်။တရုတ်နံနံဖျော်ရည်။တရုတ်နံနံဖျော်ရည်က အာရုံကြောပေါ်မှာ သက်ရောက်နေတဲ့ တင်းအားတွေကို လျော့ကျစေနိုင်ပါတယ်။ တရုတ်တိုင်းရင်း ဆေးနည်းတွေမှာလည်း သွေးတိုးကျစေဖို့အတွက် တရုတ်နံနံကို အသုံးပြုခဲ့ကြပါတယ်။သွေးတိုးရှိသူတွေ အနေနဲ့ တရုတ်နံနံဖျော်ရည် တစ်ခွက်ပုံမှန် သောက်သုံးပေးတာကသွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပြီး ခန္ဓာကိုယ် အနှံ့ကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေနိုင်ပါတယ်။မုန်လာဥနီဖျော်ရည်။ကုန်ကျစရိတ် သိပ်မများသလို အရောင်အသွေးရော အရသာပါ ပြည့်စုံတဲ့ မုန်လာဥနီဖျော်ရည်က ဓာတ်တိုးဆန်ပကျင် အာနိသင် ကြွယ်ဝပြီး အမျှင်ဓာတ် နဲ့ သွေးကြောတွေကို ကျန်းမာစေနိုင်တဲ့ phenoloic ဒြပ်ပေါင်း ကြွယ်ဝစွာ ပါဝင်နေပါ တယ်။မုန်လာဥနီဖျော်ရည်က သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပြီး ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။ တစ်ခုသတိထားရမှာက မုန်လာဥနီမှာ သကြားဓာတ်ပါဝင်မှုများတာကြောင့် အခြားအသီးအရွက်တွေထည့်ဖျော်တာမျိုး လုပ်ပေးတာက ပိုအဆင်ပြေနိုင်မှာပါ။ခရမ်းချဉ်သီးဖျော်ရည်။ပိုတက်ဆီယမ်က သွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်တဲ့ဓာတ် တစ်ခုပါ။ ခရမ်းချဉ်သီးမှာ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးမယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါ။ နောက်တစ်ချက်က ခရမ်းချဉ်သီးဖျော်ရည်က သွေးတိုးကိုတင် သက်သာစေတာမဟုတ်ဘဲကိုယ်အလေးချိန်ကိုပါ အကောင်းဆုံးထိန်းညှိပေးနိုင်တာပါ။ ဒါကြောင့် သွေးတိုးသက်သာစေဖို့ဆိုရင် ခရမ်းချဉ်သီး ဖျော်ရည်ကို သောက်သုံးပေးလို့ရပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/fruit-juices-for-hypertension/
ဒေါသထိန်းချုပ်မှုဆိုင်ရာ ပြဿနာများ
ဒေါသဟာ စိတ်ရှုပ်ခြင်း၊ စိတ်ပျက်ခြင်း၊ အနှောင့်အယှက်ဖြစ်ခြင်းတွေကနေ စတင်နိုင်ပြီး ပြင်းထန်တဲ့ ခံစားမှုတစ်ခုဖြစ်ပါတယ်။ အချို့အခြေအနေတွေမှာ ဒေါသထွက်ခြင်းဟာ ခံစားချက်တွေကိုသက်သာစေတာကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်ပါယတ်။ ဒါဟာ ပုံမှန်လူသား ခံစားမှုတစ်ခုသာ ဖြစ်ပါတယ်။ဒါပေမယ့် ဒေါသကို ဘယ်လိုဖေါ်ပြရမလဲဆိုတာ မသိရင်တော့ ဒါကို anger management problem လို့ ခေါ်ပါတယ်။ စိတ်တိုခြင်းဟာ ကောင်းခြင်း၊ ဆိုးခြင်း မရှိပါဘူး။ ဒါပေမယ့် သင်ဒေါသထွက်ပုံ၊ အခြားသူတွေကို ဆက်ဆံပုံပေါ်မူတည်ပြီး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ဒေါသကိုမထိန်းနိုင်သူ တစ်ယောက်ဟာ နားလည်မှုလွဲခြင်းကို ဖြစ်စေနိုင်ပြီး ဒါဟာ ထိပ်တိုက်ရင်ဆိုင်ရတဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ anger management problem ရှိသူတွေဟာ သူတို့ရဲ့ ခံစားချက်တွေကို သတိမထားမိခြင်း၊ အခြားသူတွေကို ပြဿနာ ဖြစ်စေမှန်းကိုသတိမထားမိခြင်း တွေဖြစ်နိုင်ပါတယ်။anger management problem ရှိသူတွေမှာ သူတို့ရဲ့ ဒေါသနဲ့ပတ်သက်ပြီး ပြောရင်ပြင်းထန်တဲ့ တုန့်ပြန်မှု ရှိတတ်ပါတယ်။ သူတို့မှာ အောက်ဖေါ်ပြပါ အတွေ့အကြုံတွေ ရှိတတ်ပါတယ်။ဒေါသထွက်ခြင်းမှာ စိတ်ခံစားမှုတွေရောထွေးနေတယ်လို့ ခံစားရမှာပါ။ ဒီခံစားမှုတွေဟာ အခြားစိတ်ရောဂါအခြေအနေ တစ်ခုခုရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပြီး ရလဒ်ကတော့ ဒေါသမထိန်းနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုအခါမျိုး မကြာခဏ ဖြစ်နေပြီး ပိုဆိုးလာတယ်ဆိုရင် ဆရာဝန်ကို ပြသသင့်ပါတယ်။Anger management problem တွေဟာ ခဏတာရော ကြာရှည်တဲ့ အကျိုးကျေးဇူးတွေဖြစ်တဲ့ သင်ချစ်တဲ့ သူ၊ သူငယ်ချင်း၊ အခြားသူတွေနဲ့ ဆက်ဆံရေးတွေ ပျက်ယွင်းခြင်း၊ ဦးနှောက်၊ နှလုံးကို ထိခိုက်စေခြင်း တွေပါ ဖြစ်စေနိုင်ပါတယ်။သင့်မှာ anger management problem ရှိနေပြီလို့ သံသယရှိရင် သင့်ပြဿနာတွေကို အခြားတစ်ယောက်ကို ပြောပြသင့်ပြီး ဆရာဝန်နဲ့ တိုင်ပင်ကာ အကောင်းဆုံးကုသမှု ယူသင့်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%92%e1%80%b1%e1%80%ab%e1%80%9e%e1%80%91%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba/
ဘာလို့ ဆေးလိပ် ဖြတ်မရတာလဲ
ဆေးလိပ် ကိုစိတ်ထွက်ပေါက်အနေနဲ့ သောက်တာ ရှိတယ်၊ အဖော်ကောင်းလို့ သောက်တာ ရှိတယ်၊ ကြိုက်လွန်းလို့ကို သောက်တာ ရှိတယ်၊ ကိုယ့်ကို ဆေးလိပ်သောက်ဖြစ်စေတဲ့ အကြောင်းရင်းက တစ်ယောက်တစ်မျိုးနဲ့ပါ။ဒါပေမယ့် တကယ်တမ်း ဆေးလိပ်ဖြတ်တော့မယ် ဆိုရင်တော့ ဒီအကြောင်းပြချက်တွေက အရေးပါလာပါပြီ။ ဘာကြောင့် သောက်ဖြစ်နေတာလဲ ဆိုတာကို ကိုယ့်ဘာသာ အဖြေရှာနိုင်မှ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားရတာ အောင်မြင်မှာ ဖြစ်ပါတယ်။ယေဘုယျကျကျ ကြည့်မယ်ဆိုရင်တော့ လူတစ်ဦး ကို ဆေးလိပ်သောက်သုံးဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ အဓိကအားဖြင့် ဒီ ၄ မျိုး ပါဝင်နေပါတယ် –။စိတ်ရှုပ်စရာတွေ ကြုံလာရင် ဆေးလိပ်ထသောက်တတ်တယ်။ ဆေးလိပ်လေး သောက်ရင် တွေးလို့ ကောင်းတယ်၊ အတွေးနယ်ချဲ့ကြတယ်။အလုပ်တွေ လုပ်နေရင်း ရုံးခန်းအပြင် ခဏထွက်ပြီး ဆေးလိပ်သောက်တတ်တယ်။ တချို့လူတွေက ဆေးလိပ်သောက်လိုက်ရရင် လက်ရှိဖြစ်နေတဲ့ စိတ်အကျပ်အတည်းကနေ ခဏတာ စိတ်ပေါ့ပါးစေတယ် လို့ ယုံကြည်ထားကြတယ်လေ။ ဆေးလိပ်သောက်နေရင် အကြံဉာဏ်ကောင်းတွေ အတွေးပေါ်လာတတ်တယ် လို့လည်း ခံယူထားတတ်ကြသေးရဲ့။စိတ်ဖိစီးမှုတွေနဲ့ စိတ်ထိခိုက်စရာ အကြောင်းအရာတွေ နဲ့ ကြုံတွေ့ရတဲ့အခါ လူတော်တော်များများဟာစီးကရက်တစ်လိပ်လောက် သောက်ချင်လာတဲ့ စိတ်ဆန္ဒကို ဖျောက်ဖျက်ပစ်လို့ မရနိုင်ဘဲ ဖြစ်တတ်ပါတယ်။ဒါကို ဖြေရှင်းဖို့ အတွက် ကိုယ့်မှာ ဖြစ်ပေါ်နေတဲ့ ဆေးလိပ်သောက်ချင်နေတဲ့ အာသီသကို ဖြေဖျောက်နိုင်ဖို့ –။ဒါပြီးရင် ဒါလုပ်ရမယ် ဆိုတဲ့ အစဉ်အလာ သဘောမျိုးလေ။ ဥပမာ ထမင်းစားပြီး၊ မုန့်စားပြီးရင် ဆေးလိပ်သောက်ရမယ်၊ မသောက်ဖြစ်ရင် ခံတွင်းချဉ်တယ် ဆိုတာမျိုးပေါ့။အစားစားပြီးချိန်၊ ကားမောင်းနေတဲ့ အချိန် ၊တီဗီကြည့်နေချိန်၊ကော်ဖီသောက်နေချိန်မှာပဲ ဖြစ်ဖြစ် ဆေးလိပ်သောက်ချင်စိတ် ဖြစ်လာတာ ဒါမှမဟုတ် အလိုလို ဆေးလိပ်သောက်မိသွားတာမျိုး ဖြစ်တတ်ပါတယ်။ဒီလို အကျင့်ဖြစ်နေလို့ ဆေးလိပ်သောက်ချင်တဲ့ ဆန္ဒကို တစ်ခုခုနဲ့ အစားထိုးဖို့ နည်းလမ်းရှာဖွေသင့် ပါတယ်။ ဒီလိုအချိန်တွေဆို –။(၃)ပေါင်းသင်းဆက်ဆံရေးကြောင့် သောက်ပျော်နေတာ။လုပ်ဖော်ကိုင်ဖက်တွေ၊ အပေါင်းအသင်းတွေနဲ့ စကားစမြည်ပြောကြတဲ့အခါ စီးကရက်သောက်လေ့ ရှိကြတယ်။ ဥပမာ လက်ဖက်ရည်ဆိုင် ထိုင်တယ်ပေါ့။ ကိုယ်က ဆေးလိပ်မသောက်တော့ပါဘူး၊ ဖြတ်တော့ပါမယ် ဆို ကိုယ်နဲ့တွေ့နေတဲ့သူငယ်ချင်းက စီးကရက် မီးထညှိတဲ့အခါ ဘယ်လိုမျိုး နေမလဲ။အရင်လို ထသောက်ပစ်လိုက်ချင်မှာပဲပေါ့။ စိတ်အလိုလိုက်ပြီး သောက်လိုက်မိမယ် ဆိုရင် ဒီကြားထဲ အောင့်အည်းစောင့်စည်းခဲ့သမျှ သွားပြီလေ။ဒါ့ကြောင့် ကိုယ့်စိတ်ထဲ လုံးလုံးဆေးလိပ်မပြတ်သေးသရွေ့တော့ ဆိုင်ရွေးမယ်ဆို ဆေးလိပ်သောက်လို့မရတဲ့ နေရာမျိုးမှာ တွေ့ဆုံကြသင့်တယ်။ တွေ့ဖြစ်လည်း ကိုယ့်စိတ်ကိုယ် နိုင်အောင် ထိန်းဖို့ အသင့်ပြင်ပြီးမှ သွားပါ။လူ့စိတ်ဆိုတာ မလုပ်နဲ့ ဆိုမှ ပိုလုပ်ချင်တဲ့ သဘာဝ ရှိတာမို့ ဒီအချက်မှာ ငြိတော့တာပါပဲ။ ဖြတ်တော့မယ် ဆိုပြီး အတင်းချုပ်တည်းကာမှ ဆေးလိပ်သောက်ချင်စိတ်တွေ အရင်ကထက် အငမ်းမရ ပိုများလာတာ ဖြစ်တတ်ပါတယ်။ဆေးလိပ်မှာ အဓိကပါဝင်နေတဲ့အရာ ဖြစ်တဲ့နီကိုတင်းနေ့စဉ်ရရှိမှု အနေအထား နဲ့ အသားကျနေတဲ့ အချိန်မှာ ဆေးလိပ်ဖြတ်လိုက်မယ် ဆိုရင် ဆေးလိပ်ဖြတ်ချိန် ခံစားရတဲ့ ဝေဒနာတွေ ဖြစ်လာနိုင်ပြီး ဆေးလိပ် အငမ်းမရ သောက်ချင်စိတ်ကိုလည်း ဖြစ်ပေါ်လာစေပါတယ်။ဒါ့ကြောင့် ဒီအချက်တွေကို သတိပြုမိတဲ့အခါ ဆေးလိပ်ဖြတ်မယ့် လမ်းခရီးမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/%e1%80%86%e1%80%b1%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%ba/
null
null
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab-%e1%80%a1/
ကာလဝမ်းရောဂါကို ကာကွယ်ဖို့ လိုက်နာသင့်တဲ့ အချက်
ကာလဝမ်းရောဂါဆိုတာက Vibrio cholera လို့ခေါ်တဲ့ ဘက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်တဲ့ ပြင်းထန်တဲ့ ရောဂါတစ်မျိုးပါ။ ဒီဘက်တီးရီးယားကို များသောအားဖြင့် သန့်ရှင်းမှုအားနည်းတဲ့အစားအစာတွေနဲ့ ရေတွေထဲမှာတွေ့ရတတ်ပါတယ်။ လက်ကိုပုံမှန်ဆေးကြောသန့်စင်မယ်။ သန့်ရှင်းတဲ့သောက်သုံးရေကို သောက်သုံးမယ်။ သေချာကျက်အောင်ချက်ပြုတ်ထားတဲ့အစားအစာတွေကို စားသုံးမယ်။ကာကွယ်ဆေးကြိုတင် ထိုးနှံတာတွေလုပ်ထားမယ်ဆိုရင်တော့ ကာလဝမ်းရောဂါဘေးကနေ ကာကွယ်ပြီးသားဖြစ်မှာပါ။ကာလဝမ်းရောဂါက သေချာမကုသဘဲထားမယ်ဆိုရင်နာရီပိုင်းအတွင်းမှာတင် ကျန်းမာနေတဲ့လူကို သေစေနိုင်တဲ့ အထိပြင်းထန်ပါတယ်။ နှစ်စဉ် ကမ္ဘာတလွှားမှာ ကာလဝမ်းရောဂါကူးစက်ဖြစ်ပွားသူ ၂.၉ သန်းရှိပြီး ရောဂါခံစားရသူ ဦးရေရဲ့ ၉၅ ၀၀၀ ကအသက်ဆုံးရှုံးတဲ့အထိခံစားကြရပါတယ်။ ကာလဝမ်းရောဂါကို ခပ်ပေါ့ပေါ့ မတွေးသင့်ပါဘူး။ ကာလဝမ်းရောဂါဖြစ်ရတဲ့ အဓိကပြဿနာကတော့ သန့်ရှင်းတဲ့သောက်သုံးရေမရရှိတာ၊ သင့်တော်ကောင်းမွန်တဲ့ရေဆိုးနုတ်စနစ်မရှိတာတွေနဲ့သဘာဝဘေးအန္တရာယ်ဒဏ်သင့်ထားတဲ့အခြေအနေတွေနဲ့ တွေ့ကြုံနေရတာကြောင့်ပါ။ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ကာလဝမ်းရောဂါကို ကာကွယ်ထားတာကထိရောက်တဲ့နည်းလမ်းတစ်ခုပါ။ ဒီဆောင်းပါးထဲမှာ ကာလဝမ်းရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်မယ့်နည်းလမ်းတွေကိုပြောပြပေးထားပါတယ်။လက်တွေကို သေချာဆေးကြောပါ။နေမကောင်းတဲ့လူကို ပြုစုပေးပြီးချိန်မှာဖြစ်ဖြစ် ညစ်ပေတဲ့အရာတွေကို ကိုယ်တွယ်ထိတွေ့ပြီးချိန်မှာဖြစ်ဖြစ်လက်တွေကို လက်အိတ်စွပ်ထားတယ်ဆိုရင်တောင်မှ သေချာသန့်စင်အောင်ဆေးကြောပေးပါ။ မသန့်ရှင်းတဲ့ အရာတွေနဲ့ ထိတွေ့ပြီးတိုင်း လက်ကိုသန့်စင်အောင်ဆေးကြောတာက ရောဂါတွေကို ကာကွယ်ဖို့အတွက် ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။အစားမစားခင်၊အိမ်သာကဆင်းတဲ့အချိန်၊ ညစ်ပေတဲ့အရာတွေကို ကိုယ်တွယ်ထိတွေ့ပြီးချိန်တိုင်းမှာ လက်ကိုဆပ်ပြာနဲ့ရေသုံးပြီး သန့်စင်အောင်ဆေးကြောပေးပါ။ရေမလိုလက်သန့်ဆေးရည်အသုံးပြုပေးလို့လည်းရပါတယ်။သန့်ရှင်းတဲ့သောက်သုံးရေကိုပဲသောက်ပါ။သန့်ရှင်းတဲ့ရေကိုသောက်သုံးတာက ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးပါ။ သောက်သုံးရေတင်မဟုတ်ဘဲ သန့်စင်ဆေးကြောဖို့ အသုံးပြုတဲ့ရေကိုပါ သေချာသန့်စင်အောင်လုပ်ဆောင်ပေး ဖို့လိုပါမယ်။ ရေသန့်သောက်သုံးပေးပါ။ ရေသန့်မရရှိနိုင်တဲ့အခါမှာလည်း ရေကိုကျိုချက်သောက်သုံးပေးပါ။ရေသန့်ဆေးပြားအသုံးပြု သန့်စင်ထားတဲ့ ရေကို အသုံးပြုပေးလို့လည်းရပါတယ်။သေချာကျက်အောင်ချက်ပြုတ်သုံးဆောင်ပါ။ရေလိုပဲ သန့်ရှင်းမှုရှိတဲ့ အစားအသောက်တွေကိုပဲ စားသုံးပေးပါ။ အစားအစာစားသုံးတဲ့ အခါ သန့်သန့်ရှင်းရှင်းနဲ့ သေချာကျက်အောင်ချက်ပြုတ်ထားတဲ့ အစားအစာတွေကို စားသုံးပေးပါ။အစားအသောက်တွေကို အစိမ်းစားတာမျိုး စားနေကျမဟုတ်တာတွေကို စားတာမျိုးမလုပ်ပါနဲ့။ အစားအသောက်ထည့်တဲ့ ပန်းကန် ခွက်ယောက်တွေကို သန့်ရှင်းအောင်ထားဖို့လည်း မမေ့ပါနဲ့။စိတ်ချရတဲ့ ရေဆိုးနုတ်စနစ်ရှိပါစေ။ရေဆိုးနုတ်စနစ် အားနည်းမှုကြောင့်လည်း ဝမ်းရောဂါခံစားရနိုင်ပါတယ်။ ဒါကြောင့် ကောင်းမွန်စိတ်ချရတဲ့ ရေဆိုးနုတ်စနစ်ထားရှိဖို့လုပ်ဆောင်ပေးပါ။ ရေဆိုးနုတ်စနစ်ကို ရေအရင်းအမြစ်နဲ့ မီတာ ၃၀ အကွာမှာထားရှိပါ။ ရေဆိုးနုတ်စနစ်အနီးတဝိုက်မှာ ထုံးဖြူးထားပေးပါ။ကာကွယ်ဆေးထိုးပေးပါ။ကာလဝမ်းရောဂါကြောင့် ခန္ဓာကိုယ်ထဲမှာရေဓာတ်ဆုံးရှုံးတဲ့အခါဓာတ်ဆားရည်သောက်ပေးတာလိုမျိုး လုပ်ဆောင်ပေးပါ။ ကာလဝမ်းရောဂါခံစားရတဲ့အခါ ခန္ဓာကိုယ်က ကုန်ဆုံးသွားတဲ့ရေဓာတ်ကို ပြန်ဖြည့်တင်းပေးဖို့ ဂရုပြုလုပ်ဆောင်ပါ။ အခုနောက်ပိုင်းမှာတော့ ကာလဝမ်းရောဂါကို ကာကွယ်ပေးနိုင်တဲ့ ဆေးတွေထွက်ရှိနေပြီ ဖြစ်တာကြောင့် ကာလဝမ်းရောဂါ ကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားလို့ရပါတယ်။ ကာကွယ်ဆေးထိုးနှံ တာကလည်း ကာလဝမ်းရောဂါကို ကာကွယ်ရာမှာ ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်တာကြောင့် ကာကွယ်ဆေးထိုးထားပါလို့ပြောပါရစေ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/foodborne-infections/how-to-prevent-cholera/
null
null
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/6-hair-washing-methods-that-you-have-been-doing-wrong/
အစာအဆိပ်သင့် နေတာလား.......
