title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
အသည်းတစ်ခြမ်းနဲ့ လူသား
အသည်းဟာခန္ဓာကိုယ်ရဲ့ အရေးအပါဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုပါပဲ။ အသည်းဟာ ပျက်စီးပြီးတဲ့နောက် အလိုလို ပြန်ကောင်းလာနိုင်တဲ့ တစ်ခုတည်းသော အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ အသည်းရဲ့ လုပ်ဆောင်ချက်တွေကတော့။ဒီမှာပြောစရာ ရှိလာတာက “အသည်းပျက်စီးနေတဲ့သူတွေ၊ မဖြစ်မနေ အသည်းအစားထိုးဖို့ လိုအပ်လာတဲ့သူတွေအတွက် အသည်းတစ်ခြမ်း လှူမယ့် အလှူရှင်တွေကရော ပုံမှန်အတိုင်း အသက်ရှင်နိုင်ပါ့မလား။” ဆိုတဲ့ အသည်းလှူလိုသူတွေရဲ့ မေးခွန်းပါပဲ။ ဒီမေးခွန်းကို ဖြေဖို့ အရင်ဆုံး သိထားရမှာက အသည်းရဲ့ ၂၅ % ကနေ ၃၀% ရှိနေရင်ကို အသည်းက သူ့ရဲ့ ပုံမှန် လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နိုင်ပြီး လူကလည်း ပုံမှန် ဖြစ်နိုင်ပါတယ် ဆိုတာပါပဲ။ဒါဆို အသည်းတစ်ခြမ်းနဲ့ လူသားတွေရဲ့ နောက်ဆက်တွဲ အခြေအနေတွေကို လေ့လာကြည့်ရအောင်။အသည်းအလှူရှင်တွေဟာ ခွဲစိတ်မှု ပြီးတဲ့နောက် အားနည်းနေသလိုနဲ့ ပင်ပန်းတာကို ခံစားရမှာဖြစ်ပြီး ဆေးရုံမှာ တစ်ပတ်လောက်နေရမှာဖြစ်ပါတယ်။ ခွဲစိတ်ထားတဲ့ ဒဏ်တွေကြောင့် နာကျင်မှုကိုတော့ ခံစားရမှာဖြစ်ပေမဲ့ ကျန်တာ ပုံမှန်ပါပဲ။အကိုက်အခဲပျောက်ဆေးသောက်မယ်၊ ပေးထားတဲ့ ဆေးတွေကို သေချာ သောက်မယ်၊ ဂရုစိုက်မယ်ဆိုရင် သက်သာသွားမှာပါ။ခွဲစိတ်ပြီး တစ်ရက်၊ နှစ်ရက် အတွင်းမှာလည်း ထပြီး လှုပ်ရှားမှု နည်းနည်း လုပ်ဖို့၊ အသက်ရှူလေ့ကျင့်ခန်း လုပ်ဖို့ ဆရာဝန်က တိုက်တွန်းတာတွေ ရှိနိုင်ပြီး ငြိမ်နေလို့ ကြွက်သားအားနည်းတာတွေကို ဒီလို လှုပ်ရှားမှုတွေက လျော့နည်းသွားစေပါတယ်။အသည်းလှူတဲ့ ခွဲစိတ်မှုအပြီး ၂ပတ် အကြာမှာ Checkup (စစ်ဆေးမှု) တစ်ခေါက် လုပ်ရမှာဖြစ်ပြီး အသည်းဟာ ပုံမှန်အနေအထားရောက်ဖို့ လျင်လျင်မြန်မြန်ပဲ ကြီးထွားလာပါလိမ့်မယ်။ ပထမ (၂) ပတ်အတွင်းမှာတင်ကို အသည်းက ပြန်လည် ကြီးထွားလာမှာဖြစ်ပြီး သူ့ရဲ့ ကြိုးစားပမ်းစား အလုပ်လုပ်နေမှုကြောင့်ပဲ လှူပြီး ပထမ လအတွင်းမှာ ပင်ပန်းလွန်းသလို ခံစားရမှာ ဖြစ်ပါတယ်။ ၂ပတ် ကနေ ၄ ပတ်အတွင်း အကိုက်အခဲပျောက်ဆေးတွေ လိုအပ်နိုင်ဦးမှာ ဖြစ်သလို ပိုးမဝင်စေဖို့ Antibiotics တွေလည်း လိုအပ်ပါတယ်။နေ့စဉ်အတွက်လမ်းလျှောက်လေ့ကျင့်ခန်းနဲ့ အသက်ရှူ လေ့ကျင့်ခန်းတွေ၊ ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေက ပြန်ကောင်းလာဖို့ အထောက်အကူ ဖြစ်စေမှာပါ။ဒါတွေအပြင် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ဆေးရုံမှာ နေနေစဉ်အတွင်း အော့အန်တာ၊ ဖျားတာ  ဒါမှမဟုတ် အသေးစား ပိုးဝင်မှုတွေ ဖြစ်နိုင်ပါတယ်။ခွဲစိတ်မှုအပြီး ၂လ – ၃လ အလွန်မှာတော့ ပုံမှန်ပြန်ဖြစ်သွားပါပြီ။ များသောအားဖြင့် ရက်သတ္တပတ် ၆ပတ် ကနေ ၈ ပတ်အတွင်း အလုပ်သွားနိုင်ကြပြီဖြစ်ပါတယ်။ လေ့ကျင့်ခန်းလေးတော့ ပုံမှန် လုပ်ပေးဖို့ လိုတာပေါ့နော်။Wathun Myet Chal။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%90%e1%80%85%e1%80%ba%e1%80%81%e1%80%bc%e1%80%99%e1%80%ba%e1%80%b8%e1%80%94%e1%80%b2%e1%80%b7-%e1%80%9c%e1%80%b0%e1%80%9e%e1%80%ac%e1%80%b8/
ပန်းနာရင်ကြပ်ရှူဆေး Inhaler ရှူတဲ့အချိန် လုပ်မိတတ်တဲ့ အမှားများ ။ ။
ပန်းနာရင်ကြပ်ရောဂါကို အားလုံးကြားဖူးကြမှာပါ။ အေးတဲ့ ရာသီဥတုမှာ၊ဓါတ်မတည့်တဲ့ အရာတွေနဲ့ ထိမိတဲ့အခါမှာ၊ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တဲ့အခါမျိုးတွေမှာ အသက်ရှူရကြပ်ကြပ်လာတာ ပန်းနာရင်ကြပ် သမားတွေရဲ့ အဓိကဝေဒနာတစ်ခုပါ။ ဒါကို သက်သာစေဖို့အတွက် သူတို့သွားလေရာ ဆောင်သွားရတဲ့ ရှူဆေးဘူးလေးတွေရှိပါတယ်။ ဒီနေ့ပြောပြပေးမှာကတော့ ခုမှ ရှူဆေးစရှူမယ့်သူတွေရော၊ ရှူနေတာကြာပြီဖြစ်တဲ့သူတွေရောသိထားသင့်တဲ့Inhalerရှူတဲ့အချိန် လုပ်မိတတ်တဲ့ အမှားများအကြောင်းပဲ ဖြစ်ပါတယ်။ မှားတဲ့နည်းတွေနဲ့လုပ်မိရင် ဆေးအာနိသင် ထိရောက်တာ နည်းသွားပါလိမ့်မယ်။ရှူဆေးဘူးကို မလှုပ်ဘဲ တန်းရှူတဲ့သူတွေ အများကြီးပါ။ ဒါဟာမှားနေပါတယ်။ရှူဆေးထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေ သေချာ ရောအောင်လုပ်မှ ဆေးအာနိသင့်ထိထိရောက်ရောက်ရမှာ ဖြစ်လို့ မရှူခင် ဆေးဘူးကို ၁၅မိနစ်လောက် အမြဲလှုပ်ပေးသင့်ပါတယ်။ရှူဆေးဘူးကို အပေါ်အောက် ပြောင်းပြန် ကိုင်မိတာကလည်း လုပ်မိကြတဲ့ အလွဲတွေထဲကတစ်ခုပါ။ မှန်ကန်တဲ့ inhaler ရှူနည်းမှာ ဆေးဘူးကို L ပုံစံအနေအထားနဲ့ ရှူဖို့လိုပါတယ်။ ဂေါက်ပါတဲ့ ဘက်က ပါးစပ်ထဲ ထည့်ရမှာဖြစ်ပြီး အခြားတစ်ဘက်ကိုတော့ အပေါ်ထောင်ထားရမှာပါ။ရှူဆေးဘူးကနေဆေးထုတ်တဲ့အချိန်ကို မရှူမိဘဲလိုက်တဲ့အခါ စက်ကထွက်လာတဲ့ ဆေးတွေအဆုတ်ထဲ သေချာမရောက်တော့ဘဲ ပါးစပ်ထဲကျန်နေခဲ့မှာ ဖြစ်သလို ဆေးမထွတ်လာခင်တည်းက အသက်တစ်ဝကြီးရှူထားလိုက်တဲ့အခါမှာ အဆုတ်ထဲရှူဆေးအတွက်နေရာ မရှိတော့တာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။ ဒါမျိုးတွေ မဖြစ်ရလေအောင်inhaler ဆေးဘူးနဲ့ ကိုယ်နဲ့ ကြားထဲမှာ ကြားခံနယ်( spacer) တစ်ခု ထားပြီး ရှူပေးပါ။ဆေးဘူးထိပ်ကို ငုံတဲ့အချိန် ပါးစပ်လုံအောင် လုပ်မထားရင် ရှူလိုက်တဲ့ဆေးတွေ ပါးစပ်ကနေ ပြန်ထွက်သွားတတ်ပါတယ်။ ဒါ့ကြောင့် ပါးစပ်ကို လုံအောင်ပိတ်ပြီးမှ ဆေးကို ရှူပါ။လျော့ရဲရဲ ထိုင်နေတဲ့အချိန်ပန်းနာသမားတွေရဲ့ အဆုတ်က လေတွေကို သေချာရှူသွင်းလို့မရသလို ရှူထုတ်ဖို့လည်း ခက်ခဲပါတယ်။ ဒီတော့ ဆေးကိုပါ ရှူလို့ရတော့မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဆေးရှူတဲ့ အခါမှာ ကိုယ်ခန္ဓါကို မတ်မတ်ထိုင်လိုက်တာ ( ဒါမှမဟုတ် ) မတ်တပ်ရပ်ပြီးမှ ရှူဆေးရှူပါ။ရှူဆေးဘူးကို ဆေးဖြည့်ပြီး စရှူတဲ့နေ့ကို သေချာမမှတ်မိလိုက်လို့ ဆက်တိုက်ရှူနေတဲ့အခါ ဘူးထဲမှာ ဆေးကုန်သွားပြီး အခြား အရာတွေ ပြည့်နေတာမျိုးဖြစ်တတ်ပါတယ်။ ဒါကို ကာကွယ်ဖို့အတွက် ဘူးထဲမှာ ဆေးဘယ်လောက်ကျန်သေးလဲ မှတ်ထားပေးတဲ့ ဆေးဘူးဝယ်သုံး ( ဒါမှမဟုတ်) ဆေးက ဘယ်လောက်ဆိုဘယ်နှစ်လခံလဲ ဆရာဝန်ကို မေးပြီး စဝယ်ထဲက ရက်စွဲမှတ်တာမျိုး လုပ်သင့်ပါတယ်။ရှူဆေးတစ်ချက်ရှူပြီး ခဏနေတာနဲ့ နောက်တစ်ချက်ချက်ချင်း ပြန်ရှူတဲ့အခါ မနှံ့စပ်တဲ့ ဆေးတွေကို ရှူမိလိုက်သလိုဖြစ်သွားပါလိမ့်မယ်။ ဆေးရှူတဲ့ တစ်ချက်နဲ့ တစ်ချက်ကြားထဲ အနည်းဆုံး ၁ မိနစ်လောက် ခြားပြီးမှ ရှူပါ။ဆေးဘူးအသစ်၊ ဒါမှမဟုတ် မသုံးတာကြာတဲ့ဆေးဘူး ၊ ပြုတ်ကျသွားတဲ့ဆေးဘူးတွေကို သုံးတော့မယ်ဆိုရင် ဆေးဘူးထဲက ဆေးရည်ကို အရင်လေထဲ ဖြန်းလိုက်ပါ။ ဒါမှ ဆေးဘူးထဲမှာရှိနေတဲ့ အမှုန်အမွှားတွေ ဆေးရည်နဲ့အတူအပြင်အရင်ထွက်သွားပါလိမ့်မယ်။ ပြီးမှ ရှူဆေးကို ပုံမှန်အတိုင် းလှုပ်ပြီးရှူပါ။ဆေးရှူပြီးပြီဆိုတာနဲ့ အသက်ချက်ချင်း ပြန်ရှူထုတ်လိုက်တဲ့အခါ ဆေးတစ်ချို့တစ်ဝက် ရှူထုတ်လိုက်တဲ့ လေထဲ ပြန်ပါသွားပြီး အဆုတ်ထဲ ရောက်သင့်သလောက် မရောက်တော့ပါဘူး။ ဒါ့ကြောင့် ရှူဆေးရှူပြီးတာနဲ့ ဆေးကို ရှိုက်သွင်းပြီး အသက်ကို ၁၀ စက္ကန့်လောက်အောင့်ထားပါ။ဆေးဘူးကို ရှူသာရှူနေတယ်။ သန့်ရှင်းရေးသေချာမလုပ်ရင် ကပ်နေတဲ့ ဖုန်တွေ ဝင်သွားတတ်လို့ ပိုပြီးရင်ကြပ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် မသုံးခင် ဆေးဘူးထဲ ဖုန်ရှိမရှိသေချာစစ်ဖို့လိုသလို သုံးပြီးရင်လည်း အဖုံးပြန်ဖုံခဲ့ဖို့လိုပါတယ်။နေ့တိုင်း သုံးရတဲ့ ရှူဆေးဘူးတွေရှိသလို၊ လိုမှ တစ်ခါတစ်ခါ ထုတ်ရှူရတဲ့ ရှူဆေးဘူးတွေလည်း ရှိပါတယ်။ သုံးရတဲ့အချိန်ကွဲပြားသလို ပါဝင်တဲ့ဆေးတွေနဲ့ ရှူရတဲ့ပုံတွေကလည်းကွဲပြားနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုပုံစံ inhaler ကို ကိုယ်လိုချင်တာလဲ၊ လိုချင်တဲ့ inhaler ရအောင် ဘယ်အချက်တွေကြည့်ပြီး ဝယ်ရမလဲဆိုတာ ဆရာဝန်နဲ့ ဆေးဆိုင်က သူတွေကို သေချာမေးခဲ့ပါ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/asthma-respiratory-health/inhaler/
BMI (ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း)ဆိုတာဘာလဲ။ ဘယ်လိုအသုံးဝင်လဲ။
တစ်နေ့တာလုံး ကွန်ပျူတာရှေ့ထိုင်အလုပ်လုပ်၊ အိမ်ပြန်ရောက်တော့လည်း ပင်ပန်းလာတယ်ဆိုပြီး ထိုင်ပြီး စာအုပ်ဖတ်တယ်၊ တီဗွီကြည့်တယ်၊ ဂိမ်းဆော့တယ်လုပ်ရင်းခန္ဓာကိုယ်ကပြည့်ပြည့်လာတယ်။ ထိုင်ရ၊ထရလေးလာတယ်။ ငါအရမ်းများဝလွန်းနေပြီလား၊ ကျန်းမာရေးထိခိုက်လောက်တဲ့အထိများ ဝနေပြီလားလို့ တွေးနေလား။ ဝနေလားမဝနေဘူးလားဆိုတာကို သူများတွေကိုလျှောက်မမေးဘဲ စမ်းသပ်ကြည့်လို့ရတဲ့ နည်းလမ်းလေးတစ်ခုရှိပါတယ်။BMI (ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း) ဆိုတာက လူတစ်ယောက်ရဲ့ကိုယ်အလေးချိန်အရပ်အမြင့်​ပေါ်မှာ အခြေခံပြီး ခန္ဓါကိုယ်မှာရှိနေတဲ့အဆီပမာဏကို တွက်ချက်ဖို့ လုပ်ဆောင်ထားတဲ့ ပုံသေနည်းတစ်ခုပေါ့။ ဒါပေမယ့် BMI (ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း) က ခန္ဓါကိုယ်ကအဆီပမာဏကို အတိအကျမတွက်ချက်နိုင်ပါဘူး။၁၉ ရာစုနှစ်အစောပိုင်းကာလမှာပေါ်ပေါက်လာခဲ့တဲ့ ဒီပုံသေနည်းမှာ ခန္ဓာကိုယ်အလေးချိန်ကို အရပ်အမြင့်ရဲ့ နှစ်ထပ်ကိန်းနဲ့စားပြီး ထွက်လာတဲ့အဖြေနဲ့ အဝလွန်နေတာလား၊ ပုံမှန်ပဲလား၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်နည်းနေလားဆိုတာကို ဆုံးဖြတ်ရတာပါ။ ဒီလိုတွက်ချက်ခြင်းဖြင့် ကိုယ်အလေးချိန်များနေရင်ကျန်းမာရေးနဲ့ ညီတဲ့ကိုယ်အလေးချိန်ရအောင် လျှော့လို့ရပြီး ကိုယ်အလေးချိန်နည်းနေတဲ့အခါမှာလည်းအာဟာရပြည့်ဝအောင်စားသုံးဖို့ ချင့်ချိန်လို့ရပါတယ်။ အဆီပိုတွေများနေလားဆိုတာကို တွက်ချက်ပေးနိုင်မယ့် နည်းလမ်းတစ်ခုဆိုလည်းဟုတ်ပါတယ်။သင့်အနေနဲ့ အရပ်နဲ့ကိုယ်အလေးချိန်ကို တိုင်းတာပြီး BMI တွက်ချက်လိုက်လို့ BMI က ၂၅ ကနေ ၂၉.၉ အတွင်းရှိနေမယ် ဆိုရင်တော့ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေပါပြီ။ တကယ်လို့ BMI က ၃၀ ဒါမှမဟုတ် ၃၀ ထက်ကျော်နေမယ်ဆိုရင်အဝလွန်တဲ့အဆင့်ကိုရောက်ရှိနေပြီဖြစ်တာကြောင့် အနေအထိုင်အစားအသောက်ကို ဆင်ခြင်ဖို့လိုပါမယ်။ဒီလိုမှမဟုတ်ဘဲ BMI က ၁၈.၅အောက်ရောက်နေမယ်ဆိုရင်တော့ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်နည်းနေတာကြောင့် အာဟာရပြည့်ဝအောင်စားသုံးဖို့လိုအပ်မှာပဲဖြစ်ပါတယ်။ တကယ်လို့ သင့်ရဲ့ BMI က ၁၈.၅ ကနေ ၂၄.၉ အတွင်းရှိနေမယ်ဆိုရင်တော့ ကျန်းမာတဲ့ ခန္ဓါကိုယ်အလေးချိန်ကို ပိုင်ဆိုင်ထားတာပါ။BMI တွက်ရတာက ခက်ခဲရှုပ်ထွေးမနေပါဘူး။ သချာၤပုစ္ဆာတစ်ခုကိုဖြေရှင်းသလောက်ပါပဲ။ဖော်မြူလာတစ်ခုထဲမှာ ကိုယ်အလေးချိန် နဲ့ အရပ်အတိုင်းအတာကို ထည့်ပြီးတွက်ချက်ရုံပါ။ သိထားသင့်တာတစ်ခုကတော့ BMI တွက်တဲ့အခါ ကိုယ်အလေးချိန်ကို ကီလိုဂရမ်နဲ့ထည့်သွင်းပြီး အရပ်အတိုင်းအတာကိုတော့ မီတာနဲ့တွက်ချက်ရမှာပါ။ဖော်မြူလာပုံစံက – BMI (ခန္ဓါကိုယ် ထုထည်ညွှန်းကိန်း) = ( ကိုယ်အလေးချိန် (ကီလိုဂရမ်)/ ( အရပ်အတိုင်းအတာ (မီတာ နှစ်ထပ်ကိန်း))။ဥပမာ သင့်အရပ်က ငါးပေငါးလက်မရှိမယ်။ ကိုယ်အလေးချိန်က ၁၅၂ပေါင်ရှိမယ်ဆိုပါစို့။ သင်ဝနေလား မဝနေဘူးလား ဆန်းစစ်ကြည့်လိုက်ရအောင်။အရပ်အမြင့် ငါးပေငါးလက်မ = ၁.၆၅၁မီတာ။ နှစ်ထပ် = ၁.၆၅၁ x ၁.၆၅၁ = ၂.၇၂၆။ကိုယ်အလေးချိန် ၁၅၂ပေါင် = ၆၈.၉၄ ကီလိုဂရမ်။BMI = ၆၈.၉၄/၂.၇၂၆ = ၂၅.၃။ကဲ…ဒီတွက်နည်းတွေက ရငပ်တယ်။ ကိန်းဂဏန်းတေါ မတွက်ချင်ဘူးဆိုရင်တော့ ဒီAppလေးမှ တွက်ကြည့်လို့ရပါတယ်။သဘောကတော့ သင့်ရဲ့လက်ရှိကိုယ်အလေးချိန်ဟာ ရှိသင့်တဲ့ပမာဏထက် အနည်းငယ်များနေတယ်လို့ ဆိုလိုပါတယ်။ ဒီနည်းလမ်းနဲ့ဆိုရင် ကိုယ်အလေးချိန်များနေလား နည်းနေလားဆိုတာကို သူများတွေလျှောက်မေးနေစရာမလိုဘဲ၊ မှန်ရှေ့ကြည့်ပြီး စဉ်းစားနေစရာမလိုဘဲ အလွယ်တကူသိနိုင်ပြီပေါ့။အခုပဲ ကိုယ့်ရဲ့ BMI ကိုတွက်ချက်ပြီးတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့ကိုယ်အလေးချိန်လေးရရှိအောင် လုပ်ဆောင် ထိန်းသိမ်းလိုက်ကြပါနော်….။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/bmi-%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-viral-infections/rubella-%e1%80%82%e1%80%bb%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%9e%e1%80%ad%e1%80%af%e1%80%b8-%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab/
တစ်ချိန်လုံး မတ်တတ်ရပ်နေရသူတွေအတွက် လေ့ကျင့်ခန်းလေးများ
တစ်နေ့တာရဲ့ အချိန်တော်တော်များများကို မတ်တတ်ရပ်ရင်း ကုန်ဆုံးနေရပါသလား!လုပ်ငန်းခွင်လိုအပ်ချက်အရ မတ်တတ်ပဲရပ်နေရလို့ ကျန်းမာရေးကို ထိခိုက်မှာ စိုးနေပြီလား! ဒါဆိုရင်တော့ မတ်တတ်ပဲ တစ်ချိန်လုံး ရပ်နေရသူတွေအတွက် အကြောတွေ ပြေလျော့စေပြီး ကျန်းမာစေမယ့် လေ့ကျင့်ခန်းလေးတွေကို မျှဝေပေးချင်ပါတယ်။အလုပ်ထဲမှာ တစ်နေ့တာလုံးလည်းမတ်တတ်ရပ်ရတယ်။ဖိနပ်ကလည်း သက်သောင့်သက်သာ ရှိတဲ့ ဖိနပ်မျိုး မဟုတ်ဘူးဆိုရင် အရိုးအဆစ်နဲ့ ကြွက်သားတွေ နာကျင်တာ ဒဏ်ဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ တစ်နေ့ကို ၈ နာရီနဲ့အထက် မတ်တတ်ရပ်တာက ခြေထောက်သွေးပြန်ကြောရောဂါ ခံစားရတာ၊ နှလုံးထိခိုက်တာ၊ ခြေထောက်ရောင်တာ၊ ခါးအောက်ပိုင်းတွေ နာကျင်တာ၊ဇက်ကြောနဲ့ ပခုံးထဲက တဆစ်ဆစ် နာကျင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ခြေဖဝါးနာကျင်တာနဲ့ ခြေထောက်မှာ အရည်ကြည်ဖု ထတာတွေကိုလည်း ခံစားရနိုင်ပါတယ်။တစ်ချိန်လုံး မတ်တတ်ရပ်နေရသူတွေအတွက် လေ့ကျင့်ခန်းလေးများ အကြောင်း ပြောပြပေးမှာမို့ အတူတူ ဖတ်ရှုရင်း လိုက်လုပ်ကြည့်လိုက်ပါဦးနော်။ဒီလေ့ကျင့်ခန်း လုပ်ဖို့အတွက် ခန္ဓာကိုယ်ကို မတ်မတ်လေး ရပ်ပါ။ လက်နှစ်ဖက်ကို လက်ချောင်းလေးတွေ အချင်းချင်း ယှက်ပါ။ ဆုပ်ထားတဲ့လက်ကို မေးစေ့နဲ့ တညီတည်းဖြစ်အောင် မြှောက်ထားပါ။ ပြီးရင် ရှေ့ခြေထောက်တစ်ဖက်ကို ဒူးထောင်တဲ့ ပုံစံထားပြီး နောက်ခြေထောက် တစ်ဖက်ကို ဒူးထောက်တဲ့ ပုံစံ လုပ်ပေးပါ။ တစ်ဖက်ပြီး တစ်ဖက် လုပ်ပေးပါ။ကြွက်သားတွေကို ပြေလျော့စေပြီး သွေးကြောတွေကို စီးဆင်းမှု ကောင်းစေဖို့လည်း ထောက်ကူပေးမှာပါ။အရင်ဆုံး ခုံတစ်လုံးကို ယူပါ။ နောက်မှီပါတဲ့ ခုံကိုပါ။ ပြီးရင် ခန္ဓာကိုယ်ကို မတ်မတ်ရပ်လို့ ခြေထောက်တွေကို ပခုံး အကွာအဝေးအတိုင်း ခွဲထားပါ။ လက်နှစ်ဖက်နဲ့ ခုံကို အားပြုပြီး ခြေဖနောင့် နှစ်ဖက်စလုံးကို မြှောက်နိုင်သမျှ မြှောက်ပေးပါ။ မြင်သာအောင် ပြောပြရရင် ခြေဖျားထောက်တဲ့ ပုံစံပေါ့။ ဒီလိုလုပ်ပေးတာက ခြေသလုံးကြွက်သားတွေကို ပြေလျော့စေမှာပါ။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ဒူးနည်းနည်း ကွေးထားပါ။Squats ထိုင်တာကတော့ တော်တော်များများနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ အထူးသဖြင့် လေဒီလေးတွေနဲ့ပေါ့။Squats ထိုင်ဖို့အရင်ဆုံး ခြေထောက် နှစ်ဖက်ကို ပခုံးအကျယ်အတိုင်း ခွာပြီး ရပ်ပါ။ ပြီးရင် တင်ပါးကို နောက်ပစ်ရင်း ထိုင်ချပါ။ ထိုင်ခုံမှာ ထိုင်တဲ့ အနေအထားမျိုးပါ။ ဒီလို လေ့ကျင့်ခန်း လုပ်ချိန်မှာ လက်နှစ်ဖက်ကို ရှေ့တည့်တည့်ကို ဆန့်တန်းထားပြီး လက်ချောင်းလေးတွေ အချင်းချင်းကို တင်းတင်းလေး ယှက်ထားဖို့ မမေ့ပါနဲ့။ဒီလေ့ကျင့်ခန်း လုပ်ဖို့ ဘေးစောင်းလှဲပါ။ ပြီးရင် ခြေဖဝါးချင်း ထိထားရင်း ဒူးကွေးထားပါ။ ခေါင်းကို လက်နဲ့ ထောက်ထားရင်း ခြေထောက်တစ်ဖက်ကို ကွေးထားရင်း တစ်ဖက်ကို ဒူးထောင်လိုက် ချလိုက် လုပ်ပေးပါ။ တစ်ဖက်ချင်း လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက ခါးနဲ့ တင်ပါးဆုံ ကြွက်သားတွေကို ပြေလျော့စေပါတယ်။ရုပ်ပိုင်းဆိုင်ရာကို အဓိကထားပြီး အလုပ်လုပ်ရတဲ့သူတွေအတွက် တစ်နေကုန် မတ်တတ်ရပ်ရတာကြောင့် ကြွက်သားတွေ နာကျင်မှုကို ပြလျော့စေဖို့ လုပ်ပေးလို့ ရတဲ့ နောက်ထပ် လေ့ကျင့်ခန်း တစ်ခုကတော့Bridge ပါ။ ဒီလေ့ကျင့်ခန်း လုပ်ဖို့ဆိုရင် အခင်းပြားပေါ်မှာ ပက်လက် အနေအထားနဲ့ လှဲချလိုက်ပါ။  လက်နှစ်ဖက်ကို ခန္ဓာကိုယ် တစ်ဖက်တစ်ချက်စီမှာ  မှောက်လျက် အနေအထားနဲ့ ဆန့်တန်းထားပါ။ ပြီးရင် ဒူးနှစ်ဖက်ကို ထောင်ထားပါ။ ပြီးရင် ခြေထောက်တွေနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို အားပြုပြီး တင်ပါးကို ကြမ်းပြင်ကနေ လွတ်အောင် မတင်ပါ။ ၄ – ၅ ကြိမ်လောက် လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက ခါးအောက်ပိုင်း ကြွက်သားတွေကိုရော ခြေသလုံး ကြွက်သားတွေကိုပါ သန်မာစေနိုင်ပါတယ်။ကဲ … တစ်နေ့လုံး မတ်တတ်ရပ်နေရလို့ ညောင်းညာနေတဲ့ ကြွက်သားတွေကို ပြေလျော့စေဖို့ အခုပဲ လေ့ကျင့်ခန်းလေးတွေ လုပ်လိုက်တော့နော်။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/best-exercises-for-standing-all-day/
ဘက်စုံထူးချွန်တဲ့ သားသမီးလေးတွေ ပျိုးထောင်ဖို့ မေမေ သိသင့်တဲ့ (၆) ချက်
ကလေးတွေရဲ့ အောင်မြင်မှုကို အမြင်ချင်ဆုံးက ဖေဖေ မေမေ တို့ ပါပဲ။ စာမေးပွဲတို့ ပြိုင်ပွဲတို့ဆို ကာယကံရှင်လေးတွေထက် မိဘတွေက ပိုပြီး စိတ်လှုပ်ရှားတတ်ကြတာပဲ ကြည့်။ ကိုယ့်သားသမီးလေးတွေကို ပညာတော်စေချင်တာ ၊ ထိပ်ဆုံး ရောက်စေချင်တာ မိဘတိုင်း ရဲ့ ဆန္ဒပဲ မဟုတ်လား။ ဒါပေမယ့် မေးစရာရှိတဲ့မေးခွန်းတစ်ခုက ပညာရေးမှာ အဆင့်တစ် ရရုံနဲ့ ထူးချွန်အောင်မြင်တယ်လို့ ယူဆနိုင်ပြီလား။မိဘတွေဟာ အများအားဖြင့် ကျောင်းမှာ အမြဲ အဆင့်တစ် ရဖို့၊ အမှတ်အများဆုံး ရဖို့ကိုပဲ အလေးထားပြီး ကလေးတွေကို တွန်းအားပေးတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေ ရဲ့ အနာဂတ်ဘဝမှာ အောင်မြင်မှုတွေ ရဖို့ ဆိုတာဉာဏ်ကောင်းရုံ ၊ အမှတ်ကောင်းရုံ နဲ့ မလုံလောက်ဘူး ဆိုတာ မေမေတို့ သတိပြုဖို့ လိုပါတယ်နော်။ သက်ဆိုင်ရာနယ်ပယ်မှာ ထူးထူးချွန်ချွန်နဲ့ အောင်မြင်ပြီး လူချစ်လူခင်များတဲ့သူတွေကိုကြည့်မယ်ဆိုရင် ကျောင်းမှာအမြဲအဆင့်(၁) ရသူတွေ၊ အမှတ်အများဆုံးရသူတွေချည်းဖြစ်မနေဘူးဆိုတာ သတိထားမိပါလိမ့်မယ်။ မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေကို စာတစ်ခုတည်းမဟုတ်ဘဲ ဘက်စုံထူးချွန်တဲ့ သားသမီးလေးတွေ ဖြစ်လာဖို့အတွက် ပျိုးထောင်ပေးရမှာပါ။ကလေး တစ်ယောက်ရဲ့ အနာဂတ် ဟာ ဖေဖေမေမေတို့ရဲ့ လက်ထဲမှာပါ။ စာတော်ဖို့ တစ်ခုအတွက်ပဲ ဖိအားတွေ၊ တွန်းအားတွေ ပေးပြီး ကြိုးစားစေမယ်ဆိုရင် ကလေးက ပညာရေးမှာ အောင်မြင်နိုင်ပေမယ့် စိတ်ဖိစီးမှုတွေနဲ့ အသားကျပြီး ပေါင်းသင်းဆက်ဆံရေးတွေ၊ တီထွင်ဖန်တီးနိုင်စွမ်းတွေ၊ ကိုယ့်ကိုကိုယ်အားကိုးတတ်တာတွေမှာ အားနည်းသွားတတ်ပါတယ်။ အဲဒီလိုမျိုး အားနည်းတာတွေမရှိဘဲ ဘက်စုံနေရာစုံမှာ ထူးချွန်နေတဲ့ ကလေးတွေ ဖြစ်ဖို့အတွက် ဘယ်လိုပျိုးထောင်နိုင်မလဲဆိုတဲ့ အချက် (၆)ချက်ရှိပါတယ်။ဒီတော့ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်ပြီး ပျော်ရွှင်ထက်မြက်တဲ့၊ ဘက်စုံထူးချွန်တဲ့ သားသားမီးမီးတွေဖြစ်ဖို့ ဘယ်လိုပျိုးထောင်ကြမလဲ။(၁) အာဟာရကို ဂရုစိုက်ပါ။အာဟာရက အရေးကြီးတယ်ဆိုတာကို မိဘတွေသိပြီးသားဆိုတာ သေချာပါတယ်။ ဒါပေမယ့် အများစုမိဘတွေရဲ့ ပြဿနာက မှန်ကန်တဲ့အာဟာရဓာတ်ကဘာတွေလဲ ဘယ်ကနေ ကျွေးမွေးရမလဲဆိုတာမှာ ဝေခွဲမရဖြစ်နေတာပါ။ ထူးချွန်ထက်မြက်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ဖို့ဆိုရင်။ဒီအမျိုးအစားတွေ ပြည့်ပြည့်ဝဝပါဝင်တဲ့ အစားအသောက်တွေကို ကျွေးမွေးနိုင်မယ်ဆိုရင် ကျန်းမာဖို့ရယ်၊ ဉာဏ်ကောင်းဖို့ရယ်၊ ကြီးထွားဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်ဖို့ရယ်အတွက် အခြေခံလိုအပ်ချက်တွေ ပြည့်မီပြီးသားဖြစ်ပါလိမ့်မယ်။(၂) ကလေး အတွက် အခိုင်ခံ့ဆုံး တံတိုင်းအဖြစ် နေပေးပါ။ကိုယ့်အားသန်ရာ၊ ကိုယ့်ရည်မှန်းချက်၊ ကိုယ့်စွမ်းရည်တွေကို ကြောက်စိတ်ကင်းကင်းနဲ့ ထုတ်ဖော်ရဲ၊ လုပ်ကိုင်ရဲမှ ကလေးက ကိုယ့်ကိုယ်ကိုယုံကြည်မှု ခိုင်မာလာမှာပါ။ ဒီလိုယုံကြည်မှု ရှိမှ အောင်မြင်မှုတွေကို ထက်ထက်မြက်မြက်နဲ့ ရယူနိုင်ပါလိမ့်မယ်။သူတို့ ကြိုးစားသမျှကို အားပေးထောက်ပံ့နေမယ့် တံတိုင်းတစ်ခုအဖြစ် မိဘတွေက ရှိနေပေးမယ်ဆို အကောင်းဆုံးပါပဲ။ ကလေးရဲ့ဝါသနာတွေလုပ်ချင်တာတွေ ဖန်တီးချင်တာတွေကို အားပေးတဲ့ အထောက်အကူတံတိုင်းတစ်ခုဖြစ်ပါစေ။ ဆန့်ကျင်တားဆီးမယ့် အတားအဆီး တံတိုင်းမဖြစ်ပါစေနဲ့။(၃) ဆက်ဆံရေး ပွင့်လင်းအောင် အားပေးပါ။ကလေး နဲ့ မိဘ ကြားက ဆက်ဆံရေး ပွင့်လင်းဖို့ကလည်း အဓိကကျပါတယ်။ ဒါမှ သူတို့ရဲ့ စိတ်ထဲက အတွေး၊ အသိ၊ အမြင် နဲ့ ခံစားချက်တွေကို သိရမယ်။ မိဘတွေနဲ့ ပွင့်လင်းပြီး ရိုးရှင်းတဲ့ ဆက်ဆံရေးရှိခြင်းက တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာလည်း ဘယ်လို တုံ့ပြန်ရမယ်၊ ဘယ်လိုပြုမူရမယ်၊ ဘယ်လိုဆင်ခြင်နားလည်ရမယ် ဆိုတာ ကလေးကို သင်ပြပေးလို့ ရမယ်လေ။(၄) ကာကွယ်ပေးလွန်းတဲ့ မိဘ မဖြစ်ပါစေနဲ့။ကလေး ရဲ့ အရာရာမှာ မိဘက ဝင်ပါတာ၊ အစအဆုံး အကုန် မိဘက လုပ်ပေးတာ၊ ကလေးကို ကာကွယ်ပေးလွန်းတာ တွေက လွန်ကဲတဲ့ ဂရုစိုက်မှု တွေပါ။ နောက်ဆို ကလေးက ဘာကိုမဆို ကိုယ်တိုင် ထိတွေ့ကြည့်ဖို့၊ ရင်ဆိုင်ဖြေရှင်းဖို့ထက် မိဘရဲ့ အနောက်မှာပဲ တွဲမှီနေတော့မှာပါ။ ဒီကလေးတွေဟာ ကိုယ့်ကိုကိုယ် မယုံမကြည်ဖြစ်တတ်တယ်။ အားငယ်တတ်ပါတယ်။ဒါ့ကြောင့် ကလေးကို ကိုယ်တိုင် ဖြေရှင်းခွင့်ပေးပါ။ ဖြစ်လာတဲ့ ရလဒ်ကို လက်ခံတတ်ဖို့၊ ပြန်ကြိုးစားတတ်ဖို့ လေ့ကျင့်ပေးသင့်ပါတယ် ။(၅) တာဝန်သိစိတ်ကို မွေးပေးပါ ။အမှိုက်ကို အမှိုက်ပုံးထဲ ပစ်တတ်ဖို့ အကျင့်လေး လုပ်ပေးတာမျိုးက အသေးအဖွဲ ကိစ္စလေးတွေ ဆိုပေမယ့် ကလေးကို အမူအကျင့်ကောင်း တွေ မွေးမြူရာမှာ အရေးပါတဲ့ အထောက်အကူတွေပါ။ကစားပြီးရင် ကစားစရာလေးတွေ ကိုယ်တိုင် ပြန်သိမ်းစေဖို့ အကျင့်လုပ်တာမျိုးကလည်း တာဝန်သိစိတ်၊ တာဝန်ယူစိတ် ရှိလာစေနိုင်တဲ့ ဥပမာကောင်းတစ်ခုပါပဲ။(၆)စာဖတ်တဲ့ အလေ့အကျင့်လုပ်ပေးပါ။ကျောင်းစာပြင်ပ လေ့လာစရာတွေက အများကြီးရယ်။ အားတဲ့အချိန်လေး ကလေး စိတ်ဝင်စားလောက်တဲ့ သုတ၊ ရသ စာလေးတွေ အတူဖတ်ပေးပါ။ ဒီအကျင့်လေးရမှ သူ့အတွက် အကျိုးရှိမယ့် စာလေးတွေ ဝယ်ပေးထားပေါ့။ စာအုပ်စာပေ တွေကတဆင့် ရရှိတဲ့ အသိပညာက ကလေးရဲ့ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်း၊ ဆင်ခြင်ပိုင်းခြားနိုင်စွမ်းကို တိုးတက်စေမှာပါ။အပေါ်မှာ ပြောခဲ့သလိုပဲ ကလေးတို့ရဲ့ အောင်မြင်မှုက ဉာဏ်ကောင်းရုံနဲ့ မလုံလောက်ပါဘူး။ သူ့ရဲ့ဘဝမှာ ရည်မှန်းချက်ဆီ အရောက်သွားနိုင်ဖို့ လုပ်ဆောင်နိုင်စွမ်းတွေ၊ ကိုယ့်အားသာချက်ကို အသုံးချနိုင်စွမ်း၊ အခြေအနေအမျိုးမျိုးမှာ ရင်ဆိုင် ကျော်လွှားနိုင်စွမ်း၊ လူမှုဆက်ဆံရေး အောင်မြင်နိုင်စွမ်း၊ ရှိသင့်တဲ့ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းတွေ ဘက်စုံဖွံ့ဖြိုးဖို့ လိုအပ်ပါတယ်။ကျန်းမာ ဉာဏ်ကောင်းတဲ့ ကလေးတွေကို ဒီအရည်အချင်းတွေ ထပ်ပေါင်းပေးလိုက်မယ်ဆိုရင် အတော်ဆုံး သားသားမီးမီးတွေ ဖြစ်လာဖို့ ဘာလိုဦးမှာလဲ….။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-growth-development/scientifically-proven-ways-to-raise-a-well-rounded-child/
အဖျားပျောက်ပေမယ့် ကျန်ရစ်ခဲ့တဲ့ချောင်းဆိုးဝေဒနာ သက်သာအောင်ဘယ်လိုလုပ်မလဲ
အအေးမိတုပ်ကွေးကြောင့် ဖျားပြီဆိုရင် လည်ချောင်းမနာရင်တောင် နှာစေးချောင်းဆိုးဝေဒနာက ပြေးမလွတ်ပါဘူး။ နေမကောင်းဖြစ်နေတဲ့အချိန်အတွင်း ခံစားရတဲ့ လက္ခဏာတွေက ကုသမှုကြောင့် ပျောက်ကင်းသွားမှာဖြစ်ပေမယ့် ချောင်းလေး တဟွတ်ဟွတ်တော့ ဖြစ်ကျန်ခဲ့နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အဖျားပျောက်ပေမယ့် ကျန်ရစ်ခဲ့တဲ့ချောင်းဆိုးဝေဒနာ သက်သာအောင်ဘယ်လိုလုပ်မလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။အဖျားပျောက်ပေမယ့် ကျန်ရစ်ခဲ့တဲ့ချောင်းဆိုးဝေဒနာ သက်သာအောင်ဘယ်လိုလုပ်မလဲ ဆိုတော့။Menthol နဲ့ တချို့ငုံဆေးတွေကလည်ချောင်းနာဝေဒနာကို သက်သာစေပြီး လည်ချောင်းရှင်းစေပါတယ်။ပျားရည်က ချောင်းဆိုးရောလည်ချောင်းနာပါ သက်သာစေနိုင်တဲ့ ဆေးနည်းတစ်ခု ဖြစ်ပါတယ်။ ရေနွေးကြမ်းထဲ တစ်ဇွန်းလောက်ထည့်သောက်ရုံနဲ့ အဆင်ပြေနိုင်ပါတယ်။ တစ်နှစ်အောက် ကလေးတွေကိုတော့ပျားရည်မကျွေးပါနဲ့။လည်ချောင်းယား၊ အာခေါင်ခြောက်လာရင်၊ ချောင်းခြောက်ဆိုးလာရင် တစ်ခုခုသောက်နေရမှ၊ အာဆွတ်လိုက်ရမှ နေသာတယ် ထင်ကြပါတယ်။ လည်ချောင်းကို ပိုခြောက်သွေ့စေနိုင်တဲ့ အရက်နဲ့ ကဖင်းပါတဲ့  အရည်တွေကလွဲပြီး ကျန်တာအဆင်ပြေပါတယ်။ ဆေးသကြားပါတဲ့၊ အချိုများတဲ့အချိုရည်တွေကိုလည်း ရှောင်သင့်ပါတယ်။ကြက်စွပ်ပြုတ်အရည် သို့မဟုတ် ရေနွေးကြမ်းသောက်တာ အသက်ရှူလမ်းကြောင်းကို အနွေးဓာတ်ပေးနိုင်ပါတယ်။ ရေဓာတ်ပြန်ဖြည့်နိုင်တဲ့အပြင် ပူနွေးမှုကြောင့်ချွဲသလိပ်တွေကို ကြေစေပြီး ချောင်းဆိုးတဲ့အခါ သလိပ်ထုတ်ရလွယ်စေပါတယ်။တစ်ခါတရံ သလိပ်တွေထွက်ဖို့ ချောင်းပဲဆိုးနေရတာ ပင်ပန်းပါတယ်။ ချွဲထရင် ချွဲပျော်ဆေး သောက်ပါ။ ချောင်းခြောက်ဆိုးရင် ချောင်းဆိုးပျောက်ဆေး သောက်ပါ။အာခေါင်ခြောက်ပြီးလည်ချောင်းယားတာက ချောင်းအမြဲဆိုးချင်လာအောင် ဆွနေတယ်ဆိုရင် ရေနွေးပူပူရဲ့ အငွေ့ကို ရှူပါ။ ဒါမှမဟုတ် အခန်းထဲမှာ အစိုဓာတ်ထိန်းစက် (humidifier) လေး သုံးပါ။ ချွဲသလိပ်တွေပါ ပျော်စေပြီး ရင်ချောင်စေပါလိမ့်မယ်။မီးခိုးငွေ့တွေ၊ ညှော်နံ့တွေ၊ ဖုန်မှုန့်တွေနဲ့ အနံ့အသက်မကောင်းတဲ့ လေတွေကို ရှောင်ပါ။ နေမကောင်းချိန်မှာ လေကောင်းလေသန့်ရတဲ့နေရာမှာ နေပါ။ဆေးလိပ်ငွေ့ကို လည်းရှောင်ပါ။ ဆေးလိပ်လည်း မသောက်ပါနဲ့။အအေးမိချောင်းဆိုးခြင်းကို မြန်မြန်သက်သာချင်တယ်ဆိုရင် အလွယ်ဆုံးကကိုယ်ခံအားကောင်းအောင်၊ အားရှိအောင်နေပါ။ ဒါမှ ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်က ခုခံတိုက်ထုတ်နိုင်မှာပါ။ အာဟာရပြည့်အောင် စားရမယ့်အပြင် အနားယူဖို့လည်း လိုပါတယ်။ အိပ်ရေးမဝရင်၊ အနားမယူရင် ခန္ဓာကိုယ်မှာ ဖိစီးမှုပိုများလာပြီး ရောဂါလက္ခဏာ တာရှည်စေနိုင်ပါတယ်။လည်ချောင်းနာ၊ ချောင်းဆိုးတဲ့အခါ  လည်ချောင်းထဲမှာ ခံရခက်စေတဲ့ဝေဒနာမျိုးကို အာလုပ်ကျင်းတဲ့နည်းနဲ့ သက်သာလျော့ပါးစေနိုင်ပါတယ်။လည်ချောင်းနာ၊ လည်ချောင်းယားလို့ အဆင်မပြေတဲ့အခါတိုင်းအာလုပ်ကျင်းပေးပါ။ ဆားရည်က ပိုးသေတဲ့ အာနိသင်လည်း ရှိပါတယ်။အဖျားမရှိတော့ဘဲ နေကောင်းလာတောင် ချောင်းဆိုးကျန်နေတာက ဖြစ်လေ့ရှိတဲ့အရာဆိုပေမယ့် အရမ်းကြာလာရင်တော့ မကောင်းပါဘူး။ တကယ်လို့ နောက်ဆက်တွဲချောင်းဆိုးက။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/how-to-deal-with-lingering-cough-after-fever/
နှလုံးရောဂါ ရှိသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းများ
လေ့ကျင့်ခန်းလုပ်တာက ကျန်းမာစေတယ်ဆိုပေမယ့်ရောဂါအခံရှိသူတွေအတွက် လေ့ကျင့်ခန်းတိုင်းက အဆင်မပြေနိုင်ပါဘူး။ ဥပမာ နှလုံးရောဂါ ရှိသူတွေအတွက်ဆိုရင် အရမ်းကို ပင်ပန်းစေမယ့် လေ့ကျင့်ခန်းတွေက အဆင်မပြေနိုင်ပါဘူး။ ဒီတစ်ခေါက်တော့ နှလုံးရောဂါ ရှိသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းများ အကြောင်းကို ပြောပြပေးချင်ပါတယ်။နှလုံးရောဂါက ပြင်းထန်သလို ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး အခြေအနေ တစ်ရပ်ပါ။ နှလုံးရောဂါရှိသူတွေရော မရှိသူတွေမှာပါ ကျန်းမာစေဖို့၊ နှလုံးကြွက်သားတွေ သန်မာစေဖို့ လေ့ကျင့်ခန်း လုပ်ဆောင်ဖို့ လိုပါမယ်။နှလုံးကျန်းမာမှ နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ နှလုံးမှာ နှလုံးသွေးကြောကျဉ်းတာကစလို့ နှလုံးရောဂါ အမျိုးမျိုးကို ခံစားရနီုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာက နှလုံးကျန်းမာစေတယ်ဆိုပေမယ့် နှလုံးရောဂါရှိသူတွေအတွက်တော့ လေ့ကျင့်ခန်းတိုင်းက အဆင်မပြေနိုင်ပါဘူး။ နှလုံးရောဂါ အ​ခြေအနေတွေကိုလိုက်ပြီး လေ့ကျင့်ခန်း အမျိုးအစားတွေကလည်း ကွာခြားနိုင်ပါတယ်။နှလုံးရောဂါ ရှိပေမယ့်လည်း ကျန်းမာစေဖို့ လေ့ကျင့်ခန်းလုပ်တာက  နှလုံးရောဂါကို သက်သာစေသလို ပိုမဆိုးအောင် ကာကွယ်ပေးနိုင်ပါတယ်။နှလုံးရောဂါ ရှိသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းများ က ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။နှလုံးရောဂါ ရှိသူတွေအတွက် အကောင်းဆုံးလေ့ကျင့်ခန်းများကဘာတွေဖြစ်မလဲ ဆိုတော့။နှလုံးရောဂါရှိသူတွေအနေနဲ့ လုပ်ဆောင်သင့်တဲ့ လေ့ကျင့်ခန်း တစ်ရပ်ကတော့ အေရိုးဗစ် လေ့ကျင့်ခန်းပါ။ အေရိုးဗစ် လုပ်တာက သွေးပေါင်ကျစေပြီး နှလုံးခုန်နှုန်း မှန်စေနိုင်သလို ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ တစ်နေ့ကို ကိုယ့်ကျန်းမာရေး အခြေအနေနဲ့ ကိုက်ညီမယ့် ပမာဏကို ဆရာဝန်နဲ့ တိုင်ပင်ပြီး လုပ်ဆောင်ပေးလို့ ရပါတယ်။နှလုံးကျန်းမာစေဖို့အတွက် အကြောလျှော့တာကလည်းအရေးပါတဲ့ လေ့ကျင့်ခန်း တစ်ရပ်ပါ။ အဆစ်တွေ နာတာ၊ ကြွက်တက်တာတွေကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။ တစ်နေ့ကို ကိုယ့်ကျန်းမာရေး အခြေအနေနဲ့ ကိုက်ညီမယ့် ပမာဏကို ဆရာဝန်နဲ့ တိုင်ပင်ပြီး လုပ်ဆောင်ပေးလို့ ရပါတယ်။ဒါက နှလုံးကျန်းမာရေးအတွက် အထိရောက်ဆုံး လေ့ကျင့်ခန်းတွေထဲက တစ်ခုပါ။ ပုံမှန် လမ်းလျှောက်ဖို့တော့ လိုပါမယ်။ နည်းနည်းချင်းကနေ စလျှောက်ပြီး ဖြည်းဖြည်းချင်း တိုးလျှောက်ပါ။ တစ်ပတ်ကို မိနစ် ၃၀ လောက် လမ်းလျှောက်ပေးတာက အထိရောက်ဆုံး နည်းလမ်းပါ။လှေကား တက်တာက နှလုံးရောဂါ ရှိသူတွေအတွက် အလွယ်ကူဆုံး နည်းလမ်းပါ။ နှလုံးခုန်နှုန်း မှန်စေပြီး နှလုံးကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။ သက်လုံကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။နှလုံးရောဂါ ရှိနေတဲ့သူကို ရေကူးပါဆိုတော့ ရေကူးရင်း ရုတ်တရက် နှလုံးရပ်သွားရင် ဘယ်လိုလုပ်မလဲပေါ့။ ရေကူးတာကလည်း အေရိုးဗစ်လေ့ကျင့်ခန်းလိုပဲ သက်လုံကောင်းစေပြီး ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေပါတယ်။ ရာသီဥတု အခြေအနေကို ထည့်တွက်ဖို့တော့ လိုပါမယ်။ နှလုံးရပ်မှာစိုးရိမ်ရင် လူများတဲ့နေရာမှာ ကူးပါ။ ဒါမှ တစ်ခုခုဆို ဘေးလူက ကူပေးနိုင်မှာပါ။အပြင်ထွက်ပြီး စက်ဘီးစီးစီး၊ အိမ်ထဲမှာပဲ စက်ဘီးစီးစီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ စက်ဘီးစီးတာက နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ပါးစေနိုင်ပါတယ်။ နှလုံးခုန်နှုန်း မှန်တာက ခြေထောက်က ကြွက်သားတွေကို သန်မာစေသလို နှလုံးကြွက်သားတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ယောဂလေ့ကျင့်ခန်းက ဖြည်းဖြည်းလုပ်ရတယ်ဆိုပေမယ့် စိတ်ရောကိုယ်ပါ ကျန်းမာစေသလို နှလုံးလည်း ကျန်းမာစေနိုင်ပါတယ်။ ရုတ်တရက် နှလုံးရပ်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ယောဂလုပ်တာက သွေးပေါင်ကျစေပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။တစ်နေ့ကို မိနစ် ၃၀ နှုန်းနဲ့ တစ်ပတ်ကို ၅ ရက်လောက် လေ့ကျင့်ပေးလို့ ရပါတယ်။တရုတ်ကိုယ်ခံပညာတစ်ခုဖြစ်တဲ့ ထိုက်ချိကစားတာက နှလုံးကျန်းမာစေဖို့ တော်တော်လေး ထောက်ကူပေးနိုင်ပါတယ်။ စည်းချက်မှန်မှန် လှုပ်ရှားပြီး အသက်မှန်မှန် ရှူတာက စိတ်ရောကိုယ်ပါ ကျန်းမာတည်ငြိမ်စေပြီး နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။နှလုံးရောဂါရှိသူတွေ လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်။နှလုံးရောဂါရှိသူတွေ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အရင်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ပါ။ မိမိရောဂါအခြေအနေပေါ် မူတည်ပြီး လုပ်သင့်တဲ့ လေ့ကျင့်ခန်း၊ အကြိမ်ရေကို အကြံပေးပါလိမ့်မယ်။ လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာကို ရှောင်ပါ။ လေ့ကျင့်ခန်းလုပ်ရင်း ရုတ်တရက် ရင်ဘတ်အောင့်လာရင်၊ အသက်ရှူရခက်ပြီး မောလာရင် ချက်ချင်းနားဖို့ အကြံပေးချင်ပါတယ်။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/cardio-endurance/best-exercise-for-heart-disease-patient/
အစာအိမ်ကြွက်သားများအားနည်းခြင်း
အစာအိမ်ကြွက်သားများအားနည်းပြီး လှုပ်ရှားမှုမကောင်းတဲ့အခါ အစာခြေဖို့နဲ့အစာအိမ်ထဲက အစာတွေကိုအူလမ်းကြောင်းထဲကို ပို့ဆောင်နိုင်ဖို့ နှေးကွေးသွားပါတယ်။ အဆိုပါ အခြေအနေကို ဆေးပညာအရ gastroparesis လို့ခေါ်ဝေါ်ပြီး ပျို့အန်ခြင်း၊ ဗိုက်အင့်ခြင်း စတဲ့လက္ခဏာတွေနဲ့ ဆက်စပ်တွေ့ရှိရပါတယ်။ ဖြစ်နိုင်ခြေ အကြောင်းအရင်းမျိုးစုံရှိပါတယ်။ လုံးဝပျောက်ကင်းအောင် ကုသနိုင်ခြင်းလည်း မရှိသေးပါဘူး။ ဒါပေမယ့် ဝေဒနာတွေသက်သာနိုင်အောင် ကုသတဲ့နည်းလမ်းတွေ ရှိပါတယ်။အကြောင်းအရင်းကိုတော့ တိကျစွာ မသိရသေးပါဘူး။ ဖြစ်နိုင်ခြေကတော့ အစာအိမ်ဆီကိုလာတဲ့ အာရုံကြောအချက်ပြစနစ်တွေ ချို့ယွင်းခြင်းကြောင့်လို့ ယူဆရပါတယ်။ အစာအိမ်ဆီကို လာတဲ့ အာရုံကြောအချက်ပြမှုတွေ မထိရောက်ရင် အစာများဟာ နှေးကွေးစွာ ရွေ့လျားပါတယ်။ နောက်ဖြစ်နိုင်ခြေအချက်တွေကတော့ အစာအိမ်ဟာ အာရုံကြောအချက်ပြချက်တွေကို ခံနိုင်ရည်မရှိခြင်း ဖြစ်ပါတယ်။ဆီးချိုလူနာများနဲ့ ဆက်စပ်မှုရှိတတ်ပါတယ်။ ခွဲစိတ်ပြီးစ လူနာအချို့မှာလည်း တွေ့ရတတ်ပါတယ်။အစာအိမ်ကြွက်သားအားနည်းခြင်းကို ဖြစ်နိုင်ခြေမြင့်စေတဲ့ အကြောင်းတွေကတော့။– ဗိုင်းရပ်စ်ပိုးဝင်ခြင်း။–ကင်ဆာရောဂါအချို့။– ပါကင်ဆန်ရောဂါ။– မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်သောရောဂါ။– Cystic fibrosis ခေါ် မျိုးရိုးလိုက်ရောဂါတစ်မျိုး။– Amyloidosis ခေါ် ကိုယ်ခန္ဓာအတွင်းအင်္ဂါများတွင် ပုံမှန်မဟုတ်သော ပရိုတိန်းများစုဝေးခြင်း။– ဆေးဝါးအချို့။–သိုင်းရွိုက်ရောဂါစတာတွေ ဖြစ်ပါတယ်။ဘာလက္ခဏာတွေရှိသလဲ။အစာအိမ်ကြွက်သားအားနည်းခြင်း လက္ခဏာများဟာ အတန်အသင့်ကနေ ပြင်းထန်တဲ့ အခြေအနေအထိ ရှိပါတယ်။ အဓိကတွေ့ရတဲ့ လက္ခဏာတွေကတော့။– ဝမ်းဗိုက်အပေါ်ပိုင်းအောင့်ခြင်း။–ပျို့အန်ခြင်း။– အစားပျက်ခြင်း။– လေပွခြင်း။– အနည်းငယ်မျှစားပြီး ဗိုက်ပြည့်နေတတ်ခြင်း။– အာဟာရမပြည့်ဝခြင်း။– အလိုလိုနေရင်း ကိုယ်အလေးချိန်ကျဆင်းခြင်း စတာတွေ ဖြစ်တတ်ပါတယ်။အစာအိမ်ကြွက်သားအားနည်းတယ်လို့ သံသယရှိရင် ဆရာဝန်ဟာ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ပါလိမ့်မယ်။ အခြားရောဂါများ ရှိမရှိပါ သိနိုင်အောင် ပုံရိပ်ဖော်စစ်ဆေးခြင်းများ၊သွေးစစ်ခြင်းများ၊ မှန်ပြောင်းကြည့်ခြင်းများ ပြုလုပ်ပါလိမ့်မယ်။ အစာအိမ်အူလမ်းကြောင်းသီးသန့် စစ်ဆေးတဲ့ နည်းလမ်းတွေနဲ့ပါ စစ်ဆေးပါလိမ့်မယ်။အစာအိမ်ကြွက်သားအားနည်းကြောင်း အတည်ပြုပြီးချိန်မှာတော့ ဆေးဝါးများပေးခြင်း၊စားသောက်ပုံပြောင်းလဲခြင်းစတဲ့နည်းတွေနဲ့ ကုသပါတယ်။ လိုအပ်ရင် ခွဲစိတ်ကုသခြင်း ပြုလုပ်ပါလိမ့်မယ်။အစာအိမ်ကြွက်သားအားနည်းသူတွေ စားသောက်သင့်တဲ့ပုံစံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။– တစ်ရက်ကို ၄ကြိမ်မှ ၆ကြိမ် ခွဲစားပါ (နည်းနည်းချင်းစီ ခွဲစားပါ)။– ကယ်လိုရီမြင့်သောအရည်များသောက်ပါ။– အယ်လ်ကိုဟောနှင့် ကာဗွန်ပါသော အရည်များရှောင်ပါ။– နေ့စဉ် ဗီတာမင်များ သောက်သုံးပါ။– အသားနှင့် နို့ထွက်ပစ္စည်းအချို့ကိုရှောင်ပါ။– အမျှင်ဓာတ်များသော အစားအစာများရှောင်ပါ။– အသီးအရွက်များမှအမျှင်ဓာတ်များလျော့နည်းသွားအောင် သေချာစွာချက်ပြုတ်ပါ။– အဆီနည်းသော အစားအစာများစားပါ။– အစားစားပြီး အချိန်အတော်ကြာမှ လဲလျောင်းပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/gastroparesis/
အစာအိမ်ထွက်ပေါက်ကြွက်သားပြုပြင်ခွဲစိတ်ခြင်း
ပါးစပ်ကနေ စားသောက်လိုက်တဲ့ အစားအစာများဟာအစာရေမျိုကနေတဆင့် အစာအိမ်ထဲရောက်ပါတယ်။ အစာအိမ်ထဲမှာ ချေဖျက်ပြီးစအစာများဟာ အစာအိမ်ရဲ့ညာဘက် အောက်ပိုင်းကနေ အူသိမ်ထဲကို ရောက်ပါတယ်။ အဆိုပါအူသိမ်ထဲကို ထွက်တဲ့အပေါက်မှာ အကျဉ်းအကျယ်ပြုလုပ်ပေးနိုင်တဲ့ ကြွက်သားများရှိပါတယ်။ အဆိုပါကြွက်သားဟာ ယေဘုယျအားဖြင့် ၁ လက်မလောက်ပဲ ကျယ်ပါတယ်။ အဆိုပါ ပမာဏထက် ပိုမိုကျဉ်းမြောင်းသွားရင်၊ ပိတ်ဆို့သွားရင် အစာများ အူလမ်းကြောင်းထဲကို ရောက်ရှိဖို့ ခက်ခဲသွားနိုင်ပါတယ်။အစာမကြေခြင်း၊ဝမ်းချုပ်ခြင်းစတဲ့လက္ခဏာတွေ ပေါ်လာနိုင်ပါတယ်။ဖော်ပြပါအခြေအနေအတိုင်း အူသိမ်အဝမှာ ကျဉ်းမြောင်းပိတ်ဆို့ရင်တော့အစာအိမ်ထွက်ပေါက်ကြွက်သားကို ပြုပြင်ခွဲစိတ်ခြင်း (pyloroplasty) နည်းလမ်းနဲ့ ကုသနိုင်ပါတယ်။ အစာအိမ်နဲ့ အူသိမ်အဆက်နေရာက ရှုံ့ကြွက်သားကို ခွဲစိတ်ပြီး အစိတ်အပိုင်းတချို့ကို ဖယ်ရှားခြင်း ဖြစ်ပါတယ်။ အဆိုပါနည်းလမ်းကို လုပ်ဆောင်ပြီးရင်တော့အူလမ်းကြောင်းထဲကို အစာတွေ ကောင်းစွာ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ ပိုဆိုးတဲ့အခြေအနေတွေမှာ ကြွက်သားတခုလုံးကို ဖြတ်ထုတ်လိုက်တာမျိုး ရှိပါတယ်။ပုံမှန်ထက်ပိုကျဉ်းမြောင်းနေတဲ့ အစာအိမ်ထွက်ပေါက်ကို ပြုပြင်ဖို့အပြင် အစာအိမ်အူလမ်းကြောရဲ့ အာရုံကြောတွေကို ထိခိုက်မှုဖြစ်စေတဲ့ အခြေအနေတွေကို ကုသဖို့အတွက်လည်း ခွဲစိတ်ပေးပါတယ်။ အဆိုပါ အခြေအနေတွေကတော့။– မွေးရာပါ အူသိမ်အပေါက်ပိတ်ဆို့နေခြင်း။–အူလမ်းကြောင်းအနာများဖြစ်ခြင်း။– ပါကင်ဆန်ရောဂါ။– Multiple sclerosis ခေါ် မိမိကိုယ်ခံအားက တိုက်ခိုက်၍ဖြစ်သော အာရုံကြောရောဂါ။– အစာချေရန်နှေးကွေးသောရောဂါ။– ဗေးဂတ်နဗ်ကြောမကြီးထိခိုက်ခြင်း။–ဆီးချိုစတာတွေ ဖြစ်ပါတယ်။အခြေအနေပေါ်မူတည်ပြီး ယခုခွဲစိတ်ခြင်းအမျိုးအစားကို တခြားခွဲစိတ်မှုတွေနဲ့ ယှဉ်တွဲ လုပ်ဆောင်တတ်ပါတယ်။ အဆိုပါ ခွဲစိတ်မှုတွေကတော့ vagotomy ခေါ် အစာအိမ်အူလမ်းကြောင်း အာရုံကြောများကို ထိန်းချုပ်ထားသော အာရုံကြောတချို့ကို ခွဲစိတ်ဖယ်ရှားခြင်း၊ gastroduodenostomy ခေါ် အစာအိမ်နှင့် အူလမ်းကြောင်းအကြား လမ်းကြောင်းအသစ်ပြုလုပ် ခွဲစိတ်ခြင်း စတာတွေ ဖြစ်ပါတယ်။သမားရိုးကျနည်းလမ်းနဲ့ ဗိုက်ကိုဖွင့်ပြီး ခွဲစိတ်သလို မှန်ပြောင်းသုံးခွဲစိတ်နည်းလည်း ရှိပါတယ်။ နှစ်မျိုးစလုံးကို မေ့ဆေးပေး ခွဲစိတ်ပါတယ်။သမားရိုးကျခွဲစိတ်နည်းမှာတော့ ဝမ်းဗိုက်အလယ်ခန့်ကို ဖွင့်ပြီးအစာအိမ်အထွက်ကြွက်သားကို ခွဲစိတ်ပြုပြင်ပါတယ်။ အချို့ကြွက်သားများကိုညှပ်ထုတ်ပြီး လိုချင်တဲ့ပုံစံရအောင် ပြန်ချုပ်ပါတယ်။ ပြီးရင် ဗိုက်ကို ပြန်ချုပ်ပါတယ်။မှန်ပြောင်းသုံးခွဲစိတ်နည်းမှာတော့ ခွဲစိတ်ရာကို ကြီးမားအောင် ခွဲစရာမလိုပါဘူး။ အပေါက်ငယ်လေးများဖောက်ပြီး ကင်မရာပါတဲ့ ပြွန်ကိုထည့်သွင်းပါတယ်။ အဆိုပါကင်မရာအကူအညီနဲ့ ဝမ်းဗိုက်အတွင်းကို ခွဲစိတ်ပါတယ်။ ယခုနည်းလမ်းကတော့ ခွဲစိတ်ဒဏ်ရာလည်း မကြီးတဲ့အတွက် အနာကျက်မြန်ပါတယ်။ယေဘုယျအားဖြင့် ခွဲစိတ်မှုတိုင်းမှာ ဖြစ်နိုင်ခြေအန္တရာယ် ရှိနိုင်ပါတယ်။ဝမ်းဗိုက်ပိုင်း ခွဲစိတ်ကုသမှုနဲ့ ပတ်သက်ပြီး တွေ့ရများတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့။– အစာအိမ် အူလမ်းကြောင်း ထိခိုက်မိခြင်း။– မေ့ဆေးထုံဆေး အန္တရာယ်ကြုံရခြင်း။– ဝမ်းဗိုက်အတွင်း သွေးယိုခြင်း။– အမာရွတ်ဖြစ်ခြင်း။– ခွဲစိတ်ပြီး ရောဂါပိုးဝင်ခြင်း။– အူကျွံခြင်း စတာတွေ ဖြစ်ပါတယ်။အစာအိမ်ထွက်ပေါက်ကြွက်သား ခွဲစိတ်ပြုပြင်ခြင်းဟာ အချိန်သိပ်မကြာဘဲ ပြန်လည်သက်သာနိုင်တဲ့ ခွဲစိတ်မှုမျိုး ဖြစ်ပါတယ်။ ခွဲစိတ်မှုခံယူထားသူ အများစုဟာ ၁၂ နာရီလောက်အကြာမှာ ဖြည်းဖြည်းလမ်းလျှောက်ခြင်း၊ ဖြည်းဖြည်းလှုပ်ရှားခြင်းများ လုပ်နိုင်ပါတယ်။ ခွဲစိတ်ပြီးလူနာခန်းမှာ ၃ ရက်လောက် စောင့်ကြည့်ကုသမှုခံယူပြီး အဆင်ပြေရင် ဆေးရုံက ဆင်းနိုင်ပါတယ်။ ခွဲစိတ်မှုမှာ အခြားအဆင့်တွေပါပြီး ရှုပ်ထွေးမှုရှိရင်တော့ ရက်အနည်းငယ် ထပ်နေရနိုင်ပါတယ်။ ခွဲစိတ်ပြီးနောက်ပိုင်းမှာ ဆရာဝန်ချိန်းဆိုတဲ့အတိုင်း မပျက်မကွက် ပြန်လည်ပြသရမှာ ဖြစ်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/pyloroplasty/
ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ်
ခေါင်းတစ်ခြမ်းကိုက်တာကအဖြစ်များတဲ့ ခေါင်းကိုက်ဝေဒနာတစ်ရပ်ပါ။ ခေါင်းတစ်ခြမ်းကိုက်တာက တစ်ခါတလေမှာ တော်တော်လေး ပြင်းထန်ပြီး နေ့စဉ်လုပ်ငန်းတာဝန်တွေကို ထိခိုက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့အခါခေါင်းကိုက်တာနဲ့အတူမအီမသာဖြစ်တာ၊ အလင်းရောင်ကို မခံနိုင်တာ၊ ခေါင်းတစ်ခြမ်းပဲ ပြင်ပြင်းထန်ထိုးကိုက်တာမျိုး ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ် တွေ အကြောင်း ပြောပြပေးချင်ပါတယ်။သုတေသီတွေရဲ့ လေ့လာမှုတွေအရတော့ ယောဂ လေ့ကျင့်တာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကိုတင် သက်သာစေတာ မဟုတ်ဘဲ ယောဂလေ့ကျင့်တာ။ယောဂက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်တယ်ဆိုပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက်တော့ ကွာခြားနိုင်ပါတယ်။ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေတဲ့ အကြောင်းအရင်းက အတိအကျ မရှိပါဘူး။ ဒါပေမဲ့ ပိုဆိုးစေတဲ့ အချက်တွေကတော့။ယောဂရဲ့စိတ်ပိုင်းဆိုင်ရာ နဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အကျိုးကျေးဇူးတွေက ခေါင်းတစ်ခြမ်း မကိုက်အောင် ကာကွယ်ပေးပါတယ်။ ဘယ်လိုကာကွယ်ပေးသလဲဆိုတော့။ယောဂ လေ့ကျင့်ပေးတာက အာရုံကြောစနစ်ကို အနားရစေပြီး ခေါင်းတစ်ခြမ်း ကိုက်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့်ယောဂပို့စ်ဘာတွေများ ဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ဒီယောဂပို့စ်အတွက်။ဒီယောဂပို့စ်အတွက်။ဒီယောဂပို့စ်အတွက်။ဒီယောဂပို့စ်အတွက်။ဦးနှောက်ဆီကို အောက်ဆီဂျင်ရောက်ရှိတာက ဟော်မုန်းမညီမျှမှုကြောင့် ဖြစ်တဲ့ ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ဒီယောဂပို့စ်အတွက်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/yoga-for-migraine/
၀မ်းဗိုက်အတွင်း ပြည်တည်နာဖြစ်ခြင်း
ပြည်တည်နာဆိုတာကတော့ ပြည်တွေနဲ့ပြည့်နေပြီး ရောင်ရမ်းနေတဲ့ တစ်ရှူးအစုအဝေးကို ဆိုလိုပါတယ်။ ပြည်တည်နာများဟာကိုယ်ခန္ဓာရဲ့ ဘယ်နေရာမှာမဆို ဖြစ်ပေါ်နိုင်ပါတယ်။ အရေပြားပေါ်မှာ အများဆုံးဖြစ်တတ်ပါတယ်။ တခါတရံမှာတော့ ဝမ်းဗိုက်အတွင်းမှာပါ ဖြစ်နိုင်ပါတယ်။ဝမ်းဗိုက်အတွင်း ပြည်တည်နာဖြစ်ရာမှာ ဝမ်းဗိုက်အရှေ့မျက်နှာပြင်နားမှာ ဖြစ်ပေါ်နိုင်တာရှိသလို နောက်ကျောဘက်မှာကပ်ပြီး ဖြစ်တာလည်း ရှိပါတယ်။ ဝမ်းတွင်း ကလီစာအစိတ်အပိုင်းတွေဖြစ်တဲ့ အသည်း၊ပန်ခရိယ၊ ကျောက်ကပ် စတာတွေရဲ့ဝန်းကျင်မှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။ပြည်တည်နာဖြစ်ပေါ်ရခြင်းကတော့ ဘက်တီးရီးယားပိုးများ ဝင်ရောက်ကူးစက်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဝမ်းဗိုက်အတွင်း ပေါက်ပြဲစေတဲ့အထိ ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရခြင်း၊ ရောဂါကြောင့် အူလမ်းကြောင်း ပေါက်ပြဲခြင်း၊ ဝမ်းဗိုက်ကို ခွဲစိတ်ကုသမှုပြုလုပ်ခြင်း စတဲ့အကြောင်းတခုခုကြောင့် ဘက်တီးရီးယားပိုးများ ဝမ်းဗိုက်အတွင်းမှာ ဝင်ရောက်ပေါက်ပွားနိုင်ပါတယ်။ဝမ်းဗိုက်အတွင်း တနေရာရာမှာ ပြည်တည်နာဖြစ်ပွားရင် ဝမ်းခေါင်းအတွင်းက တခြားနေရာတွေ၊ အင်္ဂါအစိတ်အပိုင်းတွေဆီပါ ပျံ့နှံ့သွားနိုင်ပါတယ်။ ဝမ်းဗိုက်အတွင်းက အင်္ဂါအစိတ်အပိုင်းတခုခု ရောဂါဖြစ်ပွားရာကနေလည်း ပြင်ပကနေ ဘက်တီးရီးယားများ ဝင်ရောက်ဖို့ ပိုမိုလွယ်ကူစေပါတယ်။ ဥပမာအူအတက်ရောင်ခြင်းဖြစ်ပါတယ်။ဝမ်းဗိုက်အတွင်းမှာ ပြည်တည်နာဖြစ်ခဲ့ရင် အများအားဖြင့် အောက်ပါလက္ခဏာတွေ ပြတတ်ပါတယ်။–ဗိုက်အောင့်ခြင်း။– ပျို့အန်ခြင်း။– ကိုယ်လက်မအီမသာဖြစ်ခြင်း။– အဖျားတက်ခြင်း။– အစားပျက်ခြင်း။ဝမ်းဗိုက်အတွင်းပြည်တည်နာကို ထိရောက်စွာ မကုသရင် နောက်ဆက်တွဲပြဿနာတွေ ပေါ်လာနိုင်ပါတယ်။ ကလီစာများ ထိခိုက်ပျက်စီးခြင်း၊သွေးဆိပ်တက်ခြင်းစတာတွေဖြစ်ပေါ်ပြီး အသက်အန္တရာယ်ထိ ကြုံနိုင်ပါတယ်။ဝမ်းဗိုက်အတွင်းမှာ ပြည်တည်နာအပါအဝင်တခြားရောဂါလက္ခဏာတွေဟာ ဆင်တူပါတယ်။ ရောဂါလက္ခဏာတွေ ဆင်တူတာကြောင့်လည်း ဝမ်းဗိုက်အပိုင်းနဲ့ ပတ်သက်ရင် ဆရာဝန်များဟာ သဲသဲကွဲကွဲဖြစ်အောင် စစ်ဆေးကြပါတယ်။ အထူးသဖြင့် ပုံရိပ်ဖော်စစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။ဓာတ်မှန်၊ အာထရာဆောင်း၊ စီတီဓာတ်မှန် စသဖြင့် လိုအပ်သလို စစ်ဆေးပါလိမ့်မယ်။ ဝမ်းဗိုက်ထဲက အရည်နမူနာကို စုပ်ယူစစ်ဆေးခြင်းလည်း ပြုလုပ်နိုင်ပါတယ်။ပထမဆုံးကုသမှုကတော့ ပြည်တည်နာကို ဖောက်ထုတ်ခြင်း ဖြစ်ပါတယ်။ ပြည်စုနေတဲ့နေရာကို အပ်နဲ့ဖောက်ပြီး စုပ်ယူပါတယ်။ ဒီလိုစုပ်ယူနိုင်ဖို့အတွက် အာထရာဆောင်း၊ စီတီဓာတ်မှန် စတာတွေရဲ့ အကူအညီ လိုပါတယ်။ ပြည်များကို စုပ်ယူပြီးချိန်မှာ ဓာတ်ခွဲခန်းကိုလည်း နမူနာပို့ပြီး စစ်ဆေးပါလိမ့်မယ်။ ပဋိဇီဝဆေးတွေလည်း သုံးစွဲရနိုင်ပါတယ်။ လိုအပ်ရင် ပဋိဇီဝဆေးတွေကို သွေးကြောကနေတဆင့်လည်း ပေးသွင်းရတတ်ပါတယ်။တခါတရံမှာ ခွဲစိတ်ကုသမှုလည်း လိုနိုင်ပါတယ်။ အပ်နဲ့စုပ်ယူဖို့ မဖြစ်နိုင်တဲ့အခါ၊ ကလီစာအစိတ်အပိုင်းတွေ ထိခိုက်စုတ်ပြဲနေတဲ့အခါ ခွဲစိတ်ကုသပါတယ်။ ခွဲစိတ်ပြီး ဝမ်းဗိုက်အတွင်းက ပြည်များကို ကုန်စင်အောင် သန့်ရှင်းရေးလုပ်ရပါတယ်။ ခွဲစိတ်ပြီး ဆေးရုံမှာ ရက်အနည်းငယ်နေပြီး နောက်ဆက်တွဲပြဿနာများ မကြုံရရင်တော့ ဆေးရုံဆင်းနိုင်ပါတယ်။ နောက်ပိုင်းမှာ ဆရာဝန်ချိန်းဆိုတိုင်းမှာ မပျက်မကွက် ပြန်လည်ပြသဖို့ လိုအပ်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/intra-abdominal-absces/
ဘာကြောင့် လက်သန့်စင်ဆေးရည်ကို အမြဲဆောင်ထားသင့်တာလဲ
အပြင်ကို အမြဲသွားနေရတဲ့သူတွေအတွက် လက်သန့်စင်ဆေးရည်ဆိုတာ အရမ်းအသုံးဝင်တယ်နော်။ အရေပြားပေါ်မှာ ကပ်ငြိနေနိုင်တဲ့ဘက်တီးရီးယားပိုးတွေကို ချက်ချင်းသေစေတဲ့အပြင် ခရီးသွားနေတဲ့အချိန် လက်ဆေးစရာနေရာမရှိဘူးဆိုရင် လက်သန့်စင်ဆေးရည်က သင့်အတွက် အဖော်ကောင်းဖြစ်မှာပါ။ရေမလို လက်သန့်စင်ဆေးရည်ဆိုတဲ့အတိုင်း ဆပ်ပြာ၊ ရေအသုံးပြုစရာမလိုဘဲ ဆေးရည်ကို လက်မှာနည်းနည်းညှစ်ပြီး သုံးလိုက်ရုံနဲ့ အဆင်ပြေတာမို့ကလေးေတွအတွက်ရော၊ အလုပ်များတဲ့သူတွေအတွက် အရမ်းအသုံးဝင်ပါတယ်။ ဒါ့အပြင်။အရင်ဆုံး လက်ပေါ်မှာရှိတဲ့ ဖုန်တွေ၊ သဲတွေ ပြောင်စင်သွားအောင် ခါချလိုက်ပါ။ ပြီးသွားမှ လက်သန့်စင်ဆေးရည်ကို လိုသလောက်ပမာဏ လက်ပေါ်မှာ ထည့်ပြီး လက်ဖဝါး၊ လက်ဖမိုး၊ လက်ချောင်းကြား၊ လက်သည်းကြားတွေကို ပွတ်ပြီးဆေးပါ။ လက်ပေါ်မှာ ဆေးရည်လုံးဝခြောက်သွားတဲ့အထိ ပွတ်ဆေးဖို့ လိုပါတယ်။ ရေမလိုလက်သန့်စင်ဆေးရည်ဖြစ်တဲ့အတွက် အသုံးပြုပြီးချိန်မှာ ရေပြန်သုံးစရာမလိုပါဘူး။ ကိုယ့်အိမ်ကို ပြန်ရောက်သွားရင်၊လက်ဆေးလို့ ရတဲ့နေရာရောက်ရင်တော့ ဆပ်ပြာနဲ့ ရေကို အသုံးပြုပြီး လက်ကို သေချာပြောင်စင်အောင် တစ်ခေါက် ပြန်ဆေးပါ။ကလေးတွေ ကျောင်းသွားတဲ့အခါ အိတ်ထဲမှာ လက်သန့်စင်ဆေးရည်ကို ဆောင်ထားပါ။ အိမ်သာတက်ပြီး၊ တခြားသူတွေရဲ့ အရုပ်၊ ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်ပြီးတဲ့အချိန်၊ ထမင်းမစားခင်နဲ့ ထမင်းစားပြီးတိုင်း လက်သန့်စင်ဆေးရည် အသုံးပြုဖို့ သေချာလေ့ကျင့်ပေးပါ။ လက်သန့်စင်ဆေးရည် အများစုမှာ ကလေးတွေအတွက် အဆင်ပြေစေတဲ့ အမွှေးရနံ့တွေ ပါဝင်တာကြောင့် ကလေးတွေအနေနဲ့ ပိုပြီး သုံးချင်စိတ်ဖြစ်မိမှာပါ။ခရီးမကြာခဏ ထွက်နေရတဲ့သူတွေ၊ အလုပ်များလွန်းတဲ့သူတွေ၊ အပြင်နေပူထဲ၊ ဖုန်ထဲမှာ တစ်နေကုန် အလုပ်လုပ်နေရတဲ့သူတွေ၊ နေမကောင်းဖြစ်နေသူတွေ၊ သူတို့ကို ပြုစုပေးနေရတဲ့ အိမ်သားတွေလည်း လက်သန့်စင်ဆေးရည်ကို ဆောင်ထားဖို့ လိုပါတယ်။လက်ဆိုတာ အမြဲတမ်း ဖုန်တွေနဲ့ ကပ်ငြိနိုင်ပြီး ဘက်တီးရီးယားပိုးတွေနဲ့ အလွယ်တကူထိတွေ့မိနိုင်တာကြောင့် လက်သန့်စင်ဆေးရည် အမြဲဆောင်ထားခြင်းဟာ ကိုယ့်အတွက်ရော ကိုယ့်မိသားစုဝင်တွေရဲ့ ကျန်းမာရေးကိုပါ တစ်ဖက်တစ်လမ်းက အကျိုးထူးဖြစ်စေမှာ အသေအချာပါပဲ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/%e1%80%98%e1%80%ac%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%9c%e1%80%80%e1%80%ba%e1%80%9e%e1%80%94%e1%80%b7%e1%80%ba%e1%80%85%e1%80%84%e1%80%ba%e1%80%86%e1%80%b1%e1%80%b8/
Emphysema (အဆုတ်လေအိတ်များ ပျက်စီးခြင်း)
Emphysema (အဆုတ်လေအိတ်များ ပျက်စီးခြင်း)ဆိုတာ အသက်ရှူရခက်ခြင်းကို ဖြစ်စေတဲ့ အဆုတ်ရောဂါဖြစ်ပါတယ်။နာတာရှည် လေပြွန်ကျဉ်းရောဂါမှာ တွေ့ရများတဲ့ပုံစံတစ်မျိုး ဖြစ်ပါတယ်။ဆေးလိပ်သောက်ခြင်းကြောင့် အများဆုံးဖြစ်တတ်ပါတယ်။တွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တစ်ခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အောက်ပါလက္ခဏာတွေရှိရင် ဆရာဝန်ပြသင့်ပါတယ်။အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တစ်ယောက်နဲ့ တစ်ယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။အောက်ပါအချက်တွေ ဖြစ်ပါတယ်။အောက်ပါအချက်တွေက မြင့်တက်စေပါတယ်။ဆရာဝန်ဟာ ရောဂါရာဇဝင်နဲ့ ဆေးလိပ်သောက်တတ်ခြင်း ရှိမရှိ၊ လေထုညစ်ညမ်းတဲ့နေရာမှာ အလုပ်လုပ်ရခြင်း ရှိမရှိ မေးမြန်းပါလိမ့်မယ်။တခြားစစ်ဆေးခြင်းတွေကတော့။အပြီးပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့် အောက်ပါကုသမှုတွေမှာ ရောဂါအခြေအနေ ပိုမဆိုးသွားရအောင် ကာကွယ်နိုင်ပါတယ်။အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းကို ကာကွယ်နိုင်ဖို့ တုတ်ကွေးနဲ့ အဆုတ်ရောဂါ ကာကွယ်ဆေးများ ပေးနိုင်ပါတယ်။အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။အဆုတ်လေအိတ်တွေကနေတဆင့် သွေးထဲကို အောက်စီဂျင်ပို့တာ ဖြစ်တဲ့အတွက် လေအိတ်လေးတွေ မထိခိုက်အောင် ဂရုစိုက်သင့်ပါတယ်။ လက္ခဏာတွေ ပေါ်လာတဲ့အခါ စောစောစီးစီး ကုသမယ်။ နေထိုင်မှုပုံစံပြောင်းလဲမယ်ဆိုရင် ပိုမဆိုးအောင် တားဆီးနိုင်မှာပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/emphysema/emphysema-2/
အရေးပါတဲ့ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို DHA နဲ့အကူအညီပေးကြမယ်
