title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
နနွင်း ကပေးတဲ့ အသားအရေ လှပမှု
ဟင်းချက်တဲ့အခါ ထည့်သုံးတတ်ကြတဲ့နနွင်းမှုန့်ကကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုတာပါ။ အရောင် လှလှလေးနဲ့ အနံ့မွှေးမွှေးလေးရှိတဲ့ နနွင်းမှုန့်က ကျန်းမာရေးအပြင် အသားအရေကိုလည်း အထောက်အကူပြု ပေးပါသတဲ့။ ဒီ ဟင်းချက်ရာမှာ သုံးတဲ့ နနွင်းမှုန့်လေးကအသားအရေကို ဘယ်လိုများ အထောက်အပံ့ပေးသလဲ……….။အရောင်လှလှ နနွင်းလေးက။နနွင်းက အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိသလိုဘက်တီးရီးယားတွေကိုလည်း အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ နနွင်းက အရေပြားမှာဖြစ်တဲ့ နီမြန်းရောင်ရမ်းတာတွေကို သိသိသာသာ သက်သာစေနိုင်ပြီး နှင်းခူ၊ နှင်းခူအစိုလိုမျိုးအရေပြား ပြဿနာကြောင့် အသားအရေ ထိခိုက်မှုတွေကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။လူတော်တော်များများ ကြုံရတဲ့ အရေပြား ပြဿနာဖြစ်တဲ့ ဝက်ခြံ သက်သာစေဖို့အတွက်လည်း နနွင်းကို သုံးလို့ရပါတယ်။ နနွင်းက သဘာဝ ပိုးသတ်ဆေးတစ်မျိုးပါ။  ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပါတယ်။ဝက်ခြံသက်သာစေဖို့ဆိုရင် နနွင်းစစ်စစ်ကို အရည်ဖျော်လို့ ဝက်ခြံလေးတွေပေါ်မှာ တို့လိမ်းရုံပါ။နနွင်းက အရောင်ကျစေနိုင်သလို အမည်းစက်တွေကို ပါးစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ အသားအရေ အတွက် ပုံမှန် အသုံးပြုပေးမယ်ဆိုရင် အရေပြားပေါ်က အမည်းစက်တွေကို သိသိသာသာ သက်သာစေမှာပါ။အမည်းစက်တွေအတွက်တင်မဟုတ်ဘဲ နနွင်းကိုသွေးလည်ပတ်မှုမကောင်းတာ​ကြောင့်မျက်ကွင်းညိုတာ၊မျက်အိတ်တွဲတာတွေကို သက်သာစေဖို့အတွက်လည်း နနွင်းကို အသုံးပြုပေးလို့ရပါတယ်။နေလောင်တာကြောင့် အသားအရေထိခိုက် ပျက်စီးတာကို သက်သာစေဖို့ဆိုရင် နနွင်းကို အသုံးပြုပေးလို့ရပါတယ်။ နနွင်းကို အသားအရေအတွက် အသုံးပြုပေးတာ နေလောင်တာကို သက်သာစေနိုင်သလို နေလောင်တာ​ကြောင့် အရေပြားမှာ အမည်းစက်တွေဖြစ်တာအသားအရောင်မညီတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။နေရောင်ကြောင့်အရေးအကြောင်းဖြစ်တာတွေကို သိသိသာသာ သက်သာစေနိုင်ပါတယ်။နေရောင်ကြောင့် အသားအရေ ထိခိုက်မှု သက်သာစေဖို့ဆိုရင် နနွင်းကို အားကိုးလို့ရပါတယ်။နနွင်း ကဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝပြီး အရေပြားဆဲလ်တွေကို လုပ်ဆောင်မှုကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ အရေပြားပေါ်မှာဖြစ်တဲ့ အကြောပြတ်ရာတွေ သက်သာစေဖို့ဆိုရင် နနွင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကိုသံလွင်ဆီလက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ရောပြီးသံပုရာရည်နည်းနည်း ညှစ်ပေးပါ။ ပြီးရင် အကြောပြတ်တဲ့နေရာကို တစ်နေ့ နှစ်ကြိမ်လိမ်းပေးရုံပါ။နနွင်းက အသားအရေအတွင်းပိုင်းအထိ ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ ဒါ​ကြောင့် အသားအရေ ခြောက်သွေ့နေတယ်ဆိုရင် နနွင်းကို အရေပြားပေါ်မှာ လိမ်းပေးရုံပါ။ ဒီလိုလိမ်းပေးတာက အပေါ်ယံအရေပြားလွှာကဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားပေးပြီး အသားအရေကို နူးညံ့ကျန်းမာစေနိုင်မှာပါ။ အရေပြား ထိခိုက်ပျက်စီးမှုကိုလည်း လျှော့ချပေးနိုင်မှာပါ။ဝက်ခြံတွေ သက်သာသွားပေမယ့် ဝက်ခြံအမာရွတ်​တွေ ကျန်နေခဲ့လို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ နနွင်းစစ်စစ်လေး သုံးလို့မျက်နှာ ပေါင်းတင်ကြည့်ပါလို့ ပြောပါရစေ။နနွင်းက အမာရွတ်တွေကို ပါးစေနိုင်သလို ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို သိသိသာသာသက်သာစေနိုင်ပါတယ်။နနွင်းမှာပါတဲ့ curcumin က အနာကျက်စေနိုင်သလို ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေ ထိခိုက်တာမျိုး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ပြတ်ရှဒဏ်ရာတွေသက်သာစေဖို့ အသုံးပြုပေးလို့ရပါတယ်။လေ့လာမှုတွေအရ နနွင်းက အရေပြား တစ်ရှူးတွေကို ကျန်းမာစေနိုင်သလိုကော်လာဂျင်ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပါတယ်။ အရေပြားမှာဖြစ်တဲ့ မီးလောင်၊ ဆီပူလောင်တာကလွဲလို့ ပြတ်ရှတာ၊ ထိခိုက်မိတာတွေကို သက်သာစေဖို့ နနွင်းကို အသုံးပြုပေးလို့ရပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/tumeric-skin-benefits/
ဆီးချိုရောဂါစစ်ဆေးခြင်း -သွေးတွင်းဂလူးကို့စ်ဓါတ်စစ်ဆေးခြင်း
သွေးတွင်းဂလူးကို့စ်ဓါတ် စစ်ဆေးခြင်းကို ဆီးချိုရောဂါ နဲ့အကြိုဆီးချိုရောဂါ ရှိမရှိ သိအောင် စစ်ဆေးပါတယ်။သင့်သွေးထဲမှာရှိတဲ့ ဂလူးကို့စ်ပမာဏကို စစ်ဆေးတာဖြစ်ပါတယ်။ သကြားလို့ခေါ်တဲ့ ဂလူးကို့စ်ဓါတ်ဟာ သင့်ကိုယ်ခန္ဓါရဲ့ အဓိကစွမ်းအင်ရင်းမြစ်ပါပဲ။ သင့်ရဲ့ ကိုယ်ခန္ဓါဟာ သင်စားလိုက်တဲ့ ကစီဓါတ်တွေကို ဂလူးကို့စ်အနေနဲ့ ပြောင်းလဲပေးပါတယ်။ဂလူးကို့စ်စစ်ဆေးခြင်းကို အမျိုးအစား (၁)၊ (၂) ဆီးချိုရောဂါနဲ့ ကိုယ်ဝန်ဆောင်ကာလ ဆီးချိုရောဂါတွေအတွက် ကနဦး စစ်ဆေးဖို့ သုံးပါတယ်။ ဆီးချိုရောဂါဆိုတာ သင်ရဲ့ သွေးထဲကဂလူးကို့စ်ဓါတ်ကို မြင့်တက်စေပါတယ်။ကျန်းမာသူတွေမှာတော့ သူတို့ရဲ့ ဂလူးကို့စ်ပမာဏကို အင်ဆူလင်လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးနဲ့ ထိန်းသိမ်းထားပါတယ်။ဒါပေမယ့် ဆီးချိုဖြစ်လာရင်တော့ သင့်ကိုယ်ခန္ဓါဟာ အင်ဆူလင်လုံလောက်အောင် မထုတ်နိုင်တာ ဒါမှမဟုတ် အင်ဆူလင်ဟာ ကောင်းစွာ အလုပ်မလုပ်တော့တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအတွက်ကြောင့် သင့်သွေးထဲမှာ ဂလူးကို့စ်ဓါတ် မြင့်တက်လာနိုင်ပါတယ်။ဒါကို မကုဘဲနေရင် ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။တစ်ခါတလေမှာ ဂလူးကို့စ်ဓါတ်စစ်ဆေးတာကို သွေးတွင်း ဂလူးကို့စ်ဓါတ် အရမ်းနည်းသွားတဲ့ hypoglycemia လို့ခေါ်တဲ့ အခြေအနေကို သိဖို့လည်း သုံးတတ်ပါတယ်။အမျိုးအစား (၁) ဆီးချိုရောဂါကို ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ တွေ့ရတတ်ပါတယ်။ သူတို့ရဲ့ခန္ဓါကိုယ်တွေဟာ အင်ဆူလင်ကို လုံလုံလောက်လောက် မထုတ်နိုင်လို့ဖြစ်တာပါ။ ဒါဟာ နာတာရှည် ရောဂါတစ်မျိုးဖြစ်ပြီး ဘဝတလျှောက်လုံး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ အဖြစ်နောက်ကျတဲ့ အမျိုးအစား (၁) ဆီးချိုကိုတော့ အသက် ၃၀၊ ၄၀ အရွယ်တွေမှာလည်း တွေ့ရလေ့ရှိပါတယ်။အမျိုးအစား (၂) ဆီးချိုကတော့ ကိုယ်အလေးချိန်များသော အဝလွန်သော လူကြီးတွေမှာ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေဟာ ကိုယ်ခန္ဓါက အင်ဆူလင်လုံလောက်စွာ မထုတ်တော့တဲ့အခါ၊ ထုတ်လိုက်တဲ့ အင်ဆူလင်ဟာလည်း ကောင်းစွာ အလုပ်မလုပ်နိုင်တဲ့အခါ ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ခြင်းအားဖြင့် ဒီရောဂါအမျိုးအစားရဲ့ အကျိုးသက်ရောက်မှုတွေလည်း နည်းလာတတ်ပါတယ်။ကိုယ်ဝန်ဆောင်စဉ် ဆီးချိုဖြစ်ခြင်းကတော့ ကိုယ်ဝန်ရှိနေစဉ်မှာ ဆီးချိုဖြစ်လာပေမယ့် ကလေးမွေးပြီးရင် ဒီရောဂါပျောက်သွားတတ်ပါတယ်။ရောဂါအတည်ပြုပြီးတဲ့အခါ ဆီးချိုရောဂါသည်တွေရဲ့ အခြေအနေကို ကောင်းစွာထိန်းချုပ်နိုင်ခြင်း ရှိမရှိ ဆုံးဖြတ်ဖို့ သွေးတွင်းဂလူးကို့စ်ကို စစ်ဆေးရပါတယ်။ ဆီးချိုရောဂါရှိသူတယောက် ဂလူးကို့စ်ဓါတ်မြင့်နေခြင်းဟာ ဆီးချိုကိုမှန်ကန်စွာ မထိန်းချုပ်နိုင်ဘူးလို့ ယူဆရပါတယ်။ဂလူးကို့စ်ဓါတ်ကို မြင့်စေတဲ့ တခြားအကြောင်းတွေကတော့ –။ရှားရှားပါးပါး တွေ့ရတတ်တာတွေကတော့ ဂလူးကို့စ်ဓါတ်တက်ခြင်းဟာ acromegaly ခေါ် ကြီးထွားမှုမမှန်တဲ့ ရောဂါ၊ Cushing syndrome ခေါ် ဟော်မုန်းများတဲ့ရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်းနဲ့ adrenal ဂလင်း အကျိတ်ဖြစ်ခြင်း စတာတွေကို ညွှန်ပြတတ်ပါတယ်။တစ်ခါတလေ ဂလူးကို့စ်ဓါတ် အရမ်းနည်းနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီရလဒ်က သိပ်တော့ မတွေ့ရပါဘူး။ သွေးထဲမှာ ဂလူးကို့စ်နည်းရခြင်းဟာ အောက်ပါအကြောင်းတွေကြောင့် ဖြစ်ပါတယ်။Addison ရောဂါ၊ အရက်အလွန်အကျွံသောက်ခြင်း၊ အသည်းရောဂါနဲ့ insulinoma (အင်ဆူလင်အကျိတ်) ရောဂါတွေမှာလည်း ရှားရှားပါးပါး တွေ့ရတတ်ပါတယ်။ဂလူးကို့စ်ဓါတ်စစ်ဆေးနည်း ၂မျိုး ရှိပါတယ်။ အစာမစားဘဲ စစ်ဆေးနည်းနဲ့ ကျပန်းစစ်ဆေးနည်း ဖြစ်ပါတယ်။ပထမတစ်မျိုးကို စစ်မယ်ဆိုရင် မစစ်ဆေးခင် ၈နာရီအလိုကတည်းက မစားမသောက်ရပါဘူး။ ရိုးရိုးသောက်ရေပဲ သောက်ရပါတယ်။ ဒီစစ်ဆေးနည်းကို စစ်မယ်ဆိုရင် မနက်ပိုင်းမှာ စစ်သင့်ပါတယ်။ ဒါဆိုရင် နေ့ခင်းမှာ အစာမစားဘဲ နေစရာ မလိုတော့ပါဘူး။ကျပန်းစစ်ဆေးနည်းမှာတော့ စားသောက်နိုင်ပါတယ်။စိတ်ဖိအားများလွန်းရင် ဂလူးကို့စ်ဟာ ယာယီ မြင့်တက်တတ်ပါတယ်။ ခွဲစိတ်မှုခံယူခြင်း၊ ဒဏ်ရာရခြင်း၊ လေဖြတ်ခြင်း၊ နှလုံးဖောက်ခြင်း စတဲ့အခြေအနေတွေမှာ စိတ်ဖိအား များတတ်ပါတယ်။ တချို့ဆေးဝါးတွေဟာလည်း ဂလူးကို့စ်ဓါတ်ကို မြင့်တက်စေပါတယ်။သင့်အနေနဲ့ ဆရာဝန်ညွှန်ကြားသောဆေး၊ ဆေးဆိုင်မှဝယ်သောက်သောဆေး၊ တိုင်းရင်းဆေး အပါအဝင် ဘာဆေးတွေသောက်နေရတယ်ဆိုတာ ဆရာဝန်ကို အမြဲပြောပြထားရပါမယ်။ ဒါမှ ဆရာဝန်ဟာ ဆီးချိုမစစ်မီ ဘယ်ဆေးတွေရပ်ထားသင့်လဲ၊ ဆေးပမာဏဘယ်လိုပြောင်းလဲသင့်လဲဆိုတာ ညွှန်နိုင်ပါလိမ့်မယ်။သွေးတွင်းဂလူးကို့စ်ပမာဏကို အပြောင်းအလဲရှိစေနိုင်တဲ့ ဆေးများကတော့-။ဒီစစ်ဆေးနည်းမှာ သွေးပမာဏ နည်းနည်းဖောက်ဖို့ပဲ လိုပါတယ်။သင့်သွေးပြန်ကြောထဲကသွေးကို တံတောင်ဆစ်ကွေးကဖြစ်ဖြစ် လက်ကနေဖြစ်ဖြစ် နည်းနည်း ထုတ်ယူပါလိမ့်မယ်။ သွေးမယူခင်မှာ သွေးဖောက်မယ့်နေရာကို ပိုးသေမယ့် အရည်တမျိုးမျိုးနဲ့ သန့်ရှင်းပေးပါလိမ့်မယ်။ လက်မောင်းမှာ သားရေကြိုးတစ်ခုခုစည်းပြီး သွေးတွေ သွေးပြန်ကြောထဲမှာ အိုင်လာဖို့ လုပ်ပါမယ်။ပြီးတဲ့အခါမှာ ပိုးသတ်ထားတဲ့အပ်နဲ့ သွေးပြန်ကြောထဲ ထိုးပါလိမ့်မယ်။ သွေးကို ပြွန်ထဲထည့်ပြီးရင် လက်စည်းထားတာကို ဖြုတ်ပါမယ်။ သင့်အနေနဲ့ အပ်နဲ့ပေါက်သလောက် မီးနဲ့တို့မိသလောက် အနည်းငယ်နာကျင်ပါလိမ့်မယ်။ ပြီးရင် လက်မောင်းကို လျော့ထားလိုက်ရင် နာတာလျော့နိုင်ပါတယ်။သွေးစုပ်ယူအပြီး အပ်နှုတ်ပြီးရင် အပ်ပေါက်နေရာကို ဖိထားရပါမယ်။ သွေးခြေဥတာမဖြစ်အောင် မိနစ်အနည်းငယ်လောက် ဆက်ဖိပေးထားရပါမယ်။ သွေးနမူနာကိုတော့ ဓါတ်ခွဲခန်းပို့စစ်မှာ ဖြစ်ပါတယ်။ ဆရာဝန်ဟာ သင့်ကိုပြန်ချိန်းပြီး အဖြေပြောပါလိမ့်မယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ သတ်မှတ်ချက်အရ အစာမစားဘဲစစ်ရင် ရရှိသင့်တဲ့ ရလဒ်ကတော့။ပုံမှန်။ ၆.၀ mmol/L နဲ့အောက် (၁၁၀ mg/dl အောက်)။သိပ်မကောင်းသောအဆင့်။ ၆.၁ မှ ၆.၉ mmol/L ကြား (၁၁၀ mg/dl မှ ၁၂၅ mg/dl ကြား)။ဆီးချိုရောဂါ။ ၇.၀ mmol/L နှင့်အထက် (၁၂၆ mg/dl နှင့်အထက်)။သိပ်မကောင်းသောအဆင့်ဟာ အကြိုဆီးချိုအဆင့် (ဆီးချိုရောဂါဖြစ်လာနိုင်ခြေအဆင့်) ဖြစ်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%b3%e1%80%ad%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%86%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9/
null
null
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/how-to-treat-a-pimple-on-your-neck/
အောင်မြင်သူတွေရဲ့ သူမတူတဲ့အလေ့အထများ
လူတိုင်းမအောင်မြင်နိုင်ကြပါဘူးနော်။ အောင်မြင်သူတွေက လူနည်းစုလောက်ပဲရှိကြတာပါ။ အောင်မြင်သူတွေက ကံကောင်းလို့အောင်မြင်တယ်ဆိုတာထက် သူတို့မှာ သူမတူတဲ့အလေ့အထလေးတွေပိုင်ဆိုင်ထားလို့လည်း အောင်မြင်ကြတာပါနော်။ အောင်မြင်သူတွေက လူတွေထဲက လူတွေပဲဆိုပေမယ့် သူမတူတဲ့ နေ့စဉ်အလေ့အထလေးတွေကို ပိုင်ဆိုင်ထားကြသူတွေပါ။ ဒါဆိုအောင်မြင်သူတွေမှာ ပိုင်ဆိုင်ထားတဲ့အမူအကျင့်တွေက ဘာများလဲ။ သိချင်ရင် ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်လိုက်ပါနော်။အရေးကြီးတဲ့လုပ်စရာတွေကို ရေးမှတ်ထားတတ်ကြတယ်– အရေးတကြီးလုပ်ဆောင်ရမယ့် ကိစ္စတွေကို မေ့လျော့ပျက်ကွက်တာမျိုးမဖြစ်စေဖို့ လုပ်ဆောင်ရမယ့် အလုပ်တာဝန်တွေကို အရေးအကြီးဆုံးကနေစလို့ ရေးမှတ်ထားတတ်ကြပါတယ်။မနက်စောစောအိပ်ရာထလေ့ရှိကြတယ်– အိပ်စက်တာကို လိုအပ်သလောက်ပဲရယူတတ်ကြပါတယ်။ အိပ်နေရင်းနဲ့ သူတို့ရဲ့ တန်ဖိုးတဲ့အချိန်တွေကို ကုန်ဆုံးမခံကြပါဘူး။ ပြည့်ဝတဲ့အိပ်စက်ချိန်ထားရှိတတ်ကြပေမယ့် နေမြင့်တဲ့အထိတော့ မအိပ်တတ်ကြပါဘူး။ကျန်းမာရေးနဲ့ညီညွတ်အောင်စားတယ် – အစားမတော်တလုတ်ကြောင့်ခန္ဓါကိုယ်ကို အထိခိုက်မခံသလိုဖျားနာမှုကြောင့် လုပ်ရမယ့် တာဝန်တွေပျက်ကွက်မှာကိုလည်း အဖြစ်မခံကြပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးတတ်ကြသူတွေပေါ့။ေကာင်းမွန်တဲ့ ဆက်ဆံရေးကိုတည်ဆောက်တတ်ကြတယ်– သူတို့လူတိုင်းနဲ့ အဆက်အသွယ်မပြတ်တတ်ကြပါဘူး။ အချိန်တိုင်းမှာ ခင်မင်ရင်းနှီးသူတိုင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကိုတည်ဆောက်ထားတတ်ကြသူတွေပါ။တိကျတဲ့အချိန်ဇယားရှိတတ်ကြတယ်– အလုပ်လုပ်တဲ့အခါ ဘယ်အချိန်မှာတော့ဖြင့် ဒီအလုပ်တွေကိုပြီးအောင်လုပ်မယ်။ ဒီလောက်အတိုင်းအတာအတွင်းမှာ အလုပ်တာဝန်ဘယ်နှခုကိုတော့ဖြင့်ပြီးစီးရမယ်ဆိုတာကို အခြားသူက သတ်မှတ်ပေးထားတာမျိုးမဟုတ်ဘဲ သူတို့ကိုယ်သူတို့ချမှတ်ပုံသွင်းထားတဲ့ အချိန်ဇယားရှိတတ်ကြသူတွေပါ။အတွေ့အကြုံတွေကနေသင်ယူတတ်တယ်– ကောင်းတဲ့အတွေ့အကြုံကနေဖြစ်ဖြစ်၊ ဆိုးတဲ့အတွေ့အကြုံကနေဖြစ်ဖြစ် သင်ခန်းစာယူရမယ့် ကိစ္စတွေကို သင်ခန်းစာယူတတ်ကြပါတယ်။ သူတို့ကိုယ်တိုင်ရဲ့ အတွေ့အကြုံကနေမကပါဘူး။ အခြားသူတွေရဲ့ အတွေ့အကြုံကနေလည်း သင်ယူတတ်ကြပါတယ်။ စိန်ခေါ်မှုတွေကို အခွင့်အရေးတွေလိုသတ်မှတ်ပြီး အကောင်းဆုံး သင်ယူရင်း ကျော်ဖြတ်တတ်ကြသူတွေပါ။ေလ့ကျင့်ခန်းလုပ်ကြတယ်– ခန္ဓါကိုယ်ကျန်းမာပြီး စိတ်လန်းဆန်းစေဖို့ ပုံမှန်လေ့ကျင့်ခန်းလုပ်တတ်ကြသူတွေလည်းဖြစ်ပါ တယ်။ အများကြီးမဟုတ်တောင် ပုံမှနလမ်းလျှောက်တာလောက် ပြေးတာလောက်တော့ လုပ်ကြပါတယ်။ကျန်းမာရေးဂရုစိုက်ကြတယ်– သူတို့က ခန္ဓါကိုယ်ကျန်းမာဖို့အတွက် လိုက်နာရမယ့် ကိစ္စတွေကို မပျက်မကွက်လုပ်ဆောင်တတ်ကြပါတယ်။အာဟာရမျှတအောင်စားတယ်၊ ပုံမှန် အိပ်စက်တယ်၊ လေ့ကျင့်ခန်းလုပ်တယ်၊အားဆေးသောက်တာလိုမျိုး ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကိုဖြည့်တင်းတာမျိုးလုပ်တတ်ကြပါတယ်။နားထောင်တတ်တဲ့အလေ့အထရှိတယ်– အောင်မြင်သူအများစုက Good Speaker တွေမဟုတ်ကြပါဘူး။ Good Listener တွေပါ၊ သူတို့တွေက အခြားသူတွေပြောတာကို ဂရုတစိုက်နားထောင်လို့ အတွေ့အကြုံတွေကို လေ့လာကြပါတယ်။ ပြီးမှ အကြံပေးစရာရှိတာကို အကြံပေးကြတာပါ။ဦးနှောက်အတွက်လိုအပ်တဲ့ အာဟာရကိုဖြည့်တင်းတတ်ကြတယ်– ဒီနေရာမှာ စာဖတ်တာ၊ ဗဟုသုတတွေလေ့လာတာမျိုးလည်း လုပ်ကြသလို ဦးနှောက်နဲ့ မှတ်ဉာဏ်ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရတွေပြည့်ပြည့်ဝဝရရှိစေဖို့အတွက်လည်း ဗီတာမင် အားဖြည့်ဆေးတွေသောက်သုံးတတ်ကြပါတယ်နော်။ကဲ… အများက အားကျတဲ့ အောင်မြင်သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ အခုပြောပြခဲ့တဲ့ အလေ့အကျင့်လေးတွေကို မွေးမြူဖို့တိုက်တွန်းပါရစေ။ ေ နေ့စဉ်ဘဝရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်ပြီး သင်ယူရမယ့်အရာတွေကို လေ့လာသင်ယူလို့ အောင်မြင်သူတစ်ယောက်ဖြစ်အောင် ကိုယ့်ကိုကိုယ် ပျိုးထောင်လိုက်ပါနော်……..။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%99%e1%80%bc%e1%80%84%e1%80%ba%e1%80%9e%e1%80%b0%e1%80%90%e1%80%bd%e1%80%b1%e1%80%9b%e1%80%b2%e1%80%b7-%e1%80%9e%e1%80%b0%e1%80%99%e1%80%90%e1%80%b0/
null
null
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/adenoiditis-%e1%80%9c%e1%80%8a%e1%80%b9%e1%80%b1%e1%80%81%e1%80%ba%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%95%e1%80%9e%e1%80%ad%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%bb%e1%80%81/
ဩဇာသီး စားရင်း ကျန်းမာကြမယ်
ရာသီပေါ်စာ ဩဇာသီး စားရတာကို သဘောကျတဲ့သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဩဇာသီးစားတာက ကျန်းမာရေးကို ထောက်ကူပေးသလိုအသားအရေကိုရော ကျန်းမာစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဩဇာသီး စားရင်း ရရှိမယ့်ကျန်းမာရေးအကြောင်းကို ပြောပြပေးချင်ပါတယ်။ဩဇာသီး ဆိုတာ ဩဇာပင်ရဲ့ အသီးပါ။ ဩဇာသီးကအပြင်ခွံမှာ အဖုအချိုင့်လေးတွေပါပြီး အရောင်က အစိမ်းရောင်ပါ။ အတွင်းသားက တစ်ဆံချင်း ဖြူဖြူလေးတွေပါ။ အထဲမှာတော့ အမည်းရောင် အစေ့လေးတွေ ပါဝင်နေပါတယ်။အရသာက ချိုချိုလေးပါ။ အသီးတင်ဆေးဖက်ဝင်တာမဟုတ်ပါဘူး။ အရွက်ရော အပင်အခေါက်ကပါ ဆေးဖက်ဝင်တာပါ။ဩဇာပင်က အိန္ဒိယ မျိုးရင်းပင် ဖြစ်ပြီး မြန်မာနိုင်ငံက အပူပိုင်းဒေသမှာ ပေါက်ရောက်ပါတယ်။ဩဇာသီးမှာ အခုလိုအာဟာရဓာတ်တွေပါဝင်နေပါတယ်။ဩဇာသီး စားရင်း ကျန်းမာကြမယ် ….ဘယ်လို ကျန်းမာစေသလဲဆိုတော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ဩဇာသီးက ပိုတက်ဆီယမ် နဲ့ ဆိုဒီယမ် မျှတစွာ ပါဝင်နေတဲ့ အသီးတစ်မျိုးပါ။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။မဂ္ဂနီဆီယမ် ပါဝင်နေတာကလည်း နှလုံးကြွက်သားကို ပြေလျော့စေနိုင်ပါတယ်။ လေဖြတ်တာ၊ ရုတ်တရက် နှလုံးရပ်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ် နဲ့ နီကာဆင် ပါဝင်နေတာကလည်း သွေးတွင်း ကိုလက်စထရောကို ထိန်းညှိပေးနိုင်ပါတယ်။ အူတွေရဲ့ အာဟာရစုပ်ယူမှုကို ကောင်းစေပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ရောဂါကြောင့် ဖြစ်ဖြစ် နေ့စဉ်ဘဝမှာ တွေ့ကြုံရတဲ့ ပင်ပန်းမှုတွေကြောင့်ဖြစ်ဖြစ် ခြေကုန်လက်ပမ်း ကျနိုင်ပါတယ်။ဩဇာသီးမှာက ကယ်လ်လိုရီ ပါဝင်မှု များတာကြောင့် ခန္ဓာကိုယ်မှာ အင်အား ပြည့်ဝစေပြီး တစ်နေတာကို လန်းဆန်းတက်ကြွစေမှာပါ။ ခြေကုန်လက်ပမ်းကျတာကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ဩဇာသီးမှာ ဗီတာမင် C နဲ့ riboflavin လိုမျိုး မျက်လုံးအတွက် အထောက်အကူပြုပေးနိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာ‌ကြောင့် မျက်လုံးတွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဓာတ်တိုးပစ္စည်းတွေကြောင့် မျက်လုံးဆဲလ်တွေ ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အသက်အရွယ်ကြောင့် အမြင်အာရုံ ထိခိုက်တာ၊ အမြင်အာရုံ အားနည်းတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဩဇာသီးမှာ ဖလေဗာနွိုက် ပါဝင်နေတာကြောင့် ကင်ဆာကျိတ်တွေ နဲ့ ကင်ဆာ မဖြစ်စေဖို့ ကာကွယ်ပေးပါ တယ်။ alkaloids နဲ့ acetogenin ပါဝင်နေတာကြောင့် ကျောက်ကပ်ထိခိုက်တာနဲ့ ကင်ဆာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ဩဇာသီးမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပြီး ကျန်းမာတဲ့ဆဲလ်တွေကို ထိခိုက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့အတွက် ဓာတ်တိုးပစ္စည်းတွေကြောင့် ကင်ဆာမဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဩဇာသီးမှာ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် ကိုယ်တွင်းက အရည်ဓာတ်ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ အဆစ်တွေထဲက အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။အဆစ်ရောင်တာကို သက်သာစေပြီး လေးဖက်နာ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ကြွက်သားတွကို သန်မာစေပြီး ကယ်လ်ဆီယမ် ပါဝ်နေမှုက အရိုးတွေကို ကြံ့ခိုင် ကျန်းမာစေနိုင်ပါတယ်။ဗီတာမင် B အုပ်စု ပါဝင်နေတာကြောင့် အာရုံကြောဆဲလ်တွေထဲက chemical levels ကို ထိန်းညှိပေးပါတယ်။စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာတွေကို သက်သာစေပြီး စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။ စိတ်ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။  ပါကင်ဆန်ရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ဩဇာသီးက အဆစ်ရောင်တာနဲ့ ဂေါက်ရောဂါလိုမျိုး ရောဂါတွေကြောင့် ရောင်ရမ်းတာကို သက်သာစေနိုင်သလို ခန္ဓာကိုယ်မှာဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။ အရေပြားက ရောင်ရမ်းတာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ဩဇာသီး စားပေးတာက ခန္ဓာကိုယ်ကို ကော်လာဂျင် ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး အရေပြား ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသားအရေကို တင်းရင်းစေပြီး အရေပြားပြဿနာ ကင်းစေဖို့ ထောက်ကူပေးပါ တယ်။ အသက်အရွယ်ကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာတွေ ကင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ဩဇာသီးက သံဓာတ် ကြွယ်ဝတာကြောင့် သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးသလို သွေးတွင်းအောက်ဆီဂျင်ပမာဏကို လုံလောက်စွာ ရရှိစေပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ဩဇာသီးက ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုပေမယ့် ရောဂါအခံရှိသူတွေ၊ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးပုံမှန် သောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/custard-apple-benefits/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/get-rid-of-depression/
ခရမ်းချဉ်သီး နဲ့ အသားအရေ ကျန်းမာရေး
ဟင်းပဲချက်ချက်၊ သုပ်ပဲစားစား၊ ဆော့စ်ပဲ ဖျော်ဖျော်အရသာရှိသလို ရေစင်အောင်ဆေးပြီး အစိမ်းအတိုင်းစားရင်လည်း အရသာရှိတဲ့ခရမ်းချဉ်သီးက ကျန်းမာရေးအတွက် အာနိသင်များသလိုအသားအရေကိုလည်း ကျန်းမာစေပါတယ်။ ဒီတော့ အရောင်နီနီရဲရဲလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ခရမ်းချဉ်သီးလေးက အသားအရေကို ဘယ်လို ထောက်ပံ့ပေးသလဲဆိုတာကို ​ကြည့်လိုက်ရအောင်နော်။ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ အများက သိထားတဲ့ ခရမ်းချဉ်သီးမှာ။အရောင်အသွေး လှပြီး အရသာရှိတဲ့ ခရမ်းချဉ်သီးလေးက။အရေပြားကင်ဆာမဖြစ်အောင် ကာကွယ်ပေးတယ်။နေရောင်နဲ့ ထိတွေ့မှုများတာက အရေပြားကင်ဆာ ဖြစ်နိုင်ခြေများစေပါတယ်။ အကြောင်းကတော့နေရောင်မှာပါတဲ့ခရမ်းလွန်ရောင်ခြည်ကြောင့်ပါ။ ခရမ်းချဉ်သီးမှာပါတဲ့ lycopene လို့ခေါ်တဲ့ ဒြပ်ပေါင်းကကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိနေပါတယ်။အရေပြားကင်ဆာကို ကာကွယ်ချင်တယ်ဆိုရင် ခရမ်းချဉ်သီးကို ပုံမှန် စားသုံးပေးတာက အဆင်ပြေစေမှာပါ။နေလောင်တာကို သက်သာစေနိုင်တယ်။အရေပြားအတွက် နေလောင်ကာခရင်မ် မသုံးချင်ဘူးဆိုရင် ခရမ်းချဉ်သီးကို အသုံးပြုလို့ရပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် နေလောင်တာကို သက်သာစေနိုင်တဲ့ အာနိသင်ဖြစ်တဲ့ lycopene ပါဝင်နေမှုက အသားအရေကို နေလောင်ဒဏ်မှ ကာကွယ်ပေးပြီး နေလောင်ခဲ့ရင်လည်း မြန်မြန်သက်သာစေဖို့ အထောက်အပံ့ပေးပါတယ်။နေလောင်တာ သက်သာစေဖို့အတွက် ခရမ်းချဉ်သီးကို စားပေးလို့ရသလို နေလောင်တဲ့နေရာကို ခရမ်းချဉ်သီး တိုက်ရိုက်လိမ်းပေးလို့လည်း ရပါတယ်။အနာကျက်စေနိုင်တယ်။ခရမ်းချဉ်သီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေမှုက အရေပြားမှာဖြစ်တဲ့အနာတွေကို ကျက်စေဖို့ အထောက်အကူပြုပေးနိုင်သလိုတွယ်ဆက်တစ်ရှူးတွေကိုလည်း အားဖြည့်ပေးပါတယ်။ အနာကျက် ဖြစ်စဉ်ကိုလည်း မြန်စေနိုင်ပါတယ်။အနာကျက်စေဖို့ ခရမ်းချဉ်သီးကို စားပေးလို့ရသလို အနာပေါ်မှာ ခရမ်းချဉ်သီး အရည်ကို လိမ်းပေးလို့လည်း ရပါတယ်။အရေပြားရောင်ရမ်းတာကို သက်သာစေတယ်။ခရမ်းချဉ်သီးမှာရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ ဒြပ်ပေါင်းတွေဖြစ်ကြတဲ့။ကော်လာဂျင်ထွက်ရှိမှုကို မြှင့်တင်ပေးတယ်။ခရမ်းချဉ်သီးမှာ ဗီတာမင် ကြွယ်ဝမှုက ကိုယ်ခံအားကို မြှင့်တင်ပေးသလိုအရေပြားကျန်းမာရေးအတွက် လိုအပ်တဲ့ ကော်လာဂျင်ထွက်ရှိမှုကို မြှင့်တင်ပေးပါတယ်။ အသားအရေကို တင်းရင်းစေပြီးအရေးအကြောင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ဆဲလ်သေတွေဖယ်ရှားပေးတယ်။အရေပြားပေါ်က ဆဲလ်သေတွေ ဖယ်ရှားဖို့အတွက်လည်း ခရမ်းချဉ်သီးကို အသုံးပြုပေးလို့ရပါတယ်။ ခရမ်းချဉ်သီးမှာပါတဲ့အင်ဇိုင်းက ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးပါတယ်။ခရမ်းချဉ်သီးကို ကြိတ်ခြေပြီး ရလာတဲ့အနှစ်ကို အရေပြားပေါ်မှာ လိမ်းလို့ ခြောက်သွားအောင်ထားပြီး ရေအေးအေးနဲ့ ဆေးချလိုက်ရုံပါ။ မျက်နှာ အပါအဝင် တစ်ကိုယ်လုံးက ဆဲလ်သေတွေကို ဖယ်ရှားနိုင်မယ့် သဘာဝ နည်းလမ်းတစ်ခုပါ။အရွယ်တင်စေနိုင်တယ်။ခရမ်းချဉ်သီးမှာ အရေပြား ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင် B အုပ်စု ပါဝင်နေတာ​ကြောင့် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေ ဖြစ်ကြတဲ့။အ​ကြောပြတ်ရာတွေကို သက်သာစေနိုင်တယ်။ဓာတ်တိုးပစ္စည်းတွေက ဆဲလ်တွေကို ထိခိုက်စေနိုင်ပြီး အရေးအကြောင်းတွေနဲ့ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ခရမ်းချဉ်သီးမှာ အသားအရေကို အထောက်အပံ့ပေးတဲ့ ဗီတာမင် C ကြွယ်ဝမှုက ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေ ထိခိုက်တာမျိုး မဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။အကြောပြတ်ရာတွေပေါ်မှာ ခရမ်းချဉ်သီးကို လိမ်းပေးရုံနဲ့ သိသာတဲ့ရလဒ်ကို ရရှိစေမှာပါ။အစိုဓာတ် ဖြည့်ပေးတယ်။အရေပြားမှာ အစိုဓာတ် နည်းလာတဲ့အခါ ယားယံတာ၊ ကွဲအက်တာနဲ့ အဖတ်လန်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာတွေကို ကင်းစေဖို့ဆိုရင် ခရမ်းချဉ်သီးကို အသုံးပြုပေးလို့ ရပါတယ်။ခရမ်းချဉ်သီးက အရေပြားကို အစိုဓာတ်ဖြည့်ပေးနိုင်ပြီး ပိုတက်ဆီယမ် ပါဝင်တာကြောင့် အရေပြားပြဿနာတွေကို ကင်းစေနိုင်ပါတယ်။ အသားအရေ​ခြောက်သွေ့နေရင်ဖြစ်ဖြစ် အရေပြားကိုအစိုဓာတ်ပြည့်ဝစေချင်ရင်ဖြစ်ဖြစ် ခရမ်းချဉ်သီး လိမ်းပေးလို့ရပါတယ်။ဒါတွေအပြင်ချွေးပေါက်တွေကျဉ်းစေဖို့၊ အသားအရေကြည်လင်စေဖို့နဲ့ဆားဝက်ခြံတွေ သက်သာစေဖို့အတွက်လည်း ခရမ်းချဉ်သီးကို အသုံးပြုလို့ရပါသေးတယ်။ အသားအရေလေးကြည်လင်ပြီး အနာအဆာ ကင်းစေဖို့ခရမ်းချဉ်သီးလေးရဲ့ အကူအညီရယူလိုက်စို့နော်………….။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/the-beauty-secrets-of-tomato/
အသည်းရောင်ရောဂါအမျိုးမျိုး
ဗိုင်းရပ်(စ်)ပိုးကြောင့်ဖြစ်သောအသည်းရောင်ရောဂါဆိုသည်မှာအသည်း၏လုပ်ငန်းများကိုထိခိုက်စေပြီးအသည်းကင်ဆာအထိဖြစ်ပွားစေနိုင်ပါသည်။ အသည်းရောင်ရောဂါ A,B,C,D,E ဟူ၍ မျိုးကွဲငါးမျိုးရှိပြီး ပိုးအားလုံးဟာအသည်းရောင်ရောဂါဖြစ်ပွားစေနိုင်သော်လည်း ဖြစ်ပွားပုံနည်းလမ်းများကွာခြားပါသည်။အသည်းရောင်ရောဂါ(အေ)ကိုဖြစ်စေပြီး ကူးစက်မြန်ပါတယ်။ လူနာ၏မစင်တွင်ပါတတ်ပြီး မသန့်ရှင်းသောရေနှင့် အစားအစာတို့မှကူးစက်နိုင်ပါသည်။ ထို့အပြင်လိင်ဆက်ဆံခြင်းမှလည်းကူးစက်နိုင်သည်။မပြင်းထန်သော အသည်းရောင်ရောဂါ(အေ)သည် ကုသရန်မလိုပါ။ အသည်းအား တစ်စုံတစ်ရာထိခိုက်ခြင်းမရှိဘဲ ပြန်ကောင်းနိုင်ပါသည်။ သို့သော်လည်း အသည်းရောင်ရောဂါ(အေ)သည် တစ်ခါတရံတွင် ပြင်းထန်စွာ ဖြစ်ပွားတတ်ပြီး အသက်အန္တရယ်ဖြစ်စေနိုင်ပါသည်။ညစ်ညမ်းသောနေရာများတွင်အဖြစ်များသည့်အတွက်ကြောင့်တစ်ကိုယ်ရေသန့်ရှင်းမှြုမှင့်တင်ခြင်းသည် အကောင်းဆုံးကာကွယ်မှုဖြစ်သည်။ အသည်းရောင်ရောဂါပိုး (အေ)ကို ကာကွယ်ရန်အတွက် လုံခြုံထိရောက်သော ကာကွယ်ဆေးများလည်းရရှိနေပါပြီ။အသည်းရောင်ရောဂါ(ဘီ)သည် အသည်းရောင်အသားဝါ(ဘီ)ပိုးကြောင့်ဖြစ်သော ပြင်းထန်သည့်အသည်းရောဂါဖြစ်သည်။ ရောဂါပိုးပါသောသွေး၊ သုတ်ပိုးနှင့် အခြားခန္ဓါကိုယ်မှ အရည်များဖြင့်ထိတွေ့ခြင်းဖြင့် ကူးစက်နိုင်သည်။ရောဂါပိုးပါသောသွေးအားသွင်းမိခြင်း၊ အပ်စူးခြင်းတို့မှလည်းကူးစက်နိုင်သည်။အသည်းရောင်အသားဝါ(ဘီ)ပိုးရှိသောမိခင်မှကလေးမွေးချိန်တွင်လည်းကောင်း ၊ကလေးငယ်သေးချိန်တွင်အသည်းရောင်အသားဝါ(ဘီ)ပိုးရှိသော မိသားစုဝင်မှလည်းကောင်းကူးစက်နိုင်သည်။ တစ်နှစ်အောက်ကလေးနှင့်ကလေးငယ်များတွင် နာတာရှည်အသည်းရောင်ရောဂါ(ဘီ)ဖြစ်လွယ်သည်။ကျန်းမာရေးလုပ်သားများတွင်လည်း အဖြစ်များပြီးရောဂါပိုးသယ်ဆောင်သော အပ်စူးမိခြင်းမှကူးနိင်သည်။ လုံခြုံထိရောက်သောကာကွယ်ဆေးများလည်းရရှိနေပါပြီ။ ရောဂါကိုပျောက်ကင်းအောင်မကုသနိုင်သေးပါ။ရောဂါပိုးရှိသူသည် အခြားသူများအားမကူးစက်အောင် ကြိုတင်ကာကွယ်မှုများပြုလုပ်ကာ ရောဂါမပြန့်ပွားစေရန် ပြုလုပ်ရမည်ဖြစ်သည်။အချို့သူများတွင် အသည်းရောင်အသားဝါ(ဘီ)ပိုး ကူးစက်ခံရမှုသည် နာတာရှည်အဖြစ်သို့ ကူးပြောင်းသွားတတ်ပါသည်။ ကူးစက်ခံရပြီး ခြောက်လကျော်သည်အထိ ပိုးမပျောက်ကင်းသည့်အခါ နာတာရှည်အသည်းရောင်(ဘီ) အဖြစ်သတ်မှတ်ပြီး နာတာရှည် အသည်းရောင် (ဘီ) သမားများတွင်အသည်းပျက်စီးမှုနှင့် အသည်းကင်ဆာ၊ အသည်းခြောက်မှုများ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာစေပါသည်။အသည်းရောင်ရောဂါ(စီ)ပိုးသည် အသည်းကိုတိုက်ခိုက်ပြီး အသည်းအားရောင်ရမ်းစေတတ်သော ရောဂါပိုးတစ်မျိုးဖြစ်သည်။ ရောဂါပိုးပါသောသွေးနှင့်ထိတွေ့ခြင်း၊မူးယစ်ဆေးသုံးစွဲစဉ်အပ်များမျှဝေသုံးစွဲခြင်းတို့မှ ကူးစက်နိုင်ရုံသာမက လိင်မှတစ်ဆင့်(အဖြစ်နည်း)လည်း ကူးစက်နိုင်သည်။ အသည်းရောင်အသည်းဝါ(စီ)ပိုး အသည်းရောင်အသည်းဝါပိုးများထဲတွင် အဆိုးဆုံးဖြစ်သည်။ ကာကွယ်ဆေးမရှိပါ။အသည်းရောင်ရောဂါ(ဘီ)ပိုးရှိသောသူသည် အသည်းရောင်ရောဂါ(ဒီ)ပိုးပါတွဲရှိနေတတ်ပြီး ပို၍ဆိုးဝါးသောရလဒ်များရရှိနိုင်သည်။ ဘီပိုးကာကွယ်ဆေးသည် ဒီပိုးအတွက်လည်းကာကွယ်မှုပေးသည်။အသည်းရောင်ရောဂါ(အီး)ပိုးသည် မသန့်ရှင်းသောရေနှင့် အစားအစာများမှတစ်ဆင့် ကူးစက်တတ်သည်။ အချို့ဖွံဖြိုးဆဲနိုင်ငံများတွင် အသည်းရောင်ရောဂါများအဖြစ်များသည်။ ကာကွယ်ဆေးများထွက်ပေါ်နေပြီဖြစ်သော်လည်း ကျယ်ပြန့်စွာမရရှိနိုင်သေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%99-2/
အာလူးပဲ စား ရတဲ့ Potato dietက တကယ်ဝိတ်ကျစေသလား
အာလူး စားရင် ကိတ်တယ်။အာလူးစားရင် ဝလာမယ်လို့ပဲ သိထားကြတော့ အာလူးပဲ စား ပြီးဝိတ်ချတယ်ဆိုတာက ဖြစ်နိုင်ပါ့မလားလို့ မေးစရာ ရှိပါတယ်။ လေ့လာချက်တွေအရတော့ အာလူးက အာဟာရဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး ဝိတ်ကျဖို့ကို အထောက်အကူပြုပါတယ်။ ဒါပေမယ့် စားပုံစားနည်း မှန်ဖို့တော့ လိုပါတယ်။အခွံမခွာဘဲ ဖုတ်ထားတဲ့ အာလူးအလတ်စား (၆.၁ အောင်စ/ ၁၇၃ ဂရမ်) တစ်လုံးမှာဆိုရင်။အဆီပါဝင်မှုကတော့ ‘0’ ပါ။ဒါကို ကြည့်မယ်ဆိုရင် အာလူးက အာဟာရပြည့်ဝတဲ့ အပင်တစ်မျိုးဖြစ်တာကို တွေ့ရပါမယ်။ အထူးသဖြင့် သူ့မှာပါဝင်တဲ့ပိုတက်စီယမ်ပမာဏက ငှက်ပျောသီးထက်တောင် များပါသေးတယ်။အာလူး စားရင်  ဝလာကြတာက စားပုံစားနည်း မမှန်လို့ပါ။  ဥပမာ ပြောရရင်။ဝိတ်အတက်အကျ ဆိုတာကယ်လိုရီနဲ့ အများကြီး သက်ဆိုင်ပါတယ်။ အာလူးမှ မဟုတ် ဘာပဲစားစား တစ်နေ့တာ ကယ်လိုရီ ပမာဏ ကျော်လွန်အောင် စားမယ်ဆိုရင် ကြာလာရင် ဝလာမှာပါ။ အာလူးဆိုလည်း ဒီလိုပါပဲ။ ကယ်လိုရီပါဝင်မှုက သိသိသာသာ များလှတာမျိုး မဟုတ်ပေမယ့် အလွန်အကျွံ စားကြတဲ့အတွက် ဝလာကြတာပဲ ဖြစ်ပါတယ်။အာလူးစားရင် ဝလာကြတာက အာလူးကြောင့် ဆိုတာထက် အာလူးကိုချက်ပြုတ်တဲ့ ပုံစံကြောင့်ပါ။ အာလူးကို ဆီထဲ နှစ်ပြီး ကျော်တာ၊ ချိစ်တွေနဲ့ တို့စားတာ၊ ဆားဖြူးစားတာ စတာတွေက ဝလာစေတဲ့ အဓိက တရားခံပါပဲ။အာလူး မှာ ပါတဲ့ အမျှင်ဓာတ်တွေ၊ resistant starchတွေက တစ်ခါစားပြီးရင် ကြာကြာအဆာခံပါတယ်။ ဒါကြောင့် ခဏခဏ မစားဖြစ်အောင် ကူညီပေးပါတယ်။အာလူးမှာ Protease Inhibitors- 2 ပါဝင်တဲ့အတွက် ဗိုက်ပြည့်တဲ့ ခံစားချက်ကို ဖြစ်စေတဲ့ ဟော်မုန်းCholecystokininကို ထုတ်ပေးပါတယ်။ ဒါ့ပြင် polyphenols ပါတဲ့အတွက် ကိုယ်တွင်းက သကြားဓာတ်တွေကို ခပ်မြန်မြန် ဖြိုခွဲပေးနိုင်ပါတယ်။အာလူးမှာ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ကိုယ်တွင်းမှာရေဝိတ်မတက်အောင်  တားဆီးပေးပါတယ်။ တချို့သော လေ့လာချက်တွေမှာ အဆီဆဲလ်တွေကို ကျုံ့စေတယ်လို့တောင် ဆိုကြပါတယ်။အာလူးစားပြီး ဝိတ်ချတဲ့dietကို Potato dietဆိုပြီး ပြောကြပါတယ်။ တိကျသေချာတဲ့ လေ့လာချက်တွေ မရှိသေးပေမယ့် ဒီdietက ရေတို ဝိတ်ကျတာကို ဖြစ်စေတယ်လို့ ဆိုကြပါတယ်။ အာလူးစားပြီး ဝိတ်ချမယ်ဆိုရင် လိုက်နာသင့်တာတွေက။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/potato-diet-for-weight-loss/
null
null
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/tips-to-remove-mucus-from-throat/
ကိုဗစ်ကာလမှာ ကလေးကို ကျောင်းပြန်ပို့တော့မယ်ဆိုရင်
COVID-19ကပ်ရောဂါအတွက် ခုထက်ထိ ကာကွယ်ဆေးရော၊ ကုသဆေးပါ မတွေ့သေးဘူးဆိုပေမယ့် လူတွေဟာNew normalဆိုတဲ့ နေထိုင်မှုပုံစံအသစ်နဲ့ နေသားကျဖို့ ကြိုးစားနေကြပါပြီ။အလုပ်တွေပြန်လုပ်နေကြပြီဖြစ်သလို ကျောင်းတွေလည်း အတိုင်းအတာတစ်ခုအထိ ပြန်ဖွင့်လာကြပါပြီ။ ကျောင်းပြန်ဖွင့်မယ်ဆိုတုန်းက ဒီလို အခြေအနေမှာ ကျောင်းပြန်ဖွင့်တာက ကလေးတွေကို မတော်တဆရောဂါပိုးတွေများ ကူးစက်စေမလားဆိုပြီး တစ်နှစ်လောက် ကျောင်းနားလိုက်ဖို့အထိ စဉ်းစားထားကြတဲ့ မိဘတွေလည်း ဒုနဲ့ ဒေးပါပဲ။မတတ်သာလို့သာ ဒီလိုစဉ်းစားကြတာပါ။ တတ်နိုင်ရင် ကလေးကို တစ်နှစ်နားစေချင်မှာ မဟုတ်ပါဘူး။ ခုဆိုရင် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကလေးတွေကို တတ်နိုင်သမျှ အန္တရာယ်ကင်းကင်းနဲ့ ကျောင်းတက်နိုင်အောင်လို့ လိုက်နာရမယ့် စည်းကမ်းလေးတွေ ထုတ်ပြန်ထားပါတယ်။တတ်နိုင်ရင် ကလေးကို သူနားလည်လောက်မယ့် စကားလုံးတွေနဲ့ကိုရိုနာဗိုင်းရပ်စ်အကြောင်းကို ရှင်းပြထားပါ။ ဒီရောဂါဟာ ဘယ်လိုရောဂါမျိုးဖြစ်တယ်၊ ဘယ်လိုနည်းနဲ့ ကူးစက်တတ်တယ်ဆိုတဲ့အကြောင်းကို ရှင်းပြထားပါ။ ဒါမှ သင်နောက်ပိုင်းမှာ ပြောမယ့် ရောဂါကာကွယ်နည်းတွေအကြောင်း၊ ကျောင်းမှာ လိုက်နာရမယ့် သူတို့မကြုံဖူးတဲ့စည်းကမ်းတွေအကြောင်းကို သူတို့နားလည်နိုင်မှာပါ။ကလေးတွေကို အိမ်မှာတည်းက သင်ထားပေးရမယ့် အလေ့အကျင့်ကောင်းတွေကတော့။–လက်ဆေးနည်း။–နှာခေါင်းစည်းတပ်နည်း။–နှာချေ၊ ချောင်းဆိုးရမှာ လိုက်နာရမယ့် ကျင့်ဝတ်တွေပဲ ဖြစ်ပါတယ်။– ပြီးတော့ ကလေးကို ကျောင်းတက်တဲ့ ကာလတစ်လျှောက်မှာ အာဟာရပြည့်အောင် ကျွေးဖို့၊အိပ်ရေးဝဝအိပ်ခိုင်းဖို့၊တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ဖို့ ဆိုတာတွေကလည်း မေမေတို့ သိပြီးသားအရာတွေပဲ ဖြစ်ပါတယ်။– အရေးကြီးဆုံးအချက်ကတော့ ဖျားနေတဲ့ကလေးကို ကျောင်းမပို့ပါနဲ့။ ဖျားနေရင် ကလေးကို ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူပါ။– ကျောင်းကြိုတာ/ ပို့တာကိုလည်း တတ်နိုင်သမျှ တစ်ယောက်တည်းကပဲ သတ်သတ်မှတ်မှတ်ပို့ပေးပါ။– နှလုံး၊သွေးတိုး၊ ဆီးချို၊ အဆုတ်ရောဂါလို နာတာရှည် ရောဂါအခံရှိတဲ့သူတွေ၊ အသက်အရွယ်ကြီးတဲ့သူ (အသက်၆၀နဲ့ အထက်)တွေတတ်နိုင်ရင် ကျောင်းအကြို/အပို့ မလုပ်ပါစေနဲ့။ ဖျားနာနေရင်လည်း ကလေးကို ကျောင်းအကြိုအပို့ မလုပ်ပါနဲ့။– ကျောင်းလာပို့ရင်လည်း မိဘတွေအချင်းချင်း အရင်လို နီးနီးကပ်ကပ်စကားပြောတာ၊ ကလေးတွေအကြောင်း ဆွေးနွေးတာမျိုးတွေက မသင့်တော်ပါဘူး။ တတ်နိုင်ရင် အချင်းချင်း ၆ပေလောက်ခွာပြီးနေပါ။– ကျောင်းလာတဲ့လမ်းတစ်လျှောက်မှာ နှာခေါင်းစည်း၊မျက်နှာအကာကို သေချာတပ်ပေးလိုက်ပါ။ ဘာလို့ ဒါမျိုးတွေ မဖြစ်မနေ တပ်နေရလဲဆိုတာကို ကလေးကို နားလည်အောင် ရှင်းပြပေးပါ။– ကျောင်းကားစီးမယ်ဆိုရင် တတ်နိုင်သမျှ ပြတင်းပေါက်တွေ ဖွင့်ထားပါ။ လေဝင်လေထွက်ကောင်းပါစေ။– စာသင်ခန်းထဲကို ဝင်မယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ၆ပေလောက်ခွာပြီးမှ ဝင်ကြပါ။ ကျောင်းပေါက်ဝမှာတည်းက ကလေးတစ်ယောက်ချင်းစီကိုကိုယ်အပူချိန်တိုင်းဖို့စီစဉ်ထားပါလိမ့်မယ်။– စာသင်ကြားချိန်အတွင်းမှာလည်း  မျက်နှာအကာတပ်ပြီး နှာခေါင်းစည်းကိုလည်း တတ်နိုင်သမျှ တပ်ထားပါ။ တောက်လျှောက်တပ်ဖို့ကတော့ ကလေးအတွက် အခက်အခဲရှိနိုင်တယ်လို့ ယူဆပါတယ်။– အစာမစားမီ၊ နှာချေချောင်းဆိုးပြီးတိုင်း၊ နှာခေါင်းစည်းမကိုင်မီနဲ့ ကိုင်ပြီးတိုင်း၊ အညစ်အကြေးကိုင်ပြီးတိုင်း၊ အိမ်သာမှဆင်းတိုင်း၊ အများသုံးပစ္စည်းကိုင်တွယ်ပြီးတိုင်း လက်ဆေးဖို့ မှာထားပါ။– အသုံးပြုပြီးတဲ့တစ်သျှူးတွေ၊ နှာခေါင်းစည်းတွေကို အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ခိုင်းပါ။ ပြီးရင် လက်ပြန်ဆေးခိုင်းပါ။– လူစုလူဝေးဖြစ်နိုင်မယ့် အစည်းအဝေးတွေ၊ ကျောင်းတွင်းလှုပ်ရှားမှုတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ လုပ်မယ်ဆိုလည်း တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေပါ။ နှာခေါင်းစည်းတပ်ပါ။– ကျောင်းချိန်အတွင်းမှာဖျားနာတာမျိုး ဖြစ်ခဲ့မယ်ဆိုရင် မိဘကို ချက်ချင်းအကြောင်းကြားပါ။ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူပါ။– ဖြစ်နိုင်ရင် အိမ်ကထည့်ပေးလိုက်တာကိုပဲ စားပါ။– အိမ်ကထည့်ပေးလိုက်တဲ့ ထမင်းတွေ၊ မုန့်တွေကို တစ်ဦးချင်း သပ်သပ်ခွဲစားပါ။ သူငယ်ချင်းတွေနဲ့ စုပြီး မစားပါနဲ့။– အစာမစားခင်နဲ့ စားပြီးချိန်မှာလည်း လက်ဆေးဖို့မမေ့ပါနဲ့။– ကျောင်းဆင်းချိန်မှာလည်း ကျောင်းလာပို့သလိုပဲ မိဘတွေ အချင်းချင်း နီးနီးကပ်ကပ်မနေပါနဲ့။– ကျောင်းဂိတ်ဝကနေပဲ ကြိုပါ။ တတ်နိုင်ရင် ကျောင်းထဲ မဝင်ပါနဲ့။– အိမ်ရောက်တာနဲ့ အဝတ်တွေကို ချက်ချင်းလဲပါ။ အဝတ်တွေကို မခါပါနဲ့။ဆပ်ပြာနဲ့ မိနစ်၃၀လောက်စိမ်ပြီးမှ လျှော်ပါ။ အကြိုအပို့လုပ်တဲ့သူရော ကလေးပါရေချိုးပါ။– ရေမချိုးရသေးဘဲ အိမ်မှာရှိတဲ့ မိသားစုဝင်တွေ (အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့) အနီးကပ်မနေပါနဲ့။ဒီအချက်တွေကတော့ ကိုဗစ်ကာလမှာ ကျောင်းတက်ရမယ်ဆိုရင် ရောဂါကူးစက်မှုနည်းစေဖို့ လိုက်နာသင့်တဲ့ အချက်တွေပါပဲ။ စစချင်းမှာ ကလေးတွေအတွက် အသက်ငယ်ရင် ငယ်သလို စည်းကမ်းတွေကို လိုက်နာဖို့ ခက်ခဲနိုင်တာကြောင့် မိဘနဲ့ ဆရာ/ဆရာမတွေ အတူပူးပေါင်းပြီး ကလေးကို စောင့်ရှောက်ပေးဖို့လိုပါတယ်။ မိဘတွေရော၊ ဆရာ/ဆရာမတွေရော၊ ကလေးတွေရော တိတိကျကျ စည်းကမ်းလိုက်နာမှပဲရောဂါကူးစက်မှုအန္တရာယ်ကို ကာကွယ်နိုင်ပြီး ကျန်းမာပျော်ရွှင်စွာနဲ့ ကလေးတွေ ပညာသင်ကြားနိုင်မှာပဲဖြစ်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-growth-development/things-u-should-know-before-sending-ur-kids-back-to-school/
အားနာတတ်တာလား? Social Phobia ဖြစ်နေတာလား?