အစာအဆိပ်သင့်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကသန့်ရှင်းမှုအားနည်းခြင်းပါ။ ဒီတော့ ဆင်ခြင်ဖို့ဆိုရင် ဒီအချက်လေးတွေကို သတိထားဖို့လိုပါမယ်။အစာအဆိပ်သင့်တဲ့အခါ ခန္ဓါကိုယ်မှာ အခုလို လက္ခဏာတွေခံစားရနိုင်ပါတယ်။အစာအဆိပ်သင့်တာကြောင့် ဒီလိုလက္ခဏာတွေဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသဖို့လိုပါမယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/foodborne-infections/%e1%80%a1%e1%80%85%e1%80%ac%e1%80%a1%e1%80%86%e1%80%ad%e1%80%95%e1%80%ba%e1%80%9e%e1%80%84%e1%80%b7%e1%80%ba/
သားသားမီးမီးတို့အတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်းလေးများ
ကလေးတွေကို လေ့ကျင့်ခန်း လုပ်စေတာကပျော်ရွှင်မှုကိုတင် ဖြစ်စေတာမဟုတ်ဘဲခန္ဓာကိုယ်ကြံ့ခိုင်ကျန်းမာမှုကိုပါ ဖြစ်စေတာပါ။ ငယ်စဉ်ကစလို့လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အကျင့်လေးတွေကို လုပ်ပေးတာက ကလေးတစ်ယောက်ကိုမိဘတွေအနေနဲ့ လုပ်ပေးသင့်တဲ့အလေ့အကျင့်လေး တစ်ခုပါ။ကလေးကို ငယ်စဉ်ကတည်းက လေ့ကျင့်ခန်း လုပ်တတ်တဲ့အလေ့အထလေး မွေးမြူပေးမယ်ဆိုရင် ကလေးကို။ကလေးတွေက ငယ်ရွယ်သေးတာကြောင့် လူကြီးတွေလို လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်နိုင်သေးပါဘူး။ ဒီတော့ ကလေးကိုစိတ်ရောကိုယ်ပါကျန်းမာစေဖို့အတွက် ပေါ့ပေါ့ပါးပါးလုပ်လို့ ရမယ့် လေ့ကျင့်ခန်းလေးတွေက ဘာတွေများဖြစ်မလဲ………….။အပြေးလေ့ကျင့်ခန်း။အပြေး လေ့ကျင့်တာက အလွယ်ကူဆုံး အရိုးရှင်းဆုံး နဲ့ ကလေးအများစု ကြိုက်နှစ်သက်မယ့် လေ့ကျင့်ခန်း တစ်ခုပါ။ ကလေးကို အိမ်အပြင် ပန်းခြံဆီသွားပြီး အပြေးလေ့ကျင့်စေတာမျိုးက အဆင်အပြေဆုံး ဖြစ်မှာပါ။ ကလေးကို သီးသီးသန့်သန့် အပြေးလေ့ကျင့်ပေးဖို့ ခက်မယ်ဆိုရင် သူငယ်ချင်းတွေနဲ့ စိန်ပြေးတမ်း ကစားတာမျိုးက အဆင်ပြေစေမှာပါ။အပြေးလေ့ကျင့်တာက ကလေးရဲ့ကြွက်သားနဲ့ ဦးနှောက်တွေကို သန်မာစေနိုင်သလို ကလေးရဲ့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကိုပါ တိုးတက်စေမှာပါ။အခုန်လေ့ကျင့်ခန်း။ကလေးကို ခုန်ခိုင်းတာက နေရာ အလုံအလောက်မရှိဘူးဆိုရင် အဆင်ပြေစေမယ့် နည်းလမ်းတစ်ခုပါ။ ကလေးကို ပန်းခြံတွေ၊ ပျော့အိအိ ကစားကွင်းတွေ ခေါ်သွားပြီး ခုန်ခိုင်းလို့လည်း ရပါတယ်။ ခုန်တာက ကလေးကို ကြွက်သားတွေ သန်မာစေနိုင်သလိုနှလုံးသွေးကြောတွေ ကျန်းမာစေပြီး သက်လုံ ကောင်းစေမှာပါ။ကလေးကို ပခုံးအကျယ်အတိုင်း ခြေထောက်ကားထားပြီး ဒူးကွေးခိုင်းလို့Squats ထိုင်ခိုင်းပါ။ ဒီလေ့ကျင့်ခန်းလုပ်ဖို့ နေရာအများကြီး မလိုပါဘူး။ ဒီရိုးစင်းတဲ့ နည်းလမ်းက  ကလေးကို ခြေထောက်တွေ သန်မာစေမှာ ဖြစ်သလို ကလေးကို သန်မာမှု အားဖြည့်ပေးနိုင်မှာပါ။အာရုံစူးစိုက်မှုလည်း ကောင်းစေမှာပါ။ထိုင်ထလေ့ကျင့်ခန်း။ထိုင်ထလုပ်တာက လွယ်ကူရိုးစင်းပြီး ကလေးကို ကြွက်သားတွေ သန်မာစေဖို့ ခြေထောက်တွေ သန်မာစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးနိုင်မှာပါ။ ထိုင်ထလုပ်တာက ခြေထောက် ကြွက်သားတွေတင်မဟုတ်ဘဲ ခါးအောက်ပိုင်း​ကြွက်သားတွေကိုပါ သန်မာစေပြီးဟန်ချက်ထိန်းနိုင်စွမ်းကောင်းစေဖို့ အကောင်းဆုံး အထောက်အကူ ပြုပေးနိုင်မှာပါ။ယောဂလေ့ကျင့်ခန်း။ကလေးကို မေမေနဲ့အတူ ယောဂလေ့ကျင့်စေတာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ အရမ်းခက်ခဲတဲ့ ယောဂပို့စ်တွေ မဟုတ်ဘဲ လွယ်ကူတဲ့ ယောဂပို့စ်တွေကို အတူတူလုပ်စေပါ။အကြောလျှော့ပါ။လေ့ကျင့်ခန်းတွေ လုပ်ပြီးတိုင်းမှာ ကလေးကို အကြောတွေ ပြေလျော့ပြီး သက်တောင့်သက်သာ ဖြစ်နေစေဖို့ အကြောလျှော့တာတွေ လုပ်ခိုင်းပေးပါ။ ဒါမှ ကလေးက လေ့ကျင့်ခန်းလုပ်တာကြောင့် နာကျင်မှု ကင်းပြီး လေ့ကျင့်ခန်းလုပ်ဖို့ မပျင်းမှာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/best-exercises-for-kids/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/what-is-the-best-drink-to-replace-electrolytes/
အသည်းရောင်ရောဂါနှင့်ဆိုင်သော လူနေမှုပုံစံပြောင်းလဲမှုများအတွက် အကြံပြုချက်များ
မည်သည့်ရောဂါမဆို ကုသရာတွင် ဆရာဝန်ပေးသော ကုသမှုနှင့်အတူ လူနေမှုပုံစံသည်လည်း အရေးကြီးပါသည်။ အထူးသဖြင့် အသည်းရောင် ရောဂါ ရှိချိန်တွင်ဖြစ်သည်။ သင့် အသည်းရောင် ရောဂါ အခြေအနေ နှင့် ကျန်းမာရေး ပိုကောင်းလာစေရန် လူနေမှုပုံစံကို ဘယ်လို ပြောင်းလဲသင့်သလဲ။ အသည်းရောင်ရောဂါနှင့်ဆိုင်သော လူနေမှုပုံစံ ပြောင်းလဲမှုများအတွက် အကြံပြုချက်များ ကို ဆက်ကြည့်လိုက်နော်။အသည်းရောင်ရောဂါနှင့်ဆိုင်သော လူနေမှုပုံစံပြောင်းလဲမှုများအတွက် အကြံပြုချက်များ ကတော့။အရက်သည်အသည်းရောင်ရောဂါဖြစ်စေသည့် အကြောင်းအရင်း မဟုတ်လျှင်တောင် အရက်သောက်ခြင်းကို စွန့်လွှတ်သင့်သည်။ အကြောင်းမှာ အရက်ဆက်လက် သောက်ပါက အသည်းပို၍ ပျက်စီးနိုင်သောကြောင့် ဖြစ်သည်။အစားအစာတွင် အရေးအကြီးဆုံး ပြောင်းလဲမှုမှာ ဆိုဒီယမ် စားသုံးမှုကို လျှော့ချရမည်ဖြစ်သည်။ ဆိုဒီယမ်ဓါတ် နည်းသော အစားအစာကို ရွေးချယ်၍ ဟင်းလျာထဲတွင် ဆားပမာဏ လျှော့ချရမည် ဖြစ်သည်။ ဆားများခြင်းက ခန္ဓါကိုယ်တွင် အရည်များ ကျန်ရှိခြင်း၊ ဗိုက်နှင့်ခြေထောက်တို့တွင် ဖောလာခြင်းတို့ ဖြစ်စေသည်။ ဟင်းသီးဟင်းရွက် နှင့် အသီးအနှံများကို အစားအစာထဲတွင် ပို၍ထည့်သင့်သည်။၎င်းတို့က ကိုယ်ခံအားကို မြင့်တက်စေသည့် ဗီတာမင်နှင့်သတ္တုဓါတ်ကို ပေးစွမ်းနိုင်သည်။ အသည်းရောင်ခြင်းသည် အာဟာရချို့တဲ့ပြီး ကြွက်သားများကို အားနည်းစေသည်။ ထို့ကြောင့် အသားဓါတ်ကို ပို၍လိုအပ်သည်။ အဆီမပါသော အသားဓါတ်ဖြစ်သည့် ပဲအမျိုးမျိုး၊ ကြက်၊ငါးတို့ကို ရွေးချယ်နိုင်သည်။ သို့သော်ပင်လယ်စာ အစိမ်းကိုတော့ ရှောင်ကြဉ်ရမည် ဖြစ်သည်။သင့်တွင် အသည်းရောင် ရောဂါ ရှိလျှင် အခြား ရောဂါများအတွက် ပေးသော ဆေးဝါးများသည် သင့်ကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ဆရာဝန် မညွှန်ကြားဘဲ မိမိဘာသာ ဆေးဝယ်သောက်ခြင်းကို ဂရုစိုက်သင့်သည်။ အသည်းရောင် နေပါလျှင် အသည်းက ဆေးများကို အဆင့်ဆင့်ဖျက်ဖို့ရာ ခက်ခဲပါသည်။ ထို့ကြောင့် ဆေးဆိုင်မှ ကိုယ့်ဘာသာ ဆေးဝယ် မသောက်မီ ဆရာဝန်ကို မေးမြန်းပါ။(သို့) ဆေးဝါး ကျွမ်းကျင် ပညာရှင်ကို မိမိသောက်နေသော ဆေးများ အကြောင်း မေးပါ။သင့်ကျန်းမာရေး ကောင်းမွန်ပြီး အသည်းရောင် လက္ခဏာများကို ကာကွယ်နိုင်ရန် မကောင်းသော အလေ့အကျင့်များကို ပြောင်းလဲပါ။ ဆေးလိပ်ဖြတ်ခြင်း၊ နေ့စဉ် လေ့ကျင့်ခန်း လုပ်ခြင်းနှင့်အတူ ဆရာဝန်ညွှန်ကြားသော အားဆေး မှီဝဲခြင်းတို့ကို ပြုလုပ်ပါ။ ဆရာဝန် မညွှန်ကြားဘဲ သံဓါတ်ပါသည့် ဆေးများကို မသုံးစွဲပါနှင့်။ထို့ပြင် ကောင်းမွန်သောသွားကျန်းမာရေးက သွားပြဿနာ မှတဆင့် ရောဂါပိုး ဝင်ခြင်းကို လျှော့ချပေးသည်။သင် ကာကွယ်ဆေး ထိုးပြီးပြီဆိုသည်ကို သေချာအောင် လုပ်ပါ။ တုပ်ကွေး ကာကွယ်ဆေး၊ အသည်းရောင် ရောဂါ အေ နှင့် ဘီ ကာကွယ်ဆေး၊ အဆုတ်ရောင် ရောဂါ ကာကွယ်ဆေး တို့ကို ထိုးဖြစ်အောင် ထိုးပါ။ သင်ဘယ်အချိန်တွင် ကာကွယ်ဆေး တစ်ခေါက် ပြန်ထိုးဖို့ လိုအပ်လည်း ဆိုသည်ကို ဆရာဝန်အား မေးဖို့မမေ့ပါနှင့်။အကာအကွယ် သုံးခြင်းကအသည်းရောင် ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးသည်။ အသည်းရောင် ရောဂါ ဘီ နှင့် စီသည် လိင်မှတဆင့် ကူးစက်နိုင်သောကြောင့် အကာအကွယ် မရှိဘဲ လိင်ဆက်ဆံပါက ရောဂါကူးနိုင်ခြေ ပိုများစေပါသည်။အသည်းရောင် ရောဂါ ကာကွယ်ဆေးများ အကြောင်း ဆရာဝန်ဆီတွင် မေးမြန်း၍ သင်နှင့် သင့်အဖော်ကို ကာကွယ်နိုင်ရန် အကောင်းဆုံး နည်းလမ်းကို ဆွေးနွေးနိုင်သည်။ကျန်းမာသော လူနေမှုပုံစံက သင့်ရောဂါ အတွက် အံ့အားသင့်ဖွယ် အကျိုး သက်ရောက်မှုများ သယ်ဆောင်လာ နိုင်ပါသည်။ ထိုကောင်းကျိုးတွေ ရရှိဖို့ သင် ယခုပဲ စတင် ပြောင်းလဲလိုက်ပါတော့။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/hepatitis-lifestyle-changes/
null
null
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/chronic-sinusitis-%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%9b%e1%80%bd%e1%80%8a%e1%80%b9-%e1%80%b1%e1%80%9c%e1%80%a1%e1%80%ad%e1%80%90%e1%80%b9%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/crying-may-benefit-your-health/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%81%e1%80%b6%e1%80%85%e1%80%ac%e1%80%b8%e1%80%99%e1%80%be%e1%80%af-%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%91%e1%80%94%e1%80%ba%e1%80%81%e1%80%bc/
အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ
အသားဖြူအောင် သဘာဝနည်းလမ်း နဲ့ လုပ်လို့ရတယ်ဆိုရင် ယုံနိုင်ရဲ့လား။ အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးထားတာမို့ လိုက်ပါကြည့်ရှု့လိုက်ပါ။ဟုတ်ပါတယ်။ မွေးကတည်းက မဖြူပေမဲ့ ပုံမှန်ထက် ပိုမို အသားဖြူ လာဖို့တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလည်းဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေကို လေ့လာကြည့်လိုက်ရအောင်။ဘယ်လိုပဲအသားဖြူဆေးတွေသုံးပါစေ။ အသားအရည်ကို ခရမ်းလွန် ရောင်ခြည်တွေနဲ့ထိတွေ့လိုက်မိပြီဆိုတာနဲ့ အသားမဲသွားစေတဲ့ ရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်မှု တိုးပွားလာစေတော့တာပါပဲ။အကောင်းဆုံးနည်းလမ်းကတော့ နေရောင်ထဲထွက်တိုင်းနေလောင်ခံခရင်မ်လိမ်းပါ။ ဦးထုပ်ဆောင်းပြီး လက်ရှည်အင်္ကျီတွေဝတ်ပါ။ နေရောင်အောက်မှာလမ်းလျှောက်မယ်ဆိုရင် နေကာမျက်မှန်ကိုမမေ့ပါနဲ့။အသားအရည်ချေးချွတ်ဖို့အတွက် ဈေးကွက်ထဲမှာအကောင်းဆုံးဆိုတဲ့ ချေးချွတ်ပစ္စည်းတွေရှိပါတယ်။ ဒါမှမဟုတ် အိမ်မှာပဲ သကြားနဲ့ချေးချွတ်ကြည့်ပါ။ဒါက အရေပြားပျက်စီးခြင်း ဥပမာ တင်းတိပ်မှဲ့ခြောက်တွေ၊ အစက်အပြောက်တွေနဲ့အရေးအကြောင်းတွေကို ကာကွယ်ကုသတဲ့နေရာမှာလည်းအသုံးဝင်ပါတယ်။သင်သာကျန်းမာရေးနဲ့ညီညွတ်အောင် မစားဘူးဆိုရင် အကောင်းဆုံးအသားဖြူဆေးဆိုတာတွေကို သောက်သုံးတာကလည်း အသုံးမဝင်လှပါဘူး။စားတဲ့ထဲမှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါဝင်တဲ့ စပျစ်စေ့ဆီ နဲ့ ငါးကြီးဆီတွေကို စားသုံးပါ။ ငါးကြီးဆီမှာပါတဲ့ အိုမီဂါ ၃ ဟာ ဆံပင်၊အရ်ပြားနဲ့ လက်သည်းတွေတောက်ပနေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်မှာ အသားအရည်အတွက်ကောင်းမွန်တဲ့အာဟာရတွေများစွာပါဝင်ပါတယ်။ သူ့မှာ အရောင်ချွတ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ လတ်တစ်အက်ဆစ် ကလည်းပါဝင်ပါသေးတယ်။အောက်ပါနည်းလမ်းတွေဟာ အသားအရည်အမျိုးအစား အားလုံးအတွက်သင့်လျော်ပါတယ်။အသားအရည်ထိန်းသိမ်းခြင်းအတွက် အရေးအကြီးဆုံးပစ္စည်းကတော့ ဗီတာမင် စီ ပါပဲ။ ဒါကိုတော့လိမ္မော်သီးတွေမှာ လိုတာထက်တောင်ပိုပြီးတွေ့ရပါသေးတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ အရောင်ချွတ်ပေးနိုင်တဲ့စွမ်းအင်ရှိတာကြောင့် အသားကိုလည်းပိုဖြူလာစေမှာပါ။ပျားရည်ဟာအသားအရည်ကိုအရောင်ချွတ်ပေးနိုင်တာအပြင် အစိုဓါတ်လည်းဖြည့်ပေးပါသေးတယ်။ မညီညာတဲ့အသားအရောင်ရှိခြင်းရဲ့ အကြောင်းရင်းထဲမှာတော့ အသားခြောက်ခြင်းက အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ ပျားရည်မှာ ဘက်တီးရီးယားသေစေနိုင်တဲ့အစွမ်းလည်းရှိပြီး ဒါက အသက်အရွယ်ကြောင့်ဖြစ်တဲ့အစက်အပြောက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို လွင့်ပါးသွားစေနိုင်ပါတယ်။သန့်စင်တဲ့ပျားရည်ကိုမျက်နှာပေါ်လိမ်းပြီး မိနစ်အနည်းငယ်ခန့်ထားကာ ကြက်သီးနွေးရေနဲ့ဆေးချလိုက်ပါ။ဒီလိုရိုးရှင်းတဲ့နည်းလမ်းလေးက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရည်ကို ပိုမိုတောက်ပလန်းဆန်းလာအောင်လုပ်ပေးနိုင်ပါတယ်။ တစ်ရက်တစ်ကြိမ်လုပ်ပါ။အသားဖြူစေတဲ့ မျက်နှာပေါင်းတင် ကပ်ခွာ (mask)လုပ်ဖို့ ပျားရည်နဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ၊ နို့မှုန့်စားပွဲဇွန်း၁ဇွန်း၊ ဗာဒံဆီ လက်ဖက်ရည်ဇွန်းတစ်ဝက် စတာတွေကိုရောလိုက်ပါ။ သမအောင်မွှေပြီး အသားပေါ်မှာညင်သာစွာလိမ်းပေးပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိထားပြီး ရေအေးနဲ့ဆေးပါ။ နေ့တိုင်းလုပ်ပါ။သံပုရာသီးရဲ့ အက်ဆစ်ဂုဏ်သတ္တိဟာ အသားအရည်အတွက် သဘာဝအရောင်ချွတ်ဆေးအဖြစ်အသုံးဝင်ပြီး ဗီတာမင် စီ မြောက်များစွာပါဝင်တာကလည်း ဆဲလ်ကြီးထွားမှုကိုအားပေးပါတယ်။ ဒါ့အပြင် သံပုရာသီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင် တွေပါဝင်တာကလည်း အသားအရည်အတွက် အလွန်ကောင်းမွန်ပါတယ်။ဂွမ်းလုံးလေးကို လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ သံပုရာရည်ထဲထည့်ပြီး မျက်နှာပေါ်တိုက်ရိုက်လိမ်းပါ။ လှီးထားတဲ့ သံပုရာခြမ်းကိုတောင် မျက်နှာပေါ်တိုက်ရိုက်ပွတ်တိုက်ပေးလို့ရနိုင်ပြီး အရည်တွေ အသားပေါ်တင်ကျန်နေခဲ့ပါစေ။ဒါကိုအနည်းဆုံး၁နာရီလောက်ထားပြီး မျက်နှာကိုရေနဲ့ဆေးပါ။ တစ်နေ့တစ်ကြိမ်လုပ်ပါ။ ဒီရိုးရှင်းတဲ့နည်းလမ်းကလည်း အသားအရည်ကိုဖြူဝင်းလာစေပြီး မျက်နှာပေါ်မှာအမာရွတ်ထင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။သံပုရာရည် လက်ဖက်ရည်ဇွန်း၃ဇွန်းနဲ့ နနွင်းမှုန့် သို့မဟုတ် ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကိုရောပြီးအနှစ်လုပ်ပါ။ ရလာတဲ့အနှစ်ကိုလိမ်းပြီး တစ်နာရီခွဲခန့်ထားပါ။ ရေနဲ့ဆေးလိုက်ပါ။ ဒါကိုလည်း တစ်နေ့တစ်ကြိမ်လုပ်ပေးပါ။ရှားစောင်းဟာhyperpigmentation(ရောင်ခြယ်ပစ္စည်းများပြားခြင်း) ကိုသက်သာစေနိုင်ပြီး အသားအရည်ရဲ့ နဂိုမူလအရောင်ကိုပြန်လည်ရရှိစေနိုင်ပါတယ်။ Hyperpigmentation ကတော့ မညီညာတဲ့အသားရောင်တွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ရှားစောင်းရဲ့အေးမြတဲ့အစွမ်းကလည်း ကျန်းမာတဲ့အသားအရည်အတွက် အရေးကြီးတဲ့ ဆဲလ်သစ်ဖြစ်ပေါ်ခြင်းနဲ့ ပျက်စီးသွားတဲ့တစ်သျှူးတွေပြန်လည်တည်ဆောက်ခြင်းကိုအားပေးပါတယ်။ရှားစောင်းဂျယ်ကိုအသုံးပြုတဲ့ ရိုးရှင်းတဲ့နည်းလမ်းက အမဲစက်တွေကို ပြန်လည်ဖြူဝင်းလာစေပြီး အသားအရည်အနေအထားအားလုံးကို တိုးတက်ကောင်းမွန်လာစေပါတယ်။သင်္ဘောသီးကို အမျိုးမျိုးသောအလှအပဆိုင်ရာကုသမှုတွေမှာ အသုံးပြုကြပြီး အသားအရည်ကို ပြန်လည်ဖြူဝင်းစေတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သင်္ဘောသီးမှာ သဘာဝအရောင်ချွတ်နိုင်တဲ့စွမ်းအင်ရှိပြီး သူ့မှာပါဝင်တဲ့ အမျိုးမျိုးသောအာဟာရတွေက သင့်ရဲ့အသားအရည်ကို ကျန်းမာစွာတောက်ပနေစေတယ်လို့ ယုံကြည်ကြပါတယ်။သင်္ဘောသီးကို စားပေးပါ။သင်္ဘောသီးရဲ့သန့်စင်ပေးနိုင်စွမ်းက အသားမဲစေတဲ့ အရည်ပြားညစ်ညမ်းမှုတွေကို သန့်စင်ပေးနိုင်ပါတယ်။သင်္ဘောသီးရဲ့အတွင်းမျက်နှာပြင်ကိုမျက်နှာပေါ်မှာပွတ်တိုက်ပေးပြီး ခြောက်အောင်ထားပါ။ရေအေးနဲ့ဆေးချပြီး ခြောက်အောင်ပုတ်ပေးပါ။ ဒါကသင့်အသားအရည်ကိုတောက်ပနေစေပါတယ်။ နေ့စဉ်လုပ်ပေးပါ။သင်္ဘောသီးမှည့်ကိုချေပြီး လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့သံပုရာရည်တစ်ခွက်နဲ့ရောပါ။မျက်နှာနဲ့လည်ပင်းတွေပေါ်မှာ ဒီအရောနဲ့ နှိပ်နယ်ပေးပါ။ အနည်းဆုံးမိနစ်၃၀ခန့်ထားပြီး ရေအေးနဲ့ဆေးကြောပါ။ တစ်ပတ်ကိုအနည်းဆုံးတစ်ခါလုပ်ပေးခြင်းအားဖြင့် အသားရောင်ပြောင်းလဲလာမှုတွေကို သိသာထင်ရှားစွာမြင်တွေ့ရမှာပါ။နနွင်းကို အသားအရည်ကောင်းမွန်စေဖို့အသုံးပြုကြပါတယ်။ ညီညာတဲ့အသားအရောင်ကိုထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုး (melanin)ကို တည်ဆောက်တဲ့နေရာမှာကူညီပေးပါတယ်။ နနွင်းမှာပိုးသတ်ဆေး နဲ့ ဓါတ်တိုးဆန့်ကျင် စွမ်းအင်တွေပါဝင်တာကြောင့် အသားအရည်ရဲ့ ယေဘုယျကျန်းမာရေးအခြေအနေအားလုံးအတွက် ကောင်းမွန်ပါတယ်။နနွင်းမှုန့်နဲ့ နွားနို့ခရင်မ်နဲ့ရောပြီး ခပ်ပျစ်ပျစ်အနှစ်ရအောင်လုပ်ပါ။ ရလာတာကိုလိမ်းလိုက်ပြီးအခြောက်ခံကာ ကြက်သီးနွေးရေနဲ့ဆေးကြာပါ။ ပုံမှန်လုပ်သွားမယ်ဆိုရင် ဒီနည်းကလည်းအသားဖြူစေဖို့ တကယ်ကိုထိရောက်မှာပါ။Gram flour လက်ဖက်ရည်ဇွန်း၂ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကိုရောပါ။ ဒီ ပေါင်းတင်ကပ်ခွာ (mask) ကို မိနစ် ၂၀မှ ၂၅မိနစ်ထိထားပါ သို့မဟုတ် ခြောက်သွားသည်ထိထားပါ။ ခြောက်သွားတဲ့ mask ကို ပွတ်တိုက်ဆေးကြောပြီး ကြက်သီးနွေးရေနဲ့ထပ်ဆေးပါ။သခွားသီးဟာ ကော်လာဂျင်တွေကို စုစည်းပေးပြိး အသားအရည်တင်းရင်းပျော့ပျောင်းစေပါတယ်။ ဒီလိုအသားအရည်မျိုးမှာတော့ ညီညာပြီးဖြူဝင်းတဲ့အသားရောင်တွေရှိတတ်ပါတယ်။ သခွားသီးဟာ အသားအရည်ကိုလည်း အေးမြစေပါသေးတယ်။ သူကလည်း အသားအရည်ပုံစံအမျိုးမျိုးအတွက်သင့်လျော်ပါတယ်။သခွားသီးလွှာတွေကို ဖြူဝင်းစေလိုတဲ့ မဲနေတဲ့အသားနေရာတွေမှာထားလိုက်ပါ။မိနစ်အနည်းငယ်လောက်ထားပြီး သခွားသီးတွေဖယ်လိုက်ကာ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ တစ်ရက်ကို ၂ကြိမ်လုပ်ပါ။သခွားသီးကိုခြစ်ပြီး ပျားရည်နဲ့ရောဂါ အစက်အပြောက်တွေနည်းစေတဲ့ mask လုပ်ပါ။မျက်နှာနဲ့လည်ပင်းပေါ်လိမ်းပေးပြီး ၁၅မိနစ်မှ မိနစ်၂၀ထိထားကာ ရေအေးနဲ့ဆေးပါ။ ရလဒ်တွေ ထိရောက်သိသာစေဖို့ တစ်ရက်ကို ၂ကြိမ်နေ့စဉ်လုပ်ပါ။သံပုရာရည်နဲ့ သခွားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီကိုရောပါ။မျက်နှာပေါ်လိမ်းပြီး ၁၅မိနစ်မှ မိနစ် ၂၀ထိ သို့မဟုတ် ခြောက်သွားသည်ထိ ထားပါ။ ရေနဲ့ဆေးကြောပါ။ တစ်ရက်ကိုတစ်ကြိမ် နေ့စဉ်လုပ်ပါ။ကဲ … နည်းလမ်းလေးတွေသိပြီဆိုတော့ အသားဖြူအောင် ဒီနေ့ပဲ စကြိုးစားကြရအောင်နော် … ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/skin-benefits-of-raw-milk-and-beauty-tips/
ကျောင်းမှာ အနိုင်ကျင့်ခံနေရတဲ့ သင့်ကလေးအတွက် မိဘတစ်ယောက်အနေနဲ့ ဘာလုပ်ပေးနိုင်မလဲ