မိဘတိုင်းရဲ့ အလိုလားဆုံး ဆန္ဒတစ်ခုကို ပြောပါဆိုရင် ကိုယ့်ရဲ့ ကလေးကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်စွာ ကြီးပြင်းစေချင်တဲ့ ဆန္ဒဖြစ်မှာပါ။ ဒီဆန္ဒပြည့်ဖို့ အခွင့်အရေးကို အဝေးကြီးမှာ သွားရှာနေစရာ မလိုပါဘူး။ ဖေဖေမေမေတို့ကိုယ်တိုင် အကောင်အထည်ဖော်နိုင်ပါတယ်။ ကိုယ့်ကလေးရဲ့ ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်မှုအတွက်DHAကိုအသုံးပြုပြီး အားဖြည့်ကူညီပေးလို့ရပါတယ်။DHA ဆိုတဲ့အာဟာရဓာတ်က ငါးကြီးဆီမှာ ပါဝင်တဲ့ Omega – 3 fatty acid အမျိုးအစားထဲက တစ်မျိုး (Docosahexaenoic Acid) ဖြစ်ပါတယ်။ ကလေးဘဝမှ အသက်ကြီးလာတဲ့အချိန်ထိ မျက်စိအမြင်အာရုံ နဲ့ဦးနှောက်အာရုံကြောစနစ်ကို ဖွံ့ဖြိုးစေတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးတွေ မျက်စိမှုန်ခြင်းမရှိဖို့ ကာကွယ်ပေးနိုင်သလို ကလေးဘဝမှာ DHA ကို အလုံအလောက် ရရှိမှ ဉာဏ်ရည်ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာနိုင်မှာပါ။ကလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးစေဖို့ ဘယ်အသက်အရွယ်မှာ စတင်ကြမလဲ။ကလေးအတွက် ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေဖို့ အစောဆုံးကာလကို ပြောပါဆိုရင် ကိုယ်ဝန်ဆောင် မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာကတည်းက စတင်လို့ မိခင်အနေနဲ့ DHA အာဟာရဓာတ် ပါဝင်မှုများတဲ့ ပင်လယ်ငါး၊ အဆီများတဲ့ ငါးတွေ၊ ကြက်ဥ၊ ရေညှိ၊ နွားနို့ စတာတွေကို စားသုံးပေးဖို့ လိုပါတယ်။ မိခင်စားလိုက်တဲ့ အစာအာဟာရတွေဟာ ဗိုက်ထဲမှာရှိတဲ့ ကလေးဆီသို့ ရောက်ရှိပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို စောစီးစွာ အထောက်အကူ ပေးနိုင်ပါတယ်။ကလေး အသက် ၆လမပြည့်ခင်အချိန်ထိ မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်ပေးရပါမယ်။မိခင်နို့မှာ ကလေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေအပြင် DHA ဓာတ်လည်း ပါဝင်ပါတယ်။ ကလေးကို အသက် ကိုးနှစ်လောက်အထိ နို့တိုက်ကျွေးလို့ရပါတယ်။ အသက် ၂နှစ်ကျော်တဲ့ကလေးတွေမှာ တကယ်လို့ မိခင်က အကြောင်းအမျိုးမျိုးကြောင့် နို့ချိုမတိုက်ကျွေးနိုင်တာဘဲဖြစ်ဖြစ် ဒါမှမဟုတ် နို့ထွက်နည်းလို့ ကလေးအတွက် မလုံလောက်တာဘဲဖြစ်ဖြစ် အစားထိုးနို့မှုန့်တွေ တိုက်ကျွေးလို့ရပါတယ်။ အဲဒီလိုရွေးချယ်တဲ့အခါမှာ ကလေးကျန်းမာရေး၊ ဦးနှောက် ဖွံ့ဖြိုးမှုနဲ့ အမြင်အာရုံ ကောင်းစေဖို့ DHA ၊ ဗီတာမင်ဓာတ်တွေ၊ကယ်လ်စီယမ်ဓာတ်တွေ ပြည့်ဝစွာ ပါဝင်တဲ့ အမျိုးအစားကိုရွေးချယ်ဖို့ လိုအပ်ပါတယ်။ဒီလိုမျိုး ကလေး အသက် ပထမ ၅ နှစ်အတွင်း DHA ဓာတ်ကို ပြည့်ဝစုံလင်စွာ ရရှိပါမှ ဦးနှောက်ဖွံ့ဖြိုးမှုနှုန်း မြန်ဆန်ပြီးဉာဏ်ကောင်းထက်မြက်ပျော်ရွှင်တဲ့ ကလေးတစ်ယောက် အဖြစ် ကြီးပြင်းလာနိုင်မှာပါ။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ကလေးကို ဘက်စုံထူးချွန်ထက်မြက်စေဖို့ မရှိမဖြစ် အာဟာရဓာတ် DHA လုံလောက်စွာ ကျွေးဖို့ အရေးကြီးတယ်နော်။ကလေးဦးနှောက် ဖွံ့ဖြိုးမှုအပြင် DHA က ဘာတွေ အကျိုးပြုနိုင်သေးလဲ။၁။ နှလုံးကျန်းမာစေပြီး မကောင်းတဲ့ကိုလက်စထရောတွေကို ကျစေတယ်။၂။ အတက်အကြွလွန်ပြီး အာရုံမစူးစိုက်နိုင်တဲ့ ရောဂါ (ADHA) ကို ကာကွယ်ပေးနိုင်တယ်။၃။ အမြင်အာရုံ ကောင်းစေပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်စိမှုန်တာ၊ မျက်မှန်တပ်ရတာမျိုး မဖြစ်စေဖို့ ကူညီပေးတယ်။၄။ ကလေးရဲ့ လေ့လာသင်ယူနိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းကို ထက်မြက်စေတယ်။၅။မှတ်ဉာဏ်ကောင်းစေပြီး အတန်းထဲမှာ စာလိုက်နိုင်စေတယ်။၆။ ခန္ဓာကိုယ်အတွက် အကျိုးပြု ကိုလက်စထရောတွေကို တိုးစေတယ်။၁။ မေမေတွေ ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ မိခင်ရော ကလေးပါ ကျန်းမာစေဖို့ အိပ်ချိန်မှန်အောင် ဂရုစိုက်ပေးပါ။ ဆရာဝန်နဲ့ မှန်မှန်ပြပြီး စစ်ဆေးမှုတွေ ပြုလုပ်ပေးပါ။ တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို စုံလင်စွာ စားသောက်ပေးပါ။၂။ DHA ပါဝင်မှုများတဲ့ အစားအစာတွေ ဖြစ်တဲ့ အဆီများတဲ့ပင်လယ်ငါးတွေ၊ ကြက်ဥနဲ့ ပင်လယ်ရေညှိတွေ များများစားပေးပါ။ မိခင်စားသုံးတဲ့ အစားအစာကနေ အာဟာရဓာတ်တွေဟာ ကလေးဆီသို့ ရောက်နိုင်တယ်ဆိုတာကို အမြဲသတိပြုပေးပါ။၃။ ကလေးမွေးပြီး ၆လပြည့်တဲ့အထိ မိခင်နို့တစ်မျိုးတည်းကိုသာ မှန်မှန်တိုက်ပေးပါ။ အသက် ၂နှစ်အထိ မိခင်နို့တိုက်လို့ ရပြီး လိုအပ်တဲ့ ဖြည့်စွက်အာဟာရတွေကိုလည်း ကျွေးပေးပါ။ ဖြည့်စွက်အာဟာရနဲ့ နို့မှုန့်တွေကို အသက် ၉ နှစ်အထိ တိုက်ကျွေးလို့ရပါတယ်။၄။ ကလေးနဲ့ အတူစာဖတ်ပြတာမျိုး၊ ရုပ်ပုံ ပန်းချီကားတွေ ပါတဲ့ စာအုပ်တွေကို ပေးဖတ်ပြီး ပုံနဲ့ စာ တွဲမြင်စေဖို့ ကူညီပေးတာ၊ သီချင်းဆိုပြီး ချော့သိပ်တာ၊ အတူဆော့ကစားတာ၊ ဉာဏ်ရည်ထက်စေမယ့် အရုပ်တွေ ဝယ်ပြီး အတူဆော့ကစားတာ စတဲ့ အလေ့အကျင့်တွေကို မေမေရော ဖေဖေပါ ကူလုပ်ပေးနိုင်ပါတယ်။DHA ဟာ စောရင် စောသလောက် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူ ပေးနိုင်စွမ်းရှိတာကြောင့် မိဘတွေလည်း ချစ်ရတဲ့သားသား မီးမီးတွေဉာဏ်ကောင်းပြီး ထူးချွန်ထက်မြက်စေဖို့ DHA အာဟာရဓာတ်ကို စုံလင်စွာ ရရှိအောင် ဂရုစိုက်ပေးဖို့ ထပ်ပြီး အကြံပေးလိုက်တယ်နော်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/dha-for-child/
ကြက်စွပ်ပြုတ်အပြင် တုပ်ကွေးသက်သာစေတဲ့အစားအသောက် ဘာတွေရှိသေးလဲ
ကြက်စွပ်ပြုတ် လိုပဲ ငါးခေါင်းဟင်းချို သို့မဟုတ် တခြား အရိုးပြုတ်ရည်တွေကလည်း နေမကောင်းချိန်မှာ အာဟာရဓာတ်တွေ ပေးနိုင်တဲ့ အကောင်းဆုံး အရင်းအမြစ်တွေပါ။အရသာ ရှိတဲ့အပြင် ကယ်လိုရီတွေ၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေပါမယ်။ ပူပူလေး သောက်ရင်ချွဲသလိပ်တွေပျော်ဖို့ပါ အထောက်အကူ ပေးနိုင်ပါတယ်။ တစ်ခုရှိတာက အရည်ပဲ သောက်လို့တော့ အာဟာရမဖြစ်ပါဘူး။ ကြက်စွပ်ပြုတ်ပဲ သောက်သောက်၊ ငါးစွပ်ပြုတ်ပဲ သောက်သောက် အဖတ်ပါစားမှ လိုအပ်တဲ့ အာဟာရတွေ အပြည့်အဝရမှာ ဖြစ်ပါတယ်။ရေဓာတ် ပြည့်ဝနေဖို့က နေမကောင်းတဲ့အချိန်မှာ အရေးကြီးဆုံး အချက်ပါ။ ကိုယ်ပူနေမယ်၊ ချွေးတွေ တအားထွက်ထားမယ်၊ အန်ထားမယ်၊ ဝမ်းလျှောထားမယ်ဆိုရင် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်တင်းဖို့ လိုပါတယ်။ ဒီလို အချိန်မှာ အုန်းစိမ်းရည်ကလည်း အစွမ်းထက်တဲ့ ဆေးတစ်ခွက် ပါပဲ။ ချိုချိုလေးနဲ့ ရင်ထဲ အေးစေတဲ့ အုန်းစိမ်းရည်မှာ ဂလူးကို့စ်နဲ့ ဓာတ်ဆားဓာတ်တွေပါ ဝင်ပါတယ်။ရေနွေးပူပူလေး သောက်တာကတော့ အအေးမိ၊ တုပ်ကွေး ဖျားနာတာတွေ အတွက် သမားရိုးကျ နည်းလမ်း တစ်ခုပါ။ ကြက်စွပ်ပြုတ်လောက် အာဟာရ မပါရင်တောင် ချွဲသလိပ်တွေ ရှင်းသွားစေဖို့၊ လည်ချောင်းရှင်းဖို့၊ နှာခေါင်းပိတ် သက်သာစေဖို့၊ ချွေးထွက်ပြီး အဖျားကျဖို့ အထောက်အကူပေးတယ် ဆိုတော့ သူ့အစွမ်းလည်း မသေးပါဘူး။ လည်ချောင်း အပူလောင်လောက်တဲ့ အထိတော့ အပူ မပြင်းစေနဲ့ပေါ့နော်။လက်ဖက်ခြောက်မှာ polyphenols တစ်မျိုးဖြစ်တဲ့ Tannins ဓာတ်တွေ ပါဝင်လို့ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို သေစေတဲ့အာနိသင်တွေ ရှိပါတယ်။ အာဟာရစုပ်ယူမှုကို အနှောင့်အယှက်မဖြစ်အောင်  ထမင်းစားချိန်နဲ့ ၂နာရီလောက် ခွာသောက်သင့်ပါတယ်။ပျားရည်မှာ ဘက်တီးရီးယားတွေ သေစေတဲ့ အာနိသင် ရှိပါတယ်။ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းစေတယ်လို့ သုတေသန တွေ့ရှိချက်တွေရှိပါတယ်။ ဒါ့ကြောင့် ပျားရည်ကို ရေနွေးကြမ်းလေးထဲ ထည့်သောက်ရင် လည်ချောင်းနာတာတောင် သက်သာစေပါတယ်တဲ့။နွားနို့တစ်ခွက်ကို ပျားရည် ဇွန်းတစ်ဝက် ထည့်သောက်ရင်လည်း ချောင်းဆိုး သက်သာတယ်၊ ရေဓာတ် ပြည့်ဝစေတယ်၊ ရောဂါပိုးတွေကိုလည်း သေစေနိုင်ပါတယ်။နေမကောင်း လို့ မအီမသာ ဖြစ်နေတာ၊ ခံတွင်းပျက်တာတွေ အတွက် ချင်းရေနွေးကြမ်းကို သောက်ပေးရင် သက်သာပါလိမ့်မယ်။ အသင့်သောက် အထုပ်လေးတွေလည်း ရှိသလို ချင်းကို ပါးပါးလှီးပြီး ရေနွေးကြမ်းထဲ ခတ်သောက်လို့ ရပါတယ်။ပူရှိန်းရှိန်းနဲ့ ချွေးလေး စို့လာစေပြီးနေလို့ကောင်းစေမှာပါ။ငှက်ပျောသီးက နေမကောင်း ချိန်မှာ စားလို့သင့်တဲ့ အသီးထဲမှာ ပါဝင်ပါတယ်။ စားရတာလည်း လွယ်တယ်၊ ကယ်လိုရီနဲ့ အာဟာရဓာတ်တွေလည်း အများကြီး ပါပါတယ်။ သူ့မှာပါတဲ့ ပျော်ဝင်လွယ် အမျှင်ဓာတ်ကြောင့် အစာခြေစနစ်အတွက်လည်း ကောင်းကျိုး များပါတယ်။ကွေကာအုတ်က အစာကြေ လွယ်ပြီး နေမကောင်း ဖြစ်ချိန်မှာ လိုအပ်နေတဲ့ ကယ်လိုရီ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ဖြည့်တင်းပေးနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကို အားပေးပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းပေးပါတယ်။ အကောင်းဆုံးကတော့ အသင့်သောက် အထုပ်တွေထက် အုတ်ဂျုံကွေကာအလွတ်ကို ကိုယ်တိုင် ဖျော်သောက်တာပါပဲ။ဒီအစားအသောက်တွေက ရောဂါကို သက်သာစေဖို့ အားဖြည့်ကူညီပေးမှာ ဖြစ်လို့ ဝေဒနာ ခံစားရတာလည်း သက်သာစေမှာပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/chicken-soup-and-other-foods-for-feeling-flu-diet/
အသားငါးတွေကိုရေခဲသေတ္တာထဲ ဘယ်လိုသိမ်းထားသင့်လဲ။ ဘယ်လောက်ခံလဲ ။
health
health
https://hellosayarwon.com/health/general-health-knowledge/how-to-store-meat/
အဝမလွန်အောင် ကာကွယ်ကြမယ်
ပြောင်းလဲတိုးတက်လာတဲ့ခေတ်စနစ်ကြောင့် ထိုင်ရာကမထဘဲ အလုပ်တွေလုပ်လို့ရလာသလို အွန်လိုင်းမှာ လိုတဲ့ပစ္စည်းတွေကို အိမ်တိုင်ရာရောက်မှာယူလို့ရနေတာကကောင်းတဲ့အချက်ပါ။ ဒါပေမဲ့ ဆိုးတဲ့အချက်တွေလည်း ရှိနေပါတယ်။ ကောင်းတာက အချိန်ကုန်သက်သာသွားတာပေါ့။ ဆိုးတာက အထိုင်များတဲ့အလုပ်တွေ၊ အလှုပ်အရှားနည်းလာစေတဲ့ လူနေမှုပုံစံတွေကြောင့် လူတွေ တဖြည်းဖြည်းချင်း အဝလွန်လာကြတာပါပဲ။ အဝလွန်တာက ရောဂါတစ်ခုဖြစ်တာကြောင့် အဝမလွန်အောင် ကာကွယ်ကြဖို့ အရေးကြီးပါတယ်။အဝလွန်တယ်ဆိုတာကနေထိုင်မှုပုံစံ၊ နေ့စဉ်စားသုံးနေတဲ့အစားအသောက်တွေကြောင့်ခန္ဓာကိုယ်မှာအဆီပိုတွေ စုလာတာပါ။ အဝလွန်လာတယ်ဆိုတာက အလှတင်ပျက်တာမဟုတ်ပါဘူး။ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တာပါ။ အဝလွန်တာကြောင့်ရုပ်ပိုင်းဆိုင်ရာမှာရော၊စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်တာတွေရှိလာနိုင်ပါတယ်။ဝလာလေလေ ခန္ဓာကိုယ်က လှုပ်ရှားမှုနည်းပြီးကိုယ်အလေးချိန်ပိုတိုးလာလေပါ။ ။ မပြီးဆုံးနိုင်တဲ့သံသရာပေါ့။ ဝလာတာရဲ့နောက်မှာ ကပ်ပါလာတာကနှလုံးရောဂါ၊ဆီးချိုရောဂါ၊သွေးတိုးရောဂါနဲ့ တခြားသောရောဂါဆိုးတွေအများကြီး ပါလာတာပါ။ အချို့သောရောဂါတွေက ဝတာကနေ အစပျိုးလာတာပါ။ အဝလွန်နေလားဆိုတာကိုBMI(ခန္ဓာကိုယ် ထုထည်ညွှန်းကိန်းကိုတိုင်းတာတဲ့နည်း) နဲ့ဆန်းစစ်လို့ရပါတယ်။BMI က ၂၅ ကနေ ၂၉.၉ ရှိနေမယ်ဆိုရင် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေပြီလို့ပြောလို့ရပါတယ်။ တကယ်လို့ BMI က ၃၀ (သို့မဟုတ်) ၃၀ ထက်ကျော်နေပြီဆိုရင်တော့ အဝလွန်နေပြီလို့ပြောပါရစေ။အဝလွန်တာကိုဖြစ်စေတဲ့ အကြောင်းရင်းခံက (၂) ခုရှိပါတယ်။ တစ်ခုက လှုပ်ရှားမှုနည်းတဲ့ နေ့စဉ်နေထိုင်မှုဘဝပုံစံဖြစ်ပြီး နောက်တစ်ချက်က ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေနဲ့ စားသောက်မှုပုံစံမမှန်တာတွေကြောင့်ပါ။မနက်စားကို မစားဘဲနေတာကကယ်လ်လိုရီကို လျှော့ချနိုင်မယ်လို့ ယူဆနေတယ်ဆိုရင် မှားနေတယ်လို့ ပြောချင်ပါတယ်။ မနက်စာစားလိုက်တဲ့အခါ တစ်နေ့တာလုံး မလိုအပ်ဘဲ စားမိမယ့် ကယ်လ်လိုရီ ပမာဏကို လျှော့ချနိုင်ပါလိမ့်မယ်။ လေ့လာမှုတွေအရလည်း မနက်စာစားတာက ကိုယ်အလေးချိန်ကို ထိန်းညှိရာမှာ ထိရောက်တဲ့နည်းလမ်းတစ်ခုလို့ သိခဲ့ရပါတယ်။ခန္ဓာကိုယ်အလေးချိန် မတက်လာစေဖို့ဆိုရင် တစ်ပတ်ကို စုစုပေါင်း မိနစ် ၁၅၀ ကနေ ၃၀၀လောက်ကို အရမ်းမပြင်းထန်တဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်ဖို့လိုပါမယ်။ အကောင်းဆုံးနဲ့အလွယ်ဆုံးလေ့ကျင့်ခန်းကတော့လမ်းလျှောက်တာပါ။ကျန်းမာရေးနဲ့ညီညွတ်အောင်ဆိုတဲ့နေရာမှာ ကယ်လ်လိုရီပါဝင်မှုနည်းပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေ၊သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေကို ပိုစားပေးပါ။ပြည့်ဝဆီတွေကို မစားပါနဲ့။ အချိုနဲ့အယ်လ်ကိုဟောကိုရှောင်ပါ။ တစ်နေ့ကို မနက်စာ၊ နေ့လယ်စာနဲ့ ညစာ အချိန်မှန်စားပြီး အချိုနဲ့ အဆီများတဲ့ သွားရေစာတွေ မစားပါနဲ့။ ရေများများသောက်ပေးပါ။အမျှင်ဓာတ်ပြည့်ဝအောင်စားသုံးမှုက ကိုယ်အလေးချိန်တက်မလာတာ တားဆီးပေးနိုင်ပါတယ်။ အမျှင်ဓာတ်က အစာကြေခဲတာကြောင့် ခဏခဏမဆာအောင်လုပ်ပေးနိုင်ပါတယ်။ နေ့လယ်စာစားတဲ့အခါ ဆန်လုံးညို၊ ကုလားပဲ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေများများစားပေးပါ။ဗာဒံစေ့၊ သစ်ကြားသီး၊ အယ်လ်မွန်စေ့တို့လိုမျိုး အစေ့အဆန်တွေကို စားသုံးပေးတာကလည်း ကျန်းမာစေပြီး အဆာခံစေပါတယ်။ ဒါပေမဲ့ ဒါတွေက ကယ်လိုရီများတာကြောင့် အလွန်အကျွံ မစားဖို့တော့ လိုပါတယ်။ကယ်လ်ဆီယမ်က ခန္ဓာကိုယ်မှာ ကပ်တွယ်နေတဲ့အဆီတွေကို လောင်ကျွမ်းဖြိုခွဲပေးနိုင်စွမ်းရှိပါတယ်။ အဆီဆဲလ်တွေထဲမှာ ကယ်လ်ဆီယမ် ပါဝင်မှုများလေလေ အဆီတွေကိုလောင်ကျွမ်းစေနိုင်လေလေပါ။ ဒါကြောင့် ကယ်လ်ဆီယမ်ရရှိစေဖို့နွားနို့၊ဒိန်ချဉ်တို့လိုမျိုး ကယ်လ်ဆီယမ်ရရှိစေနိုင်မယ့် အစားအစာတွေကို စားသုံးပေးပါ။ အဆီထုတ်ထားတဲ့ နို့နဲ့ဒိန်ချဉ်တွေဖြစ်ဖို့တော့ လိုပါမယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/prevention-of-obesity/
နှလုံးကျန်းမာချင်သူတွေအတွက် နည်းလမ်းကောင်း
နှလုံးရောဂါက လူတွေကို အသက်အန္တရာယ်ခြိမ်းခြောက်မှုကြီးမားတဲ့ ရောဂါတစ်ခုဖြစ်လာနေတယ်ဆိုတာကို သိရဲ့လား။ တစ်ခါတလေကိုယ်တိုင်တောင် နှလုံး ရောဂါရှိနေမှန်းမသိလိုက်တာမျိုးဖြစ်နိုင်ပါတယ်။ အနေအထိုင် အစာားအသောက်တွေကြောင့်လည်း အခုနောက်ပိုင်းမှာ နှလုံးရောဂါဖြစ်ပွားမှုတွေက အရင်ကထက် ပိုများလာရတာပါ။ ဒီကြောက်စရာကောင်းတဲ့ နှလုံးရောဂါကနေ ကာကွယ်ပေးနိုင်မယ့် နည်းလမ်းကောင်းလေးရှိပါတယ်။ ဒါက ဘာများဖြစ်မလဲသိချင်ရင် ဆက်ကြည့်လိုက်နော်။ခရမ်းချဉ်သီးဖျော်ရည်သောက်သုံးမှုက သွေးပေါင်ချိန်နဲ့သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး နှလုံးကိုကျန်းမာစေနိုင်တယ်၊လို့ ဆိုပါတယ်။ အခုနောက်ပိုင်း ကမ္ဘာတလွှားမှာ နှလုံးရောဂါနဲ့ သေဆုံးသူအရေအတွက် တော်တော်လေးများလာနေပါတယ်။ဆေးလိပ်သောက်သုံးမှု၊ အသက်အရွယ်ကြီးရင့်လာမှုတို့လိုမျိုး အချက်တွေကြောင့် နှလုံးရောဂါဖြစ်ပွားမှုနှုန်းဟာ နေ့စဉ်နဲ့အမျှ မြင့်တက်လာနေပါတယ်။ကျန်းမာရေးကောင်းဖို့ အရေးကြီးဆုံးအချက်က အာဟာရဆိုရင် နှလုံးကျန်းမာဖို့ကလည်း အာဟာရကောင်းကောင်းမှီဝဲဖို့ လိုမယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာတောင် မလိုအောင်ပါ။ ဒီတော့ လေ့လာတွေ့ရှိမှုအသစ်တစ်ရပ်အရ တစ်နေ့တာမှာဆားမထည့်ထားတဲ့ ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်သောက်သုံးမှုက ငွေကုန်ကြေးကျသက်သာစေတဲ့ နှလုံးစောင့်ရှောက်မှုတစ်ရပ်လို့ တွေ့ရှိခဲ့ရပါတယ်။ခရမ်းချဉ်သီးမှာ ကာရိုတီးနွိုက်၊ဗီတာမင် A၊ ကယ်လ်ဆီယမ် နဲ့ gamma‐aminobutyric အက်ဆစ်တို့လိုမျိုး bioactive ဒြပ်ပေါင်းတွေ ပါဝင်နေတာကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါကျန်းမာစေတဲ့အပြင် နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ပုံမှန်အားဖြင့်ကတော့ နှလုံးသွေးကြောထဲမှာ အဆီတွေစုပုံတာကြောင့် နှလုံးသွေးကြောတွေက မာတောင့်လာပြီး သွေးကြောကျဉ်းတာတွေဖြစ်လာရတာပါ။ နှလုံးသွေးကြောတွေ ကျဉ်းလာတာ၊ ပျက်စီးလာတာက သွေးတိုးရှိတာ၊ ဆီးချိုရောဂါ ခံစားနေရတာ၊သွေးတွင်းကိုလက်စထရောများတာတွေကြောင့်ပါ။ တကယ်လို့ ဒီအခြေအနေတွေကို ထိန်းချုပ်နိုင်မယ်ဆိုရင် နှလုံးသွေးကြောရောဂါကင်းပြီး ကျန်းမာတဲ့နှလုံးလေးကိုပိုင်ဆိုင်နိုင်မှာ အသေအချာပါ။အခုတွေ့ရှိချက်အတွက် လေ့လာမှုကို အချိန် တစ်နှစ်ကျော်ကြာပေးပြီး လုပ်ဆောင်ခဲ့တာပါ။ သုတေသီတွေက အမျိုးသား ၁၈၄ ဦးနဲ့ အမျိုးသမီး ၂၉၇ ဦးတို့ကို တစ်နေ့ကို ခရမ်းချဉ်သီးဖျော်ရည် သောက်နိုင်သလော်က တိုက်ခဲ့ပါတယ်။ အနည်းဆုံးအနေနဲ့ တစ်နေ့တစ်ခွက်တေ့ ပုံမှန်သောက်စေခဲ့ပါတယ်။ လေ့လာမှုမစခင်က ပါဝင်သူတွေရဲ့သွေးပေါင်ချိန်၊ သွေးတွင်းအဆီဓာတ်နဲ့ သွေးတွင်းကိုလက်စထရောပမာဏတွေ၊သွေးတွင်းသကြားဓာတ်တွေကို တိုင်းတာရယူခဲ့ပါတယ်။ လေ့လာမှုမှာ ပါဝင်သူတွေမှာ သွေးတိုးရှိသူတွေလည်းရှိပါတယ်။တစ်နှစ်ကြာဆား မပါတဲ့ ခရမ်းချဉ်သီးဖျော်ရည်ကို သောက်သုံးပြီးနောက်မှာတော့ သွေးပေါင်ချိန်၊ သွေးတွင်းအဆီပမာဏ၊ သွေးတွင်းကိုလက်စထရောပမာဏတွေကျဆင်းသွားတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒီသက်ရောက်အကျိုးပြုမှုက အမျိုးသားတွေရော၊ အမျိုးသမီးတွေမှာရောအတူတူဖြစ်သလို အသက်အပိုင်းအခြားတိုင်းမှာလည်း တစ်ပုံစံတည်းပါ။သွေးတွင်းသကြားဓာတ်နဲ့ သွေးတွင်းက အကျိုးပြုကိုလက်စထရောပမာဏကိုတော့ကျဆင်းစေတာမျိုးမရှိပါဘူး။ ဒါကြောင့် တစ်နေ့ကိုခရမ်းချဉ်သီးစစ်စစ်ကိုကြိတ်ခြေထားပြီး ဆားမရောတဲ့ ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်ကို ပုံမှန်သောက်သုံးပြီး ခန္ဓာကိုယ်ရော နှလုံးပါကျန်းမာအောင်လုပ်ဆောင်နိုင်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/tomato-juice/
အာမခံအကြောင်း ဘာတွေသိထားဖို့လိုမလဲ
အာမခံဆိုတာက နှစ်ဦးနှစ်ဖက်ကြားမှာ ထားရှိထားတဲ့ စာချုပ်စာတမ်းဆိုင်ရာသဘောတူညီချက်တစ်ရပ်ပါ။ အာမခံကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တစ်ဦးတို့ကြား ဒါမှမဟုတ် အာမခံကုမ္ပဏီနဲ့ လုပ်ငန်းအဖွဲ့အစည်းတစ်ခုခုကြားမှာထားရှိတဲ့ ပဋိညာဉ်သဘောတူညီချက်ပေါ့။ အာမခံထားတဲ့သူဘက်မှာ ထိခိုက်မှုဆုံးရှုံးမှု တစ်စုံတရာဖြစ်လာမယ်ဆိုရင် စာချုပ်မှာပါတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သတ်မှတ်ထားတဲ့ ပေးလျော်ရမယ့် ငွေကြေးပမာဏကို အာမခံကုမ္ပဏီဘက်ကထုတ်ပေးမှာပါ။ ဒီလိုထုတ်ပေးဖို့အတွက် အာမခံထားတဲ့သူဘက်က လစဉ်အာမခံကြေးပေးသွင်းရမှာဖြစ်ပါတယ်။ ပရီမီယံကြေးသွင်းတယ်လို့လည်း သိကြပါတယ်။အကြမ်းဖျင်းကတော့ အာမခံအမျိုးအစားက ၂ မျိုးပဲရှိတာပါ။ ဒါကတော့။အသက်အာမခံဆိုတာက…….။အသက်အန္တရာယ်ထိခိုက်လာနိုင်တဲ့ အခြေအနေတစ်ရပ်ရပ်အတွက် ထားရှိတဲ့အာမခံ အမျိုးအစားပါ။ အာမခံထားသူ သေဆုံးချိန်မှာ အာမခံကုမ္ပဏီက ကျန်ရစ်ခဲ့တဲ့ မိသားစုကို အာမခံကြေးထုတ်ပေးမှာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတိုင်း အသက်အာမခံထားနိုင်ပြီး အာမခံကြေးထုတ်ပေးတဲ့မူဝါဒအရ အသက်အာမခံကို တစ်လုံးတစ်ခဲတည်းထုတ်ပေးနိုင်သလို နှစ်စဉ်ကြေးအနေနဲ့ ထုတ်ပေးတာမျိုးလည်းရှိပါတယ်။Whole life Assurance(တစ်သက်တာ အသက်အာမခံ)– ဒီအာမခံအမျိုးအစားက တစ်သက်လုံးစာထားရှိတဲ့ အာမခံအမျိုးအစားပါ။ အာမခံထားသူ သေဆုံးချိန်မှာ ကျန်ရစ်သူမိသားစုကထုတ်ယူနိုင်မှာဖြစ်ပါတယ်။Term Life Assurance(အချိန်အပိုင်းအခြား အသက်အာမခံ)– ဒီအာမခံအမျိုးအစားကတော့ အရွယ်ရောက်ပြီးသူတိုင်းထားရှိနိုင်ပြီး အာမခံထားတဲ့ ကာလအပိုင်းအခြားအလိုက်ထုတ်ပေးတာပါ။ ဥပမာ ကိုယ်က အသက်အာမခံကို ၁၀ နှစ် ထားမယ် ဒါမှမဟုတ် ၁၅ နှစ် ထားမယ်ဆိုပါစို့၊ ဒီကာလကုန်ဆုံးချိန်အထိကိုယ်က ထိခိုက်မှုတစ်စုံတရာမရှိဘူးဆိုရင် အာမခံကုမ္ပဏီဘက်က လစဉ်ပေးသွင်းထားတဲ့ အသက်အာမခံကြေးတွေကို ပြန်ထုတ်ပေးမှာပါ။အထွေထွေအာမခံဆိုတာက……။အာမခံအမျိုးအစားတော်တော်များများက ဒီအလုံးစုံအာမခံထဲမှာ အကျုံးဝင်နေတာပါ။ ဒီအာမခံအမျိုးအစားမှာတော့ အာမခံထားသူက သူပိုင်ဆိုင်တဲ့အရာတစ်ခုခုထိခိုက်ဆုံးရှုံးတိုင်းမှာ အာမခံမူဝါဒနဲ့ ကိုက်ညီနေမယ်ဆိုရင် အာမခံကြေး ရရှိမှာပါ။ ဥပမာ ကားကို အာမခံထားထားမယ်။ ကိုယ်က ယာဉ်မတော်တဆဖြစ်မယ်။ ကိုယ့်ကားရော တစ်ဖက်ကားပါ ထိခိုက်မိတယ်။ ဒီလိုအခြေအနေမှာ အာမခံထားထားမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုတွေအတွက် ကိုယ်က ပေးလျော်စရာမလိုဘဲ အာမခံ ကုမ္ပဏီက ပေးလျော်ပေးမှာပါ။အထွေထွေအာမခံထဲမှာ ဘာတွေပါလဲ….။ဒီအာမခံအမျိုးအစားအောက်မှာ အသက်အာမခံကလွဲလို့ ကျန်တဲ့အာမခံအမျိုးအစားအားလုံးပါပါတယ်။မီးအာမခံ– ဒီသဘောတူညီချက်မှာတော့ အာမခံထားသူအပေါ် အာမခံကုမ္ပဏီက မီးဘေးကြောင့်ဖြစ်တဲ့ ပျက်စီးဆုံးရှုံးမှုတစ်စုံတရာကို ပေးလျော်မယ်ဆိုတဲ့ ကတိကဝတ်ပါရှိပါမယ်။ အာမခံထားသူရဲ့ ပိုင်ဆိုင်မှုပစ္စည်းဖြစ်တဲ့ နေအိမ် ဒါမှမဟုတ် အခြားပိုင်ဆိုင်မှုတစ်ခုခုက မီးလောင်မှုကြောင့် ပျက်စီးခဲ့မယ်ဆိုရင် အာမခံကုမ္ပဏီဘက်က ဆုံးရှုံးမှုအတွက် သဘောတူထားတဲ့ ပမာဏအတိုင်း ပေးလျော်မှာ ဖြစ်ပါတယ်။ပင်လယ်ရေကြောင်းအာမခံ– ဒီအာမခံ ပဋိညာဉ်ကတော့အာမခံကုမ္ပဏီနဲ့ ရေယာဉ်ပိုင်ရှင်တွေ၊ ရေကြောင်းနဲ့ ကုန်စည်ပို့ဆောင်သူတွေကြားမှာ ထားရှိတဲ့ အာမခံအမျိုးအစားပါ။ ရေကြောင်းသွားလာပို့ဆောင်မှုအတွင်း ပျက်စီးမှုတစ်စုံတရာရှိခဲ့ရင် သတ်မှတ်ထားတဲ့ အဖိုးစားနားအတိုင်း အာမခံ ကုမ္ပဏီဘက်က ပေးလျော်မှာဖြစ်ပါတယ်။ ဒီအာမခံထဲမှာမှ ကုန်စည်အတွက်ထားတဲ့ အာမခံ၊ ရေယာဉ်အတွက် သီးသန့်ထားတဲ့အာမခံ နဲ့ တင်ဆောင်လာတဲ့ ကုန်စည်အတွက် ထားတဲ့ အာမခံဆိုပြီး အမျိုးမျိုးရှိနိုင်ပါတယ်။Miscellaneous Insurance– အပေါ်ကအာမခံအမျိုးအစားတွေနဲ့မတူဘဲ ဆုံးရှုံးနစ်နာမှုတွေအတွက်ထားတဲ့ ငွေကြေးအာမခံ အမျိုးအစားပါ။ ဥပမာပြောပြရရင် ကားအခိုးခံရတယ်ဆိုပါစို့၊ အာမခံထားထားမယ်ဆိုရင် ဆုံးရှုံးနစ်နာသွားမှုအတွက် အာမခံကုမ္ပဏီဘက်က ပေးလျော်မှာပါ။ မော်တော်ယာဉ်အာမခံ၊ ပစ္စည်းခိုးခံရမှုကြောင့် ဆုံးရှုံးနစ်နာမှုအတွက် အာမခံ၊ မသမာမှုနဲ့ သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့် ပျက်စီးဆုံရှုံးတွေအတွက်လည်း အာမခံထားလို့ရပါတယ်။အသက်အာမခံနဲ့အထွေထွေအာမခံရဲ့ အဓိကကွာခြားချက်က အသက်အာမခံက အသက်အန္တရာယ်ဖြစ်စေလောက်တဲ့ အခြေအနေအတစ်ရပ်ရပ်နဲ့သာသက်ဆိုင်ပြီး အထွေထွေအာမခံထဲမှာ ဒီအသက်အာမခံက အကျုံးမဝင်ပါဘူး။ အသက်အာမခံမှာတော့ အာမခံကြေးက သတ်မှတ်ထားတဲ့ကာလအတွင်းမှာ သတ်မှတ်ထားတဲ့ ငွေကြေးပမာဏကိုပေးသွင်း ရတာပါ။ ဒါပေမယ့် အထွေထွေအာမခံမှာတော့ အာမခံကြေးကိုတစ်နှစ်စာအတွက် အလုံးအရင်းနဲ့ပေးသွင်းရမှာဖြစ်ပါတယ်။ဆုံးရှုံးနစ်နာမှု၊ ထိခိုက်ပျက်စီးမှုတစ်စုံတရာကြုံတွေ့တဲ့အခါ ငွေကြေးအားဖြင့် အထောက်အပံ့ရရှိစေဖို့ အာမခံထားသင့်ပါတယ်။ နေထိုင်မကောင်းတဲ့အခါမှာလည်း ကျန်းမာရေးအာမခံထားထားမယ်ဆိုရင် ဆေး ကုသစရိတ်အတွက် အာမခံကုမ္ပဏီကထုတ်ပေးမှာပါ။ မတော်တဆထိခိုက်မှုကြောင့် အသက်သေဆုံးခဲ့ရင်တောင် ပေးဆပ်စရာရှိတဲ့ ကြွေးမြီတွေနဲ့ အခြားသော စရိတ်စကတွေအတွက် အသက်အာမခံရှိနေတာကြောင့် ကျန်ရစ်သူတွေအတွက် စိုရိမ်မှုကင်းစေမှာပါ။ အာမခံကြေးပုံမှန်သွင်းထားရုံနဲ့ သဘာဝဘေးအန္တရာယ်၊ မီးဘေးနဲ့ ရေဘေး၊ ခိုးယူခံရမှုတွေကြောင့် ပစ္စည်းတွေဆုံးရှုံးမှုတိုင်းအတွက် စိုးရိမ်မှု ကင်းကင်းနေနိုင်မှာပါ။ မတော်တဆမှုဆိုတာမမြင်နိုင်ပါဘူး။ ဒါကြောင့် မတော်တဆမှုအတွက် ကိုယ်တိုင်မှာဖြစ်ဖြစ် ပိုင်ဆိုင်မှုတစ်စုံတရာမှာဖြစ်ဖြစ် ကြုံတွေ့လာရတဲ့အခါ ငွေကြေးဆုံးရှုံးနစ်နာမှုကို အကာအကွယ်ပေးနိုင်စေဖို့ အာမခံကို ထားသင့်တာပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/health-insurance/facts-should-know-about-insyrance/
ဘယ်အချိန်မှာ ပေါင်ချိန်တာ အမှန်ဆုံးဖြစ်မလဲ
ဘော်ဒီရှိတ်လေးလှအောင် ဝိတ်ချကြတာတော့ဟုတ်ပါပြီ။ ကိုယ်အလေးချိန် ဘယ်နှပေါင်ရှိလဲ သေချာရောသိကြရဲ့လား။ ပေါင်ချိန်စက်ပေါ် တက်လိုက်တိုင်း ဝိတ်ကတက်လိုက်ကျလိုက်နဲ့ဖြစ်ဖူးလား။ ဟယ် ငါဘယ်နှပေါင်ကျသွားပြီဆိုပြီးပျော်ပျော်ကြီးထပ်စား၊ ပိုဝ။ ဘာမှလည်းမစားရဘဲ ဘယ်နှပေါင်တက်သွားပြီဆိုပြီး ဆိုက်ကိုတွေဖောက်၊ အငတ်တွေခံ။ ဒီနှစ်မျိုးလုံးဖြစ်ကြရတာပေါင်ချိန်တဲ့နည်းနဲ့ အချိန်အခါ မှားနေလို့ပါ။ပေါင်ချိန်စက်ပေါ်တက်လိုက်တိုင်း ကိုယ်အလေးချိန်အစစ်အမှန်မထွက်လာပါဘူး။ ဘယ်အချိန်မှာပေါင်ချိန်သင့်လဲဆိုတာ ဒီတိုင်းမပြောတော့ဘူး၊ဆောင်းပါးတစ်ခုလုံးဖတ်ပြီးတဲ့အခါ သိလာပါလိမ့်မယ်။(၁) ပေါင်ချိန်စက်အမျိုးအစား။ဆေးခန်းကပေါင်ချိန်စက်လား၊ အိမ်မှာဝယ်ထားတဲ့ပေါင်ချိန်စက်လား၊ လမ်းမှာ ဝင်ချိန်ခဲ့တာလား၊ ဂျင်မ်မှာ ချိန်တာလား အမျိုးစုံရှိနိုင်ပါတယ်။ပေါင်ချိန်စက်တွေက အမျိုးအစား၊ အမှတ်တံဆိပ်၊ ထုတ်လုပ်တဲ့နိုင်ငံနဲ့ အရည်အသွေးတွေ အမျိုးမျိုးကွာခြားတာမို့ ကိုယ်သုံးနေတာက တကယ်မှန်တဲ့ပေါင်ချိန်စက်ဖြစ်ဖို့လိုပါတယ်။ ပြောရရင် ဒစ်ဂျစ်တယ်တွေက ပိုမှန်လေ့ရှိတယ်။(၂) အချိန်။မနက်ခင်းအချိန်က ကိုယ်အလေးချိန်ကိုအတိကျဆုံးတိုင်းတာဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ အိပ်ရေးဝထားတယ်၊ ဘာမှ မစားထား၊ မသောက်ထားသေးဘူးလေ။ တခြားအချိန်တွေလည်းရပေမယ့် အစားစားထားရင်တော့ ကိုယ်အလေးချိန်က တက်နေမှာပဲဆိုတာ မမေ့နဲ့နော်။(၃) လေ့ကျင့်ခန်း။ကိုယ်လက်လှုပ်ရှားတဲ့လေ့ကျင့်ခန်းတွေလုပ်ထားတယ်ဆိုရင် တစ်မျိုးပဲလုပ်ဦး၊ ချက်ချင်းတိုင်းကြည့်ရင် ကိုယ်အလေးချိန်ရဲ့ ၆% ကနေ ၁၀% ထိလျော့နေနိုင်ပါတယ်။ချွေးတွေထွက်တာများပြီး ရေဓာတ်ပြန်မဖြည့်ရသေးလို့ ဖြစ်နိုင်ပါတယ်။ အားကစားလုပ်ပြီး ပေါင်ပြေးမချိန်ပါနဲ့။(၄) ကျန်းမာရေး။နေမကောင်းဖြစ်ပြီဆို ကိုယ်အလေးချိန်မှာ အပြောင်းအလဲဖြစ်တာပဲ။ နှလုံး၊ သွေးတိုး တို့လို နာတာရှည်ရောဂါတစ်ခုခုအခံရှိနေတယ်ဆိုရင် သက်ရောက်မှုရှိနေနိုင်ပါတယ်။ အစာစားချင်စိတ်မရှိတာ၊ ခန္ဓာကိုယ်ထဲမှာရေတွေစုနေတာ စတဲ့အကြောင်းတွေကြောင့် ကိုယ်အလေးချိန်မှာ အပြောင်းအလဲရှိနိုင်ပါတယ်။(၅) ဆေးဝါး။အရောင်ကျဆေးတွေ၊ ဓာတ်မတည့်မှုဆေးဝါးတွေအပါအဝင် အမျိုးအစားတော်တော်များများကြောင့် ကိုယ်အလေးချိန်မြန်မြန်ကျစေနိုင်တယ်။ အင်ဆူလင်၊ စိတ်ကျရောဂါသောက်ဆေးတွေ၊ အတက်ရောဂါဆေးတွေလို တခြားဆေးတွေကတော့ ကိုယ်အလေးချိန်ကို အမြန်တက်စေနိုင်တယ်။ ကျန်းမာရေးကြောင့်လိုအပ်လို့ သောက်နေရတဲ့ဆေးတွေကြောင့် ဝိတ်အတက်အကျဖြစ်တဲ့အခါ မစိုးရိမ်ပါနဲ့။သောက်နေရတဲဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကိုသေချာမေးထားရင်လည်းကောင်းပါတယ်။(၆) ရေ (အများကြီးသောက်ထားတာ)။ရေ တစ်လီတာက အလေးချိန် ၂ပေါင်လောက်ရှိပါတယ်။ ဒါ့ကြောင့် ရေတွေအများကြီးသောက်ထားပြီး လှုပ်ရှားမှုလည်းသိပ်မရှိဘူးဆိုရင် ပေါင်ချိန်လိုက်တာနဲ့ တက်နေမှာပဲ။ ရေသောက်ထားပြီးကာစ (အထူးသဖြင့် အချိုရည်တွေသောက်ထားပြီး) ပေါင်မချိန်ကြည့်နဲ့ပေါ့။(၇) ရေ (အလုံအလောက်မသောက်ထားတာ)။ခန္ဓာကိုယ်ရဲ့ ၅၅% နဲ့ ၇၅%လောက်က ရေဓာတ်နဲ့ ဖွဲ့စည်းထားတာပါ။ သဘာဝအလျောက်လိုအပ်တဲ့ရေဓာတ်ပမာဏအောက်လျော့နည်းသွားရင် ခေါင်းကိုက်တာ၊ အသားခြောက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီထက်ပိုနည်းရင် ဦးနှောက်က စဉ်းစားတွေးတောနိုင်စွမ်းမှာ ပြဿနာရှိလာမယ်။ ကိုယ်အလေးချိန်လည်း ရုတ်တရက်ကျသွားနိုင်တယ်။ တစ်နေ့တာမှာ ကုန်ဆုံးသွားတဲ့ ရေဓာတ်ပမာဏကို ပြန်မဖြည့်တဲ့အခါ ကိုယ်အလေးချိန်လျော့နေမှာပါ။(၈)ကော်ဖီ။လေ့လာမှုတွေအရ ကော်ဖီသောက်တာက အစာစားချင်စိတ်ကို ချိုးနှိမ်ပစ်လိုက်နိုင်ပြီး ကယ်လိုရီအနည်းငယ်လောင်ကျွမ်းစေနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် နို့များများ၊ အချိုများများနဲ့ ပျစ်နှစ်နေတဲ့ကော်ဖီဆိုရင်တော့ ဝိတ်ပိုတက်စေနိုင်ပါတယ်။(၉) အငန်။အငန်စားတာများရင် နှလုံးအတွက်မကောင်းပါဘူး။ ရေဓာတ်လည်းစုစေနိုင်လို့ ကိုယ်အလေးချိန်လည်းတက်စေနိုင်တယ်။ အငန်စားတာများတဲ့သူတွေဟာ ပြုပြင်စီမံထားတဲ့အစားအစာတွေ၊ သရေစာတွေကိုပိုစားမိတတ်ပါတယ်။ အဲ့တော့ အဆီနဲ့ကယ်လိုရီများတာတွေ စားမိပြီး ဝိတ်အမြန်တက်နိုင်တာပေါ့။(၁၀) အိပ်စက်မှု။အိပ်စက်မှုအမူအကျင့်တွေက ကိုယ်အလေးချိန်ကိုပြောင်းလဲစေနိုင်တယ်ဆိုတာ သုတေသနတွေ့ရှိချက်တွေကဖော်ပြထားပါတယ်။ ဥပမာ ညဘက်တွေအိပ်မပျော်ဘူးဆိုရင်နောက်နေ့မှာ ပုံမှန်ထက်ပိုဆာပြီး ပိုစားမိတတ်တယ်။ ဒါ့ကြောင့် အိပ်ရေးပျက်ထားတယ်ဆိုနောက်နေ့မှာ ဝိတ်မချိန်ကြည့်နဲ့ဦး။တစ်နေ့တည်းမှာပဲ အကြိမ်ကြိမ် ခဏခဏပေါင်ချိန်မယ်ဆိုရင်ပြောင်းနေမှာပဲ။ ဒီတော့ ဝိတ်လျှော့မယ်ဆို တစ်ပတ်တစ်ကြိမ် သို့မဟုတ် တစ်လတစ်ကြိမ် အချိန်သတ်မှတ်ပြီး တိုင်းတာပါ။ ဒီအချက်တွေလိုမျိုး ကိုယ်အလေးချိန်အပေါ် သက်ရောက်နေတဲ့အရာတွေ အများကြီးရှိနိုင်တယ်ဆိုတာကို Diet & Exercises လုပ်နေတဲ့ ပျိုမေတို့သိထားဖို့လိုပါတယ်။ အားနေ ပေါင်ချိန်စက်ပေါ်ပြေးပြေးတက်ပြီး ဆိုက်ကိုမဖောက်ကြပါနဲ့လို့။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%98%e1%80%9a%e1%80%ba%e1%80%a1%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%95%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba/
အိုင်အိုဒင်းဆားသုံးသင့်လား
အခုနောက်ပိုင်းမှာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အိုင်အိုဒင်းဓာတ်ကို ချက်ပြုတ်ရာမှာ အသုံးပြုတဲ့ဆားကနေတဆင့် အလွယ်တကူရရှိလာနိုင်ပြီပဲဖြစ်ပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဆားက မဖြစ်မနေပါဝင်တဲ့ အရာဖြစ်တာကြောင့် ဆားထဲမှာအိုင်အိုဒင်းထည့်သွင်းထုတ်လုပ်လိုက်မှုက ခန္ဓာကိုယ်အတွက် လိုအပ်မယ့် အိုင်အိုဒင်းဓာတ်ကို ဖြည့်တင်းပေးပြီးသားဖြစ်သွားပါတယ်။ဒီဆောင်းပါးထဲမှာတော့ အိုင်အိုဒင်းဆားက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာနဲ့ စားသုံးဖို့သင့်တော်ရဲ့လားဆိုတာကို ရှင်းပြပေးမယ်နော်။• အိုင်အိုဒင်းက အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးပါ။• အိုင်အိုဒင်းကို များသောအားဖြင့် ပင်လယ်စာတွေ၊နို့ထွက်ပစ္စည်းတွေ၊ ကောက်နှံစပါးတွေ နဲ့ ဥအမျိုးမျိုးမှာတွေ့ရှိရ ပါတယ်။• နိုင်ငံတော်တော်များများမှာ အိုင်အိုဒင်းချို့တဲ့မှုပြဿနာကို ကင်းဝေဒစေဖို့ ဆားထဲမှာ အိုင်အိုဒင်းဓာတ်ထည့်သွင်း ထုတ်လုပ်ထားပါတယ်။• အိုင်အိုဒင်းက သိုင်းရွိုက်ဂလင်းကသိုင်းရွိုက်ဟော်မုန်းတွေကို ထုတ်လုပ်စေဖို့ လုပ်ဆောင်ပေးပါတယ်။ သိုင်းရွိက်ဟော်မုန်းတွေက တစ်ရှုးတွေပြုပြင်တာ၊ ဇီဝတွင်းဖြစ်စဉ်တွေကို ထိန်းညှိတာနဲ့ ကြီးထွားဖွံ့ဖြိုးမှုတိုးတက် စေဖို့အတွက် အထောက်အကူပြုပေးပါတယ်။• သိုင်းရွိုက်ဟော်မုန်းကခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိတာ၊သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းတွေ ထိန်းညှိမှုကို တိုက်ရိုက်ဆိုသလို အထောက်အပံ့ပေးနေတာပါ။• ခန္ဓာကိုယ်ကျန်းမာစေဖို့လည်း အိုင်အိုဒင်းက အထောက်အပံ့ပေးပါတယ်။•ရင်သားမှာကင်ဆာမဟုတ်တဲ့ အဖုအကျိတ်တွေဖြစ်မလာအောင်လည်း ကာကွယ်တားဆီးပေးပါတယ်။•ကိုယ်ခံအားကောင်းမွန်စေနိုင်ပါတယ်။• လူတော်တော်များများက အိုင်အိုဒင်းချို့တဲ့မှုကို ခံစားကြရပါတယ်။• နိုင်ငံပေါင်း ၁၁၈ နိုင်ငံမှာ အိုင်အိုဒင်းချို့တဲ့မှုက ကျန်းမာရေးပြဿနာကြီးတစ်ရပ်လိုတောင်ဖြစ်နေတာပါ။• ကမ္ဘာ့လူဦးရေရဲ့ ၁.၅ ဘီလျံက အိုင်အိုဒင်းချို့တဲ့မှုကိုခံစားနေကြရပါတယ်။• အိုင်အိုဒင်းဆား မစားသုံးတဲ့နေရာတွေ၊ အိုင်အိုဒင်းရှားပါးတဲ့နေရာတွေမှာ အိုင်အိုဒင်းချို့တဲ့မှုခံစားနေကြရပါတယ်။• အရှေ့အလယ်ပိုင်းဒေသကလူဦးရေ သုံးပုံတစ်ပုံဟာ အိုင်အိုဒင်းချို့တဲ့မှုကို ခံစားနေကြရတာပါ။• အာဖရိက၊ အာရှ၊ လက်တင်အမေရိကနဲ့ ဥရောပနိုင်ငံတွေမှာလည်း အိုင်အိုဒင်းချို့တဲ့မှုကိုခံစားနေရတာပါ။• ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ နို့တိုက်မိခင်တွေက အိုင်အိုဒင်းချို့တဲ့နိုင်ခြေများတဲ့သူတွေဖြစ်ပြီး အိုင်အိုဒင်းများများစားသုံးပေးဖို့လိုပါမယ်။• သတ်သတ်လွတ်စားတဲ့သူတွေက အိုင်အိုဒင်းချို့တဲ့နိုင်ခြေပိုများပါတယ်။အိုင်အိုဒင်းချို့တဲ့မှုက ကြီးမားတဲ့ ကျန်းမာရေးပြဿနာတွေကိုခံစားရနိုင်ပါတယ်။အိုင်အိုဒင်းချို့တဲ့မှုကို ကာကွယ်ပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းက အိုင်အိုဒင်းဆားစားသုံးတာပါ။ တစ်နေ့ကို အိုင်အိုဒင်းဆား လက်ဖက်ရည်ဇွန်းတစ်ဝက်စာ စားသုံးမိအောင်ဂရုပြုပေးပါ။ အိုင်အိုဒင်းဆားက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့သတ္တုဓာတ်တွေကို ဖြည့်တင်းပေးနိုင်မှာပါ။အိုင်အိုဒင်းဆားက စိတ်ချရရဲ့လား။လေ့လာမှုတွေအရ အိုင်အိုဒင်းက လိုအပ်တဲ့ ဓာတ်တစ်မျိုးဆိုပေမယ့် လိုအပ်တဲ့ ပမာဏထက်ကျော်လွန် စားသုံးမယ်ဆိုရင်တော့ သိုင်းရွိုက်ပြဿနာတွေခံစားရနိုင်ပါတယ်။ သိုင်းရွိုက်က ကောင်းကောင်းအလုပ်မလုပ် တော့တာမျိုးပါ။ကိုယ်ဝန်ဆောင်မိခင်တွေ၊မွေးကင်းစအရွယ်ကလေးငယ်တွေ၊ နို့တိုက်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ သိုင်းရွိုက်ပြဿနာရှိသူတွေအနေနဲ့ အိုင်အိုဒင်းကိုလျှော့စားသင့်ပါတယ်။အိုင်အိုဒင်းဆားက လိုတာထက်ပိုစားသုံးမယ်ဆိုရင်တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ခန္ဓာကိုယ်မှာ ထိခိုက်မှု တွေရှိလာနိုင်ပါတယ်။အိုင်အိုဒင်းဆားကတင်မဟုတ်ပါဘူး။ ဒီအစားအစာတွေကနေလည်း အိုင်အိုဒင်းဓာတ်ရရှိနိုင်ပါတယ်။•ရေညှိ။•ဒိန်ချဉ်။• နွားနို့။• ပုဇွန်။•ဥအမျိုးမျိုး။• တူနာငါး။• အသီးခြောက်။ဒါကြောင့်နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ အိုင်အိုဒင်းကို လုံလောက်မျှတအောင်စားသုံးပေးပြီး ကျန်းမာရေးကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်လိုက်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/iodine-salt-healthy-or-not/
သားသားမီးမီးတွေရဲ့ ဝမ်းဗိုက်ကလေး ကျန်းမာနေစေဖို့ အရေးပါလှတဲ့ Probiotics
ဝမ်းတစ်လုံး မကောင်းရင် သိပ်ခေါင်းခဲရတယ်လို့ အဆိုရှိတယ်မဟုတ်လား။ လူကြီးတွေတောင် ခက်ခဲလှတဲ့ ဒီလိုအစာခြေစနစ်နဲ့အစာအိမ်ပြဿနာမျိုးတွေဟာ သားသားမီးမီးတွေ အတွက်ဆို ဘယ်လောက်တောင် ဆိုးရွားလိုက်မလဲနော်။ငယ်ရွယ်သေးတဲ့ သားသားမီးမီးတွေရဲ့အစာအိမ်နဲ့အူလမ်းကြောင်းကျန်းမာစေဖို့ ဘယ်လို ပံ့ပိုးပေးရကြမလဲ။သားသားမီးမီးတွေအသက် ၂ နှစ်ခွဲအရွယ်မတိုင်ခင်မှာအစာအိမ်ထဲက Microbiota တွေစတင် ဖြစ်ပေါ်လာပါတယ်။ အဆိုပါကာလအတွင်း ကလေးရဲ့ အစာအိမ်ကျန်းမာရေးအခြေအနေဟာ သူ့ရဲ့ ကြီးပြင်းလာမယ့် ဘဝတလျှောက်လုံးအပေါ် သက်ရောက်မှုရှိသွားလိမ့်မယ်ဆိုတာကို သင်နားလည်ထားဖို့ လိုမှာဖြစ်ပါတယ်။အရွယ်ရောက်ပြီး လူကြီးတစ်ယောက်ရဲ့ အစာခြေစနစ်ထဲမှာဘက်တီးရီးယားပေါင်း ၁၀၀ ထရီလီယံကျော် ရှိနေမှာဖြစ်ပြီး ပိုးမွှားမျိုးစိတ်ပေါင်း ၄၀၀ ကျော်အထိရှိနေမှာဖြစ်ပေမယ့် မွေးဖွားပြီးကာစ ဖွံ့ဖြိုးဆဲ သားသားမီးမီးတွေရဲ့ အစာအိမ်ထဲမှာတော့ ဒီလိုအကျိုးပြုပိုးမွှားလေးတွေ အမြောက်အများ ရှိမနေသေးပါဘူး။အစာအိမ်အတွင်းက အစာခြေဘက်တီးရီးယားလေးတွေရဲ့ ဟန်ချက်ညီညွတ်မှုဟာ ရေရှည်မှာ ကလေးအတွက်အဝလွန်ရောဂါ၊ကိုယ်အလေးချိန်အတက်အကျမြန်တာ၊ ရောင်ရမ်းမှုနဲ့ သက်ဆိုင်တဲ့ရောဂါတွေဖြစ်ပွားတာ၊ ဓာတ်မတည့်မှုဝေဒနာဖြစ်ပွားတာတွေ ဖြစ်ပွားနိုင်ခြေရှိ၊မရှိနဲ့ တိုက်ရိုက် သက်ဆိုင်နေမှာဖြစ်ပါတယ်။ အစာအိမ်ထဲက အဆိုပါပိုးမွှားလေးတွေဟာဦးနှောက်၊ အသည်း၊ကျောက်ကပ်တို့ရဲ့ ကျန်းမာသန်စွမ်းမှုအပေါ်မှာလည်း လွှမ်းမိုးမှုရှိပါတယ်။ ဒါကြောင့် ကလေးရဲ့ အစာအိမ်နဲ့ အစာခြေစနစ် ကောင်းမွန်နေမှသာ ကလေးရဲ့ ကျန်းမာရေးကောင်းမွန်နေမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။အစာအိမ်ထဲမှာရှိတဲ့ ဘက်တီးရီးယားလေးတွေဟာ လူကြီးတွေအတွက်သာမက ချစ်စဖွယ် သားသားမီးမီးတွေရဲ့ ကျန်းမာရေးကိုလည်း အထောက်အကူပြုတယ်ဆိုတာကို သင်သိလောက်ပြီထင်ပါရဲ့။ ဒါဆို သားသားမီးမီးတွေရဲ့ အစာခြေစနစ်နဲ့ အူ၊ အစာအိမ်တွေ ကျန်းမာနေစေဖို့ ဘယ်လို လုပ်ပေးကြမလဲ။အကောင်းဆုံးနည်းလမ်းကတော့ Probiotics လို့ ခေါ်တဲ့ အကျိုးပြု ဘက်တီးရီးယားတွေပါဝင်တဲ့ အစားအစာတွေကို ဖြည့်စွက်ကျွေးမွေးတာပဲ ဖြစ်ပါတယ်။Probiotics ဆိုတာဟာ လူ့ခန္ဓာကိုယ်နဲ့ အစာခြေစနစ်အတွက် အလွန်အထောက်အကူပြုတဲ့ သက်ရှိဇီဝပိုးမွှားလေးတွေဖြစ်ပါတယ်။ Probiotics တွေဟာ လူတွေကို အကျိုးပြုတဲ့ ပိုးမွှားတွေပါ။ ဒီအရာတွေက သင်ကျန်းကျန်းမာမာရှိနေစေဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။ သားသားမီးမီးတွေရဲ့ ဝမ်းဗိုက်နဲ့ အစာခြေစနစ် ကျန်းမာနေစေဖို့အတွက် Probiotics တွေဟာ မရှိမဖြစ် လိုအပ်ပါတယ်။မဟုတ်ပါဘူး။ Probiotics အမျိုးအစားများစွာရှိပါတယ်။ အမျိုးအစားမတူသလို အကျိုးပြုပုံချင်းလည်း မတူပါဘူး။Lactobacillus ဆိုတဲ့အမျိုးအစားဟာ တွေ့ရအများဆုံး Probiotics အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ ဒီ Probiotic အမျိုးအစားကိုဒိန်ချဉ်မှာတွေ့ရများပါတယ်။ ဒီအမျိုးအစား Probiotics တွေကဝမ်းလျှောတာကို သက်သာစေနိုင်ပြီး အစာကြေလွယ်ပြီး အစာခြေစနစ်ကို အထောက်အပံ့ပေးပါလိမ့်မယ်။Bifidobacterium အမျိုးအစားကိုတော့နို့ထွက်ပစ္စည်းတွေမှာတွေ့ရတာများပါတယ်။ အခြားအစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။Saccharomyces Boulardii ကတော့ Probiotics ထဲမှာတွေ့ရတဲ့ တစေးတစ်မျိုးပါ။ ဝမ်းလျှောတာနဲ့ အခြားအစာခြေစနစ်ဆိုင်ရာပြဿနာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။အမျိုးအစားတွေ ဘယ်လိုပင်ကွဲပြားနေပါစေ Probiotics တွေအားလုံးဟာ သားသားမီးမီးတွေရဲ့ အစာအိမ်ကို အကျိုးပြုပေးတာခြင်းတော့ အတူတူပဲဖြစ်ပါတယ်။ Probiotics တွေကို မိခင်နို့ချိုကနေ အဓိကရရှိနိုင်ပါတယ်။ ဒါ့အပြင် နို့ထွက်ပစ္စည်းတွေ၊ ဒိန်ချဉ်၊ Cereal ၊ အမျှင်ဓာတ်ပါဝင်တဲ့ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကနေလည်း ရရှိနိုင်ပါသေးတယ်။တကယ်လို့ သင့်ရဲ့ သားသားမီးမီးတွေမှာ ကူးစက်ရောဂါတစ်ခုခုဖြစ်နေပြီ ဝမ်းပျက်ဝမ်းလျှောဖြစ်နေပြီဆိုရင် Probioticsဖြည့်စွက်စာတွေ ကျွေးမွေးပေးတာက ကနဦး ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ Probiotics တွေ များများဖြည့်စွက်ပေးခြင်းအားဖြင့် သားသားမီးမီးတွေရဲ့ အစာအိမ်အတွင်းမှာ အကျိုးပြုဘက်တီးရီးယားတွေ ပိုမိုများပြားလာမှာဖြစ်ပြီးတော့ ကူးစက်ရောဂါတွေ၊ ရောင်ရမ်းနာကျင်မှုတွေကို ဖြစ်ပွားစေဖို့ တွန်းအားပေးမယ့် မကောင်းတဲ့ပိုးမွှားတွေကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဝမ်းဖောဝမ်းရောင်၊ ဝမ်းကိုက်၊ ဝမ်းလျှော၊ ဝမ်းသွားရခက်တာ၊ Antibiotic နဲ့ ဆက်နွယ်နေတဲ့ ဝမ်းပျက်ရောဂါ၊ Crohn’s disease ၊ ကူးစက်တတ်တဲ့ ဝမ်းရောဂါမျိုးတွေ မဖြစ်အောင်လည်း ကာကွယ်ပေးမှာဖြစ်ပါတယ်။ အစာအိမ်အချဉ်ပေါက်တာလို ရောဂါမျိုးတွေကို ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲရတော့ဘူးပေါ့။ သားသားမီးမီးတို့ရဲ့ဝမ်းဗိုက်လေးကျန်းမာနေတဲ့အခါ ကိုယ်ခံအားစနစ်၊ခံတွင်းကျန်းမာရေးနဲ့ယားနာကင်းစင်တဲ့ အကျိုးကျေးဇူးတွေလည်း ရဦးမှာပါ။ဒါပေမယ့် Probiotics တွေကို ပုံမှန်ဖြည့်စွက်ကျွေးမွေးတာမျိုးနဲ့ ရောဂါဘယဝေဒနာခံစားရချိန်မှာ အထောက်အကူဖြစ်စေဖို့ ထည့်သွင်းဖြည့်စွက် ကျွေးမွေးတာမျိုး ပိုမိုပြုလုပ်သင့်တယ်ဆိုတာပါပဲ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/probiotics-for-baby-digestive-system/
စမြင်းတုံးကြောင့် အူပိတ်တာကို သက်သာစေဖို့
အစာခြေစနစ် ပြဿနာတွေကတော့ အများကြီးပါ။ အစာမကြေတာ၊ ရင်ပူတာ၊ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ ဝမ်းချုပ်တာ၊ အူပိတ်တာတွေပါ။ ဒီလို အစာခြေစနစ်ပြဿနာတွေကို အရမ်းမပြင်းထန်ဘူးဆိုရင် အိမ်မှာပဲ ကုသလို့ ရသလို အရမ်းပြင်းထန်မယ်ဆိုရင်တော့ လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုမှာပါ။ ဒီတစ်ခေါက်တော့ အဖြစ်မများပေမယ့် ဖြစ်လာခဲ့ရင် အတော်လေး နေရထိုင်ရ ခက်လှတဲ့အူပိတ်တာကို သက်သာစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။အူပိတ်တယ်ဆိုတာက ဖြန့်ကြည့်လိုက်ရင် ၂၅ ပေလောက်ရှိတဲ့ အူလမ်းကြောင်း တလျှောက်က နေရာတစ်ခုခုမှာစားကြွင်းစားကျန်တွေပိတ်ဆို့နေတဲ့ အခြေအနေပါ။ အူသိမ်ပိုင်းမှာ ပိတ်နိုင်သလို အူမကြီးမှာ ပိတ်တာမျိုးလည်း ရှိနိုင်ပါတယ်။ဒီလို အူပိတ်တာက ကြာလာတာနဲ့အမျှ စားကြွင်းစားကျန်တွေက နေရာမရွေ့ တည်ရှိနေရင်းက နောက်ဆုံးမှာ တဖြည်းဖြည်းများလာပြီး အူပေါက်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ဒီလို အခြေအနေ ဖြစ်တဲ့အခါ အရေးပေါ် ကုသမှု ခံယူဖို့ လိုမှာ ဖြစ်ပါတယ်။အူပိတ်တာက အရမ်းမပြင်းထန်ဘူးဆိုရင်တော့နေအိမ်မှာပဲ သက်သာအောင်လုပ်ပေးလို့ ရပါတယ်။အူပိတ်တာက ခံစားရတဲ့ အပိုင်းကိုလိုက်ပြီးလက္ခဏာတွေကွာခြားနိုင်ပါတယ်။ များသောအားဖြင့်ကတော့ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။အူပိတ်တာကို သက်သာစေဖို့ အခုလို နည်းလမ်းလေးတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။အူပိတ်တာကို သက်သာစေဖို့အတွက် အကောင်းဆုံး နဲ့ အလွယ်ကူဆုံး နည်းလမ်းကတော့ ရေများများ သောက်တာပါ။ ရေက အစာခြေစနစ်ကို ကျန်းမာစေပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေတာကြောင့် အူထဲမှာ ပိတ်ဆို့နေတာတွေကို ဖယ်ရှားပေးနိုင်မှာပါ။အမျှင်ဓာတ်က အူနံရံတွေရဲ့ အာဟာရ စုပ်ယူမှုကို ကောင်းစေသလို အူတွေရဲ့ လှုပ်ရှားမှုကိုလည်း ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် အူပိတ်တာကို သက်သာစေဖို့နောက်ထပ် လုပ်ပေးလို့ရတဲ့ နည်းလမ်းတစ်ခုက ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးတာပါ။နောက်ထပ် အူပိတ်တာကို သက်သာစေမယ့် နည်းလမ်း တစ်ခုက ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်တာက အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေသလို ဝမ်းမှန်စေဖို့ရော အူပိတ်တာတွေကိုပါ သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။အကျိုးပြု ဘက်တီးရီးယားပါတဲ့ အစားအစာတွေကလည်း အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေသလို အူပိတ်တာကို သက်သာစေနိုင်ပါတယ်။ ဒိန်ချဉ်လိုမျိုး ကင်မ်ချီလိုမျိုး အစားအစာတွေ စားပေးပါ။ကဖင်းပါတဲ့ ကော်ဖီတွေကလည်း ဝမ်းသွားစေပြီး အူပိတ်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် အူပိတ်နေတယ်ဆိုရင် ကော်ဖီ ခါးခါးလေး တစ်ခွက်လောက် သောက်ပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။အပေါ်ကပြောတဲ့ နည်းလမ်းတွေကို လုပ်ကြည့်လို့ အဆင်မပြေဘူးဆိုရင် ဝမ်းပျော့ဆေးလေး တစ်လုံးလောက် သောက်ပေးလို့ ရပါတယ်။ ဒီလို သောက်ပေးတာက ဝမ်းသွားစေပြီး အူပိတ်တာကို သက်သာစေမှာပါ။ခုပြောခဲ့တဲ့ အခြေအနေက ဝမ်းချုပ်လို့ အူပိတ်တာအတွက်ပဲ သက်သာနိုင်ပါတယ်၊၊ ဒါတောင် ရက်ပိုင်းလောက် နေလို့ ဝမ်းမသွား၊ လေမလည် ပိုဆိုးလာရင် ဆေးရုံသွားသင့်နေပါပြီ၊၊ ဝမ်းချုပ်လို့ မဟုတ်ဘဲ။အူပိတ်တာက ပိုဆိုးလာရင် အူပုပ်တာ၊ အူပေါက်တာ၊ ဝမ်းခေါင်းပိုးဝင်ပြီး သွေးဆိပ်သင့်တာတွေ ဖြစ်လာနိုင်ပါတယ်၊၊ ဒါတွေက အန္တရာယ်ရှိတဲ့ အခြေအနေပါ၊၊ ဒါကြောင့် ဝမ်းချုပ်လို့ အူပိတ်တယ်လို့ ယူဆရင် အထက်ပါနည်းတွေကို ၂-၃ရက် စမ်းကြည့်ပြီး အဆင်မပြေရင် ဆေးရုံ၊ ဆေးခန်းသွားပြဖို့ အကြံပြုပါရစေ၊၊။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/how-to-get-rid-of-intestinal-blockage-at-home/
Probiotics နှင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာရေး
Probiotics ဆိုတာဟာ လူသားတွေရဲ့ ကိုယ်ခန္ဓာထဲမှာ မှီတင်းနေထိုင်တဲ့သက်ရှိဘက်တီးရီးယားလေးတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အူလမ်းကြောင်းထဲမှာ နေထိုင်ပြီး လူသားတွေရဲ့ ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေပါတယ်။ တနည်းပြောရရင်အကျိုးပြုဘက်တီးရီးယားတွေပဲ ဖြစ်ပါတယ်။ ပါးစပ်ကနေ စတင်ပြီး စအိုဝမှာအဆုံးသတ်တဲ့ အစာအိမ်အူလမ်းကြောင်းကို အထောက်အကူပြုတဲ့အပြင် အန္တရာယ်ရှိတဲ့ ရောဂါပိုးမွှားတွေရဲ့ ရန်ကလည်း ကာကွယ်ပေးပါတယ်။ အစာကိုကြေစေပြီး အာဟာရဓာတ်တွေကို ပိုမိုစုပ်ယူနိုင်စေပါတယ်။ပရိုဘိုင်အိုတစ်တွေကို သဘာဝအားဖြင့် အချဉ်ဖောက်ထားတဲ့ အစားအစာတွေနဲ့ နို့မှချက်လုပ်ထားတဲ့ စားသောက်ဖွယ်ရာတွေမှာ တွေ့နိုင်ပါတယ်။ အားဖြည့်ဓာတ်စာတွေ အနေနဲ့လည်း ရရှိနိုင်ပါတယ်။ ပရိုဘိုင်အိုတစ်များဟာ များသောအားဖြင့် ဘေးကင်းစိတ်ချရပါတယ်။Probiotics  များဟာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့။– ဝမ်းချုပ်ခြင်း။– ခရွန်းရောဂါ။– IBD ခေါ် အူလမ်းကြောင်းရောင်ရမ်းသည့်ရောဂါ။– IBS ခေါ် မကြာခဏဝမ်းပျက်တတ်သည့်ရောဂါ။– လက်တို့စ် မချေဖျက်နိုင်ခြင်း။– အူလမ်းကြောင်းအနာဖြစ်ပြီး ရောင်ရမ်းခြင်း။– ပဋိဇီဝဆေးများကြောင့် ဝမ်းပျက်ခြင်း စတာတွေအတွက် အထောက်အကူပြုပါတယ်။ပရိုဘိုင်အိုတစ်များဟာအူမကြီးထဲက pH ပမာဏကို လျော့ကျစေပြီး ဝမ်းများကို ချောမွေ့စွာ စွန့်ထုတ်နိုင်အောင် ကူညီပေးပါတယ်။ ပဋိဇီဝဆေးအချို့ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ အကျိုးပြုဘက်တီးရီးယားများကို ပြန်လည်အားဖြည့်ပေးပါတယ်။ပရိုဘိုင်အိုတစ်များရဲ့ အကျိုးကျေးဇူးကို အပြည့်အဝရနိုင်ဖို့ နေ့စဉ်စားသုံးသင့်ပါတယ်။အစားအစာများကနေ ရနိုင်သလိုဖြည့်စွက်စာများအနေနဲ့လည်း သုံးစွဲနိုင်ပါတယ်။ ကမ္ဘာတလွှားက ရိုးရာအစားအစာတွေတိုင်းလိုလိုမှာ ပရိုဘိုင်အိုတစ် ပါဝင်တတ်ပါတယ်။ပရိုဘိုင်အိုတစ်များကို အများဆုံးတွေ့ရနိုင်တဲ့ အစားအစာတွေကတော့။– Saucekraut ခေါ် ဂေါ်ဖီချဉ်။– ကင်ချီ။– Kefir ခေါ် နို့ချဉ်။–ဒိန်ချဉ်။– Kombucha ခေါ် လက်ဖက်ရည်ချဉ်။–ချဉ်ဖတ်စတာတွေ ဖြစ်ပါတယ်။ပရိုဘိုင်အိုတစ်များကို စားသုံးတဲ့အခါ ဖြည်းဖြည်းချင်း စတင်စားသုံးဖို့တော့ လိုပါတယ်။ ကောင်းကျိုးဆိုးကျိုး ရှိတဲ့အတွက် အကျင့်ဖြစ်သွားအောင် ဖြည်းဖြည်းချင်း စတင်သွားသင့်ပါတယ်။ တနေ့တာ စားသုံးသင့်တဲ့ ပမာဏကတော့ တစ်ဘီလီယံကနေ ၁၀ ဘီလီယံ CFU ဖြစ်ပါတယ်။ ဥပမာပေးရရင် kefir တခွက်မှာ ၁၅ ကနေ ၂၀ ဘီလီယံ CFU ထိ ပါဝင်နိုင်ပါတယ်။ ဖြည့်စွက်စာတွေမှာလည်း ပရိုဘိုင်အိုတစ် ဘယ်လောက်ပါသလဲဆိုတာ ရေးသားထားတတ်ပါတယ်။တခြားအစားတခုခုမစားခင် ဒါမှမဟုတ် တခြားစားစရာတခုခုနဲ့ အတူ စားသုံးသင့်ပါတယ်။ အစားစားပြီးမှ စားသုံးခြင်းဟာ သိပ်မထိရောက်လှပါဘူး။ ဒါ့အပြင် ပရိုဘိုင်အိုတစ်ကို သဘာ၀ အစားအစာတွေကနေ ရယူခြင်းဟာ ပိုမိုအကျိုးရှိပါတယ်။ ဖြည့်စွက်စာတွေ ဝယ်ယူသုံးစွဲမယ်ဆိုရင်လည်း အညွှန်းစာကို သေချာဖတ်သင့်ပါတယ်။များသောအားဖြင့် ပရိုဘိုင်အိုတစ်များဟာ ဘေးကင်းစိတ်ချရပါတယ်။ ကြီးကြီးမားမား ပြဿနာမရှိတတ်ပါဘူး။ ဒါပေမယ့် ဘေးထွက်ဆိုးကျီုးအနေနဲ့ တခါတရံမှာ လေပွလေထခြင်း ဖြစ်တတ်ပါတယ်။ တကယ်လို့ ဗိုက်အောင့်ခြင်း၊ ဗိုက်ရစ်ခြင်းပါ ကြုံလာရင်တော့ ပရိုဘိုင်အိုတစ်များ စားသုံးခြင်းကို လျှော့ချသင့်ပါတယ်။ ဒါမှမဟုတ် သုံးစွဲမှုကို ခဏရပ်ထားပြီး ပရိုဘိုင်အိုတစ်ကြောင့်လား၊ တခြားရောဂါလက္ခဏာလားဆိုတာ သိရအောင် ဆရာဝန်ပြသသင့်ပါတယ်။ကောင်းတာကတော့ ပရိုဘိုင်အိုတစ် အပါအဝင် မည်သည့်ဖြည့်စွက်စာမဆို စတင်စားသုံးခြင်းမပြုမီ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/probiotics-and-digestive-health/
တချို့မေမေတွေ ဘာလို့ အမြဲဒေါသထွက်နေလဲ တွေးမိရဲ့လား
ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေခံလူတန်းစားများ စုဝေးနေထိုင်ရာတိုက်ခန်းတွေမှာဆိုရင် တစ်အိမ်မှာ အော်ဟစ်သံတွေ နည်းနည်းလောက် ကျယ်လာတာနဲ့ ဘေးအိမ်နီးနားချင်းတွေ အကုန်ပြန်ကြားရလောက်တဲ့အထိ ဖြစ်တာ သတိထားမိကြမှာပါ။ တစ်ခုခုဆိုရင် အဖေတွေကအော်ဟစ်လိုက်၊ မေမေတွေက အော်ဟစ်လိုက်၊ ကလေးက အော်ငိုလိုက်နဲ့ အိမ်လေးက အေးချမ်းတဲ့ရက်ကို မရှိဘူး။ ဘာကြောင့် ဒီလိုဖြစ်နေကြတာလဲဆိုတာ သင်ကိုယ်တိုင်ရော တစ်ခါလောက် တွေးကြည့်မိဖူးလား။တကယ်တမ်းတော့ဒေါသကြီးတဲ့ မေမေအများစုက အပျိုအရွယ်မှာ အရမ်းကို သဘောအေးပြီး ဒေါသကြီးတဲ့သူတွေ မဟုတ်ကြဘူးလို့ သိပ္ပံပညာရှင်များက ဆိုထားကြပါတယ်။ ဒါဆိုရင် သူတို့ ဘာလို့ ဒေါသကြီးလာကြတာလဲ။ အဓိကကတော့မိခင်ဘဝမှာ ကြုံလာရတဲ့ လောကဓံနဲ့ အခက်အခဲတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေက သူတို့ကို ပြောင်းလဲသွားစေခဲ့တာပါ။လူတွေ ထင်ထားတာက မိသားစုတစ်စုမှာ အဖေတွေက အပြင်ထွက် အလုပ်လုပ်ရတဲ့အတွက် တာဝန်အကြီးဆုံး၊ အလုပ်အများဆုံးလို့ ထင်တတ်ကြပါတယ်။ တကယ်တမ်းကတော့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ များသောအားဖြင့် ဖခင်တွေ တစ်နေ့တာလုပ်တဲ့ အလုပ်ဟာ သူတို့ကိုယ်ပိုင် တာဝန်ဖြစ်တဲ့ ရုံးအလုပ်တွေသာ ဖြစ်ပြီး မိခင်တွေကတော့ တစ်မိသားစုလုံးရဲ့ ဝေယျာဝစ္စ၊ တာဝန်ဝတ္တရား အကုန်လုံးကို ထမ်းပိုးထားရတာပါ။တစ်ကမ္ဘာလုံးက အတွေးအခေါ် နိမ့်တဲ့သူတွေ ထင်ထားကြတာက ယောက်ျားဆိုတာ ငွေရှာဖို့၊ မိန်းမဆိုတာအိမ်အလုပ်လုပ်ဖို့ ဆိုတဲ့အချက်ပဲ။ အဲ့အချက်တွေကို မွေးကတည်းက ကြီးလာတဲ့အထိ လူကြီးတွေကိုယ်တိုင် အမြဲပြောနေတတ်သလို ကလေးတွေကလည်း သူတို့ အနီးပတ်ဝန်းကျင်က လူကြီးတွေ လုပ်တဲ့ပုံစံအတိုင်း မှတ်ယူထားပြီး သူတို့ လူကြီးဖြစ်လာတော့လည်း ဒီလိုပဲ ပြန်လုပ်ကြတာပါ။အဲ့တော့ တစ်ခုခုဆိုရင် မင်းက မိန်းမပဲ၊ အိမ်မှုကိစ္စတာဝန်တွေက မင်းတို့ကိစ္စပဲ၊ ငါတို့ ယောက်ျားတွေနဲ့ မဆိုင်ဘူးဆိုတာတွေ ဖြစ်လာတော့တာပါပဲ။ ကလေးတွေဆိုတာလည်း ကျောင်းကိစ္စတွေ၊ အပြင်ထွက်ကစားတာ၊ ရုပ်ရှင်ကြည့်တာနဲ့တင် သူတို့ တစ်နေ့တာက ကုန်သွားတတ်တော့ မိခင်တွေကို ကူညီရမှန်း မသိကြတော့ဘူးပေါ့။ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်နေတဲ့သူ တစ်ယောက် ဖြစ်နေပါစေ၊ ကိုယ့်အတွက်စိတ်ပိုင်းဆိုင်ရာအားပေးမှုတွေ မရှိဘူးဆိုရင် တစ်ချိန်ချိန်မှာ လဲပြိုကျမှာပါပဲ။ အဖေအများစုက ရုံးကနေ အိမ်ပြန်ရောက်လာရင် အဝတ်အစားလေးတွေ လျှော်မယ့်ပုံးထဲ အသင့်ထည့်၊ ရေလေးဝင်ချိုး၊ ပြင်ပေးထားတဲ့ညစာလေး ဝင်စား၊ တီဗီကြည့်နဲ့ ပြီးသွားတာပဲလေ။ မိသားစုတာဝန်တွေ အကုန်ထမ်းပိုးထားရတဲ့ မိန်းမဖြစ်သူကို ချီးကျူးတာမျိုး၊ ကြင်နာယုယပေးတာမျိုးလည်း မရှိသလို ဒီလို လုပ်ပေးဖို့ လိုအပ်တယ်ဆိုတာလည်း သူတို့ကိုယ်တိုင် သိထားတဲ့ပုံ မပေါ်ပါဘူး။တစ်ခါတလေ အိမ်အလုပ်တွေ အရမ်းရှုပ်နေတဲ့အချိန် ကလေးတွေက အော်ဟစ်နေတာ၊ ပစ္စည်းတွေ ကျကွဲပျက်စီးအောင် လုပ်တာ၊ အရုပ်တွေ ပြန့်ကျဲနေအောင် ဖွထားတာတွေ မြင်ရင် ဘယ်လောက်ပဲ ရိုးအေးတဲ့ မေမေ ဖြစ်နေပါစေ၊ဒေါသက ထွက်လာတော့တာပေါ့။ အစပိုင်းမှာ မဖြစ်ရင်တောင် ကြာလာတာနဲ့အမျှ စိတ်မရှည်တော့ဘဲ အော်ဟစ်ရိုက်နှက်ပြီးတာပေါ့။ အမေဆိုတာလည်း လူတွေထဲက လူတစ်ယောက်ပဲလေ။ဒီအချက်က အရမ်းရိုးရှင်းပေးမယ့် တော်တော်များများ မေ့ထားပစ်တဲ့ ကိစ္စပါ။ ရုံးအလုပ်လုပ်နေတဲ့ အဖေတွေမှာ ရုံးပိတ်ရက်ရှိတယ်၊ သားသမီးတွေမှာ ကျောင်းပိတ်ရက်၊ ကျူရှင်ပိတ်ရက်ဆိုတာ ရှိတယ်။ အစိုးရရုံးပိတ်ရက်တွေ ရှိတယ်။ အမေတွေမှာ နားရတဲ့ ရက်ဆိုတာ မရှိပါဘူး။ ဘယ်လောက်ပဲ အစိုးရက ပိတ်တဲ့နေ့တွေ ပြဌာန်းထားပါစေ၊ အမေတွေအတွက် ပိတ်ရက်မရှိပါဘူး။ နေ့တိုင်းက သူတို့ အလုပ်လုပ်ရမယ့် တာဝန်ပါ။ ဘာလို့လဲဆိုရင် သူတို့ အလုပ်မလုပ်ဘဲ နေလိုက်ရင်လည်း အိမ်တစ်ခုလုံး ဗြောင်းဆန်သွားလိမ့်ဆိုတာ သူတို့ သိထားကြလို့ပါပဲ။အသက်တွေ တဖြည်းဖြည်း ကြီးလာတယ်။ နေ့တိုင်း အလုပ်လုပ်ရတယ်။ စိတ်ဆင်းရဲရတယ်။ မိသားစုဘဝက ကိုယ်တစ်ချိန်က ပုံဖော်ထားခဲ့သလို အရမ်းကြီး ပျော်စရာကောင်းနေတာမျိုး မဟုတ်ဘူး။ ခင်ပွန်းယောက်ျားနဲ့သားသမီးဖြစ်သူကို အမြဲငဲ့ကွက်ပြီး ဦးစားပေးရတယ်။ စိတ်မပျော်တော့ အစားမဝင်၊ အစားမဝင်တော့ ကျန်းမာရေးက ချူချာ၊ ကျန်းမာရေး မကောင်းတော့ လူက စိတ်ပိုညစ်၊ အဲ့လိုနဲ့ပဲ မပြီးဆုံးတဲ့ ဘဝသံသရာ တစ်ခု ဖြစ်လာတော့တာပါပဲ။အဓိကကတော့ မိသားစုတာဝန်လို့ ဆိုတဲ့အတိုင်းမိခင်တစ်ဦးတည်းမှာသာ တာဝန်ရှိတာမဟုတ်ဘဲ တစ်မိသားစုလုံး ဝိုင်းဝန်းတာဝန်ယူဖို့ လိုပါတယ်။ လူဆိုတာက ကိုယ်လုပ်ရမှ၊ ကိုယ်ခံစားရမှ နားလည်တတ်ကြတာပါ။ ဒီလို နားလည်ပေးနိုင်တော့မှပဲ အမေတစ်ယောက်ဖြစ်ရတာ ဘယ်လောက် ပင်ပန်းစိတ်ဒုက္ခရောက်နိုင်လဲဆိုတာ သတိထားမိမှာပါ။အဲ့ဒီအတွက် အိမ်မှာ ဖြစ်ပျက်နေတဲ့ အလုပ်တာဝန်တွေ အကုန် ကိုယ့်ဘက်က နိုင်သလောက် ကူညီပါ။ မကူညီပေးနိုင်ရင်တောင် စိတ်ညစ်စေလောက်တဲ့ အပြုအမူတွေ သိပ်မလုပ်ပါနဲ့။ ဇနီးဖြစ်သူကို အမြဲကြင်ကြင်နာနာ ဆက်ဆံပါ။စိတ်ခွန်အားတိုးစေမယ့် ချီးကျူးစကားတွေ များများပြောပေးပါ။ ကလေးတွေအနေနဲ့လည်း မိခင်ဖြစ်သူကို သေချာဂရုစိုက်ပါ။ ကိုယ့်ဘက်က လုပ်ပေးနိုင်တဲ့ ပညာရေးပိုင်းကို မလစ်ဟင်းစေဖို့ ကြိုးစားကြပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/%e1%80%90%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%b7%e1%80%99%e1%80%b1%e1%80%99%e1%80%b1%e1%80%90%e1%80%bd%e1%80%b1-%e1%80%98%e1%80%ac%e1%80%9c%e1%80%ad%e1%80%af%e1%80%b7-%e1%80%a1%e1%80%99%e1%80%bc/
ဘေဘီလေး က ၇ လ ကနေ ၉ လအတွင်းမှာ ဘာတွေ ဖွံ့ဖြိုးလာမလဲ…….