သင်ဟာ တစ်ဖက်သားကို တစ်စုံတစ်ခု ပြောဆိုရမှာ၊ ပတ်သက်ဆက်နွယ်ရမှာ ထိတွေ့ဆက်ဆံရမှာကို မကြာခန ရှက်ရွံ့စိုးရိမ်မိနေပြီလား။ လူအများအကြားမှာ ပြောရဆိုရ၊ လုပ်ရကိုင်ရမယ့်ကိစ္စတွေကို ဆောင်ရွက်ဖို့ စိုးရွံ့လို့နေပြီလား။သင်ဘာဖြစ်နေတာလဲ။ အားနာနေတာလား။ ဒါမှမဟုတ် စိတ်ဖိစီးမှုများပြီး Social Phobia များ ဖြစ်နေပြီလား။ ဆန်းစစ်ကြည့်ရအောင်နော်။SocialPhobiaကိုSocial Anxiety Disorderလို့လည်း ခေါ်ဝေါ်သုံးစွဲကြပါတယ်။ စိတ်ပညာဘာသာရပ်မှာတော့ လူမှုအသိုင်းအဝိုင်းအပေါ် စိတ်လွန်ကဲမှု ဝေဒနာရှင်လို့ ခေါ်ဆိုထားပါတယ်။ ဒီရောဂါဟာ စိတ်ဖိစီးမှုနဲ့ ညှဉ်းပမ်းနှိပ်စက်မှုပြီးရင် ကမ္ဘာပေါ်မှာ တတိယမြောက်အဖြစ်အများဆုံး စိတ်ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ Social Phobia ဟာ တစ်စုံတစ်ယောက် ဒါမှမဟုတ် လူအများအပြားနဲ့ ဆက်ဆံပြောဆိုရမှာကို အကြီးအကျယ် ကြောက်ရွံ့တာ ဒါမှမဟုတ် စိတ်သောကရောက်တာမျိုး ခံစားရတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ဒီလို စိတ်ဝေဒနာရှိတဲ့သူတွေဟာ လူအများနဲ့ ပြောဆိုဆက်ဆံရတာ၊ လူအများအသုံးပြုနေတဲ့ အိမ်သာစတာတွေကို အသုံးပြုရတာ၊ လူအများရှေ့မှာ Presentations လုပ်ရတာမျိုးတွေတာ၊ လူအများအပြားရှိတဲ့ အစားအသောက်တန်းတွေမှာ စားသောက်ရတာ၊ လူအများအပြားနဲ့ အတူတကွ စားသောက်ရတာ၊ Public Area တွေမှာ ထိုင်ရတာ၊ အများသူငှာနဲ့ ပတ်သက်ရတာတွေကို ရှက်ရွံ့စိတ်သောကရောက်နေတတ်ပါတယ်။ ဒီဝေဒနာ ခံစားနေရသူတွေဟာ လူအများနဲ့ ဆက်ဆံရာမှာ ကိုယ့်ကို အားနည်းတယ်၊ နိမ့်ကျတယ်၊ ဉာဏ်ရည်နိမ့်ပါးတယ်၊ အရည်အချင်းပြည့်မှီမှုမရှိဘူး၊ မထိုက်တန်ဘူးလို့ တွေးမြင်ဆုံးဖြတ်ကြမှာကို စိုးရိမ်လွန်ကဲတတ်ကြသလို တစ်ဖက်သားက မိမိအပေါ် လေးစားမှုမပြသကြမှာကိုလည်း စိုးရိမ်တတ်ကြပါတယ်။ဒီလူတွေဟာ သူတို့ရဲ့ လုပ်ဆောင်ချက်တစ်စုံတစ်ရာကို တစ်ခြားတစ်ဦးတစ်ယောက် ဒါမှမဟုတ် လူအများက လှောင်ပြောင်မှာ၊ ဟာသလုပ်မှာ၊ နှောင့်ယှက်ကြမှာကိုလည်း အထူးစိုးရိမ်တတ်ပြီး တစ်သီးတစ်သန့်နေရဖို့ အမြဲကြိုးပမ်းလေ့ရှိပါတယ်။ ဒီလိုပြုမူ နှောင့်ယှက်ခံရရင်လည်း စိုးရိမ်သောက ကြီးစွာရတတ်ပြီး စိတ်ဒါဏ်ရာအဆင့်အထိ ရောက်သွားတတ်ပါတယ်။ ဒါ့အပြင် နှလုံးခုန်နှုန်း ပြင်းထန်လျှင်မြန်လာတတ်ပြီးနှလုံးရောဂါဝေဒနာမျိုးလည်း ကြုံရတတ်ပါတယ်။ယျေဘုယျ သဘောအရ ပြောရမယ်ဆိုရင် မတူညီပါဘူး။ အားနာတတ်တာဟာ သူတပါး မိမိကြောင့် စိတ်အနှောင့်အယှက်ဖြစ်မှာကိုစိုးရိမ်တဲ့စိတ်ဖြစ်ပါတယ်။ လူအများနဲ့ ဆက်ဆံပြောဆိုရမှာကို တွန့်ဆုတ်တယ်ဆိုပေမယ့် ကိုယ့်ကြောင့် တဖက်သား စိတ်ကသိကအောင့်ဖြစ်မှာကို ကြိုတင်စိုးရိမ်နေတာမျိုး၊ ကိုယ့်ကိုယ်ကို သတိအလွန်အကျွံထားမိနေတာမျိုး ဖြစ်ပါတယ်။ Social Phobia ကတော့ သူတပါးကြောင့် မိမိ ကိုယ်၊ စိတ်နှစ်ပါး ထိခိုက်ခံစားရမှာကို စိုးရိမ်ထိတ်လန့်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နှစ်ခုစလုံးဟာ မပွင့်လင်းတဲ့ စိတ်အခံကို အခြေခံထားပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေကြောင့် စိတ်ဖိစီးမှုကြုံရတာခြင်းတော့ တူညီပါတယ်။ နှစ်မျိုးနှစ်စားလုံးဟာ လူ့အဖွဲ့အစည်းအတွင်း ဝင်ဆန့်ဖို့ ရုံးကန်နေရတဲ့အခြေအနေမျိုးမှာ အကျပ်အတည်းတွေ့နေသူတွေချည်းဖြစ်ပါတယ်။Social Phobia ဝေဒနာခံစားနေရပြီဆိုရင် “Fight or Flight” တုန့်ပြန်မှုမျိုးတွေ ရှိလာပါလိမ့်မယ်။ ရှက်ရွံ့လွန်ပြီး ရှောင်ပြေးသွားတာနဲ့ ကမူးရှူးထိုး ပြန်လည်တုန့်ပြန်တာမျိုးတွေပါ။ ဒီဝေဒနာစွဲကပ်နေသူတွေဟာ အလွန်းအမင်းစိတ်လှုပ်ရှားလာချိန်တွေမှာမူးဝေတာ၊ ချွေးပြန်တာ၊ ခန္ဓာကိုယ်အေးစက်လာတာ၊ နှလုံးခုန်နှုန်းမြန်ဆန်တာ၊ မျက်နှာနီမြန်းလာတာ၊ အသက်ရှူကျပ်လာတာ၊ လည်ပင်းနဲ့ မျက်နှာက ကြွက်သားတွေ တင်းမာလာတာ၊ ဗိုက်အောင့်လာတာ၊ ကြွက်တက်တာ၊ စကားတွေထစ်တာ၊ ပြောမထွက်တာ၊ ရုတ်တရက် သိထားတာတွေ မေ့သွားတတ်တာမျိုးတွေဖြစ်လာတတ်ပါတယ်။ ဒီလိုလက္ခဏာတွေပြသပြီးတဲ့နောက်မှာ ပြင်းထန်တဲ့ စိတ်ဖိစီးမှုကို ခံစားရနိုင်ပြီး ကြောက်ရွံ့မှုလည်းဖြစ်နိုင်ပါတယ်။တစ်စုံတစ်ယောက်ဟာ ဒီလို ဝေဒနာမျိုးရှိနေတယ်၊ ခံစားနေရတယ်ဆိုတာ သိရရင် အကောင်းဆုံး လုပ်ပေးသင့်တာကတော့ နွေးထွေးပြူငှာစွာ ဆက်ဆံတာပါပဲ။ ဒီနည်းလမ်းဟာ Social Phobia ဝေဒနာရှင်တွေကို ကိုင်တွယ်ရာမှာ အထိရောက်ဆုံးနည်းလမ်းဖြစ်ပြီး သူတို့ဟာ အားနည်းသူတွေမဟုတ်ဘူးလို့ ခံစားရစေနိုင်ပါတယ်။ နောက်ထပ်တစ်ခုကတော့အသက်ရှှုလေ့ကျင့်ခန်းလုပ်ခိုင်းတာဖြစ်ပြီး သူစိုးရိမ်ကြောက်ရွံ့တဲ့ ကိစ္စအကြောင်းကိုလည်း နားထောင်ပေးသင့်ပါတယ်။ သူ့ စိတ်ထဲက အကြောက်တရားတွေကို ဖွင့်ဟစေပြီး နားထောင်ပေးတာကလည်း နည်းလမ်းကောင်းတစ်ခုလို့ WHO က ဆိုထားပါတယ်။ဒီလိုမဟုတ်ပဲ မှားယွင်းတဲ့ ဆက်ဆံပုံမျိုးတွေနဲ့ ဆက်ဆံမိမယ်ဆိုရင် ဝေဒနာရှင်ဟာ Specific Phobia (သီးသန့် တစ်စုံတစ်ရာကို ကြောက်ရွံ့တဲ့ စိတ်ဝေဒနာ)၊ Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ) ၊ Delusional Disorder (ထင်ယောင်ထင်မှား စိတ်ဝေဒနာ) တွေပါ ဆက်လက်ဖြစ်ပွားနိုင်တာမို့ အထူးဂရုပြုဖို့ လိုအပ်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%a1%e1%80%ac%e1%80%b8%e1%80%94%e1%80%ac%e1%80%90%e1%80%90%e1%80%ba%e1%80%90%e1%80%ac%e1%80%9c%e1%80%ac%e1%80%b8-social-phobia-%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%94%e1%80%b1%e1%80%90/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%9d%e1%80%ad%e1%80%90%e1%80%ba%e1%80%9c%e1%80%8a%e1%80%ba%e1%80%b8%e1%80%90%e1%80%80%e1%80%ba%e1%80%90%e1%80%9a%e1%80%ba%e1%81%8a%e1%80%99%e1%80%80%e1%80%bc%e1%80%ac%e1%80%81%e1%80%8f%e1%80%80/
ဘေဘီလေး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေဖို့
ဘေဘီလေးကဆီးသွားတိုင်း ငိုနေတယ်။ ဆီးကလည်း သိပ်မသွားဘူး။ အနံ့ကလည်း ပြင်းတယ်။ ဘာဖြစ်တာလဲ မသိဘူး ဆိုတဲ့ မေမေတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး အတူတူ အဖြေထုတ်လိုက်ရအောင်လား………။ဘေဘီလေး ဆီးသွားတိုင်း ငိုနေရတာကဆီးလမ်းကြောင်း ပိုးဝင်နေတာ ဖြစ်နိုင်ပါတယ်။ သေချာစေဖို့ ဒီအချက်လေးတွေနဲ့ ဆန်းစစ်ကြည့်ပါ။ဘေဘီလေးက။ဘေဘီလေး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေဖို့ဆိုရင်။ဘေဘီလေး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေဖို့ မိခင်နို့ များများ တိုက်ပေးပါ။ ဘေဘီလေးက ၆ လကျော်ပြီဆိုရင်ရေကျက်အေးတိုက်ပေးပါ။ဘေဘီလေးသေးခံစိုသွားတိုင်း ချက်ချင်း သန့်စင်ပေးပါ။ သေးခံ အသစ် လဲလှယ်ပေးပါ။ ကလေးကို သေးခံ လဲပေးတဲ့အခါ antimicrobial baby wipes ကို အသုံးပြုပြီး အေက်ပိုင်းကို သန့်စင်ပေးပါ။သေးခံ မလဲပေးခင်မှာ လက်ကို သေချာ သန့်စင်ဆေးကြောဖို့ မမေ့ပါနဲ့။ဘေဘီလေးကို hypoallergenic ဆပ်ပြာ အမျိုးအစား နဲ့ ရေနွေးနွေးလေး ရောစပ်ပြီး ရေချိုးပေးတာက ဆီးလမ်းကြောင်းမှာ ဘက်တီးရီးယား ပေါက်ဖွားမှုကို လျှော့ချပေးပြီး ဆီးလမ်းကြောင်းပိုးဝင်တာကြောင့် နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ဘေဘီလေးကို အင်းအင်းပါပြီးတိုင်း ဒါမှမဟုတ် ရှူးရှူးပေါက်ပြီးတိုင်း သန့်စင်ပေးတဲ့အခါ အရှေ့ဘက်ကနေ အနောက်ဘက်ကို ဆွဲယူတဲ့ ပုံစံနဲ့ သန့်စင်ပေးပါ။ ဒါမှ ဆီးလမ်းကြောင်း ပိုးဝင်တာကို ကာကွယ်နိုင်မှာပါ။ အထူးသဖြင့် မီးမီးလေးတွေမှာပေါ့။ဘေဘီလေးကို မအိပ်ခင်၊ အိပ်ခါနီး၊ ရေချိုး ခါနီး အချိန်တွေမှာ ရှူးတည်ပေးပါ။ မကြာခဏ ဆီးသွားစေတာက ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်ပါတယ်။ဘေဘီလေးက ၆ လကျော်ပြီဆိုရင် သူစားသုံးမယ့် အစားအစားထဲကို အုန်းဆီနည်းနည်း ထည့်ပြီး ပြင်ဆင်ပေးတာက ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်မှာပါ။ဘေဘီလေးက ၆ လအောက်ဆိုရင်တော့ ဆီးစပ်နားမှာ အုန်းဆီလေး လိမ်းပေးတာက ဆီးလမ်းကြောင်း ပိုးဝင်တာကို သိသိသာသာ သက်သာစေမှာပါ။ကလေးရဲ့ဝမ်းဗိုက် အောက်ပိုင်းကို ရေနွေးဝတ် ကပ်ပေးတာက ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်ပါတယ်။တစ်နေ့တာမှာ အကြိမ်ရေ တော်တော်များများ ကပ်ပေးဖို့တော့ လိုပါမယ်။ရေနွေးဝတ်က တအား ပူမနေစေဖို့ သတိထားပေးပါ။ကလေးကို အဝတ်အစား ဝတ်ပေးတဲ့အခါ ချောင်ချောင်ချိချိ ဖြစ်စေဖို့နဲ့ လေဝင်လေထွက် ကောင်းတဲ့ချည်သားဖြစ်စေဖို့ ဂရုပြုပါ။ ဘေဘီလေးရဲ့ အောက်ပိုင်းကို ခြောက်သွေ့အောင် ထားပေးပါ။ ဒီလို လုပ်ပေးတာက ကုသရာရောက်သလို ကာကွယ်ရာလည်း ရောက်ပါတယ်။တကယ်လို့ ဘေဘီလေးက။ဆီးလမ်းကြောင်း ပိုးဝင်တာက ကြီးကြီးမားမားကျန်းမာရေး ပြဿနာမဟုတ်ပေမယ့် အချိန်ကြာနေရင်တော့ မကောင်းတာ အမှန်ပါ။ ဆီးလမ်းကြောင်း ပိုးဝင်တာက အချိန်ကြာမြင့်နေမယ်ဆိုရင် ဘေဘီလေးတွေရဲ့ နုနယ်တဲ့ကျောက်ကပ်ကို ထိခိုက်စေပြီး ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် အထက်မှာ ပြောခဲ့တာတွေကို လုပ်ဆောင်ကြည့်လို့ အဆင်မပြေဘူးဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသစေချင်ပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/urinary-tract-infections-in-babies/
ဘဝရဲ့အဓိပ္ပါယ်ကို ဘယ်လိုရှာဖွေမလဲ
ဘဝရဲ့အဓိပ္ပါယ်က ဘာဖြစ်မလဲ။ အရိပ်တစ်ခုလိုပါပဲ။ ကျွန်တော်တို့ကဘယ်တော့မှ လှည့်မကြည့်ဘူးဆိုရင်တောင်မှ ဒီမေးခွန်းက ဘဝတလျှောက်လုံး ကျွန်တော်တို့နောက်က လိုက်နေမှာပဲ။ ကျွန်တော်တို့ရဲ့ဘဝကတစ်စုံတစ်ရာအတွက်တော့ တန်ဖိုးရှိမယ်၊အရေးပါနေမယ်လို့ ကျွန်တော်တို့အားလုံး ခံစားမိချင်ကြတယ်။ ဒါတွေအားလုံးက အရေးပါတဲ့ မတော်တဆဖြစ်ရပ်တစ်ခုလောက်ပဲတော့ မဟုတ်ဘူးလို့ သိထားချင်ကြတယ်။သတင်းကောင်းကတော့ ရည်မှန်းချက်အဓိပ္ပါယ်တစ်ခုကိုရှာဖွေခြင်းဟာ ဘယ်အသက်အရွယ်မှာမဆို လုပ်နိုင်တဲ့အရာ ဖြစ်နေတာပါပဲ။ ဒါပေမယ့် အရင်ဆုံးမေးခွန်းကိုတော့ ပြန်စီဖို့ လိုပါတယ်။‘ဘဝရဲ့အဓိပ္ပါယ်ကဘာလဲ’ ဆိုတဲ့ နေရာမှာတကယ်တော့ မေးခွန်းသုံးခုရှိပါတယ်။‘(ငါ့) ဘဝရဲ့အဓိပ္ပါယ်ကဘာလဲ’ ဆိုတဲ့မေးခွန်းအဖြစ် (ငါ)ဆိုတဲ့စကားလုံးကို ပေါင်းထည့်လိုက်တာက ပြဿနာကိုရှင်းလင်းလွယ်ကူသွားစေပါတယ်။ ဒါပေမယ့် ဖြေရှင်းနိုင်တာတော့ မဟုတ်ပါဘူး။ အများစုမှာတော့ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်စေတာကမေးခွန်းကို ဖြေဆိုနိုင်ဖို့ ကျွန်တော်တို့ကိုအခွင့်အလမ်းပေးလိုက်တာပါပဲ။ ဘဝမှာ ကျွန်တော်တို့ ရဲ့ရည်မှန်းချက်ကို ရှာဖွေဖို့အတွက်တော့ ဒီထက်ပိုပြီးနက်နက်တူးဆွကာ ပိုတိကျ၊ အသေးစိတ်တဲ့ မေးခွန်းတွေနဲ့ ကိုယ့်ကိုကိုယ်ပြန်မေးဖို့လိုပါတယ်။ အဲဒီမှာကိုယ့်ရဲ့တန်ဖိုးထားတဲ့အရာတွေ၊ ထူးချွန်မှုစွမ်းရည်တွေနဲ့ အလားအလာတွေအကြောင်းကိုနားလည်ထားဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်း ၃ခု မေးရပါမယ် –။• ငါ့အတွက် ဘာအရေးကြီးလဲ။• ငါတကယ်ကျွမ်းကျင်တဲ့အရာကဘာလဲ။• ငါ့ရဲ့ဖြစ်နိုင်ခြေအလားအလာကဘာလဲ။သင့်ဘဝကိုအဓိပ္ပါယ်ပိုရှိစေမယ့် နည်းလမ်းများ။အာရုံစူးစိုက်မှုရှိပါ။ရည်မှန်းချက်ပန်းတိုင် ၃ခု သို့မဟုတ် ၄ခုကို လိုက်စားနေပြီး တိုးတက်မှုက အရမ်းနည်းနေတာထက် တစ်ခုတည်းမှာပဲ အားစိုက်ပါ။ အာရုံစူးစိုက်ပါ။ လုပ်စရာတာဝန်တွေအများကြီးကို ခုန်ကူးဖို့ကြိုးစားနေရင်း ရလာမယ့် စိတ်ဖိစီးမှုတွေကိုရှောင်လွှဲနိုင်ရုံတင်မကဘဲ အရင်ကထက် အများကြီးအောင်မြင်မှုပိုရလာပါလိမ့်မယ်။ ကိုယ် အရမ်းစိတ်ဝင်စားတဲ့တစ်စုံတစ်ခုနဲ့ ပတ်သက်တဲ့သင့်ရဲ့ရည်မှန်းချက်ကို ချိန်ညှိ ကြိုးစားပါ။ ဒါမှသာအလုပ်ပိုကြိုးစားပြီးေ ကာင်းကောင်းလုပ်ပြနိုင်ဖို့ ပင်ကိုယ်ဗီဇတွန်းအားတစ်ခုရှိလာပါလိမ့်မယ်။ကိုယ့်ဘက်က ပြန်လည်မျှဝေပေးနိုင်မယ့် နည်းလမ်းကိုရှာပါ။ကမ္ဘာလောကကိုတစ်ခုခု ပြန်ပေးဆပ်နေရင်းနဲ့လည်း ကိုယ့်ရဲ့ယုံကြည်ချက်တွေနဲ့ ဝါသနာပါတာတွေကိုလုပ်နေလို့ရပါတယ်။ တစ်စုံတစ်ခုကို ပြန်လည်မျှဝေပေးရင်းနဲ့ ဒီလုပ်ရပ်မှာရည်ရွယ်ချက်အဓိပ္ပါယ်ကို မဖြစ်မနေတွေ့ရှိလာပါလိမ့်မယ်။ ဒီလိုလုပ်ရပ်တွေကို ပိုမိုမွေးမြူရင်းနဲ့ သင့်ရဲ့ဘဝမှာအဓိပ္ပါယ်ပိုရှိလာတာတွေ့ရပြီး အဲဒီနောက်ကွယ်က ရည်ရွယ်ချက်ကို မြင်လာရမှာဖြစ်ပါတယ်။ကိုယ့်ကိုယ်ကိုယ် သိအောင်လုပ်ပါ။ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်လုပ်ရပ်တွေကို သိရှိအောင်လုပ်ပါ။ သင်မကြာခဏဘာတွေလုပ်တတ်လဲဆိုတာ အမြဲသတိထားပြီး သင့်ရဲ့စည်းမျဉ်း၊ သင့်ဘဝရဲ့ရည်မှန်းချက်၊နဲ့ သင်စိတ်ဝင်စားရူးသွပ်တဲ့အရာတို့နဲ့ တွက်ညှိပြီး ၎င်းတို့နဲ့အညီသင်နေထိုင်နေခြင်းရှိမရှိသေချာအောင်လုပ်ပါ။ သင့်လုပ်ရပ်တိုင်းကိုနေ့တိုင်း ပြန်လည်သုံးသပ်ပြီးကိုယ့်လမ်းကြောင်းကလွဲချော်သွားတဲ့ လုပ်ရပ်တွေကို စာရင်းကောက်ပါ။ အနာဂတ်မှာဖြစ်လာမယ့် ဖြစ်ရပ်တိုင်းမှာမှန်ကန်စေဖို့ ရည်ရွယ်လုပ်ပါ။ တရားထိုင်ခြင်းဟာ ဒီအကြံပြုချက်အတိုင်းဆောင်ရွက်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။အရာဝတ္ထုပစ္စည်းတွေထက် လူတွေကိုပိုအလေးထားပါ။ကျွန်တော်တို့တွေက ပစ္စည်းပစ္စယတွေ ဝယ်ချင်နေတဲ့စိတ်နဲ့ မကြာခဏရင်ဆိုင်ရပါတယ်။ ကိုယ်ဘာကိုဝယ်လိုက်တယ်ဆိုတာကို သေချာစဉ်းစားဆုံးဖြတ်သင့်သလို သူငယ်ချင်းမိတ်ဆွေတွေနဲ့ မိသားစုတွေ နဲ့အတူငွေသုံးလိုက်ရတဲ့ အတွေ့အကြုံမျိုးတွေအကြောင်းကို ပိုစဉ်းစားပါ။ ဒီအဆင့်က သင့်ကိုဘဝအဓိပ္ပါယ်အကြောင်းပိုပြီးနက်နက်ရှိုင်းရှိုင်း နားလည်စေမှာဖြစ်ပါတယ်။ ဥစ္စာပစ္စည်းကြွယ်ဝမှုထက် သံယောဇဉ်ကိုပိုအလေးအနက်ထားခြင်းကြောင့် နောက်ဆုံးမှာသင်ဟာအပျော်ရွှင်ရဆုံးသူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/%e1%80%98%e1%80%9d%e1%80%9b%e1%80%b2%e1%82%95%e1%80%a1%e1%80%93%e1%80%ad%e1%80%95%e1%81%b8%e1%80%ac%e1%80%9a%e1%80%b9%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/how-to-overcome-fear/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%b1%e1%80%ac%e1%80%80/
null
null
health
health
https://hellosayarwon.com/health/general-health-knowledge/music-health-benefits/
အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ
အသားဖြူအောင် သဘာဝနည်းလမ်း နဲ့ လုပ်လို့ရတယ်ဆိုရင် ယုံနိုင်ရဲ့လား။ အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးထားတာမို့ လိုက်ပါကြည့်ရှု့လိုက်ပါ။ဟုတ်ပါတယ်။ မွေးကတည်းက မဖြူပေမဲ့ ပုံမှန်ထက် ပိုမို အသားဖြူ လာဖို့တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလည်းဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေကို လေ့လာကြည့်လိုက်ရအောင်။ဘယ်လိုပဲအသားဖြူဆေးတွေသုံးပါစေ။ အသားအရည်ကို ခရမ်းလွန် ရောင်ခြည်တွေနဲ့ထိတွေ့လိုက်မိပြီဆိုတာနဲ့ အသားမဲသွားစေတဲ့ ရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်မှု တိုးပွားလာစေတော့တာပါပဲ။အကောင်းဆုံးနည်းလမ်းကတော့ နေရောင်ထဲထွက်တိုင်းနေလောင်ခံခရင်မ်လိမ်းပါ။ ဦးထုပ်ဆောင်းပြီး လက်ရှည်အင်္ကျီတွေဝတ်ပါ။ နေရောင်အောက်မှာလမ်းလျှောက်မယ်ဆိုရင် နေကာမျက်မှန်ကိုမမေ့ပါနဲ့။အသားအရည်ချေးချွတ်ဖို့အတွက် ဈေးကွက်ထဲမှာအကောင်းဆုံးဆိုတဲ့ ချေးချွတ်ပစ္စည်းတွေရှိပါတယ်။ ဒါမှမဟုတ် အိမ်မှာပဲ သကြားနဲ့ချေးချွတ်ကြည့်ပါ။ဒါက အရေပြားပျက်စီးခြင်း ဥပမာ တင်းတိပ်မှဲ့ခြောက်တွေ၊ အစက်အပြောက်တွေနဲ့အရေးအကြောင်းတွေကို ကာကွယ်ကုသတဲ့နေရာမှာလည်းအသုံးဝင်ပါတယ်။သင်သာကျန်းမာရေးနဲ့ညီညွတ်အောင် မစားဘူးဆိုရင် အကောင်းဆုံးအသားဖြူဆေးဆိုတာတွေကို သောက်သုံးတာကလည်း အသုံးမဝင်လှပါဘူး။စားတဲ့ထဲမှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါဝင်တဲ့ စပျစ်စေ့ဆီ နဲ့ ငါးကြီးဆီတွေကို စားသုံးပါ။ ငါးကြီးဆီမှာပါတဲ့ အိုမီဂါ ၃ ဟာ ဆံပင်၊အရ်ပြားနဲ့ လက်သည်းတွေတောက်ပနေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်မှာ အသားအရည်အတွက်ကောင်းမွန်တဲ့အာဟာရတွေများစွာပါဝင်ပါတယ်။ သူ့မှာ အရောင်ချွတ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ လတ်တစ်အက်ဆစ် ကလည်းပါဝင်ပါသေးတယ်။အောက်ပါနည်းလမ်းတွေဟာ အသားအရည်အမျိုးအစား အားလုံးအတွက်သင့်လျော်ပါတယ်။အသားအရည်ထိန်းသိမ်းခြင်းအတွက် အရေးအကြီးဆုံးပစ္စည်းကတော့ ဗီတာမင် စီ ပါပဲ။ ဒါကိုတော့လိမ္မော်သီးတွေမှာ လိုတာထက်တောင်ပိုပြီးတွေ့ရပါသေးတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ အရောင်ချွတ်ပေးနိုင်တဲ့စွမ်းအင်ရှိတာကြောင့် အသားကိုလည်းပိုဖြူလာစေမှာပါ။ပျားရည်ဟာအသားအရည်ကိုအရောင်ချွတ်ပေးနိုင်တာအပြင် အစိုဓါတ်လည်းဖြည့်ပေးပါသေးတယ်။ မညီညာတဲ့အသားအရောင်ရှိခြင်းရဲ့ အကြောင်းရင်းထဲမှာတော့ အသားခြောက်ခြင်းက အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ ပျားရည်မှာ ဘက်တီးရီးယားသေစေနိုင်တဲ့အစွမ်းလည်းရှိပြီး ဒါက အသက်အရွယ်ကြောင့်ဖြစ်တဲ့အစက်အပြောက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို လွင့်ပါးသွားစေနိုင်ပါတယ်။သန့်စင်တဲ့ပျားရည်ကိုမျက်နှာပေါ်လိမ်းပြီး မိနစ်အနည်းငယ်ခန့်ထားကာ ကြက်သီးနွေးရေနဲ့ဆေးချလိုက်ပါ။ဒီလိုရိုးရှင်းတဲ့နည်းလမ်းလေးက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရည်ကို ပိုမိုတောက်ပလန်းဆန်းလာအောင်လုပ်ပေးနိုင်ပါတယ်။ တစ်ရက်တစ်ကြိမ်လုပ်ပါ။အသားဖြူစေတဲ့ မျက်နှာပေါင်းတင် ကပ်ခွာ (mask)လုပ်ဖို့ ပျားရည်နဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ၊ နို့မှုန့်စားပွဲဇွန်း၁ဇွန်း၊ ဗာဒံဆီ လက်ဖက်ရည်ဇွန်းတစ်ဝက် စတာတွေကိုရောလိုက်ပါ။ သမအောင်မွှေပြီး အသားပေါ်မှာညင်သာစွာလိမ်းပေးပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိထားပြီး ရေအေးနဲ့ဆေးပါ။ နေ့တိုင်းလုပ်ပါ။သံပုရာသီးရဲ့ အက်ဆစ်ဂုဏ်သတ္တိဟာ အသားအရည်အတွက် သဘာဝအရောင်ချွတ်ဆေးအဖြစ်အသုံးဝင်ပြီး ဗီတာမင် စီ မြောက်များစွာပါဝင်တာကလည်း ဆဲလ်ကြီးထွားမှုကိုအားပေးပါတယ်။ ဒါ့အပြင် သံပုရာသီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင် တွေပါဝင်တာကလည်း အသားအရည်အတွက် အလွန်ကောင်းမွန်ပါတယ်။ဂွမ်းလုံးလေးကို လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ သံပုရာရည်ထဲထည့်ပြီး မျက်နှာပေါ်တိုက်ရိုက်လိမ်းပါ။ လှီးထားတဲ့ သံပုရာခြမ်းကိုတောင် မျက်နှာပေါ်တိုက်ရိုက်ပွတ်တိုက်ပေးလို့ရနိုင်ပြီး အရည်တွေ အသားပေါ်တင်ကျန်နေခဲ့ပါစေ။ဒါကိုအနည်းဆုံး၁နာရီလောက်ထားပြီး မျက်နှာကိုရေနဲ့ဆေးပါ။ တစ်နေ့တစ်ကြိမ်လုပ်ပါ။ ဒီရိုးရှင်းတဲ့နည်းလမ်းကလည်း အသားအရည်ကိုဖြူဝင်းလာစေပြီး မျက်နှာပေါ်မှာအမာရွတ်ထင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။သံပုရာရည် လက်ဖက်ရည်ဇွန်း၃ဇွန်းနဲ့ နနွင်းမှုန့် သို့မဟုတ် ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကိုရောပြီးအနှစ်လုပ်ပါ။ ရလာတဲ့အနှစ်ကိုလိမ်းပြီး တစ်နာရီခွဲခန့်ထားပါ။ ရေနဲ့ဆေးလိုက်ပါ။ ဒါကိုလည်း တစ်နေ့တစ်ကြိမ်လုပ်ပေးပါ။ရှားစောင်းဟာhyperpigmentation(ရောင်ခြယ်ပစ္စည်းများပြားခြင်း) ကိုသက်သာစေနိုင်ပြီး အသားအရည်ရဲ့ နဂိုမူလအရောင်ကိုပြန်လည်ရရှိစေနိုင်ပါတယ်။ Hyperpigmentation ကတော့ မညီညာတဲ့အသားရောင်တွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ရှားစောင်းရဲ့အေးမြတဲ့အစွမ်းကလည်း ကျန်းမာတဲ့အသားအရည်အတွက် အရေးကြီးတဲ့ ဆဲလ်သစ်ဖြစ်ပေါ်ခြင်းနဲ့ ပျက်စီးသွားတဲ့တစ်သျှူးတွေပြန်လည်တည်ဆောက်ခြင်းကိုအားပေးပါတယ်။ရှားစောင်းဂျယ်ကိုအသုံးပြုတဲ့ ရိုးရှင်းတဲ့နည်းလမ်းက အမဲစက်တွေကို ပြန်လည်ဖြူဝင်းလာစေပြီး အသားအရည်အနေအထားအားလုံးကို တိုးတက်ကောင်းမွန်လာစေပါတယ်။သင်္ဘောသီးကို အမျိုးမျိုးသောအလှအပဆိုင်ရာကုသမှုတွေမှာ အသုံးပြုကြပြီး အသားအရည်ကို ပြန်လည်ဖြူဝင်းစေတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သင်္ဘောသီးမှာ သဘာဝအရောင်ချွတ်နိုင်တဲ့စွမ်းအင်ရှိပြီး သူ့မှာပါဝင်တဲ့ အမျိုးမျိုးသောအာဟာရတွေက သင့်ရဲ့အသားအရည်ကို ကျန်းမာစွာတောက်ပနေစေတယ်လို့ ယုံကြည်ကြပါတယ်။သင်္ဘောသီးကို စားပေးပါ။သင်္ဘောသီးရဲ့သန့်စင်ပေးနိုင်စွမ်းက အသားမဲစေတဲ့ အရည်ပြားညစ်ညမ်းမှုတွေကို သန့်စင်ပေးနိုင်ပါတယ်။သင်္ဘောသီးရဲ့အတွင်းမျက်နှာပြင်ကိုမျက်နှာပေါ်မှာပွတ်တိုက်ပေးပြီး ခြောက်အောင်ထားပါ။ရေအေးနဲ့ဆေးချပြီး ခြောက်အောင်ပုတ်ပေးပါ။ ဒါကသင့်အသားအရည်ကိုတောက်ပနေစေပါတယ်။ နေ့စဉ်လုပ်ပေးပါ။သင်္ဘောသီးမှည့်ကိုချေပြီး လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့သံပုရာရည်တစ်ခွက်နဲ့ရောပါ။မျက်နှာနဲ့လည်ပင်းတွေပေါ်မှာ ဒီအရောနဲ့ နှိပ်နယ်ပေးပါ။ အနည်းဆုံးမိနစ်၃၀ခန့်ထားပြီး ရေအေးနဲ့ဆေးကြောပါ။ တစ်ပတ်ကိုအနည်းဆုံးတစ်ခါလုပ်ပေးခြင်းအားဖြင့် အသားရောင်ပြောင်းလဲလာမှုတွေကို သိသာထင်ရှားစွာမြင်တွေ့ရမှာပါ။နနွင်းကို အသားအရည်ကောင်းမွန်စေဖို့အသုံးပြုကြပါတယ်။ ညီညာတဲ့အသားအရောင်ကိုထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုး (melanin)ကို တည်ဆောက်တဲ့နေရာမှာကူညီပေးပါတယ်။ နနွင်းမှာပိုးသတ်ဆေး နဲ့ ဓါတ်တိုးဆန့်ကျင် စွမ်းအင်တွေပါဝင်တာကြောင့် အသားအရည်ရဲ့ ယေဘုယျကျန်းမာရေးအခြေအနေအားလုံးအတွက် ကောင်းမွန်ပါတယ်။နနွင်းမှုန့်နဲ့ နွားနို့ခရင်မ်နဲ့ရောပြီး ခပ်ပျစ်ပျစ်အနှစ်ရအောင်လုပ်ပါ။ ရလာတာကိုလိမ်းလိုက်ပြီးအခြောက်ခံကာ ကြက်သီးနွေးရေနဲ့ဆေးကြာပါ။ ပုံမှန်လုပ်သွားမယ်ဆိုရင် ဒီနည်းကလည်းအသားဖြူစေဖို့ တကယ်ကိုထိရောက်မှာပါ။Gram flour လက်ဖက်ရည်ဇွန်း၂ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကိုရောပါ။ ဒီ ပေါင်းတင်ကပ်ခွာ (mask) ကို မိနစ် ၂၀မှ ၂၅မိနစ်ထိထားပါ သို့မဟုတ် ခြောက်သွားသည်ထိထားပါ။ ခြောက်သွားတဲ့ mask ကို ပွတ်တိုက်ဆေးကြောပြီး ကြက်သီးနွေးရေနဲ့ထပ်ဆေးပါ။သခွားသီးဟာ ကော်လာဂျင်တွေကို စုစည်းပေးပြိး အသားအရည်တင်းရင်းပျော့ပျောင်းစေပါတယ်။ ဒီလိုအသားအရည်မျိုးမှာတော့ ညီညာပြီးဖြူဝင်းတဲ့အသားရောင်တွေရှိတတ်ပါတယ်။ သခွားသီးဟာ အသားအရည်ကိုလည်း အေးမြစေပါသေးတယ်။ သူကလည်း အသားအရည်ပုံစံအမျိုးမျိုးအတွက်သင့်လျော်ပါတယ်။သခွားသီးလွှာတွေကို ဖြူဝင်းစေလိုတဲ့ မဲနေတဲ့အသားနေရာတွေမှာထားလိုက်ပါ။မိနစ်အနည်းငယ်လောက်ထားပြီး သခွားသီးတွေဖယ်လိုက်ကာ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ တစ်ရက်ကို ၂ကြိမ်လုပ်ပါ။သခွားသီးကိုခြစ်ပြီး ပျားရည်နဲ့ရောဂါ အစက်အပြောက်တွေနည်းစေတဲ့ mask လုပ်ပါ။မျက်နှာနဲ့လည်ပင်းပေါ်လိမ်းပေးပြီး ၁၅မိနစ်မှ မိနစ်၂၀ထိထားကာ ရေအေးနဲ့ဆေးပါ။ ရလဒ်တွေ ထိရောက်သိသာစေဖို့ တစ်ရက်ကို ၂ကြိမ်နေ့စဉ်လုပ်ပါ။သံပုရာရည်နဲ့ သခွားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီကိုရောပါ။မျက်နှာပေါ်လိမ်းပြီး ၁၅မိနစ်မှ မိနစ် ၂၀ထိ သို့မဟုတ် ခြောက်သွားသည်ထိ ထားပါ။ ရေနဲ့ဆေးကြောပါ။ တစ်ရက်ကိုတစ်ကြိမ် နေ့စဉ်လုပ်ပါ။ကဲ … နည်းလမ်းလေးတွေသိပြီဆိုတော့ အသားဖြူအောင် ဒီနေ့ပဲ စကြိုးစားကြရအောင်နော် … ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/things-you-should-never-put-on-your-face/
ကိုဗစ်ကာလမှာ လူတိုင်းလိုလို ပျောက်ဆုံးနေတဲ့အရာ
ကိုဗစ် ဒုတိယလှိုင်းပြင်းထန်လိုက်တာ၊ သေဆုံးသူဦးရေ အရင်တစ်ခေါက်ကထက် ပိုများတယ်။ပိုးတွေ့လူနာဦးရေရောပေါ့။ တစ်နေ့တစ်နေ့ လူနာစာရင်းထုတ်ပြန်ချက်ကို စောင့်ကြည့်လိုက်၊ ကြောက်လိုက်တာဆိုပြီး အိမ်ထဲနေလိုက်ရင်းနဲ့ ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံးလာတဲ့ အရာရှိတယ်နော်။ဒါကတော့ အားလုံးရဲ့ မွေးရာပါဆုလာဘ်တစ်ခုလို့ ဆိုရမယ့်ပျော်ရွှင်မှုပါ။ ကိုဗစ် ဒုတိယလှိုင်းကြောင့် အိမ်ထဲနေရတာ ကြာလာတဲ့အခါ အရင်ကလောက် မပျော်ရွှင်တော့တာ၊ စိတ်ထဲ ငြီးစီစီ ဖြစ်နေတာ၊စိတ်တိုလွယ်တာတွေ ဖြစ်လာတယ်နော်။နားကြပ်ကြိုး ဖြည်ရင်း စိတ်မရှည်တော့လို့ ဆောင့်ဆွဲလိုက်တာမျိုး၊ ခလုတ်တိုက်မိတဲ့ တံခါးဘောင်ကို ထပ်ကန်မိတာမျိုးတွေ လုပ်မိနေတယ်ဟုတ်။ ဒါကိုယ်တစ်ယောက်တည်း ဖြစ်နေတယ်လို့ မထင်လိုက်ပါနဲ့။ လူတိုင်းနီးပါး အခုကာလမှ ပျော်ရွှင်မှုတွေ ပျောက်ဆုံးပြီး စိတ်လိုလွယ်လာကြတာပါ။ဒါတွေက ဘယ်ကနေ အရင်းခံလာတယ် ထင်လဲ။ ဒါကတော့စိတ်ဖိစီးမှုကနေ အရင်းခံလာတာပါ။ရောဂါဖြစ်တဲ့ လူဦးရေကို ကြည့်မယ်။ သေဆုံးဦးရေကို ​ကြည့်မယ်။ သိချင်လို့ ကြည့်လိုက်တာပါ။ စိတ်ထဲတော့ မထားပါဘူး။ဆိုပြီး ပြောတတ်​ကြတယ်နော်။ တကယ်က စိတ်ဖိစီးမှု ရသွားတယ်။နောက်တစ်ခု ထပ်ကြည့်မိတာ ရှိသေးတယ်။ ဒါကတော့ ကိုယ်နေထိုင်ရာ မြို့နယ်ရဲ့ လူနာစာရင်း။ ဒါကို​ကြည့်ပြီးရင် ထပ်ရလာမယ့် စိတ်ဖိစီးမှုက ခုနက ရထားပြီးသား စိတ်ဖိစီးမှုရဲ့ ၂ ဆ ဒီလိုနဲ့ နေ့စဉ်တိုင်းမှာ ဖိစီးမှုတွေက သိပ်များလာတယ်။ဒီတော့ ဘာဖြစ်လာလဲဆိုရင် ပျော်ရွှင်ဖို့ မေ့လာတယ်။ တစ်ခုခုဆိုစိတ်ညစ်လိုက်တာဆိုတာက အရင်ညည်းတွားမိတယ်။ အနီးမှာများ ပိုးတွေ့လူနာရှိပြီဟေ့ဆိုရင် စိတ်ပူတာမှ အိပ်လို့ပါ မပျော်တော့ဘူး။ ကိုယ်ပဲပူသလို ညနေရောက်လာပြီဆိုရင် ဖျားပဲ ဖျားနေသလို နေလို့ မကောင်းတာတွေ ဖြစ်လာပါတော့တယ်။ကိုယ်တိုင်အတွက်ရောမိသားစုအတွက်ပါပူရတယ်။ ဒီကြားထဲ မတော်တဆ ငါသာ Q ဝင်ရရင် အိမ်က တိလေးတွေကိုဘယ်နားထားရမလဲဆိုတာ ပူရပြန်ရော။ ဒီလို အတွေးမျိုးစုံကို တွေးနေမှတော့ စိတ်ဖိစီးမှုက အနိုင်ယူပြီပေါ့။ဒီလိုနဲ့ စိတ်ဖိစီးမှုက အချိန်ကြာလာတဲ့အခါ ကိုယ့်ကို တစ်ယောက်ယောက်က မသိလို့ လာမေးရင် တစ်ခါကနေ နှစ်ခါ ဖြစ်လာရင် ဘုနဲ့ဘောက်ပြောတာ၊ ရန်လိုတဲ့ ပြောဆိုမှုတွေ လုပ်တာ၊အလိုလိုနေရင်း စိတ်တိုတာ၊ ပြစ်တင် ပြောဆိုတာတွေ ရှိလာနိုင်ပါတယ်။ ဒါတွေနဲ့ စိတ်ထွက်ပေါက် ရှာတဲ့ သဘောပေါ့။တကယ်က ဒီနည်းလမ်းတွေက စိတ်သက်သာရာ မရစေပါဘူး။ နောင်တကိုပါ အစစ်ရစေတာပါ။ ဒီတော့ ကိုဗစ်​ကြောင့် စိတ်ဖိစီးရင်းကနေ ပျော်ရွှင်မှု ပျောက်ဆုံးပြီးနောင်တတရားတွေမရစေဖို့ သတိပြုစေချင်ပါတယ်။စိတ်ဖိစီးမှု​ကြောင့် ပျော်ရွှင်မှု ပျောက်ဆုံးလာတယ်။အကောင်းမြင်စိတ်ထားနည်းလာတယ်။ ဒါက ဒီလောက်နဲ့ ပြီးမသွားပါဘူး။ ရေရှည်မှာကိုယ်ခံအားပါ ထိခိုက်လာမှာပါ။ဒီတော့ အကောင်းဆုံးက ပျော်ရွှင်မှုတွေ ပျောက်မသွားအောင် ဂရုစိုက်ပါ။ ဘယ်လိုနည်းလေးတွေနဲ့ ဂရုစိုက်မလဲဆိုတော့။သီချင်းဆိုတာကစိတ်ဖိစီးမှုကို ပြေလျော့စေတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ ဒီတော့ ပုံမှန် မဟုတ်ရင်တောင် အရမ်းစိတ်ဖိစီးလာပြီလို့ ယူဆတဲ့အခါ သီချင်းဖွင့်ရင်း လိုက်အော်ဆိုပါ။ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ ၁၅ မိနစ်ကနေ ၄၅ မိနစ်လောက်အထိ လေ့ကျင့်ခန်း လုပ်ပါ။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ခန္ဓာကိုယ် အချိုးအစားကို မှတ်ထားပြီး တစ်ပတ်မှာ ဘယ်လို ပြောင်းလဲလာတယ်၊ တစ်လဆိုရင် ဘယ်လိုပြောင်းလဲရမယ် စသဖြင့် မှတ်ထားပါ။လေ့ကျင့်ခန်း လုပ်ရင်း ရလဒ်ကို စစ်ဆေးပါ။ မှန်းထားတဲ့အတိုင်း ဖြစ်လာတာက ပျော်ရွှင်မှုကို ရရှိစေမှာပါ။စိတ်ကို အကောင်းဆုံး အနားပေးတာက တရားထိုင်တာပါ။ တစ်နေ့တာမှာ ၁၅ မိနစလောက် တိတ်ဆိတ်တဲ့နေရာမှာ တစ်ယောက်တည်း ဘာကိုမှ မတွေးဘဲ စိတ်အေးလက်အေးနဲ့ ဝင်လေထွက်လေမှတ် ပေးပါ။အွန်လိုင်းကနေ ဗီဒီယိုဖိုင်လေးတွေ ကြည့်ပြီး လက်မှုလေးတွေ ဖန်တီးတာ၊ဘာသာစကားသင်တာလိုမျိုး အသစ်အဆန်းတွေကို သင်ယူပါ။ အသစ်အဆန်းတွေ သင်ယူတာက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး တစ်ခုခုကို တတ်မြောက်သွားတိုင်း အောင်မြင်မှုနဲ့အတူ ပျော်ရွှင်မှုကို ရလာပါလိမ့်မယ်။ကျန်းမာရေးအတွက် လိုက်နာရမယ့်အရာတွေကို သေချာလေး လိုက်နာမယ်။ အခုပြောခဲ့တာလေးတွေကို လုပ်ရင်း စိတ်အပန်းဖြေမယ်ဆိုရင် ကိုဗစ်ကာလမှာ စိတ်ဖိစီးမှုကြောင့် ပျော်ရွှင်မှု ပျောက်ဆုံးတာမျိုး ကင်းစေမှာပါ။ဒါတွေအပြင် မုန့်လုပ်စားတာ၊ စာဖတ်တာ၊ ဘေဘီလေးတွေနဲ့အတူ ကစားပေးတာ၊ မိဘတွေကို အချိန်ပေးပြီး စကားပြောပေးတာ ဂရုတစိုက် ပြုစုပေးတာတွေလုပ်ပေးလို့ လည်းရပါတယ်။ ဒီလို လုပ်ဆောင်မှုလေးတွေကို သာမန်ချိန်မှာ မလုပ်နိုင်ခဲ့ကြဘူးလေ။ အလုပ်များနေခဲ့ကြတယ် မဟုတ်လား။ ဒီလို အချိန်မှာမှ ဂရုစိုက်ပေးရတာပါ။ ဒီလို လုပ်ဆောင်မှုလေးတွေကနေ ပြန်ရလာမယ့် ပီတိက ပျောက်ဆုံးနေတဲ့ ပျော်ရွှင်မှုကို ခံစားရစေမှာပါ။စိတ်ဖိစီးမှု ကင်းပြီး ပျော်ရွှင်နေမှတော့ကိုယ်ခံအားလည်း ကောင်းလာမှာမို့ ကိုဗစ်ကိုလည်း အကောင်းဆုံး တိုက်ထုတ်နိုင်တော့မှာပေါ့။ ကိုဗစ်ကြောင့် ပျော်ရွှင်မှုတွေ မပျောက်ဆုံးပါစေနဲ့။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/lost-things-due-to-covid/
ဖုန်မှုန့်တွေရှူမိတဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲ
ဘယ်နေရာမှာပဲ နေနေ ဖုန်တွေကတော့ အမြဲရှိနေတတ်ပါတယ်။ သဘာဝတရားအရ ဖုန်ဆိုတာ မြေကြီးတွေ၊ သဲတွေနဲ့ ကျောက်တောင်တွေ တိုက်စားမှုကြောင့် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။တောရိုင်းတိရိစ္ဆာန်တွေကလည်း လေထဲဖုန်တွေကိုဖြစ်စေပြီး ပန်းဝတ်မှုန်တွေ၊ အလွန်သေးငယ်တဲ့ သတ္ထဝါလေးတွေနဲ့ အပင်ပစ္စည်းတွေဟာလည်း ပတ်ဝန်းကျင်မှာ ဖုန်ဖြစ်စေရခြင်းရဲ့ အကြောင်းတစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။မြို့ပြတွေမှာ စက်ရုံအလုပ်ရုံတွေ၊ ပန်းခြံတွေ၊ ကားတွေ၊ အစရှိတာတွေဟာ ဖုန်ရဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်ပါတယ်။ဖုန်ဖြစ်စေတဲ့ အကြောင်းရင်းများစွာ ရှိတာကြောင့် ဖုန်မှုန့်အမျိုးအစားလည်း အများကြီးရှိပါတယ်။ ဖုန်မှုန့်တွေဟာ သေးငယ်လေလေ မမြင်ရလေလေပဲဖြစ်ပါတယ်။ သေးငယ်တဲ့ ဖုန်မှုန့်တွေဟာ လေထဲမှာ အချိန်အကြာကြီးနေနိုင်ပြီးတော့ ခရီးလည်း အဝေးကြီး သွားနိုင်ပါတယ်။• ကြီးမားတဲ့ ဖုန်မှုန့်တွေဟာ မျက်စိနဲ့မြင်နိုင်တဲ့ အချိန်ကြာရင် ဖြစ်ပေါ်လာတဲ့ ကားပေါ်က၊ ပရိဘောဂတွေပေါ်က အရာတွေပဲဖြစ်ပါတယ်။ ကိုယ်ခန္ဓါဟာ ဒီအရာတွေကို အသက်ရှူလိုက်တဲ့အခါ နှာခေါင်းနဲ့ ပါးစပ်ထဲမှာ ပိတ်မိနေစေပြီးတော့ ကိုယ်ခန္ဓါထဲမှာ သိမ်းထားတတ်ပါတယ်။ တကယ်တော့ ဒီဖုန်မှုန့်တွေကို မတော်တဆ မြိုချလိုက်ရင်တောင်မှ သူတို့ဟာ ဘေးအန္တရာယ်မဖြစ်စေပဲ အလွယ်တကူ ရှူရှိုက်နိုင်ပါတယ်။• သေးငယ်တဲ့ ဖုန်မှုန့်လေးတွေကတော့ ပိုပြီး အန္တရာယ်ရှိပါတယ်။ သူတို့ဟာ အဆုတ်ထဲကို ဝင်သွားနိုင်ပြီးတော့ အရမ်းသေးငယ်လွန်းရင် တစ်ခါတည်း သွေးကြောတွေထဲကိုပါ စုပ်ယူသွားခြင်း ခံရနိုင်ပါတယ်။ဖုန်မှုန့်ဟာ ကျန်းမာရေးကို ဘယ်လိုအကျိုးသက်ရောက်မှု ရှိပါသလဲ။အပေါ်မှာ ပြောသွားသလိုပဲ ဖုန်မှုန့်ဟာ အရွယ်အစားသေးငယ်လေလေ အန္တရာယ်ရှိလေလေပဲဖြစ်ပါတယ်။ အခြားစဉ်းစားရမယ့်အရာတွေကတော့ လေထဲမှာ ပါဝင်တဲ့ ဖုန်မှုန့်ပမာဏနဲ့ ဒါကို ထိတွေ့နေတာ ဘယ်လောက်ကြာပြီလဲ ဆိုတာတွေပဲဖြစ်ပါတယ်။ဖုန်မှုန့်သေးသေးလေးတွေကို ရှူမိရင်တော့။• မျက်လုံးယားယံခြင်း။• ချောင်းဆိုးခြင်း။• နှာစေခြင်း။• Hay fever။• ပန်းနာရင်ကျပ် ပိုဆိုးခြင်းတို့ ဖြစ်တတ်ပါတယ်။ပန်းနာရင်ကျပ်၊ emphysema နဲ့ နာတာရှည် အသက်ရှူလမ်းကြောင်း ပိတ်ဆို့တတ်တဲ့ ရောဂါရှိသူတွေဟာ ဖုန်မှုန့်အနည်းငယ် ရှူမိရုံနဲ့ အသက်ရှူတာကို ပိတ်ဆို့စေပြီး ရောဂါလက္ခဏာတွေကို ပိုဆိုးစေပါတယ်။ဖုန်မှုန့်ဟာ ပန်းနာရင်ကျပ်ရောဂါဖြစ်စေတယ်လို့ သက်သေပြ ထားတဲ့လေ့လာမှုမရှိပေမယ့် ဒီအခြေအနေရှိတဲ့ လူအများစုက ဖုန်မှုန့်ရှူမိခြင်းဟာ သူတို့ရဲ့ အဆုတ်လုပ်ငန်းဆောင်တာကို လျော့ကျစေပြီး နာတာရှည် အဆုတ်ပြွန်ရောင်တာမျိုး၊ နှလုံးရောဂါနဲ့ အဆုတ်ရောဂါမျိုးကို ဖြစ်စေတတ်တယ်လို့ ဆိုပါတယ်။ပန်းနာရင်ကျပ်ရောဂါဆိုတာ ဘာလဲ။အရာတော်တော်များများဟာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်စေတတ်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ ဓါတ်မတည့်တဲ့ ပစ္စည်းတွေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းတို့ ဖြစ်ပါတယ်။• ပန်းနာရင်ကျပ်ရောဂါဟာ အသက်ရှူလမ်းကြောင်း ရောင်ရမ်းတာကြောင့် ဖြစ်တဲ့ နာတာရှည် အဆုတ်ရောဂါ တစ်ခုဖြစ်ပါတယ်။• ရောင်ရမ်းမှုကြောင့် ဖုန်မှုန့်၊ ဆေးလိပ်ငွေ့၊ တိရိစ္ဆာန် အမွှေးတွေနဲ့ လေအေးတွေကို ပိုမို ဆတ်ဆတ်ထိမခံနိုင်အောင် ဖြစ်တတ်ပါတယ်။• အဆုတ်တွေဟာ ဒီအရာတွေနဲ့တွေ့ရင် ပန်းနာရင်ကျပ်ရောဂါ စဖြစ်ပြီး အသက်ရှူလမ်းကြောင်းဟာ တင်းကျပ်ကာ ရောင်လာတတ်ပါတယ်။ ချွဲတွေထွက်လာပြီး အသက်ရှူလမ်းကြောင်းကို ပိတ်ကာ အသက်ရှူရတာကိုလည်း ခက်ခဲစေပါတယ်။ပန်းနာရင်ကျပ်ရောဂါကို ဘာတွေက ဖြစ်စေတာလဲ။ဖြစ်စေတဲ့ အတိအကျ အကြောင်းရင်းကိုတော့ မသိရှိပါဘူး။ အချို့ သိပ္ပံပညာရှင်တွေက သူဟာ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေ ပေါင်းစပ်ပြီး ဖြစ်တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။• မိသားစုထဲမှာ ပန်းနာရင်ကျပ်ရောဂါဖြစ်သူ တစ်ယောက်ယောက်ရှိရင် ပိုပြီး ဖြစ်နိုင်ပါတယ်။• အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ရှိရင်လည်း ပန်းနာရင်ကျပ် ပိုဖြစ်နိုင်ပါတယ်။• ကလေးဘဝမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ခဲ့ရင်လည်း ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ပါတယ်။• မတည့်တဲ့အရာတွေနဲ့ မကြာခဏ ထိတွေ့မှုရှိနေရင်လည်း ရောဂါပိုဖြစ်နိုင်ပါတယ်။• ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အစားအသောက်နဲ့ မတည့်တဲ့ ပစ္စည်းတွေနဲ့ ထိတွေ့ခြင်း၊ ဆေးလိပ်သောက်ခြင်းတွေကလဲ ပန်းနာရင်ကျပ်ရောဂါကို နောက်ပိုင်းမှာ ဖြစ်စေနိုင်ပါတယ်။အခြားအရာတွေကလည်း ပန်းနာရင်ကျပ်ဖြစ်စေနိုင်ပါတယ်။• လေကတစ်ဆင့်သယ်ဆောင်လာတဲ့ အရာများ (ဆေးလိပ်မီးခိုး၊ စက်ရုံမှ အငွေ့များ၊ ကား အိပ်ဇော၊ မြူ နဲ့ sulfur dioxide)။• အချို့ အစားအစာတွေနဲ့ ဆိုးဆေးများ။• အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ။• အသက်ပိုမိုရှူခြင်း (ပြင်းပြင်းထန်ထန်၊ မြန်မြန်ရှူခြင်း)။• ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားများ၊ စိတ်ပူမှုများ၊ စိတ်ကျမှုများ၊ ကြောက်ရွံ့မှုများ။• Aspirin နဲ့ အကိုက်အခဲပျောက်ဆေးများ။• လူတွေဆေးလိပ်သောက်တဲ့ နေရာတွေကို ရှောင်ကျဉ်ပါ။ ဆေးလိပ်ငွေ့ဟာ ပန်းနာရင်ကျပ်ရောဂါကို အဖြစ်အများဆုံး အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းနဲ့ အဝတ်အစား၊ ပရိဘောဂတို့ဆီက အငွေ့တွေကပါ ရောဂါထစေပါတယ်။• ပြင်းထန်တဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ ဓါတုပစ္စည်းတွေကို ရှောင်ပါ။ ဒါဟာ ရောဂါထစေတဲ့ အမှုန်တွေပါဝင်ပါတယ်။ တကယ်လို့ သန့်ရှင်းရေး လုပ်ရမယ်ဆိုရင် မျက်နှာအုပ်နဲ့ အုပ်ပြီး မရှူမိစေဖို့ သတိထားသင့်ပါတယ်။နာတာရှည် လေပြွန်ရောင်ခြင်း ဆိုတာဘာလဲ။နာတာရှည်လေပြွန်ရောင်ခြင်းဟာ နှစ်လထက်ပိုမို ကြာမြင့်တဲ့ ချွဲပါပြီး ချောင်းဆိုးတဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ ရောဂါပိုးဝင်ခြင်း (သို့) ယားယံခြင်းကြောင့် အသက်ရှူလမ်းကြောင်း ရောင်ရမ်းပြီး ချောင်းဆိုးချွဲကပ်ခြင်းကို ဖြစ်စေတာ ဖြစ်ပါတယ်။နာတာရှည် လေပြွန်ရောင်ခြင်း အကြောင်းရင်းများ။လေဟာ အေးပြီး လေထဲမှာ ဓါတ်မတည့်မှုဖြစ်စေတဲ့ အရာတွေ အမြောက်အများပါဝင်တဲ့ အေးမြပြီး အအေးမိစေတဲ့ ရာသီမှာ နာတာရှည် လေပြွန်ရောင်ခြင်းဟာ အဆိုးရွားဆုံးဖြစ်ပါတယ်။ သူဟာ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းမှာ ရောဂါပိုးဝင်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။• ဆေးလိပ်သောက်ခြင်းဟာ နာတာရှည် လေပြွန်ရောင်ခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။• မတည့်တဲ့အရာတွေကို ရှူမိခြင်းဟာလည်း နာတာရှည် လေပြွန်ရောင်ခြင်းကို ဖြစ်စေတဲ့ နောက်အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။• မတည့်တဲ့ အခိုးအငွေ့တွေနဲ့ ဖုန်မှုန့်တွေ ရှူမိခြင်းဟာ နာတာရှည် လေပြွန်ရောင်ခြင်းကို ပိုဆိုးစေပါတယ်။• ဆေးလိပ်ဖြတ်ပါ။• မတည့်တဲ့အရာတွေနဲ့ မထိတွေ့မိအောင် ကာကွယ်ပါ။• ကားပိတ်တာကြောင့်ဖြစ်တဲ့ လေထုညစ်ညမ်းမှုကို ရှောင်ကျဉ်ပါ။• အအေးမိ (သို့) တုတ်ကွေးမိသူတွေနဲ့ ဝေးဝေးနေပါ။• ရောဂါပြန့်ပွားမှုကို ကာကွယ်ဖို့ လက်သေချာဆေးပါ။သစ်သားက ဖုန်မှုန့်တွေကို ထိတွေ့နေရတဲ့ လက်သမားတွေအတွက် ပုံမှန် ကျန်းမာရေးစစ်ဆေးမှု ပြုသင့်ပြီး အလုပ်ပတ်ဝန်းကျင်မှာ မျက်နှာအုပ်လိုမျိုး ကာကွယ်ပေးတဲ့အရာတွေကို အသုံးပြုသင့်ပြီး လေကောင်းလေသန့်ရရှိအောင် လုပ်ထားသင့်ပါတယ်။ ပုံမှန် အဆုတ်စစ်ဆေးခြင်းကိုလည်း ရောဂါစောစောတွေ့ရှိဖို့နဲ့ ပြန့်ပွားဖို့ကကာကွယ်ဖို့ ပြုလုပ်သင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/asthma-respiratory-health/%e1%80%96%e1%80%af%e1%80%94%e1%80%b9%e1%80%99%e1%82%88%e1%80%94%e1%80%b9%e1%82%94%e1%80%b1%e1%80%90%e1%80%bc%e1%80%9b%e1%80%bd%e1%80%b4%e1%80%99%e1%80%ad%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81/
ကြက်မောက်သီးစေ့ စားလို့ရလား
ကြက်မောက်သီးရဲ့ အသားလွှာကို စားလို့ရတယ်ဆိုတာ လူတိုင်း သိထားပြီး ဖြစ်ပေမယ့် ကြက်မောက်သီးစေ့ကို စားလို့ရတယ်ဆိုတာကိုတော့ သိသူရှားမယ် ထင်ပါတယ်။ ကြက်မောက်သီးရဲ့ အသားလွှာကို စားလို့ရသလို ကြက်မောက်သီးစေ့ကိုလည်း စားလို့ ရပါတယ်။ ဒီတော့ ကြက်မောက်သီးစေ့ စားရင် ဘယ်လိုမျိုးအကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ကြက်မောက်သီးစေ့ ဆိုတာက အခွံပေါ်မှာ အမွှေးလေးတွေပါပြီး အနီရဲရဲလေးနဲ့ ခွာလိုက်ရင် အခဲက အသားလွှာ ဖြူဖြူလေးကို စားပြီးချိန်မှာ ထွက်လာတဲ့ အစေ့လေးပါ။ ကြက်မောက်သီးရဲ့ အစေ့ပေါ့။ကြက်မောက်သီးစေ့မှာ အခုလိုအာဟာရတွေပါဝင်နေပါတယ်။ကြက်မောက်သီးစေ့ စားလို့ရလား ဆိုတော့ စားလို့ ရပါတယ်။ အစိမ်းတော့ စားလို့ မရဘူးပေါ့။ အစိမ်းစားရင် အဆိပ်သင့်နိုင်တာကြောင့်ပါ။ ကြက်မောက်သီးစေ့ကို ပြုတ်ပြီးတော့ ဖြစ်ဖြစ်၊ မီးဖုတ်ပြီးတော့ ဖြစ်ဖြစ် စားလို့ရပါတယ်။ကြက်မောက်သီးစေ့ကို ပြုတ်ပြီး ဒါမှမဟုတ် မီးကင်ပြီး စားပေးမယ်ဆိုရင် အခုလိုကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။ကြက်မောက်သီးစေ့က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချို ရှိသူတွေ စားပေးလို့ ရပါတယ်။ ဆီးချိုကြောင့် ခံစားရနိုင်တဲ့ လက္ခဏာတွေ သက်သာစေဖို့ ထောက်ကူပေးပါတယ်။ သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်စေဖို့ ထိန်းညှိပေးနိုင်ပါတယ်။ကြက်မောက်သီးစေ့ကို မီးကင်ပြီး စားတာက သွေးတိုးကျစေနိုင်ပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုးရှိသူတွေ စားပေးလို့ ရပါတယ်။ကြက်မောက်သီးစေ့ စားပေးတာက အစာအိမ် ပြဿနာ ကင်းစေနိုင်ပါတယ်။ အစာအိမ်အောင့်တာ၊ လေထိုးလေအောင့်တာတွေကို သက်သာစေနိုင်ပါတယ်။ အစာအိမ်ပြဿနာတွေ ကင်းစေဖို့ စားပေးလို့ ရပါတယ်။ ရင်ပူတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ကြက်မောက်သီးစေ့က သွေးကြောတွေထဲမှာရှိတဲ့ သွေးတွင်းကိုလက်စထရော ပမာဏကို ထိန်းညှိပေးပါတယ်။ သွေးတွင်းအဆီများတာ၊ သွေးခဲတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ကြက်မောက်သီးစေ့ရဲ့ နောက်ထပ် အာနိသင် တစ်ရပ်ကတော့ နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး နှလုံးရဲ့ တာဝန်တွေကို ကောင်းကောင်း လုပ်ဆောင်နိုင်စေတာပါ။ နှလုံးစည်းချက် မှန်စေသလို ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ကြက်မောက်သီးစေ့က ပရိုတင်း ကြွယ်ဝသလို သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကြွက်သားတက်စေနိုင်သလို ကြွက်သားနာကျင်တာတွေကို သက်သာစေနိုင်ပါတယ်။ ရောင်ရမ်းတာ ကြွက်သားဒဏ်ဖြစ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ကြက်မောက်သီးစေ့က စိတ်ခံစားမှု ကောင်းစေတဲ့ ဟော်မုန်းတွေ ထွက်ရှိစေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ရော အပြုသဘောဆောင်တဲ့ အတွေးတွေ ဖြစ်ပေါ်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ကောင်းကောင်း အိပ်ပျော်စေဖို့လည်း ကြက်မောက်သီးစေ့က ကူညီပေးနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ပြေလျော့စေပြီး စိတ်ဖိစီးမှု ကင်းစေသလို ကောင်းကောင်း အိပ်ပျော်စေဖို့လည်း ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝသလို ဗီတာမင်တွေ ပါဝင်နေတာ​ကြောင့် အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နေလောင်တာ၊ အမည်းစက်၊ အမာရွတ်တွေ သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အရေပြား ပိုးဝင်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ကြက်မောက်သီးစေ့က လူတိုင်းနဲ့ တည့်ပေမယ့်။# ကြက်မောက်သီးစေ့ စားလို့ ရလား!။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-eating-rambutan-seeds/
ငယ်ရွယ်စဉ် အပြာရုပ်ရှင်ကြည့်မိတဲ့ ကလေးများရဲ့ အနာဂတ်
ငယ်ရွယ်စဉ် အပြာရုပ်ရှင်ကြည့်မိတဲ့ ကလေးများရဲ့ အနာဂတ် ဘာတွေ ထိခိုက်သွားနိုင်သလဲ။ အရွယ်ရောက်ပြီးတဲ့သူတိုင်း ကျား၊ မ မရွေးအပြာရုပ်ရှင်ကြည့်တတ်တဲ့ အလေ့အကျင့် ရှိတတ်ကြပါတယ်။ ပုံမှန်အားဖြင့်တော့ အပြာရုပ်ရှင်ဟာလိင်စိတ်အာသာဖြေရုံသက်သက် ရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက်အရွယ်ရောက်ပြီးသားသူတွေ ကြည့်လို့ သိပ်ပြဿနာမရှိနိုင်ဘူးဆိုပေမဲ့ အသက် အရမ်းငယ်သေးတဲ့ ကလေးတွေ မတော်တဆ ကြည့်မိလိုက်တဲ့အခါ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။အရင်တုန်းကဆိုရင်အပြာရုပ်ရှင်ကို ခွေချပ်တွေနဲ့ အိမ်မှာ သိမ်းထားတတ်ကြတယ်။ အဲဒီအခါ ကလေးတွေက ကာတွန်းကားအဖြစ်နဲ့ မှားပြီး ကြည့်တတ်တာမျိုးတွေ ရှိပါတယ်။ ယခုခေတ်စမတ်ဖုန်းတွေ တွင်တွင်ကျယ်ကျယ် သုံးလာတဲ့အခါ ဖုန်းတိုင်းလိုလိုမှာ အပြာရုပ်ရှင်တွေကို သိမ်းထားတတ်ကြတယ်။ ကလေးတွေက လူကြီးတွေရဲ့ဖုန်းကိုဂိမ်းဆော့ဖို့အတွက် ဖွင့်ကြည့်ရင်းကနေ မြင်သွားတတ်တာမျိုးတွေလည်း တွေ့ရတယ်။ ဖြစ်နိုင်ခြေက အစုံပဲပေါ့။ငယ်ရွယ်စဉ် အပြာရုပ်ရှင်ကြည့်မိတဲ့ ကလေးများရဲ့ အနာဂတ် က။၁။ ပထမဆုံးဖြစ်လာမှာက ဝေခွဲမရဖြစ်တဲ့ စိတ်ရှုပ်ခြင်း။ဒီနေရာမှာ သိထားဖို့တစ်ခုက ကလေးတွေ ငယ်ရွယ်နေစဉ်မှာတောင်လိင်စိတ်ကို ခံစားတတ်နေနိုင်ပေမယ့် ကိုယ့်စိတ်ထဲမှာ ဘယ်လိုခံစားချက်မျိုး ဖြစ်နေလဲ။ ကိုယ့်မျက်စိရှေ့မှာ မြင်နေရတယ်ဆိုတာ ဘယ်လိုလုပ်ရပ်တွေလဲဆိုတာ သူတို့ စိတ်ထဲမှာ ခွဲခြားသိနိုင်စွမ်း မရှိသေးပါဘူး။ ဒီအတွက် ကလေးတွေရဲ့ စိတ်ထဲမှာ စိတ်ရှုပ်ခြင်းတွေ ဖြစ်တတ်ပြီး သူတို့လေးတွေအတွက်စိတ်ဖိစီးမှုပုံစံ ဖြစ်သွားနိုင်ပါတယ်။၂။ စူးစမ်းလေ့လာချင်တဲ့ လိင်စိတ်ဆန္ဒများ စောစီးစွာ ဖြစ်ပေါ်လာခြင်း။ပုံမှန်ကတော့ ကျွန်တော်တို့ဆယ်ကျော်သက်အရွယ် ရောက်တော့မှသာ လိင်ကိစ္စနဲ့ ပတ်သက်တဲ့ စိတ်ဆန္ဒတွေ ဖြစ်ပေါ်လာတတ်တာ သဘာဝပါ။ ကလေးတွေအနေနဲ့ အပြာရုပ်ရှင်ကို စောစီးစွာ ကြည့်မိလိုက်တဲ့အခါ ဆယ်ကျော်သက်အချိန်ကာလထက် စောပြီး လိင်အကြောင်း၊ လူကြီးတွေရဲ့ လိင်အင်္ဂါ၊မျိုးပွားစနစ် အလုပ်လုပ်ပုံအကြောင်း သိလိုတဲ့စိတ်တွေ၊ ပုံမှန်မဟုတ်တဲ့လိင်စိတ်ဆန္ဒတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့အပြင် အပြာရုပ်ရှင်ကို လူကြီးတွေ မရှိတဲ့အချိန်မှာ ကြိမ်ဖန်များစွာ ခိုးကြည့်တဲ့ အကျင့်တွေပါ ပေါ်လာတတ်ပါတယ်။၃။ အသက်ငယ်ငယ်လေးနဲ့ လိင်ဆက်ဆံမိနိုင်ခြင်း။ကလေးဘဝမှာကတည်းက လိင်အသားပေး ရုပ်ရှင်တွေနဲ့ လက်ပွန်းတသီး နေလာတဲ့ကလေး တစ်ယောက်ကဆယ်ကျော်သက်ဖြစ်ကာစမှာကတည်းက တခြားကလေးတွေထက်ကိုလိင်မှုကိစ္စနဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေ၊ လက်တွေ့ လုပ်လိုစိတ်တွေ များနေတတ်ပါတယ်။ ဒီအတွက်ကြောင့်လည်း လူငယ်တွေရဲ့ သဘာဝ ကာမဆန္ဒကို မလွန်ဆန်နိုင်ဘဲ ကျူးလွန်ရာကနေ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရတာ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ရလာတာ၊ လိင်စိတ်ထက်သန်လာတာမျိုး ဖြစ်နိုင်ပါတယ်။၄။ ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံခြင်း။အပြာရုပ်ရှင် အများစုမှာ ရုပ်ရှင်ကြည့်ပရိတ်သတ်တွေ အကြိုက်တွေ့စေလောက်မယ့်ကွန်ဒုံးမပါဝင်တဲ့ အန္တရာယ်များတဲ့ လိင်ဆက်ဆံခြင်းပြကွက်တွေကို အဓိက ပြတတ်ပါတယ်။ ကလေးအရွယ်မှာလိင်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အထူးတလည် သင်ပြထားတာတွေ မရှိသေးရင်တော့ သူတို့ ကြီးလာတဲ့အခါ ငယ်ငယ်ကတည်းက ကြည့်လာရတဲ့ အန္တရာယ်များတဲ့ လိင်ဆက်ဆံပုံစံအတိုင်းပဲ လုပ်သွားတတ်တာ သဘာဝပါ။၅။ လိင်အကြမ်းဖက် စော်ကားလိုစိတ်၊ တခြားကလေးတွေရဲ့ လိင်အင်္ဂါကို ထိကိုင်လိုစိတ် ဖြစ်လာခြင်း။ဒီအချက်ကတော့ ရှင်းပါတယ်။လိင်စိတ်ဆန္ဒထကြွလာတဲ့ ကလေးတစ်ယောက်က သူတို့ကြည့်ထားဖူးတဲ့ ရုပ်ရှင်တွေထဲကလိုပဲ တခြားကလေးတွေကို ထိကိုင်ပြီး စမ်းသပ်တာမျိုးတွေ လုပ်နိုင်ပါတယ်။ ကလေးအရွယ်လည်း ဖြစ်တယ်၊ ကစားဖော် ကစားဖက်တွေလည်း ဖြစ်နေတဲ့အခါ တခြားကလေးတွေက တိုင်တောတာမျိုး မလုပ်နိုင်လို့ ဒီလိုအပြုအမူတွေကကလေးဘဝကနေ အမြစ်ပျိုးလာပြီး အသက်ကြီးလာရင်လည်း ရွယ်တူ၊ အသက်ငယ်သူ၊ ကြီးသူတွေရဲ့လိင်အင်္ဂါတွေကို ထိတွေ့ကိုင်တွယ်တာ၊ လိင်အကြမ်းဖက်လိုတာ၊ စော်ကားလိုတဲ့ လုပ်ရပ်တွေ လုပ်လာနိုင်ပါတယ်။၆။ လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး ရွံရှာကြောက်ရွံ့ခြင်း။ဒါကတော့ အပေါ်မှာပြောခဲ့တဲ့ ပြဿနာတွေနဲ့ လုံးဝဆန့်ကျင်ဘက်ပါ။ ကလေးဘဝမှာကတည်းက လူကြီးတွေလိင်ဆက်ဆံနေကြတဲ့ ရုပ်ရှင်တွေကို ကြည့်လာရတဲ့အခါစိတ်ဒဏ်ရာတစ်ခုလို ဖြစ်သွားတတ်ပါတယ်။ ဒီလိုမျိုး စိတ်ဒဏ်ရာနဲ့ ကြီးပြင်းလာရတယ်ဆိုရင် အသက်ကြီးလာတော့ လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး ကြောက်ရွံ့တာ၊ ရွံရှာတာ၊လိင်စိတ်ဆန္ဒကို ဖုံးကွယ်ထားတာ၊ ပြစ်မှုတစ်ခုလို မြင်နေတဲ့ အစွန်းရောက်စိတ်တွေ ဖြစ်လာပြီး ချစ်သူ၊ အိမ်ထောင်ဖက်ကြား ပြဿနာ များနိုင်ပါတယ်။၁။အပြာရုပ်ရှင်နဲ့ ပတ်သက်တဲ့ ခွေများ၊ ဗီဒီယိုဖိုင်များ၊ ဒေတာများကို ကလေးတွေနဲ့ ထိတွေ့မှုမရှိစေမယ့် နေရာမှာ သိမ်းထားပါ။ ခွေချပ်တွေဆိုရင် ဖွက်ထားပါ။ ဖုန်းထဲမှာဆိုရင် ဒေတာကို Hide လုပ်ထားပေးပါ။၂။ လူတိုင်း အပြာရုပ်ရှင်၊လိင်မှုကိစ္စတွေနဲ့ ကင်းနိုင်တဲ့သူဆိုတာ အရမ်းရှားပါတယ်။ ဒါကြောင့် ကလေးငယ်ငယ်လေးထက်စာရင် အရွယ်ရောက်ပြီးသား လူကြီးအရွယ်ရောက်မှ ကိုယ့်စိတ်ဆန္ဒနဲ့ ကိုယ်ကြည့်တာ ပိုကောင်းပါတယ်။၃။ လိင်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကလေးဘဝမှာကတည်းက တီးခေါက်သင်ပေးထားနိုင်ရင် ပိုကောင်းပါတယ်။ လိင်ကျန်းမာရေးဆိုတာ အပြာရုပ်ရှင်မဟုတ်ပါဘူး။ လိင်ဆက်ဆံရာမှ ကူးစက်ရောဂါတွေ၊ကိုယ်ဝန်တွေ မရရှိအောင် ဘယ်လိုကာကွယ်မလဲ၊ အကြမ်းဖက် လိင်စော်ကားခြင်းဆိုင်ရာ အပြုအမူတွေဆိုတာ ဘယ်လိုလဲ၊ ဒါမျိုး ပြဿနာတွေ ဖြစ်လာရင် ဘယ်သူတွေကို တိုင်ပင်ရင်ဖွင့်လို့ရမလဲဆိုတာကို အဓိက သင်ကြားပေးတာ ဖြစ်ပါတယ်။ ဒီလိုလိင်ကျန်းမာရေးက ကလေးဘဝမှာစလို့ လူကြီးရောက်တဲ့အချိန်ထိကို သင်ကြားတတ်မြောက်ထားနိုင်ရင် အကောင်းဆုံးပါပဲ။၄။ လူကြီးတွေအနေနဲ့ မလိုလားအပ်ဘဲ ကိုယ့်ကလေးတွေ ရှေ့မှာ လိင်အသားပေး အပြုအမူတွေ လုပ်ပြတာကို တတ်နိုင်သလောက် ဆင်ခြင်ပေးပါ။၅။ တတ်နိုင်သလောက် ကလေးကို ဖုန်းပေးမသုံးပါနဲ့။ အထူးသဖြင့်အင်တာနက်ထဲ လျှောက်ရှာဖွေတာမျိုး လုံးဝမလုပ်ပါနဲ့။ မဖြစ်မနေ ကလေးကို ဖုန်းပေးသုံးချင်တယ်ဆိုရင် မိဘထိန်းချုပ်မှု (Parental Control) နဲ့ အသုံးပြုနိုင်ဖို့ စီစဉ်ထားပါ။ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး ကိုယ့်ကလေးရဲ့ စိတ်နဲ့ ခန္ဓာကျန်းမာရေး၊ ဘဝအနာဂတ်က အုပ်ထိန်းသူ မိဘတွေရဲ့ စီမံခန့်ခွဲမှုနဲ့ နေထိုင်မှုပုံစံအပေါ် အများကြီး သက်ရောက်မှုရှိနေတယ်ဆိုတာ နားလည်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/under-prepared-the-effects-early-exposure-sexual-content/