အနိုင်ကျင့်ခံရခြင်းနဲ့ ပြစ်တင်ဝေဖန်ခံရခြင်းတွေဟာ ကျောင်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အလေ့အထတွေပါ။ သင့်ကလေးကို အခြားကလေးတစ်ယောက်က အနိုင်ကျင့်နေပြီဆိုရင်တော့ မိဘတစ်ယောက် အနေနဲ့ (သို့မဟုတ်)  အုပ်ထိန်းသူတစ်ယောက်အနေနဲ့ လျစ်လျူရှုမထားသင့်ပါဘူး။ ကျောင်းမှာ အနိုင်ကျင့်ခံနေရတဲ့ သင့်ကလေးအတွက်  တာဝန်အပြည့်အဝရှိပါတယ်။ အနိုင်ကျင့်ခံနေရတဲ့ကလေးတစ်ယောက်ကို ဘယ်လိုမျိုးနည်းလမ်းကျကျ ကာကွယ်ပေးနိုင်မလဲ ဆိုတာ ပြောပြချင်ပါတယ်။အနိုင်ကျင့်ခံရတဲ့အခိုက်အတန့်မှာ သင့်ကလေးဟာဘယ်လိုပြုမူသင့်သလဲဆိုတာကို သင်ပြောပြ အကြံပေးနိုင်ပါတယ်။ ဒီလိုပြုလုပ်ရာမှာလည်း သင့်အနေနဲ့ မှန်ကန်တဲ့နည်းလမ်းတွေ အသုံးပြုဖို့လိုအပ်ပါတယ်။ မှန်ကန်တဲ့ နည်းလမ်းတွေသုံးနိုင်မှာသာ သင့်ကလေးခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာ စိတ်ဖိစီးမှုတွေကို ဖယ်ရှားပေးနိုင်မှာပါ။ ယနေ့ခေတ်မှာ အနိုင်ကျင့်ခံခြင်းနဲ့အနှောင့်အယှက်ပေးခြင်းကို ကာကွယ်တားဆီးပေးတဲ့ ဥပဒေတွေလည်းရှိနေပါပြီ။ သင်ကိုယ်တိုင်မှန်မှန်ကန်ကန် အသုံးချ နိုင်ဖို့ပဲလိုအပ်တာပါ။အနိုင်ကျင့်ခံရတာကို ဘယ်လိုရပ်တန့်နိုင်မလဲဆိုတာ သင့်ကလေးကို အသိပညာပေးပါ။သင်ကိုယ်တိုင်ကူညီပေးရုံနဲ့ မလုံလောက်တော့တဲ့အခါ ကျောင်းကတာဝန်ရှိသူတွေရဲ့ အကူအညီကို ရယူပါ။သင့်ကလေးကိုယ်တိုင်က အနိုင်ကျင့်ခံရသူ ဖြစ်နိုင်သလို၊ တခြားကလေးတွေကို အနိုင်ကျင့်နေသူလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခြားသူငယ်ချင်းမိတ်ဆွေတွေကို ဘယ်လိုမျိုး ပြုမူဆက်ဆံသင့်သလဲဆိုတာကိုလည်း သိနေပါစေ။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-milestones/what-parents-can-do-for-school-bullying/
အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ
အသားဖြူအောင် သဘာဝနည်းလမ်း နဲ့ လုပ်လို့ရတယ်ဆိုရင် ယုံနိုင်ရဲ့လား။ အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးထားတာမို့ လိုက်ပါကြည့်ရှု့လိုက်ပါ။ဟုတ်ပါတယ်။ မွေးကတည်းက မဖြူပေမဲ့ ပုံမှန်ထက် ပိုမို အသားဖြူ လာဖို့တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလည်းဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေကို လေ့လာကြည့်လိုက်ရအောင်။ဘယ်လိုပဲအသားဖြူဆေးတွေသုံးပါစေ။ အသားအရည်ကို ခရမ်းလွန် ရောင်ခြည်တွေနဲ့ထိတွေ့လိုက်မိပြီဆိုတာနဲ့ အသားမဲသွားစေတဲ့ ရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်မှု တိုးပွားလာစေတော့တာပါပဲ။အကောင်းဆုံးနည်းလမ်းကတော့ နေရောင်ထဲထွက်တိုင်းနေလောင်ခံခရင်မ်လိမ်းပါ။ ဦးထုပ်ဆောင်းပြီး လက်ရှည်အင်္ကျီတွေဝတ်ပါ။ နေရောင်အောက်မှာလမ်းလျှောက်မယ်ဆိုရင် နေကာမျက်မှန်ကိုမမေ့ပါနဲ့။အသားအရည်ချေးချွတ်ဖို့အတွက် ဈေးကွက်ထဲမှာအကောင်းဆုံးဆိုတဲ့ ချေးချွတ်ပစ္စည်းတွေရှိပါတယ်။ ဒါမှမဟုတ် အိမ်မှာပဲ သကြားနဲ့ချေးချွတ်ကြည့်ပါ။ဒါက အရေပြားပျက်စီးခြင်း ဥပမာ တင်းတိပ်မှဲ့ခြောက်တွေ၊ အစက်အပြောက်တွေနဲ့အရေးအကြောင်းတွေကို ကာကွယ်ကုသတဲ့နေရာမှာလည်းအသုံးဝင်ပါတယ်။သင်သာကျန်းမာရေးနဲ့ညီညွတ်အောင် မစားဘူးဆိုရင် အကောင်းဆုံးအသားဖြူဆေးဆိုတာတွေကို သောက်သုံးတာကလည်း အသုံးမဝင်လှပါဘူး။စားတဲ့ထဲမှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါဝင်တဲ့ စပျစ်စေ့ဆီ နဲ့ ငါးကြီးဆီတွေကို စားသုံးပါ။ ငါးကြီးဆီမှာပါတဲ့ အိုမီဂါ ၃ ဟာ ဆံပင်၊အရ်ပြားနဲ့ လက်သည်းတွေတောက်ပနေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်မှာ အသားအရည်အတွက်ကောင်းမွန်တဲ့အာဟာရတွေများစွာပါဝင်ပါတယ်။ သူ့မှာ အရောင်ချွတ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ လတ်တစ်အက်ဆစ် ကလည်းပါဝင်ပါသေးတယ်။အောက်ပါနည်းလမ်းတွေဟာ အသားအရည်အမျိုးအစား အားလုံးအတွက်သင့်လျော်ပါတယ်။အသားအရည်ထိန်းသိမ်းခြင်းအတွက် အရေးအကြီးဆုံးပစ္စည်းကတော့ ဗီတာမင် စီ ပါပဲ။ ဒါကိုတော့လိမ္မော်သီးတွေမှာ လိုတာထက်တောင်ပိုပြီးတွေ့ရပါသေးတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ အရောင်ချွတ်ပေးနိုင်တဲ့စွမ်းအင်ရှိတာကြောင့် အသားကိုလည်းပိုဖြူလာစေမှာပါ။ပျားရည်ဟာအသားအရည်ကိုအရောင်ချွတ်ပေးနိုင်တာအပြင် အစိုဓါတ်လည်းဖြည့်ပေးပါသေးတယ်။ မညီညာတဲ့အသားအရောင်ရှိခြင်းရဲ့ အကြောင်းရင်းထဲမှာတော့ အသားခြောက်ခြင်းက အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ ပျားရည်မှာ ဘက်တီးရီးယားသေစေနိုင်တဲ့အစွမ်းလည်းရှိပြီး ဒါက အသက်အရွယ်ကြောင့်ဖြစ်တဲ့အစက်အပြောက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို လွင့်ပါးသွားစေနိုင်ပါတယ်။သန့်စင်တဲ့ပျားရည်ကိုမျက်နှာပေါ်လိမ်းပြီး မိနစ်အနည်းငယ်ခန့်ထားကာ ကြက်သီးနွေးရေနဲ့ဆေးချလိုက်ပါ။ဒီလိုရိုးရှင်းတဲ့နည်းလမ်းလေးက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရည်ကို ပိုမိုတောက်ပလန်းဆန်းလာအောင်လုပ်ပေးနိုင်ပါတယ်။ တစ်ရက်တစ်ကြိမ်လုပ်ပါ။အသားဖြူစေတဲ့ မျက်နှာပေါင်းတင် ကပ်ခွာ (mask)လုပ်ဖို့ ပျားရည်နဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ၊ နို့မှုန့်စားပွဲဇွန်း၁ဇွန်း၊ ဗာဒံဆီ လက်ဖက်ရည်ဇွန်းတစ်ဝက် စတာတွေကိုရောလိုက်ပါ။ သမအောင်မွှေပြီး အသားပေါ်မှာညင်သာစွာလိမ်းပေးပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိထားပြီး ရေအေးနဲ့ဆေးပါ။ နေ့တိုင်းလုပ်ပါ။သံပုရာသီးရဲ့ အက်ဆစ်ဂုဏ်သတ္တိဟာ အသားအရည်အတွက် သဘာဝအရောင်ချွတ်ဆေးအဖြစ်အသုံးဝင်ပြီး ဗီတာမင် စီ မြောက်များစွာပါဝင်တာကလည်း ဆဲလ်ကြီးထွားမှုကိုအားပေးပါတယ်။ ဒါ့အပြင် သံပုရာသီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင် တွေပါဝင်တာကလည်း အသားအရည်အတွက် အလွန်ကောင်းမွန်ပါတယ်။ဂွမ်းလုံးလေးကို လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ သံပုရာရည်ထဲထည့်ပြီး မျက်နှာပေါ်တိုက်ရိုက်လိမ်းပါ။ လှီးထားတဲ့ သံပုရာခြမ်းကိုတောင် မျက်နှာပေါ်တိုက်ရိုက်ပွတ်တိုက်ပေးလို့ရနိုင်ပြီး အရည်တွေ အသားပေါ်တင်ကျန်နေခဲ့ပါစေ။ဒါကိုအနည်းဆုံး၁နာရီလောက်ထားပြီး မျက်နှာကိုရေနဲ့ဆေးပါ။ တစ်နေ့တစ်ကြိမ်လုပ်ပါ။ ဒီရိုးရှင်းတဲ့နည်းလမ်းကလည်း အသားအရည်ကိုဖြူဝင်းလာစေပြီး မျက်နှာပေါ်မှာအမာရွတ်ထင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။သံပုရာရည် လက်ဖက်ရည်ဇွန်း၃ဇွန်းနဲ့ နနွင်းမှုန့် သို့မဟုတ် ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကိုရောပြီးအနှစ်လုပ်ပါ။ ရလာတဲ့အနှစ်ကိုလိမ်းပြီး တစ်နာရီခွဲခန့်ထားပါ။ ရေနဲ့ဆေးလိုက်ပါ။ ဒါကိုလည်း တစ်နေ့တစ်ကြိမ်လုပ်ပေးပါ။ရှားစောင်းဟာhyperpigmentation(ရောင်ခြယ်ပစ္စည်းများပြားခြင်း) ကိုသက်သာစေနိုင်ပြီး အသားအရည်ရဲ့ နဂိုမူလအရောင်ကိုပြန်လည်ရရှိစေနိုင်ပါတယ်။ Hyperpigmentation ကတော့ မညီညာတဲ့အသားရောင်တွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ရှားစောင်းရဲ့အေးမြတဲ့အစွမ်းကလည်း ကျန်းမာတဲ့အသားအရည်အတွက် အရေးကြီးတဲ့ ဆဲလ်သစ်ဖြစ်ပေါ်ခြင်းနဲ့ ပျက်စီးသွားတဲ့တစ်သျှူးတွေပြန်လည်တည်ဆောက်ခြင်းကိုအားပေးပါတယ်။ရှားစောင်းဂျယ်ကိုအသုံးပြုတဲ့ ရိုးရှင်းတဲ့နည်းလမ်းက အမဲစက်တွေကို ပြန်လည်ဖြူဝင်းလာစေပြီး အသားအရည်အနေအထားအားလုံးကို တိုးတက်ကောင်းမွန်လာစေပါတယ်။သင်္ဘောသီးကို အမျိုးမျိုးသောအလှအပဆိုင်ရာကုသမှုတွေမှာ အသုံးပြုကြပြီး အသားအရည်ကို ပြန်လည်ဖြူဝင်းစေတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သင်္ဘောသီးမှာ သဘာဝအရောင်ချွတ်နိုင်တဲ့စွမ်းအင်ရှိပြီး သူ့မှာပါဝင်တဲ့ အမျိုးမျိုးသောအာဟာရတွေက သင့်ရဲ့အသားအရည်ကို ကျန်းမာစွာတောက်ပနေစေတယ်လို့ ယုံကြည်ကြပါတယ်။သင်္ဘောသီးကို စားပေးပါ။သင်္ဘောသီးရဲ့သန့်စင်ပေးနိုင်စွမ်းက အသားမဲစေတဲ့ အရည်ပြားညစ်ညမ်းမှုတွေကို သန့်စင်ပေးနိုင်ပါတယ်။သင်္ဘောသီးရဲ့အတွင်းမျက်နှာပြင်ကိုမျက်နှာပေါ်မှာပွတ်တိုက်ပေးပြီး ခြောက်အောင်ထားပါ။ရေအေးနဲ့ဆေးချပြီး ခြောက်အောင်ပုတ်ပေးပါ။ ဒါကသင့်အသားအရည်ကိုတောက်ပနေစေပါတယ်။ နေ့စဉ်လုပ်ပေးပါ။သင်္ဘောသီးမှည့်ကိုချေပြီး လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့သံပုရာရည်တစ်ခွက်နဲ့ရောပါ။မျက်နှာနဲ့လည်ပင်းတွေပေါ်မှာ ဒီအရောနဲ့ နှိပ်နယ်ပေးပါ။ အနည်းဆုံးမိနစ်၃၀ခန့်ထားပြီး ရေအေးနဲ့ဆေးကြောပါ။ တစ်ပတ်ကိုအနည်းဆုံးတစ်ခါလုပ်ပေးခြင်းအားဖြင့် အသားရောင်ပြောင်းလဲလာမှုတွေကို သိသာထင်ရှားစွာမြင်တွေ့ရမှာပါ။နနွင်းကို အသားအရည်ကောင်းမွန်စေဖို့အသုံးပြုကြပါတယ်။ ညီညာတဲ့အသားအရောင်ကိုထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုး (melanin)ကို တည်ဆောက်တဲ့နေရာမှာကူညီပေးပါတယ်။ နနွင်းမှာပိုးသတ်ဆေး နဲ့ ဓါတ်တိုးဆန့်ကျင် စွမ်းအင်တွေပါဝင်တာကြောင့် အသားအရည်ရဲ့ ယေဘုယျကျန်းမာရေးအခြေအနေအားလုံးအတွက် ကောင်းမွန်ပါတယ်။နနွင်းမှုန့်နဲ့ နွားနို့ခရင်မ်နဲ့ရောပြီး ခပ်ပျစ်ပျစ်အနှစ်ရအောင်လုပ်ပါ။ ရလာတာကိုလိမ်းလိုက်ပြီးအခြောက်ခံကာ ကြက်သီးနွေးရေနဲ့ဆေးကြာပါ။ ပုံမှန်လုပ်သွားမယ်ဆိုရင် ဒီနည်းကလည်းအသားဖြူစေဖို့ တကယ်ကိုထိရောက်မှာပါ။Gram flour လက်ဖက်ရည်ဇွန်း၂ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကိုရောပါ။ ဒီ ပေါင်းတင်ကပ်ခွာ (mask) ကို မိနစ် ၂၀မှ ၂၅မိနစ်ထိထားပါ သို့မဟုတ် ခြောက်သွားသည်ထိထားပါ။ ခြောက်သွားတဲ့ mask ကို ပွတ်တိုက်ဆေးကြောပြီး ကြက်သီးနွေးရေနဲ့ထပ်ဆေးပါ။သခွားသီးဟာ ကော်လာဂျင်တွေကို စုစည်းပေးပြိး အသားအရည်တင်းရင်းပျော့ပျောင်းစေပါတယ်။ ဒီလိုအသားအရည်မျိုးမှာတော့ ညီညာပြီးဖြူဝင်းတဲ့အသားရောင်တွေရှိတတ်ပါတယ်။ သခွားသီးဟာ အသားအရည်ကိုလည်း အေးမြစေပါသေးတယ်။ သူကလည်း အသားအရည်ပုံစံအမျိုးမျိုးအတွက်သင့်လျော်ပါတယ်။သခွားသီးလွှာတွေကို ဖြူဝင်းစေလိုတဲ့ မဲနေတဲ့အသားနေရာတွေမှာထားလိုက်ပါ။မိနစ်အနည်းငယ်လောက်ထားပြီး သခွားသီးတွေဖယ်လိုက်ကာ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ တစ်ရက်ကို ၂ကြိမ်လုပ်ပါ။သခွားသီးကိုခြစ်ပြီး ပျားရည်နဲ့ရောဂါ အစက်အပြောက်တွေနည်းစေတဲ့ mask လုပ်ပါ။မျက်နှာနဲ့လည်ပင်းပေါ်လိမ်းပေးပြီး ၁၅မိနစ်မှ မိနစ်၂၀ထိထားကာ ရေအေးနဲ့ဆေးပါ။ ရလဒ်တွေ ထိရောက်သိသာစေဖို့ တစ်ရက်ကို ၂ကြိမ်နေ့စဉ်လုပ်ပါ။သံပုရာရည်နဲ့ သခွားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီကိုရောပါ။မျက်နှာပေါ်လိမ်းပြီး ၁၅မိနစ်မှ မိနစ် ၂၀ထိ သို့မဟုတ် ခြောက်သွားသည်ထိ ထားပါ။ ရေနဲ့ဆေးကြောပါ။ တစ်ရက်ကိုတစ်ကြိမ် နေ့စဉ်လုပ်ပါ။ကဲ … နည်းလမ်းလေးတွေသိပြီဆိုတော့ အသားဖြူအောင် ဒီနေ့ပဲ စကြိုးစားကြရအောင်နော် … ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/ways-honey-can-up-your-beauty-game/
ဝက်ခြံကင်းဖို့ လေ့ကျင့်ခန်းလုပ်စို့
ဝက်ခြံတွေကြောင့်အလှပျက်ပြီး စိတ်ညစ်နေရပြီလား။ ဝက်ခြံကြောင့် ကိုယ့်ကိုယ့်ကိုယုံကြည်မှုအားနည်းနေပြီလား။ ဒါဆိုရင်တော့ ဒီဝက်ခြံတွေကို မောင်းထုတ်ဖို့ လေ့ကျင့်ခန်းလုပ်ရအောင်လား……။ဝက်ခြံဖြစ်ရတဲ့ အကြောင်းအရင်း တစ်ခုမကရှိပါတယ်။ဝက်ခြံသက်သာစေဖို့ လေ့ကျင့်ခန်း လုပ်ပေးပါလို့ ပြောရတဲ့ အကြောင်းအရင်းကတော့ လေ့ကျင့်ခန်းလုပ်တဲ့အခါ။သွေးစီးဆင်းမှုကောင်းတဲ့အခါအရေပြားဆဲလ်တွေနဲ့ ကိုယ်တွင်းအင်္ဂါတွေဆီကိုအောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ စီးဆင်းရောက်ရှိမှု ကောင်းစေပါတယ်။ ဒီလို စီးဆင်းရောက်ရှိမှု ကောင်းမွန်တာက အရေပြားအတွက် အကျိုးရှိတဲ့ကော်လာဂျင်တွေ ထွက်ရှိမှုကို ကောင်းစေပြီးအရေပြားဆဲလ်တွေကို ပတ်ဝန်းကျင်က အရာတွေကြောင့် ထိခိုက်မှု နည်းစေပါတယ်။ဝက်ခြံအပြင် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အစက်အပြောက်တွေ၊အရေးအကြောင်းတွေမဖြစ်စေဖို့လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ သွေးစီးဆင်းမှု ကောင်းမွန်တာကကိုယ်ခံအားကိုကောင်းစေပြီး ဘက်တီးရီးယားတွေဗိုင်းရပ်စ်တွေကို ခုခံတိုက်ထုတ်နိုင်တာကြောင့် အရေပြားမှာ ထိခိုက်တဲ့ အနာတွေကို မြန်မြန် ကျက်စေနိုင်သလို အဆိပ်အတောက်တွေ ဖယ်ရှားပေးပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေ ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။Cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းက ကိုယ်တွင်းမှာ မြင့်တက်လာတဲ့အခါ စိတ်ဖိစီးမှု မြင့်တက်လာတာ၊ အိပ်ရေးပျက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးလာတဲ့အခါ cortisol ဟော်မုန်းက အဆီဂလင်းတွေကို အဆီတွေ ပိုထုတ်ဖို့ အချက်ပြလိုက်ပါတယ်။ ဒီအချိန်မှာ အဆီတွေက လိုတာထက် ပိုမိုထွက်ရှိလာပြီး ဝက်ခြံဖြစ်စေဖို့ အားပေးပါ တော့တယ်။လေ့ကျင့်ခန်းလုပ်တဲ့အခါ စိတ်ဖိစီးတာ၊ စိုးရိမ်ပူပန်တာတွေကို သက်သာစေနိုင်ပြီး စိတ်ဖိစီးတဲ့အခါ ထွက်လာမယ့် အဆီပိုတွေကြောင့် ဝက်ခြံတွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။ညတိုင်းမှာ အိပ်ရေးမဝတဲ့အခါ အသားအရေတွေ ညစ်လာတာ၊ ခြောက်သွေ့ပျက်စီးတာနဲ့ ဝက်ခြံဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီတော့ ညဘက် အိပ်ပျော်စေဖို့ဆိုရင် နေ့စဉ်မှန်မှန် လေ့ကျင့်ခန်းလုပ်ပေးရုံပါ။လေ့ကျင့်ခန်းလုပ်ပေးတာက ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေကို စည်းချက်ညီစေပြီး ဟော်မုန်းတွေကို ထိန်းညှိပေးလို့ ညဘက်တိုင်းမှာ ကောင်းကောင်း အိပ်ပျော်စေမှာပါ။ အသားလေးကြည်လို့ ဝက်ခြံကင်းစေမှာ အသေအချာပါ။လေ့ကျင့်ခန်းလုပ်တာက ပျော်ရွှင်ခြင်းဟော်မုန်းဖြစ်တဲ့ Endorphins ဟော်မုန်းကို ထွက်စေနိုင်ပါတယ်။ ပျော်ရွှင်လေလေ စိတ်ဖိစီးမှု နည်းလေလေ၊ စိတ်ဖိစီးမှု နည်းလေလေ ဝက်ခြံ ကင်းလာလေလေပါ။လေ့ကျင့်ခန်းလုပ်တာက ပျော်ရွှင်ခြင်းဟော်မုန်းကို ထွက်စေပြီး စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းကို ကျဆင်းစေပါတယ်။ ဒါတင်မကသေးဘဲ ကိုယ်တွင်း ကဟော်မုန်းတွေကို အကောင်းဆုံး အနေအထားတစ်ရပ်မှာ ထိန်းညှိပေးထားနိုင်တာကြောင့် ဝက်ခြံကင်းပြီး အသားအရ ကြည်လင်စေမှာပါ။လေ့ကျင့်ခန်းလုပ်တဲ့အခါ ချွေးတအားထွက်မယ်ဆိုတာ ပြောနေစရာတောင် လိုမယ်မထင်ပါဘူး။ ချွေးထွက်တာနဲ့အတူချွေးပေါက်ထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေ၊ အညစ်အကြေးတွေကိုအရေပြားပေါ်ရောက်ရှိလာစေသလိုဆဲလ်သေတွေနဲ့ ဖုန်မှုန့်တွေကိုပါ အရေပြား အပေါ်ယံလွှာဆီကို ရောက်ရှိလာစေပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ မျက်နှာကို သေချာ သန့်စင်မယ် ၊ရေချိုး သန့်စင်မှုတွေ လုပ်လိုက်မယ်ဆိုရင် ဝက်ခြံကင်းပြီးကြည်လင်တဲ့အသားအရေကို ပိုင်ဆိုင်နိုင်စေမှာပါ။ကဲ…ဘယ်လိုလဲ ဝက်ခြံ ကင်းပြီး ကြည်လင်တဲ့ အသားအရေ ပိုင်ဆိုင်ချင်တဲ့ စိတ်ကူးကို အခုပဲ အကောင်အထည် ဖော်တော့မယ်ဟုတ်……………။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/acne-get-rid-of-by-exercise/
သေကြောင်းကြံလိုစိတ်ရှိတဲ့ သူငယ်ချင်းကို ကူညီရန်အဆင့်များ
အခြေအနေ အတော်များများမှာ သေကြောင်းကြံလိုသူဟာ အကူအညီမတောင်းတတ်ကြပါဘူး။ သူတို့ဟာ ဘဝကို အရှုံးပေးလိုက်ပြီး သင့်ကို အရမ်းနောက်ကျသွားချိန်အထိ ပြဿနာတွေကို ပြောပြမှာ မဟုတ်ပါဘူး။ဒါမျိုး သင့်သူငယ်ချင်းမှာ ဖြစ်လာရင် သင်က ထိန်းချုပ်ပြီး သင့်သူငယ်ချင်းကို ကူညီပေးနိုင်ပါတယ်။လူတစ်ယောက် သေကြောင်းကြံခြင်းကို ကူညီခြင်း မပြုမီ သေကြောင်းကြံခြင်းရဲ့ သတိပေးလက္ခဏာတွေနဲ့ ဘယ်လိုကာကွယ်ရမယ်ဆိုတာကို သိထားသင့်ပါတယ်။ သေကြောင်းကြံခြင်းရဲ့ အဓိက အကြောင်းရင်းက စိတ်ဓါတ်ကျခြင်းကြောင့် ဖြစ်ပါတယ်။စိတ်ကျမှု ပြင်းထန်သူ အတော်များများက သူတို့ရဲ့ စိတ်ဖိစီးမှုများပြီး မျှော်လင့်ချက်မရှိတဲ့ဘဝကို သေကြောင်းကြံပြီး လွတ်မြောက်လိုကြပါတယ်။ သူတို့တွေဟာ သူတို့ကို ထိခိုက်နေတဲ့ နာကျင်မှုကို ရပ်တန့်လိုကြပါတယ်။တကယ်လို့ သင့်သူငယ်ချင်းက သေကြောင်းကြံဖို့ စဉ်းစားနေပြီဆိုရင် သူ့မှာ ကိုယ့်ကိုယ်ကို မနှစ်မြို့ခြင်း၊ မျှော်လင့်ချက် ကင်းမဲ့ခြင်း၊ အထီးကျန်ခြင်းတွေ ရှိနိုင်ပါတယ်။ သေခြင်းတရားအကြောင်း ပြောလာပြီး အခြားသူတွေနဲ့ ရှောင်ဖယ်လာနိုင်ပါတယ်။ပုံမှန်အားဖြင့် သေကြောင်းကြံချင်တွေဟာ အချိန်များများ ယူတတ်ပါတယ်။ ဒါကြောင့် သင်ကစောစီးစွာ ကူညီနိုင်လေလေ ရလဒ်ပိုကောင်းလေလေပဲဖြစ်ပါတယ်။သင့်သူငယ်ချင်းနဲ့ သေကြောင်းကြံခြင်းအကြောင်း ပြောခြင်းဟာ ခက်ခဲပါတယ်။ ဒါပေမယ့် တိုက်ရိုက်၊ ရိုးသားစွာ ပြောခြင်းဟာ တစ်ခုတည်းသော ကူညီနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သင်က အောက်ပါအတိုင်းပြောနိုင်ပါတယ် ။“ငါခုတလော နင့်ကို အရမ်းစိုးရိမ်နေမိတယ်” သို့မဟုတ် “နင်ခုတလော ပုံမှန်မဟုတ်တာကြောင့် မေးကြည့်တာ” အစရှိသဖြင့် မေးနိုင်ပါတယ်။ သင်က သူတို့ကို ကူညီချင်နေကြောင်းဖေါ်ပြပြီး သူတို့က သင့်ကိုမဖြေရင်လည်း သူတို့ကို အကဲဖြတ်ခြင်း၊ အငြင်းပွားခြင်းတွေ မပြုလုပ်သင့်ပါဘူး။ တည်ငြိမ်၊ စိတ်ရှည်ပြီး နားထောင်ကောင်းသူတစ်ယောက် ဖြစ်သင့်ပါတယ်။သူတို့ကို ဘဝရဲ့ တန်ဖိုးရှိပုံအကြောင်း ပြောပြခြင်း၊ သူတို့အတွက် အသုံးမဝင်တဲ့ အကြံတွေပေးခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ သင့်သူငယ်ချင်းရဲ့ စိတ်ကျရောဂါကို မဖြေရှင်းနိုင်တဲ့အတွက် သင့်ကိုယ်သင် အပြစ်မတင်သင့်ပါဘူး။ သူတို့ဟာ တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို နားလည်ပါစေ။သေကြောင်းကြံချင်တဲ့ အကြံရှိသူတွေဟာ သေကြောင်းကြံဖို့အတွက် အစီအစဉ် ပြုလုပ်တတ်ကြပြီး လုပ်မယ့်ပုံစံ၊ အချိန် အစရှိတာတွေကို ရွေးချယ်တတ်ကြပါတယ်။ စိတ်ရောဂါရှိသူတွေဟာ ပိုပြီး မြန်မြန်ပြုလုပ်တတ်ကြပါတယ်။တကယ်လို့ သင့်သူငယ်ချင်းက သေကြောင်းကြံဖို့ စဉ်းစားနေပြီလို့ပြောရင် သူတို့အတွက် ရုတ်တရက် ကျရောက်နိုင်တဲ့ အန္တရာယ်ကို စမ်းစစ်ဖို့ လိုပါတယ်။သင့်သူငယ်ချင်းကို အကောင်းဆုံးကူညီပေးနိုင်တဲ့ နည်းလမ်းကတော့ ကိုယ်ချင်းစာခြင်းကို ပြသပါ။ သေကြောင်းကြံချင်နေသူကို ကူညီဖို့ဟာ သတ္တိအများကြီးလိုအပ်ပါတယ်။ သင့်သူငယ်ချင်းကို ကူညီနေစဉ်မှာ ပြဿနာတွေက သင့်ကို စိတ်ဒုက္ခမပေးသင့်ပဲ ကိုယ့်ကိုယ်ကို ဂရုစိုက်သင့်ပါတယ်။ပညာရှင်ဆိုင်ရာ ကူညီပေးခြင်း၊ စိတ်ကျခြင်းအတွက် ကုသမှုယူဖို့ အကြံပေးခြင်းတွေ လုပ်နိုင်ပါတယ်။ ဆရာဝန်တွေက အကောင်းဆုံးကုသမှု၊ ဆေးတွေ ပေးခြင်းလုပ်နိုင်တာမို့ သင့်သူငယ်ချင်းကို ကုသမှုညွှန်ကြားချက်တွေအတိုင်းလိုက်နာဖို့ တိုက်တွန်းသင့်ပါတယ်။တကယ်လို့ သင့်သူငယ်ချင်းက သေကြောင်းကြံဖို့ ရာနှုန်းများနေပြီဆိုရင် သေကြောင်းကြံနိုင်တဲ့ အရာတွေဖြစ်တဲ့ ဆေး၊ ဓါး၊ ဘရိတ်ဓါး၊ သေနတ် အစရှိတာတွေကို သိမ်းထားပြီး သူတို့လိုအပ်တဲ့ အချိန်မှသာ ထုတ်ပေးသင့်ပါတယ်။သေကြောင်းကြံခြင်းကို ကာကွယ်ခြင်းဟာ သတိပေးလက္ခဏာတွေကို သိရှိခြင်းနဲ့ ဂရုစိုက်ခြင်းက စတင်ပါတယ်။ တကယ်လို့ သေကြောင်းကြံဖို့ကြိုးစားနေတဲ့ သင့်သူငယ်ချင်းက သင့်အကူအညီကို လိုတယ်ဆိုရင် သူတို့နဲ့ စကားသေချာပြောသင့်ပြီး စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးမှု လိုအပ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/suicide-prevention/%e1%80%9e%e1%80%b1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%b6%e1%80%9c%e1%80%ad%e1%80%af%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%9b%e1%80%be%e1%80%ad/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/hearts-of-palm-health-benefits/