ဘေဘီလေး က ၇ လလောက်ရောက်လာပြီဆိုရင် မေမေ့နို့အပြင်နို့ဘူးသောက်တာ၊ အစားစားတာတွေကို စလုပ်လာပါပြီ။ ချစ်စရာအမူအရာလေးတွေလည်းပိုလုပ်တတ်လာပါပြီ။ ဒီကာလမှာ ဘေဘီလေး က။ကိုယ်အလေးချိန်– တစ်လကို ၁ ပေါင်စီလောက်တက်လာမယ်။သားသားလေးတွေက မီးမီးလေးတွေထက် ပေါင်ချိန် ၀.၅ လောက်ပိုများနေမှာပါ။အရပ်အမြင့်– တစ်လကို ၀.၅ လက်မတက်လာပါမယ်။ဦးခေါင်းအရွယ်အစား-တစ်လကို ၀.၂၅ လက်မစီ တိုးလာပါမယ်။ဒီအသက်အပိုင်းအခြားကိုရောက်လာတဲ့ ဘေဘီလေးကရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေပိုများလာပြီဖြစ်သလို လုပ်ဆောင်နိုင်စွမ်းတွေကလည်း ပိုများလာပါပြီ။ ပထမဆုံးအကြိမ် လှုပ်ရှားမှုတွေစလုပ်နေပါပြီ။  ဒီအရွယ်မှာဘေဘီလေးက။ဘေဘီလေးက ဘယ်သူ့ကိုများ စခေါ်မလို့  စိတ်လှုပ်ရှားရတဲ့ အချိန်ပေါ့။ ဘေဘီလေးရဲ့ မပီကလာပီကလာအသံလေးကို စကြားရမယ့်အချိန်ပေါ့။ပတ်ဝန်းကျင်ကို သတိထားနိုင်စွမ်းပိုတိုးလာပြီ။ လူတွေကို ပိုမှတ်မိလာပြီ။ ဒီကာလအပိုင်းအခြားမှာ ဘေဘီလေးက။ဒီအရွယ်မှာ ဘေဘီလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ နဲ့စိတ်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးစေဖို့ မေမေဖေဖေတို့အနေနဲ့။အခုပြောပြခဲ့တာကတော့ ဘေဘီလေးရဲ့ ၇ လ ကနေ ၉ လအတွင်းမှာတွေ့ရမယ့်ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဖေဖေမေမေတို့အနေနဲ့ လုပ်ပေးရမယ့်အချက်တွေပါ။ နောက်လတွေမှာရော ဘေဘီလေးက ဘယ်လိုများဆက်ဖွံဖြိုးဦးမှာလဲ………..။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/7-months-to-9-months/
အစာရေမျိုအနာဖြစ်ခြင်း
ပါးစပ်ကနေ စားသောက်လိုက်တဲ့ အစားအစာများဟာအစာအိမ်ကိုရောက်ဖို့အစာရေမျိုကို ဖြတ်သန်းရပါတယ်။ တနည်းပြောရရင် အစာရေမျိုဟာ လည်ချောင်းနဲ့ အစာအိမ်အကြား ဆက်သွယ်ပေးထားတဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။အစာရေမျိုတလျှောက်မှာ အနာတွေဖြစ်ရင် အစားအစာများကို မျိုချရာမှာ နာကျင်မှုကို ခံစားရပါတယ်။ အစာရေမျိုအနာဖြစ်ရတဲ့ အကြောင်းအရင်းတွေများစွာ ရှိပါတယ်။ H Pylori ဘက်တီးရီးယား ကူးစက်ခံရခြင်းကြောင့် ဖြစ်နိုင်သလို အစာအိမ်ထဲကအစာချေရည်တွေ လည်ချောင်းဆီကို ပြန်ဆန်တက်လာတဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တခါတရံမှာမှိုရောဂါပိုးနဲ့ ဗိုင်းရပ်ပိုးတွေကြောင့်လည်းအစာရေမျိုအနာဖြစ်တတ်ပါတယ်။အစာရေမျိုအနာဖြစ်ရင် နာကျင်ပြီး ခံရခက်တာကြောင့် ဆေးဝါးကုသခြင်း၊ နေထိုင်စားသောက်ပုံ ပြောင်းလဲခြင်း စတာတွေကို ဆောင်ရွက်ပေးသင့်ပါတယ်။အစာရေမျိုအနာဖြစ်ရင် တွေ့ရအများဆုံး လက္ခဏာကတော့ ရင်ဘတ်ထဲမှာ ပူနေခြင်း ဖြစ်ပါတယ်။ နာကျင်မှုကို အတန်အသင့်ကနေ ဆိုးရွားတဲ့အထိ ကြုံနိုင်ပါတယ်။ တခြားကြုံတွေ့နိုင်တဲ့ လက္ခဏာတွေကတော့။–ပျို့အန်ခြင်း။– အစာမကြေခြင်း။– အချဉ်ဓာတ်များပြန်ဆန်တက်ပြီး ရင်ပူခြင်း။– လေပွခြင်း။– အစားပျက်ခြင်း။– အစာမျိုချချိန်နာကျင်ခြင်း။– ချောင်းခြောက်ဆိုးခြင်း။– ပါးစပ်အတွင်း ချဉ်နေခြင်း စတာတွေ ဖြစ်ပါတယ်။ယခင်က စိတ်ဖိစီးခြင်းနဲ့ ပူစပ်သော အစာများစားသုံးခြင်းကြောင့် ဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။ နောက်ပိုင်းမှာ သိလာရတာက အဆိုပါအချက်များကြောင့် ဖြစ်ပွားခြင်းမဟုတ်ပေမယ့် ရောဂါလက္ခဏာကိုတော့ ပိုဆိုးစေနိုင်ပါတယ်။အဓိကအားဖြင့် H Pylori ဘက်တီးရီးယားကြောင့် ဖြစ်တတ်ပါတယ်။ အဆိုပါ ဘက်တီးရီးယားဟာ အစာရေမျိုရဲ့ နံရံတွေကို ထိခိုက်ပျက်စီးစေပါတယ်။ အစာအိမ်မှ အစာချေရည်များ ပြန်ဆန်တက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အစာရေမျိုအောက်ပိုင်းက အပိတ်အဖွင့်လုပ်ပေးတဲ့ ကြွက်သားအားနည်းရင် အစာချေရည်များ အပေါ်ကို ပြန်ဆန်တက်နိုင်ပါတယ်။ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ အကိုက်အခဲပျောက်ဆေးများ မကြာခဏ သောက်သုံးခြင်း စတာတွေဟာလည်း အစာရေမျိုနံရံများကို ထိခိုက်ပျက်စီးစေပါတယ်။ အထူးသဖြင့် ဆေးဝါးများကို ရေလုံလောက်စွာဖြင့် မသောက်သုံးခြင်း၊ သောက်သုံးပြီးပြီးချင်း လဲလျောင်းခြင်း စတာတွေကလည်း အစာရေမျိုကို ထိခိုက်စေပါတယ်။ မျီုးရိုးဗီဇနဲ့လည်း သက်ဆိုင်ပါတယ်။ ကိုယ်ခံစွမ်းအားနည်းပါးနေသူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် HIV၊ ရေယုန်ရောဂါပိုး စတာတွေကူးစက်ထားရင် ပိုမိုဖြစ်နိုင်ခြေ ရှိပါတယ်။အစာရေမျိုအနာကို ကုသရာမှာ အကြောင်းအရင်းကို မူတည်ပြီး ကွာခြားပါတယ်။ H Pylori ကူးစက်ခြင်းကြောင့်ဆိုရင်တော့ ပဋိဇီဝဆေးတွေ သောက်သုံးရတတ်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေကြောင့် ဖြစ်ပွားရင်တော့ အဆိုပါဆေးဝါးတွေကို ဖြတ်ထားရပါမယ်။ ဆရာဝန်ညွှန်ကြားချက်မလိုဘဲ မိမိဖာသာ ဝယ်ယူသောက်သုံးနိုင်တဲ့ အစာအိမ်ဆေးများကိုလည်း သောက်သုံးနိုင်ပါတယ်။ ဆေးရည်ပုံစံနဲ့လာတဲ့ အစာအိမ်ဆေးတွေကို သောက်သုံးရင် အစာအိမ်အချဉ်ဓာတ် ပြန်ဆန်ခြင်းကို သက်သာစေပြီး ရင်ပူသက်သာစေပါတယ်။ဆေးများကို ဆရာဝန်ညွှန်တဲ့အတိုင်း တိကျစွာ သောက်သုံးရပါမယ်။ ဆေးဝါးများ သောက်သုံးရာမှာ ရေများများနဲ့သောက်ပြီး ချက်ချင်းမလှဲသေးဘဲ မတ်မတ်နေရပါမယ်။ ဒါ့အပြင် နေထိုင်သင့်တဲ့ပုံစံတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။–စိတ်ဖိစီးမှုလျှော့ချပါ။– အိပ်ရေးဝအောင်အိပ်ပါ။– အသီးအနှံများများစားပါ၊ အဆင့်ဆင့်ပြုပြင်ပြီး အချိုဓာတ်များတဲ့ အစားအစာတွေရှောင်ပါ။– အစာကို နည်းနည်းချင်းစီနဲ့ အကြိမ်များများခွဲစားပါ။– စားသောက်ပြီးရင် တနာရီခန့်အတွင်း မတ်မတ်နေပါ။ မလှဲပါနှင့်။– အရက်၊ ဆေးလိပ်ရှောင်ပါ။–ရေများများသောက်ပါ။–ကိုယ်အလေးချိန်ထိန်းပါ။အစားအစာများအနေနဲ့ အမျှင်ဓာတ်များတဲ့ အသီးအနှံများကို ဦးစားပေးစားသုံးသင့်ပါတယ်။ ရှောင်ကြဉ်သင့်တဲ့ အစားအသောက်တွေကတော့။– ကော်ဖီ၊ လက်ဖက်ရည်၊ ကဖိန်းပါသော အရည်များ။– ဆိုဒါ။– ချောကလက်။– အရက်၊ ဘီယာ။– ချဉ်သော အသီးများ။– ပူစပ်သော အစားအစာများ။– ဆီဖြင့်လွန်ကဲစွာကြော်ထားသော အစားအစာများ။စတာတွေ ဖြစ်ပါတယ်။အစာရေမျိုအနာဖြစ်ခြင်းဟာ အသက်အန္တရာယ်နဲ့ဝေးပေမယ့် ခံစားရခက်ပြီး နေ့စဉ်လူနေမှုဘဝကို ထိခိုက်နိုင်တာကြောင့် သတိပြုဆင်ခြင်သင့်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/stomach-ulcer/esophageal-ulcer/
အသည်းရောင်စီရောဂါရှိသူတွေ စားသင့်၊ ရှောင်သင့်တာဘာတွေလဲ
အသည်း ရဲ့လုပ်ဆောင်ချက်က အဆိပ်အတောက်တွေဖယ်ရှားတာ၊ အစားအသောက်တွေကို ခွန်အားနဲ့အာဟာရဓာတ်တွေအဖြစ် ပြောင်းလဲပေးတာ စတဲ့နည်းလမ်း အမျိုးမျိုးနဲ့ ခန္ဓာကိုယ်ကို အကျိုးပြုနေတာဖြစ်ပါတယ်။ ဒါပေမယ့် အသည်းရောင်စီရောဂါရှိနေပြီဆိုရင်တော့ မကျန်းမာတော့တဲ့ အသည်းကို အရင်ကထက် ပိုပြီး ဂရုစိုက်ဖို့လိုလာပါတယ်။ကုသမှုခံယူနေတဲ့ကာလအတွင်းမှာ အာဟာရပြည့်တဲ့အစားအသောက်တွေစားပေးမှ ကိုယ်ခံအားကို တိုးတက်စေပြီး အသည်း လုပ်ဆောင်ချက်ကို မြှင့်တင်နိုင်မယ်၊ အသည်းခြောက်ခြင်းအထိ ဖြစ်မလာအောင် ကာကွယ်နိုင်မယ်။ ဒါပေမယ့် တချို့အစားအသောက်တွေကတော့ အသည်းရောဂါကို ပိုဆိုးစေနိုင်လို့ ရှောင်သင့်တာတွေရှိပါတယ်။ပင်လယ်စာတွေမှာ အသည်းရောင်စီရောဂါရှိသူတွေ အတွက် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေပါနေနိုင်ပါတယ်။ ဒါ့အပြင် တချို့မှာ သံဓာတ်ပါဝင်မှုမြင့်မားတာကြောင့်အသည်းရောင်စီပိုးရှိသူတွေ ရှောင်သင့်ပါတယ်။အားဆေးတွေက ကိုယ့်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကို လွယ်လွယ်ကူကူဖြည့်စွက်ပေးနိုင်တဲ့ အရာတွေလို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် အသည်းရောဂါရှိသူတွေမှာတော့ သံဓာတ် သို့မဟုတ် ဗီတာမင် အေ တို့လို ဓာတ်တွေများသွားရင် အသည်းကို ပိုပြီးထိခိုက်စေနိုင်ပါတယ်။ ကိုယ့်ရဲ့ဆရာဝန်ညွှန်ကြားတဲ့ ဆေးကိုပဲ သောက်သင့်ပါတယ်။အသည်းရောင်စီရောဂါရင့်လာတဲ့ လက္ခဏာတွေထဲမှာ အရည်ဓာတ်စုခြင်းနဲ့ဖောရောင်ခြင်းတို့ပါဝင်ပါတယ်။ ဒါ့ကြောင့် ဗိုက်နဲ့ခြေထောက်မှာ အရည်တွေစုပြီးဖောရောင်တာတွေ မဖြစ်အောင် အငန်လျှော့စားပါ။ အငန်ဓာတ်က တချို့အစားအသောက်တွေမှာ ပုန်းခိုပါဝင်နေတာကိုလည်း သတိထားရပါမယ်။ ဥပမာ အာလူးကြော်၊ ဝက်အူချောင်းတို့လိုပြုပြင်စီမံထားတာတွေ၊ အသင့်စား အစားအစာတွေမှာ ပါဝင်တဲ့အငန်ဓာတ်က မနည်းပါဘူးနော်။အသည်းဖြစ်တာ၊ ဆီးချိုဖြစ်တာမှမဟုတ်တာ လို့ မတွေးပါနဲ့။ အချိုစားတာများရင်အသည်းအဆီဖုံးခြင်း၊ဝလာခြင်း၊ အင်ဆူလင်မတုံ့ပြန်နိုင်ခြင်း တို့ဖြစ်စေနိုင်တယ်။ အချိုကို လျှော့စားပါ။ကော်ဖီက အသည်းရောင်စီပိုးရောဂါအဆင့်တက်ခြင်းကို နှေးစေပြီး အသည်းကင်ဆာနဲ့ အသည်းခြောက်ခြင်းတို့ကို ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် အသင့်သောက်ကော်ဖီထုပ် ဒါမှမဟုတ် အချိုအဆိမ့်များတဲ့ ကော်ဖီတော့ မဟုတ်ဘူးပေါ့နော်။အနှံတွေကအမျှင်ဓာတ်ကြွယ်ဝလို့ လူတိုင်းအတွက် သင့်တော်တယ်ဆိုပေမယ့် အသည်းရောင်စီပိုးရှိသူတွေအတွက် ပိုပြီးကောင်းတဲ့ အထူးအစားအစာတစ်မျိုးပါ။ ဒါကိုများများစားရင် ဆီးချိုဖြစ်နိုင်ခြေလျော့နည်းစေနိုင်တယ်။ ဆန်လုံးညို၊ အုတ်ဂျုံ၊မုယောစပါးတို့လို အနှံတွေကနေ အာဟာရဓာတ်တွေ ပိုရနိုင်ပါတယ်။ရေဓာတ်ပြည့်ဝအောင်နေဖို့က ကျန်းမာရေးအတွက် မဖြစ်မနေအရေးပါတဲ့အချက်ပါ။ ရေကိုလုံလောက်အောင်သောက်ခြင်းအားဖြင့် မအီမသာဖြစ်တာ၊ မောပန်းနွမ်းနယ်တာတို့လို အသည်းရောင်စီရောဂါရဲ့ လက္ခဏာတွေကို ဟန့်တားနိုင်ပါတယ်။အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေများများစားဖို့ အရေးကြီးတယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ အထူးသဖြင့် အသည်းရောင်စီရောဂါရှိသူတွေမှာပေါ့။ ဖရဲသီး၊ကန်စွန်းဥ၊ဘယ်ရီသီးတွေလို အရောင်တောက်တာတွေက ခွန်အားတိုးစေပြီး နွမ်းနယ်မှုကို သက်သာစေနိုင်ပါတယ်။ ဒီအချက်က အသည်းရောင်စီရောဂါရဲ့ကုထုံးခံယူနေချိန်အတွင်း လိုအပ်တဲ့အချက်ပါပဲ။ နောက်တစ်ချက်က ကိုယ်အလေးချိန်ထိန်းတဲ့နေရာမှာလည်း အထောက်အကူပေးပါသေးတယ်။အသားဓာတ်ပါဝင်တာတွေ စားဖို့လည်း သိပ်အရေးကြီးပါတယ်။အသားဓာတ်က အသည်းရောင်စီဗိုင်းရပ်စ်ကြောင့် ပျက်စီးသွားတဲ့ အသည်းဆဲလ်တွေကို ပြုပြင်၊ အစားထိုးဖို့ ကူညီပေးနိုင်ပါတယ်။ အဆီမပါတဲ့အသား၊ ငါး၊ ကြက်ဥ၊ ပဲအမျိုးမျိုး က အကောင်းဆုံးအရင်းအမြစ်တွေပါပဲ။ကဲ ….. အသည်းရောင်စီရောဂါရှိသူတွေ အခုပြောခဲ့တဲ့ ဆောင်ရ ရှောင်ရမှာလေးတွေကို သတိထားဆင်ခြင်ပြီး ကျန်းမာအောင် နေထိုင်လိုက်စို့နော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%9e%e1%80%8a%e1%80%b9%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9-%e1%80%85%e1%80%ae-%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%9b%e1%80%bd%e1%80%ad%e1%80%9e%e1%80%b0/
ကလေးကို ရိုက်ပြီး မဆုံးမသင့်ဘူးလို့ ပြောရတဲ့ အကြောင်းရင်း (၇) ချက်
ကျွန်တော်တို့နိုင်ငံမှာတော့ ကလေးကိုရိုက်ပြီးဆုံးမတာက မျိုးရိုးစဉ်ဆက် ထိန်းသိမ်းလာကြတဲ့ ရိုးရာအမွေအနှစ် တစ်ခုလိုပါပဲ။ ရိုက်နှက်ဆုံးမခြင်းက ကလေးအတွက် ဘာအကျိုးမှမရှိဘူးလို့ ပြောပြန်ရင်လည်း ကျွန်တော်တို့၊ ကျွန်မတို့တုန်းက ဒီလိုပဲ ရိုက်နှက်ပြီး ကြီးပြင်းလာကြတာပဲလေ၊ ကျွန်မတို့ကလေးတွေလည်း အကုန် အကောင်းအတိုင်းပဲလေဆိုပြီး ပြန်ပြောတတ်ကြပါတယ်။ ဒီဆောင်းပါးမှာ ကောင်းစေချင်လို့ရိုက်နှက်ဆုံးမလိုက်တဲ့မိဘတွေရဲ့ အမှားတွေနဲ့ နောက်ဆက်တွဲ ကလေးမှာ တစ်ဘဝလုံးစာ ကျန်ခဲ့နိုင်တဲ့ စိတ်ဒဏ်ရာတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။ကိုယ်က စံနမူနာလို့ သတ်မှတ်ထားတဲ့ မိဘက ကိုယ်အမှားတစ်ခုလုပ်တာနဲ့ လက်ပါပြီး ရိုက်နှက်ဆုံးမတယ်၊ အဲ့နောက်ဆက်တွဲအနေနဲ့ ကလေးရဲ့ ဦးနှောက်ထဲမှာ ဘယ်သူမဆို မှားရင် ရိုက်နှက်ဆုံးမမှ နားလည်နိုင်တယ်ဆိုတဲ့ အသိက ဝင်သွားတော့တာပါပဲ။ မှားသည်၊ မှန်သည်ဆိုတာလည်း နားမလည်တော့ဘဲ ဒါကိုပဲ သူတို့ရဲ့ စိတ်ထဲမှာ ဒဏ်ရာဒဏ်ချက်အဖြစ်နဲ့ တစ်ဘဝလုံး စွဲကျန်ခဲ့တော့တာပါ။ကိုယ်ချစ်တဲ့မိဘတောင်မှ ကိုယ့်ကို မညှာမတာ ရက်ရက်စက်စက် ရိုက်နှက်တာကို ဘယ်ကလေးကရော စိတ်ဒဏ်ရာမဖြစ်ဘဲ ကြည်ကြည်ဖြူဖြူနဲ့ ပြုံးပြနေမလဲ။ ကိုယ်တိုင် ကလေးဘဝက အရိုက်ခံခဲ့တုန်းကရော နည်းနည်းမှ ဝမ်းမနည်းခဲ့ဘူးလား ပြန်တွေးကြည့်ပါ။ နှလုံးသားနုနယ်တဲ့ ကလေးတွေမှာ လူကြီးတွေထက် ပိုပြီး စိတ်ထိခိုက်ဖို့၊စိတ်ဒဏ်ရာရနိုင်ဖို့ အရမ်းလွယ်ပါတယ်။ ဒီစိတ်ဒဏ်ရာကြောင့်ပဲ ကလေးရဲ့ စိတ်ထဲမှာ ငါ့မိဘ ငါ့ကို မချစ်လို့ ရိုက်တာဆိုတဲ့ အတွေးက အမြဲတမ်းစိုးမိုးနေပြီး ဒီစိတ်နဲ့ပဲ မပျော်မရွှင်ကြီးပြင်းလာရမှာပါ။ဟယ် ဟိုကလေးကို သူ့အမေအဖေက ရိုက်နေပြန်ပြီ ကြည့်ပါဦး၊ ဘာအမှားလုပ်လဲမှ မသိတာဆိုပြီး ရပ်ကွက်အိမ်နီးချင်းတွေ ပြောတဲ့ စကားသံဟာ မိဘတွေအတွက်တော့ ဂရုစိုက်ဖြစ်ချင်မှ စိုက်ဖြစ်မယ်ဆိုပေမဲ့ ကလေးအတွက်တော့ ဒါဟာ အရှက်ရစရာ ကိစ္စပါပဲ။လူဆိုတာက အကျင့်တစ်ခုရသွားပြီဆိုရင် အဲ့ထက် ပိုဆိုးတဲ့အမူအကျင့်တွေ အမြဲလုပ်တတ်ပါတယ်။ ကလေးက အမှားတစ်ခုခုလုပ်မိလို့ လက်နဲ့ ရိုက်လိုက်တယ်။ ရိုက်တော့လည်း ကလေးက ဘာမှမထူးသွားတဲ့အပြင် ပိုပြီးတော့ အမှားတွေလုပ်လာတယ်။ အဲ့လိုနဲ့ ရိုက်တဲ့အကြိမ်ရေ တိုးလာတယ်။ ဘယ်လောက်ရိုက်ရိုက် မထူးဆန်းတဲ့ အခြေအနေတစ်ခုမှာ လက်နဲ့တင်မဟုတ်တော့ဘဲ အရာဝတ္ထုတွေနဲ့ ရိုက်နှက်တာ၊ ချောင်ပိတ်ပြီးနှိပ်စက်တာ၊ အစာမကျွေးဘဲ အငတ်ထားတာ၊ နာရီတွေနဲ့ချီအောင် အပြစ်ပေးတဲ့အဆင့်ထိ ရောက်လာနိုင်ပါတယ်။လက်နဲ့ ရိုက်လိုက်ရင် ကလေးကလိမ္မာသွားမယ်၊ မိဘစကားပိုနားထောင်မယ်၊ အမှားမလုပ်တော့ဘူးဆိုတာ လုံးဝဂျင်းသက်သက်ပါပဲ။ ကိုယ်ထင်ထားတာထက်ကို လုံးဝဆန့်ကျင်ပြီးတော့ ကလေးက ဒီ့ထက် ပိုဆိုးသွားဖို့ပဲ ရှိမှာပါ။မိဘတွေတောင် ဒေါသထွက်ပြီး ရိုက်သေးတာပဲ၊ အရိုက်ခံရတဲ့ ကလေးကရော ဒေါသမထွက်ဘူးလို့ ထင်ရင်တော့ လုံးဝမှားသွားမှာပါ။ ကလေးတွေမှာလည်း ဒေါသထွက်တတ်ပါတယ်။ ဒီဒေါသကို မျိုသိပ်လိုက်တာဖြစ်စေ၊ တခြားကလေးတွေကို အနိုင်ကျင့်ပြီး ဒေါသဖြေလိုက်တာမျိုးပိုလုပ်တတ်ပြီး ကြီးလာရင်လည်း တစ်ခုခုဆို လက်ပါတာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ အပြုအမူတွေ ကျူးလွန်းတတ်ပါတယ်။အသက်ကြီးလာလို့ ကိုယ့်ရဲ့ကလေးဘဝကို အမှတ်တမဲ့ ပြန်တွေးကြည့်လိုက်ရင် ပျော်စရာအချိန်တွေထက် ဒီလို ရိုက်နှက် နှိပ်စက်ခံရတဲ့ အချိန်ကာလတွေ၊ အဲ့ဒီအချိန်မှာ ဝမ်းနည်းငိုကြွေးခဲ့ရတာတွေကိုပဲ ပြန်တွေးမိပြီး ဒါတွေက အရိပ်မည်းတစ်ခုလို ကိုယ့်ဘဝနောက်နေ အမြဲကပ်ပါနေမှာပါ။ဒီဆောင်းပါးကို ဖတ်ကြည့်ပြီးတော့ မိဘတွေလည်း ကိုယ်လုပ်နေတဲ့အမှားတွေနဲ့ပတ်သက်ပြီး ကလေးတွေမှာ ဘယ်လိုစိတ်ဒဏ်ရာတွေ ကျန်ခဲ့နိုင်လဲဆိုတာ သိနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ မိဘရယ်လို့ ဖြစ်လာပြီဆိုရင် စိတ်ဖိစီးမှုတွေ၊ ဘဝအခက်အခဲတွေကတော့ အမြဲတမ်းကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုစိတ်ဖိစီးမှုတွေကို သားသမီးတွေဆီ မပုံချလိုက်ဖို့နဲ့ ကလေးတွေ အမှားလုပ်မိတဲ့အခါ Postive Encouragement အပြုသဘောဆောင်ခြင်းဖြစ်တဲ့ ချိုသာစွာပြောဖို့၊ အမှားကို နားလည်ပြီး တာဝန်ယူတတ်ဖို့၊ ကိုယ်တိုင်ပြင်ဆင်တတ်ဖို့ လေ့ကျင့်ပေးဖို့ ထပ်မံမှာကြားရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%9b%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%80%bc%e1%80%ae%e1%80%b8-%e1%80%99%e1%80%86%e1%80%af%e1%80%b6%e1%80%b8%e1%80%99/
သုက်ရည်မျိုချခြင်းနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ
သုက်ရည်မျိုချခြင်းအကြောင်း မပြောခင် အရင်ဆုံး သုက်ရည်ရဲ့ ဖွဲ့စည်းပုံအကြောင်းကို ပြောပြပေးချင်ပါတယ်။ သုက်ရည် (Semen) မှာသုက်ပိုးကောင် (Sperm) နဲ့ အရည် (Seminal Plasma) တို့ ပါဝင်ပါတယ်။ သုက်ရည်မှာ ပါဝင်တဲ့ သုက်ပိုးကောင်တွေဟာမျိုးပွားစနစ်အတွက် မရှိမဖြစ်အရေးပါပြီး ပဋိသန္ဓေတည်ခြင်း ဖြစ်စေပါတယ်။ သုက်ရည်ရဲ့ ၈၀ရာခိုင်နှုန်းကတော့ ရေဖြစ်ပြီး ကျန်တဲ့ ၂၀ရာခိုင်နှုန်းက သုက်ပိုးကောင်တွေ၊ အာဟာရဓါတ်အနည်းငယ် ပါဝင်ပါတယ်။ကိုယ့်မှာ ဘာရောဂါမှမရှိဘူးဆိုရင်တော့သုက်ရည်မျိုချလို့ ဖြစ်စေနိုင်တဲ့ ဆိုးကျိုးတွေ မရှိပါဘူး။ အလွန်ရှားပါးသောအခြေအနေမှာ သုက်ရည်နဲ့ ဓါတ်မတည့်တဲ့သူတွေ သုက်ရည်မျိုချမိရင်တော့ ဓါတ်မတည့်လက္ခဏာတချို့ ပြနိုင်ပါတယ်။သုက်ရည်မှာပရိုတင်းဓါတ်ပါဝင်တယ်ဆိုပေမယ့် ခန္ဓါကိုယ်အတွက် အကျိုးပြုရလောက်တဲ့ ပမာဏလောက် ရှိတာတော့ မဟုတ်ပါဘူး။ အမျိုးသားတစ်ယောက် စွန့်ထုတ်တဲ့ သုက်ရည်ပမာဏ၊ စေးပျစ်မှု၊ သုက်ပိုးကောင်ရဲ့ ကျန်းမာသန်စွမ်းမှုပေါ်မူတည်ပြီး ပရိုတင်းဓါတ်အနည်းအများ ပြောင်းလဲသွားနိုင်တယ်ဆိုပေမယ့် တကယ်တမ်းမှာ သုက်ရည်ရဲ့ အပုံ ၂၀ ပုံ ၁ပုံမှာသာ ပရိုတင်းဓါတ်တွေ ပါဝင်နေတာဖြစ်ပါတယ်။၈၀ ရာခိုင်နှုန်းသော ရေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ပရိုတင်းဓါတ်အပြင်။အနည်းနဲ့အများတော့ ပါတယ်ဆိုပေမယ့် ကျန်တဲ့ အာဟာရဓါတ်တွေလိုပဲ အလွန်နည်းတဲ့ ပမာဏလောက်သာ ပါဝင်တာ ဖြစ်ပါတယ်။သုက်ရည်ရဲ့ အရသာဟာ အမျိုးသားတစ်ယောက်ရဲ့ နေ့စဉ်စားသောက်တဲ့ အစာအာဟာရပေါ် မူတည်ပြီး ပြောင်းလဲသွားနိုင်ပါတယ်။ နံနံပင်၊ နာနတ်သီး၊သင်္ဘောသီး၊ လိမ္မော်သီးတွေ အစားများရင် အက်ဆစ်ဓါတ်နည်းပြီး အညှီနံ့နည်းသွားနိုင်ပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ကညွန့်၊ အသားစားသုံးမှုများတာ၊ နို့ထွက်ပစ္စည်း၊ အရက်၊ ဆေးလိပ်၊ကော်ဖီသောက်လွန်းတဲ့ အမျိုးသားတွေရဲ့ သုက်ရည်ဟာ အနံ့ပိုပြင်းပြီး အနည်းငယ်ပိုခါးတဲ့ အရသာရှိနိုင်ပါတယ်။အမျိုးသားတစ်ယောက်ရဲ့ ကျန်းမာရေး၊ နေ့စဉ်စားသောက်မှုပုံစံ၊တစ်ကိုယ်ရေ သန့်ရှင်းမှုပေါ်မူတည်ပြီး သုက်ရည်ရဲ့ အနံ့ဟာလည်း အစွန်းချွတ်ဆေးအနံ့၊ ငါးညှီနံ့၊ ကတိုးရနံ့ အစရှိသဖြင့် အမျိုးမျိုး ပြောင်းလဲသွားနိုင်ပါတယ်။ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ အကောင်းမြင်စိတ် အစရှိတဲ့ စိတ်ခံစားချက်ကို ဖြစ်စေပြီး စိတ်ဖိစီးမှုကို ပြေလျော့စေတဲ့ အန်ဒိုဖင်ဟော်မုန်း၊ အက်စထရုန်းဟော်မုန်း၊ ပရိုလက်တင်ဟော်မုန်း၊အောက်စီတိုစင်ဟော်မုန်း၊ ဆီရိုတိုနင်ဟော်မုန်းတွေ အနည်းငယ်ပါဝင်ပါတယ်။စိတ်ကိုပျော်ရွှင်စေခြင်း၊စိတ်ဖိစီးမှုတွေ နည်းစေခြင်းနဲ့ သန္ဓေတည်စေရန် ကူညီပေးခြင်းကလွဲရင် တခြားကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေတော့ မရှိပါဘူး။ သုက်ရည်မှာ ပါဝင်တဲ့ အာဟာရဓါတ်တွေဟာလည်း ပမာဏအလွန်နည်းတဲ့အပြင် ကိုယ်ခန္ဓါကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူပေးနိုင်တာမျိုး မဟုတ်ပါဘူး။အကာအကွယ်မပါဘဲ ပါးစပ်ဖြင့် လိင်တံကို နှိုးဆွတာ၊ သုက်ရည်မျိုချခြင်းကြောင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဝင်လာနိုင်ပါတယ်။ ကူးစက်နိုင်တဲ့ ရာခိုင်နှုန်းနည်းတယ်ဆိုပေမယ့် လုံးဝမကူးနိုင်တာတော့ မဟုတ်ပါဘူး။ အထူးသဖြင့်HIVဗိုင်းရပ်စ်ပိုး၊ ရေယုန် HPV ဗိုင်းရပ်စ်ပိုးတွေ၊ ဂနို၊ ခလက်မီးဒီယား၊ ကာလသားရောဂါ အစရှိတဲ့ ရောဂါတွေ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးသုံးဖို့ လိုအပ်သလို ကိုယ်နဲ့ ကိုယ့်ရဲ့ အဖော်အနေနဲ့ ရောဂါပိုးတွေ ရှိ၊ မရှိ ကြိုတင်စစ်ဆေးထားဖို့တော့ လိုပါမယ်။ဒီမေးခွန်းအတွက်ကတော့ လိင်ဆက်ဆံမှု မပြုခင် နှစ်ဦးနှစ်ဖက်လုံး ပွင့်ပွင့်လင်းလင်း တိုင်ပင်ထားတာ ပိုကောင်းပါတယ်။ ကိုယ့်အတွက်တော့ သုက်ရည်မျိုချတဲ့ အပြုအမူဟာ ရွံစရာကောင်းတယ်၊ မနှစ်မြို့စရာကောင်းတယ် သို့မဟုတ် တခြားရောဂါတွေ ကူးစက်ခံရမှာ ကြောက်တယ်ဆိုရင်တော့ ကိုယ်နဲ့ ဆက်ဆံမယ့် အမျိုးသားကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး တိုင်ပင်တာ ပိုကောင်းပါတယ်။ နှစ်ဦးနှစ်ဖက်လုံး သဘောတူညီမှုရှိမှ သာယာပျော်ရွှင်ဖွယ် လိင်မှုဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%9e%e1%80%af%e1%80%80%e1%80%b9%e1%80%9b%e1%80%8a%e1%80%b9%e1%80%bb%e1%80%99%e1%80%ad%e1%80%b3%e1%80%81%e1%80%ba%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%94%e1%80%b2%e1%82%94-%e1%80%95/
အဆုတ်တီဘီမဟုတ်တဲ့ တီဘီရောဂါ များအကြောင်း ။ ။
တီဘီရောဂါလို့ဆိုလိုက်တာနဲ့ ချောင်း ၂ ပတ်ထက်ကျော်အောင်ဆိုးမယ်၊ ဖျားမယ်၊ကိုယ်အလေးချိန်ကျသွားမယ် စတာတွေကို ပြေးမြင်ကြပါတယ်။ ဒါတွေက တီဘီရောဂါရဲ့ လက္ခဏာတွေဆိုတာတော့မှန်ပါတယ်။ ဒါပေမယ့် အဆုတ်တီဘီရဲ့ လက္ခဏာတွေပါ။ ကိုယ်ခန္ဓါမှာ အဆုတ်တစ်ခုတည်း တီဘီရောဂါဖြစ်နိုင်တာမဟုတ်ပါဘူး။ အခြားနေရာတွေမှာဖြစ်တဲ့တီဘီရောဂါတွေလည်း ရှိပါသေးတယ်။ပြောရမယ်ဆိုရင် တီဘီရောဂါဟာ လူသားတိုင်းမှာ ရှိနေတတ်ပြီး ခုခံအားက ထိန်းထားလို့ ကြွမလာတဲ့ ရောဂါတစ်ခုပါ။ သိကြတဲ့အတိုင်း တီဘီရောဂါက လေနဲ့ ကူးစက်ဆိုတော့ အရမ်းပျံ့နှံ့လွယ်တဲ့ ရောဂါတစ်ခုပါ။ အဲဒီအထဲမှာ အဖြစ်အများဆုံးကတော့ အားလုံးသိနေတဲ့ အဆုတ်တီဘီပေါ့။ ဒါပေမယ့် အဆုတ်အပြင် ကိုယ်ခန္ဓါရဲ့ အခြားနေရာမှာ တီဘီရောဂါဖြစ်နိုင်ပါသေးတယ်။ သူတို့တွေကတော့။ကိုယ်ခန္ဓါရဲ့ စနစ်တွေထဲမှာ အပြင်က ရောဂါပိုးတွေဝင်လာရင် ဖမ်းပေးတဲ့ ပြန်ရောကြော အဖု( lymph node ) လေးတွေ ရှိပါတယ်။ ) Lymph node TB ဆိုတာ အဲဒီ ပြန်ရည်ကြော အဖုလေးတွေမှာ တီဘီရောဂါဖြစ်ပြီး အဆုတ်ပြင်ပမှာ အဖြစ်အများဆုံး TB တစ်ခုပါ။ lymph node ရှိတဲ့ ဘယ်နေရာမဆို တီဘီရောဂါဖြစ်တတ်ပြီးတီဘီရှိနေတဲ့။Pleural TB ဆိုတာ အဆုတ်ပတ်လည်မှာ ကာထားတဲ့ အလွှာပါးလေးမှာ ဖြစ်တဲ့တီဘီရောဂါဖြစ်ပါတယ်။ အလွှာပါးလေးက နှစ်ထပ်ရှိပြီး တစ်ထပ်က အဆုတ်မှာကပ်နေကာ နောက်တစ်ထပ်ကတော့ ရင်ဘတ်နံရံနဲ့ ကပ်နေတာဖြစ်ပါတယ်။ ခုပြောတဲ့ Pleural TB ဆိုတာ ဒီ အလွှာပါး နှစ်ခုကြားထဲက နေရာလေးမှာ တီဘီဖြစ်တာ ဖြစ်ပါတယ်။ လက္ခဏာတွေကတော့။တီဘီထဲမှာမှ အရိုးတီဘီကလည်း အဖြစ်များတဲ့ ရောဂါတစ်ခုပါ။ လက္ခဏာတွေကတော့။ဦးနှောက်နဲ့ ပင်မ ကျောရိုးတို့ ဖွဲ့စည်းထားတဲ့ အာရုံကြောစနစ်မှာ တီဘီဖြစ်တတ်ပါသေးတယ်။ အဖြစ်အများဆုံးကတော့ ဦးနှောက်အမြှေးပါး တီဘီ ( TB meningitis ) ဖြစ်ပြီး လက္ခဏာတွေကတော့။ဒီတော့ အဆုတ်မှာတင် တီဘီရောဂါဖြစ်နိုင်တာ မဟုတ် အခြားနေရာတွေမှာလည်း တီဘီဖြစ်တတ်သေးတယ်ဆိုတာကို သိတားဖို့ လိုအပ်တယ်နော် ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/tuberculosis/tb-that-des-not-lung-tb/
Asbestosis (ကျောက်ဂွမ်းရှူမိ၍ အဆုတ်နာဖြစ်ခြင်း)
ကျောက်ဂွမ်းရှူမိ၍ အဆုတ်နာဖြစ်ခြင်းဆိုတာ ကျောက်ဂွမ်းများရှူမိရာကနေ အဆုတ်မှာ အနာနဲ့အမာရွတ်များ ဖြစ်ပေါ်တဲ့ ရောဂါဖြစ်ပါတယ်။ ကျောက်ဂွမ်းဆိုတာ စက်ရုံလုပ်ငန်းများမှာသုံးတဲ့ အပူဒဏ်ခံရအောင်သုံးတဲ့ သဘာဝဖိုက်ဘာများ ဖြစ်ပါတယ်။ကျောက်ဂွမ်းနဲ့ဆက်စပ်နေတဲ့ ရောဂါများဟာ ကျောက်ဂွမ်းနဲ့ထိတွေ့ခြင်းကို ရှောင်ရှားရင် ကာကွယ်နိုင်ပါတယ်။ကျောက်ဂွမ်းဟာ အဆုတ်နဲ့ အဆုတ်အကာမြှေးကို ရောဂါဖြစ်စေပါတယ်။ အဆုတ်ကင်ဆာဖြစ်ပွားနှုန်းကို မြင့်တက်စေပါတယ်။ဘေးကင်းစေဖို့ လမ်းညွှန်ချက်တွေကို လိုက်နာရင် ဖြစ်ပွားတာရှားပါတယ်။ကျောက်ဂွမ်းမှုန်ကိုရှူရာကနေ အဆုတ်မှာ အနာဖြစ်တာကြောင့် သေးငယ်ပြီး တောင့်တင်းသွားတဲ့ အဆုတ်တွေကြောင့် အသက်ရှူရခက်စေပါတယ်။ကြာရှည်ချောင်းဆိုးပြီး သလိပ်ပါထွက်စေပါတယ်။အဆုတ်အကာမြှေးတွေမှာ အဖတ်တွေဖြစ်လာခြင်းဟာ လက္ခဏာမပြပေမယ့် ကင်ဆာဖြစ်နိုင်ခြေ ရှိပါတယ်။အဆုတ်အကာမြှေးနဲ့ အဆုတ်ကြားထဲ အရည်စုခြင်း ဖြစ်နိုင်ပါတယ်။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ကျောက်ဂွမ်းနဲ့ထိတွေ့ဖူးရင် အသက်ရှူခက်ရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ကျောက်ဂွမ်းနဲ့ထိတွေ့မှုဟာ လုပ်ငန်းခွင်မှာ ဖြစ်ပေါ်ပါတယ်။ မိုင်းတွင်းများ၊ စက်ရုံများ၊ ကျောက်ဂွမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများမှာ လုပ်ကိုင်သူများဟာ ဖြစ်ပွားနိုင်ခြေ မြင့်မားပါတယ်။ ကျောက်ဂွမ်းပါတဲ့ ပစ္စည်းတွေကို ထိတွေ့လုပ်ကိုင်နေရတဲ့ ကားဝ်ရှော့၊ ဆောက်လုပ်ရေးလုပ်သားများ၊ ဆေးသုတ်သူများ၊ လက်သမားများ၊ ကျောက်ဂွမ်းစက်ရုံနား နေထိုင်သူများဟာလည်း ဖြစ်ပွားနိုင်ခြေ များပါတယ်။ဘယ်အရာတွေက ပိုဆိုးစေလဲ။ကျောက်ဂွမ်းနဲ့ထိတွေ့လုပ်ကိုင်နေရတဲ့ မိုင်းတွင်း၊ စက်ရုံ စတဲ့နေရာတွေမှာ ၁၉၇၀ကျော်ကာလတွေမှာ လုပ်ကိုင်နေသူတွေမှာ ဖြစ်နိုင်ခြေ များပါတယ်။ နမူနာအားဖြင့် အေက်ပါအတိုင်း ဖြစ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါလက္ခဏာတွေနဲ့ ကျောက်ဂွမ်းထိတွေ့မှုပေါ် မူတည်ပြီး အဆုတ်စစ်ဆေးခြင်း၊ ရင်ဘတ်ဓတ်မှန် ရိုက်ခြင်းတွေ ပါဝင်ပါတယ်။ကုသမှုမှာ အကန့်အသတ်ရှိပါတယ်။ အဆုတ်ရဲ့ အမာရွတ်တွေကို ပျောက်ကင်းအောင် မကုသနိုင်ဘူး။ ဆိုးရွားတဲ့ရောဂါအခြေအနေမှာ အဆုတ်အစားထိုးခြင်း ပြုလုပ်ရပါတယ်။ အသက်ရှူရခက်ခြင်းအတွက် အောက်ဆီဂျင်ပေးပါတယ်။ ရှူဆေးများလည်း ရှိပါတယ်။ ကျောက်ဂွမ်းနဲ့ နောက်ထပ်ထိတွေ့မှုမဖြစ်အောင် ရှောင်ကြဉ်ရပါမယ်။ ဘယ်အတိုင်းအတာနဲ့ ထိတွေ့ခြင်းဟာ ဘေးကင်းစိတ်ချရတယ်ဆိုတာ မသိရပါဘူး။ အဆုတ်အမြှေးပါးမှ အမာရွတ်များအတွက်လည်း ကုသမှု မရှိပါဘူး။ အဆုတ်ကင်ဆာအတွက် ရောဂါသက်သာမှုနှုန်းဟာလည်း သိပ်မရှိပါဘူး။အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/asbestosis-%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%82%e1%80%bc%e1%80%99%e1%80%b9%e1%80%b8%e1%80%9b%e1%80%bd%e1%80%b4%e1%80%99%e1%80%ad%e1%81%8d-%e1%80%a1%e1%80%86%e1%80%af/
ကလေးကို EQ (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) ကောင်းအောင် ဘယ်လိုပျိုးထောင်မလဲ
ကလေးကို EQ (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) ကောင်းအောင် ဘယ်လိုပျိုးထောင်မလဲ ….. ကလေးတစ်ယောက်အောင်မြင်ဖို့ဆိုတာမှာဖေဖေမေမေတို့အနေနဲ့ ပညာရေးကောင်းအောင် သင်ပေးရုံနဲ့ လုံလောက်ပြီလို့ ထင်ပါသလား။ မေးစရာမေးခွန်းတစ်ခုက အောင်မြင်တဲ့သူတိုင်းမှာ ပညာအရည်အချင်းကောင်းကောင်းပဲရှိကြတာလား။အောင်မြင် ကျော်ကြားသူတိုင်းဟာ အရည်အချင်းကောင်းများစွာကိုပိုင်ဆိုင်ထားကြပါတယ်။ ပညာရပ်ဆိုင်ရာဗဟုသုတမှာ နှံ့စပ် ကြသလို ပေါင်းသင်းဆက်ဆံရေးလည်းကောင်းကြပါတယ်။ တကယ်တော့အောင်မြင်သူတစ်ယောက်အဖြစ် ပျိုးထောင်ချင် တယ်ဆိုရင် ကိုယ့်ရဲ့ကိုယ်ပွားလေးကို ပညာအရည်အချင်းကောင်းအောင် သင်ပေးဖို့လိုသလို ကလေးကို စိတ်ခံစားမှု ထိန်းသိမ်းနိုင်စွမ်း (EQ) ကောင်းအောင် လုပ်ဆောင်ပေးဖို့လည်း လိုပါမယ်။EQ ကို အရှည်ကောက်Emotional Quotient (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) လို့ခေါ်ကြပါတယ်။ Emotional Intelligence လို့လည်းခေါ်ကြတယ်။EQ ဆိုတာက စိတ်ခံစားချက်တွေကို အကောင်းဆုံးထိန်းချုပ်နိုင်တယ်၊ အခြေအနေကို လိုက်ပြီးအကောင်းဆုံးတုံ့ပြန်တတ်တယ်၊ အခြားသူတွေရဲ့ စိတ်အခြေအနေကို အကောင်းဆုံးခန့်မှန်းတတ်ပြီး လိမ္မာပါးနပ်စွာ တုံ့ပြန်တတ်တဲ့စိတ်ခံစားချက်ထိန်းသိမ်းနိုင်စွမ်းကို ခေါ် တာပါ။ EQ မြင့်တဲ့သူတွေဟာ လူတွေနဲ့အကောင်းဆုံးပေါင်းသင်းဆက်ဆံတတ်သူတွေဆိုရင်လည်း မမှားပါဘူး။IQ ဆိုတာကဉာဏ်ရည်ဉာဏ်သွေးကိုခေါ်တာဖြစ်ပြီး EQ ဆိုတာက စိတ်ခံစားချက်ကို ထိန်းသိမ်းနိုင်စွမ်းပါ။ IQ ကောင်းသူ တွေက ကျောင်းသင်ခန်းစာတွေကို လေ့လာသင်ယူရာမှာ အခက်အခဲမရှိ သင်ယူနိုင်ကြပေမယ့် EQ မြင့်သူတွေ ကတော့ လူမှုဆက်ဆံရေးမှာ အမှန်တကယ်အောင်မြင်ကြသလို ဘဝအောင်မြင်မှုကို အကောင်းဆုံး ဖန်တီးနိုင်ကြသူတွေပါ။ အောင်မြင်တဲ့ဘဝတစ်ခုကို ဖန်တီးဖို့ဆိုရင် IQ ကောင်းတာထက် EQ ကောင်းဖို့က ပိုလိုအပ်ပါတယ်။ကလေးတွေရဲ့ EQ ဆိုတာမျိုးက မွေးရာပါ ပါလာတဲ့အတိုင်းပဲ အမြဲရှိနေတာမျိုးမဟုတ်ပါဘူး။ ဒီအရည်အသွေးဟာ လက်ဦးဆရာဖြစ်တဲ့မိဘတွေကနေပျိုးထောင်သင်ကြားပေးလို့ရတဲ့အရာတစ်ခုဖြစ်ပြီး မိဘတွေရဲ့ပျိုးထောင်မှုအပေါ်မှာ အပြည့်အဝနီးပါး မူတည်နေတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါဆိုရင် ကလေးကို EQ ကောင်းလာဖို့ ဘယ်လိုပျိုးထောင်ကြမလဲ။၁။ ကလေးရဲ့ခံစားချက်ကို အလေးထားပါ။မိဘတော်တော်များများက ကလေးရဲ့ ခံစားချက်ထက် သူတို့ရဲ့ ခံစားချက်ကို ပိုအလေးထားတတ်ကြပါတယ်။ ငယ်စဉ်ကတည်းက ကလေးတွေကို သူတို့ရဲ့ ခံစားချက်ကို ဖော်ပြခွင့်ပေးတာ၊ သူတို့ရဲ့ ခံစားချက်တွေကို အလေးထားပြီး လက်ခံပေးတတ်တာက ကလေးကိုအရွယ်ရောက်လာတဲ့အခါ EQ (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) ကောင်းအောင် လုပ်ဆောင်ပေးတာနဲ့ အတူတူပါပဲ။ ဒါကြောင့် ကိုယ့်ဆန္ဒကို ရှေ့တန်းတင်တာမျိုး မလုပ်ဘဲ ကလေးရဲ့ ခံစားချက်ကို အလေးထားပေးပါ။၂။ ကလေးရဲ့ စိတ်ခံစားချက်ဖော်ပြမှုကို သင်ကြားပေးနိုင်မယ့်အခွင့်အရေးအဖြစ် အသုံးချပါ။ကလေးက သူ့ရဲ့စိတ်ခံစားချက်ကို ဖော်ပြလာတဲ့အခါ စိန်ခေါ်မှုတစ်ရပ်၊ ကိုယ့်ကို ကန့်လန့်တိုက်တဲ့အရာတစ်ခုလို့ မတွေး လိုက်ပါနဲ့။ ကလေးနဲ့ကိုယ့်ကြားမှာ ဆက်သွယ်ပေးနိုင်မယ့်အရာတစ်ခု၊ ကလေးကိုသင်ကြားခွင့်ရရှိစေနိုင်မယ့် အခွင့်အလမ်း လို့ သတ်မှတ်ပြီး အကောင်းဆုံးအသုံးချပေးပါ။ ဒီအခွင့်အလမ်းကနေအကောင်းအဆိုးခွဲခြားတတ်အောင် သင်ကြားပေးပါ။၃။နားထောင်ပေးပါ။ကလေးက သူ့ရဲ့ စိတ်ခံစားချက်ကို ဖော်ပြတဲ့အခါ သေချာလေးအာရုံစိုက်ပြီး နားထောင်ပေးပါ။ သင်နားထောင်နေကြောင်း သေချာလေး တုံ့ပြန်ပါ။ ပြီးရင် ကလေးရဲ့ စိတ်ခံစားချက်ကို နားလည်ကြောင်း၊ ထပ်တူခံစားမိကြောင်း သေချာလေး ပြောပြ ပေးပါ။ ဒါက ကလေးကို Good Listener အဖြစ်ကြီးပြင်းလာစေဖို့ အကောင်းဆုံးအထောက်အကူဖြစ်စေမှာပါ။ ဒါကလည်း EQ ကောင်းစေဖို့ရာမှာ လိုအပ်တဲ့အချက်တစ်ခုပါ။၄။ ခံစားချက်တွေကို ခွဲခြားပြသပေးပါ။ကလေးရဲ့ ခံစားချက်ကို သေချာနားထောင်ပြီးတဲ့အခါကလေးကို စိတ်ခံစားချက်တွေကို သေချာလေး အမည်တပ်ပေးလို့ ကောင်းမွန်တဲ့ နည်းလမ်းနဲ့ ဘယ်လိုဖော်ပြရမလဲဆိုတာကို သင်ပေးပါ။ ငယ်စဉ်ကတည်းက ဒီလိုလုပ်ပေးတာက ကလေးကို EQ ကောင်းအောင် ပျိုးထောင်ပေးတဲ့ နည်းလမ်းတစ်ခုပါပဲ။၅။ပြဿနာတွေကို ဖြေရှင်းနိုင်အောင်သင်ပေးပါ။စိတ်ခံစားချက်တွေအားလုံးကို လက်ခံပေးဖို့က လွယ်ပေမယ့် အပြုအမူအားလုံးကို လက်ခံပေးဖို့က မလွယ်ပါဘူး။ ဒီတော့ ကလေးကို EQ ကောင်းသူတစ်ယောက်အဖြစ်ကြီးပြင်းလာစေဖို့ဆိုရင် ကလေးကိုငယ်စဉ်ကစလို့ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့စွမ်းရည်ကို သင်ကြားပေးရင်း စိတ်ခံစားချက်တွေကို အကောင်းဆုံး ထိန်းချုပ်နိုင်ဖို့ သင်ပေးပါ။ဖော်ပြသင့်တာကို ဖော်ပြလို့ မဖော်ပြသင့်တာကို မဖော်ပြမိစေဖို့ပေါ့။ ဘယ်လိုအပြုအမူမျိုးကိုတော့ အများက လက်ခံမှာ မဟုတ်ဘူးဆိုတာ မျိုးပေါ့။ ဒီလိုလုပ်ပေးတာက ကလေးကို ပန်းတိုင်တွေချမှတ်တတ်စေပြီး ချမှတ်ထားတဲ့ပန်းတိုင်ဆီကို ရောက်ဖို့ရာမှာ မဖြစ်မနေကျော်လွှားဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာတွေကို အကောင်းဆုံးဖြေရှင်းနိုင်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။၆။စာဖတ်ပြပါ။ စာဖတ်တဲ့အလေ့အကျင့်ပြုလုပ်ပေးပါ။EQ ကောင်းတဲ့သူတွေဟာ စာဖတ်နာသူတွေဖြစ်နေတတ်ကြပါတယ်။ ကလေးကို စာဖတ်ပြတာ၊ စာဖတ်တတ်တဲ့အရွယ်ရောက်လာတဲ့အခါအီလက်ထရောနစ်ပစ္စည်းတွေအစားစာအုပ်တွေကိုချစ်တတ်အောင် အလေ့အကျင့်လုပ်ပေးတာက ကလေးရဲ့ EQ ဖွံ့ဖြိုးလာစေဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ဒီလိုဖော်ပြထားတဲ့အတိုင်း လေ့ကျင့်ပျိုးထောင်ပေးမယ်ဆိုရင် ကိုယ့်ရဲ့ကလေးဟာဦးနှောက်ဉာဏ်ရည်တင်မကဘဲစိတ်ပိုင်းဆိုင်ရာတွေမှာလည်း ရင့်ကျက်သန်မာတဲ့သူတစ်ယောက်ဖြစ်နေနိုင်မှာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-growth-development/nurturing-emotional-intelligence-in-your-child/
တီဗီမထတမ်းကြည့်နေခြင်းက ဉာဏ်ထိုင်းစေနိုင်
တီဗီမထတမ်းကြည့်တာ ပုံမှန်လိုဖြစ်နေရင် ဉာဏ်ထိုင်းစေတယ်လို့ သုတေသနတစ်ခုကပြောပါတယ်။ ဇာတ်လမ်းတွဲကြိုက်သူတွေအတွက် စိုးရိမ်စရာပါနော်။ ကြိုက်ပြီဆို အစအဆုံးအခွေဝယ်ပြီး တစ်ပိုင်းပြီးတစ်ပိုင်း မပြီးမချင်း ဇွဲကောင်းကောင်းနဲ့ကြည့်ကြတာလေ။ ရုပ်သံလိုင်းပေါင်းစုံ အိမ်မှာတပ်ထားရင် ပိုဆိုး၊ အားတာနဲ့ တီဗီရှေ့ထိုင်တတ်တဲ့ အိမ်ကလူတွေတော့ ဒုက္ခပါပဲ။သုံးနာရီခွဲထက်ကျော်ပြီး တီဗီမထတမ်းကြည့်တာ ပုံမှန်အကျင့်ဖြစ်နေသူတွေဟာ အသက်ကြီးလာတာနဲ့အမျှ ဘာသာစကားနဲ့ မှတ်ဉာဏ်ပိုင်းမှာ စွမ်းရည်ကျဆင်းလာနိုင်တယ်လို့သုတေသနက ဆိုပါတယ်။ တီဗီဘယ်လောက်ကြိုက်ကြိုက် ကိုယ့်ဦးနှောက်ကိုထိခိုက်မယ်ဆိုရင်တော့ပြန်စဉ်းစားဖို့၊ ဆင်ခြင်ဖို့လိုပါတယ်နော်။ဗြိတိန်ရဲ့University College London မှ ပါမောက္ခDaisy Fancourt ဦးဆောင်တဲ့ ဒီသုတေသနအကြောင်းကိုScientific Reports ဂျာနယ်မှာဖော်ပြခဲ့တာပါ။ ဒီသုတေသနမှာ အသက် ၅၀ နဲ့အထက်အရွယ် ၃၆၆၂ ဦးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုလေ့လာဆန်းစစ်ခဲ့ကြတာပါ။ သူတို့တွေရဲ့ တစ်နေ့တာမှာ တီဗီဘယ်လောက်ကြည့်သလဲဆိုတာ မှတ်တမ်းတင်ပြီး သူတို့ရဲ့ စဉ်းစားတွေးတောနိုင်စွမ်းနဲ့ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းတွေကို ဆန်းစစ်ခဲ့ပါတယ်။သူတို့တွေရဲ့ ၂၀၀၈ နဲ့ ၂၀၀၉ ခုနှစ်တွေအတွင်း ကြည့်ရှုမှုမှတ်တမ်းတွေရယ်၊ နောက် ၆ နှစ်အကြာ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်အတွင်း မှတ်ဉာဏ်နဲ့ ဘာသာစကားစွမ်းရည်တွေကို တိုင်းတာစစ်ဆေးမှုတွေရယ် အခြေခံလေ့လာခဲ့ပါတယ်။ခြောက်နှစ်တာအတွင်းမှာ တစ်နေ့ကို ၃ နာရီခွဲ တီဗီကြည့်တဲ့သူတွေဟာ ဘာသာစကားနဲ့ပတ်သက်တဲ့မှတ်ဉာဏ်ေတွ အကြီးအကျယ် ကျဆင်းတာကိုတွေ့ရပါတယ်။“တစ်နေ့ကို တီဗီကြည့်ချိန် ၃ နာရီခွဲအောက်ရှိတဲ့ အရွယ်ရောက်ပြီးသူတွေဟာနောက် ၆ နှစ်အကြာမှာ ဘာသာစကားမှတ်ဉာဏ်မှာ ပျမ်းမျှအားဖြင့် ၄/၅ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်၊ ၃ နာရီခွဲထက်ကျော်တဲ့သူတွေက ၈/၁၀ ရာခိုင်နှုန်း ဉာဏ်ရည်ကျဆင်းတယ်လို့တွေ့ရတယ်။”လို့Fancourt ကပြောပါတယ်။ဒီလိုဖြစ်ရတာဟာဦးနှောက်က သတင်းအချက်အလက်တွေလက်ခံမှတ်သားနေချိန်အတွင်း ဦးနှောက်ထဲထည့်သွင်းနေတဲ့ ရုပ်ပုံတွေ၊အသံတွေ၊ လှုပ်ရှားမှုတွေမှာမြန်ဆန်တဲ့ပြောင်းလဲမှုတွေဖြစ်နေတာနဲ့ဆိုင်မယ်လို့Fancourt ကဆိုပါတယ်။တီဗီကြည့်တဲ့အခါ ဦးနှောက်ကို ပိုနိုးကြားစေပေမယ့်အာရုံစိုက်မှုနည်းစေတယ်လို့ ဓါတ်ခွဲခန်းလေ့လာမှုတွေက ညွှန်ပြပါတယ်။ တခါတလေ တီဗီကြည့်ရင်းစိတ်ဖိစီးမှုများစေတာတွေရှိတဲ့အတွက် ဦးနှောက်ကိုထိခိုက်မှုရှိစေနိုင်တဲ့ဆက်နွှယ်မှုရှိနိင်တယ်လို့ သိရပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/health-news/%e1%80%90%e1%80%ae%e1%80%97%e1%80%ae%e1%80%99%e1%80%91%e1%80%90%e1%80%99%e1%80%b9%e1%80%b8%e1%81%be%e1%80%80%e1%80%8a%e1%80%b9%e1%80%b7%e1%80%b1%e1%80%94%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ဖေဖေမေမေတို့ သိထားဖို့လိုမယ့် ကလေးရဲ့ EQ (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) အကြောင်း
ကိုယ့်ကလေးကို လူမှုဆက်ဆံရေးနယ်ပယ်မှာ ဝင်ဆံ့ပြီး အောင်မြင်သူတစ်ယောက်အဖြစ် ကြီးပြင်းလာစေချင်တဲ့ဆန္ဒ မေမေ ဖေဖေတိုင်းမှာ ရှိမယ်ထင်ပါတယ်။ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် ဉာဏ်ကောင်းခြင်းIQတစ်ခုတည်းနဲ့မလုံလောက်ပါဘူး။စိတ်ပိုင်းဆိုင်ရာထိန်းသိမ်းနိုင်စွမ်းEQလည်းကောင်းဖို့လိုအပ်ပါတယ်။ EQ ဆိုတဲ့စကားက အခုနောက်ပိုင်းမှာ အရမ်းခေတ်စားလာတဲ့အသုံးအနှုန်းတစ်ခုဖြစ်ပါတယ်။ကလေးတွေမှာ EQ ဆိုတာဘာလဲ။ ကိုယ့်ကလေးကို EQ ကောင်းဖို့အတွက် ဘယ်လိုပြုစုပျိုးထောင်ကြမလဲဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးထားပါတယ်။EQ (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) ဆိုတာစိတ်ခံစားချက်တွေကို အကောင်းဆုံးထိန်းချုပ်နိုင်တယ်၊ အခြေအနေကို လိုက်ပြီးအကောင်းဆုံးတုံ့ပြန်တတ်တယ်၊ အခြားသူတွေရဲ့ စိတ်အခြေအနေကို အကောင်းဆုံးခန့်မှန်းတတ်ပြီးလိမ္မာပါးနပ်စွာတုံ့ပြန်တတ်တဲ့ စိတ်ခံစားချက် ထိန်းသိမ်းနိုင်စွမ်းကို ခေါ် တာပါ။ကလေးတစ်ယောက်ရဲ့ EQ ဆိုတာ ဘယ်အရာတွေပါလဲ။ကလေးတစ်ယောက်ရဲ့ EQ ကောင်းခြင်းကိုသိနိုင်ဖို့အတွက် အချက် (၅)ချက်ရှိပါတယ်။ကိုယ့်ကိုကိုယ်သိခြင်း– ကိုယ့်ရဲ့စိတ်ခံစားချက်ကို သိနားလည်ပြီး ဘယ်လိုခံစားနေရလဲဆိုတာကို သိရှိနားလည်ခြင်းက EQ ကောင်းခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။ ဥပမာ သားသား စိတ်တိုနေတယ်။ သားသားဝမ်းနည်းနေတယ်စသဖြင့်ပြောနိုင်တာတွေက ကလေးရဲ့ EQ အနေထားကို ရည်ညွှန်းပါတယ်။ကိုယ့်ကိုကိုယ်ထိန်းသိမ်းနိုင်ခြင်း– EQ ကောင်းတဲ့ကလေးတစ်ယောက်က သူ့ရဲ့ စိတ်ခံစားချက်တွေကို ထိန်းသိမ်းနိုင်စွမ်းရှိပါတယ်။ သူဘာတွေလုပ်ရင် ဘာတွေဖြစ်လာမလဲဆိုတဲ့ နောက်ဆက်တွဲတွေကိုလည်း နားလည်နိုင်စွမ်းရှိပါတယ်။စိတ်အားတက်ကြွခြင်း– စိတ်အားတက်ကြွပြီး ပျော်ရွှင်ဖျတ်လတ်နေတဲ့ ကလေးက စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုရှိခြင်းရဲ့ လက္ခဏာပါပဲ။ကိုယ်ချင်းစာတတ်ခြင်း– တခြားသူတွေဘယ်လိုခံစားနေရလဲဆိုတာကို သိနားလည်ပြီး စာနာ နားလည်တတ်တယ်ဆိုတာက EQ ကောင်းခြင်းရဲ့ ပြယုဂ်ပါပဲ။ပေါင်းသင်းဆက်ဆံရေးကောင်းခြင်း– ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တာ။ တခြားသူတွေနဲ့ပျော်ပျော်ရွှင်ရွှင်အတူကစား၊ အတူစားသောက်၊ အတူတူအချိန်ဖြုန်းခြင်းကလည်း စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုရှိခြင်း ပါပဲ။ကလေးတစ်ယောက်ရဲ့ အောင်မြင်မှုဟာ ကိုယ်ရောစိတ်ပါ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုအပေါ်မှာ မူတည်နေပါတယ်။ ဒီအတွက် ဘယ်လိုတွေကူညီပေးကြမလဲ။ခန္ဓာကိုယ် ကျန်းမာဖို့က ကလေးတစ်ယောက် အကောင်းဆုံးကြီးပြင်းစေဖို့လိုအပ်ချက်ပါ။ ဒါကြောင့် ကလေးကို ကျန်းမာစေဖို့ ဆိုရင် ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင် C၊ဗီတာမင် D၊ သံဓာတ်၊ ဖောလိတ်၊ ကာဗိုဟိုက်ဒရိတ် တို့ ပြည့်ဝလုံလောက်ဖို့ လိုအပ်မှာပါ။ ဒီအာဟာရတွေပြည့်ဝမှ ကလေးက အရိုး၊ ကြွက်သားတွေသန်မာပြီး ကိုယ်ခံအားကောင်းပြီး ကျန်းမာတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေမှာပါ။ကလေးကို ဦးနှောက် ကောင်းမွန်စွာ ဖွံဖြိုးပြီး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေဖို့အတွက် ဗီတာမင် A၊ ဖောလိတ်၊အိုင်အိုဒင်း၊ ဆီလီနီယမ်၊ ပရိုတင်း၊ သံဓာတ်၊ဇင့်၊ choline နဲ့Omega -3 fatty acidတို့ ပြည့်ဝလုံလောက်စွာ ပြင်ဆင်ကျွေးမွေးပေးတာ နဲ့ ဦးနှောက် ဖွံ့ဖြိုးစေမယ့် လှုပ်ရှားမှုလေးတွေ လုပ်ဆောင်ပေးတာ၊ အိပ်ရေးဝအောင် ဂရုစိုက်ပေးတာတွေကို လုပ်ဆောင်ပေးဖို့လိုပါမယ်။ကလေးတစ်ယောက် ပေါင်းသင်းဆက်ဆံရေးမှာ ဝင်ဆံ့ပြီး အောင်မြင်သူတစ်ယောက်ဖြစ်လာစေဖို့လိုအပ်တဲ့ EQ (စိတ်ခံစားမှု ထိန်းသိမ်းနိုင်စွမ်း) ကောင်းစေဖို့ရော ဘာများလုပ်ပေးရမလဲလို့ သိချင်နေပြီလား……….။EQ (စိတ်ခံစားမှုထိန်းသိမ်း နိုင်စွမ်း) ကောင်းဖို့က ဒီလိုလေးတွေ လေ့ကျင့်ပျိုးထောင်ပေးလို့ရပါတယ်။ကလေးရဲ့ ခံစားချက်တွေကို နားလည်ပေးဖို့ ကြိုးစားပါ– ငယ်စဉ်ကတည်းက ခံစားချက်တွေကို နားလည်ပေးတတ်တဲ့မိဘတွေလက်ထဲမှာ ကြီးပြင်းရတဲ့ ကလေးတွေက EQ (စိတ်ခံစားမှုထိန်းသိမ်း နိုင်စွမ်း) ပိုကောင်းကြပါတယ်။ကလးတွေ ဖော်ပြတဲ့ခံစားချက်ကနေတဆင့် သင်ကြားပေးပါ– ကလေးက သူတို့ရဲ့ စိတ်အခြေအနေနဲ့ ပတ်သက်ပြီး အပြုအမူ အပြောအဆိုလေးတွေကနေတဆင့် ဖော်ပြတတ်ကြပါတယ်။ ဒီလိုဖော်ပြလာတဲ့အခါ ဆူတာမျိုး၊ ဟန့်တားတာမျိုး မလုပ်ပါနဲ့။ ဒီလို ခံစားချက်ဖော်ပြမှုတွေကနေတဆင့် ကလေးကို မှန်ကန်တဲ့ သင်ကြားမှုလေးတွေလုပ်ပေးပါ။ရင်ဖွင့်ဖော်ဖြစ်ပေးပါ– ကလေးတစ်ယောက်ရဲ့ အရင်းနှီးဆုံးက မေမေဖေဖေပါ။ ခံစားရသမျှ တွေ့ကြုံရသမျှကို မေမေကိုပြောပြချင်တာမှ မအောင့်နိုင်အောင် ဖြစ်တတ်ကြတယ်ဆိုတာကို ကိုယ်တိုင်လည်း ကြုံဖူးမယ်ထင်ပါတယ်။ ကလေးတိုင်းမှာ ဒီခံစားချက်ရှိစမြဲပါ။ ဒီလိုရင်ဖွင့်လာတဲ့ ခံစားချက်ကို နားထောင်ပေးရင်း ကလေးကို အကောင်းဆုံးဖြေရှင်းနည်းတွေပြန်ပေးနိုင်သူက သူတို့လေးတွေထက် အတွေ့အကြုံများနေတဲ့ မေမေတွေကိုယ်တိုင်ပါပဲ။ကောင်း၏၊ ဆိုး၏ ခွဲခြားပြပါ– ကလေးတွေကအခြေအနေတစ်ခုချင်းစီကို တုံ့ပြန်ပုံတဲ့ပုံစံချင်းလည်း မတူကြပါဘူး။ ဒီလို တုံ့ပြန်မှုတွေထဲမှာ မှန်ကန်တဲ့ တုံ့ပြန်မှုတွေရှိသလို မှားယွင်းတဲ့အပြုအမူတွေလည်းလုပ်မိနိုင်ပါတယ်။ ဒီအချိန်မှာ ဘာကတော့ သင့်တော်၏၊ ဘာကတော့ မသင့်တော်တာကြောင့် နောက်တစ်ခါ ထပ်မလုပ်သင့်ဘူးဆိုတာကို နားဝင်အောင်သေချာလေး ပြောပြပေးပါ။ပြဿနာကို ကိုယ်တိုင်ဖြေရှင်းတတ်အောင် ပျိုးထောင်ပါ– ပြဿနာဖြေရှင်းနိုင်စွမ်း ကောင်းမွန်တာက ကလေးကို EQ (စိတ်ခံစားမှုထိန်းသိမ်း နိုင်စွမ်း) ကောင်းစေဖို့ နည်းလမ်းကောင်းတစ်ရပ်ပါ။ ဒါကြောင့် ကလေးကို ငယ်စဉ်ကစလို့ ပြဿနာတွေကို ကြုံလာရတဲ့အခါ မေမေဖေဖေတို့က ဝင်ရောက်ဖြေရှင်းပေးတာမျိုး မလုပ်ဘဲ ဘေးကနေ ကူညီရင်း ကိုယ်တိုင်ဖြေရှင်းတတ်စေဖို့ လေ့ကျင့်ပေးပါ။ဖေဖေမေမေတို့ ရင်နဲ့အမျှချစ်ရတဲ့ ကိုယ်ပွားလေးက EQ (စိတ်ခံစားမှုထိန်းသိမ်း နိုင်စွမ်း) ကောင်းတဲ့အခါ။• ပျော်ရွှင်မယ်။• ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမယ်။•အကောင်းမြင်တတ်မယ်။• ပေါင်းသင်းဆက်ဆံရေးကောင်းမယ်။•စိတ်ဓာတ်ကြံ့ခိုင်မယ်။•စိတ်အားထက်သန်မယ်။• စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်းမြင့်လို့ အောင်မြင်တဲ့ဘဝအနေအထားတစ်ရပ်ကို အကောင်းဆုံး ဖန်တီးနိုင်မှာပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/what-is-eq-and-why-do-your-kids-need-it/
အစားစားရင်း အသက်ရှူရခက်တဲ့အခါ ဒါတွေလုပ်ပါ။ ။
အသက်ရှူရခက်ေနတဲ့ လူတိုင်း စိတ်ညစ်ရတာ ထမင်စားတဲ့အချိန်ပါ။ ကျန်တဲ့အချိန်တွေမှာ ပါးစပ် နှာခေါင်းပေါင်းပြီး အသက်ရှူလို့ရပေမယ့် ထမင်းစားတဲ့အချိန် ပါးစပ်က အလုပ်လုပ်နေတော့ နှာခေါင်းတစ်ပေါက်တည်းနဲ့အသက်ရှူရတဲ့အခါအသက်ရှူရခက်လာပါတော့တယ်။ ဒီလိုမျိုး ထမင်းစားတိုင်း အသက်ရှူရကြပ်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။ ။( ၁) ထမင်းမစားခင် တစ်နာရီလောက်အလိုမှာအဆုတ်ကို ရှင်းနေအောင်ထားပါ။ ဘယ်လိုလုပ်ရမလဲဆိုတော့။( ၂ ) ထမင်းမစားခင် ခဏလောက် အနားယူလိုက်ပါ။( ၃ ) ထမင်းစားတဲ့အချိန်မှာ မတ်မတ်ထိုင်စားပါ။ ဒါမှရင်ဝမ်းခြားကြွက်သားနဲ့ အဆုတ်ကြားထဲနေရာလွတ်ကျယ်ကျယ်ရသွားလို့ အသက်ရှူရလွယ်စေပါတယ်။( ၄) အစားအများကြီးမစားပါနဲ့။အစာအိမ်က ပြည့်တင်းနေတဲ့အခါအဆုတ်နဲ့ ရင်ဝမ်းခြားကြွက်သားတို့နေရာကျယ်ကျယ် အလုပ်လုပ်နိုင်ဖို့အတွက် အစာအိမ်တင်းနေလို့ မဖြစ်ပါဘူး။( ၅ ) အစာကို နည်းနည်းနဲ့ အကြိမ်ရေများများစားပါ။ တစ်ခါတည်းနဲ့ အပြည့်အကြပ်စားတဲ့အခါရင်ဝမ်းခြားကြွက်သားကို အစာအိမ်ကသွားထောက်နေသလိုဖြစ်လို့ အသက်ရှူရ ပိုခက်စေပါတယ်။( ၆ )လေပွစေတဲ့ အစားအသောက်တွေကို ရှောင်ပါ။လေပွတဲ့အခါ ဗိုက်ကြီးတင်းနေတတ်ပြီ အသက်ရှူရခက်စေလို့ပါ။ ဒါေ့ကြာင့် လေပွစေတဲ့အစားအစာတွေဖြစ်တဲ့။( ၇ ) အစားကို ဖြေးဖြေးနဲ့ကြေညက်အောင်ဝါးစားပါ. – ဖြေးဖြေနဲ့ ကြေညက်အောင် ဝါးမှ အစာခြေရလွယ် အစာလည်း မြန်မြန်ကြေပြီး ဗိုက်အောင့်တာ သက်သာစေလို့ အသက်ရှူချောင်စေမှာပါ။ဒီအချက်လေးတွေကို သာသေချာ လိုက်နာပြီး အစားစားမယ်ဆိုရင် ထမင်းစားတိုင်း အသက်ရှူကြပ်တဲ့ ပြဿနာတွေ ကင်းဝေးစေမှာ အသေအချာပါ ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/heavy-breathing/
Bronchial adenoma (လေပြွန်အကျိတ်ဖြစ်ခြင်း)