null
null
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/herbs-for-liver-detoxification/
အီဘိုလာ (Ebola) ဆိုသည်မှာ
အီဘိုလာဆိုတာ ဗိုင်းရပ်စ်ပိုးတစ်မျိုးရဲ့ နာမည်ဖြစ်ပြီး အီဘိုလာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါကိုတော့ Ebola virus disease (EVD) (သို့) Ebola hemorrhagic fever (EHF) လို့ ခေါ်ပါတယ်။ အီဘိုလာရောဂါလို့ အလွယ်ခေါ်ပါတယ်။ ၁၉၇၆ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပြီး တောင်ဆူဒန်နိုင်ငံနဲ့ DR ကွန်ဂိုနိုင်ငံက ရွာတွေမှာ စပြီးပျံ့နှံ့ခဲ့ပါတယ်။ အီဘိုလာမြစ်အနီးမှာ စတင်ဖြစ်ပွားတာမို့ အီဘိုလာဆိုတဲ့ နာမည်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ စတင်တွေ့ရှိခဲ့ချိန်ကနေ ယနေ့ထိ အစုလိုက်အပြုံလိုက်ဖြစ်ပွားမှု ၂၄ကြိမ်ခန့် ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ရောဂါလက္ခဏာတွေအနေနဲ့ဖျားနာခြင်း၊ အဆစ်အမြစ်များကိုက်ခြင်း၊ခေါင်းကိုက်ခြင်း၊လည်ချောင်းနာခြင်း၊ကြွက်သားများနာကျင်ခြင်း၊ အားနည်းခြင်း၊ မောပန်းသလိုခံစားရခြင်း၊ အစားအသောက်ပျက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ကြို့ထိုးခြင်း စတာတွေဖြစ်နိုင်ပါတယ်။ ဝမ်းပျက်ခြင်းနဲ့ ပျို့အန်ခြင်းတွေကြောင့် အလွန်အမင်းရေဓါတ်ခန်းခြောက်ခြင်း ဖြစ်နိုင်ပါတယ်။ အသက်ရှုကြပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်းလည်း ဖြစ်တတ်ပါတယ်။ အရေပြားပေါ် အနီစက်များ အပိမ့်များထွက်လာနိုင်ပါတယ်။ဆိုးရွားတဲ့အခြေအနေတွေမှာ သွေးခဲနှုန်းကျဆင်းပြီးသွေးမတိတ်ခြင်း၊ ကိုယ်ခန္ဓါကိုယ်တွင်းကိုယ်ပ သွေးယိုခြင်းဖြစ်နိုင်ခြင်း ဖြစ်နိုင်ပါတယ်။ အရေပြားပေါ်မှာ သွေးစက်ဥတွေ၊ သွေးခြေဥခြင်းတွေ တွေ့နိုင်ပြီး သွေးအန်ခြင်း၊ ဝမ်းတွင်သွေးပါခြင်း၊ ချောင်းဆိုးသွေးပါခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။အီဘိုလာဗိုင်းရပ်စ်ဟာသွေးဒါမှမဟုတ် ခန္ဓါကိုယ်ကနေ ထွက်တဲ့အရည်တွေကတဆင့် ကူးစက်နိုင်ပါတယ်။ ခန္ဓါကိုယ်ကထွက်တဲ့အရည်ဆိုရာမှာ နှပ်၊ တံတွေး၊ အန်ဖတ်၊ချွေး၊ မျက်ရည်၊ ဆီး၊ နို့ရည်၊ သုတ်ရည် စတာတွေပဲ ဖြစ်ပါတယ်။ ကူးစက်ခံရသူအတွက် ရောဂါပိုးဝင်ရောက်နိုင်တဲ့ နေရာတွေကတော့ ပါးစပ်၊ နှာခေါင်း၊ မျက်လုံး၊ ထိခိုက်ရှနာ ပွန်းပဲ့ဒဏ်ရာများပဲ ဖြစ်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်ပိုးဟာ လူကိုယ်ခန္ဓါကထွက်တဲ့အရည်ထဲမှာ တည်ရှိနေပြီး အဲဒီအရည်ဟာ ကိုယ်ခန္ဓါပြင်ပကို ရောက်သွားခဲ့ရင် ဗိုင်းရပ်စ်ပိုးဟာ ရက်အနည်းငယ်ထိ ရှင်သန်နိုင်ပါတယ်။ ဆိုလိုတာကတော့ အဲဒီအတောအတွင်းမှာ ကူးစက်နိုင်ခြေ ရှိနေပါတယ်။ အရည်ထဲမဟုတ်ဘဲ အရာဝတ္တုတစ်ခုခုရဲ့ မျက်နှာပြင်ပေါ် ရောက်ရှိသွားမယ်ဆိုရင်တော့ နာရီအနည်းငယ် အသက်ရှင်နိုင်ပါတယ်။ လူလူချင်းကူးစက်နိုင်သလို တိရစ္ဆာန်တွေကတဆင့်လည်း ကူးစက်နိုင်ပါတယ်။နှာရည်ထဲမှာလည်း အီဘိုလာဗိုင်းရပ်စ်ရှိနိုင်လို့ နှာချေတဲ့အခါ လေထဲမှာရောဂါပိုး ပျံ့နှံ့နိုင်ပါတယ်။ ဒါကြောင့် လေထုကနေ ကူးစက်ဖို့လည်း ဖြစ်နိုင်ပါသေးတယ်။အသက်အန္တရာယ်ရှိနိုင်ပါတယ်။ကိုယ်ခန္ဓါကနေ ရေဓါတ်အလွန်အမင်းခန်းခြောက်ရင်၊ သွေးလွန်ရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ ပြီးခဲ့တဲ့ဖြစ်ပွားမှုတွေမှာ သေဆုံးမှုနှုန်းဟာ ၅၀ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။အီဘိုလာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးကို ပြီးခဲ့တဲ့နှစ်အနည်းငယ်က ထုတ်လုပ်ထားပါတယ်။ ကာကွယ်ဆေးကတော့ ထိရောက်မှုရှိပြီး လူတစ်သိန်းခြောက်သောင်းကျော်ကို ထိုးနှံပြီးပြီလို့ သိရပါတယ်။ ဒါပေမယ့် တကယ်ဖြစ်ပွားရာ အာဖရိကမှာတောင် ကာကွယ်ဆေးနဲ့ ဖြစ်ပွားနိုင်ခြေဧရိယာကို လွှမ်းခြုံနိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် ရောဂါဖြစ်ပွားနေတယ်လို့ ယူဆရတဲ့နေရာတွေကို ခရီးထွက်ခြင်းကနေ ရှောင်ကြဉ်ရပါမယ်။ ရောဂါဖြစ်ပွားတယ်လို့ ယူဆရသူတွေနဲ့ ထိတွေ့ခြင်း မပြုရပါဘူး။လက်ကိုလည်း မကြာခဏဆေးကြောသင့်ပါတယ်။၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းကစပြီး ယနေ့အချိန်ထိ DR ကွန်ဂိုနိုင်ငံမှာ တကျော့ပြန်ဖြစ်ပွားနေပြီး ပြည်နယ်နှစ်ခုမှာ လူပေါင်း ၂၅၀၀ အနည်းဆုံး ရောဂါကူးစက်မှု ဖြစ်ပွားခဲ့ပြီး လူနာတွေထဲက ၃ပုံ၂ပုံဟာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကွန်ဂိုနိုင်ငံမှာ လက်ရှိ အရေးပေါ်အခြေအနေကြေငြာထားဆဲရောဂါ ဖြစ်ပါတယ်။ အာဖရိကမှာ အဓိကဖြစ်ပွားတယ်ဆိုပေမယ့် အမေရိကန် နဲ့ ဥရောပနိုင်ငံတွေမှာလည်း တွေ့ရှိရတာမို့ ဂရုစိုက်စောင့်ကြည့်သင့်တဲ့ရောဂါ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က မြန်မာနိုင်ငံမှာလည်း အီဘိုလာရောဂါလို့ သံသယရှိသူအချို့ကို စောင့်ကြည့်ကုသခဲ့ဖူးပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-viral-infections/%e1%80%a1%e1%80%ae%e1%80%98%e1%80%ad%e1%80%af%e1%80%9c%e1%80%ac-ebola-%e1%80%86%e1%80%ad%e1%80%af%e1%80%9e%e1%80%8a%e1%80%b9%e1%80%99%e1%80%bd%e1%80%ac/
ဘေဘီလေးမှာဖြစ်တဲ့ အင်ပျဉ် သက်သာစေဖို့
ဘေဘီလေးတွေရဲ့ နုနယ်တဲ့အရေပြားက ထိခိုက်လွယ်ပါတယ်။ ဒီလို ထိခိုက်လွယ်တဲ့ အရေပြားလေးမှာ အင်ပျဉ် ဖြစ်တဲ့အခါ သက်သာစေဖို့ ဘာလုပ်ပေးရမလဲ ဆိုပြီး အကြံအိုက်နေတဲ့မေမေတွေရှိလား……….. ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက ဘေဘီလေးမှာ ဖြစ်တဲ့ အင်ပျဉ်ကို သက်သာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။အင်ပျဉ် ဖြစ်တဲ့အခါ ဘေဘီလေးမှာယားယံတာနဲ့ နာကျင်တာကို ခံစားရစေနိုင်ပါ။ ဒီ အရေပြား ပြဿနာကို သက်သာစေဖို့ဆိုရင်။အင်ပျဉ်ကို သက်သာစေဖို့ အလွယ်ကူဆုံးနဲ့ အမြန်ဆန်ဆုံး နည်းလမ်းက ရေအေးဝတ် ဒါမှမဟုတ်ရေခဲကပ်တာပါ။ ရေအေးဝတ် ကပ်တာကရောင်ရမ်းမှုကိုရောယားယံမှုကိုပါ သက်သာစေမှာပါ။ဒါကြောင့် တဘက်စ သန့်သန့်လေးထဲမှာ ရေခဲတုံးလေးတွေ ထည့်ပြီး ကပ်ပေးပါ။ ကလေးခံနိုင်ရုံလောက်ပဲ အေးပါစေ၊၊ ၅ မိနစ် ကြာတိုင်း ခဏ နားပေးပါ။ အအေးကြောင့် အရေပြား မလောင်စေဖို့ပါ။အင်ပျဉ် ဖြစ်တဲ့အခါ ဘေဘီလေးကို ရေနွေးနွေးလေးနဲ့ ချိုးပေးပါ။ ဒီလို ချိုးပေးတာက ယားယံမှု နဲ့ မအီမသာ ဖြစ်တာကို သက်သာစေနိုင် ပါတယ်။ ကြက်သီးနွေးရေဖြစ်ရင် ရပါပြီ၊၊ ရေပူဖြစ်ရန် မလိုပါ၊၊။ဒိန်ချဉ်က အရေပြားက အင်ပျဉ်ကို သက်သာ စေနိုင်ပြီးကိုယ်ခံအားကိုပါ အားဖြည့်ပေး ပါတယ်။ ဒိန်ချဉ် မှာပါတဲ့အကျိုးပြု ဘက်တီးရီးယားလေးတွေက အင်ပျဉ်ကြောင့် ယားယံမှုကို သက်သာစေနိုင် ပါတယ်။ဒါကြောင့် ဘေဘီလေးမှာ အင်ပျဉ်ဖြစ်တဲ့အခါ ဒိန်ချဉ် အသုံးပြုပေးလို့ ရပါတယ်။သခွားသီးက အင်ပျဉ်တွေကို သက်သာစေပြီး နာကျင် ရောင်ရမ်းမှုကို သက်သာ စေနိုင်ပါတယ်။ သခွားသီးကိုအုတ်ဂျုံနဲ့ ရောကြိတ်ပြီး အနှစ်လေး ဖြစ်အောင် လုပ်ပါ။ ဒီ အနှစ်ကို ဘေဘီလေး အရေပြားပေါ်မှာ လိမ်းပေးတာက အင်ပျဉ်ကို သက်သာစေမှာပါ။သံလွင်ဆီက အရေပြားကို အစိုဓာတ် ဖြည့်ပေးသလို အရေပြားက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေး ပါတယ်။ ဒါကြောင့် ဘေဘီလေးက အင်ပျဉ် ဖြစ်တဲ့အခါဗီတာမင် Eနဲ့ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်နေတဲ့ သံလွင်ဆီ လိမ်းပေးလို့ ရပါတယ်။ငှက်ပျောခွံက အရေပြားက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီးရေဓာတ်ဖြည့်ပေးပါတယ်။ ငှက်ပျောခွံကို အင်ပျဉ်ဖြစ်တဲ့နေရာကို ကပ်ပေးရုံပါ။ရှားစောင်းလက်ပပ်က အရေပြားအတွက် စွယ်စုံရဆေးတစ်မျိုးပါ၊၊ ပိုးသေစေတာ၊ အရောင်ကျစေတာ၊ အစိုဓာတ်ဖြည့်ပေးတဲ့ အာနိသင်တွေ ရှိတဲ့အတွက် အင်ပျဉ်ကိုလည်း သက်သာစေပါတယ်၊၊ ရှားစောင်းလက်ပပ်ကို အစေးထုတ်ပြီးတဲ့အခါ အတွင်းက အနှစ်ကို ယူပြီး အင်ပျဉ်ပေါ်ကို တိုက်ရိုက်လိမ်းပေးနိုင်ပါတယ်၊၊။ဒါတွေအပြင်အုန်းဆီလိမ်းပေးတာ၊မိခင်နို့ရည်လိမ်းပေးတာတွေကလည်း ဘေဘီလေးရဲ့ အင်ပျဉ်ကို သက်သာစေမှာပါ။သဘာဝပစ္စည်းလေးတွေကို အသုံးပြုရတဲ့ အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို သုံးပြီး ဘေဘီလေးတွေကို အင်ပျဉ်သက်သာစေဖို့ လုပ်ဆောင်ပေးလိုက်ပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/baby-hives-cures/
ကိုဗစ်ကာလ မှာ သားဆက်ခြားပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ။
ကိုဗစ်ကာလ မှာ ကိုဗစ်မဟုတ်တဲ့ တခြားပြဿနာတွေကလည်း အလားတူပဲ အရေးကြီးပါတယ်။ ကိုဗစ်မဟုတ်တဲ့ ကျန်းမာရေး ပြဿနာတွေ (ဆိးချို၊ သွေးတိုး)ကစလို့ ကလေးကာကွယ်ဆေးထိုးတာအလယ်သားဆက်ခြားနည်းလမ်း ပြဿနာ၊ ကိုယ်ဝန်ဆောင် ဗိုက်နာပြီး ကလေးမွေးချင်တာ ဒါတွေကလည်း သူ့ဟာနဲ့သူ အရေးကြီးတာချည်းပါပဲ။ဒီထဲမှာ သားဆက်ခြားနည်းလမ်း ပြဿနာကို နည်းလမ်းပြောပြချင်ပါတယ်။ ကိုယ်ဝန်မလိုချင်ဘူးလို့ ဆုံးဖြတ်ထားရင် သားဆက်ခြားနည်းလမ်းတစ်ခုခုကို ပုံမှန်သုံးနေဖို့ လိုပါတယ်။ မလိုချင်ဘဲ ကိုယ်ဝန်ရသွားရင် နောက်ဆုံးအနေနဲ့ ဖျက်ချတဲ့ နည်းလမ်းကို ရွေးချယ်လာနိုင်လို့ မဖြစ်ခင် ကြိုကာကွယ်ထားတာ ကောင်းပါတယ်။ ဒီလို သားဆက်ခြားတဲ့နေရာမှာသူတို့ ဘာပြဿနာတွေ ကြုံရနိုင်လဲ ဆက်ကြည့်ရအောင်ပါ။ဟော်မုန်း တစ်မျိုးတည်းပါတာ ရှိမယ်။ နှစ်မျိုးပါတာရှိမယ်။ နှစ်မျိုးပါတာက အသုံးများပါတယ်။ ဆေးသောက်နေတဲ့သူတွေက နေ့တိုင်းပုံမှန်သောက်ရမယ်။ အချိန်မှန်သောက်ရမယ်ဆိုတာ သိပြီးသားပါ။ ကိုဗစ်ကာလမှာ နောက်နေ့ဘာဖြစ်မလဲ မှန်းရခက်ပါတယ်။ ဒါကြောင့် တားဆေးကတ်တွေကို အမြဲအပို ဝယ်ထားပါ။ ဆေးပြတ်သွားလိ့ မရတဲ့ထဲမှာ တားဆေးကတ်တွေလည်း ပါတာကြောင့်ပါ။ကိုဗစ်ကာလမှာ စိတ်နဲ့ လူနဲ့ မကပ်တာကြောင့် ဆေးသောက်ဖို့ မေ့သွားနိုင်ပါတယ်။ မမေ့အောင် alarmလုပ်ထားပါ။ မေ့သွားခဲ့ရင် ဖြေရှင်းနည်းကိုဒီမှာကြည့်ပါ။ ကိုယ်က မေ့တတ်တဲ့သူဆိုရင် ကွန်ဒုံးတို့၊ အရေးပေါ်တားဆေးကတ်တို့ပါ အပိုဆောင်ထားဖို့ ပြောပြရစေ။ ရက်တွေအများကြီး ဆေးသောက်ဖို့ မေ့သွားရင် အပိုသားဆက်ခြားနည်းလမ်းတွေ သုံးရမှာ ဖြစ်ပါတယ်။ဒါလည်း အသုံးများတဲ့ နည်းလမ်းတစ်ခုပါပဲ။ တစ်လခံဆေး၊ သုံးလခံဆေး အစားစား ရှိပါတယ်။ ဆေးက ရက်ပြည့်ရင် ဆရာဝန်ဆီမှာ သွားသွားထိုးရပါတယ်။ ဒီလိုကာလမှာ ဆေးခန်းရှားတဲ့အတွက် ထိုးရမယ့် ရက်မရောက်ခင် ကြိုပြီး ဆေးခန်းရှာထားပါ။ လူစုလူဝေး ရှောင်နိုင်ဖို့ ဘိုကင်တင်ထားပါ။သွားသွားထိုးရတာ အလုပ်ရှုပ်တယ်ဆိုရင် ခဏတော့ သောက်ဆေးပြောင်းထားနိုင်ပါတယ်။ ပြောင်းနည်းကိုဒီမှာကြည့်ပါ။ဒါတွေက နှစ်နဲ့ချီ ခံတဲ့ နည်းလမ်းတွေပါ။ နှစ်ချီခံတယ်ဆိုပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ဒီနှစ်မှာ ရက်ပြည့်သွားလို့ ပြန်လဲရမယ့်သူတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ရက်မပြည့်ခင် ဆေးခန်းကြိုရှာထားဖို့ ပြောတာပါ။ ရက်ပြည့်သွားရင် ပစ္စည်းက ကိုယ်ထဲမှာ ရှိနေပေမယ့် သန္ဓေတားနိုင်တဲ့အစွမ်း နည်းသွားလို့ ကိုယ်ဝန်ရသွားနိုင်ပါတယ်။သားအိမ်ထဲထည့်တဲ့ ပစ္စည်းဆိုရင် ၅နှစ်လောက်ခံပါတယ်။ ဟော်မုန်းပါတာ ရှိသလို မပါတာလည်း ရှိပါတယ်။ အမြဲလုပ်ရမှာက ကြိုးစစ်ဖို့ပါ။ အနည်းဆုံးတော့ ရာသီလာပြီးတိုင်းမှာ ကြိုးစစ်ပါ။ ကြိုးပျောက်ပြီဆိုရင် ဆေးရုံသွားရပါမယ်။ ဒါကြောင့် ဆေးရုံဆေးခန်း ကြိုရှာခိုင်းတာပါ။ကြိုးပျောက်မှာကြောက်တယ်။ ဖြစ်လာရင် ဘာမှမလုပ်တတ်ဘူးဆိုတဲ့ သူတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး တခြားနည်းလမ်း ပြောင်းသုံးပါ။လက်မောင်းအောက်ထည့်တာလည်း ဒီလိုပါပဲ။ ရက်ပြည့်ရင် ပြန်ထုတ်ပြီး အသစ်ပြန်ထည့်ရမှာပါ။ ဆရာဝန်ပဲ လုပ်ပေးနိုင်တာမို့လို့ ကြိုရှာထားပါ။သုံးနေကြလူက ဆက်သုံးပါ။ သန္ဓေတားနိုင်တဲ့အပြင် လိင်ကတဆင့် ကူးနိုင်တဲ့ ရောဂါတွေလည်း ကာကွယ်ပေးတယ်။ သုံးရတာလည်း လွယ်ပါတယ်။ ကွန်ဒုံးသုံးတဲ့သူတွေက ပိုဝယ်ထားပါ။ ပူလွန်းတဲ့နေရာမှာ မသိမ်းပါနဲ့။ ပျက်စီးတတ်ပါတယ်။တခြားတားနည်းတွေ သုံးတဲ့သူလည်း ကွန်ဒုံးဝယ်ထားတာ မမှားပါဘူး။ ဆေးသောက်ဖို့ မေ့သွားတဲ့အခါ၊ ဆေးထိုးဖို့ ရက်လွန်သွားတဲ့အခါ၊ သားအိမ်ထဲထည့်တဲ့ ပစ္စည်း၊ လက်မောင်းအောက်ထည့်တဲ့ပစ္စည်းတွေ အချိန်မီမလဲနိုင်တဲ့အခါ ကွန်ုဒုံးက ကိုယ်ဝန်မရအောင် တားပေးနိုင်ပါတယ်။ဆောင်ထားတာ မမှားပေမယ့် ခဏခဏတော့ မသုံးသင့်ပါဘူး။ သူ့အာနိသင်က conventional methodလို့ ခေါ်တဲ့ တားဆေးကတ်တို့၊ ထိုးဆေးတို့လောက် မကောင်းပါဘူး။ အရေးပေါ်မှပဲ သုံးသင့်ပါတယ်။ကိုယ်ဝန်မရဖို့ ရာနှုန်းပြည့် အာမမခံနိုင်ပါဘူး။ သုက်ရည်မတိုင်ခင် ထွက်တဲ့ အရည်ကြည် precumမှာ တစ်ခါတလေ သုက်ကောင်လေးတွေ ပါနေတတ်ပါတယ်။သုံးနေကြလူက ပြဿနာမရှိပေမယ့် ခုမှ စသုံးမယ်ဆိုရင် သိပ်တော့ အားမပေးပါဘူး။ ဓမ္မတာလာတဲ့ ရက်မှန်တဲ့သူတွေမှပဲ သုံးသင့်ပါတယ်။ ရက်မမှန်ဘူး။ ကိုယ်ဘယ်နှရက်ကြာမှတစ်ခါလာလည်း မသိဘူးဆို သိပ်တော့ အဆင်မပြေနိုင်ပါဘူး။နောက်ဆုံးအနေနဲ့ အကြံပေးချင်တာက ခုမှ သားဆက်ခြားနည်းလမ်းသုံးမယ့်သူတွေရော၊ သုံးလက်စသူတွေရော ဆေးရုံဆေးခန်းတွေ ကြိုစုံစမ်းထားပါ။ အပြင်မထွက်နိုင်ဘူးဆိုရင်တောင် အွန်လိုင်းကနေတဆင့် ပြသနိုင်တဲ့ ဆေးခန်းတွေ၊ telemedicineတွေ ရှိနေပါပြီ။ ကြိုပြီးရှာထားပါ။ကိုယ်ဝန်မလိုချင်သေးတာ သေချာရင် သားဆက်ခြားနည်းလမ်းကို စနစ်တကျ အသုံးပြုဖို့ အကြံပြုချင်ပါတယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/how-to-take-care-of-contraception-in-covid-19/
ပြည်ပမှာဆေးကုသမှုခံယူမယ်ဆိုရင် ဘာတွေသိထားရမလဲ
လူတိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ အရာ တစ်ခု ရှိပါတယ်။ ဒါကတော့ကျန်းမာရေးပါ။ ကျန်းမာရေး ကောင်းမှ လူမှုရေးရော စီးပွားရေးကိုပါ ကောင်းကောင်းလုပ်ဆောင်နိုင်မှာပါ။ အရင်က ကျန်းမာရေးကို ပြည်တွင်းမှာပဲ ကုသကြတာ များပေမယ့် အခုနောက်ပိုင်းတော့ ပြည်ပမှာပါ ဆေးကုသမှု ခံယူကြတာက အဆန်းတကြယ် မဟုတ်လှတော့ပါဘူး။ ဒါကြောင့်ရောဂါတစ်ခုခု ခံစားနေရလို့ ပြည်ပမှာ သွားရောက်ပြီးဆေးကုသမှုခံယူဖို့ အစီအစဉ် ရှိတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အရင် ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. ပြည်ပမှာဆေးကုသမှုခံယူမယ်ဆိုရင် ဘာတွေသိထားရမလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ဆေးကုသမှု ခံယူတော့မယ် ဆိုရင် အသေအချာ နားလည်ပြီး ရွေးချယ်နိုင်ဖို့က အဓိက ကျပါတယ်။ အခု နောက်ပိုင်းက မြန်မာနိုင်ငံတွင်းကနေတင် ပြည်ပကဆေးရုံတွေမှာ ကုသမှု ခံယူဖို့ ဆွေးနွေးတိုင်ပင်လို့ရတဲ့ကျန်းမာရေး ဝန်ဆောင်မှုတွေက တစ်ခုမက ရှိလာပါတယ်။ ရွေးချယ်စရာ များလာတာက ကောင်းတဲ့အချက် တစ်ခုပါ။ ဒီလို ရွေးချယ်စရာ အများကြီးထဲမှာမှ သေချာလေး ရွေးချယ်တတ်မှလည်း ကျန်းမာရေးအတွက် စိတ်ချယုံကြည်ရတဲ့ စောင့်ရှောက်မှုကို ရရှိမှာဖြစ်ပါတယ်။ ပြည်ပမှာဆေးကုသမှုခံယူမယ်ဆိုရင် အခုပြောပြမယ့် အချက်လေးတွေကို သတိထားဖို့ လိုပါမယ်။ဆက်သွယ်ပြောဆိုမှု အခက်အခဲ။ဘာသာစကား မတူတဲ့ ပြဿနာကြောင့် ဆေးရုံတာဝန်ရှိသူတွေ၊ ကုသသူတွေနဲ့လူနာအကြားမှာ ဆက်သွယ်ပြောဆိုမှုအခက်အခဲတွေနဲ့ နားလည်မှု လွဲမှားတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။မျှော်မှန်းထားတာထက် လျော့နည်းတဲ့ဝန်ဆောင်မှု။ပုဂ္ဂလိက ဆေးရုံတွေမှာ အပြိုင်အဆိုင် လူနာခေါ်ဖို့အတွက် စွဲဆောင်မှု ကောင်းတဲ့ ဝန်ဆောင်မှုတွေ ပြောတတ်ကြပေမယ့် တကယ်တမ်း လက်တွေ့မှာ ထင်ထားခဲ့သလို မဖြစ်ရတာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ငွေကြေးသယ်ဆောင်မှု ပြဿနာ။နိုင်ငံအချို့ရဲ့ ပြည်ဝင်ခွင့် ပေါ်လစီမှာ ငွေကြေး ပမာဏ အများကြီး သယ်ဆောင်လာလို့ မရတာမျိုး ရှိပါတယ်။ အဲဒီအခါ အထပ်ထပ် အခါခါ လွှဲရ ပို့ရတာတွေ၊ လွှဲလိုက်တဲ့ ငွေကြေးကို ပြန်လည် လဲလှယ်ရတဲ့အခါ အချိန်ကုန် လူပင်ပန်းနဲ့ ငွေကြေး ဆုံးရှုံးမှု ဖြစ်ရတာတွေ ရှိတတ်ပါတယ်။ကိုယ်တိုင်အတွက် ဖြစ်ဖြစ်၊ ချစ်ခင်ရတဲ့မိသားစုဝင်တစ်ဦးတစ်ယောက်အတွက်ဖြစ်ဖြစ် ပြည်ပမှာ ဆေးကုသမှု ခံယူစေဖို့ ဆေးရုံ၊ ကျန်းမာရေး ဝန်ဆောင်မှုတစ်ရပ်ရပ်ကို ရွေးချယ်တဲ့အခါ ကိုယ်ရွေးချယ်တဲ့ ဆေးရုံက ဘယ်လောက်ထိ စိတ်ချရမှု ရှိမလဲ၊ ကိုယ့်အတွက် အဆင်ပြေပါ့မလား ဆိုတာကို အောက်ပါ အချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။၁။ ကိုယ်သွားရောက် ကုသဖို့ စဉ်းစားထားတဲ့ ဆေးရုံရဲ့ ကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေးပါ။၂။ ဆေးရုံ အကြောင်းနဲ့ ရရှိထားတဲ့ အသိအမှတ်ပြု လက်မှတ်တွေအကြောင်း သေချာလေ့လာဖတ်ရှုပါ။၃။ ဘာသာစကားကြောင့် ပြဿနာ မဖြစ်ရအောင် စီစဉ်ထားရှိပါ။၄။ ကိုယ်နဲ့အတူဆေးမှတ်တမ်းတွေအကုန် ယူဆောင်သွားဖို့ မမေ့ပါနဲ့။၅။ ကုသမှုအတွက် ငွေကုန်ကြေးကျနဲ့ အခြားကုန်စရိတ်များကို တွက်ဆပြီး အကောင်းဆုံး နေရာကိုရွေးချယ်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/hospital-and-doctor-reviews/things-to-know-for-oversea-medical-visit/
လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ရိုးရိုးရေသောက်သင့်လား၊ ဓာတ်ဆားရည်သောက်သင့်လား။
လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ချွေးထွက်များတဲ့အတွက် ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ပြန်ဖြည့်ပေးဖို့ လိုပါတယ်။ ဒီလိုပြန်ဖြည့်ဖို့အတွက် အများစုက ရေသောက်ကြပါတယ်။ တချို့ကလည်း ဓာတ်ဆားရည်သောက် ကြပါတယ်။ ဘယ်ဟာက ပိုပြီးသင့်တော်သလဲ။ရေနဲ့ ဓာတ်ဆားရည်ရဲ့ အဓိကာကွာခြားချက်က ဓာတ်ဆားပါဝင်မှုနှုန်းပါ။ ရေမှာလည်း ဆားဓာတ်တွေပါပေမယ့် ဓာတ်ဆားရည်မှာကျတော့ ခန္ဓာကိုယ်လိုအပ်ချက်အတိုင်း အချိုးကျထည့်သွင်းထားတာ ဖြစ်ပါတယ်။နောက်တစ်ခုကတော့ ဂလူးကို့စ်ပါ။ဓာတ်ဆားရည်တချို့မှာ လေ့ကျင့်ခန်းလုပ်လို့ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ စွမ်းအင်တွေကို ပြန်ဖြည့်ပေးဖို့ဂလူးကို့စ်ထည့်သွင်းထားတတ်ပါတယ်။သာမန် ၁၀မိနစ်၊ ၁၅မိနစ်လောက်ပဲ လုပ်တဲ့ လေ့ကျင့်ခန်းတွေ၊ အပေါ့စား လေ့ကျင့်ခန်းတွေ၊ ချွေးလည်း သိပ်မထွက်တဲ့ လှုပ်ရှားမှုမျိုးတွေဆိုရင် ဓာတ်ဆားရည်အစား ရေသောက်တာက ပြဿနာ မရှိပါဘူး။ ဒါပေမယ့် ဒီလို လေ့ကျင့်ခန်းမျိုးတွေဆိုရင်တော့ ဓာတ်ဆားရည်သောက်တာက ပိုသင့်တော်ပါတယ်။လေ့ကျင့်ခန်းလုပ်တဲ့သူတွေ ပြောလေ့ရှိတာကရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးတယ်ဆိုတဲ့ စကားပါ။ ဒါကြောင့် ပြန်ဖြည့်ရင်လည်း ရေပဲ မဖြည့်ဘဲ ဓာတ်ဆားတွေကိုပါ ပြန်ဖြည့်ပေးဖို့ လိုပါတယ်။ခန္ဓာကိုယ်ထဲက ဓာတ်ဆားတွေ အထူးသဖြင့် ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် စတာတွေက ကြွက်သားလှုပ်ရှားမှုတွေအပြင် ကိုယ်တွင်းစနစ်တွေ ပုံမှန်အတိုင်း လည်ပတ်နိုင်အောင် ထိန်းထားပေးပါတယ်။ လေ့ကျင့်ခန်းလုပ်လို့ ချွေးထွက်သွားတဲ့အခါ ဒီဓာတ်ဆားတွေ လျော့သွားတာကြောင့် ပြန်ဖြည့်ရပါမယ်။လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ နုံးတာ၊ ကြွက်သားတွေနာတာ၊ ခေါင်းတွေကိုက်၊ ကြွက်တွေတက်တာက ရေဓာတ်အပြင် ဓာတ်ဆားတွေကို ပြန်မဖြည့်မိတာကြောင့် ဖြစ်ပါတယ်။ဓာတ်ဆားရည် သောက်လိုက်တဲ့အခါ။သာမန်လေ့ကျင့်ခန်းတွေဆိုရင် ရေသောက်ရုံနဲ့ လုံလောက်ပါတယ်။ ဒါပေမယ့် ချွေးတွေ အများကြီးထွက်စေတဲ့ လေ့ကျင့်ခန်းတွေ၊ အချိန်ကြာကြာ လေ့ကျင့်ခန်းလုပ်တဲ့သူတွေမှာ ရေပဲသောက်နေတာက ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေနိုင်ပါတယ်။ရေနဲ့ ဓာတ်ဆားဆုံးရှုံးနေတဲ့ အချိန်မှာ ရေကိုပဲ ဆက်တိုက် ဖြစ်စေပြီး ဆားဓာတ်ကို မဖြည့်ဘူးဆိုရင်ခန္ဓာကိုယ်ကို ရေထိုးလိုက်သလို ဖြစ်ပြီး ဆားဓာတ်တွေ ပိုနည်းသွားတတ်ပါတယ်။ အထူးသဖြင့် ဆိုဒီယမ်နည်းသွားတတ်ပါတယ်။ ဒါကြောင့်။လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ရေလည်း သောက်နေပါရက်နဲ့ ဒီလို လက္ခဏာတွေ ခံစားနေရတယ်ဆိုရင်ဆားဓာတ်တွေ နည်းသွားလို့ဖြစ်နိုင်ပါတယ်။ ရေအစား ဓာတ်ဆားရည်ကို ပြောင်းသောက်သင့်ပါတယ်။လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ရေရော ဓာတ်ဆားပါ ဆုံးရှုံးသွားပါတယ်။ ဒါကြောင့် ပြန်ဖြည့်တဲ့အခါ ရေနဲ့ ဓာတ်ဆား နှစ်ခုလုံးကို ပြန်ဖြည့်ဖို့ လိုပါတယ်။ သာမန်လေ့ကျင့်ခန်းတွေအတွက် ရေသောက်လို့ ရပေမယ့် ချွေးထွက်များတဲ့ လေ့ကျင့်ခန်းတွေမှာ ဆားဓာတ်ပြန်ဖြည့်ဖို့ ဓာတ်ဆားရည်သောက်သင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/sports-nutrition/plain-water-or-sport-drinks-after-workout/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/smell-loss-covid/
ဆံသား ကျန်းမာရေးအတွက် အမျိုးမျိုး အသုံးဝင်တဲ့ Probiotic လေး
Probiotic ဆိုတာ အစာခြေစနစ်အတွင်းက အကျိုးပြုဘက်တီးရီးယားလေးတွေပေါ့။ အစာခြေစနစ် ကျန်းမာအောင် အထောက်အကူပြုပေးတာပါ။ဒိန်ချဉ်၊ ကင်မ်ချီ တို့လိုမျိုး အစားအစာတွေမှာ ပါဝင်နေတတ်ကြပါတယ်။အစာအိမ်နဲ့ အူနံရံတွေက အာဟာရတွေကို စုပ်ယူမှုကောင်းအောင်လုပ်ဆောင်ပေးတယ်၊ ဝမ်းမှန်စေတယ်၊ အစာအိမ်အူလမ်းကြောင်းပြဿနာတွေကို သက်သာစေတယ်။အခုပြောပြမယ့် ဒိန်ချဉ်က အစာခြေစနစ်အတွက် ကောင်းတယ်၊ အာဟာရဓာတ်တွေ ပါလို့ အသားအရေ အတွက်ပါ ကောင်းတယ်၊ အခုဆံပင်အတွက် ဆိုလည်း အားဖြည့်ပေးမယ့် ဆေးစွမ်းကောင်းတစ်လက် ဖြစ်နေပြန်ပါတယ်။ ဆံပင် အတွက် ဘာတွေ ကောင်းလဲဆိုတော့။ကဲ ဆံသားကို ကျန်းမာစေဖို့ အားဖြည့်ပေးမယ့် အားဆေးလေးတွေ ဒိန်ချဉ်နဲ့ ဘယ်လိုဖော်စပ်မလဲ။ ဆက်ကြည့်ရအောင် –။ကြက်ဥ။ငှက်ပျောသီး။သံလွင်ဆီ။ပျားရည်။ရှားစောင်းလက်ပပ်။ထောပတ်သီး။သဘာဝပစ္စည်းတွေနဲ့ ဆံပင်ပေါင်းတင်တာက အကုန်အကျ သက်သာ၊ အချိန်ကုန်သက်သာတဲ့ အပြင် ဆိုင်မသွားနိုင်၊ treatment မလုပ်နိုင်ခင် စပ်ကြားမှာလည်း အဆင်ပြေစေမယ့်နည်းပါ။ ဒါပေမယ့် ပျက်စီးနေတဲ့ဆံပင်က ချက်ချင်းကြီးတော့ ဝုန်းဆို ပိတုန်းရောင်ဆံကေသာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ စိတ်တော့ ရှည်ရပါမယ်နော်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%86%e1%80%b6%e1%80%9e%e1%80%ac%e1%80%b8-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%a1%e1%80%99/
ထွက်နေတဲ့ ကိုယ့်ရဲ့ ဒေါသတွေကို ဒီနည်းလမ်းတွေနဲ့ ပြန်ထိန်းပါ။
လူတိုင်းဒေါသထွက်တတ်ကြပါတယ်။ ဒေါသအတိမ်အနက်နဲ့ ၊ဒေါသမထိန်းနိုင်တဲ့ အပေါ်မှာ မူတည်ပြီးဒေါသကြီးတဲ့သူ၊ ဒေါသမကြီးတဲ့သူဆိုပြီး ကွဲပြားသွားတာပါ။ဒေါသထွက်နေတဲ့အချိန် စကားတစ်ခွန်းမပြန်နဲ့ဆိုတဲ့အတိုင်း ဒေါသဆိုတာက အချင်းချင်းရဲ့ပေါင်းသင်းဆက်ဆံရေးကို ပျက်စီးစေနိုင်သလို ကိုယ့်ရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေတတ်တာကြောင့် ထွက်နေတဲ့ ကိုယ့်ရဲ့ ဒေါသတွေကို လျှော့ဖို့လိုပါတယ်။ ဒါဆို ဘယ်လိုနည်းလမ်းနဲ့ ကိုယ့်ဒေါသတွေကို ချိုးနှိမ်ရမလဲ ။ ။ဒေါသစိတ်မွှန်နေတဲ့အချိန် ကိုယ်ပြောလိုက်တဲ့ စကားတိုင်းကမှန်တယ်လို့ လူတိုင်းထင်တတ်ကြပါတယ်။ ဒေါသပြေသွားတဲ့အခါကျမှ ကိုယ်ပြောလိုက်တာ လွန်သွားမှန်း သိသွားပြီး စိတ်မကောင်းပြန်ဖြစ်ရတာလည်း ကိုယ်ကိုယ်တိုင်ပဲ မဟုတ်လား။ စကားဆိုကလည်း ကျွံပြီးရင် ပြန်နှုတ်လို့ မရတာကြောင့် ဘယ်လောက်ပဲ ဒေါသကြီးကြီး ပြောစရာတွေ ရင်နဲ့ အပြည့်ရှိပေမယ့်လည်း အားလုံကို ခဏ မျိုသိပ်ထားလိုက်ပါ။ ဒေါသပြေသွားတဲ့အခါကျမှ အပြောသင့်ဆုံး စကားကို ပြန်ရွေးပြီး တစ်ခွန်းထဲ မယုတ်မလွန်ပြောလို့ရပါတယ်။မျိုသိပ်ဆိုပြီး တစ်ခွန်းမှ မပြောခိုင်းတာမဟုတ်ပါဘူး။စိတ်ငြိမ်သွားတဲ့ အခါမှ ကိုယ်ဘာကြောင့် ဒေါသထွက်ခဲ့တယ်ဆိုတာ တစ်ဘက်လူသိအောင်တော့ ပြောမှ ရပါလိမ့်မယ်။ ဒါမှ နောက်တစ်ခါ ခုလို အခြေအနေမျိုး ထပ်မဖြစ်တော့မှာပါ။ ဒေါသအရှိန်လည်း ပြေသွားပြီဆိုတော့ စကားတွေလည်း မလွန်တော့ဘူးပေါ့။စိတ်ဆိုးစရာ ဒေါသထွက်စရာ မြင်ကွင်းကနေ ထွက်သွားပြီး တစ်ယောက်တည်း အေးအေးဆေးဆေး တစ်နေရာမှာ သွားနေလိုက်ပါ။ စိတ်ငြိမ်နေတဲ့ ပတ်ဝန်းကျင်က သင့်စိတ်ကို အေးချမ်းမှု ပေးနိုင်မှာပါ။ဖြစ်နေတဲ့ ဒေါသတွေ မေ့မေ့ပျောက်ပျောက်ဖြစ်အောင် စိတ်အပြောင်းအလဲလေးဖြစ်အောင် အပြင်ထွက်လမ်းလျှောက် လေ့ကျင့်ခန်းလုပ်ပေးပါ။ ဒါမှ ဖြစ်နေတဲ့စိတ်ဖိစီးမှုတွေ ပြေလျော့သွားပြီး ဒေါသအရှိန်လည်း ပြေသွားမှာပါ။ဒေါသထွက်နေရုံနဲ့ ဖြစ်နေတဲ့ ပြဿနာတွေ အားလုံး ရှင်းသွားမှာ မဟုတ်ပါဘူး။ ဖြစ်နေတဲ့ ဒေါသကို ထုတ်ပြမယ့်အစား အကောင်းဆုံး အဖြေကို ရှာသင့်ပါတယ်။ တစ်ခုမှတ်ထားရမှာက ဒေါသထွက်လိုက်လို့ သင့်စိတ်တစ်ခဏတာ ပြေသလိုလိုဖြစ်သွားပေမယ့် နောက်ပိုင် း အရမ်းပူလောင်လာပါလိမ့်မယ်။ဒီတစ်ခေါက် ပြဿနာတက်တဲ့အချိန်မှာ အရင်က ဖြစ်ခဲ့တဲ့ ပြဿနာတွေပါ ဆွဲထည့်ပြီး ဝါးလုံးရှည်နဲ့ သိမ်းကြုံးမရမ်းပါနဲ့။ ပြစ်တင်ဝေဖန်ခြင်းဟာ လက်ရှိဖြစ်နေတဲ့ ဒေါသရဲ့ တမ်ပိုကို ပိုမြင့်စေပါတယ်။ခွင့်လွှတ်ခြင်းဟာ အကြီးမားဆုံးသော အောင်မြင်ခြင်းဆိုပြီး ခုလောလောဆယ်မှာတော့ ခွင့်လွှတ်သယောင်ယောင်နဲ့ စိတ်ထဲ တေးထားတတ်တဲ့ သူတွေရှိပါတယ်။ နောက်တစ်ကြိမ်ထပ်ဖြစ်မှ အရင်က အငြိုးတွေ ပြန်ပေါ်လာခဲ့ရင် ဖြစ်နေတဲ့ဒေါသပိုကြီးလာဖို့ပဲ ရှိပါတယ်။ဘယ်လောက်ပဲ မအိပ်ခင် စိတ်ဆိုးနေနေ အိပ်ပြီး ပြန်ထလာတဲ့အခါကျ စိတ်ပြေပြီး အေးချမ်းနေပါလိမ့်မယ်။ ဒါကြောင့် ဒေါသတွေထွက်လာပြီဆိုတာနဲ့ တစ်ယောက်တည်း အေးအေးဆေးဆေး နေပြီး အိပ်လိုက်ပါ။ နိုးတဲ့အချိန် ဒေါသမရှိသလောက်ဖြစ်သွားပါလိမ့်မယ်။ကိုယ်ဒေါသထွက်တဲ့အချိန်တိုင်း ဒါလေးတွေ လိုက်နာခဲ့မယ်ဆိုရင် ဒေါသကြောင့် ကိုယ့်ကျန်းမာရေးရော၊ ပေါင်းသင်းဆက်ဆံရေး ရော ထိခိုက်မှာ မဟုတ်တော့ဘူးနော် ။ ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/anger/
ဘေဘီလေးတွေ ခြင်ကိုက်ခံရရင်
အရွယ်မရွေး ခြင်ကိုက်ခံရ နိုင်ပါတယ်။ လူကြီးတွေ အတွက်ကခြင်ကိုက်တာအမှုမဲ့ အမှတ်မဲ့ ဆိုပေမယ့်ဘေဘီလေးတွေမှာတော့ ခြင်ကိုက်တဲ့အခါ နီနေတာ၊အရေပြားမှာ အပိမ့်တွေ ထွက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို အခြေအနေကို ဘယ်လိုများ အကောင်းဆုံး ဖြေရှင်းမယ် စိတ်ကူးလဲမေမေ….. နည်းလမ်းကောင်းလေး ဝေမျှ ပါရစေ။ခြင်ကိုက်တာက ကာကွယ်လို့ ရတယ် ဆိုပေမယ့် အမြဲ ကာကွယ်ဖို့ကျ မဖြစ်နိုင် ပါဘူး။ ဒီလိုမျိုး တစ်ချိန်လုံး ကာကွယ်ဖို့ မဖြစ်တဲ့ အခြေအနေမှာ ခြင်ကိုက်ခံလာရရင် သက်သာအောင် ဘယ်လို လုပ်ပေးရမလဲ ဆိုတဲ့ နည်းလမ်းလေးကို ပြောပြပေး ပါရစေ။ရေခဲတုံးလေးတွေကို တဘက်စ သန့်သန့်လေးထဲ ထည့်ပြီး ခြင်ကိုက်ခံရတဲ့ နေရာမှာ ကပ်ပေးပါ။ ဒီလို ကပ်ပေးတာက ခြင်ကိုက်ခံရ တာကြောင့် ယားယံတာကိုရော ရောင်ရမ်းတာကိုပါ သက်သာစေနိုင် ပါတယ်။မကုတ်ပါနဲ့။ခြင်ကိုက်ခံရတဲ့အခါ ယားယံနိုင် ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ကုတ်မိတာက ဖြစ်နိုင်ခြေ အများဆုံးပါ။ ကုတ်တဲ့အခါအရေပြား ပွန်းပဲ့တာနဲ့ အဖုအပိမ့် ထွက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မကုတ်ဖဲ့ပါနဲ့။ အဝတ်စ နုနုလေးနဲ့ပဲ ခပ်ဖွဖွလေး ပွတ်ပေးပါ။ဘေဘီလေးရဲ့ ခြင်ကိုက်ဖု နေရာကို ဘေဘီ lotion လေး ခပ်ဖွဖွ လိမ်းပေးတာ ကလည်း ခြင်ကိုက်ဖုကို သက်သာစေနိုင် ပါတယ်။သဘာဝ အသီးတွေက ထုတ်ထားတာမျိုးဆို ပိုကောင်း ပါတယ်။ရေနွေးနွေးထဲကို သံပုရာရည် တစ်စိတ်စာလောက် ထည့်ပြီး မွှေပါ။ အအေးခံပြီး ဘေဘီလေးရဲ့ ခြင်ကိုက်ဖုမှာ ပွတ်လိမ်းပေးတာ ကလည်း ခြင်ကိုက်ဖုကြောင့် ယားယံတာကိုရော ခြင်ကိုက်ဖုကိုပါ သက်သာစေမှာပါ။ခြင်ကိုက်ခံ ရတဲ့အခါ ခြင်ကိုက်ဖုပေါ်မှာ ပျားရည် ခပ်ပါးပါးလေး ပွတ်လိမ်းပေးတာ ကလည်း ခြင်ကိုက်ဖုကို သက်သာ စေမှာပါ။ရေနွေးနွေးလေး ထဲကိုဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ထည့်ပြီး မွှေပါ။ အအေးခံပြီးရင်ဂွမ်းစလေးနဲ့ယူပြီး ခြင်ကိုက်ဖု နေရာကို တို့သုတ်ပေးပါ။ ခြင်ကိုက်ဖုကြောင့် ယားယံတာကိုရော ရောင်ရမ်းတာကိုပါ သက်သာစေမှာပါ။အုတ်ဂျုံကိုရေနွေးထဲ ထည့်စိမ်ပါ။ ပွလာပြီဆိုရင် အဖတ်တွေကို ဆယ်ယူပြီး ခြင်ကိုက်ဖု ပေါ်မှာ အုံထားပေးပါ။ ဒီလို လုပ်ပေးတာကခြင်ကိုက်ဖုကြောင့် အရေပြားယားယံမှုကို သက်သာစေသလို အရေပြားမှာအဖုအပိမ့်တွေ ဖြစ်တာကိုပါ သက်သာစေနိုင်ပါတယ်။ကဲ… မေမေတို့ရေ ဒီနည်းလမ်းလေးတွေ သုံးလို့ ဘေဘီလေးတွေ ခြင်ကိုက်ခံရရင် သက်သာအောင် လုပ်ပေးလိုက်စို့နော်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/mosquito-bites-on-babies/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%86%e1%80%b6%e1%80%95%e1%80%84%e1%80%ba-4/
စိုးရိမ်ပူပန်လွန်းတဲ့ စိတ် ကို ဒီနည်းလမ်းတွေနဲ့ ဖြေဖျောက်ကြမယ်
လူ့ဘဝရယ်လို့ ဖြစ်လာပြီဆိုရင်စိုးရိမ်ပူပန်စရာတွေ၊ စိတ်ညစ်စရာတွေ ကြုံလာရမှာ သဘာဝပါပဲ။ ဒီလိုစိတ်တွေကို သေချာမထိန်းချုပ်ဘဲ ပစ်ထားလိုက်လို့ ငြိမ်းချမ်းသွားမယ်တော့ မထင်ပါနဲ့။ အနာကို သဲနဲ့ ဖုံးလိုက်သလိုသာ ဖြစ်သွားပြီး နောက်ထပ် ပူပန်စရာကိစ္စတွေ ပေါ်လာတာနဲ့ မြိုသိပ်ထားတာတွေ ပြန်ပြီး ပေါ်လာကြတာပါပဲ။ ဒီတော့ စိုးရိမ်ပူပန်မှု ဝေဒနာကို ခံစားနေရပြီဆိုရင် ဒီနည်းလမ်း ၁၀ချက်နဲ့ ကိုယ့်ရဲ့ စိုးရိမ်ပူပန်လွန်းတဲ့ စိတ် ကို အေးချမ်းအောင် ပြန်လည်တည်ဆောက်ဖို့ အကြံပေးလိုက်ပါတယ်။ပုံမှန်လေ့ကျင့်ခန်း၊အားကစားလုပ်တာက ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာလန်းဆန်းစေနိုင်ပါတယ်။ အထူးသဖြင့် စိုးရိမ်ပူပန်နေရတဲ့ ပူလောင်ခြင်းဝေဒနာကို အေးချမ်းသွားစေပြီး ဒီပူလောင်နေရတဲ့ အကြောင်းအရာကို ခေါင်းထဲမှာ တွေးမနေမိအောင် အာရုံလွှဲလိုက်နိုင်ပါတယ်။အရက်ေသာက်လို့ ကိုယ့်ရင်ထဲက ပူလောင်နေတဲ့ သောကတွေ၊ ဖြစ်နေတဲ့ ပြဿနာအခက်အခဲတွေက ပျောက်မသွားပါဘူး။ မူးနေတုန်း ခဏမှာ အေးချမ်းတယ်လို့ ခံစားရပေမယ့် အမူးပြေသွားပြီဆိုတာနဲ့ ကိုယ့်ရဲ့ စိုးရိမ်ပူပန်မှုတွေဟာ ခေါင်းထဲ ပြန်ရောက်လာမှာပါ။စိတ်ညစ်နေတဲ့အချိန်ဆိုရင် လက်ကဆေးလိပ်ဆီကို ရောက်သွားတတ်ကြပါတယ်။ ပူလောင်နေတဲ့ စိတ်တွေ အခိုးအငွေ့လေးနဲ့အတူ လွင့်ပျယ်သွားမလားဆိုတဲ့ စိတ်ကလေးနဲ့ပေါ့။ တကယ်တမ်း အဖတ်တင်ကျန်ခဲ့တာဆိုလို့ ကိုယ့်ကျန်းမာရေးထိခိုက်တာနဲ့ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးတာပဲ ရှိတာပါ။ လေ့လာတွေ့ရှိချက်တွေအရ စိုးရိမ်ပူပန်နေချိန် ဆေးလိပ်သောက်တဲ့ သူတွေဟာ နောက်ပိုင်းမှာ စိတ်ရောဂါအမျိုးမျိုး ဖြစ်လာနိုင်ခြေ ပိုများတယ်ဆိုတာပါပဲ။ပူနေလို့လည်း ဘာမှမထူးဘူးဆိုရင် မျက်လုံးမှိတ်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်လိုက်တာ အကောင်းဆုံးပါပဲ။ နိုးလာတဲ့အချိန် စိတ်က ပြန်လည်ကြည်လင်သွားပြီဆိုတော့မှ ကိုယ့်ရဲ့ ပြဿနာအတိမ်အနက်ကို ပြန်တွေးရင်း ဖြေရှင်းဖို့ နည်းလမ်းကို ရှာဖွေသင့်ပါတယ်။ကဖင်းဓါတ်ပါဝင်တဲ့ကော်ဖီ၊ လက်ဖက်ရည်၊ ဖျော်ရည်တွေဟာ ရင်တုန်မှုကို ပိုဖြစ်စေတဲ့အတွက် စိုးရိမ်ပူပန်နေတဲ့အချိန်မှာ ပိုပြီးတောင် မသောက်သင့်ပါဘူး။ ဒါ့အပြင် ကဖင်းဓါတ်သောက်သုံးမှုများတဲ့အခါ ရုတ်တရက် အကြောက်အလန့်လွန်ပြီး အသိစိတ်လွတ်သွားတာ၊ စိုးရိမ်ပူပန်စိတ်ကြောင့် လုပ်မိလုပ်ရာ လျှောက်လိုက်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။စိတ်ထဲက ပူလောင်မှုကို ငြှိမ်းသတ်ပေးနိုင်ဖို့၊ ကိုယ့်စိတ်ကို အဆိပ်သင့်စေတဲ့ မကောင်းတဲ့အတွေးတွေ ဝင်မလာစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ တရားထိုင်တာပါပဲ။ ဘာသာရေးနဲ့ မသက်ဆိုင်ဘဲ ကျန်းမာရေးရှုထောင့်အရ ကြည့်မယ်ဆိုရင်တရားထိုင်ြခင်းဟာ စိတ်ကျန်းမာရေးကို ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာစေဖို့နဲ့ စိုးရိမ်ပူပန်လွန်တဲ့ စိတ်ကို ဖြေဖျောက်ပေးနိုင်တဲ့ နည်းလမ်းတွေထဲမှာ ပါဝင်ပါတယ်။စိုးရိမ်ပူပန်လွန်တဲ့ စိတ်ကို ဖြေလျှော့ပေးနိုင်တဲ့ နောက်နည်းလမ်းတစ်ခုကတော့ အစာစားတာပါပဲ။ အစာလို့ ဆိုရာမှာ တွေ့ကရာ ဗိုက်ဝရင်ပြီးရော စားတာကို မဆိုလိုဘူးနော်။ ရေများများသောက်ပြီး ကျန်းမာစေဖို့နဲ့ အာဟာရဖြစ်စေတဲ့ အစားအစာတွေကို အဓိက စားပေးရပါမယ်။ အစာစားနေတဲ့အချိန် အနည်းဆုံးတော့ စားတဲ့ ဘက်ကို အာရုံစိုက်မိပြီး ကိုယ့်စိတ်ထဲက ပူလောင်မှုကို သက်သာစေနိုင်ပါတယ်။ ကဖင်းဓါတ်၊သကြားဓါတ်များတဲ့ အချိုရည်၊ မုန့်တွေ၊ အဆီအစိမ့်တွေကို မစားသင့်ပါဘူး။စိတ်က ပူပန်သောကရောက်နေတဲ့အချိန် အသက်ကို ခပ်မြန်မြန်ရှူတဲ့ လက္ခဏာ တွေ့ရတတ်တာ သဘာဝပါ။ ဒီလိုမျိုး အသက်ရှူနှုန်း မြန်လာတဲ့အခါ နှလုံးခုန်နှုန်း အဆမတန် မြန်လာမယ်၊ ခေါင်းမူးလာမယ်၊ ပိုပြီး စိုးရိမ်ပူပန်စေနိုင်ပါတယ်။ဒါကြောင့် စိတ်ညစ်နေတဲ့အချိန် အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်း၊ ရှူထုတ်လုပ်ပါ။ ကိုယ်ရှူလိုက်တဲ့ လေအပေါ်မှာ အာရုံမှတ်ထားပြီး စိတ်ကို စုစည်းထားပါ။သင်းပျံ့တဲ့ အမွှေးရနံ့ပါဝင်တဲ့ အဆီတွေနဲ့ စိတ်ကို အေးချမ်းစေတဲ့ ကုထုံးတွေဟာ စိတ်နဲ့ ခန္ဓါကျန်းမာရေးကို မြှင့်တင်ပေးဖို့ ကူညီပေးနိုင်ပါတယ်။ အနံ့ပြင်းတာမျိုး မဟုတ်ဘဲ သင်းသင်းလေးနဲ့ စိတ်ကိုအေးချမ်းစေတဲ့ ဆီကို နှာခေါင်းဝမှာ တေ့ပြီး ရှူရှိုက်တာ၊ ကိုယ်ချိုးမယ့်ရေထဲ အမွှေးဆီ နည်းနည်းထည့်ပြီး ရေချိုးပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ကျွန်တော်တို့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ရိုးရာမှာရေနွေးကြမ်းသောက်သုံးတာလည်း တစ်ခုအပါအဝင်ပါပဲ။ ရေနွေးကြမ်းသောက်လိုက်တဲ့အခါ ရင်ကို နွေးထွေးသွားစေပြီး ကိုယ့်ရဲ့ ပူလောင်နေတဲ့ စိတ်ကို အေးမြသွားစေတယ်။ပူလောင်နေတဲ့ သောကဝေဒနာကို ပြေလျော့သွားစေပြီး လူရော စိတ်ပါ ပေါ့ပါးလန်းဆန်းစေနိုင်ပါတယ်။ ချာမိုမိုင်းလ် အမျိုးအစားမှ မဟုတ်ပါဘူး။ကိုယ့်မှာ စိတ်ညစ်စရာ ကိစ္စတွေ ရှိနေတာ၊ စိတ်ပူပန်သောက ဖြစ်နေရတယ်ဆိုရင် ဒီနည်းလမ်း ၁၀ ချက်ကို သေချာလိုက်နာကြည့်ပါ။ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအတွက် အကျိုးထူးဖြစ်စေမှာ အသေအချာပါပဲ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/natural-remedies-for-anxiety/
null
null
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/benefits-of-physical-activity-for-kids/
အဖြစ်များတဲ့ မွေးရာပါ နှလုံးရောဂါများ
ကလေးတွေမှာ တချို့က မွေးလာကတည်းက နှလုံးရောဂါလေးနဲ့ မွေးဖွားလာတတ်ပါတယ်။ ဒါကို ဆေးပညာအရcongenital heart disease(မွေးရာပါနှလုံးရောဂါ) လို့ ခေါ်ပါတယ်။ CDC အဆိုအရ အမေရိကန်မှာ လက်ရှိ မွေးရာပါ နှလုံးရောဂါရှိတဲ့ ကလေး တစ်သန်းနဲ့ လူငယ် တစ်သန်း ရှိတယ်လို့ ဆိုပါတယ်။ ဒီဘက်နှစ်ပိုင်းတွေမှာ ဆေးပညာတွေ တိုးတက်လာတဲ့အတွက် ရောဂါတွေကို အရင်ကထက် ပိုပြီးကောင်းအောင် ကုလာနိုင်တာကြောင့် မွေးရာပါနှလုံးရောဂါသည်ကလေးတွေဟာ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာကြပါပြီ။ ကုသလို့ပျောက်ကင်းတဲ့အတွက်ကြောင့် အသက်ရှင်နိုင်ခြေလည်း ပိုပြီး များလာပါပြီ။နှလုံးရောဂါအမျိုးအစားတွေကိုတော့ နှလုံးရဲ့ နံရံက ဖြစ်တာရယ်၊ အဆို့ရှင်က ဖြစ်တာရယ်၊ သွေးကြောမကြီးတွေက ဖြစ်တာရယ်ဆိုပြီး ခွဲလို့ရပါတယ်။နောက်ထပ် ခွဲတဲ့ နည်းကတော့ cyanoticနဲ့ acyanoticဆိုပြီးတော့ပါ။ Cyanoticဆိုတာအသားအရေ၊ အမြှေးပါးနံရံ ပြာတာကို ပြောတာပါ။ ကိုယ်မှာ အောက်ဆီဂျင်နည်းတဲ့ သွေးတွေ များလာတဲ့အခါ ကလေးက ပြာလာပါတယ်။ ပုံမှန်ဆို နှလုံးက သွေးတွေကို အဆုတ်ကိုပို့ သန့်စင်ပေးပြီးအောက်ဆီဂျင်ပါတဲ့ သွေးတွေကို တစ်ကိုယ်လုံးကို ဖြန့်ပေးတာပါ။ တချို့သောမွေးရာပါ နှလုံးရောဂါအမျိုးအစားတွေမှာ ဒီလုပ်ငန်း ပျက်သွားလို့ ကလေးသွေးထဲမှာ အောက်ဆီဂျင်နည်းပြီး ပြာလာတာပါ။ Acyanotic အမျိုးအစားကတော့ ဒါမျိုး မဖြစ်ပေမယ့် သူသည်လည်း ရောဂါပဲမို့လို့ နှလုံးက သွေးကောင်းကောင်း မညှစ်နိုင်တာကို တွေ့ရမှာပါ။တစ်ခါတလေ ကိုယ်ဝန်ကို အယ်ထွာဆောင်းရိုက်နေရင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့တတ်ပါတယ်။ ကလေးနှလုံးခုန်တာ ပုံမှန်မဟုတ်တာကို သတိထားမိမယ်ဆိုရင် ပိုပြီးသေချာဖို့ ဆေးစစ်ချက်တွေ ထပ်လုပ်ရမှာပါ။ ဥပမာ echo ရိုက်တာတို့၊ ရင်ဘတ်ဓာတ်မှန်တို့၊ သံလိုက်ဓာတ်မှန်တို့ ရိုက်တာတို့ပေါ့။ များသောအားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ သိဖို့ ခက်ပါတယ်။ မွေးလာပြီး လက္ခဏာပြမှပဲ သိကြတာ များပါတယ်။မွေးရာပါ နှလုံးရောဂါရှိတဲ့ ကလေးတွေဟာဆိုရင်။တချို့ကလေးတွေ ကျတော့လည်း မွေးပြီး တော်တော်လေး ကြီးလာမှ လက္ခဏာပြတာတွေလည်း ရှိပါတယ်။ လက္ခဏာပြပြီဆိုရင်။ကိုယ်ဝန်၆ပတ်လောက်ဆိုရင် နှလုံးက စဖွံ့ဖြိုးလာပြီး သွေးကြောတွေလည်း ဖြစ်လာပါပြီ။ နှလုံးလည်း စခုန်လာပါပြီ။ ဖြစ်ရတဲ့ အကြောင်းအရင်းကို သေသေချာချာ မသိပေမယ့် ဒီအချိန်မှာ တစ်ခုခု ချို့ယွင်းသွားခဲ့ရင် နှလုံးက ကောင်းကောင်း မဖွံ့ဖြိုးတော့ပါဘူး။မျိုးရိုးဗီဇတွေ၊ ရောဂါအခြေအနေတွေ၊ ပတ်ဝန်းကျင်အခြေအနေနဲ့ စွဲသောက်နေတဲ့ ဆေးတွေကြောင့်လို့ ပညာရှင်တွေက ယူဆထားကြပါတယ်။တချို့သော မွေးရာပါ နှလုံးရောဂါတွေက ကလေးအရွယ်ရောက်လာတာနဲ့အမျှ သူ့အလိုလို သက်သာသွားတာမျိုး ရှိပါတယ်။ ဥပမာ နှလုံးအပေါက်ပါပေမယ့် အပေါက်က သေးတယ်ဆိုရင် ကလေးကြီးလာရင် အလိုလို ပိတ်သွားပါတယ်။ တချို့ရောဂါတွေကတော့ မကုရင် အသက်အန္တရာယ်ထိခိုက်တဲ့အထိ ပြင်းထန်တာမျိုးလည်း ရှိပါတယ်။မွေးရာပါ နှလုံးရောဂါကလေးတွေက အရင်ကထက်စာရင် အသက်ရှင်ဖို့ အခွင့်အလမ်းပိုများလာပါပြီ။ ဒါဟာ တိုးတက်လာတဲ့ ဆေးပညာကြောင့်ပါ။ ကုသတဲ့နည်းလမ်းတွေကလည်း အရင်ကထက်စာရင် ပိုကောင်းပြီး ကလေးတွေကို ပိုပြီး သက်သောင့်သက်သာ ဖြစ်စေပါတယ်။ မွေးရာပါ နှလုံးရောဂါကို စောစောသိ စောစောကုနိုင်မယ်ဆိုရင် ကလေးတွေ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာမှာပါ။ ကလေး မွေးရာပါနှလုံးရောဂါ ပြဿနာတွေကို မိဘတွေရော ကလေးတွေရော သက်သာအဆင်ပြေစေမယ့်နည်းလမ်းတွေနဲ့ အတူ စင်ကာပူနိုင်ငံရှိMount Elizabethဆေးရုံကြီးမှာ ကျွမ်းကျင်ကလေးဆရာဝန်နဲ့ ပညာရှင်တွေ၊ ခေတ်မီစမ်းသပ်မှုတွေနဲ့ ကုသပေးနေပါပြီ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/congenital-heart-disease/
အိုင်အိုဒင်းချို့တဲ့နေရင် ဒီလက္ခဏာတွေဖြစ်နေနိုင်ပါတယ်
အိုင်အိုဒင်းဓါတ်ဆိုတာ ခန္ဓါကိုယ်အတွက် မရှိမဖြစ်တဲ့ သတ္တုဓါတ်တစ်မျိုးပါ။ သိုင်းရွိုက်ဂလင်းတွေကဟော်မုန်းထုတ်လုပ်ဖို့အတွက် အိုင်အိုဒင်းကိုအသုံးပြုကြပါတယ်။ သိုင်းရွိုက်ဟော်မုန်းတွေက ဖွံ့ဖြိုးကြီးထွားမှုအပေါ်သက်ရောက်နိုင်သလို ထိခိုက်ပျက်စီးနေတဲ့ဆဲလ်တွေကိုပြန်လည်ပြုပြင်ပေးနိုင်တယ်၊ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေကို အကျိုးပြုတယ်။ဒီလိုအရေးပါတဲ့အိုင်အိုဒင်းဓါတ်ကို ခန္ဓါကိုယ်ထဲမှာချို့တဲ့နေမယ်ဆိုရင် ကျန်းမာရေးမှာပြဿနာတွေရှိလာနိုင်တယ်။ ဒီလိုချို့တဲ့နိုင်တဲ့အန္တရာယ်က ဒီလူတွေမှာ ပိုများပါတယ် –။အိုင်အိုဒင်းချို့တဲ့တာက သိုင်းရွိုက်ဟော်မုန်းနည်းရောဂါနဲ့လက္ခဏာချင်းဆင်တူပါတယ်။ သိုင်းရွိုက်ဟော်မုန်းတွေထုတ်ပေးဖို့အတွက် အိုင်အိုဒင်းကိုသုံးရတာမို့ အိုင်အိုဒင်းချို့တဲ့တဲ့အခါဟော်မုန်းနည်းရောဂါဖြစ်လာစေနိုင်ပါတယ်။အများအားဖြင့်တွေ့ရတတ်တဲ့ သိသာထင်ရှားတဲ့လက္ခဏာတွေကတော့ –။လူတစ်ယောက်မှာ ကိုယ်တွင်းဇီဝဖြစ်စဉ်ကောင်းမွန်တယ်ဆိုရင် ခွန်အားဖြစ်လာဖို့ ကယ်လိုရီတွေလောင်ကျွမ်းပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့Hypothyroidism ဆိုရင်တော့ ဇီဝဖြစ်စဉ်ကိုနှေးကွေးစေတာဖြစ်ပါတယ်။ ဒီလိုနှေးကွေးတဲ့အခါ ကယ်လိုရီတွေကို အဆီအဖြစ်ကျန်ရစ်စေလို့ ကိုယ်အလေးချိန်ကိုတိုးစေပါတယ်။အိုင်အိုဒင်းချို့တဲ့သူတစ်ယောက်က အားမရှိသလိုခံစားနေရနိုင်ပါတယ်။ အရင်က အလွယ်တကူ မ နိုင်နေတဲ့အရာဝတ္တုတွေကိုတောင် မ ရတာလေးလံသလိုခံစားနေရတာမျိုး။ ကယ်လိုရီလောင်ကျွမ်းမှုအားနည်းလာတဲ့အခါ ခွန်အားနည်းလာပြီး ကြွက်သားတွေက အလုပ်သိပ်လုပ်နိုင်တော့ပါဘူး။အကြောင်းရင်းမရှိဘဲ၊ ဘာမှလည်းမလုပ်ရဘဲ ပင်ပန်းနွမ်းနယ်နေတာက အိုင်အိုဒင်းချို့တဲ့နေတဲ့ လက္ခဏာပါ။ ကိုယ်အလေးချိန်တိုးလာတာနဲ့တွဲလိုက်ရင်ပိုဆိုးပါတယ်။သိုင်းရွိုက်ဟော်မုန်းတွေက ဆံပင်အမြစ်အိတ်အသစ်ဖြစ်ပေါ်မှုကို အားပေးပါတယ်။ Hypothyroidismဖြစ်နေတဲ့အခါ ဆံပင်အမြစ်အိတ်အသစ်ဖြစ်ပေါ်မှုတွေရပ်သွားစေတာမို့ ဆံပင်ကျွတ်လာစေနိုင်ပါတယ်။ ကြာလာတဲ့အခါ အိုင်အိုဒင်းချို့တဲ့သူမှာ ဆံပင်ပါးလာပါတယ်။အသားအရေမှာခြောက်သွေ့ပြီး အဖတ်တွေကွာတာကလည်း ဒီလက္ခဏာဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကြောင့်လည်း အရေပြားဆဲလ်သေတွေစုလာစေနိုင်ပြီး တစ်ခါတလေ အသားခြောက်စေနိုင်ပါတယ်။ဇီဝကမ္မဖြစ်စဉ်နှေးကွေးစေတဲ့အခါ ခွန်အားလျော့နည်းတာကြောင့် ခန္ဓါကိုယ်အနွေးဓါတ်ကိုလျော့စေပါတယ်။ ဒါ့ကြောင့် သူများတွေထက် ပိုပြီး အအေးဓါတ်ကိုပိုခံစားမိတတ်ပါတယ်။အိုင်အိုဒင်းချို့တဲ့တဲ့အခါ နှလုံးခုန်နှုန်းကို ပိုနှေးစေနိုင်ပါတယ်။ နှလုံးခုန်နှေးတဲ့အခါခေါင်းမူးတာ ၊နေလို့မကောင်းတာတွေဖြစ်စေနိုင်ပါတယ်။ တချို့တွေမှာ မူးမေ့လဲတာတွေလည်းဖြစ်စေနိုင်ပါတယ်။သိုင်းရွိုက်ဟော်မုန်းတွေက ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်။ ဒါ့ကြောင့် အိုင်အိုဒင်းမလုံလောက်လို့Hypothyroidismဖြစ်တဲ့အခါ မှတ်ဉာဏ်နဲ့သင်ယူလေ့လာနိုင်စွမ်းတွေမှာပြဿနာရှိလာနိုင်ပါတယ်။ကိုယ့်အတွက်တင်မကဘဲ ဗိုက်ထဲက ကလေးအတွက်ပါ နှစ်ယောက်စာလိုအပ်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အိုင်အိုဒင်းအလုံအလောက်ရရှိဖို့မလွယ်ပါဘူး။ သိုင်းရွိုက်ဟော်မုန်းတွေအလုံအလောက်မရှိတဲ့အခါ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို ဖြစ်သင့်သလောက်မဖြစ်ဘဲ တန့်သွားစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်မှာ အိုင်အိုဒင်းမလုံလောက်တဲ့အခါ ကလေးအသေမွေးနိုင်ခြေ ပိုများတတ်ပါတယ်။သိုင်းရွိုက်ဟော်မုန်းပမာဏနည်းတာက ရာသီစက်ဝန်းကို ထိန်းညှိတဲ့ဟော်မုန်းတွေပမာဏကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ပုံမှန်ထက် ရာသီသွေးဆင်းပိုများနေတာ၊ ပုံမှန်ထက် ရက်နောက်ကျတာ၊စောတာတွေဖြစ်တတ်ပါတယ်။အိုင်အိုဒင်းချို့တဲ့ရင် လည်ပင်းလည်းကြီးလာနိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းက ကြီးလာတာကြောင့်ပါ။ သိုင်းရွိုက်ဂလင်းမှာ အိုင်အိုဒင်းမလုံလောက်တဲ့အခါသွေးထဲကနေ ပိုပြီးစုပ်ယူဖို့ကြိုးစားလာပါလိမ့်မယ်။ ဒီလိုဖြစ်လာရင် သိုင်းရွိုက်ဂလင်းကကြီးလာပြီး လည်ပင်းကြီးလာတာဖြစ်ပါတယ်။အိုင်အိုဒင်းချို့တဲ့ခြင်းရဲ့နောက်ဆက်တွဲပြဿနာတွေကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ကလေးတွေမှာ ခံစားရတာအပြင်းထန်ဆုံးပါ။ တချို့မှာဆို ကလေးတွေ အသေမွေးတာ၊ ဦးနှောက်ဖွံ့ဖြိုးမှုရပ်တန့်သွားတာကြောင့် စိတ်ပိုင်းဆိုင်ရာရောဂါတွေနဲ့မွေးဖွားလာတာမျိုးဖြစ်လာနိုင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%a1%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%a1%e1%80%ad%e1%80%af%e1%80%92%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%b2%e1%80%b7%e1%80%94%e1%80%b1/