သင့်ဆံပင်နဲ့ ကိုက်ညီတဲ့ Hair Brush ကို ဘယ်လိုရွေးချယ်အသုံးပြုမလဲ
မိမိတို့ရဲ့ ဆံနွယ်တွေကို လှပပြီး ကျန်းမာသန်စွမ်းတဲ့ဆံကေသာလေးတွေဖြစ်အောင် ထိမ်းသိမ်းစောင့်ရှောက်ဖို့ဆိုရင် ဘယ်လို Hair Brush မျိုးတွေကို အသုံးပြုနေလဲဆိုတဲ့ အချက်က အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေတတ်ပါတယ်။ ဒီတော့ သင့်ဆံပင်နဲ့ ကိုက်ညီတဲ့ Hair Brush ကို ဘယ်လိုရွေးချယ်အသုံးပြုမလဲ ဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ကိုယ့်ဆံပင်အမျိုးအစားနဲ့ မလိုက်ဖက်တဲ့Hair Brushမျိုးတွေကို အသုံးပြုနေမိမယ်ဆိုရင် ဆံသားပျက်စီးတာ၊ ဆံပင်ကျွတ်တာ၊ ဘီးဖြီးရာမှာ နာကျင်တာနဲ့ ဦးရေပြားထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။ ကဲ … ဒီတော့ ဆံပင်နဲ့ ကိုက်ညီတဲ့ Hair Brush ကို ဘယ်လိုရွေးချယ်အသုံးပြုမလဲ ဆိုတာ ဆက်ပြောပြမယ်နော်။“ခေါင်းဖြီးတာပဲ၊ ဘီးတစ်ချောင်းရှိရင် ပြီးတာပဲ” လို့ လှေနံဓားထစ် ဆိုလို့မရပါဘူး။ ဒီဘက်ခေတ် မိန်းကလေးတွေအတွက်တော့ ဆံပင်အတွက် သုံးရတဲ့ ဘီးတွေ၊ အလှကုန်တွေနဲ့Hair Products တွေဟာ ဆံပင်အမျိုးအစားအလိုက် ဦးရေပြား အခြေအနေအလိုက် အမျိုးအစား အမျိုးမျိုးထွက်ရှိနေပြီး ကိုယ်နဲ့ အကိုက်ညီဆုံး အလိုက်ဖက်ဆုံး အမျိုးအစားကို ရှာဖွေရွေးချယ်နိုင်မှ အလိုရှိသလို လှပတဲ့ ဆံသားလေးကို ရရှနိုင်မှာပါနော်။ဘီးတွေဆိုရင်လည်း ဘီးချင်းတူပေမယ့် အကုန်လုံးမှာ သူ့အားသာချက်နဲ့တူ မတူကွဲပြားမှုတွေရှိတယ်ဆိုတာ အမျိုးသမီးတွေ ပိုသိကြပါလိမ့်မယ်။ ဒါကြောင့် ဆံနွယ်လေးတွေ ကျန်းမာလှပအောင် ထိန်းသိမ်းဖို့အတွက် ဆံသားကိုလိုက်ပြီး ဘယ်လို Hair Brush မျိုးကို သုံးသင့်တယ်ဆိုတာကို လက်ဆင့်ကမ်းချင်ပါတယ်။မှန်ကန်သင့်လျော်တဲ့ ဘီးကို အသုံးပြုပေးလို့ ရနိုင်တဲ့ အဓိက အကျိုးကျေးဇူးကတော့ ဆံပင်ပုံမှန်ကျွတ်တာကို ဖယ်ရှားပေးနိုင်တာနဲ့ ရှုပ်ထွေးမှုကို ရှင်းလင်းပေးနိုင်တာပါပဲ။ဒီလိုအထောက်အကူတွေကြောင့် ဦးရေပြားနဲ့ ဆံချောင်းလေးတွေဆီ အောက်ဆီဂျင်နဲ့ micro-nutrients တွေ ပိုမိုထောက်ပံ့နိုင်မှာဖြစ်ပြီးဗောက်ထခြင်းကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် ဦးရေပြားမှာ သွေးစီးဆင်းလည်ပတ်မှုကိုလည်းကောင်းမွန်စေမှာဖြစ်တာမို့ ဦးရေပြားရဲ့ pH လယ်ဗယ်ကို အကောင်းဆုံးအခြေအနေမှာ ထိန်းသိမ်းပေးထားနိုင်မှာဖြစ်ပြီး အဆီဂလင်းတွေကနေSebum တွေထုတ်လုပ်နိုင်စေဖို့လည်း အထောက်အကူပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဦးရေပြားပေါ်က မကောင်းတဲ့ ဆဲလ်တွေကို ဖယ်ရှားကာ ဆဲလ်စ်အသစ်တွေနဲ့ ပြန်လည်အစားထိုးနိုင်ဖို့ ထောက်ကူပါလိမ့်မယ်။မှန်ကန်သင့်လျော်တဲ့ ဘီးအမျိုးအစားနဲ့ ကိုယ့်ရဲ့ဆံနွယ်တွေကိုဖြီးသင်ပြီး ဦးရေပြားနဲ့ ဆံပင်ကျန်းမာအောင် စောင့်ရှောက်နိုင်ပါစေနော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/types-of-hair-brushes/
စိတ်ဝေဒနာကုဆေးများအကြောင်း
စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေဆိုတာ ချစ်ခြင်း၊ မုန်းခြင်း၊ ဒေါသ၊ ယုံကြည်မှု၊ ပျော်ရွှင်မှု၊ ကြောက်ရွံ့မှု၊ ဝမ်းနည်းမှု စတာတွေပဲ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာခံစားမှုဟာ အချိန်တိုတခုအတွင်းမှာ ဖြစ်ပျက်သွားတဲ့ ဖြစ်ရပ်တခု အပေါ် တုံ့ပြန်မှုတခုလည် ဖြစ်ပါတယ်။စိတ်ပိုင်းဆိုင်ရာ ခံစားမှုဆိုတာ စိတ်အခြေအနေနဲ့ ဆက်စပ်နေပေမယ့် ပုံစံကွဲပါတယ်။ စိတ်အခြေအနေဆိုတာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ စိတ်အနှောက်အယှက်ဖြစ်မှု၊ ရောင့်ရဲမှု၊ စိုးရိမ်မှုစတဲ့ ယေဘုယျဆန်ပြီး ကြာရှည်တဲ့ ခံစားမှုကို ဆိုလိုပါတယ်။မကြာသေးမီက သုတေသနပြုချက်အရ စိတ်ဒဏ်ရာ ရရှိမှုဟာ မော်တော်ကားမတော်တဆမှု၊ အိမ်ထောင်ရေး အချစ်ရေး ကွာရှင်းပြတ်စဲမှု၊ အနိုင်ကျင့်ခံရမှု၊ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ နေထိုင်မကောင်းမှု၊ မသန်မစွမ်းဖြစ်မှု စတာတွေကြောင့် ရရှိနိုင်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ တချို့ဖြစ်ရပ်တွေဟာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှု မရှိရင်တောင် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်သွားစေနိုင်ပါတယ်။–ဦးနှောက်အပြင်လွှာ။ အပေါ်ယံမှာ တည်ရှိပြီး မြင့်မားတဲ့ အတွေးအခေါ်စွမ်းရည်တွေ ပေါ်ထွက်လာရာ နေရာဖြစ်ပါတယ်။ ဦးနှောက်ရဲ့ အဖွံ့ဖြီုးဆုံး အရှေ့ပိုင်းအပြင်လွှာ ပါဝင်ပါတယ်။–အာရုံကြောကွန်ယက်ပိုင်း။ ဦးနှောက်ရဲ့ ဗဟိုကျတဲ့ အစိတ်အပိုင်းဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ ပေါ်ထွက်လာရာ နေရာဖြစ်ပါတယ်။–ဦးနှောက်ပင်စည်။ အခြေခံကျတဲ့ အသက်ရှင်မှုဆိုင်ရာ လုပ်ငန်းတာဝန်တွေဟာ ဒီအစိတ်အပိုင်းမှာ ပါဝင်ပါတယ်။စိတ်ဖိစီးမှုနဲ့ စိတ်ဒဏ်ရာရမှုကြားက ကွာခြားချက်ကို သိသာစေတဲ့အချက်ကတော့ ရလာဒ်ကို ကြည့်တာပါပဲ။ နေ့စဉ်ဘ၀ ပေါင်းသင်းဆက်ဆံရေးကနေ ရလာတတ်တဲ့ အနှောင့်အယှက်ဖြစ်စေတဲ့ ဖြစ်ရပ်တွေဟာ ဘယ်လောက်စွဲထင်ကျန်ရစ်ခဲ့သလဲ ဆိုတာပေါ် မူတည်ပါတယ်။စိတ်ဖိစီးမှုဟာ အာရုံကြောစနစ်ရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေကို ပျက်ပြားစေပါတယ်။ ဒါပေမယ့် အချိန်အနည်းငယ်မျှသာ ဖြစ်ပါတယ်။ ရက်အနည်းငယ်ကြာသွားရင် အာရုံကြောစနစ်ဟာ ပြန်လည်တည်ငြိမ်သွားပြီး ပုံမှန်ပြန်ဖြစ် သွားနိုင်ပါတယ်။တိကျတဲ့အဖြေ မရှိပါဘူး။ ဒါပေမယ့် အောက်ပါအချက် တခု ဒါမှမဟုတ် အများအပြား ပါဝင်နေတတ်ပါတယ်။– ဖြစ်ရပ်၏ ဆိုးရွားမှု။– ကြုံတွေ့ရသူ၏ ရာဇဝင် (ပြန်မမှတ်မိတတ်တာမျီုးတွေတောင် ရှိပါတယ်)။– ကြုံတွေ့ရသူအတွက် ၎င်းဖြစ်ရပ်ဟာ ဘယ်လောက်ထိ ကြီးမားသနည်းဟူသော အချက် (ဖြစ်ဖြစ်ချင်းမှာ သိပ်မသိသာပါဘူး)။– ကြုံတွေ့ရသူ၏ ကိုင်တွယ်ဖြေရှင်းနိုင်မှု၊ တန်ဖိုးထားမှုနှင့် ယုံကြည်မှု (တချို့အရာတွေဟာ မဖော်ထုတ်နိုင်ပါဘူး)။– မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့် ပညာရှင်များ၏ တုံ့ပြန်မှု၊ အားပေးကူညီမှု စတာတွေ ဖြစ်ပါတယ်။အောက်ပါ လက္ခဏာတွေဟာ အတွေ့များပါတယ်။ ဖြေရှင်းမရတဲ့ စိတ်ဒဏ်ရာများဟာ အထူးသဖြင့် ငယ်ရွယ်စဉ်ကာလတွေမှာ ကြုံတွေ့ရတာဖြစ်ခဲ့ရင် ဘဝတလျှောက်လုံးကို လွှမ်းမိုးနေနိုင်ပါတယ်။ရုပ်ပိုင်းဆိုင်ရာများ။– အစားအသောက်ပြောင်းလဲခြင်း (ယခင်ကထက် ပိုစားခြင်း၊ အစားပျက်ခြင်း)။– အိပ်စက်မှု ပြောင်းလဲခြင်း (ပိုအိပ်ခြင်း၊ အိပ်ချိန်နည်းသွားခြင်း)။– လိင်မှုကိစ္စတွင် မစွမ်းဆောင်နိုင်တော့ခြင်း။– စွမ်းအင်နည်းခြင်း။– အကြောင်းရင်း မသိရဘဲ နာတာရှည် နာကျင်ကိုက်ခဲခြင်း။စိတ်ပိုင်းဆိုင်ရာများ။– စိတ်ဓါတ်ကျခြင်း၊ အလိုလိုငိုကြွေးနေခြင်း၊ မျှော်လင့်ချက်မဲ့နေခြင်း။– စိုးရိမ်ပူပန်ခြင်း။– ကြောက်ရွံ့တတ်ခြင်း။– စိတ်စွဲပြီး စိတ်စေ့ဆော်မှုဖြင့် ပြုမူနေတတ်ခြင်း။– ထိန်းချုပ်မှုမဲ့ခြင်း။– ဒေါသထွက်လွယ် စိတ်အနှောင့်အယှက်ဖြစ်လွယ်ခြင်း။– စိတ်ခံစားမှုမဲ့ပြီး ထိုင်းမှိုင်းနေတတ်ခြင်း။– ပုံမှန် လုပ်ရိုးလုပ်စဉ်နှင့် ပေါင်းသင်းဆက်ဆံရေးမှ ခွဲထွက်သွားခြင်း။သိမြင်မှုဆိုင်ရာများ။– မှတ်ဉာဏ်ချို့ယွင်းနေတတ်ခြင်း (အထူးသဖြင့် ထိခိုက်မှုအကြောင်း)။– ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ခက်ခဲနေခြင်း။– အာရုံစူးစိုက်နိုင်မှု ကျဆင်းခြင်း။– အသိစိတ်ကင်းလွတ်နေတတ်ခြင်း။– အာရုံစိုက်မှုကင်းမဲ့ပြီး အလွန်အကျွံ ပြုမူတတ်သော လက္ခဏာများ တွေ့ရခြင်း။အဆိုးဆုံးအခြေအနေမှာ ထိခိုက်မှုဖြစ်စေတဲ့ ဖြစ်ရပ်ကို တုံ့ပြန်မှု နှောင့်နှေးနေတတ်ပါတယ်။– အလိုလို ပေါ်လာသော အတွေးများ။– ပြန်လည်သတိရခြင်းများ၊ အိပ်မက်ဆိုးများ။– ထိခိုက်သည့်ဖြစ်ရပ်နှင့်ဆိုင်သည့် ပုံရိပ်များ၊ ခံစားမှုများ ရုတ်တရက် ပေါ်လာခြင်း။– အတိတ်မေ့ခြင်း။– ယခင်ဖြစ်ရပ်နှင့်တူသည့် အနေအထားများကို ရှောင်ကြဉ်ခြင်း။– စိတ်လွတ်နေခြင်း။– စိတ်ဓါတ်ကျခြင်း။– အပြစ်ရှိသလို ခံစားနေရခြင်း။– အချိန်ကာလနှင့် ပတ်သက်သည့် ခံစားမှု ပြောင်းလဲလာခြင်း။– အလွန်အမင်း နိုးကြွားတက်ကြွခြင်း၊ စောင့်ကြည့်ခံနေရသည်ဟု ထင်မြင်နေခြင်း။– တုံ့ပြန်မှုလွန်ကဲခြင်း၊ ဒေါသဖြစ်လွယ်ခြင်း။– အထွေထွေစိတ်ပူပန်တတ်ခြင်း။– အိပ်မပျော်ခြင်း။– သေဆုံးသည်ဟု စိတ်စွဲနေခြင်း။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%9d%e1%80%b1%e1%80%92%e1%80%94%e1%80%ac%e1%80%80%e1%80%af%e1%80%86%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%a1%e1%80%80%e1%80%bc%e1%80%b1-2/
အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ
အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာဆီးချိုရောဂါက မြန်မာပြည်မှာသာမက တစ်ကမ္ဘာလုံးမှာပါ အဖြစ်များတဲ့ရောဂါတစ်မျိုးပါ။ အထူးသဖြင့်အမျိုးအစား-၂ ဆီးချိုဝေဒနာဟာ ပိုပြီးအဖြစ်များပါတယ်။ ဒီလိုအဖြစ်များတဲ့ရောဂါဆိုးကြီးဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်မျိုးဖြစ်တဲ့ အထီးကျန်ခြင်းဝေဒနာနဲ့ ဆက်စပ်နေပါတယ်တဲ့။ဒီအချက်ကို ဗြိတိန်နိုင်ငံက ကျန်းမာရေးပညာရှင်တွေရဲ့ လေ့လာချက်အရ သိလာခဲ့ရတာပါ။ အရွယ်ရောက်ပြီးချိန်မှာအထီးကျန်နေတဲ့သူတွေဟာ ဆီးချိုဝေဒနာ ဖြစ်နိုင်ခြေ ဒါမှမဟုတ် ပြင်းထန်နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။ယခင်တုန်းကလည်း ဆီးချိုရောဂါဟာစိတ်ဓာတ်ကျခြင်းနဲ့ ဆက်စပ်နေတယ်ဆိုတာကို ရှာဖွေတွေ့ရှိထားတာမို့ ဆီးချိုရောဂါဟာ စိတ်ဝေဒနာတွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေတယ်ဆိုတာကို ပိုပြီးသိလာရတာဖြစ်ပါတယ်။များသောအားဖြင့် ဆီးချိုဝေဒနာကို ဖြစ်နိုင်စေတဲ့ ကိစ္စတော်တော်များများကဆေးလိပ်သောက်သုံးတာ၊အရက်သောက်သုံးတာ၊ သကြားမှီဝဲမှုအခြေအနေတွေ၊ ကိုယ်အလေးချိန်တွေနဲ့ ဆက်စပ်နေတာများတယ်လို့ လူအတော်များများသိကြပါတယ်။ဒါပေမယ့် စိတ်အခြေအနေက ဆီးချီုဝေဒနာကို ပိုဆိုးရွားစေတယ်ဆိုတဲ့အချက်ကတော့ လူအတော်များများတွက် အသစ်အဆန်းဖြစ်ချင်စရာ ကိစ္စတစ်ခုဖြစ်ပါတယ်။လေ့လာချက်အသစ်ရဲ့ ဖော်ပြချက်အရဆိုရင် အထီးကျန်ဆန်ခြင်းဟာ Gen Z မျိုးဆက်ရဲ့ ၈၀% နဲ့ Millennials မျိုးဆက်ရဲ့ ၇၀% တို့ဟာ အထီးကျန်မှုဝေဒနာကို ခံစားနေရတယ်လို့ဆိုထားပြီး သူတို့တွေဟာ ဆီးချိုဝေဒနာ ခံစားရနှုန်း တခြားသူတွေထက် ပိုမိုမြင့်မားနေတယ်လို့ ဆိုပါတယ်။အထီးကျန်တယ်ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာတော့ လူမှုပတ်ဝန်းကျင်နဲ့ကင်းကွာနေပြီး သီးသန့်ဖြစ်တည်နေတဲ့ စိတ်အခြေအနေမျိုးကိုဆိုလိုတာပါ။ အမေရိကန်တစ်နိုင်ငံတည်းမှာတင် လူဦးရေ တစ်ဝက်လောက်ဟာ အမြဲတမ်း ဒါမှမဟုတ် ယာယီအားဖြင့် အထီးကျန်မှုဝေဒနာကို ခံစားနေရတယ်လို့ဆိုပါတယ်။လူငယ်မျိုးဆက်တွေမှာဆိုရှယ်မီဒီယာတွေနဲ့ အွန်လိုင်းလူ့အဖွဲ့အစည်းတွေကြောင့် စိတ်ဖိစီးမှုနဲ့ အထီးကျန်ဆန်မှုဝေဒနာတွေကို ပိုမိုခံစားနေရပြီး ဒီအချက်ဟာ လူငယ်တွေမှာ ဆီးချိုဖြစ်ပွားနှုန်းပိုမိုမြင့်တက်လာတာနဲ့ ဆက်စပ်နေတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ဆီးချိုကြောင့် စိတ်ဓာတ်ကျခြင်း၊စိတ်ဖိစီးခြင်း၊စိုးရိမ်ကြောင့်ကြခြင်းနဲ့ တခြားစိတ်ခံစားမှုတွေခံစားရနိုင်ပါတယ်။သွေးချိုကို ပုံမှန်ရောက်အောင်ထိန်းချုပ်ခြင်းနဲ့အတူ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုကိုထိန်းချုပ်ဖိုဆိုတာ ခက်တောခက်ခဲနိုင်ပါတယ်။အထီးကျန်မှုဝေဒနာဟာလည်း တခြားစိတ်ဝေဒနာတွေလိုပဲ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်နိုင်ပြီး အဝလွန်တာနဲ့ နှလုံးရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ လန်ဒန်အခြေစိုက် ကင်းစ်ကောလိပ်က သုတေသနပညာရှင်တွေရဲ့ အဆိုအရ အထီးကျန်သူတွေဟာ ကိုယ်အလေးချိန်တိုးတာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းလာတာ၊ ဆေးလိပ် အရက်သောက်သုံးနှုန်းမြင့်တာ၊ သွေးတိုးရောဂါရှိလာတာနဲ့ နှလုံးရောဂါတွေဖြစ်လာတာကြောင့် ဆီးချိုရောဂါဖြစ်လာဖို့ အင်နဲ့အားနဲ့တွန်းပို့နေသလိုဖြစ်စေတယ်လို့ သုတေသနပြုချက်က ဖော်ပြခဲ့ပါတယ်။ဆီးချိုဆိုတာ နာတာရှည်ရောဂါတစ်မျိုးပါ။ မုန့်ချိုအိတ်ကထုတ်တဲ့ဟော်မုန်းတစ်မျိုးဖြစ်တဲ့ အင်ဆူလင်က ဆဲလ်တွေရဲ့တံခါးကိုဖွင့်ဖို့သော့လိုပါဘဲ။ ဆဲလ်တွေပွင့်သွားရင် သွေးထဲကအင်ဆူလင်တွေက ဆဲလ်ထဲဝင်ပြီး လိုအပ်တဲ့စွမ်းအင်ထုတ်ပါတယ်။ အင်ဆူလင်မလုံလောက်တာဘဲ ဖြစ်ဖြစ်၊ အင်ဆူလင်က ဆဲလ်တွေကိုမဖွင့်နိုင်တာမျိုးဖြစ်တဲ့အခါ သွေးထဲကသကြားဓါတ်မြင့်တက်ပြီးဆီးချိုဖြစ်ပါတယ်။ဒီရောဂါမဖြစ်လာအောင် ကာကွယ်ဖို့ဆိုရင်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/loneliness-associated-with-diabetes-risk/
အီဘိုလာ ရှာပုံတော်
အချိန်က ၁၉၇၆ ခုနှစ်။နေရာက ဘယ်ဂျီလ်ယံနိုင်ငံ၊ အန်းဝပ်မြို့။အပူပိုင်းဆေးပညာတက္ကသိုလ်တွင် အဏုမြူဗေဒပညာရှင် ဒေါက်တာပီတာပွိုင်းရော့ တစ်ယောက် သူ၏ဓာတ်ခွဲခန်းထဲဝယ် တစ်ယောက်တည်း အလုပ်ရှုပ်နေသည်။ အကြောင်းက အာဖရိကတိုက်တွင်တာဝန်ထမ်းဆောင်နေသော ဘယ်လ်ဂျီယမ်ဆရာဝန်တစ်ယောက် မှ သူ့ဆီပို့လိုက်သော သွေးနမူနာတစ်ခုကို စမ်းသပ်စစ်ဆေးဖို့ ပြင်ဆင်နေခြင်းဖြစ်သည်။ သို့သော်စိတ်ရှုပ်စရာကိစ္စတစ်ခုက ပို့လိုက်သော နမူနာပစ္စည်းဘူးတွေက မသေမသပ်၊ ကြာရှည်ခံအောင် ရေခဲစိမ်ထားသော ရေခဲများကပျော်နေပြီး စမ်းသပ်ရမည့် သွေးနမူနာကိုလည်း ကော်ဖီခွက်သာသာ ဘူးထဲထည့်ပေးလိုက်သေးသည်။ သို့ပေမဲ့လည်း သူ့တာဝန်အတိုင်း ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး မိုက်ခရိုစကုပ်ပေါ် နမူနာတွေကို ကြည့်လိုက်ချိန်တွင်မတော့ ကမ္ဘာကြီးအတွက် စောင့်ကြည့်စရာရောဂါပိုးတစ်ကောင် ထွက်ပေါ်လာပါတော့သည်။၂၀၁၄ တုန်းက အတော်လေး ဟိုးလေးတကျော်ဖြစ်ခဲ့သည့် အီးဘိုလာ အကြောင်းကို မှတ်မိကြဦးမည် ထင်ပါသည်။ အာဖရိကတိုက် ဂီနီနိုင်ငံကစပြီး တစ်ကမ္ဘာလုံးကို ရုတ်ရုတ်သဲသဲဖြစ်သွားစေသည့် အီးဘိုလာရောဂါပိုးကို ပထမဆုံးစတင်တွေ့ရှိခဲ့တာ အာဖရိကတိုက်က ဇိုင်ရဲ (အခုခေတ် ကွန်ဂိုသမ္မတနိုင်ငံ) နိုင်ငံက ယန်ဘူကူ (Yambuku)ဆိုတဲ့  ရွာလေးမှာပါ။ ထိုစဉ်အချိန်တုန်းက ဆေးပညာကုသမှုရော ကာကွယ်ရေးပါ ယခုခေတ်လောက်မတိုးတက်သေး၊ ကူးစက်ရောဂါရယ်လို့ဖြစ်လာလျှင် ရှိပြီးသား ရောဂါထိန်းချုပ်ရေးနည်းလမ်းတွေ အတိုင်းသာ ကျင့်သုံးကြရသည်။ဒေါက်တာ ပွိုင်းရော့တစ်‌ယောက် ထိုအချိန်က မိုက်စရိုကုပ်အောက်တွင် သူတွေ့ခဲ့ရသည့် အဏုဇီဝကောင်ကို အရင်က တစ်ခါမှမမြင်ဖူးခဲ့၊ သူတင်မက လုပ်ဖော်ကိုင်ဖက်တွေရော၊ ဆရာတွေပါ ထင်မြင်ချက်မပေးနိုင်ကြပေ။“အကောင်က အဏုဇီဝပညာရှင်တစ်ယောက်အဖို့ အတော်လေးကြီးနေတယ်ဗျ။ ပုံစံကလည်း တွေ့နေကျ ပိုးမွှားပုံမဟုတ်ဘူး၊ ဒါနဲ့ နည်းနည်းဆင်တူတဲ့ အကောင်ဆို Marburg ဗိုင်းရပ်စ်ပဲ ရှိမယ် “။ဒီ Marburg ဗိုင်းရပ်စ်ဆိုတဲ့အကောင်က လည်း သိပ်တော့ခေသူမဟုတ်။ ၁၉၆၇ ခုနှစ်က ဂျာမန်နိုင်ငံ Marburg နဲ့ Frankfurt ဆိုတဲ့ မြို့ ၂ မြို့မှာ စတင်တွေ့ရှိခဲ့ပြီး လူ ၃၁ ယောက်အသက်ကို နုတ်ယူခဲ့တဲ့ ဗိုင်းရပ်စ်ဖြစ်သည်။ ဒါပေမဲ့လည်း ပွိုင်းရော့ တစ်ယောက်သူ့မိတ်ဆွေတွေ၊ သူ့ထက်ပိုကျွမ်းကျင်တဲ့ ဆရာတွေနဲ့ ဆွေးနွေးပြီးတော့ သိလိုက်သည်။ ဒါ Marburng ဗိုင်းရပ်စ်မဟုတ်ပေ။  ဒါ့အပြင် အာဖရိကမှ သူ့မိတ်ဆွေဆီက ထပ်ကြားရသည့် သတင်းတွေက ပိုစိုးရိမ်စရာကောင်းလာသည်။“ဖျားနာနေသူတွေ ရာချီနေပြီ၊ ကုသမှုတွေပေးနေပေမဲ့ ဘာကရောဂါဖြစ်စေမှန်းမသိတာမို့ မထိရောက်ဘူးဖြစ်နေတယ်”။သတင်းစကားက တစ်ဆင့်တစ်ဆင့်နဲ့ ပျံ့သွားသည်။ ဘာမှန်းမသိတဲ့ကူးစက် ရောဂါတစ်ခု အာဖရိကမှာဖြစ်နေတယ်၊ လူတွေလည်း သေနေပြီ။ဒီလိုအခြေအနေတွေပိုဆိုးလာတဲ့နောက်ဆုံး အာဖရိကအထိသွားပြီး စုံစမ်းစစ်ဆေးကြည့်ဖို့ ပွိုင်းရော့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တာဝန်ပေးအပ်လိုက်တော့သည်။လေယာဉ်ပေါ်တွင် ဒေါက်တာ ပွိုင်းရော့တစ်ယောက် အတော်လေးစိတ်လှုပ်ရှားနေသည်။ သူဘယ်တုန်းကမှ မမြင်ဖူး၊ မတွေ့ဖူးသည့် ပိုးမွှားတစ်ကောင်ကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည့်အတွက်လည်းကောင်း၊ သူ့ကို တာဝန်ပေးအပ်သည့်အတိုင်း ကျေပွန်အောင် လုပ်နိုင်ပါ့မလားဆိုတာကို စိတ်ပူသည်ကလည်းကောင်း  စိတ်တွေရောထွေးနေခဲ့သည်။ စိတ်မကောင်းစရာ သတင်းတစ်ခုလည်း ထပ်ကြားရပြန်သည်၊ သူ ဘယ်လ်ဂျီယံမှာတုန်းက ပထမဆုံးကြည့်ခဲ့ရသည့် သွေးနမူနာပိုင်ရှင် သူနာပြုဆရာမလေး တော့ ရောဂါကိုတွန်းလှန်ရင်းအသက်ပေးသွားခဲ့ရပြီ။ဒေါက်တာပွိုင်းရော့တို့အဖွဲ့ ကွန်ဂိုရောက်တော့ ကွန်ဂိုသမ္မတဖြစ်သူကလည်း သူတို့နည်းတူ ထိုအမည်မသိ ရောဂါဖြစ်အန္တရာယ်ကို စိုးရိမ်နေသဖြင့် သူတို့အဖွဲ့ကို လိုအပ်သမျှ ဖြည့်ဆည်းပေးသည်။ သုံးစွဲဖို့ ပစ္စည်းကိရိယာတွေရော ရောဂါဖြစ်နေသည့် နေရာ သွားဖို့လေယာဉ်တစ်စီးပါ စီစဉ်ပေးလိုက်သေးသည်။ကွန်ဂိုမြို့တော် ကင်ရှာဆာ မှ ရောဂါဖြစ်ပွားသည့်နေရာကို ရောက်ဖို့ နောက်ထပ် ကီလိုမီတာ တစ်သောင်းလောက် ခရီးဆက်ရသေးသည်။ လေယာဉ်ပေါ်တွင် သူတို့အတွက်လိုအပ်သလို သုံးဖို့ Landrover ကားတစ်စီး၊ ကားအတွက်ဓာတ်ဆီနှင့် တခြားဆေးပစ္စည်းတွေပါလာသည်။ ပစ္စည်းကိရိယာအစုံပါပေမဲ့ လိုက်လာသည့် ဝန်ထမ်းတချို့ကတော့ သိပ်စိတ်မပါ။ သူတို့စိတ်ထဲဝယ် ဒါကို ရိုးရိုးရောဂါလို့မထင်မိ၊ အာဖရိက ထုံးစံ ရှေးအယူအဆအစွဲအလမ်းတွေကြောင့်ဟု ယူဆနေကြသည်။ ရောဂါဖြစ်သည့်နေရာကို စုန်းပြုစားလို့ဖြစ်တာ၊ နတ်ဆိုးကဒဏ်ခတ်တာ စသည့်ဖြင့် တစ်ယောက်တစ်မျိုးပြောဆိုနေကြပြန်သည်။နောက်ဆုံးတော့ ရောဂါဖြစ်ပွားရာ ဒေသကို လေယာဉ်ဆင်းခဲ့သည်။ ပစ္စည်းတွေချ၊ စီစဉ်စရာရှိတာ စီစဉ်ပေးပြီး ခပ်သုတ်သုတ်ပြန်သွားကြသည်။ လေယာဉ်ပြန်တက်ခါနီး ပိုင်းလော့ဖြစ်သူက အားပေးသွားသေးသည်။“Adieu” တဲ့ ပြင်သစ်လိုပြောသွားခြင်းဖြစ်သည်၊ အဓိပ္ပါယ်ကတော့  အပြီးတိုင်နှုတ်ဆက်လိုက်ပါသည် တဲ့။“ကျွန်တော့်ကို အဲ့ဒီအချိန်တုန်းက ဘယ်လိုခံစားရသလဲမေးရင် သေချာတာတော့ ကျွန်တော်မကြောက်ပါဘူး၊ အရင်တုန်းက တစ်ကြိမ်တစ်ခါမှ မတေွ့ဖူးတဲ့ ပိုးမွှားတစ်ကောင်ကို နဖူးတွေ့ဒူးတွေ့စလေ့လာရတော့မယ်ဆိုတဲ့ ခံစားချက်က အရမ်းကို စိတ်လှုပ်ရှားစေတယ်။ ဒါ့ကြောင့် ကျွန်တော်ထိပ်တိုက်ရင်ဆိုင်တွန်းလှန်ရမယ့် ရောဂါက ဘယ်လောက်ကြောက်ဖို့ကောင်းသလဲဆို မေ့သွားတာလည်း ဖြစ်ချင်ဖြစ်မယ်”။သူတို့ကို ချပေးသည့်နေရာကနေ ရောဂါဖြစ်နေသည့် ယန်ဘူကူ ရွာကလေးဆီသို့ နောက်ထပ် ၇၅ မိုင်ခန့်ခရီးနှင်ရပြန်သည်။ ယန်ဘူကူ ဆိုသည့်ရွာတွင် ဆေးရုံလေးတစ်ခုနဲ့ ကျောင်းလေးတစ်ကျောင်းသာရှိသည်။ ယခင် သာသနာပြုသူများလာရောက်ဖူးသဖြင့် ဆေးရုံနဲ့ ကျောင်းကို အဓိကအားဖြင့် ဘုန်းတော်ကြီးတစ်ယောက်နဲ့ သီလရှင်လေးများက စီမံအုပ်ချုပ်နေသည်။ကြောက်စရာရောဂါဆိုးကြီးဖြစ်နေသော်လည်း ပတ်ဝန်းကျင်လေးက သာသာယာယာရှိလှသည်။ ဘေးပတ်လည်မှာ မိုးသစ်တောကြီးများအုပ်မိုးထားသလို မြေကြီးကလည်း အနီရောင်သမ်းနေသည်။ ဝန်းရံထားသည့် သဘာဝကြီးက လှပသလောက် နေထိုင်သူများကတော့ ငရဲကျနေသလိုပင်။သူတို့ရောက်ရောက်ခြင်း သီလရှင်လေးတစ်ပါးက အခြေအနေတွေလိုက်လံရှင်းပြသည်။ ပြီးသည်နှင့် ဒေါက်တာပွိုင်းရော့အရေးကြီးဆုံး ပြဿနာကို ဖြေရှင်းဖို့ စဉ်းစားသည်၊ ရောဂါကူးစက်ပျံ့နှံ့မှုတစ်ခုကို ထိန်းချုပ်ရာမှာ အရေးပါဆုံးမေးခွန်း ၂ ခုနဲ့ စတင်ရသည်။“ဘယ်က စဖြစ်တာလဲ”။“ဘယ်လိုကူးစက်တာလဲ”။ဒီလိုနဲ့ ဒေါက်တာ ပွိုင်းရော့တို့လူစု ရောဂါရှာပုံတော်ဖွင့်ရတော့သည်။အရင်ဆုံး ရောဂါဖြစ်ပွားသည့် နေရာတဝိုက်ကို သူတို့ မြေပုံဆွဲလိုက်သည်။ ဖြစ်ပွားသည့် အနီးအနားက ရွာလေးတွေတစ်ခုချင်းစီကို သွားဖို့စီစဉ်ရသည်။ ရောဂါဖြစ်သည့် လူနာတစ်ယောက်ချင်းကိုလည်း ရောဂါနဲ့ပတ်သက်ပြီး မေးခွန်းတွေ ခရေစေ့တွင်းကျ မေးမြန်းရ၊ စမ်းသပ်ရပြန်သည်။ အဓိကအားဖြင့် သိချင်တာက။ဘယ်ကဘယ်လိုရောဂါပျံ့သွားသလဲ –။ရောဂါဖြစ်သည့် လူတစ်ယောက်ချင်းစီကို မေးမြန်းပြီး သူတို့တစ်ယောက်ကနေ တစ်ယောက်ဘယ်လိုကူးသလဲ အဖြေရှာရသည်။လူနာတွေက ဘယ်ဒေသကလဲ –။စောစောကသူတို့ကြိုတင်ဆွဲထားခဲ့တဲ့မြေပုံအတွင်း အနီးအနားက ရွာတွေကို လှည့်လည်သွားလာကြသည်၊ တစ်ရွာချင်းစီအလိုက်စစ်တမ်းကောက်ယူကြသည်၊ ဘယ်ရွာက အရင်ဖြစ်သလဲ၊ ဘယ်လောက်များသလဲ၊ ဘယ်ကာလမှာဖြစ်တာလဲ စတာတွေကို ရှာဖွေရင်း ယန်ဘူကူရွာဆေးရုံမှာ ကုသနေတဲ့လူနာတွေနဲ့ တစ်နည်းမဟုတ်တစ်နည်းဆက်စပ်နေတာကိုတွေ့ရှိခဲ့ကြသည်။ဘယ်သူတွေ ကူးစက်ခံတာများသလဲ – သူတို့တွေ့ရှိချက်အရ အမျိုးသမီးတွေက အမျိုးသားတွေထက် ကူးစက်ခံရတာပိုများကြောင်း တွေ့ရှိခဲ့ကြသည်။ အမျိုးသမီးမှာမှ အသက် ၁၈ နဲ့ ၃၀ ကြားတွေအဖြစ်များတာကို တွေ့ရသည်။ နောက်ပြီး ရောဂါသည်အများစုကလည်းကိုယ်ဝန်သည်တွေဖြစ်နေသဖြင့် ဗိုက်အပ်ခြင်း၊ကာကွယ်ဆေးထိုးခြင်းများပြုလုပ်ရန် ဆေးရုံကို မကြာခဏသွားနေရသူတွေ ဖြစ်နေသည်။ဒီလို စနစ်တကျနဲ့ ရှာဖွေမှုပြုသည့်အကျိုးကျေးဇူးကြောင့် ရောဂါဖြစ်ပွားမှုက တစ်ဖြည်းဖြည်း ပုံပေါ်လာတော့သည်။တွေ့ရှိချက်အရ ဗိုက်ကြီးသည်မိန်းမတွေအနေနဲ့ အနီးအနားတွင် အားကိုးစရာ ယန်ဘူကူဆေးရုံတစ်ခုသာရှိနေသည်၊ ထို့ကြောင့် ဗိုက်အပ်စရာရှိရင်လည်း ဒီဆေးရုံလေးသာ ပြေးကြရသည်၊ လိုအပ်သည့် ကာကွယ်ဆေးထိုးခြင်းများလည်း ဒီဆေးရုံမှာသာ လုပ်ကြရသည်၊ ခက်တာက ဆေးရုံမှာ ပစ္စည်းကိရိယာမပြည့်စုံသဖြင့် တစ်မနက်ကို ဆေးထိုးအပ် ၅ ချောင်းသာ အသုံးပြုနိုင်သည်။ ထို့ကြောင့် လူနာအင်အားနှင့် မညီမမျှဖြစ်နေသဖြင့် သုံးပြီးသားဆေးထိုးအပ်တွေကို ပြန်သုံးရသည်။ ထိုအခါ တစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်ကုန်တော့သည်။“ပြဿနာဇာစ်မြစ်ကို ကျွန်တော်တို့ အဲ့ဒီလိုနည်းနဲ့ပဲ တွေ့ခဲ့တာပဲ။ လူနာတစ်ယောက်ချင်းကို တွေ့ဆုံမေးမြန်းပြီး နောက်ဆုံးရလာတဲ့ အချက်အလက်တွေကို ပြန်တိုက်စစ်၊ ဆက်စပ်ကြည့်လိုက်တဲ့အခါ ရုပ်လုံးပေါ်လာတာပေါ့” ဟု ပွိုင်းရော့က ပြောသည်။နောက်ထပ်တွေ့ရှိခဲ့တာ တစ်ခုကလည်း စိတ်ဝင်စားဖို့ကောင်းသည်။ သူတို့ မေးမြန်းခဲ့တဲ့ရလဒ်တွေအရ လူနာအများစုသည် အသုဘတစ်ခုခုတက်ပြီးကာမှ ရောဂါစဖြစ်လာတာဖြစ်ကြောင်းတွေ့ရသည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်အနေဖြင့် အီးဘိုလာဗိုင်းရပ်စ်ကူးစက်ခံရပြီးသေသွားလျှင်ပင် ဗိုင်းရပ်စ်ပိုးတွေက သူ့ကိုယ်ထဲတွင် အကောင်းတိုင်းရှိနေနိုင်သေးသည်။ ထို့အပြင် လူသေကို အလှအပပြင်ပေးရသော ကိစ္စဝိစ္စတွေလုပ်ပေးရသူတွေက လူသေကိုကိုင်တွယ်ရပြန်သည်။ ထိုအခါ ရောဂါကူးသည်။ အသုဘရှုလာသူများက သေဆုံးသူကို ကိုင်တွယ်ကြ၊ ငိုကြနဲ့ ထပ်ကူးသွားပြန်သည်။ ဤနည်းဖြင့် ရောဂါမှာ တစ်ယောက်ကနေ တစ်ယောက် လျင်လျင်မြန်မြန်ပျံ့သွားတော့သည်။ရောဂါ၏အရင်းအမြစ်ကို ဖော်ထုတ်နိုင်သောအခါ ကုသမှုတွေလုပ်ရတာပိုအဆင်ပြေသွားသည်။ ပွိုင်းရော့တို့အဖွဲ့က လုပ်ဆောင်ရမည့် စည်းကမ်းတွေ တင်းတင်းကျပ်ကျပ်ချမှတ်ပေးပြီး လုပ်ဆောင်စေသည်။ ဥပမာ ရောဂါဖြစ်နေသည့် လူနာတွေကို တခြားသူတွေနဲ့ မထိတွေ့မိအောင် သပ်သပ်ခွဲခြားထားခြင်း၊ ရောဂါနဲ့သေဆုံးသွားသူများကို ထိတွေ့ကိုင်တွယ်ခြင်းမပြုဘဲ သေချာစနစ်တကျသင်္ဂြုလ်ပေးခြင်းများပြုလုပ်စေသည်။ နောက်ပြီး ဆေးရုံကိုလည်း အတိုင်းအတာတစ်ခုထိပိတ်သိမ်းလိုက်ပြီး တခြားနေရာတွင်လူနာများကို ကုသစေသည်၊ လိုအပ်သော အထောက်အပံ့ဆေးဝါးတွေထောက်ပံ့‌ပေး၊ ပိုးသတ်မှုလည်း သေချာလုပ်ပေးပြီးတော့မှ ဆေးရုံကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။သည်လို အင်တိုက်အားတိုက် ဆောင်ရွက်မှုတွေကြောင့် နောက်ဆုံးတွင်ရောဂါဆိုးကြီး ရန်ကို တွန်းလှန်နိုင်ခဲ့သော်လည်း လူ အယောက် ၃၀၀ ကျော်တော့ အသက်ပေးခဲ့ရသည်။ သို့ပေမဲ့လည်း အဆိုးထဲက အကောင်းပြောရလျှင်တော့ နောက်တစ်ခါ အလားတူရောဂါဖြစ်လာခဲ့လျှင် လုပ်ဆောင်ရမည့်လမ်းညွှန်ချက်တွေ၊ စီမံချက်တွေ ရေးဆွဲနိုင်ခဲ့သည်။နောက်ဆုံးတွင်တော့ အန္တရာယ်လည်းလွန်မြောက်ခဲ့လေပြီ။ ဒေါက်တာပွိုင်းရော့နှင့်သူ့အဖွဲ့သားတွေလည်း ပင်ပန်းရကျိုးနပ်ခဲ့ပြီ။ ဤတစ်ကြိမ်တွင် ရောဂါကို တွန်းလှန်နိုင်ခဲ့သည့်တိုင် ဤဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ထပ်မံလေ့လာစရာတွေ တစ်ပုံတစ်ခေါင်းကြီးကျန်သေးမှန်း ဒေါက်တာပွိုင်းရော့သိရှိနေခဲ့သည်။ ရောဂါကုသမှုတွေလည်း ပြီးပြီ၊ သူတို့အဖွဲ့လည်း ပြန်တော့မည်ဆိုတဲ့အချိန်မှ တစ်ခုကိုသွားသတိရသည်။ ရောဂါကုသမှုတော့ ပြီးပြီ၊ နောက်တစ်ခါ ပြန်ဖြစ်ရင် ဘာရောဂါလို့ အမည်တပ်ကြမလဲ။ တစ်နည်းအားဖြင့် ရောဂါမှာ နာမည်လိုအပ်နေသည်။ ဘယ်လိုပေးရမှန်းမသိသည်နှင့် သူတို့လက်ရှိရောက်နေသည့် ရွာနာမည်ပေးမလားစဉ်းစားသည်။ သိပ်မသင့်တော်ပေ။ ဤမျှ ဆိုးဝါးသည့်ရောဂါကို လူနေထိုင်သည့်ရွာအမည်နှင့်တွဲပေးလိုက်ရင် ရွာအတွက်မကောင်းဟု ယူဆသည်။ နောက်ဆုံး မြေပုံဖြန့်ကြည့်တော့ သူတို့ရောက်နေသည့် ရွာအနားမှာ မြစ်တစ်စင်းရှိနေသည်၊ မြစ်အမည်က အီးဘိုလာ (Ebola River)။ ထိုအချိန်က စပြီး လွန်ခဲ့သည့် နှစ် ၄၀ ကျော်က ဘယ်လ်ဂျီယံနိုင်ငံသား ဒေါက်တာပွိုင်းရော့တစ်ယောက် အဏုမြူမှန်ပြောင်းအောက်မှာ စတင်တွေ့ရှိခဲ့သည့် ဗိုင်းရပ်စ်ပိုးမှာလည်း ယနေ့ကမ္ဘာကသိရှိကြသည့် အီးဘိုလာဗိုင်းရပ်စ်ဟူ၍ အမည်တွင်သွားပါတော့သည်။ရေးသားသူ – Dr. Htoo Tint Ko Ko။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-viral-infections/%e1%80%a1%e1%80%ae%e1%80%98%e1%80%ad%e1%80%af%e1%80%9c%e1%80%ac-%e1%80%9b%e1%80%be%e1%80%ac%e1%80%95%e1%80%af%e1%80%b6%e1%80%90%e1%80%b1%e1%80%ac%e1%80%ba/
null
null
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/foods-that-hepatitis-patients-should-avoid/
null
null
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/chronic-bronchitis/%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%b9-copd-%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%9e%e1%80%8a%e1%80%b9-%e1%80%81%e1%80%9b%e1%80%ae%e1%80%b8%e1%80%9e%e1%80%bc%e1%80%ac%e1%80%b8/
Leptospirosis ရောဂါအကြောင်း
မင်္ဂလာပါ။‌ဟယ်လိုဆရာဝန် စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက် တင်ပြပေးမယ့် အကြောင်းအရာကတော့ Leptospirosisလို့ ခေါ်တဲ့ ကြွက်သေးပန်းရောဂါအကြောင်း ဖြစ်ပါတယ် ။ မှန်ပါတယ် ဒီရောဂါက အဖြစ်နည်းသေးတဲ့ရောဂါ တစ်ခုဖြစ်တဲ့အတွက် လူတော်တော်များများ ကြားဖူးကြမှာ မဟုတ်ပါဘူး။ဒီရောဂါရဲ့ မူလအစကတော့ တိရစ္ဆာန်တွေမှာ မြစ်ဖျားခံပါတယ်။ တိရစ္ဆာန်တွေရဲ့ဆီး (အထူးသဖြင့် ကြွက်သေး) ကတဆင့် ကူးစက်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ် ။ ကြွက်နဲ့ အခြားသော တိရစ္ဆာန်တွေရဲ့ ဆီးကို ထိတွေ့မိတဲ့အရေပြားမှာ အပေါက်အပြဲတွေ ရှိရင် ပိုပြီး ကူးစက်လွယ်ပါတယ် ။ အများအားဖြင့် ကြွက်သေးတွေက ရေထဲမှာပါလာတတ်ပြီး ရေဆိုးရေညစ်တွေနဲ့ အမြဲလိုလိုထိတွေ့နေရတဲ့  မိုင်းလုပ်သားများ ၊ စည်ပင်လုပ်သားများ ၊ စစ်သားများ ၊ လယ်သမားတွေမှာ ပိုပြီး ဖြစ်နိုင်ချေ များပါတယ်။ တိရစ္ဆာန် ဆရာဝန်တေွမှာလည်း ကူးစက်နိုင်ခြေများပါတယ်။ရောဂါလက္ခဏာတွေအနေနဲ့ အများအားဖြင့် အသက်အန္တရာယ်စိုးရိမ်စရာ မရှိပေမဲ့ ရာသီတုပ်ကွေးလက္ခဏာတွေနဲ့ ဆင်တူပါတယ် ။ ခေါင်းကိုက်ခြင်း၊ မူးဝေအော့အန်ခြင်း ၊ အရေပြားမှာ အင်ပျဉ်ထခြင်း ၊ ချမ်းတုန် ဖျားခြင်း ၊ တကိုယ်လုံး ကိုက်ခဲခြင်း အထူးသဖြင့် ခြေသလုံး ကြွက်သားများ နာကျင်ခြင်း ၊ မျက်လုံးများ ဝါခြင်း ၊ နီရဲခြင်းများ ဖြစ်တတ်ပါတယ် ။ ကြွက်သေးပန်းရောဂါ လို့ ရောဂါနာမည်တပ်ဖို့အတွက်ကတော့ သွေးစစ်ဖို့ လိုအပ်ပါတယ် ။ရောဂါကုသရာမှာတော့ ပိုးသတ်ဆေးတွေကို ဆရာဝန် ညွှန်းတဲ့အတိုင်း အတိအကျ လိုက်နာဖို့ လိုအပ်ပါတယ် ။ ရောဂါ အ‌ခြေအနေအလိုက် ကုသရမယ့် ပိုးသတ်ဆေး ပုံစံ ( သောက်ဆေး၊ထိုးဆေး) ၊ပမာဏ ၊ အမျိုးအစားကွဲသွားမှာ ဖြစ်ပါတယ် ။ အကိုက်အခဲ ပျောက်ဆေးများကိုလည်း လိုအပ်သလို အသုံးပြုမှာ ဖြစ်ပါတယ် ။ဘယ်လိုကာကွယ်ရမလဲ။သောက်သုံးရေကိုတော့ ရေသန့်ကိုပဲ သောက်သုံးစေချင်ပါတယ် ။ ရေကတဆင့် ကူးစက်တတ်တဲ့ သဘာဝကြောင့် မြန်မာနိုင်ငံအနေအထားအရ ခက်ခဲနိုင်ပေမဲ့ ရေစပ်စပ်ရှိ‌တဲ့၊ စိုစွတ်တဲ့နေရာတွေကိုတော့ တတ်နိုင်သမျှ မသွားသင့်ပါဘူး ။ရောဂါတစုံတရာ ဖြစ်ပွားနေတဲ့ တိရစ္ဆာန်တွေနဲ့ ခပ်ကင်းကင်းနေထိုင်သင့်ပါတယ် ။ တကယ်လို့ ထိတွေ့ရရင်လည်း အကာအကွယ်အပြည့်အစုံ ဝတ်ဆင်ပါ ။ပတ်ဝန်းကျင် ညစ်ညမ်းမှုရှိတဲ့နေရာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ ။ ဒါမှသာ ကြွက်သေးပန်းရောဂါပိုးနဲ့ မထိတွေ့နိုင်မှာ ဖြစ်ပါတယ် ။အားလုံးကို ကျေးဇူးတင်ပါတယ်။ရေးသားသူ – ဒေါက်တာအောင်ကျော်မြင့်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-bacterial-infections/leptospirosis-%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8/
null
null
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/foods-kids-should-eat-and-avoid-in-rainy-season/
ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ်
လူတော်တော်များများရဲ့ နေ့စဉ် စားသုံးမှုမှာ ပြုပြင်ထားတဲ့ အသားတွေက မပါဝင်ဘူးဆိုတာ ခပ်ရှားရှား ဖြစ်လာပါပြီ။ တိုးတက်လာတဲ့ ခေတ်အခြေအနေကြောင့် ချက်ပြုတ်ဖို့ အချိန်မပေးနိုင်တာ၊ အရသာရှိတယ်လို့ ယူဆတာ၊ ချက်ပြုတ်ရ လွယ်ကူတာ၊ တာရှည်ခံတာ စသဖြင့် အမျိုးမျိုးသော အကြောင်းအရင်းတွေနဲ့ ပြုပြင်ထားတဲ့ အသားတွေ၊ အသင့်စားတဲ့ အစားအစာတွေကို အရင်တုန်းကထက် ပိုပြီး စားလာကြပါတယ်။ဒီလို စားသုံးမှုက လူကြီးတွေ ကြားမှာတင် တိုးလာတာလားဆိုတော့ မဟုတ်သေးပါဘူး။ ကလေးတွေ ကြားမှာလည်း တော်တော်လေး များလာတာပါ။ ဒီလို ပြုပြင်ထားတဲ့ အသားတွေ၊ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်တို့လိုမျိုး စားစရာတွေထဲမှာ ပါဝင်နေတဲ့ ဆိုဒီယမ် နိုက်ထရိုက်က ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ နေ့စဉ်စားသုံးမှုမှာ ထည့်သွင်းစားသုံးမိနေတဲ့ အစားအစာတွေထဲက ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ် အကြောင်းလေး ပြောပြပေးချင်ပါတယ်။ပြုပြင်ထားတဲ့ အသားတွေထဲမှာ ကျန်းမာရေးနဲ့ မညီတဲ့ ပါဝင်ပစ္စည်းတွေ အများအပြား ပါဝင်နေတယ်ဆိုတာကို ထွေထွေထူးထူး ပြောစရာ မလိုအောင် လူတိုင်းနီးပါး သိထားပြီး ဖြစ်မှာပါ။ ဒီလို ပါဝင်ပစ္စည်းတွေထဲမှာ အဆိုးဆုံးက ဆိုဒီယမ် နိုက်ထရိုက် ပါ။ ဘာလို့ ဒီလို ပြောရတာလဲဆိုတော့ ဆိုဒီယမ် နိုက်ထရိုက်က ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်း တစ်ခုအဖြစ် ပြောင်းလဲနိုင်လို့ပါ။ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ် က ဘယ်လောက်အထိ  ကြီးမားသလဲဆိုရင် ကင်ဆာ ဖြစ်စေနိုင်တာအပြင် အယ်လ်ဇိုင်းမားရောဂါ နဲ့ ဆီးချိုလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဆဲလ်တွေဆီ အောက်ဆီဂျင်ရောက်ရှိမှုကို လျော့ကျစေပြီး ကိုယ်တွင်းမှာ အဆိပ်အတောက်ဖြစ်စေနိုင်သလို အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်တဲ့ ဆိုးကျိုးတွေကို ခံစားရစေနိုင်ပါတယ်။ဆိုဒီယမ် နိုက်ထရိုက် – Sodium nitrite ဆိုတာက ပြုပြင်ထားတဲ့ အသားတွေထဲမှာ အတွေ့ရများတဲ့ ပါဝင်ပစ္စည်း တစ်ခုပါ။တာရှည်ခံစေပြီး အန္တရာယ် ဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အငန်ဓာတ် ကဲစေဖို့နဲ့ အနီရဲရဲလေးနဲ့ အရောင်အသွေးလှစေဖို့ အတွက်လည်း ဆိုဒီယမ် နိုက်ထရိုက်ကို အသုံးပြုကြပါတယ်။အစားအစာတွေကို တာရှည်ခံဖို့ဆို ဆိုဒီယမ် နိုက်ထရိုက် ထည့်သွင်းဖို့ လိုပါတယ်။ သင့်တင့်တဲ့ ပမာဏဆို ပြဿနာမရှိပါဘူး။ ဒါကြောင့်လည်း နိုင်ငံတကာ FDAတွေက ခွင့်ပြုပေးတာပါ။ ဒါပေမယ့် သတ်မှတ်ထားတဲ့ ပမာဏထက်များနေမယ်။ မကြာခဏစားသုံးမယ်ဆိုရင်တော့ ရေရှည်မှာ ကျန်းမာရေး ပြဿနာတွေ  ဖြစ်လာနိုင်ပါတယ်။ဒီ ဆိုဒီယမ် နိုက်ထရိုက် ထဲမှာ နိုက်ထရိုက်လို့ခေါ်တဲ့ ဓာတ်တစ်မျိုး ပါဝင်နေပါတယ်။ နိုက်ထရိုက်က နိုက်ထရိုဂျင် အက်တမ် တစ်လုံး နဲ့ အောက်ဆီဂျင် အက်တမ် ၂ လုံးတို့ ပါဝင်ဖွဲ့စည်းထားတာပါ။ နိုက်ထရိတ်ပါတဲ့ အစားအစာတွေကို စားသုံးလိုက်တဲ့အခါ နိုက်ထရစ်အောက်ဆိုက်အဖြစ် ပြောင်းသွားပါတယ်။ ဒီပြောင်းလဲမှုက ကျန်းမာရေးကို ထိခိုက်စေတာပါ။နိုက်ထရိုက်က nitrosamines လို့ခေါ်တဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိ ဒြပ်ပေါင်းအဖြစ် ပြောင်းလဲသွားတဲ့အခါ ကင်ဆာ၊ ဆီးချိုရောဂါလိုမျိုး နာတာရှည် ကျန်းမာရေး ပြဿနာတွေကို ခံစားရတာပါ။ နိုက်ထရိတ် ပါဝင်မှု များနေတဲ့ ပြုပြင်ထားတဲ့ အသားတွေကို အပူပြင်းပြင်းပေးလိုက်တဲ့အခါ ရောဂါဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ဖြစ်ပေါ်တာပြီး ကျန်းမာရေးကို ထိခိုက်စေပါတယ်။ဒါကြောင့် ဆိုဒီယမ် နိုက်ထရိုက် ပါဝင်မှု များတဲ့ အစားအစာတွေကို တတ်နိုင်သမျှ လျှော့စားပေးတာကနာတာရှည်ရောဂါတွေမဖြစ်အောင် လျှော့ချပေးနိုင်မှာပါ။ဆိုဒီယမ် နိုက်ထရိတ် အန္တရာယ်များတယ်လို့ ပြောရတာက။ဆိုဒီယမ် နိုက်ထရိုက် ပါဝင်မှု များတဲ့ အစားအစာတွေကို အပူပြင်းပြင်း ပေးလိုက်ချိန်မှာ ကင်ဆာ ဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ထွက်လာပါတယ်။ ဒါကြောင့် ပြုပြင်ထားတဲ့ အသားတွေကို များများ စားလေလေ ကင်ဆာဖြစ်နိုင်ခြေ များလေလေပါ။ဆိုဒီယမ် နိုက်ထရိုက် ပါဝင်မှု များတဲ့ ပြုပြင်ထားတဲ့ အသားတွေကို စားသုံးတာက အစာအိမ် ကင်ဆာ၊ အူမကြီး ကင်ဆာ၊ ရင်သား ကင်ဆာ၊ ဆီးအိမ် ကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။ဆီးချိုဆိုတာ သွေးထဲက သ​ကြားဓာတ်ကို ဆဲလ်တွေ တစ်ရှူးတွေဆီကို ပို့ဆောင်ပေမယ့် အင်ဆူလင်ဟော်မုန်းကို ပန်ခရိယက လုံလောက်အောင် မထုတ်နိုင်တဲ့ အခြေအနေပါ။ ဒီလိုမျိုး သွေးတွင်းသကြားဓာတ် မြင့်တက်မှုက ဆီးချို ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ် နိုက်ထရိုက် များလာတာက ဆီးချို ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။သွေးဆဲလ်တွေက ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ကို အောက်ဆီဂျင်တွေ ပို့ဆောင်ပေးပါတယ်။ ဒီလိုမျိုး သွေးဆဲလ်တွေ အလုပ်ကောင်းကောင်း လုပ်ဆောင်နိုင်စေဖိုဆိုရင် သံဓာတ် ပြည့်ဝဖို့ လိုပါမယ်။ ကိုယ်တွင်းမှာ သံဓာတ် မပြည့်ဝတာက ဆဲလ်နဲ့ တစ်ရှူးတွေကို အောက်ဆီဂျင် လုံလောက်အောင် မရရှိတာမျိုး ဖြစ်စေနိုင်ပါတယ်။ ပြာနှမ်းလာတာ၊ ခေါင်းကိုက်တာ၊ ခြေကုန်လက်ပမ်းကျတာ၊ ဖွံ့ဖြိုးမှု နှေးတာတွေကို ဖြစ်စေနိုင်ပါတယ်။လေ့လာမှုတွေအရ နိုက်ထရိုက် များတဲ့ အစားအစာတွေ၊ ရေတွေက ခန္ဓာကိုယ်မှာ ရှိတဲ့ ဆဲလ်တွေနဲ့ တစ်ရှူးတွေဆီကို အောက်ဆီဂျင် ရောက်ရှိမှု နည်းစေပြီး အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။လေ့လာမှုတွေအရ ဆိုဒီယမ် နိုက်ထရိုက်က ကင်ဆာနဲ့ ဆီးချိုကိုတင် ဖြစ်စေတာ မဟုတ်ပါဘူး။ ဆိုဒီယမ် နိုက်ထရိတ် များစွာ စားသုံးတာက ဦးနှောက် ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဆိုဒီယမ် နိုက်ထရိတ် စားသုံးမှု များတဲ့သူတွေမှာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေက တော်တော်လေး များနေတာပါ။ဆိုဒီယမ် နိုက်ထရိုက် ပါဝင်မှု များတဲ့ အစားအစာတွေက ပြုပြင်ထားတဲ့ အသားတွေပါ။ အသီးအရွက်တွေမှာတော့ ဆိုဒီယမ် နိုက်ထရိုက် ပါဝင်မှုက တော်တော်လေး နည်းပြီးကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ပမာဏမဟုတ်ပါဘူး။နေ့စဉ် စားသုံးမှုမှာ ဆိုဒီယမ် နိုက်ထရိုက် ပါဝင်မှုကို လျှော့ချချင်တယ်ဆိုရင် အခုပြောတာတွေကို တတ်နိုင်သမျှ လျှော့စားပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/sodium-nitrite-dangers/
ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!