လေပြွန်အကျိတ်ဖြစ်ခြင်းသည် လေပြွန်နှင့် အဆုတ်တွင်းရှိ လေပြွန်အခွဲများတွင် ဖြစ်သောအကျိတ်ဖြစ်ပြီး အများအားဖြင့် အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စေတတ်သည်။ ယခင်က ထိုရောဂါကို ကင်ဆာမဟုတ်သော အကျိတ်အဖြစ်ရည်ညွှန်းခေါ်ဆိုခဲ့သော်လည်း ယခုမူ အချွဲဂလင်းအကျိတ်များမှ လွဲပြီး ကျန်အကျိတ်များသည် ခန္ဓါကိုယ်အခြားနေရာများသို့ ပြန့်နှံ့တတ်ကြောင်း သိရှိပြီးဖြစ်သည်။ဒီရောဂါဟာ ရှားပါးသောကင်ဆာတစ်မျိုးဖြစ်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။လေပြွန်အကျိတ်ဖြစ်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အခြားဖြစ်တောင့်ဖြစ်ခဲလက္ခဏာတွေကတော့ အရေပြားနီမြန်းခြင်း ဖြစ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ဆရာဝန်များလည်း အကြောင်းအရင်း အတိအကျကို မသိပါ။ အချို့ ကင်ဆာများမှာ မျိုးရိုးကြောင့် ဖြစ်နိုင်ခြေရှိပါတယ်။လေပြွန်အကျိတ်ဖြစ်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ လေပြွန်အကျိတ်ဖြစ်ခြင်း မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။လေပြွန်အကျိတ်ဖြစ်ကြောင်းသိဖို့ ဆရာဝန်က အောက်ပါစစ်ဆေးမှုများ ပြုလုပ်ပါမည်။ဆရာဝန်က အကျိတ်ကို ရှာဖွေရန်နှင့် အခြားနေရာပြန့်မပြန့် ကြည့်ရန် အခြားစစ်ဆေးမှုများလည်း လုပ်နိုင်သည်။ကုသမှုသည် သင့် ကင်ဆာအမျိုးအစားနှင့် အဆင့်၊ အသက်၊ ကျန်းမာရေးအခြေအနေနှင့် ရွေးချယ်မှုအပေါ်လည်း မူတည်သည်။ရွေးစရာနည်းလမ်းများမှာ။ဓါတ်ရောင်ခြည်နှင့် ကုသမှုပြီးသည်နှင့် ထိုပြဿနာများ ရှိတော့မည်မဟုတ်ပါ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် လေပြွန်အကျိတ်ဖြစ်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။လေပြွန်အကျိတ်ကို ကုသမှုခံယူရာမှာ ဖိစီးမှုများနိုင်ပါတယ်။ သင့်ခံစားချက်များကို ဆရာဝန်၊ သူနာပြုများနှင့် ကုသရေးအဖွဲ့ဝင်များကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ ကုထုံးဆရာ/စိတ်ရောဂါပညာရှင်/နှစ်သိမ့်ဆွေးနွေးပေးသူ တို့ကလည်း သင့်သောကများ၊ ခံစားချက်များကို သက်သာစေဖို့ ကူညီနိုင်ပါတယ်။ရောဂါတူသူတွေ ဖွဲ့စည်းထားတဲ့ ကူညီရေးအဖွဲ့ကိုလည်း ရှာဖွေနိုင်ပါတယ်။ သင်ခံစားနေရတဲ့အတိုင်း ကြုံတွေ့ဖူးကြတဲ့၊ သင်ဘယ်လိုခံစားနေရတယ်ဆိုတာ သိတဲ့သူတွေနဲ့ စကားပြောခြင်းဟာ အကူအညီ ဖြစ်စေပါလိမ့်မယ်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/bronchial-adenoma-%e1%80%9c%e1%80%b1%e1%80%95%e1%80%bc%e1%80%bd%e1%80%94%e1%80%ba%e1%80%a1%e1%80%80%e1%80%bb%e1%80%ad%e1%80%90%e1%80%ba%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%81%e1%80%bc%e1%80%84/
အအေးမိတဲ့အခါ တော်ရုံနဲ့ အဖျားမပျောက်တာ ဘာကြောင့်များလဲ
ရာသီမရွေးအအေးမိဖျားနာဖြစ်နိုင်တယ်ဆိုပေမယ့် မိုးတွင်း၊ ဆောာင်းတွင်းကတော့ အအေးမိတာတွေ အဖြစ်အများဆုံးအချိန်ပါပဲ။ ပုံမှန်ကတော့ ၃ရက်ကနေ အလွန်ဆုံး တစ်ပတ်လောက်နဲ့ သက်သာသွားပေမယ့် တချို့လူတွေမှာကျ တစ်ခါဖျားလိုက်တာနဲ့ ၂ပတ်လောက်ထိကို မပျောက်ဘဲ သောင်တင်နေတတ်တယ်နော်။ အအေးမိတဲ့အခါ တော်ရုံနဲ့ အဖျားမပျောက်တာ ဘာကြောင့်များလဲ ဆိုတာ ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်ကြရအောင်။၁။ ကောင်းကောင်းအိပ်စက်အနားမယူလို့။အိပ်စက်အနားယူခြင်းဟာ ကိုယ်ခံအားစနစ်ကို ကြံ့ခိုင်စေပြီး ဖျားနာခြင်းကို တိုက်ထုတ်ပေးတယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ ပုံမှန်အချိန်မှာလည်း တစ်နေ့ အိပ်ချိန် ၇နာရီအပြည့်အဝမရဘူး၊ ဖျားနေတဲ့အချိန်မှာလည်း ကောင်းကောင်းအနားမယူဘူးဆိုရင်တော့ ပြန်သက်သာဖို့ အချိန်ပိုကြာနိုင်တယ်နော်။အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဖျားနေပြီလို့ သံသယရှိတာနဲ့ လုပ်လက်စအလုပ်တွေကို နားပြီး နေ့ရော ညပါ ကောင်းကောင်းအနားယူဖို့ လိုအပ်ပါတယ်။၂။ အရည်သောက်နည်းလို့။လူက ဖျားပြီဆိုရင် ဘာမှမစားချင်၊ မသောက်ချင် ဖြစ်တတ်တာသိကြမှာပါ။ အထူးသဖြင့် ဖျားတဲ့အခါ ကိုယ်ခန္ဓာတွင်းမှာလည်း ရေဓာတ်က ကုန်ဆုံးသွားတတ်တော့ ဖျားတဲ့အခါ ရေဓာတ်ပိုလိုပါတယ်။ ဖျားတာတင်မကဘဲ နောက်ဆက်တွဲ လည်ချောင်းနာတာ၊ နှာစေးနှာပိတ်၊ နှာရည်ယို၊ ချောင်းဆိုးတာတွေလည်း ရေဓာတ်ဆုံးရှုံးစေပါတယ်။ဒါကြောင့် ဖျားပြီဆိုရင် အစားဝင်အောင်စားပါ။ ရေများများသောက်ပေးပါ။ကြက်စွပ်ပြုတ်၊ ဆန်ပြုတ်၊ ချင်းပြုတ်ရည်၊ ဓာတ်ဆားရည် သောက်ပေးပါ။ ကော်ဖီ၊ အရက်၊ ဂက်စ်ပါတဲ့ အအေးတွေကိုတော့ ခဏနားထားပါ။၃။ စိတ်ဖိစီးမှုများနေလို့။ဖျားနေတာတောင် အိပ်ရာမှာ အေးဆေးမနားဘဲ အလုပ်ကိစ္စ၊ မိသားစုကိစ္စ၊အချစ်ရေးကိစ္စတွေနဲ့ စိတ်ဖိစီးပြီး ပူလောင်နေတတ်တဲ့အကျင့်ရှိလား။ ဒါဆိုရင်တော့ တော်ရုံအဖျားက ပျောက်နိုင်မှာမဟုတ်ပါဘူး။စိတ်ဆိုတာလည်း ခန္ဓာကျန်းမာရေးအပေါ် သက်ရောက်မှုရှိစေတာမို့ ကိုယ့်စိတ်က ပြိုလဲနေရင် ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်ခံအားစနစ်ကလည်း ဒီရောဂါဘက်တီးရီးယားတွေကို ကောင်းကောင်းတိုက်ဖျက်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဖျားနေရင် ဘာအကြောင်းနဲ့မှ စိတ်ညစ်မခံပါနဲ့။ အဖျားအမြန်ပျောက်ဖို့ကိုပဲ ခေါင်းထဲထည့်ပါ။၄။ ဆေးမသောက်ဘဲ ပေပေတေတေ နေတာ။တချို့တွေ ရှိပါတယ်။ ဖျားနေတယ်၊ ကိုယ်လက်ကိုက်ခဲနေတယ်၊နှာစေးနေတယ်။ ကိုယ့်မှာဒါတွေ ဖြစ်မှန်းလည်း သိပါလျက်နဲ့ ဆေးခန်းမပြ၊ ဆေးမသောက်ဘဲ ပေတေပြီး နေတတ်တာပေါ့။ ဒီလိုမျိုး လုပ်တဲ့သူတွေဆိုရင်လည်း အဖျားဝေဒနာက တော်ရုံနဲ့မပျောက်နိုင်ဘူးဆိုတာ သတိထားသင့်တယ်နော်။၅။ ဆေးမြီးတိုတွေနဲ့ လျှောက်ကုတာ။အရင်ကရော အခုထိ လူတွေကြားမှာ အပြောများနေဆဲအရာကတော့ ဒီအမြစ်၊ ဒီအရွက်လေးကို ဘယ်လိုလုပ်သောက်ရင် ဘာရောဂါပျောက်ပါတယ်ဆိုတဲ့ အဆိုးဆုံး ဆေးမြီးတို ဂျင်းတွေပါပဲ။ သူတို့အတွက်တော့ ကိုယ်ခံအားစနစ်အခံကောင်းလို့ ကံကောင်းပြီး ပျောက်သွားခဲ့ရင်တောင် ကိုယ့်အတွက်ဒီလိုဟုတ်ချင်မှ ဟုတ်မှာပါ။နောက်ပြီးတော့ ဒီဆေးမြစ်ဆေးရွက်တွေဟာ ရောဂါတွေကို အမှန်တကယ် ကုသပျောက်ကင်းနိုင်တယ်ဆိုတာ ဘယ်ဆေးခန်း၊ ဆေးပညာအဖွဲ့အစည်းကမှ စစ်ဆေးတွေ့ရှိထားခြင်း မရှိပါဘူး။ ဒါကြောင့် နေမကောင်းဖြစ်ပြီဆိုရင် ဆေးခန်းသွားပြပါ။ တွေ့ကရာ ဆေးမြီးတိုတွေနဲ့ လျှောက်မကုပါနဲ့။၆။ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်နေဆဲမို့။အဖျားဆိုတာ တစ်ရက်နှစ်ရက်နဲ့ ပျောက်သွားမှာပါဆိုပြီး ဝေဒနာကိုမမှုဘဲ လေ့ကျင့်ခန်းတွေလုပ်၊ အလေးတွေ မနဲ့ လုပ်တဲ့အကျင့်က တော်တော်ဆိုးတယ်နော်။ အထူးသဖြင့် အမျိုးသားတွေမှာ ကိုယ်ဆော့ထားသမျှ အိမ်မှာနားလိုက်ရင် ပြန်ကျသွားတော့မှာပဲ ဆိုတဲ့ စိုးရိမ်စိတ်တွေက များနေတော့ ဖျားနေရင်းနဲ့တောင် Gym ထိ လာဆော့တတ်ကြပါတယ်။ အဲ့လိုမလုပ်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ဖျားနေမှန်းသိရင် အိမ်မှာပဲ အေးအေးဆေးဆေး အနားယူပါ။ ကိုယ်ခံအားစနစ်ပြန်တက်လာအောင် သေချာစားသောက်အနားယူပါ။၇။ နောက်ဆက်တွဲ အဆုတ်ပိုးဝင်လို့။ဒါကတော့ ဖြစ်ခဲပါတယ်။ အအေးမိဝေဒနာက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာမို့ ရက်ပိုင်းလောက်နဲ့ သက်သာသွားတတ်ပြီး အန္တရာယ်လည်း မရှိပါဘူး။ ဒါပေမဲ့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ခုခံအားမကောင်းတဲ့သူတွေဆိုရင်တော့ နောက်ဆက်တွဲ အဆုတ်ထဲ ဘက်တီးရီးယားပိုးဝင်ပြီး အဖျားတာရှည်တာ၊ အအေးမိလက္ခဏာတွေ ပိုဆိုးတာ ဖြစ်တတ်ပါတယ်။ကဲ အပေါ်မှာပြောထားခဲ့တဲ့ အဖျားဝေဒနာကို ရှည်ကြာစေအောင် လုပ်မိနေတဲ့ အကျင့်ဆိုးတွေ ကိုယ့်မှာရှိတယ်ဆိုရင် မြန်မြန်ဖျောက်ဖို့ အကြံပေးလိုက်ပါတယ်နော်။ အားလုံးပဲ ခုလို မုတ်သုံကာလမှာ အအေးမိဖျားနာ၊ တုပ်ကွေးရန်ကနေ ကင်းဝေးပြီး နေ့ရက်တိုင်းကို ကျန်းကျန်းမာမာနဲ့ ကျော်ဖြတ်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/causes-of-prolong-fever-in-common-cold/
အအေးဒဏ်ကြောင့် အသားကျက်ပြီးလောင်သွားတဲ့အခါ
ရေခဲ ဒါမှမဟုတ် အေးလွန်းတဲ့အရာတွေနဲ့ အကြာကြီးထိကပ်ထားရာကနေအရေပြားက ကျက်ပြီး လောင်တဲ့ ဒဏ်ရာဖြစ်ပါတယ်။ ကိုက်ခဲမှုဒဏ်ကြောင့် ရေခဲဝတ်ကို အဝတ်တစ်ထပ်မခံဘဲ ဒီအတိုင်းကပ်တာမျိုးမှာလည်း ဒီလို ဒဏ်ရာဖြစ်တတ်ပါတယ်။တခြားသော နေလောင်ဒဏ်၊ မီးပူ၊ရေနွေးပူလောင်ခံရတဲ့အခါ အရေပြားမှာ ဖြစ်တတ်တဲ့ လက္ခဏာတွေနဲ့ ဆင်တူပါတယ်။ အစပိုင်းမှာ အရေပြားက နီရဲနေရာကနေ နောက်ပိုင်းမှာ အဖြူ သို့မဟုတ် မီးခိုးရောင် ပြောင်းသွားတတ်ပါတယ်။ ဒါ့အပြင် အရေပြားက။အေးလွန်းတဲ့ အရာဝတ္ထုနဲ့ အရေပြားကို တိုက်ရိုက်ထိတွေ့လိုက်တဲ့အခါ၊ လိုအပ်တာထက် အချိန်အကြာကြီး ထိနေမိတဲ့အခါမှာ အသားကျက်ပြီး လောင်သွားနိုင်ပါတယ်။ ပုံမှန်ကြွက်သားနာကျင်ကိုက်ခဲမှုကို သက်သာစေဖို့ ရေခဲ သို့မဟုတ်ရေခဲဝတ်ကပ်ပေးရတယ်ဆိုပေမယ့် နည်းလမ်းမမှန်တဲ့အခါ ပိုပြီးဆိုးသွားနိုင်ပါတယ်။အအေးဒဏ်ကြောင့် အသားကျက်ပြီးလောင်သွားတဲ့အခါ အရေပြားဆဲလ်တွေထဲမှာ ရှိနေတဲ့ ရေက အေးခဲသွားမယ်။ အဲ့ကနေ ရေအခဲလေးတွေ ဖြစ်ပြီး အရေပြားဆဲလ်တွေကို ထိခိုက်ပျက်စီးစေပါတယ်။ ပျက်စီးစပြုနေတဲ့ အရေပြားနားက သွေးကြောတွေက စတင်ညှစ်တဲ့အတွက် သွေးစီးဆင်းမှုနှေးသွားပြီးအနာကျက်ဖို့ နှေးသွားနိုင်ပါတယ်။အေးလွန်းတဲ့ တိုင်းပြည်မှာ နေထိုင်နေသူတွေ၊ ရာသီဥတုနဲ့ ကိုက်ညီစွာ မဝတ်ဆင်တဲ့သူတွေ၊ဆေးလိပ်အလွန်အကျွံသောက်တာ၊ သွေးစီးဆင်းမှုနှေးစေတဲ့ ဆေးဝါးတွေ သောက်သုံးနေရတာ၊ဆီးချိုရောဂါ၊ လက်ချောင်း၊ ခြေချောင်းထိပ် သွေးကြောတွေမှာ ဖြစ်တဲ့ရောဂါ၊ အသက်ငယ်သေးတဲ့ ကလေးတွေနဲ့ လူကြီးအရွယ်တွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။၁။ အရေပြားပေါ်က ပူစပ်ပူလောင်ဖြစ်နေပြီ၊ ရေခဲနဲ့ အသားနဲ့ ကပ်နေပြီ၊ ဒါမှမဟုတ် ကပ်ထားတာ အရမ်းကြာနေပြီဆိုရင် အမြန်ဆုံး ခွာထုတ်ပစ်ရပါမယ်။၂။ ပြီးတာနဲ့ ကျက်သွားတဲ့ အရေပြားကို ပုံမှန်အတိုင်းပြန်ဖြစ်စေဖို့ရေနွေးနွေးထဲမှာ မိနစ် ၂၀ခန့် စိမ်ထားပေးပါ။၃။ ရေနွေးနဲ့ တစ်ခါစိမ်ပြီးတိုင်း မိနစ် ၂၀ခန့် နားပါ။ ပြီးမှ နောက်တစ်ကျော့ပြန်လုပ်ပါ။၄။ ရေနွေးဝတ် သို့မဟုတ် စောင်ထူထူလေးနဲ့ အရေပြားကို အုပ်ထားပေးပါ။ အရမ်းမပူနေဖို့တော့ ဂရုစိုက်ပေးရပါမယ်။၅။ ကျက်သွားတဲ့ အသားပေါ်မှာ အရည်ကြည်ဖုပေါက်တာ၊ အနာ၊ ဒဏ်ရာဖြစ်နေတယ်ဆိုရင် သေချာရေနဲ့ သန့်ရှင်းပေးပြီး ပလာစတာ၊ ပတ်တီးစည်းထားပေးပါ။ ဒါမှမဟုတ် အရေပြားနဲ့ မကပ်လောက်မယ့် ဂွမ်းနဲ့ အုပ်ထားပေးပါ။၆။ နာကျင်တာ သက်သာစေဖို့ အကိုက်အခဲပျောက်ဆေးကို ဆေးဆိုင်ကနေ အလွယ်တကူ ဝယ်လို့ရပါတယ်။၇။ အနာက နေသားကျသွားပြီ၊ ဖြည်းဖြည်းချင်း သက်သာလာပြီဆိုရင်ရှားစောင်းလက်ပပ်အနှစ်လေးကို လိမ်းပေးလို့ ရပါတယ်။အသားကျက်သွားတဲ့ နေရာမှာ အဖြူကွက်ကြီး ဖြစ်နေတာ၊ ထုံကျဉ်နေတာ၊ အနွေးဓာတ်ပေးပြီးတာတောင် အေးပြီး အသားက မာမာကြီးဖြစ်နေရင်တော့ ဆရာဝန်နဲ့ သေချာပြသကြည့်တာ ပိုကောင်းပါတယ်။ အရေပြားထဲက တစ်ရှူးတွေ ထိခိုက်ပြီး ဒဏ်ဖြစ်သွားနိုင်လို့ပါ။ လိုအပ်တဲ့ လိမ်းဆေး၊ သောက်ဆေးတွေကိုတော့ ဆရာဝန်က ညွှန်ပေးပါလိမ့်မယ်။ အရေပြားထဲ ပိုးဝင်တဲ့ လက္ခဏာတွေဖြစ်တဲ့ အရေပြားအရောင်ပြောင်းသွားတာ၊ ပြည် သို့မဟုတ် စိမ်းဖန့်ဖန့်ရောင် အရည်တွေ ထွက်လာတာ၊ အဖျားတက်တာဆိုရင်လည်း ဆရာဝန်နဲ့ ပြဖို့ လိုအပ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ရက်သတ္တပတ် အနည်းငယ်အတွင်း သူ့အလိုလို သက်သာပျောက်ကင်းသွားနိုင်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%b1%e1%80%a1%e1%80%b8%e1%80%92%e1%80%8f%e1%80%b9%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%ba%e1%80%80%e1%80%b9/
Hyperventilation (အသက်ရှုမြန်ခြင်း)
အသက်ရှုမြန်ခြင်းကို။-အသက်မြန်မြန်ရှုခြင်း ရှိုက်ရှိုက်ပြီးရှုခြင်း။-အသက်ပိုရှုခြင်း။-အသက်ရှုနှုန်းမြန်ခြင်း။လို့လည်းသိထားကြပါတယ်။သင်က အရမ်းမြန်မြန်ရှုတဲ့အချိန်မှာ ဖြစ်ပေါ်တတ်ပါတယ်။ အောက်စီဂျင်ကို ရှုသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုရှုထုတ်ခြင်း ကိုညီညီမျှမျှ ပြ ုလုပ်ခြင်းနဲ့ ပုံမှန်တဲ့အသက်ရှုမှုကိုရရှိမှာပါ။ သင်ရှုတာထက်ပိုပြီး ရှုထုတ်မှုပြ ုလုပ်ခဲ့ရင် ဒီညီမျှမှ ုက ပျက်သွားမှာပါ။၎င်းမှတစ်ဆင့် ကိုယ်ခန္ခါထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ လျော့သွားခြင်းဖြစ်နိုင်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်နည်းသွားခြင်းက သွေးကြောတွေကိုကျဉ်းစေပြီး ဦးနှောက်ကိုသွေးလျှောက်မှုလျော့စေပါတယ်။ ဒီလိုသွေးလျှောက်မှုနည်းခြင်းကြောင့် ခေါင်းမူ်းခြင်းနှင့် လက်ချောင်းတွေမှာ ထုံကျင်မှုတွေခံစားရနိုင်ပါတယ်။ အရမ်းအသက်ရှုမြန်ခြင်းမျိုးဆိုပါက သတိလစ်တဲ့အထိဖြစ်နိုင်ပါတယ်။အသက်ရှုမြန်ခြင်းကိုတွေ့ရတာရှားပါတယ်။ ၎င်းက တစ်ခါတစ်လေမှာဖြစ်တတ်ခြင်း၊ ကြောက်လန့်တာကိုတုန့်ပြန်တဲ့အနေနဲ့ဖြစ်ခြင်း၊စိတ်ဖိစီးမှုများခြင်း ဒါမှမဟုတ် တစ်ခုခုကိုထိန့်လန့်ကြောက်ရွံတဲ့အချိန်တွေမှာ ဖြစ်လာတတ်ပါတယ်။တစ်ခြားအခြေအနေတွေကတော့ စိတ်ခံစားရမှုများခြင်း၊ ၎င်းတို့ကတော့စိတ်ဓါတ်ကျခြင်း၊စိတ်ဖိစီးခြင်းနှင့်ဒေါသထွက်ခြင်းတို့မှာဖြစ်ပေါ်တတ်ပါတယ်။ အသက်ရှုမြန်ခြင်းက မကြာခဏဖြစ်ပေါ်လာတတ်တယ်ဆိုပါက အသက်ရှုမြန်ခြင်း ရောဂါလို့ခေါ်ပါတယ်။ ဒီဟာကတော့ တော်တော်လေးကိုအတွေ့ရများပါတယ်။(တစ်ခြားအချက်အလက်တွေကိုသိရှိရဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။)။အသက်ရှုမြန်ခြင်းဟာ ကြီးမားတဲ့ ပြသနာတစ်ခုအနေနဲ့ ဖြစ်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေဟာ မိနစ် ၂၀မှ ၃၀ထိကြာနိုင်ပါတယ်။ အောက်မှာပြောပြထားတဲ့အချက်တွေဖြစ်ပေါ်လာရင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူပါ။-ပထမဆုံးအကြိမ် အသက်ရှုမြန်ခြင်း ခပ်ပြင်းပြင်းရှိုက်ရှုခြင်း။-အိမ်တွင်းကုထုံးအချို့ကို ကြိုးစားလုပ်ကြည့်ပြီးတာတောင် အသက်ရှုမြန်နေသေးခြင်း။-နာကျင်ခြင်း။-ဖျားခြင်း။-သွေးထွက်ခြင်း။-စိတ်လှုပ်ရှားတာ၊စိတ်ရှုပ်ထွေးတာခံစားရခြင်း။-မကြာခဏ သက်ပြင်းချခြင်းနှင့်အာသန်း ခြင်း။-နှလုံးခုန် တဒိတ်ဒိတ်မြန်လာခြင်း။-မူးဝေခြင်း ချာလပတ်ရမ်းနေအောင်မူးခြင်း။-ခြေ လက်နဲ့ပါးစပ်တစ်ဝိုက်နားမှာ ထုံနာ ကျင်နာဖြစ်ခြင်း။-ရင်ဘတ်ထဲပြည့်ကျပ်ခြင်း၊ရင်ဘတ်ထဲဖိထားသလိုဖြစ်နေခြင်း၊ ထိရင်နာခြင်းနှင့် နာကျင်နေခြင်း။တစ်ခြားလက္ခဏာတွေလည်း မကြာခဏဖြစ်နိုင်ပါတယ် အသက်ရှုမြန်ခြင်းနဲ့သိပ်ဆက်စပ်မှုမရှိပေမယ့်ပေါ့။ တစ်ချို့သော ရောဂါလက္ခဏာတွေကတော့။-ခေါင်းကိုက်ခြင်း။-လေပွခြင်း ဒါမှမဟုတ် ကျွတ်ထိုးခြင်း။-ချွေးပြန်ခြင်း။-အမြင်အာရုံပြောင်းခြင်း ဥပမာ ဝါးခြင်းနှင့် မှောင်မှောင်မည်းမည်း မြင်နေခြင်း။-မှတ်ဉာဏ်များချို့ယွင်းခြင်း ဒါမှမဟုတ် အာရုံမစိုက်နိုင်ခြင်း။-သတိလစ်ခြင်း (မေ့လဲခြင်း)။သင့်မှာ အဲ့လိုခဏခဏဖြစ်တတ်တဲ့လက္ခဏာတွေရှိရင် သင့်ဆရာဝန်ကိုအသိပေးပါ။ သင့်မှာ အသက်ရှုမြန်ခြင်းရောဂါရနေနိုင်ပါတယ်။ ဒီရောဂါဟာသေချာရှင်းပြလို့မရပါဘူး ပြီးတော့ ကြောက်လန့်စိတ်လှုပ်ရှားရင်ဖြစ်တဲ့ရောဂါနဲ့လည်းလက္ခဏာတွေကဆင်တူနေတတ်ပါတယ်။ ဒီဟာတွေကို ပန်းနာရင်ကြပ်ရောဂါနဲ့လည်းလွဲမှားအမည်တပ်တပ်ကြပါတယ်။(အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)။(အပေါ်မှာ ပြောတဲ့ လက္ခဏာတွေ သင့်ဆီရှိခဲ့တယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းမေးစရာတွေရှိခဲ့တယ်ဆိုပါက သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်က ပုံစံမတူစွာတုံ့ပြန်တတ်ပါတယ်။ အဲ့ဒါကြောင့် သင်နဲ့ ဘယ်အရာက အဆင်ပြေဆုံးဖြစ်မလဲဆိုတာကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။)။အသက်ရှုမြန်ခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ ဒီအခြေအနေတွေကိုအများဆုံးဖြစ်စေတာတွေကတော့ စိုးရိမ်ပူပန်ခြင်းတွေ၊ထိတ်လန့်ခြင်းတွေ၊စိတ်ရှုပ်ထွေး ပင်ပန်းရတာတွေ ဒါမှမဟုတ် စိတ်ဖိစီးမှုတွေက ပိုမိုဖြစ်ပွားစေပါတယ်။ ထိတ်လန့်တုန်လှုပ်ခြင်းကနေမှမကြာခဏ ဖြစ်ပွားတတ်ပါတယ်။ အခြားအကြောင်းအရင်းတွေကတော့။-သွေးထွက်ခြင်း။-လှုံ့ဆော်ချက်တွေကို အသုံးချခြင်း။-ဆေးများအလွန်အကျွံသုံးစွဲခြင်း။-အရမ်းနာကျင်ခြင်း။-ကိုယ်ဝန်ဆောင်ချိန်။-အဆုတ်မှာပိုးဝင်ခြင်း။-အဆုတ်ရောဂါများဖြစ်တဲ့ COPD ဒါမှမဟုတ် ပန်းနာရင်ကြပ်ရောဂါ။-နှလုံးရောဂါအခြေအနေများ ဥပမာ heart attack။-diabetic ketoacidosis (type 1 ဆီးချိုသမားများတွင် သွေးတွင်းအချိ ုဓါတ်အလွန်အမင်းတက်ခြင်းကြောင့် တွေ့ရသောနောက်ဆက်တွဲပြသနာ)။-ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း။-အမြင့်ပေ ၆၀၀၀မှ ခရီးသွားခြင်း။-အသက်ရှုမြန်ခြင်းရောဂါ။(အခြားအချက်အလက်တွေသိရဖို့ သင့်ဆရာဝန်နဲ့တိုင်ပင် ဆွေးနွေးပါ။)။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က လူနာကို ခပ်မြန်မြန်စမ်းသပ်ပါမယ် အထူးသဖြင့် သွေးလှည့်ပတ်ခြင်းဆိုင်ရာနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာကို စမ်းသပ်ပါလိမ့်မယ်။ တကယ်လို့ ဆရာဝန်က ရုတ်တရက်အသက်အန္တရာယ်ဖြစ်စရာမတွေ့ခဲ့ဘူးဆိုရင် သင့်ရဲ့ဖြစ်စဉ်ရာဇဝင်နဲ့ ကိုယ်ခန္ဓါ စမ်းသပ်စစ်ဆေးခြင်းကို လုပ်ပါလိမ့်မယ်။ လူနာရဲ့ ရောဂါလက္ခါ အခြေအနေတွေကို ရှာဖွေဖော်ထုတ်ဖို့အတွက် တစ်ချို့သောစမ်းသပ်မှုများကို ပြ ုလုပ်ပါလိမ့်မယ်။ အသက်ရှုမြန်ခြင်းရောဂါလို့နာမည်တပ်သေချာပေါက်ပြောနိုင်ဖို့အတွက် တစ်ခြားသောအကြောင်းအရင်းတွေကို ဖယ်ထုတ်မှသာရတာကြောင့်ဒီလို စမ်းသပ်စစ်ဆေးမှုတွေကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။ လူနာကို သွေးကြောမှာ အပ်စိုက်ထားပြီး စောင့်ကြည့်တဲ့ စက်တွေလူနာမှာတပ်ထားမှာပါ။ အဲ့အချိန်မှာဆရာဝန်ကနေ။-သွေးလွှတ်ကြောထဲမှသွေးနမူနာကိုစမ်းခြင်း။-တစ်ခြားသွေးစစ်ခြင်းများ။-ရင်ဘတ် ဓါတ်မှန်ရိုက်ကြည့်ခြင်း။-အသက်ရှုထုတ်ခြင်း၊ပြန့်နှံခြင်း စကင်န် ရိုက်ခြင်း။-ရင်ဘတ်ကို CTရိုက်ခြင်း။-နှလုံးစက်ဆွဲခြင်းတို့ ပြ ုလုပ်နေပါမယ်။တကယ်လို့ ဆရာဝန်က လူနာမှာ အသက်ရှုမြန်ခြင်းရောဂါထက်ပိုဆိုးတာကိုသံသယရှိခဲ့ပါက ဆေးရုံတက်ပြီး တစ်ခြားစမ်းသပ်စစ်ဆေးခြင်းတွေလုပ်ဖို့နဲ့ကြည့်ရှုစောင့်ကြည့်ဖို့ အကြံပေးပါလိမ့်မယ်။ အသက်ရှုမြန်ခြင်းကြောင့် ဖြစ်တဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေတွေကတော့။-နှလုံးရောဂါပြသနာများ။-အဆုတ်ရောဂါပြသနာများ။-ဦးနှောက်နှင့်အာရုံကြောဆိုင်ရာပြသနာများ။-ဆေးမတည့်ခြင်းနှင့် အဆိပ်မိခြင်းများ။-ပိုးဝင်ခြင်း။-ကိုယ်ဝန်ဆောင်ချိန်။-အသည်းရောဂါများ။ရုတ်တရက်ဖြစ်တဲ့ အသက်ရှုမြန်ခြင်းမျိုးမှာ စိတ်ငြိမ်ငြိမ်ထားဖို့ စိတ်အေးဖို့ ကြိုးစားမှုဟာ အရေးပါပါတယ်။ တစ်စုံတစ်ယောက်ကသင့်ဘေးကနေ နည်းပေးလမ်းပြလုပ်ပေးနေရင်ပိုပြီးကူညီရာရောက်ပါတယ်။ကုသမှုရဲ့ ပန်းတိုင်ကတော့ ဖြစ်နေချိန်မှာ အသက်ရှုနှုန်းကိုလျှော့ချဖို့ရယ်နဲ့ သင့်ခန္ဓါကိုယ်တွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ကို တိုးပေးနိုင်ဖို့ဖြစ်ပါတယ်။အိမ်တွင်းကုထုံးများ။ရုတ်တရက်ဖြစ်တဲ့အသက်ရှုမြန်ခြင်းကိုကုသဖို့ နည်းလမ်းတစ်ချို့ကိုသုံးပြီး ကြိုးစားကြည့်နိုင်ပါတယ်။-နှုတ်ခမ်းကိုစူပြီး အသက်ရှုခြင်း။-စက္က ူအိတ်ထဲကို လေဖြည်းဖြည်းချင်းရှုသွင်းခြင်း ဒါမှမဟုတ် လက်ခုပ်ထဲကို လေရှုသွင်းခြင်း။-ရင်ဘတ်နဲ့အသက်ရှုခြင်းထက် ဝမ်းဗိုက်ပိုင်းနဲ့အသက်ရှုခြင်း။၁၀မိနစ် ၁၅မိနစ်လောက်အသက်အောင့်ထားခြင်း။သင့်ရဲ့နှာခေါင်းနဲ့ တစ်လှည့်စီအသက်ရှုခြင်း။ သင့်ပါးစပ်ကို ပိတ်ထားပြီး နှာခေါင်းတစ်ဖက်စီနဲ့အသက်ရှုခြင်း။ ပြောရရင်တော့ ပါးစပ်ကိုကာထားပြီး၊ ညာဘက်နှာခေါင်းကိုပိတ်ထားပြီး ဘယ်ဘက်နှာခေါင်းကနေ ရှုခြင်းမျိုးကို ဆိုလိုတာပါ။ နောက်တစ်ခါ ဘယ်ဘက်နှာခေါင်းကို ပိတ်ထားပြီး ညာဘက်နှာခေါင်းကနေရှုပါ။ ဒီလိုပုံစံကို ပုံမှန် အသက်ရှုခြင်းပြန်ရလာတဲ့အထိ ထပ်ခါထပ်ခါလုပ်ပါ။ တစ်ချို့လူတွေကတော့ ပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်ခြင်း၊ခပ်မြန်မြန်လမ်းလျှောက်ခြင်း၊ ခပ်ဖွဖွပြေးခြင်းတို့နဲ့ အသက်ရှုသွင်း ရှုထုတ်တာကို သင့်နှာခေါင်းကနေ လုပ်ပေးတာကလည်း အသက်ရှုမြန်ခြင်းကို သက်သာစေပါတယ်။စိတ်ဖိစီးမှုတွေကိုလျှော့ချခြင်း။တကယ်လို့သင့်မှာ အသက်ရှုမြန်ခြင်းရောဂါရှိနေခဲ့ရင် သင်က ဘယ်အကြောင်းအရာတွေက ဖြစ်စေတာလဲဆိုတာ ရှာဖွေချင်မှာပါ။ သင်က စိတ်ပူပန်မှုများခြင်း၊စိတ်ဖိစီးမှုများခြင်းတွေ ရှိခဲ့ရင် စိတ်ရောဂါအထူးကုနဲ့ ပြပြီး ကုသမှုခံယူသင့်ရင် ခံယူရမှာပါ။ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်အောင်ကြိုးစားခြင်းနှင့် အသက်ရှုတဲ့နည်းလမ်းတွေကိုသိရှိခြင်းက သင့်ရဲ့အခြေအနေကို ထိန်းချုပ်နိုင်စေမှာပါ။အပ်စိုက်ကုသခြင်း။အပ်စိုက်ကုသခြင်းကလည်း အသက်ရှုမြန်ခြင်း ရောဂါအတွက် ထိရောက်ပါတယ်။ အပ်စိုက်ကုသခြင်းဆိုတာ ရှေးကျတဲ့တရုတ်ရိုးရာ ဆေးနည်းပေါ်အခြေခံထားတဲ့ကုသခြင်းပါပဲ။ အပ်သေးသေးလေးတွေကို ခန္ဓါကိုယ်ပေါ်မှာ နေရာချထားပြီး ထိုးစိုက်ပြီး အနာကျက်မြန်အောင် လုပ်ခြင်းဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တစ်ခုကတော့ အပ်စိုက်ကုသခြင်းက စိုးရိမ်ပူပန်မှုတွေကိုလျှော့ချစေပြီးတော့ အသက်ရှုမြန်ခြင်းပြသနာကို ကူညီနိုင်တယ်လို့တွေ့ရှိရပါတယ်။ဆေးသောက်ခြင်း။ဘယ်လောက်ဆိုးလဲဆိုတာပေါ် ်မူတည်ပြီး သင့်ဆရာဝန်က သင့်ကိုဆေးတွေ သောက်ဖို့ညွှန်းပါလိမ့်မယ်။ အသက်ရှုမြန်ခြင်းအတွက် သောက်ရမယ့်ဆေးတွေရဲ့ ဥပမာတွေကတော့။-alprazolam(Xanax)။-doxepin(silenor)။-paroxetine (paxil)။အသက်ရှုမြန်ခြင်းကို ကူညီပေးနိုင်မယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေကဘာတွေလဲ။အောက်ပါ လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများ။ကနေပြီး အသက်ရှုမြန်ခြင်းကိုသက်သာစေဖို့ကူညီနိုင်မှာပါ။-တရားမှတ်ခြင်း။-နှာခေါင်းတစ်ဖက်စီပြောင်းပြီး အသက်ရှုခြင်း၊အသက်ကို ရှိုက်ရှုခြင်း၊ အသက်ကို ဝအောင် ရှုခြင်း။-စိတ်နဲ့ခန္ဓါကိုယ်အတွက် လေ့ကျင့်ခန်းများ ဥပမာ ထိုက်ချိ၊ယောဂ။-လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း(လမ်းလျှောက်ခြင်၊ပြေးခြင်း၊စက်ဘီးစီးခြင်း၊ အစရှိသဖြင့်)။အသက်ရှုမြန်ခြင်းရဲ့ လက္ခဏာတွေတွေ့ကြုံ ခံစားလာရပါက စိတ်ကောကိုယ်ပါ ငြိမ်ငြိမ်သက်သက်နေနိုင်ဖို့ကြိုးစားပါ။ သင့်အသက်ရှုမှုကို ပုံမှန်ပြန်ဖြစ်စေဖို့ အိမ်တွင်းကုထုံး နည်းလမ်းတွေကို ကြိုးစားကြည့်ပြီး ဆရာဝန်နဲ့သွားတွေ့ဖို့ ကြိုးစားပါ။ အသက်ရှုမြန်ခြင်းကို ကုသလို့ရပါတယ် ဒါပေမယ့် သင့်မှာအခြေခံ ပြသနာတွေရှိနေနိုင်ပါသေးတယ်။ သင့်ဆရာဝန်က ပြသနာရဲ့အရင်းအမြစ်ကိုသေချာရှာပြီး သင့်တော်တဲ့ကုသမှုပေးဖို့ကူညီပါလိမ့်မယ်။(တကယ်လို့ သင့်ဆီမှာ မေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံး အဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/hyperventilation-%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%9b%e1%80%be%e1%80%af%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-2/
ဘယ်လို ဗိုက်အောင့် ခြင်းတွေက အရေးပေါ်ကုသမှု လိုအပ်သလဲ
လူနာကဗိုက်အောင့် လို့ဆရာရေလို့ ပြောပြီဆိုရင် ဆရာဝန်ခမျာ ရောဂါပေါင်းစုံကို စဉ်းစားရပါတယ်။ ဗိုက်အောင့်တယ်ဆိုတာက ရောဂါမျိုးစုံရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖြစ်သမျှရောဂါတွေက ဗိုက်အောင့်တာနဲ့ လာတတ်ပါတယ်။ ခက်တာကအစာအိမ်နဲ့ အူလမ်းကြောင်းမှာ ကိုယ်တွင်းအင်္ဂါတွေမှ အများကြီး။ ဒါတင်ပဲလားဆိုတော့ အူလမ်းကြောင်းနဲ့ မဆိုင်တဲ့ အဆုတ်ရောဂါ၊နှလုံးသွေးကြောကျဉ်း၊ ဝမ်းဗိုက်ထဲက သွေးကြောပေါက်တဲ့ ပြဿနာတွေမှာလည်း ဗိုက်အောင့်နိုင်ပါသေးတယ်။ ဒါကြောင့် ဘယ်လို ဗိုက်အောင့် ခြင်းတွေက အရေးပေါ်ကုသမှု လိုအပ်သလဲ ဆိုတာက အရေးကြီးပါတယ်။သာမန်လေထိုးလေအောင့်ကစလို့ နှလုံးရောဂါတွေထိ ဗိုက်အောင့်နေတာဆိုတော့ ဆရာဝန်အနေနဲ့လည်း ရောဂါရှာရခက်ပါတယ်။ လူနာအနေနဲ့လည်း ဗိုက်အောင့်ရင် ဆေးရုံသွားဖို့ လိုသလား၊ မလိုဘူးလားဆိုတာကို သိဖို့ ခက်ပါတယ်။ ဒါကြောင့် ဘယ်လိုဆိုရင်တော့ အရေးပေါ်ကို ချက်ချင်းသွားပြီး ကုရမယ်။ ဘယ်လိုဆိုရင်တော့ စောင့်ကြည့်ကြမယ်ဆိုတာကို ပြောပြပေးပါ့မယ်။လူတိုင်း ဗိုက်အောင့်ဖူးပါတယ်။ ဒါပေမယ့် ဒီလိုလူတွေ ဗိုက်အောင့်ရင်တော့ သတိထားရပါမယ်။ဒါဆိုရင်တော့ ဗိုက်အောင့်တာ မကြာသေးဘူးဆိုရင်တောင် ဆေးရုံသွားသင့်ပါတယ်။တစ်ခါတလေမှာ ဗိုက်အောင့်တာ သက်သက် မဟုတ်ဘဲ တခြားလက္ခဏာတွေနဲ့ တွဲနေနိုင်ပါတယ်။ အောက်က လက္ခဏာတွေနဲ့ တွဲနေရင် အရေးပေါ်ဌာနကို အမြန်ဆုံး သွားသင့်ပါတယ်။ဒီလက္ခဏာတွေတော့ မရှိဘူး။ ဗိုက်အောင့်တာ တစ်ခုတည်းပဲ။ ဒါပေမယ့် ဗိုက်အောင့်တာက ပိုပိုပြီး ဆိုးလာတယ်၊ နာတဲ့နေရာက ပိုပိုပြီး ကြီးလာတယ်ဆိုရင်လည်း သတိထားရမှာပါ။အပေါ်က လက္ခဏာတွေ ရှိနေရင်တော့ ညသန်းခေါင်ပဲ ဖြစ်နေပါစေ။ ဆေးရုံကို ရောက်အောင် သွားရမှာပါ။ နောက်ကျရင် အသက်အန္တရာယ် ရှိနိုင်လို့ပါ။ ဒါကြောင့် အရေးပေါ် အခြေအနေလို့ ခေါ်တာပါ။အရေးပေါ် မဟုတ်ပေမယ့် ‘အရေးကြီး’ တဲ့ အခြေအနေဆိုတာကတော့ တစ်ရက် ၂ရက်အတွင်း ဆေးရုံဆေးခန်း သွားပြသင့်တဲ့ အခြေအနေပါ။ ချက်ချင်းကြီး အရေးပေါ် ဌာန သွားစရာ မလိုပေမယ့် ရက်ပိုင်းအတွင်း ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဒါတွေကတော့ ဗိုက်အောင့်တာအပြင်။ဒါဆိုရင်တော့ ရက်ပိုင်းအတွင်းမှာ ဆရာဝန်နဲ့ ပြကြည့်ပြီး ရောဂါအဖြေ ရှာသင့်ပါတယ်။ကိုယ်ခံစားနေရတဲ့ ဗိုက်အောင့်တာက အပေါ်က ပြောခဲ့တဲ့အချက်တွေထဲမှာ မပါဘူး။ ဆိုလိုတာက အရေးပေါ်လည်း မဟုတ်၊ အရေးကြီးလည်း မဟုတ်။ ဒါပေမယ့် ဗိုက်တော့ အောင့်နေတယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ သာမန် ဗိုက်အောင့်တာကတော့ နာရီပိုင်းလောက် နေရင် သူ့အလိုလို ပြန်ကောင်းသွားကြပါတယ်။ အများစုကလည်း။သူတို့တွေကတော့ အောက်က လေလည်ရင်ဖြစ်ဖြစ်၊ အပေါ်က လေတက်ရင်ဖြစ်ဖြစ် သက်သာသွားကြပါတယ်။ Stomach flu ဆိုရင်လည်း ကိုယ်ထဲက ဗိုင်းရပ်စ်တွေ ကုန်သွားရင် သက်သာသွားပါတယ်။ဒီနည်းတွေနဲ့ တစ်ရက်၊ နှစ်ရက်လောက် စောင့်ကြည့်ပြီး မသက်သာရင် ဆေးခန်းသွားပါ။ဗိုက်အောင့်တာက အရေးပေါ်လား၊ အရေးကြီးလား မသိဘူး။ အပေါ်က ပြောထားတာတွေနဲ့လည်း မတူဘူး။ အောင့်တော့ အောင့်နေတာပဲဆိုရင်တော့ နီးစပ်ရာ ဆရာဝန်ဆီ သွားပါ။ စစ်ဆေး မေးမြန်းမှုကို ခံယူပြီး လမ်းညွှန်တဲ့အတိုင်း လိုက်နာဖို့ အကြံပေးချင်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/stomach-pain-that-needs-emergency-care/
အစာအိမ်ထွက်ပေါက် (သို့မဟုတ်) အူသိမ်အ၀ ကျဉ်းမြောင်းခြင်း
အစာအိမ်ကနေ အူသိမ်ကို ဆက်သွယ်ထားတဲ့နေရာမှာ ပိုင်လောရပ်စ် pylorous လို့ခေါ်တဲ့အဆို့ရှင်ကြွက်သားရှိပါတယ်။ အဆိုပါကြွက်သားဟာ အစာအိမ်ထွက်ပေါက်ကို အကျဉ်းအကျယ် ပြုလုပ်ပေးနိုင်ပြီး အစားအစာတွေကို သေချာစွာ မချေဖျက်ထားခင်မှာ အူထဲကို ရောက်ရှိမသွားအောင် ထိန်းထားပေးနိုင်ပါတယ်။တခါတရံမှာ အကြောင်းအမျိုးမျိုးကြောင့် အဆို့ရှင်ကြွက်သားဟာ ထူထဲပြီး ထွက်ပေါက်ကျဉ်းမြောင်းသွားခြင်းမျိုး ဖြစ်နိုင်ပါတယ်။ အဆိုပါအခြေအနေကို အစာအိမ်ထွက်ပေါက် (သို့မဟုတ်)အူသိမ်အ၀ ကျဉ်းမြောင်းခြင်းPyloric stenosis လို့ ခေါ်ဝေါ်ပါတယ်။ ကြွက်သားဟာ အရမ်းထူသွားတဲ့အခါ အစာအိမ်ကထွက်လာတဲ့ အစာများဟာ အူသိမ်ထဲကို မရောက်နိုင်ဘဲ ပိတ်ဆို့သွားစေပါတယ်။အဓိကကြုံတွေ့ရတဲ့ လက္ခဏာကတော့အစာအိမ်အူလမ်းကြောင်းပြဿနာတွေပဲ ဖြစ်ပါတယ်။ မွေးရာပါ အစာအိမ်ထွက်ပေါက်ကျဉ်းနေတဲ့ ကလေးငယ်များဟာ မွေးခါစမှာ သိပ်ပြီးမသိသာပါဘူး။ နောက်ပိုင်းမှာမှ လက္ခဏာဖြည်းဖြည်းချင်းပြလာနိုင်ပါတယ်။ အစာအိမ်ထွက်ပေါက် ကျဉ်းမြောင်းနေသူတွေမှာ အောက်ပါလက္ခဏာတွေ ကြုံနိုင်ပါတယ်။အစာအိမ်နဲ့ အူသိမ်အကြားမှာ အဆို့ရှင်ကြွက်သားဟာ ထူထဲလွန်းတဲ့အတွက်ကြောင့်ပျို့အန်ခြင်းဟာ တဖြည်းဖြည်းဆိုးလာနိုင်ပါတယ်။ မကြာခဏ ထိုးအန်နိုင်ပါတယ်။ ကလေးငယ်တွေမှာတောင် အရှိန်နဲ့ ထိုးအန်နိုင်ပါတယ်။အစာအိမ်ထွက်ပေါက် အဆို့ရှင်ကြွက်သားထူထဲပြီး ပိတ်ဆို့ခြင်းဟာ အစားအစာတွေကိုပဲ ပိတ်ဆို့စေတာ မဟုတ်ပါဘူး။ အရည်များပါ အူထဲကို မဝင်နိုင်အောင် တားဆီးထားနိုင်ပါတယ်။ ဒါကြောင့် ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်လာနိုင်ပါတယ်။အစာအိမ်ထွက်ပေါက်ကျဉ်းနေတဲ့ ကလေးတွေမှာ ဆာလောင်တဲ့အတွက် မကြာခဏ နို့တောင်းခြင်း၊ အစားတောင်းခြင်း၊ ဂျီကျခြင်းများ ဖြစ်နိုင်ပါတယ်။အူထဲကို အစာနဲ့ရေ လုံလောက်စွာ မရောက်တဲ့အတွက် ဝမ်းကောင်းကောင်းမသွားခြင်း ဖြစ်နိုင်ပါတယ်။အစာအိမ်နဲ့ အူသိမ်ကြားမှာ ပိတ်ဆို့နေတာကြောင့် အစာတွေကို ဖြတ်သန်းသွားနိုင်အောင် အစာအိမ်ကြွက်သားက တွန်းပို့ဖို့ အားထုတ်ပါတယ်။ တဖက်မှာလည်း ပိတ်ဆို့နေပါတယ်။ အဆိုပါ အခြေအနေမှာ ဝမ်းဗိုက်မှာ လှိုင်းထသလိုဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်းများ ဖြစ်နိုင်ပါတယ်။အစာအိမ်ထွက်ပေါက်ကျဉ်းမြောင်းခြင်းကို ဖြစ်စေရတဲ့ အကြောင်းအရင်းကို မသိရသေးပါဘူး။ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်အခြေအနေတွေပေါ် မူတည်မယ်လို့ အကြမ်းဖျဉ်းယူဆရပါတယ်။ အထူးသဖြင့် အောက်ပါအခြေအနေများနဲ့ ဆက်စပ်နေပါတယ်။ကျား/မ။အမျိုးသားများမှာ ပိုဖြစ်တတ်ပါတယ်။မိသားစုရာဇဝင်။မိသားစုတွင်းမှာ ဖြစ်ဖူးသူရှိရင် ပိုပြီးဖြစ်နိုင်ခြေ ရှိပါတယ်။လူမျိုး။ဥရောပမြောက်ပိုင်း ကော့ကေးရှန်းများမှာ ပိုအဖြစ်များပြီး အာဖရိကန်-အမေရိကန်၊ အာရှနိုင်ငံများမှာ ပိုအဖြစ်နည်းပါတယ်။ဆေးလိပ်။ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ မိခင်ဟာ ဆေးလိပ်သောက်ရင် ကလေးမှာ ဖြစ်နိုင်ခြေ မြင့်ပါတယ်။အစာအိမ်ထွက်ပေါက်ကြွက်သား ကျဉ်းမြောင်း/ပိတ်ဆို့နေတယ်လို့ ဆရာဝန်က သံသယရှိရင် ရောဂါရာဇဝင်မေးခြင်း၊ ဝမ်းဗိုက်ကို စမ်းသပ်ခြင်း စတာတွေ ပြုလုပ်ပေးပါလိမ့်မယ်။ လိုအပ်ရင် ပုံရိပ်ဖော်စစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။အစာအိမ်ထွက်ပေါက်ကျဉ်းမြောင်းနေရင်တော့ ကုသမှုခံယူရမှာ ဖြစ်ပါတယ်။ အဆိုပါရောဂါဟာ သူ့ဖာသာ ပြန်မကောင်းနိုင်တဲ့အတွက် ဖြစ်ပါတယ်။ များသောအားဖြင့် ခွဲစိတ်ကုသမှု ခံယူရပါတယ်။ သမားရိုးကျနည်းနဲ့ ခွဲစိတ်နိုင်သလို မှန်ပြောင်းသုံးခွဲစိတ်နည်းနဲ့လည်း ကုသနိုင်ပါတယ်။ထူထဲနေတဲ့ အဆို့ရှင်ကြွက်သားကို ဖြတ်ထုတ်ပြီး လိုအပ်သလို ပြုပြင်ခွဲစိတ်ပါလိမ့်မယ်။ မကြာခဏပျို့အန်ခြင်းကြောင့် အရည်ဓာတ်ခန်းခြောက်နိုင်တာမို့ ခွဲစိတ်ခြင်းမပြုမီ သွေးကြောကနေ အရည်ဓာတ်တွေ ပေးသွင်းပေးရတတ်ပါတယ်။ ခွဲစိတ်မှုကတော့ တနာရီလောက်ပဲ ကြာမြင့်နိုင်ပါတယ်။ များသောအားဖြင့် ခွဲစိတ်ပြီး ရလဒ်များ ကောင်းမွန်တတ်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/pyloric-stenosis/
Gym ကနေကူးစက်နိုင်တဲ့ ရောဂါတွေကို ဒီလိုကာကွယ်ပါ
ဒီတစ်ခေါက်တော့ Gym ကနေကူးစက်နိုင်တဲ့ ရောဂါတွေကို ဒီလိုကာကွယ်ပါ ဆိုတာလေး ပြောပေးချင်ပါတယ်။ရောဂါပိုး အများဆုံး နေရာတွေက ဆေးရုံ၊ ဆေးခန်းတွေလို့ ယူဆထားကြတာ များပါတယ်။ နေထိုင်မကောင်းတဲ့သူတွေ၊ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကိုဆေးရုံကို မလိုအပ်ဘဲ မသွားကြဖို့ ပြောကြတယ်။ အကြောင်းကတော့ ရောဂါပိုးတွေ များလွန်းလို့ပါ ဆိုတဲ့ အချက်ပါ။ ဒီနေရာတွေတင် ရောဂါပိုး များတာလား ဆိုတော့ မဟုတ်ပါဘူး။ ကျန်းမာအောင် ဆိုပြီး နေ့တိုင်း သွားနေမိတဲ့ Gymမှာလည်း မျက်စိနဲ့ မမြင်ရတဲ့ ရောဂါပိုးတွေ ဒုနဲ့ဒေးပါ။ ဒါကြောင့် Gym ကနေကူးစက်နိုင်တဲ့ ရောဂါတွေကို ဒီလိုကာကွယ်ပါ လို့ အကြံပေးချင်ပါတယ်။Gymက ရောဂါပိုးများတယ်။ ရောဂါကူးမှာစိုးလို့ Gym မသွားတော့ဘူးတော့ မလုပ်ပါနဲ့။ ခန္ဓာကိုယ်လေး ဝလာမှာ စိုးလို့ပါ။Gymက ရောဂါပိုး များတာ မှန်ပေမယ့် ကာကွယ်လို့ ရပါတယ်။ချွေးထွက်များတဲ့ နေရာမှာ ချွေးကနေ တဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ အများကြီး ကူးစက်နိုင်ပါတယ်။ လူပေါင်းစုံ အားကစား လုပ်နေတဲ့ Gym က ရောဂါပိုးတွေကို လက်ခံထားတဲ့ နေရာကြီးပေါ့။ အထူးသဖြင့် ကတော့ အရေပြား ပြဿနာတွေ ကူးစက်ခံရနိုင် တာပါ။Gymက ပိုးတွေ များလို့ ကြောက်လိုက်တာ။ Gym မသွားရဲတော့ဘူး လို့ တွေးနေတယ် ဆိုရင်တော့ ဆောင်းပါးလေးကို ဆုံးအောင် ဖတ်ကြည့်ဖို့ ပြောပါရစေ။ Gym ကနေကူးစက်နိုင်တဲ့ ရောဂါတွေကို ဒီလိုကာကွယ်လို့ ရပါတယ်။ဒီအချက်လေးတွေကို ဂရုစိုက်လို့ Gym ကနေ ကူးစက်နိုင်တဲ့ ရောဂါပိုးတွေကို ကာကွယ်ပြီး ခန္ဓာကိုယ်လေး ကျစ်လျစ်လှပအောင် လုပ်ဆောင်လိုက်ပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/diseases-that-infected-from-gym/
အသားစိမ်းတွေကို တာရှည်ခံအောင် ရေခဲသေတ္တာထဲ ဘယ်လိုသိမ်းထားသင့်လဲ
ခုခေတ် အိမ်ရှင်မတွေထဲမှာ နေ့တိုင်းစျေးသွားပြီး ချက်ပြုတ်စားသောက်တဲ့သူ အတော်ကိုနည်းသွားပါပြီ။အိမ်အလုပ်က တစ်ဖက်၊ အခြားအပြင်အလုပ်ကတစ်ဖက် တွဲပြီးလုပ်လာကြတဲ့သူ များလာတာကြောင့်ရေခဲသေတ္တာဆိုတာ အိမ်ထောင်ရှင် အမျိုးသမီးတွေအတွက် အဆင်အပြေဆုံး ပစ္စည်းသိမ်းဆည်းစရာ နေရာဖြစ်လာပါပြီ။ဒါပေမယ့် ရေခဲသေတ္တာထဲမှာ စားစရာတွေကို သေချာမသိမ်းထားတတ်ရင်ကျန်းမာရေးအပေါ် ဆိုးကျိုးတွေ အများကြီးသက်ရောက်နိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ အသားစိမ်းတွေပေါ့။အသားစိမ်း၊ ငါးစိမ်းဆိုတာ ဘက်တီးရီးယားတွေ အပြည့်ဖြစ်နေတတ်လို့ သေချာမသိမ်းထားရင် ရေခဲသေတ္တာဆိုတာဘက်တီးရီးယားတို့ ပေါက်ဖွားရာ အသိုက်အမြုံကြီး ဖြစ်သွားနိုင်ပါတယ်။ရေခဲသေတ္တာထဲ ထည့်ထားလို့ အသားငါးတွေ လုံးဝပုပ်မသွားနိုင်ဘူးဆိုတဲ့ အယူအဆကလည်း မှားနေတဲ့အရာတစ်ခုပါ။ ရေခဲသေတ္တာထဲ ဘယ်လောက်ထည့်ထည့် အသားတွေမှာလည်း သက်တမ်းကုန်ဆုံးရက်ရှိပါတယ်။ ဒီတော့ အသားငါးတွေကို ရေခဲသေတ္တာထဲ ဘယ်လိုသိမ်းဆည်းမလဲ၊ ဘယ်လောက်တာရှည်ခံနိုင်မလဲဆိုတာ အိမ်တစ်အိမ်ရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးတာဝန်ယူထားတဲ့အိမ်ရှင်မတိုင်း သိထားဖို့ လိုတယ်နော်။အသားတွေ သိမ်းဆည်းတဲ့အကြောင်း မပြောခင် ရေခဲသေတ္တာအကြောင်း အရင်သိဖို့လိုပါတယ်။ ရေခဲသေတ္တာဆိုတာ အေးခဲနေတဲ့ နေရာတစ်ခုဖြစ်ပေမယ့် သူ့ကိုအကြမ်းအားဖြင့် အကန့် ၂ကန့် ခွဲထားတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ ရေခဲ​စေတဲ့ အပေါ်ကန့်နဲ့ ဒီအတိုင်းအအေးဓာတ်ပေးတဲ့ အောက်အကန့်အကျယ်ကြီး ၂ခုပေါ့။ အသားတွေကို ထုတ်ပိုးသိမ်းဆည်းတဲ့နေရာမှာ ဒီအကန့်တွေကလည်း အလွန်အရေးကြီးပါတယ်။အမဲသား၊ ဝက်သားတို့ဆိုတာ ရေခဲသေတ္တာ အောက်အကန့်မှာဆိုရင် ၅ရက်လောက် အထားခံပြီး အပေါ်ကန့် အခဲခန်းထဲမှာဆိုရင် ၁နှစ်လောက်ထိ ပျမ်းမျှအားဖြင့် သိမ်းဆည်းထားနိုင်ပါတယ်။ အေးခဲပြီး အနုတ်ပြနေတဲ့ အပူချိန်မျိုးတော့ ဖြစ်ဖို့လိုပါတယ်။ကြက်သား၊ အမဲသား၊ ဝက်သားစသဖြင့် အသားတွေကို ဓားနဲ့ နုတ်နုတ်စဉ်းထားတာ၊ သေချာကြိတ်ထားတာမျိုးဆိုရင် ရေခဲသေတ္တာအောက်အကန့်ထဲမှာ ၂ရက်လောက်ပဲ အထားခံပြီး အပေါ်ကန့်မှာဆိုရင်တော့ ၄လလောက်ထိ အခဲခံထားလို့ရပါတယ်။ ငါးတွေဆိုရင်လည်း ဒီအချိန်လောက်ပဲ အထားခံပါတယ်။ကိုရီးယားကင်လို့လည်း လူသိများတဲ့ အသားချောင်းတွေအပြင် တခြား အေးခဲထားလို့ရတဲ့ အသင့်ကြော်စားရုံ အစားအစာတွေဆိုရင် အထုပ်မဖွင့်ခင် ရေခဲသေတ္တာ အောက်အကန့်ထဲမှာ အနည်းဆုံး ၂ပတ်လောက်ခံပြီး ဖွင့်ပြီးသားအထုပ်ကိုတော့ ၅ရက်အတွင်း ကုန်အောင်စားပေးရပါမယ်။ရေခဲတဲ့ အကန့်ထဲမှာ သိမ်းထားမယ်ဆိုရင်တော့ ၁လ ကနေ ၂လလောက်ထိ ခံပါတယ်။ဝက်ပေါင်ခြောက်ကတော့ ရေခဲသေတ္တာ အောက်အကန့်မှာဆိုရင် ၁ပတ်လောက်ပဲ အထားခံပြီး ရေခဲသေတ္တာ အပေါ်ကန့် အခဲခန်းထဲမှာ သိမ်းရင်တော့ ၁လလောက်ထိ အထားခံပါတယ်။ကြက်ဥအစိမ်းကိုတော့ အပေါ်ကန့် အခဲခန်းထဲမှာ သိမ်းလို့မရဘဲ အောက်အကန့်မှာသာ သိမ်းဆည်းလို့ရပါတယ်။ ပုံမှန်အားဖြင့်ကြက်ဥအစိမ်းသည် ၁လလောက်အထိ ရေခဲသေတ္တာထဲ အထားခံပြီး ပြုတ်ပြီးသားကြက်ဥဆိုရင်တော့ တစ်ပတ်ထက် ပိုမခံပါဘူး။အသားတွေကို ရေခဲသေတ္တာထဲ ဘယ်လောက်တာရှည်ခံမလဲဆိုတာ ပြောပြပြီးပြီဆိုတော့ စနစ်တကျ ဘယ်လိုသိမ်းဆည်းသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးအားလုံးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/how-to-store-raw-meats-in-fridge/
ရေကူးကန်ထဲ ရှူးမပေါက်ချပါနဲ့
ရေကူးကန်ထဲ ရှူးမပေါက်ချပါနဲ့ လို့ ဘာကြောင့် ပြောရတာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ မြင်ဖူးကြမှာပါ။ “ရေကူးကန်ထဲ အပေါ့မသွားရ” ဆိုပြီး ရေးထားတဲ့ ဆိုင်းဘုတ်လေးတွေ။ ဒါပေမဲ့ တော်တော်များများတော့ အလေးမထားဘဲ ကိစ္စက ထိပ်ဝရောက်လာတဲ့အခါမျိုးတွေမှာ ပေါက်ချလိုက်လေ့ရှိပါတယ်။ရေကူးကန်ထဲ ရှူးမပေါက်ချပါနဲ့ လို့ ပြောရတာက ရေကူးကန်ထဲ ရှူးပေါက်ချတာက ရေကူးကန်ကို ညစ်ပတ်စေရုံမက ရေကူးကန်ထဲက လူတွေအတွက် ဆိုးရွားတဲ့ကျန်းမာရေးအကျိုးဆက်တွေနဲ့ ရင်ဆိုင်ရစေနိုင်ပါတယ်နော်။ ဒါဆို ရေကူးကန်ထဲ အပေါ့စွန့်မိရင် ဘာတွေ ဖြစ်တတ်လဲ။ဆီးတင်မက ကျွန်တော်တို့ ခန္ဓာကိုယ်ပေါ်က မိတ်ကပ်၊ချိုင်းချွေးနံ့ပျောက်ဆေး၊ နေရောင်ကာ လိမ်းဆေးတွေနဲ့ ချွေးထဲမှာ ပါဝင်တဲ့ နိုက်ထရိုဂျင်ဟာ ကလိုရင်းနဲ့ ဓာတ်ပြုပြီး အဆိပ်အတောက် ဖြစ်စေတဲ့ chloramines ဆိုတဲ့ ဓာတ်ကို ထုတ်ပေးပါတယ်။ ဒီဓာတ်ဟာ မျက်လုံး နဲ့ အရေပြားကို ယားယံစေပြီး အသက်ရှူရခက်ခဲတာတွေဖြစ်စေပါတယ်။ဘယ်ရေကူးကန်ကိုမဆို E.coli ၊ Giardia နဲ့ Salmonella တို့လို ပိုးလေးတွေ ရောက်ရောက်လာလေ့ ရှိပါတယ်။ နောက်ပြီး ရေကူးသမားတွေကလည်း ရေမကူးခင် ရေချိုးတာဘာညာ လုပ်လေ့မရှိဘဲ ရေကူးပြီးမှသာ ချိုးကြတာ မဟုတ်လား။ဒါကြောင့် ရေကူးကန်တွေကိုကလိုရင်း၊ ဆိုဒီယမ် ဟိုက်ပိုကလိုရိုက်နဲ့ ကယ်လ်စီယမ် ဟိုက်ပိုကလိုရိုက်တွေ သုံးပြီး ပိုးသတ်သန့်စင်ရတာပါ။ မှန်ပါတယ်။ ကလိုရင်းက ဘက်တီးရီးယားတွေကို သတ်ပစ်ပါတယ်။ ဒါပေမဲ့ အကုန်လုံးကိုတော့ မဟုတ်ပါဘူး။ရေကူးကန်ထဲမှာ ဆီးသွားလိုက်တဲ့အခါ ဆီးထဲက ဒီကလိုရင်းတွေနဲ့ ပေါင်းစပ်ပြီး cyanogen chloride နဲ့ trichloramine ဆိုတဲ့ ပစ္စည်းနှစ်မျိုးကို ထုတ်ပေးပါတယ်။ ဒီနှစ်မျိုးက ဓာတ်မတည့်ဝေဒနာလိုမျိုး မျက်လုံးယားယံတာကိုဖြစ်စေပါတယ်။ ပြီးတော့ ဆီးကြောင့် ကလိုရင်းရဲ့ ပိုးသေစေတဲ့ အာနိသင်လည်း လျော့သွားပါတယ်။နောက်ပြီး သိထားရမှာ တစ်ချက်က ရေကူးကန် အများစုက ထွက်လာတဲ့ ကလိုရင်းနံ့ ပြင်းပြင်းဟာ ကလိုရင်း များတာထက် ဒီလို ဓာတ်ပြုရာက ထွက်လာတဲ့ အနံ့ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရေကူးကန်တွေမှာတော့ ဒီလို အနံ့ဆိုး ထွက်လေ့မရှိပါဘူးနော်။ အပေါ်မှာ ပြောခဲ့သလို ကလိုရင်းနဲ့ ဆီး ဓာတ်ပြုရာက ထွက်လာတဲ့ အဆိပ်ရှိဓာတ်ကို ပြင်းအားများများ စုဆောင်းလိုက်မယ်ဆိုရင် ဓာတုလက်နက်လိုတောင် အသုံးပြုနိုင်သေးပါသတဲ့။ဒါဆို ရေမကူးရတော့ ဘူးလား။ မဟုတ်ပါဘူး။ ရေကူးတာမှာလည်း ဒီဓာတုပစ္စည်းတွေကြောင့် ဖြစ်လာနိုင်မယ့် အန္တရာယ် နည်းနည်းကို ကာမိစေလောက်တဲ့ထိ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်တွေ အများကြီး ရှိပါတယ်။ဥပမာ အဆစ်နာခြင်းကို သက်သာစေတာတို့၊ ကြွက်သားတွေ သန်မာစေတာတို့ နဲ့ ကိုယ်ဝန်ဆောင်တွေ ကလေးတွေအတွက်လည်း အကျိုးရှိတဲ့ လေ့ကျင့်ခန်းဖြစ်နေတာမျိုးတွေပေါ့။ ဒီတော့ ရေကူးစရာရှိတာ ကူးပါ။ ရေကူးကန်ထဲတော့ အပေါ့မစွန့်နဲ့ပေါ့။ ကိုယ်တိုင်သန့်ရှင်းခြင်းနဲ့ပတ်ဝန်းကျင်ကို ကာကွယ်ကြရအောင်။ရေးသားသူ – Wathun Myet Chal။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/health-risks%e2%88%92of-peeing-swimming-pool/
ခန္ဓာကိုယ်မှာ ပိုတက်ဆီယမ်နည်းနေပြီလား..........
ပိုတက်ဆီယမ်က ခန္ဓာကိုယ်ကြီး အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးပါ။ ခန္ဓာကိုယ်က။ခန္ဓာကိုယ်မှာ ပိုတက်ဆီယမ် နည်းနေတယ်ဆိုတာသွေးတွင်းမှာ ပိုတက်ဆီယမ်နည်းနေတဲ့ အခြေအနေကိုခေါ်တာပါ။ ဒီအခြေအနေကို hypokalemia လို့လည်း ခေါ်ပါတယ်။ ကိုယ်တွင်းမှာ ပိုတက်ဆီယမ် လုံလောက်မှု မရှိတဲ့အခါကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ပိုတက်ဆီယမ်ကို နည်းစေရတဲ့ အကြောင်းအရင်းက တစ်ချက်မက ရှိနေနိုင်ပါတယ်။ သွေးတွင်း ပိုတက်ဆီယမ်ပမာဏကို နည်းစေတဲ့ အဓိကအကြောင်းအရင်းတွေကတော့။သွေးတွင်းမှာ ပိုတက်ဆီယမ်နည်းတာကို အဓိကဖြစ်စေရတဲ့ အကြောင်းအရင်းက စားသောက်တဲ့ အစားအစာတွေထဲမှာ ပိုတက်ဆီယမ်ပါဝင်မှုနည်းနေတာကြောင့်ပါ။ နောက်ထပ်ဖြစ်နိုင်သေးတာကတော့ နေ့စဉ်လုပ်နေကျအပြုအမူတွေထဲမှာ အခုလို အပြုအမူတွေကို လုပ်မိနေတာပါပဲ။များသောအားဖြင့်ကတော့ ကိုယ်တွင်းမှာ ပိုတက်ဆီယမ်နည်းနေတာကိုသွေးစစ်တာကနေတဆင့် သိနိုင်ပါတယ်။ ကိုယ်တွင်းမှာ ပိုတက်ဆီယမ်နည်းတဲ့အခါ လက္ခဏာက တစ်ခုမက ပြတတ်ကြပါတယ်။ ကိုယ်တွင်းမှာ ပိုတက်ဆီယမ် နည်းလာတဲ့အခါ။တကယ်လို့များနှလုံးခုန်နှုန်းက ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုးဖြစ်လာမယ်ဆိုရင် ဒါက သွေးတွင်းပိုတက်ဆီယမ် နည်းပါးမှုရဲ့ အပြင်းထန်ဆုံးသော နောက်ဆက်တွဲလက္ခဏာတစ်ရပ်ပါ။ နှလုံးရောဂါရှိသူတွေမှာ အခုလို လက္ခဏာတွေက အဖြစ်များပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဆရာဝန်နဲ့ သေချာပြပြီး လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုပါမယ်။ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေက။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/hypokalemia/
အသည်းရောဂါရဲ့ အစောပိုင်း လက္ခဏာတွေ က ဘာတွေများလဲ.......
ခန္ဓာကိုယ်ကြီး ကျန်းမာနေစေဖို့ဆိုရင် ကိုယ်တွင်းက အစိတ်အပိုင်းလေးတွေ တစ်ခုချင်းဆီက သူတို့ရဲ့ တာဝန်ကို ကျေပွန်ဖို့ လိုပါမယ်။ ဒီလိုကျေပွန်တဲ့အထဲမှာ ခန္ဓာကိုယ် ကျန်းမာဖို့ အဓိက အခန်းကဏ္ဍကနေ လည်ပတ်နေတဲ့အသည်းလေးကလည်း သူရဲ့ တာဝန်ကို ကျေပွန်ဖို့ လိုပါမယ်။အသည်းထိခိုက်ပျက်စီးမယ်၊ အသည်းက အရင်လို လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း မလုပ်နိုင်တော့ဘူးဆိုရင် နေ့စဉ်ဘဝရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ ခက်သွားမှာပါ။ ဒီတော့ အသည်းလေး မကျန်းမာဘူးဆိုရင် ကြိုတင် ဂရုစိုက်နိုင်စေဖို့အတွက် သိထားဖို့လိုမယ့် အသည်းရောဂါရဲ့ အစောပိုင်း လက္ခဏာတွေ ကို ပြောပြပေးသွားပါမယ်။အသည်းဆိုတာ ဝမ်းဗိုက်ရဲ့  ညာဘက်အထက်ပိုင်းနားမှာရှိတဲ့ နီညိုရောင် ခပ်ခုံးခုံး အစိတ်အပိုင်းလေးပါ။ ကျန်းမာတဲ့ အသည်းဟာ အလေးချိန်အားဖြင့် ၃ ပေါင် ဝန်းကျင် ရှိပါတယ်။ ခန္ဓာကိုယ်အတွက် မနားမနေ လုပ်ဆောင်နေတဲ့ အစိတ်အပိုင်း တစ်ရပ်ပါ။ညဘက်ကိုယ်က နှစ်နှစ်ခြိုက်ခြိုက်အိပ်နေချိန်မှာလည်း မနားမနေအလုပ်လုပ်နေတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းလေးတစ်ခုပါ။ တိတ်တိတ်လေးအလုပ်လုပ်နေပမယ့် ခန္ဓာကိုယ်ကျန်းမာဖို့အတွက် အရေးပါတဲ့ အလုပ်တွေကိုလုပ်နေတာပါ။ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေတဲ့သွေးတွေထဲကအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး စားသုံးလိုက်တဲ့ထဲမှာပါတဲ့အဆီတွေကို သိမ်းဆည်းထားပေးပါတယ်။ အစာခြေဖို့လိုအပ်တဲ့သည်းခြေရည်တွေကိုထုတ်ပေးပါတယ်။ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေထဲမှာ အကြီးဆုံးဖြစ်ပြီး အလုပ်လည်းများတဲ့ အသည်းလေးကျန်းမာနေမှ နေ့စဉ်ကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်နိုင်မှာပါ။အသည်းက မျိုးရိုးလိုက်ရောဂါတွေကြောင့် ထိခိုက်မှုတွေ ခံစားရနိုင်သလို ဘက်တီးရီးယားတွေကြောင့်လည်း ထိခိုက်နိုင်ပါတယ်။ စားသောက်နေထိုင်မှုကြောင့်လည်း ထိခိုက်သလို ဆေးဝါးတွေကြောင့်လည်း ပျက်စီးနိုင်ပါတယ်။အသည်းရောဂါက အမျိုးအစားကို လိုက်ပြီး ခံစားရတဲ့ လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။အခုပြောပြမယ့် လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ အသည်းကို လိုအပ်တဲ့ စစ်ဆေးကုသမှုတွေ ခံယူဖို့ အကြံပြုပါရစေ။အသည်းရောဂါရဲ့ အစောပိုင်း လက္ခဏာတွေ အနေနဲ့။အသည်းက ကောင်းကောင်း အလုပ်မလုပ်နိုင်တော့တဲ့အခါ အခုလို လက္ခဏာတွေ ခံစားလာရနိုင်ပါတယ်။ဒီလက္ခဏာတွေထဲက ၂ ခု ၃ ခုလောက်ခံစားရမယ်ဆိုရင်တောင် တတ်သိနားလည်သူနဲ့ အမြန်ဆုံး ပြသဖို့ အကြံပြုပါရစေ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/early-signs-of-liver-diseases/
ဇီဝကမ္မဖြစ်စဉ်ဆိုတာ ဘာလဲ ။ ။
ဇီဝကမ္မဖြစ်စဉ်ဆိုတာ ကိုယ်ခန္ဓါတွင်းပိုင်းမှာ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တစ်ုခဆိုပြီး ရှင်းရှင်းလေးသာ သိထားခဲ့ကြပေမယ့ိ ခုနောက်ပိုင်းမှာတော့ ဇီဝကမ္မဖြစ်စဉ် ကိုကိုယ်အလေးချိန် လျှော့ချတဲ့နေရာနဲ့ တွဲပြီး သိလာကြပါပြီ။ တစ်ချို့ပြောတာမျိုးတွေ ကြားဖူးမှာပါ။ဇီဝကမ္မဖြစ်စဉ်နှေးလို့ ဝိတ်မချလို့ မရဘူးဆိုတာတွေပေါ့။ တကယ်တော့ အစားအသောက်နဲ့ လေ့ကျင့်ခန်းက ကိုယ်အလေးချိန် လျှော့ချတဲ့နေရာမှာ အဓိက ၂ ခုဖြစ်ပေမယ့် ဇီဝကမ္မဖြစ်စဉ် ကိုလည်း ချန်ထားခဲ့လို့မရသေးပါဘူး။ဇီဝကမ္မဖြစ်စဉ်ဆိုတာ စားလိုက်တဲ့ အစားအသောက်တွေ၊ကယ်လိုရီတွေကို ဖြိုခွဲပြီး ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့စွမ်းအင်ထုတ်ပေးတဲ့ ဖြစ်စဉ်ကိုပြောတာပါ။ ဒီ ဖြစ်စဉ်ကြီးဟာ လူသားတွေမှာတင်ရှိတာမဟုတ်ပါဘူး။ လှုပ်ရှားသွားလာနေတဲ့ သတ္တဝါတိုင်းမှာ ရှိပါတယ်။အချုပ် ပြောရလို့ရှိရင် ကိုယ်အလေးချိန် ကျဖို့ဆို ကိုယ်စားလိုက်တဲ့ အစားအစာရဲ့ ကယ်လိုရီထက် လောင်ကျွမ်းတဲ့ ကယ်လိုရီက ပိုများနေဖို့လိုအပ်ပါတယ်။ ကယ်လိုရီတွေ လောင်ကျွမ်းဖို့ လေ့ကျင့်ခန်း များများလုပ်ပေးရမှာ ဖြစ်သလို ကယ်လိုရီတွေ လောင်ကျွမ်းပေးတဲ့ ဇီဝကမ္မဖြစ်စဉ် မြန်နေဖို့လည်း လိုအပ်ပါသေးတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/what-is-metabolism/
နွေပူပူဒဏ်ကို ရင်ဆိုင်နိုင်စေဖို့ ဘာတွေ စားမလဲ...........