Intestinal Tuberculosis (အူလမ်းကြောင်းတွင် တီဘီဖြစ်ခြင်း)
တီဘီဆိုတာဖွံဖြိုးဆဲနိုင်ငံတွေမှာအဖြစ်များတဲ့ဘက်တီးရီးယားရောဂါပိုးဖြစ်ပြီးအူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာအပါအဝင် ရောဂါလက္ခဏာအမျိုးမျိုးပြနိုင်ပါသည်။ တီဘီရောဂါသည်ကူးစက်လွယ်ပြီးဆေးကုသမှုချက်ချင်းယူရန်လိုအပ်ပါသည်။တီဘီရောဂါပိုးသည်များသောအားဖြင့်အဆုတ်ကိုကူးစက်တတ်ပြီးနာတာရှည်ချောင်းဆိုးခြင်း၊ကိုယ်အလေးချိန်ကျခြင်းနှင့်အခြားလက္ခဏာများဖြစ်ပွားတတ်ပါသည်။ သို့သော်တစ်ခါတစ်ရံတွင်အကျိတ်နှင့်အခြားကိုယ်အင်္ဂါများ(ဥပမာအူလမ်းကြောင်း)တွင်ဖြစ်စေတတ်သောextrapulmonary(အဆုတ်ပြင်ပ၌ဖြစ်သောတီဘီ)များလည်းဖြစ်ပွားတတ်ပါသည်။အူလမ်းကြောင်းတွင် တီဘီဖြစ်ခြင်းသည် ဖွံဖြိုးဆဲနိင်ငံများတွင်အဖြစ်များပြီးတစ်ခါတစ်ရံတွင်ရောဂါလက္ခဏာပြသခြင်းမရှိပါ။ဗိုက်အောင့်ခြင်း၊ဗိုက်ရစ်ခြင်း၊ကိုယ်အလေးချိန်ကျခြင်းတို့တစ်ခါတစ်ရံဖြစ်ပေါ်တတ်ပါသည်။ အူတီဘီရှိသောလူအများစုသည်အဆုတ်တီဘီပါတွဲရှိနေတတ်သည်။မိမိ၏သားသမီးကိုသင့်တော်သောဆရာဝန်နှင့်ပြသရန်မှာအလွန်အရေးကြီးပါသည်။ တီဘီရောဂါဆေးစသောက်သည်ဆိုလျှင်ပင်ဆေးဝါးများစွာကိုအချိန်မှန်မှန်လပေါင်းများစွာစွဲသောက်ရန်လိုသည့်အပြင်ရောဂါရှိသူတွင်အခြားရောဂါများ(ဥပမာ-ခုခံအားကျဆင်းမှုရောဂါ)ရှိ/မရှိပါစစ်ဆေးရန်လိုအပ်ပါသည်။အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။တိတိကျကျပြော၍မရပါ။ များသောအားဖြင့်ဗိုက်တစ်ပြင်လုံး(သို့)ဗိုက်တစ်နေရာမှအောင့်ခြင်း၊ကိုယ်အလေးချိန်ကျခြင်း၊ညဘက်ချွေးစေးပြန်ခြင်း၊ဖျားခြင်း၊အန်ခြင်း၊နုံးခြင်း၊ဝမ်းလျော၊ဝမ်းပိတ်ခြင်း(သို့)ဝမ်းထဲသွေးပါခြင်းတို့ဖြစ်တတ်ပါသည်။ အူလမ်းကြောင်းတွင်အနာဖြစ်၍်ဝမ်းပျက်ခြင်း၊အူလမ်းကြောင်းကျဉ်း/ကျုံ့သွား၌ဗိုက်အောင့်ခြင်းများလဲဖြစ်တတ်သည်။ ဗိုက်အရမ်းအောင့်လျှင်အူပေါက်တာမျိုးလဲဖြစ်တတ်ပါသည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးသည်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။(Primary)နွားမှတစ်ဆင့်ကူးစက်နိုင်သော်လည်းနွားနို့ကိုကျိုချက်သောက်ခြင်းကြောင့်ယခုအဖြစ်နည်းသွားပါပြီ။(Secondary)အဖြစ်များပြီးတီဘီပိုးပါသောသလိပ်အူလမ်းကြောင်းအတွင်းဝင်ရောက်ခြင်းကြောင့်ဖြစ်တယ်။Tubercle bacillusဟုခေါ်သည့်တီဘီပိုးသည်၎င်း၏အခွံရှိအဆီများနှင့်အစာအိမ်ကချေဖျက်ခြင်းကိုကာကွယ်နိုင်သည်။ထို့နောက်အူထဲသို့ဝင်ကာileum,jejunum,duodenumစသည့်အူသိမ်များကိုတစ်ဆင့်ခြင်းကူးစက်ပါသည်။ ပြန်ရည်ကြောတစ်ရှူးများပြားခြင်း၊ဘက်တီရီးယားပိုးကိုချေဖျက်မှုအားနည်းခြင်းတို့သည်အူသိမ်တွင်တီဘီဖြစ်မှုနှုန်းများစေပါသည်။ မီလီယာရီတီဘီတွင်လည်းသွေးမှတစ်ဆင့်အူထဲသို့ပျံနှံခြင်းတွေ့ရပြီးအနားမှအင်္ဂါမှတစ်ဆင့်ပျံနှံခြင်းလည်းရှိသည်။ ခန္ဓါကိုယ်ခုခံအားကျဆင်းချိန်တွင်ငြိမ်နေသောတီဘီပိုးသည်ထကြွတတ်ပါသည်။အူတီဘီဖြစ်ပွားနိုင်ချေကိုမြင့်စေသောအရာများမှာ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပါဝင်စမ်းသပ်မှုများမှာ။အူလမ်းကြောင်းတီဘီကိုဆေးကုထုံးနှင့်ခွဲစိတ်ခြင်းတို့ဖြင့်ကုသနိုင်သည်။ ခွဲစိတ်ကုသမှုကိုနောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာချိန်တွင် အလုပ်များသည်။ဆေးကုထုံး-:။Isoniazid (300 mg) and rifampin (600 mg)ကို၁၈-၂၄လထိနေ့စဉ်သောက်ခြင်းသည်အဓိကကုထုံးဖြစ်သည်။သလိပ်တွင်ပိုးကောင်ရေများနေလျှင်streptomycinကိုတစ်နေ့လျှင်၁ဂရမ်နှင့်၂-၃လပေးနိုင်သည်။အူကိုဖုံးအုပ်ထားသောအမှေးပါးပါရောင်နေလျှင်steroidဆေးပါထပ်ထည့်နိုင်သည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် တီဘီရောဂါကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။ယခုလက်ရှိတီဘီဖြစ်နေသူသည်အခြားသူများကို မကူးစက်ရန်ဆရာဝန်မှစိတ်ချရပြီဟုမပြောမချင်းအိမ်တွင်သာနေသင့်သည်။ ရက်သတ္တပတ်လောက်ဝကာနိုင်ပြီးဆရာဝန်မှစိတ်ချရပြီဟုပြောမှသာပုံမှန်လုပ်ငန်းများကိုလုပ်ဆောင်သင့်ပါသည်။မိမိအိမ်သားများအားမကူးစက်စေရန်သတိထားရမည်။ လေမှတစ်ဆင့်ကူးစက်နိုင်သည့်အတွက်မျက်နှာဖုံးကိုနှာခေါင်းနှင့်ပါးစပ်လုံအောင်တပ်ဆင်ရမည်။ ချောင်းဆိုး၊နှာချေသည့်အခါတစ်ရှူးနှင့်ပါးစပ်အုပ်ပြီးနောက်အိတ်ထဲသို့ထည့်ကာလွှင့်ပစ်ရမည်။ အခန်းကိုလေဝင်လေထွက်ကောင်းအောင်ထားရမည်။ ပန်းကာကိုပြူတင်းပေါက်နားထားခြင်းဖြင့်အခန်းကိုပိုးမွှားလျှော့ကျစေနိုင်ပါသည်။အရေးအကြီးဆုံးမှာဆေးကိုအချိန်မှန်စွာနှင့်ကာလပြည့်အောင်သောက်ရန်ဖြစ်သည်။ ဆေးရပ်လိုက်ခြင်း(သို့)ကျော်သွားခြင်းဖြစ်လျှင်ဆေးမမတိုးခြင်းဖြစ်နိုင်သည်။ ထို့ကြောင့်ဆေးသောက်ရန်မိသားစုဝင်များအားသတိပေးခိုင်းခြင်းတို့လုပ်ဆောင်သင့်ပါသည်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/tuberculosis/intestinal-tuberculosis-%e1%80%a1%e1%80%b0%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%90%e1%80%ae/
null
null
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/atelectasis-%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%ba%e1%80%95%e1%80%bb%e1%80%80%e1%80%ba%e1%80%85%e1%80%ae%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%80%9e%e1%80%ad%e1%80%af/
အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ
အသားဖြူအောင် သဘာဝနည်းလမ်း နဲ့ လုပ်လို့ရတယ်ဆိုရင် ယုံနိုင်ရဲ့လား။ အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးထားတာမို့ လိုက်ပါကြည့်ရှု့လိုက်ပါ။ဟုတ်ပါတယ်။ မွေးကတည်းက မဖြူပေမဲ့ ပုံမှန်ထက် ပိုမို အသားဖြူ လာဖို့တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလည်းဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေကို လေ့လာကြည့်လိုက်ရအောင်။ဘယ်လိုပဲအသားဖြူဆေးတွေသုံးပါစေ။ အသားအရည်ကို ခရမ်းလွန် ရောင်ခြည်တွေနဲ့ထိတွေ့လိုက်မိပြီဆိုတာနဲ့ အသားမဲသွားစေတဲ့ ရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်မှု တိုးပွားလာစေတော့တာပါပဲ။အကောင်းဆုံးနည်းလမ်းကတော့ နေရောင်ထဲထွက်တိုင်းနေလောင်ခံခရင်မ်လိမ်းပါ။ ဦးထုပ်ဆောင်းပြီး လက်ရှည်အင်္ကျီတွေဝတ်ပါ။ နေရောင်အောက်မှာလမ်းလျှောက်မယ်ဆိုရင် နေကာမျက်မှန်ကိုမမေ့ပါနဲ့။အသားအရည်ချေးချွတ်ဖို့အတွက် ဈေးကွက်ထဲမှာအကောင်းဆုံးဆိုတဲ့ ချေးချွတ်ပစ္စည်းတွေရှိပါတယ်။ ဒါမှမဟုတ် အိမ်မှာပဲ သကြားနဲ့ချေးချွတ်ကြည့်ပါ။ဒါက အရေပြားပျက်စီးခြင်း ဥပမာ တင်းတိပ်မှဲ့ခြောက်တွေ၊ အစက်အပြောက်တွေနဲ့အရေးအကြောင်းတွေကို ကာကွယ်ကုသတဲ့နေရာမှာလည်းအသုံးဝင်ပါတယ်။သင်သာကျန်းမာရေးနဲ့ညီညွတ်အောင် မစားဘူးဆိုရင် အကောင်းဆုံးအသားဖြူဆေးဆိုတာတွေကို သောက်သုံးတာကလည်း အသုံးမဝင်လှပါဘူး။စားတဲ့ထဲမှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါဝင်တဲ့ စပျစ်စေ့ဆီ နဲ့ ငါးကြီးဆီတွေကို စားသုံးပါ။ ငါးကြီးဆီမှာပါတဲ့ အိုမီဂါ ၃ ဟာ ဆံပင်၊အရ်ပြားနဲ့ လက်သည်းတွေတောက်ပနေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်မှာ အသားအရည်အတွက်ကောင်းမွန်တဲ့အာဟာရတွေများစွာပါဝင်ပါတယ်။ သူ့မှာ အရောင်ချွတ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ လတ်တစ်အက်ဆစ် ကလည်းပါဝင်ပါသေးတယ်။အောက်ပါနည်းလမ်းတွေဟာ အသားအရည်အမျိုးအစား အားလုံးအတွက်သင့်လျော်ပါတယ်။အသားအရည်ထိန်းသိမ်းခြင်းအတွက် အရေးအကြီးဆုံးပစ္စည်းကတော့ ဗီတာမင် စီ ပါပဲ။ ဒါကိုတော့လိမ္မော်သီးတွေမှာ လိုတာထက်တောင်ပိုပြီးတွေ့ရပါသေးတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ အရောင်ချွတ်ပေးနိုင်တဲ့စွမ်းအင်ရှိတာကြောင့် အသားကိုလည်းပိုဖြူလာစေမှာပါ။ပျားရည်ဟာအသားအရည်ကိုအရောင်ချွတ်ပေးနိုင်တာအပြင် အစိုဓါတ်လည်းဖြည့်ပေးပါသေးတယ်။ မညီညာတဲ့အသားအရောင်ရှိခြင်းရဲ့ အကြောင်းရင်းထဲမှာတော့ အသားခြောက်ခြင်းက အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ ပျားရည်မှာ ဘက်တီးရီးယားသေစေနိုင်တဲ့အစွမ်းလည်းရှိပြီး ဒါက အသက်အရွယ်ကြောင့်ဖြစ်တဲ့အစက်အပြောက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို လွင့်ပါးသွားစေနိုင်ပါတယ်။သန့်စင်တဲ့ပျားရည်ကိုမျက်နှာပေါ်လိမ်းပြီး မိနစ်အနည်းငယ်ခန့်ထားကာ ကြက်သီးနွေးရေနဲ့ဆေးချလိုက်ပါ။ဒီလိုရိုးရှင်းတဲ့နည်းလမ်းလေးက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရည်ကို ပိုမိုတောက်ပလန်းဆန်းလာအောင်လုပ်ပေးနိုင်ပါတယ်။ တစ်ရက်တစ်ကြိမ်လုပ်ပါ။အသားဖြူစေတဲ့ မျက်နှာပေါင်းတင် ကပ်ခွာ (mask)လုပ်ဖို့ ပျားရည်နဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ၊ နို့မှုန့်စားပွဲဇွန်း၁ဇွန်း၊ ဗာဒံဆီ လက်ဖက်ရည်ဇွန်းတစ်ဝက် စတာတွေကိုရောလိုက်ပါ။ သမအောင်မွှေပြီး အသားပေါ်မှာညင်သာစွာလိမ်းပေးပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိထားပြီး ရေအေးနဲ့ဆေးပါ။ နေ့တိုင်းလုပ်ပါ။သံပုရာသီးရဲ့ အက်ဆစ်ဂုဏ်သတ္တိဟာ အသားအရည်အတွက် သဘာဝအရောင်ချွတ်ဆေးအဖြစ်အသုံးဝင်ပြီး ဗီတာမင် စီ မြောက်များစွာပါဝင်တာကလည်း ဆဲလ်ကြီးထွားမှုကိုအားပေးပါတယ်။ ဒါ့အပြင် သံပုရာသီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင် တွေပါဝင်တာကလည်း အသားအရည်အတွက် အလွန်ကောင်းမွန်ပါတယ်။ဂွမ်းလုံးလေးကို လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ သံပုရာရည်ထဲထည့်ပြီး မျက်နှာပေါ်တိုက်ရိုက်လိမ်းပါ။ လှီးထားတဲ့ သံပုရာခြမ်းကိုတောင် မျက်နှာပေါ်တိုက်ရိုက်ပွတ်တိုက်ပေးလို့ရနိုင်ပြီး အရည်တွေ အသားပေါ်တင်ကျန်နေခဲ့ပါစေ။ဒါကိုအနည်းဆုံး၁နာရီလောက်ထားပြီး မျက်နှာကိုရေနဲ့ဆေးပါ။ တစ်နေ့တစ်ကြိမ်လုပ်ပါ။ ဒီရိုးရှင်းတဲ့နည်းလမ်းကလည်း အသားအရည်ကိုဖြူဝင်းလာစေပြီး မျက်နှာပေါ်မှာအမာရွတ်ထင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။သံပုရာရည် လက်ဖက်ရည်ဇွန်း၃ဇွန်းနဲ့ နနွင်းမှုန့် သို့မဟုတ် ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကိုရောပြီးအနှစ်လုပ်ပါ။ ရလာတဲ့အနှစ်ကိုလိမ်းပြီး တစ်နာရီခွဲခန့်ထားပါ။ ရေနဲ့ဆေးလိုက်ပါ။ ဒါကိုလည်း တစ်နေ့တစ်ကြိမ်လုပ်ပေးပါ။ရှားစောင်းဟာhyperpigmentation(ရောင်ခြယ်ပစ္စည်းများပြားခြင်း) ကိုသက်သာစေနိုင်ပြီး အသားအရည်ရဲ့ နဂိုမူလအရောင်ကိုပြန်လည်ရရှိစေနိုင်ပါတယ်။ Hyperpigmentation ကတော့ မညီညာတဲ့အသားရောင်တွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ရှားစောင်းရဲ့အေးမြတဲ့အစွမ်းကလည်း ကျန်းမာတဲ့အသားအရည်အတွက် အရေးကြီးတဲ့ ဆဲလ်သစ်ဖြစ်ပေါ်ခြင်းနဲ့ ပျက်စီးသွားတဲ့တစ်သျှူးတွေပြန်လည်တည်ဆောက်ခြင်းကိုအားပေးပါတယ်။ရှားစောင်းဂျယ်ကိုအသုံးပြုတဲ့ ရိုးရှင်းတဲ့နည်းလမ်းက အမဲစက်တွေကို ပြန်လည်ဖြူဝင်းလာစေပြီး အသားအရည်အနေအထားအားလုံးကို တိုးတက်ကောင်းမွန်လာစေပါတယ်။သင်္ဘောသီးကို အမျိုးမျိုးသောအလှအပဆိုင်ရာကုသမှုတွေမှာ အသုံးပြုကြပြီး အသားအရည်ကို ပြန်လည်ဖြူဝင်းစေတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သင်္ဘောသီးမှာ သဘာဝအရောင်ချွတ်နိုင်တဲ့စွမ်းအင်ရှိပြီး သူ့မှာပါဝင်တဲ့ အမျိုးမျိုးသောအာဟာရတွေက သင့်ရဲ့အသားအရည်ကို ကျန်းမာစွာတောက်ပနေစေတယ်လို့ ယုံကြည်ကြပါတယ်။သင်္ဘောသီးကို စားပေးပါ။သင်္ဘောသီးရဲ့သန့်စင်ပေးနိုင်စွမ်းက အသားမဲစေတဲ့ အရည်ပြားညစ်ညမ်းမှုတွေကို သန့်စင်ပေးနိုင်ပါတယ်။သင်္ဘောသီးရဲ့အတွင်းမျက်နှာပြင်ကိုမျက်နှာပေါ်မှာပွတ်တိုက်ပေးပြီး ခြောက်အောင်ထားပါ။ရေအေးနဲ့ဆေးချပြီး ခြောက်အောင်ပုတ်ပေးပါ။ ဒါကသင့်အသားအရည်ကိုတောက်ပနေစေပါတယ်။ နေ့စဉ်လုပ်ပေးပါ။သင်္ဘောသီးမှည့်ကိုချေပြီး လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့သံပုရာရည်တစ်ခွက်နဲ့ရောပါ။မျက်နှာနဲ့လည်ပင်းတွေပေါ်မှာ ဒီအရောနဲ့ နှိပ်နယ်ပေးပါ။ အနည်းဆုံးမိနစ်၃၀ခန့်ထားပြီး ရေအေးနဲ့ဆေးကြောပါ။ တစ်ပတ်ကိုအနည်းဆုံးတစ်ခါလုပ်ပေးခြင်းအားဖြင့် အသားရောင်ပြောင်းလဲလာမှုတွေကို သိသာထင်ရှားစွာမြင်တွေ့ရမှာပါ။နနွင်းကို အသားအရည်ကောင်းမွန်စေဖို့အသုံးပြုကြပါတယ်။ ညီညာတဲ့အသားအရောင်ကိုထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုး (melanin)ကို တည်ဆောက်တဲ့နေရာမှာကူညီပေးပါတယ်။ နနွင်းမှာပိုးသတ်ဆေး နဲ့ ဓါတ်တိုးဆန့်ကျင် စွမ်းအင်တွေပါဝင်တာကြောင့် အသားအရည်ရဲ့ ယေဘုယျကျန်းမာရေးအခြေအနေအားလုံးအတွက် ကောင်းမွန်ပါတယ်။နနွင်းမှုန့်နဲ့ နွားနို့ခရင်မ်နဲ့ရောပြီး ခပ်ပျစ်ပျစ်အနှစ်ရအောင်လုပ်ပါ။ ရလာတာကိုလိမ်းလိုက်ပြီးအခြောက်ခံကာ ကြက်သီးနွေးရေနဲ့ဆေးကြာပါ။ ပုံမှန်လုပ်သွားမယ်ဆိုရင် ဒီနည်းကလည်းအသားဖြူစေဖို့ တကယ်ကိုထိရောက်မှာပါ။Gram flour လက်ဖက်ရည်ဇွန်း၂ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကိုရောပါ။ ဒီ ပေါင်းတင်ကပ်ခွာ (mask) ကို မိနစ် ၂၀မှ ၂၅မိနစ်ထိထားပါ သို့မဟုတ် ခြောက်သွားသည်ထိထားပါ။ ခြောက်သွားတဲ့ mask ကို ပွတ်တိုက်ဆေးကြောပြီး ကြက်သီးနွေးရေနဲ့ထပ်ဆေးပါ။သခွားသီးဟာ ကော်လာဂျင်တွေကို စုစည်းပေးပြိး အသားအရည်တင်းရင်းပျော့ပျောင်းစေပါတယ်။ ဒီလိုအသားအရည်မျိုးမှာတော့ ညီညာပြီးဖြူဝင်းတဲ့အသားရောင်တွေရှိတတ်ပါတယ်။ သခွားသီးဟာ အသားအရည်ကိုလည်း အေးမြစေပါသေးတယ်။ သူကလည်း အသားအရည်ပုံစံအမျိုးမျိုးအတွက်သင့်လျော်ပါတယ်။သခွားသီးလွှာတွေကို ဖြူဝင်းစေလိုတဲ့ မဲနေတဲ့အသားနေရာတွေမှာထားလိုက်ပါ။မိနစ်အနည်းငယ်လောက်ထားပြီး သခွားသီးတွေဖယ်လိုက်ကာ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ တစ်ရက်ကို ၂ကြိမ်လုပ်ပါ။သခွားသီးကိုခြစ်ပြီး ပျားရည်နဲ့ရောဂါ အစက်အပြောက်တွေနည်းစေတဲ့ mask လုပ်ပါ။မျက်နှာနဲ့လည်ပင်းပေါ်လိမ်းပေးပြီး ၁၅မိနစ်မှ မိနစ်၂၀ထိထားကာ ရေအေးနဲ့ဆေးပါ။ ရလဒ်တွေ ထိရောက်သိသာစေဖို့ တစ်ရက်ကို ၂ကြိမ်နေ့စဉ်လုပ်ပါ။သံပုရာရည်နဲ့ သခွားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီကိုရောပါ။မျက်နှာပေါ်လိမ်းပြီး ၁၅မိနစ်မှ မိနစ် ၂၀ထိ သို့မဟုတ် ခြောက်သွားသည်ထိ ထားပါ။ ရေနဲ့ဆေးကြောပါ။ တစ်ရက်ကိုတစ်ကြိမ် နေ့စဉ်လုပ်ပါ။ကဲ … နည်းလမ်းလေးတွေသိပြီဆိုတော့ အသားဖြူအောင် ဒီနေ့ပဲ စကြိုးစားကြရအောင်နော် … ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/guava-benefits-for-skin/
ကိုဗစ်ပိုးရှိနေသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းအချို့
ကိုဗစ်ရောဂါပိုးကို ခံစားနေရတယ်။ ဒါပေမယ့် အရမ်းပြင်းထန်နေတာမျိုး မဟုတ်ဘူး။အနံ့ပျောက်ရုံလောက်ပဲဆိုရင်တော့ဆေးကုသမှု ခံယူနေစဉ်အတွင်းမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ လုပ်ဆောင်ပေးသင့်တဲ့အရာလေး ရှိပါတယ်။ ဒါကတော့ လေ့ကျင့်ခန်း လုပ်တာပါ။ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေပြီးကိုယ်ခံအားကိုလည်း မြှင့်တင်ပေးပါတယ်။ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ် များတာကြောင့်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်ပေါ် ခံစားရမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ဒီတော့ ကိုဗစ်ပိုးတွေ့လူနာ တစ်ယောက်အနေနဲ့စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ပေးသင့်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖော်ပြပေးထားပါတယ်။ကိုဗစ်ပိုးတွေ့တယ်ဆိုပေမယ့် သေချာလေး ဂရုစိုက်မယ်ဆိုရင် ကုသပျောက်ကင်းနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ပေးတာက ကိုဗစ်ကို သက်သာစေနိုင်သလို ကိုဗစ်ကြောင့် ခံစားရနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ဒီတော့ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ဒီလေ့ကျင့်ခန်းလေးတွေကို လုပ်ပေးပါ။ကိုဗစ် ဗိုင်းရပ်စ်က အဆုတ်ကို အဓိက တိုက်ခိုက်တာပါ။ ဒီတော့ အရေးအကြီးဆုံးကအဆုတ်နဲ့ အသက်ရှူလမ်းကြောင်းကျန်းမာဖို့ဟုတ်။ ဒီတော့ ဘာလုပ်မလဲ။လွယ်ပါတယ်။ ဒါကတော့ အသက်ရှူလေ့ကျင့်ခန်း လုပ်ဖို့ပါ။ အသက်ရှူလေ့ကျင့်ခန်းကအဆုတ်ကို ကျန်းမာစေသလို သွေးတွင်း အောက်ဆီဂျင်ပမာဏကို တိုးစေနိုင်တာကြောင့် ကိုယ်ခံအားကောင်းပြိး စိတ်ရော ကိုယ်ပါ ကျန်းမာစေမှာပါ။အသက်ရှူလေ့ကျင့်ခန်း လုပ်တော့မယ်ဆိုရင် အရင်ဆုံး ခါးကို မတ်မတ်ထားပါ။ လက်နှစ်ဖက်ကို သက်သောင့်သက်သာ အနေအထားမှာထားပြီး လေကို တဝရှူသွင်းပါ။ ဝမ်းဗိုက်ထဲထိရောက်အောင်ပေါ့။ ပြီးရင်တော့ ၁၅ စက္ကန့်လောက် အောင့်ထားပါ။ ပြီးရင်ဝမ်းဗိုက်လေး ဖောင်းသွားတဲ့အထိ ရှူထုတ်လိုက်ပါ။တစ်ခါလုပ်ရင် ၅ ကြိမ်စီလောက်နဲ့ ၃ ကျော့လောက် လုပ်ပေးပါ။ဒါကအသက်ရှူလမ်းကြောင်းကို လေ့ကျင့်ပေးတဲ့ လေ့ကျင့်ခန်းတစ်ခုပေါ့။ ဝင်လေထွက်လေကို တစ်ချက်ချင်း မှတ်ပေးတာပါ။ ဒီ လေ့ကျင့်ခန်း လုပ်ဖို့ အရင်ဆုံး။၁၀ကြိမ်လောက် လုပ်ပေးပါ။ အဆုတ်ထဲက လေတွေကို သန့်စင်ပေးဖို့ ထိရောက်တဲ့ လေကျင့်ခန်း တစ်ရပ်ပါ။နာမည်ကြီး ကြားပြီး မလုပ်တတ်လောက်ဘူးလို့ မထင်လိုက်ပါနဲ့။ ဒီ လေ့ကျင့်ခန်းက အဆုတ်တွေကို အားကောင်းစေသလို လုပ်ရတာလည်း လွယ်ကူ ရိုးရှင်းပါတယ်။ လေ့ကျင့်ခန်း စဖို့အတွက်။ဒီလေ့ကျင့်ခန်းက ကိုယ်တွင်းကို အောက်ဆီဂျင် ရောက်ရှိမှု ကောင်းစေပြီး အဆုတ်တွေကို ကျန်းမာစေမှာပါ။ အကြောတွေကို ပြေလျော့စေလို့ နေရထိုင်ရ သက်တောင့်သက်သာ ဖြစ်စေမှာပါ။အေရိုးဗစ် လေ့ကျင့်ခန်းက အဆုတ် ကျန်းမာစေဖို့ အများကြီး ထောက်ပံ့ပေးနိုင်ပါတယ်။ အေရိုးဗစ်ကကြွက်သားတွေကို လှုပ်ရှားစေပြီးအဆုတ်၊ နှလုံး စတဲ့ အစိတ်အပိုင်းတွေကို ကျန်းမာစေသလို သက်လုံကောင်းစေပါတယ်။ ကိုယ်ခံအားကိုလည်း အားဖြည့်ပေးပါတယ်။ခပ်မြန်မြန်လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာတွေ လုပ်ပေးလို့ ရပါတယ်။ယောဂက စိတ်ကို တည်ငြိမ်စေသလို ခန္ဓာကိုယ်က အကြောတွေ ပြေလျော့စေပြီး သွေးတွင်း အောက်ဆီဂျင် လည်ပတ်မှုကို ကောင်းစေပါတယ်။ ဒီတော့ မနက်ခင်းတိုင်းမှာ ယောဂ လေ့ကျင့်ပေးတာကလည်း ကိုဗစ် ဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့အတွက် ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မှာပါ။အခုပြောခဲ့တဲ့ လေ့ကျင့်ခန်းလေးတွေထဲက ကိုယ်နဲ့အဆင်ပြေဆုံးဖြစ်မယ့် လေ့ကျင့်ခန်းလေးကို ရွေးချယ် လုပ်ဆောင်ရင်း စိတ်ရောကိုပါကျန်းမာအောင် ဂရုစိုက်ပေးပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/exercises-for-covid-patients/
မျက်လုံးထဲကို စူပါဂလူးဝင်သွားတဲ့အခါ
ဟိုကပ် ဒီကပ် ကပ်တတ်တဲ့စူပါဂလူးလေးဟာ မျက်လုံးထဲလည်း ဝင်တတ်ပါတယ်။ ကြုံတောင့်ကြုံခဲ အခြေအနေမို့လို့ ရုတ်တရက် ကြုံလာရင် ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေမှာပါ။ ဒါကြောင့် ဘာလုပ်ရမလဲဆိုတာ ပြောပြပေးပါ့မယ်။အဖြစ်အများဆုံးကတော့ ကလေးအရွယ်တွေနဲ့ ဘိုးဘိုးဘွားဘွား အရွယ်တွေပါပဲ။ ကလေးတွေကတော့ လူကြီးအလစ်မှာ ဆော့ရင်း ပြုရင်း မျက်လုံးထဲကို ညှစ်မိတာကြောင့် ဝင်သွားတာပါ။ လူကြီးတွေက မမြင်မစမ်းနဲ့ မျက်စဉ်းဆေးနဲ့ မှားပြီး ခတ်တဲ့ကြပါသတဲ့ ။ ဒါကြောင့် စူပါဂလူးကို ကလေးတွေ မမီနိုင်တဲ့ နေရာမှာ သိမ်းရမှာ ဖြစ်သလို လူကြီးတွေမမှားအောင် ဆေးဘူးတွေနဲ့ တွဲမထားပါနဲ့။စူပါဂလူးက မျက်လုံးထဲကို တန်းပြီး ဝင်သွားတာ ရှိသလို မျက်တောင်တွေမှာ ကပ်နေတာ ဒါမှမဟုတ် မျက်ခွံနှစ်ခုကြားမှာ ကပ်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ စူပါဂလူး မျက်လုံးထဲဝင်သွားပြီဆိုတာနဲ့။ဆေးရုံမှာက ပစ္စည်းကိရိယာတွေ အစုံရှိတဲ့အပြင် ကိုယ့်ထက် ကျွမ်းကျင်သူတွေ ချည်းပဲဆိုတော့ စိတ်မပူပါနဲ့။ ကော်ကို သူတို့ဆီမှာ ရှိတဲ့ ကိရိယာလေးတွေနဲ့ ဖယ်ရှားပေးမှာပါ။ မျက်တောင်မွေးမှာ ကပ်နေရင်တော့ လိုအပ်ရင် မျက်တောင်မွေးတွေ ညှပ်ထုတ်ပစ်ရမှာပါ။ ဒါပေမယ့် စိတ်မပူပါနဲ့။ မျက်တောင်မွေးက ပြန်ပေါက်ပါတယ်။မျက်လုံးမှာ ကပ်နေတယ်။မျက်သား ပွန်းသွားတယ်ဆိုရင်တော့ လိုအပ်ရင် ခွဲစိတ်ကုသတာမျိုးတွေ လုပ်ရနိုင်ပါတယ်။မျက်စဉ်းဆေးတွေထည့်၊ ပိုးသတ်ဆေးတွေ ပေးပြီးတော့ပေါ့၊ စူပါဂလူးကို စဖယ်ဖယ်ပြီးချင်းမှာတော့မျက်လုံးကြည့်လို့ မကောင်းတာ၊နှစ်ထပ်မြင်တာ၊ခိုးလို့ခုလုဖြစ်သွားတာတွေ ရှိပါတယ်။ အချိန်ကြာလာတာနဲ့အမျှတော့ သက်သာသွားပါတယ်။ဒါက လူတိုင်း ကြောက်ကြတဲ့ အခြေအနေပါ။ တချို့ဆို ကလေးငယ်ငယ်လေးတွေ ဖြစ်တာဆိုတော့ စိုးရိမ်ကြတာပေါ့။ ဝမ်းသာစရာကောင်းတာက မျက်လုံးထဲကို စူပါဂလူးဝင်ပြီး မျက်လုံးထိခိုက်သွားတယ်ဆိုတာ မရှိသလောက်ကို ရှားပါးတယ်။ မျက်လုံးထဲကို တစ်ခုခုဝင်ခါနီးရင် သဘာဝတရားက မဝင်အောင် မျက်လုံးမှိတ်ချလိုက်တာကြောင့်ရယ်၊ တစ်ခုခုဖြစ်မှာစိုးလို့ ဆေးရုံကို အမြန်သွားကြတာရယ်ကြောင့်ပါ။ တခြားနေရာဆို ပေတေနေကြဦးမှာလေ။မျက်လုံးထဲ စူပါဂလူးဝင်တာက တချို့ဆို ဘာမှမလုပ်ဘဲ ရက်ပိုင်းလောက်နဲ့တောင် ပြန်ကောင်းသွားကြတယ်တဲ့။ သိပ်မပြင်းထန်ရင်ပေါ့လေ။ ဘာပဲဖြစ်ဖြစ် မျက်လုံးအတွင်းသားတွေ ထိခိုက်သွားလားဆိုတာ စစ်ဆေးရမယ်လေ။ လိုအပ်တဲ့ ကုသမှုတွေ ခံယူရမှာဆိုတော့ အိမ်မှာရှေးဦးသူနာပြုနည်းတွေ လုပ်ပြီး ဆေးရုံသွားလိုက်တာ အကောင်းဆုံးပါပဲ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%91%e1%80%b2%e1%80%80%e1%80%ad%e1%80%af-%e1%80%85%e1%80%b0%e1%80%95%e1%80%ab%e1%80%82%e1%80%9c%e1%80%b0%e1%80%b8%e1%80%9d/
ကိုယ်ပေါ်က အဖြစ်အများဆုံး ကိုက်ခဲခြင်းပြဿနာတွေကို ဒီလို ဖြေရှင်းကြည့်ပါ။
တစ်နေ့တစ်နေ့လှုပ်ရှားသွားလာနေရတဲ့ ကျွန်တော်တို့ဟာခေါင်းကိုက်၊ ခါးနာ၊ ခြေလက်ကိုက်ခဲတဲ့ ပြဿနာတွေကို တစ်ချိန်မဟုတ် တစ်ချိန် ကြုံကို ကြုံရတတ်ပါတယ်။ တစ်ချို့သူ့ဘာသာ ပြန်ကောင်းသွားတာ ရှိသလို တစ်ချို့လည်း ဆေးသောက်လိုက်မှ တစ်ခုခု လုပ်လိုက်မှ သက်သာသွားတာတွေ ရှိပါတယ်။ ဒီဆောင်းပါးထဲမှာတော့ လူတိုင်းနီးပါး ကြုံတတ်တဲ့ အဖြစ်များတဲ့ ကိုက်ခဲခြင်းတွေကို သက်သာစေမယ့် နည်းတွေ အကြောင်း ပြောပြပေးမှာပါ။အားကစားသမားတွေ လှုပ်လှုပ်ရှုားရှားလုပ်ရတဲ့သူတွေအတွက် ခြေလက်ကိုက်ခဲ အရွတ်တွေ ဒဏ်ရာရတဲ့ပြဿနာဟာ မဆန်းဘူးလို့တောင် ပြောလို့ရပါတယ်။ ကိုက်ခဲတာကတစ်မျိုး၊ ရောင်ကလည်းရောင်နေသေးအညိုမဲကလည်းစွဲနေသေးတယ်ဆိုရင် ဒီတိုင် းထားလိုက်လို့ မဖြစ်တော့ဘူးလေ။ ဒါ့ကြောင့် ဒီလိုလေး လုပ်ကြည့်လို့ရပါတယ်။ ဒဏ်ဖြစ်ဖြစ်ချင်း အနားယူလိုက်ပါ၊ ဖြစ်တဲ့နေရာကို ရေခဲကပ်ပါ။ ဖိကပ်ပါ။ လှဲပြီး ခြေထောက်အောက် ခေါင်းအုံးထားပြီးခြေထောက်ကို ထောင်ထားပါ။ ခြေထောက်လုံးဝ မလှုပ်နိုင်တော့တာ၊ ထုံကျင်နေတာမျိုးရှိရင်တော့ ဆရာဝန်ဆီ သွားပြပါ။စိတ်ရှုပ်စရာတွေ၊ဖိအားတွေများလာလို့ ခေါင်းကိုက်လာပြီဆိုရင် ခဏလောက်အနားယူလိုက်ပြီး ရေအေးအေးလေး သောက်ချလိုက်ပါ။ ခေါင်းကို အသာအယာနှိပ်ပေးလို့လည်းရပါတယ်။ သက်သာသွားပြီဆိုမှ ခေါင်းအေးအေးထားပြီး လုပ်ရမယ့်အလုပ်တွေကိုဆက်လုပ်ပါ။ခေါင်းကိုက်တဲ့ပြဿနာတွထဲမှာမှခေါင်းတစ်ခြမ်းကိုက်ခြင်း ( migraine )ကိုက်တဲ့ပြဿနာ ဖြစ်တဲ့သူတွေများတဲ့အပြင် ပျို့အန်ချင်တာ၊ အလင်းရောင်ဒဏ်မခံနိုင်တာတွေကိုပါ ဖြစ်စေတာကြောင့် နေ့စဉ်လုပ်နေကျ လုပ်ငန်းတွေကိုတောင် ပစ်ထားရတဲ့အထိ ဒုက္ခပေးတဲ့ ခေါင်းကိုက်ဝေဒနာတစ်ခုပါ။ ဒီလို ဖြစ်နေပြီဆိုရင်တော့ ဆိတ်ငြိမ်ပြီး အလင်းနည်းတဲ့နေရာတစ်ခုမှာ အနားယူပါ။ ကိုက်နေတဲ့ခေါင်းကို ရေခဲ( ဒါမှမဟုတ် )ရေနွေးအိတ်လေးကပ်ပေးပါ။ ဆရာဝန်နဲ့တိုင်ပင်ပြီးအကိုက်အခဲပျောက်ဆေးသောက်ပေးလို့လည်း ရပါတယ်။သွားကိုက်တယ်ဆိုတာကလည်း လူတိုင်းနီးပါး စိတ်ညစ်ရတဲ့ ဝေဒနာဆိုးကြီးတစ်ခုပါ။ ဒီလို သွားကိုက်တဲ့ဝေဒနာ ကြုံလာပြီဆိုရင်တော့ အကိုက်အခဲပျောက်ဆေးလေးသောက်ပေးလို့ရသလို သွားထဲ လေးညှင်းပွင့်တို့ အကိုက်ခဲပျောက်ဆေးမှုန့်တို့ ခြေထည့်လိုရပါတယ်။ သွားကိုက်သက်သာစေမယ့် သွားတိုက်ဆေးတွေ သုံးပေးလို့လည်းရပါတယ်။ တစ်ခုရှိတာက သွားကိုက်တဲ့ပြဿနာကို သက်သာစေဖို့အတွက် သွားဆရာဝန်ဆီသွားပြီး ကုသတာကသာ အကောင်းဆုံးပါလို့ အကြံပေးပါရစေ။ဒါကတော့ကွန်ပျူတာအသုံးများတဲ့သူတွေ ဖုန်းအသုံးများတဲ့သူတွေ ကြုံနေကျ ပြဿနာတစ်ခုပါ။ ကိုယ်ကလည်း ကွန်ပျူတာ အသုံးများလို့ ဇက်ကြောတက် ဇက်နာနေပြီဆိုရင်တော့ ခေါင်းလေ့ကျင့်ခန်းလေး ပုံမှန်လုပ်ပေးပါ။ ကွန်ပျူတာ တစ်နာရီကြည့်ပြီးတိုင်း ခေါင်းလေ့ကျင့်ခန်း ၁၅ မိနစ်လောက် လုပ်ပေးပါ။ ကွန်ပျူတာ ရှေ့ကနေ ခဏ အနားယူပါ။အသက်ကြီးလာတာနဲ့ ခါးနာတဲ့ပြဿနာကို ကြုံရတော့တာပါပဲ။ သက်လက်ပိုင်းအရွယ်တွေမှာလည်း အလေးအပင်တွေမလို့ လေ့ကျင့်ခန်းလုပ်တဲ့အချိန် ခါးကို အားအရမ်းပြုမိလို့ စတာတွေကြောင့် အခန့်မသင့်ခါးနာသွားတတ်ပါတယ်။ သက်သာဖို့ဆိုရင်တော့ လေ့ကျင့်ခန်းပြန်လုပ်ပေးတာ၊ယောဂဆော့ပေးတာ၊ ဆေးသောက်တာ ၊ရေခဲကပ် ရေနွေးအိတ်ကပ်ပေးတာမျိုးတွေ လုပ်လို့ရပါတယ်။အစာအိမ်အောင့်တဲ့ပြဿနာဟာလည်း ခုနောက်ပိုင်း လူတွေတော်တော်များများ ကြုံတွေ့လာရတဲ့ ပြဿနာတစ်ခုပါ။ ဗိုက်ဆာရင်နာတယ် ၊အစာလည်း မကြေဘူးလေလည်း အောင့်တယ် စတာတွေက အစာအိမ်အောင့်တဲ့သူတိုင်း ကြုံတွေ့ရတတ်တဲ့အရာတွေပါ။ အစာကိုအချိန်မှန်စားပါ။ အဆာမခံပါနဲ့။ အစာအိမ်အောင့်တဲ့ပြဿနာက ဆေးမှန်မှန်စွဲသောက်ဖို့လည်း လိုတာကြောင့် ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးဆေမှန်မှန်သောက်စေချင်ပါတယ်။ဒါတွေကတော့ လူတိုင်း တွေ့ကြုံရများတတ်တဲ့ ကိုက်ခဲခြင်း ပြဿနာလေးတွေဖြစ်ပြီး ပျောက်ကင်းစေမယ့် နည်းလေးတွေ ဝေမျှထားတာပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/pain-and-aches/
အသည်းကွဲဝေဒနာကို ဘယ်လိုကုစားမလဲ
လူသားတိုင်းကတော့ ကိုယ်ချစ်တဲ့သူနဲ့ ဝေးကွာရမှာကို လိုလားမယ်မထင်ပါဘူး။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ပါစေ၊ ဘယ်လောက်ပဲ အသည်းမာတဲ့ သူတစ်ယောက်ဖြစ်နေပါစေ အသည်းကွဲနေတဲ့အချိန်မှာ အနည်းနဲ့ အများတော့ နာကျင်မှု၊ဝမ်းနည်းမှု၊ ပူဆွေးမှု ဝေဒနာတွေကို ခံစားရမှာပါ။ ဒီလိုခံစားနေရတာကို ဘယ်လိုမှ မဖြေရှင်းဘဲ လွှတ်ထားလိုက်ရင် ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ လူမှုရေးမှာ ပြဿနာတွေ ကြုံလာနိုင်တဲ့အပြင် ရေရှည် စိတ်ကျန်းမာရေးကိုလည်း ထိခိုက်လာနိုင်ပါတယ်။ျ ဒီဆောင်းပါးလေးမှာ အသည်းကွဲလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ကိုယ့်ရဲ့ အသည်းကွဲဝေဒနာကို ဘယ်လိုကုစားမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။၁။ တတ်နိုင်သလောက် ဝေးဝေးမှာ နေပါ။ကိုယ်နဲ့ ကိုယ့်ချစ်သူက လမ်းခွဲပြတ်ဆဲပြီးတဲ့တိုင်အောင် သူငယ်ချင်းလိုပဲ နေဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တောင် လတ်တလောအချိန်မှာ သူနဲ့ အဆက်အသွယ် ခဏဖြတ်ထားဖို့ လိုပါတယ်။ တစ်သက်လုံးတော့ မတွေ့ဘဲ နေစရာတော့မလိုပါဘူး။ကိုယ့်စိတ်ကလေး အနည်ထိုင်တဲ့အချိန်ထိ၊ ကိုယ်က သူ့အပေါ် စွဲလမ်းမှုတွေ၊ တမ်းတမှုတွေ မရှိတော့တဲ့အချိန်ထိပဲ သူနဲ့ ဝေးဝေးမှာ နေတာ ၂ယောက်လုံးအတွက် ပိုကောင်းမှာပါ။ အပြင်မှာလည်း တွေ့လည်း ပြုံးပြရုံလောက်ပဲ လုပ်ပါ။ဖုန်းနဲ့ ဆက်သွယ်တာ၊ အွန်လိုင်းကနေ စကားသွားပြောတာမျိုးတွေ မလုပ်ပါနဲ့။၂။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ပြန်လည်ပြင်ဆင်ပါ။ကိုယ်ကအချစ်နဲ့ တွေ့နေချိန်မှာကိုယ့်ရဲ့ ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး လျစ်လျူရှုမိတာတွေ ရှိမှာပါ။ ဒီလိုအချိန်မှာ ကိုယ်နဲ့ ဝေးသွားတဲ့သူတစ်ယောက်အတွက် ပူဆွေးဝမ်းနည်းတာထက်စာရင် ကိုယ့်ရဲ့ အနားမှာ ရှိနေတဲ့ မိသားစု၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ အချိန်ကုန်ဆုံးတာ ပိုကောင်းပါတယ်။ကိုယ့်ရဲ့ အိမ်၊ အခန်း၊ ပတ်ဝန်းကျင်ကို ပြန်လည်ပြုပြင်ပြောင်းလဲပစ်တာ၊ နံရံဆေးသုတ်တာ၊ အခန်းသန့်ရှင်းရေးလုပ်တာမျိုးလည်း လုပ်ပေးလို့ ရပါတယ်။၃။ အတိတ်ကို ပြန်တူးဆွပေးမယ့် အရာတွေကို ခေါင်းထဲက ထုတ်ထားပါ။တစ်ချိန်တုန်းက ပျော်ဖူးတဲ့ အမှတ်တရတွေဆိုတာ ဒီလိုပြတ်ဆဲသွားတဲ့အချိန် ပြန်တွေးမိလိုက်တိုင်း ကိုယ့်အတွက် နာကျင်စရာတွေ ဖြစ်ကောင်းဖြစ်နေမှာပါ။ အတူသွားဖူးတဲ့ နေရာ၊ ကိုယ့်ချစ်သူ သုံးဖူးတဲ့ ရေမွှေး၊ အတူနားထောင်ဖူးတဲ့သီချင်း၊ အမှတ်တရတွေ ရှိဖူးတဲ့ အသုံးအဆောင်ပစ္စည်း၊ ကြားနေကျ စကား အစရှိသဖြင့် တိုက်ဆိုင်လာတဲ့အခါမှာ သူ့အကြောင်းကို ပြန်တွေးမိပြီး ဝမ်းနည်းပူဆွေးရမှာပေါ့။အစပိုင်းမှာတော့ ခက်ခဲမယ်ဆိုပေမဲ့ ကိုယ့်ရဲ့ စိတ်ဒဏ်ရာ မကျက်သေးခင်အချိန်ထိ ဒီအရာတွေကို မတွေးမိအောင် ကြိုးစားကြည့်ပါ။၄။ အပြင်ထွက်ပြီး လျှောက်လည်ပါ။စိတ်ညစ်ပြီ၊ ဝမ်းနည်းပြီဆိုရင် မကြာခဏလုပ်တတ်ကြတဲ့ အမှားတွေက အိမ်ထဲမှာပဲ အောင်းပြီး လူတွေနဲ့ ထိတွေ့ဆက်ဆံမှု မလုပ်တော့တာပါ။ ဒီလိုလုပ်တာက ကိုယ့်ကို ပိုပြီး အထီးကျန်ဆန်စေတဲ့အပြင် ကိုယ့်ရဲ့ စိတ်ကိုလည်းအကျဉ်းကျစေပါတယ်။ ကိုယ်မတွေးချင်တဲ့ အကြောင်းအရာတွေကို ပြန်လည်တွေးမိဖို့ နှိုးဆွပေးနိုင်ပါတယ်။ဒါကြောင့် အသည်းကွဲရင် အိမ်ထဲမှာ မအောင်းပါနဲ့။ အပြင်ထွက်ပါ၊ လျှောက်လည်ပါ၊ ခရီးသွားပါ၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ ဖြစ်စေ၊ ကိုယ်တစ်ယောက်တည်း ဖြစ်စေ ဟိုဟိုဒီဒီလျှောက်သွားရင် စိတ်ကို အပန်းဖြေပါ။၅။ အချစ်ရေးအသစ် ပြန်စဖို့ မလောပါနဲ့။ကိုယ်က နှစ်အတန်ကြာ ချစ်ခဲ့ပြီး၊ ကိုယ့်ရဲ့ အရာရာကို ပေးဆပ်ခဲ့ပြီးမှ ပြတ်ဆဲရတယ်၊ ဝေးကွဲရတဲ့အခါ မနာကျင်ဘဲ ဘယ်နေနိုင်ပါ့မလဲ။ ဒီလိုနာကျင်မှုကို တခြားသူတစ်ယောက်ကို အသုံးချပြီး ဟန်ဆောင်တွဲလိုက်တာ၊ ဝမ်းနည်းမှုကို ဖုံးကွယ်ဖို့ တခြားသူတစ်ယောက်ကို အစားထိုးပြီး ဘဝထဲ ခဏခေါ်သွင်းလိုက်တာက ဘယ်သူ့အတွက်မှ အကျိုးကျေးဇူးမရှိစေပါဘူး။ဒါကြောင့် ကိုယ့်ရဲ့ စိတ်ခံစားချက် တည်ငြိမ်တဲ့အထိ အချစ်ရေးကို ပြန်မစပါနဲ့။ တစ်ယောက်တည်း နေရင်း ကိုယ့်အတွက်၊ ကိုယ့်မိသားစုတွေအတွက် အချိန်ပေးကြည့်ပါ။အသည်းကွဲနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်တော့တာ၊ ကျန်းမာရေးကို ပစ်ထားလိုက်တာမျိုးဟာ ဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုလုပ်ဖို့ လက်ရှိအခြေအနေက ဘာတွေ ပြောင်းလဲသွားမှာလဲဆိုတာကို ပြန်တွေးကြည့်ပါ။ကိုယ့်ခန္ဓာ၊ ကိုယ့်စိတ်ကို ဒုက္ခပေးလို့ မပြောင်းသွားတဲ့ အခြေအနေမှန်း သိတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဂရုစိုက်သင့်ပါပြီ။ အစာကောင်းကောင်းစားပါ၊အိပ်ချိန်ပြည့်ဝစွာ အိပ်ပါ၊ လေ့ကျင့်ခန်းလဲ မှန်မှန်လေး လုပ်ပေးပါ။၇။ ကိုယ့်ရဲ့ ဝမ်းနည်းပူဆွေးမှုကို ရင်ဖွင့်ပါ။လူတော်တော်များများက ဝမ်းနည်းပူဆွေးစရာ၊ စိတ်ညစ်စရာတွေကို မြိုသိပ်ပြီး တစ်ယောက်တည်း ရင်စည်းခံလေ့ ရှိပါတယ်။ မြိုသိပ်စရာ ပူလောင်မှုတွေ များလာတဲ့အခါ အရင်ဆုံး ဒုက္ခရောက်မှာက ကိုယ့်ရဲ့စိတ်ကျန်းမာရေးပါပဲ။ စိတ်က ပြိုလဲပြီဆိုရင် ခန္ဓာရော၊ ဘဝရော အနောက်ကနေ လိုက်ပြီး ပြိုလဲဖို့က အနှေးနဲ့အမြန်ပါပဲ။ဒါကြောင့် ကိုယ့်ရင်ထဲမှာ ဝမ်းနေတာ၊ မကျေနပ်တာ၊ ခံပြင်းတာ၊ ဒေါသထွက်တာတွေ ရှိရင် ကိုယ့်ရဲ့ မိသားစု၊ မိတ်ဆွေအပေါင်းအသင်း ဒါမှမဟုတ် ကိုယ်ယုံကြည်ရတဲ့သူတစ်ယောက်ယောက်ကို ရင်ဖွင့်တိုင်ပင်ပါ။ အနည်းဆုံးတော့ တစ်ယောက်တည်း ပူလောင်နေရတာထက် ဝေဒနာကို မျှဝေလိုက်ရင် နည်းနည်းတော့ ရင်ထဲပေါ့သွားမှာပေါ့။၈။ ငိုစရာရှိရင် ငိုလိုက်ပါ။ကိုယ်ချစ်တဲ့ ကွေကွင်းရတဲ့ ဒုက္ခဆိုတာ ကြုံဖူးတဲ့ ကာယကံရှင်တွေသာ နားလည်ခံစားနိုင်မှာပါ။ ဒီလိုဖြစ်နေတဲ့အချိန်မှာ ငိုချင်ရင် စိတ်လွတ်လက်လွတ် ငိုချလိုက်ပါ။ တစ်ယောက်တည်းတော့ ရင်ထဲမှာ သိမ်းထားပြီး အပူလောင်ခံ မခံပါနဲ့။၉။ စိတ်ကို အေးချမ်းစေမယ့် အရာတွေကို လုပ်ပါ။ချစ်သူရှိတုန်းက မလုပ်ဖြစ်လိုက်ရတဲ့ အရာတွေ၊ ကိုယ်ဝါသနာပါတဲ့ အရာတွေ ပြန်လုပ်ဖို့ အချိန်ကောင်းပါပဲ။ အနည်းဆုံးတော့ ဒါတွေ လုပ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ စိတ်ကို ပူလောင်စေမယ့်အတွေးတွေ မဝင်လာအောင်အနည်းငယ်တော့ ထိန်းပေးထားနိုင်မှာပါ။ အားလပ်ချိန်မှာ တရားထိုင်တာ၊ ယောဂကျင့်တာ၊ အေးချမ်းတဲ့ တေးဂီတ တီးလုံးတွေဖွင့်ပြီး ကိုယ့်ရဲ့ စိတ်ကို တည်ငြိမ်အောင် လုပ်ကြည့်ပါ။၁၀။ ချစ်သူသက်တမ်းတစ်လျှောက် အကောင်း၊ အဆိုးတွေကို ပြန်တွေးကြည့်ပါ။လက်ခုပ်ဆိုတာ ၂ဖက်တီးမှ မြည်တာပါ။ ချစ်သူသက်တမ်းတစ်လျှောက်မှာ ကိုယ့်ဘက်က သူ့အပေါ် ဘာတွေကောင်းခဲ့ဖူးလဲ၊ ဘာတွေမှားခဲ့တာ ရှိလဲ၊ ကိုယ့်မှာ ဘာလိုအပ်ချက်တွေ ရှိလဲဆိုတာ ပြန်စဉ်းစားကြည့်ပါ။ ပြီးရင် ပြောင်းလဲသင့်တဲ့ အရာတွေကို ပြောင်းလဲပါ။အမှားဆိုတာလည်း ယူတတ်ရင် ကိုယ့်ရဲ့ ဘဝကို ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်စေမယ့် သင်ခန်းစာပါပဲ။ ဒီအမှားတွေကို သင်ခန်းစာယူတတ်မှ နောက်အချစ်သစ်နဲ့ တွေ့တဲ့အခါ ကိုယ့်ဘက်က တည်ငြိမ်တဲ့ ဘဝအသစ်တစ်ခု ပြန်စတင်ဖို့ အဆင်သင့်ဖြစ်နေမှာပေါ့။၁၁။ မကျေနပ်မှု၊ ဒေါသတွေကို တခြားသူတွေဆီ မလွှဲချပါနဲ့။လူတော်တော်များများက ဒေါသဖြစ်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးရင် ပေး၊ မဟုတ်ရင်လည်း ကိုယ့်အနီးပတ်ဝန်းကျင်က လူတွေဆီ ပုံချလိုက်တာပါပဲ။ ၂ခုလုံးက မှန်ကန်တဲ့ နည်းလမ်းတွေ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စိတ်ထဲမှာ ဝေဒနာ၊ ဝမ်းနည်းပူဆွေးမှု၊ ခံပြင်းမှုတွေ ရှိနေမယ်ဆိုတာ မှန်ပေမဲ့ ဘာမှသက်ဆိုင်မှုမရှိတဲ့သူတွေကို ပုံချလိုက်တာက လူမှုဆက်ဆံရေးမှာ ပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။အသည်းကွဲဝေဒနာဆိုတာ ဘဝမှာ ကြုံရတတ်တဲ့ သင်ခန်းစာတစ်ခုပါ။ ဒါပေမဲ့ ကိုယ့်ကို ပြိုလဲစေလောက်တဲ့အထိ မခံစားမိဖို့တော့ လိုပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/tips-for-broken-relationship/
နွေပူပူမှာ အလှမပျက်စေမယ့် skincare mask
နွေရာသီမှာ ကြည်လင်ဝင်းပနေတဲ့ အသားအရေလေးကို ပိုင်ဆိုင်ထားတာက ကိုယ်တိုင်ကိုရော မြင်ရသူ အဖို့ပါ စိတ်လက် ချမ်းသာစေတဲ့အရာပါ။ ဒီလို ကြည်လင်လှပတဲ့ အသားအရေကို ပိုင်ဆိုင်စေဖို့ရာမှာ အားဖြည့်ပေးနိုင်တဲ့ အရာလေးတစ်ခု ရှိနေပါတယ်။ ဒါကတော့ အသားအရေကို တစ်ပတ်တစ်ကြိမ် ဒါမှမဟုတ် တစ်ပတ်ကို နှစ်ကြိမ်လောက် သဘာဝပစ္စည်းလေးတွေနဲ့ ပေါင်းတင်ပေးတာပါ။ နွေပူပူမှာ အလှမပျက်စေမယ့် skincare mask လေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။ဒီတော့ ဘယ်ပစ္စည်းတွေက နွေရာသီမှာ အသားအရေကို ကျန်းမာစေပြီး ဘယ်အတွဲအစပ်တွေက ဘယ်လို အကျိုးကျေးဇူးတွေ ပေးစွမ်းမလဲဆိုတာကိုတော့ ကိုယ်တိုင် ကြည့်ကြည့်လိုက်ပါနော်။နွေပူပူမှာ အလှမပျက်စေမယ့် skincare mask တွေကတော့။ဒိန်ချဉ်က အသားအရေကို ကြည်လင်လှပစေသလို ချွေးပေါက်တွေကိုလည်း အတွင်းထဲအထိ သန့်စင်ပေးပါတယ်။ အရေပြားကိုလည်း အစိုဓာတ်ဖြည့်ပေးပါတယ်။ နနွင်းက ဘက်တီးရီးယားကို တိုက်ဖျက်ပေးပြီး ဝက်ခြံ မဖြစ်အောင် ကာကွယ်ပေးသလို ဝက်ခြံတွေကို သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။ အသားအရေကို တောက်ပစေသလိုအသားအရောင်ညီစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။ အရေပြား အမျိုးအစား အားလုံး အသုံးပြုပေးလို့ ရပါတယ်။ဘာတွေ လိုအပ်မလဲ!။လိုအပ်မှာကတော့။နနွင်း နဲ့ ဒိန်ချဉ် mask ဘယ်လိုလုပ်ရမလဲ!။နနွင်း နဲ့ ဒိန်ချဉ် mask ဘယ်လို လုပ်ရမလဲဆိုတော့ ခွက်သန့်သန့် တစ်လုံးထဲမှာ ဒိန်ချဉ်ကို ထည့်ပါ။ အရသာ မပါပါဘူး။ ပြီးရင်တော့ နနွင်း နည်းနည်း ထည့်ပါ။ ပြီးရင်တော့ နှံနေအောင် မွှေလိုက်ပါ။ ရေလုံးဝ မထည့်ပါနဲ့။ ပြီးရင် ရေခဲသေတ္တာထဲကို ၅ မိနစ်လောက် ထည့်ထားပေးပါ။အသုံးပြုနည်းကရော ဘယ်လိုလဲ!။အသုံးပြုနည်းကတော့ လွယ်ပါတယ်။ မျက်နှာလေးကို သေချာလေး သန့်စင်အောင် သစ်ပြီး ရေခြောက်အောင် သုတ်ပါ။ ပြီးရင်တော့ ဖျော်ထားတဲ့ အနှစ်လေးကို မျက်နှာလေးပေးမှာ နှံ့နေအောင် လိမ်းပေးပါ။ ပြီးရင်တော့ ၁၅ မိနစ် မိနစ် ၂၀ လောက် ထားပေးပါ။ ပြီးရင်တော့ မျက်နှာကို ရေနွေးနွေးလေးနဲ့ သန့်စင်လိုက်ပါ။ပြီးသွားပြီဆိုရင်တော့ မျက်နှာကို အစိုဓာတ်ထိန်းခရင်မ် တစ်ခုခု လိမ်းပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လောက် လုပ်ပေးလို့ ရပါတယ်။ဒီလို လုပ်ပေးတာက အသားအရေကို ကြည်လင်လှပစေပြီးချွေးပေါက်ကျဉ်းစေမှာ ဖြစ်သလို အဆီပြန်တာကိုလည်း သက်သာစေမှာပါ။ ဝက်ခြံ သက်သာစေဖို့ ထောက်ကူပေးသလို ဝက်ခြံ အမာရွတ်တွေကိုလည်း သက်သာစေမှာပါ။အသားအရောင် မညီတာကို သက်သာစေသလို အရေပြားကို ကြည်လင် လှပစေပြီးအရေးအကြောင်းတွေသက်သာစေဖို့ရော ဆားဝက်ခြံတွေ သက်သာစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။နွေရာသီမှာ အရေပြား ယားယံတာကိုလည်း သက်သာစေမှာပါ။ဓာတ်မတည့်တာမျိုးတွေကြောင့် အရေပြား နီမြန်းတာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။နွေအပူဒဏ်ကြောင့် ဖြစ်တဲ့ ဝက်ခြံတွေကို သက်သာစေပါတယ်။အပူဒဏ်ကြောင့် အရေပြားရောင်ရမ်းတာကို လည်း သက်သာစေနိုင်ပါတယ်။ အသားအရေ ကြည်လင်လှပစေဖို့ ရှေးယခင် ကာလတွေကတည်းက အသုံးပြုခဲ့ကြတာပါ။ အသားအရေ ခြောက်သွေ့တာတွေကို သက်သာစေနိုင်သလိုဝက်ခြံတွေကိုမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ အရေပြားကိုလည်း အစိုဓာတ်ထိန်းပေးပါတယ်။နို့က သဘာဝ သန့်စင်ပေးတဲ့အရာပါ။ အကြောင်းကတော့ နို့မှာပါတဲ့ပရိုတင်းနဲ့ အင်ဇိုင်းတွေက အသားအရေကို တင်းရင်းစေနိုင်ပါတယ်။ နွားနို့ကို သနပ်ခါးမှုန့်နဲ့ ရောစပ်ပြီး မျက်နှာပေါ်မှာ အသုံးပြုပေးတာက အသားအရေကို ရေဓာတ်ပြည့်ဝစေမှာ ဖြစ်သလိုကြည်လင်ဝင်းပတဲ့ အသားအရေကို ပိုင်ဆိုင်စေမှာပါ။ဘာတွေ လိုအပ်မှာလဲ!။လိုအပ်မှာကတော့။သနပ်ခါးမှုန့် နဲ့ နွားနို့ mask ဘယ်လို လုပ်ရမလဲ!။သနပ်ခါးမှုန့် နဲ့ နွားနို့ mask ဘယ်လို လုပ်ရမလဲ ဆိုတော့ အတော်လေး လွယ်ပါတယ်။ သနပ်ခါးမှုန့်ထဲကို နွားနို့ထည့်ပြီး သမအောင် ခပ်ပျစ်ပျစ်လေး မွှေလိုက်ပါ။ ပြီးရင်တော့ အသုံးပြုလို့ ရပါတယ်။အသုံးပြုနည်းကရော ဘယ်လိုလဲ!။အသုံးပြုနည်းကတော့ လွယ်ပါတယ်။ မျက်နှာလေးကို သေချာလေး သန့်စင်အောင် သစ်ပြီး ရေခြောက်အောင် သုတ်ပါ။ ပြီးရင်တော့ ဖျော်ထားတဲ့ အနှစ်လေးကို မျက်နှာလေးပေးမှာ နှံ့နေအောင် လိမ်းပေးပါ။ ပြီးရင်တော့ ၁၅ မိနစ် မိနစ် ၂၀ လောက် ထားပေးပါ။ ပြီးရင်တော့ မျက်နှာကို ရေနွေးနွေးလေးနဲ့ သန့်စင်လိုက်ပါ။ပြီးသွားပြီဆိုရင်တော့ မျက်နှာကိုအစိုဓာတ်ထိန်းခရင်မ်တစ်ခုခု လိမ်းပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လောက် လုပ်ပေးလို့ ရပါတယ်။ဒီလို လုပ်ပေးတာက အသားအရေကို ကြည်လင်လှပစေပြီး ချွေးပေါက်ကျဉ်းစေမှာ ဖြစ်သလို အဆီပြန်တာကိုလည်း သက်သာစေမှာပါ။ ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်မှာပါ။ ဝက်ခြံ သက်သာစေဖို့ ထောက်ကူပေးသလို ဝက်ခြံ အမာရွတ်တွေကိုလည်း သက်သာစေမှာပါ။အသားအရောင် မညီတာကို သက်သာစေသလိုအရေပြားကိုကြည်လင် လှပစေပြီးအရေးအကြောင်းတွေသက်သာစေဖို့ရော ဆားဝက်ခြံတွေ သက်သာစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။ အရေးအကြောင်းတွေကိုလည်း သက်သာစေမှာပါ။နွေရာသီမှာ အရေပြား ယားယံတာကိုလည်း သက်သာစေမှာပါ။ ဓာတ်မတည့်တာမျိုးတွေကြောင့် အရေပြား နီမြန်းတာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။အိမ်သုံး DIY maskတွေ ပြုလုပ်တဲ့အခါ ပါဝင်ပစ္စည်းတွေ လတ်ဆတ်သန့်ရှင်းမှုရှိဖို့ လိုပါတယ်။ ပါဝင်ပစ္စည်းတွေ မသန့်ခဲ့ရင် မျက်နှာမှာ အရေပြား ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ တစ်ခါသုံးစာပဲ လုပ်ပြီး ပိုတာတွေကို လွှင့်ပစ်သင့်ပါတယ်။ မျက်နှာပေါ်မှာ တင်ပြီး အသုံးပြုပြီးရင်လည်း ရေနဲ့ သေချာ ဆေးဖို့ လိုပါတတယ်။ အကြွင်းအကျန်တွေ ရှိနေခဲ့ရင် မျက်နှာပေါ်မှာ ဘက်တီးရီးယားတွေ ပေါက်လာနိုင်ပါတယ်။နောက်တစ်ခုက ဓာတ်မတည့်တဲ့ ပြဿနာပါ။ ပါဝင်ပစ္စည်းတွေထဲမှာ ကိုယ်နဲ့ ဓာတ်မတည့်စေတဲ့ အရာတစ်ခုခု ပါသလားဆိုတာကို စစ်ဆေးပါ။ ဥပမာ နနွင်းနဲ့ ဓာတ်မတည့်တဲ့ဘူးဆိုရင် နနွင်းကို ထည့်သွင်းအသုံးမပြုသင့်ပါဘူး။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/skincare-mask-for-summer-time/
အလှအပအတွက်တင်မက ကျန်းမာရေးအတွက်ပါ အသုံးဝင်တဲ့ မြန်မာ့ သနပ်ခါး
သနပ်ခါးဆိုတာကို အထူးတလည် မိတ်ဆက်ပေးဖို့ လိုမယ်တော့ မထင်ပါဘူး။ မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ ကလေးငယ်လေးတွေ မျက်နှာပြင်မှာ အတွေ့ရများပါတယ်။ မြန်မာအမျိုးသမီးတွေက ရှေးအစဉ်အဆက် ကာလတွေကတည်းက သနပ်ခါးကို နှစ်နှစ်ခြိုက်ခြိုက် လူးလာခဲ့ကြတာပါ။ လူကြီးလူငယ်မရွေးလည်းလူးလို့ သင့်တော်ပါတယ်။သနပ်ခါးကအသားအရေအတွက်ကောင်းတယ်ဆိုတာကို သိပ်ပြောစရာတောင် လိုမယ်မထင်ပါဘူး။ နွေရာသီလိုမျိုး ပူပြင်းတဲ့အခါ သနပ်ခါးရေကျဲလေး လူးပေးတာက အသားအေးသွားစေပါတယ်။ နေရောင်ခြည်ကြောင့် အသားအရေ နေလောင်တာတွေကိုလည်း သနပ်ခါးလူးပေးရင် သက်သာစေပါတယ်။ ခန္ဓာကိုယ်မှာအပူဖုတွေမိတ်ဖုတွေ ထွက်တဲ့အခါမျိုးမှာလည်း သနပ်ခါးလေး အုံထားလိုက် သက်သာသွားမယ်လို့ လူကြီးတွေပြောတာ ကြားဖူးကြမယ် ထင်ပါတယ်။ သနပ်ခါးက အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်က ကာကွယ်ပေးနိုင်တဲ့ သဘာဝဆေး တစ်မျိုးပါ။အရေပြား အစိုဓာတ်ကိုလည်း ထိန်းပေးပါသေးတယ်။ သနပ်ခါးမှာဓာတ်တိုးဆန့်ကျင်အာနိသင်တွေများစွာ ပါဝင်နေပါတယ်။ သနပ်ခါးအပွေးက ရောင်ရမ်းမှုကိုလျော့ပါး သက်သာစေနိုင်တဲ့ အစွမ်းရှိတာကြောင့် မျက်နှာအသားအရေကို နုပျိုစေပါတယ်။ ဝက်ခြံထွက်နေတဲ့သူတွေ အနေနဲ့လည်း သနပ်ခါးကို လူးပေးလို့ရပါတယ်။ သနပ်ခါးက ဝက်ခြံတွေကို သက်သာစေနိုင်သလို ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။သနပ်ခါးရဲ့ အေးမြမှုနဲ့ မွှေးရနံ့က ကိုယ်ရောစိတ်ပါ ကြည်လင်စေပါတယ်။ ရေချိုးပြီး သနပ်ခါးအေးအေးလေး လူးလိုက်တာက ပင်ပန်းမှုတွေကို ပြေလျော့စေပါတယ်။ အသေးစား ထိခိုက်ရှနာ ဒဏ်ရာတွေကိုလည်း သနပ်ခါး လူးပေးလို့ရပါတယ်။ အသားဖြူချင်သူတွေ အတွက်လည်း သနပ်ခါးက ဘေးဥပါဒ် မရှိတဲ့ ဆေးတစ်မျိုးပါ။ ဆီပူလောင်၊ရေနွေးပူလောင်တာတွေ။ အရေပြား ယားယံတာတွေအတွက်လည်း သနပ်ခါးက အသုံးတည့်ပါတယ်။ သနပ်ခါး အမြစ်တုံးကို သွေးလူးပေးမယ်ဆိုရင် အသားချောပြီး ဝက်ခြံကင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။ သနပ်ခါးက UV-A ကို အပြည့်အဝ ကာကွယ်ပေးပါတယ်။သနပ်ခါးက အရွက် ကနေစလို့ အမြစ်အထိ အသုံးတည့်တဲ့ အပင် တစ်မျိုးပါ။ သနပ်ခါးအရွက် နဲ့ အပွေးမှာ ကင်ဆာကာကွယ်နိုင်တဲ့ အာနိသင်တွေ ပိုင်ဆိုင်ထားပါတယ်။ အမြစ်ကလည်း အော့အန်တာ၊ ဝမ်းကိုက်တာ နဲ့ လေထိုးလေအောင့်တာတွေကို သက်သာစေနိုင်ပါတယ်။ အသီး ပြုတ်ရည်ကို ပိုးကောင်တွေ ကိုက်ခံရတဲ့နေရာမှာ ဆွတ်ပေးရင် အဆိပ်ပြေစေနိုင်ပါတယ်။ အဆစ်အမြစ်တွေ ကိုက်ခဲရင်လည်း သနပ်ခါး လူးပေးရင် သက်သာပါတယ်။ ဝက်ရူးပြန်ရောဂါ အတွက်ဆေးဖော်စပ်ရာမှာလည်း သနပ်ခါးပင်ရဲ့ အရွက်ကို အသုံးပြုကြပါတယ်။ ငှက်ဖျားရောဂါ၊ အနာကြီးရောဂါတွေ အတွက်လည်း သနပ်ခါးပင်ရဲ့ အရွက်ကို အသုံးပြုကြပါတယ်။ သနပ်ခါးက အရေပြား မှိုပိုးဝင်တာကို သက်သာစေနိုင်သလို အရေပြား ပြဿနာကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။သနပ်ခါးကို အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေထဲမှာ ထည့်သွင်း အသုံးပြုကြပါတယ်။ပါးပြင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် လူးထားတဲ့ မြန်မာ့သနပ်ခါးလေးက အခုလိုမျိုး အကျိုးကျေးဇူးတွေများပါတယ်။ ဒါကြောင့် သနပ်ခါးအတုံးကနေရတဲ့ သနပ်ခါးစစ်လေးကို အလှအပအတွက်ရော ကျန်းမာရေး ကောင်းကျိုးတွေ ရဖို့ပါ အသုံးပြုပေးလို့ရပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/benefits-of-thanakha/
ကလေးသောက် ဖော်မြူလာနို့မှုန့်တွေ နဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား.................