ဝမ်းသွားတာက ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးပါတဲ့ ဖြစ်စဉ် တစ်ခုပေါ့။ဝမ်းသွားတာက အညစ်အကြေးတွေကို စွန့်ထုတ်မှု ဖြစ်စဉ် တစ်ခုပါ။ ဒီဖြစ်စဉ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဖြစ်စဉ်ပဲ ဆိုပေမယ့် ရံဖန်ရံခါမှာ ဝမ်းသွားတဲ့အခါ နာကျင်တာကိုတော့ ခံစားရတတ်နိုင်ပါတယ်။ဝမ်းချုပ်တာကစလို့ဝမ်းပျက်တာအထိ အမျိုးမျိုးသော ဝမ်းသွားမှုတွေမှာ နာကျင်တာကို ခံစားရနိုင်သလို တခြားအကြောင်းရင်းတွေကြောင့်လည်း ဝမ်းသွားရင် အရမ်းနာကျင်တာကို ခံစားနေရနိုင်ပါတယ်။ အခုတစ်ခေါက်တော့ ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ရေသောက်နည်းလို့။ဝမ်းသွားတယ်ဆိုတာက ကိုယ်တွင်းထဲကအညစ်အကြေးတွေအဆိပ်အတောက်တွေကို စွန့်ထုတ်တာပါ။ ဒီလို စွန့်ထုတ်တဲ့အခါ အခက်အခဲ မရှိစေဖို့အတွက် ရေဓာတ်ကို ပြည့်ပြည့်ဝဝ ရရှိဖို့ လိုပါမယ်။ တကယ်လို့ရေဓာတ်ပြည့်ပြည့်ဝဝ မရရှိတဲ့အခါ ဝမ်းမာပြီး ဝမ်းသွားရင် နာကျင်တာကို ခံစားရနိုင်ပါတယ်။ တစ်နည်းအားဖြင့် ဝမ်းချုပ်တာပေါ့။ရေလုံလောက်အောင် သောက်ပေးလို့ ရသလို ရေဓာတ် ကြွယ်ဝတဲ့အသီးအနှံတွေကို စားပေးတာမျိုးလည်း ရပါတယ်။ ရေဓာတ်ပြည့်အောင် ဆိုတဲ့နေရာမှာ ကော်ဖီတွေ၊ လက်ဖက်ရည်တွေ၊ အယ်လ်ကိုဟောနဲ့ ဂတ်စ်ပါတဲ့ အချိုရည်တွေကိုတော့ မသောက်ပါနဲ့။အစာဓာတ်ချေနိုင်စွမ်း မရှိတာ။ဥပမာနို့နဲ့ နို့ထွက်ပစ္စည်းတွေအပါအဝင် အချို့သော အစားအစာတွေကို ခန္ဓာကိုယ်က ကောင်းကောင်းမချေဖျက်နိုင်တဲ့အခါ ဝမ်းလျှောတာ၊ ဗိုက်ရစ်တာတွေ ဖြစ်တတ်ပြီး ဝမ်းသွားတဲ့အခါ နာကျင်တာ၊ ဗိုက်ထဲ မအီမသာ ဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ လူတိုင်းတော့ မဟုတ်ပေမယ့် lactose intoleranceဆိုတဲ့ နို့သကြားမချေဖျက်နိုင်တဲ့ ပြဿနာရှိသူတွေက လက်တို့စ်ပါတဲ့ နို့တွေကို ရှောင်သင့်ပါတယ်။အမျှင်ဓာတ် လုံလောက်အောင် မစားမိတာ။နေ့စဉ် စားသုံးမှုမှာ အသီးအရွက်တွေလိုမျိုး အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို မစားမိတာက ဝမ်းချုပ်စေပြီး ဝမ်းသွားတဲ့အခါ နာကျင်မှုကိုလည်း ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်ပြီးဝမ်းသွားရခက်တယ်၊ ဝမ်းသွားချိန်မှာ နာကျင်တယ်ဆိုရင်တော့ အမျှင်ဓာတ် လုံလောက်အောင် စားပေးပါ။ကိုယ်လက်လှုပ်ရှားမှု နည်းတာ။ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာက အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေပြီ ဝမ်းသွားရ လွယ်စေပါတယ်။ တကယ်လို့ နေ့စဉ်ဘဝမှာ အထိုင်များနေမယ်။ လှုပ်ရှားမှု နည်းနေမယ်။ ကိုယ်လက်လှုပ်ရှားမှု မရှိဘူးဆိုရင်တော့ ကိုယ်တွင်းဟော်မုန်းတွေ မညီမျှတာမျိုး  ဖြစ်ပြီး ဝမ်းသွားရခက်တာ၊ ဝမ်းသွားချိန်မှာ နာကျင်တာမျိုးကို ခံစားရနိုင်ပါတယ်။ဒါကြောင့် ဝမ်းသွားရခက်နေပြီဆိုရင် ကိုယ်လက်လှုပ်ရှားမှုလေး ပုံမှန် လုပ်ပေးပါ။ လမ်းလျှောက်ပေးတာမျိုး ဖြစ်ဖြစ်၊ စက်ဘီးနင်းတာမျိုး ဖြစ်ဖြစ်ပေါ့။ဝမ်းချုပ်စေနိုင်တဲ့ ဆေးဝါးတွေ။အချို့သော ဆေးဝါးတွေက ရေဓာတ်စုပ်ယူမှုကို ထိခိုက်စေနိုင်သလိုဟော်မုန်းပြောင်းလဲတာတွေဖြစ်စေပြီး ဝမ်းချုပ်တာ ဝမ်းသွားရခက်တာ၊ဝမ်းသွားချိန်နာကျင်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။အကိုက်အခဲပျောက်ဆေးတွေ၊ သံဓာတ်အားဖြည့်ဆေးတွေ၊ သွေးတိုးကျဆေးတွေနဲ့ စိတ်ဓာတ်ကျတာကို သက်သာစေတဲ့ ဆေးတွေက ကိုယ်တွင်းရေဓာတ်ကို ဆုံးရှုံးစေပြီး ဝမ်းသွားချိန်မှာ နာကျင်တာကို ခံစားရစေနိုင်ပါတယ်။Irritable Bowel Syndrome (IBS) ခံစားနေရတာ။Irritable bowel syndrome(IBS) ဆိုတာက အူလမ်းကြောင်း လှုပ်ရှားမှု မမှန်တဲ့ ရောဂါဖြစ်ပြီး ဝမ်းလျှောတာ၊ ဗိုက်ထဲက နာကျင်တာတွေကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းသွားချိန်မှာ မကြာခဏ နာကျင်တာကို ခံစားရပြီဆိုရင်တော့  IBS  ခံစားနေရလားဆိုတာကို စစ်ဆေးကုသမှု ခံယူပေးပါ။ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ ခံစားနေရတာ။တစ်ခါတလေမှာ ဝမ်းသွားချိန် နာကျင်တာကို ခံစားရတာက ရောဂါအခံ တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အူပိတ်တာ၊ ခွဲစိတ်မှုနဲ့ ကလေးမွေးဖွားမှုတွေကြောင့်အူမကြီး  ကြွက်သားတွေထိခိုက်သွားတာ၊ အူလမ်းကြောင်းက အာရုံကြောတွေ ထိခိုက်ပျက်စီးသွားတာ၊ အူမကြီး ရောင်ရမ်းတာတွေကြောင့် ဝမ်းသွားချိန်မှာ နာကျင်တာကို ခံစားရနိုင်ပါတယ်။ဒါ့ပြင် အဖြစ်များတဲ့ နာတာရှည် ဝမ်းချုပ်တာ၊ နာတာရှည် ဝမ်းသွားတာ၊ ဂရင်ဂျီနာမှာလည်း ဝမ်းသွားရင်  နာတတ်ပါတယ်။ လိပ်ခေါင်းကတော့ များသောအားဖြင့် နာလေ့မရှိပါဘူး။ ဒါပေမယ့် လိပ်ခေါင်းမှာ သွေးခဲပိတ်နေရင် ဒါမှမဟုတ် အပြင်လိပ်ဆိုရင်တော့ ဝမ်းသွားတဲ့အခါ နာတတ်ပါတယ်။ဝမ်းသွားချိန်မှာ နာကျင်တာကို ခံစားရပြီဆိုရင် ကိုယ့်ရဲ့ စားသောက်နေထိုင်မှုပုံစံကို အရင်ပြောင်းကြည့်ပါ။ ဝမ်းသွားတဲ့အခါ သွေးပါလားဆိုတာကိုလည်း ဆန်းစစ်ကြည့်ပါ။ ဝမ်းသွားရင် နာကျင်တာကို  ခပ်စိတ်စိတ် ခံစားရမယ်။ ကိုယ်အလေးချိန် ကျလာမယ်။အဖျားတက်တာ၊ ချမ်းတုန်တာမျိုးတွေ ဖြစ်မယ်။ အော့အန်တာမျိုး၊ မအီမသာဖြစ်တာမျိုး ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသကြည့်ဖို့ လိုပါမယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/why-it-might-hurt-when-poop/
နာတာရှည် လေပြွန်ကျဉ်းရောဂါ ကို ထကြွစေသောအရာများ
သင့်တွင်နာတာရှည် လေပြွန်ကျဉ်းရောဂါရှိပါက သင့်ရောဂါကို ပိုဆိုးစေသောအရာများကို သတိပြုရမည်ဖြစ်သလို ပိုဆိုးစေနိုင်သော နည်းလမ်းများကိုလည်းသိထားသင့်ပါတယ်။ လူတစ်ဦးချင်းအပေါ်မူတည်ပြီး ကွဲပြားမှုတော့ရှိနိုင်ပါတယ်။ဒါတွေက သင့်အဆုတ်ကို ထိခိုက်စေပြီးအသက်ရှူပိုကြပ်စေသလို အခြားသောရောဂါလက္ခဏာများလည်း ထပ်ဖြစ်လာစေနိုင်ပါတယ်။ တကယ်လို့ သင့်ရောဂါအခြေအနေ ပိုဆိုးလာပါက ဆေးရုံတွင်အရေးပေါ်ကုသမှု ခံယူရမည်ဖြစ်သည်။သင့်ရောဂါကို ထကြွစေသော အကြောင်းရင်းများကိုသိပါက ၎င်းတို့ကိုရှောင်ကြဉ်နိုင်သလို ရောဂါမကြာခဏပြန်ဖြစ်ခြင်းမှလည်း လျှော့ချနိုင်ပါတယ်။ ဒါ့ပြင် ဆရာဝန်ညွှန်ကြားထားသောဆေးများကို မှန်မှန်သောက်ဖို့လည်းလိုအပ်ပါတယ်။အရင်ဆုံး ဘယ်အရာတွေက သင့်ရောဂါကိုပိုဆိုးစေလဲဆိုတာ သိရပါမယ်။ ရောဂါပိုဆိုးလာချိန်တွင် သင့်အနီးတွင်ရှိသော ဖြစ်နိုင်ချေရှိသော အရာများနဲ့ သင့်ရောဂါဖြပြင်းထန်ပုံကို သတိပြုပါ။ ဖြစ်နိုင်ချေရှိသည်တို့ကို ဆရာဝန်နဲ့တိုင်ပင်ကာ ရှောင်သင့်သောအရာများကို ရှောင်ကြဉ်ပါ။သင့်ရောဂါပြန်လည်ထကြွလာသည်ဟု သတိပြုမိချိန်တွင် စိုးရိမ်စိတ်မလွန်ကဲဘဲ အောက်ပါနည်းလမ်းများအတိုင်းလုပ်ဆောင်ပါ။ အရင်ဆုံး။အချုပ်ဆိုရရင် သင်သည် သင့်ရောဂါအကြောင်းကို ကောင်းမွန်စွာသိထားသင့်ပါတယ်။ ဒါမှသာ သင့်ရောဂါကို ကုသရာတွင် ကိုယ်တိုင်အားဖြည့်ပါဝင်ရာရောက်သလို သင့်နည်းတူ အခြားသော နာတာရှင်လေပြွန်ကျဉ်းရောဂါရှိသူများကိုလည်း ကူညီပေးနိုင်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/chronic-bronchitis/trigger-factors-for-copd/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%96%e1%80%ad%e1%80%85%e1%80%ae%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%80%90%e1%80%bd%e1%80%b1%e1%80%95%e1%80%bc%e1%80%b1%e1%80%81%e1%80%bb%e1%80%84%e1%80%ba/
စိတ်ကျရောဂါ ဖြစ်နေပြီဆိုတာ ပြနေတဲ့ လက္ခဏာတွေ
စိတ်ကျရောဂါ(Depression) ဆိုတာ ယနေ့ခေတ် လူငယ်တွေကြားမှာ တော်တော်လေး ရေပန်းစား အပြောများတဲ့ ပြဿနာပါ။ တစ်ခုသိထားဖို့ လိုတာကတော့ စိတ်မပျော်ရွှင်မှုကိုစိတ်ကျရောဂါလို့ လုံးလုံး ခေါင်းစဉ်တပ်လို့ မရဘူးဆိုတာပါပဲ။ စိတ်ကျရောဂါ ဖြစ်နေပြီဆိုတာ ပြနေတဲ့ လက္ခဏာတွေက သီးသန့်ရှိပါတယ်။ မိဘတွေနဲ့ အဆင်မပြေဖြစ်တာ၊ သူငယ်ချင်းတွေ၊ချစ်သူနဲ့ ရန်ဖြစ်လို့ အစရှိတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်လာတဲ့ စိတ်မပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေဟာ စိတ်ကျရောဂါ မဟုတ်ပါဘူး။ အခြေအနေပေါ်မှာ မူတည်ပြီး ဖြစ်လာတဲ့ စိတ်ခံစားချက် အပြောင်းအလဲတစ်ခုသာဖြစ်ပါတယ်။စိတ်ကျရောဂါဆိုတာ အကြောင်းရင်း တစ်ခု သို့မဟုတ် အများကြီးပေါ်မှာ အခြေခံပြီး အချိန်အကြာကြီး ကိုယ့်ရဲ့ စိတ်နဲ့ ဘဝတစ်ခုလုံးကို ဖြည်းဖြည်းချင်း ဝါးမြိုသွားတဲ့ ကြောက်စရာစိတ်ရောဂါဖြစ်ပါတယ်။ လူတွေတော်တော်များများ သေကြောင်းကြံစည်ဖို့ ကြိုးစားကြတာ၊ ကိုယ့်အသက်ကိုယ် စတေးခံလိုက်တာတွေရဲ့ နောက်ကွယ်တရားခံထဲမှာ စိတ်ကျရောဂါဆိုတာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒါကြောင့် လုံးဝပေါ့ဆလို့ မဖြစ်တဲ့ စိတ်ကျရောဂါရဲ့ လက္ခဏာ (၈) မျိုးကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။၁။ မျှော်လင့်ချက် ကင်းမဲ့သွားတာ။ကိုယ့်ဘဝအနာဂတ်ကို ဘယ်လိုမှ ပုံဖော်စဉ်းစားလို့ မရတော့တဲ့အထိ မျှော်လင့်ချက်ကင်းမဲ့သွားတာပါ။ စိတ်ခံစားချက်တင်မကဘဲ ဒီလက္ခဏာရှိနေတဲ့သူ တစ်ယောက်ကို ကြည့်လိုက်တာနဲ့ ရယ်ခြင်း၊ ပြုံးခြင်း၊ဝမ်းနည်းခြင်းအစရှိတဲ့ ခံစားချက်အရိပ်အယောင်တွေ ပျောက်ဆုံးနေပါတယ်။အရာရာဟာ အသက်မဲ့နေသလို၊ ဘေးပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိတော့ဘဲ အမှောင်ပကတိ ကျသွားသလို ပုံစံဖြစ်နေတတ်ပါတယ်။၂။ ပျော်ရွှင်မှု၊ စိတ်အားထက်သန်မှု ပျောက်ဆုံးသွားတာ။စိတ်ကျရောဂါဆိုတာ ကိုယ့်ကို ဘယ်အရာမှ လုပ်ချင်စိတ် မရှိတော့တဲ့အထိ စိတ်ကို အောက်ဆုံးအခြေအနေရောက်အောင် ဆွဲချနိုင်တဲ့ ရောဂါပါ။ ကိုယ်ပုံမှန်လုပ်နေကျ ပျော်ရွှင်ဖွယ်ရာ ကိစ္စတွေ လုပ်နေရင်တောင် ဘယ်လိုမှ မပျော်၊ စိတ်လည်း မပါတော့တာ၊ သူငယ်ချင်းတွေနဲ့ လျှောက်သွား၊ မုန့်စားတာ၊လိင်စိတ်ဆန္ဒတွေပါ ပျောက်ဆုံးသွားတဲ့ လက္ခဏာဖြစ်ပါတယ်။၃။ ညဘက်မှာ ဘယ်လိုမှ အိပ်မပျော်နိုင်တော့တာ။စိတ်ကျရောဂါ ဖြစ်နေတဲ့သူတွေဟာ အမှောင်ထဲမှာ ဘာမှကို တွေးမနေဘဲ ငူငူငိုင်ငိုင်ကြီး ထိုင်ကြည့်နေတတ်ပါတယ်။ အမှောင်ကို ကြည့်နေရင်းနဲ့အိပ်ချင်စိတ်လည်း မဖြစ်မိ၊ အဆိုးဆုံးကတော့ အမှောင်ထဲမှာ ကိုယ့်အတိတ်မှာ ဖြစ်ဖူးတဲ့ ပျော်စရာ၊ ဝမ်းနည်းစရာ ကိစ္စတွေကို အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ တွေးနေရင်း အသိစိတ်လွတ်သွားတဲ့ အခြေအနေပါ။ညဘက်တွေမှာ အိပ်ဖို့ကို ဘယ်လိုမှ စိတ်မပါတော့ဘဲ မနက် နေလုံးဝထွက်လာပြီဆိုမှ အိပ်ပျော်တတ်တာကြောင့် တဖြည်းဖြည်းနဲ့ စိတ်ရော ခန္ဓာပါ ကျန်းမာရေးဆုတ်ယုတ်လာပါတယ်။၄။ စိုးရိမ်ပူပန်လွန်ကဲခြင်း။ညဘက်မှာ ကောင်းစွာ အိပ်မပျော်တော့တဲ့အခါ စိတ်အခြေအနေ၊ အတွေးအခေါ်တွေက ဘယ်လိုမှ ပုံမှန်မဖြစ်နိုင်တော့ပါဘူး။ တဖြည်းဖြည်းနဲ့ စိတ်တို၊ ဝမ်းနည်းလွယ်လာတာ၊ ကိုယ့်ကို တစ်ယောက်ယောက်က လာပြီး အန္တရာယ်ပြုတော့မယ်၊ လူတစ်ယောက်ယောက်က ကိုယ့်ကို သတ်ဖို့ ကြံစည်နေတယ်လို့ တွေးလာပါတယ်။ဒါ့ပြင် နှလုံးခုန်နှုန်းတွေ မြန်လာမယ်၊ အသက်ရှူသံတွေ ပြင်းလာမယ်၊ ချွေးစေးတွေ ပြန်လာပြီး ကိုယ်လက် ကတုန်ကယင်ဖြစ်လာမယ်၊ ကိုယ်စိုးရိမ်နေတဲ့ အရာကလွဲပြီး တခြားဘယ်အရာကိုမှ တွေးလို့မရတော့တဲ့အထိ အသိစိတ်တွေက ပျံ့လွင့်လာမှာပါ။၅။ စိတ်ဂဏာမငြိမ်တော့တာ။အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအတွေ့များတဲ့ စိတ်ရောဂါလက္ခဏာဖြစ်ပါတယ်။ ဒီအခြေအနေမှာ ရာဇဝတ်မှု ကျူးလွန်ဖို့ ကြံစည်တာ၊မူးယစ်ဆေးဝါးတွေ အလွန်အကျွံသုံးစွဲတာ၊ ကိုယ့်ရဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ ဒေါသ၊ ဝမ်းနည်းပူဆွေးမှုတွေကို ဘေးပတ်ဝန်းကျင်ကလူတွေဆီ လွှဲချတာ အစရှိတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။၆။ ကိုယ်အလေးချိန် ကျသွားတာ။စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်က ဘယ်လိုမှ အစာစားချင်စိတ်၊ ညဘက်မှာ အိပ်ချင်စိတ် ရှိမှာ မဟုတ်ပါဘူး။ ဒီတော့ ကြာလာရင် ကိုယ်အလေးချိန်က သိသိသာသာ ကျပြီး လူက ပိန်ချုံးသွားပါမယ်။ဘာမှ မလုပ်ချင်၊ မကိုင်ချင်နဲ့ အိပ်ရာထဲ လဲသွားမယ်၊ နောက်ဆုံးမှာ စိတ်ရော ခန္ဓာ ၂ခုလုံး ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။ တချို့လူတွေမှာတော့ ပြောင်းပြန်အနေနဲ့ အစားအလွန်အကျွံစားတာ၊ အချိန်အကြာကြီး အိပ်နေပြီး နိုးလာရင်တောင် အိပ်ရာပေါ်က မဆင်းတာတွေ ဖြစ်နိုင်ပါတယ်။၇။ စိတ်ခံစားချက်ကို ထိန်းချုပ်မရတာ။အခုပဲ စိတ်ဆိုးပြီး ဒေါသတွေ ထွက်နေတယ်၊ နောက်တစ်မိနစ်လောက်နေတော့ ချက်ချင်းကြီး ငိုချတယ်။ပြီးသွားရင်လည်း သူမဟုတ်သလိုပဲ ငြိမ်သွားပြီး အခန်းထဲမှာ ငူငူငိုင်ငိုင်ကြီး ထိုင်နေတယ် အစရှိသဖြင့် ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ဘယ်လိုမှ မထိန်းချုပ်နိုင်တာ၊ ထိန်းချုပ်ဖို့လည်း အသိစိတ် မရှိတော့တာမျိုးကို ဆိုလိုပါတယ်။၈။ သေကြောင်း ကြံစည်တာ။စိတ်ကျရောဂါခံစားနေရတာ ကြာလာတဲ့ ဝေဒနာရှင်တွေမှာ တဖြည်းဖြည်းနဲ့ ဘဝကြီးက အဓိပ္ပာယ်မဲ့ပြီး အသက်ရှင်ရတာ ပင်ပန်းလာတာ၊ ကိုယ်အသက်ရှင်နေရတဲ့ အကြောင်းရင်း၊ ဘဝရဲ့ အနှစ်သာရကို သေချာ စဉ်းစားတွေးတောလို့ မရတော့တာကြောင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့ ကြိုးစားလာကြပါတယ်။ဒီအချက် (၈) ချက်ဟာ စိတ်ကျရောဂါ ရှိနေပြီဆိုတာကို ပြနေတဲ့ ရောဂါလက္ခဏာတွေပဲ ဖြစ်ပါတယ်။ ကိုယ့်မှာဖြစ်စေ၊ ကိုယ့်အနီးပတ်ဝန်းကျင်၊ မိသားစုဝင်တွေမှာ စိတ်ကျရောဂါ ဖြစ်နေတယ်လို့ သံသယရှိရင် စိတ်ရောဂါ ကုထုံးပညာရှင်နဲ့ အမြန်ဆုံး ပြသပြီး ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဒီရောဂါကြောင့် ကိုယ့်ရဲ့ ဘဝကို ဆက်ပြီး အနှောင့်အယှက်မဖြစ်စေဖို့နဲ့ ကောင်းမွန်စွာ ရှင်သန်ရပ်တည်နိုင်ဖို့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်လာရင် မပေါ့ဆသင့်ဘူးနော်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/8-signs-you-have-depression/
အသားစားလို့ သန်ထတာလား
အသားစားလို့ သန်ထတာလား …….. အသားတွေမစားနဲ့ သန်ထမယ်။ သန်ထနေတယ် အသားစားလို့ ဖြစ်ပါ့မလားဆိုပြီး စိတ်ပူနေတဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီအယူအဆ မှန်လားဆိုတာကို သိရဖို့ ဒီဆောင်းပါးလေးကိုဖတ်ကြည့်လိုက်ပါ။သန်ကောင်တွေက လူသားတွေရဲ့အစာခြေစနစ်ထဲမှာနေပြီး စားလိုက်တဲ့ အစာအာဟာရတွေကိုခေါင်းပုံဖြတ်နေကြတာပါ။ ကိုယ်က စားရင်း သူကထွားရင်းပါ။ အရွယ်ရောက်ပြီးသူတွေမှာ သိပ်မသိသာပေမယ့် ဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့ ဘေဘီလေးတို့မှာတော့ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ အခန့်မသင့်ရင် အန္တရာယ်ရှိတဲ့အနေအထားတွေဖြစ်စေနိုင်ပါတယ်။ ဥအခြေအနေနဲ့ ကိုယ်တွင်းကိုဝင်ရောက်သွားပြီး ကိုယ်တွင်းထဲရောက်မှ အကောင်အဖြစ်ရှင်သန်ပေါက်ဖွားကြတာပါ။ခန္ဓာကိုယ်ထဲမှာ သန်ကောင်တွေ ရှိနေတဲ့အခါ။ဘေဘီလေးတွေမှာဆိုရင်တော့။တစ်ခါတလေဗိုက်ထဲမှာ သန်ကောင်တွေ ရှိနေတာကို နှစ်တော်တော်ကြာတဲ့အထိ သတိမထားမိတာမျိုး ဖြစ်နိုင်ပါတယ်။အသားစားလို့ သန်ထတာလား ဆိုတော့ အသားစားလို့ သန်ထတာ မဟုတ်ပါဘူး။ သေချာကျက်အောင်ချက်ပြုတ်ထားတဲ့ အသားတွေက သန်ကောင်ဖြစ်စေတာမျိုးမရှိဘဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းပမာဏကို ပြည့်ဝစွာပေးစွမ်းနိုင်ပါတယ်။ သန်ကောင်ကူးစက်ရတာက သေချာချက်မထားတဲ့ အသားတွေကို စားသုံးတာ၊ အသားစိမ်းငါးစိမ်းတွေကို စားတာ၊ သန့်ရှင်းမှုအားနည်းတဲ့ အသား၊ငါးတွေကို စားသုံးတာကြောင့်ဖြစ်ရတာပါ။သေချာမသန့်စင်ထားတဲ့ ပုစွန်ခြောက်၊ ငါးခြောက်၊ ငါးချဉ်တို့မျိုးအစားအစာတွေကြောင့်တော့ သန်ကောင်တွေကူးစက်ခံရနိုင်ပါတယ်။ ဒါ့ကြောင့် သေချာကျက်အောင်ချက်ထားတဲ့ အသား၊ ငါးတွေက အာဟာရဖြစ်စေဖို့ အားဖြည့်ပေးပြီး သန်ထတာမျိုး မဖြစ်စေနိုင်ပါဘူး။မြေကြီးတွေထဲမှာ သန်ကောင်ဥတွေရှိနေတတ်ပြီး စားရင်းကနေတဆင့် လက်တွေ၊ လက်သည်းတွေထဲမှာ ကပ်ပါလာရာကခန္ဓာကိုယ်ထဲကို ကူးစက်နိုင်ပါတယ်။သန်ကောင်တွေကို ခန္ဓာကိုယ်ထဲမရောက်အောင် ကာကွယ်ဖို့အတွက် ဒီနည်းလမ်းလေးတွေက အသုံးတည့်မှာပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/foodborne-infections/does-meat-eating-cause-worm-infestation/
ဒူးရင်းသီး တွင်ပါဝင်သော အာဟာရများ
ဒူးရင်းသီးစားရင် အခုလို အာဟာရဓာတ်လေးတွေရနိုင်ပါတယ်။100 gram (သုံးမွှာခန့်) တွင်။ပိုတက်ဆီယမ် (Potassium) ပါဝင်မှု များတဲ့ အတွက်ကျောက်ကပ်ရောဂါဝေဒနာရှင် များ သတိထားစားဖို့တော့လိုပါတယ်။Glycemic Index(သကြားပါဝင်မှု) မြင့်တဲ့ အတွက်ဆီးချိုရောဂါဝေဒနာရှင်များလည်း သတိထားစားဖို့လိုပါတယ်။ ဖြစ်နိုင်ရင် သက်ဆိုင်ရာ ဆရာဝန် နှင့် တိုင်ပင်ပြီးမှ စားပါ။ဝမ်းပုံမှန်သွားစေခြင်း– ဒူးရင်းသီးမှာအမျှင်ဓာတ်များတဲ့ အတွက် ဝမ်းပုံမှန်သွားစေပါတယ်။အရိုးသန်မာစေခြင်း– ကယ်လ်ဆီယမ်(ထုံးဓာတ်) နှင့် မဂ္ဂနီဆီယမ်ဓာတ်တို့ပါဝင်တဲ့အတွက် အရိုးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။သွေးအားနည်းရောဂါကာကွယ်ပေးခြင်း– သံဓာတ်နှင့် ဖောလစ်အက်ဆစ်ပါတဲ့အတွက် သွေးအားနည်းရောဂါကို ကာကွယ်ပေးပါတယ်။ကင်ဆာကာကွယ်ပေးခြင်း– အခြားသော ဗီတာမင်နှင့် သတ္တုဓာတ်တွေ ပါဝင်တဲ့အတွက် ကင်ဆာဓာတ်တိုးဆန့်ကျင်သတ္တိရှိပြီး ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။အိပ်မပျော်တဲ့ရောဂါ(insomnia) ကို သက်သာစေခြင်း– ဒူးရင်းသီးမှာ ပါတဲ့ Tryptophan က ခန္ဓာကိုယ်ထဲမှာ serotonin အဖြစ် ပြောင်းလဲသွားပြီး သွေးထဲသို့ melatonin ထွက်စေပြီး အိပ်ပျော်စေပါတယ်။တကယ်တော့ ဒူးရင်းသီးစားရင် သွေးမတိုးပါဘူး။ သူက ပိုတက်ဆီယမ် များတဲ့ အတွက်ကြောင့် သွေးပေါင်ချိန်တောင် ကျစေပါတယ်။ ဒါပေမယ့် သူ့ကို သွေးကျတယ် ဆိုပြီး အများကြီးမစားသင့်ပါ။ ဒူးရင်းသီး ၅၀၀ ဂရမ် ၁၅ မွှာခန့် စားမိပါက ပိုတက်ဆီယမ်ဓာတ်တွေ အရမ်းများသွားပြီး နှလုံးခုန်နှုန်းတွေ အရမ်း မြန်လာတတ်ပါတယ်။ ဒါကြောင့်နှလုံးရောဂါရှိတဲ့သူတွေ အနေနဲ့ကတော့ သုံး၊ လေးမွှာ ထက်ပို မစားသင့်ပါ။ ဒီအပြင် ဆီးချိုသမားတွေမှာလည်း သကြားဓာတ်ပါဝင်မှုများတဲ့ အတွက် မစားသင့်တဲ့အသီးထဲ မှာပါပါတယ်။ဒါကတော့ ဒူးရင်းသီးမှာ အဆီဓာတ် အရမ်းများလို့ပါ။ စားပြီးတာနဲ့ အဆီဓာတ်တွေခန္ဓာကိုယ်ထဲ ရောက်လာပြီး အိပ်ငိုက်စေပါတယ်။ကော်ဖီနဲ့ တွဲမစားသင့်ပါ။ ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းဓာတ်က ရင်တုန်စေသလို၊ ဒူးရင်းသီး မှာပါတဲ့ ပိုတက်ဆီယမ်ကလည်း ရင်တုန်စေတဲ့အတွက် တွဲဖက် မစားသုံးသင့်ပါ။ ထို့အတူကဖင်းဓာတ်ပါတဲ့ လက်ဖက်ရည်၊ ကိုလာတို့နဲ့လည်း တွဲသောက်ရင် ရင်တုန်စေနိုင်ပါတယ်။အရက်၊ဘီယာနဲ့ တွဲဖက် မစားသင့်ပါ။ ဒူးရင်းသီးမှာ ပါဝင်တဲ့ sulphur နဲ့ အရက်တို့ ဓာတ်ပြုကာ ဒုက္ခပေးနိုင်ပါတယ်။လေးစားစွာဖြင့်။ဒေါက်တာ ညီညီကျော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/durain-health-benefits/
ဆင်တုပ်ကွေးအတွက် အိမ်တွင်းကုထုံး