ပူပြင်းတဲ့ နွေရာသီ ကာလကို ရောက်လာပြီဆိုရင် ပူပြင်းတဲ့ နေရောင်က တမျိုး၊ ချွေးထွက်များလို့ ရေဓာတ်ဆုံးရှုံးမှုက တသွယ်၊ ပြင်းထန်ခြောက်သွေ့တဲ့ ရာသီဥတုကြောင့် တစ်ဖုံ အမျိုးမျိုးအထွေထွေ ဒုက္ခတွေများလှတဲ့ ကာလပါ။ဒီလို ဥတုရာသီကာလမျိုးရောက်ပြီဆိုရင် ရင်ကို အေးစေမယ့်၊ ရေဓာတ်လည်း ဖြည့်တင်းပေးနိုင်မယ့် အစားအစာတွေ၊ အသီးအနှံတွေစားဖို့ မှီဝဲဖို့ ခေါင်းထဲ တန်းစီ စိတ်ကူးမိကြမယ်ထင်ပါတယ်။ပူပူလောင်လောင် နေ့ခင်းနေ့လည် အချိန်မျိုးမှာ အရည်ရွှမ်းရွှမ်း၊ အရသာရှိရှိနဲ့ သစ်သီး ချိုချိုမွှေးမွှေးလေးတွေကို အားရပါးရ ကိုက်စားလိုက်ရရင် ဆိုပြီးတွေးကြည့်စမ်းပါ။ တကယ် အရသာရှိမှာနော်။နွေပူပူဒဏ်ကို ရင်ဆိုင်နိုင်စေဖို့  ဘာတွေစားရမလဲ။ ဒီလို နွေပူပူမှာ ကိုယ့်ရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး ရေဓာတ်လည်း ဖြည့်ဆည်းပေးနိုင်၊ အရသာလည်းရှိပြီး လွယ်လွယ်ကူကူလည်း လက်လှမ်းမှီမှီရှာဖွေ ဝယ်ယူလိုရတဲ့ သစ်သီးလေးတွေကို ပြောပြပေးချင်ပါတယ်။နွေရာသီအတွက်ရော ဘယ်အချိန်အတွက်မဆို ကျန်းမာရေးအတွက် အကောင်းဆုံး အသီးအနှံတွေထဲမှာ သင်္ဘောသီးက ထိပ်ဆုံးကနေပါဝင်နေပါတယ်။ သင်္ဘောသီးဟာ ဗီတာမင် A ၊ C ၊ Folate နဲ့ Phytochemicals တွေပါဝင်ပါတယ်။ အစာခြေလမ်းကြောင်းကို အထောက်အကူပြုသလို၊ ရေဓာတ်လည်းကြွယ်ဝစွာပါဝင်ပြီး နွေရာသီမှာ ပုံမှန်မှီဝဲပေးသင့်တဲ့ အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ နောက်ပြီး ကိုယ်အလေးချိန်လည်း လျော့ကျစေနိုင်ပါတယ်။နွေရာသီနဲ့ ဖရဲသီးဆိုတာ ခွဲခြားလို့မရတဲ့ လိုက်ဖက်ညီမှုတစ်မျိုးပါ။ နွေရာသီရောက်ပြီဆိုတာနဲ့ ဖရဲသီးတွေ၊ ဖရဲသီးဖျော်ရည်တွေကို ပုံစံမျိုးစုံနဲ့ မှီဝဲကြတာက ပုံမှန်ပါပဲ။ နွေရာသီဆိုတာ ဖရဲသီးမပါပဲနဲ့ မပြည့်စုံနိုင်ဘူးလို့ တောင်တင်စားကြပါသေးတယ်။ ဖရဲသီးဟာ ဗီတာမင် A ၊ B6 နဲ့ C ကြွယ်ဝစွာပါဝင်ပြီး Potassium လည်းပါရှိပါတယ်။ ဒါကြောင့် ကိုယ်ခံအားစနစ်နဲ့ မျက်စိကို အထောက်အကူပေးပြီး အရည်ရွှမ်းတာ၊ အရသာရှိတာနဲ့ အေးမြမှုတွေကတော့ ဖရဲသီးကနေတဆင့်ရနိုင်တဲ့ အပိုလက်ဆောင်တွေ ဖြစ်ပါတယ်။မြန်မာပြည်မှာ သရက်သီးဟာ လူကြိုက်များတဲ့ အစားအစာတစ်မျိုးပါ။ မျိုးစိတ်၊ အမျိုးအစား၊ အရသာလည်း အဖုံဖုံပါပဲ။ စားကြတဲ့ပုံစံကလည်း စုံပါတယ်။ အစိမ်းစားတယ်၊ အမှည့်ကို ဖျော်ရည်လုပ်သောက်တယ်၊ တို့စရာအဖြစ် တို့မြှုပ်စားကြတယ်၊ တချို့များ ငံပြာရည်လေး ငြုပ်သီးလေးနဲ့ သုပ်စားကြတာမျိုးလည်း ရှိပါတယ်။ သရက်သီးဟာ ကယ်လိုရီကြွယ်ဝစွာပါဝင်ပြီးတော့ ဖိုက်ဘာ၊ သက်စောင့်ဓာတ်တွေနဲ့ အာဟာရဓာတ် ၂၀ ကျော်လည်းပါရှိတဲ့ သစ်သီးဝလံတစ်မျိုးဖြစ်ပါတယ်။ သရက်သီးရဲ့ ထူးခြားချက်ကတော့ မိုဘိုင်းလ်ဖုန်းတွေအပါအဝင် Digital Screen တွေကနေထွက်ရှိတဲ့ Blue Rays ကြောင့် မျက်စိထိခိုက်မှုကို လျှော့ချပေးနိုင်တာပါပဲ။နွေရာသီ မှာ မဖြစ်မနေစားသင့်တဲ့ သစ်သီးနောက်ထပ် တစ်မျိုးကတော့ လိမ္မော်သီးပါပဲ။ ရေဓာတ် ၈၈% ပါဝင်တဲ့ လိမ္မော်သီးဟာ နွေရာသီမှာ ရေဓာတ်ဆုံးရှုံးမှုကို အကောင်းဆုံးကာကွယ်ပေးနိုင်တဲ့ အသီးတစ်မျိုးပါ။ နောက်ပြီး လိမ္မော်သီးဟာ ကိုယ်တွင်းက ကိုယ်ခံအားစနစ်ကိုလည်း အားကောင်းစေတဲ့ အကျိုးပြုပါသေးတယ်။ လိမ္မော်သီးကို ဒီအတိုင်းမစားပဲ ဖျော်သောက်မယ်ဆိုရင်လည်း သူ့မှာပါဝင်တဲ့ Antioxidants တွေနဲ့ ဖိုက်ဘာဓာတ်က လူကို ကောင်းကောင်း အကျိုး ပြုနိုင်ပါသေးတယ်။ကျွဲကောသီးဟာ လိမ္မော်သီးလိုပဲ Citrus Fruit တစ်မျိုးဖြစ်ပါတယ်။ ကျွဲကောသီးမှာလည်း ရေဓာတ်က ၈၈% အထိပါဝင်နေပါတယ်။ ကျွဲကောသီးဟာ လူကြိုက်များတဲ့ အသီးတစ်မျိုးဖြစ်ပေမယ့် သူ့ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေကိုတော့ လူသိနည်းကြပါတယ်။ ဒီသစ်သီးဟာ နွေရာသီအတွက် သင့်လျော်တဲ့ သစ်သီးတစ်မျိုးဖြစ်သလို သူ့မှာပါဝင်တဲ့ ဗီတာမင် A ၊ C ၊ ဖိုက်ဘာ၊ Antioxidant၊ Folate နဲ့ Potassium ဓာတ်တွေကလည်း သွေးတိုးတာ၊ ဆီးချိုဝေဒနာခံစားရတာတွေကို တားဆီးပေးနိုင်ပါတယ်။ဇီးသီးက အမျိုးအစား အမျိုးမျိုးရှိတတ်ပါတယ်။ တရုတ်ဇီးသီး၊ အညာဇီးသီး စသဖြင့်ပေါ့။ ဒါပေမယ့် ဘယ်ဇီးသီးပဲဖြစ်ဖြစ် ကျန်းမာရေးအတွက် အကျိုးပြုတာ၊ ဖိုက်ဘာဓာတ်ကြွယ်ဝတာနဲ့ ရေဓာတ်ပါဝင်မှုများတာကတော့ အတူတူပါပဲ။ ဇီးသီးဟာ သွေးမတိုးအောင် ကောင်းကောင်းကာကွယ်ပေးနိုင်တဲ့ သစ်သီးတစ်မျိုးဖြစ်ပြီးတော့ ရင်သားကင်ဆာနဲ့ Type-2 ဆီးချိုဝေဒနာဖြစ်နိုင်ချေကိုလည်း လျှော့ချပေးပါတယ်။ နောက်ပြီး ကိုယ်အလေးချိန်ထိန်းနေသူတွေအတွက်လည်း သင့်လျော်ပါတယ်။စတော်ဘယ်ရီသီးကတော့ လူကြီးလူငယ်မရွေး နှစ်သက်ကြတဲ့ အသီးတစ်မျိုးပါ။ ချိချဉ်အရသာနဲ့ အနီရောင်အသီးလေးတွေဟာ တစ်ခါတစ်ရံမှာ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတတစ်ခုအနေနဲ့လည်း တင်စားခံရတတ်ပါသေးတယ်။ ဒီအသီးနီနီလေးတွေဟာ ကျန်းမာရေးအတွက်လည်း အရမ်းကောင်းကျိုးပေးပါတယ်။ နွေရာသီလို ပူပြင်းတဲ့ကာလတွေမှာ အပူဓာတ်လျှော့ချဖို့ စားသုံးပေးသင့်သလို အသားအရေလှပဖို့၊ ကိုယ်ခံအားကောင်းဖို့၊ ရေဓာတ်မဆုံးရှုံးဖို့ စတော်ဘယ်ရီသီးလေး မှန်မှန်မှီဝဲတာက နည်းလမ်းကောင်းပါပဲ။နာနတ်သီးနဲ့ ပတ်သက်ပြီး ထူးခြားတဲ့အချက်က တကယ်တော့ နာနတ်သီးဆိုတာ သစ်သီးမဟုတ်ပါဘူး။ နာနတ်ပင်ရဲ့ ဗဟိုပင်စည်ပိုင်းသာဖြစ်ပါတယ်။ အီကွေတာရပ်ဝန်း အပူပိုင်းဒေသရဲ့ နာမည်ကျော် အစားအစာတစ်မျိုးပီပီ ရေဓာတ်ကြွယ်ဝပါတယ်။ နွေရာသီမှာ အရည်ရွှမ်းရွှမ်း အရသာချိုချိုနဲ့မို့ အာဆီယံဒေသတစ်ခွင်မှာ လူကြိုက်အလွန်များပါတယ်။ တိုင်းပြည်၊ နေရာ၊ ဒေသနဲ့ ယဉ်ကျေးအမျိုးမျိုး မတူကွဲပြားကြတာမို့ စားသောက်ပုံလည်း မတူညီကြပါဘူး။ နာနတ်သီးဟာ အရည်ရွှမ်းရုံတင်မကပါဘူး။ သွေးတိုးရောဂါကို ကာကွယ်ပေးသလို ကယ်လိုရီခြေဖျက်မှုနဲ့ အစာခြေဖျက်မှုတွေကိုလည်း အားပေးပါတယ်။စပျစ်သီးကတော့ လူသိများသိလို လူကြိုက်လည်းများတဲ့ သစ်သီးတစ်မျိုးပါ။ အရသာလည်း အမျိုးစုံလှသလို အရောင်အသွေးလည်း တူညီမှုမရှိကြပါဘူး။ ရေဓာတ်ပါဝင်မှုမြင့်မားသလို သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရောတွေကို တိုက်ထုတ်ခြေဖျက်ပေးနိုင်ပါတယ်။ Potassium ဓာတ်ကြွယ်ဝစွာပါဝင်တာမို့ Antioxidant လည်း အများအပြားပါဝင်ပါတယ်။နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေသလို ဦးနှောက်နဲ့ ဒူးတွေကိုလည်း အားကောင်းစေပါလိမ့်မယ်။ နွေရာသီအတွက်ဆိုရင်တော့ စပျစ်သီးဖျော်ရည်လေးတွေက ရင်ကို အေးစေမှာပါ။မြန်မာတွေက သခွားသီးကို များသောအားဖြင့် အတို့အမြှုပ်အနေနဲ့ စားကြတာများပါတယ်။ ခုနောက်ပိုင်းမှာတော့ Detox Water တွေမှာ သခွားသီးကို ထည့်သွင်းတာမျိုးတော့ ခေတ်စားလာနေပါတယ်။သခွားသီးဟာ ရေဓာတ်ပါဝင်မှု အလွန်ကြွယ်ဝတဲ့ သစ်သီးတစ်မျိုးဖြစ်ပြီးတော့ ၉၅% အထိပါဝင်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချဖို့နဲ့ ရေဓာတ်မဆုံးရှုံးဖို့ဆိုရင် သခွားသီးက အကောင်းဆုံးတွေထဲက အကောင်းဆုံး သစ်သီးတစ်မျိုးပါပဲ။ ဗီတာမင် K ၊ Potassium နဲ့ Magnesium တို့လည်းပါဝင်နေပါသေးတယ်။အပေါ်မှာ ဖော်ပြထားတဲ့ သစ်သီးဝလံတွေဟာ နွေရာသီမှာ စားသုံးပေးဖို့ အသင့်လျော်ဆုံး သစ်သီးတွေဖြစ်ကြသလို ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ဒီသစ်သီးဝလံတွေအပြင် အုန်းရည်၊ ကြံရည်တို့လို သစ်သီးတွေကနေတဆင့် ရနိုင်တဲ့ အရည်တွေကလည်း နွေရာသီမှာ မှီဝဲဖို့သင့်လျော်တဲ့ အစားအစာတွေဆိုတာ မမေ့ကြပါနဲ့နော်။နွေပူပူဒဏ်ကို ရင်ဆိုင်နိုင်စေဖို့ အခုပြောခဲ့တာလေးတွေကို စားပေးလို့ ရပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/hydrating-foods-for-summer/
ရုပ်ပိုင်းဖွံ့ဖြိုးမှုနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကလည်း ကလေးတွေအတွက် အရေးပါပါတယ်
ရုပ်ပိုင်းဖွံ့ဖြိုးမှုနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကလည်း ကလေးတွေအတွက် အရေးပါပါတယ် ….. ၉ လ လွယ်လို့ ၁၀ လ ဖွားထားရတဲ့ကလေးကိုအကောင်းဆုံး မကြီးပြင်းစေချင်တဲ့မိဘဘယ်မှာ ရှိလိမ့်မလဲ။ ဗိုက်ထဲ လွယ်ထားရကတည်းက ကလေး အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေဖို့အစားအစာ တစ်ခုချင်းစီတိုင်းလှုပ်ရှားမှုတစ်ရပ်ချင်းစီ တိုင်းကို သေချာ ဂရုစိုက် ခဲ့ကြတာ မိဘတွေပါ။ ဒီလို ဂရုစိုက်မှုတွေက အရွယ်ရောက် တဲ့အထိ လစ်ဟင်းမှု တစိုးတစိ မရှိတတ်ကြပါဘူး။ ဒီတစ်ခေါက်တော့ ကလေးကို အကောင်းဆုံး ဂရုစိုက်ပေးချင်တဲ့မေမေ ဖေဖေတို့သတိလက်လွတ် ဖြစ်နေနိုင်တဲ့ အချက်လေး တစ်ခု အကြောင်း ပြောပြပေးချင်ပါတယ်။ကလေး တစ်ယောက် ဖွံ့ဖြိုးဖို့ဆိုရင် ဖေဖေ မေမေတို့ ဘာကိုအရင်ဆုံးပြေးမြင်မိလဲ။သန်သန်မာမာထွားထွားကြိုင်းကြိုင်းနဲ့ ပြေးလွှားဆော့ကစားနေတဲ့ ပုံရိပ်တွေကို ပြေးမြင်မိလိမ့်မယ်။ အဲဒီအတွက်အစားအသောက်ကို ကောင်းကောင်းကျွေးမယ်၊အာဟာရပြည့်ဝအောင် ဂရုစိုက်မယ်။ကလေးက ပိန်နေလား၊ ဝနေရဲ့လား ပုံမှန်ရော ထွားရဲ့လား ဆိုတာတွေကို သတိထားမယ်။ ဒါပေမယ့် ဘာကို သတိလက်လွတ် ဖြစ်နေလဲဆိုတော့ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိုပဲ အရမ်းသတိထားဂရုစိုက်မိ နေတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် ပြုစုပျိုးထောင် ရမှာတွေကိုတော့ မေ့နေတတ်တယ်။မိဘတွေဟာ ကိုယ့်ကလေးကို အောင်မြင် စေချင်တယ်၊ တိုးတက် စေချင်တယ်။ ဘဝမှာ မြင့်မားတဲ့နေရာမှာ ရောက်နေတာကို မြင်ချင်ကြတယ်။ အဲဒီလို ဖြစ်ဖို့ဆိုရင် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နဲ့တင်မလုံလောက် နိုင်ဘူး။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုပေါင်းသင်းဆက်ဆံရေးကောင်းမှုတွေ ကလည်း အရမ်း အရေးပါ ပါတယ်။ ဒီအတွက် ကိုယ့်ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော ဖွံ့ဖြိုးဖို့အတွက် ဘာတွေလုပ်ကြရမလဲ ဘာတွေ ကျွေးကြရမလဲ ဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးပေး ထားပါတယ်။ရုပ်ပိုင်းဖွံ့ဖြိုးမှုနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကလည်း ကလေးတွေအတွက် အရေးပါပါတယ် ဆိုတော့ ဘယ်လို ဂရုစိုက်ပေးရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ကလေးက အာဟာရ ပြည့်ဝမှ ကျန်းမာ မှာပါ။ ကျန်းမာမှ ဦးနှောက် နဲ့ အာရုံကြောတွေ အကောင်းဆုံး ဖွံ့ဖြိုးပြီး လေ့လာသင်ယူ နိုင်စွမ်း၊ သိမြင်မှု စွမ်းရည်တွေကောင်းမွန် မှာပါ။ ဒီတော့ ကလေးကို စိတ်ရော ကိုယ်ပါ ကျန်းမာတဲ့ ကလေး တစ်ယောက် အဖြစ် ကြီးပြင်း အရွယ်ရောက်စေဖို့ နေ့စဉ် စားသုံးတဲ့ အာဟာရထဲမှာ။ပရိုတင်း။ကြွက်သား နဲ့ ခန္ဓာကိုယ်က တစ်ရှူးတွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးပါ ပါတယ်။ ကိုယ်ခံအား ကောင်းစေဖို့ အတွက်လည်း အကောင်းဆုံး ထောက်ပံ့ပေး နိုင်ပါတယ်။သံဓာတ်။သွေးနီဥဆဲလ်တွေဖြစ်ပေါ်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေး ပါတယ်။ ကလေးကြီးထွား ဖို့အတွက် လိုအပ်တဲ့ အရာတစ်ခု ဖြစ်တဲ့ ကိုယ်တွင်းမှာ အောက်ဆီဂျင်ရောက်ရှိ စေဖို့လည်း အကောင်းဆုံး ထောက်ပံ့ ပေးနိုင်ပါတယ်။သွေးအားနည်းရောဂါမဖြစ်အောင်လည်း ကာကွယ်ပေး နိုင်ပါတယ်။ အာရုံစူးစိုက်နိုင်စွမ်းလည်း ကောင်းစေ ပါတယ်။ဗီတာမင် D။ဖွံ့ဖြိုးမှု စတင်နေတဲ့ ကလေး တစ်ယောက် အတွက်အရိုးတွေကြံ့ခိုင်သန်စွမ်းစေဖို့ အကောင်းဆုံး အထောက်အကူပြု ပေးနိုင်ပါတယ်။ကယ်လ်ဆီယမ်။အရိုး နဲ့သွားတွေကြံ့ခိုင်သန်စွမ်း စေဖို့အတွက် အရေးပါ ပါတယ်။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ (Omega – 3 Fatty Acid)။အဆီ ဆိုတိုင်း မကောင်းတာ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီက ကလေးရဲ့ဦးနှောက်နဲ့ အာရုံကြောတွေ ဖွံ့ဖြိုးဖို့အတွက် အရေးပါ ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာ ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင် တွေကို အကောင်းဆုံး စုပ်ယူနိုင်စေဖို့၊ ဇီဝတွင်း ဖြစ်စဉ်တွေ အကောင်းဆုံး လည်ပတ်နိုင်စေဖို့ နဲ့ ခန္ဓာကိုယ် ကျန်းမာ စေဖို့အတွက် မဖြစ်မနေ လိုအပ် ပါတယ်။ဗီတာမင် C။ကလေးရဲ့ ဉာဏ်ရည် နဲ့ ကိုယ်ခံအားစနစ် ကောင်းစေဖို့ ထောက်ပံ့ပေး ပါတယ်။ အနာကျက် စေနိုင်သလို ခန္ဓာကိုယ်ကို သံဓာတ် စုပ်ယူနိုင်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေး ပါတယ်။Prebiotics (အကျိုးပြုဘက်တီးရီးယား အာဟာရ)။အစာခြေစနစ် ကျန်းမာမှုက ကြီးထွားဖွံ့ဖြိုးမှုအတွက် အဓိကကျတဲ့ အချက် တစ်ခုပေါ့။ ဒီ အစာခြေစနစ်ကို ဟန်ချက်ညီအောင် ထိန်းပေးတာက အကျိုးပြုဘက်တီးရီးယား (Probiotics)၊ သူတို့ကို အကောင်းဆုံး စွမ်းဆောင်ရည်ရအောင် ပံ့ပိုးပေးတာက အကျိုးပြု ဘက်တီးရီးယား အာဟာရ (Prebiotics) ပါ။Prebioticsတွေက အူထဲမှာ ရှိတဲ့ အကျိုးပြု ဘက်တီးရီးယားလေးတွေကို လိုအပ်တဲ့ အာဟာရတွေကို အကောင်းဆုံး စုပ်ယူပေးနိုင်အောင် အထောက်အပံ့ ပေးလို့ ကလေးကို စိတ်ပိုင်းဆိုင်ရာကိုရော ရုပ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာဖွံ့ဖြိုး စေနိုင်မှာပါ။ဖောလိတ်။ကလေးရဲ့ဆဲလ် ကျန်းမာစွာ နဲ့ ဖွံ့ဖြိုးလာစေဖို့ အရေးပါ ပါတယ်။ ဉာဏ်ရည် ဖွံ့ဖြိုးစေဖို့ နဲ့သွေးအားကောင်းစေဖို့အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။အမျှင်ဓာတ်။ဝမ်းမှန်စေသလိုအစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝအောင် ကျွေးပေးတာက အသက်ကြီးလာ တဲ့အခါ ကလေးကိုနှလုံးရောဂါနဲ့ ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ရာ ရောက်ပါတယ်။ချစ်ခင်မှုကိုပြသပါ။မိဘတွေဟာ သူတို့ရဲ့ကလေးတွေကို ချစ်ခင်တဲ့ ပုံစံချင်း ကွာခြားတတ် ကြပါတယ်။ ကိုယ့်ကလေးကို ထွေးပွေ့တာ၊ နမ်းရှုံတာ၊ ချစ်ခင် တဲ့အကြောင်းပြောတာတွေက ကိုယ့်ရဲ့ကလေးအတွက်အချစ်ခံရတယ်ဆိုတဲ့ ခံစားချက် နဲ့ သူ့ကိုယ်သူ ကျေနပ်မှုတွေ ဖြစ်ပေါ်စေ ပါလိမ့်မယ်။အသစ်အဆန်းတွေနဲ့ ထိတွေ့ဖို့အတွက် အားပေးပါ။ဘဝဟာ အသစ်အဆန်းတွေ စွန့်စားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ခရီးလမ်း တစ်ခုပါ။ အသစ်အဆန်းတွေ့တိုင်း ကြောက်လန့် မနေဖို့ အပြောင်းအလဲတွေ အတွက် အဆင်သင့် ဖြစ်နေဖို့ဆိုရင် ကိုယ့်ကလေးကို ပျိုးထောင် တဲ့အခါမှာ အသစ်အဆန်းတွေနဲ့ ထိတွေ့ဖို့ အားပေးတာ၊ မဟန့်တားတာ တွေက အများကြီးအထောက်အကူပြု ပါလိမ့်မယ်။တခြား ကလေးတွေနဲ့ဆော့ကစားစေပါ။ မိတ်ဖွဲ့သိကျွမ်းစေပါ။စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု အားကောင်း စေဖို့အတွက်ဆိုရင် ပေါင်းသင်း ဆက်ဆံရေး ကောင်းမွန်ခြင်း ကလည်း အရေးပါတဲ့ အရာတစ်ခုပါ။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန် ဖို့ဆိုရင် ငယ်ရွယ်တဲ့ အချိန်ကတည်းက မိတ်ဖွဲ့ တတ်အောင်၊ အသင်းအဖွဲ့နဲ့ လုပ်တတ် ကိုင်တတ်အောင်၊ ပေါင်းသင်းဆက်ဆံ တတ်အောင်၊ ဆွေးနွေး ငြင်းခုန် တတ်အောင် သင်ကြား ပေးရပါလိမ့်မယ်။ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ပြသပါ။တခြား သူတွေရဲ့ ခံစားချက်တွေကို နားလည်တတ်တာ ကိုယ်ချင်းစာပေး တတ်တာက စိတ်ခံစားမှု မြင့်မားသူတွေရဲ့ အမူအကျင့် ဖြစ်ပါတယ်။ သူများတွေရဲ့ ခံစားချက်တွေကို နားလည်နိုင် ဖို့အတွက် ကိုယ်ကနေ စတင်လို့ ရပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေအမူအရာတွေကို ကလေး နားလည်တတ်အောင် ပြောပြပေးလို့ရတယ်။ မေမေ စိတ်ဆိုးနေတယ်။ မေမေ ဝမ်းနည်းနေတယ်။ မေမေ ပျော်ရွှင်နေတယ် စသဖြင့် ပြောပြတာက သူများရဲ့ စိတ်အခြေအနေကို နားလည်တတ် လာပါလိမ့်မယ်။သူ့ရဲ့ စိတ်ခံစားချက်တွေကို အလေးဂရုပြု နားလည်ပေးပါ။ကလေးတွေမှာလည်း စိတ်ခံစားချက်တွေ ရှိပါတယ်။ လူကြီးတွေလောက် မရှုပ်ထွေးဘူး ဆိုရင်တောင် သူတို့မှာ သူတို့ အခြေအနေနဲ့ သူတို့ စိတ်ခံစားချက်လေး  တွေ ရှိပါတယ်။ အဲဒါတွေကို အလေးဂရုပြု ပေးသင့်ပါတယ်။ ကလေးပဲဆိုပြီး သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကိုလျစ်လျူရှုထားမယ်ဆိုရင် သူတို့ရဲ့ စိတ်ခံစားချက်တွေကို အလေးထား မခံရဘူးဆိုတဲ့ ဝမ်းနည်း၊စိတ်မကောင်းဖြစ်မှုတွေ ဖြစ်ပေါ် စေပါလိမ့်မယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/child-development-with-mental-and-physical/
အစာအဆိပ်သင့်ခြင်းအတွက် အရေးပေါ်ပြုစုနည်း
အစားအစာမှာပါလာတဲ့ရောဂါပိုးကိုမူတည်ပြီး လက္ခဏာတွေက ကွာခြားတတ်ပါတယ်။ အများစုမှာတော့ ဒီလက္ခဏာတွေခံစားရတတ်ပါတယ် –။အစာအဆိပ်သင့်ရင် စားပြီး နာရီပိုင်းအတွင်း လက္ခဏာစတတ်တယ်၊ ရက်ပိုင်း ဒါမှမဟုတ် ရက်သီတင်းပတ်ကြာမှ လက္ခဏာပေါ်လာတာတောင်ရှိတတ်ပါတယ်။ အစာအဆိပ်သင့်တဲ့ဝေဒနာကိုခံစားရတာကလည်း နာရီပိုင်းကနေ ရက်သီတင်းပတ်နဲ့ချီပြီး ကြာမြင့်နိုင်ပါတယ်။အစားအစာပြင်ဆင်တဲ့အခါ၊ ချက်ပြုတ်တဲ့အခါ ကူးစက်နိုင်တဲ့ရောဂါပိုးမွှားတွေကပ်ငြိပါလာနိုင်ပါတယ်။ သန့်ရှင်းမှုမရှိတာ၊ မကျက်တကျက်ချက်ပြုတ်ထားတာ ဒါမှမဟုတ် မလတ်ဆတ်တာတွေက အစာအဆိပ်သင့်စေတဲ့ပိုးတွေကို ခန္ဓါကိုယ်ထဲ ဖိတ်ခေါ်နေပါတယ်။ဒါပေမယ့် ၃ ရက်အတွင်းမသက်သာလာခဲ့ရင် ဒါမှမဟုတ် အောက်ပါလက္ခဏာတွေဖြစ်လာရင်။ဒီအချက်တွေက ယေဘုယျအနေနဲ့ အကြံပြုထားတာတွေဖြစ်လို့အစာအဆိပ်သင့်လက္ခဏာတွေရှိနေရင်ပြင်းထန်နေပြီ၊ ခံစားရမသက်သာဘူးဆိုဆေးရုံဆေးခန်းအရင်သွားပြီး စစ်ဆေးကုသမှုခံယူတာစိတ်အချရဆုံးပါပဲ။ အစာဆိပ်သင့်မှုရဲ့ပြင်းထန်မှုအတိမ်အနက်ကို မူတည်ပြီးမှ အန္တရာယ်ရှိမရှိ ကို သိနိုင်မှာမို့ မပေါ့ဆကြပါနဲ့။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/food-poisioning/
အသည်းကို သန့်စင်ပေးမယ့် Detox water အချို့
အရက်ကို ကြိုက်လို့ပဲ​ သောက်သောက်၊ မိတ်ဖြစ်ဆွေဖြစ်ပဲ သောက်သောက်၊ အလုပ်သဘောအရပဲ သောက်သောက်အသည်းကို ထိခိုက်စေတာကတော့ အမှန်ပါပဲ။ ဒီတော့ ကြာလာတဲ့အခါ အသည်းကို ထိခိုက်လာပြီး အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။ ဒီတော့ အသည်းကို သန့်စင်ပေးနိုင်မယ့် နည်းလမ်းလေးတွေပြောပြချင်ပါတယ်။ ဒါကတော့ လုပ်ရတာလည်း လွယ်ကူတဲ့ အသည်းကို သန့်စင်ပေးမယ့် Detox water လေးတွေပါ။အရက်သောက်တဲ့အခါ အချိန်ကြာလာနဲ့အမျှ။အသည်းကိုအယ်လ်ကိုဟောကြောင့် ထိခိုက်မှုကနေ ကာကွယ်ပေးဖို့ဆိုရင် အသည်းကို သန့်စင်ပေးလို့ရပါတယ်။ ဒီတော့ မေးစရာရှိလာနိုင်တာက ဘယ်လိုသန့်စင်ပေးရမလဲလို့ပေါ့။ နေ့စဉ် စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲတာက အသည်းကို အကောင်းဆုံး သန့်စင်ကာကွယ်တာပါပဲ။ ဒါကြောင့် ကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံလေးပြောင်းလို့ အသည်းကို စောင့်ရှောက်စေချင်ပါတယ်။အသည်းကျန်းမာစေဖို့ အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့အခါ အလွယ်ကူဆုံးနည်းလမ်းက Detox Water သောက်သုံးတာပါ။စတော်ဘယ်ရီDetox Water။စတော်ဘယ်ရီ Detox Waterလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေက အရမ်းမများပါဘူး။ စတော်ဘယ်ရီ နဲ့ ရေသန့်ပဲလိုမှာပါ။အရင်ဆုံး ရေတစ်လီတာဗူးထဲကို ရေစင်အောင် ဆေးထားတဲ့ စတော်ဘယ်ရီသီး အရွယ်တော် ၅ လုံးကနေ ၇ လုံးလောက်ထည့်စိမ်ပြီး ရေခဲသေတ္တာထဲမှာ ၃ နာရီလောက်စိမ်ထားပေးပါ။ ပြီးရင် သောက်လို့ရပါပြီ။ တစ်နေ့ကို တစ်ဗူးကုန်အောင်သောက်ပေးရုံပါ။ပန်းသီး၊သစ်ကြံပိုးခေါက်Detox Water။ပန်းသီး၊ သစ်ကြံပိုးခေါက် Detox Waterလုပ်ဖို့ဆိုရင် ပန်းသီးအရွယ်တော်တစ်လုံး၊ သစ်​ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ၊ ရေသန့်တစ်လီတာလောက် လိုအပ်ပါတယ်။အရင်ဆုံး ရေထဲကို ရေစင်​အောင်ဆေးပြီး စိတ်ထားတဲ့ ပန်းသီးလေးတွေထည့်ပါ။ ပြီးရင် သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း တဝက်စာထည့်ပါ။ သမအောင်မွှေလို့ ရေခဲသေတ္တာထဲမှာ ၃ နာရီကြာစိမ်းထားပါ။ ပြီးရင်တော့ သောက်လို့ရပါပြီ။သခွားသီး၊ရှောက်ချိုသီးDetox Water။သခွားသီး၊ ရှောက်ချိုသီး Detox Waterလုပ်ဖို့ဆိုရင် သခွားသီးအရွယ်တော်တစ်လုံး၊ ရှောက်ချိုသီး အရွယ်တော်တစ်လုံး၊ ပူစီနံအနည်းငယ် နဲ့ ရေသန့်တို့လိုမှာပါ။သခွားသီး နဲ့ ရှောက်ချိုသီးကို ရေစင်အောင်ဆေးပါ။ ပြီးရင် မထူမပါး အကွင်းလေးတွေလှီးပါ။ပူစီနံရွက်လေးတွေကို စိတ်လို့ ရေစင်အောင်ဆေးပြီး ရေဗူးထဲမှာ ရေနဲ့အတူ ရောထည့်လိုက်ပါ။ ၃ နာရီလောက် ရေခဲသေတ္တာထဲမှာ စိမ်ထားပြီးရင် သောက်လို့ရပါပြီ။ခရင်ဘယ်ရီ၊သံပရာDetox Water။ခရင်ဘယ်ရီ၊ သံပရာ Detox Waterလုပ်ဖို့ဆိုရင် သကြားမပါတဲ့ ခရင်ဘယ်ရီသီးဖျော်ရည်အဆီ ထမင်းစားဇွန်း တစ်ဇွန်းစာ၊ သံပရာသီး တစ်ခြမ်း နဲ့ ရေသန့်တို့ လိုအပ်မှာပါ။အရင်ဆုံးရေထဲကို ခရင်ဘယ်ရီသီးဖျော်ရည် အဆီထည့်ပါ။ သံပရာသီးကို ညှစ်ပြီး အခွံကိုပါထည့်စိမ်ပါ။ ရေခဲသေတ္တာထဲ ၃ နာရီကြာထည့်စိမ်ထားပြီးရင် သောက်လို့ရပါပြီ။ဖရဲသီး၊ ပူစီနံ Detox Water။ဖရဲသီး၊ ပူစီနံ Detox Waterလုပ်ဖို့ ဖရဲသီးတစ်စိတ်၊ ပူစီနံရွက်အနည်းငယ်နဲ့ ရေသန့်တို့လိုအပ်မှာပါ။အရင်ဆုံး ဖရဲသီးလေးတွေကို အရွယ်တော်လေးတွေ တုံးပါ။ ပူစီနံရွက်တွေကိုခြွေပြီး ရေစင်အောင်ဆေးပါ။ ပြီးရင် ရေဗူးထဲရေပါအကုန်ရောထည့်လို့ ၃ နာရီကြာစိမ်ထားပါ။ ရေခံသေတ္တာထဲ ထည့်ထားပေးဖို့မမေ့ပါနဲ့။ ပြီးရင် သောက်လို့ရပါပြီ။အရေးကြီးတာက Detox Waterပဲ သောက်ပြီး အစာမစားတာမျိုး မလုပ်ဖို့ပါပဲ။ Detox Waterတွေမှာ ရေနဲ့ အသီးပဲ ပါတာကြောင့် တစ်နေ့တာ အာဟာရလိုအပ်ချက်ကို မဖြည့်ပေးနိုင်ပါဘူး။ ဒါကြောင့် ဘာမှမစားဘဲ ဒါပဲ သောက်နေရင် အာဟာရချို့တဲ့ လာပါလိမ့်မယ်။နောက်တစ်ချက်က Detox Waterတွေက အသည်းကို သန့်စင်ပေးနိုင်တယ်လို့ တိကျတဲ့ အထောက်အထား မရှိပါဘူး။ အသည်းကိုယ်တိုင်ကလည်း အထူးတလည် detox လုပ်စရာ မလိုတာလည်း ပါပါတယ်။ ဒါကြောင့် Detox Waterကိုပဲ အားမကိုးဘဲ အသည်းကို ထိခိုက်စေတဲ့ အပြုအမူတွေကိုပါ ရှောင်ကြဉ်ဖို့ လိုပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/cleanse-your-liver-with-detox-water/
ကောင်းကောင်းမွန်မွန်အနားယူပြီး စမတ်ကျကျအလုပ်လုပ်နိုင်သောနည်း
ငွေပိုရှာလိုပါသလား။ တစ်ချိန်တည်းမှာပဲ အလုပ်နဲ့အားလပ်ချိန်ကြား ရွေးရခက်တဲ့အနေအထားကြုံနေရပါသလား။ သည်မေးခွန်းတွေကစဉ်းစားရကြပ်စေပါတယ်။ ဘယ်သူမှ သည်ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ မချမှတ်နိုင်ပါဘူး။ အလုပ်ကိုကြိုးကြိုးစားစားလုပ်တဲ့အခါ ဝင်ငွေများလာပေမယ့် အပန်းဖြေချိန်နည်း သွားပါတယ်။ တစ်ဖက်ကကြည့်ရင် အပန်းဖြေချိန်များသွားရင်လည်း သင့်ကို အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေကို မပြီးမြောက်စေနိုင်ပါဘူး။ ဘဝပြည့်စုံရေးအတွက် သင်သိထားသင့်တဲ့ အရေး ကြီးဆုံးအချက်က အလုပ်နဲ့အပန်းဖြေ ချိန် သင့်တင့်မျှတဖို့ပဲဖြစ်ပါတယ်။အလုပ်နဲ့ အပန်းဖြေချိန်မျှတအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကို ကြိုးကြိုးစားစားရှာဖွေပါ။ အပန်းဖြေအနားယူတဲ့အခါ အလုပ်တွေကို ခဏဘေးမဖယ်ထားဘဲ အနားယူဖို့ဆိုတာ ခက်ပါတယ်။ ပထမဆုံးအနေနဲ့ အလုပ်နဲ့အနားယူတာ နှစ်ရပ်စလုံးအတွက် အဆင်ပြေစေဖို့ လုပ်ငန်းဆောင်ရွက်မှုပိုင်းဆိုင်ရာ အရည်အချင်း တွေတိုးတက်စေမယ့် နည်းလမ်းတွေကို ရှာဖွေရပါမယ်။ လူတော်တော်များများက တစ်နေ့လုံးရုပ်ရှင်ကြည့်နေတတ်ပေမယ့် စိတ်ဝင်စားလို့ကြည့်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒီအနေအထားက သူတို့မှာ သင့်တော်ပြီး စိတ်ပါဝင်စားစွာနဲ့လုပ်ဆောင်ရမယ့် အပန်းဖြေ စရာမရှိဘူးဆိုတာကိုဖော်ပြနေပါတယ်။ သူတို့အနေ နဲ့သူတို့ကိုသူတို့ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်ကိုကြည့်နေသယောင် လိမ်လည်နေတာက သူတို့အလုပ်ခွင်မှာ တအား ပင်ပန်းလာတာကြောင့် အလုပ်လုပ်လိုစိတ်မရှိတော့တာကြောင့် ဖြစ်ပါတယ်။ အချိန်တွေကို အမှန်တကယ်စိတ်ဝင် စားတဲ့အရာတွေကိုလုပ်ပြီးကုန်ဆုံးစေတာက အရေးပါသလို အလုပ်ဝန်ပိတာတွေအကြား မှာပဲ စိတ်သက်သာရာရရှိစေမှာဖြစ်ပါတယ်။ပြဿနာကိုဖြေရှင်းနိုင်တဲ့ နောက်တစ်နည်းကတော့ အားအင်ဖြည့်တင်းတာပဲဖြစ်ပါတယ်။ အလုပ်တွေ တအားများတဲ့အခါ မှန်ကန်တဲ့ဦးတည်ချက်ထား ရှိဖို့လိုအပ်သလို စွမ်းဆောင်ရည်ပြည့်ပြည့်ဝဝနဲ့ ဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။ အထူးလုပ်ဆောင်မယ့်တာဝန်တွေအပေါ်မှာအာရုံစိုက် တာက အကျိုးဖြစ်ထွန်းမှုလည်းကြီး စေမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ ပင်ပန်းတာ၊ စိတ်စွမ်းအင်ကျဆင်းတာနဲ့တွေ့ကြုံရမှာ ဖြစ်ပါတယ်။ သင့်တော်တဲ့လေ့ကျင့်ခန်းလုပ်ဆောင်တာနဲ့ အစားအသောက်စားသုံးပေးမှုက လိုအပ်နေတဲ့ စွမ်းအင်တွေကို ပြန်လည်ပြည့်တင်းစေပြီး အချိန်မကုန်စေဘဲ လုပ်ငန်းဆောင်တာတွေကို ပြီးမြောက်စေမှာဖြစ်ပါတယ်။ အားပြန်ဖြည့် တင်းဖို့လိုအပ်နေချိန်မှာ ၅ မိနစ် ၁၀ မိနစ်လောက်ထိုင်ချလိုက်ပါ။ အအေးနဲ့ အဆာပြေ မုန့် တစ်ခုခုစားတာပဲဖြစ်ဖြစ် သစ်သီးပဲဖြစ်ဖြစ် စားသုံးပေးပြီး လေကောင်းလေသန့်ရတဲ့နေရာမှာ အသက်ဝဝရှုလိုက်ပါ။အဆုံးသတ်အနေနဲ့ သင့်မှာ အလုပ်ချိန်နဲ့အနားယူချိန်ကို ခွဲခြားထားတဲ့ အစီအစဉ်တစ်ရပ်ရှိနေပါစေ။ အချို့လူတွေက အလုပ်ပရောဂျက်တွေအပေါ်မှာ တအားစိတ်အားထက်သန်နေတတ်ကြပြီး အချိန်တိုင်းအလုပ်ပေါ်မှာအာရုံစိုက်ရင်း အနားယူဖို့ မေ့နေတတ်တာကြောင့် ပင်ပန်းမှုတွေဖြစ်ပေါ်ခံစား လာရပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာအလုပ်ခွင် ဝန်ထမ်းတွေဟာ ဆေးရုံတက်ဆေးကုသမှု မခံယူရခင်အထိကို အလုပ်တွေဖိလုပ်တတ် ကြပါတယ်။ အလုပ်လုပ်တဲ့နေရာမှာ အလုပ်လုပ်တဲ့အချိန်အတိုင်းအတာနဲ့ အနားယူပေးဖို့ အစီအစဉ်ဆွဲထားဖို့လိုပါတယ်။ လုပ်ငန်းလုပ်ဆောင်မှုကို မထိခိုက်စေနိုင်တဲ့ အတိုင်းအတာအထိအလုပ်ချိန်ကို လျှော့ချနိုင်ဖို့ လိုပါတယ်။ အလုပ်နဲ့အနားယူမှုကို ဟန်ချက်ညီအောင် လုပ်ဆောင်ပေးမှုက သင့်ကိုယ်တိုင်အတွက်ရော မိသားစုအတွက်ပါ အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။အမှန်တကယ်တော့ အလုပ်ကပိုက်ဆံပိုဝင်လေလေ အားလပ်ချိန်နည်းပါးလာလေလေပဲဖြစ်ပါတယ်။ ဒါပေမယ့်လက်ရှိသင်ပိုင်ဆိုင်ထားတဲ့ အချိန်ကာလတွေကို ပျော်ပျော်ရွှင်ရွှင်သုံးစွဲဖို့ လည်း လိုအပ်ပါတယ်။ ဒီနည်းအတိုင်း အလုပ်ကိုပိုထိထိရောက်ရောက်လုပ်ကိုင်ရင်း အပန်းဖြေချိန်တွေမှာ ကိုယ်ဝါသနာပါတဲ့အရာတွေကို လုပ်ဆောင်သွားပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%bc%e1%80%94%e1%80%b9%e1%80%99%e1%80%bc%e1%80%94%e1%80%b9%e1%80%a1%e1%80%94/
ဆေးလိပ်သောက်တာကြောင့် အသားအရေတွေပျက်စီးနေပြီလား
ဆေးလိပ်သောက်တာကြောင့်နှုတ်ခမ်းအပါအဝင်အသားအရေတွေပျက်စီးနေပြီလား။ မပျက်စီးဘူးလို့တော့မပြောနဲ့နော်။ဆေးလိပ်သောက်ရင်အဆုတ်ပါအဝင် ခန္ဓါကိုယ်အစိတ်အပိုင်းတော်တော်များများကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုထိခိုက်တဲ့အစိတ်အပိုင်းတွေထဲမှာအသားအရေကလည်း တစ်ခုအပါအဝင်ပါ။ အခုလောလေဆယ်မှာ မပျက်စီးသေးရင်တောင် အချိန်ကြာလာတာနဲ့အမျှ အသားအရေက ပျက်စီးလာမှာပါ။ ကိုယ်တိုင်သောက်တာမပြောနဲ့ တဆင့်ခံဆေးလိပ်ငွေ့ကတောင် အသားအရေကိုတော်တော်လေးထိခိုက်စေနိုင်တာပါနော်။ဆေးလိပ်သောက်တာကနှလုံးနဲ့အဆုတ်အပြင် အသားအရေတွေကိုပါထိခိုက်စေနိုင်ပါတယ်။ဆေးလိပ်လည်းမဖြတ်နိုင်ဘူး အသားအရေကို ထိခိုက်မှာမျိုးလည်းမဖြစ်ချင်ဘူးဆိုရင် ဒီအချက်လေးတွေကို လိုက်နာပေးပါ။ဆေးလိပ်ကို အကန့်အသတ်နဲ့သောက်ပါ။တစ်နေ့လုံးမှာ တစ်ဗူးလုံးကုန်အောင်သောက်လို့ကောင်းလာမှာတစ်ခုမှတော့ မရှိဘူးနော်။ အသားအရေကို ထိခိုက်စေမယ့် အပြင်ကျန်းမာရေးကိုပါ ဆိုးဆိုးရွားရွားထိခိုက်စေမှာ အသေအချာပါ။ ဒါကြောင့် တစ်နေ့တာမှာဆေးလိပ်ကို ဘယ်နှလိပ်ဘဲသောက်မယ်ဆိုတဲ့ ကန့်သတ်ချက်ကို ကိုယ်တိုင်ချမှတ်ထားပါ။ နည်းနိုင်သမျှနည်းအောင် ကြိုးစားပါ။ဆေးလိပ်သောက်တာနည်းမှာ ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီသွေးစီးဆင်းရောက်ရှိမှုကောင်းစေပြီး အရေပြားဆဲလ်တွေကို ကျန်းမာစေနိုင်မှာပါ။ကျန်းမာရေးနဲ့ညီညွတ်အောင်စားပါ။အစားအစာတွေကိုရွေးချယ်တဲ့အခါဗီတာမင် Aနဲ့ဗီတာမင် Cကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေကို စားပေးပါ။ ဒီလိုစားသုံးမှုကဆေးလိပ်သောက်တာကြောင့်အသားအရေထိခိုက်ပျက်စီးမှုကို အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့်နေ့စဉ်စားသုံးတဲ့ထဲမှာမုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ လိမ္မော်သီး စတာတွေကို စားပေးပါ။ရေများများသောက်ပါ။အသားအရေထိန်းသိမ်းမှုအတွက် မပါမဖြစ်ပါရတဲ့ အဆင့်တစ်ခုပေါ့။ အသားအရေစိုပြေလိုသူတိုင်းလုပ်သင့်တာပါ။ အသားအရေကို စိုပြေကျန်းမာချင်တယ်ဆိုရင်ရေများများသောက်ပေးပါ။ အယ်လ်ကိုဟောနဲ့ကဖင်းပါတဲ့သောက်စရာတွေကိုတော့ရှောင်ပါ။အသားအရေကိုသေချာသန့်စင်ပါ။မျက်နှာအသားအရေကိုသေချာလေးသန့်စင်ပေးတာ၊ ဆဲလ်သေတွေဖယ်ရှားတာနဲ့အစိုဓါတ်ထိန်းခရင်မ်လူးတာမျိုး အကျင့်တွေကို ပျိုးထောင်ပေးပါ။ ခန္ဓါကိုယ် အသားအရေကိုလည်းသေချာသန့်စင်ပေးပြီး အစိုဓါတ်ဖြည့်ပေးနိုင်တဲ့ Body Lotion လူးပေးဖို့မမေ့ပါနဲ့။အိပ်ရေးဝဝအိပ်ပါ။ဆေးလိပ်လည်းသောက်တယ်၊ အိပ်ရေးလည်းဝအောင်မအိပ်ဘူးဆိုရင်တော့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုရှောင်လွှဲဖို့ကတော်တော်လေးခက်သွားမှာပါ။ ဒါကြောင့်ဆေးလိပ်သောက်တတ်သူတစ်ယောက်အနေနဲ့ ညတိုင်း အိပ်စက်ချိန် ၈ နာရီထားရှိဖို့မမေ့ပါနဲ့။လေ့ကျင့်ခန်းလုပ်ပါ။လေ့ကျင့်ခန်းလုပ်တာက ခန္ဓါကိုယ်မှာသွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေသလို ကိုယ်တွင်းကအဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့်ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ။ကဲ…ဆေးလိပ်ဖြတ်ဖို့တော့ မဖြစ်နိုင်သေးဘူး။ အသားအရေတွေကလည်းဆေးလိပ်ဒဏ်ကြောင့်တော်တော်လေးထိခိုက်နေပြီဆိုရင် ဒီအချက်လေးတွေကိုလိုက်နာပါနော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/%e1%80%b1%e1%80%86%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac%e1%80%80%e1%80%b9%e1%80%90%e1%80%ac%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7-%e1%80%a1/
ကိုယ်နံ့ပြင်းလွန်းရတဲ့ အကြောင်းရင်းက ဘာများလဲ
ကိုယ်နံ့ဆိုတာကတော့ လူတိုင်းမှာ ရှိပါတယ်။ အထူးသဖြင့်အမျိုးသားေတွမှာပေါ့။ လူတော်တော်များများကတော့ဘက်တီးရီးယားပိုးတွေ အရေပြားပေါ်မှာ၊ချွေးပေါက်ေတွထဲမှာ အောင်းပြီးပွားနေလို့ ကိုယ်နံ့နံရတာ၊တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတာ၊ ရောဂါတစ်ခုခုရှိနေတာ စတာတွေကြောင့်လို့ ထင်တတ်ကြပါတယ်။ တကယ့် အကြောင်းရင်းတွေက ဘာလဲကြည့်လိုက်ကြရအောင်။ကိုယ့်အတွက် သာမန်အနံ့လိုပဲ ထင်နိုင်ပေမယ့် တခြားသူတွေအတွက် စိတ်ကသိကအောက် ဖြစ်လောက်စရာ ပြင်းလွန်းတဲ့ အနံ့အသက်မျိုးကို ကိုယ်နံ့လို့ ခေါ်ပါတယ်။ချွေးနံ့တစ်ခုတည်းမှာ အနံ့မရှိပေမဲ့ အရေပြားပေါ်က ဘက်တီးရီးယားပိုးတွေ လျင်မြန်စွာ ပေါက်လာတာကြောင့် ချွေးက အနံ့ပြင်းရတာ ဖြစ်ပါတယ်။ အထူးသဖြင့်။အရေပြားပေါ်က ဘက်တီးရီးယားပိုးမွှားတွေဟာ ချွေးနဲ့ရောသွားတာကြောင့် အနံ့ပြင်းလာရတာဖြစ်ပါတယ်။လူပျို၊ အပျိုဖြစ်ကာစမှာ ချွေးတွေ အရမ်းထွက်လာတာ၊ ဟော်မုန်းအပြောင်းအလဲဖြစ်လွန်းတာကြောင့် ကိုယ်တွင်းချွေးနံ့တွေ ပြင်းလာတတ်ပါတယ်။ အပြင်မှာ တစ်နေကုန် အလုပ်လုပ်နေရသူတွေ၊ ချွေးထွက်သန်တာ၊ အဝလွန်သူတွေ၊အစပ်စားလွန်းတဲ့သူတွေ၊ တချို့သော ကျန်းမာရေပြဿနာတွေဟာလည်း ကိုယ်နံ့၊ ချွေးနံ့ပြင်းတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။၁။ တစ်နေ့ကို အနည်းဆုံး တစ်ကြိမ် ဆပ်ပြာနဲ့ သေချာတိုက်ချွတ်ဆေးကြောပြီး ရေချိုးသန့်စင်ပါ။၂။ အပြင်က ပြန်လာပြီးတိုင်း ချွေးခြောက်တာနဲ့ ရေချိုးပါ၊ ဒါမှမဟုတ် ရေပတ်တိုက်ပေးပါ။၃။ အဝတ်အစား ထူကျပ်လွန်းတာတွေ သိပ်မဝတ်ပါနဲ့။ လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်မယ့် ချည်သားအကျီမျိုးတွေ ပိုဝတ်ပေးပါ။၄။အတွင်းခံဘောင်းဘီကိုလည်း အရမ်းကျပ်နေတာတွေ မဝတ်ပါနဲ့။၅။ ချွေးထွက်များလွန်းတဲ့ နေရာတွေဖြစ်တဲ့ ချိုင်း၊ပေါင်ခြံ၊ ခြေထောက်တွေကို ဂရုစိုက်ပြီး တိုက်ချွတ်ဆေးကြောပါ။၆။ ကိုယ်က မကြာခဏ အပြင်သွားနေရတယ်၊ လူတွေနဲ့ အမြဲထိတွေ့ဆက်ဆံနေရတယ်ဆိုရင် ကိုယ့်ချွေးနံ့ကြောင့် စိတ်အနှောင့်အယှက်မဖြစ်ရစေဖို့ ရေမွှေးတစ်ခုခု စွတ်ထားပါ။၇။ အဝတ်အစားတွေကို တစ်ကြိမ်ထက်ပိုပြီး မဝတ်ပါနဲ့။ အထူးသဖြင့် ဝတ်ပြီးသားအတွင်းခံတွေကို ထပ်ခါတလဲလဲ ပြန်ဝတ်တဲ့အကျင့်ကို ဖျောက်သင့်ပါပြီ။၈။ ပူ၊ စပ်လွန်းတဲ့ အစားအစာတွေ လျှော့စားပါ။အပေါ်မှာ ပြထားတဲ့ နည်းလမ်းတွေ လုပ်ကြည့်ပြီးလို့မှ လုံးဝမသက်သာလာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်တာ အကောင်းဆုံးပါပဲ။ အကြောင်းရင်းလည်း မရှိ၊ ရာသီဥတုလည်း ပူမနေဘဲ ချွေးတွေ အရမ်းထွက်နေတာ၊ ညဘက် အိပ်နေတဲ့အချိန်ဆို ချွေးပြန်လာတာ၊ ဒီကိုယ်နံ့၊ ချွေးနံ့ကြောင့် ကိုယ့်ရဲ့ တစ်နေ့တာလုပ်ငန်းတွေ ထိခိုက်လာတာ၊ ပတ်ဝန်းကျင်ကလူတွေ ပြောရလောက်တဲ့အထိ အနံ့အသက်တွေ ပြင်းလာပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသကြည့်တာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%94%e1%80%b6%e1%82%94%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%b8%e1%80%9c%e1%80%bc%e1%80%94%e1%80%b9%e1%80%b8%e1%80%9b%e1%80%90%e1%80%b2%e1%80%b7/
ခြေစွယ်လက်စွယ်ငုတ်နေပြီလား
ကွဲတာရှတာလည်းမရှိဘဲခြေထောက်ကို အားပြုလိုက်တိုင်းနာတယ်။လက်ချောင်းလေးတွေကလည်း ထိခိုက်ထားတာမျိုးမရှိဘဲ နာနေတယ်။မြင်မိတာဆိုလို့လည်းခြေချောင်းလက်ချောင်းလေးတွေဘေးမှာရောင်နေတာလောက်ပဲတွေ့ရတယ်။ ဘာဖြစ်တာလဲ မသိဘူးလို့များဖြစ်နေတာလား။ ဒါကခြေစွယ်လက်စွယ်ငုတ်နေတာဖြစ်ဖို့များပါတယ်။ ဒါဆို ဆရာဝန်သွားပြဖို့လိုမှာလား။ မလိုသေးပါဘူးနော်။ အရင်ဆုံးနေအိမ်မှာခြေစွယ်လက်စွယ်ငုတ်တာကိုပြုစုလို့ရမယ့် နည်းလမ်းလေးတွေကိုပြောပြပေးမယ်နော်။ခြေသည်းလက်သည်းအစွန်းလေးတွေက အသားထဲနစ်ဝင်နေတာပါ။ ဒီလိုဖြစ်တဲ့အခါနာကျင်မှုနဲ့အတူခြေသည်း လက်သည်းပတ်ဝန်းကျင်မှာရောင်ရမ်းတာ၊ နီမြန်းတာ၊ပြည်တည်တာလိုမျိုးတွေ့ရနိုင်ပါတယ်။ခြေစွယ်လက်စွယ်ငုတ်တာက လူတိုင်းလိုလိုမှာဖြစ်နိုင်ပါတယ်။ဒီအချက်လေးတွေကခြေစွယ်လက်စွယ်ငုတ်တာကိုဖြစ်စေနိုင်ပါတယ်နော်။ခြေစွယ်လက်စွယ်ငုတ်တဲ့အခါ။ခြေစွယ်လက်စွယ်ငုတ်တာကိုနေအိမ်မှာပဲ သက်သာအောင်လုပ်လို့ရပါတယ်။ နည်းလမ်းလေးတွေကတော့ –။ရေနွေးစိမ်ပေးပါ– ခြေစွယ်လက်စွယ်ငုတ်နေတဲ့ လက်ချောင်း၊ခြေချောင်းလေးတွေကိုရေနွေးထဲမှာ ၁၅ မိနစ် ကနေ မိနစ် ၂၀လောက် တစ်နေ့ကို ၄ ကြိမ် စိမ်ပေးပါ။ ဒီလိုစိမ်ပေးတာကခြေစွယ်လက်စွယ်ငုတ်တာကြောင့် နီမြန်းရောင်ရမ်းတာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ခြေစွယ်လက်စွယ်ငုတ်နေတဲ့ခြေသည်လက်သည်းအောက်ကိုဂွမ်းစခပ်ပါးပါးလေးထည့်ထားပါ-ရေနွေးစိမ်ပြီးပြီဆိုရင်ခြေစွယ်ငုတ်နေတဲ့ ခြေသည်း ဒါမှမဟုတ် လက်သည်း အစွန်းအောက်ဘက်ကို ခပ်ပါးပါးဂွမ်းစသန့်သန့်လေးကို ထည့်ထားပေးလိုက်ပါ။ ဒီလိုလုပ်ပေးတာကခြေစွယ်လက်စွယ်လေးတွေကို အရေပြားအပေါ်တက်လာစေဖို့ အထောက်အပံ့ဖြစ်စေမှာပါ။ပဋိဇီဝဆေးတစ်ခုခုလူးပေးပါ-ခြေစွယ်လက်စွယ်ငုတ်နေတဲ့နေရာကို ပဋိဇီဝဆေးတစ်ခုခုလူးပေးပြီး ပလာစတာ ဒါမှမဟုတ် ပိုးသတ်ထားတဲ့ပတ်တီးစခပ်သန့်သန့်လေးနဲ့ ဖုံးအုပ်ထားပေးပါ။အကိုက်အခဲပျောက်ဆေးတစ်ခုခုသောက်ပါ– တကယ်လို့ ခြေစွယ်လက်စွယ်ငုတ်တဲ့နေရာက အရမ်းနာနေမယ်ဆိုရင်ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးတစ်ခုခုကိုသောက်ပေးပါ။ ဒါက အနာရှိန်ကြောင့်ကိုက်ခဲတာကိုသက်သာစေနိုင်မှာပါ။တကယ်လို့ ခြေစွယ်လက်စွယ်ငုတ်တာက အခုပြောတဲ့အခြေအနေတွေအထိပြင်းထန်လာပြီဆိုရင်တော့ နီးစပ်ရာဆေးခန်းမှာ သွားရောက်ပြသကြည့်ဖို့ တိုက်တွန်းလိုပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/ingrown-nails/
ဆီးချိုအတက်အကျ အရေးပေါ်အခြေအနေ ဘယ်လိုပြုစုမလဲ
အခုခေတ်မှာတော့ဆီးချိုသွေးချိုဆိုရင် မသိတဲ့သူမရှိသလောက်ပဲ။ လူကြီးလူငယ်တွေမကျန် အဖြစ်များကြတဲ့ရောဂါတစ်ခုကိုဖြစ်နေတော့ ဆီးချိုရှိတယ်ဆိုလည်း သိပ်မဆန်းတော့သလို ခပ်ပေါ့ပေါ့သဘောထားသူတွေတောင်ရှိပါတယ်။ အမှန်တော့ သူတို့က အစားမှမရှောင်ချင်တာ။ဆီးချိုကို ရောဂါဆိုးကြီးတစ်ခုလိုကြောက်နေစရာမလိုပေမယ့် ဂရုတစိုက်တော့ ဆင်ခြင်နေထိုင်ပေးဖို့ လိုအပ်တဲ့ရောဂါဖြစ်ပါတယ်နော်။ ပုံမှန်ဆို ကျွန်မတို့ခန္ဓာကိုယ်ကသွေးတွင်းသကြားဓာတ်ကိုထိန်းညှိနိုင်ပေမယ့် ဆီးချိုရှိရင်တော့ ဒီလိုမလုပ်နိုင်တော့ပါဘူး။ ခန္ဓာကိုယ်က လုပ်မပေးတော့ ကိုယ့်ဘာသာ အစားကိုတွက်ချက် ဆင်ခြင်ရ၊ ဆေးသောက်ရ၊ အင်ဆူလင်ထိုးရတဲ့နည်းတွေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းရပါတယ်။အမျိုးအစား ၁ နဲ့ ၂ ဆိုပြီးရှိတဲ့ ဆီးချိုရောဂါနှစ်မျိုးရှိပေမယ့် သတိထားရမယ့် အချက်တွေ၊ အန္တရာယ်ရှိနိုင်တဲ့အချက်ကတော့ တူတူပါပဲ။ ရုတ်တရက် သွေးတွင်းသကြားဓာတ် ထိုးတက်သွားတာရယ်၊ ထိုးကျသွားတာရယ် သိပ်အန္တရာယ်ကြီးပါတယ်။ ဒီလိုရုတ်တရက်ရှော့ခ်ဖြစ်တဲ့အခြေအနေမှာ အရေးပေါ်ပြုစုဂရုစိုက်ဖို့၊ လိုအပ်လာရင်ဆေးရုံအမြန်ပို့ဖို့ အရေးကြီးပါတယ်။သွေးချိုရုတ်တရက်တက်တာ၊ ကျသွားတာ တွေဖြစ်နေတာ သတိမထားမိတဲ့အခါ မလိုအပ်ဘဲ အချိန်လွန်ရတတ်ပါတယ်။ ဒါ့ကြောင့် ဒီလက္ခဏာတွေကို ကြည့်ပြီး သွေးချိုတအားတက်နေလား၊ ကျနေလား သတိထားပါ –။Hyperglycemia သွေးတွင်းသကြားဓာတ်များခြင်း မှာ အမျိုးအစားနှစ်မျိုးရှိပါတယ် –။အစာမစားမီ ၈ နာရီအတွင်း တိုင်းတာချိန်မှာ သွေးတွင်းသကြားဓာတ်ပမာဏ 130 mg/dL ထက်ကျော်လွန်နေခြင်းဖြစ်ပါတယ်။အစာစားပြီး ၂ နာရီအကြာ တိုင်းတာချိန်မှာ သွေးတွင်းသကြားဓာတ်ပမာဏ 180 mg/dL ထက်ကျော်လွန်နေခြင်းဖြစ်ပါတယ်။သွေးတွင်းသကြားဓာတ် မကြာခဏ သို့မဟုတ် ဆက်တိုက်မြင့်တက်နေမယ်ဆိုရင်အာရုံကြောတွေ၊ သွေးကြောတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေနိုင်ပါတယ်။ အဲဒီကနေ တခြားဆိုးရွားတဲ့အခြေအနေတွေကိုလည်းဖြစ်စေနိုင်ပါတယ်။အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေမှာ ketoacidosis လို့ခေါ်တဲ့ သွေးတွင်းအက်စစ်ဓာတ်များနေခြင်းကို ခံစားရဖို့များပါတယ်။အမျိုးအစား၂ ဆီးချိုရောဂါရှိနေရင် ဒါမှမဟုတ် ဖြစ်နိုင်တဲ့အလားအလာရှိနေရင် သွေးတွင်းသကြားဓာတ်မြင့်တက်လွန်းတဲ့အခါ ခန္ဓာကိုယ်က သကြားဓာတ်ကို မစီမံမဖြေရှင်းနိုင်တော့တဲ့ အန္တရာယ်အခြေအနေဖြစ်လာစေနိုင်ပါတယ်။ ဒါကို hyperglycemic hyperosmolar nonketotic syndrome (HHNS) လို့ ခေါ်ပါတယ်။ အစမှာ ဆီးမကြာခဏသွားရရာကနေ နောက်ပိုင်းမှာ အကြိမ်ရေနည်းလာပြီး ဆီးအရောင်က ရင့်လာပြီးရေဓာတ်ဆုံးရှုံးမှုဆိုးရွားလာနိုင်ပါတယ်။ပြင်းထန်တဲ့ သွေးတွင်းသကြားဓာတ်မြင့်တက်မှုလက္ခဏာတွေဖြစ်လာရင် အရေးပေါ်ခန်း သို့မဟုတ်ဆေးရုံတင် ကုသရနိုင်ပါတယ်။ အရေးပေါ်ရှေးဦးသူနာပြုနည်းကတော့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ပြန်ဖြစ်စေဖို့ပဲဖြစ်ပါတယ်။ဒါ့ပြင်။အရည်ဓာတ်ပြန်လည်ဖြည့်တင်းခြင်း –ရေဓာတ်ပြန်လည်ပြည့်ဝလာတဲ့အထိပါးစပ်မှတဆင့် သို့မဟုတ် သွေးကြောမှတဆင့် အရည်ဓာတ် သွင်းပေးရပါလိမ့်မယ်။ ဒီအရည်ဓာတ်တွေက ဆီးမကြာခဏသွားခြင်းကြောင့် ဆုံးရှုံးသွားတဲ့အရည်ပမာဏကို ပြန်လည်ဖြည့်တင်းပေးမှာဖြစ်ပြီး သွေးထဲမှာ ပိုလျှံနေတဲ့ သကြားဓာတ်တွေကို လျော့ကျသွားစေနိုင်ပါတယ်။ဓာတ်ဆားဖြည့်တင်းခြင်း –ဓာတ်ဆား(electrolytes)တွေက ခန္ဓာကိုယ်တစ်ရှူးတွေကို လုပ်ဆောင်ချက်မှန်ကန်စေဖို့ လိုအပ်တဲ့သွေးတွင်းသတ္တုဓာတ်တွေဖြစ်ပါတယ်။ အင်ဆူလင်မရှိတဲ့အခါသွေးထဲက ဓာတ်ဆားပမာဏကို လျော့ပါးစေနိုင်ပါတယ်။ ဒါ့ကြောင့် နှလုံး၊ ကြွက်သားနဲ့ အာရုံကြောဆဲလ်တွေကို ပုံမှန်အတိုင်းလုပ်ဆောင်ချက်ရှိစေဖို့ သွေးကြောကတဆင့်electrolytesတွေကို သွင်းရပါတယ်။အင်ဆူလင်ကုထုံး–အင်ဆူလင်က သွေးထဲမှာ ketonesတွေ များပြားစုပုံစေတဲ့ဖြစ်စဉ်တွေကို ပြောင်းလဲကုသပေးနိုင်ပါတယ်။ အရည်ဓာတ်နဲ့ ဓာတ်ဆားတွေအပြင် အင်ဆူလင်ကုထုံးကိုလည်း သွေးကြောကတဆင့် သွင်းရနိုင်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/diabetes-emergency-care/
ဆေးရှုစက်ကို ဘယ်လိုအသုံးပြုမလဲ
ဆေးရှုစက်ဆိုသည်မှာ ပလပ်ပေါက်ကြိုးတပ်ပြီး လျှပ်စစ်ဖြင့်လည်ပတ်ရသော စက်သို့မဟုတ် ဘက်ထရီပါဝင်ပြီး အားသွင်းရသောစက်ဖြစ်ပါသည်။ ထိုစက်သည် ဆေးအရည်များကို ရေမှုန်ကလေးများဖြစ်သွားစေပြီး နှာခေါင်းနှင့် ပါးစပ်ကို အုပ်သော မျက်နှာဖုံးမှတဆင့် ထိုဆေးငွေ့မှုန်လေးများကို အဆုတ်ထဲသို့ ရှုသွင်းရခြင်းဖြစ်ပါသည်။ ထိုအခါ လူနာသည် ပိုပြီး အသက်ရှုရကောင်းလာစေပါသည်။ ထို့ကြောင့် ယခုဆောင်းပါးတွင် ဆေးရှုစက်ကို အိမ်တွင် ဘယ်လို အသုံးပြုရမလဲကိုဖော်ပြသွားမည်ဖြစ်ပါသည်။လက်ကို ဆပ်ပြာ၊ ရေများများဖြင့် စက္ကန့် ၂၀ ခန့်ဆေးပြီး ရေများကိုခြောက်အောင် သုတ်ပါ။ ထိုအချိန်တွင် ရေဘုံဘိုင်ခေါင်းကို ပိတ်ထားပါ။ဆေးရှုစက် အဖုံးကိုဖွင့်ပြီး ရှုမည့်ဆေးကို ထည့်ပါ။ အများစုသော ရှုဆေးများသည် သတ်မှတ်ထားသော ပမာဏအတိုင်း ရှိကြသည်။ သို့သော် သင့်တွင် မရှိပါက ဆရာဝန်ပြောသည့် ပမာဏအတိုင်း ချင်တွယ်ပြီးမှ ထည့်ပါ။ ဆေးများ ထွက်မကျအောင် ဆေးရှုစက်အဖုံးကို လုံအောင်ပိတ်ပါ။ ဘက်ထရီပါဝင်ပြီး အားသွင်းရသောစက်မဟုတ်လျှင် ပလပ်ပေါက်ကိုတပ်ရန်မမေ့ပါနှင့်။ဆေးရှုစက်ထဲသို့ ထည်နိုင်သောဆေးများမှာ ဘီတာအားပေးရှုဆေးများ၊ ကိုလင်းဓါတ်ဆန့်ကျင်ဆေးများ၊ အရောင်ကျဆေးများနှင့် ပိုးသတ်ဆေးများ ဖြစ်ပါသည်။ အသက်ရှုလမ်းကြောင်းရောဂါများနှင့် မဆိုင်သော အခြားသော ရှုဆေးများလည်းရှိပါသည်။ ဆေးအားလုံးကို ဆေးရှုစက်နှင့် မရှုနိုင်ကြောင်း သတိပြုရပါမည်။ဂျက်ဆေးရှုစက် နှင့် လေဖိအားသုံးဆေးရှုစက်များသည် အများဆုံးအသုံပြုကြသော အမျိုးအစားများ ဖြစ်ပါသည်။ စက်အသစ်များသည် ဆေးအားလုံးကို ရှုသွင်းနိုင်စေရန် ထုတ်လုပ်ထားပါသည်။ ဆေးရှုခြင်းသည် ဆေးရှုစက်၏ အလုပ်လုပ်ပုံ၊ ရေငွေ့များကို ဖြစ်အောင် စက်မှ လုပ်ဆောင်ပေးမှုနှင့် ရှုရသော ဆေးအမျိုးအစားများအပေါ် မူတည်ပါသည်။ ထို့ကြောင့် စက်ကို အသုံးပြုပုံကို တိကျစွာ သိရှိရန် ဆရာဝန်သို့မဟုတ် စက်ကျွမ်းကျင်သူကို မေးမြန်းပါ။ဆေးရှုစက် ပုံစံအမျိုးမျိုးရှိသော်လည်း အများအားဖြင့် ပါးစပ်ထဲသို့ ထဲ့ရှုသော ပစ္စည်းသည်ဆေးရှုစက်၏ အဖုံးနားတွင် ရှိတတ်ကြသည်။ အချို့သော ဆေးရှုစက်များသည် မျက်နှာဖုံးများအစား ပါးစပ်ထဲသို့ ထဲ့ရှုသော ပစ္စည်းများ ပါရှိပါသည်။ မျက်နှာဖုံးများသည် ရေရှည်တွင် အရေပြား အနာဖြစ်စေနိုင်သောကြောင့် ဖြစ်ပါသည်။အောက်ဆီဂျင်ဗူးမှ လေပြွန် တစ်ဖက်ကိုဆေးရှုစက် နှင့် ချိတ်ပါ။ အများစုသော ရှုစက်များတွင် အောက်ဆီဂျင်ဗူးမှ လေပြွန် ကိုဆေးရှုစက် အောက်ခြေနေရာနှင့် ချိတ်ဆက်ရခြင်းဖြစ်သည်။ အခြားတစ်ဖက်ကို ဆေးရှုစက်မှ လေဖိအားပေးစက်နှင့် ချိတ်ဆက်ပါ။ပါးစပ်ထဲသို့ ထဲ့ရှုသော ပစ္စည်းကို ပါးစပ်ထဲသို့ ထဲ့ထားစဉ် လျှာပေါ်တွင်ထားပြီး နှုတ်ခမ်းများကို စေ့ထားပါ။ ဖြေးဖြေးချင်းရှုသွင်းပါ။ ပါးစပ်မှတဆင့် ဟိုးအတွင်းဆုံးအဆုတ် နေရာထိရောက်အောင် ရှုသွင်းပါ။နှာခေါင်း သို့မဟုတ် ပါးစပ်မှ ရှုထုတ်ပါ။အသက်ကြီးသောသူများတွင် နှာခေါင်းပိတ်ထားခြင်းက ဆေးများကို ပါးစပ်မှတဆင့် အဆုတ်ထဲသို့ရောက်သွားစေပါသည်။အသက်ငယ်သော ကလေးများတွင် ပါးစပ်ထဲသို့ ထဲ့ရှုသော ပစ္စည်းအစား မျက်နှာဖုံးကို အသုံးပြုနိုင်ပါသည်။ ထိုမျက်နှာဖုံးများသည်လည်း ဆေးရှုစက်အဖုံးတွင် တပ်ဆင်ရခြင်းဖြစ်ပြီး အမျိုးမျိုးသော အရွယ်အစားများဖြင့် တွေ့နိုင်ပါသည်။ဆေးရှုစက်မှ ရေမှုန်များ မထွက်တော့သည်အထိ မတ်မတ်ထိုင်ပြီး ဆေးများကို ဆက်ရှုပေးပါ။အများအားဖြင့် ဆေးရှုစက်ထဲတွင်ဆေးများကုန်သွားသည်အထိ ကြာချိန်သည် ၁၀ မိနစ်မှ ၁၅ မိနစ်ဖြစ်ပါသည်။ အချိန်ကုန်မြန်အောင် တီဗီကြည့်ခြင်း၊ သီချင်းနားထောင်ခြင်းများ ပြုလုပ်နိုင်ပါသည်။ကလေးငယ်များကို မူ ပဟေဋိများ ကစားခိုင်းခြင်း၊ ဆေးရောင်ခြယ်ခြင်းများဖြင့် ဆေးရှုချိန်တွင် အာရုံလွှဲထားနိုင်ပါသည်။ အကောင်းဆုံးနည်းလမ်းမှာ ဆေးရှုချိန်တွင် ကလေးကို အမေ့ပေါင်ပေါ်မှာ ချော့သိပ်ထားခြင်းဖြင့် မတ်မတ်အနေအထားလည်း ဖြစ်သွားသလို ဆေးများအားလုံးကိုလည်း အဆုတ်ထဲရောက်သွားစေမည်ဖြစ်ပါသည်။ဆေးရှုစက်အဖုံးများကို မထိတွေ့မီ ပလပ်ပေါက်ဖြုတ်ထားကြောင်း သေချာပါစေ။ ဆေးရှုစက်အဖုံးများ၊ နှာခေါင်းဖုံးများကို ရေ၊ ဆပ်ပြားဖြင့် စင်ကြယ်အောင်ဆေးပါ။ ထို့နောက် သန့်ရှင်းသော အဝတ်ဖြင့် သုတ်ပြီး ခြောက်အောင်ထားပါ။ ဆေးရှုပြီးတိုင်းသန့်ရှင်းရေး မှန်မှန်ပြုလုပ်ပေးပါ။ပလတ်စတစ်ပိုက်ကို မဆေးပါနှင့် ။ ရေစိုသွားလျှင်လည်း အသစ်လဲလိုက်ပါ။ ဆေးရှုစက်၏ အခြားသော အစိတ်အပိုင်းများကို ဘေစင်ထဲတွင် ထဲ့ပြီး ဆေးကြောခြင်း မပြုလုပ်ပါနှင့်၊ ပလတ်စတစ်ပိုက်များသည် အပူနှင့် ထိတွေ့လျှင် ဓါတ်ပြောင်းလဲမှုများ ဖြစ်ပေါ်သောကြောင့် ဖြစ်ပါသည်။စက်ကို ပိုးသတ်ရန်အတွက် ထုတ်လုပ်သော ကုမ္မဏီ၏ ညွှန်ကြားချက်များအတိုင်းဆောင်ရွက်ပါ။ ဆေးရှုစက်တွင် ပါသော ပလတ်စတစ်ပိုက်မှ လွဲပြီး ကျန် အစိတ်အပိုင်းများကို ဖြုတ်ပြီး ရှာလကာရည်ဖြင့် စိမ်ပါ။ ထို့နောက် ရေနွေးထဲတွင် တစ်နာရီခန့်စိမ်ပါ။ ထိုအစိတ်အပိုင်းများအားလုံးကို ရေအေးဖြင့်ဆေးပါ။ သန့်ရှင်းသော ပဝါဖြင့် ခြောက်အောင်သုတ်ပါ။ ခြောက်သွားပြီဆိုလျှင် ယင်းတို့ကို သန့်ရှင်းသောနေရာတွင် သိမ်းဆည်းပါ။ပိုပြီး သန့်ရှင်းမှုရှိစေရန် လူတစ်ယောက်လျှင် ကိုယ်ပိုင်ဆေးရှုစက်တစ်ခု အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။အချုပ်ဆိုရသော် သင့်မိသားစုဝင်ထဲတွင် အဆုတ်ရောဂါ ခံစားနေရသူများ ရှိပါက ဆေးရှုစက် အသုံးပြုပုံကို သိထားခြင်းသည် သင့်အတွက် ဗဟုသုတလည်း ရစေနိုင်သလို မိသားစုဝင်များကိုလည်း ကူညီနိုင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်အနေနှင့် အကောင်းဆုံးသော ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ပေးနိုင်ပါသည်။Translated by Sandar Linn။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/%e1%80%b1%e1%80%86%e1%80%b8%e1%80%9b%e1%82%88%e1%80%85%e1%80%80%e1%80%b9%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%80%a1%e1%80%9e%e1%80%b6%e1%80%af%e1%80%b8/
ပိုတက်ဆီယမ် လိုအပ်ချက်ရှိနေကြောင်း ပြသနေတဲ့ လက္ခဏာတွေက ဘာတွေများလဲ.......
ခန္ဓာကိုယ်ကြီးက မလှုပ်ချင်မသယ်ချင်ဖြစ်နေတယ်၊ ခဏခဏလည်းကြွက်တက်နေတယ်၊ ဝမ်းလည်းမမှန်ဘူးဆိုတဲ့ သူလေးတွေများရှိလား……….. ဒါဆို ဒီဆောင်းပါးလေး အတူတူ ဖတ်ရင်း အဖြေထုတ်ကြည့်ရအောင်လား……….။ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့သတ္တုဓာတ်တွေထဲက တစ်ခုပါ။ပိုတက်ဆီယမ် လုံလောက်ပြည့်ဝမှု မရှိတဲ့အခါ။အားမရှိသလို ခံစားရမယ်။အားမရှိသလို ခံစားရတယ်။မအီမသာဖြစ်နေတယ်ဆိုတာက ကိုယ်တွင်းမှာ ပိုတက်ဆီယမ် ပမာဏ လုံလောက်မှု မရှိခြင်းရဲ့ အစောဆုံး လက္ခဏာရပ် တစ်ခုပါ။ အကြောင်းကတော့ ပိုတက်ဆီယမ်ကကြွက်သားတွေရဲ့ လှုပ်ရှားမှုကို ထိန်းညှိပေးတာကြောင့်ပါ။ သွေးထဲမှာ ပိုတက်ဆီယမ် နည်းလာတဲ့အခါ ကြွက်သားတွေက ကျုံ့ဆန့်အားနည်းသွားပါတယ်။ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ သွေးတွင်းပိုတက်ဆီယမ် ကျဆင်းမှုက ခန္ဓာကိုယ်ကအာဟာရဓာတ်တွေအသုံးချနိုင်စွမ်းကိုပါ ကျဆင်းသွားစေတာပါ။ ဒီလိုကနေ မအီမသာဖြစ်တာကို ခံစားရစေပါတယ်။ကြွက်တက်မယ်။ကြွက်တက်တာက ရုတ်တရက်တတ်တဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။ ထိန်းချုပ်လို့မရတဲ့ ကြွက်သား ကျုံ့ဆန့်မှုတစ်ရပ်ပေါ့။  ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းက သွေးထဲမှာ ပိုတက်ဆီယမ် နည်းသွားတာကြောင့်ပါ။ကြွက်သားဆဲလ်တွေထဲမှာ ရှိနေတဲ့ပိုတက်ဆီယမ်တွေကဦးနှောက်ကို ကြွက်သားတွေကို ကျုံ့ဆန့်တာမျိုး မလုပ်ဖို့ လှုံ့ဆော်ပေးပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေရှိနေမှ ရုတ်တရက် ကြွက်တက်တာမျိုး မဖြစ်မှာပါ။သွေးထဲမှာ ပိုတက်ဆီယမ် နည်းသွားတဲ့အခါ ဒီလိုလုပ်ဆောင်မှုကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ ခက်သွားပါမယ်။ ဒီလိုကနေ ကြွက်သားကျုံ့ဆန့်မှုက အချိန်ကြာမြင့်စွာဖြစ်ရင်း ခံစားရခက်တဲ့ ကြွက်တက်တဲ့ ပြဿနာကို ခံစားရပါတော့တယ်။အစာခြေစနစ်ပြဿနာ ခံစားရမယ်။အစာခြေစနစ်ပြဿနာတွေ ခံစားနေရတဲ့ အကြောင်းအရင်းများစွာရှိနေပြီး ဒီအထဲက အကြောင်းအရင်းတစ်ခုက ပိုတက်ဆီယမ် နည်းနေတာပါ။ အစာခြေစနစ်က ကြွက်သားတွေ သူ့တာဝန်သူ အကောင်းဆုံးထမ်းဆောင်နိုင်စေဖို့ ဦးနှောက်ဆီ သတင်းပို့တဲ့ ဖြစ်စဉ်ကို အကောင်းဆုံး ပံ့ပိုးပေးသူက ပိုတက်ဆီယမ်ပါ။ဒီတော့ ပိုတက်ဆီယမ် ပြည့်ဝနေမှ အစာခြေစနစ်က အကောင်းဆုံး လည်ပတ်နိုင်မှာပါ။ ဒီလိုမှ မဟုတ်ဘူးဆိုရင် အစာခြေစနစ်က အစာတွေကို ကောင်းကောင်း မချေဖျက်နိုင်တော့ဘဲလေပွတာ၊ဝမ်းချုပ်တာလိုမျိုး အစာခြေစနစ် ပြဿနာတွေ ခံစားလာရနိုင်ပါတယ်။နှလုံးခုန်သံ မမှန်တာ။ရုတ်တရက် နှလုံးခုန်သံ ပြင်းတာ၊ မြန်တာ၊နျလု့းခုန်သံ စည်းချက်မမှန်တာတွေ ခံစားနေရပါသလား ……. ပုံမှန်ကတော့ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကစိတ်ဖိစီးမှုများတာ နဲ့စိုးရိမ်ပူပန်မှုတွေ အရမ်းများနေတာကြောင့်ပါ။နောက်ထပ်ဖြစ်နိုင်တာတစ်ချက်ကတော့ သွေးတွင်းပိုတက်ဆီယမ် နည်းနေတာကြောင့်ပေါ့။ အကြောင်းကတော့ နှလုံးဆဲလ်တွေထဲကို ပိုတက်ဆီယမ် စီးဝင်ရောက်ရှိမှုတွေက နှလုံးစည်းချက်တွေကို ထိန်းညှိပေးနေတာကြောင့်ပါ။ သွေးထဲမှာ ပိုတက်ဆီယမ်နည်းသွားတဲ့အခါ ဒီဟန်ချက်ညီမှုက ပျက်သွားနိုင်ပါတယ်။ ဒါကြောင့် နှလုံး ခုန်သံမမှန်ဘူးဆိုရင် သေချာလေး စစ်ဆေးကြည့်ပါ။ သွေးတွင်း ပိုတက်ဆီယမ်နည်းနေတာဖြစ်နိုင်သလိုနှလုံးရောဂါအစပျိုးနေတာလည်း ဖြစ်နိုင်တာကြောင့်ပါ။ကြွက်သားတွေတောင့်တင်းနာကျင်တာ။ကြွက်သားတွေ တောင့်တင်းနာကျင်တာက ပိုတက်ဆီယမ်ချို့တဲ့မှု ပြင်းထန်နေပြီဆိုတဲ့ လက္ခဏာရပ်ပါ။ ဒီအနေအထားမှာ ကြွက်သားတွေရဲ့ တုံ့ပြန်မှုက မြန်ဆန်နေနိုင်ပါတယ်။သွေးတွင်းက ပိုတက်ဆီယမ် ပမာဏက ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို ထိန်းညှိပေးတာဖြစ်ပြီး သွေးတွင်း ပိုတက်ဆီယမ် ပမာဏ အဆမတန် ကျဆင်းသွားတဲ့အခါသွေးကြောတွေကျုံ့သွားပြီး ကြွက်သားတွေဆီ သွေးစီးဆင်း ရောက်ရှိမှုကို ကန့်သတ်လိုက်ပါတယ်။ ဒီအခြေအနေက ကြွက်သားတွေ နာကျင်ကိုက်ခဲတာ။ တောင့်တင်းတာတွေကို ခံစားရနိုင်ပါတယ်။ထုံကျဉ်မယ်။သွေးထဲမှာ ပိုတက်ဆီယမ် နည်းသွားတဲ့အခါ ခြေလက်တွေ ထုံကျဉ်တာမျိုး ခံစားရနိုင်ပါတယ်။ လက်မောင်း၊ လက်ဖဝါး၊လက်ချောင်းထိပ်လေးတွေ၊ ခြေဖဝါးနဲ့ ခြေထောက်တွေ ထုံကျဉ်နေပြီဆိုရင်တော့ သွေးထဲမှာ ပိုတက်ဆီယမ် နည်းနေတာပါ။ ဒါက ခဏတဖြုတ် မဟုတ်ဘဲ အချိန်အတိုင်းအတာ တစ်ခုအထိဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေး ပြကြည့်စေချင်ပါတယ်။အသက်ရှူရခက်မယ်။အသက်ရှူရခက်တာက သွေးထဲမှာ ပိုတက်ဆီယမ်ပမာဏ တော်တော်လေး နည်းနေတာကြောင့်ပါ။ ပိုတက်ဆီယမ်က အဆုတ်တွေရဲ့လုပ်ဆောင်မှုကို ထိန်းညှိပေးဖို့ တာဝန်ကိုလည်း ယူပေးထားသေးတာကိုး။သွေးထဲမှာ ပိုတက်ဆီယမ်နည်းလာတဲ့အခါအဆုတ်တွေက ကျုံဆန့်မှုကို ဟန်ချက်ညီညီ မလုပ်ဆောင်တော့ဘဲ အသက်ရှူရခက်တာမျိုးတွေဖြစ်လာပါတော့တယ်။စိတ်ခံစားမှုပြောင်းလဲမယ်။ပိုတက်ဆီယမ်ပမာဏ ကျဆင်းလာမှုက စိတ်ခံစားမှုကို ပြောင်းလဲစေပြီး စိတ်ပင်ပန်းမှုကို ခံစားရစေနိုင်ပါတယ်။ သွေးတွင်း ပိုတက်ဆီယမ်ပမာဏ နည်းလာတာက ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။  စိတ်အခြေအနေပုံမှန်မဟုတ်ဘူး၊စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုခုကို ခံစားရတေယ်ဆိုရင် သေချာတာက သွေးတွင်းမှာ ပိုတက်ဆီယမ် ပမာဏ လျော့ကျနေတာကြောင့်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/signs-and-symptoms-of-potassium-deficiency/
တင်ပါး ပြည့်ပြည့်လေး ဖြစ်စေဖို့ ဘာစားမလဲ............