ကလေးတစ်ယောက်ကျန်းမာပျော်ရွှင်နေဖို့အတွက်အာဟာရဓာတ်ပြည့်ဝနေဖို့က အရေးကြီးတယ်ဆိုတာ မေမေတို့သိပြီးသားဖြစ်မှာပါ။ အာဟာရဓာတ်နဲ့ပတ်သက်လို့ မေမေတို့ ကြားဖူးနေကြတဲ့ အကြောင်းအရာတွေလည်းအများကြီးရှိလိမ့်မယ်ထင်ပါတယ်။ ဒီအထဲမှာမှ မေမေတို့ ဝိဝါဒ ကွဲပြားလေ့ရှိတဲ့ ဖော်မြူလာနို့မှုန့် နဲ့ပတ်သက်ပြီး အထင်မှားနေတဲ့ အချက်လေးတွေရှိနေပါတယ်။ ဒါကြောင့် အခုတစ်ခေါက်တော့ ကလေးသောက် ဖော်မြူလာနို့မှုန့်တွေ နဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား…………….. ဆိုတာကို ဒီဆောင်းပါးမှာ ပြောပြသွားမယ်နော်။ကလေးကိုမိခင်နို့တိုက်ကျွေးတာက အကောင်းဆုံးဆိုပေမယ့် နို့မထွက်တဲ့အခါမျိုး၊မိခင်က ရောဂါတစ်ခုခုခံစားနေရတဲ့အခါမျိုးမှာ ကလေးကို လုံလောက်တဲ့ အာဟာရ ရရှိစေဖို့ ဖော်မြူလာနို့မှုန့်တွေကို အားကိုးရပါတယ်။ ဒီအခြေအနေမှာမေမေတိုင်း တွေးမိနိုင်တာက ကလေးကို နို့မှုန့်တိုက်လို့ ဖြစ်ပါ့မလား…. နို့မှုန့်တိုက်ရင် ကလေးကိုများ ထိခိုက်မလားဆိုတဲ့ အတွေးတွေပါ။ ဒီအတွေးတွေက မှန်ရော မှန်ရဲ့လားဆိုတာကို ဆန်းစစ်ကြည့်ဖူးပါသလား။ကလေးကို ဖော်မြူလာနို့မှုန့်တိုက်ဖို့ စိုးရိမ်နေတဲ့ မေမေတို့အနေနဲ့ သံသယကင်းကင်းနဲ့ ကလေးကို ဖော်မြူလာနို့မှုန့်တိုက်နိုင်ကြဖို့ ဒီအချက်လေးတွေကို ဖတ်ကြည့်လိုက်ပါနော်။(၁) ဖော်မြူလာနို့မှုန့် တိုက်တာကကလေးနဲ့ မိခင်ကြားမှာ အချစ်လျော့စေတယ်။နို့တိုက်တဲ့အခါ မေမေနဲ့ ကလေး အသားချင်းထိတိုက်လို့ သံယောဇဉ်တိုးတယ်။ ကလေးက ကိုယ့်ကို ခင်တွယ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် နို့မှုန့်တိုက်လို့ အချစ်လျော့သွားမယ်ဆိုတာကတော့ မဟုတ်ပါဘူး။ မေမေရဲ့ ဂရုစိုက်မှုထွေးပွေ့ကြင်နာမှုတွေနဲ့ပဲ ဆိုင်ပါတယ်။ နို့ဘူးကိုလည်း ကလေးကို ပွေ့ပိုက်ပြီး၊ ချော့မြူပြီး တိုက်မယ်ဆိုရင် ကလေးနဲ့ မေမေကြားက အချစ်တွေ တိုးလာမှာပါ။(၂) ဖော်မြူလာနို့မှုန့်က ကလေးကိုအဝလွန်စေတယ်။ကလေးတွေ အဝလွန်တာက နို့မှုန့်ကြောင့် မဟုတ်ပါဘူး။ ပမာဏ မှန်မှန်မတိုက်ဘဲ အလွန်အကျွံ တိုက်ကျွေးတာ၊ အဆီများတဲ့ အစားအစာတွေနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေ၊အချိုကဲ အစားအစာတွေကျွေးမိတာကြောင့် အဝလွန်ရတာပါ။ နို့မှုန့်ကို အချိုးအဆမှန်မှန်နဲ့ ဖျော်စပ်ပြီး တိုက်ကျွေးမယ်ဆိုရင် အဝမလွန်ပါဘူး။(၃) ဖော်မြူလာနို့မှုန့် သောက်တဲ့ ကလေးတွေကကျန်းမာသန်စွမ်းမှုအားနည်းတယ်။ကလေးတစ်ယောက် ကျန်းမာဖို့ အဓိကကျတာက အာဟာရ ပြည့်ဝလုံလောက်မှုပါ။မွေးစကနေ ၃ နှစ်တာအတွင်းမှာ ကလေးကို လုံလောက်ပြည့်ဝတဲ့ အာဟာရသာ ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် ကလေးက ကျန်းမာသန်စွမ်းမှာ အသေအချာပါ။(၄) ဖော်မြူလာနို့မှုန့် သောက်တဲ့ ကလေးတွေကဉာဏ်မကောင်းဘူး။ကလေးတစ်ယောက် ဦးနှောက် အကောင်းဆုံး ဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်စေဖို့ဆိုရင်မှတ်ဉာဏ် စတင်တည်ဆောက်တဲ့အရွယ်ဦးနှောက်ဖွံ့ဖြိုးတဲ့အရွယ်ဖြစ်တဲ့ပထမ ရက်တစ်ထောင်ကာလအတွင်းမှာ ဦးနှောက်နဲ့ဉာဏ်ရည် ဖွံဖြိုးမှုကို အကောင်းဆုံး အားဖြည့်ပေးတဲ့DHAပြည့်ဝလုံလောက်အောင် ကျွေးမွေးပေးရုံပါ။ DHA ကြွယ်ဝတဲ့ နို့မှုန့်ကို ရွေးချယ်တိုက်ကျွေးမှုက ကလေးကို ဉာဏ်ကောင်းစေမှာ အသေအချာပါ။(၅) ဖော်မြူလာနို့မှုန့်က မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုမဟုတ်ဘူး။နို့မှုန့်က လုံးဝမလိုအပ်တဲ့အရာ မဟုတ်ပါဘူး။ အပေါ်မှာပြောခဲ့သလို မိခင်က နို့လုံလောက်အောင် မရတဲ့အခါမျိုး၊ကူးစက်နိုင်တဲ့ ရောဂါအခြေအနေတစ်ခုခုကြောင့် နို့တိုက်ဖို့ အခက်အခဲဖြစ်နေတဲ့အခါမျိုးမှာ ကလေးကို လုံလောက်ပြည့်ဝတဲ့ အာဟာရ ရရှိစေဖို့ဆိုရင် ဖော်မြူလာနို့မှုန့်ကို တိုက်ကျွေးဖို့ လိုပါမယ်။ဒီလို တိုက်ကျွေးတဲ့အခါမှာ လုံလောက်ပြည့်ဝတဲ့ အာဟာရ ပါဝင်မယ်ဆိုရင် မှန်ကန်တဲ့ရွေးချယ်မှုမဟုတ်ဘူးလို့ မဆိုသာပါဘူး။ အာဟာရ ပြည့်ဝတယ်ဆိုတဲ့နေရာမှာ ကလေးတစ်ယောက်ကို အကောင်းဆုံး ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ဗီတာမင် နဲ့ သတ္တုဓာတ်တွေဖြစ်ကြတဲ့။• ကလေးကို အမြင်အာရုံကောင်းစေဖို့အားဖြည့်ပေးတဲ့ဗီတာမင် A။• ဖျားနာမှုကင်းစေမယ့်ဗီတာမင် C။• အရေပြားပြဿနာ ကင်းစေနိုင်တဲ့ဗီတာမင် E။• ကြီးထွားဖွံ့ဖြိုးနေတဲ့ ကလေးတွေကို အရိုးနဲ့သွားတွေ သန်မာကြံ့ခိုင်စေဖို့ အကောင်းဆုံး အားဖြည့်ပေးမယ့်ဗီတာမင် D။• အရိုးနဲ့ ကြွက်သားတွေ သန်မာစေပြီး ကိုယ်ခံအား ကောင်းစေလို့ အကောင်းဆုံး ကြီးပြင်းလာစေမယ့်ပရိုတင်း။• အရိုးနဲ့ သွားတွေ ခိုင်မာစေဖို့၊ ကျန်းမာပျော်ရွှင်စေဖို့ အကောင်းဆုံး အားဖြည့်ပေးမယ့် သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ကယ်လ်ဆီယမ်။• အာရုံစူးစိုက်မှုကို ကောင်းစေပြီး သွေးအားနည်း ရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့သံဓာတ်။• ဦးနှောက် နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပြီး ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေမယ့်DHA။• ကလေးကို အစာခြေစနစ်ပြဿနာတွေ ကင်းပြီး အူနံရံတွေက အာဟာရဓာတ်တွေကို စုပ်ယူမှုအားကောင်းစေဖို့ ထောက်ပံ့ပေးတဲ့lcFos(အကျိုးပြု ဘက်တီးရီးယားအာဟာရ) (Prebiotics) တို့ပါဝင်နေတဲ့ ဖော်မြူလာနို့မှုန့်ကို တိုက်ကျွေးလို့ရပါတယ်။ကဲ…သိထားတာတွေထဲက လွဲနေတာတွေရှိရင် ပြင်လိုက်တော့နော် မေမေတို့ရေ………။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/myths-about-formula-feeding/
အသားအရေခြောက်တဲ့သူတွေ ရွေးချယ်သင့်တဲ့ မျက်နှာသစ်ဆေး၊ အစိုဓါတ်ထိန်းခရင်မ်နဲ့ အစားအစာ
ပျိုမဒီလေးတွေရဲ့ အသားအရေတွေဟာ တစ်ယောက်နဲ့ တစ်ယောက် တော်တော်လေးကို မတူညီကြပါဘူးနော်။ အသားအရေ အမျိုးအစားကလည်း အမျိုးမျိုး ကွဲနေပါတယ်။ ခြောက်သွေ့တဲ့ အသားအရေ၊ အဆီပြန်တတ်တဲ့ အသားအရေ၊ ပေါင်းစပ်အသားအရေနဲ့ ထိခိုက်လွယ်တဲ့ အသားအရေဆိုပြီး ရှိပါတယ်။ ပျိုမဒီလေးရဲ့ အသားအရေက ဘယ်အမျိုးအစားလဲဆိုတာ သိထားဖို့ လိုအပ်ပြီး သင့်တော်တဲ့ မျက်နှာသစ်ဆေးနဲ့ အစိုဓါတ်ထိန်းခရင်မ်ကိုလည်း ရွေးချယ်တတ်ဖို့ လိုပါတယ်နော်။ ဒီတစ်ခါမှာတော့ အသားအရေခြောက်တဲ့ ပျိုမဒီလေးတွေအတွက် လမ်းညွန်ပေးမယ်နော်။ပျိုမဒီလေး အသားအရေနဲ့ ပတ်သက်ပြီးတော့ မျက်နှာမှာ တင်းတင်းကျပ်ကျပ်ကြီး ဖြစ်နေတာနဲ့ အလွှားလိုက်လိုမျိုး ဖြစ်တာကို ခံစားမိနေတယ်ဆိုရင်တော့ ခြောက်သွေ့တဲ့ အသားအရေ ပိုင်ရှင်ပါ။ အသားအရေခြောက်ပြီး အမြဲလိုလို မွဲခြောက်နေတာကို ဘယ်သူမှ ကြိုက်မှာ မဟုတ်ဘူးနော်။ လိုအပ်တဲ့ အဆီ မရှိခြင်း ဒါမှမဟုတ် ရေဓါတ် နည်းတာတွေကြောင့် ဖြစ်နိုင်သလို နှစ်မျိုးစလုံးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရေများများသောက်နော်။အသားအရေခြောက်သွေ့တဲ့အတွက် အဆင်ပြေတဲ့ မျက်နှာသစ်ဆေးကိုတော့ သုံးလို့ မရဘူးနော်။ ပိုဆိုးသွားမှာ စိုးရိမ်ရတယ်လေ။ Alchol နဲ့ mineral oils ပါဝင်တဲ့ မျက်နှာသစ်ဆေးတွေကို ရှောင်ဖို့ လိုပါတယ်။ ခြောက်သွေ့တဲ့အသားအရေ ပိုင်ရှင်အနေနဲ့တော့ milk ပါဝင်တဲ့ မျက်နှာသစ်ဆေးလေးတွေ ပိုပြီး အသုံးပြုသင့်ပါတယ်။ပျိုမဒီလေးတို့ရေ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင် ဖြစ်တဲ့အတွက် အစိုဓါတ် ထိန်းဖို့တော့ လိုတာပေါ့နော်။ ဒါဆိုရင် Moisturizerရွေးတဲ့ အခန်းကဏ္ဍကို ရောက်ရှိလု့ိ လာပါပြီ။ Hyaluronic acid နဲ့ Dimethicone ပါဝင်တဲ့ အစိုဓါတ်ထိန်းခရင်မ်လေး ရှာသုံးရင်တော့ ကောင်းပါတယ်။ သူတို့က အစိုဓါတ် ပေးနိုင်တယ်လေ။Glycerin၊ propylene glycol၊ proteins နဲ့ urea တွေကတော့ အသားအရေကို ရေဓါတ် ပေးစွမ်းနိုင်ပါတယ်။ အကယ်လို့များ Moisturizer မလိမ်းချင်ဘဲ Night cream လိမ်းချင်တယ်ဆိုရင်တော့ သဘာဝအတိုင်း အသားအရေကို စိုစိုပြေပြေလေး ဖြစ်စေတဲ့ linolenic၊ linoleic acid နဲ့ ceramides လိုမျိုး fatty acid ပါဝင်တဲ့ Night Cream လေး သုံးနိုင်ပါတယ်။အသားအရေထိန်းသိမ်းတဲ့အထဲမှာလည်း အစားအစာတွေက အဓိက ကျပါသေးတယ်နော်။ အသားအရေ ခြောက်သွေ့ရင်တော့ ရေ၊ ငါး၊ အသီးအနှံ၊ အစေ့အဆံ၊ ထောပတ်သီး၊ လိမ္မော်ရောင် အသီးအနှံနဲ့ FLAXSEED တွေ စားသင့်ပါတယ်။ အသားအရေ ခြောက်သွေ့တာကို အလဲထိုးနိုင်တာကတော့ ရေဓါတ်ပါပဲ။ ရေများများ သောက်ဖို့ လိုပါတယ်။ ရေများများသောက်တာက အရည်ရွှမ်းတဲ့ ပန်းသီး၊လိမ္မော်သီးနဲ့ သခွားသီးတွေ စားသလိုပါပဲ။ ဒါဆိုရင်တော့ အသားအရေလည်း သိသိသာသာ တိုးတက်လာမှာ အသေအချာပါပဲနော်။ထောပတ်သီးက ဗီတာမင် E၊ ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်ပြီးတော့ အဆီဓါတ်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ အသားအရေကို စိုပြေစေနိုင်တဲ့ အသီးပါ။ နောက်တစ်ခုကတော့ ထောပတ်သီးမှာ oleic acid ပါဝင်ပြီး အပေါ်ယံအရေပြား နူးညံ့ဖို့နဲ့ ရေဓါတ်ရဖို့ အထောက်အကူပေးပါတယ်။ လိမ္မော်ရောင်နဲ့ အဝါရောင် ရှိတဲ့ အသီးတွေမှာ ဗီတာမင် အေ တွေ ပေါပေါများများ ပါဝင်ပြီး အသားအရေ မွဲခြောက်ပြီး ပျက်စီးတာတွေကို လျင်လျင်မြန်မြန် သက်သာစေပါတယ်။အစေ့အဆံတွေကလည်း ဗီတာမင် E ပါဝင်ပြီး အသားအရေကို ခြောက်သွေ့စေတဲ့ UV ဒဏ်တွေကနေ ကာကွယ်ပေးပါတယ်။ စားသုံးပေးဖို့ လိုပါတယ်နော်။ ကဲ ပျိုမဒီလေးတို့ရေ အသားအရေခြောက်လို့ စိတ်မညစ်တော့နဲ့နော်။ သုံးရမယ့် မျက်နှာသစ်ဆေး၊ အစိုဓါတ်ထိန်းခရင်မ်တွေနဲ့ အစားအစာတွေ သိရပြီဆိုတော့ အသားအရေခြောက်တာတွေကို ကျော်ဖြတ်နိုင်လောက်ပါပြီ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%b1%e1%80%bb%e1%80%81%e1%80%ac%e1%80%80%e1%80%b9%e1%80%90%e1%80%b2%e1%80%b7%e1%80%9e%e1%80%b0%e1%80%b1%e1%80%90%e1%80%bc-%e1%80%b1/
null
null
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/tuberculosis/miliary-tuberculosis-%e1%80%99%e1%80%ae%e1%80%9c%e1%80%ae%e1%80%9a%e1%80%ac%e1%80%9b%e1%80%ae%e1%80%90%e1%80%ae%e1%80%98%e1%80%ae/
သွေးတိုးအတွက် Detox Water တွေက ဘာတွေဖြစ်မလဲ.........
သွေးတိုးတယ်ဆိုတာက ပြောတော့သာ ဘာမှမဟုတ်တယ်နော်။ ခံစားရတာ မသက်သာသလို နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ကျန်းမာရေးပြဿနာတွေက တော်တော်လေး များပါတယ်။ ဒီတော့အစားလည်း ဆေး၊ ဆေးလည်း အစာဆိုတဲ့ စကားအတိုင်း သွေးတိုးတာကို သက်သာစေဖို့Detox waterလေး လုပ်သောက်ကြည့်ရအောင်လား………။သွေးတိုးတာကို ဖြစ်စေရခြင်း အကြောင်းအရင်းတွေထဲကတစ်ခုက ကာလရှည်ကြာ ရေဓာတ်နည်းပါးမှုကြောင့်ပါ။ခန္ဓာကိုယ်က ဆဲလ်တွေက ရေဓာတ်နည်းသွားတဲ့အခါ ဦးနှောက်က pituitary gland တွေကို သွေးကြောတွေကို ကျုံ့သွားစေနိုင်တဲ့ vasopressinဟော်မုန်းကို ထုတ်လွှတ်ဖို့ အချက်ပေးလိုက်ပါတယ်။ ဒီအခြေအနေကသွေးပေါင်ချိန်ကို မြင့်တက်စေပြီး သွေးတိုးတာကို ဖြစ်စေပါတယ်။ဒီပြဿနာကို အကောင်းဆုံး ဖြေရှင်းဖို့က ရေဓာတ်ပြည့်ဝနေစေဖို့ပါပဲ။ ရေဓာတ်ပြည့်ဝမှုက နှလုံးရဲ့ စွမ်းဆောင်မှုကို ကောင်းစေနိုင်ပြီး သွေးပေါင်ချိန် ပုံမျန်ဖြစ်စေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ရေသောက်ပေးတာက သွေးတိုးကိုတင်သက်သာစေတာ မဟုတ်ဘဲ စိတ်ရော ကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။သွေးတိုးစေရတဲ့အချက်က တစ်ခုမက ရှိပါတယ်။အသက်အရွယ်– သွေးတိုးရောဂါကို ခံစားရနိုင်ခြေ အမြင့်ဆုံး အသက်အပိုင်းအခြားက အသက် ၄၀ နှောင်းပိုင်းပါ။ အသက်ကြီးလေလေ သွေးတိုးရောဂါ ခံစားရနိုင်ခြေက များလာလေလေပါ။မျိုးရိုးရှိတာ– မိဘမျိုးရိုးမှာ သွေးတိုးရောဂါ ခံစားရဖူးတာမျိုးရှိမယ်ဆိုရင်လည်း သွေးတိုးဖြစ်နိုင်ခြေက ပုံမှန်ထက် ပိုများနေနိုင်ပါတယ်။စိတ်ဖိစီးမှုများလွန်းတာ– စိတ်ဖိစီးမှုကို အခါမလပ်မွေးထားတယ်၊ မဖြစ်မနေကြုံတွေ့နေရမယ်ဆိုရင်လည်း ကိုယ်တွင်းမှာ စိတ်ဖိစီးမှုကို ဖြစ်တဲ့ ဟော်မုန်းတွေ ထုတ်လွှတ်မှုကြောင့် အချိန်ကြာလာတဲ့အခါ သွေးတိုးရောဂါကို ခံစားရနိုင်ပါတယ်။ကျန်းမာရေးနဲ့ မညီညွတ်တဲ့စားသောက်မှုပုံစံ– အမြန်စား အစားအစာတွေ။ အသင့်စား အစားအစာတွေကို အမြဲလိုလို စားသောက်တတ်တာကလည်း ကိုယ်တွင်းမျာ ကျန်းမာရေးနဲ့ မညီတဲ့ အဆီတွေကို များစေပြီး သွေးတိုးရောဂါ ခံစားရနိုင်ပါတယ်။ကျန်းမာရေး အခြေအနေ–ကျောက်ကပ်ရောဂါရှိနေတာ၊ဆီးချိုရောဂါ ရှိနေတာ နဲ့ နှလုံးရောဂါ လိုမျိုး ရောဂါအခံတွေ ရှိနေတာကလည်း သွေးတိုးခံစားရနိုင်ခြေကို မြင့်တက်စေနိုင်တဲ့ အချက်တွေထဲက တစ်ခုပါ။ကမ္ဘာမြေကြီးက ဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေကို အမျိုးအစား စုံစုံလင်လင် ရွေးချယ်ခွင့်ပေးထားတယ်။ အရောင်အသွေး စုံလင်သလို ပါဝင်တဲ့ အာဟာရတွေကလည်း များစွာပါဝင် နေပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ရောပေါ့။ ဒါတွေက ဘာလုပ်ပေးလဲဆိုတော့ အာဟာရဖြည့်ပေးတယ်။ ကိုယ်တွင်းကအဆိပ်အတောက်တွေဖယ်ရှားပေးတယ်။ ရောင်ရမ်းမှုကို သက်သာစေနိုင်တယ် စသဖြင့် ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ပါဝင်ပါတယ်။စတော်ဘယ်ရီ နဲ့ကီဝီDetox water။အရောင်အသွေး လှသလို အရသာလည်းရှိပါတယ်။ စတော်ဘယ်ရီသီး အရွယ်တော် ၇ လုံးလောက်ကို ခပ်ပါးပါးလေး လှီးပါ။ ကီဝီသီးကို အရါယ်တော်လှိးထားတဲ့ အဝိုင်း ၃ ဝိုင်းလောက်ကို ရေတစ်လီတာထဲ ထည့်စိမ်လိုက်ပါ။သခွားသီးနည်းနည်းလောက် လှီးထည့်ဖို့လည်း မမေ့ပါနဲ့။ ပြီးရင် ရေခဲသေတ္တာထဲမှာ ၄ နာရီကြာ စိမ်ထားပါ။ ပြီးရင် သောက်လို့ရပါပြီ။ ရေဓာတ်ပြည့်ဝစေပြီး သွေးတိုးကျစေမှာလည်း အသေအချာပါ။မုန်လာဥနီDetox water။မုန်လာဥနီမှာ သွေးပေါင်ကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ မုန်လာဥနီ အရွယ်တော် တစ်လုံးကို အခွံစင်အောင် နွှာလို့ မထူမပါးလေးလှီးပါ။ ပြီးရင် သခွားသီး နည်းနည်း၊ သုံပုရာသီး ၃- ၄ ကွင်းလောက် လှီးထည့်ပြီး ရေ တစ်လီတာ ရောပါ။ ပြီးရင် ရေခဲသေတ္တာထဲကို ၄ နာရီလောက် ထည့်ထားပေးပါ။ ပြီးရင် သောက်လို့ရ ပါပြီ။သခွားသီးDetox water။သခွားသီးအရွယ်တော် တစ်လုံးကို ခပ်ပါးပါးလေးတွေလှီးလို့သံပုရာသီး၃-၄ ကွင်း၊ပူစီနံရွက်အနည်းငယ်တို့ကို ရေတစ်လီတာနဲ့ ရောစပ်လို့ ရေခဲသေတ္တာထဲမှာ ၄ နာရီကြာ စိမ်ထားပြီး သောက်ပေးပါ။ အရောင်အသွေးသိပ်မလှပေမယ့် သွေးတိုးကိုတော့ အကောင်းဆုံး ထိန်းညှိပေးနိုင်မှာပါ။ဘလူးဘယ်ရီDetox water။ဘလူးဘယ်ရီသီး ၁၀ လုံး၊ အလုံး ၂၀ ခန့်၊ရှောက်ချိုသီး၅ ကွင်း နဲ့ပင်စိမ်းရွက်အနည်းငယ်တို့ကို ရေတစ်လီတာစာနဲ့ ရောစပ်ပါ။ ပြီးရင် ရေခဲသေတ္တာထဲမှာ ၄ နာရီကြာ စိမ်ထားပြီး သောက်လို့ရပါပြီ။မာလကာသီးDetox water။မာလကာသီး အရွယ်တော် တစ်လုံးကို အရွယ်တော် အတုံးလေးတွေ တုံးပါ။ ပြီးရင် ပူစီနံရွက် နည်းနည်းနဲ့ ရေတစ်လီတာစာထဲကို ထည့်စိမ်ပါ။ ပြီးရင် ရေခဲသေတ္တာထဲမှာ ၄ နာရီကြာ ထားပြီး သောက်လို့ရပါပြီ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/detox-drinks-to-lower-blood-pressure/
ပုံရိပ်ဖော် ရောဂါရှာဖွေခြင်း MRI ဆိုတာ ဘာလဲ။
အာထရာဆောင်း၊ X Ray၊CTscan ဆိုပြီး အဆင့်မြင့်ရောဂါရှာဖွေရေး နည်းပညာတွေ အားလုံး ကြားဖူးကြမှာပါ။ သူတို့ထဲမှာ ခုပြောမယ့် MRI ကတော့ နောက်ထပ် အဆင့်မြင့်လာတဲ့ ပုံရိပ်ဖော် ရောဂါရှာဖွေခြင်း တစ်ခုပေါ့။ တစ်ချို့ သိပြီးသားဖြစ်တဲ့သူတွေရှိသလိုMRIဆိုတာ ဘာလဲဆိုတာ မသိသေးတဲ့သူတွေအတွက် ဒီဆောင်းပါးလေးက ရည်ရွယ်ပါတယ်။MRI ရဲ့ အရှည်ကောက်ကMagnetic resonance imagingဖြစ်ပြီး သံလိုက်စက်ကွင်း ရေဒီယိုလှိုင်းတွေနဲ့ ကွန်ပျူတာနည်းပညာတို့ကိုသုံးပြီး ကိုယ်တွင်းမှာရှိတဲ့ကလီစာတွေကို အသေးစိတ်ပုံဖော်ပေးတဲ့ နည်းပညာဖြစ်ပါတယ်။ CT scan နဲ့ မတူတာက MRI မှာ ဓါတ်ရောင်ခြည် X-rays တွေလုံးဝသုံးထားခြင်းမရှိတာပါပဲ။MRI က ရောဂါဟုတ်မဟုတ် အဖြေရှာမှာ ကူညီပေးတဲ့အပြင် ဆေးကုသမှုခံယူထားလို့ရှိရင်လည်း ဆေးကုသမှု ဘယ်လောက်အောင်မြင်လဲဆိုတာပါ ကူညီပြီး အဖြေရှာပေးဦးမှာပါ။ ကိုယ်တွင်းမှာရှိတဲ့ soft tissue ( တစ်ရှူးဆဲလ်) တွေနနဲ့ အာရုံကြောစနစ်ကြီးကို ပုံဖော်ဖို့ဆို MRI က အသ့င့်တော်ဆုံး ဖြစ်ပါတယ်။ဦးနှောက်နဲ့ ပင်မကျောရိုးကြီးကို MRI ရိုက်တဲ့အခါ မြင်တွေ့နိုင်တာတွေက။နှလုံးနဲ့ သွေးကြောတွေကို MRI ရိုက်တဲ့အခါ။နောက်ပြီး အခြား ကိုယ်တွင်းကျန်းမာရေးအခြေအနေတွေဖြစ်တဲ့။MRI နဲ့ စစ်ဆေးမှု မခံယူခင် ဆရာဝန်ကို ကြိုပြောပြထားသင့်တာတွေက။နောက်ပြီး MRI က သံလိုက်စက်ကွင်းနဲ့ ပုံရိပ်ဖော်တာဖြစ်တဲ့အတွက်ကြောင့် သံလိုက်စက်ကွင်းကို နှောင့်ယှက်နိုင်မယ့် သတ္တုတွေ ( လက်ဝတ်ရတနာ၊ လက်ပတ်နာရီ၊ ခါးပတ်) စတာတွေကို လုံးဝဝတ်ဆင်လို့ မရတဲ့အပြင် ဆဲလ်ဖုန်းကိုလည်း အခန်းထဲ ယူသွားလို့မရပါဘူး။ တစ်ချို့ Tattoo ဆေးမှင်ရည်တွေမှာ သတ္တုဓါတ်တွေပါနိုင်တာကြောင့် ကိုယ်ပေါ်မှာ တက်တူးထိုးထားရင်လည်း ဆရာဝန်ကို ကြိုပြောပါ။ကိုယ်တွင်းမှာ စတီးချောင်းထည့်ထားတာ၊နှလုံးအဆို့ရှင်ထည့်ထားတာ၊ သွားမှာ ရွေတပ်ထားတာ၊ နှလုံးခုန်စက်Pacemaker ထည့်ထားတာ၊ အရိုးကို screw စုပ်ထားတာတွေက MRI ရဲ့ သံလိုက်စက်ကွင်းကို နှောင့်ယှက်နိုင်တဲ့ အရာတွေပါ။ ဒါ့ကြောင့် ကိုယ့်မှာ ဒါတွေရှိခဲ့ရင် ဆရာဝန်ကို ကြိုပြောပြပါ။MRI တစ်ခါ ရိုက်ရင် အနည်းဆုံးမိနစ် ၂၀ ကနေ အများဆုံး မိနစ် ၉၀ အထိကြာတတ်ပါတယ်။လူနာအနေနဲ့ ကိုယ်ပေါ်မှာ ရှိသမျှ လက်ဝတ်လက်စားတွေ နဲ့ အခြား သတ္တုပါတဲ့ အရာအားလုံးကိုချွတ်ပြီးပေါ့ပါးတဲ့ အဝတ်ကို ဝတ်သွားရမှာ ဖြစ်ပါတယ်။ စစ်ဆေးရမယ့်အချိန်ရောက်ရင်တော့ ဆေးရုံကပေးတဲ့ ဝတ်ရုံကြီးကို ဝတ်ပြီး အခန်းထဲ ဝင်သွားရမှာပါ။အခန်းထဲရောက်ရင် ကိုယ့်ပုံရိပ်ဖော်ချင်တဲ့နေရာပေါ်မူတည်ပြီး gadolinium လို့ခေါ်တဲ့ဆိုးဆေးတစ်မျိုးကို လက်မောင်းက သွေးပြန်ကြောထဲ ထိုးသွင်းပါလိမ့်မယ်။ အဲဒီ ဆေးထိုးလိုက်တဲအခါ ပါးစပ်ထဲ ဖန်သွတ်သွတ်အရသာ ခံစားရတတ်ပါတယ်။လူနာအနေနဲ့ နောက်ပိုင်းကျရင် MRI စက်ထဲ ရွေ့သွားမယ့် ခုံတစ်ခုပေါ် လှဲနေရမှာ ဖြစ်ပြီး ကိုယ်ခန္ဓါ ရွေ့မသွားအောင် ကြိုးတွေနဲ့ ပတ်ထားပါလိမ့်မယ်။ ကိုယ်အနေအထား နည်းနည်းလေးစောင်းသွားတာနဲ့ ပုံရိပ်ဖော်တဲ့နေရာမှာ လွဲမှားသွားနိုင်တာကြောင့်ပါ။ စက်ကြီးထဲ တစ်ကိုယ်လုံးဝင်ရသလို တစ်ဝက်လောက်ပဲ ဝင်ရတဲ့ အခြေအနေတွေလည်း ရှိပါတယ်။ စက်ကြီးထဲ ရောက်တဲ့အခါမှာ သံလိုက်စက်ကွင်းတွေ ကိုယ်ခန္ဓါအနှံပြန့်သွားပြီး ကွန်ပျူတာဆီကို အချက်ပြစနစ်တွေ ပို့ပေးပါတယ်။ ပို့လိုက်တဲ့ အ ချက်ပြစနစ်ပေါ် မူတည်ပြီး ကွန်ပျူတာက ပြန် ပုံရိပ်ဖော်တာဖြစ်ပါတယ်။စစ်ဆေးမှု လုပ်နေစဉ်အချိန်မှာ ဆူညံတဲ့ အသံတွေ ကြားရတတ်တာကြောင့် မဝင်ခင် နားထဲထည့်မယ့် ဂွမ်းတွေ တောင်းသွားလို့ရပါတယ်။ MRI သံလိုက်စက်ကွင်းတွေက အာရုံကြောတွေကို လှုံ့ဆော်တာကြောင့် စစ်ဆေးနေစဉ် ကိုယ်ပေါ်မှာ ကျင်သလိုလို၊ ထုံသလိုလို ။ ယားသလိုလို ခံစားမှုတွေ ဖြစ်တတ်ပါတယ်။ ဒါတွေက ပုံမှန်ဖြစ်တတ်တဲ့အရာတစ်ခုပါ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/what-is-mri/
ကိုဗစ်ကာလမှာ တားဆေးထိုး ဖို့ အခက်အခဲရှိတယ်ဆိုရင်
ကိုဗစ်ရဲ့ ရိုက်ခတ်မှုတွေကတော့ အံ့မခန်းပါပဲ။ စီးပွားရေးတွေ ရပ်နားလိုက်ရတယ်။ ကလေးတွေ ကျောင်းမသွားရတော့ဘူး။ တခြားနာတာရှည်ရောဂါရှင်တွေ ဆေးကုရတာ အခက်အခဲတွေ ဖြစ်လာတယ်။ ဒါတင်ပဲလားဆိုတော့ နောက်ဆုံးသားဆက်ခြားနည်းလမ်းသုံးတဲ့ အမျိုးသမီးတွေပါ ဒုက္ခရောက်ရတော့တာပါပဲ။သားအိမ်ထဲထည့်တဲ့ ပစ္စည်းသုံးတဲ့သူတွေ၊ လက်မောင်းအောက် ပစ္စည်းထည့်တဲ့သူတွေကတော့ နှစ်နဲ့ချီခံတာဆိုတော့ သိပ်စိတ်ပူစရာ မရှိပါဘူး။ ဒါတောင် တိုက်တိုက်ဆိုင်ဆိုင် ဒီနှစ်မှာ ထုတ်ပြီး အသစ်လဲရမယ်ဆိုရင် ဆရာဝန်လိုက်ရှာရဦးမှာပါ။တားဆေးကတ်သောက်တဲ့သူတွေကလည်း တစ်ကတ်ပြီး တစ်ကတ် ကိုယ့်ဟာကိုယ် ဝယ်သောက်လို့ရပါတယ်။ ဒါတောင် ဆေးဝယ်မရမှာစိုးရင် ပိုဝယ်ထားတာ စိတ်အေးရပါတယ်။ ဒါတင်ပဲလားဆိုတော့ကွန်ဒုံးတွေ၊အရေးပေါ်တားဆေးတွေပါ ပိုဝယ်ထားရမှာပါ။ ဘာကြောင့်လဲဆိုတော့ တားဆေး သောက်ဖို့ မေ့သွားရင် ဖြေရှင်းနိုင်ဖို့ရယ်၊ မတော်တဆ ဆေးကုန်သွားလို့ မသောက်ရရင် ကာကွယ်ထားနိုင်အောင်ပါ။ဒီလို စာအရှည်ကြီးတွေနဲ့ ရေးနေရတာက သားဆက်ခြားနည်းလမ်းကို ပျက်ကွက်ခဲ့ရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲတွေ အများကြီး ရှိလို့ပါပဲ။ အဓိကကတော့မလိုချင်ဘဲ ကိုယ်ဝန်ရလာမှာကို တားချင်တာပါ။ လက်မထပ်ခင် အတူနေတဲ့ စုံတွဲပဲ ဒီပြဿနာရှိတာမဟုတ်ပါဘူး။ အိမ်ထောင်သည်တွေမှာလည်း ရှိပါတယ်။ စားဝတ်နေရးအဆင်မပြေတဲ့အတွက် ကိုယ်ဝန်ရတိုင်း ယူဖို့ အဆင်မပြေပါဘူး။ ဒီလို ကိုဗစ်ကာလဆိုပိုဆိုးပါတယ်။ ဒါတွေရဲ့ အဆုံးသတ်ကတော့ကိုယ်ဝန်ဖျက်ချတာပါပဲ။မြန်မာနိုင်ငံမှာ မိခင်ရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အခြေအနေကလွဲပြီးတော့ ကိုယ်ဝန်ဖျက်ချတာမျိုး မလုပ်ပေးတဲ့အတွက် အပြင်မှာပဲ ဖျက်ချကြပါတယ်။ ဒီတော့ အခန့်မသင့်ရင် အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။ဒါကြောင့် ခုရှုပ်မှ နောင်ရှင်းဆိုသလို အစတည်းက သားဆက်ခြားနည်းလမ်းတွေကို စနစ်တကျ လုပ်ထားရမှာပါ။ဒီအချိန်မှာ သူတို့ကို အစိုးရိမ်ဆုံးပါပဲ။ ရက်ပြည့်ရင် ဆေးခန်းသွားပြီး ထိုးမှ ရမယ့်သူတွေ မို့လို့ပါ။ ၁လဆေး၊ ၃လဆေး ရှိပေမယ့် ၃လဆေးက အသုံးများပါတယ်။ ပုံမှန်ဆို ၃လတစ်ခါ (၁၂ပတ်)တိုင်းမှာ ဆေးသွားထိုးရပါတယ်။ အလွန်ဆုံးနောက်ကျလှ ၂ပတ် (၁၅ပတ်)ထိပဲ ရပါတယ်။ထိုးရမယ့် ရက်မတိုင်ခင် ဆေးခန်းမှာ ရက်ချိန်းယူပြီး သွားထိုးတာ အကောင်းဆုံးပါပဲ။ ဆေးခန်းမသွားခင် ဖုန်းဆက်ပြီး ဘိုကင်ကြိုယူပါ။ ဒါဆိုရင် လူများတာကို ရှောင်နိုင်ပါမယ်။ တခြားလုပ်နိုင်တာတွေကတော့။သောက်ဆေးပြောင်းမယ်ဆိုရင် ကောင်းတာက ဆရာဝန်နဲ့ တိုင်ပင်တာပါပဲ။ ဘာကြောင့်လဲဆိုတော့ တားဆေးတိုင်းက လူတိုင်းနဲ့ မသင့်တော်ပါဘူး။ ဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ် ပြောင်းတာထက်စာရင် ဆရာဝန်နဲ့ အရင်တိုင်ပင်တာက ပိုကောင်းပါတယ်။ဒီလူတွေကတော့ တားဆေးမသောက်တာ ပိုကောင်းပါတယ်။ဆရာဝန်ကို မေးတာက ဒီခေတ်မှာ မဖြစ်မနေဆေးခန်းသွားဖို့ မလိုပါဘူး။ Telemedicineတွေ ပေါ်နေပြီဖြစ်တာကြောင့် အွန်လိုင်းကနေပဲ တိုင်ပင်လို့ ရနေပါပြီ။ပြောင်းနည်းကို အောက်မှာ အကြမ်းရှင်းပြပေးပါ့မယ်။ အသေးစိတ်ကို ဆရာဝန်နဲ့ တိုင်ပင်ပါ။ထိုးဆေးကနေ တားဆေးပြောင်းရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ လတ်တလောမှာ ဆေးခန်းသွားဖို့ မလွယ်တဲ့သူတွေအတွက် မလိုချင်တဲ့ ကိုယ်ဝန်ကို လတ်တလောမှာ အလွယ်တားထားစေချင်တာပါ။ တားဆေးသောက်ရင် အဆင်ပြေရင် ဆက်သောက်ပါ။ အဆင်မပြေရင်လည်း ဆရာဝန်ကို ပြန်ပြောပြီး ပြန်ထိုးလို့ရပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/how-to-switch-depo-to-pills/
ဆားလျှော့စားရင်းရမယ့် ကျန်းမာရေး
တစ်ခုခုစားတဲ့အခါအငန်ကဲတာက အတော်လေး အရသာရှိပါတယ်။ ပိုပြီးလည်း ခံတွင်းတွေ့ပါတယ်။ အငန်ကဲတဲ့ အစားအစာတွေက စားလို့ကောင်းတာ မှန်ပေမယ့် ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။ အငန်စားတာက သွေးတိုးစေရုံတင် မဟုတ်ဘဲ အခြားသော ကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာစေဖို့ဆိုရင် ဆားလျှော့စားဖို့ သတိပေးချင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ဆိုဒီယမ်က ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်စေဖို့ အတော်လေး အရေးပါတာပါ။ ဒါပေမယ့် အရမ်းများလွန်းတာကတော့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အထူးသဖြင့်တော့နှလုံးကျန်းမာရေးကိုပါ။ ဒါကြောင့် နှလုံးကျန်းမာစေဖို့ရော ခန္ဓာကိုယ်ကျန်းမာစေဖို့ရော အငန်ကဲတာတွေကို ‌ရှောင်ပါ။ဆိုဒီယမ်က အရေးပါတဲ့ သတ္တုဓာတ်ပါ။ အရမ်းများမယ်ဆိုရင်တော့ လေပွတာ၊ ကြွက်တက်တာ၊ရေဓာတ်ခမ်းခြောက်တာတွေကို  ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာစေဖို့ဆိုရင် ဆိုဒီယမ် (အငန်ဓာတ်)ကို အသင့်အတင့်ပဲ စားသင့်ပါတယ်။ဆိုဒီယမ် အလွန်အကျွံမပါတဲ့ အစားအစာတွေက ကျန်းမာစေသလို စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ဆားလျှော့စားရင်းရမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။ကိုယ်တွင်းက pH ပမာဏကို ထိန်းညှိဖို့ကြွက်သားတွေကောင်းမွန်စွာ လုပ်ဆောင်နိုင်စေဖို့အတွက် ဓာတ်ဆားပမာဏကို ထိန်းညှိနိုင်ဖို့ လိုပါမယ်။ ဆိုဒီယမ်က ဒီဓာတ်ဆားဓာတ်ရဲ့ အရေးပါတဲ့ အရာတစ်မျိုးပါ။ကြွက်တက်တာမျိုး မဖြစ်စေဖို့အတွက်လည်း ဆိုဒီယမ်ကို လုံလောက်တဲ့ ပမာဏ ရရှိစေဖို့ လိုအပ်ပါမယ်။ဆားတွေကို အလွန်အကျွံ စားတာက ရေဓာတ်ခမ်းခြောက်ပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေကို ကမောက်ကမဖြစ်စေပါတယ်။ဆိုဒီယမ် အထိုက်အသင့်ပါတဲ့ အစားအစာတွေက ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။ ဆိုဒီယမ်များလွန်းတဲ့ အစားအစာတွေကို စားသုံးတာကတေ့ သွေးကြောတွေကို ထူစေပြီး နှလုံးဆီကို သွေးရောက်ရှိမှု နည်းစေတာကြောင့် နှလုံးခုန်နှုန်း တိုးစေပါတယ်။ သွေးရောက်ရှိမှု နည်းတာ‌ကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေမှာ စွမ်းအင်နည်းပြီး အားမရှိသလို ခံစားရတတ်ပါတယ်။ဆားလျှော့စားတာသွေးကြောတွေကို ကျန်းမာစေပြီး နှလုံးကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာလုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပြီး တစ်နေကုန် အင်အားပြည့်ဝနေစေဖို့ ထောက်ကူပေးပါတယ်။လေဖြတ်ရတဲ့ အကြောင်းအရင်းက ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှု နည်းတာကြောင့်ပါ။ ဆိုဒီယမ်က ခန္ဓာကိုယ်ရဲ့ သွေးစီးဆင်းရောက်ရှိမှုကို ထိန်းညှိပေးပါတယ်။ ဆိုဒီယမ် များလွန်းရင် ဖြစ်ဖြစ်၊ နည်းလွန်းရင်ဖြစ်ဖြစ် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။အငန်ပါဝင်မှု နည်းတဲ့ အစားအစာတွေက သွေးတိုးနိုင်ခြေကို သိသိသာသာ လျှော့ချပေးပြီး သွေးတိုးတာကြောင့် သွေးကြောလေးတွေ မပျက်စီးအောင် ကာကွယ်ပေးပါတယ်။ သွေးတိုးတဲ့အခါ သွေးကြောလေးတွေ ပျက်စီးပြီးအမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အမြင်အာရုံကို ကာကွယ်ချင်တယ်ဆိုရင်တော့ ဆိုဒီယမ်ပါဝင်မှု များနေတဲ့ အငန်ကဲတဲ့ အစားအစာတွေကို တတ်နိုင်သမျှ လျှော့စားပေးပါ။ကျန်းမာတဲ့ လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ဆား ၄ ဂရမ် ကနေ ၅ ဂရမ်လောက်ပဲ စားသင့်ပါတယ်။ ဒီလို စားသုံးတဲ့အခါ ဆားတင်မဟုတ်ဘဲ ဆိုဒီယမ်ဓာတ် ပါဝင်နေတဲ့ ဥအမျိုးမျိုး၊ ပင်လယ်စာ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက် အားလုံးမှာပါတဲ့ ဆိုဒီယမ် ပမာဏကိုပါ ထည့်တွက်ဖို့ လိုပါမယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/benefits-of-eating-a-low-sodium-diet/
null
null
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/causes-of-smelly-belly-button/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%80%e1%80%bb%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac%e1%80%98%e1%80%ac/
ကွန်ပျူတာနဲ့ဖုန်းမျက်နှာပြင်တွေကနေထွက်လာတဲ့ အလင်းရောင်တွေက အရေပြားကိုထိခိုက်စေနိုင်သလား
ကွန်ပျူတာနဲ့ဖုန်းမျက်နှာပြင်တွေကနေထွက်လာတဲ့ အလင်းရောင်တွေက အရေပြားကိုထိခိုက်စေနိုင်သလား ဆိုတာကို အဖြေထုတ် ကြည့်လိုက်ရအောင်နော်။တိုးတက်လာတဲ့ခေတ်စနစ်အရ အလုပ်ခွင်တိုင်းမှာကွန်ပျူတာအသုံးပြုရတာတွေများလာသလို ဖုန်းမကိုင်တဲ့သူရယ်လို့လည်း သိပ်တောင်မရှိကြတော့ပါဘူး။တစ်နေ့တာရဲ့ အချိန်တော်တော်များများကိုလည်း ကွန်ပျူတာရှေ့မှာကုန်ဆုံးလာကြပါတယ်။ ကွန်ပျူတာတွေ၊ဖုန်းတွေသုံးတာများလာရင် မျက်လုံးကို ထိခိုက်လာနိုင်တယ်ဆိုတာကိုတော့ သိထားပြီးဖြစ်မှာပါ။ ဒီနေရာမှာပြောချင်တာက ကွန်ပျူတာ၊ ဖုန်းနဲ့ တီဗွီဖန်သားပြင်တွေက ထွက်လာတဲ့ အလင်းရောင်တွေကမျက်လုံးကိုပဲထိခိုက်စေနိုင်တာမဟုတ်ပါဘူး။ အသားအရေကိုပါထိခိုက်စေနိုင်သေးတယ် ဆိုတာပါ။အသားအရေကို ခရမ်းလွန်ရောင်ခြည်နဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေ ထိတွေ့မှုကြောင့်ပဲ ထိခိုက်ပျက်စီးနိုင်တာမဟုတ်ပါဘူး။ ကိုယ်တိုင်တောင်ထင်မထားတဲ့ အချို့အရာတွေကြောင့်လည်း အသားအရေထိခိုက်တာတွေဖြစ်နိုင်ပါတယ်။ ဘာတွေများဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။” Computer face” ဆိုတာ။ကွန်ပျူတာ မျက်နှာပြင်က ထွက်လာတဲ့ အလင်းရောင်တွေကြောင့် အရွယ်မတိုင်ခင် အသားအရေအိုမင်းရင့်ရော်တာကိုဆိုလိုတာပါ။ Destok ကွန်ပျူတာ မျက်နှာပြင်တွေက မျက်နှာမှာ အရေးအကြောင်းတွေ၊ အသားအရေတွန့်တာနဲ့ အရေပြားထိခိုက်ပျက်စီးတာတွေကိုဖြစ်စေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေကို ထုတ်လွှတ်ပါတယ်။ ကံကောင်းတာတစ်ခုက အခုနောက်ပိုင်းထွက်ရှိလာတဲ့ LCD နဲ့ LED မျက်နှာပြင်တွေကတော့ အရေပြားကို မထိခိုက်စေပါဘူး။အလင်းပြန်တာကြောင့် အသားအရေပျက်စီးတာပါ။လက်တော့ပ်၊ tablet နဲ့ ဖုန်း မျက်နှာပြင်တွေက သူတို့ဘာသာတော့ ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်နိုင်ခြေနည်းပါတယ်။ သူတို့ရဲ့ မျက်နှာပြင်ပေါ်ကိုနေရောင်ထိတွေ့တဲ့အခါပြန်ထွက်လာတဲ့အလင်းရောင်က အရေပြားကိုထိခိုက်စေတာပါ။ ဒီပြန်ထွက်လာတဲ့ အလင်းရောင်က အရေပြားကင်ဆာ ခံစားရနိုင်ခြေကိုတိုးစေနိုင်သလို အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာနဲ့ အခြားအရေပြားပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ဖြစ်နိုင်ရင်တော့ နေရောင်ထဲမှာ ဖုန်းတွေ iPad မသုံးကြဖို့ပြောပါရစေ။ ဒီပစ္စည်းတွေရဲ့ မျက်နှာပြင်ကနေတဆင့်ပြန်လာတဲ့နေရောင်က အသားအရေကို အတွင်းပိုင်းအထိထိခိုက်စေနိုင်တာကြောင့်ပါ။ဒါ့ပြင် လက်တော့ပ်၊ ဖုန်းနဲ့ အခြားလျှပ်စစ်ပစ္စည်းတွေကနေထွက်လာတဲ့ high energy visible (HEV) က အရေပြားကို ထိခိုက်စေနိုင်သလို အသားအရေကိုလည်း အိုမင်းရင့်ရော်စေနိုင်ပါတယ်။တော်တော်များများကတော့ ဒီရောင်ခြည်ကို blue light လို့သိထားကြပါတယ်။တီဗွီတွေ၊ဖုန်းတွေနဲ့ ကွန်ပျူတာတွေက နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့ အရာတွေလိုတောင် ဖြစ်လာနေတဲ့အခါမှာတော့ မထိတွေ့ချင်ရင်တောင်မှာ ဒီရောင်ခြည်တွေကို တစ်နေကုန်နီးပါးလောက်ထိတွေ့နေရတာပါ။ အလုပ်ကြောင့်ပဲဖြစ်ဖြစ် ကိုယ်တိုင်လိုအပ်လို့ပဲဖြစ်ဖြစ်ပေါ့။HEVကြောင့်ဖြစ်တဲ့ အရေပြားထိခိုက်တဲ့ပြဿနာတွေကနေကင်းဝေးချင်ရင်။HEVကြောင့် အသားအရေ ထိခိုက်တာကနေ မကာကွယ်နိုင်တာတော့ မဟုတ်ပါဘူး။ ကာကွယ်လို့ရပါတယ်။ ဒီလိုကာကွယ်ဖို့ အရင်ဆုံးလုပ်ရမှာက –။နေ့စဉ် လုပ်ဆောင်နေရတဲ့အလုပ်တွေကြောင့်ကိုယ့်ရဲ့ လှပပျိုမျစ်မှုတွေ မဆုံးရှုံးကြစေဖို့အတွက် အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ပြီး အခုပြောပြခဲ့တဲ့ နည်းလေးတွေ အတိုင်း လိုက်လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/is-your-phone-screen-really-ageing-your-skin/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/what-foods-help-thin-mucus/
ငိုကြွေးသံကိုသာယာတဲ့ လွဲမှားသောလိင်စိတ် (Dacryphilia)
ငိုကြွေးသံကိုသာယာတဲ့ လွဲမှားသောလိင်စိတ် (Dacryphilia) ဆိုတာ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ထံမှ မျက်ရည်၊ ငိုသံ ကြားတဲ့အခါလိင်စိတ်ထကြွပြီး လိင်ဆက်ဆံလိုစိတ် ပြင်းထန်လာခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ များသောအားဖြင့် တခြားသူတွေ ငိုနေတဲ့အခါမှာ လိင်စိတ်ဖြစ်ပေါ်တတ်ပြီး တချို့သူတွေမှာလည်း ကိုယ်တိုင်ငိုနေတဲ့အချိန်မှာ ရုတ်တရက် လိင်စိတ်ထကြွမှု အခြေအနေမျိုး ဖြစ်လာတတ်ပါတယ်။ပုံမှန်မဟုတ်တဲ့လိင်စိတ်စွဲလမ်းမှု(Fetish) အမျိုးအစားတွေထဲမှာ ပါဝင်ပြီး တခြားသော Fetish တွေလို ခန္ဓာကိုယ် အစိတ်အပိုင်း၊ ရုပ်ဝတ္ထုပစ္စည်းတွေကို မဟုတ်ဘဲ လိင်နဲ့ မသက်ဆိုင်တဲ့ စိတ်ခံစားမှုအပေါ် လိင်စိတ်ဖြစ်ပေါ်လာတဲ့ စွဲလမ်းမှုလက္ခဏာ တစ်မျိုးပဲ ဖြစ်ပါတယ်။ရက်စက်မှုကို သာယာခြင်း (Sadism) စွဲလမ်းမှုစိတ်ရှိတဲ့သူတွေမှာ အများဆုံးတွေ့ရပါတယ်။ မိမိကိုယ်ကိုယ် သခင်အဖြစ်ခံယူပြီး ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကို ညှင်းပန်းနှိပ်စက်ရတာကို သဘောကျတတ်တယ်။ မိမိကြောင့် တခြားသူ ငိုနေတဲ့အခါ၊ ငိုသံကို ကြားရတဲ့အခါ၊ မျက်ရည်တွေကို မြင်တွေ့၊ ထိမိတဲ့အခါ လိင်စိတ်ထကြွလာတတ်ပါတယ်။မိမိကိုယ်ကိုယ် နာကျင်အောင် လုပ်ပြီး အဲ့ဒီနာကျင်မှုကိုပဲ သာယာတတ်တဲ့သူတွေမှာလည်း ဒီအမူအကျင့်ကို တွေ့ရပါတယ်။ မျက်ရည်ကျနေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးပြီး လိင်စိတ်ဖြစ်ပေါ်လာတယ်။ လိင်ဆက်ဆံရာမှာလည်း ပိုပြီး စိတ်ခံစားမှုကောင်းစေတယ်လို့ ခံယူထားကြပါတယ်။ ပြုသူတွေသာမက အပြုကျင့်ခံသူတွေမှာပါ တွေ့ရတတ်တဲ့ ပုံမှန်မဟုတ်လိင်စိတ်စွဲလမ်းခြင်းဖြစ်ပါတယ်။ကိုယ်နဲ့ မသိတဲ့ သူစိမ်းတစ်ယောက်ရဲ့ မျက်ရည်အပေါ် စိတ်ခံစားချက်၊ လိင်စိတ်ဆန္ဒ မဖြစ်ပေါ်လာဘဲ ကိုယ်က စိတ်ခံစားချက်ဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ သဘောကျနှစ်သက်သူက ငိုနေတာ သို့မဟုတ် ငိုအောင်လုပ်တဲ့အခါ ပြင်းပြင်းထန်ထန် လိင်စိတ်ခံစားမှု ဖြစ်လာတတ်ပြီး ဆန္ဒပြီးမြောက်မှု အထွတ်အထိပ်ကို ရောက်ဖို့ ပိုမိုလွယ်ကူတတ်တာမျိုးလည်း ရှိပါတယ်။လိင်ဆက်ဆံနေစဉ် နှိပ်စက်ရတာကို ကြိုက်နှစ်သက်တဲ့ အမျိုးသားတွေရော၊ အသားနာမှ သာယာတတ်တဲ့ အမျိုးသမီးတွေမှာပါ ဒီလို ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းမှုမျိုးတွေ ရှိတတ်ပါတယ်။ ဝမ်းနည်းမှု၊ ပူလောင်မှု၊ စိတ်ရှုပ်ထွေးမှု၊ စိတ်ဖိစီးမှု၊ ဒေါသ အစရှိတဲ့ စိတ်ခံစားချက်တွေအပေါ်မှာလည်း လိင်စိတ်ဆန္ဒဖြစ်ပေါ်လာပြီး နောက်ဆက်တွဲ မျက်ရည်ကျလာတဲ့အချိန်မှာ လိင်စိတ်ထကြွသောင်းကျန်းကာ ကြမ်းတမ်းစွာ လိင်ဆက်ဆံတဲ့ အမူအကျင့်တွေ တွေ့ရပါတယ်။ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းမှုတွေနဲ့ ပတ်သက်ပြီး လူတွေမှာ စိုးရိမ်စိတ်တွေ၊ ရှက်ရွံ့စိတ်တွေ ဖြစ်တတ်တာ သဘာဝပါပဲ။ အကောင်းဆုံးကတော့ ကိုယ့်မှာရှိတဲ့ လိင်စိတ်စွဲလမ်းမှုတွေကို ကိုယ့်ရဲ့ ချစ်သူ၊ အိမ်ထောင်ဖက်၊ လိင်ဆက်ဆံဖော်တွေကို သေချာပြောပြပြီး ညှိနှိုင်းမှု ယူကြည့်တာပါပဲ။အကယ်၍ ဒီလိင်စိတ်စွဲလမ်းမှုကြောင့် ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ လူမှုရေးမှာ ပြဿနာတွေ ဖြစ်လာမယ်။ ကိုယ့်ရဲ့ လိင်စိတ်ကို ထိန်းချုပ်မရတော့တဲ့အထိ ဆိုးရွားလာမယ်ဆိုရင်တော့ လိင်မှုကိစ္စဆိုင်ရာ အကြံပေးသူ သို့မဟုတ်စိတ်ရောဂါကုထုံးပညာရှင်နဲ့ တိုင်ပင်ပြီး ကိုယ့်ရဲ့ လိင်စိတ်ကို ထိန်းချုပ်ကြည့်သင့်ပါတယ်။ ဒီလို ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းမှုတွေဟာ ကိုယ့်ရဲ့ နေ့စဉ်ဘဝကို တစ်နည်းနည်းနဲ့ ဒုက္ခမပေးဘူးဆိုရင်၊ သူများကို မထိခိုက်ရင်  စောင့်ကြည့်နိုင်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/dacryphilia-explained/
null
null
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/buying-used/
null
null
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/appendix-is-a-useless-organ/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%99%e1%80%ad%e1%80%9e%e1%80%ac%e1%80%b8%e1%80%85%e1%80%af%e1%80%96%e1%80%ad%e1%80%85%e1%80%ae%e1%80%b8%e1%80%99%e1%80%bd%e1%80%b3%e1%80%92%e1%80%8f%e1%80%b9%e1%80%80%e1%80%ad%e1%80%af-%e1%80%98/
Covid စတေးဟုမ်းကာလအတွင်း သားဆက်ခြားနည်းပြဿနာမတက်စေဖို့ ဘယ်လိုဂရုစိုက်ရမလဲ
Covid -19ရောဂါအန္တရာယ် ကာကွယ်နိုင်ဖို့ အိမ်မှာပဲနေရတဲ့Stay Homeနေကြရတဲ့အချိန်အတွင်း အိမ်ရှင်မတွေ ကြုံတွေ့ရတဲ့အခက်အခဲတစ်ခုကသားဆက်ခြားခြင်း(သန္ဓေတားခြင်း)ပါပဲ။ ခုနေချိန် အပြင်လည်းမထွက်ချင်၊ ဆေးခန်းတချို့လည်း ပိတ်ကုန်ကြသလို သောက်နေကျဆေးတွေ ဝယ်မရတာတွေ ကြုံရတာပေါ့။ကိုယ့်မိသားစုကျန်းမာရေးအတွက် အိမ်မှာပဲနေမယ်၊ စျေးဝယ်နဲ့ ဆေးခန်းပြဖို့ သွားလာလို့ရတယ်၊ အလုပ်သွားလို့ရတယ်ဆိုပေမယ့် အကန့်အသတ်တွေရှိနေတဲ့အချိန်ပါ။ ဒီအချိန်မှာ သားဆက်ခြားဖို့နဲ့ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ကြရတယ် မဟုတ်လား။ အထူးသဖြင့်သန္ဓေတားထိုးဆေးပုံမှန်ထိုးနေကျ အိမ်ရှင်မတွေပါ။မိသားစု စီမံကိန်းကမောက်ကမဖြစ်သွားနိုင်သလို ဝင်ငွေ အစ၊ ကျန်းမာရေးစောင့်ရှောက်မှု အဆုံး ကိုယ်တွေ အဆင်သင့်မဖြစ်သေးချိန်မှာ ကလေးတစ်ယောက်ကို ဆွဲသွင်းလိုက်ရနိုင်ပါတယ်။ဘယ်တော့ပြီးဆုံးမယ် မသိတဲ့ Covid ဖြစ်ပွားမှုကာလမှာ မွေးဖွားလာမယ့် ကလေးနဲ့ မိခင်အတွက် ဝိုင်းဝန်းစောင့်ရှောက်ပေးဖို့လည်း ဆွေမျိုး၊ မိတ်ဆွေတွေ လာလို့မရတဲ့ အချိန်ပါ။ ဒါ့ကြောင့် Covid အတွက် အာရုံစိုက်နေချိန်မှာ သန္ဓေတားဖို့ အတွက်လည်း သတိမလပ် မပေါ့ဆစေချင်ပါဘူး။ကိုယ်ကတားဆေးကတ်သောက်နေသူဖြစ်ရင် –။ထိုးဆေးပုံမှန်ထိုးသူ ဖြစ်ရင် –။သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း (IUD)၊လက်မောင်းထဲထည့်ပစ္စည်း(Implant)တို့လို သားဆက်ခြားနည်းတွေ ကတော့ သူ့သက်တမ်း အလိုက် အာနိသင်ရှိနေမှာမို့လို့ ပူစရာ သိပ်မရှိပါဘူး။ မကြာခဏ ဂရုစိုက်နေဖို့ မလိုဘဲ မေ့မေ့ပျောက်ပျောက်ကို နေထိုင်လို့ ရစေပါတယ်။ဒါပေမယ့် ဒီနည်းတွေကြောင့် ဖြစ်လေ့ရှိတဲ့ အသေးစား ဘေးထွက်ဆိုးကျိုးလေးတွေ နဲ့ တစ်စုံတစ်ရာ ထူးခြားတဲ့ လက္ခဏာ ရှိလာခဲ့ရင် နီးစပ်ရာ ဆရာဝန်တွေဆီ ဆက်သွယ်မေးမြန်းပါ။ လိုအပ်ရင် ဆေးခန်း စုံစမ်းပြီး ပြသသင့်ပါတယ်။နောက်ထပ် အသုံးဝင်တဲ့သားဆက်ခြားနည်းကတော့ကွန်ဒုံးအသုံးပြုတာပဲ ဖြစ်ပါတယ်။ ဆေးထိုးဖို့လည်း အဆင်မပြေ၊ သောက်ဆေးလည်း ဝယ်မရဘဲ လတ်တလော အဆင်မပြေသေးချိန် အတွင်း ကွန်ဒုံးအသုံးပြုတာက စိတ်အချရဆုံးနဲ့ အလွယ်ကူဆုံးပဲ ဖြစ်ပါတယ်။ဒီလောက်ဆို သားဆက်ခြားနည်းအတွက် အထိုက်အလျောက် အထောက်အကူဖြစ်နိုင်မယ့် အကြံဉာဏ်လေးတွေ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ကိုဗစ်ကာလမှာ ရောဂါကင်းလို့ ကျန်းကျန်းမာမာ စိတ်ချမ်းသာတဲ့ မိသားစုတွေ ဖြစ်နိုင်ကြပါစေနော်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/covid-contraception/
null
null
digestive-health
digestive-health
https://hellosayarwon.com/digestive-health/constipation-digestive-health/%e1%80%80%e1%80%84%e1%80%b9%e1%80%b9%e1%80%86%e1%80%ac%e1%80%b1%e1%80%86%e1%80%b8%e1%80%9e%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%bb%e1%80%95%e1%80%ae%e1%80%b8%e1%80%b1%e1%80%94%e1%80%ac%e1%80%80-2/
null
null
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/constipation-in-children-is-common-feeding-tips-for-frequently-constipated-kids/
null
null
diabetes
diabetes
https://hellosayarwon.com/diabetes/type-1-diabetes/parenting-a-child-with-type-one-diabetics/
လက်သည်းလေးတွေထဲက ပုန်းကွယ်နေတဲ့ ကျန်းမာရေး အခြေအနေတွေက ဘာတွေများလဲ!
လက်သည်းလေးတွေက ကျန်းမာရေးရဲ့ ပြတင်းပေါက်လေးတွေပါ။အသားအရေက ကျန်းမာရေး အခြေအနေကို ဖော်ပြနေသလို လက်သည်းလေးတွေကလည်း ခန္ဓာကိုယ်ထဲမှာ ပုန်းကွယ်နေတဲ့ ကျန်းမာရေးပြဿနာလေးတွေကို ဖော်ပြနေပါတယ်တဲ့။ ဘာတွေများ ဖြစ်မလဲဆိုတာကို အခြေအနေအလိုက် တစ်ခုချင်း ပြောပြပေးထားတာမို့ ကိုယ်တိုင် ဖတ်ရှု့လိုက်ပါလို့ ပြောချင်ပါတယ်။လက်သည်းဆိုတာကလက်ချောင်းထိပ်လေးတွေခြေချောင်းထိပ်လေးတွေမှာ ရှိနေတဲ့ အသားနုလေးတွေကို ဖုံးအုပ်ထားတဲ့ မာကျောတဲ့အရာလေးပါ။ လက်သည်းလေးတွေကို မာကျောတဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ alpha-keratin နဲ့ ဖွဲ့စည်းထားပါတယ်။ အရိုးနဲ့ သွားပြီးရင် အမာဆုံး အစိတ်အပိုင်းလေး တစ်ခုပါ။လက်သည်းကိုဘာတွေအတွက် သုံးကြလဲဆိုရင် တစ်ခုခုကို ကုတ်ဖို့ ဖဲ့ဖို့၊ လက်သည်း အရှည်ထားဖို့ အလှဆင်ဖို့ပဲ အသုံးများကြပါတယ်။တကယ်ကတော့ လက်သည်းက ကိုယ်တွင်းကကျန်းမာရေး အခြေအနေတွေကို ဖော်ပြပေးနေပါတယ်။ ဘယ်လိုတွေ ဖော်ပြပေးနေလဲဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ကဲ …… ကိုယ်လက်သည်းလေးတွေက ပုံမှန်အခြေအနေ ဟုတ်၊ မဟုတ် အတူတူ ဆန်းစစ်လိုက်စို့နော်။ကျန်းမာတဲ့ လက်သည်းခြေသည်းလေးတွေဆိုတာက။လက်သည်းက မကျန်းမာဘူးဆိုရင်တော့။လက်သည်းလေးတွေထဲက ပုန်းကွယ်နေတဲ့ ကျန်းမာရေး အခြေအနေတွေက ဘာတွေများလဲ ဆိုတာကို ပြောပြပေးသွားမယ်နော်။ လက်သည်းတွေ အရောင်ပြောင်းလာတာ ထူလာတာ ပါးလာတာတွေက အသည်း၊ ကျောက်ကပ်၊နှလုံးရောဂါတွေ ရှိနေတယ်လို့ ဖော်ပြနေတာ ဖြစ်သလို အဆုတ် မကျန်းမာတာ၊သွေးအားနည်းတာ၊ ဆီးချိုရှိတာတွေကို ဖော်ပြနေတာလည်း ဖြစ်ပါတယ်။လက်သည်းတွေ ဝါတာကို ဖြစ်စေတဲ့ အများဆုံးသော အကြောင်းအရင်းက လက်သည်းဆိုးဆေး အရောင်ရင့်ရင့်တွေကြောင့်ပါ။ ဆေးလိပ်သောက်တတ်တယ်ဆိုရင်လည်း လက်သည်းတွေမှာ အရောင်ပြောင်းတာမျိုး ရှိနိုင်ပါတယ်။ ဒါတွေက ကျန်းမာရေးနဲ့ မဆိုင်တဲ့ ပြင်ပအကြောင်းအရာတွေပေါ့။လက်သည်းတွေ ဝါနေတာရဲ့ နောက်ထပ် အကြောင်းအရင်း တစ်ရပ်က လက်သည်းမှိုပိုးဝင်နေတာပါ။ တကယ်လို့ လက်သည်းက အဝါရောင် တောက်တောက် ဖြစ်နေမယ်ဆိုရင်တော့ သိုင်းရွိုက်စစ်ဆေးတာ လုပ်ဖို့ လိုမှာ ဖြစ်သလို ဆီးချို စစ်ဆေးတာ၊ ဆိုရီရေးစစ် အရေပြားပြဿနာ နဲ့ အသက်ရှူလမ်းကြောင်းကျန်းမာရေးတွေကို စစ်ဆေးဖို့ လိုပါလိမ့်မယ်။လက်သည်းတွေ ခြောက်တာ ကွဲတာက အမြဲလိုလို ပန်းကန်ဆေးရတာ၊ အဝတ်လျှော်တာတွေကို လုပ်ရတဲ့သူတွေမှာ အဖြစ်များပါတယ်။ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့တာကြောင့် လက်သည်းတွေ ခြောက်သွေ့ကွဲအက်တာပါ။လက်သည်းတွေ ခြောက်သွေ့ကွဲအက်တာကို ဖြစ်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကတော့ မှိုပိုးကူးစက်တာ၊ သိုင်းရွိုက်ဟော်မုန်း အထွက်များတာ၊ ဗီတာမင် A နည်းနေတာဖြစ်နိုင်သလို ကိုယ်တွင်းမှာ ဗီတာမင် B နဲ့ ဗီတာမင် C နည်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။တင်းပုတ်လက်သည်းလို့လည်း ခေါ်ပါတယ်။ လက်သည်းတွေ ခုံးဖောင်းလာတာက သွေးထဲမှာ အောက်ဆီဂျင် နည်းနေတာကို ဖော်ပြနေတာပါ။အဆုတ်ပြဿနာတစ်ခုခု ဖြစ်နိုင်ပါတယ်။ နောက်ထပ် ဖြစ်နိုင်တာက အသည်းထိခိုက်နေတာ၊ ကျောက်ကပ်ရောဂါ၊ နှလုံးထိခိုက်နေတာ၊ အူမကြီး ရောင်ရမ်းတာ နဲ့ ခုခံအားကျ ကူးစက်ရောဂါ ခံစားနေရတာကို ဖော်ပြနေတာပါ။လက်သည်းမှာ ဒေါင်လိုက် အစင်းကြောင်းတွေ ဖြစ်နေတာက ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုခုကို ခံစားနေရတာပါ။ အဆုတ်ရောင်ရောဂါ ခံစားနေရတာ ဖြစ်နိုင်သလို ဆီးချိုကို မထိန်းနိုင်တာ၊ ဆိုရီရေးစစ် ခံစားနေရတာ၊ ဇင့်ဓာတ် နည်းနေတာတွေ ဖြစ်နိုင်ပါတယ်။ ကာဗိုမိုနောက်ဆိုဒ် အဆိပ်သင့်တာ၊အာဆင်းနစ် အဆိပ်သင့်တဲ့အခါမျိုးမှာလည်း ဒီလို ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ငှက်ဖျားနဲ့ အနာကြီးကျန်းမာရေး ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။လက်သည်းပွင့်တာလို့ သိကြတဲ့ လက်သည်းမှာ အဖြူစက်လေးတွေ ဖြစ်နေတာက ကျောက်ကပ် စွမ်းဆောင်ရည် ကျနေတာကို ဖော်ပြနေတာ ဖြစ်နိုင်သလို သွေးအားနည်းနေတာ၊ ဗီတာမင် ချို့တဲ့နေတာတွေကို ဖော်ပြနေတာပါ။လက်သည်းမှာ အမည်းစက်တွေ ဖြစ်နေမယ်၊ အကျိတ်လိုမျိုး ထွက်ပြီး နာလည်း နာမယ်ဆိုရင်တော့ ဒါက ဆရာဝန်နဲ့ ချက်ချင်း ပြသဖို့ လိုမယ့် အခြေအနေပါ။ အကြောင်းကတော့ အရေပြားကင်ဆာရဲ့ လက္ခဏာတစ်ရပ် ဖြစ်နေနိုင်တာကြောင့်ပါ။လက်သည်းတွေက တစ်လကို ၃.၅ မီလီမီတာ ရှည်လေ့ရှိပါတယ်။ တကယ်လို့လက်သည်းမှာ ရောင်ရမ်းတာ၊ အရောင်ပြောင်းတာ၊ ပုံစံ ပြောင်းတာတွေ ရှိလာမယ်ဆိုရင် အရင်ဆုံး အရေပြားဆရာဝန်နဲ့ ပြကြည့်ဖို့ လိုပါမယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/nail-care/nails-can-reveal-hidden-health-problems/
သုံးတဲ့ အလှကုန်တွေက ကိုယ့်အသားအရေနဲ့ မှားယွင်းနေတယ်ဆိုတာ သိနိုင်မယ့်အချက်များ
ပျိုပျိုမေတို့ရေ တစ်ယောက်နဲ့တစ်ယောက် အသားအရေတွေက မတူညီကြပါဘူး။ အဲဒီတော့ သူများသုံးတဲ့ အလှကုန်ပစ္စည်းက ကိုယ်နဲ့လည်း တည့်ချင်မှ တည့်မှာပါ။ဒီတော့ အလှကုန်ပစ္စည်းတွေ ဝယ်ယူတဲ့အခါမှာ သူများအသားအရေနဲ့ကိုက်ညီတိုင်း ကိုယ်နဲ့ အဆင်ပြေချင်မှ ပြေမယ်ဆိုတာကို သတိရပါ။ ဝယ်ပြီးတဲအခါမှာလည်း ကိုယ့်အသားအရေနဲ့ကိုက်ညီမှု ရှိမရှိဆိုတာ စစ်ဆေးပါ။ စစ်ဆေးနိုင်မယ့် နည်းလမ်းတစ်ချို့ကို ဖော်ပြလိုက်ပါတယ်နော်။အဖုအပိန့်တွေ ထွက်တာဟာ တချို့ အလှကုန် ကုန်ပစ္စည်းတွေ အသုံးပြုခြင်းရဲ့ တုံ့ပြန်မှုကြောင့်ဖြစ်တဲ့ အလာဂျစ်တွေကြောင့် အများဆုံးဆိုပေမယ့် တခြားအချက်အလက်တွေ အများကြီး ရှိနေနိုင်ပါသေးတယ်။ မိတ်ကပ်တွေမှာ အလာ့ဂျစ်ဖြစ်စေတဲ့ ပစ္စည်းတွေ ပါဝင်မှု နည်းပေမယ့် မျက်နှာ ကြာရှည်စွဲထင်အောင်နဲ့ အနံ့ကောင်းအောင် ပြုလုပ်ထားတဲ့ ပစ္စည်းတွေကတော့ အဖုအဖိန့် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဖုအဖိန့်တွေ ဖြစ်လာတယ်ဆိုရင် ကိုယ်သုံးတဲ့ မိတ်ကပ်ကို ပြန်လည် စဉ်းစားကြည့်ပါ။အဖုအပိန့်တွေလိုပဲ ယားယံပြီး အင်ပြင်တွေလို ဖြစ်တာကလည်း အလှကုန်ပစ္စည်း မှားပြီး သုံးမိတဲ့ လက္ခဏာတွေထဲက တစ်ခုပါပဲ။ အနီရောင် အရှိုးရာ(သို့) ကြိမ်ရာလိုမျိုးတွေ ပေါ်လာခြင်းပါ။ အသားအရေထိန်းပစ္စည်းတွေထဲမှာ အလာဂျစ်ဖြစ်စေနိုင်တာတွေ ပါဝင်နိုင်ပြီး ယားနာလိုမျိုးတွေ ဖြစ်နိုင်ပါတယ်။နောက်တစ်ခုက အလှကုန်ကြောင့် မဟုတ်ဘဲ ကိုယ့်အသားအရေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယားနာလိုလို အင်ပြင်တွေထွက်တယ်ဆိုရင်တော့ ဆက်မသုံးပါနဲ့တော့နော်။တစ်ခါတစ်လေ အလှကုန်ပစ္စည်းလိမ်းပြီးရင် မျက်နှာမှာ အသားအရေ ခပ်တင်းတင်းဖြစ်နေသလိုမျိုး ခံစားရတတ်ပါတယ်။ ဒါဟာ ကုန်ပစ္စည်းနဲ့ မတည့်ဘူးဆိုတဲ့ လက္ခဏာပါပဲ။ အထူးသဖြင့် မျက်နှာ ချေးချွတ်တာမျိုး သုံးမိရင် မျက်နှာအသားအရေရဲ့ အဆီ၊ ရေဓာတ်တွေကို စုပ်ယူသလိုဖြစ်ပြီး အသားအရေခြောက်တာနဲ့ ကျိန်းစပ်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုမျိုးခံစားရရင်တော့ မျက်နှာအသားအရေကို ပြန်လည်ကောင်းမွန်လာစေမယ့် pH ပမာဏထိန်းညှိပေးထားတဲ့ ပစ္စည်းတွေကို ရှာသုံးသင့်ပါတယ်။အဆီပြန်တာကို  ထိန်းချုပ်တဲ့ အပြင်းစား အလှကုန်ပစ္စည်း ဒါမှမဟုတ် ရေနွေးနဲ့ မျက်နှာသစ်တာတွေဟာ မျက်နှာရဲ့ အပေါ်ယံလွှာကို ခြောက်သွေ့စေနိုင်ပြီး အပေါ်ယံအသားအရေ ကွာကျတဲ့အခါ အဆီတွေ ပိုထွက်လာအောင် လှုံဆော်နိုင်ပါတယ်။ဒါကြောင့် မျက်နှာမှာ အဆီပြန်တာကို ထိန်းသိမ်းဖို့အတွက် အလှကုန်ပစ္စည်းတွေ သုံးရင်းနဲ့မှ အဆီက ထွက်နေသေးတယ်ဆိုရင်တော့ ပြန်လည်စဉ်းစားသင့်ပါတယ်။ကိုယ့်ရဲ့ အသားအရေတွေ ခြောက်ပြီး အဖတ်လန်သလို ကွာကျတယ်ဆိုရင်တော့ အလှကုန်ပစ္စည်း ပြောင်းသုံးသင့်ပါတယ်။ ပြင်းတဲ့ အက်ဆစ်ပါဝင်တဲ့ ကုန်ပစ္စည်းတွေဟာ အသားအရေကို မချောမွေ့စေဘဲ အဖတ်လန်တာမျိုးတွေ ရှိလာနိုင်ပါတယ်။အကယ်လို့ ကိုယ့်အသားရေဟာ အရမ်း အဖတ်တွေလန်ပြီး ကွာကျတယ်ဆိုရင် အက်ဆစ်များလွန်းတဲ့ ကုန်ပစ္စည်းကို သုံးမိတာကြောင့် ဖြစ်နိုင်ပါတယ်။ salicylic acids ၊ retinol နဲ့ alphahydroxy acids တွေကို ပေါင်းပြီး မသုံးပါနဲ့။ တစ်မျိုးဆိုရင် လုံလောက်ပါပြီ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%9e%e1%80%b6%e1%80%af%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%9c%e1%80%bd%e1%80%80%e1%80%af%e1%80%94%e1%80%b9%e1%80%b1%e1%80%90%e1%80%bc%e1%80%80-%e1%80%80%e1%80%ad%e1%80%af%e1%80%9a/
မေမေ့ ချစ်မေတ္တာကပေးတဲ့ ဘေဘီလေးတို့ ကျန်းမာရေး
မိခင်နဲ့ဘေဘီလေးတို့ကြားကချစ်ခြင်းမေတ္တာမှာ မျက်စိနဲ့မြင်လို့ မရတဲ့ စွမ်းအားတွေ အများကြီးရှိနေပါတယ်။ မိခင်ရဲ့ ချစ်ခြင်းမေတ္တာက ဘေဘီလေးတို့အတွက် အကောင်းဆုံးတွေပဲ ပေးစွမ်းမယ်ဆိုတာကတော့ ထွေထွေထူးထူးပြောနေစရာ မလိုအောင်ပါ။ သိပ္ပံနည်းကျ လေ့လာမှုတွေအရရော အများရဲ့ ယုံကြည်လက်ခံမှုတွေအရပါမိခင်မေတ္တာက ဘေဘီလေးတို့အတွက် အဖိုးဖြတ်လို့ မရတဲ့ အရာပါ။ငယ်စဉ်ကာလမှာ မေမေရဲ့ ချစ်ခြင်းမေတ္တာကို ပြည့်ပြည့်ဝဝ ရရှိတဲ့ ဘေဘီလေးတွေက။ငယ်ငယ်မှာ မေမေ့ဆီက ချစ်ခင် ဂရုစိုက်မှုရတဲ့ ကလေးလေးတွေဟာ ဦးနှောက် အကောင်းဆုံး ဖွံ့ဖြိုးကြသူတွေပါ။ သူတို့လေးတွေဟာသင်ယူနိုင်စွမ်းကောင်းသလို၊တီထွင်ကြံဆမှုလည်းကောင်းကြတယ်။ ဘဝစိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ကြပြီး ပြဿနာတွေကိုလည်း အကောင်းဆုံး ဖြေရှင်းနိုင်ကြပါတယ်။စိတ်ပိုင်းဆိုင်ရာပျော်ရွှင်ကျန်းမာစွာနဲ့ဉာဏ်ရည်ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေမှာပါ။ စိတ်ခံစားမှု ကောင်းသလို ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းကြသူလေးတွေက မေမေ့ဆီက ချစ်ခြင်းမေတ္တာကို ပြည့်ပြည့်ဝဝရခဲ့သူတွေပါ။ငယ်ငယ်က မိခင်မေတ္တာအပြည့်အဝ ရရှိသူတွေဟာ သက်လတ်ပိုင်းအရွယ်မှာ အခြားသူတွေထက်အမျိုးအစား (၂) ဆီးချိုရောဂါ၊ နှလုံးရောဂါ နဲ့ လေဖြတ်တာလိုမျိုး နာတာရှည်ရောဂါတွေ ခံစားရနိုင်ခြေ နည်းတယ်လို့ လေ့လာမှုတစ်ခုအရသိရပါတယ်။မိခင်ဆီကနေ ချစ်ခြင်းမေတ္တာ ပြည့်ပြည့်ဝဝရတဲ့ ဘေဘီလေးတွေက စိတ်ဖိစီးမှုကင်းကြပြီးစိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်တဲ့ကျန်းမာရေးပြဿနာတွေလည်း ကင်းကြပါတယ်။မေမေရဲ့ အချစ်ခံရတဲ့ ကလေးတွေ၊ မေမေနဲ့ ပြေလည်နွေးထွေးတဲ့ ဆက်ဆံရေး ပိုင်ဆိုင်ထားတဲ့ ဘေဘီလေးတွေက စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြသလို စိတ်ခံစားမှုကြောင့်မလိုအပ်ဘဲ စားသုံးမိတာမျိုးကင်းကြသူတွေပါ။ ငယ်ငယ်က အချစ်ခံရတဲ့ ကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ အဝလွန်တဲ့ ပြဿနာကင်းကြတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ငယ်ငယ်ကတည်းက မေမေနဲ့ တပူးပူးတတွဲတွဲနေတယ်။ မေမေရဲ့ ချစ်ခြင်းမေတ္တာကိုလည်း အပြည့်အဝရထားတယ် ဆိုတဲ့ ဘေဘီလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ မလိုအပ်ဘဲ အရာရာကို ကြောက်နေတဲ့ ပြဿနာကင်းကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝနေသူတွေဟာ မေမေ့ရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝ ရကြသူတွေပေါ့။ငယ်စဉ်မှာ မိခင်ရဲ့ ချစ်ခြင်းမေတ္တာကို ရကြတဲ့ ကလေးတွေဟာ ပျော်ရွှင်စရာကောင်းတဲ့ ကိုယ်ပိုင်မိသားစုကို ပိုင်ဆိုင်နိုင်ကြပါတယ်။ အကြောင်းကတော့ မေမေ့ မေတ္တာကို အပြည့်အဝရထားတာက ချစ်တတ်တဲ့ စိတ်ကလေးကို ဖြစ်ပေါ်စေလို့ကောင်းမွန်တဲ့ မိသားစုဘဝကို တည်ဆောက်နိုင်တာပါ။ ကလေးတွေကိုလည်း အကောင်းဆုံး ပျိုးထောင်ပေးနိုင်ကြသူတွေပေါ့။မေမေ့ရဲ့ ချစ်ခြင်းမေတ္တာက နေ့စဉ် ဘဝမှာ ကောင်းမွန်တာတွေကို ဖြစ်စေသလို ဘဝတစ်လျှောက်လုံးမှာ ပျော်ရွှင် ကျန်းမာမှုတွေကို ပေးစွမ်းပါတယ်။သားသားမီးမီးလေးတွေလူတော်လူကောင်းလေးတွေအဖြစ် ကြီးပြင်းလာတာက မေမေရဲ့ပျိုးထောင်မှုကောင်းတာကြောင့်ရော ချစ်ခင် ဂရုစိုက်မှုတွေကြောင့်ရောပါဆိုတာကို အသိပေးပါရစေ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/benefits-of-a-mothers-love/
ရေဝါးရွက်က အသားအရေ ကျန်းမာစေသလား!