ကာကွယ်ဆေးမရှိတဲ့ဆင်တုပ်ကွေးကူးစက်ခံရပြီဆိုရင်ပဋိဇီဝဆေးတွေသောက်ပေမယ့်လည်း သိပ်တော့အဆင်ပြေလှတယ်မဟုတ်ပါဘူး။ ဒီတော့ ဆင်တုပ်ကွေးသက်သာစေဖို့ ဘာတွေလုပ်လို့ရမလဲဆိုတာကို သိချင်ရင် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ဆင်တုပ်ကွေးသက်သာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မယ့်အိမ်တွင်းကုထုံးလေးတွေကို ကြည့်လိုက်ရအောင်လား။ဆားရည်စိမ်ပါ။ဆားရည်စိမ်တာက ဆင်တုပ်ကွေးကြေင့်ဖြစ်တဲ့ အဆစ်တွေနာတာကို ထိထိရောက်ရေညက်သက်သာစေနိုင်သလိုအရေပြားပေါ်က အဖုအပိမ့်တွေကိုလည်း သက်သာစေနိုင်ပါတယ်။နာကျင်ရောင်ရမ်းမှုကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ခန္ဓါကိုယ်ကိုသွေးလည်ပတ်မှုကောင်းစေမှာအသေအချာပါ။နနွင်း။နာကျင်ကိုက်ခဲတာတွေကို အထိရောက်ဆုံးသက်သာစေနိုင်သလိုရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။ နနွင်းမှာဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်နေတာကြောင့်အဖျားသက်သာစေနိုင်သလို နာကျင်ရောင်ရမ်းမှုတွေကို သိသိသာသာသက်သာစေနိုင်မှာပါ။ချင်း (ဂျင်း)။ချင်းပြုတ်ရည်သောက်ပေးတာကလည်း အဖျားကျစေနိုင်ပြီး အဆစ်တွေရောင်ရမ်းနာကျင်တာကို သိသိသာသာသက်သာစေမှာပါ။အုန်းစိမ်းရည်။အုန်းစိမ်းရည်သောက်ပေးတာကအသည်းကို ကျန်းမာစေနိုင်ပါတယ်။ အဖျားမြန်မြန်သက်သာစေနိုင်ပြီး ဆင်တုပ်ကွေးကြောင့် ခံစားနေရတဲ့ နာကျင်ကိုက်ခဲမှုတွေကို အမြန်ဆုံး သက်သာစေနိုင်မှာပါ။ပင်စိမ်းရွက်။ပင်စိမ်းရွက်က ကိုယ်ပူကျစေနိုင်ပြီး ဓါတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေတာကြောင့် ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ပင်စိမ်းရွက်ကိုရေနွေးပူပူထဲခတ်သောက်တာဖြစ်ဖြစ်ရေစင်အော်ငဆေးပြီး ဝါးစားပေးတာဖြစ်ဖြစ်လုပ်ပေးလို့ရပါတယ်။နေကြာစေ့နဲ့ပျားရည်။နေကြာစေ့ကို ကြိတ်ခြေပြီး ပျားရည်နဲ့ရောစပ်လို့စားပေးပါ။နေကြာစေ့မှာ ဇင့်နဲ့ဗီတာမင် Eပါဝင်နေတာကြောင့်ကိုယ်ခံအားကိုကောင်းစေမှာပါ။ ပျားရည်ကတော့ နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေမှာပါ။ရေအေးဝတ်ကပ်ပေးပါ။အဆစ်တွေနာနေမယ်ဆိုရင် ဇလုံတစ်ခုထဲကိုရေနဲ့ရေခဲတုံးလေးတွေ ထည့်ပြီး အဝတ်စသန့်သန့်လေးကို စိမ်ပေးပါ။ပြီးရင်အဆစ်နာတဲ့နေရာတွေမှာ ကပ်ပေးပါ။ ဒီလိုလုပ်ပေးတာက အဆစ်နာတာကို ထိထိရောက်ရောက်သက်သာစေမှာပါ။ဒါတွေအပြင် ဆင်တုပ်ကွေးသက်သာစေဖို့အတွက်ဆိုရင်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/infections-from-insects/home-remedies-for-chikungunya/
null
null
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/acute-respiratory-distress-syndrome-ards-%e1%80%a1%e1%80%9e%e1%80%80%e1%80%b9%e1%80%a1%e1%82%8f-%e1%81%b1%e1%80%9b%e1%80%ac%e1%80%9a%e1%80%b9%e1%80%9b%e1%80%bd%e1%80%ad%e1%80%b1%e1%80%9e%e1%80%ac/
ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေမြင့်စေသော အရာများ
ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေမြင့်စေသော အကြောင်းအရာများစွာ ရှိပါတယ်။ သင့်ဆီမှာ ဖြစ်နိုင်ခြေရှိ၊ မရှိ သိရအောင် အောက်ပါအချက်တွေကို မှတ်သားဖတ်ရှုနိုင်ပါတယ်။ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေမြင့်စေသော အရာများ အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။သုတေသနပြုချက်များအရအမျိုးအစား (၁) ဆီးချိုရောဂါအကြောင်းကို တိကျစွာမသိရပေမယ့် ဖြစ်နိုင်ခြေမြင့်တက်စေတဲ့ အကြောင်းအရာတွေ ရှိပါတယ်။အချို့အကြောင်းအရာတွေဟာ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါတယ်။အမျိုးသမီးတိုင်းဟာ ကိုယ်ဝန်ဆောင်ချိန်မှာဆီးချိုဖြစ်တတ်ပေမယ့် အချို့အမျိုးသမီးများဟာ သူများတွေထက် ဖြစ်နိုင်ခြေ များပါတယ်။ အောက်ပါ အချက်တွေဟာ ဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/risk-factors-for-diabetes/
ဆောင်းအေးအေးမှာ နွေးထွေးကျန်းမာနေစေဖို့
မနက်ခင်းအိပ်ရာနိုးလာချိန်မှာ စကြားလိုက်ရတဲ့ ကျာကျာကျည်ကျည် ကျေးငှက်သံလေးတွေ၊အိပ်ရာထလို့ ပြတင်းပေါက်ဖွင့်လိုက်တဲ့အချိန်မှာ မျက်နှာနားကနေဖြတ်တိုက်သွားတဲ့ လေနုအေးလေးတွေကြောင့်ဆောင်းရာသီရဲ့ အငွေ့အသက်ကို စတင်ခံစားနေရပြီဟုတ်။ မိုးကုန်လို့ ဆောင်းကိုစရောက်လာတဲ့ အငွေ့အသက်လေးကို ပီပီပြင်ပြင်မခံစားရသေးပေမယ့် မကြာခင်အေးလာတော့မယ်ဆိုတာကိုတော့ခံစားရနေပါပြီ။ ဒီတော့ ဆောင်းအေးအေးမှာ နွေးထွေးကျန်းမာစေဖို့ ဘာတွေလိုက်နာရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား……..။ဆောင်းရာသီက အေးမြမှုနဲ့အတူ သဘာဝပတ်ဝန်းကျင်ကလည်း ကဗျာဆန်လာပြီလေ။ စာဖွဲ့လို့ကောင်းတဲ့ရာသီပေါ့။ ဆောင်းရာသီမှာ မကောင်းတာတစ်ခုကတော့ အအေးဒဏ်ကြောင့်နှာစေးနှာပိတ်တာ၊ ဖျားနာတာနဲ့အသားအရေခြောက်သွေ့တာတွေပါ။ ဒီတော့ ကဗျာဆန်တဲ့ဆောင်းရာသီမှာ သဘာဝပတ်ဝန်းကျင်ရဲ့ အလှတရားကို ကျန်းကျန်းမာမာနဲ့ ခံစားနိုင်စေဖို့ဆိုရင်အစာအာဟာရကို ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်တတ်ဖို့လိုပါမယ်။ကဲ…ပျော်စရာကောင်းတဲ့ဆောင်းရာသီလေးဖန်တီးကြည့်ရအောင်လား……။ပျော်စရာကောင်းတဲ့ ဆောင်းရာသီလေးဖြစ်စေဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲ တူတူဆက်ကြည့်လိုက်ရအောင်နော်။အေးမြတဲ့ ဆောင်းရာသီမှာ ခန္ဓါကိုယ်ကျန်းမာနေစေဖို့အတွက် ဒါလေးတွေက အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ဗီတာမင် Cကြွယ်ဝနေတဲ့ သစ်သီး။ဗီတာမင် C ကကိုယ်ခံအားကောင်းစေတယ်ဆိုတာ အထွေအထူးတောင် ပြောနေစရာမလိုပါဘူး။ ဒါကြောင့် ဆောင်းရာသီမှာ အအေးဒဏ်ကြောင့်ဖျားနာမှုကင်းစေဖို့ဆိုရင် ဗီတာမင် C ကြွယ်ဝတဲ့ ခရမ်းချဉ်သီး၊လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီးအပါအဝင် အချဉ်အရသာရှိတဲ့ အသီးတွေကို စားသုံးပေးလို့ရပါတယ်။ ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေကခန္ဓါကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်သလို အအေးမိ၊ဖျားနာတာကိုလည်း အကောင်းဆုံး တိုက်ထုတ်ပေးနိုင်မှာပါ။စွပ်ပြုတ် ပူပူလေး။ခန္ဓါကိုယ်ကို နွေးထွေးစေပြီး အာဟာရကို အကောင်းဆုံးဖြည့်ပေးနိုင်တဲ့ အစားအစာတစ်ရပ်ပေါ့။ အသားစွပ်ပြုတ်ရယ်လို့ မဟုတ်ပါဘူး။ အသီးအရွက်စွပ်ပြုတ်တေါကလည်း ခန္ဓါကိုယ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ရွှေဖရုံသီး၊ ချင်း (ဂျင်း) ၊ကြက်သွန်ဖြူတို့ကို အချိုးကျရောစပ်ထားတဲ့ စွပ်ပြုတ်ကလည်း ခန္ဓါကိုယ်ကို အားပြည့်စေနိုင်မှာပါ။ အသားစွပ်ပြုတ် ပူပူနွေးနွေးလေးကလည်း ဆောင်းရာသီမှာ အရသာပြည့်ဝတဲ့ စားစရာတစ်ရပ်ပေါ့။ကန်စွန်းဥ။ဗီတာမင် A၊ ဗီတာမင် C၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊သံဓါတ်ကြွယ်ဝစွာပါဝင်နေတဲ့ အသီးအနှံတစ်မျိုးပါ။ကင်ဆာကိုတိုက်ဖျက်ပေးနိုင်ပြီး ခန္ဓါကိုယ်ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။မနက်စာအနေနဲ့ စားလို့ရသလို နေ့ခင်းနေ့လယ် အဆာပြေအနေနဲ့လည်း စားလို့ရပါတယ်။ချင်း (ဂျင်း) လက်ဖက်ရည်။ချင်း (ဂျင်း) မှာခန္ဓါကိုယ်ကို နွေးထွေးစေတဲ့ အာနိသင်ပါဝင်နေပါတယ်။သွေးလည်ပတ်မှုကိုကောင်းစေပြီး ခန္ဓါကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်။ အစာခြေစနစ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် အေးမြတဲ့ ဆောင်းရာသီမှာ နွေးထွေးမှုလေးရပြီး ကျန်းမာစေဖို့ ချင်း (ဂျင်း) လက်ဖက်ရည်သောက်ပေးလို့ရပါတယ်။မုန်လာဥနီ။ဗီတာမင် A နဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေပြီး အသားအရေကို ပါထိန်းသိမ်းပေးနိုင်မှာပါ။ ဒါကြော်င့ ဆောင်းအေးအေးလေးမှာ မုန်လာဥနီဖျော်ရည်လေးသောက်ဖို့ မမေ့ပါနဲ့။မနက်စာ အနေနဲ့ရော နေ့လယ်အဆာပြေအနေနဲ့ပါစားလို့ရပါတယ်။ အမျှင်ဓါတ်ကြွယ်ဝသလို ဇင့်ဓါတ်လည်းကြွယ်ဝစွာပါဝင်နေပါတယ်။ ဆောင်းရာသီမှာ ကျန်းမာစေနိုင်သလို ဝိတ်ချချင်သူတွေအတွက်လည်း အကောင်းဆုံးပံ့ပိုးပေးနိုင်မှာပါ။ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ။ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတဲ့ အသီးအနှံတစ်ခုပါ။ ထမင်းပူပူလေးနဲ့ ကြက်ဥ၊ဘဲဥတို့နဲ့ရောပြီးကြော်ထားတဲ့ ပန်းဂေါ်ဖီကြော်လေးကအရသာရှိသလို ဆောင်းတွင်းမှာ ခန္ဓါကိုယ်ကို ကျန်းမာနေစေဖို့ကိုယ်ခံအားကို အကောင်းဆုံးမြှင့်တင်ပေးနိုင်မှာပါ။ဆောင်းအေးအေးမှာ ကိုယ်တိုင်ရော မိသားစုဝင်တွေပါ ကျန်းမာစေဖို့အခုပြောခဲ့တဲ့ အစားအစာလေးတွေကို ပြင်ဆင်စားသောက်လိုက်ပါလို့ အကြံပြုပါရစေနော်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/how-to-stay-fit-in-winter/
မေမေတစ်ယောက် ဖြစ်ရတာ အခက်အခဲ များစွာနဲ့ပါ .. ဒါပေမဲ့ သင်ကျော်လွှားနိုင်တာ ယုံကြည်ပါ
မေမေဆိုတဲ့ စကားလုံးလေး နှစ်လုံးက တော်တော်လေး အဓိပ္ပာယ် လေးနက်ပါတယ်။ မေမေဆိုတဲ့ တာဝန်က ကမ္ဘာပေါ်မှာရှိသမျှ အလုပ်တွေထဲမှာ အခက်ခဲဆုံးပါ။ မေမေ ဆိုတဲ့ အလုပ်က လစာ ဝင်ငွေ မရသလို သင်ယူလေ့လာစရာ သင်တန်း မရှိဘဲ ကိုယ်တိုင် ရုန်းကန်ရတဲ့ အလုပ်တစ်ရပ်ပါ။ကလေးကို မွေးဖွားပြီးချိန်ကစလို့ ကြီးပြင်း အရွယ်ရောက်သည်အထိ စက္ကန့် မလပ်တစ်ချိန်လုံး အပတ်တကုပ် ကြိုးစားလုပ်ကိုင်ရတဲ့ အလုပ်အကိုင် တစ်ခုပေါ့။သေးခံလဲတာကစလို့ ကလေးကို ချော့တာ၊နို့ချိုတိုက်ကျွေးတာနဲ့ အာဟာရ စီစဉ်ပြင်ဆင်တာအထိ မကုန်နိုင်သော အလုပ်တွေကို လုပ်ရတာပါ။ အဖိုးအခဆိုတာ တစ်ပြားတစ်ချပ်မှ မရဘဲ ပျော်ရွှင်မှုကိုပဲ ပီတိဖြစ်ရင်း အကောင်းဆုံး ကြီးပြင်းလာအောင် ပျိုးထောင်ရတာပါ။စိတ်ဖိစီးမှုဒဏ်ကိုလည်း အခြားအလုပ်တွေထက် ပိုပြီး ခံစားရတတ်ပါတယ်။ ဒီလို ဝန်တာတွေ များပြားလှတဲ့ လုပ်ငန်းဆောင်တာ တစ်ရပ်ကို မေမေ လို့ ခေါ်တာပါ။ ဒါ​ကြောင့်လည်း မေမေဖြစ်ရတာ ခက်ခဲပင်ပန်းတယ်လို့ ဆိုကြတာပေါ့။မေမေ တစ်ယောက်ဖြစ်လာရင် တစ်ဘဝတာမှာ ကြုံခဲ့သမျှ အရာတွေထက် ခက်ခဲပင်ပန်းတဲ့ အရာတွေကို ကြုံရနိုင်ပါတယ်။အိပ်ရေးပျက်တာကစလို့ ကိုးလလွယ် ဆယ်လဖွားထားတဲ့ ကလေးကို အကောင်းဆုံး ကြီးပြင်းလာစေဖို့ပေါ့။ကိုယ်၊နှုတ်အမူအရာယဉ်ကျေးစေဖို့၊  ဉာဏ်ရည်ထက်မြက်ပြီး ပျော်ရွှင်ကျန်းမာတဲ့ ကလေးတစ်ယောက်ဖြစ်စေဖို့၊ ပုံမှန်ကြီးထွား ဖွံ့​ဖြိုးစေဖို့ စတဲ့ အမျိုးမျိုးသော အကြောင်းအရာတွေကို အသေးစိတ် ဂရုစိုက်မှုကို အချိန်မလပ် လုပ်ဆောင်ကြရမှာပါ။မေမေတစ်ယောက် ဖြစ်လာတဲ့အခါ ကိုယ်တိုင် အတွက်ရော ကလေးအတွက်ပါ ဆုံးဖြတ်ချက် များစွာ ချမှတ်ရပါတယ်။ ဒီလို ချမှတ်တိုင်းမှာ ငါ ဆုံးဖြတ်တာ မှန်ပါ့မလား။ အဆင်ပြေပါ့မလား။ ကလေးကိုများ ထိခိုက်စေမလားလို့ အကြိမ်များစွာ တွေးပူနိုင်ပါတယ်။ ကလေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရတာက မေမေတစ်ယောက်ရဲ့ ဘဝမှာ အခက်အခဲဆုံးတွေထဲက တစ်ခုပါ။ဒီတော့ သတိပေးချင်တာက ကလေးအတွက် အကောင်းဆုံး ဖြစ်မယ်လို့ ထင်တဲ့အရာကို ဆုံးဖြတ်မှုတိုင်းဟာ မှားတယ်လို့ မဆိုနိုင်ပါဘူး။ အစောပိုင်းမှာ ပြည့်စုံမှု အားနည်းနိုင်ပေမယ့် နောက်ပိုင်းမှာ အကောင်းဆုံး တွေဖြစ်လာပါလိမ့်မယ်။ အတွေ့အကြုံက ပြည့်ဝအောင် သင်ပေးသွားပါလိမ့်မယ်။ မစိုးရိမ်ပါနဲ့ မေမေတို့ရေ။ဒါကလည်း မေမေတိုင်း စိုးရိမ်တဲ့ ကိစ္စပါ။ ကလေးက ခံစားနေရတာကို သေသေချာချာ မဖော်ပြတတ်၊ မပြောပြတတ်သေးတဲ့ အရွယ်မှာ တစ်ခုခုဆို ကလေးနေကောင်းရဲ့လား။ တစ်နေရာရာကများ နာနေလား၊ ဗိုက်ထဲကများ အောင့်နေမလား ဆိုပြီး စိုးရိမ်မိတာ တစ်နေ့ကို တစ်ကြိမ်ထက် မနည်းဖြစ်နေမယ် ထင်ပါတယ်။ ကလေးက အိပ်လွန်းနေရင်လည်း နေမကောင်းလို့လား ဆိုပြီး စိုးရိမ်မိသေးတယ်ဟုတ်။ နဖူးလေးကို ပါးလေးကပ်ရင်း ကိုယ်များနွေးနေလားဆိုပြီး စမ်းရတာလည်း အကြိမ်ကြိမ်ပဲနော်။ကလေးတစ်ယောက် အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးဖို့က မွေးစကနေ ၅ နှစ်တာအတွင်းမှာ အာဟာရ ပြည့်ဝအောင် ကျွေးမွေးဖို့ လိုပါမယ်။ ဒီတော့ အာဟာရလည်း ပြည့်ချင်တယ် ဘာကျွေးရမလဲ မသိ။ တစ်ခုခုကျွေးမယ် စိတ်ကူးတိုင်း အာဟာရ ပြည့်စေပါ့မလားလို့ စိတ်ပူနေမိတယ်ဆိုရင်တော့ ကလေးကို နေ့စဉ်။ကလေးကို နေ့စဉ် အာဟာရတွေမှာ ဒါတွေ ပါအောင် ပြင်ဆင်ပေးတာက ကလေးကို လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစေပြီး ကျန်းမာစေမှာပါ။ကိုယ့်ရဲ့ ကလေးကို ဉာဏ်ရည်ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေချင်တာက မေမေတိုင်းရဲ့ စိတ်ကူးအိပ်မက်ပါ။ ဒီစိတ်ကူးကို အကောင်အထည် ဖော်ဖို့ဆိုရင် ကလေးကို ငယ်စဉ်ကတည်းက ဦးနှောက်နဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အကောင်းဆုံး အားဖြည့်ပေးနိုင်တဲ့ အာဟာရဓာတ်ဖြစ်တဲ့ DHA ကြွယ်ဝတဲ့ ဆယ်လ်မွန်ငါး၊ တူနာငါး၊ မက်ကာရယ်၊ ပုစွန်၊ ကမာ စတဲ့ ပင်လယ်စာတွေ၊DHAပါဝင်တဲ့ အာဟာရဖြည့်နို့မှုန့်တို့ကို ပြင်ဆင် ကျွေးမွေးပေးပါ။ ငယ်စဉ်မှာ DHA ပြည့်ဝမှုက ကလေးကို ဦးနှောက်နဲ့အမြင်အာရုံကောင်းစွာ ဖွံ့​ဖြိုးစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ကလေးကို လူမှုပေါင်းသင်း ဆက်ဆံရေး ကောင်းမွန်သူတစ်ဦးအဖြစ် ကြီးပြင်းလာစေဖို့လည်း အခုခေတ်မှာ အတော်လေး အရေးကြီးပါတယ်။ လက်ရှိမှာ အောင်မြင်နေသူ တော်တော်များများကIQလို့ခေါ်တဲ့ ဉာဏ်ရည်ဉာဏ်သွေးတင် မဟုတ်ဘဲ၊ EQ လို့ ခေါ်တဲ့ ပေါင်းသင်းဆက်ဆံမှု စွမ်းရည်လည်း ကောင်းမွန်ကြပါတယ်။ ဒီအရည်အသွေး ပြည့်ဝစေဖို့ကလည်း လက်ဦးဆရာဖြစ်တဲ့ မေမေ ဖေဖေတွေမှာ တာဝန် အရှိဆုံးပါ။ဒါကြောင့် ကလေးကို EQ ကောင်းစေဖို့ဆိုရင် ငယ်ငယ်ကတည်းက စာဖတ်ပြတာ၊ သူတို့ရဲ့ ခံစားချက်ကို နားထောင်ပေးတာ၊ အချိန်ပေးပြီး စကားပြောတာ၊ ပြဿနာကို ဖြေရှင်းနိုင်အောင် သင်ပေးတာမျိုး လုပ်ပေးပါ။ကလေးကို ပေါင်းသင်းဆက်ဆံရေး ကောင်းအောင် သင်ပေးတာက တိုးတက်စေဖို့ အကောင်းဆုံး အားဖြည့်ပေးရာ ရောက်သလို ကိုယ်နှုတ်အမူအရာ ယဉ်ကျေးစေဖို့ပါ ဖြစ်စေမှာပါ။ဒါကတော့ ဗိုက်ထဲမှာ လွယ်ထားရကတည်း မေမေတိုင်း တောင့်တမိတဲ့ ဆန္ဒတစ်ခုပေါ့။ ကလေးကိုပျော်ရွှင်ကျန်းမာစွာကြီးပြင်းလာစေဖို့ဆိုရင် အာဟာရ ပြည့်ဝအောင် ကျွေးမွေးပါ။စာဖတ်ပြတာ၊ ကလေးနဲ့ အတူ အချိန်ပေးပြီး စကားပြောတာမျိုး လုပ်ပါ။ဒါတွေအပြင် ကလေးနဲ့အတူ သီချင်းဖွင့်ပြီး ကပေးတာ၊ကာတွန်းကားတူတူကြည့်တာ၊ယောဂအတူတူလုပ်တာ၊ လေ့ကျင့်ခန်း အတူတူလုပ်တာတွေ လုပ်ပေးပါ။ ကလေးနဲ့ အတူတူ ဈေးဝယ်ထွက်တာ၊ ထမင်းပွဲ အတူပြင်တာကလည်း ကလေးနဲ့ မေမေတို့ကြားမှာ ချစ်ခင်ရင်းနှီးမှု တိုးစေသလို ကလေးကို အကောင်းဆုံး ကြီးပြင်းလာစေမှာပါ။ကလေးကိုကျန်းမာပျော်ရွှင်စွာကြီးပြင်းလာစေဖို့လုံးဝမေ့ထားလို့မရတဲ့အရေးအကြီးဆုံးအရာတစ်ခုကတော့ကလေးကိုချစ်ပေးဖို့ပါပဲ။ဒါတွေအပြင် အခြားသော ခက်ခဲတဲ့ အရာတွေကိုလည်း မေမေတစ်ယောက် အနေနဲ့ကြုံတွေ့နိုင်ရပါသေးတယ်။ မေတ္တာအပြည့်နဲ့ သားသမီးတွေ ကောင်းကျိုးအတွက် အကောင်းဆုံးလုပ်ဆောင်ပေးနေတဲ့ မေမေတို့အနေနဲ့ အခက်ခဲဆုံးသော အရာတွေကို အကောင်းဆုံး ကျော်ဖြတ်နိုင်မယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် အခက်ခဲဆုံးအရာတွေကို အတူတူ ကျော်ဖြတ်ကြစို့လား မေမေတို့ရေ……………….။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/hardest-challenges-about-being-a-mom/
သားသားမီးမီးတို့အတွက် မှန်ကန်ပြည့်ဝတဲ့ အာဟာရ
ကလေးကို အစား ကောင်းကောင်း စားစေဖို့နဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်တတ်တဲ့အလေ့အထဖြစ်စေဖို့  မွေးမြူပေးရတာက ကလေးကို ပျိုးထောင်ပေးနေတဲ့ မိဘတိုင်းအတွက် အရေးကြီးတဲ့ တာဝန် တစ်ရပ်ဖြစ်ပါတယ်။လှုပ်ရှားသွားလာနိုင်နေပြီဖြစ်တဲ့ ၂ နှစ်ကျော် အရွယ် ကလေးတစ်ယောက်အဖို့အာဟာရပြည့်ဝမှုက တော်တော်လေး အရေးပါလှပါတယ်။ ဒီလိုပြောရတာက အာဟာရပြည့်ဝမှ ကလေးကရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးမှာ မို့လို့ပါ။အာဟာရပြည့်ဝမှုက ကလေးကိုဖျားနာမှုကင်းစေဖို့လည်း အထောက်အကူပြု ပေးနိုင်ပါသေးတယ်။ ကလေးက သံဓာတ်၊ဗီတာမင် Cစတာတွေ ချို့တဲ့မယ်ဆိုရင် ဦးနှောက် နဲ့ခန္ဓာကိုယ်ရဲ့ ဖွံ့ဖြိုးမှုပါ ထိခိုက်နိုင်ပါတယ်။ အရွယ်ရောက်တဲ့အခါ အကောင်းဆုံး ဖွံ့ထွားပြီး ကျန်းမာတဲ့ ကလေးတစ်ယောက် ဖြစ်စေဖို့ဆိုရင် ငယ်စဉ် ကာလကတည်း အာဟာရပြည့်ဝဖို့ မဖြစ်မနေ လိုအပ်ပါလိမ့်မယ်။အာဟာရ ပြည့်ဝမှုက အသက်အရွယ်တိုင်းအတွက် အရေးကြီးပါတယ်။ ကလေးကို ငယ်စဉ်ကတည်းက အာဟာရ ပြည့်ဝပြီး ကျန်းမာအောင် စားသောက်တတ်တဲ့ အလေ့အထ မွေးမြူပေးလိုက်တာက ဘဝတစ်သက်တာလုံး ကျန်းမာနေစေဖို့ အားဖြည့်ပေးလိုက်တာပါပဲ။အခုခေတ်မှာ ကလေးတွေ နဲ့မိသားစုဝင်တွေဟာ အလုပ်များနေတတ်ကြပါတယ်။ ဒီလို များပြားလှတဲ့ လုပ်ငန်းဆောင်တာတွေက ကလေးအတွက် အာဟာရပြည့်ဝတဲ့ အိမ်ချက် အစားအစာတွေ အပြည့်အဝရရှိနိုင်ဖို့ အဟန့်အတားဖြစ်စေပါတယ်။ဒီတော့ ကလေး အများစုက အသင့်စား အလွယ်စား အစားအသောက်တွေကို စားသုံးရင်း ကြီးပြင်းလာရတော့တာပေါ့။ ဒါက ပြဿနာ မရှိလောက်ဘူးလို့ ယူဆရပေမယ့်ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေသလို အရွယ်ရလာတာနဲ့အမျှ ရောဂါတွေခံစားရနိုင်ခြေကို တိုးလာစေပါတယ်။သားသားမီးမီးတို့ကို ရောဂါကင်းပြီး ကျန်းမာဖွံ့ထွားစေဖို့ဆိုရင်။ကလေးကို တစ်နေ့တာမှာ ၃ နပ် ကျွေးမယ်..အဆာပြေအစားအသောက် ၂ ကြိမ် ကို ၃နပ်အကြားမှာထည့်ကျွေးမယ်… ဒီ အာဟာရဓာတ်တွေလည်း  ပြည့်စုံအောင်ပြင်ဆင်ပေးမယ် ဆိုရင် ကလေးက အာဟာရပြည့်ဝပြီး ကျန်းမာမှာ အသေအချာပါ။ သတိထားရမယ့် နောက်တစ်ချက်က ကလေးကို အသင့်စား အစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေ အချိုကဲ၊ အငန်ကဲတာတွေ မကျွေးဖို့ပါ။ကလးကို အာဟာရ ပြည့်ဝအောင် နေ့စဉ်ကျွေးမွေးပြင်ဆင်ပေးခြင်းကြောင့်။ကလေးကို အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးတာက ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ကလေးကို။ကိုယ်ဝန်ဆောင်ချိန်မှာကတည်းက မေမေက လုံလောက်ပြည့်ဝတဲ့ အာဟာရတွေကို စားပေးရပါမယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် ကလေးကသိမြင်မှုစွမ်းရည်ဖွံ့ဖြိုးမှု ထိခိုက်စေနိုင်ပါတယ်။ ကလေးက သူတို့ရဲ့ ပထမ ၅ နှစ်တာ ကာလမှာ အာဟာရ ပြည့်ဝမှ ဦးနှောက်က အကောင်းဆုံး ဖွံ့ဖြိုးမှာပါ။ ဒီကာလမှာ သံဓာတ် ချို့တဲ့တာမျိုး ဖြစ်မယ်ဆိုရင် သင်ယူနိုင်မှု ခက်ခဲတာ၊အပြုအမူပိုင်းဆိုင်ရာပြဿနာရှိတာ၊ အာရုံစူးစိုက်နိုင်စွမ်း နည်းတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာတွေမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒီအာဟာရတွေက ကိုယ်ခံအားကို အကောင်းဆုံး ဖြစ်စေဖို့ အားဖြည့်ပေးပါတယ်။ အအေးမိ၊ တုပ်ကွေး နဲ့ အခြား ကျန်းမာရေး ပြဿနာ အမျိုးမျိုးကနေ ကာကွယ်ပေးပါတယ်။ငယ်စဉ်မှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြင်ဆင်ကျွေးမွေးတာက  ကလေးကို အဝလွန်တာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် နာတာရှည် ရောဂါတွေ ဖြစ်ကြတဲ့ ကင်ဆာ၊ နှလုံးရောဂါ၊ ဆီးချို၊ အဆစ်ရောင်နာ စတာတွေ မဖြစ်လာစေဖို့လည်း ကာကွယ်ပေးပါတယ် လို့ U.S. Centers for Disease Control and Prevention ကဖော်ပြထားပါတယ်။သားသားမီးမီးတို့ကို လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝအောင် ပြင်ဆင်ကျွေးမွေးပြီး တစ်သက်လုံး ကျန်းမာပျော်ရွှင်အောင် စားသောက်တတ်တဲ့ အလေ့အထကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေးလိုက်ပါမေမေဖေဖေတို့ရေ  …။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/importance-of-right-nutrition-for-toddlers/
စိတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး သိထားသင့်သော အကြောင်းရာများ