လေဒီလေးတွေက တင်ပါး ပြည့်ပြည့်လေး နဲ့ဆိုရင် ဘာဝတ်ဝတ်လှတယ်လို့ ထင်တတ်ကြတယ်နော်။ ဒီတော့တင်ပါးပြည့်ပြည့်လေးနဲ့ လှအောင် ဘာတွေစားကြမလဲ……. ဒီဆောင်းပါးလေးကနေ ပြောပြပေးပါရစေ။တင်ပါးလေးက ပြည့်ပြည့်ဖြိုးဖြိုးလေးနဲ့ လှစေဖို့ဆိုရင်။ခန္ဓာကိုယ်အနေနဲ့ တစ်နေ့ကို ပရိုတင်း ၁.၆ ဂရမ် ကနေ ၁.၈ ဂရမ်အထိ လိုအပ်ပါတယ်။ ဒါပေမယ့် လေဒီအများစုက ပရိုတင်းကို အလုံအလောက်စားမိခဲကြပါတယ်။ ဒီတော့ ပရိုတင်း လုံလောက်ပြည့်ဝစွာရရှိစေဖို့ဆိုရင် နေ့တိုင်းလေ့ကျင့်ခန်းလုပ်ပေးရင်း ပရိုတင်း ရှိတ်ကို တစ်ခွက်လောက် မှန်မှန်သောက်ပေးပါ။Chia seeds မှာ ပရိုတင်း နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေပါဝင်နေပါတယ်။ Chia seeds ၁၀၀ ဂရမ်မှာ ပရိုတင်း ၁၄ ဂရမ် ပါဝင်နေပါတယ်။ Chia seeds မှာ omega-3၊omega-6နဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ၊အမျှင်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ငါးမှာ omega-3-fatty acids လိုမျိုး အကျိုးပြုအဆီတွေနဲ့ ပရိုတင်းတို့ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဆယ်လ်မွန်၊ တူနာ၊မက်ကာရယ်တို့လိုမျိုး ငါးတွေကို စားသုံးပေးပါ။ဟင်းနုနွယ်မှာ ဗီတာမင် နဲ့ သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်နေပါတယ်။ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝမှုကသွေးတွင်းကိုလက်စထရောနဲ့ သွေးတွင်းအဆီတွေကို ကျဆင်းစေနိုင်ပါတယ်။စားလိုက်ရင် ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိတဲ့ ထောပတ်သီးမှာဗီတာမင် E၊ဗီတာမင် A၊ ဗီတာမင် B6 နဲ့ ဗီတာမင် C၊ ပရိုတင်း နဲ့ သတ္တုဓာတ် တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီက ရောင်ရမ်းမှုကို ကျစေနိုင်ပြီးကြွက်သားတွေကို ကျန်းမာစေနိုင်ပါတယ်။နှမ်းကြတ်စေ့မှာ ကျန်းမာတဲ့အဆီ နဲ့ ပရိုတင်းတို့ကြွယ်ဝစွာ ပါဝင်နေပါတယ်။ နှမ်းကြတ်စေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာမှာ ပရိုတင်း ၁.၅ ဂရမ် ပါဝင်နေပါတယ်။ ဒါကြောင့် တင်သားပြည့်ပြည့်လေးလှချင်တယ်ဆိုရင် နှမ်းကြတ်စေ့ တစ်နေ့ကို လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာ စားပေးပါ။တင်သား ပြည့်ပြည့်လေးနဲ့ လှစေဖို့ဆိုရင် ဥအမျိုးမျိုးက မဖြစ်မနေ စားပေးသင့်ပါတယ်။ ဥအမျိုးမျိုးမှာ အမိုင်နိုအက်ဆစ် ပါဝင်နေသလို ကြွက်သားတွေ တည်ဆောက်ရာမှာ အရေးပါတဲ့ ဗီတာမင်တွေ ပြည့်ဝစွာ ပါဝင်နေပါတယ်။ အရွယ်တော်ကြက်ဥတစ်လုံးမှာ ပရိုတင်း ၆ ဂရမ် ပါဝင်နေပါတယ်။တစ်ပတ်ကို အနှစ်ဖယ်ထားတဲ့ ကြက်ဥ ၂ လုံး ကနေ ၃ လုံး လောက်အထိ စားပေးလို့ရပါတယ်။ပဲအမျိုးမျိုးမှာ ပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ အမျှင်ဓာတ်လည်း ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ ဒါ​ကြောင့်ပဲနီလေး၊ ပဲဝါလေး တို့လိုမျိုး ပဲတွေကို စားပေးပါ။မှိုက ပရိုတင်း ကြွယ်ဝတဲ့ အသီးအရွက် တစ်မျိုးပါ။ မှို ၁၀၀ ဂရမ်မှာ ကယ်လ်လိုရီ ၂၉ ရာခိုင်နှုန်း နဲ့ ပရိုတင်း ၃.၃ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ ဒါကြောင့် အသားတွေ မစားချင်ဘူး ပရိုတင်း ပြည့်ပြည့်ဝဝရပြီး တင်ပါး ပြည့်ပြည့်လေး ဖြစ်ချင်တယ်ဆိုရင် မှိုစားသုံးပေးလို့ ရပါတယ်။အမဲသားက ပရိုတင်း အကြွယ်ဝဆုံး အသားတစ်မျိုးပါ။ အမြဲမဟုတ်တောင် တင်ပါးလေး ပြည့်စေဖို့ဆိုရင် တစ်ပတ်ကို တစ်ကြိမ်လောက်တော့ အမဲသား စားပေးပါ။အဆီပြည့်နို့တွေက ပရိုတင်း၊ ကယ်လ်ဆီယမ် တို့ကြွယ်ဝစွာ ပါဝင်နေတာကြောင့်အရိုးနဲ့ ကြွက်သားတွေသန်မာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ တစ်နေ့ကို အဆီပြည့် နို့တစ်ခွက် ပုံမှန်သောက်လို့ လေ့ကျင့်ခန်းလည်း မှန်မှန်လုပ်ပေးပါ။ကုလားပဲမှာ ပရိုတင်း၊ အမျှင်ဓာတ်၊ ဖောလိတ်၊ သံဓာတ်၊ အဆီဓာတ် နဲ့ ဖော့စဖရိတ်တို့ ကြွယ်ဝစွာ ပါဝင်နေမှုက ကြွက်သားတွေကို အားဖြည့်ပေးပြီး သန်မာစေနိုင်မှာပါ။အရသာရှိတဲ့ ကန်စွန်းဥက ကစီဓာတ်၊ ဓာတ်တိုးဆန့်ကျင် အာနိသင်၊ သတ္တုဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့် ကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။ဒါတွေအပြင် ဆန်လုံးညို၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ ကြက်ရင်အုံသား၊ ကြက်ဆင်သား၊ ဒိန်ချဉ် စတာတွေကို စားပေးလို့ရပါတယ်။ကဲ..တင်ပါး ပြည့်ပြည့်လေးနဲ့ လှစေဖို့ဆိုရင် အခု ပြောခဲ့တာလေးတွေကို စားသုံးကြည့်ဖို့ ပြောပါရစေနော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-that-make-your-hips-bigger/
COVID_19 ဖြစ်ပွားနေချိန်မှာ ကိုယ့်မှာရှိတဲ့ ထိခိုက်ဒဏ်ရာ အနာတွေကို နေအိမ်မှာပဲ ဘယ်လို ဂရုစိုက်မလဲ
အခုလက်ရှိအချိန်အခါကကမ္ဘာ့ကပ်ရောဂါလို့ ထုတ်ပြန်ကြေညာထားတဲ့COVID_19ဖြစ်ပွားနေတာကြောင့် တတ်နိုင်သမျှ အပြင်ထွက်သွားလာတာတွေမလုပ်ကြဖို့ သတိပေးထားတဲ့ ကာလပါ။ မလိုအပ်ဘဲ ရောဂါကူးစက်တာတွေမဖြစ်အောင် အပြင်အသွားအလာတွေကို လျှော့ချနေချိန်မှာ ကိုယ့်မှာရှိတဲ့ထိခိုက်ဒဏ်ရာအနာတွေကို နေအိမ်မှာ ဘယ်လိုမျိုး ကုသရမလဲဆို တာကို ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လိုက်ပါ။ဒါကတော့ ရှင်းပါတယ်။ အဖြစ်အများဆုံး ကျန်းမာရေးပြဿနာက ထိခိုက်ရှနာပါပဲ။ တစ်လလုံးမှာ တစ်ခါ ဖျားချင်မှဖျားနိုင်ပေမယ့် တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ ထိခိုက်မိနိုင်ပါတယ်။ဓားရှတာကစလို့ ချော်လဲတာ၊အပူလောင်တာ အမျိုးမျိုးပါ။ ခလုတ်တိုက်တာတောင် အစစ်ပါနိုင်သေးပါတယ်။အရေပြားဟာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံး ကာကွယ်ရေးစနစ်ပါပဲ။ ပြင်ပက အန္တရာယ်ရှိတဲ့ ရောဂါပိုးတွေကို ဒီအရေပြားက ကာကွယ်တားဆီးပေးထားတဲ့အတွက် လူတွေ အသက်ရှင်နိုင်တာပါ။ အခု ဒီအရေပြားက ထိခိုက်ပေါက်ပြဲပြီဆိုရင် အရေပြားပေါက်ပြဲတဲ့နေရာတွေကနေ ရောဂါအမျိုးမျိုး ဝင်ရောက်လာဖို့အတွက် အခွင့်အရေးဖြစ်သွားပါပြီ။ ဒါကြောင့် ထိခိုက်ရှနာ ပေါက်ပြဲမှုတွေ ဖြစ်လာခဲ့ရင် အရေပြားကို သေချာဂရုစိုက်ကုသမှုပေးဖို့ လိုအပ်တာပါ။ထိခိုက်ဒဏ်ရာအများစုက နေအိမ်မှာတင် ကိုယ်တိုင် ဂရုစိုက်ကုသမှုလုပ်လို့ရပါတယ်။ တကယ်လို့ အခုလိုကာလမှာ ထိခိုက်ဒဏ်ရာရမယ်။ ဆေးခန်းသွားဖို့လည်း မလွယ်ဘူးဆိုရင်။လက်တွေကို ဆေးကြောပါ။ထိခိုက်ဒဏ်ရာ ရတဲ့အခါ အနာကို မကိုင်တွယ်ခင် လက်ကိုသေချာစွာ ဆေးကြောပါ။ လက်ဆေးတဲ့အခါဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ဆပ်ပြာနဲ့ ရေကို အသုံးပြုပါ။ မသန့်ရှင်းတဲ့ လက်ကတဆင့် အနာထဲကို ရောဂါပိုး​တွေမဝင်စေဖို့ပါ။သွေးတိတ်အောင်လုပ်ပါ။အနာကို ပတ်တီးစသန့်သန့် ဒါမှမဟုတ် ဂွမ်းစသန့်သန့်နဲ့ ခပ်ဖွဖွလေးဖိထားပြီး သွေးတိတ်အောင်လုပ်ပါ။အနာကို သန့်စင်ပါ။ပြီးရင်တော့ အနာကိုအရက်ပြန်နဲ့ ဂွမ်းစသုံးလို့ သေချာသန့်စင်ပါ။ အနာတဝိုက်ကို သေသေချာချာပိုးသတ်ပါ။ အနာသန့်စင်မှု ကအနာကျက်စေဖို့တော်တော်လေး အရေးပါပါတယ်။ပြင်ပအရာဝတ္ထုတွေကို ဖယ်ရှားပါ။ဖန်ကွဲစ၊ သံစလေးတွေလိုမျိုး အရာလေးတွေက အနာကို သန့်စင်ချိန်မှာ ထွက်မသွားဘူးဆိုရင် ဇာဂနာကို အရက်ပြန်စွတ်လို့ ဖယ်ရှားပေးရပါမယ်။ဆေးထည့်ပါ။အနာကို သန့်စင်ပြီးပြီဆိုရင်တော့ ဘက်တီးရီးယားတွေ ဝင်ရောက်တာမျိုး မရှိစေဖို့ အနာအတွက်ထုတ်ထားတဲ့ လိမ်းဆေးတစ်ခုခုကို လိမ်းပေးရပါမယ်။ ဒါမှ အနာက ပိုးဝင်ကူးစက်မှုကင်းပြီး နောက်ဆက်တွဲ ပြဿနာတွေ ကင်းစေမှာပါ။ပတ်တီးလား….. ပလာစတာလား ရွေးချယ်ပါ။အနာကို ပြင်ပက ဘက်တီးရီးယားတွေ၊ ဖုန်မှုန့် နဲ့ အညစ်အကြေးတွေ မဝင်စေဖို့ဆိုရင် ဖုံးအုပ်ထားဖို့ လိုပါမယ်။ ဒီတော့ အနာ အရွယ်အစားကိုလိုက်ပြီး အနာသေးရင်တော့ ပလာစတာ။ အနာကြီးရင်တော့ ပတ်တီးကို အသုံးပြုပေးပါ။ပလာစတာပုံမှန်လဲလှယ်ပါ။အနာကို တစ်နေ့ကို ၂ ကြိမ် ပုံမှန် ဆေးထည့်သန့်စင်ရပါမယ်။ အနာအခြေအနေလည်း လေ့လာရင်း ပိုးမဝင်အောင်လည်း ဂရုစိုက်ရင်းပါ။အာဟာရ ပြည့်ဝအောင် စားပါ။ထိခိုက်ဒဏ်ရာရတဲ့အခါ အနာမရင်းစေဖို့ဆိုရင် အနာကျက်မြန်စေတဲ့ အစားအစာတွေဖြစ်ကြတဲ့ ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေ၊ ပရိုတင်းတို့ကို ပြည့်ဝလုံလောက်အောင် စားသုံးရပါမယ်။ လိမ္မော်သီး၊ရှောက်ချိုသီး၊ ဂရိတ်ဖရု နဲ့ အချဉ်ဓာတ်ပါတဲ့ အသီးတွေ ကြက်သား၊ ပဲအမျိုးမျိုးစတဲ့ ပရိုတင်း ကြွယ်ဝတဲ့ အစားအစာတွေ များများစားပေးပါ။အရက်၊ဆေးလိပ်ရှောင်ပါ။ဒါတွေက အနာကျက်နှေး စေနိုင်ပါတယ်။ ဒါကြောင့် ထိခိုက်ဒဏ်ရာရထားပြီး အခုလို အပြင်ထွက်ဖို့ မလွယ်ကူတဲ့ COVID_19 ဖြစ်ပွားနေချိန်မှာ အနာကျက်နှေးပြီး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ဆေးလိပ်နဲ့ အရက်ကို လျှော့ပါ။ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်လို့ အနာကိုသေချာဂရုမစိုက်တဲ့အခါ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့။နေအိမ်လေးမှာ ပလာစတာ၊ ပတ်တီး၊ အရက်ပြန်၊ ဂွမ်း၊ အနာလိမ်းဆေး စတာတွေကို အသင့်ဆောင်ထားလို့ COVID_19 ဖြစ်ပွားနေစဉ်ကာလမှာ ကိုယ်တိုင်ရော မိသားစုဝင်တွေမှာပါ ထိခိုက်ဒဏ်ရာရလာခဲ့ရင် နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်အောင် ဂရုစိုက်စောင့်ရှောက်လိုက်ကြပါစို့……………..။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/top-tips-for-wound-care-at-home-during-covid_19/
အထက်လန်အောက်လျှော ဖြစ်စေတဲ့ အကြောင်းရင်းများ
အထက်လန်အောက်လျှော ဆိုတာ မြန်မာနိုင်ငံအတွက်တော့ သိပ်ပြီး မထူးဆန်းလှတဲ့ ကိစ္စပါ။ လူတိုင်းလိုလို ဖြစ်ဖူးကြတာကိုး။အန်လည်း အန်၊ဝမ်းလည်းလျှောနေပြီဆိုရင် ဘယ်သူမှ မေးမနေတော့ပါဘူး။ ဒါ အထက်လန်အောက်လျှောတာပဲဆိုတာ တန်းသိနေပါပြီ။ ဒီလိုအဖြစ်များတဲ့ ရောဂါအတွက် ဆောင်ရန်ရှောင်ရန်လေးတွေက ဘာများလဲ။အဓိကကတော့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးကြောင့် ဖြစ်တာများပါတယ်။အဓိကလက္ခဏာတွေကတော့။တချို့တွေမှာတော့ အစားအသောက်ပျက်တာ၊ ဗိုက်အောင့်တာ၊ ကိုယ်လက်ကိုက်တာ၊ ခေါင်းကိုက်တာ စတာတွေ ဖြစ်တတ်ပါတယ်။ လက္ခဏာတွေက ပိုးဝင်ပြီး တစ်ရက်လောက်နေရင် စပေါ်လာပါတယ်။ အများစုက တစ်ပတ်လောက်နေရင် သက်သာသွားပေမယ့် တချို့က ဒီထက်ပိုကြာတတ်ပါတယ်။အထက်အလန်အောက်လျှောက လူတိုင်း ဖြစ်ဖူးတယ်။ ဓာတ်ဆားလေးသောက်ပြီး ရက်ပိုင်းလောက် နေရင် ကောင်းသွားပေမယ့် ဒီအခြေအနေထိ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။အထက်လန်အောက်လျှော ဖြစ်လွယ်တဲ့ သူတွေကတော့။အများအားဖြင့်တော့ လူနာကို ရောဂါရာဇဝင်မေး၊ စမ်းသပ်ရုံနဲ့ သိပါတယ်။ ဒါပေမယ့် လက္ခဏာတွေက ရက်တော်တော်ကြာအောင် မသက်သာဘူးဆိုရင်တော့ မစင်ကို ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးရပါမယ်။အထူးသဖြင့် လူအစုလိုက် အပြုံလိုက် အထက်လန်အောက်လျှောဖြစ်တဲ့ ပြဿနာတွေမှာ ဘာကြောင့်လဲဆိုတာ သိဖို့ လိုအပ်ပါတယ်။ နောက်တစ်ခါ အလှူအိမ်တို့၊ မင်္ဂလာဆောင်တို့မှာ တစ်အိုးတည်း စားခဲ့ပြီး အတူတူ အထက်လန်အောက်လျှော ဖြစ်ကြတယ်ဆိုရင်လည်း ဘာကြောင့်လဲဆိုတာ သိဖို့ စစ်ဆေးရပါတယ်။အစာအဆိပ်သင့်တယ်လို့ အလွယ်ပြောကြပါတယ်။ဝမ်းလျှောတယ်၊ အန်တယ်ဆိုရင် အကောင်းဆုံးက အိမ်မှာနေပြီး ကောင်းကောင်း အနားယူဖို့ပါပဲ။ သူ့မှာ တိကျတဲ့ ကုထုံးဆိုတာ မရှိပါဘူး။ တုပ်ကွေးလိုမျိုး အလိုလို သက်သာသွားတာကို စောင့်ရမှာပါ။ ဆောင်ရန် ရှောင်ရန်တွေကတော့။အထက်လန်အောက်လျှော ဖြစ်စေတဲ့ ရောဂါပိုးတွေက တစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်လွယ်ပါတယ်။ ဥပမာ ပြောရရင်။အထက်လန်အောက်လျှော ဖြစ်နေတဲ့သူတစ်ယောက်က အကြမ်းအားဖြင့် လက္ခဏာပြပြီး ၂ရက်ကြာတဲ့အထိ သူများဆီကို ပိုးဖြန့်နိုင်ပါတယ်။ပိုးတွေက မျက်စိနဲ့ မြင်နေရတာမဟုတ်တော့ ၁၀၀ ရာခိုင်နှုန်းတော့ အပြည့်အဝမကာကွယ်နိုင်ဘူးပေါ့။ ဒါပေမယ့် အောက်အချက်တွေ လိုက်နာရင်တော့ ဖြစ်နိုင်ခြေ နည်းသွားမှာပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gastroenteritis/causes-of-gastroenteritis/
Bipolar Disorder (စိတ်အတက်အကျမြန် စိတ်ဝေဒနာ)
Bipolar disorder ဆိုတာ စိတ်အတက်အကျ အရမ်းမြန်စေတဲ့ ပြင်းထန်ဆိုးရွားသော စိတ်ရောဂါတစ်ခု ဖြစ်ပါတယ်။ ဝေဒနာရှင်တွေ အနေနဲ့ အရမ်း ပျော်ရွှင်တက်ကြွနေရာကနေ ရုတ်တရက်ကြီး အလွန်အမင်း ဝမ်းနည်းသွားတာမျိုး ဖြစ်သွားလေ့ရှိပါလိမ့်မယ်။ ကြားထဲမှာတော့ ရံဖန်ရံခါ ဆိုသလို ပုံမှန်စိတ်အခြေအနေလည်း ရှိနေနိုင်ပါတယ်။သင် စိတ်ဓါတ်ကျနေချိန်တွေမှာဆိုရင် အရာအားလုံးဟာ စိတ်ညစ်စရာ၊ မျှော်လင့်ချက်ကင်းမဲ့စရာ ဖြစ်နေမှာ ဖြစ်ပြီး နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာလည်း စိတ်ပါဝင်စားခြင်း မရှိတော့ပါဘူး။ ဒါပေမယ့် စိတ်တက်ကြွချိန်ဆိုရင်လည်း သင်ဟာ အားအင်တွေပြည့်ဝပြီး စိတ်လှုပ်ရှားမှု အပြည့်နဲ့ ရှိနေတတ်ပါတယ်။ဒီလို စိတ်အတက်အကျ မြန်တာဟာ တစ်နှစ်မှာ အကြိမ်ရေ အနည်းငယ်ဖြစ်ပေါ်နိုင်ပြီး ပိုဆိုးရွားတဲ့ အခြေအနေတွေမှာတော့ တစ်ပတ်အတွင်းမှာပဲ အကြိမ်ရေ အနည်းငယ် ဖြစ်ပေါ်လာနိုင်တာဖြစ်ပါတယ်။ဒီရောဂါဟာ လူမှုဆက်ဆံရေး၊ အလုပ်အကိုင်၊ ကျောင်းတွင်း စွမ်းဆောင်ရည် တွေကို ပျက်စီးကျဆင်းစေပြီး ကိုယ့်ကိုယ်ကို သတ်သေတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်မှာ ဒီလိုအခြေအနေမျိုးတွေ ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှု ခံယူသင့်ပါတယ်။ဒီရောဂါဟာ ဆယ်ကျော်သက်အရွယ် ကုန်ဆုံးခါနီး တဝိုက်မှာ စတင်ဖြစ်ပွားလေ့ရှိတယ်ဆိုပေမယ့် ကလေးတွေရော၊ အရွယ်ရောက်ပြီး လူကြီးတွေမှာပါ ဖြစ်ပွားနိုင်ပါတယ်။စိတ်အတက်အကျမြန် ရောဂါရှင်တွေရဲ့ အနည်းဆုံး ထက်ဝက်လောက်ဟာ အသက် ၂၅နှစ်မတိုင်ခင်မှာ ရောဂါစတင် ခံစားရတာဖြစ်ပြီး ဘဝတလျှောက်လုံး ခံစားသွားရလေ့ရှိပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။စိတ်အတက်အကျမြန်ရောဂါ ရှိနေပြီဆိုရင် ပြင်းထန်ပြီး ပုံမှန်မဟုတ်သော စိတ်ခံစားမှုတွေ ဖြစ်ပေါ်လေ့ရှိတဲ့ ကာလတွေကို ကြုံတွေ့ခံစားရမှာပါ။ သင့်ရဲ့ ပုံမှန် စိတ်ခံစားချက်တွေ၊အမူအကျင့်တွေနဲ့ များစွာ ကွာခြားတဲ့ အပြောင်းအလဲတွေကို ဒီလို ကာလတစ်ခုချင်းဆီမှာ ခံစားရပါလိမ့်မယ်။အရမ်းပျော်ရွှင် စိတ်လှုပ်ရှားနေတဲ့ အချိန်ကာလကို “စိတ်ကြွချိန်’လို့ ခေါ်ပြီး အလွန်အမင်း စိတ်ဆင်းရဲ၊ ဝမ်းနည်း၊မျှော်လင့်ချက် ကင်းမဲ့နေတဲ့ ကာလကို “စိတ်ကျချိန်’လို့ ခေါ်ပါတယ်။တခါတလေလည်း ကာလတခုထဲမှာပဲ စိတ်ကြွတာရော၊ စိတ်ကျတာပါ ရောထွေးခံစားရနိုင်ပါသေးတယ်။ ဒါမျိုးကို “ရောပြွန်းနေတဲ့ ကာလ’ လို့ ခေါ်လေ့ရှိပါတယ်။ စိတ်ခံစားချက် အပြောင်းအလဲတွေ ဖြစ်ပေါ်နေတဲ့ ကာလတွေမှာ သင့်အနေနဲ့ ဒေါသတကြီးဖြစ်တာမျိုး၊ ဆတ်ဆတ်ထိမခံ စိတ်ကြီးနေတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။စိတ်ခံစားမှု ပြောင်းလဲတာနဲ့အတူ အားအင်၊လှုပ်ရှားမှု၊အိပ်စက်တာ နဲ့ အပြုအမူ၊အမူအကျင့်တွေလည်း အစွန်းရောက်အောင် ပြောင်းလဲလာနိုင်ပါတယ်။အထက်မှာ ဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။•အလွန်ပျော်ခြင်း ၊စိတ်လှုပ်ရှားခြင်း။• အလွန်ကို ဆတ်ဆတ်ထိမခံ ဖြစ်ခြင်း။• ပုံမှန်ထက် အစားအသောက် ပိုစားခြင်း။• အအိပ်အနေနည်းခြင်း။• ဇွတ်တရွတ်လုပ်ခြင်း၊အန္တရာယ်များတဲ့၊အပျော်အပါးနောက်လိုက်တဲ့ အမူအကျင့်တွေ ပေါ်လာခြင်း။• စကားပြော အရမ်းမြန်ခြင်း၊စကားပြောရင် တောင်ရောက်မြောက်ရောက် ဖြစ်နေခြင်း။• စဉ်းစားဆင်ခြင်နိုင်စွမ်း အားနည်းခြင်း ဆုံးဖြတ်ချက် တစ်ခုခုကို အလွယ်တကူ မချနိုင်ခြင်း။• နားထဲမှာ ထူးဆန်းတဲ့ အသံတွေ ကြားနေရခြင်း၊ တကယ်မရှိတဲ့ အရာတွေကို မြင်နေခြင်း။•အချိန်အတော်ကြာအောင် အလွန်အမင်း ဝမ်းနည်းနေခြင်း၊မျှော်လင့်ချက်တွေ ကုန်ဆုံး၊စိတ်ဓါတ်ကျနေခြင်း။• နေ့စဉ်လှုပ်ရှား သွားလာမှုတွေကို စိတ်မပါတော့ခြင်း။• အစားနည်းသွားခြင်း။• ငိုက်မျဉ်းပြီး အိပ်ချင်နေခြင်း။• သိမ်ငယ်စိတ်တွေ ဝင်နေခြင်း။• အာရုံမစူးစိုက်နိုင်ခြင်း။• သတ်သေချင်စိတ်တွေ တဖွားဖွား ပေါ်နေခြင်း။ဒီလို စိတ်အတက်အကျမြန်တဲ့ ကာလတွေဟာ တစ်နှစ်မှာ အကြိမ်ရေ အနည်းငယ် ဖြစ်ပေါ်နိုင်သလို ၇ရက် တစ်ခါလောက်လည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့် သင်ကိုယ်တိုင် ဒါမှမဟုတ် သင်ချစ်ခင်မြတ်နိုးရသူတွေမှာ ဒီလို ရောဂါလက္ခဏာတွေ ပေါ်လာခဲ့မယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ဆွေးနွေးတိုင်ပင်ကုသရပါမယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။• စိတ်အတက်အကျ မြန်တဲ့ ကာလတွေက အချိန်အတော်ကြာအောင် ဆက်လက် ဖြစ်ပေါ်နေလျှင်။• သတ်သေချင်တဲ့ အတွေးတွေ ပေါ်လာလျှင်။• စိတ်တိုစိတ်ဆတ်၊ ဒေါသတွေကြီး၊ ရန်လိုနေလျှင်။• အိပ်လို့မရတာ ရက်အတော်ကြာလာလျှင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။စိတ်အတက်အကျမြန် ရောဂါ ဖြစ်ပေါ်စေတဲ့ အကြောင်းရင်း အတိအကျကို မသိရှိရသေးပေမယ့် ပါဝင်ပတ်သက်နိုင်တဲ့ အကြောင်းအရာလေးတွေတော့ ရှိနေပါတယ်။ ဒါတွေကတော့။• ဦးနှောက်တွင်း ဓါတ်ပစ္စည်းတွေ ပြောင်းလဲမှု။ ဦးနှောက် နဲ့ရုပ်ပိုင်းဆိုင်ရာမှာ ပြောင်းလဲမှုတွေဖြစ်မယ်ဆိုရင် neurotransmitters လို့ခေါ်တဲ့ ဦးနှောက်တွင်း ဓါတုပစ္စည်းတွေပါ အပြောင်းအလဲတွေ ဖြစ်ပေါ်စေပါတယ်။ ဒီဦးနှောက်တွင်း ဓါတုပစ္စည်းတွေက သင့်ရဲ့ စိတ်ခံစားမှုကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။• မျိုးဗီဇ ။ မိဘ၊ဒါမှမဟုတ် တခြား မိသားစုဝင်တွေမှာ ဒီရောဂါရှိမယ်ဆိုရင် သင့်ကို လက်ဆင့်ကမ်းပေးလာနိုင်ပါတယ်။• လူမှုဆက်ဆံရေး အခြေအနေ။ လေ့လာသုတေသန ပြုချက်တွေအရ စိတ်အတက်အကျမြန်ရောဂါကို ဖြစ်စေတဲ့ လူမှု ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ လွှမ်းမိုးမှုတွေ အများကြီး ရှိတယ်လို့ သိရှိရပါတယ်။ဒီလွှမ်းမိုးမှုတွေကတော့ ငယ်စဉ် ကလေးဘဝမှာ စိတ်ဒါဏ်ရာ ရခဲ့တာတွေ၊ မိမိကိုယ်ကို ယုံကြည်တန်ဖိုးထားမှု မရှိတာတွေ ဒါမှမဟုတ် ချစ်ခင်မြတ်နိုးသူ တယောက်ယောက်ကို ဆုံးရှုံးလိုက်ရတာတွေ စသဖြင့် ဖြစ်ပါတယ်။စိတ်အတက်အကျမြန် ရောဂါဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။• စိတ်ဖိစီးမှုတွေကို ခံစားနေရတဲ့ ကာလတွေ။• အရက်၊မူးယစ်ဆေးစွဲခြင်း။• မိသားစုထဲမှာ ဒီရောဂါဖြစ်ဖူးတဲ့ ၊ဖြစ်နေတဲ့ သူတွေရှိခြင်း။• စိတ်ဒါဏ်ရာရခြင်း (ဥပမာ ချစ်ခင်မြတ်နိုးရသူ တစ်ယောက်ယောက် ရုတ်တရက် ဆုံးပါးသွားခြင်း)။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။စိတ်အတက်အကျမြန် ရောဂါ ဟုတ်မဟုတ် အတိအကျ သိနိုင်ဖို့အတွက် စိတ်ရောဂါကု ဆရာဝန်တွေ အနေနဲ့ အောက်ပါစစ်ဆေးမှုတွေကို ပြုလုပ်ပါလိမ့်မယ်။• ခန္ဓါကိုယ်ကို ခေါင်းအစ ခြေအဆုံး စမ်းသပ်ခြင်း ။ ဒီလို စမ်းသပ်ခြင်းအားဖြင့် ရောဂါလက္ခဏာတွေရဲ့ ဇစ်မြစ်ကို သိနိုင်မှာ ဖြစ်ပါတယ်။• စိတ်ပိုင်းဆိုင်ရာ အခြေအနေကို စမ်းသပ်စစ်ဆေးခြင်း ။ သင့်စိတ်ခံစားမှု၊ စိတ်အတက်အကျဖြစ်တဲ့ ကာလတွေ၊ အမူအကျင့်တွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ အများကြီး မေးပါလိမ့်မယ်။• ဒိုင်ယာရီလို မှတ်ခိုင်းမယ် ။ သင့်ရဲ့ အိပ်စက်မှု အနေအထား၊ စိတ်ခံစားမှု နဲ့ အမူအကျင့်ပိုင်းဆိုင်ရာတွေကို မှတ်တမ်းတင် ခိုင်းပါလိမ့်မယ်။ ဒါမှသာ ရောဂါအတိအကျ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ဒီရောဂါဟာ အရှင်းပျောက်အောင် ကုသလို့မရနိုင်ပေမယ့် သင့်ရဲ့ စိတ်အတက်အကျ မြန်မှုကိုတော့ တည်ငြိမ်စေပါလိမ့်မယ်။ ဘယ်လိုကုသမှုတွေ ပေးမလဲဆိုတာကိုတော့ သင့်ရဲ့ စိတ်ရောဂါကုဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။သင့်ရောဂါအခြေအနေအပေါ် မူတည်ပြီး အောက်ဖော်ပြပါ နည်းတွေနဲ့ ကုသနိုင်ပါတယ်။• သောက်ဆေးနဲ့ ကုသခြင်း ။ သင့်စိတ်ခံစားမှု အခြေအနေတွေကို တည်ငြိမ်စေဖို့အတွက် သင့်ဆရာဝန်က ဆေးပေးပါလိမ့်မယ်။ ဒီဆေးတွေက သင့်ရောဂါလက္ခဏာတွေကို သက်သာစေပါလိမ့်မယ်။ စိတ်ကျတဲ့ ကာလတွေ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ဖြစ်တဲ့ ကာလတွေ ဖြစ်ပေါ်မလာစေဖို့အတွက် ဆေးကို အချိန်ကြာကြာစွဲသောက်ဖို့ လိုကောင်းလိုပါလိမ့်မယ်။ အသုံးပြုလေ့ရှိတဲ့ဆေးတွေက စိတ်ကျဝေဒနာမှာ သုံးတဲ့ဆေးတွေ၊ စိတ်ငြိမ်ဆေးတွေ၊ စိတ်ရောဂါကုဆေးတွေ နဲ့ စိုးရိမ်ပူပန်စိတ် လျော့ကျစေတဲ့ ဆေးတွေ ဖြစ်ကြပါတယ်။• နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်း ။ သင်လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေကို နားလည်ပြီး ဘယ်လို ကျော်ဖြတ်ရမလဲ ဆိုတာကို ကူညီပေးနိုင်မယ့် ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ရပါမယ်။ သင့်လိုပဲ ဝေဒနာခံစားနေရတဲ့သူတွေ စုပြီး ဖွဲ့စည်းထားတဲ့ အစုအဖွဲ့လေးတွေလည်း ရှိပါလိမ့်မယ်။ ဒီအဖွဲ့လေးတွေနဲ့လည်း ဆက်သွယ်ပါဝင်ကြည့်ရင် အကျိုးထူး ပါလိမ့်မယ်။• မူးယစ်ဆေးစွဲခြင်း ။ တကယ်လို့ သင်ဆေးစွဲနေတယ်ဆိုရင် ဒါကို အရင်ကုသဖို့ လိုအပ်ပါလိမ့်မယ်။ ဘာလို့လည်း ဆိုတော့ ဆေးစွဲနေရင် ရောဂါကုသရတာ ပိုခက်စေလို့ ဖြစ်ပါတယ်။• ဆေးရုံတက်ခြင်း ။ ရောဂါပြင်းထန်ရင် အခြေအနေကို အနီးကပ် စောင့်ကြည့်ဖို့အတွက် ဆေးရုံတက်ဖို့ လိုပါလိမ့်မယ်။ဘယ်လောက် ပြင်းထန်ရင်လည်း ဆိုတာကတော့ မိမိကိုယ်ကို သတ်သေဖို့ကြိုးစားခြင်း၊ စိတ်ဖောက်ပြန်ခြင်း စသည့် အခြေအနေတွေ ရှိလာရင် ပြင်းထန်ပါတယ်။ ဒီလိုတွေဖြစ်လာရင် သင့်ကိုယ်သင်သာမက ဘေးပတ်ဝန်းကျင်ကလူတွေပါ အန္တရာယ်ရှိလာတဲ့အတွက် ဖြစ်ပါတယ်။လူနာတစ်ယောက်နဲ့ တစ်ယောက် အနေအထားချင်း၊ ရောဂါလက္ခဏာချင်း အတိအကျမတူညီနိုင်တဲ့အတွက် ဘယ်လိုကုသမှုပုံစံက သင့်အတွက် အကောင်းဆုံးလဲ ဆိုတာ သိနိုင်ဖို့ စိတ်ရောဂါကု ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် စိတ်အတတ်အကျ မြန်ရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• သင့်မှာ သတ်သေချင်တဲ့ ဆန္ဒတွေ ပေါ်ပေါက်လာနေပြီဆိုရင် ဆရာဝန် ဒါမှမဟုတ် သင်ယုံကြည်စိတ်ချရသူ တယောက်ယောက်ကို အမြန်ဆုံးပြောပြပါ။• အိပ်ရေးဝဝအိပ်ပါ။ အိပ်ချိန်မှန်ပါစေ။• ကိုယ်လက်လှုပ်ရှား လေ့ကျင့်မှု မှန်မှန်လုပ်ပါ။• ပူဆွေးကြေကွဲ စိတ်ညစ်ညူးရတဲ့ အချစ်ဇာတ်လမ်းတွေကို ဝေးဝေးရှောင်ပါ။• အရက်၊ မူးယစ်ဆေး မစွဲပါစေနဲ့။• အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက် သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/bipolar-disorder-%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%a1%e1%80%90%e1%80%80%e1%80%b9%e1%80%a1%e1%80%80%e1%80%ba%e1%80%bb%e1%80%99%e1%80%94%e1%80%b9-%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%b1/
ကလေးလေနာရောဂါ ကိုဘယ်လိုသက်သာအောင်လုပ်ကြမလဲ။
ကလေးလေနာရောဂါ ကိုမိခင်တိုင်းကြောက်ကြပါတယ်။ လေနာရောဂါဖြစ်ရင် ကလေးတွေက တက်မတက် ချက်မတက် ငိုကြတာကိုး။ ချော့မရ ပြုမရနဲ့ မိခင်တွေလည်း စိတ်သောက ရောက်ရပါတယ်။ လေနာရောဂါအကြောင်းကို သိထားမယ်။ လေနာထရင် ဘယ်လိုလုပ်ရမယ်ဆိုတာသိထားရင် မိခင်လည်း စိတ်သက်သာပြီး ကလေးလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာမှာပါ။ကလေးတွေမှာ လေနာရောဂါလို့သတ်မှတ်ဖို့ တစ်နေ့ကို ၃နာရီနဲ့အထက် တစ်ပတ်ကို ၃ရက်ထက်ပိုပြီး လေနာရောဂါ ခံစားရပါမယ်။ ၃ပတ်ထက်ပိုရပါမယ်။ ဒါမှ ကလေးလေနာလို့ သတ်မှတ်နိုင်မှာပါ။ ကလေးတွေ လေနာပြီဆိုရင်။-ပြင်းပြင်းထန်ထန်ငိုပါတယ်။ငိုတာထက် နာလို့အော်တာနဲ့ ပိုတူပါတယ်။-အကြောင်းရင်းမရှိဘဲ ငိုပါတယ်။ ဗိုက်ဆာလို့၊သေးခံလဲချင်လို့ မဟုတ်ဘဲ ဒီတိုင်းကို ငိုတာပါ။-အငိုတိတ်တာတောင်ဂျီကျလို့မပြီးပါဘူး။-အချိန်မှန်ပါတယ်။ ညနေရောက်ရင် လေနာလေ့ရှိတဲ့ကလေးက ညနေဆို ငိုပါပြီ။ ပြီးရင် အလိုလိုပျောက်သွားပါတယ်။-ငိုတဲ့အခါ မျက်နှာရဲလာတာ၊ နှုတ်ခမ်းအရောင်ဖျော့လာတာ ဖြစ်ပါတယ်။-ငိုတဲ့အခါ တစ်ကိုယ်လုံးတောင့်တက်ပြီး ကျောကော့တာ၊ လက်သီးဆုပ်တာ၊ လက်တွေ ခြေတွေ တောင့်တာတွေ ဖြစ်လာပါတယ်။တစ်ခါတစ်လေ ကလေးကလေလည်လိုက်ရင် သက်သာသွားပါတယ်။ ဒီလေဘယ်ကရောက်လာလဲဆိုတော့ ငိုတုန်းက လေတွေအများကြီး မျိုချမိလို့ပါပဲ။ဖြစ်ရတဲ့ အကြောင်းရင်းကို ခုထိ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမယ့် ဒါတွေရှိနေရင်တော့ လေနာရောဂါပိုဖြစ်နိုင်ပါတယ်။–အစာခြေစနစ်ကောင်းကောင်းမဖွံ့ဖြိုးသေးရင်။-အစာခြေလမ်းကြောင်းမှာ ကောင်းကျိုးပြု ဘတ်တီးရီးယား နည်းနေရင်။-အစာဓာတ်မတည့်တာရှိရင်။-နို့စို့များတာ၊ နည်းတာ၊ နို့တိုက်ပြီး လေမထုတ်ပေးတာ။-ကလေးစိတ်ဖိစီးမှုများတာ စတာတွေပဲ ဖြစ်ပါတယ်။မိန်းကလေး၊ယောကျ်ားလေးဖြစ်တာ၊ လမစေ့တာ၊ လစေ့တာ၊မိခင်နို့တိုက်တာ၊ နို့ဘူးတိုက်တာနဲ့ ပတ်သတ်ပြီးတော့ ထူးထူးခြားခြားသက်ဆိုင်ခြင်းမရှိပါဘူး။ ဒါပေမယ့် ကလေးမိခင်က ကိုယ်ဝန်ဆောင်စဉ် ဒါမှမဟုတ် မွေးပြီးမှာ ဆေးလိပ်သောက်မယ်၊ဆေးလိပ်ငွေ့ရှူမိမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေ ပိုများပါတယ်။ကလေးအတွက် ရေတိုရော ရေရှည်ရော နောက်ဆက်တွဲ ဆိုးကျိုးမရှိပါဘူး။ ဒါပေမယ့် မိဘတွေကတော့ ကိုယ့်ကလေး ချော့မရအောင် ငိုနေတာ ဖြစ်တဲ့အတွက် ကြာလာရင်။-မိခင်တွေမှာမီးတွင်းစိတ်ကျဝေဒနာဖြစ်လာနိုင်ပါတယ်။-တချို့ မိခင်တွေကအမေနို့ကြောင့် လေနာတယ်ထင်ပြီး နို့ဖြတ်စောတာ။-မိမိကိုယ်ကို အပြစ်တင်တာ၊ဒေါသထွက်တာမျိုးတွေရှိတတ်ပါတယ်။-တစ်ခါတစ်လေ ကလေးက ချော့မရတဲ့အတွက် ကြမ်းကြမ်းတမ်းတမ်းလုပ်မိပြီး Shake baby syndrome (ကလေးအား ကိုင်လှုပ်ရာမှ ဦးနှောက်ထိခိုက်ခြင်း) ရတတ်ပါတယ်။လေနာရောဂါက ကလေး၃-၄လလောက်ဆိုရင် သူ့ဟာသူ အလိုလို ပျောက်သွားပါတယ်။ ဒါကြောင့် ထူးထူးခြားခြားကုသဖို့ မလိုပါဘူး။ အဲ့ဒီအချိန်မတိုင်ခင်တော့ နည်းလမ်းပေါင်းစုံသုံးပြီးကလေးကို သက်သာအောင်လုပ်ပေးရမှာပါ။ကိုယ့်ကလေးကို နည်းအမျိုးမျိုးသုံးပြီး ချော့မြူပေးပါ။ ဘယ်နည်းက အလုပ်ဖြစ်လဲဆိုတာကို မှတ်ထားပါ။ အသုံးများတဲ့ နည်းတွေကတော့။-အရုပ်တွေနဲ့ ချော့တာ။-ကားပတ်မောင်းတာ၊ လမ်းထွက်လျှောက်တာ။-ကလေးကို လမ်းလျှောက်ရင်ချော့မြူတာ။-ပုခက်လွှဲပေးတာ။–ရေနွေးလေးနဲ့ ရေချိုးပေးတာ။-ဝမ်းဗိုက်ကို ပွတ်ပေးတာ၊ မှောက်ပြီး နောက်ကျောကို ပွတ်ပေးတာ။-တိုးတိတ်ငြင်သာတဲ့ သီချင်းဖွင့်ပေးပါ။-ဘေးအခန်းမှာ အာရုံစိုက်စရာ အသံဆူဆူတစ်ခုဖွင့်ထားပါ။ (ဥပမာ အင်္ကျီအခြောက်ခံစက်၊ ဖုန်စုပ်စက်)။-မီးမှိန်မှိန်ချထားပါ။ ကလေးမျက်စိမစူးပါစေနဲ့။အစားကျွေးတဲ့ပုံစံပြောင်းလိုက်တာကလည်း အထိုက်အလျောက်သက်သာစေပါတယ်။နို့ဘူးတိုက်တဲ့ကလေးဆိုရင် ကလေးကို ထောင်တိုက်ပါ။ နို့တိုက်နေစဉ်နဲ့ တိုက်ပြီးစမှာ မကြာမကြာ လေထုတ်ပေးပါ။ချော့မြူတာလည်းမရ၊ နို့ထောင်တိုက်တာလည်း အဆင်မပြေဘူးဆိုရင် ရေတိုအစားပုံစံပြောင်းကျွေးကြည့်ပါ။ ဥပမာ ကလေးကအစာဓာတ်မတည့်တာရှိမယ်ဆိုရင် တခြားလက္ခဏာတွေဖြစ်တဲ့ အနီပြင်ထွက်တာ၊ တရွှီရွှီကြပ်တာ၊ အန်တာ၊ ဝမ်းလျှောတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်။-နို့မှုန့်ပြောင်းတိုက်ကြည့်ပါ။ ကလေးက အခုလက်ရှိနို့မှုန့်နဲ့ အဆင်မပြေဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး တခြားနို့မှုန့်တစ်မျိုးမျိုး (ပရိုတင်းတွေကို အသေးဆုံးဆိုဒ်အဖြစ် ချေဖြတ်ပေးနိုင်တဲ့ နို့မှုန့်မျိုး)ကို တစ်ပတ်လောက် ပြောင်းတိုက်ကြည့်ပါ။– နှို့မှုန့်တိုက်တဲ့အခါမှာ ကလေးအူလမ်းကြောင်း ကျန်းမာရေးကိုအထောက်အကူပြုစေမယ့် အကျိုးပြုဘက်တီးရီးယား (Probiotics) ပါဝင်တဲ့ နှို့မှုန့်အမျိုးအစားတွေ ရွေးချယ်တိုက်လို့ရပါတယ်။ ဥပမာအားဖြင့် Lactobacillus အမျိုးအစား အကျိုးပြုဘက်တီးရီးယားတွေပါဝင်တဲ့ နို့မှုန့်အမျိုးအစားတွေရှိပါတယ်။ ဒီအကျိုးပြုဘက်တီးရီးယားတွေကို ကလေးရဲ့ အူလမ်းကြောင်းကျန်းမာရေးကိုကောင်းမွန်စေပြီး ဝမ်းမှန်စေတယ်၊ ကိုယ်ခံအားကောင်းစေတယ်၊ အာဟာရဓာတ်တွေကို ကောင်းမွန်စွာ စုပ်ယူနိုင်ပြီး လေနာတာကိုလည်း သက်သာစေပါတယ်။-အမေအစားအသောက်ပုံစံပြောင်းပါ။ အမေနို့သောက်တဲ့ကလေးဆိုရင် အမေစားသမျှက ကလေးမှာ သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ဓာတ်မတည့်တာကိုဖြစ်စေတဲ့ နို့ထွက်ပစ္စည်းတွေ၊ ဥတွေ၊ အစေ့အဆန်တွေ၊ ဂျုံတွေကို ခဏရှောင်ထားပါ။ ဒါ့ပြင် အစာအိမ်ကို မအီမသာဖြစ်စေတဲ့ ဂေါ်ဖီ၊ကြက်သွန်နီနဲ့ ကဖင်းပါတဲ့ သောက်စရာတွေကိုပါ ရှောင်ထားပါ။လေနာထတဲ့ ကလေးကို ထိန်းရတာ အတွေ့အကြုံရှိတဲ့ မိဘတွေအတွက်တောင် မလွယ်ပါဘူး။ ကလေးထိန်းရင်းနဲ့ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ ဒါကြောင့်။-ခင်ပွန်း/ဇနီး အလှည့်ကျကလေးထိန်းပါ။ လိုအပ်ရင် မိသားစုဝင်တွေကို အကူအညီတောင်းပါ။-ပုခက်ထဲမှာလည်း ချော့လို့ရပါတယ်။ ဆက်တိုက်ချီထားရတာကြာရင်ညောင်းပြီး ပင်ပန်းလာပါလိမ့်မယ်။ ဒါကြောင့်ပုခက်ထဲမှာလည်းထားပြီးချော့ပါ။-သင်ခံစားရတဲ့ ဒေါသဖြစ်တာတွေ၊ ကိုယ့်ကိုယ်ကို အပြစ်တင်ချင်စိတ်တွေ၊ ဝမ်းနည်းတာတွေကို မိသားစုဝင်တွေ၊ ဆရာဝန်နဲ့ မျှဝေခံစားလို့ရပါတယ်။-ကလေးမငိုအောင်ထားနိုင်တာ တစ်ခုတည်းနဲ့မိဘကောင်းလို့ သတ်မှတ်လို့မရပါဘူး။ လေနာတာ ကလေးထိန်းညံ့လို့ မဟုတ်ပါဘူး။ ဒီလိုမျိုးတွေ မတွေးလိုက်ပါနဲ့။-ကလေးထိန်းနေတဲ့တစ်လျှောက်လုံး သင်ကိုယ်တိုင်လည်း ကျန်းမာပြီး အာဟာရပြည့်ဖို့ လိုပါတယ်။ ဒါကြောင့် အာဟာရရှိအောင်စားပါ။လေ့ကျင့်ခန်းလုပ်ပါ။-လေနာတာ ခဏပဲဆိုတာ မှတ်ထားပါ။ လေနာတာက ၃-၄လနေရင် သူ့အလိုလိုပျောက်ပါတယ်။ ဒါကြောင့် ဒီကာလလေးကို တောင့်ခံထားပါ။ကလေးလေနာတာက မရှားပါဘူး။ ဒါပေမယ့် တကယ်တမ်း ကြုံရပြီဆိုရင်တော့ မိဘတိုင်းက စိတ်ညစ်ကြပါတယ်။ ဒီမှာပေးထားတဲ့ နည်းလမ်းတွေကိုသုံးပြီး မိဘတွေလည်း စိတ်ချမ်းသာ၊ ကလေးတွေလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးထွားလာကြပါစေ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%9c%e1%80%b1%e1%80%94%e1%80%ac%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab-%e1%80%80%e1%80%ad%e1%80%af%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af/
နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်များတွင် ကျန်းမာစေမည့် အစားအသောက်များ
အသက်ရှုရခက်ခဲနေသူများသည် နေ့စဉ်အလုပ်ကို လုပ်ဖို့ မဆိုထားနှင့်၊ အစားအသောက်စားလျှင်ပင် ပင်ပန်းနေပါလိမ့်မည်။ ထို့ကြောင့် အဆုတ်ပွခြင်းနှင့် အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်းအပါအဝင် နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါကိုခံစားနေရသူများအတွက် ကျန်းမာစေမည့် အစားအသောက်များကို စားရန် အရေးကြီးပါသည်။ ထို့ပြင် အကျိုးရှိအောင်စားသောက်ရမည့် နည်းလမ်းများကိုလည်း လိုက်နာသင့်ပါသည်။အစားအစာများ စားချိန်တွင် သင့်ကို စိတ်အပန်းပြေစေမည့် ပတ်ဝန်းကျင်ကောင်းတစ်ခုမှာ စားပါ။ မိသားစုနှင့်ဖြစ်စေ၊ သူငယ်ချင်းများနှင့် ဖြစ်စေ၊ မိမိတစ်ယောက်တည်းဖြစ်စေ မိမိအတွက် အကောင်းဆုံးဖြစ်စေမည့် နေရာကို ရွေးချယ်ပါ။ ပတ်ဝန်းကျင်ကောင်းတွင် အတွေ့အကြုံကောင်းများကို ရယူပြီး သင်နှစ်သက်သော အစားအစာများကို စားသင်ပါသည်။ပြင်ဆင်ရလွယ်သော အစားအစာများကို ရွေးချယ်ခြင်းက အစားအစာများပြင်ဆင်ရခြင်းဝန်ကို ပေါ့စေပါသည်။ ရိုးရှင်းသော အစားအစာဖြစ်လေလေ သင့်အတွက် ကောင်းလေလေဖြစ်ပါသည်။ အလုပ်မရှုပ်စေဘဲ ဟင်းအမျိုးမျိုးဖြင့်စားနိုင်သော အစားအစာများကို ရွေးချယ်ပါ။ အစားအစာများ ပိုလျှံနေပါက နောက်တကြိမ်တွင် ပြင်ဆင်ချိန် လျော့သွားစေရန် သိမ်းထားလိုက်ပါ။အကယ်၍သင်သည် အသက်ရှုလမ်းကြောင်းအတွက် ဆေးများသောက်နေရပါက အစားမစားမီတွင် ဆေးသောက်ပါ။ အောက်ဆီဂျင်ရှုနေရပါက အစာစားနေချိန်တွင် ရှုနိုင်ပါသည်။ အစားစားနေချိန်တွင် ခန္ဓာကိုယ်မှ အောက်ဆီဂျင်ပိုလိုအပ်သောကြောင့် ဖြစ်ပါသည်။အဆုတ်ပွသောရောဂါရှိသူများသည် တနေ့လျှင် အကြိမ်ရေများစွာ နည်းနည်းစီစားပေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ထိုလူနာများတွင် ရင်ခေါင်းအမြှေးက အစာအိမ်ပေါ်သို့ ဖိအားသက်ရောက်နေခြင်းရှိသည့်အတွက် အစာအိမ်တွင် အစာပြည့်တင်းသွားလျှင် ဖိအားများ ပြန်လည်ဖြစ်ပေါ်လာပြီး လူနာအား အသက်ရှုကျပ်စေခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် တနေ့တာအတွက် လိုအပ်သော အာဟာရများကို တနေ့လျှင် ၆ ကြိမ်ခန့်ခွဲပြီး နည်းနည်းချင်းစီ စားပေးသင့်ပါသည်။များများစားချင်လျှင် စောစောစားပါ။ ထိုသို့စားလိုက်ခြင်းက တနေ့တာအတွက် လိုအပ်သော စွမ်းအင်များကို ဖြည့်ပေးပြီး တနေ့တာကုန်ဆုံးသွားချိန်တွင် သင်သည်အစာများများစားရန် မလိုအပ်တော့ပါ။အစားစားပြီးသည်အထိ ရေကို မသောက်ပါနှင့်။ ရေမဟုတ်ဘဲ အချိုရည်များကို အစားစားနေချိန်တွင် သောက်ခြင်းက သင့်ကို ပိုပြီး ပြည့်အင့်စေပါသည်။ အစားစားချိန် တစ်ခုနှင့်တစ်ခုကြားတွင် အာဟာရဖြည့် အရည်များသောက်ခြင်းသည် ကျန်းမာရေးအတွက် ကောင်းမွန်စေပါသည်။ပန်းစိမ်း၊ ဂေါ်ဖီထုပ်၊ ပဲအမျိုးမျိုး၊ အကြော်များ၊ ဆီများသော အစားအစာများသည် လေပွစေပါသည်။ အစာအိမ်လေပွလျှင် ဖိအားများ အဆုတ်ပေါ်သို့ ဖိအားများဖြစ်ပေါ်လာပြီး လူနာအား အသက်ရှုကျပ်စေခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ထိုအစားအစာများနှင့် အခြား လေပွစေသော အစားအစာများကို လျှော့စားပါ။ဗီတာမင်နှင့် အာဟာရဓါတ်များ ရရှိရန်အတွက် အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ နို့ထွက်ပစ္စည်းများ၊ အစေ့အဆန်များ၊ အသားများကို စားပေးရပါမည်။ ထို့ပြင် ဓါတ်တိုးဆန့်ကျင်ဓါတ်များသော ဘယ်ရီသီးများ နှင့် အစေ့များသည်လည်း ကောင်းမွန်ပါသည်။ သုတေသန ပြုချက်များအရ ထိုအစားအစာများသည် အဆုတ်ကျန်းမာရေးအတွက် ကောင်းမွန်ကြောင်း တွေ့ရပါသည်။အချုပ်ဆိုရသော် သင်သည် နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါကို ခံစားနေရလျှင် မှန်ကန်စွာ စားသောက်ခြင်းက သင့်ကို စွမ်းအင်ပြည့်ဝစေပါမည်။ အကယ်၍ သင်သည် ကိုယ်အလေးချိန်ကျဆင်းနေပါလျှင် သင့်အတွက် အားရှိစေမည့် အစားအစာများကို စားရန်လိုအပ်ပါသည်။ အာဟာရရှိသော အစားအစာများကို မှန်ကန်စွာ စားသောက်ခြင်းက သင့်ကိုလျှင်မြန်စွာ ကျန်းမာလာစေမည်ဖြစ်ပါသည်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/chronic-bronchitis/%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%9b%e1%80%be%e1%80%8a%e1%80%ba-%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%ba%e1%80%9c%e1%80%b1%e1%80%95%e1%80%bc%e1%80%bd%e1%80%94%e1%80%ba%e1%80%80-4/
ဘေဘီလေးမှာပေါက်တဲ့ ရေကျောက် သက်သာစေဖို့
ရေကျောက်ဆိုတာက ကလေးတွေမှာ တော်တော်လေးအဖြစ်များတဲ့ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ရေကျောက်ကရေယုန်ဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့ varicella-zoster virus ကြောင့် ဖြစ်ရတာပါ။ အသက် ၁၂ နှစ်အောက် ကလေးအများစုမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုပေါ့။ ရေကျောက်ဖြစ်တဲ့အခါ ကလေးကအဖျားတက်ပြီး ခန္ဓာကိုယ်အနှံ့မှာ ယားယံတဲ့ အနီရောင်အဖုအပိမ့်တွေထွက်လာပါမယ်။ ဒီပြဿနာကို ဖေဖေမေမေတို့အနေနဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ရေကျောက်ပေါက်တဲ့အခါ စဖြစ်ကာစမှာ ဘေဘီလေးမှာ။အဖုအပိမ့်တွေဟာ စဖြစ်ကာစမှာ အနီရောင်အဖုသေးသေးလေးတွေဖြစ်ပြီး ဝက်ခြံ ဒါမှမဟုတ်အင်းဆက်ကိုက်ခံရတဲ့အရာလေးတွေနဲ့ ခပ်ဆင်ဆင်ပါ။ ဒီလိုအခြေအနေနဲ့ ၂ ရက်ကနေ ၄ ရက်လောက်အထိကြာနိုင်ပါတယ်။ ဒီလိုကနေမှာအရည်ကြည်ဖုလေးစဖြစ်လာပါလိမ့်မယ်။ ဒီအရည်ကြည်ဖုတွေပေါက်သွားတဲ့အခါမှာ အနာလေးတွေလို စဖြစ်လာပါလိမ့်မယ်။ ဒီလိုကနေအနာတွေဖြစ်လာပြီး ခြောက်သွားတဲ့အခါ အညိုရောင်အနာဖေးတွေဖြစ်လာပါလိမ့်မယ်။ကိုယ်ခံအားနည်းတဲ့ ကလေးငယ်လေးတွေမှာ ပိုပြင်းထန်နိုင်ပါတယ်။ရေကျောက်က varicella-zoster virus (VZV) ကြောင့်ဖြစ်ရတာပါ။ ကလေးတွေမှ မဟုတ်ပါဘူး လူကြီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်ရေကျောက်ပေါက်တာက တစ်ခါဖြစ်ပြီးရင် နောက်တစ်ခေါက်က မဖြစ်တော့သလောက်ပါပဲ။ အကြောင်းကတော့ ကိုယ်တွင်းကို ရေကျောက်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး ဝင်ရောက်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကနေ ပဋိပစ္စည်း(antibody) တစ်မျိုးကိုထုတ်ပေးပါတယ်။ ဒီပဋိပစ္စည်းလေးတွေက ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်ပေးတဲ့အပြင် နောက်တစ်ကြိမ် ရေကျောက်ထပ်မပေါက်တော့အောင်လည်း ကာကွယ်ပေးပါတယ်။ ကလေးတွေအများစုဟာ ရေကျောက်ကာကွယ်ဆေးထိုးရတာကြောင့်အသက်အရွယ်ရလာတဲ့အခါ ရေကျောက်ဖြစ်နိုင်ခြေက မရှိသလောက်ပါပဲ။ရေကျောက်က ကူးစက်တတ်ပါတယ်။ ကလေးအများစုက ရေကျောက်ပေါက်နေတဲ့ မွေးချင်းတွေ သူငယ်ချင်းတွေဆီကနေ ကူးကြတာပါ။ ကူးစက်ခံရပြီးတဲ့နောက် ၂ ပတ်လောက်ကြာမှရောဂါလက္ခဏာစပြလေ့ရှိတာပါ။ရေကျောက်က ကူးစက်လွယ်တာကြောင့် ကလေးမှာ ရေကျောက်ဖြစ်နေချိန်မှာ အိမ်မှာပဲသက်တောင့်သက်သာနားနေစေသင့်ပါတယ်။ ရည်ကြည်ဖုတွေ အားလုံးခြောက်သွားပြီး တစ်ပတ်လောက်ကြာမှ ကျောင်းပြန်တက်စေသင့်ပါတယ်။ကာကွယ်လို့ရပါတယ်။ လူအများစုမှာ ရေကျောက်ဖြစ်ရတဲ့ အကြောင်းအရင်းက ရေကျောက်ကာကွယ်ဆေး မထိုးထားတာကြောင့်ပါ။ ရေကျောက်ကာကွယ်ဆေးကို။၆ နှစ်အထိဆေးတစ်ကြိမ်မှမထိုးရသေးဘူးဆိုရင် ၆ နှစ်ပြည့်တဲ့အခါ ဆေးနှစ်ကြိမ်လုံး ထိုးပေးလို့ရပါတယ်။ တကယ်လို့ ကလေးက ဒီကြားထဲမှာ ရေကျောက်ပေါက်ပြီးသွားပြီဆိုရင် ဆေးမထိုးပေးရင်တောင် နောက်ထပ်မဖြစ်တော့ပါဘူး။ ဒီလိုပြောရတာက ရေကျောက်ဖြစ်တဲ့အချိန်မှာ ကိုယ်တွင်းကနေထုတ်ပေးတဲ့ ပဋိပစ္စည်းကတစ်သက်တာအတွက် ကာကွယ်ပေးပြီးသားဖြစ်သွားတာကြောင့်ပါ။ဘေဘီလေးမှာ ရေကျောက်ပေါက်တဲ့အခါယားယံတာနဲ့ မအီမသာမဖြစ်စေဖို့အတွက်။ကလေးကို ရေကြည်ဖုတွေကို မကုတ်ဖဲ့မိစေဖို့။တကယ်လို့ ဘေဘီလေးကပါးစပ်ထဲမှာ ရေကြည်ဖုလေးတွေဖြစ်နေမယ်ဆိုရင်။ရေကျောက်ပေါက်နေတဲ့ကလေးကိုအကိုက်အခဲပျောက်ဆေးတိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။ရေကျောက်ပေါက်တာက ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အခုလို လက္ခဏာတွေဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသ သင့်ပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/chickenpox-in-babies/
ဆောင်းရာသီမှာ အနာရင်းတတ်ပါတယ်။ အဲဒီလိုမဖြစ်အောင် ဘယ်လိုဂရုစိုက်ကြမလဲ။
ဆောင်းရာသီဆိုတာ လူတိုင်းနီးပါးကြိုက်ကြတဲ့ ရာသီတစ်ခုပါ။ ပတ်ဝန်းကျင်ကလည်း အေးချမ်းတယ်၊ မိုးရာသီလို စိုစွတ်နေတာမျိုးလည်းမရှိ၊ နွေရာသီလို ချွေးတလုံးလုံးနဲ့ ပင်ပန်းလွယ်နေတာမျိုးလည်းမရှိဆိုတော့ ဆောင်းတွင်းရောက်ပြီဆို အနွေးထည်ဖက်ရှင် ကိုယ်စီနဲ့လူတိုင်းပျော်ကြတာပေါ့။ ဆောင်းတွင်းဆို ပတ်ဝန်းက နေလို့ထိုင်လို့ကောင်းတာမှန်ပေမယ့် ကိုယ်တွင်းမှာတော့အသားအရေခြောက်လိုက်၊ အနာဖြစ်ရင်အနာပိုရင်းလိုက်၊ တုပ်ကွေးတွေပိုမိလိုက်နဲ့ ပြဿနာတွေ ရှုပ်နေပါတော့တယ်။ဆောင်းတွင်းရောက်ပြီဆို အသားပပ်ရတာနဲ့၊နှုတ်ခမ်းကွဲတာရတာနဲ့ ထိခိုက်မိတဲ့ ဒဏ်ရာတွေကလည်း အနာကျက်နှေးရတာနဲ့ အရေပြားပြဿနာတွေ အမျိုးကိုစုံနေတာပါပဲ ။ အေးတဲ့ ရာသီဥတုကြောင့်ဆောင်းတွင်းဆိုဗိုင်းရပ်စ်ေတွနဲ့ ဘက်တီးရီးယားတွေပိုရှင်သန်နိုင်ကြတဲ့အတွက်အအေးမိ၊တုပ်ကွေးေတွအဖြစ်များကြသလို ရာသီဥတုအေးတော့ သွေးလည်ပတ်မှုတွေလည်း မကောင်းတော့လို့ ခုခံအားစနစ်လည်း အားနည်းလာပါတယ်။ ဒါတွေကြောင့် ဆောင်းတွင်းမှာ အနာရင်းတာအနာပိုးဝင်နိုင်ခြေများတာတွေ ပိုဖြစ်နိုင်တာပါ။ နောက်တစ်ချက်ကအေးနေပြီဆို လူတွေက အိမ်ထဲမှာပဲ ကွေးနေတတ်ကြလို့ အလုံပိတ်အခန်းထဲမှာ အနာနဲ့ ပိုးမွှားဘက်တီးရီးယားေတွထိတွေ့မှုပိုများနိုင်ပါတယ်။သိထားကြတဲ့အတိုင်း ဆောင်းရာသီက အရေပြားအပေါ်ယံအလွှာကိုခြောက်သွေ့စေတဲ့အတွက် အရေပြားမှာဖြစ်တဲ့အနာ၊ ဒဏ်ရာတွေအတွက် အဆင်မပြေနိုင်ပါဘူး။ အနာဆိုတာ အစိုဓါတ်ရှိတဲ့ပတ်ဝန်းကျင်မှာမှကောင်းကောင်းကျက်တတ်တာမို့ ဒီလိုအချိန်မှာ အနာကိုပလာစတာသို့မဟုတ်ပတ်တီးနဲ့ စနစ်တကျ ဖုံးအုပ်ကာကွယ်ထားသင့်ပါတယ်။ ဒီလိုဖုံးအုပ်ထားလိုက်တာကြောင့် အစိုဓါတ်ထိန်းရာရောက်တဲ့အပြင် မှိုပိုးကအစ ဘက်တီးရီးယားတွေပေါတဲ့ရာသီမှာ အပြင်ကပိုးတွေ အနာထဲ မရောက်အောင်ပါ ကာကွယ်ပေးပြီးသားဖြစ်ပါတယ်။တုပ်ကွေးရာသီမှာ ကိုယ်ခံအားစနစ်က ဖျားနာနေတာကို တိုက်ထုတ်နေရတာနဲ့တင့်အနာကျက်ဖို့၊ပိုးမဝင်အောင်ကာကွယ်ဖို့မှာ အားလျော့သွားနိုင်ပါတယ်။ နေမကောင်းဖြစ်တဲ့သူအချို့မှာ အနာကျက်ဖို့နှေးတယ်ဆိုတာ ဒီအချက်ကြောင့်ဖြစ်နိုင်ပါတယ်။ပတ်ဝန်းကျင်ကအေး၊ လူတွေကလည်း ကွေးနေတော့ ကိုယ်တွင်းသွေးလည်ပတ်မှုတွေလည်း နှေးသွားပါတော့တယ်။သွေးလည်ပတ်မှုကောင်းဖို့က အနာကျက်ဖို့အတွက် အရေးပါတဲ့အချက်ပါ။သွေးလည်ပတ်မှုမကောင်းရင် အနာတဝိုက်ဧရိယာကိုအောက်ဆီဂျင်မရောက်နိုင်တော့လို့ အနာကျက်နှေးစေပါတယ်။နောက်ပြီး သွေးလည်ပတ်မှုမကောင်းတဲ့အခါ အနာတဝိုက်မှာ အရေပြားတစ်ရှူးအသစ်ဖြစ်ပေါ်ဖို့အတွက် အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အေးမှာစိုးပြီးနွေးအောင်နေတဲ့အခါမှာလည်းသွေးမလျှောက်နိုင်လောက်အောင် တင်းကျပ်အောင် ဝတ်စားတာ၊ စည်းနှောင်တာတွေကို နည်းနည်းလျှော့ပါ။ အနာကိုပလာစတာ၊ ပတ်တီးစည်းတဲ့အခါမှာလည်း အရမ်းကြီးတင်းမနေဖို့က အရေးကြီးပါတယ်။ဒီတော့အေးလှတဲ့ ဆောင်းရာသီမှာ အနာကို ဒီလိုမျိုးလေး ဂရုစိုက်စေချင်ပါတယ်။–။သွေးလည်ပတ်မှုကောင်းဖို့အတွက် လှုပ်ရှားမှုကအရေးကြီးပါတယ်။ လှုပ်လှုပ်ရှားရှားနေဖို့ အကြံပြုတယ်ဆိုပေမယ့် လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်ရမယ်လို့ မဆိုလိုပါဘူး။လမ်းလျှောက်တာ၊ ယောဂ ကစားတာလိုမျိုးသွေးလည်ပတ်မှုကောင်းစေမယ့် လှုပ်ရှားမှုမျိုးဆို ရပါတယ်။ သွေးလည်ပတ်မှုကောင်းမှ အနာကျက်လည်း မြန်မှာလေ။ထိခိုက်ဒဏ်ရာရှိတဲ့နေရာကိုအပြင်က ပိုးတွေ မဝင်နိုင်အောင်နဲ့ အစိုဓါတ်ထိန်းနိုင်ဖို့ အတွက် သန့်စင်တဲ့ ပလာစတာ သို့မဟုတ် ပတ်တီးနဲ့ ဖုံးအုပ်ကာကွယ်ထားပါ။ ဆောင်းတွင်းဆို အသားတွေကလည်း ခြောက်တတ်တဲ့အတွက် moisturizer ဒါမှမဟုတ် အနာကျက်ဆေး တစ်ခုခုလိမ်းထားပေးလို့ရပါတယ်။လေ့လာမှုတွေအရ အစိုဓါတ်ထိန်းထားနိုင်ရင် ၅၀% အနာကျက်ပိုမြန်တယ်လို့ ဆိုပါတယ်။အနာဖေးတွေဆိုတာ အနာမကျက်ခင်ကာလအတွင်းမှာ ပြင်ပက မလိုလားအပ်တဲ့ဘက်တီးရီးယားတွေ အနာထဲ မဝင်အောင် ကာကွယ်ပေးတဲ့အရာတွေဖြစ်ပါတယ်။ အနာမကျက်ခင် အနာဖေးတွေကို အငြိမ်မနေနိုင်ဘဲ ခွာတဲ့အခါ အနာပေါက်အသစ်ဖြစ်ကျန်ခဲ့ပြီး အနာကို ပိုးတွေဝင်လို့ အနာကျက်နှေးစေနိုင်တဲ့အပြင်အမာရွတ်ပါဖြစ်စေနိုင်ပါတယ်။အနာတစ်ခုခုဖြစ်ပြီဆို တင်းတင်းလေးဖြစ်လာပြီး ယားသလိုလိုဖြစ်တတ်တာမျိုး ကြုံဖူးမှာပါ။ အထူးသဖြင့် အပေါ်ယံအနာတွေမှာဖြစ်လေ့ရှိပါတယ်။ ဟုတ်ပါတယ်။ ပုံမှန်အတိုင်း အနာကျက်တာဆို ခုလိုလက္ခဏာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သတိထားဖို့က အနာမှာ ယားတာအပြင် နီလာတာ၊ပြည်တည်လာတာ၊တဒိတ်ဒိတ်သွေးခုန်တိုးသလို ခံစားရတာတွေဖြစ်လာရင်အနာပိုးဝင်တဲ့လက္ခဏြာဖစ်နေနိုင်ပါတယ်။ အနာက ယားလာပြီဆို အနာတဝိုက် အခြေအနေနဲ့ သန့်ရှင်းမှုကိုသတိထားကြည့်ဖို့ လိုပါတယ်။ဒါတွေကတော့ ဆောင်းရာသီအတွက် ဂရုစိုက်သင့်တဲ့ အရေပြားနဲ့ ဒဏ်ရာဆိုင်ရာ အကြံပြုချက်တွေဖြစ်ပါတယ်။ သာယာလှတဲ့ဆောင်းရာသီမှာ ဖက်ရှင်လှလှနဲ့ အပြင်သွားဖို့ဆိုရင် အနာရွတ်တွေကင်းနေမှ ဖြစ်မှာနော့်။ ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/poor-wound-healing-winter/
ကျီးကန်းပါးစပ် ကို ဘယ်လိုကုမလဲ။
ကျီးကန်းပါးစပ် ဆိုတာ လူတော်တော်များများ ဖြစ်ဖူးကြမှာပါ။ နှုတ်ခမ်းထောင့်မှာ နီရဲနေပြီး ပါးစပ် ဟမရ ပြုမရနဲ့ တော်တော် ကသိကအောက်နိုင်တဲ့ ရောဂါပါ။ ပါးစပ်လည်း ကောင်းကောင်း မစေ့နိုင်ဘဲ ဟတတလေး ဖြစ်နေလို့ ကျီးကန်းပါးစပ်လို့ ခေါ်တာပါ။ ဆေးပညာအရတော့ angular cheilitis ဒါမှမဟုတ် angular stomatitis လို့ ခေါ်ပါတယ်။ တစ်ဖက်တည်း ဖြစ်နိုင်သလို တစ်ခါတည်း နှစ်ဖက်လုံး တစ်ပြိုင်တည်း ဖြစ်နိုင်ပါတယ်။ ကလေးပေါက်စက စလို့ လူကြီးအထိ ဖြစ်နိုင်ပါတယ်။ တစ်ခါဖြစ်ရင် ရက်အနည်းငယ်ကနေ ဒီထက်လည်း ပိုကြာတတ်ပါတယ်။ကျီးကန်းပါးစပ်က နှုတ်ခမ်းထောင့်မှာ နီရဲပြီး ရောင်ရမ်းနေတဲ့ အတွက် သိသာပါတယ်။ ရောင်တာအပြင်။တခြားလက္ခဏာတွေကတော့။ဖြစ်စေတဲ့အကြောင်းတွေကတော့ အများကြီးပါပဲ။ အဓိကကတော့ တံတွေးကြောင့် မှိုပိုးဝင်ပြီး ဖြစ်တာပါ။ နှုတ်ခမ်းခြောက်ရင်ပဲ ဖြစ်ဖြစ်၊ နာရင်ပဲဖြစ်ဖြစ် လျှာနဲ့ သပ်တတ်တဲ့ အကျင့်ရှိကြပါတယ်။ နှုတ်ခမ်းထောင့်မှာ တံတွေးတွေ စုလာတဲ့အခါ နှုတ်ခမ်းပိုခြောက်လာပြီး ကွဲလာပါတယ်။ ဒီနှုတ်ခမ်းထောင့်က တံတွေးတွေက မှိုစွဲဖို့ အကောင်းဆုံး နေရာပါပဲ။နှုတ်ခမ်းထောင့်မှာ တံတွေးနဲ့ ထိတွေ့မှုများတဲ့ သူတွေက ပိုဖြစ်နိုင်တာပေါ့။ သူတို့တွေကတော့။တချို့သော ရောဂါတွေမှာလည်း ကျီးကန်းပါးစပ်က လက္ခဏာ တစ်ခု ဖြစ်နေတတ်ပါတယ်။ ဥပမာ။ကျီးကန်းပါးစပ်က ဘက်တီးရီးယားကြောင့်လည်း ဖြစ်နိုင်သလို မှိုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ ကုသမှု ခံယူရမှာပါ။ ပြီးတော့ ကျီးကန်းပါးစပ်ဖြစ်စေတဲ့ နောက်ခံအကြောင်းရင်းကိုလည်း ရှာပြီး ကုသရမှာပါ။ ဥပမာ ဗီတာမင်ချို့တဲ့တာကြောင့်ဆို ဗီတာမင် အားဆေးတွေ ပေးမယ်။ သွေးအားနည်းတာကြောင့်ဆို သံဓာတ်အားဆေးတွေ ပေးမယ် စသဖြင့်ပေါ့။ အိမ်မှာ အလွယ်လုပ်နိုင်တာတွေကတော့။မကုဘဲ ထားလိုက်ရင် ပိုးတွေက ဘေးကို ပျံ့သွားတာ၊ မှက္ခရု ပေါက်တာတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ခံ အကြောင်းရင်းကို သေချာမကုမိရင် ခဏခဏ ပြန်ဖြစ်တတ်ပါတယ်။ကျီးကန်းပါးစပ်ရောဂါ အများစုက အိမ်မှာ ကုရင်းနဲ့ပဲ ပျောက်သွားတာ များပါတယ်။ ဒါကြောင့် သိပ်စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့် ခဏခဏ ပြန်ဖြစ်တယ်။ ၂ပတ်ကျော်ကြာတဲ့အထိမှ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။ နောက်ခံ အကြောင်းရင်းကို ရှာပြီး ကုဖို့ လိုပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/angularchelitis-treatment/
မိုးရာသီမှာ လိုက်နာရမယ့် အခြေခံကျန်းမာရေး ဂရုစိုက်မှု
ရာသီတိုင်းမှာ အရေးအကြီးဆုံးက ကျန်းမာနေဖို့ဆိုရင် လက်ခံလား။မိုးရာသီက ဘယ်လောက် ကဗျာဆန်ဆန် နေထိုင်မကောင်းရင် ပျော်စရာ မကောင်းမှာကတော့ အမှန်ပဲလေ။ နေထိုင်မကောင်းရင်ခန္ဓာကိုယ်မှာ ဝေဒနာခံစားရသလို အလုပ်အကိုင်လည်း ပျက်သေးတယ်။ ငွေကုန်ကြေးကျကလည်း များသေးတယ်။ ဒီပြဿနာတွေက ကင်းဝေးစေဖို့ဆိုရင် ဒီအခြေခံကျတဲ့ အချက်လေးတွေကို သိထားမှ ဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ မိုးရာသီမှာ လိုက်နာရမယ့် အခြေခံကျန်းမာရေး ဂရုစိုက်မှုတွေက ဘာတွေလဲဆိုတာကို ပြောပြပေးပါမယ်။စာတောင်ဖွဲ့ရတဲ့ မိုးရာသီမှာ ကျန်းမာနေစေဖို့ဆိုရင် ဒီအခြေခံကျတဲ့ အချက်လေးတွေကို လိုက်နာမှဖြစ်မှာပါ။ ကဲ …. မိုးရာသီမှာ လိုက်နာရမယ့် အခြေခံကျန်းမာရေး ဂရုစိုက်မှု တွေကတော့။တစ်နေ့တာမှာ မမြင်ရတဲ့ ပိုးမွှားတွေများစွာကို ထိတွေ့မိနိုင်တဲ့ အခြေအနေတွေက အများကြီးပါ။ ဒါကြောင့်မိုးရေနဲ့အတူ ပါလာတဲ့ ဖျားနာမှုနဲ့ အရေပြားပြဿနာတွေ ကင်းစေဖို့ မိုးရေထဲက ပြန်လာတိုင်းခြေလက်တွေကို ဆေးကြောဖို့ မိုးရေတွေကို ခြောက်အောင်သုတ်ဖို့ မမေ့သင့်သလို နေ့စဉ် ရေချိုးသန့်စင်မှုကိုလည်း မေ့ထားလို့မရပါဘူး။ကိုယ်ခံအား ကောင်းစေဖို့ လိုအပ်တဲ့ အချက်တစ်ခုပါ။နေ့တိုင်း အာဟာရပြည့်ဝအောင် စားသောက်ပြီးဖျားနာမှုတွေကို တိုက်ထုတ်ပေးမယ့်ကိုယ်ခံအားခံတပ်ကို အသင့်ပြင်ထားလိုက်ပါ။ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေပဲ စားဖို့ကိုတော့ မမေ့ပါနဲ့။ မိုးရာသီမှာ လမ်းဘေးစာတွေ၊ လက်လုပ်ချဉ်တွေ နဲ့ အမှည့်လွန်နေတဲ့အသီးတွေ သန့်ရှင်းမှုအားနည်းတဲ့ အစားအစာတွေကို ရှောင်ပါ။မိုးအေးအေးမှာ ရုပ်ရှင်ကြည့်ရတာ ကောင်းပေမယ့် ညဉ့်နက်ခံပြီး ရုပ်ရှင်ကြည့်တာ၊ဖေ့ဘုတ်ခ်သုံးတာ၊ ဂိမ်းကစားတာမျိုး မလုပ်ပါနဲ့။ ညတိုင်း အနည်းဆုံး ၇ နာရီတော့ အိပ်စက်ပါ။မိုးရေစိုလာပြီးရင် ခြေထောက်တွေ လက်တွေကို ချက်ချင်းဆေးကြောပေးပါ။ ဒါမှမှိုပိုးတွေကနေ ကာကွယ်ပြီးသား ဖြစ်မှာပါ။ရေစိုနေတဲ့ အဝတ်အစားတွေကို ချက်ချင်းလဲပေးပါ။ ဒါမှ မှိုပိုးတွေကြောင့်အရေပြားမှိုစွဲတာမျိုး မဖြစ်အောင် ကာကွယ်ရာ ရောက်မှာပါ။အပြင်က ပြန်လာတိုင်း၊ အစားမစားခင်၊ ညစ်ပေတဲ့အရာတွေ ကိုင်တွယ်ပြီးတိုင်း၊ ရေအိမ်ကနေ ဆင်းတဲ့အချိန်တိုင်းမှာ လက်ကို သန့်စင်ဆေးကြောပေးပါ။ လက်ဆေးတာက အလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ် အနည်းဆုံးသော ရောဂါကာကွယ်ပေးတဲ့ နည်းလမ်းပါ။နေအိမ်သန့်ရှင်းမှုကလည်း ကျန်းမာရေးအတွက် လိုအပ်တဲ့ အချက်တစ်ခုပါ။ ဒါကြောင့် နေ့တိုင်း နေအိမ်ကို သန့်ရှင်းရေးလုပ်ပါ။ ဖုန်မှုန့်တွေ ကင်းစင်စေဖို့အပြင်ခြင်ကင်းစင်အောင်ပါ ဂရုစိုက်ပေးပါ။မီးပူတိုက်တာက ရောဂါပိုးတွေ၊ မှိုပိုးတွေ၊ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတဲ့ နည်းလမ်း တစ်ခုပေါ့။ ဒါကြောင့် မိုးတွင်းမှာ အရေပြားပြဿနာ ကင်းစေဖို့ အဝတ်အစားတွေကို မီးပူတိုက်ဝတ်ဖို့ မမေ့ပါနဲ့။သောက်ရေတွေကနေ ရောဂါပိုးတွေ၊ ဘက်တီးရီးယားတွေ ပါလာနိုင်တာကြောင့် ကျန်းမာရေးကို စောင့်ရှောက်တဲ့ အနေနဲ့ ကလိုရင်းခတ်ပြီး ပိုးသတ်ထားပါ။ကိုယ်ခံအား ကောင်းစေတဲ့ ဗီတာမင် တစ်မျိုးပေါ့။ ဒါကြောင့် မိုးအေးအေးမှာ အအေးမိဖျားနာမှု ကင်းစေဖို့အတွက် ဗီတာမင် စီ ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးပါ။ လိမ္မော်သီး၊ ကီဝီသီးအပါအဝင် အချဉ်ဓါတ်ရှိတဲ့ အသီးတွေကို စားပေးပါ။ကျန်းမာဖို့အတွက် ရေဓာတ်လုံလောက်ဖို့က မေ့ထားလို့မဖြစ်ပါဘူး။ ဒါကြောင့် နေ့တိုင်းမှာ သောက်ရေကို ၇ ခွက်ကနေ ၈ခွက်အထိ သောက်ပေးပါ။ကော်ဖီသောက်တဲ့သူတွေ၊ လက်ဖက်ရည် ကြိုက်သူတွေက အခြားသူတွေထက် ရေဓာတ်ပိုဆုံးရှုံးနိုင်တာကြောင့် ရေများများသောက်ပေးပါ။ကဲ…မိုးရာသီကို အကောင်းဆုံးကျော်ဖြတ်ရအောင်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/monsoon-health-tips/
အားဆေးသောက်ဖို့ လို၊ မလို ဝေခွဲရခက်နေပြီလား
လူတွေမကြာခဏ မေးတတ်တဲ့ မေးခွန်းတွေထဲမှာ ကျန်းမာနေတဲ့ သူတစ်ယောက်ကအားဆေးေသာက်ဖို့ လိုလို့လား၊ အားဆေးမသောက်ရင်ရော မကျန်းမာနိုင်တော့ဘူးလား စတဲ့ မေးခွန်းတွေ အစုံပါပဲ။ တကယ်တမ်းကျ အားဆေး၊ဖြည့်စွက်စာေတွဆိုတာ အစားအစာကနေ မရနိုင်တဲ့၊ မရလိုက်တဲ့ အာဟာရတွေကို ဖြည့်စွက်ပေးတဲ့အတွက် ကိုယ်ခန္ဓါက အာဟာရချို့တဲ့ခြင်း မဖြစ်ရလေအောင် ကူညီပေးတာဖြစ်ပါတယ်။ ဒါဆို ဘာကြောင့် အားဆေးသောက်ဖို့ လိုတာလည်းဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော် နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။လူငယ်ဆိုတော့ သန်တုန်း၊ မြန်တုန်း၊ ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်ဆိုတော့ ဘာမှမဖြစ်ပေမဲ့အသက်ကြီးလာတဲ့အခါ ငယ်ရွယ်စဉ်ကလောက် ကျန်းမာရေးက မကောင်းတော့ပါဘူး။ ဒါ့အပြင် ကိုယ်စားလိုက်တဲ့ အစားအစာကနေ အာဟာရဓါတ်တွေကို ကောင်းစွာ စုပ်ယူနိုင်စွမ်း အရမ်းနည်းသွားတယ်၊ခံတွင်းပျက်တာရော၊ သွားမကောင်းတော့တာကြောင့် အစာစားချင်စိတ်က နည်းသွာတယ်။ အစာချေဖျက်တဲ့စနစ်ကလည်း ဆုတ်ယုတ်လာတဲ့အတွက် အားဆေးနဲ့ ကူပေးဖို့ လိုအပ်လာပါတယ်။တစ်နေ့တာ ကိုယ်ခန္ဓါက လိုအပ်တဲ့ အစာအာဟာရတွေကို လုံလောက်စွာ မရတဲ့အခါ အာဟာရချို့တဲ့ခြင်းတွေ ဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အထူးသဖြင့် လူငယ်တွေမှာ အစာအာဟာရလုံလောက်မျှတစွာ မစားဘဲ အချို၊ အငန်၊ အဆီများတဲ့ အစားအစာတွေ၊ မုန့်ပဲသရေစာတွေ စားတာ ပိုများလာတယ်။ အသင့်စား ရယ်ဒီမိတ် အစားအစာတွေကို အလွယ်တကူလုပ်စားကြတယ်။ ဒီအခါမှာ လိုအပ်သလောက် အာဟာရဓါတ်တွေကို ကိုယ်ခန္ဓါကမရနိုင်တဲ့အတွက် ဖြည့်စွက်အားဆေးတွေကို တိုက်ကျွေးဖို့ လိုလာပါတယ်။အာဟာရဖြစ်တာမှန်ပေမယ့် ကိုယ်နဲ့ဓါတ်မတည့်တဲ့အခါ ရှောင်လိုက်ရတာ အစားအစာတွေ ရှိပါတယ်။ ဥပမာ အစေ့အဆန်တွေနဲ့ ဓါတ်မတည့်တာ၊ နို့ထွက်ပစ္စည်းတွေ စားလို့ မရတာ ဒါမှမဟုတ် သက်သက်လွတ်စားတဲ့သူတွေ၊ ကျန်းမာရေးအခြေအနေကြောင့် အစားရှောင်ရတာမျိုးပေါ့။ ပြဿနာက ဘာလဲဆိုတော့ အစားအစာတွေကို ရှောင်လိုက်တဲ့အခါ အဲ့ဒီအစားအစာကနေ ရတဲ့ အာဟာရဓါတ်တွေ နည်းသွားတာပါပဲ။ ဒီလိုအစားရှောင်ရတဲ့သူတွေအတွက် ဖြည့်စွက်အားဆေးတွေကို သောက်ဖို့ လိုပါတယ်။ဆယ်ကျော်သက်အရွယ်တွေနဲ့ ကလေးတွေမှာ အာဟာရဓါတ်တွေ ပိုပြီးတောင် လိုအပ်ပါတယ်။ အထူးသဖြင့် ဒီဘတ်ခေတ် ကလေးတွေက အာဟာရရှိတာတွေထက် အဆီကြော်တွေ၊ အသင့်စား အစားအစာတွေ၊ အချိုများတဲ့ အစားအစာတွေ အစားများတတ်ကြတယ်မလား။ ဒီလိုအချိန်က ကြီးထွားဖွံ့ဖြိုးမှုအတွက် အကောင်းဆုံး အချိန်ဖြစ်တာကြောင့် အာဟာရချို့တဲ့တာမျိုး မဖြစ်ရလေအောင် လိုအပ်တဲ့ အာဟာရဓါတ်တွေ ပါဝင်တဲ့ အားဆေးတွေ၊ ဖြည့်စွက်စာတွေ ကျွေးပေးဖို့ လိုပါတယ်။အသက်ကြီးလာပြီဆိုရင် ရောဂါတွေက တစ်ခုပြီးတစ်ခု ဖြစ်လာတတ်တာ သဘာဝပါပဲ။ ဒီလိုမျိုး ရောဂါတွေဖြစ်မလာအောင် ကာကွယ်ပေးဖို့၊ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးဖို့၊ အသက်ရှည်ရှည်နေနိုင်ဖို့ အားဆေးတွေကို နေ့စဉ် မှီဝဲဖို့ လိုအပ်တယ်နော်။ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ များများစားမယ်၊အားကစားလည်း လိုက်စားမယ်၊ ကိုယ့်အတွက် လိုအပ်မယ့် အားဆေးတွေကို နေ့တိုင်း သောက်ပေးမယ်ဆိုရင်တော့ ကျန်းမာအသက်ရှည်ပြီး ရောဂါဘယကင်းဝေးမှာပါ။တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကို ပြည့်ပြည့်ဝဝရစေဖို့ ကိုယ့်အတွက် သင့်လျော်မယ့် အားဆေးတွေသောက်ဖို့ အရေးကြီးတယ်နော်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%a1%e1%80%ac%e1%80%b8%e1%80%86%e1%80%b1%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%96%e1%80%ad%e1%80%af%e1%80%b7-%e1%80%9c%e1%80%ad%e1%80%af%e1%81%8a-%e1%80%99%e1%80%9c%e1%80%ad/