ရေဝါးရွက် ဆိုတာကို ဆီးချို နဲ့ သွေးတိုးအတွက် အသုံးပြုကြတဲ့ ဆေးပင် တစ်မျိုးလို့ တော်တော်များများက သိထားကြပေမယ့်အသားအရေ ကျန်းမာရေးကိုလည်း ထောက်ကူပေးနိုင်တယ်ဆိုတာကိုတော့ သိသူက နည်းပါတယ်။ ဒီတစ်ခေါက်တော့ ရေဝါးရွက်က အသားအရေ ကျန်းမာစေဖို့ ဘယ်လို ထောက်ကူပေးသလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကဲ …… ရေဝါးရွက်က အသားအရေ ကျန်းမာရေးစေသလား ဆိုတာ အတူတူကြည့်လိုက်ရအောင်နော်။ရေဝါးရွက် ဆိုတာက ရေဝါးပင်ရဲ့ အရွက်ပါ။ ရေဝါးပင်ဆိုတာက နွယ်ပင်တစ်မျိုးပါ။ အပင်က အပေါ်ကို နွယ်တက်တာမျိုး မဟုတ်ဘဲ လိုက်ကာလေးလိုမျိုး အောက်ဘက်ကို နွယ်ဆင်းတာပါ။ အရွက်က ခရမ်းရောင်ကနေ အနီရောင်ရှိပါတယ်။ အရွက်လေးတွေက ထိပ်ပိုင်းမှာ ချွန်ချွန်လေးပါ။ ရိုးတံနဲ့ အရွက်လေးတွေမှာ အမွေးပါးလေးတွေ ဖုံးနေပါတယ်။ရေဝါးရွက်က အသားအရေ ကျန်းမာရေးစေသလား ဆိုတော့ ရေဝါးရွက်က အသားအရေကို အခုလို ကျန်းမာစေနိုင်ပါတယ်။ရေဓာတ် ကြွယ်ဝတဲ့ ရေဝါးရွက်ကအသားအရေကို ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့်အရေပြား ခြောက်သွေ့တာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရေပြားမှာ ပုံမှန်လေး လိမ်းပေးတာက အသားအရေကို ကျန်းမာစေပြီးအစိုဓာတ်ထိန်းပေးနိုင်မှာပါ။အရေပြား ခြောက်သွေ့မှု ကင်းစေဖို့ထောက်ကူပေးပါတယ်။ အရေပြားမှာ လိမ်းမယ်ဆိုရင်တော့ ဓာတ်တည့်မှု ရှိ၊ မရှိ အရင်စမ်းသပ်သင့်ပါတယ်။ရေဝါးရွက်ရဲ့ နောက်ထပ် အာနိသင် တစ်ခုက သွေးတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာပါ။ သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သွေးသန့်စေမှုကအသားအရေ ကြည်လင်စေဖို့ထောက်ကူပေးနိုင်ပါတယ်။မျက်နှာ အထူးသဖြင့် နှာခေါင်းနဲ့ နှာခေါင်းတဝိုက်ကဆားဝက်ခြံတွေသက်သာစေဖို့ဆိုရင် ရေဝါးရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ရေဝါးရွက်ကို ကြိတ်ပြီး မျက်နှာပေါ်က ဆားဝက်ခြံတွေမှာ အသုံးပြုပေးလို့ ရပါတယ်။အရေပြားမှာ ဖြစ်တတ်တဲ့ပွေး၊ ဝဲ၊ ညှင်းတို့လိုမျိုး အရေပြားပြဿနာတွေ ကင်းစေဖို့နဲ့ သက်သာစေဖို့ဆိုရင်လည်း ရေဝါးရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ အရေပြားပြဿနာ အမျိုးမျိုးကို သက်သာစေဖို့အတွက် အသုံးပြုပေးလို့ရတဲ့သဘာဝ အပင်တစ်မျိုးပါ။ရေဝါးရွက်က ဝက်ခြံကြောင့် အရေပြားတွေကို ရောင်ရမ်းတာကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။ ဝက်ခြံတွေကြောင့် နီမြန်းရောင်ရမ်းနေရင် ရေဝါးရွက်ကို ကြိတ်ပြီး အုံပေးလို့ ရပါတယ်။ရေဝါးရွက်ကို ပြုတ်ပြီးရလာတဲ့ အရည်ကို ဖြစ်ဖြစ်၊ ရေစင်အောင်ဆေးပြီး ကြိတ်ထားတဲ့ အနှစ်ကိုဖြစ်ဖြစ်ဝက်ခြံ သက်သာစေဖို့အသုံးပြုပေးလို့ ရပါတယ်။ အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။ရေဝါးရွက်က ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝပြီး အရေပြားကိုအရေးအကြောင်းတွေ မဖြစ်အောင်ကာကွယ်ပေးသလို အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ရေဝါးရွက်ရဲ့ နောက်ထပ် အာနိသင် တစ်ခုကတော့အသားအရောင် မညီတာကို သက်သာစေတာပါ။ အသားအရောင် ညီစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ရေဝါးရွက်မှာ ပါဝင်နေတဲ့ အာဟာရတွေက ဝက်ခြံကိုတင် သက်သာစေတာ မဟုတ်ပါဘူး။ဝက်ခြံအမာရွတ်တွေကိုပါ သက်သာစေတာပါ။ ဝက်ခြံ အမာရွတ် သက်သာစေဖို့အတွက် အရေပြားမှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။ရေဝါးရွက်က အသားအရေကို ကျန်းမာစေတယ်ဆိုပေမယ့် ဘေးထွက်ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ ရေဝါးရွက်ကို ဒီအတိုင်းသုံးမယ်ဆိုရင် သန့်စင်ထားတာ မဟုတ်တဲ့အတွက် ဘေးထွက်ဆိုးကျိုး ရှိနိုင်တာကို သတိပြုသင့်ပါတယ်။ ဒါ့ပြင် အရင်တစ်ခေါက် သုံးပြီး ဓာတ်မတည့်ဖြစ်ဖူးသူတွေ၊ ထိခိုက်လွယ်အသားအရေရှိသူတွေအနေနဲ့ မသုံးသင့်ပါဘူး။ ရေဝါးရွက်ကို သုံးပြီး အထက်ပါ အရေပြားပြဿနာတွေ မသက်သာလာဘူး။ ပိုဆိုးလာတယ်ဆိုရင် အသုံးပြုတာကို ရပ်လိုက်ဖို့ လိုပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/red-water-grass-skin-benefits/
null
null
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/causes-of-fever-with-rash-in-kids/
null
null
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%98%e1%80%b1%e1%80%b8%e1%80%81%e1%80%bd%e1%80%b1%e1%80%b8-%e1%80%a1%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%81%e1%80%b6%e1%80%9b%e1%80%90%e1%80%b2/
နံ့သာဖြူ ကပေးတဲ့ အသားအရေ လှပခြင်း
နံ့သာဖြူဆိုတာက မြန်မာလူမျိုးတိုင်းနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။အမွှေးနံ့သာအနေနဲ့ သုံးကြတယ်လေ။ ဒီလိုမျိုး အသုံးပြုကြတဲ့ နံ့သာဖြူက အသားအရေကို ကျန်းမာစေသလား။ အသားအရေကို ဘယ်လိုမျိုး ကောင်းကျိုးတွေ ပေးစွမ်းလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ နံ့သာဖြူ ကပေးတဲ့ အသားအရေ လှပခြင်း ဆိုတဲ့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်တော့နော်။နံ့သာဖြူ ဆိုတာက အမွှေးနံ့သာ တစ်မျိုးပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကအာရှဒေသမှာ အလေးအမြတ် သုံးစွဲခဲ့ကြတဲ့ အပင်တစ်မျိုးပေါ့။ဆေးဖက်ဝင်သလို အမွှေးနံ့သာအနေနဲ့လည်း အသုံးပြုကြပါတယ်။ နံ့သာဖြူကိုအရေပြားမှာ တိုက်ရိုက်လိမ်းကျံကြသလို ဘာသာရေး အခမ်းအနားတွေမှာ အမွှေးနံ့သာအနေနဲ့လည်း အသုံးပြုကြပါတယ်။နံ့သာဖြူ အဆီကို အသုံးပြုကြသလို ဆပ်ပြာ၊ အလှကုန်၊ ဖယောင်းတိုင် ခရင်မ်တွေနဲ့ အမွှေးတိုင်အဖြစ်လည်း အသုံးပြုကြပါတယ်။နံ့သာဖြူက အမွှေးနံ့သာ အနေနဲ့ အသုံးပြုလို့ ရသလိုအသားအရေ လှပဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။ ဒီတော့ နံ့သာဖြူ ကပေတဲ့ အသားအရေလှပခြင်းတွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။နံ့သာဖြူက အသားအရေကို အေး​မြစေနိုင်တဲ့ အာနိသင်ရှိပါတယ်။နွေအပူရှိန်ကြောင့် အသားအရေတွေကို ပူစပ်စပ်ဖြစ်တာကနေ သက်သာစေဖို့အတွက်ဆိုရင် နံ့သာဖြူကို ခပ်ပါးပါးလေး အရေပြားပေါ်မှာ တိုက်ရိုက် လိမ်းပေးလို့ ရပါတယ။အရေပြား ရောင်ရမ်းတာကို သက်သာစေဖို့လည်း နံ့သာဖြူကို အသုံးပြုပေးလို့ ရပါတယ်။ ဝက်ခြံတွေကြောင့် ရောင်ရမ်းတာကို သက်သာစေသလို အရေပြားမှာ ထိခိုက်တာကြောင့် ရောင်ရမ်းတာကို သက်သာစေဖို့လည်း နံ့သာဖြူကို အသုံးပြုပေးလို့ ရပါတယ်။နံ့သာဖြူကအရေပြားကို အေးမြစေသလို အရေပြားအတွက် လိုအပ်တဲ့ အာဟာရတွေကိုလည်း ဖြည့်ပေးနိုင်ပါတယ်။ အသားအရေကို ကျန်းမာပြီး အာဟာရပြည့်စေဖို့ဆိုရင် နံ့သာဖြူကို အရေပြားမှာ တိုက်ရိုက် လိမ်းကျံပေးတာကလည်း နည်းလမ်းကောင်းပါပဲ။နံ့သာဖြူက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံတွေကို သက်သာစေဖို့အတွက် နံ့သာဖြူကိုဝက်ခြံတွေအပေါ်မှာ တိုက်ရိုက် လိမ်းကျံပေးလို့ ရပါတယ်။ ပုံမှန်လေး လိမ်းပေးမယ်ဆိုရင် ဝက်ခြံတွေကို သိသိသာသာ သက်သာစေမှာပါ။အသားအရေ မညီတဲ့သူတွေအနေနဲ့ နံ့သာဖြူကို လိမ်းပေးလို့ ရပါတယ်။ နံ့သာဖြူကို အသားအရောက် မညီတဲ့နေရာတွေမှာ ပုံမှန်လေး လိမ်းကျံပေးတာက အသားအရောင် ညီစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွတ်တွေသက်သာစေဖို့အတွက် နံ့သာဖြူကို အသုံးပြုပေးလို့ ရပါတယ်။ အမာရွတ်ဖြစ်တဲ့နေရာတွေမှာ ပုံမှန်လေး တိုက်ရိုက် လိမ်းကျံပေးရုံနဲ့ သိသိသာသာ သက်သာလာမှာပါ။ အသားအရေကို ကြည်လင်ဝင်းပစေဖို့ ထောက်ကူပေးနိုင်မှာပါ။အသက်အရွယ်ကြောင့် ဖြစ်ဖြစ် နေထိုင်စားသောက်မှုပုံစံကြောင့်ဖြစ်ဖြစ် အရေပြားမှာ တင်းအားတွေ ကျဆင်းပြီး အသားအရေမှာ အရေးအကြောင်း ထင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီတော့ အသားအရေကို တင်းတင်းရင်းရင်းလေး လှချင်တယ်ဆိုရင် နံ့သာဖြူမှုန့်နဲ့ မျက်နှာ၊ လည်ပင်း အသားအရေတွေကို ပေါင်းတင်ပေးလို့ ရသလို အရေပြားမှာ လိမ်းကျံပေးလို့လည်း ရပါတယ်။နံ့သာကအသားအရေကို ချောမွေ့စေပြီး ကြည်လင်စေဖို့လည်း ထောက်ကူပေးပါတယ်။ သဘာဝရဲ့ အရေပြား Glow စေတဲ့ အရာလေးပါ။ နံ့သာဖြူ ပုံမှန်လိမ်းပေးတာက အသားအရေကို ကြည်လင်စေပြီး ဝင်းပစေဖို့ ထိထိရောက်ရောက် အားဖြည့်ပေးပါတယ်။ အသားအရေကို ကြည်လင် ဝင်းပစေမှာပါ။အရေပြားမှာဓာတ်မတည့်တာကြောင့် နီမြန်းတာ ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ အရေပြားမှာ တိုက်ရိုက်လိမ်းကျံပေးလို့ ရပါတယ်။နံ့သာဖြူကို အရေပြားမှာ လိမ်းတာက များသောအားဖြင့် စိတ်ချရပါတယ်။ ဒါပေမယ့် နံ့သာဖြူလိမ်းပြီး အသားတွေ ယားလာတယ်၊ စပ်ဖျင်းဖျင်းဖြစ်လာတယ်ဆိုရင် လိမ်းတာကို ရပ်ပြီး ရေဆေးချဖို့ လိုပါတယ်။ အရင်က နံ့သာဖြူလိမ်းပြီး ဓာတ်မတည့်နဲ့ ပြဿနာဖြစ်ဖူးတဲ့သူတွေက ထပ်မလိမ်းသင့်ပါဘူး။ အရေပြားပြဿနာတစ်ခုခုအတွက် လိမ်းမယ်ဆိုရင်လည်း သက်ဆိုင်ရာဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/benefits-of-sandalwood-powder-for-enhancing-skin-health/
မှုခင်းဆေးပညာဆိုင်ရာ DNA စစ်ဆေးခြင်း
ဒီအကြောင်းအရာဟာ အမေရိကန်CSI ဇာတ်လမ်းတွဲပရိသတ်တွေအတွက်တော့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ရာဇဝတ်မှုတစ်ခုခုဖြစ်ပွားတဲ့အခါ DNA စစ်ဆေးခြင်းနည်းပညာကိုသုံးပြီး မှုခင်းဆေးပညာရပ်ဆိုင်ရာ ရှုထောင့်ကနေ သိပ္ပံနည်းကျသက်သေတွေ ဖော်ထုတ်တဲ့နည်းပညာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ မှုခင်းဆေးပညာဆိုင်ရာDNAစစ်ဆေးခြင်းအကြောင်းကို အကြမ်းဖျဉ်းဖော်ပြသွားမှာ ဖြစ်ပါတယ်။DNA ဟာ Deoxyribose Nucleic Acid ရဲ့ အတိုကောက်စာလုံးဖြစ်ပြီး လူအပါအဝင် သက်ရှိအားလုံးရဲ့ မျိုးဗီဇသင်္ကေတ (genetic code) ပါဝင်တဲ့ မော်လီကျူးပဲ ဖြစ်ပါတယ်။ လူကိုယ်ခန္ဓါရဲ့ အသေးငယ်ဆုံးအစိတ်အပိုင်းဖြစ်တဲ့ ဆဲလ်တွေထဲမှာမှ နူကလိယလို့ခေါ်တဲ့ အရာတည်ရှိပါတယ်။ အဲဒီနူကလိယကို ထပ်မံခွဲခြမ်းစိတ်ဖြာရင် မျိုးရိုးဗီဇဆက်ခံတဲ့ ခရိုမိုဆုမ်း ၂၂စုံနဲ့ ကျား/မကွဲပြားမှုကို ဆုံးဖြတ်ပေးတဲ့ ခရိုမိုဆုမ်းတစ်စုံ စုစုပေါင်း ၂၃စုံ ရှိပါတယ်။ ခရိုမိုဆုမ်းတွေကို ထပ်မံအနုစိတ်ကြည့်မယ်ဆိုရင် သေးငယ်တဲ့ကြိုးမျှင်ကလေးတွေမှာ ပုတီးစေ့လေးတွေသီထားသလိုပါဝင်ပြီး အခွေလိုက်တွေ့နိုင်ပါတယ်။ အဲဒီကြိုးမျှင်ဟာ DNA ဖြစ်ပါတယ်။ ကြိုးမျှင်ကလေးများဟာ တကယ်တော့ နှစ်ပင်လိမ်ပူးနေတာဖြစ်ပြီး နှစ်ပင်လိမ်ကြားကို ဆက်ပေးထားတဲ့ အခြေခံဘလောက်တုံးလေးတွေကိုတော့ နူကလီယိုတိုဒ်လို့ ခေါ်ပါတယ်။ နူကလီယိုတိုဒ်မှာပါဝင်တဲ့ နိုက်ထရိုဂျင်ဘေ့စ်လေးမျိုးကတော့ DNA စစ်ဆေးမှုရဲ့ အသက်ပဲ ဖြစ်ပါတယ်။ အဲဒီလေးမျိုးကို A T G C ဆိုပြီး အတိုကောက်ခေါ်ပါတယ်။ အဲဒီ ATGC အက္ခရာလေးမျိုးဟာ ဘယ်လိုစီစဉ်ထားသလဲဆိုတာကို မူတည်ပြီး လူတစ်ယောက်ကို မည်သူမည်ဝါ ဖြစ်သလဲ တိုက်ဆိုင်စစ်ဆေးကြပါတယ်။ ဘာကြောင့်လဲဆိုရင် လူတစ်ယောက်နဲ့တစ်ယောက်မှာ DNA မော်လီကျူးစီစဉ်ပုံ တိုက်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ပိုပြီးအသေအချာပြောရရင် ထပ်တူညီနိုင်ခြေဟာ အပုံ၆သန်းမှာမှတစ်ပုံဖြစ်ပါတယ်။လူသတ်မှု၊ ဖောက်ထွင်းမှု၊လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှုစတဲ့ရာဇဝတ်မှုတွေမှာ အခင်းဖြစ်ရာနေရာကနေသွေး၊ အသားစ၊တံတွေး၊ ဆံပင်နဲ့ အမွေးအမျှင်စတာတွေကို ရယူစုဆောင်းပါတယ်။ အဲဒီသက်သေခံပစ္စည်းတွေကနေ DNA ကို ထုတ်ယူလေ့လာပြီး သံသယရှိသူရဲ့ DNA နဲ့ ကိုက်ညီမှုရှိ၊မရှိ စစ်ဆေးနိုင်ပါတယ်။ တစ်ခါတရံမှာ မည်သူမည်ဝါမသိတဲ့ ရုပ်အလောင်းတွေမှာလည်း DNA ရယူပြီး ပျောက်ဆုံးနေသူတွေဟုတ်၊မဟုတ် စစ်ဆေးတာလည်း ရှိပါတယ်။ ဒါကြောင့် လေယာဉ်ပျက်ကျခြင်း၊ ဆူနာမီဖြစ်ပေါ်ခြင်း စတဲ့ အစုလိုက်အပြုံလိုက်သေဆုံးမှုတွေမှာလည်း ရှာဖွေတွေ့ရှိရတဲ့ ရုပ်အလောင်းတွေဟာ မည်သူမည်ဝါ မခွဲနိုင်တဲ့အခါ DNA နည်းပညာနဲ့ စစ်ဆေးဖော်ထုတ်နိုင်ပါတယ်။ နှစ်ပေါင်းများစွာ အရိုးကျဆွေးမြေ့နေတဲ့ ရုပ်ကြွင်းကနေလည်း ထုတ်ယူစစ်ဆေးနိုင်ပါတယ်။လက်ဗွေကလည်း ရယူနိုင်ပါတယ်။ နမူနာသက်သေတော့ ရှိဖို့ လိုအပ်ပါတယ်။ ကလေးအဖေ မည်သူမည်ဝါ အငြင်းပွားရတဲ့ကိစ္စတွေမှာလည်း DNA သရုပ်ခွဲခြင်းနဲ့ စစ်ဆေးနိုင်ပါတယ်။စောစောကဖော်ပြခဲ့တဲ့ ဇီဝသက်သေပစ္စည်းတွေကို ရယူစုဆောင်းပြီး ဓါတ်ခွဲခန်းကို ပို့ဆောင်ရပါတယ်။ ဓါတ်ခွဲခန်းမှာဇီဝပစ္စည်းတွေရဲ့ဆဲလ်ထဲကနေ နူကလိယကိုဖြိုခွဲပြီး DNA ကို ရယူပါတယ်။ ရရှိလာတဲ့ DNA ဟာ သရုပ်ခွဲစစ်ဆေးဖို့ လုံလောက်တဲ့ပမာဏတော့ မဟုတ်သေးပါဘူး။ ဒါကြောင့် DNA ရဲ့ သိပ်သည်းဆကို တိုင်းတာပြီး မိတ္တူပွားခြင်းကို ဆောင်ရွက်ရပါတယ်။ အဆပေါင်းသန်းနဲ့ချီပွားပြီးရင်တော့ နောက်ဆုံးအဆင့် သရုပ်ခွဲစစ်ဆေးခြင်း ပြုလုပ်ပါတယ်။ တကယ်တော့ DNA စစ်ဆေးခြင်းဟာ DNA ဆက်ကြောင်းကြီး တခုလုံးကို လိုက်လံတိုက်ဆိုင်ပြီး စစ်ဆေးခြင်းမဟုတ်ပါဘူး။ ဘီလီယံနဲ့ချီတဲ့ နူကလီယိုတိုဒ်တွေကို တခုချင်းလိုက်မကြည့်နိုင်ပါဘူး။ ခရိုမိုဆုမ်း နံပါတ်ဘယ်လောက်ရဲ့ ဘယ်အမှတ် (Marker) မှာ ATGC စာလုံးကလေးတွေ ဘယ်လိုတွဲဆက် တည်ရှိသလဲဆိုတာကိုသာ စစ်ဆေးခြင်း ဖြစ်ပါတယ်။ DNA အမှတ်ပေါင်း ၆၀ကျော်သတ်မှတ်ထားပြီး နိုင်ငံတကာက မှုခင်းဆေးပညာ ဓါတ်ခွဲခန်းတွေမှာတော့ အနည်းဆုံး ၁၃ ခုထိ တိုက်ဆိုင်စစ်ဆေးကြပါတယ်။ DNA သရုပ်ခွဲစစ်ဆေးခြင်း အဆင့်ဆင့်ဟာ အလွန်အနုစိတ်တာမို့ သက်သေခံပစ္စည်းရယူစုဆောင်းတဲ့ အဆင့်ကနေ နောက်ဆုံးစစ်ဆေးတဲ့အဆင့်အထိ စနစ်တကျလေ့ကျင့်သင်ယူထားသူတွေနဲ့ စစ်ဆေးနိုင်ဖို့ လိုအပ်ပါတယ်။၁၉၈၅ မှာ အင်္ဂလန်နိုင်ငံမှာ စတင်အသုံးပြုခဲ့တဲ့ မှုခင်းဆိုင်ရာ DNA စစ်ဆေးခြင်းပေါ်ပေါက်လာပြီး နောက်ပိုင်းမှာ တရားစီရင်ရေးနယ်ပယ်အတွက် အများကြီး အကျိုးပြုခဲ့ပါတယ်။ အပြစ်ရှိသူကို ရာဇဝတ်ဘေးကနေ ပြေးမလွတ်အောင် သက်သေအခိုင်အမာပြနိုင်သလို အပြစ်ကင်းသူကိုလည်း မှားယွင်းပြီး ပြစ်ဒဏ်ပေးမိခြင်းမဖြစ်ရအောင် အကူအညီပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် DNA မှတ်တမ်းတွေကို စုစည်းထိန်းသိမ်းထားပြီး Database တည်ထောင်လာနိုင်တာကြောင့် ရာဇဝတ်မှုဖော်ထုတ်ရေး၊ တရားစီရင်ရေးအပြင် လူမျိုးများအလိုက် DNA ကွဲပြားမှုကို သုတေသနပြုလုပ်ရာမှာ အထောက်အကူပြုလာပါတယ်။DNA သက်သေဟာ မည်သူမည်ဝါဖြစ်ကြောင်းအတည်ပြုရာမှာ အကောင်းဆုံးနည်းလမ်းလို့ လက်ရှိမှာ လက်ခံနိုင်ပေမယ့် ရာနှုန်းပြည့်ပြည့်စုံတဲ့ နည်းလမ်းတစ်ခုတော့ မဟုတ်သေးပါဘူး။ ဥပမာ အခင်းဖြစ်ရာကနေရရှိတဲ့ DNA နမူနာဟာ သံသယရှိသူရဲ့ DNA နမူနာနဲ့ ကိုက်ညီနေရင်တောင် အပြစ်ရှိသူလို့ တထစ်ချမပြောနိုင်ဘူးလို့ သတ်မှတ်ထားပါတယ်။ အဲဒီအစား ဖြစ်နိုင်ခြေ ဘယ်လောက်ရှိတယ်ဆိုတာကို စာရင်းအင်းဆန်ဆန် တွက်ချက်ဖော်ပြရပါတယ်။DNAနမူနာကို ရယူစုဆောင်းစဉ်မှာလည်း မသက်ဆိုင်တဲ့ DNA နမူနာတွေ ပါလာတာမျိုး၊ စနစ်တကျ မသိမ်းဆည်းမိလို့ ဓါတ်ခွဲစစ်ဆေးခြင်းမပြုခင် ပျက်စီးသွားတာမျိုးလည်း ကြုံရတတ်ပါတယ်။ ရယူတဲ့သက်သေနမူနာရဲ့ ဆဲလ်တွေပျက်စီးနေရင်လည်း စစ်ဆေးမှုပြုနိုင်မယ့် DNA အရည်အသွေးကို အပြည့်အ၀ မရနိုင်ပါဘူး။နောက်တစ်ချက်က ကုန်ကျစရိတ်များပါတယ်။ စစ်ဆေးခြင်းအဆင့်ဆင့်မှာပါဝင်တဲ့ ဓါတ်ဆေးရည်တွေ၊ စက်ကိရိယာတွေဟာ တန်ဖိုးကြီးမြင့်လှပါတယ်။မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှာ DNA ဓါတ်ခွဲခန်းတွေ အစပျိုးတည်ထောင်နေပြီ ဖြစ်ပါတယ်။ မဝေးလှတဲ့တစ်နေ့မှာ မှုခင်းဆေးပညာဆိုင်ရာ DNA စစ်ဆေးခြင်းကို မြန်မာနိုင်ငံမှာလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/forensic-dna-testing/
ပျိုပျိုမေတို့ရဲ့ ခေါင်းအစခြေအဆုံးအလှကို သံပုရာသီး နဲ့ပြင်ကြမယ်
သံပုရာသီး က ကျန်းမာရေးအတွက် အစွမ်းထက်တယ်ဆိုတာတော့ သိထားပြီး ဖြစ်မှာပါ။ တကယ်တော့ သံပုရာသီးက ကျန်းမာရေးအပြင် အလှအပ ရေးရာမှာလည်း တော်တော်လေး အသုံးဝင်တဲ့ အစွမ်းထက် အသီးတစ်မျိုးပါပဲ။ ပျိုမဒီလေးတို့ရဲ့ ဆံပင်၊ မျက်နှာက ဝက်ခြံတွေနဲ့ ချိုင်းက အမည်းတွေကို ဖယ်ရှားချင်တယ်တော့ ဆိုရင်တော့ သံပုရာသီးကို ချက်ချင်း သတိရလိုက်နော်။သံပုရာသီး တစ်အောင်စမှာ ဗီတာမင်စီဓာတ် (၉.၂) မီလီဂရမ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင်အေ၊ ဗီတာမင်အီး၊ ဗီတာမင်ကေ၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်တွေလည်း ပါဝင်ပါသေးတယ်။ သံပုရာသီးက အမည်းစက်တွေကို ကင်းစေပြီး အသက်အရွယ်ကြီးရင့်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ လက္ခဏာအရေးအကြောင်းတွေ ဖြစ်တာကိုလည်း လျှော့ချပေးပါတယ်။UVraysတွေကြောင့် အသားအရေ မညီတာကိုလည်း ထိန်းညှိပေးပါတယ်။မျက်နှာပေါ်မှာ ကြွက်သားတွေ တင်းမာမှုကြောင့် ကျုံ့ရခက်တာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါတွေကို ဖြေရှင်းပေးနိုင်တဲ့ အလှကုန်တွေထဲမှာ သံပုရာသီးအဆီ ပါဝင်ပါတယ်။ သံပုရာသီးအဆီလေး လိမ်းပေးရင်ချွေးပေါက်ကျယ်တာတွေ သက်သာစေပြီး မျက်နှာကို တင်းတင်းရင်းရင်း ဖြစ်စေပါတယ်။မိန်းကလေးတွေအတွက်တော့ချိုင်းမှာ အမည်းရှိတာက စိတ်ညစ်စရာပါ။ သံပုရာသီးမှာ ပါဝင်တဲ့ Citric acid ဟာ ဘက်တီးရီးယားတွေကို ၉၉% သေစေနိုင်ပါတယ်။ ဒါ့ပြင် အသားအရည်ကို ကြည်လင်စေပါတယ်။ သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး ချိုင်းမှာ ပွတ်လိမ်းပေးပါ။ ခြောက်သွားအောင်တော့ ထားပေးလိုက်ပါ။ ပြီးမှ ရေနဲ့ဆေးပြီးဖယ်ရှားပါ။ ချိုင်းလေး ဖြူလာမှာ ဖြစ်သလို ချွေးနံ့ ရတာတွေပါ ပျောက်သွားမှာပါ။အုန်းဆီ လက်ဖက်စားဇွန်း (၄) ဇွန်းကို မီးအပူလေး နည်းနည်း ပေးလိုက်ပါ။ ပြီးရင်တော့ သံပုရာရည် လက်ဖက်စားဇွန်း(၂) ဇွန်းနဲ့ နှံ့သွားအောင် ရောမွှေလိုက်ပါ။ ဆံပင်နဲ့ ဦးရေပြားမှာ လိမ်းပြီး (၁၅) မိနစ်လောက်ထားပါ။ နောက်မှ ခေါင်းလျှော်ရည်လေးနဲ့ လျှော်ပါနော်။ တစ်ပတ်ကို (၃) ကြိမ်လောက်လုပ်မယ်ဆိုရင် ဦးရေပြားခြောက်သွေ့တာတွေ ကင်းပြီးဗောက်လည်း ရှင်းမှာပါ။သံပုရည်ရည်နဲ့ နွားနို့ အရောအနှောက မျက်နှာကတင်းတိပ်၊ ဆားဝက်ခြံနဲ့ အသားအရေ မညီတာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ကျိုချက်ပြီးသား နွားနို့ထဲကို သံပရာရည်လေး ညှစ်လိုက်ပါ။ နွားနို့က ပူနေတယ်ဆိုရင် အအေးခံဖို့ မမေ့ပါနဲ့။ ဂွမ်းစလေးနဲ့ ယူပြီး လိမ်းပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ နှစ်ရက် သုံးရက်လောက်ဆိုရင် သိသာလာမှာပါ။ချွေးပေါက်တွေ ကျယ်တာက အရမ်းစိတ်ညစ်ဖို့ ကောင်းတယ်ဆိုတာ မိတ်ကပ်လိမ်းတဲ့ မိန်းကလေးတိုင်း သိကြမှာပါ။ ချွေးပေါက်တွေ ရှိနေရင် မိတ်ကပ်၊ သနပ်ခါးတွေ မျက်နှာမှာ ကြာကြာရှိမနေတော့ဘဲ ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ ပျက်ကုန်တော့တာပါပဲ။ ဒါတွေ မဖြစ်ဖို့ သံပုရာသီးကို အသုံးပြုနိုင်ပါတယ်နော်။ သံပုရာသီးက သဘာဝအတိုင်း ချွေးပေါက်တွေကို ကျဉ်းစေမှာပါ။ သံပုရာရည်လေးကို ညှစ်ပြီး ချွေးပေါက်ရှိတဲ့နေရာလေးတွေမှာ ပွတ်လိမ်းပေးပါ။ တစ်လလောက်ဆိုရင် ချွေးပေါက်လေးတွေ ကျဉ်းသွားတာကို မျက်ဝါးထင်ထင် တွေ့မြင်ရမှာပါ။မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်လာတာက ကိုယ့်ကို အိုမင်းသယောင် ဖြစ်စေပါတယ်။ ဒါတွေကို အလွယ်ဆုံး၊ အသက်သာဆုံးနည်းလမ်းတွေနဲ့ ပြုပြင်လို့ ရနေပါပြီ။ သံပုရာသီးကို လက်ဖက်စားဇွန်း (၄) ဇွန်းစာ အရည်ရအောင် ညှစ်လိုက်ပါ။ ဂျုံမှုန့် လက်ဖက်စားဇွန်း(၁) ဇွန်းနဲ့ ဒိန်ချဉ် လက်ဖက်စားဇွန်း (၁) ဇွန်းတို့ကို ယူပါ။ နောက်တော့ (၃) မျိုးပေါင်းပြီး ရောမွှေးပါ။ မျက်နှာအရေးအကြောင်း ရှိတဲ့ နေရာတွေမှာ လိမ်းပေးပါ။ ခြောက်အောင်ထားပြီး ရေဆေးချပါ။ ပြီးရင်အစိုဓာတ်ထိန်းခရင်မ်လေး တစ်ခုခု လိမ်းထားပါ။ တစ်ပတ်ကို (၂)ခါ လောက်ပြုလုပ်နိုင်ပြီး စိတ်ကျေနပ်စရာကောင်းတဲ့ မျက်နှာလေး ပိုင်ဆိုင်ရမှာ အသေအချာပဲနော်။ရေးသားသူ- Eaindra Kha။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/head-to-toe-beauty-benefits-of-lime/
null
null
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/bronchitis/chronic-bronchitis/
စိတ်ကစဉ့်ကလျားရောဂါ၏ တွေ့ရများသော လက္ခဏာများ
စိတ်ကစဉ့်ကလျားရောဂါဟာ အတွေ့ရများတဲ့ ပြသနာဖြစ်ပါတယ်။ လူ ၁၀၀ မှာတယောက်ခန့်ဟာ စိတ်ကစဉ့်ကလလျားရောဂါ ဖြစ်နိုင်ပါတယ်။ ဒီရောဂါဟာ ငယ်ရွယ်စဉ်မှာ ဖြစ်နိုင်ပါတယ်။ စောစောပိုင်းမှာ တွေ့ရတာတွေကို ရှေ့ပြေးလက္ခဏာလို့ ခေါ်ပါတယ်။ အဲဒီအခြေအနေမှာ အိပ်စက်မှု၊ စိတ်ခံစားမှု၊ စိတ်အား ထက်သန်မှု၊ လူမှုဆက်ဆံရေးနဲ့ တွေးခေါ်နိုင်စွမ်း စတာတွေ သိသာစွာ ပြောင်းလဲ သွားပါတယ်။ဒီရောဂါဟာ သင့်ရဲ့ အတွေးအခေါ်၊ ခံစားမှုနဲ့ ပြုမူပုံတွေကို ပြောင်းလဲစေပါတယ်။ ဖြစ်တဲ့လူတွေမှာ တွေ့ရတဲ့လက္ခဏာဟာ တယောက်နဲ့တယောက်တော့ မတူပါဘူး။ လက္ခဏာဟာ ပေါ်လိုက်ပျောက်လိုကလည်း ဖြစ်တတ်ပါတယ်။ ဘယ်သူမှာ လက္ခဏာအားလုံးကို အမြဲတမ်းတော့ ဖြစ်မနေပါဘူး။ယေဘုယျအားဖြင့် သုံးမျိုးရှိပါတယ်။– ဖြစ်တည်မှုရှိသော လက္ခဏာများ (စတင်ဖြစ်ပျက်ခြင်း)။– ဖြစ်တည်မှုမရှိသော လက္ခဏာများ (ဖြစ်ပေါ်နေသည်များ ရပ်တန့်သွားခြင်း)။– သိမြင်ခြင်းဆိုင်ရာ လက္ခဏာများ (သတင်းအချက်အလက်နှင့် ဆက်နွယ်ခြင်း)။အဲဒီလက္ခဏာတွေဟာ အသက် ၁၆နှစ်နဲ့ ၃၀ကြားမှာ စတင်ဖြစ်ပေါ်တတ်ပါတယ်။ အမျိုးသားများဟာ အမျိုးသမီးများထက် စောစီးစွာ ဖြစ်တတ်ပါတယ်။– ထင်ယောင်ထင်မှားဖြစ်ခြင်း။ များသောအားဖြင့် နားထဲမှာ အသံတွေကြားနေရပါတယ်။ ဒီအသံတွေဟာ ဘာလုပ်ရမယ်ဆိုတာ ပြောပါတယ်။ အန္တရာယ်ရှိတယ်လို့ သတိပေးနေတတ်ပါတယ်။ ကသိကအောင်ဖြစ်စရာတွေ ကြားရတတ်ပါတယ်။ အသံတွေဟာ တဦးနဲ့တဦးပြောနေသလို ဖြစ်တတ်ပါတယ်။– ယုံမှားလွန်ခြင်း။ ဒီရောဂါခံစားရသူများဟာ သူတို့ကို တစုံတယောက်က ထိန်းချုပ်ဖို့ ကြိုးစားနေတယ်၊ ရဲက နောက်ယောင်ခံလိုက်နေတယ် စသဖြင့် ခံစားနေရတတ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ တခြားသူ တယောက်ယောက်ဖြစ်နေတယ်လို့ ဥပမာ- ရုပ်ရှင်သရုပ်ဆောင်၊ သမ္မတစသဖြင့် ထင်တတ်ပါတယ်။ မိမိမှာ ကြီးမားတဲ့စွမ်းအားတွေ ရှိတယ်လို့ ထင်နေတတ်ပါတယ်။– အတွေးနှင့်အပြော ရှုပ်ထွေးခြင်း။ စိတ်ကစဉ့်ကလျား ဖြစ်သူများဟာ အတွေးတွေကို စုစည်းဖို့ ခက်ပါတယ်။ သူတို့ကို စကားပြောရင်လည်း ပြောတဲ့အတိုင်း နားမလည်ပါဘူး။ အာရုံမကပ်တာမျိုး ဖြစ်နေတတ်ပါတယ်။ သူတို့ပြောတဲ့အခါမှာလည်း စကားများဟာ အစီစဉ်တကျ ထွက်မလာတတ်ဘဲ အဓိပ္ပါယ်လည်း မဲ့နေတတ်ပါတယ်။–ခံစားမှုကင်းမဲ့ခြင်း။ ဒီလူနာမျိုးတွေကတော့ဆိုးဆိုးရွားရွားပဲ စိတ်ခံစားမှုမရှိဘဲ နေတတ်ပါတယ်။ သိပ်များများ မပြောတတ်သလို ခံစားမှုလည်း ထုတ်မပြပါဘူး။ ပြောရင်လည်း အတက်အကျ ခံစားမှုမရှိတဲ့ပုံနဲ့ ပြောဆိုတတ်ပါတယ်။–ဆုတ်ခွာခြင်း။လုပ်ကိုင်နေခြင်းအားလုံးကို ရပ်တန့်ပြီး သာသနာ့ဘောင်ဝင်သွားချင်တာမျိုး ဖြစ်ပါတယ်။–နေ့စဉ်ရုန်းကန်နေရခြင်း။ ရေချိုးဖို့၊ မိမိကိုယ်ကို ဂရုစိုက်ဖို့ကိုတောင် အဆင်မပြေ ဖြစ်နေတတ်ပါတယ်။–အစီအစဉ်မရှိခြင်း။စိတ်ကစဉ့်ကလျား ဖြစ်သူများဟာ အချိန်စာရင်းနဲ့ လုပ်ကိုင်နိုင်ခြင်း မရှိပါဘူး။ လုပ်ကိုင်နေတုန်း ရပ်တန့်ပစ်တာ၊ တခါတလေ လုပ်စရာရှိတာကို လုံးဝကို စမလုပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။သိမြင်ခြင်းဟာ သင့်ဦးနှောက်ဟာ သင်ယူခြင်း၊ ခွဲခြားခြင်း၊ သတင်းအချက်အလက်ကို အသုံးချခြင်းစတာတွေမှာ ဘယ်လိုလုပ်ဆောင်လဲ ဆိုတာပေါ် မူတည်ပါတယ်။ စိတ်ကစဉ့်ကလျားဖြစ်သူများဟာ မှတ်ဉာဏ်ပိုင်း ဆိုင်ရာမှာ ပြသနာတွေ ရှိပါတယ်။အချက်အလက် မျိုးစုံကို တချိန်တည်းမှာ ရယူနိုင်ဖို့ ခက်ပါတယ်။ ဥပမာ ဖုန်းနံပါတ်နဲ့အတူ ညွှန်ကြားမှုတခုခု ကြားရတဲ့အခါမျိုး ဖြစ်ပါတယ်။– အာရုံစိုက်ရခက်တာကြောင့် အတွေးများကို စုစည်းရခက်ပြီး ဆုံးဖြတ်ချက်တွေချဖို့လည်း ခက်ခဲပါတယ်။အာရုံကို စုစည်းရခက်ပါတယ်။ ဥပမာ ရုပ်ရှင်ကြည့်ရင်း ဖန်သားပြင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ အာရုံမရတာမျိုး ဖြစ်ပါတယ်။– ကွဲပြားသောလှုပ်ရှားပုံများ။မြင်ရတာ သက်တောင့်သက်သာ မရှိပါဘူး။ သူတို့ဟာ တူညီတဲ့ လှုပ်ရှားမှုကိုပဲ ထပ်တလဲလဲ လုပ်နေတတ်ပါတယ်။ တခါတရံမှာ နာရီပေါင်းများစွာ ကြာသည့်တိုင်အောင် လှုပ်ရှားနေတတ်ပါတယ်။ ဒါကို ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေလို့ပဲ သတ်မှတ်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%85%e1%80%89%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%bb%e1%80%ac%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%81%8f-%e1%80%90%e1%80%b1/
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို ကျန်းမာရေးနဲ့ညီညွတ်စေဖို့
အစားအစာက နေ့စဉ်ဘဝမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အရင်တုန်းကတော့တာရှည်ခံစားစရာအနေနဲ့ ငါးခြောက်၊ အသားခြောက်တွေပဲ ရှိပေမယ့် အခုနောက်ပိုင်းမှာတော့ အခြောက်ခံ၊ မှိုင်းတိုက်ထားတာတွေအပြင် တာရှည်ခံအောင် ပြုလုပ်ထားတဲ့ဆီသွတ်ဗူးတွေ၊ ပြုပြင်ထားတဲ့ အသားချောင်း၊ အသားပြားတွေကလည်း အများသားပါ။ ဒီလို အစားအစာတွေက ချက်ပြုတ်ရာ လွယ်ကူတာကြောင့် နေ့စဉ် စားသောက်မှုမှာ ကျယ်ကျယ်ပြန့်ပြန့်ကို နေရာယူလာကြပါတယ်။ ဒါတွေက အရသာရှိတာ မှန်ပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ဒါတွေတင်လားဆိုတော့ မဟုတ်သေးပါဘူး။ အသားတွေကို အဆီမဖယ်ဘဲ စားတာ၊ အရေခွံမဖယ်ဘဲ စားတာ၊ ကင်စားတာတွေကလည်း ကျန်းမာရေးနဲ့ မညီညွတ်ပြန်ပါဘူး။ ဒီတော့ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို မစားဘဲလည်း မနေနိုင်ဘူး။ ကျန်းမာရေး ထိခိုက်မှာလည်း စိုးတယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို ကျန်းမာရေးနဲ့ညီညွတ်စေဖို့ ဘယ်လိုချက်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ကျန်းမာစေဖို့ ကျန်းမာရေးနဲ့ မညီတဲ့ အစားအစာတွေကို လုံးဝရှောင်နိုင်ရင် အကောင်းဆုံးပဲဆိုပေမယ့် တစ်နေ့တာ စားသုံးမှုမှာ ဒီ  အစားအစာတွေ အားလုံးကို ရှောင်ဖို့လည်း မလွယ်ကူလှပါဘူး။ ဒီတော့ အကောင်းဆုံးဖြစ်အောင် ဖြေရှင်းနည်းကဒီအစားအစာတွေပါဝင်နေတဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံကို ဖန်တီးရုံပါ။ဒီအစားအစာတွေကို ထည့်သွင်းစားသုံတဲ့ ပမာဏ လျှော့ချပြီးကျန်းမာတဲ့ အစားအစာတွေပမာဏကို ပိုများများထည့်စားတာကလည်း နည်းလမ်းကောင်းတစ်ခုပါ။ ကျန်းမာရေးနဲ့ မညီတဲ့ အချိုဓာတ်တွေ၊ အဆီဓာတ်တွေအစား ဗီတာမင်၊ သတ္တုဓာတ်၊အမျှင်ဓာတ်တွေကို များများထည့်စားပေးတာမျိုးပေါ့။ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို ကျန်းမာရေးနဲ့ညီညွတ်စေဖို့ ဘယ်လိုစားသုံးရမလဲဆိုတာကို ပြောပြပေးသွားမှာမို့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို ကျန်းမာရေးနဲ့ညီညွတ်စေဖို့ အခုလိုလေး ချက်ပြုတ်ပေးပါ။အနီရောင် အသားတွေ ဖြစ်တဲ့ အမဲသား၊ ဆိတ်သား၊ ဝက်သားတွေ နဲ့ ဘဲသား၊ ကြက်သားကို ကင်တဲ့အခါ အရေခွံတွေကိုရော အဆီကိုရော ဖယ်ဖို့ လိုပါမယ်။ အကြောင်းကတော့ ဒီအရေခွံတွေနဲ့ အဆီတွေမှာပြည့်ဝဆီတွေနဲ့ ကိုလက်စထရောတွေ ပါဝင်နေပါတယ်။ ဒီအဆီတွေက သွေးတိုးစေနိုင်သလို အခြားကျန်းမာရေး အခြေအနေအနေနဲ့ နှလုံးရောဂါကိုပါ ခံစားရနိုင်ပါတယ်။ဒါကြောင့် အသားတွေကို ကင်ရင်ဖြစ်ဖြစ် ချက်ရင်ဖြစ်ဖြစ် အရေခွံတွေနဲ့ အဆီတွေကို ဖယ်ရှားပေးပါ။ ဒီလို ဖယ်ရှားတာကကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေကိုရော သွေးတွင်းကိုလက်စထရော တက်နိုင်တဲ့ အဆီတွေကိုပါ ဖယ်ရှားရာ ရောက်ပါတယ်။ အဆီတွေကို မချက်ခင်မှာ ဖယ်ရမှာ ဖြစ်ပါတယ်။ဒီလိုမှ မဟုတ်ရင်လည်း အဆီမပါတဲ့ အသား၊ အရေခွံ မပါတဲ့ကြက်ရင်အုံသားတွေကို ရွေးချယ်ပေးပါ။ ပြီးရင်တော့ အသားကင်တွေကို အသီးအရွက်တွေနဲ့ တွဲစားပေးပါ။ မဟုတ်ရင်တောင် ခရမ်းချဉ်သီးကို ပြုတ်ပြီး ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ ကြိတ်ခြေထည့်ထားတဲ့ အိမ်ဖျော် အချဉ်လေးနဲ့ စားပေးပါ။နေ့စဉ်စားသုံးနေကျ အစားအစာတွေထဲမှာ မပါရင်တောင် တစ်ပတ်မှာ ၂ ကြိမ်လောက်တော့ စားဖြစ်ကြပါတယ်။ မစားတာက ပိုကောင်တယ်ဆိုပေမယ့် ဒီလို စားဖြစ်တဲ့အခါ ကျန်းမာရေးကို ထိခိုက်စေတာမျိုး မဖြစ်စေဖို့ဆိုရင်တော့ ဒီပြုပြင်ထားတဲ့ အသားချောင်းတွေကို စားတဲ့အခါ ပေါင်းစားတာမျိုးက အဆင်ပြေပါတယ်။ ကြော်စားတာ၊ ကင်စားတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။နောက်တစ်ချက်က ဒါတွေကို စားတော့မယ်ဆိုရင် ကြက်သွန်ဖြူ၊ အသီးအရွက် စတာတွေကို ပါအောင် ထည့်သွင်းချက်ပြုတ် စားသုံးပေးပါ။ ဒီလို ကျန်းမာရေးနဲ့ မညီတဲ့ အစားအစာတွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအရွက်တွေနဲ့ တွဲဖက်စားသုံးပေးတာက အစာခြေစနစ်ကစလို့ သွေးပေါင်ချိန် နဲ့ သွေးတွင်း အဆီများတာအထိ အကုန်လုံးကို ကာကွယ်ရာ ရောက်မှာပါ။ဆားတွေ ဟင်းခတ်မှုန့်တွေ အများကြီး စားတာက သွေးတိုးစေနိုင်ပြီး ရေရှည်မှာနှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ခံတွင်းတွေ့စေဖို့ ထည့်တဲ့ ဆား၊ ဟင်းခတ်မှုန့်တွေကို လျှော့စားဖို့ လိုပါမယ်။ ဒါတွေကို လျှော့ထည့်လိုက်ပေမယ့် ဟင်းအရသာလည်း မလျော့စေဖို့ဆိုရင် ဆား နဲ့ ဟင်းခတ်မှုန့်တွေအစား ကြက်သွန်ဖြူ၊ ကရဝေးမှုန့်တို့လိုမျိုး ဟင်းခတ်အမွှေးအကြိုင်တွေကို စားပေးပါ။နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ပါဝင်နေတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးဖို့ အတွက် ဂျုံကြမ်းပေါင်မုန့်၊ ဆန်လုံးညို စတာတွေနဲ့ တွဲစားပေးပါ။ ဒါကြောင့် ပေါင်မုန့်ဆိုရင်လည်း ဂျုံကြမ်း ပေါင်မုန့်ကို စားပေးပါ။ အမျှင်ဓာတ် ကြွယ်ဝတဲ့ နှံစားသီးနှံတွေကို စားပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/unhealthy-foods-you-can-make-healthy/
COVID-19အကြောင်း တစေ့တစောင်း
ကိုရိုနာဗိုင်းရပ်စ်ဆိုတာ ဗိုင်းရပ်စ်အမျိုးအစားတစ်မျိုးပါ။ မျိုးစိတ်ပေါင်းများစွာရှိနေတဲ့ ဗိုင်းရပ်စ် တစ်မျိုးပေါ့။ ဒီဗိုင်းရပ်စ်ရဲ့ မျိုးစိတ်အချို့က ရောဂါဖြစ်စေနိုင်ပါတယ်။ အသစ်တွေ့ရှိထားတဲ့ ကိုရိုနာဗိုင်းရပ်စ်SARS-CoV-2ကတော့ ကမ္ဘာတလွှားမှာCOVID-19ကမ္ဘာ့ကပ်ရောဂါအသွင်နဲ့ လူသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေပါတယ်။အခုချိန်ထိ သုတေသီတွေ လေ့လာတွေ့ရှိမှု အရကတော့ ကိုရိုနာဗိုင်းရပ်စ် အသစ်က ရောဂါပိုးရှိသူကနှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါ ထွက်လာတဲ့ တံထွေးအစအနလေးတွေကနေတဆင့် ကူးစက်တာပါ။ ဒီအမှုန်လေးတွေက ခပ်ဝေးဝေးမရောက်နိုင်တာကြောင့် အနီးက အရာဝတ္ထုတွေ၊ မျက်နှာပြင်တွေအပေါ်မှာ ကျနေနိုင်ပါတယ်။ဒီဗိုင်းရပ်စ်က မျက်နှာပြင်တွေအပေါ်မှာ အချိန်အတော်ကြာ ရှင်သန်နေပြီး လူတစ်ဦးဆီကနေ တစ်ဦးဆီကို ကူးစက်တာပါ။ ဒါကြောင့် ပိုးသတ်သန့်စင်တာ၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေတာက အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။COVID-19 က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ ပင်လယစာဈေးတစ်ခုကနေ စတင်ခဲ့တယ်လို့ ယူဆထားပေမယ့် ရောဂါဖြစ်ပွားရာ ဇစ်မြစ်ကို သိရှိနိုင်ဖို့ လေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်နေဆဲပါ။အဆိုပါ ဈေးကို သွားရောက်ခဲ့တဲ့သူအချို့မှာလည်းကိုဗစ်ကူးစက်ခံရတာကို တွေ့ရှိခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ထွက်ပေါ်ခဲ့တဲ့ လေ့လာမှု ရလဒ်တစ်ခုအရတော့ ရောဂါပိုး စတင်ကူးစက်ခံရသူဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဖျားနာမှု စတင်ခံစားခဲ့ရပြီး ပင်လယ်စာဈေးနဲ့ဆက်စပ်မှုမရှိတာကို တွေ့ရပါတယ်။ ဗိုင်းရပ်စ် စတင်ဖြစ်ပေါ်ရာနေရာကို လေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်နေဆဲပါ။ရောဂါပိုး ကူးစက်ခံရပြီး ၂ရက် ကနေ ၁၄ ရက်အတွင်းမှာ ရောဂါလက္ခဏာ စတွေ့ရပါတယ်။COVID-19 ဖြစ်ပွားတဲ့အခါ။တကယ်လို့ အထက်ပါ လက္ခဏာထဲက တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး ခံစားရမယ်ဆိုရင် နီးစပ်ရာ Fever Clinic ကို အမြန်ဆုံး သွားပြပေးပါ။ လိုအပ်တဲ့ စစဆေးကုသမှုကို ခံယူပြီး ထိရောက်တဲ့ ကာကွယ်မှုတွေကို လုပ်ဆောင်ပါ။ သီးသန့်ခွဲနေပါ။COVID-19 ကို စစ်ဆေး သိရှိနိုင်ဖို့က ခက်ခဲပါတယ်။ ဒီရောဂါက တုပ်ကွေး၊ အအေးမိတာတွေနဲ့ လက္ခဏာ ခပ်ဆင်ဆင် တူနေတတ်ပါတယ်။ ဓာတ်ခွ​ြ စမ်းသပ်မှုကပဲ တိကျတဲ့ အဖြေကို ထုတ်ပေးနိုင်မှာပါ။အခုချိန်ထိ COVID-19 ကို ကုသပေးနိုင်မယ့် နည်းလမ်းရယ်လိုပ တိတိကျက မရှိသေးပါဘူး။ ကာကွယ်ဆေးတွေကို စမ်းသပ်နေဆဲပါ။  ရောဂါကို သက်သာအောင် လုပ်ဆောင်ပေးနိုင်တဲ့ နည်းလမ်းတွေပဲ ရှိပါတယ်။COVID-19 ​ကြောင့် ကမ္ဘာတလွှားမှာ သေဆုံးသူမနည်းပါဘူး။ ပြန်ကောင်းလာသူတွေလည်း ရှိပါတယ်။COVID-19 က လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမို ထိရောက်ပါတယ်။ ဒီတော့ ကာကွယ်ဆေးအတွက် ကြိုးပမ်းနေကြဆဲဖြစ်တဲ့ COVID-19  အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင်။ကိုဗစ်ကို ရင်ဆိုင်နိုင်မယ့် အကောင်းဆုံးသော နည်းလမ်းက ကိုယ်ခံအားကောင်းဖို့ပါ။ ဒါကြောင့် တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်တာ၊ အာဟာရပြည့်ဝအောင်စားတာ၊ လက်ဆေးတာ၊ မတ်ခ်တပ်တာ၊ အိပ်ရေးဝဝအိပ်တာတွေ လုပ်ပြီး ကိုယ်ခံအားကို အားဖြည့်ပါ။ စိတ်ဖိစီးမှုကို ဖြေလျှော့လို့ နေရောင်ခြည်ရဲ့ နွေးထွေးမှုကို ရယူဖို့လည်း မမေ့ပါနဲ့။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/about-covid-19/
ကျန်းမာပျော်ရွှင်စွာ ဘဝနေထိုင်နည်း
ချစ်ခင်ရတဲ့သူတွေနဲ့ သက်ဆုံးတိုင် တူတူနေချင်တဲ့ဆန္ဒရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲက နည်းလမ်းလေးတွေက ကျန်းမာပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်နိုင်စေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်မှာပါ။ကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံကိုမွေးမြူလို့ရပါတယ်။ ဒီတော့ဘာတွေလုပ်ရမလဲ ကြည့်လိုက်ရအောင်လား။(၁)ရေများများသောက်ပါ– ခန္ဓါကိုယ်က ဇီဝလုပ်ငန်းစဉ်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ရေများများသောက်ပေးပါ။ ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ခန္ဓါကိုယ် အနှံ့ကိုအောက်ဆီဂျင်နဲ့အာဟာရတွေ ပို့ဆောင်နိုင်စေဖို့ပါ။အသားအရေခြောက်သွေ့တာကင်းစေသလို ဆီးဝမ်းမှန်စေနိုင်ပါတယ်။(၂)အိပ်ရေးဝဝအိပ်ပါ– အဝလွန်တာ၊ ဆီးချိုနဲ့နာတာရှည်ပြဿနာတွေကင်းပြီးကိုယ်ခံအားကောင်းစေဖို့လုံလောက်တဲ့ အိပ်စက်ချိန်ထားရှိပေးပါ။(၃)လမ်းလျှောက်ပါ– သိပ်မဝေးတဲ့နေရာလေးတွေကို လမ်းလျှောက်သွားပေးတာကခန္ဓါကိုယ်ကျန်းမာသန်စွမ်းစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။(၄)တရားထိုင်ပါ– စိတ်ဖိစီးမှုကင်းဝေးစေပြီးကောင်းမွန်တဲ့ အိပ်စက်မှုကို ရစေနိုင်တာကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ချင်သူတိုင်း တစ်ပတ်ကို ၃ ကြိမ်လောက် တရားထိုင်ပါ။(၅)လေ့ကျင့်ခန်းလုပ်ပါ– တစ်နေ့တာမှာ ပုံမှန် ၁၀ မိနစ်လောက်လေ့ကျင့်ခန်းလုပ်ပေးတာက ကိုယ်ခံအားကောင်းစေပြီး စိတ်ရောကိုယ်ပါကျန်းမာစေမှာပါ။(၆)အသီးအနှံတွေများများစားပါ– သစ်သီးတွေမှာ ဗီတာမင် နဲ့ သတ္တုဓါတ်ကြွယ်ဝတာကြောင့်နေ့တိုင်း သစ်သီးစားပေးသင့်ပါတယ်။ ဖရဲသီး၊ တရုတ်ဇီးသီး၊ထောပတ်သီး၊ ပန်းသီး၊ သခွားမွှေး၊ ကမ္ဗလာသီး၊ ကီဝီသီး၊ မာလကာသီး၊ သင်္ဘောသီး၊ စတော်ဘယ်ရီသီးတို့ ပုံမှန်စားပေးလို့ရပါတယ်။(၇)အချိုလျှော့စားပါ– အချိုစားတာက လိုတာထက်ပိုရင် ကျန်းမာရေးပြဿနာတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်ချင်ရင်တော့ အချိုကဲတဲ့ အစားအစာတွေကိုရှောင်ပါ။(၈)ပြုပြင်ထားတဲ့အစားအစာတွေရှောင်ပါ–ပြုပြင်ထားတဲ့အစားအစာတွေက အငန်ကဲတာကြောင့်သွေးတိုးနဲ့နှလုံးရောဂါဖြစ်စေနိုင်ပါတယ်။ပြုပြင်ထားတဲ့အစားအစာတွေထဲမှာပါတဲ့ တာရှည်ခံပစ္စည်းတွေက ကင်ဆာဖြစ်စေနိုင်ပါတယ်။(၉)ဆေးလိပ်နဲ့ အရက်ဖြတ်ပါ-ဆေးလိပ် နဲ့အရက်ကကောင်းကျိုးလုံးဝမပေးတဲ့အရာတွေဖြစ်တာကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်ချင်ရင် မဖြစ်မနေစွန့်လွှတ်ဖို့ လိုပါမယ်။(၁၀) ကဖင်းတွေလျှော့ပါ-ကော်ဖီသောက်တာက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမယ့်တန်ဆေး၊လွန်ဘေးပါ။ ဒါကြောင့်ကော်ဖီအပါအဝင်ကဖင်းပါတဲ့ အချိုရည်တွေနဲ့ အခြားသောစားစရာတွေကို အများကြီးမစားပါနဲ့။ဒီအချက်လေးတွေကိုနေ့စဉ်အလေ့အထလေးတွေဖြစ်အောင် ကိုယ်တိုင်ကနေစပြီး မွေးမြူလို့ တစ်မိသားစုလုံးမှာ ကျန်းမာပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်အောင် လုပ်ဆောင်လိုက်ရအောင်လား Helloဆရာဝန်ပရိသတ်ကြီးရေ…….။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%80%9b%e1%82%8a%e1%80%84%e1%80%b9%e1%80%85%e1%80%bc%e1%80%ac-%e1%80%98%e1%80%9d%e1%80%b1/
Sunscreenကို ဘာကြောင့်လိမ်းသင့်သလဲ
ပျိုပျိုမေတို့ရေ အလှအပဆိုတာ မျက်နှာပေါ်က ကာလာစုံအလှတွေအပြင် အသားအရေရဲ့ အလှအပလည်း လိုအပ်ပါတယ်။ ဒါမှ မျက်နှာလေး လှသလို အသားအရေလေးလည်း စိုပြေပြီး လိုက်ဖက်ညီစွာ လှမှာပါ။ ဒီလို စိုပြေကြည်လင်တဲ့ မျက်နှာနဲ့ အသားအရေ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ Sunscreen ကို မေ့ထားလို့ မရဘူးနော်။ ပျိုပျိုမေတို့ရေ နေပူထဲ ထွက်တဲ့အခါတိုင်းမှာ Sunscreen လေး မဖြစ်မနေလိမ်းပါ။ နေပူထိနိုင်မယ့် ကိုယ်ရဲ့ အသားအရေနေရာရာတွေကို လိမ်းပေးပါ။ Sunscreen ဘာလို့လိမ်းသင့်တယ်ဆိုတာ Hello Sayarwon ကနေ မျှဝေလိုက်ပါတယ်။ပျိုပျိုမေတိုင်း ငယ်ရွယ်နုပျိုခြင်းနဲ့ ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ချင်ကြတာပါပဲ။ ဒါက Sunscreen လိမ်းကို လိမ်းသင့်တဲ့ အကြောင်းရင်းပါပဲနော်။ Sunscreen ဟာ တင်းတိပ်နဲ့ အရေးအကြောင်းတွေလိုမျိုး အသက်အရွယ်ကြီးရင့်မှု လက္ခဏာတွေ ပြခြင်းကနေ ကာကွယ်ပေးပါတယ်။ လေ့လာသူတွေအရတော့ အသက်(၅၅) နှစ်အောက် Sunscreen သုံးတဲ့သူတွေဟာ မသုံးတဲ့သူတွေထက် (၂၄%)လောက် အသက်အရွယ်ကြီးရင့်တဲ့ လက္ခဏာတွေ လျှော့နည်းတယ်လို့ ဆိုထားပါတယ်။Sunscreen လိမ်းတာက အလှအပအတွက်သာမက ကျန်းမာရေးအတွက်လည်း ကောင်းကျိုးသက်ရောက်စေပါတယ်။ Sunscreen နေ့တိုင်းလိမ်းပေးမယ်ဆိုရင် melanoma လိုမျိုး အရေပြားကင်ဆာ အမျိုးအစားတွေ ဖြစ်ခြင်းကတောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါဟာ အသက်(၂၀) ပတ်ဝန်းကျင်လောက်ရှိတဲ့ အမျိုးသမီးတွေအတွက်တော့ သူတို့ကို ခြိမ်းခြောက်နေတဲ့ အရေပြားကင်ဆာပါပဲ။Sunscreen ကို လိမ်းသင့်တဲ့ နောက်ထပ်အချက်တွေကတော့ Sunscreen ဟာ မျက်နှာပေါ်မှာ အညိုရောင်အကွက်နဲ့ အရေပြားအရောင်မညီခြင်းတွေ ဖြစ်ခြင်းကို တားဆီးပေးပါတယ်။ မျက်နှာပြင်ပေါ် အနီရောင်သွေးကြောတွေ ပေါ်လာခြင်းနဲ့ အသားအရေပေါ်မှာ အဖုအဖိန့်တွေ ဖြစ်ခြင်းကိုလည်း လျှော့ကျစေပါတယ်။ အိုဇုန်းလွှာက ပျက်စီးနေတာမို့ အရေပြားကို ထိခိုက်နာကျင်စေမယ့် ဓါတ်ရောင်ခြည်တွေ ခန္ဓါကိုယ်ကို မထိအောင်လည်း ကာကွယ်ဖို့ လိုအပ်ပါတယ်။Sunscreen ကို လိမ်းမယ်ဆိုရင်တော့ အနည်းဆုံး SPF 25 ပါဝင်တဲ့ Sunscreen ကို အသုံးပြုပါ။ မျက်နှာအတွက်တော့ စားပွဲတင်တစ်ဇွန်းစာလောက် လိမ်းပြီး ခန္ဓါကိုယ်အတွက်ကိုတော့ (၂) အောင်စလောက် လိမ်းပေးပါ။ ခပ်ထူထူလေးပေါ့။Sunscreen ကို မျက်နှာနဲ့ တိုက်ရိုက်ထိတွေ့ပြီး မလိမ်းပါနဲ့။ အရင်ဆုံး လက်ထဲ ညှစ်ထည့်ပြီး လက်နဲ့ နည်းနည်းချင်းစီ ပွတ်ပြီး လိမ်းပေးပါ။ ဒီလိုလိမ်းနည်းက မျက်နှာက Sunscreenကို စုပ်ယူမှု ပိုအားကောင်းစေပါတယ်။ နေပူထဲမထွက်ခင်မှာ Sunscreen ကို လိမ်းပေးပါ။ မိနစ်(၂၀) လောက် ကြိုတင်ပြီး လိမ်းထားပါ။Sunscreen လေး ပုံမှန်အသုံးပြုမယ်ဆိုရင် ကျန်းမာပြီး အပြစ်အနာအဆာ ကင်းတဲ့ အသားအရေမျိုးလေးလည်း ပိုင်ဆိုင်ရဦးမှာပါ။ ဘာလို့လဲဆိုတော့ အရေပြားမှာ ရှိဖို့လိုအပ်တဲ့ collagen၊ keratin နဲ့ elastin တွေလိုမျိုး ပရိုတင်းတွေ ရှိနေအောင် ကာကွယ်ပေးထားတာကြောင့်ပါ။ ဒီပရိုတင်းဓါတ်ဟာ အသားအရေကို ချောမွတ်ကြည်လင်စေပါတယ်။ ဝက်ခြံထွက်စေခြင်းနဲ့ နေရောင်ခြည်ဒဏ်ခံရခြင်းတွေကိုလည်း သက်သာစေပါတယ်။ဗီတာမင် ဒီ ဓါတ်ရဖို့အတွက် နေရောင်ခြည်ဓါတ် ခံကြတယ်ဆိုပေမယ့် နေရောင်ခြည် အထိလွန်တာက ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ နေရောင်ခြည်ဒဏ်ကို အဝတ်အစားတွေနဲ့ အမြဲတမ်း ဖုံးအုပ်ထားဖို့ကလည်း သိပ်တော့ မဖြစ်နိုင်ပါဘူးနော်။ လက်ရှည်မဝတ်တဲ့ အခါတွေမှာ နေရောင်ခြည်က ထိနေဦးမှာပါပဲ။ ဒါတွေကို အကောင်းဆုံး ကာကွယ်ဖို့ကတောါ Sunscreen လေး လိမ်းဖို့ပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/sunscreen%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%ac%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7%e1%80%9c%e1%80%ad%e1%80%99%e1%80%b9%e1%80%b8%e1%80%9e%e1%80%84%e1%80%b9%e1%80%b7/
ကလေးတွေကို နမ်းလိုက်ခြင်းဟာ သူတို့လေးတွေအတွက် ဘာတွေဖြစ်လာနိုင်သလဲ
အနှီးလေးနဲ့ နွေးနွေးထွေးထွေး ထုပ်ထားတဲ့ကလေးတွေနဲ့ ဝကစ်ပြီး ချစ်စရာကောင်းတဲ့ ကလေး တွေကို တွေ့လိုက်ရတဲ့ အချိန်မှာ သင့်အနေနဲ့ ပွေ့ပိုက်နမ်းရှိုက်ချင်တဲ့ စိတ်တွေ တဖွားဖွားပေါ်ပေါက်လာ မှာပါ။ သင့်အနေနဲ့ အရမ်းချစ်လွန်းလို့ သန့်သန့်ရှင်းရှင်းနမ်းလိုက်တာပါပဲ။ ဒါပေမဲ့ ကလေးတွေကို နမ်းလိုက်ခြင်းဟာ သူတို့လေးတွေအတွက် ဘာတွေဖြစ်လာနိုင်သလဲ ဆိုတာ တွေးမိရဲ့လား။ကလေးတွေကို နမ်းရှုံ့လိုက်ခြင်းဟာ မရည်ရွယ်ဘဲနဲ့ ကလေးတွေအတွက် အန္တရာယ်တွေ အများကြီးဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် နှုတ်ခမ်းနဲ့ ပါးစပ်နား တစ်ဝိုက်ကို နမ်းလိုက်ခြင်းဟာ ရောဂါပိုးမွှားတွေကို ကလေးတွေဆီ ပျံ့နှံ့စေပါတယ်။နှုတ်ခမ်းကို မနမ်းရဘူးဆိုတော့ ပါးလေးကိုရော နမ်းလို့ရနိုင်လားလို့ မေးစရာ ရှိနိုင်ပါတယ်။ ဘယ်နေရာ ဖြစ်ဖြစ်မနမ်းသင့်ပါဘူး။ ဥပမာ ကလေးတစ်ယောက်ရဲ့ လက်ကလေးကို အသည်းယားလွန်းလို့ နမ်းလိုက်တယ်ပဲ ဆိုပါစို့။ သူ့ရဲ့ လက်ကလေးတွေကို သူပြန်စုပ်တဲ့အခါ သင်နမ်းထားတဲ့ နေရာမှာရှိတဲ့ရောဂါပိုးမွှားတွေဟာ သူ့ဆီ သွယ်ဝိုက်ပြီး ကူးစက်သွားမှာပါ။မိဘတွေရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးမှုတွေဟာ မွေးကင်းစကလေးလေးတွေရဲ့ ကြီးထွား ဖွံ့ဖြိုးမှုကို များစွာ အကျိုးသက်ရောက်နိုင်ပါတယ်။ ဒါဟာ ကလေးကို တရှုံ့ရှုံ့နဲ့ နမ်းရမယ်လို့ ဆိုလိုခြင်း မဟုတ်ပါဘူး။မွေးကင်းစ ကလေးတွေဟာ ရောဂါကူးစက်လွယ်ပါတယ်။ ပြည့်စုံစွာမဖွံ့ဖြိုးသေးတဲ့ ကိုယ်ခံအားစနစ်နဲ့ ကာကွယ်ဆေး အစုံအလင်မထိုးရသေးတာကြောင့်ပါ။ သင်ကိုယ်တိုင်ဖြစ်စေ၊ အိမ်ကိုလာလည်တဲ့ အသိမိတ်ဆွေတွေထဲကဖြစ်စေ သင့်ကလေးကို ချစ်လွန်းလို့ နမ်းလိုက်သူဟာ ရောဂါပိုးရှိသူဖြစ်နေနိုင်သလို၊ ကလေးနဲ့ ဓာတ်မတည့်တဲ့ အစားအစာတွေစားထားတဲ့ သူလည်းဖြစ်နေနိုင်ပါတယ်။ကလေးကို နမ်းလိုက်ရာကနေ။(၁)ရေယုန်ပေါက်နိုင်ပါတယ်။ရေယုန်ဟာ HSV 1 ဆိုတဲ့ Herpes simplex ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ ရေယုန်ဗိုင်းရပ်စ်ရှိသူ တစ်ယောက်က ကလေးကိုနမ်းလိုက်တဲ့အခါ အလွယ်တကူ ကူးစက်သွားနိုင်ပါတယ်။ကူးစက်တဲ့အခါ အရည်ကြည်ဖုလေးတွေဟာ နှုတ်ခမ်းနဲ့ ပါးစပ်တစ်ဝိုက်မှာ အရင်ပေါက်ပါတယ်။ ပြီးရင်တော့ မျက်နှာ၊ နှာခေါင်း၊ ပါး၊ မေးစေ့နဲ့ တစ်ကိုယ်လုံးကို ပျံ့သွားနိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ကူးစက်သွားပြီဆိုရင်တော့ အခါအခွင့်သင့်တိုင်း ပြန်ဖြစ်လာနိုင်ပါတယ်။ဘာလို့လဲဆိုတော့ ဗိုင်းရပ်စ်ဟာ ခန္ဓာကိုယ်ထဲကို ရောက်တာနဲ့ တစ်သက်လုံးရှိနေတော့မှာမို့ပါ။ ဒါကြောင့် ရေယုန်ရှိသူတစ်ဦးဟာ ကလေးကို လုံးဝလုံးဝ မနမ်းသင့်ပါဘူး။(၂)အသက်ရှူလမ်းကြောင်းဆိုင်ရာအန္တရာယ်တွေဖြစ်စေနိုင်ပါတယ်။RSV ဆိုတဲ့ ဗိုင်းရပ်စ်ရှိသူတစ်ယောက်ဟာ သင့်ကလေးကို နမ်းလိုက်တဲ့အခါ ကူးစက်ခံရပြီး အဆုတ်ရောင်ရမ်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေရဲ့ လေပြွန်ဟာ လူကြီးတွေထက် ပိုမိုနုတာကြောင့် ရောင်ရမ်းပြီး နမိုးနီးယားလိုမျိုး အဆုတ်ရောင်ရောဂါကို ခံစားရမှာပါ။ လမစေ့ဘဲ မွေးတဲ့ ကလေးဆိုပိုဆိုးပါတယ်။(၃)အစာနဲ့ဓာတ်မတည့်တာမျိုးလည်းဖြစ်နိုင်ပါတယ်။အစာနဲ့ ဓာတ်မတည့်မှုဟာ ကလေးတင်မဟုတ်ဘဲ လူကြီးတော်တော်များများမှာလည်းရှိပါတယ်။ ကလေးနဲ့ ဓာတ်မတည့်တဲ့ အစားအစာမျိုး စားထားတဲ့ လူကြီးတစ်ယောက်က နမ်းလိုက်ပြီဆိုတာနဲ့ အစားအစာရဲ့ အပိုင်းအစတချို့ဟာ ကလေးဆီကို မထင်မှတ်ဘဲ ရောက်သွားနိုင်ပါတယ်။ဒါဆိုရင်တော့ ဓာတ်မတည့်တာ ဖြစ်နိုင်ပါပြီ။ နှုတ်ခမ်းနီဆိုးထားတဲ့ လူကြီးတစ်ယောက်က နမ်းရှုံ့လိုက်တာဟာလည်း ဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပါသေးတယ်။(၄)အနမ်းရောဂါ။ဒါကတော့ တံတွေးကတစ်ဆင့် ကူးစက်တဲ့ ရောဂါမို့ အနမ်းရောဂါလို့ တင်စားတာပါ။ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်များပါတယ်။ ဗိုင်းရပ်စ်ဖြစ်လို့ ကူးစက်ခံထားရသူ တစ်ယောက်ယောက်က သင့်ကလေးကို နမ်းရှုံ့လိုက်တဲ့အခါ သင့်ကလေးကိုလည်း ကူးစက်သွားနိုင်ပါ တယ်။ကူးစက်တဲ့အခါ နှာရည်ယိုခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေခံစားရမှာပါ။ ဗိုင်းရပ်ဖြစ်လို့ ကုစရာ ဆေးလည်းမရှိပါဘူး။ ကိုယ်ခံအားစနစ်နဲ့ အနိုင်တိုက်ရမှာပါ။ကိုယ်ခံအားစနစ်ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့ကလေးတွေအတွက်တော့ အန္တရာယ်များပါတယ်။ ကလေးတစ်ယောက်က တစ်ယောက်ကိုလည်း အလွယ်တကူ ကူးစက်နိုင်ပါသေးတယ်။(၆)သွားပိုးပေါက်တွေဖြစ်စေနိုင်ပါတယ်။ခံတွင်းကို ကောင်းကောင်းမထိန်းသိမ်းတဲ့သူတွေဟာ သွားပိုးပေါက်ဖြစ်စေနိုင်တယ်ဆိုတာ သိပြီး သားပါ။ တံတွေးဂလင်းကတစ်ဆင့်ကူးစက်နိုင်တဲ့ Streptococcus mutans ဆိုတဲ့ ဘတ်တီးရီးယားက သွားပိုးပေါက်ဖြစ်စေတာပါ။ဒီလို ဘတ်တီးရီးယားရှိတဲ့ လူတစ်ယောက်က သင့်ကလေးကို နမ်းရှိုက်တာကလည်း ကလေးရဲ့ သွားသေးသေးလေးတွေမှာ သွားပိုးပေါက်တွေဖြစ်စေနိုင်ပါတယ်။နမ်းရှုံ့တာတင်မဟုတ်ပါဘူး။ ထမင်းဝါးပြီးကျွေးတာလည်း လုံးဝလုံးဝမလုပ်သင့်ပါဘူးနော်။(၇)ကိုယ်ခံအားစနစ်ကိုကျဆင်းစေတယ်။ကလေးတွေဟာ အလွန်ထိလွယ်ရှလွယ်ပါတယ်။ ရောဂါအလွယ်တကူ ကူးစက်နိုင်သူတွေပါ။ အထူးသဖြင့် မွေးကင်းစ ပထမလတွေမှာပါ။ ဒါကြောင့် ကလေးကို နမ်းရှုံ့သူတွေမှာ ဖျားနာမှုတွေ၊ ရောဂါပိုးတွေရှိနေခဲ့ရင် ကူးစက်သွားနိုင်ပါတယ်။ဒါတွေကို ကာကွယ်ဖို့ဆိုရင် ကာကွယ်ဆေးထိုးဖို့လည်း အလွန်အရေးကြီးပါတယ်။ မွေးကင်းစမှစတင်ကာ ကာကွယ်ဆေး ရက်သတ္တပတ်တိုင်းမှာ ချိန်းဆိုသတ်မှတ်ထားတဲ့အတိုင်း ထိုးသင့်ပါတယ်။ မွေးကင်းစကလေးတွေကို ဂရုတစိုက် သေသေချာချာ စောင့်ရှောက်ဖို့ လိုအပ်ပါတယ်နော်။(၈)ခြေ၊လက်နဲ့ပါးစပ်ရောဂါ။ဒီရောဂါကတော့ ကလေးရဲ့ ခြေထောက်တွေ၊ လက်လေးတွေနဲ့ ပါးစပ်မှာ အနာလေးတွေပေါက်တဲ့ ရောဂါပါ။ ရောဂါပိုးရှိသူကတစ်ဆင့် ကူးစက်သွားပြီး ရောဂါဖြစ်ပွားရတာပါ။ လည်ချောင်းနာခြင်းနဲ့ အဖျားတက်ခြင်းတွေလည်း ခံစားရနိုင်ပါတယ်။အချို့သော ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေဟာ လူကြီးတွေအတွက် ရောဂါထွေထွေထူးထူး မဖြစ်ပွားစေနိုင်ပေမဲ့ ကလေးတွေအတွက်တော့ အလွန်အန္တရာယ်များပါတယ်။ဒါကြောင့် ကလေးကို နမ်းရှုံ့ထွေးပွေ့တော့မယ့်အခါမျိုးမှာ အောက်ဖော်ပြပါ အချက်တွေကို မဖြစ်မနေပြုလုပ်ပေးပါ။ ကလေးကို ချစ်လွန်းတဲ့ သင့်ရဲ့အခြားမိတ်ဆွေတွေကိုလည်း ဒီလိုအချက်တွေလုပ်ဖို့ မဖြစ်မနေတိုက်တွန်း ပေးပါ။လသားကလေးတွေကို မနမ်းတာက အကောင်းဆုံးပါ။ တချို့ရောဂါပိုးတွေက လူကြီးမှာ ဘာလက္ခဏာမှ မပြပေမဲ့ ကလေးကို ကူးသွားနိုင်ပါတယ်။ အသိမိတ်ဆွေကိုလည်း နမ်းခွင့်မပြုတာ အကောင်းဆုံးပါပဲ။ ကိုယ်တိုင်လည်း ကလေးကို နမ်းပြီးရင် နမ်းတဲ့နေရာလေးကို သန့်ရှင်းရေး လုပ်ပေးပါ။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/infectious-diseases-in-children/causes-of-dont-kiss-your-kids/