ကမ္ဘာပေါ်ရှိလူဦးရေ သန်းပေါင်း ၄၅၀ ခန့်က စိတ်မူမမှန်မှုများကို ခံစားနေကြရပြီး ဒါက လူ ၄ ယောက်မှာ ၁ ယောက်နှုန်းဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ အဆိုအရ စိတ်မူမမှန်မှုဖြစ်စဉ်များ ခံစားနေရသူတွေရဲ့ ၃ ပုံ ၂ ပုံက ဆေးကုသမှု မခံယူဘဲနေကြပါသည်။ ဒီတစ်ခေါက်တော့ စိတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး သိထားသင့်သော အကြောင်းရာများ ကို ဖော်ပြပေးလိုက်ပါတယ်။စိတ်ကျန်းမာရေးမကောင်းမွန်ရင် မိမိဘဝမှာ မကောင်းတဲ့ သက်ရောက်မှုများဖြစ်လာနိုင်ပြီး နေရထိုင်ရ ခက်ခဲလာနိုင်ပါတယ်။ ဒါကြောင့် စိတ်ရောဂါများ၊ မူမမှန်မှုများ ခံစားနေရရင် ဆေးကုသမှုများ ခံယူသင့်ပါတယ်။စိတ်ကျန်းမာရေးတွင် ခံစားမှုပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံမှုပိုင်းဆိုင်ရာ စသည့် အချက်များပါဝင်သည်။ ကိုယ်ကျန်းမာနေဖို့ လိုသလို စိတ်ကျန်းမာနေဖို့လည်း အရေးကြီးသည်။ စိတ်ရောဂါဟူသည် ဦးနှောက်တွင် ဓါတုသက်ရောက်မှုမမှန်ကန်ခြင်းကြောင့် စိတ်မူမမှန်ဖြစ်ရခြင်းဖြစ်သည်။ထိုအခါ သင်တွေးတောပြုမူပုံ၊ လူများနှင့်ပက်သက်သည့် ခံယူချက်နှင့် ဘဝတွင် ဖြစ်ပျက်နေသော အရာများတွင် သက်ရောက်မှု အနည်းနှင့် အများရှိနိုင်ပါသည်။ စိတ်ရောဂါသည် ကြာရှည်လာသောအခါ ဆရာဝန်နှင့် ပြပြီး ကုသမှုခံယူရန်လိုအပ်ပါသည်။အဖြစ်များသော စိတ်ရောဂါများမှာ စိတ်ဓါတ်ကျခြင်း ၊ စိတ်ကျစိတ်ကြွဖြစ်ခြင်း၊ စိတ်ဒဏ်ရာရခြင်း၊ စိတ်စွဲကြီးခြင်း တို့ဖြစ်ပါသည်။ အချို့သောစိတ်ရောဂါများသည် သားဦးကလေးမွေပြီးကာစမိခင်များတွင်ဖြစ်လေ့ရှိပါသည်။အိမ်တွင်း အကြမ်းဖက်မှုများ၊ ကလေးအကြမ်းဖက်မှုများနှင့် ကာလကြာရှည်စွာ စိတ်ဖိစီးစရာများရှိခြင်း စသည့် ဘဝတွင်ကြုံတွေ့ရသည်အဖြစ်ပျက်များကြောင့် စိတ်ရောဂါဖြစ်ရသည်များရှိပြီး သင့်ကိုယ်ရည်ကိုယ်သွေးနှင့် အမူအကျင့်များကို ထိခိုက်နိုင်ပါသည်။စိတ်ရောဂါသည် စိတ်ဖိစီးမှုများကို ကိုင်တွယ်ဖြေရှင်းပုံနှင့် ရွေးချယ်မှုများအပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနိုင်ပါသည်။ အဆိုးဆုံး မိမိကိုယ်ကို အန္တရာယ်ပြုခြင်း နှင့် ရုတ်ရင်းကြမ်းတမ်းသော အတွေးများဝင်လာနိုင်ပါသည်။ ထို့ကြောင့် စိတ်ကျန်းမာရေးဟူသည် ကလေးဘဝမှ အရွယ်ရောက်သည်အထိအရေးပါပါသည်။စိတ်ရောဂါဖြစ်စေရသော အကြောင်းများစွာ အနက် အဖြစ်များသောအကြာင်းများမှာ။· ကာလကြာရှည်စွာ စိတ်ဖိစီးစရာများရှိခြင်း။· တိုက်ပွဲများ၊ ပြင်းထန်သော မတော်တဆမှုများ၊ အကြမ်းဖက်မှုများကြောင့် ဒဏ်ရာများရခြင်း။· အိမ်တွင်းအကြမ်းဖက်မှုများနှင့် အရွယ်ရောက်ပြီးသူများကို အကြမ်းဖက်ခြင်းများ။· ကလေးသူငယ်အကြမ်းဖက်မှု၊ ထိခိုက်စေမှုများနှင့် လျစ်လျှူရှုမှုများ။· မျိုးရိုးလိုက်ခြင်း။· ဦးနှောက်ထဲတွင် မူမှန်ဖြစ်ခြင်း။· ခေါင်းထိခိုက်မိခြင်း။· သီးခြားနေခြင်း၊ အထီးကျန်ခြင်း။· အလုပ်အကိုင်မရှိခြင်း၊ အလုပ်ပြုတ်သွားခြင်း။· ခွဲခြားဆက်ဆံမှုများ ခံရခြင်း။· မိမိနှင့် ရင်းနှီးသူတဦးသေဆုံးသွားခြင်း။· အိမ်ခြေရာခြေမရှိခြင်း၊ အနေဆင်းရဲခြင်း။· မိသားစုဝင်များ၊ မိတ်ဆွေများကို ထောက်ပံ့နေရခြင်း တို့ဖြစ်သည်။စိတ်ရောဂါဖြစ်ခြင်းသည် အထက်ပါအကြောင်းအရာများ ပေါင်းစပ်သွားသောကြောင့် ဖြစ်လာရသည်။ ကောင်းမွန်သော ဂရုစိုက်မှုနှင့် ကုသမှုများခံယူပါက လျှင်မြန်စွာပြန်ကောင်းနိုင်သော်လည်း မကုဘဲထားပါက ရေရှည်အတွက်မကောင်းပါ။စိတ်ရောဂါသည် မည်သည့်အသက်အရွယ်တွင်မဆို ခံစားရနိုင်ပါသည်။စိတ်ကျန်းမာရေးအတွက်ထိခိုက်စေနိုင်သည့် အကြောင်းရင်းများစွာရှိပါသည်။· စိတ်ဖိအားများစေသော အလုပ်များလုပ်ကိုင်နေရသည့် ဆရာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ။· အမျိုးသမီးများသည် စိတ်ကျရောဂါဖြစ်ခြင်း၊ စိုးရိမ်သောကများခြင်း တို့ဖြစ်နိုင်ခြေများပြီး အမျိုးသားများသည် တရားမဝင်မူးယစ်ဆေးများသုံးစွဲခြင်း၊ လူမှုဆက်ဆံရေးအားနည်းခြင်းတို့ဖြစ်နိုင်ချေများပါသည်။· ဦးနှောက်တွင်မွေးရာပါ ချွတ်ယွင်းချက်များရှိနေခြင်း။· မိသားစုဝင်များထဲတွင် စိတ်ရောဂါရှိခြင်း။· နာတာရှည်ရောဂါများ ခံစားနေရခြင်း။· ကလေးဘဝနှင့် လူနေမှုပုံစံများ မူမမှန်ခြင်း။· ကျောင်းနှင့် အလုပ်ခွင်တို့တွင် အဆင်မပြေသူများ။· အရက်သေစာ အလွန်အကျွံသောက်စားသူများ။· ယခင်ကစိတ်ရောဂါခံစားနေရသူများ။စိတ်ရောဂါခံစားရခြင်းသည် သင့်ကို ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ ပိုဖြစ်စေလိမ့်မည်။ စိတ်အခြေအနေပြောင်းလဲခြင်း၊ ကိုယ်ရည်ကိုယ်သွေးများ နှင့် အမူအကျင့်များပြောင်းလဲခြင်း နှင့် လူမှုဆက်ဆံရေးကျဲပါးလာခြင်း စသည့် ရောဂါလက္ခဏာများခံစားလာရပါက သူတို့၏ အလုပ်နှင့် ဘဝကို ထိခိုက်လာနိုင်ပါသည်။အဖြစ်များသော ရောဂါလက္ခဏာများမှာ။· ဝမ်းနည်းခြင်း၊စိတ်ဓါတ်ကျခြင်း။· ထုံပေခြင်း၊ မည်သည့်အရာကိုမျှ အလေးမထားတော့ခြင်း။· မောပန်းနေခြင်း၊ အားအင်မရှိခြင်း၊ အိပ်လွန်းခြင်း၊ အိပ်စက်ရန်ခဲယဉ်းခြင်း။· ဒေါသထွက်လွယ်ခြင်း၊ စိတ်ဓါတ်ကြမ်းတမ်းလာခြင်း။· ခိုကိုးရာမဲ့ဖြစ်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း။· စိတ်ရှုပ်ထွေးခြင်း၊ မေ့လွယ်ခြင်း၊ ဒေါသဖြစ်ခြင်း၊ အစွန်းရောက်ခြင်း၊စိုးရိမ်စိတ်များခြင်း၊ကြောက်ရွံ့ခြင်း။· အချို့သောအကြောင်းရာများကို ခေါင်းထဲမှထုတ်မရခြင်း။· ထင်ယောင်ထင်မှားဖြစ်ကာ အသံများကြားခြင်း၊ ရုပ်များမြင်နေခြင်း။· အာရုံမစူးစိုက်နိုင်ခြင်း၊ အာရုံများရှုပ်ထွေးခြင်း။· အစိုးရိမ်လွန်ခြင်း၊ ကြောက်လွန်းခြင်း၊ မိမိကိုယ်ကို အပြစ်တင်ခြင်း။· စိတ်အတက် အကျမြန်ခြင်း။· အပေါင်းအသင်းများ၊ အဖွဲ့ အစည်းများ မှသွေဖယ်လာခြင်း။· နေ့စဉ်ကြုံတွေကနေရသည့်ပြသနာများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိခြင်း။· မိမိကြုံတွေကနေရသော အခြေအနေများနှင့် လူများကို နားလည်မှုမရှိခြင်း။· မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်း။သင်သည် သင့်ကိုယ်သင်ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများနှင့် ဆက်ဆံရေးပြောင်းလဲမှုများကို သတိထားမိလာနိုင်သည်။ အောက်ပါတို့ကို ခံစားလာရပါက စိုးရိမ်ဖွယ်ရှိပါသည်။· ဆေးလိပ်အရက်တို့ကို အလွန်အကျွံသောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း။· မိသားစုဝင်များ၊ အပေါင်းအသင်းမျာကို အော်ဟစ်ခြင်း၊ ရန်ဖြစ်ခြင်း။· စိတ်အတက်အကျများခြင်းတို့ကြောင့် မိသားစုဝင်များကြားတွင် ပြသနာများဖြစ်လာခြင်း။· အကြောင်းရင်းမရှိဘဲ ကိုက်ခဲနာကျင်ခြင်း။· အအိပ် အစား မူမမှန်ခြင်း။· လူများနှင့် မဆက်ဆံတော့ခြင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာများ မလုပ်တော့ခြင်း။· သင့်ကလေးကျောင်းပို့ခြင်း၊ အလုပ်သွားခြင်း စသည့် နေ့စဉ်အလုပ်များ မလုပ်တော့ခြင်း။· အစားအသောက်ပုံစံပြောင်းလဲသွားခြင်း (ဥပမာ ယခင်ထက်ပိုစားလာခြင်း)။· လိင်မှုကိစ္စဆိုင်ရာ စိတ်အခြေအနေများပြောင်းလဲလာခြင်း တို့ဖြစ်သည်။စိတ်ရောဂါဖြစ်ပါက မိမိကိုယ်ကို ထိခိုက်အောင်လုပ်ခြင်း၊ သေကြောင်းကြံစည်ခြင်း တို့ဖြစ်လာခြင်း၊ အရက်နှင့် မူးယစ်ဆေးများသုံးစွဲခြင်း တို့ဖြစ်လာနိုင်ပြီး သင့်ဘဝကို အောက်ပါနည်းများဖြင့် ထိခိုက်လာနိုင်ပါသည်။· မပျော်ရွှင်တော့ခြင်း၊ မိမိဘဝကို မနှစ်မြို့ခြင်း။· မိသားစုပြသနာများဖြစ်ခြင်း။· အိမ်ထောင်ရေး အဆင်မပြေခြင်း။· လူမှုပတ်ဝန်းကျင်မှ သီးခြားနေခြင်း။· ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးများသုံးစွဲခြင်း။· အလုပ်ပျက်ခြင်း၊ ကျောင်းပျက်ခြင်း၊ အလုပ်ခွင်၊ ကျောင်းတို့တွင် အဆင်မပြေဖြစ်ခြင်း။· ငွေရေးကြေးရေးပြသနာများ၊ တရားရေးရာ ပြသနာများဖြစ်ခြင်း။· ဆင်းရဲခြင်း၊ အိမ်မဲ့ရာမဲ့ဖြစ်ခြင်း။· မိမိကိုယ်ကို နှင့် သူများကို သေကြောင်းကြံစည်ခြင်း။· ကိုယ်ခံအားနည်းပြီးရောဂါများကူးစက်ခံရခြင်း။· နှလုံးရောဂါနှင့် အခြားသော ကျန်းမာရေးပြသနာများဖြစ်ခြင်း တို့ဖြစ်ပါသည်။စိတ်ရောဂါသည် အဖြစ်များသော် လည်း ဆရာဝန်များသည်ရောဂါကိုသိနိုင်ခဲပါသည်။စိတ်ရောဂါခံစားနေရသူများ၏ တဝက်အောက်ခန့်သာလျှင် ဆရာဝန်က စိတ်ပိုင်းဆိုင်ရာစမ်းသပ်မှုများပြုလုပ်ပြီးရောဂါကို ဖော်ထုတ်နိုင်ကြပါသည်။ ဆရာဝန်က။· လူနာ၏ ခံစားမှုနှင့် ရောဂါလက္ခဏာများကို မေးမြန်းခြင်း။· အခြားသောရောဂါများ ရှိမရှိသိရန် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ခြင်း။· မိသားစုဝင်များ၊ အပေါင်းအသင်းများနှင့် တွေ့ဆုံမှုရှိမရှိမေးမြန်းခြင်း။· သိုင်းရွိုက်ဟော်မုန်းစစ်ခြင်း၊ အရက်သေစာနှင့်မူးယစ်ဆေးများသောက်စားမှု ရှိ မရှိစစ်ဆေးခြင်း စသည့် စစ်ဆေးမှုများကို ပြုလုပ်ပါလိမ့်မည်။ထို့နောက် ဆရာဝန်က သင်လိုအပ်သော ဆေးများနှင့် စိတ်ကို ထိန်းချုပ်နိုင်ရန် အကြံများပေးခြင်း၊ စိတ်ရောဂါအထူးကုနှင့်သွားပြရန် အကြံပေးခြင်း တို့ပြုလုပ်ပါလိမ့်မည်။စိတ်ရောဂါဖြစ်နေသူများသည် ကုသမှုခံယူရန် ဝန်လေးကြပါသည်။ စိတ်ရောဂါဖြစ်နေသူ၊ မူးယစ်ဆေးစွဲနေသူ ၅ ယောက်တွင် ၂ ယောက်သာလျှင် ကုသမှုခံယူကြသည်။ ဆေးကုသရခြင်း၏ရည်ရွယ်ချက်မှာ။· ကျန်းမာရေး ကောင်းမွန်လာစေရန်။· မိမိဘဝကို ထိန်းကျောင်းနေထိုင်နိုင်စေရန်နှင့်။· ကိုယ်စွမ်းရှိသလောက် ဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်။သို့သော် စိတ်ရောဂါကုသမှုတွင် ရောဂါ အပြီးပြတ်ကောင်းမွန်သွားမည်ဟု အာမ မခံပါ။ လူတဦးနှင့် တဦးရောဂါခံစားရပုံခြင်း မတူညီသောကြောင့် ကုသမှုပုံစံများမတူညီပါ။ ကုသမှုနည်းများ ကို တစ်ခု၊ နှစ်ခုစသည်ဖြင့် ရောပြီးကုသရသည့်လူနာများလည်းရှိပါသည်။အောက်ပါတို့သည် စိတ်ရောဂါ ကုသနည်းများဖြစ်ပါသည်။·စိတ်ရောဂါကုထုံး။ထိုကုထုံးသည် သင့်ခံစားချက်များကို ဖော်ပြနိုင်ရန်နှင့် အကြံပေးဉာဏ်များရယူနိုင်ရန် ရောဂါကုသူနှင့် သီးသန့်စကားပြောခြင်းဖြစ်သည်။ ရောဂါကုသူသည် သင့်ခံစားမှုများနှင့် ပက်သက်ပြီး ကိုင်တွယ်ဖြေရှင်းပုံနှင့် ပိုကောင်းသော အကြံဉာဏ်များ ပေးပါလိမ့်မည်။ ထိုကုထုံးအပြင် ဆေးပညာကုထုံးများပါ ပေါင်းစပ်ပါက ပိုပြီး အကျိုးရှိပါသည်။ ဥပမာ- အသိစိတ်နှင့် အမူအကျင့်ကိုပြောင်းလဲပေးသောကုထုံးများ၊ ကြောက်တတ်သော အရာကို ရင်းနှီးစေရန် ထိတွေ့ပေးသော ကုထုံးများ ၊ ယုတ္တိနည်းကျ အကျိုးအကြောင်းဆက်စပ်ပြသော ကုထုံးများ စသည်တို့ဖြင့် ကုသခြင်းဖြစ်သည်။·ဆေးများ။ဆေးများသည် ဦးနှောက်ထဲတွင် ဓါတုဓါတ်များကိုေ ပြာင်းလဲပေးသော ကုထုံးများဖြစ်သည်။ selective serotonin reuptake inhibitors (SSRIs), serotonin-norepinephrine reuptake inhibitors (SNRIs) and tricyclic antidepressants စသည့်ဆေများသည် စိတ်ရောဂါကုထုံးများနှင့် တွဲသောက်သင့်သောဆေးများဖြစ်သည်။·ဆေးရုံတက်ခြင်း။သင့်တွင် စိတ်ရောဂါကို ဆိုးရွားစွာခံစားနေရပါက ဆေးရုံတက်ပြီး အနီးကပ်ကုသမှုခံယူခြင်း လိုအပ်နိုင်ပါသည်။·ထောက်ပံ့ပေးသော အဖွဲ့အစည်းများ။သင့်နည်းတူ စိတ်ရောဂါခံစားနေရသော လူများနှင့် တွေ့ဆုံခြင်း၊ အတွေ့အကြုံများဝေမျှခြင်း တို့ကိုပြုလုပ်နိုင်ပါသည်။·ဖြည့်စွက်စာများစားခြင်း နှင့် အခြားဆေးများနှင့် ကုသခြင်း။ထိုကုသမှုသည် စံသတ်မှတ်ထားသော ကုထုံးများ၊ ဆေးများမဟုတ်ဘဲ ဖြည့်စွက်စာများ၊ တိုင်းရင်းဆေးများဖြင့် ကုသခြင်း၊ အပ်စိုက်ကုခြင်း၊ စိတ်တည်ငြိမ်စေရန် တရားထိုင်ခြင်း စသည်တို့ဖြစ်သည်။·မိမိကိုယ်ကို ဖေးမခြင်း။သင့်လူနေမှုဘဝပုံစံများကို ပြောင်းလဲပစ်ခြင်းဖြင် စိတ်ရောဂါကို အနိုင်ယူနိုင်ပါသည်။ သင်သည် သင့်ကျန်းမာရေး၊ သင့်ကို စိတ်ထိခိုက်စေသောအရာများကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်ရန် စီစဉ်ခြင်းတို့ပြုလုပ်နိုင်ပါသည်။အောက်ဖော်ပြပါ အချက်များဖြင့် မိမိ၏ စိတ်ရောဂါကို ကိုင်တွယ်ဖြေရှင်းနိုင်ပါသည်။1. သင်သည် သင့် စိတ်ကျန်းမာရေးအတွက် ဓမ္မဓိဌာန်ကျကျ ထိန်းသိမ်းသင့်သည်။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေမည့်နည်းလမ်းများကို ရွေးချယ်သင့်သည်။2. မိသားစု၊ သူငယ်ချင်းနှင့် ဆေးပညာအဖွဲ့အစည်းများနှင့် လုံခြုံသော လူမှုပတ်ဝန်းကျင်တခု ဖန်တီးပါ။3. နေ့စဉ်လုပ်ငန်းများ၊ လုပ်အားပေးအဖွဲ့များတွင်ပါဝင်ပါ။ မိသားစုကိုစောင့်ရှောက်ပါ။ ငွေကြေး အခက်အခဲများကင်းအောင် အလုပ်ကြိုးစားပါ။4. ထောက်ပံ့ပေးသော အဖွဲ့အစည်များ၊ အင်တာနက်ကွန်များ မှတဆင့် အုပ်စုများတွင် ပါဝင်လုပ်ဆောင်ပါ။အထက်ဖော်ပြပါ အချက်များကို ဆောင်ရွက်နိုင်ရန် အောက်ပါတို့ကို ပြုလုပ်ရမည်။· ကျွမ်းကျင်သူများထံမှအကူအညီရယူခြင်း။· အခြားသူများနှင့် ချိတ်ဆက်ခြင်း။· အကောင်းမြင်စိတ်မွေးခြင်း။· တက်ကြွစွာနေထိုင်ခြင်း။· အခြားသူများကို ကူညီခြင်း။· အိပ်ရေး၀၀အိပ်ခြင်း။· အရည်အသွေးများတိုးတက်အောင်ကြိုးစားခြင်း တို့ဖြင့် သင့်စိတ်ရောဂါကို ကိုင်တွယ်ဖြေရှင်းနိုင်ပါသည်။သင့်တွင် စိတ်ကျန်းမာရေးမကောင်းမွန်ကြောင်းသိသောအခါ သင့်ဘဝသည် မျှော်လင့်ချက်မဲ့ပြီး တန်ဖိုးမရှိသလို ခံစားရတတ်ပါသည်။ သို့သော် ထိုသို့သော ဘဝလောကဓံများသည် သင့်ကို ပို ကြံ့ခိုင်လာစေနိုင်ပါသည်။ပထမဦးစွာ သင့်အခြေအနေကို သင်နားလည်လက်ခံပြီး ဆေးကုသမှုများကို ခံယူရမည်ဖြစ်သည်။ သင့်ရောဂါသည် ချက်ချင်းမပျောက်ကင်းသွားနိုင်သော်လည်း မှန်မှန် ကုသမှုခံယူခြင်းဖြင့် ကောင်းမွန်သောရလဒ်ကောင်းများ နှင့် တိုးတက်မှုများကို တဖြေးဖြေးခံစားရမည်ဖြစ်သည်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/facts-to-know-about-mental-health/
နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါ နှင့် အဆုတ်ရောင်ရောဂါ
အထက်ပါ ရောဂါနှစ်မျိုးကို နှိုင်းစာကြည့်သော် ကွာခြားမှု တချို့ရှိသည်ကို တွေ့ရမည်။ နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါသည်များသည် အဆုတ်ရောင် ရောဂါကဲ့သို့သော ကူးစက်ရောဂါ ဖြစ်ပွားမှုနှုန်း ပိုများသည်။ ၂၀၀၂ ခုနှစ်ထုတ် အမေရိကန် သမားတော်များ စာစောင်တွင် နာတာရှည် အဆုတ်ရောင် ရောဂါရှင်များ၏ ၇၀ – ၇၅ ရာခိုင်နှုန်းသည် strepcoccus နှင့် haemophilus ကဲ့သို့သော ပိုးကောင်များ ကူးစက်ခံရမှုကြောင့် ရောဂါ ပိုဆိုးလာစေကြောင်း ဖော်ပြထားသည်။နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါ ဆိုသည်မှာ ထိခိုက်ထားသော အဆုတ်သည် အောက်ဆီဂျင်ကို လုံလောက်စွာ မသယ်ပေးနိုင်ခြင်း ဖြစ်သည်။ အကြောင်းမှာ။• အဆုတ်တွင်းရှိ လေပြွန်ငယ်များ ရောင်ရမ်းခြင်းကြောင့် အသက်ရှုလမ်းကြောင်း ပိတ်သွားခြင်း။• အဆုတ်တွင်း လေအိတ်ငယ်များ ပျက်စီးသွားခြင်းတို့ကြောင့် ဖြစ်သည်။ချောင်းဆိုးခြင်း။အသက်ရှုမဝခြင်း။တရွှီရွှီ မြည်ခြင်း။ရင်ကျပ်ခြင်း။ဆေးလိပ်သောက်ခြင်း။မျိုးရိုးရှိခြင်း။လေထု ညစ်ညမ်းခြင်း။ငယ်စဉ်ကတည်းက ကူးစက်ရောဂါရှိခြင်း။အသက်ရှုလမ်းကြောင်း ထိခိုက်ပျက်စီးခြင်း။ပျောက်ကင်းအောင် မကုသနိုင်ပါ။ပဋိဇီဝ ပိုးသတ်ဆေး။ချွဲပျော်ဆေး။အောက်ဆီဂျင်ရှုခြင်း။စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲခြင်း (လေ့ကျင့်ခန်း၊ ရေများများ သောက်ခြင်း) စသည်တို့ဖြင့် ရောဂါ ပို မဆိုးလာစေရန် ထိန်းသိမ်းနိုင်သည်။၎င်းသည် ဘက်တီးရီးယားကြောင့် ဖြစ်သော ကူးစက်ရောဂါ ဖြစ်သည်။ရောဂါလက္ခဏာစုများ။ချောင်းဆိုးခြင်း။အသက်ရှုမဝခြင်း။တရွှီရွှီမြည်ခြင်း။ရင်ကျပ်ခြင်း။ဖျားခြင်း။ချမ်းတုန်ခြင်း။ရင်ဘတ်အောင့်ခြင်း။ဘက်တီးရီးယားပိုး။ပဋိဇီဝ ပိုးသတ်ဆေး။ချွဲပျော်ဆေး။အောက်ဆီဂျင်ရှုခြင်း။နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါ ခံစားနေရသူများသည် အဆုတ်မကောင်းသောကြောင့် ရောဂါများ ကူးစက်ခံရနိုင်ခြေ များသည်။ နှစ်စဉ်နှစ်တိုင်း ကာကွယ်ဆေးများ ထိုးခြင်းဖြင့် အဆုတ်ရောင် ရောဂါကဲ့သို့သော ကူးစက်မှုမျိုးကို လျှော့ချနိုင်သည်။ ရောဂါပိုဆိုးလာသည့် အခါမျိုးတွင် ရောဂါလက္ခဏာများသည် တူညီနေတတ်သည်။• အောက်ဆီဂျင် လုံလောက်စွာ မရရှိခြင်းကြောင့် စကားမပြောနိုင်ခြင်း။• သလိပ်အရောင် ပြောင်းခြင်း (အစိမ်း၊ သံချေးရောင်၊ အဝါ သို့မဟုတ် သွေးရောင်)။• အဖျားတက်ခြင်း။• ပုံမှန်သောက်နေကျ ဆေးများနှင့် မသက်သာခြင်း။ဦးစွာပထမ ဆေးလိပ်ဖြတ်ပါ။ ပတ်ဝန်းကျင်တွင် ဆေးလိပ်သောက်နေသူများ၏ ဆေးလိပ်ငွေ့ကို ရှုရှိုက်မိခြင်း၊ တခြားသော မီးခိုးငွေ့နှင့် ဂက်စ်ငွေ့များ ရှုရှိုက်မိခြင်းမှ ရှောင်ကျဉ်ပါ။နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါရှိလျှင် သင့်ဆရာဝန်နှင့် တိုင်ပင်ကာ ကာကွယ်ဆေး ထိုးသင့်သည်။ အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးအပြင် flu ကဲ့သို့သော အအေးမိရောဂါ ကာကွယ်ဆေးမျိုးလည်း ထိုးသင့်သည်။ အထက်ဖော်ပြပါ ရောဂါဖြစ်စေသော အကြောင်းရင်းများမှလည်း ရှောင်ကျဉ်သင့်သည်။လေ့ကျင့်ခန်း ပြုလုပ်ပါ။ အဆုတ်ကို ပိုကျန်းမာစေသည်။ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်နေထိုင်ပါ။ သင့်ရောဂါဂါို မျက်ခြေ မပြတ်ပါစေနှင့်။ ရောဂါမသက်သာလျှင်၊ ပိုဆိုးလာလျှင်၊ သောက်နေကျဆေးများ မတိုးတော့လျှင် သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။ အရေးပေါ်ကုသမှု ခံယူပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/chronic-bronchitis/copd-and-pneumonia/
ဆင်တုပ်ကွေးဖြစ်ပြီးနောက် မြန်မြန်နာလန်ထူအောင် ဘာတွေစားရမလဲ
အခု အဖြစ်များနေကြတဲ့ ဆင်တုပ်ကွေး ခေါ် Chikungunya ဟာ ရောဂါပိုးသယ်ဆောင်လာတဲ့ခြင်ကိုက်တာခံရပြီး ၂ ရက်ကနေ ၇ ရက်အတွင်း လက္ခဏာတွေပေါ်လာတတ်ပါတယ်။ စစချင်းမှာ ကိုယ်ပူတာ၊ အဆစ်အမြစ်တွေကိုက်ခဲတာခံစားရတယ်၊နောက်တော့ နုံးတာ၊ ကြွက်သားနာကျင်တာ၊ခေါင်းကိုက်တာ၊ အရေပြားအနီကွက်ဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့ပြဿနာကတော့ အဖျားပျောက်တာကြာနေတာတောင် အားနည်းတာ၊ ယားယံတာနဲ့ နာကျင်ကိုက်ခဲမှုတွေက ကျန်နေခဲ့တာပဲဖြစ်ပါတယ်။အများစုကတော့ ၃ ရက်ကနေ ၁၀ ရက်အတွင်း လက္ခဏာတွေသက်သာပျောက်ကင်းသွားကြပါတယ်။ တချို့တွေမှာတော့ အဆစ်နာကျင်ကိုက်ခဲမှုအကြွင်းအကျန်တွေကို လနဲ့ချီ၊ နှစ်နဲ့ချီပြီး ခံစားရနိုင်ပါတယ်။Chikungunya ရဲ့နောက်ဆက်တွဲပြဿနာကြောင့်သေဆုံးမှုဖြစ်တာရှားပါတယ်။ ဒါပေမယ့် နာတာရှည်ရောဂါတွေရှိတဲ့ သက်ကြီးပိုင်းအရွယ်တွေမှာ တစ်ခါတလေရောဂါပိုပြင်းထန်တတ်ပါတယ်။ဆင်တုပ်ကွေးဖြစ်လာပြီဆိုရင် –။အဖျားကျပြီး သက်သာလာတဲ့ နာလန်ထအချိန်ကလည်း အရေးကြီးပါတယ်။ ဒါမှ ဆင်တုပ်ကွေးလက်ကျန်ဝေဒနာဒဏ်ကို တွန်းလှန်နိုင်ပြီးမြန်မြန်ပျောက်ကင်းနိုင်မှာပါ။တုပ်ကွေးဖြစ်နေတဲ့အချိန်မှာရော၊ သက်သာလာတဲ့အချိန်မှာရောရေများများသောက်ပေးသင့်ပါတယ်။ရေ သို့မဟုတ်ရေဓါတ်ပြည့်စေမယ့် အရည်တွေများများဝင်အောင် ဂရုစိုက်ပါ။အုန်းစိမ်းရည်သောက်ရင် ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးနိုင်ပြီးရေဓါတ်ပြည့်ဝစေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်အတွက်လည်း အထောက်အကူပေးလို့ အုန်းစိမ်းရည်လေးသောက်ပေးပါ။အစိမ်းရောင်အသီးအရွက်တွေက ကယ်လိုရီနည်းသလိုချေဖျက်ရလွယ်တယ်။ ဒီလိုအချိန်မှာ ခန္ဓါကိုယ်ကို ပြန်ဖြည့်တင်းပေးဖို့ လိုအပ်နေတဲ့ ဗီတာမင်တွေအများကြီးပါဝင်တယ်။ ဒီဗီတာမင်တွေကြောင့် ဆင်တုပ်ကွေးလိုရောဂါတွေကနေ ကျန်းမာရေးပြန်ကောင်းမွန်လာဖို့ အထောက်အပံ့များစွာရနိုင်ပါတယ်။အိမ်မှာပဲ ချက်တဲ့ အသားနဲ့ အသီးအရွက်ဟင်းရည်၊ စွပ်ပြုတ်လေးတွေသောက်ပါ။ မုန်လာဥဖြူ သို့မဟုတ် ဥနီပါရင်ပိုကောင်းပါတယ်။ဆင်တုပ်ကွေးဖြစ်ရာကနေ သက်သာကာစအချိန်မှာ ပန်းသီးနဲ့ ငှက်ပျောသီး စားပေးပါ။ ပန်းသီးမှာ အစာခြေလမ်းကြောင်းကို သန့်စင်ကျန်းမာစေတဲ့ အမျှင်ဓါတ်တွေကြွယ်ဝပြီး ကိုလက်စထရောပမာဏကို ထိန်းညှိပေးတယ်။ ငှက်ပျောသီးမှာလည်း ဝမ်းချုပ်တာကိုကာကွယ်ပေးပြီး အူကိုသန့်စေတဲ့ အမျှင်ဓါတ်တွေပါဝင်ပါတယ်။Omega 3 fatty acids ကြွယ်ဝတဲ့ အစားအစာတွေ နဲ့ဖြည့်စွက်အားဆေးတွေ စားသုံးဖို့လိုပါတယ်။Omega 3 fatty acids က ဦးနှောက်လုပ်ဆောင်ချက်တွေကိုကောင်းမွန်စေပြီး မှတ်ဉာဏ်ကောင်းမွန်စေတယ်၊လေဖြတ်နိုင်ခြေလျော့နည်းစေတယ်၊ အဆစ်ရောင်လက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ဗီတာမင် C က အနာကျက်စေတဲ့အပြင် ကြွက်သား၊ အရိုး၊ အရွတ်နဲ့သွေးကြောတွေရဲ့ဖွဲ့စည်းဖြစ်ပေါ်မှုကို ကူညီပေးပါတယ်။ ဗီတာမင် E က အသားအရေအတွက်ကောင်းတဲ့အပြင် ကင်ဆာရောဂါတွေ၊ ပါကင်ဆန်ရောဂါနဲ့ အဆစ်ရောင်လေးဘက်နာရောဂါတို့ကို ကာကွယ်ပေးပါတယ်။ မာလကာသီး၊ ပန်းငရုတ်ပွအဝါ၊ ကီဝီသီး၊ ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး စတာတွေမှာ ဒီဗီတာမင်နှစ်မျိုးလုံးကို ရရှိနိုင်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/infections-from-insects/%e1%80%86%e1%80%84%e1%80%ba%e1%80%90%e1%80%af%e1%80%95%e1%80%ba%e1%80%80%e1%80%bd%e1%80%b1%e1%80%b8%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%b1%e1%80%ac/