သွေးတိုးအတွက် အရေးပေါ်ပြုစုနည်း
လူတော်တော်များများက ကိုယ်တိုင်မှာသွေးတိုးရှိနေမှန်းသိခဲကြပါတယ်။ ငါးပိ၊ငါးခြောက်တွေပါမှ စားလို့မြိန်တဲ့ ကျွန်မတို့မြန်မာလူမျိုးတွေအဖို့ကတော့သွေးတိုးဖို့က သိပ်ကိုလွယ်ကူလွန်းပါတယ်။ လူကြီးတွေမှာ အတွေ့ရများတာကသွေးတိုးဖြစ်လာနိုင်တာကြောင့် အငန်များတဲ့အစားအစာတွေမစားဖို့ ဆရာဝန်ကမှာပေမယ့်မနက်စာကို မုန့်ဟင်းခါး ချဉ်၊ငန်၊စပ်လေးစားလိုက်ရမှ၊နေ့လယ်စာဆိုရင်လည်း ငါးပိရည်၊တို့စရာ၊ ချဉ်ရည်ဟင်းလေးနဲ့မှ၊နေ့ခင်းနေ့လယ်ဆိုလည်း ငါးခြောက်ဖုတ်လေး၊ေရနွေးကြမ်းလေးနဲ့မှ ဒါမှမဟုတ် ပုဇွန်ခြောက်နိုင်နိုင်ထည့်ထားတဲ့ လက်ဖက်လေး၊ရေနွေးလေးစားလိုက်ရမှ ဆိုတာမျိုးပေါ့။ညစာဆိုရင်လည်း အချို၊အငန်မျှတတဲ့ ဟင်းလေးတွေနဲ့မှ စားမြိန်ကြတာလေ။တစ်နေ့တာမှာအငန်ဓါတ်တွေက စားလိုက်သမျှ အစားအစာတိုင်းမှာပါနေရော။ ဒီလိုအခြေအနေက အလွယ်တကူသွေးတိုးစေတာပေါ့။သွေးတိုးတာက စိတ်ပူစရာမဟုတ်ဘူးလို့ထင်စရာရှိပေမယ့်သွေးတိုးကြောင့်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲကျန်းမာရေးထိခိုက်မှုတွေကတော်တော်လေးတော့များပါတယ်။သွေးတိုးရောဂါကို ကမ္ဘာတလွှားမှာ အသံတိတ်လူသတ်သမားရယ်လို့တောင်ခေါ်ဝေါ်နေကြပါတယ်။ အမှန်တကယ်လည်းဟုတ်ပါတယ်။ လူတော်တော်များများက ကိုယ်တိုင်မှာသွေးတိုးရှိမှန်းမသိလိုက်ဘဲအသက်အန္တရာယ်ထိခိုက်တာမျိုးထိတောင်ခံစားကြရတာတွေရှိပါတယ်။သွေးတိုးတယ်ဆိုတာကသွေးပေါင်ချိန်ပုံမှန်ထက်မြင့်တက်တဲ့အခြေအနေပေါ့။ အရမ်းပြင်းထန်မယ်ဆိုရင်လေဖြတ်တာအထိဖြစ်နိုင်ပါတယ်။သွေးပေါင်ချိန်အရမ်းမြင့်သွားမယ် အပေါ်သွေး ၁၈၀ mm Hg၊ အောက်သွေး ၁၂၀ mm Hgဖြစ်နေမယ်။ ဒါမှမဟုတ် အပေါ်သွေးက ၁၈၀ mm Hgကျော်နေမယ်၊အောက်သွေးက ၁၂၀ mm Hg ထက်များနေမယ်ဆိုရင်သွေးပေါင်ချိန်အရမ်းမြင့်နေပြီလို့ဆိုရပါမယ်။သွေးအရမ်းတိုးတာကသွေးကြောတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။သွေးကြောတွေရောင်ရမ်းလာပြီးသွေးယိုစိမ့်တာ ဒါမှမဟုတ်သွေးရည်ကြည်လိုမျိုး အရည်တွေယိုစိမ့်တာမျိုးဖြစ်နီုင်ပါတယ်။ ရလဒ်အနေနဲ့ကတော့နှလုံးကသွေးတွေကိုထိထိရောက်ရောက် ညှစ်မထုတ်နိုင်တော့ပါပဲ။အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့ ရုတ်တရက်သွေးပေါင်ချိန်မြင့်တက်မှုဖြစ်တဲ့အခါ။ဒီလိုအခြေအနေတွေဖြစ်တဲ့အခါသောက်နေကျဆေးရှိရင်ဆေးကိုမြန်မြန်သောက်သုံးဖို့လိုပါမယ်။ပြီးရင်တော့ အနီးဆုံးဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီးဆေးကုသမှုခံယူတာအကောင်းဆုံးပါ။စစ်ဆေးကုသမှုအရသွေးတိုးရောဂါခံစားနေရပြီဆိုတာကို သိခဲ့မယ်ဆိုရင်နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကနေရှောင်ရှားနိုင်စေဖို့အတွက် –။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/hypertensive-emergency/
ဘေဘီလေး အစာနင်တဲ့အခါ
အစာနင်တာ၊ သီးတာက အရွယ်မရွေးဖြစ်နိုင်သလို အသက်အန္တရာယ်အထိခြိမ်းခြောက်နိုင်တဲ့ အခြေအနေတစ်ရပ်ပါ။ လူကြီးတွေမှာတောင် အန္တရာယ်ရှိတယ်ဆိုရင် ငယ်ရွယ်သေးတဲ့ကလေးတွေမှာဆိုရင် ပိုဆိုးတော့မပေါ့။ ဒီတော့ ဘေဘီလေးတွေ အစာနင်တဲ့အခါ ထိခိုက်မှုမဖြစ်စေဖို့ ဘယ်လိုလုပ်ပေးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ဘေဘီလေးတွေအနေနဲ့ နို့စို့ရင်း နို့သီးနိုင်သလို ရေသောက်ရင်း ရေသီးတာ၊ အစားစားရင်း အစားနင်တာ၊ အရုပ်လေးတွေနဲ့ဆော့ရင်း မတော်တဆပါးစပ်ထဲဝင်ပြီး နင်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ကလေးမှာ အခုလိုလက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ကလေးက အစာနင်နေချိန်မှာ ချောင်းအရမ်းဆိုးနေမယ်။ အရမ်းကိုငိုနေမယ်ဆိုရင်တော့ ဒီအဆင့်တွေကို မလုပ်ပါနဲ့။ အရမ်းငိုတာ၊ ချောင်းပြင်းပြင်းထန်ထန်ဆိုတာအသက်ရှူလမ်းကြောင်းမှာ ပိတ်နေတဲ့ အရာတွေကို ထွက်သွားစေနိုင်တာကြောင့်ပါ။တကယ်လို့ ကလေးကချောင်းဆိုးနေတာ၊ အရမ်းငိုနေတာမျိုးမရှိဘူးဆိုရင်တော့။တကယ်လို့ ကလေးက နင်နေတာမသက်သာသေးဘူးဆိုရင် နီးစပ်ရာဆေးခန်းကို အမြန်သွားပြီး အကူအညီရယူပါ။ကလေးတစ်ယောက်အဖို့ အစာနင်တာက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အစာမနင်စေ၊ မသီးစေဖို့ အခုလိုကာကွယ်ပေးလို့ရပါတယ်။ကလေးကို အစာနင်ခြင်း၊ သီးခြင်းကင်းအောင် အကောင်းဆုံးစောင့်ရှောက်နိုင်ကြပါစေကြောင်း………….။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/baby-choking/
သင်၏အိမ်ထောင်ရေးကို ပျက်ဆီးစေနိုင်သော အလေ့အထ(၈)ရပ်
သင့်အိမ်ထောင်ဖက်နှင့်အတူနေဆက်ဆံရေးအခြေအနေက ကျဆင်းနေပါသလား။ အတူနေဆက်ဆံရေးမှာ ကွဲပြားခြားနားသောအဆင့်အမျိုးမျိုးရှိနိုင်ပါသည်။ ဒါပေမယ့်လည်း တစ်ဦးနှင့်တစ်ဦးကြားမှာပြဿနာပဋိပက္ခအကြီးအကျယ်ဖြစ်လာနိုင်သော အခိုက်အတန့်များလည်းရှိလာနိုင်ပါသည်။ အောက်ဖော်ပြပါ အကြောင်းအချက်များကတော့ သင်၏အိမ်ထောင်ရေးကို တဖြည်းဖြည်းနှင့်ပျက်ဆီးစေနိုင်သည့် အကြောင်းအချက်များပင်ဖြစ်ပါသည်။လက်ပွန်းတတီးနေခြင်းဟာ အိမ်ထောင်ရေးတစ်ခုကို အတူတကွစုစည်းပေးနိုင်သည့် အရေးပါသည့်အရာတစ်ခုပင် ဖြစ်ပါသည်။ အကယ်၍ သင်ဟာ သင့်အိမ်ထောင်ဖက်နှင့် အတူနေဖို့ရှောင်ရှားနေခြင်း၊ လိင်ဆက်ဆံရေး၏ အရေးပါမှုကို ဥပက္ခာပြုနေသည်ဆိုပါက သင်ဟာ သင်တို့အိမ်ထောင်ရေးကို အန္တရာယ်ရှိသော အခြေအနေသို့ အရောက်ပို့နေခြင်းပင်ဖြစ်ပါသည်။ သင်ဟာ လိင်ဆက်ဆံဖို့ စိတ်ပါချင်မှပါပါလိမ့်မည်။ ဒါပေမယ့် ဒီလိုစိတ်မပါတာဟာ အချိန်ကြာမြင့်စွာ ဖြစ်ပေါ်နေပြီဆိုပါက သင့်အိမ်ထောင်ဖက်အတွက် အဆင်မပြေဖြစ်လာပါလိမ့်မည်။ အိမ်ထောင်ရေးပညာရှင်တစ်ဦး အကြံပြုထားတာကတော့ လူတစ်ယောက်ဟာ ကိုယ့်ရဲ့အိမ်ထောင်ဖက်အပေါ် မကောင်းမြင်စိတ်ထက် အကောင်းမြင်စိတ်နှင့်ကြည့်ဖို့ အကြံပြုထားပါသည်။ သင့်အိမ်ထောင်ဖက်ဟာ သင့်ကိုအတူနေဖို့တောင်းဆိုလာသောအခါ ဟင့်အင်းလို့ငြင်းမည့်အစား အကောင်းဘက်ကမြင်ပြီး သဘောတူလိုက်လျောဖို့အကြံပြုထားပါသည်။စကားအပြောအဆိုမတတ်လျှင် လင်မယားများရန်များတတ်ပါသည်။ ဒါပေမယ့် လုံးဝစကားမပြောခြင်းကတော့ ပိုပြီးတော့အန္တရာယ်ရှိသော ပြဿနာတစ်ခုပင်ဖြစ်ပါသည်။ လင်မယားနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက်စကားပြောခြင်း၊ တစ်ယောက်ပြောတာတစ်ယောက်နားထောင်ပေးခြင်းဟာ ကိုယ့်ရဲ့အိမ်ထောင်ဖက်အပေါ် ပိုပြီးကိုယ်ချင်းစာပေးနိုင်မည်။ ဂရုဏာသက်ပေးနိုင်မည်။ ထို့အပြင် သူတို့ဘာလိုအပ်သလဲဆိုတာကိုပါ သိရှိနိုင်ပါသည်။ ပြဿနာဖြစ်ပေါ်လာလျှင်လည်း အတူတကွဖြေရှင်းနိုင်ပါသည်။ စကားအပြောအဆိုအဆက်အဆံကျဲလာခြင်း သို့မဟုတ် အေးတိအေးစက်ပြောဆိုခြင်းများသည် အိမ်ထောင်ဖက်အပေါ် အထင်အမြင်မှားခြင်းများနှင့်ပဋိပက္ခများကိုဖြစ်ပေါ်စေပါသည်။သင့်မှာ စိတ်ညစ်စရာ တစ်ခုခုကြုံပြီးတဲ့အခါမှာ သင်ရဲ့ဒေါသတွေအတွက် ထွက်ပေါက်တစ်ခုတော့ လိုအပ်ပါလိမ့်မည်။ သို့သော် သင့်ဒေါသတွေကို သင်၏အိမ်ထောင်ဖက်အပေါ် ပုံချခြင်းအပြစ်တင်ခြင်းဟာတော့ ကောင်းမွန်တဲ့ထွက်ပေါက်တစ်ခုမဟုတ်ပါဘူး။ အကယ်၍ သင့်အိမ်ထောင်ဖက်နှင့် စကားများမည်ပြဿနာတက်ကြမည်ဆိုလျှင်ပိုပြီးတောင် စိတ်တိုစိတ်ညစ်စရာကောင်းပါလိမ့်မည်။ တချို့စုံတွဲတွေတော့ ရန်ဖြစ်ရမှာကို ကြောက်တဲ့အပြင် မည်သို့သော အကြောင်းနှင့်မျှ ရန်မဖြစ်အောင် နေကြပါသည်။ ရန်ဖြစ်ခြင်းကို ရှောင်ရှားကြပါသည်။ ထိုအတွဲတွေက တစ်ယောက်ပြောသမျှတစ်ယောက် သဘောတူခေါင်းညိတ်တတ်ကြပါသည်။ ထိုအခါမှာ အိမ်ထောင်ရေး၏စိတ်လှုပ်ရှားမှုက ကျဆင်းသွားနိုင်ပါသည်။ ထို့ကြောင့် အကောင်းဆုံး ဖြေရှင်းခြင်းကတော့ ဤအရာနှစ်ခုကို ညီမျှအောင် ချိန်ထိုးသင့်ပါသည်။ ပဋိပက္ခအငြင်းပွားစရာရှိလာလျှင် အငြင်းပွားလိုက်ပါ။ လိုအပ်တဲ့အခါမှာလည်း ငြိမ်းချမ်းရေးပြန်ယူပြီး တစ်ယောက်နှင့်တစ်ယောက်ချစ်ချစ်ခင်ခင်ပြန်နေကြပါ။ငွေကြေးနှင့် ပက်သက်ပြီး အငြင်းပွားမှုများသည် ကွာရှင်းပြတ်ဆဲခြင်းများ၏ အဖြစ်အများဆုံး အကြောင်းအရင်းများ ဖြစ်ကြပါသည်။ ငွေကြေးနှင့် ပက်သက်ပြီး အရှုပ်အရှင်းများဖြစ်ပေါ်လာပါက လင်မယားများသည်ပို၍ခက်ထန်မာကြောသော စကားလုံးများကို အသုံးပြုလေ့ရှိကြပြီး ငွေကြေးကြောင့်ဖြစ်ပေါ်လာသော ထိုခက်ထန်မာကြောသောစကားလုံးများဟာ မေ့ပျောက်ဖို့နှင့် ခွင့်လွှတ်ပေးဖို့ခက်ခဲပါသည်။အားလုံးခြုံကြည့်လိုက်လျှင် သင်နှင့်သင့်အိမ်ထောင်ဖက်သာ အရေးအကြီးဆုံးဖြစ်ပါသည်။ သင့်သူငယ်ချင်းနှင့် ဘယ်လောက်ခင်ခင် ၊ သင့်ညီအစ်ကိုမောင်နှမတွေကို ဘယ်လောက်ချစ်ချစ်၊ နောက်ဆုံးပြောရလျှင် သင့်ကလေးကိုပင် ဘယ်လောက်ချစ်ချစ် နေရာတိုင်းကို အကန့်များခွဲထားပါ။ မည်သူတစ်ဦးတစ်ယောက်ကြောင့်မှ သင်တို့နှစ်ယောက်၏ အိမ်ထောင်ရေးကို အထိခိုက်မခံပါနှင့်။သင်၏ စိတ်မကျေနပ်ခြင်းများနှင့် ပတ်သက်ပြီး တောက်လျှောက်မြည်တွန်တောက်တီးခြင်း၊ ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေ အပေါ်မှာတောင် ဥပမာ အိမ်အလုပ်လိုဟာ မျိုးအပေါ်မှာတောင် ပွစိပွစိပြောနေမယ်ဆိုလျှင် သင့်အိမ်ထောင်ဖက်ကိုစိတ်ရှုပ်စေပါသည်။သင်ဟာဖေ့စ်ဘွတ်နှင့် အခြားလူမှုရေးကွန်ယက်များကို အလွန်အမင်းစွဲလမ်းနေပါသလား သို့မဟုတ် သင်၏ ဝါသနာအကျင့်တစ်ခုခုကို အလွန်အမင်း စွဲလမ်းနေပါသလား။ အကယ်၍ သင်ဟာဖေ့စ်ဘွတ်အပါအဝင် လူမှုရေးကွန်ယက် သို့မဟုတ် သင်၏အခြားဝါသနာရပ်များကို သင်နှင့်သင့်အိမ်ထောင်ဖက်၏ နေ့စဉ် လုပ်နေကျ အလုပ်တွေ ထိခိုက်သည်အထိစွဲလမ်းနေပြီဆိုပါက သင်ဟာ သင်နှင့်သင့်အိမ်ထောင်ဖက်အကြား ဝေးကွာစေသော ကွက်လပ်တစ်ခုကို ဖန်တီးနေခြင်းသာဖြစ်ပါသည်။သင်သိထားဖို့က အရာရာတိုင်းကို သင့်သဘောနှင့်သင် ဆုံးဖြတ်လို့မရပါဘူး။ သင့်အိမ်ထောင်ဖက်နှင့် သေသေချာချာဆွေးနွေးပြီးတော့မှ အရေးပါသောဆုံးဖြတ်ချက်ကိုချပါ။ ဤသို့ဖြင့်နောက်ပိုင်းတွင်ပဋိပက္ခဖြစ်ခြင်းများ၊ အရှုပ်အထွးဖြစ်ခြင်းများကို ကာကွယ်ပြီးသားဖြစ်ပါလိမ့်မည်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/%e1%80%9e%e1%80%84%e1%80%ba%e1%81%8f%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%95%e1%80%bb%e1%80%80/
ဘာကြောင့် လေပွ နေရတာလဲ။
လေပွ နေတယ်ဆိုပြီး ပြောလိုက်ရင် ရောဂါတစ်ခု၊ အထူးအဆန်းကိစ္စတစ်ခုလို့ ထင်ကြတယ်။ တကယ်တော့ ဗိုက်ထဲမှာ (အစာအိမ်နဲ့ အူလမ်းကြောင်းမှာ) လေဆိုတာက ရှိပြီးသားပါပဲ။ ဒါပေမယ့် ရှိသင့်တာထက် များလာတဲ့အခါ  ဗိုက်ထဲမှာ ခပ်တင်းတင်း ဖြစ်လာမယ်။လေနာမယ်။လေချဉ်တက်မယ်။လေလည်မယ် စသဖြင့် ခန္ဓာကိုယ်က အချက်ပြလာပါတယ်။လေပွတာက ယာယီပဲ ဖြစ်ပြီး အများအားဖြင့်တော့ အန္တရာယ် မရှိပါဘူး။ လေတက်မယ်၊ လေလည်လိုက်တယ်ဆိုရင် သက်သာသွားတာပါပဲ။ တချို့တွေမှာတော့ ပုံမှန်အတိုင်း လေပမာဏ နည်းနည်းပဲ ရှိနေတာတောင်မှ လေပွတဲ့ ပြဿနာကို ခံစားရတာမျိုးလည်း ရှိပါတယ်။အူထဲမှာ လေရှိတာက ပုံမှန်ပဲ ဖြစ်ပြီး ဒီလေတွေက အစားအစာတွေကို ဝါးမျိုတဲ့အခါ အတူပါလာပါတယ်။ လေတွေ များလာရင်တော့ အပေါ်ကနေ လေတက်ပြီးပဲ ဖြစ်ဖြစ်၊ အောက်ကနေ လေလည်ပြီးပဲ ဖြစ်ဖြစ် အပြင်ကို စွန့်ထုတ်လိုက်ပါတယ်။အစာအိမ်ထဲမှာ လေပွတဲ့အခါ ဗိုက်ထဲမှာ ခပ်တင်းတင်း ခံစားရပါတယ်။ တစ်ခါတလေ လေရော၊ စားထားတဲ့ အစားအေသာက်တွေရော ပေါင်းပြီး ပြည့်အင့်တဲ့ ခံစားချက်မျိုး ခံစားရပါတယ်။ တချို့တွေကျတော့ လေပမာဏက ပုံမှန်ပဲ ရှိနေတာတောင် လေပွသလိုမျိုး ခံစားရတတ်ပါတယ်။တစ်ခါတလေ လေက အောက်ကနေ လေလည်ပြီး ထွက်သွားတတ်ပါတယ်။ ဒီလေက မျိုချမိတဲ့ လေအပြင် အူမကြီးမှာ အစာအိမ်ကက မခြေဖျက်ဘဲ ကျန်နေတဲ့ ကာဘိုဟိုက်ဒရိတ်တွေကို အူမကြီး ဘက်တီးရီးယားက ခြေဖျက်လိုက်တာကြောင့် ထွက်လာတဲ့ လေလည်း ပါပါတယ်။အူမကြီး ညာဘက် အပေါ်ပိုင်းမှာ လေစုနေရင်တော့ သည်းခြေအိတ်ရောင်သလိုမျိုး လေနာတဲ့ ဝေဒနာ ခံစားရပါတယ်။ ဘယ်ဘက် အပေါ်ပိုင်းဆိုရင်တော့ လေနာတာက ရင်ဘတ်အထိ ပြန့်သွားတာကြောင့် နှလုံးရောဂါနဲ့ မှားတတ်ပါတယ်။ပုံမှန်စားတာသောက်တာကြောင့် ဝင်လာတဲ့ လေက ပမာဏ သိပ်မများလှပါဘူး။ ဒါပေမယ့် ကိုယ်စားတဲ့အစားအစာ၊ စားတဲ့ပုံစံ၊ ရောဂါအခံတွေပေါ် မူတည်ပြီး လေပမာဏ များလာနိုင်ပါတယ်။လေပွ စေတဲ့ အစားအစာများ။ခြုံပြောရရင်တော့အမျှင်ဓာတ်များတဲ့ အစားအစာတွေပေါ့။ ဒါပေမယ့် အမျှင်ဓာတ်က ဝမ်းမှန်စေပြီး သွေးတွင်းသကြားဓာတ်နဲ့ အဆီဓာတ်ကို ထိန်းချုပ်ပေးတဲ့အတွက် ရှောင်စရာ မလိုပါဘူး။ စားတဲ့ ပမာဏကိုပဲ ချင့်ချိန်ဖို့ လိုပါတယ်။တခြားစားသောက်မှု ပုံစံများ။ရောဂါအခံရှိသူတွေ။များသောအားဖြင့် ထူးထူးခြားခြား စစ်ဆေးစရာ မရှိပါဘူး။ ရောဂါရာဇဝင်ရယ်၊ လူနာရဲ့ စားသောက်ပုံရယ်၊ ဝမ်းဗိုက်ကို စမ်းသပ်တာရယ်လောက်ပါပဲ။ ဒါပေမယ့် လူနာမှာ တခြား လက္ခဏာတွေ (ဥပမာ ပိန်သွားတာ၊ ဝမ်းလျှောတာ၊ ဝမ်းထဲမှာ သွေးပါတာ) ရှိရင်တော့ လိုအပ်တဲ့ ဆေးစစ်မှုတွေ လုပ်ရပါမယ်။တော်တော်များများကတော့ ဆရာဝန်ဆီရောက်လာတဲ့အထိ ဝေဒနာ မဆိုးကြပါဘူး။ လေတက်သွားတယ်၊ လေလည်သွားတယ်ဆိုရင် သက်သာသွားကြပါတယ်။ ရက်တော်တော်ကြာအောင် မသက်သာမှသာ လာပြီး ပြကြတာပါ။ လုပ်ပေးနိုင်တာတွေကတော့။စားတဲ့ အစားအစာရော၊ စားတဲ့ ပုံစံရော ပြောင်းလဲဖို့ အကြံပြုတာပဲ ဖြစ်ပါတယ်။ ဥပမာ ပြောရရင်။-လတ်တလောမှာ လေပွ စေတဲ့ ပဲတွေ၊ အသီးအရွက်စားတာတွေကို ခဏနားထားပြီး သက်သာလာမှ ပြန်စားခိုင်းတာ။-နို့နဲ့ နို့ထွက် ပစ္စည်းတွေ ခဏရှောင်ခိုင်းတာ (အထူးသဖြင့် လက်တို့စ်ပါတဲ့ အရာတွေ)။-သကြားအစားထိုး ပစ္စည်းတွေ ခဏဖြတ်ခိုင်းတာ။-ဆီကြော်တွေ၊ အဆီများတာတွေ ရှောင်ခိုင်းတာ။–ကာဗွန်ပါတဲ့ ဖျော်ရည်တွေ (ဥပမာ ဂတ်စ်ပါတဲ့ အချိုရည်၊ ဆိုဒါ၊ ဘီယာ) ရှောင်ခိုင်းတာ။-အမျှင်ဓာတ် ဓာတ်စာဆေးတွေ သောက်နေရင် ခဏရပ်ထားတာ။-ရေများများသောက်ခိုင်းတာ။-အစားကို နည်းနည်းစီ ခွဲစားခိုင်းတာ။-သေချာကြေညက်အောင် ဝါးပြီးမှ မျိုချခိုင်းတာ၊ စားနေတုန်း စကားမပြောဘဲ နေတာ။-လတ်တလောမှာ ပီကေဝါးတာ၊ စုပ်လုံးစားတာ၊ ပိုက်နဲ့ စုပ်သောက်တာ စတာတွေ ခဏရှောင်ခိုင်းတာ။-ဆေးလိပ်ဖြတ်ခိုင်းတာ။-လေ့ကျင့်ခန်းပုံမှန်လုပ်ခိုင်းတာ။-အံကပ်တွေကို စနစ်တကျ တပ်ခိုင်းတာ စတာတွေပဲ ဖြစ်ပါတယ်။ဆေးဝါးတွေ အနေနဲ့ကတော့။-Simethiconeပါတဲ့ လေဆေးတွေ။-လက်တို့စ်မခြေဖျက်တဲ့သူဆိုရင် Lactase supplementတွေ။-ပဲနဲ့ အသီးအရွက်တွေကို ကောင်းကောင်း ချေဖျက်နိုင်ဖို့ Alpha-galactosidaseတွေ ပေးလေ့ရှိပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/why-you-feel-bloated/
နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD)
နာတာရှည် လေပြွန်ကျဉ်းရောဂါ(Chronic obstructive pulmonary diseases) ဆိုတာ လေပြွန်ကို ကျဉ်းစေပြီး အဆုတ်ရဲ့ အစိတ်အပိုင်းတချို့ကို ထိခိုက်စေတဲ့ ရောဂါအုပ်စုပဲ ဖြစ်တယ်။ ဒီရောဂါရှိတဲ့ လူနာများဟာ အသက်ရှူရခက်ပြီး မကြာခဏချောင်းဆိုးတတ်ပါတယ်။ အဓိကရောဂါ၂မျိုး ရှိပါတယ်။ ဒါပေမယ့် COPDရှိသူဟာ အဲဒီပြဿနာ၂မျိုးလုံး ရှိတတ်ကြပါတယ်။အဓိကက အဆုတ်ကို ထိခိုက်စေမယ့် အရာတွေကို ပုံမှန်ရှူသွင်းနေရာက ကြာလာတဲ့အခါ ဖြစ်တတ်ပါတယ်။ အောက်ပါအချက်တွေ ပါဝင်ပါတယ်။အသက်ရှူလမ်းကြောင်းပြသနာဖြစ်တာကြောင့် အသက်ရှူရာမှာ မကြာခဏ အခက်အခဲဖြစ်စေပါတယ်။ အောက်ပါလက္ခဏာတွေကို ဖြစ်ပေါ်စေပါတယ်။အောက်ပါအခြေအနေတွေမှာ ဖြစ်နိုင်ခြေမြင့်စေပါတယ်။ဆရာဝန်ဟာ သင့်ကို ဆေးလိပ်ငွေ့တွေ၊ အဆုတ်ကို အန္တရာယ်ဖြစ်စေတဲ့အရာတွေနဲ့ ထိတွေ့မှုရှိလား မေးပါလိမ့်မယ်။ ပုံမှန်မဟုတ်တဲ့ အသက်ရှူသံတွေ ရှိမရှိ နားကြပ်နဲ့ နားထောင်ပါလိမ့်မယ်။COPD ကို ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိပေမယ့် သက်သာအောင်တော့ ပြုလုပ်နိုင်ပါတယ်။ ကုသခြင်းရဲ့ ရည်မှန်းချက်တွေကတော့။ဆေးဝါးများ။ကာကွယ်ဆေးများ။အမောသက်သာစေရန်။ခွဲစိတ်ခြင်း။ဆေးဝါးကုသမှုများနဲ့ မသက်သာရင် ခွဲစိတ်မှုပြုလုပ်ပါတယ်။ ဆိုးရွားတဲ့ အခြေအနေမှာ အဆုတ်လဲလှယ် အစားထိုးခြင်း ပြုလုပ်ပါတယ်။ အဆုတ်ကို အပိုင်းလိုက်ဖယ်ထုတ်ခြင်း၊ အဆုတ်ပမာဏလျှော့ချရန် ခွဲစိတ်ခြင်း၊ အဆုတ်အစားထိုးခြင်း စတဲ့နည်းလမ်းတွေ ရှိပါတယ်။COPDမှာ နာတာရှည်ရောဂါဖြစ်တဲ့အတွက် ရေရှည်မှာ ရောဂါပိုမဆိုးလာအောင် ဂရုစိုက်နေထိုင်ဖို့ လိုပါတယ်။လက်ရှိမှာ ဆေးလိပ်သောက်နေရင် ဖြတ်သင့်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာCOPDရဲ့ အဓိက အကြောင်းအရင်းပဲ ဖြစ်ပါတယ်။ အိမ်မှာ အောက်ဆီဂျင်အိုးနဲ့ ရှူနေရတဲ့သူဆို မဖြစ်မနေ ဖြတ်ရပါမယ်။ မီးလောင်လွယ်စေလို့ပါ။ဒါ့ပြင် တခြားသူသောက်တဲ့ ဆေးလိပ်ငွေ့ကိုရှူမိခြင်း၊ လေထုညစ်ညမ်းခြင်း၊ ဓာတုငွေ့များ၊ အမှုန့များ စတာတွေကို ရှူရှိုက်ခြင်း ရှောင်ကြဉ်ရပါမယ်။ အိမ်မှာရှိရင်လည်း ရှင်းလင်းထားသင့်ပါတယ်။ဆရာဝန်ညွှန်တဲ့ ဆေးတွေ၊ ဆောင်ရန် ရှောင်ရန်အချက်တွေကို လိုက်နာရပါမယ်။ ရက်ချိန်းမှန်မှန်ပြရပါမယ်။COPDလူနာတွေဟာ အဆုတ်ထိခိုက်ထားတဲ့အတွက် သူများထက် ပိုးဝင်လွယ်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားကောင်းစေဖို့။-ကယ်လိုရီနဲ့ အာဟာရဓာတ်တွေ လုံလောက်စွာပါတဲ့ စားသောက်မှုပုံစံကို စားသုံးရပါမယ်။-တက်ကြွစွာနေထိုင်ပြီးလေ့ကျင့်ခန်းပုံမှန် လုပ်သင့်ပါတယ်။-ကိုယ်လက်လှုပ်ရှားမှုတွေဟာ အသက်ရှူတဲ့ ကြွက်သားတွေကို အားကောင်းစေပါတယ်။-ချက်ပြုတ်၊ သန့်ရှင်းရေး စတဲ့အိမ်မှုကိစ္စနေတွေကို သက်သောင့်သက်သာ လုပ်ကိုင်ပါ။ ပစ္စည်းတွေ ရွှေ့စရာရှိရင် အကူအညီရှာပါ။-သက်သာချောင်ချိပြီး ဝတ်ဆင်ရလွယ်ကူတဲ့ အဝတ်အစား ဖိနပ်တွေ ဝတ်ဆင်ပါ။-ရောဂါပြင်းထန်မှု အခြေအနေတွေပေါ် မူတည်ပြီး မိမိအလုပ်တွေကို ကူညီနိုင်ဖို့ မိသားစုများ၊ မိတ်ဆွေများဆီမှာ အကူအညီတောင်းပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/chronic-bronchitis/copd/
စိတ်အာရုံစူးစိုက်မှုကို ပိုမိုကောင်းမွန်စေနိုင်သော နည်းလမ်းများ
လူအတော်များများသည် စာပေလေ့လာခြင်း၊ လုပ်ငန်းခွင်နှင့် ဖျော်ဖြေရေးကိစ္စများတွင်မှာပါ စိတ်အာရုံစူးစိုက်ရခက်ခဲခြင်းမျိုး ရှိတတ်ကြသည်။ အာရုံစူးစိုက်နိုင်စွမ်းမှာ ခန္ဓါကိုယ်တွင်းရော ပတ်ဝန်းကျင် အကြောင်းတရားများပေါ်မှာပါ မူတည်နေသည်။ သင်သည် စိတ်အာရုံစူးစိုက်မှု တိုးတက်စေနည်းများကို ရှာဖွေနေသော ကျောင်းသား (သို့မဟုတ်) ရုံးဝန်ထမ်းတစ်ဦးဆိုပါက ဤဆောင်းပါးကို ဖတ်ရှုကြည့်ပါ။စိတ်အာရုံစူးစိုက်ရခက်ခဲခြင်းဆိုသည်မှာ အချိန်အကြာထိ အကြောင်းအရာတစ်ခုပေါ်တွင် အားရုံစူးစိုက်ထားနိုင်မှုအားနည်းလာခြင်း ဖြစ်သည်။ အာရုံစူးစိုက်မှာပြဿနာနှင့်တွဲဖက်၍ အခြားသောပြဿနာများလည်း ဖြစ်တတ်ပါသည်။ အိပ်မပျော်ခြင်း၊ စိတ်လိုက်မာန်ပါပြုတတ်ခြင်း၊ အတွေးနှင့် စိတ်ပူပန်မှုများလာခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အာရုံပျံ့လွင့်ခြင်း စသည်တို့ဖြစ်ကြသည်။မောပန်းနွမ်းနယ်ခြင်း။ပင်ပန်းနွမ်းနယ်မှုသည် အာရုံစူးစိုက်မှု၏အဆိုးဆုံး ရန်သူများဖြစ်ကြသည်။ သုတေသနတစ်ခုကဦးနှောက်သည် အချို့အခြေအနေများတွင် ကောင်းစွာဖွံ့ဖြိုးအလုပ်လုပ်ပြီး ပင်ပန်းနွမ်းနယ်လာသောအခါ ၎င်း၏စွမ်းဆောင်ရည်လည်း ကျဆင်းလာသည်ဟုဆိုသည်။ သုတေသနပါအညွှန်းကိန်းများအရ လူတစ်ဦးသည် တစ်ညခန့်အိပ်ရေးပျက်လျှင် အာရုံစူးစိုက်မှုလည်း ကျဆင်းပြီး နေ့စဉ်လုပ်နေကျတာန်များလည်း ပြုလုပ်ရန် အခက်အခဲရှိနိုင်သည်ဟုဆိုသည်။အလုပ်တာဝန်များစွာထမ်းဆောင်ရခြင်း။အချို့လူများသည် အလုပ်တာဝန်များစွာထမ်းဆောင်နိုင်ကြောင်း ယုံကြည်မှုရှိကြသော်လည်း ထိုအရာသည် တကယ်တော့ မကောင်းပါ။ သုတေသန၏ဖော်ပြချက်တွင် ထိုသို့ပြုလုပ်ခြင်းဖြင့် လုပ်ငန်းအတွက်အကျိုးမရှိခြင်း၊ အမှားပိုများနိုင်ခြင်းအပြင် သင်၏ဦးနှောက်ကိုလည်း ထိခိုက်စေနိုင်သည်ဟု ဆိုသည်။ ထို့ပြင် နည်းပညာတိုးတက်မှု၊ ဂိမ်းတီထွင်မှု နှင့် လူမှုကွန်ယက်များမှ တုန့်ပြန်မှုတို့ကလည်း သင့်အာရုံတွင် အပြိုင်အဆိုင်ပေါ်လာတတ်ကြသည်။ ထိုအကြောင်းအချက်များက အာရုံတစ်ခုတည်းတွင် အချိန်ကြာကြာ စူးစိုက်မှုကို ပိုမိုခက်ခဲစေသည်။ အလုပ်လုပ်ရများလေလေ သင့်ဦးနှောက်က စူးစိုက်မှုနည်းလာလေလေ ဖြစ်ပါသည်။အချို့သောကျန်းမာရေးပြဿနာများ။စိတ်နှင့်ခန္ဓါကိုယ်သည် ကြီးမားစွာ ဆက်စပ်လျက်ရှိရာ ခန္ဓါကိုယ်တွင် ရောဂါများဖြစ်ပွားပါက စိတ်အာရုံစူးစိုက်ရ ပို၍ခက်လာနိုင်သည်။ ဥပမာအားဖြင့် သိုင်းရွိုက်လည်ပင်းအကျိတ်ရောဂါ ၊သွေအားနည်းရောဂါ၊ဆီးချိုရောဂါ၊စိတ်ဓါတ်ကျခြင်း နှင့် စိတ်ပူပန်ခြင်းတို့ ဖြစ်သည်။ဖြေရှင်းနည်းများ။စိတ်အာရုံစူးစိုက်ရခက်ခြင်း အကြောင်းရင်းများစွာရှိသော်လည်း အခြေအနေအလိုက် ဖြေရှင်းနည်းများလည်းရှိပါသည်။အာရုံစူးစိုက်မှုရနေသော အခြားသူများကိုစောင့်ကြည့်ပါ။အာရုံစူးစိုက်မှုရနေသောသူများ၏ မျက်လုံး၊ သူတို့၏ ငြိမ်သက်မှု ဝင်သက်ထွက်သက် ဖြည်းညင်းမှန်ကန်မှုတို့ကို လေ့လာကြည့်ပါ။ ထိုပြင်ပသွင်ပြင်များကို ကြည့်၍ သင့်၏အာရုံစိုက်မှာ ပိုမိုကောင်းစေမည့်နည်းလမ်း များအတွက် သဲလွန်စရနိုင်သည်။အာရုံများစွာက နှောင့်ယှက်ခြင်းကိုရှောင်ပါ။တစ်ပြိုင်နက် အလုပ်များစွာလုပ်ခြင်း၊ဆူညံသံများ၊အမြင်အာရုံလှုံ့ဆော်မှုများက သင်လက်ရှိလုပ်ကိုင်နေသော အလုပ်မှအခြားသို့ မကြာခဏဆွဲခေါ်သွားတတ်သည်။ ထို့ပြင် ထိုကဲ့သို့အခြေအနေများ၌ မကြာခဏအလုပ်လုပ်ရပါက အာရုံပျံ့လွင့်တတ်သည့် အလေ့ဖြစ်သွားတတ်ပြီး ဖျောက်ဖျက်ပစ်ရန်ခက်ခဲတတ်သည်။မကြာခဏအနားယူပါ။အပြင်ထွက်၍ အနားယူခြင်း၊ တောတောင်ရေမြေသဘာဝကိုခံစားခြင်း၊ အသက်ဝဝရှူ၍ လမ်းသွက်သွက်လျှာက်ခြင်းတို့ ပြုလုပ်ပေးပါက စိတ်ကိုလန်းဆန်းစေပြီး လုပ်ငန်းခွင် ပြန်ဝင်သည့်အခါ အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်စေသည်။အလုပ်တာဝန်များကို ဦးစားပေးအဆင့် ပေး၍ပြုလုပ်ပါ။ခက်ခဲကြီးမားသော အလုပ်များကို အရင်လုပ်၍ သေးငယ်ပေါ့ပါးသော အလုပ်များကို နောက်ဆုံးမှလုပ်ခြင်းဖြင့် အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်နိုင်သည်။ အရေးကြီးဆုံး အလုပ်များကို စာရင်းပြုစုပါ။ ထိုအလုပ်တို့ကို ထပ်၍ အမျိုးအစား ခွဲပါ။ဥပမာ-(က)စာရင်းတွင် ယနေ့(သို့မဟုတ်)နက်ဖြန်တွင် ပြီးအောင်လုပ်ရမည့် အလုပ်များကိုထည့်ပါ။(ခ)တွင် နောက်အပတ်မှပြီးလည်းရသည့် အလုပ်တို့ကိုရေးမှတ်ပါ။ (ဂ)တွင် နောက်ဆုံးမှ အချိန်ရလျှင် လုပ်မည့်အလုပ်များ(ဥပမာ-အီးမေးလ်များကိုစစ်ခြင်း) တို့ကိုထည့်သွင်းပါ။အခြားအာရုံပျက်စရာများကိုကန့်သတ်ပါ။အသံဖြင့်စာပို့ထားခြင်းများကိုစစ်ရန် နှင့် ဖြေကြားရန် အချိန်တစ်ခုသတ်မှတ်ပြီး အင်တာနက်သုံးစွဲမှုကို လျှော့ချပါ။ ထို့အပြင် စီမံကိန်းတစ်ခုချင်း၏ အရေးပါမှုကိုမူတည်၍ ကွန်ပျူတာသုံးစွဲခြင်းကိုရပ်ပါ။ သို့မဟုတ်ပါက အဆုံးမရှိသော အင်တာနက် ကွန်ရက်တွင် သင်မျောပါသွားလိမ့်မည်။နေရာတစ်ခုတည်းတွင်သာအလုပ်လုပ်ပါ။Rego ဟူသောပုဂ္ဂိုလ်၏ အဆိုအရ အလုပ်ကို စာကြည့်တိုက်၊ အလုပ်ခွင်၊ အိမ် စသည်ဖြင့် တစ်နေ့နှင့် တစ်နေ့မတူဘဲ ပြောင်းလုပ်ပါက ပြင်ပနှောင့်ယှက်မှုဒဏ်ကို ပိုမိုခံရဖွယ်ရှိသည်ဟုဆိုသည်။ တစ်ဖက်မှာလည်း သင့်စိတ်နှင့် ကျွမ်းဝင်မှုရှိပြီးသား နေရာတွင်လုပ်ကိုင်ပါက အသားကျပြီး အလုပ်လုပ်ရာတွင် ပိုမိုအားတက်စေနိုင်သည် ဟုဆိုသည်။အလုပ်လုပ်ရန်ဆိတ်ငြိမ်သောနေရာကိုရှာပါ။အလုပ်ခွင်တွင် အခြားသူများနှင့်တွဲဖက်လုပ်ကိုင်ရပါက ဖုန်းနှင့်အမေးအဖြေလုပ်၍ ရက်ချိန်းယူ ဆက်သွယ်ပြောကြားလုပ်ကိုင်ရသူထက် ကွန်ပျူတာနှင့်သာ အလုပ်လုပ်ကိုင်ရသူနှင့် တွဲဖက်လုပ်ကိုင်ပါ။အချိန်သတ်မှတ်ပါ။လက်ရှိလုပ်ကိုင်သော အလုပ်မှ စိတ်အာရုံ အခြားသို့ရောက်သွားပါက လက်ရှိအလုပ်သို့စိတ်ပြန်လည်လာနိုင်စေသည့် အချိန်တစ်ခုကို သတ်မှတ်ကျင့်သုံးပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%a1%e1%80%ac%e1%80%9b%e1%80%b6%e1%80%af%e1%80%85%e1%80%b0%e1%80%b8%e1%80%85%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%99%e1%80%bd%e1%80%af%e1%80%80%e1%80%ad/
အထိုင်များသူတို့အတွက် လေ့ကျင့်ခန်း
တစ်နေ့တာမှာ လုပ်ဆောင်ရတဲ့ အလုပ်တွေက ထိုင်ရာကမထတမ်း လုပ်နေရတာလား ….. တစ်နေ့တာရဲ့ အချိန်တော်တော်များများကို ထိုင်နေရပြီဆိုရင်တော့ ဒီအကျင့်ကိုပြင်ဖို့ လိုနေပါပြီ။ ဒီလို အထိုင်များတာက တိုးတက်လာတဲ့လူနေမှုပုံစံရဲ့ တစ်စိတ်တစ်ပိုင်းဆိုပေမယ့် စိတ်ရောကိုယ်ပါ ကျန်းမာမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အထိုင်များသူတို့အတွက် လေ့ကျင့်ခန်း တွေက ဘာတွေဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ အထိုင်များတာကြောင့်ကျန်းမာရေး မထိခိုက်စေဖို့အတွက် အတူတူ ဖတ်ကြည့်လိုက်ရအောင်လား။အထိုင်များလေလေ အသက်တိုနိုင်လေလေပါ။ တစ်နေ့တာမှာ မတ်တတ်ရပ်ရချိန်၊ လှုပ်ရှားသွားလာရချိန် များတာက အသက်ရှည်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တစ်နေ့ကို ၄ နာရီနဲ့အထက် ဆက်တိုက်ထိုင်ရမယ်ဆိုရင်တော့ အထိုင်များနေပါပြီ။ဒီလို အထိုင်များတာက ကျန်းမာရေးကို အခုလို ထိခိုက်စေနိုင်ပါတယ်။အထိုင်များတာကြောင့် ကျန်းမာရေး မထိခိုက်စေဖို့ဆိုရင် လေ့ကျင့်ခန်း လုပ်ပေးလို့ ရပါတယ်။ အချိန်ကုန် သက်သာစေပြီး စိတ်ရောကိုယ်ပါ ကျန်းမာလို့ အထိုင်များတာကြောင့် ကျန်းမာရေး မထိခိုက်စေမယ့်လေ့ကျင့်ခန်းတွေကဘာတွေလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။လမ်းလျှောက်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေမယ့် အလွယ်ကူဆုံး လေ့ကျင့်ခန်းပါ။ အထိုင်များသူတွေအတွက် အတော်လေး သင့်တော်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀ ကနေ ၆၀ လောက်အထိ လမ်းလျှောက်ပေးပါ။ လမ်းလျှောက်ပေးတာက ခန္ဓာကိုယ်မှာ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ကြွက်သားတွေ ပြေလျော့စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။သီးသန့်အချိန်မပေးနိုင်ရင်‌တောင် ထိုင်ရာကနေ မကြာခဏထပြီး အနီးအနားကို သွားတာဖြစ်ဖြစ်၊ အိမ်သာသွားတာဖြစ်ဖြစ် လမ်းထလျှောက်ပေးပါ။ဒီလေ့ကျင့်ခန်းက နောက်ကျော နဲ့ ပခုံးက ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ အရင်ဆုံး ခါးကို မတ်မတ်လေးထားပြီး ထိုင်ပါ။ ပြီးရင် ပခုံးကို တင်ပါးအကျယ်အတိုင်း ဆန့်ဆန့်လေးနေပါ။ပြီးရင် လက်တစ်ဖက်ကို ခေါင်းပေါ်ကနေ ကျော်ပြီး ကျောနောက်ဖက်ကို ကပ်ပါ။ လက်ဖဝါးနဲ့ နောက်ကျောကို ထိထားပြီး ကပ်ပါ။ ပြီးရင် နောက်လက်တစ်ဖက်နဲ့ ကျောနောက်ဘက်ကို ကပ်ထားတဲ့လက်ရဲ့ တံတောင်ဆစ်ကို ဆွဲယူပါ။ ပုခုံးကြောလေးတွေတင်းလာတဲ့အထိ ဆွဲပါ။ တစ်ဖက်ကို ၁၅ စက္ကန့်စီလောက် တစ်ဖက်ပြီး တစ်ဖက် လုပ်ပါ။ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်ကြွက်သား၊ ခါးကြွက်သား၊ တင်ပါးကြွက်သားတွေကို လှုပ်ရှားမှု ဖြစ်စေပါတယ်။ ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး အထိုင်များတာကြောင့်ဗိုက်အဆီတက်တာမျိုးမဖြစ်စေဖို့ ထောက်ကူပေးပါတယ်။အခင်းပြား တစ်ချပ်ပေါ်မှာ လေးဖက်ထောက် အနေအထားနေပြီး ဘယ်ခြေညာလက်ကို ဆန့်ထုတ်ပါ။ တစ်ဖက်ဆီကို တစ်လှည့်စီ လုပ်ပေးပါ။ ၁၀ ကြိမ် ကနေ ၁၂ ကြိမ်စီလောက် လုပ်ပေးပါ။ဒီလေ့ကျင့်ခန်းတွေအပြင်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/exercises-for-oversitting-people/
လေ့ကျင့်ခန်းပြင်းအား ကို ဘယ်လိုတိုင်းတာမလဲ။
လေ့ကျင့်ခန်းပြင်းအား (Exercise intensity) ဆိုတာ ကိုယ်လေ့ကျင့်ခန်းလုပ်တာ လုံလောက်မှုရှိရဲ့လား။ အလွန်အကျွံဖြစ်နေပြီလားဆိုတာကို တိုင်းတာတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုပေမယ့် ပြင်းအားနည်းရင် ကိုယ်လိုချင်တဲ့ ရလဒ်မရတာ၊ အလွန်အကျွံလုပ်ရင်လည်း ကျန်းမာရေးထိခိုက်နိုင်တာကြောင့် ကိုယ်လေ့ကျင့်ခန်းလုပ်တာ မှန်ကန်ရဲ့လားဆိုတာ သိဖို့လိုပါတယ်။လေ့ကျင့်ခန်းပြင်းအားမှာ သာမန်ရယ်၊ အသင့်အတင့်ရယ်၊ ပြင်းထန်ရယ်ဆိုပြီး ၃မျိုးရှိပါတယ်။ ကျန်းမာရေးကို အထောက်အကူပြုဖို့ဆို တစ်ပတ်ကို အသင့်အတင့်ပြင်းအားရှိတဲ့ လေ့ကျင့်ခန်း မိနစ်၁၅၀ ဒါမှမဟုတ် ပြင်းထန်လေ့ကျင့်ခန်း ၇၅မိနစ်လုပ်ဖို့လိုပါတယ်။ ဒါတွေ မလုပ်နိုင်သေးဘူးဆိုရင်လည်း သာမန်လေ့ကျင့်ခန်းကနေ စပြီး တဖြည်းဖြည်း တိုးသွားနိုင်ပါတယ်။အသင့်အတင့်ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကတော့။ပြင်းထန်လေ့ကျင့်ခန်းတွေကတော့။ဒါတွေမဟုတ်ဘဲ လူအများစု gymမှာဆော့တဲ့cardio၊ strength training စတာတွေကိုလည်း ကိုယ်လိုချင်တဲ့ ပြင်းအားအလိုက် ဆော့ပေးလို့ရပါတယ်။ ပြင်းအားဘယ်လိုတွက်ရမလဲဆိုတာ ဆက်ပြောပြပေးပါ့မယ်။လေ့ကျင့်ခန်းပြင်းအားကို ယေယုယျ ဒီနည်းလမ်းတွေနဲ့ တွက်လို့ရပါတယ်။တစ်ခုချင်းစီကို အသေးစိတ်ဆက်ကြည့်ရအောင်။ရှိသင့်တဲ့ နှလုံးခုန်နှုန်းဆို လေ့ကျင့်ခန်းလုပ်နေချိန်မှာ ဖြစ်လာရမယ့် နှလုံးခုန်နှုန်းပဲ ဖြစ်ပါတယ်။ ရှိသင့်တဲ့ နှလုံးခုန်နှုန်းက အများဆုံးနှလုံးခုန်နှုန်းရဲ့ ၅၀-၈၅%ရှိရင် လုံလောက်ပါပြီ။ အများဆုံးနှလုံးခုန်နှုန်းကို လိုချင်ရင် ၂၂၀ထဲကနေ သင့်အသက်ကို နုတ်ရပါမယ်။ ဒီတော့ ရှိသင့်တဲ့ နှလုံးခုန်နှုန်းကို တွက်ချက်မယ်ဆိုရင်။ရှိသင့်တဲ့ နှလုံးခုန်နှုန်း= (၂၂၀-သင့်အသက်) x ၅၀ မှ ၈၅%ကြား ကြိုက်ရာရာခိုင်နှုန်း။ဒီလိုတွက်လိုက်ရင် ဂဏန်းrangeတစ်ခုရလာမှာ ဖြစ်ပြီး ဒီrangeထဲမှာ ရှိနေရင် အဆင်ပြေပါတယ်။ အသင့်အတင့်လေ့ကျင့်ခန်း လုပ်တဲ့သူတွေက အများဆုံးနှလုံးခုန်နှုန်းရဲ့ ၅၀-၇၀%ကြား ပြည့်မီရင် လုံလောက်ပါတယ်။ ပြင်းထန်လေ့ကျင့်ခန်း လုပ်သူတွေကတော့ အများဆုံးနှလုံးခုန်နှုန်းရဲ့ ၇၀-၈၅%ပြည့်မီရပါမယ်။ဥပမာ အသက် ၂၀အရွယ် လူတစ်ယောက်က လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် နှလုံးခုန်နှုန်း ၂၀၀ရှိစရာ မလိုပါဘူး။ ၅၀-၈၅%ကြား ဖြစ်တဲ့ ၁၀၀-၁၇၀ နှလုံးခုန်နှုန်းရှိရင် ရပါပြီ။Talk testလို့ ခေါ်ပါတယ်။ အပေါ်ကလို ပုံသေနည်းတွေမပါဘဲ လွယ်လွယ်ကူကူတွက်နိုင်ပါတယ်။ အကြမ်းအားဖြင့်။အသက်ရှူတဲ့အနေအထားကို ကြည့်ပြီးတော့လည်း လေ့ကျင့်ခန်းပြင်းအားကို အကြမ်းဖျင်းခန့်မှန်းနိုင်ပါတယ်။Swede Gunner Borgက ပုဂ္ဂိုလ်က စထွင်ခဲ့တာဖြစ်ပြီး Rating of Perceived Exertion scale (RPE scale)လို့ ခေါ်ပါတယ်။ ဒါကတော့ လေ့ကျင့်ခန်းလုပ်ချိန်မှာ ဘယ်လိုခံစားရလဲပေါ် မူတည်ပြီး အမှတ်ပေးတဲ့စနစ်ဖြစ်ပါတယ်။RPEက တစ်ယောက်ချင်းစီ ခံစားရတဲ့အချက်တွေအပေါ် မူတည်ပြီး အမှတ်ပေးတာဖြစ်တဲ့အတွက် တူညီတဲ့ လေ့ကျင့်ခန်းလုပ်နေရင်တောင် ရမှတ်တွေက မတူနိုင်ပါဘူး။ လူတစ်ယောက်တည်းမှာတောင် ဒီအပတ်ရမှတ်နဲ့ နောက်အပတ်ရမှတ်မတူနိုင်ပါဘူး။အမှတ်ပေးစနစ်မှာ ၀-၁၀အထိ ပါပါတယ်။ RPE scaleက သိပ်ပြီး မတိကျဘူးလို့ ယူဆတဲ့အတွက် ရှိသင့်တဲ့ နှလုံးခုန်နှုန်းတွေ၊ စကားပြောတဲ့ပုံစံ၊ အသက်ရှူတဲ့ပုံစံတွေနဲ့ တွဲပြီး အသုံးပြုလေ့ရှိပါတယ်။RPE။အားထုတ်မှု။အများဆုံးနှလုံးခုန်နှုန်းရဲ့ %။ခံစားရမှု။0။<60။1။<60။2။<60။3။<60။4။60-65။5။70။6။75။7။80။8။85။9။90-95။10။100။လေ့ကျင့်ခန်းလုပ်တာက ကျန်းမာရေးအတွက်ကောင်းပေမယ့် အလွန်အကျွံဆိုရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးများလာမှာပါ။ ဒီလက္ခဏာတွေရှိနေရင် လေ့ကျင့်ခန်းလုပ်တာကို ရပ်ပြီး ပြင်းအားကို ပြန်လည်ဆန်းစစ်သင့်ပါတယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/how-to-measure-exerecise-intensity/
ကလေးတွေကို စမတ်ကျကျ ပြုစုပျိုးထောင်တတ်ဖို့
Smart parentingဆိုတာ ထုံးတမ်းစဉ်လာကလေးပျိုးထောင်တဲ့ နည်းနဲ့ မတူတဲ့ parenting နည်းလမ်းတစ်ခုပါ။ သမားရိုးကျ ကလေးထိန်းနည်းမှာတော့ မိဘက သားသမီးကို အပေါ်စီးက အုပ်ချုပ်ရင် အုပ်ချုပ် ဒါမှမဟုတ် သားသမီးကို အရိပ်တကြည့်ကြည့်နဲ့ လိုတာ ဖြည့်ပေးတဲ့နည်းရယ်ဆိုပြီး နည်းလမ်း နှစ်ခုရှိပါတယ်။ ဒါကြောင့် အချိန်ကြာလာနဲ့အမျှ မိဘကို ကြောက်ပြီး ဘာမှမပြောရဲ၊ ပတ်ဝန်းကျင်မှာလည်း လူကြောက်တဲ့ကလေးဖြစ်ချင်ဖြစ် ဒါမှမဟုတ် လိုတိုင်းတရနေတော့ ဘာကိုမှ တန်ဖိုးမထားတတ်တဲ့ လူဆိုးလေး ဖြစ်ချင်ဖြစ်ပေါ့။Smart parentingကျတော့သားသမီးကိုပဲ ဗဟိုပြုတာ မဟုတ်တော့ပါဘူး။ သားသမီးကို ထိန်းရတဲ့မိဘကိုပါ ထည့်သွင်းစဉ်းစားလာပါပြီ။ ဆိုလိုတာက အရင်က ကလေးထိန်းတဲ့အလုပ်ဟာ မိခင်တွေအလုပ်၊ ဒါကြောင့်ပဲ ကလေးမွေးပြီးတဲ့အခါ ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဆိုပြီး အလုပ်ထွက်လိုက်တာတွေ၊ ရည်မှန်းချက်တွေ နားလိုက်ရတာတွေ ရှိပါတယ်။ ကလေးကြီးလာရင် ပြန်လုပ်မယ်ဆိုပြီး တကယ်တမ်း လက်တွေ့မှာ မလုပ်ဖြစ်တော့တာ ပိုများပါတယ်။ အစစအရာရာကလေးကို ဦးစားပေးရင်းနဲ့ပေါ့။Smart parentingရဲ့ ရည်ရွယ်ချက်ကတော့ ကလေးကိုလည်း ကောင်းကောင်း ပြုစုပျိုးထောင်မယ်။ ကိုယ်လည်း အလုပ်ဆက်လုပ်မယ်၊ အလုပ်မလုပ်ရင်တောင် တစ်နေကုန် ကလေးအတွက် အချိန်ကုန်နေတာမျိုး မဟုတ်ဘဲ ကိုယ်ပိုင်အချိန်လေး ဖန်တီးနိုင်ရပါမယ်။ ဒါ့ပြင် ကလေးကို ပျိုးထောင်တဲ့ ပုံစံကလည်း အမိန့်ပေးတဲ့ ဒါမှမဟုတ် အလိုလိုက်တဲ့ ပုံစံမျိုး မဟုတ်ဘဲ ကလေးကို လေးစားမှု အဆင့် တစ်ခု သတ်မှတ်ပြီး ဘေးကနေ ထိန်းကျောင်းသွားတဲ့ ပုံစံပါ။အရင်ဆုံး မိဘတွေကို အကြံပေးချင်တာက။ကလေးထိန်းတာမေမေ့အလုပ်ပဲ မဟုတ်တဲ့အတွက် ဖေဖေ့ကို၊ ဘိုးဘိုးဘွားဘွားတွေကို အကူအညီတောင်းပြီး ဝိုင်းထိန်းခိုင်းပါ။ ဒါပေမယ့် စည်းကမ်းချက်တွေကိုတော့ ပြောပြထားပါ။ ဥပမာ ကလေးကို တစ်နေ့ ဖုန်း ဘယ်နှနာရီပဲ ပေးသုံးရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးပေါ့။အလုပ်ချိန်ကျော်လွန်သွားတာနဲ့ အလုပ်အကြောင်း ဆက်မတွေးပါနဲ့။ ကလေးနဲ့ အဖော်လုပ်တာဖြစ်ဖြစ်၊ ကိုယ့်နှစ်သက်တာလေးတွေ လုပ်တာဖြစ်ဖြစ် အချိန်ဖြုန်းပါ။ စိတ်ထွက်ပေါက်ဆိုတာ လိုတာပဲမလား။အလုပ်လည်း လုပ်မယ်။ ကလေးကိုလည်း အကောင်းဆုံး ဖြစ်အောင် ပျိုးထောင်မယ်ဆိုရင် မေမေတို့ အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲတတ်မှ ရမှာပါ။ ကလေးနဲ့ တွေ့တဲ့အချိန်လေးမှာ ဘာတွေကို ဦးစားပေး သင်ပေးမယ်။ အချိန်တိုအတွင်းမှာ ဘယ်လိုအာဟာရပြည့်တဲ့ စားစရာတွေလုပ်ပေးမယ် စသဖြင့် မေမေတို့ supermomဖြစ်နေမှ ရမှာပါ။ကိုယ်ကသာ အပြင်ထွက်အလုပ်လုပ်နေရတာ အချိန်တန်ရင် အိမ်ကကလေးကို ကျန်းမာစေချင်တာ၊ ထက်မြက်စေချင်တာ မေမေတိုင်းရဲ့ ဆန္ဒပါပဲ။ ခုခေတ်က အရင်လို ကလေးက ထမင်းကောင်းကောင်းစား၊ ကျန်းမာ၊ စာလိုက်နိုင်ရင် ရပြီဆိုတဲ့ ခေတ်လည်း မဟုတ်တော့ပါဘူး။မေမေတွေက ကိုယ်ဝန်ရှိတည်းက ကလေးအတွက် အကောင်းဆုံးဖြစ်မယ်ဆိုတဲ့ ကလေးထိန်းနည်းတွေကို ရှာလာကြပါပြီ။ ဉာဏ်ရည်ဉာဏ်သွေးထက်ကိုယ်ရည်ကိုယ်သွေးကို ဦးစားပေးတဲ့ ခေတ်ဖြစ်လာပါပြီ။ ဒီလိုဆို ကျန်းမာပြီး Smart ကျတဲ့ ကလေးတစ်ယောက်ဖြစ်အောင် ဘယ်လို ပျိုးထောင်ကြမလဲ။ကလေးတွေက တစ်နေ့ကို ၈နာရီလောက် အိပ်မှ ကြီးထွားဟော်မုန်းတွေ ကောင်းကောင်းထွက်မှာပါ။ အိပ်ရေးဝလို့ ဦးနှောက်ကြည်ပြီး သင်ယူနိုင်စွမ်းလည်း တက်လာပါလိမ့်မယ်။ အိပ်ရာဝင်ချိန်ကို တိတိကျကျ သတ်မှတ်ထားမယ်ဆိုရင် ကလေးအိပ်တာနဲ့ မေမေတို့လည်း အနားယူနိုင်မှာပါ။အပြင်ထွက် အလုပ်လုပ်ရတဲ့ မေမေတွေ စိုးရိမ်တာကတော့ အိမ်က ကလေး ထမင်းကောင်းကောင်း မစားမှာကိုပါပဲ။ အနားမှာထိုင်ပြီး ကြည့်မနေနိုင်တော့ ထမင်းစားပါ့မလား။ လိုအပ်တဲ့ အာဟာရတွေ ရပါ့မလားဆိုပြီး အလုပ်မှာ နောက်ဆံတင်းနေမှာပါ။ ဒါကြောင့် မေမေတို့ ကလေးခံတွင်းလိုက်ပြီး အာဟာရပြည့်တဲ့ အစားအစာတွေကို အချိန်တိုအတွင်းမှာ ချက်ပြုတ်နိုင်ဖို့ သင်ယူထားရပါမယ်။ကလေးအတွက် လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်၊ ဦးနှောက်နဲ့ အမြင်အာရုံကောင်းစေတဲ့ DHA၊ အစာခြေစနစ်ကို ကျန်းမာစေတဲ့ ပရိဘိုင်အိုတစ်၊ ပရီဘိုင်အိုတစ်တွေပါအောင် ကျွေးမွေးရပါမယ်။ ကလေးကောင်းကောင်း မစားဘူးထင်ရင် ဒီအာဟာရတွေ ဖြည့်ထားတဲ့ အာဟာရဖြည့်နို့တွေ တိုက်ပေးရပါမယ်။မေမေတို့ အလုပ်အားတဲ့ အချိန်ခဏလေးမှာ ကလေးတွေကို ဦးနှောက်ကို လေ့ကျင့်ပေးနိုင်တဲ့ puzzleဂိမ်းလေးတွေ၊ အတုံးလေးတွေ ဆက်တာတွေ၊ စာဖတ်ပြတာတွေ လုပ်ပေးနိုင်ပါတယ်။ စာအုပ်ဆိုရင်လည်း ကလေး ကိုယ်ရည်ကိုယ်သွေး EQကို ကောင်းစေတဲ့ စာအုပ်မျိုးကို ရွေးချယ်သင့်ပါတယ်။တကုတ်ကုတ်နဲ့ အိမ်ထဲမှာ ဆော့ခိုင်းမယ့်အစား ကျယ်ကျယ်ဝန်းဝန်း နေရာမှာ ပြေးပြေးလွှားလွှား ကစားပါစေ။ မေမေပါ အတူတူဆော့ပေးရင် လေ့ကျင့်ခန်းလုပ်ပြီးသားလည်း ဖြစ်သွားတာပေါ့။အားလပ်ရက်တွေဆို ကလေးနဲ့အတူတူ မိသားစုလိုက် အပြင်သွားတာ၊ သစ်ပင်ပန်းမန်တွေရှိတဲ့နေရာ၊ တိရစ္ဆာန်လေးတွေ ရှိတဲ့နေရာကို ခေါ်သွားပေးပါ။ ပြင်ပဘဝနဲ့ ထိတွေ့ထားမှ ကလေးက ဉာဏ်ရည်ဉာဏ်သွေးရော ကိုယ်ရည်ကိုယ်သွေးပါ တက်လာမှာပါ။အလုပ်တစ်ဖက်နဲ့ ကလေးတွေကို ထိန်းကျောင်းရတာ မလွယ်လှပါဘူး။ အထူးသဖြင့် အလုပ်မှာလည်း မလစ်ဟင်းချင်၊ ကလေးကိုလည်း ကောင်းကောင်းကြီးပြင်းလာစေချင်တယ်ဆိုရင် ပိုလို့တောင် ပင်ပန်းနိုင်ပါတယ်။ ဒါပေမယ့် supermomတွေ ဖြစ်တဲ့အတွက် Smart parentingနည်းလမ်းနဲ့ အလုပ်နဲ့ အိမ်ထောင့်တာဝန်ကို မျှမျှတတ ထမ်းဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/smart-parenting-for-kids/
ဘာကြောင့် ခဏခဏ ဗိုက်ဆာနေတာလဲ
လူ့ခန္တာကိုယ်ဆိုတာမျိုးက အစားအစာတွေကို စွမ်းအင်အဖြစ် အသုံးချနေတဲ့ အရာတစ်ခုပါ။ ပုံမှန် အစာစားသုံးမှုဟာ အသက်ရှင်သန်နေထိုင်ဖို့အတွက် လိုအပ်တဲ့ လောင်စာတွေကို ဖြည့်တင်းပေးတာဖြစ်ပါတယ်။အစားအစာဆိုတဲ့ ခန္တာကိုယ်အတွက်လောင်စာတွေကို လျှော့ချစားသောက်တာက ကောင်းမွန်တဲ့ အပြုအမူမဟုတ်သလို အလွန်အမင်း လွန်လွန်ကျွံကျွံစားနေမိတာကလည်း သင့်လျော်မှန်ကန်တဲ့ အပြုအမူမျိုးမဟုတ်ပါဘူး။ဒါပေမယ့် တစ်ချို့အခြေအနေတွေမှာ အစာစားပြီး နာရီအနည်းငယ်အတွင်းမှာတင် ဗိုက်ပြန်ဆာလာတာမျိုး၊ အစာစားချင်စိတ် အလွန်အမင်းဖြစ်လာတာမျိုးတွေ ကြုံရနေတတ်ပါတယ်။ ဒီလိုဖြစ်နေပြီဆိုရင်တော့ သင့်မှာကျန်းမာရေးဆိုင်ရာပြဿနာတစ်ချို့ရှိနေပြီဖြစ်ပြီးတော့ ဂရုစိုက်ဖို့ လိုအပ်နေပြီဆိုတဲ့ အဓိပ္ပါယ်ပါ။မကြာခနဗိုက်ဆာတတ်ခြင်းရဲ့ နောက်ကွယ်မှာ ဖြစ်နိုင်ချေ အကြောင်းတရား အမျိုးမျိုးရှိပါတယ်။ အထူးသဖြင့်တော့ ကျန်းမာရေးအခြေအနေတွေနဲ့ ဆက်နွယ်နေတတ်ပါတယ်။ ဘယ်လိုအကြောင်းတရားမျိုးတွေလဲဆိုတာကို ဆန်းစစ်ကြည့်ရအောင်။လုံလောက်စွာမအိပ်စက်ခြင်း– အိပ်ရေးပျက်တာကြောင့်လည်း မလိုအပ်ပဲ ဗိုက်ပိုဆာအောင် တွန်းအားပေးပါတယ်။ အိပ်စက်မှုနည်းလမ်းဟာ လူ့ကျန်းမာရေးအတွက် အထူးအရေးပါပါတယ်။ သင့်လျော် မှန်ကန်စွာ မအိပ်စက်ရင် ဗိုက်ပိုဆာတာအပြင် နာတာရှည်အဖျားအပါအဝင် တခြားကျန်းမာရေး ပြဿနာတွေပါ ရင်ဆိုင်ရနိုင်ပါတယ်။Dietကြောင့်အဆီပမာဏလျှော့ချသွားခြင်း – အစားအသောက်တွေ ရှောင်ပြီး ကိုယ်အလေးချိန် လျှော့ချနေတာကြောင့် ကိုယ်တွင်း အဆီပမာဏကို အလွန်အကျွံလျော့ကျသွားတဲ့အခါမျိုးမှာ ဗိုက်ပိုဆာတတ်ပါတယ်။ လုံလောက်တဲ့ အဆီပမာဏရှိနေခြင်းဟာ ကိုယ်တွင်းမှာ ပြည့်ဝနေတယ်ဆိုတဲ့ ခံစားချက်မျိုးကို ရစေနိုင်ပြီး အစာအိမ်ကို အချိန်အတော်ကြာ တည်ငြိမ်အောင် ထိမ်းသိမ်းပေးနိုင်ပါတယ်။ရေလုံလောက်စွာမသောက်ခြင်း – လူတစ်ယောက်အတွက် ရေဓာတ် ပုံမှန်ဖြည့်တင်းပေးနေနိုင်ဖို့က အလွန်အရေးကြီးပါတယ်။ ရေသောက်သုံးမှုနည်းပါးရင်လည်း ဗိုက်အလွန်အကျွံဆာတတ်ပါတယ်။ ရေငတ်တဲ့အခါမျိုးမှာ ဗိုက်ပိုဆာစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျှော့ချတဲ့အခါမျိုးတွေမှာ အစာမစားခင် ရေအရင်သောက်ဖို့ လမ်းညွှန်ကြတာဖြစ်ပါတယ်။အစာစားချိန်ပုံမှန်မရှိခြင်း – ဒီကနေ့ခေတ် လူနေမှုစတိုင်တွေမှာ အလုပ်များနေတယ်၊ မအားဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အစားအစာကို အဆင်ပြေသလို စားသောက်ကြလေ့ရှိပါတယ်။ ပုံမှန်ချိန်မထားပဲ အစားစားလေ့စားထရှိသူတွေဟာ ပုံမှန်မဟုတ်တဲ့ ဗိုက်ဆာမှုတွေ ပိုဖြစ်နိုင်ပါတယ်။လေ့ကျင့်ခန်းအလွန်အကျွံလုပ်မိနေခြင်း – တစ်ချို့လူတွေက ကိုယ်အလေးချိန် လျော့ချဖို့ ရည်ရွယ်ချက်နဲ့ လေ့ကျင့်ခန်းတွေ အလွန်အကျွံပြုလုပ်တတ်ကြပါတယ်။ လေ့ကျင့်ခန်း အလွန်အမင်းပြုလုပ်တဲ့အခါမှာ ခန္တာကိုယ်အတွင်းက ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်တာ မှန်ပါတယ်။ ဒါပေမယ့် အချိန်ကြာလတာနဲ့အမျှ တစ်ကိုယ်လုံး မောပန်းနွမ်းနယ်လာပြီး ဇီဝကမ္မလုပ်ဆောင်ချက်တွေကို အလွန်အမင်း လျှင်မြန်လာစေတာမို့ အစာစားချင်စိတ်ကိုလည်း မြင့်တင်ပေးတတ်တာကို သတိထားဖို့ လိုပါတယ်။အရက်အလွန်အကျွံ သောက်သုံးမိနေခြင်း – အရက်များများသောက်ရင် အမြည်းများများစားမိမယ်ဆိုတာကို မှီဝဲနေကြလူတွေတိုင်း နားလည်ထားကြပါတယ်။ ဒါက ဆာလို့ပဲဖြစ်ဖြစ် မဆာပဲဖြစ်ဖြစ် စားမိနေတာမျိုးပါ။ တစ်ခါတစ်ခါဆိုရင် ကိုယ်တစ်နေ့လုံး စားထားတဲ့ ပမာဏထက် ပိုများတဲ့ အစားအစာမျိုးကို သောက်ရင်းစားရင်း မထင်မှတ်ပဲ စားလိုက်မိတာမျိုးတောင် ရှိတတ်ပါသေးတယ်။ဖျော်ရည်များ အလွန်အကျွံ သောက်သုံးခြင်း – အရည်နဲ့ အဖတ်တို့အကြားမှာ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်စွမ်းက အလွန်ကွာခြားပါတယ်။ ဖျော်ရည်လို၊ အချိုရည်လို အရည်မျိုးတွေကို များများသောက်ပေးတာဟာ အဖတ်စားတာထက် ပိုပြီး ဗိုက်ဆာစေလေ့ရှိပါတယ်။စိတ်ဖိစီးမှုများခြင်း – စိတ်ဖိစီးမှုများနေသူတွေဟာ ပိုပြီးဗိုက်ဆာလွယ်ကြပါတယ်။ စိတ်ညစ်ညစ်နဲ့ အစားတွေ အရမ်းကာရော စားနေမိတာမျိုးဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးနေချိန်မှာ cortisol ဟိုမုန်းပမာဏ မြင့်တတ်လာတတ်ပြီး အဲဒီဟိုမုန်းဟာ အစာစားချင်စိတ်ကို တွန်းအားပေးတတ်တဲ့ ဟိုမုန်းတစ်မျိုးဖြစ်ပါတယ်။အစားမြန်မြန်စားတတ်တဲ့ အကျင့်ရှိခြင်း – အစာစားတာ မြန်တာဟာ ဂုဏ်ယူစရာကိစ္စမဟုတ်ပါဘူး။ တစ်ချို့က အစာစားတာမြန်တာကို ဂုဏ်ယူစရာတစ်ခုလို ပြောတတ်ကြပါတယ်။ ဒါပေမယ့် ဒီလို မြန်မြန်စားတာကြောင့် အစာမကျေဖြစ်နိုင်သလို ဗိုက်ခဏခဏဆာတာမျိုးလည်း ဖြစ်လာမှာဖြစ်ပါတယ်။ပရိုတိန်းလုံလောက်စွာ မဖြည့်တင်းခြင်း – ပရိုတိန်းဓာတ်ကို လုံလောက်စွာ ဖြည့်တင်းနိုင်ခြင်း ရှိ၊ မရှိဆိုတဲ့ အချက်ဟာ အစာစားချင်စိတ်နဲ့ တိုက်ရိုက် ဆက်နွယ်နေတတ်ပါတယ်။ ပရိုတိန်းဓာတ်ဟာ ဆာလောင်မှုကို လျှော့ချပေးနိုင်တဲ့ ဓာတ်သတ္တိတစ်မျိုးဖြစ်တာကြောင့်ပါပဲ။ကာဘိုဟိုက်ဒြိတ်များတဲ့ အစာ စားသုံးမှုများနေခြင်း – အဖြူရောင် အဆင်းရှိတဲ့ အစေ့အနှံတွေနဲ့ ဖန်တီးထားတဲ့ အစားအစာကို များများစားပေးတာက ကာဘိုဟိုက်ဒြိတ်ဓာတ် မြင့်တက်အောင် တွန်းအားပေးပါတယ်။ ပေါင်မုန့်တို့၊ ပါစတာတို့လိုအစားအစာမျိုးတွေပေါ့။ နောက်ပြီး ဆိုဒါ၊ သကြားလုံး၊ သကြားဓာတ်ပါတဲ့ အစာတွေမှာလည်း ကာဘိုဟိုက်ဒြိတ်များပါတယ်။Diet ကြောင့် ဖိုက်ဘာဓာတ် နည်းပါးလာခြင်း – ခန္တာကိုယ်အတွင်းမှာ ဖိုက်ဘာဓာတ် (Fiber) နည်းပါးနေရင် မကြာခဏ ဗိုက်ဆာစေပါတယ်။ ဖိုက်ဘာဓာတ်ဟာ အစာအိမ်အတွင်းမှာ ဟာလာဟင်းလင်းဖြစ်နေတယ်ဆိုတဲ့ ခံစားချက်ကို နည်းပါးစေတဲ့ အရာပါ။ Diet အလွန်အကျွံလုပ်တဲ့အခါမှာ အာဟာရပြည့်ဝအောင် မစားသောက်မိတာကြောင့် ဖိုက်ဘာဓာတ်နည်းပါးပြီး ဗိုက်အလွန်အကျွံဆာလာနိုင်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ ၊ ရောဂါရှာဖွေ အတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%98%e1%80%ac%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%81%e1%80%8f%e1%80%81%e1%80%8f-%e1%80%97%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%86%e1%80%ac%e1%80%94%e1%80%b1/
ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးကင်းစိတ်ချရသော လုပ်ငန်းခွင်
လုပ်ငန်းခွင်ဆိုတာ လူတိုင်းနီးပါး တနေ့တာအချိန်တွေကို ကုန်ဆုံးရတဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့် မိမိနေထိုင်ရာ အသိုက်အမြုံနည်းတူ နှစ်ခြိုက်ဖွယ်ရာ နေရာတခုဖြစ်ဖို့ လိုပါတယ်။ ဒီဆောင်းပါးမှာတော့ ကျန်းမာရေးနဲ့ညီညွတ်ပြီးဘေးကင်းစိတ်ချရတဲ့လုပ်ငန်းခွင်တခုဖြစ်အောင် ဘာတွေလိုအပ်သလဲ ဆိုတာပါပဲ။အခြေခံအားဖြင့် စဉ်းစားသင့်တဲ့အချက် ၄မျိုး ရှိပါတယ်။ အဲဒါတွေကတော့။၁။အလင်းရောင်။၂။ဆူညံမှု။၃။အပူချိန်။၄။ လေဝင်လေထွက် စတာတွေပဲ ဖြစ်ပါတယ်။လုပ်ငန်းခွင်တခုဟာ သဘာဝအလင်းရောင်ဖြစ်စေ၊ လျှပ်စစ်မီးရောင်ဖြစ်စေ ကောင်းကောင်းမြင်ရဖို့ လိုပါတယ်။ ဒါမှ ဝန်ထမ်းများ အလုပ်သမားများ မိမိတာဝန်များကို ဘေးကင်းစိတ်ချစွာ ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ အလင်းရောင်ကောင်းကောင်းမရတဲ့ လုပ်ငန်းခွင်တွေမှာ ပိုမိုအာရုံစိုက်ရပြီးမျက်စိနဲ့အာရုံကြေြာပသနာများ ဖြစ်လာနိုင်ပါတယ်။ အလင်းရောင်ဟာ လိုတာထက်ပိုပြီး စူးရှမနေဖို့လည်း လိုပါတယ်။ မတော်တဆဖြစ်မှုတွေ မကြုံရအောင်၊ မျက်စိနဲ့အာရုံကြောရောဂါတွေမဖြစ်အောင် နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ပြီး လုပ်ငန်းခွင်ရဲ့ အလင်းရောင်ကို ချိန်ညှိသင့်ပါတယ်။ဆူညံမှုဟာ လုပ်ငန်းခွင်မှာ အနှောင့်အယှက်ဖြစ်စေပါတယ်။ ရုံးသုံးပစ္စည်းများဖြစ်တဲ့ တယ်လီဖုန်းသံ၊ ပရင့်တာသံ၊ မိတ္တူကူးစက်သံ စတာတွေဟာ ကြာလာရင် အနှောင့်အယှက်ဖြစ်လာစေပါတယ်။ လူအများ ကျယ်လောင်စွာ စကားပြောဆိုခြင်းအပြင် ဓါတ်လှေခါးသံ၊ လေအေးပေးစက်အသံ၊ ပန်ကာသံ၊ စက်သံ စတာတွေဟာ တခါတရံမှာလုပ်ငန်းခွင်အတွင်း အာရုံစူးစိုက်ရခက်စေပြီး စိတ်ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေပါတယ်။ ဆူညံမှုနှုန်းမြင့်တဲ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်ဆောင်ရွက်နေရတယ်ဆိုရင် နားနှာခေါင်းလည်ချောင်းဆရာဝန်နဲ့ ၆လတကြိမ်လောက်တော့ စစ်ဆေးမှုခံယူသင့်ပါတယ်။ ဆူညံသံများနဲ့ ထိတွေ့လုပ်ကိုင်နေရသူတွေဟာ စိတ်ပူပန်ခြင်း၊ ကောင်းကောင်းအိပ်မပျော်ခြင်း စတာတွေလည်း ကြုံရတတ်တယ်လို့ သိရပါတယ်။လုပ်ငန်းခွင်တခု၊ ရုံးခန်းတခုရဲ့ အပူချိန်ဟာ ဝန်ထမ်းတွေ အဆင်ပြေပြေလုပ်ကိုင်နိုင်လောက်တဲ့ အပူချိန်အတောအတွင်း ရှိသင့်ပါတယ်။ လေထုအပူချိန် မြင့်လွန်းခြင်း၊ နိမ့်လွန်းခြင်းဟာ ဝန်ထမ်းတွေကို ပင်ပန်းနွမ်းနယ်စေပြီး လုပ်ဆောင်နိုင်စွမ်း ကျဆင်းစေခြင်း၊ အပူ (သို့) အအေးနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ထိုင်ပြီးလုပ်ရတဲ့ လုပ်ငန်းခွင်အတွက် အကောင်းဆုံးအပူချိန်က ၂၀ ကနေ ၂၆ ဒီဂရီ စင်ဆီဂရိတ်လို့ ဆိုပါတယ်။ ကာယအားကိုးပြီး ပိုမိုအားစိုက်နေရတဲ့ လုပ်ငန်းခွင်ဆိုရင် ဒီထက်ပိုပြီး အပူချိန်နိမ့်ဖို့ လိုအပ်ပါတယ်။ ရုံးခန်း (သို့) လုပ်ငန်းခွင်တခုရဲ့ အပူချိန်ကို ရာသီဥတုနဲ့ ပတ်ဝန်းကျင်အနေအထားအလိုက် ချိန်ညှိနိုင်ဖို့ လေအေးပေးစက်၊ ပန်ကာ၊ အပူပေးကိရိယာ၊ နေရောင်ခြည်ထိတွေ့မှုစတာတွေ ပြည့်စုံစွာ တပ်ဆင်ထားသင့်ပါတယ်။လုပ်ငန်းခွင်တခုဟာ လေဝင်လေထွက်ကောင်းဖို့လည်း လိုအပ်ပါတယ်။မီးခိုးမှုန်တွေ၊ ဆေးလိပ်ငွေ့တွေမပါတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေထုဟာ လုပ်ငန်းခွင်ထဲမှာ လည်ပတ်နေစေဖို့ ဖြစ်ပါတယ်။ သဘာ၀ လေဝင်လေထွက်ဖြစ်စေ၊ စက်နဲ့လည်ပတ်ပေးတဲ့ လေဝင်လေထွက်စနစ်ဖြစ်စေ၊ လေအေးပေးစက်နဲ့ဖြစ်စေ လုပ်ဆောင်ပေးဖို့ လိုပါတယ်။ တံခါးတွေ အလုံပိတ်ထားတဲ့ ရုံးခန်း၊ လုပ်ငန်းခွင်ဆိုရင်လည်း အတွင်းပိုင်းလေ လည်ပတ်မှုရှိရပါတယ်။လုပ်ငန်းခွင်ဟာ ဘေးကင်းစိတ်ချရမှုရှိစေဖို့ အောက်ပါအချက်တွေလည်း လိုက်နာလုပ်ဆောင်သင့်ပါတယ်။လုပ်ငန်းခွင်ဟာ ကျန်းမာရေးနဲ့ညီညွတ်ပြီး ဘေးကင်းစေဖို့ ဘယ်ဝန်ထမ်းအဆင့်မဆို သတိပြုသင့်ပါတယ်။ မိမိဝန်းကျင်ဟာ အဆင်မပြေတာရှိရင် ဖြေရှင်းနိုင်တဲ့သူထိ တင်ပြသင့်ပါတယ်။ မန်နေဂျာများအနေနဲ့လည်း ဝန်ထမ်းများရဲ့ ကျန်းမာပျော်ရွှင်ရေးအတွက် မိမိတို့တာဝန်ယူတဲ့ လုပ်ငန်းခွင် အခြေအနေကို နားလည်သိရှိသင့်ပါတယ်။ ဝန်ထမ်းများ ဘေးကင်းကျန်းမာမှ စွမ်းဆောင်ရည် တိုးတက်မှာဖြစ်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%8a%e1%80%ae%e1%80%8a%e1%80%bd%e1%80%90%e1%80%ba%e1%80%bc/
အစားရွေးတဲ့ သားသားမီးမီးကို DHA ပါဝင်တဲ့ အစားအစာလေးတွေ ဘယ်လိုကျွေးမလဲ
ပြည့်ဝတဲ့ အာဟာရက ပမာဏနဲ့မဆိုင်ဘဲ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ အာဟာရပြည့်ဝတဲ့ စားသောက်ဖွယ်ရာကို နည်းနည်းလေး စားရင်လည်းခန္ဓာကိုယ်အတွက် အကျိုးရှိစေမှာပါ။လူကြီးတွေက အစားတွေကို အများကြီး စားနိုင်သလို အစုံစားနိုင်တာကြောင့် အာဟာရကို အလွယ်တကူ ရနိုင်ပေမယ့် အစားအများကြီး မစားနိုင်သေးသလို အစားစုံ မစားတတ်သေးတဲ့ ကလေးတွေအတွက်ကတော့ နည်းနည်းနဲ့ အာဟာရပြည့်ပြည့် စီစဉ်ပေးနိုင်မှ သူတို့လေးတွေအတွက် လိုအပ်တဲ့ အာဟာရကို ပြည့်ဝစွာ ရရှိမှာပါ။ဒီတော့ကလေးတစ်ယောက်အတွက်အစားအသောက်ပြင်ဆင်တဲ့အခါမေမေတွေအနေနဲ့ နည်းနည်းနဲ့ အာဟာရပြည့်ဖို့ စဉ်းစားရပါတယ်။ ဒီလိုပြင်ဆင်တဲ့အခါ ကလေးက ပါးစပ်နားကို ခွံ့လိုက်တိုင်း အာ . . .ဆို ပါးစပ်ဟပြီး အားပါးတရ စားရင်တော်လေရဲ့။ ဒီလိုမဟုတ်ဘဲ ကျွေးသမျှ ဘူး.. လုပ်နေရင်တော့ မေမေ့အတွက် အာဟာရပြည့်အောင် ကျွေးမွေးရာမှာ အခက်တွေ့တော့တာပါပဲ။ဒီလို အစားရွေးတဲ့သားသားမီးမီးတို့အတွက် သူတို့လေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ အာဟာရတွေ ပြည့်ဝစွာပါဝင်အောင် စားချင်စဖွယ် ဘယ်လို ပြင်ဆင်ပေးရမလဲ စိတ်ပူနေပြီလား…. အထူးသဖြင့် ကလေးတို့အတွက် မရှိမဖြစ် လိုအပ်တဲ့ DHA ပါအောင်ပေါ့။DHA လို့ခေါ်တဲ့ (Docosahexaenoic acid) ကomega-3 fatty acidတစ်မျိုးပါ။ ကလေးတွေရဲ့ ဦးနှောက်နဲ့ အမြင်အာရုံ တစ်ရှူးတွေ ကာင်းမွန်စွာ  ဖွံ့ဖြိုးစေဖို့အတွက် အရေးပါပါတယ်။DHA ကို ခန္ဓာကိုယ်က ထုတ်လုပ်နိုင်မှု မရှိတာကြောင့် အစားအသောက်တွေအပေါ်မှာ အဓိက အားထားရပါတယ်။ ကလေးတွေရဲ့ ဦးနှောက်ဟာ သူတို့ရဲ့ ပထမတစ်နှစ်တာ ကာလအတွင်းမှာ ၁၇၅ ရာခိုင်နှုန်း ဖွံ့ဖြိုးပါတယ်။ တစ်နှစ်ကနေ နှစ်နှစ်အတွင်း ၁၈ရာခိုင်နှုန်း ထပ်ဖွံ့ဖြိုးပြီး ဒုတိယနှစ်ကနေ ဆယ်ကျော်သက်အရွယ်ရောက်တဲ့အထိ ကာလအတွင်းမှာတော့ နောက်ထပ် ၂၁ ရာခိုင်နှုန်း ဖွံ့ဖြိုးပါတယ်။ဒီလိုဖွံ့ဖြိုးမှုနဲ့အတူ အမြင်အာရုံကလည်း ဖွံ့ဖြိုးလာပါတယ်။ ဒါ​ကြောင့် ကလေးကို ဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်နေတဲ့ ပထမရက် ၁၀၀၀ ကာလအတွင်းမှာ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ DHA ကို ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့ လိုပါမယ်။ဒါမှ သားသားမီးမီးတွေက ဦးနှောက်အကောင်းဆုံး ဖွံ့ဖြိုးပြီး အာရုံကြောဆဲလ်တွေ ကျန်းမာမှာ ဖြစ်သလို ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ အာရုံစူးစိုက်တာ၊ အစီအစဉ် ချတာ၊ ပြဿနာဖြေရှင်းတာလိုမျိုး စွမ်းရည်တွေကောင်းမွန်မှာပါ။ ဒီလို ဖြည့်ဆည်းပေးမှုက ကလေးကို လူမှုဆက်ဆံရေးကို စိတ်ခံစားမှုအပိုင်းမှာပါ။ အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။DHA ချို့တဲ့မှုတွေ၊ လုံလောက်အောင် မဖြည့်ဆည်းပေးနိုင်မှုတွေက ကလေးကို အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားရစေနိုင်သလို၊သင်ယူလေ့လာနိုင်စွမ်းတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ကျန်းမာထက်မြက်စွာ ကြီးပြင်းလာစေချင်တယ်ဆိုရင် ငယ်စဉ်ကတည်းက DHA ပြည့်ဝအောင် ဖြည့်ပေးဖို့ လိုပါမယ်။သားသားမီးမီးတွေနဲ့ သင့်တော်မယ့် DHA ကြွယ်ဝတဲ့ စားစရာတွေကတော့။သားသားမီးမီးက အစားရွေးတယ်။ DHA လည်း ပြည့်ဝစေချင်တယ်ဆိုရင် စားချင်စဖွယ်လေးဖြစ်အောင် အခုလိုလေးတွေ ပြင်ဆင်ပေးလို့ ရပါတယ်။ကလေး အများစုက ငါးကို ဟင်းအနေနဲ့ မစားပေမယ့် သရေစာ အနေနဲ့တော့ နှစ်နှစ်ခြိုက်ခြိုက် စားတတ်ကြပါတယ်။ ဒါ​ကြောင့် ကလေးကို DHA ပြည့်ဝစေဖို့ဆိုရင် ဆယ်လ်မွန် ငါးလေးတွေကို အရွယ်တော် အချောင်း ရှည်ရှည်လေးတွေ လှီးပြီး ကြက်ဥအကာထဲ စိမ်လို့ အကြော်မှုန့် ကပ်ပြီး ကြွပ်ကြွပ်ရွရွလေး ကြော်ပေးလို့ရပါတယ်။ဒါကတော့ အဖြူထည်ချက်ထားတဲ့ ဆယ်လ်မွန် ဒါမှမဟုတ် မက်ကာရယ်ငါးကို အရိုးနွှင်ပြီး ခြေလိုက်ပါ။ ပြီးရင် ပြုတ်ထားတဲ့ အာလူးကို ခြေပြီး အာလူးအထဲမှာ ငါးကို အနှစ်လို ထည့်လို့  အာလူးကို ကြက်ဥအကာရည်နဲ့ စိမ်ပြီး မုန့်ကြွပ်လေးကပ်လို့ ကြော်ပေးပါ။ဆယ်လ်မွန်ငါးကို လက်မလောက် အတုံးလေးတွေ တုံးပြီး ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး၊ မုန်လာဥနီ စတဲ့ အသီးအရွက်လေးတွေနဲ့ အရသာရှိရှိလေး ကြော်ပေးတာပါ။ ဒါကလည်း သားသားမီးမီးတို့အတွက် အရောင်အသွေးစုံပြီး စားချင်စရာ ဖြစ်နေမှာပါ။ကလေးကို ငါးတွေကျွေးရခက်မှာစိုးတယ်။ မစားမှာလည်း ကြောက်တယ်ဆိုရင်တော့ DHA နဲ့ သားသားမီးမီးတို့ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေတဲ့ အာဟာရဖြည့်နို့ တိုက်ပေးလို့ရပါတယ်။ ဒီအာဟာရဖြည့်နို့တွေကတော့ သားသားမီးမီးတို့ အကြိုက်တွေ့စေမှာ သေချာသလို အာဟာရ လိုအပ်ချက်ကိုလည်း ပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်မှာပါ။ဒါကြောင့် ကလေးကိုဦးနှောက်နဲ့ အမြင်အာရုံအကောင်းဆုံး ဖွံ့ဖြိုးစေချင်တယ်။ ကလေးက အစားရွေးလို့ DHAမပြည့်ဝမှာလည်း စိုးရိမ်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး ကလေးအကြိုက်ဆုံး ဖြစ်မယ်ထင်တာလေးကနေ စပြင်ဆင်ပေးကြည့်လိုက်နော် မေမေ…။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/smart-ways-to-introduce-dha-rich-foods-to-ur-picky-eater-kid/