သင့်ကလေးကို စာကြည့်စားပွဲမှာ တစ်ချိန်လုံးထိုင်ကာ စာကြည့်ခိုင်းတော့မှာလား။ အန္တရာယ်များလှပါတယ်နော်
ကျောင်းက စာသင်ခန်းတွေမှာ ဆရာ ဆရာမတွေက ကလေးတွေကို ငြိမ်ငြိမ်လေး ထိုင်ခိုင်းထားပြီး စာသင်ပြနေကြတာဟာ သာမန်လုပ်ရိုးလုပ်စဉ် တစ်ခုပါ။ ကျောင်းသားတစ်ယောက်ဟာ ထိုင်ခုံမှာ ငြိမ်ငြိမ် လေးထိုင်ပြီး စာကြည့်နေခြင်းဖြင့် သေသေချာချာအာရုံစူးစိုက်နိုင်လိမ့်မယ်လို့ ထင်နေကြပါတယ်။ အရွယ် ရောက်ပြီးသူ ကျောင်းသား ကျောင်းသူတွေ (ဥပမာ၊ တက္ကသိုလ် ကျောင်းသားတွေ)ကတော့ စာလေ့လာရာမှာ အချိန်အကြာကြီးနဲ့ တစ်ဆက်တည်း မလေ့လာကြတော့ပါဘူး။ ခဏအနားယူတာမျိုး၊ မတ်တပ်ရပ် စာကျက်တာမျိုး စတာတွေလုပ်တတ်ကြပါတယ်။ ဒါပေမဲ့လည်း မူလတန်းနဲ့ အလယ်တန်း ကလေးတွေအနေနဲ့ကျတော့လူကြီးတွေ၊ ဆရာဆရာမတွေရဲ့ ထားရာနေ၊ စေရာသွားပါတယ်။ စာလေ့လာရာမှာ သူတို့အတွက် သက်တောင့်သက်သာဖြစ်စေမယ့် နည်းလမ်းတွေကို မရှာဖွေတတ်ကြသေးပါဘူး။အောက်ဖော်ပြပါ အချက်တွေက တစ်နေကုန်ထိုင်ပြီး စာသင်နေရာက ရလာနိုင်တဲ့ကျန်းမာရေး ဆိုးကျိုးတွေပါပဲ။(၁)အချိန်တော်တော်ကြာထိုင်လျက်စာကျက်နေမယ်ဆိုရင်အဝလွန်လာမှာပါ။စာတစ်ခုတည်းကို အာရုံ စိုက်စေချင်ဇောနဲ့ ကိုယ်လက်လှုပ်ရှား အားကစားတွေကို မလုပ်ခိုင်းဘဲ စာကြည့်စားပွဲနဲ့ တစ်နေကုန် မျက်နှာအပ်ထားတဲ့ ကလေးတစ်ယောက်ဟာ  ခန္ဓာကိုယ်မှာ အဆီတွေတက်လာနိုင်ပါတယ်။  ဒီလို ကလေး မှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေဟာ အဝလွန်တဲ့လူကြီး တစ်ယောက်မှာရှိတဲ့ ပြဿနာတွေနဲ့ အတူတူပါပဲ။ ယနေ့ခေတ် ကလေးတော်တော်များများဟာ ဒီလို အန္တရာယ်တွေရှိနေပါတယ်။ ဒါကြောင့် မိမိကလေးကို ဒီလိုမဖြစ်စေချင်ရင်တော့ အားကစားလှုပ်ရှားမှုတွေမှာ ပါဝင်ခိုင်းပါ။ စာပဲ တစ်ချိန်လုံး မလုပ်ခိုင်းဘဲ ဘောလုံး၊ ဝူရှူး၊ရေကူးစတဲ့ အားကစားတွေကို ပြုလုပ်ခိုင်းပါ။(၂)စာတော်သင့်သလောက်မတော်ဘဲရှိနေမယ်။ကိုယ်လက်လှုပ်ရှား အားကစားလုပ်တတ်တဲ့ ကလေးတွေဟာ အာရုံစူးစိုက်မှုအားနဲ့ မှတ်ဉာဏ် ပိုမိုကောင်းမွန်တာကို သတိထားမိနိုင်ပါတယ်။ ကလေးတွေမှာ စာတော်ခြင်း၊ မတော်ခြင်းဟာ အာရုံ စူးစိုက်နိုင်မှု အပေါ်မှာ များစွာမူတည်နေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကို တစ်နေ့မှာ မိနစ် (၃၀)သာ လုပ် ခြင်းအားဖြင့် မိမိကလေးဟာ လစဉ်ပညာရည် တိုးတက်မှုမှတ်တမ်းမှာ ထိပ်ရောက်နေမှာပါ။ ဒါကြောင့် စာသင်ကျောင်းတွေမှာ ကိုယ်လက်လှုပ်ရှားအားကစား အချိန်တွေကို စာသင်ချိန် အချိန်စာရင်းထဲ ထည့်သွင်းသင့်နေပါပြီနော်။(၃)စာကြည့်စားပွဲမှာပဲထိုင်ပြီးစာကျက်နေတာဟာစိတ်ဖိစီးမှုနဲ့စိတ်အလိုမကျခြင်းတွေကိုဖြစ်လာစေနိုင်ပါတယ်။စိတ်ဖိစီးလာခြင်းနဲ့ စိတ်ကျခြင်းတို့ဟာ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာ အဖြစ် များတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပါ။ ဒါကြောင့် တစ်နေရာတည်းမှာ စာထိုင်ကျက်နေခြင်းမျိုးကို ရှောင်ရှားပြီး ကိုယ်လက်လှုပ်ရှားအားကစား တွေကိုလည်း ပြုလုပ်ပေးပါ။ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းဟာ ဦးနှောက်ဆဲလ်အသစ်တွေကို ဖန်တီးပေးနိုင်တာကြောင့် ဦးနှောက်ကို အကျိုးများစွာ ဖြစ်ထွန်းစေနိုင်ပါတယ်။ တစ်နေ့မှာ နာရီပေါင်းများစွာ စာလေ့ လာချင်သူ ကလေးတွေအတွက် ဦးနှောက်ဆဲလ်တွေ ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ ကိုလက် လှုပ်ရှား ခြင်းကြောင့် ဦးနှောက်ထဲကို သွေးစီးဆင်းမှုများတဲ့အခါ မှတ်ဉာဏ်ကောင်းစေမှာပါ။ ဒီလိုမှမဟုတ်ဘဲ စာပဲ ထိုင်ကျက်နေရင်တော့ အဝလွန်လာမှာ၊ မကျန်းမမာဖြစ်လာမှာပါ။အားကစားလုပ်လေ့လုပ်ထရှိတဲ့ အကျင့်ကောင်းတစ်ခုရဲ့ နောက်ဆက်တွဲကတော့ အခြားသောအလေ့အကျင့်ကောင်းတွေကိုပါ ယှဉ်တွဲရှိလာနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ရေပုံမှန်ချိုးခြင်း၊တစ်ကိုယ်ရေ သန့်ရှင်းနေခြင်း နဲ့ အာဟာရရရှိပြီး ကျန်းမာတဲ့ အစားအသောက်တွေကို စားလာခြင်းစတဲ့ အကျင့်ကောင်းတွေကို ဆက်လက်ပြုလုပ်လာမှာပါ။ အားကစားလုပ်ခြင်းကြောင့် ရေကိုလည်း ပုံမှန်ထက်ပိုမိုသောက်သုံးလို့ ရေဓာတ်ပြည့်ဝလာမှာပါ။ တစ်နေကုန် ထိုင်ရာကမထဘဲ စာသင်နေရတဲ့ ကလေးကတော့ အိမ်ရောက်တဲ့အခါ အင်တာနက် (ဖေ့စ်ဘွတ်)ကို အမိအရ သုံးဖြစ်မှာပါ။ အကျင့်ဆိုးတစ်ခုရဲ့ နောက်ဆက်တွဲ မကောင်း တဲ့ အလေ့အကျင့်ပါပဲ။အချုပ်အားဖြင့်ဆိုရမယ်ဆိုရင်တော့ သင့်ကလေးကို အချိန်ပြည့် စာကြည့်စားပွဲပေါ်မှာ ထိုင်ခိုင်းတဲ့အခါ ကျန်းမာရေးဘေးထွက်ဆိုးကျိုး တွေဖြစ်လာမှာပါ။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားအားကစားလေးတွေ၊ ခေတ္တနားတဲ့ကြားအချိန်လေးတွေယူကာ သင်ကြားမှုစနစ်ကို ပြင်ဆင်လိုက်ပါနော်။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-growth-development/%e1%80%9e%e1%80%84%e1%80%ba%e1%80%b7%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%85%e1%80%ac%e1%80%80%e1%80%bc%e1%80%8a%e1%80%ba%e1%80%b7%e1%80%85%e1%80%ac%e1%80%b8%e1%80%95/
Bronchiolitis (အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း )
အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်းသည်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ဖြစ်လေ့ရှိသည့် အဆုတ်ပိုးဝင်ရောဂါပြီး ဆောင်းရာသီတွင် အဖြစ်များပါသည်။အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ၏ရောဂါလက္ခဏာများသည် အအေးမိခြင်းကဲ့သို့ပင် ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်း၊ နှင့် အသက်ရှုကျပ်လာခြင်းတို့ တခါတရံဖြစ်နိုင်သည်။ ထိုသို့ဖြစ်လျှင် တခါတရံတွင် ရက်သတ္တပတ်အနည်းငယ်မှ လအထိကြာမြင့်နိုင်ပါသည်။အများစုသော ကလေးများသည် အိမ်မှာနေပြီး အားမွေးလျှင်ပျောက်ကင်းသွားသော်လည်း အချို့မှာ ဆေးရုံတင်ရန်လိုအပ်သောအခြေအနေများ ဖြစ်လာနိုင်ပါသည်။အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ၏နောက်ဆက်တွဲဆိုးကျိုးများမှာ။အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း သည် အလွန်အဖြစ်များသောရောဂါဖြစ်ပါသည်။ ကလေးငယ်များနှင့် ၁ နှစ်အောက်ကလေးများတွင် အဖြစ်များသော်လည်း အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။သို့သော် ရောဂါဖြစ်စေသောအကြောင်းများကို သေချာစွာသိလျှင် ကာကွယ်နိုင်သောကြောင့် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။တွေ့ရလေ့ရှိသော ရောဂါလက္ခဏာများမှာ။အထက်တွင်မဖော်ပြထားသော လက္ခဏာများကျန်နေနိုင်ပါသေးသည်။ ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။အောက်ပါ လက္ခဏာများရှိပါက ဆရာဝန်ထံသွားပြသင့်သည်။အကယ်၍ ကလေးသည် ၁၂ ပတ်အောက်ငယ်ပြီး လမစေ့ဘဲမွေးခြင်း၊ နှလုံးနှင့်အဆုတ်ရောဂါများရှိခြင်း စသည့်အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်းကိုဖြစ်နိုင်စေသောအချက်များနှင့် တွဲနေပါက ဆရာဝန်ထံသွားပြရန် ပို အရေးကြီးပါသည်။အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်းသည် သင့်အဆုတ်တွင်းရှိအသေးငယ်ဆုံးသော လေပြွန်များထဲသို့ ဗိုင်းရပ်ပိုးများ ကူးစက်ဝင်ရောက်ခြင်းကြောင့်ဖြစ်ရပါသည်။ထိုအခါ လေပြွန်ငယ်လေးများသည်ရောင်ရမ်းလာပြီး အသက်ရှုလမ်းကြောင်းတွင် ချွဲများပိတ်လာကာ အဆုတ်ထဲသို့ လေအဝင်အထွက်ခက်ခဲလာခြင်းဖြစ်ပါသည်။အများစုသည် RSV အသက်ရှုလမ်းကြောင်းဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရပြီး ထိုဗိုင်းရပ်စ်အမျိုးအစားသည် အသက် ၂ နှစ်မှစပြီး ကူးစက်လေ့ရှိသော အမျိုးအစားဖြစ်ပါသည်။သို့သော် ရာသီတုပ်ကွေးနှင့် အအေးမိခြင်းကိုဖြစ်စေသော အခြားသော ဗိုင်းရပ်စ်ပိုးများကြောင့်လည်း လေပြွန်ရောင်ရောဂါဖြစ်စေပါသည်။ RSV ဗိုင်းရပ်စ်သည် မျိုးကွဲ ၂မျိုးရှိသည့်အတွက် ကလေးငယ်များအနေနှင့် နောက်တခါပြန်ကူးစက်ခံရနိုင်ပါသည်။လေပြွန်ရောင်ရောဂါဖြစ်စေသောဗိုင်းရပ်စ်များသည် အလွယ်တကူပြန့်နှံ့တတ်ပါသည်။ နေမကောင်းဖြစ်နေသူကနှာချေခြင်း၊ ချောင်းဆိုးခြင်း၊ စကားပြောခြင်းမှ ထွက်လာသောလေထဲရှိအမှုန်များမှတဆင့်ကူးစက်နိုင်ပါသည်။အရာဝတ္ထုပစ္စည်းများ၊ မျက်နှာသုတ်ပဝါနှင့် အရုပ်များကို မျှဝေသုံးစွဲခြင်း နှင့် ထိုအရာများကိုထိပြီးနောက် မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို ထိမိခြင်းတို့မှ ဗိုင်းရပ်စ်ပိုးများ ကူးစက်နိုင်ပါသည်။အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ကိုဖြစ်နိုင်စေသော အကြောင်းများမှာ အောက်ပါတို့ဖြစ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း သည် ပုံမှန်အားဖြင့် ကလေးငယ်များကိုကြည့်ပြီး အဆုတ်ကို နားကျပ်ဖြင့်နားထောင်ခြင်းအားဖြင့် သိရှိနိုင်သော်လည်း ပိုမိုပြင်းထန်းသော အခြေအနေများတွင်မူ အောက်ပါစစ်ဆေးမှုများကို လုပ်ဆောင်ရပါသည်။ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းဖြင့် နမိုးနီးယားအဆုတ်ရောင်ရောဂါ လက္ခဏာများကို သိနိုင်သည်။သင့်ကလေး၏ချွဲကို စစ်ဆေးခြင်းဖြင့် အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်းဖြစ်စေသော ဗိုင်းရပ်စ်များကို သိနိုင်သည်။ နှာခေါင်းထဲသို့ တို့ဖတ်ကို ဖြေးညှင်းစွာထဲ့ပြီး ချွဲကိုယူနိုင်သည်။သွေးစစ်ခြင်းဖြင့် သင့်ကလေး၏သွေးထဲတွင်ရှိသော သွေးဖြူဥပမဏနှင့် အောက်ဆီပမာဏကို သိရှိနိုင်သည်။အစားအသောက်ကို ငြင်းပယ်ခြင်း၊ အန်ခြင်း တို့သည်ရေဓါတ်ကိုခမ်းခြောက်စေသည်။ ထို့ပြင် မျက်တွင်းများချိုင့်နေခြင်း၊ ကလေးသည်တက်ကြွမှုမရှိခြင်း၊ အသားအရေနှင့် ပါးစပ်များခြောက်သွေ့ခြင်း နှင့်ဆီးသွားနည်းခြင်း ၊ ဆီးမသွားခြင်းတို့သည် ရေဓါတ်ခမ်းခြောက်သောလက္ခဏာများ ရှိမရှိ သင့်ဆရာဝန်ကမေးမြန်းလိမ့်မည်။အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ကြောင့်ဖြစ်သောလက္ခဏာများကို သက်သာအောင်ကုသပေးရန်လိုအပ်ပါသည်။ ရေဓါတ်ခန်းခြောက်မှုကိုကာကွယ်ရန် ရေများများသောက်ပါ။နှာခေါင်းပိတ်နေပါက လေစုပ်ဘောလုံးငယ်ဖြင့် နှာရည်နှင့် ချွဲများကိုစုပ်ပေးနိုင်သည်။ အဖျားကျစေရန်acetaminophen,ibuprofenစသည့်ဆေးများတိုက်နိုင်သည်။ Aspirin ဆေးကို အသက်၂၀ အောက်တွင် မိမိသဘောဖြင့်မတိုက်ပါနှင့်။ ကလေးငယ်များတွင် ဦးနှောက်ရောင်ခြင်းနှင့် ပက်သက်သောရောဂါစု(Reye’s Syndrome)ဖြစ်တတ်သည်။ထို့ပြင်ချောင်းဆိုးပျောက်ဆေးနှင့် အအေးမိပျောက်ဆေးများကို ဆေးကောင်းတာတွင် အလွယ်တကူရနိုင်သော်လည်း ဝယ်မတိုက်သင့်ပါ။ သင့်ကလေး၏လုံခြုံမငအတွက် သင်တိုက်သောဆေးများ၏ ဆေးအညွှန်းများကို သေချာစွာဖတ်ရှုသင့်သည်။သင့်ကလေးတွင် ဓါတ်မတည့်ခြင်းများရှိပါက အသက်ရှုလမ်းကြောင်းရှိပြွန်ငယ်များကို ကျယ်စေသောရှုဆေးများကို ဆရာဝန်ကညွှန်ကြားလိမ့်မည်။ရောဂါပိုမိုပြင်းထန်သောသူများသည် ဆေးရုံတက်ပြီး အောက်ဆီဂျင်ရှုခြင်း နှင့် အခြားသောလိုအပ်သော ကုသမှုများခံယူရမည်ဖြစ်သည်။သင့်ကလေး၏ အခန်းထဲရှိလေသည် ခြောက်သွေ့နေပါက ရေငွေ့ပေးစက်များ၊ စိုထိန်းဆပေးသော စက်များတပ်ဆင်ပေးထားခြင်းဖြင့် ချွဲကျပ်ခြင်း ကိုလျှော့ချပေးနိုင်သည်။ သို့သော် ထိုစက်များကို ဘက်တီးရီးယား နှင့် မှိုစွဲခြင်းတို့မဖြစ်စေရန် သန့်ရှင်းရေးလုပ်ပေးသင့်သည်။မတ်မတ်နေခြင်းသည် အသက်ရှုရပိုကောင်းစေသည်။ရေဓါတ်ခန်းခြောက်မှုမှကာကွယ်ရန် ရေနှင့် ဖျော်ရည်မျာကို များများတိုက်ပါ။သင် ထပ်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/bronchiolitis-%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%b9%e1%80%b1%e1%80%9c%e1%80%bb%e1%80%95%e1%80%bc%e1%80%94%e1%80%b9%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%b1/
အကောင်းမြင်ခြင်းက စိတ်ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်နေသလဲ
အကောင်းမြင်ခြင်းက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေသလဲ ….. သင်ဖြစ်ချင်တဲ့အတိုင်းဖြစ်မလာတဲ့အခါ ဘာကြောင့်များမဖြစ်ရတာလဲလို့တွေးမိတဲ့အခါမျိုးမှာ ဖြစ်ပျက်နေတဲ့ အရာတိုင်းဟာ ကိုယ်စိတ်ထဲကရှိနေတဲ့ အရာတွေအတိုင်းဖြစ်လာတတ်တယ်ဆိုတာကို သတိရပေးပါ။အဖြစ်အပျက်တွေကကိုယ့်အတွေးတွေအတိုင်း စိတ်ကလုပ်ဆောင်ဖြစ်ပျက်နေတာပါပဲ။ မိမိရဲ့ အတွေးတွေက မိမိရဲ့ဘဝအပေါ် နည်းလမ်းမျိုးစုံနဲ့တိုက်ရိုက်လွှမ်းမိုးသက်ရောက်မှုရှိနေပါတယ်။စိတ်ပိုင်းဆိုင်ရာ ကျန်းမာတဲ့သူတစ်ဦးဟာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ အခြားသောစိတ်ပိုင်း ဆိုင်ရာ အပျက်သဘောဆောင်မှုတွေကနေ ရုန်းထွက်လွတ်မြောက်နိုင်ကြပါတယ်။ အကောင်းမြင်တတ်သူတွေက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်ခံစားရတာမျိုး နည်းပါးသလို ကိုယ်ခန္ဓာပိုင်းမှာလည်း ရောဂါကြီးကြီးမားမား ခံစားရတာမျိုးမရှိပါဘူး။ အကောင်းမြင်တဲ့စိတ်ထားက စိတ်ရှုပ်ထွေးပြီး စိတ်ထိခိုက်နေသူတွေအတွက် ကုသမှုတစ်ရပ်ပဲဖြစ်ပါတယ်။အကောင်းမြင်ခြင်းက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာ အထောက်အကူပြုနိုင်ပါတယ်လို့ သိပ္ပံနည်းကျ လေ့လာမှုတွေမှာ အထောက်အထားတွေတွေ့ရှိခဲ့ရပါတယ်။ အကောင်းမြင်ခြင်းက ယုံကြည်မှု ပိုမိုရရှိစေပြီး စိတ်ခံစားမှုကိုလည်း တိုးတက်ကောင်းမွန်စေတဲ့အပြင်သွေးတိုးရောဂါ၊ စိတ်ဓာတ်ကျခြင်း နဲ့ အခြားသော စိတ်ဖိစီးမှုနဲ့ပတ်သက်တဲ့ ဝေဒနာတွေဖြစ်ပေါ်ခံစားရနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အကောင်းမြင်စိတ်ကြောင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူးလေးတွေကို သိရှိနိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်။အကောင်းမြင်ခြင်းက စိတ်ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်နေသလဲ ဆိုတော့။သေလုဆဲဆဲဖြစ်နေတဲ့သူတွေ (သို့) အရမ်းကို နာမကျန်းဖြစ်နေတဲ့သူတွေ သူတို့ဘဝမှာ ဒုတိယအကြိမ် ထမြောက်ရှင်သန်ခွင့်ရခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်ဆန်းတွေကို  ကြားဖူးကြမယ်ထင်ပါတယ်။ တစ်ခါတလေမှာ သေလုဆဲဆဲ အနေအထားကနေ ပြန်လည်ရှင်သန်လာရတဲ့အကြောင်းအရင်းက ရှင်းပြဖို့ တော်တော်ခက်ခဲလှပါတယ်။ ဒါကလည်း လူနာတွေရဲ့ ဆိုးရွားလှတဲ့ အနေအထားတွေကနေ လွတ်မြောက်လိုတဲ့ဆန္ဒ နဲ့ အသက်ရှင်လိုစိတ်ပြင်းတာတွေက အဓိကအရင်းခံအကြောင်းအရင်းတွေဖြစ်ကြပါတယ်။ သူတို့အနေနဲ့ အကောင်းမြင်စိတ်ထားမယ်ဆိုရင် သူတို့က ဆက်လက်ရှင်သန်နေမှာပဲဖြစ်ပါတယ်။သိပ္ပံနည်းကျ ဖြေရှင်းချက်တွေအရ အကောင်းမြင်တဲ့ စိတ်ကူး တစ်ရပ်၊ အကောင်းမြင်တဲ့စိတ်ကူးလေးတစ်ခုလောက်တွေးတောလိုက်တာက ဦးနှောက်တွင်းကဆဲလ်တွေက ခန္ဓာကိုယ်တစ်ခုလုံးက ဆဲလ်တွေကို အကောင်းမြင်စိတ်သဘောထားကို တုံ့ပြန်ဖို့ သတင်းပို့လိုက်ပါတယ်။ စွမ်းအင်ပြည့်ဝသွားတဲ့ စိတ်ဆန္ဒက အရာရာကို လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။တခါတလေ စိတ်ခံစားချက်ဆိုတာက တကယ်ဖြစ်နေတာမှမဟုတ်ဘဲ အရေးမကြီးပါဘူးလို့ တွေးကောင်းတွေးမိနိုင်ပါတယ်။ ဥပမာပြောပြရရင် သင်မအီမသာခံစားရတဲ့အခါ သင်ဖျားနေပြီဆိုတာကို သင့်စိတ်ကပြောပြနေတာမျိုး ဖြစ်နိုင်ပါတယ်။ အမှန်က သင့်အနေနဲ့ တအားပင်ပန်းနေပြီး အနားယူဖို့လိုအပ်နေတာကို စိတ်ထဲက သိနေတဲ့သဘောပါပဲ။ တကယ့်ကို ဖျားသွားတာမျိုးတော့မဟုတ်သေးပါဘူး။ နေမကောင်းဖြစ်ချင်တာလား၊ နေကောင်းချင်တာလားဆိုတာက သင့်စိတ်တိုင်းကျရွေးချယ်မှုအပေါ်မှာ မူတည်လို့နေပါတယ်။ အရာအားလုံးက စိတ်ကတွေးတောကြံဆတဲ့အတိုင်းဖြစ်နေတာပါ။အဆိုးမြင်တဲ့စိတ်ကူးက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကို အားလုံးသိထားပြီးဖြစ်မှာပါ။ စိတ်ဖိစီးမှုတွေက စိုးရိမ်ပူပန်မှုတွေကို ဖြစ်စေပြီး ရှိပြီးသား စိုးရိမ်ပူပန်မှုတွေကိုလည်း ပိုဆိုးစေပါတယ်။ ကြီးမားတဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို ဖြစ်ပေါ်စေပါတယ်။ အဆိုးမြင်စိတ်ကူးက စိတ်ထဲမှာ အကြိမ်ကြိမ်ပေါ်ပေါက်လာတဲ့အခါ လူရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုအပိုင်းမှာ ဆိုးကျိုးသက်ရောက်တာမျိုးတွေရှိလာမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေကပဲ စိတ်မူမမှန်တာနဲ့ စိတ်ရောဂါတွေကို ဖြစ်စေနိုင်တာဖြစ်ပါတယ်။လူတွေအသိစိတ်ပျောက်သွားတယ်။ ရူးသွားတယ်ဆိုတယ်ဆိုတာမျိုးတွေ ကြားဖူးမှာပါ။ အဆိုးမြင်လွန်းတဲ့ အတွေးတွေ စိတ်ထဲပြည့်နှက်သွားတဲ့အခါ အဆိုးမြင်စိတ်တွေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့တာကြောင့် အသိစိတ်ပျောက်တာတွေ၊ ရူးသွပ်တာတွေဖြစ်လာရတာဖြစ်ပါတယ်။ သင်တို့မှာလည်း စိုးရိမ်စရာတွေရှိနေရင် ကိစ္စကြီးကြီး ၊ ငယ်ငယ်အရမ်းကြီးတွေးတာမျိုးမလုပ်ပါနဲ့။စိုးရိမ်စရာတွေကို တအားကြီးတွေးနေမယ့်အစား ဘယ်လိုဖြေရှင်းရမလဲဆိုတာနဲ့ ဘယ်လိုရင်ဆိုင်ကျော်လွှားရမလဲဆိုတဲ့နည်းလမ်းတွေကိုပဲတွေးပါ။ အကြွေးတွေ တင်နေတယ်ဆိုပါစို့။ ပြဿနာကိုဖြေရှင်းနိုင်မယ့် နည်းလမ်းမရှိဘူးလို့ ဘယ်တော့မှမတွေးပါနဲ့။ အဲ့လိုမျိုးတွေးတာက အထောက်အကူမရဘဲ တစ်ပူပေါ်တစ်ပူဆင့်ပြီး စိုးရိမ်စရာပဲတိုးလာပါလိမ့်မယ်။ ပြဿနာတိုင်းမှာ အဖြေရှိပါတယ်။အကောင်းမြင်တာက ပိုပြီး ကျိုးကြောင်းဆီလျော်တဲ့  စဉ်းစားဆင်ခြင်နိုင်မှုကိုရရှိ စေနိုင်ပြီး ဆုံးဖြတ်ချက် ချမှတ်မှုတွေမှာ အထောက်အကူပြုပါတယ်။ စိတ်က ခိုင်မာတဲ့ စိတ်ကူးတွေကို တွေးတောမယ်ဆိုရင် ဆုံးဖြတ်ချက်က ကျိုးကြောင်းညီညွတ်ပြီး ထိရောက်မှုရှိတဲ့ ဆုံးဖြတ်ချက်မျိုးကိုချမှတ်နိုင်မှာဖြစ်ပါတယ်။မိနစ်အနည်းငယ်လောက်ပဲ ကောင်းမွန်တဲ့ခံစားချက်လေးတွေရရှိပြီးရင် အကောင်းမြင်စိတ်ရဲ့ အကျိုးကျေးဇူးကို ရရှိမှုက အဆုံးမသတ်ပါဘူး။ အကောင်းမြင်စိတ်ရဲ့ အကြီးမားဆုံးသော အကျိုးကျေးဇူးက အရည်အသွေးတွေ တည်ဆောက်နိုင်စွမ်းကိုဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်။အကောင်းမြင်စိတ်က ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တာကြောင့် အကောင်းမြင်စိတ်ကို ပျိုးထောင်နိုင်မယ့် အယူအဆလေး ၃ ရပ်ကိုမျှဝေပေးလိုက်ပါတယ်။တရားထိုင်ပါ။နေ့စဉ် တရားထိုင်တာက အကောင်းမြင်စိတ်ကူးကို ပိုမိုရရှိစေပါတယ်။ တရားပုံမှန်ထိုင်တဲ့ သူတွေက အဖိုးတန်တဲ့ ရေရှည်အရည်အသွေးတွေကို ဖော်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ လေ့လာမှုတွေ လုပ်ဆောင်ပြီးတဲ့နောက်မှာတော့ နေ့စဉ်တရားထိုင်သူတွေက စိတ်တညငြိမ်သလို၊ လူမှုဆက်ဆံရေးမှာလည်း အထောက်အပံ့ရရှိစေတဲ့အပြင် နာမကျန်းဖြစ်မှုတွေကိုပါ ကျဆင်းစေနိုင်ပါတယ်။စာရေးပါ။လေ့လာမှုတစ်ရပ်မှာ အုပ်စု ၂ စုခွဲပြီး တစ်စုကို တစ်နေ့တာမှာတွေ့ကြုံခဲ့ရတဲ့ ကောင်းမွန်တဲ့ အတွေ့အကြုံတွေ ကို ၃ ရက်ဆက်တိုက်ရေးချခိုင်းပါ။ နောက်တစ်ဖွဲ့ကိုတော့ အခြားအကြောင်းအရာတွေကိုပဲ ရေးခိုင်းခဲ့ပါတယ်။၃ လကြာတဲ့အခါမှာတော့ ကောင်းမွန်တဲ့ အတွေ့အကြုံကို ချရေးတဲ့သူတွေက စိတ်ခံစားမှုပိုမိုကောင်းမွန် လာတာကိုတွေ့ရှိသလို နာမကျန်းဖြစ်တာလည်းလျော့ပါးသွားတာကိုတွေ့ရှိခဲံရပါတယ်။စိတ်ဝင်စားတဲ့ အားကစားတစ်ခုခုကိုလုပ်ပေးပါ။ (ကစားပေးပါ။)။တစ်နေ့တာအချိန်ထဲမှာ အစည်းအဝေးတက်တာ၊ လုပ်ငန်းဆောင်တာတွေလုပ်ဆောင်တာနဲ့ အပတ်စဉ်လုပ်ငန်းတွေလုပ်ဆောင်တာအပြင် နေ့စဉ်လုပ်ငန်း ဆောင်တာတွေအတွက် အချိန်ခွဲဝေသတ်မှတ်မှုထဲမှာ ကသားရမယ့်အချိန်ကိုလည်း ထည့်သွင်းသတ်မှတ် ပေးပါ။သင့်ကိုယ်သင် ရယ်မောပြုံးရွှင်ချိန်ပေးပြီး အကောင်းမြင်စိတ်ရဲ့ ကောင်းကျိုးကို ခံစားလိုက်ပါ။ အားကစား တစ်ခုခုလုပ်ဖို့ ဒါမှမဟုတ် စိတ်ဝင်စားတဲ့ ကစားနည်းတစ်ခုခုကိုလုပ်ဖို့ အချိန်ပေးလိုက်တာက အရည်အချင်းသစ်တွေ တိုးတက်ရရှိစေပြီး ပျော်ရွှင်မှုကိုလည်း ရရှိစေမှာဖြစ်ပါတယ်။တစ်နေ့တာလုံးမှာ အကောင်းမြင်စိတ်လေး ဖြစ်ပေါ်နေစေဖို့ဆိုရင် အရာရာအဆင်ပြေနေမှာဖြစ်ပါတယ်။ မနက်ခင်းမှာ စတင်တဲ့ပုံစံက တစ်နေ့တာလုံးအပေါ်အကျိုးသက်ရောက်မှုရှိနေစေမှာဖြစ်တာကြောင့် မိုးလင်း အိပ်ရာကနိုးထလာစဉ်ကတည်းက စိတ်ကို ကြည်လင်နေအောင်ထားရှိရမှာဖြစ်ပါတယ်။ မိမိကိုယ် မိမိမှန်ထဲမှာကြည့်ပြီး ဒီနေ့က ကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်မှာပါလို့ ပြောလိုက်ပါ။ တစ်နေ့တာလုံး ကောင်းတာတွေဖြစ်လာမှာပါလို့ ရေရွတ်ပေးပါ။နေ့တိုင်းနီးပါးလောက် တွေ့ကြုံနေရတာက အခက်အခဲမရှိဘဲ တစ်နေ့တာ မပြီးဆုံးသွားတာပဲ ဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့နေ့ရယ်ဆိုတာက မရှိသလောက်ကိုရှားပါတယ်။ စိန်ခေါ်မှုတစ်ရပ်နဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမျိုးမှာလည်း ပြဿနာအခက်အခဲထဲကနေ အမြတ်ရအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ဥပမာပြောပြရရင် ကားလမ်းပိတ်လို့ သွားလို့လာလို့မရဖြစ်နေတဲ့အခါမျိုးမှာ အကြိုက်ဆုံးသီချင်းကို နားထောင်တာမျိုးဖြစ်ဖြစ်၊ ကိုယ်စားချင်တဲ့ အစားအသောက်တစ်ခုခုကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို ဖတ်ရှုတာမျိုးဖြစ်ဖြစ်လုပ်ပါ။ ဒါမှမဟုတ် ကိုယ့်အတွက် အသိအမြင်အသစ်တစ်မျိုးမျိုး တိုးစေမယ့် ကိစ္စတစ်ခုခုကို လုပ်ဆောင်ပေးပါ။ဆိုးဝါးလှတဲ့ အခြေအနေတွေနဲ့ တွေ့ကြုံရတဲ့အခါမှာပဲဖြစ်ဖြစ်၊ အကောင်းဆုံးကြိုးစားခဲ့ရက်နဲ့ ရှုံးနိမ့်ခဲ့တာမျိုးပဲဖြစ်ဖြစ် စိတ်ဓာတ်မကျဘဲ အဆိုးဆုံးအနေအထားကို နောင်တစ်ချိန်မှာ ဟာသလေးနှောပြီး ပြောနိုင်ဖို့ ကြိုးစားပါ။ ဒီအခြေအနေက နောက်ပိုင်းမှာ ကိုယ့်အတွက်ကောင်းမွန်တဲ့ ဖြစ်ရပ်တစ်ခုအဖြစ်ကျန်ရှိနေစေအောင် လုပ်ဆောင်ပြီး အားအဖြစ်  မွေးမြူအသုံးချပါ။လူတိုင်းမပြည့်စုံနိုင်ပါဘူး။ အမှားကင်းတဲ့လူရယ်လို့ မရှိပါဘူး။ အမှားတွေကနေ သင်ခန်းစာတွေရယူပါ။ အမှားပေါ်မှာ အာရုံစိုက်နေမယ့်အစား အမှားထဲကနေသင်ခန်းစာယူပြီး နောက်တစ်ခါမမှားအောင် လုပ်ဆောင်ပါ။ပစ္စုပန်ဆိုတဲ့နေရာမှာ ဒီနေ့၊ ဘယ်အချိန်ရယ်လို့ ပြောနေတာမဟုတ်ပါဘူး။ လက်ရှိဖြစ်နေတဲ့ အခြေအနေအထားပေါ်မှာအာရုံစိုက်ထားပြီး အကောင်းဆုံးဖြစ်အောင်ဖန်တီးပါ။မိမိပတ်ဝန်းကျင်ကို အပြုသဘောဆောင်တဲ့သူတွေနဲ့ ဖန်တီးတည်ဆောက်ပါ။ အပြုသဘောဆောင်တဲ့ အကြောင်းအရာတွေနဲ့ သဘောထားတွေက ကောင်းမွန်တဲ့အရာတွေကို ဖြစ်ပေါ်စေပါတယ်။ အကောင်းမြင်တဲ့သူတွေနဲ့ မိမိပတ်ဝန်းကျင်ကို ဖန်တီးဖို့ဆိုတာက သိပ်မလွယ်ကူလှဘူးဆိုပေမယ့် အဆိုးမြင်တဲ့သူတွေနဲ့ မပေါင်းမိအောင်တော့ နေသင့်ပါတယ်။ ဒါမှသာ ဘဝမှာ အကောင်းဆုံးသောအရာတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/benefits-of-a-positive-mindset/
ကျောင်းသင်ခန်းစာတွေမှာ လိင်အသိပညာကို ထည့်သွင်းသင်ကြားသင့်နေပြီလား
စာသင်ကျောင်းတွေမှာ သင်ကြားတဲ့ ကျောင်းသင်ခန်းစာတွေမှာလိင်ပညာပေး သင်ခန်းစာတွေကို ထည့်သွင်းသင်ကြားဖို့ ဘာကြောင့် အရေးကြီး သလဲဆိုတာ ပြောပြပေးပါမယ်။(၁)      အသက်အရွယ်မပြည့်သေးသူအမျိုးသမီးငယ်လေးတွေမှာ ကိုယ်ဝန်ရှိလာပြီး ကျောင်းထွက် ရတဲ့ကိစ္စတွေ အဖြစ်များလာပါတယ်။ အသက်မပြည့်သေးတဲ့အတွက် စဉ်းစားဉာဏ် လုံလောက်စွာ မဖွံ့ဖြိုးသေးတဲ့အတွက်ကြောင့်ပါ။ဒါ့အပြင် အရွယ်မတိုင်ခင်လိင်မှုကိစ္စပြုလုပ်ခြင်းကြောင့် ဘယ်လို အကျိုးဆက်တွေဖြစ်လာနိုင်သလဲ ဆိုတာ သူတို့ နားမလည်သေးလို့ပါ။ ကိုယ်ဝန်ရှိပြီး ကျောင်းထွက် ရမယ်ဆိုတာကိုလည်း ကြိုတင်မျှော်မှန်းထားပုံမရပါဘူး။ ဒီပြဿနာတွေ လျစ်လျူမရှုထားသင့်ပါဘူး။ ဒါတွေကိုလိင်အသိပညာပေးလိုက်ခြင်းနဲ့ ကျော်လွှားနိုင်ပါတယ်။(၂)      အသက်မပြည့်သေးတဲ့အတွက်ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေဟာ ကောင်းမွန်စွာ မဖွံ့ဖြိုးသေးပါဘူး။ ကိုယ်ဝန်ဆောင်ဖို့လည်း အဆင်သင့် မဖြစ်သေးပါဘူး။ ဒါကြောင့် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်တွေမှာ ကိုယ်ဝန်နဲ့ ပတ်သက်တဲ့ကျန်းမာရေးပြဿနာတွေ အဖြစ်များလှပါတယ်။(၃)      သင့်ကလေးဟာ အကျင့်ပျက်စရိုက်တွေ ပြည့်ဝနေတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ရှိနေသလား ဆိုတာကို လိင်အသိပညာပေးခြင်းဖြင့် သိနိုင်ပါတယ်။ မိဘတွေဟာ မိမိရဲ့ ကလေး အရွယ်မတိုင်ခင်မှာ လိင် အကြောင်း မသိစေချင်ကြပါဘူး။ဒါပေမဲ့ ကျောင်းသင်ခန်းစာတွေကနေ လိင်အသိပညာကို နည်းလမ်း မှန်ကန်စွာ သိရှိရမယ့်အစား မကောင်းတဲ့ပတ်ဝန်းကျင်ကနေ မှားယွင်းစွာ ထိတွေ့သိရှိလိုက်ရတဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲ။ မကောင်းတဲ့ပတ်ဝန်းကျင်၊ အပေါင်းအသင်းတွေရဲ့ ဝါးမြိုခြင်းကို ခံရနိုင်ခြေ ရှိပါတယ်။(၄)      လိင်ပိုင်းဆိုင်ရာ ပြဿနာတွေအနက် အဆိုးရွားဆုံးဖြစ်တဲ့ အေအိုင်ဒီအက်စ်နဲ့လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေကူးစက်ခြင်းကို ခံရနိုင်ပါတယ်။ ဒီလိုရောဂါဖြစ်ပွားခြင်းကို လိင်အသိပညာပေး ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။(၅)      ကလေးအများစု သိချင်ကြတဲ့ မေးခွန်းတွေရှိပါတယ်။ လူတွေဟာ ဘာလို့လိင်ဆက်ဆံကြတာလဲ၊ ဖေဖေ၊ မေမေတွေဟာ ကလေးကို ဘယ်လိုရလာတာလဲ၊ ဘယ်ကထွက်လာတာလဲ၊ ဘာလို့လူတွေ ဗိုက်ကြီး ကြတာလဲ၊ ဘယ်လိုကြောင့်လဲ စတဲ့မေးခွန်းတွေဟာ Google  မှာ ရှာဖွေမှုအများဆုံးမေးခွန်းတွေပါ။ မေးမြန်းထားသူတွေလည်း ငယ်ရွယ်သူတွေပါပဲ။ ကျောင်းတွေမှာ လိင်အသိပညာပေးခြင်းအားဖြင့် လိင်ပညာ နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ ဗဟုသုတတွေကို သိရှိသွားကြမှာပါ။(၆)      ဆယ်ကျော်သက်တွေဟာ အချင်းချင်းအားကျကြပါတယ်။ သူတို့ရဲ့သူငယ်ချင်းတွေဟာ ငယ်ငယ် ရွယ်ရွယ်နဲ့ လိင်ဆက်ဆံနေတာကို မြင်တဲ့အခါ သူတို့လည်း လိုက်လုပ်ကြပါတယ်။ ခေတ်နောက်မကျချင်တဲ့သဘောပါ။ လိင်ပညာပေးခြင်းဖြင့် သူတို့လေးတွေဟာ အမှားအမှန်အကောင်းအဆိုး ဝေခွဲတတ် လာမှာပါ။(၇)      အယူအဆမှားပြီး လမ်းမှားရောက်နေတဲ့ အရွယ်မရောက်သေးသူတစ်ချို့ဟာ ငယ်ရွယ်စဉ် လိင်ဆက်ဆံရခြင်း၊ ပါတနာများများနဲ့ကာမဆက်ဆံရခြင်းတွေကို နှစ်ခြိုက်စွာ ပြုလုပ်နေကြပါတယ်။  သူတို့ရဲ့ လုပ်ရပ်ကို ဂုဏ်ယူဝံ့ကြွားစွာ ပြောတတ်ကြတဲ့အခါ အခြား ဆယ်ကျော်သက်လေးတွေဟာ အားကျလာကြပါတယ်။ဒီအခါ ရည်းစားမရှိခြင်းကို စိတ်ညစ်လာကြပြီး  မိမိကိုယ်ကို ဆွဲဆောင်မှုမရှိဘူးလို ထင်တတ်ကြပါတယ်။ ဒီလိုနဲ့ ရည်းစားရလာတဲ့အခါ ၎င်းတို့ဟာ  ဆွဲဆောင်မှု အပြည့်ရှိကြောင်းကို လိင်ဆက်ဆံမှု ပြုလုပ်ခြင်းနဲ့ သက်သေပြတတ်ကြပါတယ်။(၈)      ဖုန်းတွေထဲမှာ အင်တာနက်ကို အသုံးပြုပြီးညစ်ညမ်းဗီဒီယိုတွေ ကြည့်နေမှာနဲ့စာရင်တော့ ကျောင်းမှာ နည်းလမ်းမှန်ကန်စွာနဲ့ လိင်ပညာကို သိရှိသင့်ပါတယ်။လိင်အသိပညာပေးခြင်းကို ကျောင်းသင်ခန်းစာတွေတွေမှာ သင်ရိုးတစ်ခု အနေနဲ့ သင်ကြားသင့်ပါတယ်။ စာသင် ကျောင်းတွေဟာ အနာဂတ်ရဲ့ လူကြယ်ပွင့် လူငယ်တွေကို မွေးထုတ်ပေးနိုင်တဲ့ တစ်ခုတည်းသော ရင်း မြစ်ပါပဲ။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-milestones/sex-education/
အစာခြေစနစ် ကျန်းမာချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထကောင်းလေးများ
ခန္ဓာကိုယ်ကျန်းမာဖို့ နေ့စဉ် စားသုံးနေရတဲ့ အစားအစာတွေကို ချေဖျက်ဖြိုခွဲနေရတဲ့ အစာခြေစနစ်ကလည်း နေ့စဉ်ဘ​ဝ ကျန်းမာရေးမှာ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပါ။အစာခြေစနစ် ကျန်းမာရေးအပေါ်မှာ တိုက်ရိုက် သက်ရောက်နေတာကတော့ စားသုံးလိုက်တဲ့ အစားအစာတွေပေါ့။အစာခြေစနစ်က ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာစေဖို့ အရေးပါပါတယ်။ အစာခြေစနစ်က သူ့ရဲ့ လုပ်ငန်းဆောင်တာကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါမှ စိတ်ရောကိုယ်ပါ ကျန်းမာမှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အစာခြေစနစ် ကျန်းမာချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထကောင်းလေးများ အကြောင်းကို ပြောပြပေးချင်ပါတယ်။အစာခြေစနစ် ကျန်းမာချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထကောင်းလေးများ ကတော့။နေ့စဉ် စားသုံးမှုမှာအမျှင်ဓာတ်ကြွယ်ဝအောင် စားသုံးပေးတာက အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို အစာခြေစနစ်မှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ကြတဲ့ ဝမ်းချုပ်တာ၊ လိပ်ခေါင်းဖြစ်တာ၊ နာတာရှည် အူလမ်းကြောင်း ကျန်းမာရေးပြဿနာ (IBS) ခံစားရတာတွေကို သက်သာစေနိုင်သလိုကျန်းမာတဲ့ ကိုယ်အလေးချိန်ရရှိစေဖို့လည်း ထောက်ကူပေးမှာပါ။ ဒါကြောင့် နေ့စဉ် စားသုံးမှုကနေ အမျှင်ဓာတ် ရရှိစေဖို့အတွက် နှံစားသီးနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုး၊ သစ်သီးတွေကို စားပေးလို့ ရပါတယ်။အမျှင်ဓာတ် စားသုံးပါဆိုတဲ့နေရာမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ရော မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ပါ ပါဝင်အောင် စားသုံးပေးပါ။ ဒီအမျှင်ဓာတ် တစ်ခုချင်းစီက အစာခြေစနစ်ကို အကျိုးပြုပုံချင်း ကွာခြားကြပါတယ်။ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ကို ခန္ဓာကိုယ်က မချေဖျက်နိုင်ပါဘူး။ဝမ်းမှန်စေဖို့ထောက်ကူပေးပါတယ်။ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ကတော့ ရေဓာတ်ကို အူထဲမှာ ထိန်းထားပေးနိုင်တာကြောင့် ဝမ်းအရည်တွေ သွားတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးမှာပါ။ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ ပြည့်ဝစေဖို့ဆိုရင် ဂျုံကြမ်း၊ ဟင်းသီးဟင်းရွက်တွေ နဲ့ နှံစားသီးနှံတွေကို စားပေးလို့ ရပါတယ်။ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ဆိုရင်တော့ အုတ်ဂျုံ၊ အခွံမာသီးတွေ၊ အစေ့အဆန်တွေ နဲ့ ပဲအမျိုးမျိုးတို့ကို စားပေးလို့ ရပါတယ်။အဆီပါဝင်မှုများတဲ့ အစားအစာတွေက ချေဖျက်ရ ခက်သလို ဝမ်းချုပ်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ အဆီများတာတွေ မပါအောင် ဂရုစိုက်ဖို့ လိုပါမယ်။ ဆီကိုလည်း တတ်နိုင်သမျှ လျှော့စားပေးပါ။ပရိုတင်းက နေ့စဉ်ဘဝမှာ ကျန်းမာစေဖို့ မပါမဖြစ် စားပေးသင့်တဲ့ အစားအစာ တစ်ခုပါ။ အဆီကို မစားသင့်ပေမယ့် အသားကိုတော့ စားသုံးဖို့ လိုအပ်မှာပါ။ ဒါကြောင့် အစာလည်းကြေ အာဟာရလည်း ဖြစ်စေဖို့ဆိုရင်တော့ အဆီပါဝင်မှု နည်းတဲ့ အသားကို စားပေးပါ။ ကြက်သားဆိုရင်တော့ အရေခွံကို ဖယ်ပြီး စားပေးပါ။အကျိုးပြု ဘက်တီးရီးယားလေးတွေက အစာခြေလမ်းကြောင်းထဲမှာ ရှိနေတဲ့ ကျန်းမာစေတဲ့ ဘက်တီးရီးယားလေးတွေပါ။ ဒီဘက်တီးရီးယားလေးတွေက အစားအစာတွေကြောင့် အစာခြေစနစ် ထိခိုက်တာ၊ ပိုးသတ်ဆေးတွေကြောင့် ထိခိုက်တာနဲ့ စိတ်ဖိစီးမှုတွေကြောင့် အစာခြေစနစ် ထိခိုက်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။နောက်တစ်ချက်အနေနဲ့ အာဟာရ စုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ရော IBS သက်သာစေဖို့ပါ ထောက်ကူပေးနိုင်တာပါ။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ အကျိုးပြု ဘက်တီးရီးယားလေးတွေ ပါဝင်အောင် စားသုံးပါ။ပုံမှန် စားနေကျ အစားအစာတွေကို ဖြစ်ဖြစ်သရေစာတွေကို ဖြစ်ဖြစ် အချိန်မှန်မှန်လေး စားပေးပါ။ နေ့တိုင်း မနက်စာ၊ နေ့လယ်စာ၊ ညစာ နဲ့ သရေစာ စားချိန်တွေကို အချိန်မှန်မှန်လေး စားပေးပါ။ ဒီလို စားပေးတာက အစာခြေစနစ် ကျန်းမာစေဖို့ရော စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ရေများများ သောက်တာက အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။အမျှင်ဓာတ်က ဝမ်းပျော့ပျော့သွားစေဖို့အတွက်အူမကြီးဆီကနေ ရေတွေကို ရယူပေးတာပါ။ ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ဆေးလိပ်သောက်သုံးတာ၊အရက်သောက်သုံးတာနဲ့ ကဖင်းတွေ သောက်သုံးတာက အစာခြေစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီအမူအကျင့်တွေက အစာအိမ် အနာဖြစ်စေနိုင်သလို ရင်ပူတာမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးတာက အစာခြေစနစ်ရဲ့ လှုပ်ရှားမှု ကောင်းစေပြီးဝမ်းချုပ်မှုကင်းစေမှာပါ။ လေ့ကျင့်ခန်း လုပ်ပေးတာက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရရှိစေနိုင်သလို အစာခြေစနစ် ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။စိတ်ဖိစီးမှု တအားများတာ၊ စိုးရိမ်စိတ် လွန်ကဲနေတာတွေက အစာခြေစနစ်ရဲ့ ကောင်းကောင်းလုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို ပြေလျော့နိုင်တဲ့ အလေ့အထလေးတွကို မွေးမြူပြီး စိတ်ဖိစီးမှု ဖြေလျှော့ပေးတာက အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/healthy-habits-for-digestive-system/
မိခင်နို့ရည်ကို သိုလှောင်သိမ်းဆည်းခြင်း
မိခင်နို့ရည်ကို သိုလှောင်သိမ်းဆည်းတယ်ဆိုတာ နို့ရည်ကို မိခင်ရဲ့ရင်သားကနေ လိုအပ်သလောက် ညှစ်ယူပြီး စနစ်တကျသိမ်းဆည်းထားခြင်းကို ဆိုလိုတာပါ။မိခင်ရဲ့ရင်သားက နို့ရည်ကို လက်နဲ့ဖြစ်စေ၊ နို့ညှစ်ကိရိယာ (Breast pump)နဲ့ဖြစ်စေ ညှစ်ယူ နိုင်ပါတယ်။ ပမာဏကိုတော့ လိုအပ်သလို ချင့်ချိန်နိုင်ပါတယ်။အစပိုင်းမှာတော့ ထွက်တဲ့နှုန်းဟာ နည်းပါလိမ့်မယ်။ မိခင်အနေနဲ့ စိတ်သက်သာဖြေလျော့ချိန်မှာ ညှစ်ယူတာ အကောင်းဆုံးပါပဲ။ မိမိရဲ့ကလေးကို ဘေးနားထားပြီးဖြစ်စေ၊ ကလေးနဲ့ဝေးနေချိန်ဆို ကလေးဓာတ်ပုံလေးကိုကြည့်ပီးဖြစ်စေ ညှစ်ယူတဲ့အခါ မိုမိုလွယ်ကူပါတယ်။ ရေနွေးနွေးလေး နဲ့ စိမ်ထားတဲ့ပုဝါတစ်ထည်ကို ရင်သားပေါ်မှာ အရင်အုပ်လိုက်တာမျိုးကလည်း ပိုမိုလွယ်ကူစေမှာပါ။ ရေချိုးပြီးခါစဆိုရင်လည်း ပိုကောင်းပါတယ်။မွေးပြီးခါစ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာဆိုရင် Brest pump ရဲ့အကူအညီမလိုဘဲ လက်နဲ့ညှစ်ယူလို့တင် အဆင်ပြေပါတယ်။ မိခင်ရဲ့နို့ပြွန်တွေ ပိတ်ဆို့သွားတဲ့အခါမျိုးမှာလည်း လက်နဲ့ ညှစ်လိုက်ရင် နို့ကြောပြန်လည်ပွင့်သွားတတ်ပါတယ်။ ညှစ်ယူနေစဉ်အတွင်းမှာတော့ ရင်သား အောက်မှာ ပိုးသတ်ထားပြီးသားဖြစ်တဲ့ (သန့်စင်တဲ့)ပုလင်း (သို့မဟုတ်) ခွက်ကိုထားပြီး ခံယူနိုင်ပါ တယ်။Breast pump (၂) မျိုး ရှိပါတယ်။ လက်ရဲ့ အကူအညီအသုံးပြု ညှစ်ယူရတဲ့ ကိရိယာ (manual) နဲ့လျှပ်စစ်ဖြင့် ညှစ်ယူသောကိရိယာ (Electric) ဆိုပြီးတော့ပါ။Manual ဟာ Electric breast pump တွေထက်ဈေးပေါပါတယ်။ Electric breast pump တွေကတော့ ပိုမိုလျင်မြန်ပါတယ်။အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက်မတူတာကြောင့် ကိုယ်နဲ့အဆင်ပြေတာကို ဝယ်ယူ နိုင်ပါတယ်။Electric pump တွေရဲ့စုပ်အားကိုတော့ ပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့်စုပ်အား ပြင်းပြင်း မပြုလုပ်ထားသင့်ပါဘူး။ ရင်သားကို နာကျင်စေပြီး နို့သီးခေါင်းကို ပျက်စီးစေနိုင်လို့ပါ။လျှပ်စစ်စက်တွေမှာပါတဲ့ ကတော့ရဲ့အရွယ်အစားဟာလည်း အမျိုးမျိုးရှိပါတယ်။ မိမိနဲ့ မသင့် တော်တဲ့ အရွယ်အစားကိုသာ ရွေးယူပါ။ မညှစ်ယူခင်မှာ အသေအချာသန့်စင်ပါ။ Pump ရော၊ ထည့် တဲ့ခွက်ပါ သန့်ရှင်းနေပါစေ။ပိုးသတ်ပြီးသားခွက်ဖြစ်စေ၊ ဘူးဖြစ်စေ၊ နို့ရည်ထည့်ဖို့ သီးသန့်ပိုးသတ်ပြီးသား ခွက်ဖြစ်စေ၊ ဘူးဖြစ်စေ ထည့်ပြီး သိမ်းဆည်းနိုင်ပါတယ်။ရေနွေးကန်ထဲထည့်ပြီးဖြစ်စေ၊ ရေအေးနဲ့ဆေးပြီးဖြစ်စေ၊ ခဲနေတဲ့နို့ရည်တွေ ထည့်ထားတဲ့ အိတ်ကို အရည်ပျော်ပါစေ။ အရည်ပျော်သွားတဲ့ နို့ရည်တွေကို လှုပ်ခါပေးပါ။ တစ်နာရီအတွင်း ကလေးကို တိုက်ပါ။ ကျန်ရင်လွှင့်ပစ်ပါ။ အရည်ပျော်ပြီးသားနို့ရည်ကို နောက်တစ်ခေါက်ထပ်မခဲပါစေနဲ့။ ရေခဲသေတ္တာထဲ ပြန်မထည့်ပါနဲ့။နို့ရည်ကို ပြန်နွှေးတဲ့အနေနဲ့ မီးဖိုကိုအသုံးပြုကာ နွှေးခြင်းမျိုးကို လုံးဝမပြုလုပ်သင့်ပါဘူး။ ကလေးအပူလောင်သွားနိုင်ပါတယ်။ကလေးဟာ အကြောင်းအမျိုးမျိုးကြောင့် (ဖျားနာနေလို့ဖြစ်စေ၊ လမစေ့လို့ မီးပြထားရတဲ့ အချိန် မျိုးမှာဖြစ်စေ) အချိန်အခါမျိုးမှာတော့ နို့ရည်ကို ဘယ်လိုစနစ်တကျသိမ်းဆည်းကာ တိုက်သင့် သလဲဆိုတာကိုကျန်းမာရေးဝန်ထမ်းတွေကို မေးမြန်းသင့်ပါတယ်။ နို့ညှစ်ယူဖို့ တစ်စုံတစ်ရာ အခက် အခဲရှိတဲ့အခါမျိုးမှာ-။ရေးသားသူ-ဒေါက်တာမှူးခင်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/%e1%80%99%e1%80%ad%e1%80%81%e1%80%84%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%b7%e1%80%9b%e1%80%8a%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%9e%e1%80%ad%e1%80%af%e1%80%9c%e1%80%be%e1%80%b1%e1%80%ac/
အမျိုးအစား (၂) ဆီးချို
အမျိုးအစား (၂) ဆီးချိုရောဂါဆိုတာက ခန္ဓာကိုယ်ရဲ့ သ​ကြားဓာတ် (ဂလူးကို့စ်) ဖြိုခွဲမှု ဇီဝဖြစ်စဉ်ကို ထိခိုက်စေတဲ့ နာတာရှည် ရောဂါတစ်မျိုးပါ။ ဂလူးကို့စ်က ခန္ဓာကိုယ်အတွက် စွမ်းအင်ဖြစ်ပေါ်စေဖို့ အရေးပါပါတယ်။အမျိုးအစား (၂)  ဆီးချိုခံစားရတဲ့အခါ ခန္ဓာကိုယ်က ဆဲလ်တွေထဲ သကြားဓာတ်ရောက်ရှိစေဖို့ ထောက်ပံ့ပေးတဲ့ ဟော်မုန်းဖြစ်တဲ့ အင်ဆူလင်ကို မတုံ့ပြန်တာကြောင့် ဖြစ်ဖြစ်၊သွေးတွင်းသကြားဓာတ်ကို ပုံမှန်အခြေအနေမှာ ထိန်းနိုင်စေဖို့အတွက် အင်ဆူလင်ကို လုံလောက်အောင် မထုတ်ပေးတာမျိုးတွေ ခံစားရနိုင်ပါတယ်။အမျိုးအစား(၂) ဆီးချိုလက္ခဏာတွေက အချိန်အတော်ကြာမှ မြင်တွေ့ရတာမျိုးလည်း ရှိပါတယ်။ နှစ်အတော်ကြာတဲ့အထိ အမျိုးအစား (၂) ဆီးချိုရှိနေတာကို မသိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။အမျိုးအစား – ၂ ဆီးချို ခံစားရတဲ့အခါ။ဒီလက္ခဏာတွေ ခံစားနေရမယ်ဆိုရင် အမျိုးအစား(၂)ဆီးချိုရှိနေလားဆိုတာကို စစ်ဆေးဖို့ လိုပါမယ်။အမျိုးအစား (၂)ဆီးချိုက အင်ဆူလင်ကို မတုံ့ပြန်နိုင်ရာကနေ စဖြစ်လာတာပါ။ပန်ကရိယ(မုန့်ချိုအိတ်) က အင်ဆူလင်ကို လုံလောက်စွာ မထုတ်နိုင်တဲ့ အခြေအနေပါ။ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်းကို အတိအကျ မသိရသေးပါဘူး။ မျိုးဗီဇ၊ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာတွေ၊ အဝလွန်နေတာ၊ လှုပ်ရှားမှု နည်းနေတာတွေကလည်း အမျိုးအစား (၂) ဆီးချိုကို ဖြစ်စေနိုင်ပါတယ်။အမျိုးအစား (၂) ဆီးချိုကို ဖြစ်စေနိုင်တဲ့ အခြားအချက်တွေကတော့။အမျိုးအစား (၂) ဆီးချိုရောဂါက အစောပိုင်းမှာ လက္ခဏာ လုံးဝ မပြတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆီးချို ခံစားရတဲ့အခါ နှလုံး၊ သွေးကြော၊ အာရုံကြော၊ မျက်လုံး၊ ကျောက်ကပ်စတာတွေ ထိခိုက်စေနိုင်ပါတယ်။ရေရှည်မှာ အမျိုးအစား (၂) ဆီးချိုက တဖြည်းဖြည်းနဲ့နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဝင်လာနိုင်ပါတယ်။ မသန်စွမ်းတာကို ဖြစ်စေနိုင်သလို အသက်အန္တရာယ်ထိခိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဆီးချိုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေက။ကျန်းမာတဲ့နေထိုင်မှုပုံစံက အမျိုးအစား (၂) ဆီးချိုကို ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့ မျိုးရိုးမှာ ဆီးချိုဖြစ်တဲ့သူ ရှိမယ်ဆိုရင် ပုံမှန် စစ်ဆေးတာ၊ နေထိုင်မှုပုံစံ ပြောင်းလဲတာတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံက အမျိုးအစား (၂) ဆီးချိုကို ကာကွယ်နိုင်သလို အမျိုးအစား (၂) ဆီးချိုကြောင့် ခံစားရနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ဒါကြောင့် အမျိုးအစား (၂) ဆီးချိုကို ကာကွယ်မယ်ဆိုရင်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/about-type-2-diabetes/
နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါအတွက် ဘယ်လို အစားအစာတွေ စားသင့်သလဲ
သင်သည် နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါ ခံစားနေရပြီဆိုလျှင် သင့်တင့်လျောက်ပတ်သော စားသောက်နေထိုင်မှု ပုံစံမျိုးဖြင့် နေထိုင်သင့်သည်။ ဥပမာ -အစာအိမ် လေပွစေသော၊ ဂက်စ်များသော အစားအစာတို့ကို ရှောင်ကျဉ်ခြင်းမျိုး ဖြစ်သည်။ ထိုသို့ နေထိုင်ခြင်းဖြင့် ရောဂါပျောက်ကင်း မသွားနိုင်သော်လည်း ပိုမဆိုးလာနိုင်အောင် ထိန်းသိမ်းပေးနိုင်သည်။ အောက်ပါ ဆောင်ရန်ရှောင်ရန် အချက်များကို လေ့လာပါ။ကျန်းမာသော စားသောက်နေထိုင်မှုမျိုး ရရှိရန် စားသုံးသင့်သည့် အစာအမျိုးမျိုး ရှိပါသည်။ အစာကို တစ်ခါတည်းနှင့် ပမာဏများစွာ စားမည့်အစား ပမာဏနည်းနည်းစီကို တနေ့လျှင် ၆ ခါလောက် ခွဲစားသင့်သည်။• အဆီနည်းသော အသားများသည် အစာအိမ် လေပွခြင်းနှင့် အစာမကြေ ဖြစ်ခြင်းကို လျော့နည်းစေသည်။ အဆီဓါတ်သည် ထိုဆိုးကျိုးကို ပိုဖြစ်စေသည်။ ထို့ကြောင့် အဆီမပါသော အသားများနှင့် ဆာလမွန်၊ မက်ကရယ်၊ ဆာဒင်းကဲ့သို့သော ငါးများကို စားသုံးသင့်သည်။• အမျှင်ဓါတ်များစွာ ပါဝင်သော ကာဗွန်ဟိုက်ဒရိတ် အစားအစာများသည်လည်း အစာခြေဖျက်မှု စွမ်းရည်ကို ပိုမြင့်စေပြီး အညစ်အကြေး စွန့်ထုတ်မှု စနစ်ကို ပိုကောင်းမွန်စေသည်။ ပေါင်မုန့်ကြမ်း၊ ဆန်လုံးညို၊ ပဲတောင့်ရှည်၊ မတ်ပဲ၊ စားတော်ပဲ၊ ကွေကာအုပ် စသည်တို့ကို စားသုံးပါ။• သန့်ရှင်းလတ်ဆတ်သော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များသည် ဗိုက်တာမင်၊ သတ္တု ဓါတ်နှင့် အမျှင်ဓါတ်များစွာ ပါဝင်သောကြောင့် ကျန်းမာရေးကို အထူးကောင်းမွန်စေသည်။• သင်သည် ဆီးဆေးများကို သောက်နေရလျှင် ပိုတက်ဆီယံဓါတ် လျော့နည်းမှုကို ကာကွယ်ရန် ငှက်ပျောသီး၊ လိမ္မော်သီး၊ ထောပတ်သီး၊ ကညွတ်နှင့် အစိမ်းရင့်ရောင် အသီးအရွက်များ၊ ခရမ်းချဉ်သီး၊ အာလူးနှင့် ကန်စွန်းဥ စသည်တို့ကို စားသုံးပေးသင့်သည်။• အရည်သောက်သုံးမှု ပုံစံ မှန်ကန်မှု ရှိပါစေ။ အစာစားနေစဉ် သောက်လျှင် လေပိုပွစေသောကြောင့် ရေနှင့် အရည်များကို အစာစားပြီးမှသာ သောက်သင့်သည်။ ရေနွေးကြမ်းသည် အသက်ရှု လမ်းကြောင်းကို ကောင်းမွန်စေသည်။ စိတ်ကို တည်ငြိမ်စေသည်။အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း လေပွစေသော ဂက်စ်များသော အငန်ဓါတ်များသော၊ အဆီများသော၊ အာဟာရတန်ဖိုး နည်းသော အစားအစာများကို ရှောင်ကျဉ်သင့်သည်။• အငန်ဓါတ် လျှော့စားပါ။ အရံသင့် အစားအစာများကို ဝယ်လျှင် ဆိုဒီယံဓါတ် ပါဝင်မှုကို သတိပြုပါ။ ဆားနှင့် ဆိုဒီယံဓါတ်များသည် သင့်ခန္ဓါကိုယ်တွင်း ရေပမာဏကို ပိုများစေကာ သင့်ရောဂါကို ပိုဆိုးစေနိုင်သည်။ ဆရာဝန် သို့မဟုတ် အစာအာဟာရ ပညာရှင်နှင့် တိုင်ပင်ကာ ဆားအစားထိုးများကို ရွေးချယ်သုံးစွဲပါ။• အသီးအနှံများသည် ကျန်းမာရေးအတွက် ကောင်းမွန်သော်လည်း ပန်းသီး၊ မက်မွန်၊ မက်မန်း၊ ဖရဲသီး၊ သခွားမွှေးသီးတို့သည် လေပွစေကာ သင့်ရောဂါကို ပိုဆိုးစေသည်။• တချို့သော ဟင်းသီးဟင်းရွက်များသည် သင့်ရောဂါကို ပိုဆိုးစေသည်။ ပဲအမျိုးမျိုး၊ အညွန့်များ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း၊ ပြောင်းဖူး၊ ငရုတ်ကောင်း၊ ကြက်သွန်မြိတ် စသည်တို့သည် အစာအိမ် လေပွစေပြီး အဆုတ်တွင် ဖိအားသက်ရောက်ကာ အသက်ရှု ပိုကြပ်စေသည်။• သင့် အစာချေဖျက်နိုင်မှု စွမ်းရည်ပေါ် မူတည်ပြီး နို့နှင့် နို့ထွက် ပစ္စည်းများသည် ချွဲပိုထစေကာ အသက်ရှု လမ်းကြောင်းတွင် အဟန့်အတား ဖြစ်စေနိုင်သည်။ သို့သော် တချို့သော သူများတွင် ထိုသို့သော ပြဿနာ မဖြစ်ပေါ်ပါ။• အစပ်များသော အစားအစာများနှင့် ဆီကြော်၊ နှစ်ပြန်ကြော် စသည်တို့သည်လည်း ကျန်းမာရေးအတွက် မကောင်းပါ။ ၎င်းတို့သည် အစာအိမ်တွင် ဂက်စ် များစေသောကြောင့် လေပွစေကာ သင့်ရောဂါကို ပိုဆိုးစေသည်။စည်သွတ်ဘူး အချိုရည်များသည်လည်း ထိုနည်းတူပင် ဖြစ်သည်။အချုပ်ဆိုရသော် နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါသည် သင့်အတွက် စိန်ခေါ်မှု တရပ်ပင် ဖြစ်သည်။ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်ခြင်း၊ စိတ်ဖိစီးမှု ကင်းအောင် နေထိုင်ခြင်း၊ အထက်ပါ ဆောင်ရန် ရှောင်ရန်များကို လိုက်နာကာ မှန်ကန်သော အစားအစာများကို စားသုံးခြင်းဖြင့် ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို လျှော့ချနိုင်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/chronic-bronchitis/%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%9b%e1%80%be%e1%80%8a%e1%80%ba-%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%ba%e1%80%9c%e1%80%b1%e1%80%95%e1%80%bc%e1%80%bd%e1%80%94%e1%80%ba%e1%80%80-6/
သွေးကျဲဆေးသောက်တော့မယ်ဆိုရင် ဒါတွေသိထားသင့်ပါတယ်။
ကြားဖူးကြတယ်မလား၊သွေးပျစ်လို့ သွေးကျဲဆေးတွေသောက်နေရတယ်၊သွေးခဲတာတွေ မဖြစ်အောင်လို့ သွေးကျဲဆေးတွေ ကြိုသောက်နေရတယ်ဆိုတဲ့အကြောင်းတွေကို။ သွေးခဲတယ်ဆိုတာကလည်း တကယ်ကို အန္တရယ်ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ခုလေ။ သွေးခဲပြီး အဲဒီသွေးခဲလေးက သွေးကြောမှာ သွားပိတ်လိုက်တဲ့အခါ သွေးစီးဆင်းမှုရပ်သွားပြီး ကြွက်သားတွေ တစ်ရှူးတွေဆီ သွေးမရောက်တော့လို့ ပုတ်သွားတဲ့အဖြစ်အပျက်ကနေ အသက်ဆုံးရှုံးတဲ့အထိဖြစ်သွားတတ်တယ်မလား။ ဒီတော့ဒီလို အခြေအနေတွေကို ကြိုတင်ကာကွယ်ဖို့ သွေးကျဲဆေးတွေ ပေါ်လာရတော့တာပေါ့။Antiplatelet medicine –coronary artery disease( နှလုံေးသွးကြောဆိုင်ရာရောဂါရှိတဲ့သူတွေ) peripheral vascular disease ( သွေးပြန်ကြောဆိုင်ရာ ပြဿနာရှိတဲ့သူတွေ)လေဖြတ်ဖူးသူတွေနဲ့ နှလုံးရောဂါ ခံစားနေရတဲ့သူတွေနဲ့ နှလုံးသွေးကြောပိုက်ထည့်ထားတဲ့ခွဲစိတ်မှု ခံယူထားသူတွေက antiplatelet medicine သွေးကျဲဆေး အမျိုးအစားသောက်သင့်ပါတယ်။Anticoagulant medicine-လေဖြတ်နိုင်ဖို့ အလားအလာများနေတဲ့လူနာတွေ၊ atrial fibrillation (နှလုံးခုန်စည်းချက်မြန်) တဲ့ဝေဒနာခံစားရတဲလူနာတွေ၊ ဦးနှောက်တွင်းသွေးကြောတွေ ပိတ်သွားတဲ့လူနာတွေ၊deep vein thrombosis(DVT) လို့ခေါ်တဲ့ အတွင်းပိုင်းသွေးပြန်ကြော သွေးခဲတဲ့ ဝေဒနာခံစားနေရတဲ့သူတွေ၊ cardiac bypass graft( နှလုံးသွေးကြော ခွဲစိတ်ကုသခြင်း)၊angioplasty( နှလုံသွေးကြောချဲ့ခြင်း) စတဲ့ ကုသမှုခံယူထားရတဲ့သူတွေ anticoagulant medicine သွေးကျဲဆေး အမျိုးအစားကို သောက်ရမှာဖြစ်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/blood-thinners-2/
လူတိုင်း Mask တပ်မယ်ဆိုရင် အသက်ဘယ်နှစ်ချောင်းကို ကယ်တင်နိုင်မလဲ
COVID-19 ရောဂါကူးစက်ပြန့်နှံ့နေချိန်မှာMask တပ်ခြင်းဟာရောဂါကာကွယ်ရေးအတွက် အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကိုယ့်ဆီကိုရောဂါပိုးကူးစက်မလာအောင် တားဆီးနိုင်သလို သူများဆီကို မကူးစက်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ဒါပေမယ့် လူတိုင်းက စည်းစနစ်တကျ Mask တွေတပ်ပြီး နေထိုင်သွားလာလှုပ်ရှားနေကြသလားလို့ မေးလာရင်တော့ ‘ဟင့်အင်း’ လို့ ငြင်းဆိုရပါလိမ့်မယ်။ COVID-19 ကပ်ဘေးအချိန်ကြာမြင့်လာတာနဲ့အမျှ လူတွေရဲ့ စည်းကမ်းလိုက်နာမှုအပိုင်းက တဖြေးဖြေးလျော့လျဲလာနေပါတယ်။Mask ကို လုံးလုံးလျားလျားမတတ်တော့သူတွေ၊မေးစေ့မှာချိတ်သူတွေ၊နှာခေါင်းဖော်ပြီး တပ်ဆင်သူတွေ၊ တပ်လိုက်ချွတ်လိုက် အကြိမ်ကြိမ်ပြုလုပ်သူတွေ ပိုပိုပြီးများပြားလာနေပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေကတော့ ဒီလိုပြုမူလုပ်ဆောင်တာဟာ Mask ကို လုံးလုံးလျားလျားမတတ်ဆင်တာနဲ့ အတူတူပဲလို့ ဆိုထားပါတယ်။တကယ်တော့ Mask တပ်တာက လက်ကို စင်ကြယ်စွာဆေးတာနဲ့Social Distancingလုပ်တာတွေလိုမျိုး COVID-19 ရောဂါကာကွယ်ရေးမှာ အထူးအရေးကြီးတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ စနစ်တကျနဲ့ နည်းမှန်လမ်းမှန် Mask ကို တပ်ဆင်သုံးစွဲမယ်ဆိုရင် COVID-19 ကာကွယ်ရေးမှာ တစ်တပ်တစ်အားဖြစ်စေမှာဖြစ်ပါတယ်။ပြောရမယ်ဆိုရင် လူတိုင်းသာ နောက်ထပ် ၃ လ လောက် Mask ကို စနစ်တကျ တပ်ဆင်ကြမယ်ဆိုရင် လူ့အသက်ပေါင်း သိန်းချီကို ကယ်တင်နိုင်မှာဖြစ်ပါတယ်တဲ့။ ဘာကြောင့် Mask တပ်တာက အရေးကြီးလဲဆိုတာကို အမေရိကန်ပြည်ထောင်စုအခြေစိုက် ကျန်းမာရေးပညာရှင်တွေက ထောက်ပြထားပါတယ်။သူတို့ရဲ့အဆိုအရတော့ ရှေ့လာမယ့် ၃ လ အထိ အမေရိကန်ပြည်ထောင်စု တစ်ခုတည်းက လူဦးရေ ၉၅%လောက် Mask တွေကို စနစ်တကျ တပ်ဆင်အသုံးပြုပေးမယ်ဆိုရင် အဆိုပါကာလအတွင်း COVID-19 ကူးစက်ခံရကာအသက်ဆုံးရှုံးမယ့် လူပေါင်း ၁၃၀၀၀၀ ကျော်ကို သေဘေးကနေ တားဆီးပေးနိုင်လိမ့်မယ်လို့ ဆိုထားတာပါ။ ဒါက အမေရိကန်ပြည်ထောင်စုတစ်ခုတည်းကို တွက်ချက်ပြထားသေးတာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအနေနဲ့ဆိုရင် ကယ်ဆယ်နိုင်မယ့် ပမာဏက ပိုမိုမြင့်တက်သွားမှာဖြစ်ပါတယ်။လူ ၈၆% က Mask တပ်မယ်ဆိုရင်တောင်မှ လူပေါင်း ၈၆၀၀၀ ကို သေဘေးကနေ ကယ်တင်နိုင်မှာဖြစ်တယ်လို့လည်း ဆိုထားပါသေးတယ်။ လူတွေစနစ်တကျ Mask တပ်ဆင်အသုံးပြုကြမယ်ဆိုရင်ရောဂါကူးစက်နှုန်းကို သိသိသာသာ လျှော့ချနိုင်မှာဖြစ်ပြီး သေဆုံးနှုန်းကိုလည်း ခုလို လျှော့ချပစ်နိုင်မယ်ဆိုတဲ့ သဘောပါပဲ။ ပြီးခဲ့တဲ့ ၁၀ လတာ ကာလအတွင်းမှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက် ၁.၄ သန်းအထိရှိခဲ့တာနဲ့ နှိုင်းယှဉ်ချိန်ထိုး တွေးဆနိုင်ပါတယ်။CDC ရဲ့ လေ့လာချက်တစ်ခုမှာလည်း လူတွေအနေနဲ့ Mask တွေကို စနစ်တကျ တပ်ဆင်တာဟာ ကျန်းမာရေးအတွက်သာမက စီးပွားရေးအတွက်ပါ အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ ဆိုထားပါတယ်။ လူတစ်ချင်းစီက Mask တပ်ဆင်ချိန်ကို ပုံမှန်ထက် ၁၅% တိုးမြှင့်လိုက်မယ်ဆိုရင် တစ်ကမ္ဘာလုံးက စီးပွားရေး ဆုံးရှုံးမှုပမာဏထဲက ၁ ထရီလီယံကို တားဆီးနိုင်လိမ့်မယ်လို့ဆိုထားပါတယ်။ခုလို ၁၅% ပိုမို Mask တပ်ဆင်လိုက်တာကြောင့် ရောဂါကူးနှုန်းကျဆင်းပြီး လူတွေပိုကျန်းမာလာမှာမို့ စီးပွားရေးကျဆင်းနှုန်းကို တားဆီးနိုင်မှာဖြစ်ပါတယ်။Mask တွေကို စနစ်တကျတပ်ဆင်အသုံးပြုဖို့ အထက်မှာတိုက်တွန်းခဲ့ပါတယ်။ ဘာလို့လဲဆိုရင် စနစ်တကျအသုံးစွဲရင်လည်း အကျိုးမရှိနိုင်တာမို့ပါ။ ကိုယ်တင်မက ကိုယ့်ပတ်ဝန်းကျင်နဲ့ တစ်ကမ္ဘာလုံးကို ကာကွယ်စောင့်ရှောက်ပေးချင်တယ်ဆိုရင်တော့ အောက်ပါနည်းလမ်းတွေအတိုင်း စနစ်တကျ Mask တပ်ဆင်ဖို့လိုအပ်မှာပါ။Mask တွေ တပ်တဲ့အခါမှာ။ဒီအချက်တွေကို လိုက်နာပြီး စနစ်တကျ Mask ကိုတပ်ဆင်အသုံးပြုမယ်ဆိုရင် သင်ဟာ ကမ္ဘာ့လူသားသန်းပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်မယ့် သူရဲကောင်းတွေထဲက တစ်ဦးဖြစ်လာမှာဖြစ်ပါတယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/130000-lives-could-be-saved-the-next-3-months-if-everyone-wore-a-mask/
ခဏခဏ မေ့တတ်နေပြီလား ! ဒါတွေစားပါ
တစ်နေ့တာမှာ လုပ်စရာရှိတာတွေ လုပ်နေရင်း ဟော …ဘာလေးတော့ မေ့သွားပြန်တယ်။ ဒီနေ့ ဒါလုပ်ရမှာကို သတိထားရက် မေ့ပြန်ပြီ စိတ်ညစ်လိုက်တာဆိုပြီး နေ့တိုင်းလိုလို ညည်းတွားမိနေပြီလား။ မေ့တတ်တာက လူတိုင်းမှာ ဖြစ်တတ်တယ်ဆိုပေမယ့် ခဏခဏ မေ့တတ် တာကတော့ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒီတစ်ခေါက်တော့ ခဏခဏ မေ့တတ် ရင် ဘာတွေ စားသုံးပေးသင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။သတိ မေ့တတ် တာက လူတိုင်းလိုလို ဖြစ်တတ်ပါတယ်။အိပ်ရေးပျက်တာကြောင့် သတိမေ့နိုင်သလို ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့ ဘ​ဝနေထိုင်မှု ပုံစံ၊ ပတ်ဝန်းကျင်အခြေအနေတွေကြောင့်လည်း မေ့တတ် ပါတယ်။ ဒီလို မေ့တတ် တာကို အနေအထိုင်၊ စားအသောက်နဲ့ သက်သာအောင် လုပ်ပေးလို့ ရပါတယ်။ခဏခဏ မေ့တတ်နေပြီလား! ဒါတွေစားပါ အကြောင်းကတော့ စားသောက်မှု မှန်ကန်မယ်ဆိုရင်ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှုကောင်းစေမှာဖြစ်သလိုမှတ်ဉာဏ်ကောင်းစေပြီးမေ့တတ်တာကို ကာကွယ်ပေးနိုင်လို့ပါ။ နေ့စဉ်စားသောက်မှုတွေကို မှန်ကန်စွာ စားသောက်ပေးမယ်ဆိုရင် တက်ကြွနိုးကြားစေမှာ အသေအချာပါ။မေ့တာက တစ်နေ့ကို တစ်ခါ ၂ ခါမကဘဲ ခဏခဏ မေ့တတ်နေပြီလား ! ဒါဆိုရင်တော့ ဒါတွေ စားကြပါဦးနော်။လူတိုင်းက နေ့စဉ် စားသုံးမှုမှာ အသီးအရွက် ပါဝင်အောင် စားသုံးဖို့ မေ့နေတတ်ကြပါတယ်။ တကယ်ကတော့ ဦးနှောက်ကျန်းမာပြီး မှတ်ဉာဏ်ကောင်းစေဖို့အတွက် နေ့စဉ် စားသုံးမှုမှာ အသီးအရွက်တွေ ပါဝင်အောင် စားသုံးပေးဖို့ လိုပါမယ်။အထူးသဖြင့်ဦးနှောက်ကျန်းမာစေဖို့ထောက်ကူပေးတဲ့ အသီးအရွက်တွေ ဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ ဖြစ်ကြတဲ့ ကိုက်လန်၊ မုန်ညှင်းစိမ်း စတာတွေကို စားပေးဖို့ လိုပါမယ်။ဘယ်ရီသီးတွေ ဘလူးဘယ်ရီ၊ ဘလက်ခ်ဘယ်ရီသီးတွေ၊ ချယ်ရီသီးတွေက မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးတဲ့ anthocyanins နဲ့ အခြား ဖလေဗာနွိုက်တို့ ပါဝင်နေပါတယ်။ တစ်နေ့တာမှာ ဘယ်ရီသီး လက်တစ်ဆုပ်စာ စားပေးတာက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပြီး ခဏခဏ မေ့တတ် တာကို သက်သာစေမှာပါ။ ပုံမှန်လေး စားပေးဖို့တော့ လိုပါမယ်။Omega-3 fatty acids ကြွယ်ဝတဲ့ အစားအစာတွေကမှတ်ဉာဏ်ကောင်းစေဖို့ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်ကျန်းမာပြီး မှတ်ဉာဏ် ကောင်းမွန်စေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာOmega-3 fatty acids ကြွယ်ဝတဲ့ ဆယ်လ်မွန်၊ တူနာငါး၊ ဆာဒင်းငါး စတာလေးတွေကို စားပေးပါ။နှလုံးကျန်းမာစေတဲ့သစ်ကြားသီးက ဦးနှောက်ကျန်းမာပြီး မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ သိမြင်မှုစွမ်းရည်ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ အဆာခံနိုင်စေပြီး ပရိုတင်း ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာစေသလို omega-3 fatty acids ပါဝင်နေမှုကလည်း ခဏခဏ မေ့တတ် တာကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။အနက်ရောင် ချောကလက်ကို ကိုးကိုးစေ့ကနေ ထုတ်ထားတာပါ။ ကိုးကိုးစေ့မှာ ဓာတ်ဆိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ ဖလေဗာနွိုက် ပါဝင်နေပြီး ဦးနှောက် ကျန်းမာစေသလို သိမြင်မှု စွမ်းရည်ကောင်းစေဖို့ ထောက်ကူပေးသလို သတိမေ့တတ်တာကို သက်သာစေနိုင်ပါတယ်။ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ဦးနှောက်ဆဲလ်တွေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ မှတ်မိနိုင်စွမ်းတိုးစေပြီး အာရုံစူးစိုက်မှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ခဏခဏ မေ့တတ် နေတာကို သက်သာစေဖို့ အခုပြောခဲ့တာလေးတွေကို နေ့စဉ် စားသုံးမှုမှာ ပါဝင်အောင် ထည့်သွင်း စားသုံးပေးလို့ ရပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/best-foods-for-forgetfulness/
စိတ်အတက်အကျရောဂါဆိုတာ ဘာလဲ
စိတ်အတက်အကျရောဂါကို စိတ်ကြွစိတ်ကျခြင်း လို့လည်းခေါ်ပြီး စိတ်အစွန်းနှစ်ဘက်ကို ပြောင်းလဲစေနိုင်တဲ့ ဆိုးရွားတဲ့ စိတ်အခြေအနေ ဖြစ်ပါတယ်။ အလွန်အမင်းပျော်ရွှင်နေရာက ချက်ချင်း ဝမ်းနည်းတဲ့စိတ်ကို ပြောင်းသွားတာမျိုး ဖြစ်ပါတယ်။ ပုံမှန်စိတ်လည်း မကြာခဏ ပြန်ရောက်သွားပါတယ်။စိတ်ဓါတ်ကျနေချိန်မှာ မျှော်လင့်ချက်မဲ့သလို ခံစားနေရပြီး နေ့စဉ်အလုပ်တွေကို စိတ်မဝင်စားဘဲ နေတတ်ပါတယ်။ စိတ်ဓါတ်တက်ကြွလာချိန်မှာဆိုရင် ပျော်ရွှင်တက်ကြွပြီး ခွန်အားအပြည့် ဖြစ်နေတတ်ပါတယ်။ ဒီလိုစိတ်အတက်အကျဟာ တနှစ်မှာ အကြိမ်အနည်းငယ်ဖြစ်တတ်ပြီး ပိုဆိုးတဲ့ ကေ့စ်တွေမှာ တပတ်ကို အကြိမ်အနည်းငယ် ဖြစ်ပါတယ်။ဒီရောဂါကြောင့် မိတ်ဆွေအပေါင်းအသင်း ဆက်ဆံရေးပျက်စီးတာ၊ လုပ်ငန်းခွင်နဲ့ ကျောင်းတွေမှာ စွမ်းဆောင်ရည်ကျတာတွေ ဖြစ်တတ်ပြီး မိမိကိုယ်ကို သေကြောင်းကြံတာမျိုးထိ ဖြစ်နိုင်ပါတယ်။ စိတ်အပြောင်းအလဲကို ထိန်းချုပ်နိုင်အောင် ဆေးကုသမှု ခံယူသင့်ပါတယ်။ဒီပြသနာဟာ ဆက်ကျော်သက်အရွယ်နှောင်းပိုင်း၊ အရွယ်ရောက်ခါစ အချိန်တွေမှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကလေးတွေန့ လူကြီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ကေ့စ်အားလုံးရဲ့ တဝက်လောက်ဟာ ၂၅နှစ်မတိုင်ခင်မှာ စတင်ဖြစ်တတ်ပြီး တသက်လုံးဖြစ်သွားနိုင်ပါတယ်။ အချက်အလက် ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ဒီပြသနာရှိနေပြီဆိုရင် ပြင်းထန်တဲ့ စိတ်ခံစားမှု အခြေအနေဟာ သူ့အချိန်အလိုက် ဖြစ်လာတတ်ပါတယ်။ အဲ့ဒီအချိန်တွေမှာ ပုံမှန်စိတ် အခြေအနေ၊ အမူအကျင့်ကနေ သိသိသာသာ ပြောင်းသွားတတ်ပါတယ်။ အလွန်အမင်းပျော်ရွှင်တာကို စိတ်တက်တဲ့အခြေအနေလို့ သတ်မှတ်ပြီး အလွန်အမင်း ဝမ်းနည်းနေတာကိုတော့ စိတ်ကျတဲ့ အခြေအနေလို့ သတ်မှတ်ပါတယ်။တခါတရံမှာ ဒီ၂မျိုးလုံး ပြိုင်တူ ခံစားရတဲ့ အခြေအနေတွေ ရှိတတ်ပါတယ်။ ဒါကို ရောထွေးအခြေအနေလို့ ခေါ်ပါတယ်။ ဒီအခြေအနေမှာ ပေါက်ကွဲလွန်၊ ဒေါသထွက် လွယ်ပါတယ်။ စွမ်းအား၊ လှုပ်ရှားမှု၊ အပြုအမူ စတာတွေဟာ အရမ်းပြောင်းလဲ သွားတတ်ပါတယ်။စိတ်တက်တဲ့အချိန်မှာ အောက်ပါကိစ္စတွေ ဖြစ်နိုင်ပါတယ်။– အလွန်အမင်းပျော်ရွှင် စိတ်လှုပ်ရှားခြင်း။– အနှောက်အယှက်ဖြစ်လွယ်ခြင်း။– အစားပိုစားခြင်း။– အချိန်နည်းနည်းသာ အိပ်ခြင်း။– မရပ်မနားလုပ်ကိုင်ဆောင်ရွက်နေတတ်ပြီး အန္တရာယ်များသော၊ ကျေနပ်သော အပြုအမူများ ပြုမူနေတတ်ခြင်း။– စကားပြောမြန်ပြီး အကြောင်းအရာတခုမှတခု အပြောင်းအလဲမြန်ခြင်း။– ဆုံးဖြတ်ရခက်တတ်ပြီး ဆုံးဖြတ်ရန် ရှုပ်ထွေးနေတတ်ခြင်း။– ထူးဆန်းသောအသံများ၊ အာရုံတွင် ထင်ယောင်ထင်မှားခြင်းများ ဖြစ်နေတတ်ခြင်း။စိတ်ကျနေတဲ့ အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်တတ်ပါတယ်။– အလွန်အမင်းဝမ်းနည်းကာ အချိန်အတော်ကြာ မျှော်လင့်ချက်မဲ့နေသလို ခံစားနေရခြင်း။– နေ့စဉ်လှုပ်ရှားမှုများကို စိတ်ဝင်စားမှုမရှိခြင်း။– အစားနည်းခြင်း။– အိပ်ငိုက်နေတတ်ခြင်း။– မိမိ၏အကြောင်းသာတွေးနေတတ်ခြင်း သိခြင်း။– အာရုံစိုက်ရခက်ခြင်း။– မိမိကိုယ်ကိုသေကြောင်းကြံရန် အတွေးများဝင်ခြင်း။ဒီလိုစိတ်အခြေအနေဟာ တနှစ်မှာ အကြိမ်အနည်းငယ် ဒါမှမဟုတ် အပတ်တိုင်း ဖြစ်တတ်ပါတယ်။ သင်ခင်မင်ရင်းနှီးသူတယောက်ယောက် ဒီလက္ခဏာတွေပြနေရင် ဆရာဝန်ပြသင့်ပါတယ်။အောက်ပါအခြေအနေမှာ ပြသင့်ပါတယ်။– အချိန်အတော်ကြာအောင် စိတ်အခြေအနေရဲ့ လက္ခဏာများ ပြနေတတ်ခြင်း။– သေကြောင်းကြံစည်သည့် အတွေးများ ဝင်နေတတ်ခြင်း။– ရန်လိုစိတ်များ ဖြစ်နေတတ်ခြင်း။– ရက်အတော်ကြာ အိပ်မပျော်ခြင်း။ပြသနာရင်းမြစ်ကို အတိအကျတော့ မသိရပါဘူး။ ဒါပေမယ့် ဆက်စပ်နေတဲ့ အကြောင်းအရာမျိုးစုံ ရှိနေပါတယ်။ အဲ့ဒါတွေကတော့။–ဦးနှောက်ရဲ့ဓါတ်ဖွဲ့စည်းပုံ။ ဦးနှောက်မှာ သူ့ရဲ့ ဓါတုပစ္စည်းတွေ (နာဗ်ကြောလျှပ်ကူးပစ္စည်းများ) ကို ပြောင်းလဲစေမယ့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ရှိပါတယ်။ ဒီလျှပ်ကူးပစ္စည်းများဟာ စိတ်အခြေအနေနဲ့ ဆက်စပ်နေပါတယ်။–မျိုးရိုးလိုက်ခြင်း။ မိဘနဲ့ မိသားစုဝင်တွေဆီမှာ ရှိရင်လည်း ဖြစ်တတ်ပါတယ်။–လူမှုဝန်းကျင်၏ သက်ရောက်မှု။လှုမှုကိစ္စ တော်တော်များများဟာ စိတ်အတက်အကျ ရောဂါကို ဖြစ်စေပါတယ်။ ကလေးဘဝမှာ စိတ်ဖိစီးစရာ ဖြစ်ရပ်ကြုံရခြင်း၊ မိမိကိုယ်ကို လေးစားမှုမရှိခြင်း၊ ဝမ်းနည်းဖွယ် ဆုံးရှုံးမှု ကြုံခဲ့ရခြင်း စတာတွေဖြစ်ပါတယ်။ဖြစ်နိုင်ခြေများတဲ့ အရာတွေကတော့။–စိတ်ဖိစီးမှုများသော အချိန်များ။– မူးယစ်ဆေးဝါးများနှင့်အရက်။– မိသားစုဝင်ထဲတွင် စိတ်အတက်အကျရောဂါ သို့ အခြားစိတ်ကျန်းမာရေး အခြေအနေ တခုခုရှိနေခြင်း။– စိတ်ထိခိုက်ဖွယ်ရာ အပြောင်းအလဲကြုံရခြင်း။ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင် အစားထိုးရန်မဟုတ်ပါ။ ဆရာဝန်နှင့် အမြဲ ဆွေးနွေးတိုင်ပင်ပါ။စိတ်အတက်အကျရောဂါအတွက် ပြုလုပ်မှုအများဆုံး စစ်ဆေးခြင်းတွေက ဘာတွေလဲ။သင့်တော်တဲ့ ရောဂါရှာဖွေခြင်းကို စိတ်ကျန်းမာရေး ဆရာဝန်များက အောက်ပါစမ်းသပ်ချက်များ လုပ်ပေးပါလိမ့်မယ်။–ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း။ လက္ခဏာများရဲ့ အကြောင်းရင်းကို ဆုံးဖြတ်ဖို့ ဖြစ်ပါတယ်။–စိတ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း။ ခံစားမှု၊ စိတ်အခြေအနေ၊ အပြုအမူပုံစံ စတာတွေကို ဆရာဝန်က မေးပါလိမ့်မယ်။–စိတ်အားမှတ်တမ်းတင်ခြင်း။ဆရာဝန်ဟာ ရောဂါအမည်တပ်နိုင်အောင် သင့်ရဲ့ အိပ်စက်ပုံ၊ စိတ်အခြေအနေနဲ့ အပြုအမူတွေကို မှတ်တမ်းရေးခိုင်းပါလိမ့်မယ်။စိတ်အတက်အကျရောဂါကို ကုသမှုများဟာ ကုသပေးရုံသာမက စိတ်အခြေအနေကိုလည်း တည်ငြိမ်စေပါတယ်။ကုသမှုပုံစံကို စိတ်ကျန်းမာရေး ဆရာဝန်တွေကဆုံးဖြတ်ပါလိမ့်မယ်။ အခြေအနေပေါ် မူတည်ပြီး အောက်ပါအချက်တွေ ပါဝင်ပါတယ်။–ဆေးပေးခြင်း။စိတ်အခြေအနေတည်ငြိမ်အောင် ဆရာဝန်က ဆေးညွှန်ပါလိမ့်မယ်။ စိတ်ဓါတ်ကျခြင်းနဲ့ သေကြာင်းကြံလိုစိတ်တွေ ကာကွယ်နိုင်အောင် ဒီညွှန်တဲ့ဆေးတွေကို အချိန်ကြာကြာ သောက်သွားဖို့လိုပါတယ်။ ဆေးတွေမှာ စိတ်ကျရောဂါကုဆေး၊ စိတ်ငြိမ်ဆေး၊အတက်ပျောက်ဆေး စိုးရိမ်မှုကို လျော့ပါးစေတဲ့ဆေး စတာတွေပါဝင်ပါတယ်။–ဆွေးနွေးနှစ်သိမ့်ခြင်း။ မိမိအခြေအနေတွေကို သေချာစွာရှင်းပြပြိး စိတ်အခြေအနေကို ဘယ်လိုထိန်းချုပ်မလဲ တိုင်ပင်သင့်ပါတယ်။ အချင်းချင်း အားပေးကူညီတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။–ဆေးစွဲခြင်းအားကုသခြင်း။ ပစ္စည်းတခုခုကို အရမ်းစွဲလန်းခြင်း ဖြစ်နေရင် ဒီစွဲလန်းခြင်းကို ကုဖို့လိုပါတယ်။ ဒီလိုစွဲလန်းခြင်းဟာ ရောဂါကို ပိုဆိုးစေပါတယ်။–ဆေးရုံတက်ခြင်း။ ပုံမှန်စောင့်ကြည့် စစ်ဆေးနိုင်အောင် ဆေးရုံမှာနေဖို့လိုပါတယ်။ သေကြောင်းကြံစည်တဲ့ အတွေးများ ဖြစ်လာရင် မိမိကိုယ်ကိုနဲ့ သူတပါးကို အန္တရာယ် ဖြစ်စေနိုင်တာမို့ ဆေးရုံပြသင့်ပါတယ်။တယောက်နဲ့တယောက် မတူနိုင်ပါဘူး။ အကောင်းဆုံးကို ရွေးချယ်နိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။အောက်ပါ အချက်တွေက ကူညီပါလိမ့်မယ်။– မိမိမှာ သေကြောင်းကြံစည်လိုစိတ်များ ပေါ်လာရင် ဆရာဝန် ဒါမှမဟုတ် ယုံကြည်ရသူတဦးဦးကို ချက်ချင်း ပြောသင့်ပါတယ်။– ပုံမှန်အိပ်ချိန် လုပ်ထားပြီး အိပ်ရေးဝအောင် အိပ်ပါ။– ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။– ကျန်းမာရေးနဲ့မညီညွတ်သော ပုံစံများ ရှောင်ကြဉ်ပါ။– အရက်ဖြတ်ပါ။ မူးယစ်ဆေး မသုံးပါနှင့်။သိလိုတဲ့အချက်တွေရှိရင် ပိုပြီးသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%a1%e1%80%90%e1%80%80%e1%80%b9%e1%80%a1%e1%80%80%e1%80%ba%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%86%e1%80%af%e1%80%ad%e1%80%90%e1%80%ac-%e1%80%98/
ဆောင်းအအေး နဲ့ ကိုဗစ်
ဆောင်းအအေး နဲ့ ကိုဗစ် ….. မိုးကုန်လို့ အခုဆိုမနက်ခင်းနဲ့ ညဘက်တွေမှာ ဆောင်းလေ နုနုအေးအေးလေးတွေ တိုက်ခတ်နေပြီးဆောင်းအငွေ့အသက်ကို ခံစားနေရပြီနော်။ သီတင်းကျွတ်ပြီးမှတော့ ဆောင်းကရောက်လာပြီပေါ့။အရင်ဆို ဆောင်းရောက်လာတာက ပျော်စရာကောင်းပေမယ့် အခုလိုကိုဗစ်ရောဂါဆိုးကြီးနဲ့ ရင်ဆိုင်နေရချိန်မှာတော့ ဆောင်းရောက်လာတာက ကိုဗစ်ကို ပိုဆိုးစေမလားဆိုတဲ့ စိုးရိမ်မှုတွေ လူတိုင်းမှာ ရှိနေမယ်ထင်ပါတယ်။ ဒီစိုးရိမ်မှုက တကယ်ကို ဖြစ်လာမလား။ဆောင်းရာသီရဲ့ အအေးဒဏ်က ကိုဗစ်ကို ပိုဆိုးစေနိုင်မလားဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ကိုဗစ်က အခုထိလည်း အအေးပိုင်းနိုင်ငံတွေဖြစ်တဲ့ အနောက်ဥရောပဒေသတွေမှာ ဖြစ်ပွားသူ အရေအတွက် တိုးလာနေဆဲပါ။ အကြောင်းကတော့lockdownတွေကို ဖြေလျှော့ပေးလိုက်တာရယ် ဆောင်းကာလကို ရောက်လာတာကြောင့်ရယ်ပေါ့။Covid – 19ကို မပြောခင် ဖြစ်နေကျရာသီတုပ်ကွေးကိုပဲ အရင်ကြည့်ရအောင်။  နွေရာသီမှာအပူရှပ်တာကလွဲလို့အအေးမိတာ၊ တုပ်ကွေးဖြစ်တာက မရှိသလောက်နော်။ ဆောင်းအေးတဲ့ အငွေ့အသက်လေး စလာပြီဆိုရင် နှာချေပြီ၊ နှာစေးပြီ၊ ချောင်းဆိုးပြီ။ ပြီးရင် ဖျားချင်သလိုလိုဖြစ်မယ်။ တုပ်ကွေးဖြစ်မယ် စတဲ့ ပြဿနာတွေကို အမြဲလိုလို ခံစားရတယ်နော်။တုပ်ကွေးကိုဖြစ်စေတဲ့ဗိုင်းရပ်စ်က အအေးကြိုက်တယ်၊ အေးမြတဲ့ ရာသီဥတုအခြေအနေမှာ ပိုမိုရှင်သန်ပြန့်နှံ့နိုင်တဲ့ သဘောပဲလေ။ ရန်ကုန်လိုနေရာမှာ သိပ်မသိသာပေမယ့် ဆောင်းတွင်းရောက်ရင် နေပြောက်တောင် မကျတဲ့ ဒေသတွေမှာဆိုရင် အခုလို ဆောင်းကာလမှာဗီတာမင် Dကို ရဖို့ ခက်သွားပြီး ဒီအခြေအနေက ကိုယ်ခံအားကို ကျစေတာမျိုး ဖြစ်လာနိုင်တယ်။ရာသီဥတု အေးတဲ့အခါ သွေးကြောလေးတွေက ကျုံ့သွားပြီး သွေးစီးဆင်းမှုကို နှောင့်နှေးစေတာ၊ နှလုံးကို သွေးတွေ ပိုညှစ်ထုတ်ရစေတာတွေကို ဖြစ်စေပါတယ်။ ဒီအနေအထားက သွေးတိုးတာကိုဖြစ်စေပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ရာသီဥတုအေးတာ၊ အေးတဲ့ အနေအထားနဲ့ ထိတွေ့မှု များတာက ဖျားနာတာကိုဖြစ်စေနိုင်ပါတယ်။  အေးမြခြောက်သွေ့တဲ့လေက အသက်ရှူလမ်းကြောင်းတစ်လျှောက် ဖြတ်သန်းသွားတဲ့အခါ ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ ပါသွားပြီး ကိုယ်ခံအားကို ထိခိုက်စေလို့ ရောဂါတွေ အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။ဒါ​ကြောင့် ဆောင်းအေးအေးမှာ အသက်ရှူလမ်းကြောင်းကို မတ်ခ်တပ်တာမျိုး၊ ရေများများသောက်တာမျိုးတွေ လုပ်ပြီး ကျန်းမာအောင် ဂရုစိုက်သင့်ပါတယ်။ လူစုလူဝေးတွေရှိတဲ့နေရာကို မသွားသင့်ပါဘူး။အေးတဲ့ကာလမှာ လူစုလူဝေးဖြစ်တဲ့နေရာက ရောဂါ ကူးစက်လွယ်ပါတယ်။ အကြောင်းကတော့ ရောဂါပိုး ရှိသူက နှာချေ၊ ချောင်းဆိုးတဲ့အခါ ဗိုင်းရပ်စ်ရဲ့ ပြန့်နှံ့နိုင်စွမ်းက အခြားအချိန်တွေထက် ပိုမြန်တာ၊ အေးတာကြောင့်ရော နေရောင်ခြည်မရတာကြောင့်ရောပါ ကိုယ်ခံအားက ကျနေနိုင်တာကြောင့်ပါ။ဒီတော့ ဆောင်းတွင်းမှာကြက်ငှက်တုပ်ကွေးအပါအဝင်၊ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေ ပျော်ကြတယ်။ ဒီကာလမှာ ပတ်ဝန်းက အေးမြခြောက်သွေ့ပြီး တစ်နေရာကနေ တစ်နေရာကို အလွယ်တကူ ပြန့်နှံနိုင်တယ်။ ဗိုင်းရပ်စ်ဆိုတာကလည်း အရွယ်အစား ခပ်သေးသေးကိုး။အခုကိုဗစ်ကို ဖြစ်စေတဲ့  SARS-CoV-2 ဗိုင်းရပ်စ်ကလည်း တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ တည်ဆောက်ပုံ အရွယ်အစား ခပ်ဆင်ဆင်ပါ။ ဓာတ်ခွဲစမ်းသပ်မှုတွေအရကတော့ ကိုရိုနာဗိုင်းရပ်စ် အပါအဝင် တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေက ပူနွေးမှုနဲ့ စိုထိုင်းမှုမြင့်တဲ့ အနေအထားမှာ ကောင်းကောင်း မရှင်သန်နိုင်ပါဘူး။ဒါပေမယ့်အခန်းအပူချိန်မှာတော့ ရက်အတော်ကြာ ရှင်သန်နိုင်ပါတယ်။ အပူချိန် ၄ ဒီဂရီစင်တီဂရိတ် နဲ့ အဲ့အပူချိန်အောက် နည်းတဲ့ အပူချိန်မှာတော့ တစ်လကျော်အထိ ရှင်သန်နိုင်စွမ်းရှိကြတယ်၊လို့ သိရပါတယ်။အခုထိ လေ့လာမှုတွေအရကတော့ ကိုဗစ်ရောဂါကို ဖြစ်စေတဲ့SARS-CoV-2ဗိုင်းရပ်စ်ဟာ အေးမြခြောက်သွေ့တဲ့ အနေအထားကို နှစ်သက်ပြီး နေရောင်ရှိနေရင်တောင် ဒီလို အခြေအနေမှာ အလွယ်တကူ ပြန့်နှံနိုင်ပါတယ်။ကိုဗစ်ကို ဖျက်ဆီးနိုင်မှာက လူလုပ်ခရမ်းလွန်ရောင်ခြည်တွေပါ။ ကိုဗစ်ဗိုင်းရပ်စ်ဟာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် နဲ့ အောက်မှာဆိုရင် လေထုထဲမှာရော မျက်နှာပြင်တွေမှာပါ ပိုပြီး ကြာကြာရှင်သန်နိုင်ကြပါတယ်။ဆောင်းတွင်းရောက်လာရင် ပတ်ဝန်းက အေးမြခြောက်သွေ့တာ နေရောင်ရရှိမှုနည်းတာတွေက ကိုဗစ်အန္တရာယ်ကို ပိုကြီးလာစေနိုင်ပါတယ်။ ဒါကြောင့် ဆောင်းအအေးဒဏ်မှာ ကိုဗစ်ကို အကောင်းဆုံး ကာကွယ်နိုင်ဖို့အတွက် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ဆောင်းတွင်းရဲ့ အေးမြမှုက ကိုဗစ်ဗိုင်းရပ်စ်ကို အားဖြည့်ပေးနိုင်တာကြောင့် ကိုဗစ်ကို ကာကွယ်ဖို့ဆိုရင်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-and-cold-season/
သွေးတွင်းအချိုဓာတ်ကို များစေနိုင်သည့် လူသိနည်းသော အချက်များ
ဆီးချိုရောဂါရှိတဲ့သူတွေဟာ တစ်နေ့တစ်နေ့ သူတို့ရဲ့ရောဂါအတွက် ဆေးဝါးတွေအပြင် အစားအသောက်၊ အနေအထိုင်ကစ သေသေချာချာ ဂရုစိုက်ကြရပါတယ်။ ပုံမှန်ဆေးခန်းပြ၊ ဆေးသောက်တာအပြင် ဆီးချိုရောဂါရှင်တွေဟာ အိမ်မှာ ကိုယ်ပိုင်စက်ကလေးတွေနဲ့ ပုံမှန်လေးဖောက်ပြီး စစ်ဆေးနေကြရပါတယ်။ သွေးတွင်းအချိုဓာတ် ကို ထိန်းနိုင်ဖို့က အစားအသောက်၊ လေ့ကျင့်ခန်း၊ ဆေး စတဲ့ အချက်တွေကို ဂရုစိုက်ကြရမယ်ဆိုတာ အတော်များများသိနားလည်ကြပါတယ်။ တချို့က ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးသေချာသောက်၊ အစားအသာက်ဆင်ခြင်ပြီး လေ့ကျင့်ခန်းတွေလည်း ပုံမှန်လုပ်နေပါလျက်နဲ့ အိမ်မှာ စစ်ဆေးကြည့်တဲ့အခါသွေးတွင်းအချိုဓာတ်များနေတာတွေကို တွေ့ရတာမျိုး ကြုံတွေ့ဖူးကြမှာပါ။ ဒါ့ကြောင့် ဒီနေ့ဆောင်းပါးလေးမှာတော့ အထက်ပါအချက်တွေအပြင် သွေးတွင်းအချိုဓာတ်ကို များစေနိုင်သည့် လူသိနည်းသော အချက်များ အကြောင်းကို မျှဝေပေးသွားချင်ပါတယ်။သွေးတွင်းအချိုဓာတ်ကို များစေနိုင်သည့် လူသိနည်းသော အချက်များ ကတော့။၁။ စိတ်ဖိစီးမှုများခြင်း။အထူးသဖြင့်ဆီးချိုအမျိုးအစား ၂ရှိတဲ့ သူတွေမှာ စိတ်ဖိစီးမှုများနေတဲ့အခါ သွေးတွင်းအချိုဓာတ်ကို တက်စေနိုင်တဲ့ ဟော်မုန်းလေးတွေ ထွက်လာတဲ့အတွက် သွေးဖောက်စစ်ကြည့်တဲ့အခါ အချိုဓာတ်လည်း များနေနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှနည်းအောင်နေဖို့ လိုအပ်ပါတယ်။စိတ်ဖိစီးမှုလျှော့ချနိုင်ဖို့ တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ ယောဂ ကျင့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ စာဖတ်ခြင်း စတဲ့ အလေ့အကျင့်တွေကို ကြိုးစားကြည့်သင့်ပါတယ်။၂။အိပ်ရေးပျက်ခြင်း။အိပ်ရေးဝဝ အိပ်ဖို့က လူတိုင်းရဲ့ ကိုယ်၊ စိတ်ကျန်းမာရေး နှစ်ခုစလုံးအတွက် အရေးကြီးပါတယ်။ ဆီးချိုရှိတဲ့ သူတွေအတွက်ဆိုရင် ပိုလို့တောင်မှ အရေးကြီးပါတယ်။ အိပ်ရေးဝမှ ခန္ဓာကိုယ်က လုပ်ငန်းဆောင်တာအားလုံးကို ကောင်းကောင်းလုပ်နိုင်မှာပါ။ဒါ့အပြင် အိပ်ရေးပျက်မယ်ဆိုရင် ဟော်မုန်းတွေပြောင်းလဲခြင်းတွေ ဖြစ်ပြီး သွေးတွင်းအချိုဓာတ်လည်း များလာနိုင်တာကြောင့် တစ်နေ့ကို အနည်းဆုံး ၈နာရီခန့် အိပ်ကြဖို့ မမေ့ပါနဲ့နော်။၃။ ဖျားနာခြင်း။နေထိုင်မကောင်းဖြစ်နေတဲ့အချိန်၊ ဖျားနေတဲ့အချိန်တွေမှာလည်း သင့်ရဲ့ ခန္ဓာကိုယ်က ဖျားနာမှုတွေကို တိုက်ထုတ်နေရပြီး အဲဒီအချိန်တွေမှာ သွေးတွင်းအချိုဓာတ် မြင့်တက်နေနိုင်ပါတယ်။စတီးရွိုက်တွေ၊ diuretic ဆီးဆေးတွေ၊ နှာစေးပျောက်ဆေး၊ ယားနာပျောက်ဆေးနဲ့ အချို့ဆေးတွေက သွေးတွင်းအချိုဓာတ်အပေါ် သက်ရောက်မှုရှိနိုင်တာကြောင့် ဆီးချိုရှိတဲ့သူတွေ ဖျားတဲ့အခါစပ်ဆေးတွေ မသောက်ဘဲ ဆရာဝန်နဲ့ သေချာပြသဖို့လိုအပ်ပါတယ်။၄။ ဆေးသောက်ချိန်မမှန်ခြင်း။ဆေးတွေကို သောက်ရမယ့်အချိန်မသောက်မိဘူးဆိုရင် ဆေးအာနိသင်လွတ်သွားတဲ့အချိန်တွေမှာ သွေးတွင်းအချိုဓာတ်မြင့်နေနိုင်ပါတယ်။ ဒါ့ကြောင့် ဆေးတွေကို သောက်နေရုံနဲ့ မပြီးဘဲ ဆရာဝန်ညွှန်ကြားတဲ့အတွင်း အချိန်မှန်မှန်၊ ပမာဏမှန်မှန် သောက်ဖို့ကိုလည်း သတိပြုကြဖို့ တိုက်တွန်းချင်ပါတယ်။၅။ Caffeine (သို့) ကော်ဖီ။Caffeine ပါတဲ့ အစားအသောက်တွေအပြင် ကယ်လိုရီ မပါတဲ့ black coffee တွေကို သောက်မယ်ဆိုရင်တောင် သွေးတွင်းအချိုဓာတ်ကိုများစေနိုင်တဲ့အတွက် ကော်ဖီကြိုက်တတ်တဲ့သူတွေ၊ မနက်ခင်းတိုင်းကော်ဖီတစ်ခွက်ပါမှ အဆင်ပြေတဲ့သူတွေဆိုရင်တော့ caffeine ကို တဖြည်းဖြည်း နည်းနိုင်သမျှနည်းအောင် လျှော့ချဖို့ လိုအပ်ပါတယ်။ဆီးချိုရှိတဲ့သူတွေအနေနဲ့ ဆရာဝန်ညွှန်ကြားချက်တွေကို လိုက်နာပြီး ရက်ချိန်းတိုင်းပုံမှန်ပြဖို့ကတော့ အရေးကြီးဆုံး အချက်ပါပဲနော်။ ဒါ့အပြင် ဆေးပုံမှန်သောက်၊ အစားအသောက် ဆင်ခြင်၊ လေ့ကျင့်ခန်းတွေ လုပ်ရုံသာမက ဒီဆောင်းပါးလေးက အချက်လေးတွေကိုလည်း သိထားပြီး ဂရုစိုက်ပေးမယ်ဆိုရင် ဆီးချိုရောဂါကို ပိုပြီး ထိန်းချုပ်ဖို့ လွယ်ကူလာမှာပါ။ကျန်းမာကြပါစေ။ရေးသားသူ – Khine Phoo Ngon။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/high-blood-sugar-habits/
စိတ်ကျရောဂါကုဆေးများ ဘယ်လို အလုပ်လုပ်သလဲ
စိတ်ကျရောဂါကုဆေးများဟာ စိတ်ဓါတ်ကျဆင်းမှုကို ကုသရန်ဖြစ်ပြီး ပြန်မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ တခြားပြသနာတွေမှာလည်း သုံးနိုင်ပါတယ်။ အဲဒါတွေကတော့။– စိတ်စွဲလွန်ခြင်း။– စိတ်ပူပန်ခြင်းပြသနာ။– ထိခိုက်မှုအပြီး စွဲမြဲကျန်ခဲ့သော စိတ်ဖိအားပြသနာ၊စတာတွေ ဖြစ်ပါတယ်။စိတ်ကျရောဂါကုဆေးများဟာ စိတ်ကျခြင်းရဲ့ လက္ခဏာတွေကို ကုသပေးနိုင်ပေမယ့် အကြောင်းရင်းများကိုတော့ အမြဲတမ်း မပျောက်စေနိုင်ပါဘူး။ ဒါကြောင့် ဆိုးရွားတဲ့ စိတ်ဓါတ်ကျခြင်းနဲ့ တခြားစိတ်ပိုင်းဆိုင်ရာ ပြသနာတွေမှာ တချို့ကုထုံးများနဲ့ပေါင်းစပ်ခြင်း ဖြစ်ပါတယ်။စိတ်ကျရောဂါကုဆေး အမျိုးအစားများစွာ ရှိပါတယ်။ အဲ့ဒါတွေကတော့။– SSRI အုပ်စုဝင်ဆေးများ။– SNRI အုပ်စုဝင်ဆေးများ။– Tricyclic အုပ်စုဝင်ဆေးများနှင့် ဆက်စပ်ဆေးများ။– MAOI ဆေးများ။– အခြား စိတ်ကျရောဂါကုဆေးများစတာတွေ ဖြစ်ပါတယ်။သူတို့ဟာ တူညီတဲ့ဦးနှောက် ဓါတ်ပစ္စည်းများပေါ် လုပ်ဆောင်ပြီး တူညီတဲ့သက်ရောက်မှုတွေ ရှိပါတယ်။ ဒါပေမယ့် အမျိုးအစားမတူတဲ့အတွက် တည်ဆောက်ပုံကွဲပြားပြီး ဘေးထွက်ဆိုးကျိုးတွေလည်း ကွဲပြားပါတယ်။စိတ်ကျရောဂါကုဆေး အမျိုးအစားပေါင်းများစာ ရှိပေမယ့် အလုပ်လုပ်ပုံတူကြပါတယ်။ သူတို့အားလုံးက ဦးနှောက်ရဲ့ နာဗ်ကြောလျှပ်ကူး ပစ္စည်းများကို မြင့်တက်လာစေပါတယ်။Tricyclicစိတ်ကျရောဂါကုဆေးများဟာ။– Norepinephrine။– Serotonin စတာတွေကို မြင့်တက်စေပါတယ်။– ရှေးအကျဆုံး စိတ်ကျရောဂါကုဆေး အမျိုးအစားဖြစ်ပြီး ၁၉၅၀ ကျော်ကာလမှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။– သူတို့ဟာ noradrenaline နဲ့ serotonin တို့ ဦးနှောက်မှာ အာနိသင်သက်ရောက်မှုကို ပိုမိုကြာမြင့်စေပါတယ်။– သူတို့ဟာ တည်ဆောက်ပုံအရ ကွင်း ၃ကွင်းရှိလို့ tricyclic လို့ ခေါ်ခြင်း ဖြစ်ပါတယ်။– တခြား စိတ်ကျရောဂါကုဆေးတွေနဲ့ ယှဉ်ရင် ဘေးထွက်ဆိုးကျိုး ပိုများပါတယ်။– သူတို့ဟာ tricyclic ဆေးများနဲ့ အလုပ်လုပ်ပုံတူပေမယ့် ဖွဲ့စည်းတည်ဆောက်ပုံ ကွဲပါတယ်။– တခြား စိတ်ကျရောဂါကုဆေးတွေနဲ့ ယှဉ်ရင် ဘေးထွက်ဆိုးကျိုး ပိုများပါတယ်။ ဒါပေမယ့် muscarinine ဓါတ်ကို ဆန့်ကျင်ရာမှာ tricyclic လောက် မဆိုးပါဘူး။– Phenelzine။– Isocarboxazid။– Moclobemide စတာတွေ ဖြစ်ပါတယ်။– ဒီဆေးများဟာ noradrenaline နဲ့ serotonin ဓါတ်တွေကို ဖျက်ဆီးတဲ့ အင်ဇိုင်းကို ဟန့်တားပေးတာကြောင့် အဲ့ဒီဓါတ်တွေကို ကိုယ်ခန္ဓါထဲမှာ ပိုပြီးကြာကြာရှိစေပါတယ်။– အစားအစာတချို့နဲ့ မတည့်တာကြောင့် MAOI ဆေးသောက်မယ်ဆိုရင် အစားစားတာ သတိပြုရပါမယ်။– ဒါကြောင့်မို့ တခြားဆေးတွေနဲ့ အဆင်မပြေမှ MAOI အုပ်စုဝင်ဆေးများကို ညွှန်တတ်ပါတယ်။– သူတို့ကို အထူးကုဆရာဝန်များကပဲ ညွှန်သင့်ပါတယ်။Tricyclic နဲ့ MAOI အုပ်စုဝင်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးများကတော့။– အိပ်ငိုက်ခြင်း။– ကိုယ်အလေးချိန်တက်ခြင်း။– အာခေါင်ခြောက်ခြင်း။– ဝမ်းချုပ်ခြင်း။– မူးဝေခြင်း။– လိင်ကိစ္စဆိုင်ရာ ပြသနာရှိခြင်းစတာတွေဖြစ်ပါတယ်။ဒီဘေးထွက်ဆိုးကျိုးတွေကြောင့် ဆရာဝန်များဟာ စိတ်ကျရောဂါကုဆေးအသစ်များကိုပဲ ညွှန်းတတ်ကြပါတယ်။ တချို့လူနာတွေမှာ ဆေးအသစ်တွေဟာ အဟောင်းတွေလိုပဲ အလုပ်မဖြစ်ပါဘူး။ အညွှန်းအများဆုံးဆေးကတော့ SSRI အုပ်စုဝင် ဆေးအမျိုးအစားဖြစ်ပြီး။– Fluoxetine။– Paroxetine။– Fluvoxamine။– Sertraline။– Citalopramစတာတွေ ပါဝင်ပါတယ်။– သူတို့ကို ၁၉၈၀ နောက်ပိုင်းနှစ်တွေမှာ ထုတ်လုပ်ခဲ့ပြီး အသုံးပြုခဲ့တာ နှစ်ပေါင်း ၃၀ လောက်ရှိပြီ ဖြစ်ပါတယ်။– သူတို့ဟာ serotonin ကို အာရုံကြောဆဲလ်တွေက ပြန်လည် ရယူခြင်းကို တားဆီးပြီး ဦးနှောက်ထဲမှာ ကြာကြာနေစေပါတယ်။– တခြားစိတ်ကျကုဆေးတွေထက်စာရင် SSRI အုပ်စုဆေးတွေဟာ ပြသနာသိပ်မရှိပါဘူး။– UK မှာ စိတ်ကျရောဂါကုဆေးအဖြစ် အများဆုံး ညွှန်းကြပါတယ်။SSRI ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ serotonin ဓါတ်ကို မြင့်တက်စေတာပါပဲ။ ဒီဆေးတွေဟာ သိပ်မဆိုးတဲ့ စိတ်ဓါတ်ကျခြင်းတွေအတွက် မထိရောက်တော့ဘူးဆိုရင် serotonin ထိန်းညှိခြင်းဟာ တိုက်ရိုက်မဟုတ်တဲ့ ကုသခြင်းပဲ ဖြစ်ပါလိမ့်မယ်။စိတ်ကျရောဂါကုဆေးတမျိုးဖြစ်တဲ့ venlafaxine ကို SNRI အုပ်စုအနေနဲ့ ဖော်ပြကြပါတယ်။ သူဟာ serotoninနဲ့ noradrenaline ကို မြင့်တက်စေပါတယ်။– ၁၉၉၀ ကျော်ကာလမှာ ထုတ်လုပ်ခဲ့တာကြောင့် စိတ်ကျရောဂါကုဆေးတွေမှာ အမျိုးအစားသစ်လို့ ဆိုနိုင်ပါတယ်။– SSRI နဲ့ အလုပ်လုပ်ပုံတူပါတယ်။ သူက noradrenaline အတွက် ပိုပြီး အလုပ်လုပ်ပါတယ်။– သူတို့ဟာ ဦးနှောက်ဓါတ်ပစ္စည်းများကို ဦးတည်ရာ ရွေးချယ်ရာမှာ tricyclic တွေထက်ပိုပြီး ထိရောက်ပါတယ်။ ဒါကြောင့် မလိုတဲ့ဓါတ်ပစ္စည်းတွေကို မသက်ရောက်တော့ဘဲ ဘေးထွက်ဆိုးကျိုးလည်း နည်းစေပါတယ်။– တခါတရံ ဆိုးရွားတဲ့ စိတ်ကျခြင်းအပြင် စိတ်ပူပန်ခြင်းတွေအတွက်ပါ သုံးပါတယ်။မှတ်ချက်။ စိတ်ကျရောဂါကုဆေးတွေကို တခြားရောဂါတွေအတွက်လည်း သုံးပါတယ်။ ဥပမာ- tricyclic ဆေးများဟာ ထုံဆေးအာနိသင်မျိုး ရှိတာကြောင့် အာရုံကြောဒဏ်ရာကြောင့် ကြာရှည်စွာနာကျင်တဲ့ ဝေဒနာတွေအတွက် သုံးကြပါတယ်။ SSRI ဆေးကိုလည်း serotoninနဲ့ ပတ်သက်မှုရှိတဲ့ စိတ်ပူပန်တဲ့ ရောဂါတွေမှာ ပေးကြပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%bb%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%80%e1%80%af%e1%80%86%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%98%e1%80%9a/
နှလုံးကျန်းမာစေမယ့် စားသောက်မှုပုံစံ
နှလုံးကျန်းမာစေမယ့် စားသောက်မှုပုံစံ ဆိုလို့ ခေါင်းမရှုပ်သွားပါနဲ့။ တကယ်တော့ ပြောချင်တာက နှလုံးကျန်းမာစေမယ့် စားသောက်မှုပုံစံဆိုတာဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ နှံစားသီးနှံတွေ နဲ့ အဆီများတဲ့ ပင်လယ်ငါးတွေ ပါဝင်အောင် စားသုံးတဲ့ စားသောက်မှုပုံစံကို ဆိုလိုတာပါ။ နှလုံးအတွက် အကျိုးရှိမယ့် စားသောက်မှုပုံစံပေါ့။ ဒီလို စားသောက်မှုမှာပြုပြင်ထားတဲ့ အစားအစာတွေ၊ သကြားနဲ့ ဆားပါဝင်မှု များတဲ့ အစားအစာတွေကိုတော့ မထည့်သွင်းသင့်ပါဘူး။ အကြောင်းကတော့ ဒီအစားအစာတွေက နှလုံး ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ပါ။ဒီဆောင်းပါးလေးထဲမှာနေ့စဉ်ဘဝမှာ ကျန်းမာပေါ့ပါးစွာ လှုပ်ရှားနိုင်စေဖို့အတွက် နှလုံးကျန်းမာစေမယ့် စားသောက်မှုပုံစံ အကြောင်းလေး ဝေမျှပေးချင်ပါတယ်။နှလုံး ကျန်းမာစေဖို့ ဆိုရင်နေ့စဉ် စားသောက်မှုကို အခုပြောပြမယ့် အချက်လေးတွေအတိုင်း လိုက်လုပ်ပေးရင်ရပါတယ်။နှလုံး ကျန်းမာစေဖို့ အတွက် နေ့စဉ် စားသုံးမှုမှာနှလုံးကျန်းမာရေးကို ထောက်ကူပေးတဲ့ အစားအစာတွေဖြစ်တဲ့။ဒီလိုစားသောက်မှုပုံစံက နှလုံး ကျန်းမာစေပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ထည့်သွင်းစားသုံးရမယ့် အရာတွေကို သိပြီးပြီဆိုတော့ ဘာတွေကို ဘယ်လောက်ပမာဏ စားသုံးပေးရမလဲ ဆိုတာကို ဆက်ပြီး ပြောပြပေးချင်ပါတယ်။အရောင်အသွေးစုံလင်အောင် စားပါ။ နေ့စဉ်မှာ အစိမ်းရောင်၊ လိမ္မော်ရောင်၊ အနီရောင်၊ အဝါရောင်လိုမျိုး အရောင်စုံလင်တဲ့ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ စားပေးပါ။ အပင်ကနေရတဲ့ အစားအစာတွေက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပြီး နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေက နှလုံး ကျန်းမာစေဖို့ မပါမဖြစ်တဲ့ အစားအစာတွေပါ။ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး နှလုံး ကျန်းမာစေနိုင်ပါတယ်။ တစ်နေ့ကို သစ်သီးကို ၂ ခွက်ခွဲစာလောက် စားပေးပါ။ ကစီဓာတ် နည်းတာတွေကို ရွေးချယ်စားသုံးဖို့ မမေ့ပါနဲ့။အဆီများတဲ့ ပင်လယ်ငါးလို့ ဆိုတဲ့နေရာမှာ ခန္ဓာကိုယ်က ရောင်ရမ်းမှုတွေကို သက်သာစေပြီး နှလုံးကို ကျန်းမာစေနိုင်တဲ့ omega-3 fatty acids ကြွယ်ဝတဲ့ ငါးကို ဆိုလိုတာပါ။တစ်ခါစားရင် ၃.၅ အောင်စနှုန်းနဲ့ တစ်ပတ်ကို နှစ်ကြိမ် ငါးစားပေးတာ နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။omega-3 fatty acids ကြွယ်ဝတဲ့ ငါးတွေကတော့။🙂 ဆယ်လ်မွန်။🙂 မက်ကာရယ်။🙂 ဆာဒင်း။🙂 ထရောက်ငါး။🙂 တူနာ စတာတွေပါ။ကောက်နှံဆိုတာက ဆန်တွေ၊ ဂျုံတွေကို ဆိုလိုချင်တာပါ။ ဒါပေမယ့် သန့်စင်ထားတာမျိုးတော့ မဟုတ်ပါဘူး။ အုတ်ဂျုံ၊ ဂျုံကြမ်းစတာတွေက နှလုံးသွေးကြောရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ဂျုံကြမ်း ပေါင်မုန့်လိုမျိုး အရာတွေကို ထည့်သွင်း စားသုံးပေးလို့ ရပါတယ်။ ပန်းကန်ရဲ့ ၃ ချိုး ၁ ချိုးစာလောက် စားသုံးပေးပါ။အခွဲမာသီးတွေ၊ အစေ့အဆန် နဲ့ ပဲအမျိုးမျိုးက နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်ပါတယ်။ ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးမှာပါ။🙂 အခွံမာသီးတွေ – သစ်ကြားသီး၊ အယ်လ်မွန်သီး၊ ဘရာဇီးနက်ခ်၊ သီဟိုဠ်စေ့တွေပါ။🙂 အစေ့အဆန်တွေ – နှမ်းကြတ်စေ့၊ နေကြာစေ့၊ ဖရုံစေ့၊ chia စေ့တို့ပါ။🙂 ပဲအမျိုးမျိုး – ပဲနီလေး၊ ပဲလွန်း၊ ဆင်ခေါင်းပဲ၊ ဘိုကိတ်ပဲတို့ပါ။နေ့စဉ် စားသုံးမှုမှာ တစ်ခွက်စာ ကနေ ၂ ခွက်စာလောက်အထိ စားပေးလို့ ရပါတယ်။အဆီများတာတွေ အထူးသဖြင့် ပြည့်ဝဆီ များတာတွေက နှလုံးရောဂါ ဖြစ်နိုင်ခြေ များစေပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ပြည့်ဝဆီ ပါဝင်မှု နည်းစေဖို့ အဆီထုတ်ထားတဲ့ နို့ နဲ့ နို့ထွက်ပစ္စည်းတွေကိုပဲ စားသုံးပေးပါ။နှလုံး ကျန်းမာစေဖို့အတွက် နေ့စဉ် စားသုံးမှုမှာ ဒီအစားအစာလေးတွေကို မထည့်ဖို့ လိုပါမယ်။ ဒါတွေကတော့။အနီရောင် အသားက ပြည့်ဝဆီ ပါဝင်မှု များသလို ပြုပြင်ထားတဲ့ အသားတွေကလည်း ပြည့်ဝဆီနဲ့ ဆိုဒီယမ် ပါဝင်မှု များပါတယ်။ ဒီအသားတွေနေရာမှာ အပင်ကနေရတဲ့ ပရိုတင်းကို အစားထိုး ဖြည့်စွက် စားသုံးတာက နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ အနီရောင်အသားကို စားမယ်ဆိုရင် အဆီမပါတာကို စားနိုင်ပါတယ်။အားဖြည့်အချိုရည်တွေနဲ့ ဆော်ဒါလိုမျိုး သောက်စရာတွေမှာ အချိုတွေ လွန်လွန်ကဲကဲ ပါဝင်နေပါတယ်။ ဒီအစားအစာတွေက ကိုယ်အလေးချိန်ကို တက်စေပြီး နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အချိုတွေကို အလွန်အကျွံမစားမိဖို့ လိုပါတယ်။ပြုပြင်ထားတဲ့ အစားအစာတွေမှာ သကြားတွေ၊ ဆားတွေ၊ အသွင်ပြောင်း အဆီ၊ ပြည့်ဝဆီနဲ့ ဆိုးဆေးတွေ လွန်ကဲစွာ ပါဝင်နေတာကြောင့် နှလုံး ထိခိုက်စေနိုင်ပါတယ်။သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်မှာ အမျှင်ဓာတ် ပါဝင်မှု နည်းတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်စွမ်း နည်းပါတယ်။ ဒါကြောင့် အင်ဆူလင် တုံ့ပြန်မှု မကောင်းတာ၊ ကိုယ်အလေးချိန် တက်တာတွေကို ဖြစ်စေပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ခံစားရနိုင်ပါတယ်။အရက်သောက်တတ်တယ်ဆိုရင်လည်း လျှော့သောက်ပါ။ ဖြစ်နိုင်ရင်တော့ မသောက်တာ အကောင်းဆုံးပါ။ အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကို တစ်ယူနစ်ထပ် ပိုပြီး မသောက်သင့်ပါဘူး။ အမျိုးသားတွေဆိုရင်တော့ တစ်နေ့တာကို ၂ ယူနစ်ထပ်မပိုစေဘဲ သောက်သင့်ပါတယ်။အရက်လျှော့သောက်တာက နှလုံးကျန်းမာရေးကို ဂရုစိုက်တာပါပဲ။ဆား နဲ့ အငန်ဓာတ်တွေ အလွန်အကျွံ စားသုံးတာက သွေးတိုးစေပြီး နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်စေပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ဆားလျှော့စားပါ။# ကျန်းမာစေမယ့် နေထိုင်မှုပုံစံ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/best-diets-for-heart-health/
ချွေး ကပြောပြနေတဲ့ သင့်ကျန်းမာရေးအကြောင်း ။ ။
လူတိုင်းချွေးထွက်တတ်ကြပါတယ်။ အပြင်လေး မထွက်လိုက်နဲ့။ချွေးတွေပြန်လာတာ ရေချိုးထားတဲ့အတိုင်း။ တစ်ချို့ကျတော့လည်း ဘယ်လောက်ပူပူ ချွေးလုံးဝမထွက်။ ဒီ ချွေးထွက်များတာ ချွေးလုံးမထွက်တာ တွေအပြင် ကိုယ်ခန္ဓါက ထွက်တဲ့ ချွေးတွေက ကိုယ့်ကျန်းမာရေးအကြောင်း ပြောပြနေတဲ့ အရာတွေပါ။ ချွေးထဲမှာရေဓါတ်ဓါတ်ဆားဓါတ်တွေပါတဲ့အတွက် သူတို့ကနေ ကိုယ့်ကျန်းမာရေးအကြောင်း အများကြီး သိနိုင်မှာပါ။( ၁ )စိတ်ဖိစီးမှုများနေတာ။စိတ်ဖိစီးမှုများနေ စိတ်လှုပ်ရှားနေပြီဆိုရင် ချွေးစေးတွေပြန်လာတာ လူတိုင်းကြုံဖူးကြမှာပါ။ ဘာ့ကြောင့်လဲဆိုတော့ ချွေးဂလင်း ၂ မျိုးရှိတဲ့အထဲ Eccrine glands ကတော့ အနံမရှိကြည်လင်တဲ့ ချွေးတွေကိုထုတ်ပေးပြီး ချိုင်းကြားပေါင်ကြားမှာရှိတဲ့ Apocrine glands ကတော့အနံ့ပြင်းပြီး စေးကပ်တဲ့ ချွေးတွေ ထုတ်ပေးလေ့ရှိပါတယ်။စိတ်ဖိစီးမှုများတဲ့အချိန်မှာထွက်လာတဲ့ ဟော်မုန်းတွေက Apocrine glands ကို သွားလှုံ့ဆော်လိုက်တာကြောင့် ကိုယ်ဖိစီးမှုတွေ များနေတဲ့အချိန် အနံ့ပြင်းတဲ့ချွေးနံ့တွေ ပိုထွက်တတ်ပါတယ်။ရာသီဥတုလည်းမပူ လှုပ်လှုပ်ရှားရှားလည်း မလုပ်ဘဲနဲ့ လက်ဖဝါး ခြေဖဝါးတွေမှာ ချွေးထွက်များပြီး စေးကပ်နေတဲ့ အခိုက်အတန့်တွေ ကြုံဖူးကြတယ်မလား။ ဒါဆိုရင်တော့ သင့်မှာhyperhidrosisလို့ခေါ်တဲ့ချွေးထွက်သန်တဲံ ပြဿနာရှိနေပြီလို့ ယူဆရပါတယ်။ပြောင်းပြန်အနေနဲ့ ရာသီဥတုကလည်းပူ လေ့ကျင့်ခန်းတွေလည်း ပြင်းပြင်းထန်ထန်လုပ်ထားရက်နဲ့ ချွေးလုံးဝ မထွက်ဘူးဆိုရင်တော့ သင့်မှာ anhidrosis လို့ခေါ်တဲ့ ချွေးလုံးဝ မထွက်နိုင်တဲ့ ပြဿနာရှိနေပါပြီ။ချွေးထွက်တယ်ဆိုတာ ကိုယ်ခန္ဓါရဲ့အပူချိန်ကို ထိန်းညှိပေးတာဖြစ်တဲ့အတွက်ကြောင့် ချွေးထွက်သန်တာထက်စာရင် ဒီ ချွေးလုံးမထွက်တာက တကယ်ကို သတိထားရမယ့် ကျန်းမာရေးတစ်ခုပါ။ ဒါ့ကြောင့် ကိုယ်တွေပူသလိုလိုဖြစ်နေပေမယ့် ချွေးလုံးဝ မထွက်ခဲ့ရင်တော့ဆရာဝန်နဲ့ သွားတိုင်ပင်ဖို့လိုအပ်ပါတယ်။သွေးတွင်းသကြားဓါတ်70 milligrams per deciliter ထက်နည်းသွားပြီဆိုတာနဲ့ ကိုယ်ခန္ဓါက တုန့်ပြန်မယ့် အချက်တွေထဲမှာ ချွေးစေးတွေပြန်လာတဲ့ အချက်လည်း အပါအဝင်တစ်ခုပါ။ ဒီလို သွေးတွင်းသကြားဓါတ်န်ညးသွားတဲ့အချိန်ဆို ကိုယ်ခန္ဓါကနေ adrenaline ဟော်မုန်းတွေ ထွက်လာပြီး ချွေးဂလင်းတွေကို လှုံ့ဆော်လိုက်တာကြောင့် ချွေးစေးတွေ ပြန်လာရတာဖြစ်ပါတယ်။ ဒါကြော့င် ကိုယ်က ဗိုက်ဆာနေပြီ ကတုန်ကယင်လည်းဖြစ်နေပြီ ချွေးစေးတွေလည်းပြန်နေပြီဆိုရင်တော့ သွေးတွင်းသကြားဓါတ်နည်းနေပြီလို့သာ မှတ်လိုက်ပါတော့။ချွေးထွက်တာများတဲ့အခါ ရေဓါတ်ခမ်းခြောက်တဲ့ ပြဿနာဖြစ်မှာကျိန်းသေပါတယ်။ ဒါကို ကိုယ့်ဘက်ကရေသေချာပြန်မသောက်ဘူးဆိုရင် ကျိန်းသေးပါတယ်။ နောက်ပိုင်းရေဓါတ်ခမ်းခြောက်တဲ့ပြဿနာဖြစ်လာတော့မှာပါ။ ဒီလို အချိန်မှာ ကိုယ်ဆီကထွက်တဲ့ ဆီးအရောင်ကို ကြည့်ရပါတော့မယ်။ ပုံမှန်ဆို ဆီးအရောင်က ကောက်ရိုးရောင်ရှိနေရမှာမလား။ ဒါကို ဆီးအရောင်အဝါရင့်ရောင်တို့ လိမ္မော်ရောင်တို့ ဖြစ်နေပြီဆိုရင်တော့ ရေဓါတ်ခမ်းခြောက်နေတာမျိုး ဖြစ်နေပါပြီ။ချွေးထွက်ချိန်ပါသွားတာက ရေတစ်မျိုးတည်းမဟုတ်ပါဘူး။ ဓါတ်ဆားနဲ့ electrolytes တွေလည်းပါသွားတာကြောင့် ဓါတ်ဆားဓါတ်နည်းတဲ့ လက္ခဏာတွေဖြစ်တဲ့ ကြွက်တက်တာ ခေါင်းမူးတဲ့ ပြဿနာတွေ ဆက်ဖြစ်လာတော့မှာပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%81%e1%80%bb%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%95%e1%80%bc%e1%80%94%e1%80%b1%e1%80%90%e1%80%b2%e1%80%b7-%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80/