Vasculitis (သွေးကြောရောင်ခြင်း)
သွေးကြောတွေရောင်ရမ်းသော အခြေအနေကိုဆိုလိုပါတယ်။ သွေးကြောနံရံထူသွားခြင်း၊ လျော့ရဲသွားခြင်း၊ ကျဉ်းသွားခြင်း၊ အနာရွတ်ဖြစ်သွားခြင်း စသည့်ပြောင်းလဲမှုများကို ဖြစ်စေပါတယ်။ သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေတဲ့အတွက် အဂါၤအစိတ်အပိုင်းတွေ နဲ့ တစ်ရှူးပျက်စီးမှုတွေကို။ဖြစ်စေနိုင်ပါတယ်။ ကူးစက်ရောဂါပိုး၊ ဆေးဝါး၊ အခြားရောဂါအခြားအခြေအနေတစ်ခုခုကြောင့် သွေးကြောတွေရောင်စေနိုင်ပါတယ်။ သွေးကြောရောင်ခြင်းလို့ သတ်မှတ်နိုင်တဲ့။အမျိုးအစားပေါင်း၂၀လောက်ရှိပါတယ်။ သက်ရောက်ခံရတဲ့ သွေးကြောပေါ်မူတည်ပြီး နောက်ဆက်တွဲဆိုးကျိုးများ နှင့် ရောဂါအခြေအနေပြင်းထန်မှုကွာခြားသွားပါတယ်။အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေး၊ လူမျိုးမရွေးဖြစ်ပွားနိုင်ပါတယ်။ဖြစ်စေနိုင်တဲ့အကြာင်းတွေကို ရှောင်ရှားခြင်းဖြင့် မဖြစ်အာင်ကာကွယ်နိုင်ပါတယ်။ ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သက်ရောက်ခံရတဲ့ သွေးကြောအဂါၤအစိတ်အပိုင်းနဲ့ ဆိုးရွားမှု အခြေအနေပေါ် မူတည်နေပါတယ်။ လူအချို့မှာတော့ လက္ခဏာနည်းနည်းပဲ ပြတာလည်း ရှိနေနိုင်ပါတယ်။ အချို့မှာတော့ဆိုးဆိုးရွားရွား အခြေအနေထိ ရောက်နိုင်ပါတယ်။အတွေ့ရများတဲ့ဲ့လက္ခဏာတွေကတော့။အထက်မှာဖော်ပြခဲ့တဲ့အထဲမှာမပါတဲ့ အခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ သင့်မှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေလားဆိုပြီး စိုးရိမ်နေတယ်ဆိုရင် ဆရာဝန်နဲ့ ပြသဆွေးနွေးသင့်ပါတယ်။အထက်မှာ ဖော်ပြခဲ့တဲ့ လက္ခဏာတစ်ခုခုရှိခဲ့မယ်ဆိုရင် သွားပြသင့်ပါတယ်။ သွေးကြောရောင်ခြင်းအမျိုးအစားပေါ်မူတည်ပြီး ခန္ဓါကိုယ်ကတုန့်ပြန်ပုံချင်းတွေ မတူညီနိုင်ပါဘူး။ အချို့အမျိုးအစားတွေက အချိန်နှင့်အမျှ ပိုဆိုးလာနိုင်တဲ့အတွက် စောစောရောဂါသိခြင်းက ကုသမှုထိရောက်ဖို့ အတွက် အရေးကြီးပါတယ်။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးပါပဲ။သွေးကြောရောင်ခြင်း အများစုကတော့ ဘာကြောင့်ဖြစ်လဲဆိုတာကို အတပ်မပြောနိုင်သေးပါဘူး။ ကူးစက်ပိုးတွေ၊ အဆိပ်တွေကတော့ တိုက်ရိုက် သက်ရောက်မှုမရှိပါဘူး။ ကူးစက်ပိုးတွေကြာင့်ဖြစ်တဲ့ သွေးကြောရောင်ခြင်းမှာတော့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်ပိုးတွေ ၊ မှိုတွေဟာ သွေးကြာနံရံကို ကျူးကျော်ဝင်ရောက်လို့ ဖြစ်ပါတယ်။ ဆေးတွေ အဆိပ်တွေနဲ့ ဓါတ်မတည့်လို့ဖြစ်တဲ့ သွေးကြောရောင်ခြင်းမျိုးတွေလည်း ရှိပါတယ်။သွေးကြောရောင်ခြင်းမှာတွေ့ရတဲ့ တစ်ရှူးထိခိုက်မှုတွေဖြစ်ရခြင်းမှာ ကိုယ်ခံအားစနစ်က အဓိကပါဝင်ပါတယ်။ ကိုယ်ခံအားစနစ်က သွေးကြောမှာရှိတဲ့ဆဲလ်တွေကို မှားယွင်းတိုက်ခိုက်ခြင်းကြောင့် သွေးကြောရောင်ရမ်းခြင်း သွေးထွက်ခြင်းတွေဖြစ်စေပါတယ်။ ကိုယ်ခံအားစနစ် မှားယွင်းတိုက်ခိုက်မှူတွေ ဖြစ်စေတဲ့ အကြောင်းတွေကတော့။ဆေးလိပ်သောက်ခြင်း၊ သွေးတိုးခြင်း၊ ကိုလက်စထရောမမျှတခြင်း စတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သွေးအဖြေ၊ ဆီးအဖြေ၊ သွေးကြောဓါတ်မှန်ရိုက်ခြင်း၊ ဓါတ်ခွဲစစ်ဆေးခြင်းအသားစယူစစ်ဆးခြင်း၊ ပုံဖော်ခြင်းစစ်ဆေးခြင်း စတာတွေကို စတဲ့ နည်းလမ်းတွေကို ပေါင်းစပ်အသုံးပြုရမှာဖြစ်ပါတယ်။C-reactive protein၊ erythrocyte sedimentation rate ၊ interleukin-6 ကဲ့သို့ ရောင်ရမ်းခြင်း ယေဘူယျ သင်္ကေတတွေဟာ ရောဂါတိုင်းမှာ သွေးအတွင်း မြင့်တက်နေနိုင်ပါတယ်။ သို့ဖြစ်၍ သွေးကြာရောင်ခြင်းကို သီးသန့်ညွှန်ပြနိုင်တဲ့ စစ်ဆေးမှုမျိုးကို ရွေးချယ်ဖို့လိုအပ်ပါတယ်။သွေးကြောရောင်ခြင်းအမျိုးအစားခွဲနိုင်ဖို့ တိကျသေချာတဲ့နည်းကို အသုံးပြုရပါတယ်။ သွေးကြောရောင်နိုင်တယ်လို့ သံသယရှိသူတိုင်းကို ရောဂါနဲ့သက်ဆိုင်တဲ့ ခန္ဓါကိုယ်တွင်းပဋိပစ္စည်းကိုရှာနိုင်ဖို့ စမ်းသပ်မှုတွေလည်း လုပ်ရမှာဖြစ်ပါတယ်။ သွေးကြောပါဝင်မှုနဲ့ နောက်ဆက်တွဲပြဿနာတွေကို သိနိုင်ဖို့ အာထရာဆောင်း၊ ကွန်ပျူတာဓါတ်မှန် (CT)၊ သွေးကြောပုံရိပ်ဖော် သံလိုက်ဓါတ်မှန် (MRA) စတာတွေကို သုံးပြီးတော့လည်း ခန္ဓါကိုယ်တစ်ခုလုံးကိုလည်း စစ်ဆေးရမှာဖြစ်ပါတယ်။ ရောဂါရှာအတည်ပြုခြင်း၊ ကုသမှုအစီစဉ်၊ ရေရှည်စစ်ဆေးမှုတွေလုပ်နိုင်ဖို့ သွေးအထူးကုဆရာဝန်၊ အရိုးအကြောအထူးကုဆရာဝန်များနှင့် ပြသသင့်ပါတယ်။အများစုမှာတော့ ရောင်ရမ်းတာကိုထိန်းချုပ်နိုင်ဖို့ အကြောင်းရင်းကို ဖြေရှင်းနိုင်ဖို့နဲ့ နောက်ထပ်ပြန်မဖြစ်အောင် ထိန်းချုပ်နိုင်တဲ့ ကုသမှုတွေပေးတတ်ပါတယ်။ ဆိုးရွားနေမယ်ဆိုရင် ဆရာဝန်ညွှန်တဲ့ဆေးတွေ သောက်နိုင်ပါတယ်။ ခွဲစိတ်ကုသခြင်းကိုတော့ သိပ်ပြီးတွေ့ရလေ့မရှိပါဘူး။ အခြေအနေသိပ်မဆိုးဘူးဆိုရင် ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်လို့ ရနိုင်တဲ့ acetaminophen ၊ aspirin ၊ ibuprofen naproxen ကဲ့သို့သော အရောင်ကျ အကိုက်အခဲပျောက်ဆေးတွေကိုသုံးပြီး သက်သာအောင် ပြုလုပ်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်နိုင်တဲ့ သွေးကြောငယ်တွေပိတ်တဲ့ ရောဂါ Buerger’s disease လိုမျိုးဆိုရင်တော့ ဆေးလိပ်ဖြတ်ရုံနဲ့ သက်သာနိုင်ပါတယ်။ ဆရာဝန်တွေ အမျုားဆုံးညွှန်တတ်တာကတော့ စတီးရွိုက်ဆေး၊ ခုခံအားကိုဖိနှိပ်ပေးတဲ့ဆေးတွေဖြစ်ပါတယ်။ သွေးအဖြေကိုကြည့်ပြီးတော့ သင့်အခြေအနေ တိုးတက်လာမလာ သိနိုင်ပါတယ။် သင့်ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ကုသမှုပေးဖို့ လိုအပ်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံနဲ့အိမ်သုံးကုထုံးတွေက သွေးကြောရောင်ခြင်းကို ကုသရာမှာ နဲ့ လိုက်လျောညီထွေဖြစ်အောင်နေရတဲ့နေရာတွေမှာ အကူအညီပေးပါတယ်။• အာဟာရမျှတအောင်စားခြင်း (အရိုးပါးခြင်း၊ သွေးပေါင်ချိန်တက်ခြင်း၊ ဆီးချိုတက်ခြင်းစတဲ့ ဆေးတွေရဲ့နောက်ဆက်တွဲတွေကို ကာကွယ်ပေးနိုင်ပါတယ်။ လတ်ဆတ်တဲ့အသီအနှံ ဟင်းသီးဟင်းရွက်တွေ၊ ကောက်ပဲသီးနှံ၊ အဆီထုတ်ထားတဲ့ နိထွက်ပစ္စည်းနဲ့ အဆီမပါတဲ့အသား၊ငါးတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။ စတီးရွိုက်ဆေးတွေသောက်နေရတယ်ဆိုရင် ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ်ဖြည့်စွက်ဆေးတွေ သောက်ဖို့ လိုမလို သင့်ရဲ့ဆရာဝန်ကို မေးကြည့်သင့်ပါတယ်။)။• ကာကွယ်ဆေးပုံမှန်ထိုးခြင်း (တုပ်ကွေးနဲ့အဆုတ်ရောင်ရောဂါတွေအတွက် ကာကွယ်ဆေးပုံမှန်ထိုးခြင်းက သင့်ကို ကူးစက်ပိုးတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။)။• လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း (လမ်းလျှောက်ခြင်းကဲ့သို့ ပုံမှန်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းက အရိုးပါးခြင်း၊ သွေးပေါင်ချိန်တက်ခြင်း၊ ဆီးချိုတက်ခြင်းစတဲ့ သွေးကြောင်ရောင်ခြင်းရဲ့ နောက်ဆက်တွဲတွေကို သက်သာစေနိုင်ပါတယ်။ အဆုတ်နဲ့ နှလုံးအတွက်လည်း အကျိုးရှိတဲ့အပြင် အကောင်းမြင်စိတ်ကိုလည်း တိုးစေနိုင်ပါတယ်။• စိတ်ဓါတ်ခွန်အား (သင့်နဲ့ ဝေဒနာတူလူတွေနဲ့ စကားပြောခြင်းက သင့်ကိုအကူအညီပေးနိုင်တယ်လို့ ထင်ရင် ကျန်းမာရေးစောင့်ရှောက်မှု အသင်းတွေနဲ့။ဆက်သွယ်သင့်ပါတယ်။ သင့်မိသားစုသူငယ်ချင်းတွေနဲ့ မျှဝေခံစားခြင်းကလည်း သင့်ကိုအလွယ်တကူ ကျော်လွှားနိုင်စေပါလိမ့်မယ်)။သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်တာက အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/vasculitis-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
Alcohol Addiction (အရက်စွဲခြင်း)
အရက်စွဲခြင်းဆိုသည်မှာ အရက်ကို ရေရှည် သောက်သုံးရာမှဖြစ်ပွားလာတဲ့ ရှုပ်ထွေးတဲ့ ရောဂါစုဆိုလည်းမမှားပါဘူး။ ချက်ချင်း ရပ်လိုက်မယ်ဆိုရင်တောင် အရက်စွဲနေတဲ့လူနာကို မသက်မသာခံစားရစေပါတယ်။ အရက်စွဲတယ်ဆိုတာ စိတ်ကြောင့်စွဲတာနဲ့ ခန္ဓါကိုယ်က စွဲနေတာဆိုပြီးရှိပါတယ်။ ဒါကြောင့် အရက်စွဲသူတွေဟာ အရက်က သူတို့ရဲ့ ခန္ဓါကိုယ်နဲ့ စိတ်ကိုပျက်စီးစေရင်တောင်မှ မရပ်တန့်နိုင်ဘဲ ဆက်သောက်နေကြတာပါ။အရက်စွဲသူတွေဟာ ရုပ်ပိုင်း၊ စိတ်ပိုင်း နဲ့ အပြုအမှုပိုင်းဆိုင်ရာ လက္ခဏာတွေရှိကြပါတယ်။ အရက်စွဲနေသူတွေကတော့ ဒီလက္ခဏာတွေ မခံစားရဘူးလို့ ငြင်းကောင်းငြင်းကြပါလိမ့်မယ်။အပြုအမူပိုင်းဆိုင်ရာလက္ခဏာများ။ဒီအရာတွေကတော့ သင့်သောက်သုံးမှုကို မထိန်းချုပ်နိုင်ခြင်း၊ မေ့တတ်ခြင်း၊ သင်နဲ့အခြားသူတွေကို ရန်လိုခြင်း တိြု့ဖစ်ပါတယ်။ အရက်စွဲသူဟာ သူတို့မူးနေချိန်မှာ ဘာမှမမှတ်မိတတ်ကြပါဘူး။ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ။ဒီအပိုင်းကတော့ ရေရှည်သောက်သုံးမှုနဲ့ ဆက်စပ်ပါတယ်။ လက်တုန်ခြင်း၊ ခေါင်းမူးခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျောခြင်း၊ ချွေးထွက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သတိလစ်ခြင်းနဲ့အသားဝါခြင်းတို့ဖြစ်ပါတယ်။စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ။ဒီအရာတွေကတော့ စိတ်ကျခြင်း၊ ပူပန်လွန်းခြင်း၊ အိပ်မပျော်ခြင်း နဲ့ မေ့လွယ်ခြင်း တို့ဖြစ်ပါတယ်။အော့အန်၊ ဝမ်းလျော၊ ရင်ပူ၊ ရင်အောင့် ၊ ဆီးထဲသွေးပါခြင်း စတာတွေဖြစ်ရင် ဆရာဝန်ကိုပြသပါ။သင့်မှာစိတ်ကျရောဂါဖြစ်နေပြီထင်ရင် ဆရာဝန်ကိုပြသပါ။ဆရာဝန်ကိုလည်း သင့်အခြေအနေအကြောင်း မလိမ်ပါနဲ့ ။ သူကမမေးရင်တောင်မှ သင်ကိုယ်တိုင်က စိတ်လိုလက်ရပြောပြဖို့လိုပါတယ်။ အရက်ဖြတ်ခြင်း ဟာခက်ခဲမှုတွေရှိပေမယ့်လည်း သင်အရှုံးမပေးဖို့လိုပါတယ်။အရက်စွဲခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ များစွာရှိပါတယ်။ ဒါပေမယ့် အရက်စွဲသူတွေများတဲ့ ပတ်ဝန်းကျင် မှာနေရင် ကိုယ်လည်း အရက်စွဲလာတတ်ပါတယ်။ ထို့အပြင် အရက်စွဲနေသူများဟာ အခြားစီးကရက်၊ နီကိုတင်းလိုအရာတွေလည်း စွဲဖို့ ပိုလွယ်ကူလာတတ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က လူနာရဲ့ အလုပ်၊ လူမှုရေး နဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုဖြစ်စေတဲ့အရာတွေကို နားလည်ဖော်ထုတ်နိုင်ဖို့အတွက် လူနာကို သေချာ မေးမြန်းဆွေးနွေးမှာဖြစ်ပါတယ်။ မေးမြန်းမှာဖြစ်ပါတယ်။ သွေးစစ်ခြင်းဖြင့် အရက်က သွေး၊ကျောက်ကပ်နှင့် အသည်းကို ထိခိုက်နေမှု ရှိမရှိကို ဖော်ပြနိုင်ပါတယ်။ကနဦးကုသမှုဟာ အရက်စွဲခြင်းအဆင့်အလိုက် သာမက ကိုယ်ခန္ဓါကိုယ်ထိခိုက်မှုကိုကြည့်ပြီး ပြောင်းလဲနိုင်ပါတယ်။ရေတိုကုသမှုမှာ လူနာကိုအရက်ရဲ့ ဆိုးကျိုးတွေနဲ့ အရက်အဆိပ်သင့်တာတွေအကြောင်း ဆရာဝန်ကပြောပြဖို့လိုပါလိမ့်မယ်။ သို့မှသာ လူနာက အရက်စွဲခြင်း၏ အန ္တရာယ်တွေကို သတိပြုလာနိုင်မှာ ဖြစ်သည်။ ဒီကုသမှုမှာ အရက်ဖြတ်ခြင်း၊ ဆေးတိုက်ခြင်း၊ ဆွေးနွေအကြံပြုခြင်း နဲ့အသင်းအဖွဲ့လိုက် ဆွေးနွေးလုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ပထမဆုံးအနေနဲ့လူနာသိဖို့လိုတာက သူတို့မှာ ကုသဖို့ လိုအပ်နေတဲ့ရောဂါရှိနေတယ်ဆိုတာပါပဲ။ တစ်ချို့က အရက်စွဲတယ်ဆိုတာ အလေ့အကျင့် တစ်ခုသာ ဖြစ်ပြီး ရောဂါမဟုတ်ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါကြောင့် အရက်စွဲသူတွေဟာ အရက်ဖြတ်ဖို့ မလိုလားကြဘဲ ဒီလိုအယူအဆမှားကြောင့် အရက်ဖြတ်ရန် ပူးပေါင်းပါဝင်ဖို့လည်း ငြင်းဆန်တတ်ကြပါတယ်။အသုံးများတဲ့ကုသမှုကတော့ (AA) အဖွဲ့ရဲ့ အချက် ၁၂ ချက်ပါတဲ့ ပြန်လည်ထူထောင်ရေး အစီအစဉ်ဖြစ်ပါတယ်။၎င်းတို့မှာ အရက်မသောက်ရန် ထိန်းချုပ်ခြင်း၊ အသိပညာပေးခြင်း၊ အရက်ဖြတ်ခြင်း နဲ့အဖွဲ့လိုက်လုပ်ဆောင်တာတွေပါပဲ။ နေစရာ၊ အလုပ်အကိုင်၊ လူမှုရေးပြဿနာများကို ထောက်ပံ့ကူညီဖြေရှင်းပေးမှုတွေက အရက်သောက်နိုင်ချေကိုလျော့ချနိုင်တဲ့အတွက် အရေးကြီးပါတယ်။အရက်ဖြတ်တာဟာ မအီမသာဖြစ်ခြင်း၊ ချွေးထွက်ခြင်း နဲ့ အမှားလုပ်မိခြင်းကဲ့သိုသော လက္ခဏာတွေဖြစ်စေတဲ့အတွက် benzodiazepine (အိပ်ဆေး၊ စိတ်ငြိမ်ဆေး)လိုမျိုး ဆေးမျိုးပေးပြီး အိပ်စက်ဖို့ကူညီပေးကာ အရက်သောက်ချင်စိတ်ကို လျော့ချပေးမှာဖြစ်ပါတယ်။ အရက်ဖြတ်တာဟာ အလွန်ခက်ပြီးအများစုဟာ အရှုံးပေးပြီးပြန်သောက်ကြပါတယ်။ ပြန်သောက်တယ်ဆိုတာ သင်ဟာ အရက်ကို စွဲလန်းမှုဆက်ဖြစ်နေပြီး ဒီရောဂါကို အရှုံးပေး၊ အညံ့ခံလိုက်တာနဲ့အတူတူပါပဲ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/alcohol-addiction-%e1%80%a1%e1%80%9b%e1%80%80%e1%80%ba%e1%80%85%e1%80%bd%e1%80%b2%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါကို စောင့်ရှောက်သူတဦးအနေဖြင့် သိထားရမည့် အချက်များ
ကျွန်ုပ်တို့သည် မိမိချစ်သောသူတို့ကို ကမ္ဘာပေါ်တွင် အကောင်းဆုံးသော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးချင်ကြသည်။ ကျန်မာရေးစောင့်ရှောက်မှုပေးရာတွင် အချို့သည် ဝတ်ကျေတန်းကျေမျှသာဖြစ်ပြီး အချို့မှာ လူရောစိတ်ရောနှစ်ကာစေတနာထားတတ်သူများလည်းရှိပေသည်။ ထိုသို့လူနာများကိုစောင့်ရှာက်ရာတွင် မိမိကျန်းမာရေးအတွက်လည်း လုံခြုံမူရှိစေရန် အောက်ပါအချက်အချို့ကို သိထားသင့်သည်။ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူတစ်ယောက်အနေဖြင့်-။လူနာကိုစောင့်ရှောက်သလို သင့်ကျန်းမာရေးကိုလည်း ဂရုထားရန်မမေ့လျော့ပါနှင့်။ အနားယူပါ။ လေ့ကျင့်ခန်းပြုလုပ်ပါ။ အားရှိစေသောအစာများ ကိုစားပါ။ သင်ကျန်းမာနေမှ သင့်လူနာအတွက် စံနမူနာကောင်းတယောက်အဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။သင့်လူနာ၏ရောဂါများ သင့်ထံမကူးစက်စေရန် အတတ်နိုင်ဆုံးကြိုးစားနေထိုင်သင့်သည်။သင်သည်လည်း လူသားတဦးဖြစ်သည့်အတွက် ပင်ပန်းနွမ်းနယ်မှုများရှိနိုင်ပါသည်။ ဥပမာ သင်သည် အဆုတ်ရောဂါရှိသူတဦးကို စောင့်ရှောက်မှုပေးနေရလျှင် သင့်တွင်လည်း ကျန်းမာရေးပြသနာများရှိလာနိုင်သည်။ဖြစ်လေ့ရှိသော စိတ်ဖိစီးမှုများမှာ။· အလိုလိုနေရင်း ဝမ်းနည်းခြင်း။· စိတ်ထိခိုက်လွယ် ၍ ငိုကြွေးခြင်း။· အားအင်ချိနဲ့ခြင်း။· သင်ကိုယ်သင် အချိန်မပေးနိုင်သောသူ အဖြစ်ခံစားမိခြင်း။· အိပ်ပျော်ရန်ခက်ခြင်းနှင့် မနက်ဖက်တွင် အိပ်ရာမထချင်ခြင်း။· အစားအသောက်မူမမှန်ခြင်း၊ လွန်ကဲစွာစားခြင်း။· အပေါင်းအသင်း ဆွေမျိုးများနှင့်အတွေ့နည်းလာခြင်း။· သူငယ်ချင်းများ မိသားစုများနှင့်ဖြတ်သန်းလေ့ရှိသော နေ့စဉ်လှုပ်ရှားမှုနှင့် ဝါသနာပါသောအရာများတွင် စိတ်ဝင်စားမှုမရှိတော့ခြင်း။· နောက်ဆုံး သင်စောင့်ရှောက်နေသောသူ နှင့်ပတ်ဝန်းကျင်ရှိလူများအပေါ် ဒေါသထွက်ခြင်းတို့ဖြစ်သည်။သင်သည် လူမမာကိုစောင့်ရှောက်နေရသောကြောင့် ထိုသို့သောစိတ်ဖိစီးမှုများ ခံစားရနိုင်ပါသည်။သင့်အတွက်အချိန်ပေးပါ။ ပြေးလွှားခြင်း၊ ယောဂကျင့်ခြင်းနှင့် တရားထိုင်ခြင်းတို့ဖြင့် စိတ်ဖိစီးမှု လျော့နည်းအောင်နေထိုင်ပါ။သင်တယောက်တည်းလုပ်ကိုင်၍ အခက်အခဲများရှိပါက အခြားသောမိသားစုဝင်၊ ဆရာဝန်နှင့် အထောက်အကူပြုအဖွဲ့အစည်းများ၏ အကူအညီကိုရယူနိုင်သည်။ ကျန်းမာရေးစောင့်ရှောက်သူများအတွက် အကြံဉာဏ်ကောင်းများပေးနိုင်သော အခြားအဖွဲ့အစည်းများစွာလည်း ရှိပါသည်။ အများစုသည် အခြားသူအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်မည်စိုး၍သော်လည်းကောင်း ၊သူတို့၏ တာဝန်တစ်ခုအနေဖြင့် အပြီးအပိုင်ခံယူထား၍သော်လည်းကောင်း လူနာစောင့်ရှောက်မှုတာဝန်ကို အခြားသူလက်ထဲလွှဲပေးရန် ဝန်လေးတတ်ကြသည်။သို့သော် သင်သည် စူပါဟီးရိုးမဟုတ်ပါ။၁ ရက် ၂ရက် လွှဲပေးရုံနှင့် အခြားသူအတွက် စိတ်ကသိကအောင့်ဖြစ်စေမည် မဟုတ်ကြောင်းသင်တွေ့ရလိမ့်မည်။ လွှဲပြောင်းပေးရမည့် သင့်တာဝန်များကို စာရင်းပြုစုပါ။ ဥပမာအားဖြင့် သင့်တာဝန်များကို လူနာ၏မိသားစုဝင် သို့မဟုတ် သူငယ်ချင်းထံသို့ တစ်နာရီခန့်ဖြစ်စေ တပတ်တရက်ဖြစ်စေ လွှဲပေးလိုက်ပါက သင်လည်း အတော်စိတ်လက်ပေါ့ပါးလာမည်ကို ခံစားရလိမ့်မည်။ထိုသို့အားဖြင့် သင်ရရှိသည့်အချိန်ကို အညောင်းပြေအနှိပ်ခံခြင်းဖြင့်၊ သူငယ်ချင်းများနှင့်အတူ နေ့လည်စာစားခြင်း၊ ရုပ်ရှင်ကြည့်ခြင်းတို့ဖြင့် အနားယူနိုင်သည်။ သင့်လူနာသည် အပန်းဖြေခရီးတိုထွက်ခြင်းများကိုနှစ်သက်ကောင်းနှစ်သက်ပေလိမ့်မည်။လောကတွင် သင်တယောက်တည်းမဟုတ်ပါ။ အခြားသော စောင့်ရှောက်မှုပေးနေသူများနှင့် စကားပြောကြည့်ပါကသင့်ကို စိတ်ဓါတ်ခွန်အားများ ဖြစ်လာစေနိုင်သည်။ထိုအဖွဲ့အစည်းမှ သင့်နည်းတူ ကြုံတွေ့နေရသောအခက်အခဲများအတွက် အကြံဉာဏ်ကောင်းများပေးနိုင်ပါလိမ့်မည်။အင်တာနက်ကွန်ရက်ပေါ်တွင်လည်းကောင်း ၊ သင်နေထိုင်ရာ ပတ်ဝန်းကျင်တွင်လည်းကောင်း ထိုအဖွဲ့အစည်းများကိုရှာဖွေနိုင်သည်။ သူငယ်ချင်းအသစ်များဖွဲ့ခြင်း၊ သင့်စိတ်ဖိစီးမှုများကို အခြားသူတယောက်အားပြောပြခြင်းတို့က သင့်ကို စိတ်သက်သာရာရစေလိမ့်မည်။နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်တဦးကို အချိန်ပြည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်မှာ ထင်သလောက် မလွယ်ကူလှပါ။ထိုလူနာများ သည် သင့်ကို သူ့ဘဝ၏သူရဲကောင်းတဦးအဖြစ် ယူဆထားကြသည်။ထိုကြောင့် သင်သည် ကျန်းမာရမည်။ စိတ်ဓါတ်ကြံ့ခိုင်ရမည်။ ကိုယ်ချင်းစာတရားထား၍ပေးဆပ်နိုင်သူဖြစ်ရမည်။သင်မရှိလျှင် သင့်လူနာအတွက် တွယ်ရာမဲ့ဖြစ်သွားနိုင်သည်ကိုဆင်ခြင်ကာ သင်တတ်စွမ်းမျှကိုဆောင်ရွက်ပေးရင်း မိမိကိုယ်ကို ချီးမြှောက်နိုင်ပါစေ။အချုပ်ဆိုရသော် သင်သည် အိမ်ထောင်ဖက်၊ မိသားစုဝင်၊ သူငယ်ချင်း ၊ အထူးကျန်းမာရေးစောင့်ရှောက်သူ ၊မည်သူပင်ဖြစ်နေပါစေ နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါသည်တဦးကို ရေရှည် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် မလွယ်လှပါ။ စိတ်ဖိစီးမှုများရှိလာနိုင်သလို သင့်ပျော်စရာအချိန်များ ၊ကိုယ်ပိုင်လွတ်လပ်ခွင့်များ ဆုံးရှုံးမှုရှိလာနိုင်သည်။ထို့ကြောင့် မိမိနှင့်အတူ လူနာ၏ ဘဝတန်ဖိုးမြင့်တက်လာစေရန်ကြိုးစားသင့်သည်။ ထိုမှသာ သင်ချစ်သောသူများကိုလည်း ကောင်းကျိုးပြုရာ ရောက်ပေမည်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/chronic-bronchitis/%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%9b%e1%80%be%e1%80%8a%e1%80%ba-%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%ba%e1%80%9c%e1%80%b1%e1%80%95%e1%80%bc%e1%80%bd%e1%80%94%e1%80%ba%e1%80%80%e1%80%bb/
စိတ်ဖိစီးမှုနှင့်ပတ်သက်၍စောင့်ရှောက်သူအတွက်အကြံပြုချက်များ
စောင့်ရှောက်သူဆိုသည်မှာ နေမကောင်းသူ၊ ထိခိုက်ဒဏ်ရာရသူ၊ မသန်စွမ်းသူများကို ဂရုစိုက်သူကိုခေါ်သည်။ အသည်းရောင်ရောဂါရှိသည့် မိမိချစ်ခင်သူများကို စောင်ရှောက်ခြင်းသည် စိန်ခေါ်မှုအကြီးကြီးပင်ဖြစ်သည်။ စောင့်ရှောက်နေရင်းဖြင့် လူနာများတွင် စိတ်ဖိစီးမှုများရှိသည်ကို ကြုံတွေ့နိုင်သည်။ အထူးသဖြင့် အမျိုးသမီးလူနာများတွင် ကျန်းမာရေးပြဿနာ ပို၍ကြုံနိုင်သည်။ ၎င်းတို့တွင်စိတ်ပူပန်ခြင်းနှင့် စိတ်ကျခြင်းတို့ပါသည်။ စောင့်ရှောက်သူများမှ ၎င်းတို့၏စိတ်ပင်ပန်းမှုများကို အောက်ပါနည်းများဖြင့် စီမံပေးနိုင်သည်။စိတ်ကိုလျှော့ထားပါ။မျက်စိကိုမှိတ်ထားပါ။ နှာခေါင်းဖြင့်သာ ပုံမှန်အသက်ရှူပါ။ ရှူထုတ်သည်အခါ သင့်ကိုယ်သင် “ငြိမ်းချမ်းခြင်း” ဟူသော စကားတစ်လုံး(သို့) “ငါ့စိတ်ထဲမှာအေးချမ်းတယ်” ဆိုသော စကားစုကို တိုးတိုးညင်သာစွာပြောပါ။ ၁၀မိနစ်ခန့်ဆက်လုပ်ပါ။ သင့်စိတ်က ဆုံမှတ်ကိုစလွဲပါက ကိုယ့်ကိုယ်ကို အသက်ရှူခြင်းနှင့်ပတ်သက်၍ ညင်သာစွာသတိပေးပါ။ အသက်ရှူခြင်းကို နှေးလိုက်၍ ငြိမ်သွားအောင်လုပ်ပါ။အသက်ပြင်းပြင်းရှူပါ။ဝမ်းဗိုက်အားလေများအားလုံးနှင့် ပြည့်အောင်ဖြည့်ပါ။ ပြီးလျှင်ပြန်ထုတ်လိုက်ပါ။ ပူဖောင်းလေလျှော့သလိုဖြစ်သည်။ နှေးနှေးနှင့်ကြာကြာ အသက်ရှူထုတ်တိုင်း ပို၍ နေလို့ကောင်းသည်ကို ခံစားရမည်။ အကောင်းဆုံးနည်းမှာ သင့်ချက်အောက်တွင် အစက်လေးတစ်ခုကို စိတ်ကူးပြီး ထိုအစက်သို့ရှူသွင်းကာ ဝမ်းဗိုက်တစ်ခုလုံး လေနှင့်ဖြည့်ပါ။တရားထိုင်ပါ။သင့်စိတ်ထဲတွင် ငြိမ်းချမ်းသော ပုံရိပ်များတည်ဆောက်၍ ထိုအရာများမှလွဲ၍ သင့်စိတ်ထဲတွင် ဘာမှမကျန်တော့သည်အထိ ဆက်လက်တွေးပါ။ ကမ်းခြေ (သို့) ဥယျာဉ်ကဲ့သို့ သက်တောင့်သက်သာရှိသောနေရာတစ်ခုကို တွေးပါ။ ဤနည်းသည် သင့်အတွေးများကို တည်ငြိမ်သော စိတ်အခြေအနေအဖြစ်ရှိအောင် လုပ်ခြင်းဖြစ်သည်။အကူအညီကိုလက်ခံပါ။အခြားသူများ သင့်ကိုကူညီနိုင်မည့်ကိစ္စများကို စာရင်းလုပ်ထားပါ။ ထို့နောက် ကူညီသူများ လုပ်ချင်သည်ကို ပေးရွေးချယ်ပါ။ ဥပမာ တစ်ဦးမှ သင်ဂရုစိုက်သည့် လူတစ်ယောက်ကို လမ်းလျှောက်ပေး၍ အခြားတစ်ဦးမှ ကုန်စုံဆိုင်သို့သွား၍ အစားအစာဝယ်၍ သင့်အတွက်ချက်ပေးပါမည်။ရည်မှန်းချက်ပန်းတိုင်များထားပါ။ကြီးမားသောတာဝန်များကို တစ်ချိန်တည်းပြုလုပ်နိုင်သည့် သေးငယ်သောအဆင့်များအဖြစ် ဖြိုခွဲလိုက်ပါ။ အရေးပေးလုပ်ရမည့် နေ့စဉ်ကိစ္စများကို စာရင်းပြုလုပ်ပါ။ အရေးမကြီးသောကိစ္စများကို ငြင်းဆိုရန် ဝန်မလေးပါနှင့်။အဆက်အသွယ်လုပ်ပါ။သင့်အနီးနားတွင်ရှိသည့် စောင့်ရှောက်မှုပေးသည့်နေရာများကို ရှာတွေ့နိုင်သည်။ အဖွဲ့အစည်းများတွင် သင်ချစ်ခင်ရသူရင်ဆိုင်နေရသည့် ရောဂါနှင့်ပတ်သက်၍ အထူးသင်တန်းများရှိပါသည်။ ခရီးသည်ပို့ဆောင်ရေးနှင့် အစားအစာပို့ဆောင်မှုစသည့် စောင်ရှောက်မှုလုပ်ငန်းများလည်းရနိုင်သည်။အပြုအမူတစ်ချို့ကိုပြောင်းလဲပါ။သင့်အတွေးအချို့၏ပုံစံနှင့် အကျင့်များပြောင်းပေးခြင်းဖြင့် ခက်ခဲကြမ်းတမ်းသောစိတ်ဖိစီးမှုများကို ကိုင်တွယ်နိုင်သည်။ ၎င်းတို့မှာ။• သင့်မျှော်လင့်ချက်များနှင့် ခံစားချက်များကို အခြားသူမျာကိုဝေမျှပါ။• ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ.။• လေ့ကျင့်ခန်းများများပြုလုပ်ပါ။• ကျန်းမာသောအစာများစားပါ။• ကောင်းမွန်သောဆက်သွယ်မှုများတွင်အာရုံစိုက်ပါ။• အခြားသူများပြောသည်ကိုနားထောင်ပါ။စောင့်ရှောက်ရင်းတွေ့ရမည့် စိတ်ဖိစီးမှုများကျော်လွှာနိုင်ရန် နည်းလမ်းများစွာရှိပါသည်။ သင့်အတွက်အသင့်တော်ဆုံးနည်းလမ်းကို ရွေးချယ်ပါ။ အကယ်၍အကူအညီလိုလျှင် ဆရာဝန်နှင့်တွေ့ဆုံရန်မမေ့ပါနှင့်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%96%e1%80%ad%e1%80%85%e1%80%ae%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%95%e1%80%90%e1%80%ba%e1%80%9e%e1%80%80/
သင့်ကလေးကို အစိုးရိမ်လွန်ပြီး အကာအကွယ်ပေးနေမိပြီလား။
ကလေးတွေထိခိုက်နစ်နာမှာ၊ တစ်ခုခုလွဲချော်သွားမှာကိုမိဘသဘာဝ စိုးရိမ်တတ်တာ ထုံးစံပါ။ ဒါကြောင့် ကလေးတစ်ခုခု ထိခိုက်နစ်နာမယ့် ကိစ္စဆို မိဘတွေက ကြိုမြင်ပြီး ကြိုကာပေးတာပေါ့။ အတိုင်းအတာတစ်ခုထိဆိုရင်တော့ ကောင်းပေမယ့် လွန်လွန်ကဲကဲတွေ ဖြစ်လာရင်တော့ ကလေးကို ချစ်တာထက် နှစ်တဲ့ဘက်ကို ပိုရောက်သွားပါလိမ့်မယ်။ဒီလိုမိဘမျိုးတွေကိုတော့ overprotective မိဘတွေလို့ ခေါ်ပြီး ဒီလိုထိန်းကျောင်းပုံကိုတော့helicopteringလုပ်တယ်၊ နောက်ကနေ တကောက်ကောက် လိုက်ကြည့်နေတယ်လို့ ခေါ်ပါတယ်။ကလေးကို အန္တရာယ်မဖြစ်အောင် စောင့်ရှောက်တာနဲ့ အလွန်အကျူး ကာကွယ်ပေးတာက မတူပါဘူး။ အလွန်အကျူး ကာကွယ်ပေးနေတယ်ဆိုတာက။ကလေးက သူ့ကိုယ်နဲ့ မေမေ့စိတ်ဖြစ်နေတာပေါ့။ မေမေ ခိုင်းတဲ့အတိုင်းပြော၊ မေမေဆုံးဖြတ်တဲ့ အတိုင်းလုပ်၊ မေမေ တွေးခိုင်းတဲ့အတွေးအတိုင်းတွေး အရာအားလုံးက မေမေ့သဘောကျပါပဲ။ ကျေနပ်စရာကောင်းတယ်လို့ ထင်ရပေမယ့် ရေရှည်မှာ ကလေးရဲ့ တိုးတက်မှုကို အများကြီးထိခိုက်သွားနိုင်တယ် မေမေရေ။ ဒီလိုမေမေက အစစအရာရာ ထိန်းချုပ်ထားတဲ့အခါကျတော့။သူများကလေးတွေများ သွက်လက်နေတာပဲ၊ လူလည်းမကြောက်ဘူးနော်။ အိမ်ကကလေးက တစ်ခုခုဆို မလုပ်ရဲ မကိုင်ရဲနဲ့လို့မေမေတို့ မချိတင်ကဲ ဖြစ်နေပြီဆို ငါများ အလွန်အကျူး ထိန်းချုပ်နေမိလို့လားလို့ ပြန်စဉ်းစားကြည့်ပါ။ ဟုတ်တယ်ဆိုရင် အောက်က နည်းလမ်းလေးတွေနဲ့ ပြင်လို့ အချိန်မီပါသေးတယ် မေမေတို့။ကလေးက စက်ဘီးစီးလို့ မှောက်နိုင်တာက အန္တရာယ်ရှိတာပါ။ မဖြစ်ချင်ဘူးဆို အကာအကွယ်ဝတ်ပေးလိုက်ရင် ရပါတယ်။ စက်ဘီးမစီးနဲ့လို့ တားစရာမလိုပါဘူး။ဟိုဟာမလုပ်နဲ့၊ ဒီဟာမလုပ်နဲ့လို့ တားမယ့်အစား ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ဘယ်လိုကာကွယ်နိုင်မလဲလို့ စဉ်းစားပါ။ အပြင်ထွက်လို့ လူဆိုးကြီး ဖမ်းမယ်ဆိုတာထက် ဘယ်သူခေါ်ခေါ်မလိုက်ရဘူးနော်လို့ သင်ထားတာ ပိုမကောင်းဘူးလား။ကလေးဆိုတာ ဆော့ရင်း ပြုရင်း ခိုက်မိတတ်တာပါပဲ။ မဆော့ပါနဲ့လို့ ပြောထားတာ ခုတော့ ဖြစ်ပြီမလားလို့ မဆူလိုက်ပါနဲ့။ ကလေးထက် မေမေက ပိုနာတာကို သိပါတယ်။ ဒါပေမယ့်လည်း စိတ်လျှော့လိုက်ပါ။ ကလေးက နောက်တစ်ခါ မထိခိုက်အောင် ကာကွယ်တတ်သွားပါပြီ။ခိုင်းပေးပါဆိုတာ သူတို့အတွက်ပါ။ အနည်းဆုံးတော့ အသက်အလိုက် လုပ်နိုင်တာလေးတွေ လုပ်တတ်ရမယ်လေ။ အိပ်ရာသိမ်းတာ၊ ပန်းကန်ဆေးတာ၊ အိမ်အလုပ်တွေ နိုင်သလောက် ဝိုင်းကူတာကို ခွင့်ပြုလိုက်ပါ။ သူတို့ကို သူတို့ တာဝန်ယူစိတ်ဖြစ်လာပြီး မှီခိုချင်တဲ့စိတ် နည်းသွားပါလိမ့်မယ်။မြေကြီးတွေမကိုင်နဲ့လေ။ သန်ထိုးတော့မှာပဲလို့ ပြောမယ့်အစား ကစားပြီးရင် လက်သေချာဆေးပေးလိုက်ပါ။ ကလေးတွေကို သဘာဝတရားကြီးနဲ့ များများထိတွေ့ပါစေ။ ဒါမှ သူတို့ရဲ့ စူးစမ်းလိုစိတ်တွေ၊ စိတ်ကူးစိတ်သန်းတွေပိုကောင်းလာမှာပါ။ကလေး ပထမဆုံး ကျောင်းစတက်တဲ့နေ့ဆို ငါ့ကလေးကို ဘယ်သူများ အနိုင်ကျင့်နေမလဲ၊ ထမင်းရော စားပါ့မလားဆိုပြီး စိုးရိမ်နေတယ်ဟုတ်။ မေမေစိုးရိမ်သလောက်လည်း မဟုတ်သေးပါဘူး။ မေမေ့ကလေးက မေမေထင်ထားတာထက် အများကြီးထက်မြက်တာကြောင့် မေမေစိုးရိမ်တာတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။မေမေ့ကလေးတွေက တစ်နေ့ကျရင် လူကြီးတွေ ဖြစ်လာမှာပါ။ သူတို့လူကြီး ဖြစ်လာတဲ့အခါ သတ္တိရှိရှိ ထက်ထက်မြက်မြက် လူကြီးဖြစ်လာမှာလား။ လူကြားထဲမှာ မပြောရဲ မဆိုရဲတဲ့ လူကြီးဖြစ်လာမှာလားဆိုတာမေမေ့ထိန်းကျောင်းမှုအပေါ်မှာ မူတည်နေပါတယ်။ ဒါကြောင့် မေမေတို့ အစိုးရိမ်လွန်တာလေးတွေ လျှော့ပြီး ကလေးတွေကို လွတ်လပ်ခွင့်နည်းနည်းပိုပေးလိုက်ပါလား။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/%e1%80%9e%e1%80%84%e1%80%ba%e1%80%b7%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ad%e1%80%99%e1%80%ba%e1%80%9c%e1%80%bd/
ပလတ်စတစ်ဟာ ဘာ‌ကြောင့် အန္တရာယ်ရှိတာလဲ
ပလတ်စတစ်တွေရဲ့ သက်တမ်းဟာ အလွန်ကြာရှည်ပါတယ်။    ။ လူသားတွေသုံးစွဲနေကြတဲ့ ပလတ်စတစ်တွေ ပျက်စီးဖို့ နှစ်ပေါင်းများစွာကြာပါတယ်။ (၃၃) ရာခိုင်နှုန်းသော ပလတ်စတစ်အသုံးအဆောင်တွေ (ဥပမာ-ရေသန့်ဘူး၊ ပလတ်စတစ်အိတ်နဲ့ ပိုက် စတဲ့ အရာတွေ)ကို တစ်ခါသုံးပြီးတာနဲ့ လွှင့်ပစ်လိုက်ကြပါတယ်။ ပလတ်စတစ်ဟာ သဘာဝအတိုင်း ပျက်စီးဖို့ရန် အလွန့်အလွန်ကြာပါတယ်။ ပြိုကွဲပျက်စီးခဲ့သည့်တိုင် ပလတ်စတစ်ဒြပ်ပေါင်း အပိုင်းအစလေးတွေအဖြစ် ကျန်ရှိနေဦးမှာပါ။လူတွေရဲ့ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။ပလတ်စတစ်အသုံးအဆောင်တွေက နေထွက်လာတဲ့ အဆိပ်အတောက်ဓာတုပစ္စည်းတွေကိုလူတွေရဲ့ သွေးကြောနဲ့ တစ်ရှူးတွေမှာ စမ်းသပ်တွေ့ရှိနိုင်ပါတယ်။ ပလတ်စတစ်ရေသန့်ဘူးတွေ၊ ပလတ်စတစ်အိတ်တွေနဲ့ ပူလောင်နေတဲ့ စားစရာတွေကို သယ်ဆောင်တဲ့ အခါမှာ ပလတ်စတစ်က စိမ့်ထွက်လာတဲ့ဓာတုပစ္စည်းတွေဟာ လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာပါတယ်။ ဒီလိုအဆိပ်အတောက်တွေကြောင့် ကင်ဆာရောဂါ၊ မွေးရာပါချို့တဲ့မှုတွေ၊ ကိုယ်လက်အင်္ဂါမစုံမှုတွေ၊ ကိုယ်ခံအားကျဆင်းမှုတွေ၊ ဟော်မုန်းဆိုင်ရာပျက်စီးမှုတွေနဲ့ အစာလမ်းကြောင်းတလျှောက် ပျက်စီးမှုတွေ ဖြစ်လာနိုင်ပါတယ်။ရေအောက်ရေအရင်းအမြစ်ကိုပျက်စီးစေပါတယ်။မြောင်းတွေကတစ်ဆင့် လွှင့်ပစ်ခဲ့ကြတဲ့ ပလတ်စတစ်အမှိုက်တွေဟာ မြစ်ချောင်းကန်နဲ့ပင်လယ်ထဲထိ စီးဆင်းသွားကြပြီး ရေအရင်းအမြစ်ကို ထိခိုက် စေပါတယ်။ပလတ်စတစ်ဟာတခြားညစ်ညမ်းပစ္စည်းတွေကိုလည်းဆွဲဆောင်ပါတယ်။ပလတ်စတစ်မှာ ပါဝင်တဲ့ ဒြပ်မှုန်တွေဟာ ရေကိုတွန်းကန်လိုက်ပြီး တခြားတခြားသော ဆီများနဲ့ ဖုံးလွှမ်းနေတဲ့ အဆိပ် တွေကို ဆွဲငင်နိုင်ပါတယ်။ ပလတ်စတစ်အချင်းချင်းလည်း စုပုံပေါင်းစည်းနိုင်ပါတယ်။ သမုဒ္ဒရာတွေမှာ ပလတ်စတစ်တွေစုပုံနေရတဲ့အကြောင်းရင်းပါပဲ။တောရိုင်းတိရစ္ဆာန်တွေကိုလည်း အန္တရာယ်ဖြစ်စေပါတယ်။တောရိုင်းသတ္တဝါတွေဟာ ပလတ်စတစ်ကို အစာနဲ့မှားပြီး စားတတ်ကြသလို သူတို့ရဲ့သားသမီးတွေကိုလည်း မှားယွင်းစွာ ကျွေးတတ်ကြတာကြောင့် သေဆုံးပျက်စီးကြရပါတယ်။ပတ်ဝန်းကျင်ညစ်ညမ်းစေပါတယ်။အမေရိကန်နိုင်ငံမှာ တစ်နှစ်အတွင်း ပလတ်စတစ် တန်(၃၀)ကျော် စွန့်ပစ်ရလေ့ရှိပါတယ်။ သန်း (၃၀)ထဲကမှ (၈)သန်းလောက်ကိုသာ ပြန်လည်သုံးစွဲ နိုင်ပါတယ်။ ကျန် (၂၂)သန်းကျော်ကတော့ ပင်လယ်၊ သမုဒ္ဒရာတွေထဲမှ စုံပုံသွားပါတယ်။ကမ္ဘာ့စီးပွားရေးကိုပျက်စီးစေပါတယ်။ကမ္ဘာ့ခရီးသွားလုပ်ငန်း၊ အပန်းဖြေနိုင်တဲ့လှပတဲ့နေရာ တွေ၊ စီးပွားရေး၊ လူ့ကျန်းမာရေး၊ တောရိုင်းသတ္တဝါတွေ၊ ငှက်တွေနဲ့ ပင်လယ်သတ္တဝါတွေကို အမျိုးမျိုး ထိခိုက်စေပါတယ်။ ဒါဟာ ကမ္ဘာ့စီးပွားရေးစနစ်ကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ခြင်း အားဖြင့်သော်လည်းကောင်း ပျက်စီးစေနိုင်ပါတယ်။စတိုးဆိုင်တွေSupermarketတွေ သွားတော့မယ်ဆိုပြင်ဆင်ပါ။ဘယ်လိုပြင်ဆင်ရမလဲ။ပြန်အသုံးပြုနိုင်တဲ့ အိတ်တွေယူသွားပါ။ စတိုးဆိုင်မှ မဟုတ်ပါဘူး။ အစားအသောက်ဆိုင်တွေ သွားရင် ဘယ်ဆိုင်ဖြစ်ဖြစ် (ဥပမာ – မုန့်ဟင်းခါးဆိုင် ၊ မုန့်တီဆိုင်) စတဲ့ဆိုင်တွေသွားရင် ဟင်းချိုထည့်ဖို့ရန် ချိုင့်ဖြစ်စေ၊ ခွက်ဖြစ်စေ ယူသွားပါ။ ပလတ်စတစ်အိတ်ကို တတ်နိုင်သမျှငြင်းပါ။ ပလတ်စတစ်ခွက်တွေ ပန်းကန်တွေကို တတ်နိုင်သမျှရှောင်ပြီး ဖန်ခွက်တွေနဲ့အစားထိုးပါ။ ပေါင်မုန့်ဝယ်မယ်ဆိုင်ရင်လည်း ပလတ်စတစ်အစား စက္ကူအိတ်ကိုလည်း အစားထိုး အသုံးပြုနိုင်ပါတယ်။သင့်ရဲ့နေထိုင်မှုပုံစံကိုပြောင်းလဲလိုက်ပါ။အပြင်သွားရင်းနဲ့ ရေသန့်ဘူးဝယ်သောက်နေမယ့်အစား ရေဘူးထည့်သွားပါ။ စတီးနဲ့ လုပ်ထားတဲ့ သင့်ရဲ့ကိုယ်ပိုင်ရေဘူးကို ဆိုလိုတာပါ။ ဒါဆိုရင်တော့ သင့်အလုပ်ထဲကဖြစ်စေ၊ ကျောင်းထဲ ကဖြစ်စေ ရှိတဲ့ရေစင်တွေ၊ water cooler တွေကနေ အလွယ်တကူဖြည့်နိုင်မှာပါ။ ကော်ဖီဆိုင်တွေကို သွားရင်လည်း ကိုယ်ပိုင်ခွက်ယူသွားပါ။ ပလတ်စတစ်ပိုက်အသုံးပြုခြင်းကို တတ်နိုင်သမျှရှောင်ပါ။ မုန့်စားရင်လည်း မိမိကိုယ်ပိုင် ပန်းကန်၊ ထမင်းဘူးစတဲ့အရာ တွေနဲ့သာထည့်စားပါ။ အလှအပနဲ့တစ်ကိုယ်ရေအသုံးအဆောင်တွေမှာလည်း ပလတ်စတစ်ကင်းစင်ပစ္စည်းတွေသုံးပါ။ ပလတ်စတစ်ဘူးတွေနဲ့ ထည့်ထားတဲ့ဆပ်ပြာရည်တွေအစား ဆပ်ပြာခဲကိုသာသုံးပါ။ အလှအပ (Cosmetic) တွေကိုလည်း သဘာဝထုတ်ကုန်တွေနဲ့ ထုတ်လုပ်ထားတာတွေပဲသုံးပါ။ ဖန်ပုလင်းနဲ့ထည့်ထားတဲ့ထုတ်ကုန်တွေကိုသာ ဝယ်ယူပါ။ လစဉ်သုံး အမျိုးသမီးအသုံးအဆောင်တွေကိုလည်း ပြန်လည်အသုံးပြုနိုင်တဲ့ menstrual Cup လို အရာမျိုးကို ပိုသုံးပေးပါ။သင့်ဗီရိုကိုပြန်လည်ဆန်းစစ်ပါ။လူတွေတုပပြုလုပ်ထားတဲ့ချည်မျှင်တွေနဲ့ ပြုလုပ်ထားတဲ့ အဝတ်အစားတွေအစား သဘာဝချည်မျှင်တွေ၊ သိုးမွှေးထည်တွေကိုသာ ဝတ်ဆင်ပါ။ အနောက်တိုင်းနိုင်ငံတွေမှာဆိုအဝတ်အစားအသစ်ဝယ်မယ့်အစား (Second hand) တစ်ပတ်ရစ် အဝတ်အစားတွေကိုသာ ဝယ်ယူအသုံးပြုဖို့အထိ ပြောထားကြပါတယ်။ဒီလိုအစားထိုးနေထိုင် စားသောက်မှုတွေနဲ့ ပလတ်စတစ်သုံးစွဲမှုကို လျှော့ချလိုက်ရအောင်နော်။ရေးသားသူ-ဒေါက်တာမှူးခင်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါ ရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%95%e1%80%9c%e1%80%90%e1%80%ba%e1%80%85%e1%80%90%e1%80%85%e1%80%ba%e1%80%9f%e1%80%ac-%e1%80%98%e1%80%ac%e2%80%8c%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%a1%e1%80%94/
ပြင်းထန်ဆိုးရွားတဲ့ ရောဂါပိုးတွေရန်ကနေ ကာကွယ်ပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်း
ရောဂါပိုးတွေရန်ကနေ ဘယ်လိုကာကွယ်မလဲ? ဒီမေးခွန်းကို လူတိုင်း ဖြေတတ်မှာပဲပေါ့။ကိုယ်ခံအားကောင်းအောင် နေပါလို့လေ။ဒါပေမယ့် အဲဒီ ကိုယ်ခံအားကောင်းအောင် ဘာလုပ်ရမှာလဲ ရော သေချာသိကြပြီးပြီလား။ကိုယ်ခံအားကောင်းစေဖို့ ဂရုစိုက်ပေးရမယ့် အချက်တွေ ရှိနေပါတယ်နော်။ ဒါတွေကို မမေ့မလျော့ ထိန်းသိမ်းမှသာ ကိုယ်ခံအားစနစ် ကျန်းမာပြီး ရောဂါပိုးတွေကို ခုခံနိုင်မှာပါ။ဘယ်အချက်တွေလဲ ဆိုတာ ဆက်ပြီး ကြည့်ရအောင်…။လက်ကို ရေဆွတ်ရုံဆေးတာမျိုး မဟုတ်ဘဲ ဆပ်ပြာနဲ့ သေချာသန့်စင်ပြီး ဆေးကြောသင့်ပါတယ်။ လက်ကို လက်ဖဝါးအပြင် လက်ချောင်းကြား၊ လက်သည်း၊ လက်ဖနောင့်၊ လက်ကောက်ဝတ်အထိ ဆပ်ပြာနဲ့ စက္ကန့် ၂၀ လောက်ကြာအောင် သေချာပွတ်တိုက်ပြီး ဆေးကြောပါ။ဒါမှမဟုတ်လက်သန့်ဆေးရည်နဲ့ အထက်ပါအတိုင်း ပွတ်သပ်သန့်စင်ပါ။အစာမစားခင်၊ အစားအသောက်တွေကို မကိုင်တွယ်ခင် လက်ဆေးပါ။ အိမ်သာက ထွက်ရင် လက်ဆေးပါ၊ အမှိုက်တွေ ကိုင်ပြီးရင် လက်ဆေးပါ။ နေမကောင်းသူ နဲ့တွေ့ပြီးရင် လက်ဆေးပါ။အိမ်မွေးတိရစ္ဆာန်ကို ကိုင်တွယ်ပြီးရင် လက်ဆေးပါ။အိပ်ရေးပျက်ရင် ကိုယ်ခံအား နည်းစေပြီး ခန္ဓာကိုယ်ရဲ့တစ်နေ့တာ လုပ်ဆောင်ချက် တွေမှာ ဆုတ်ယုတ်မှုတွေ ရှိလာစေနိုင်ပါတယ်။ တော်တန်ရုံ ရောဂါမဖြစ်ဘဲ ကိုယ်ခံအားကောင်းနေချင်ရင် တစ်နေ့ကို အိပ်ချိန် ၆ နာရီကနေ ၈ နာရီအတွင်းရှိဖို့လိုပါတယ်။ကိုယ်ခံအား တော့ ကောင်းချင်တယ် ရေတော့မှန်အောင် မချိုးဘူးဆိုရင် သိပ်မဟုတ်သေးဘူးနော်။ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိမှ ကိုယ်ခံအားစနစ်က ပိုးမွှားတွေကို အောင်နိုင်မှာပါ။ အရေပြားဆိုတာ ရောဂါပိုးမွှားတွေနဲ့ လူ့ခန္ဓာကိုယ်ကြားက အဟန့်အတားလေးတစ်ခုဖြစ်တာမို့ ကိုယ်ခံအားစနစ်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်နေလို့ပါပဲ။အရေးကြီးဆုံး အပိုင်းကို ရောက်လာပါပြီ။ ရှေ့ကပြောခဲ့တဲ့ အချက်တွေကို မေ့လို့မရသလို အဲဒီအချက်တွေပြည့်စုံပေမယ့် ဒီအာဟာရကို ပြည့်ဝအောင် မစားတတ်ရင် ကိုယ်ခံအား ကောင်းဖို့ ရည်ရွယ်ချက် မအောင်မြင်နိုင်ပါဘူး။ကျန်းမာတဲ့ စားသောက်ပုံ အာဟာရ မှာ –။ဒီအစားအစာ အုပ်စုတွေကို တစ်မျိုးတည်းလွန်ကဲတာမျိုးမဟုတ်ဘဲ အစုံအလင်ကို ညီညီမျှမျှ စားသုံးရပါမယ်။ ပြုပြင်စီမံထားတာတွေ၊အသင့်စားတွေ၊ ကျန်းမာရေးနဲ့မညီတာတွေ၊ မသန့်ရှင်းတာတွေ၊ တာရှည်ခံဓာတုပစ္စည်းပါနေတာတွေ မစားမိဖို့ သတိထားပါ။အစားနည်းသူ၊ အာဟာရမလုံလောက်သူ၊အသက်ကြီးသူတွေအတွက်တော့ဖြည့်စွက်အာဟာရမှုန့်တွေ ရဲ့အကူအညီ လိုအပ်နိုင်ပါတယ်။ သူတို့က ခန္ဓာကိုယ်အတွက် လိုအပ်မယ့် မရှိမဖြစ်ဗီတာမင်တွေအပြင် အသားဓာတ်၊ အမျှင်ဓာတ်၊ ကယ်လ်စီယမ် စတဲ့ အာဟာရတွေကို ကူပြီး အားဖြည့်ပေးပါလိမ့်မယ်။ ညီညွတ်မျှတတဲ့ အာဟာရကို အချိုးအစားကျကျ သောက်လို့ရတာမို့ ဒီလူတွေအတွက် ပိုအဆင်ပြေပါတယ်။Tension လို့ပြောကြတဲ့ စိတ်ရဲ့တင်းအားတွေကို ဖြေလျှော့ဖို့ ကြိုးစားပါ၊ အဲဒီကနေ စိတ်ဖိစီးမှုတွေ ဖြစ်လာနိုင်လို့ပါ။စိတ်ဖိစီးစေတဲ့အရာတွေကို ဖြေဖျောက်ဖို့ကြိုးစားပါ။ စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်မှာထွက်လာတဲ့ကော်တီဆောဟော်မုန်းက ကြာလာရင် အစားအသောက်မူမမှန်တာ၊ အအိပ်မမှန်တာ စတဲ့ဆိုးကျိုးတွေနဲ့ ခန္ဓာကိုယ်ကိုပါ ဖိစီးလာပြီး ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ဒီလောက်ဆို ကိုယ်ခံအားစနစ်ကို ဘယ်လိုကျန်းမာအောင်၊ အားကောင်းအောင် စောင့်ရှောက်ရမလဲ သိလောက်ပြီပေါ့နော်။ ရောဂါကင်းဝေး ကျန်းမာစေဖို့ ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ကြရအောင်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/staying-healthy-how-to-prevent-infections/
တစ်နေ့တာ စားသုံးမှုမှာ သစ်သီးပါအောင် စားပေးသင့်တဲ့ အကြောင်းအရင်း
လူတစ်ယောက်ရဲ့ကျန်းမာမှုအပေါ် သက်ရောက်နေတဲ့ အချက်တွေက အများကြီးပါ။ ဒီအချက်တွေထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးမှုက အရေးအပါဆုံး အချက်တွေထဲက တစ်ခုပေါ့။ ဒီတော့ တစ်နေ့တာ စားသုံးမှုမှာ သစ်သီးပါအောင် စားပေးသင့်တဲ့ အကြောင်းအရင်း က ဘာတွေများလဲဆိုတာကို ပြောပြပေးချင်ပါတယ်။။တစ်နေ့တာမှာ ကျန်းမာပြီး အာဟာရပြည့်စေဖို့ဆိုရင်။တစ်နေ့တာ စားသုံးမှုမှာ သစ်သီးပါအောင် စားပေးသင့်တဲ့ အကြောင်းအရင်း ကတော့ သစ်သီးတွေက အမျိုးအစား အရောင်အသွေးစုံလင်သလို ပါဝင်နေတဲ့ အာဟာရတွေကလည်း အမျိုးမျိုးပါပဲ။ သစ်သီးတွေက ဗီတာမင် နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်နေသလို ဗီတာမင် C၊ ပိုတက်စီယမ်၊ ဖောလိတ် တို့လိုမျိုး နေ့စဉ် လုံလောက်အောင် စားသုံးမိဖို့ ခက်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။နောက်တစ်ချက်က သစ်သီးတွေမှာ အစာခြေစနစ် အတွက် အရေးပါတဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အမျှင်ဓာတ် ကြွယ်ဝစွာ စားသုံးမှုက သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေနိုင်သလို အဆာခံစေနိုင်တာကြောင့် ဝိတ်ကျစေနိုင်ပါတယ်။ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝမှုက ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ ထိခိုက်ပျက်စီးမှု မရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ဝိတ်ကျချင်သူတွေ အနေနဲ့လည်း သစ်သီးလေးတွေကို အရသာရှိရှိစားရင်း ခန္ဓာကိုယ်ကအဆီပိုတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ အကြောင်းကတော့ သစ်သီးတွေက အာဟာရကြွယ်ဝပေမယ့် ကယ်လ်လိုရီ ပါဝင်မှုနည်းပြီး ရေဓာတ် နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေမှုက အဆာခံနိုင်စေဖို့ အကောင်းဆုံး အားဖြည့်ပေး နိုင်ပါတယ်။ သစ်သီးစားသုံးမှုက ကယ်လ်လိုရီ စားသုံးမှုကို တတ်နိုင်သမျှ လျှော့ချပေးနိုင်မှာပါ။ဝိတ်ကျစေဖို့ အားအဖြည့်ပေးနိုင်ဆုံး သစ်သီးတွေကိုပြောပါဆိုရင်တော့ လိမ္မော်သီး၊ ဂရိတ်ဖရုစ် တို့လိုမျိုးအမျှင်ဓာတ်ကဲပြီး အချဉ်ဓာတ် ပါဝင်နေတဲ့ အသီးတွေပေါ့။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်စွာနဲ့ ကိုယ်အလေးချိန်ကို လျှော့ချဖို့ဆိုရင် သစ်သီးစားပေးလို့ ရပါတယ်။လေ့လာမှုတွေအရ နေ့စဉ်စားသုံးမှုမှာ သစ်သီးပါဝင်အောင် စားသုံးပေးတာက ကင်ဆာ၊ ဆီးချိုနဲ့ နှလုံးရောဂါ အပါအဝင် ပြင်းထန်တဲ့ရောဂါတွေမဖြစ်အောင် ကာကွယ်ရာ ရောက်ပါတယ်။ နေ့စဉ် သစ်သီးစားသုံးပေးတာက နှလုံးရောဂါ ဖြစ်နိုင်ခြေကို ၇ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ စပျစ်သီး၊ ပန်းသီး နဲ့ ဘလူးဘယ်ရီသီးတွေ စားသုံးပေးမှုက အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။လိမ္မော်သီး၊ ဂရိတ်ဖရုစ်တို့လိုမျိုး အချဉ်ဓာတ်ပါတဲ့  အသီးတွေ စားသုံးပေးတာက ဆီးကျောက်တည်နိုင်ခြေကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ သစ်သီးတွေပုံမှန် စားသုံးမှုက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် နှလုံးရောဂါ အပါအဝင် နာတာရှည်ရောဂါ တော်တော်များများကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။လေဖြတ်နိုင်ခြေကိုလည်း နည်းစေနိုင်တာကြောင့် တစ်နေ့တာမှာ သစ်သီးကို မကြိုက်ရင်တောင် နည်းနည်းလောက် စားသုံးတာက အဆင်ပြေစေမှာ အသေအချာပါ။သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ ပုံမှန်စားသုံးတာက ဆီးချိုရောဂါ ခံစားနေရသူတွေမှာသွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။တစ်နေ့တာ ကျန်းမာစေဖို့ဆိုရင် သစ်သီးကို နည်းနည်းလောက်ဖြစ်ဖြစ်တော့ စားပေးဖို့ လိုပါမယ်။ တစ်နေ့မှာ စားသုံးသင့်တဲ့ သစ်သီးပမာဏက အနည်းဆုံးအနေနဲ့ ၄၀၀ ဂရမ် ဖြစ်ပြီး တစ်နေ့တာမှာ တစ်ခါပြင်စာ သစ်သီးကို ၅ ကြိမ်လောက်အထိ စားပေးလို့ရပါတယ်။ဒီလိုလေး ပုံမှန် စားသုံးပေးတာက ခန္ဓာကိုယ်မှာ ပြင်းထန်တဲ့ရောဂါတွေနာတာရှည်ရောဂါတွေဖြစ်မလာစေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။ဘာကြောင့် တစ်နေ့တာ စားသုံးမှုမှာ သစ်သီးပါအောင် စားသုံးပါလို့ ပြောရလဲဆိုတာကို သိကြပြီလား…. ကဲ..ဘယ်လိုလဲ….. နေ့စဉ် စားသုံးမှုမှာ သစ်သီးပါအောင် စားသုံးမယ် မဟုတ်လား Helloဆရာဝန် ပရိတ်သတ်ကြီးတို့ရေ……….။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/how-much-fruit-should-you-eat-per-day/
မေးလေ့မေးထရှိသော နှလုံးရောဂါနှင့် ကိုယ်ဝန်တို့ ဆက်စပ်သည့်အကြောင်း
နှလုံးရောဂါရှိသော အမျိုးသမီးများသည် ကိုယ်ဝန် မဆောင်နိုင်ပါဟု လွဲမှားသော အယူအဆများ ရှိကြပါသည်။ အမှန်မှာ ထိုရောဂါသည် ကိုယ်ဝန်ဆောင်ချိန်တွင်လည်း ထိန်းချုပ်နိုင်သော ရောဂါဖြစ်ပါသည်။ နှလုံးရောဂါသည် ကိုယ်ဝန်ဆောင်လျှင် သိသင့်သည်များကို ဖော်ပြပါမည်။ကိုယ်ဝန်ဆောင်ချိန်တွင် မိမိ၏နှလုံးသည် တခြားသော အစိတ်အပိုင်းများသို့ ပုံမှန်ထက် ၄ဝ ရာခိုင်နှုန်းပို၍ သွေးလွှတ်ပေးသည်။ ထို့ကြောင့် မိမိနှလုံးမှာ ပို၍ အလုပ်လုပ်ရသည်။ သွေးကြောများသည် လိုအပ်သော သွေးများကို ပို့လွှတ်ပေးရန် သူတို့၏ အပေါက်များကို ကျယ်လိုက်ကြသည်။ ထို့ကြောင့် သွေးပေါင်ကျရခြင်း ဖြစ်ပါသည်။ သွေးသည် ခဲလာနိုင်ပါသည်။ ထိုသည်မှာလည်း ကလေးမွေးစဉ်တွင် သွေးသွန်ခြင်းမှ ကာကွယ်ရန် သဘာဝ ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ ပုံမှန်နှလုံးမှာ ထိုကဲ့သို့ ဖြစ်စဉ်ကို ထိန်းနိုင်သော်လည်း ကိုယ်ဝန်ဆောင်စဉ် စိတ်ဖိစီးမှုမှာ အတော်ပင် များပါသည်။ဖြစ်နိုင်လျှင် ကြိုတင်ပြင်ဆင်ပါ။ မိမိသည် ကိုယ်ဝန်ဆောင်ရန် စိတ်ကူးရှိလျှင် ဆရာဝန်နှင့် တိုင်ပင်ထားပါ။ နှလုံးရောဂါရှင်များအဖို့ အဓိက စဉ်းစားသင့်သည်မှာ မိမိကိုယ်ဝန်ဆောင်စဉ်အတွင်း မိမိ၏နေ့စဉ် လုပ်ငန်းဆောင်တာများ လုပ်နိုင်၊ မလုပ်နိုင်ပင် ဖြစ်ပါသည်။ မိမိသည် ထိုလုပ်ငန်းဆောင်တာများကို လုပ်ကိုင်နိုင်လျှင် ကလေးမွေးရန် မခက်ခဲလှပါ။ သို့သော် မလုပ်ဆောင်နိုင်ပါက မိမိ၏ ဆရာဝန်သည် ကိုယ်ဝန်ဆောင်သင့်၊ မဆောင်သင့်ကို ပြောကြားပါလိမ့်မည်။အများစုမှာ နှလုံးရောဂါ ရှိသော်လည်း ကိုယ်ဝန်ဆောင်နိုင်ပါသည်။ သို့သော် အောက်ဖော်ပြပါ အချက်များရှိလျှင် ဂရုစိုက်ရပါမည်။• နှလုံးခုန်နှုန်း မြန်ခြင်း။• နှလုံးတွင် အက်သံကြားခြင်း။• သွေးတိုးရှိခြင်း။• အဆို့ရှင် မလုံခြင်းတို့ ဖြစ်ပါသည်။ထိုရောဂါများသည် ကိုယ်ဝန်ဆောင်ရန် လုံးဝမသင့်လျော်သော အချက်များ မဟုတ်သော်လည်း ဆရာဝန်နှင့် တိုင်ပင်ထားသင့်ပါသည်။ ထို့အပြင်။• အဆို့ရှင် အတုထည့်ခြင်း။• အဆို့ရှင် ကျဉ်းခြင်း။• နှလုံးကြွက်သားကြီးခြင်း။• နှလုံးကြွက်သားကျယ်ခြင်း။• ကလေးမမွေးမီ နှလုံးကြွက်သား ကျယ်ခြင်း။• နေ့စဉ် လုပ်ငန်းဆောင်တာများအထိ မလုပ်နိုင်သော နှလုံးရောဂါများမှာ ကိုယ်ဝန်မဆောင်သင့်သော ရောဂါများဖြစ်ပါသည်။တချို့သော နှလုံးရောဂါ အမျိုးအစားများမှာ ကိုယ်ဝန်လုံးဝ မဆောင်သင့်သော ရောဂါများ ဖြစ်ပါသည်။• ယခင်တွင် နှလုံးဖောက်ဖူးခြင်း။• နှလုံး အကန့်မပါခြင်းကြောင့် သွေးများ ပြောင်းပြန်စီး၍ သွေးပေါင်ချိန် တက်ခြင်း။• သွေးကြောမကြီးမှာ အဆမတန် ကျဉ်းခြင်းတို့ ဖြစ်ပါသည်။ကိုယ်ဝန်ဆောင်စဉ် သောက်သုံးသော ဆေးများသည် မိမိကလေးကို ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် ကောင်းကျိုးနှင့် ဆိုးကျိုးကို ယှဉ်တွဲကြည့်ရပါမည်။ သို့သော် နှလုံးရောဂါကို ထိန်းချုပ်ရန် လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်၍ ဆေးပမာဏချိန်ကာ သောက်သုံးနိုင်ပါသည်။ ညွှန်ကြားသည့်အတိုင်း သောက်သုံးရပါမည်။ မိမိကိုယ်တိုင် ဆေးပမာဏ ချိန်ညှိခြင်း မပြုလုပ်ပါနှင့်။မိမိကိုယ်ကို စောင့်ရှောက်ခြင်းသည် မိမိ ကလေးအတွက် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။• ပုံမှန်ဆေးစစ်ချက် ရယူပါ။• ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးသောက်ပါ။• သေချာစွာ အနားယူပါ။• ကိုယ်အလေးချိန် ထိန်းသိမ်းပါ။• စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပါ။• ဆေးလိပ် အရက်နှင့် တရားမဝင် ဆေးသုံးခြင်းမှ ရှောင်ကြဉ်ပါ။ထို့ကြောင့် မိမိ ကိုယ်ဝန်ဆောင် နေစဉ်အတွင်း ပြောင်းလဲမှုများကို လေ့လာပါ။ နှလုံးကြောင့် ကိုယ်ဝန်သည် အန္တရာယ် ဖြစ်နိုင်သော အခြေအနေမှာ လွန်စွာရှားပါးပါသည်။ နှလုံးရောဂါအတွက် အန္တရာယ်ရှိသော ကိုယ်ဝန်သည်များသည် ကိုယ်ဝန်မဆောင်မီမှ စတင်၍ ဆရာဝန်၏ အကြံဉာဏ်ကို ရယူပါ။ သေချာစွာဂရုစိုက်၍ ကျန်းမာသောကိုယ်ဝန်သည်ဖြစ်အောင် နေထိုင်ပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%80%b1%e1%80%99%e1%80%b8%e1%80%b1%e1%80%9c%e1%80%b7%e1%80%b1%e1%80%99%e1%80%b8%e1%80%91%e1%80%9b%e1%80%bd%e1%80%ad%e1%80%b1%e1%80%9e%e1%80%ac-%e1%82%8f%e1%80%bd%e1%80%9c%e1%80%af%e1%80%b6%e1%80%b8/
ငယ်ငယ်တုန်းက ကြားဖူးသလိုမျိုး သံစူးမှ မေးခိုင်ပိုးဝင်တာလား။ ။
ငယ်ငယ်တုန်းက ကြားဖူးနေကြ စကားလေးရှိပါတယ်။ ဆော့ရင်းပြုရင်း သံစူးမိတာ၊ သံခြစ်မိတာမျိုးတွေဖြစ်ခဲ့ရင် လူကြီးတွေက “အယ်သံစူးသွားပြီ၊ မေးခိုင်ပိုးတွေဝင်တော့မှာပဲ အနာကိုအရက်ပြန်ထည့်” ဆိုပြီး ပြောတတ်လေ့ရှိကြပါတယ်။ ကိုယ်တွေကလည်း ငယ်သေးတော့မေးခိုင်ပိုးဆိုတာ ဘာလဲ သေချာတောင် မသိဘဲနဲ့ ကြောက့်ခဲ့ရတာပါ။ မေးခိုင်ပိုးဆိုတာ ချိုကြီးနဲ့လား၊ အမြှီးရောပါလားပေါ့။ ခုဆောင်းပါးလေးကတော့ မေးခိုင်ပိုးဆိုတာ ဘာလဲ၊ ဘယ်ကနေ ဘယ်လိုကူးစက်တာလဲကို ခုထိရေရေရာရာ မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်။ ။မေးခိုင်ရောဂါဆိုတာကClostridium tetani လို့ခေါ်တဲ့ ဘက်တီးရီးယားကိုယ်ထဲဝင်ပြီး သူကနေထုတ်လွှတ်လိုက်တဲ့အဆိပ်တစ်မျိုးကြောင့်ဖြစ်လာရတာပါ။မေးခိုင်ရောဂါကပြင်းထန်တဲ့ဘက်တီးရီးယားကူးစက်ရောဂါတစ်မျိုးပါ။ ဒီဘက်တီးရီးယားကအာရုံကြောစနစ်ကို ထိခိုက်စေတာကြောင့်ကြွက်သားတွေနာကျင်တာ၊မေးရိုးနဲ့လည်ပင်းတလျှောက်ကကြွက်သားတွေတောင့်တင်းသွားတာမျိုးဖြစ်စေပါတယ်။ ဒီရောဂါပိုးကအပူဒဏ်နဲ့ ဓာတုဆေးတော်တော်များများကို ခံနိုင်စွမ်းရှိတာကြောင့် သူ့ကိုဖျက်စီးဖို့ခက်ပါတယ်။ မျက်နှာနဲ့လည်ပင်းကြွက်သားတွေကို အကြောဆွဲစေပြီး ပါးစပ်ဖွင့်လို့မရတဲ့အခြေအနေမျိုးတွေဖြစ်စေနိုင်တာကြောင့် သူ့ကို မေးခိုင်ပိုးလို့ခေါ်တာပါ။ မေးခိုင်ပိုးဆိုတာ သေချာ ကာကွယ်မထားရင် လူ့အသက်ဆုံးအောင်တောင် လုပ်နိုင်တဲ့ ရောဂါပိုးတစ်မျိုးပါ။မေးခိုင်ပိုးက ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီးချက်ချင်းကြီးတော့ လက္ခဏာမပြပါဘူး။ ၃ ရက် ကနေ တစ်ပတ်လောက်ကြာမှရောဂါလက္ခဏာစပြီးပြတတ်တာပါ။ အရေပြားပွန်းပဲ့တဲ့ဒဏ်ရာတွေကိုသေချာဂရုမစိုက်မှုကြောင့်မေးခိုင်ပိုးကိုယ်တွင်းဝင်ရောက်သွားတဲ့အခါမှာ –။သတိရှိနေပေမယ့် မေးခိုင်နေလို့ ပါးစပ်က ဘာဖြစ်နေတာလဲဆိုတာပြောလို့ကလည်းမရ၊ အသက်ရှူလို့ကလည်း မဝနဲ့ ဘယ်လောက်ခံရခက်လိုက်မလဲ စဉ်းစားသာကြည့်ပေတော့။မေးခိုင်ပိုးကြောင့် နောက်ဆက်တွဲဆက်ဖြစ်နိုင်တာတွေကတော့။ငယ်ငယ်က သိခဲ့သလိုသံစူးမှသာ မေးခိုင်ပိုးဝင်တာ မဟုတ်ပါဘူး။ အရေပြားပေါက်ပြဲသွားတဲ့ ထိခိုက်ဒဏ်ရာတွေရတိုင်း မေးခိုင်ပိုးကူးစက်နိုင်ပါတယ်။မြေကြီးတွေ၊ ဖုန်မှုန့်တွေ၊ ညစ်ပတ်တဲ့ရေတွေထဲမှာ မေးခိုင်ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေရှိနေတတ်ပါတယ်။ ဒီရောဂါပိုးတွေက သေချာမကာကွယ်ထားတဲ့ အနာတွေ၊ ဒဏ်ရာတွေကနေတဆင့် လူ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်ပါတယ်။အပေါ်မှာ မေးခိုင်ပိုးအကြောင်း ကုန်သလောက်ပြောပြပြီးဆိုတော့ မေးခိုင်ပိုး ကိုယ်ထဲဝင်လို့မရအောင် ကြိုတင်ကာကွယ်လို့ရတဲ့ နည်းတွေအကြောင်း ခုပြောပြပေးပါမယ်။ကိုယ့်ကို အနာတရဖြစ်စေတဲ့ အရာမှာ ဖုန်တွေပေနေတာ၊ သံချေးတွေတက်နေတာ၊ ညစ်ပေနေတာမျိုးဆို မေးခိုင်ပိုးဝင်နိုင်ချေ ပိုများပါတယ်။ အရမ်းနက်တဲ့ ဒဏ်ရာတွေ၊ ညစ်ပေနေတဲ့အရာတွေနဲ့ ထိုးစိုက်မိရာကနေဖြစ်လာတဲ့ ဒဏ်ရာတွေ၊သွေးသိပ်မထွက်တဲ့ဒဏ်ရာတွေ နဲ့အောက်ဆီဂျင်ရရှိမှုနည်းတဲ့ ဒဏ်ရာတွေမှာမေးခိုင်ပိုးတွေပေါက်ဖွားနေနိုင်ပါတယ်။ဒါကြောင့် ထိခိုက်ဒဏ်ရာ တစ်ခုခုရပြီဆို မေးခိုင်ရောဂါပိုး မဝင်အောင် ဒဏ်ရာကို သေချာဂရုစိုက်ဖို့၊ သန့်ရှင်းအောင်ထားဖို့နဲ့ ကာကွယ်ဆေးထိုးဖို့က သိပ်အရေးကြီးပါတယ်။ နောက်ထပ်မှာချင်တာ တစ်ခုကတော့ မေးခိုင်ပိုးက လူတစ်ယောက်ကနေနောက်တစ်ယောက်ဆီကို ကူးစက်တတ်တဲ့ရောဂါ မဟုတ်ပါဘူး။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/tetanus-injury/
ကလေးဝက်ခြံ ကို ဘယ်လိုဂရုစိုက်ပေးရမလဲ
ကလေးဝက်ခြံဆိုတာမွေးကင်းစ ရက်သားအရွယ်ကနေ လသားအရွယ်အတွင်းမှာဖြစ်လေ့ရှိတဲ့အရေပြားပြဿနာတစ်ခုဖြစ်ပါတယ်။ ကလေးဝက်ခြံကဖြစ်တတ်တဲ့သဘာဝတစ်ခုဖြစ်သလိုပျောက်ကင်းဖို့မြန်တာကြောင့် ကုသနည်းဆိုပြီးအထူးတလည်မလိုအပ်ပါဘူးလို့ ကလေးအထူးကုဆရာဝန်တွေကပြောကြပါတယ်။ ဒါပေမယ့် ကလေးရဲ့မျက်နှာအသားအရေက အရေးကြီးတာကြောင့်ပေါ့ဆဖို့လည်း မသင့်ပါဘူး။ဝက်ခြံက ပါးမှာအဖြစ်များပေမယ့် နဖူး၊မေးစေ့နဲ့ကျောမှာလည်းဖြစ်လေ့ရှိပါတယ်။ ကလေးက ပူအိုက်လာတဲ့အခါ ပိုသိသာလာတတ်ပြီး ကလေးရဲ့သွားရည်ကြောင့်ပိုဆိုးလာတတ်ပါတယ်။နို့ရည်ပေသွားတဲ့အခါ ဒါမှမဟုတ် အဝတ်အထည်ကကြမ်းတာ၊ ဆပ်ပြာအပြင်းစားနဲ့လျှော်ထားတာမျိုးဆိုရင်လည်းအရေပြားမှာ လက္ခဏာပိုဆိုးစေနိုင်ပါတယ်။ကလေးဝက်ခြံက လအတော်ကြာတဲ့အခါသူ့အလိုလိုပျောက်သွားလေ့ရှိတာကြောင့်ဆေးကုသစရာမလိုပေမယ့် ပုံမှန်ထက်ပိုတာရှည်နေပြီဆိုရင်တော့ ဆရာဝန်ပြသင့်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်မရှိဘဲနဲ့ ဆေးတွေ ကိုယ့်သဘောနဲ့ကိုယ် အလွယ်ဝယ်မသုံးပါနဲ့။ ကလေးရဲ့အရေပြားနုနုလေးကို ထိခိုက်မှုကြီးမားစေနိုင်လို့ပါ။ကလေးဝက်ခြံ ဖြစ်လာရင် ကလေးရဲ့အသားအရေကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာတော့ သိထားသင့်ပါတယ်။ ဒါမှဆေးကုစရာ၊ ဆရာဝန်ပြစရာမလိုဘဲ အိမ်မှာပဲ အလိုလိုပျောက်ကင်းသွားမှာပါ။ကလေးဆပ်ပြာအပျော့စား၊ ရေနွေးနွေးလေးနဲ့နေ့တိုင်းမျက်နှာသစ်ပေးပါ။ တစ်နေ့တစ်ကြိမ်ထက်တော့ ပိုမသစ်ပါနဲ့။ မျက်နှာသစ်တာများလွန်းရင် အခြေအနေပိုဆိုးစေနိုင်ပြီး အဆီဂလင်းတွေ ပိုအလုပ်လုပ်ကာ ဝက်ခြံပိုဖြစ်စေနိုင်လို့ပါ။ကလေးရဲ့အရေပြားကိုခြောက်သွေ့အောင် အဝတ်နုနုနဲ့တို့သုတ်ပါ။ မပွတ်သုတ်မိဖို့ သတိထားပါ။ဒီလိုလုပ်ရင် အခြေအနေပိုဆိုးစေနိုင်တဲ့အပြင်ရောဂါပိုးပါဝင်စေနိုင်ပါတယ်။ ဘယ်လိုအကြောင်းပြချက်နဲ့မှ ကလေးရဲ့ဝက်ခြံဖုလေးတွေကို ညှစ်ပစ်ဖို့မကြိုးစားပါနဲ့။ အထောက်အကူမဖြစ်စေတဲ့အပြင် ထိခိုက်စေနိုင်မှာကသေချာနေလို့ပါ။ကလေးရဲ့မျက်နှာကို အဆီများတဲ့ လိုးရှင်းတွေလူးမပေးပါနဲ့။ မျက်နှာကို အထူးသဖြင့် ဝက်ခြံတွေရှိတဲ့ဧရိယာတွေမှာ ဘာလိုးရှင်းမှမလိမ်းပေးပါနဲ့။ ပိုဆိုးစေနိုင်ပါတယ်။ကလေးအရေပြားအတွက်ကို ဆေးဆိုင်ကနေ အလွယ်တကူဝယ်မသုံးပါနဲ့။ လူကြီးတွေအတွက်ထုတ်လုပ်ထားတဲ့ ဝက်ခြံပျောက်ဆေးတွေ ဝယ်မလိမ်းပါနဲ့။ လူကြီးဝက်ခြံအတွက်ဆေးတွေက ကလေးရဲ့နုနယ်တဲ့အရေပြားအတွက် အရမ်းပြင်းနေပါလိမ့်မယ်။ကလေးတွေမှာဖြစ်တဲ့ဝက်ခြံက ရက်သီတင်းပတ်အနည်းငယ်ကနေ လပိုင်းအတွင်း အထူးတလည်ဆေးကုသစရာမလိုဘဲပျောက်ကင်းသွားလေ့ရှိပါတယ်။ ကြည့်ရတာ ဝက်ခြံများနေတယ်ဆိုရင်တောင်မှ ကလေးကို ထိခိုက်နာကျင်စေတာ၊နေရခက်စေတာမျိုးကဖြစ်ခဲပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ စိတ်မလောပါနဲ့။ အပေါ်ကအချက်လေးတွေအတိုင်း လိုက်နာရင်းနဲ့ စိတ်ရှည်ရှည်ဂရုစိုက်ပေးရုံနဲ့ သက်သာမှာပါ။ တကယ်လို့ ကလေးမှာ နာကျင်တဲ့လက္ခဏာတွေ့လာရတယ်ဆိုရင်တော့ ဆရာဝန်ပြပြီး ကုသမှုခံယူပါ။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/skin-diseases-in-children/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%9d%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%b6/
ပိန်ချင်ယောင်ဆောင်ပြီး အဆီဖုံးနေပြီလား
ပိန်ချင်ယောင်ဆောင်ပြီး အဆီဖုံးနေပြီလား ……. တချို့လူတွေက လူပုံကပိန်ပိန်ပါးပါးရယ်။ မှန်ထဲမှာ ကြည့်ကြည့် ကိုယ်အလေးချိန် ချိန်ကြည့်ကြည့် ဝတယ်လို့ ထင်စရာမရှိတတ်ဘူး။ ဒါကြောင့်မို့ ကိုယ့်ကိုယ်ကို ကံကောင်းလှပြီ။ အဆင်ပြေနေပြီလို့ ထင်ချင်ထင်ရနိုင်တယ်။ဒါပေမယ့် ဒီအချက်တွေဟာကိုယ်အလေးချိန်ဆိုင်ရာ ပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ညွှန်းဆိုနိုင်တယ်ဆိုတာ သင်သိရဲ့လား။ တခါတလေမှာ ကိုယ်က ပိန်နေပေမယ့် ကျန်းမာရေးနဲ့ မကိုက်ညီသူ၊ အဝလွန်နေသူဖြစ်နိုင်ပါတယ်။တစ်ခါတစ်လေမှာ ကိုယ်က ပိန်နေပေမယ့် Skinny-fat တစ်ယောက်ဖြစ်နေနိုင်တာကို သတိထားသင့်ပါတယ်။ Skinny-fat ဆိုတာက ကိုယ်အလေးချိန် မမြင့်မားပေမယ့် ကိုယ်တွင်းမှာ အဆီပမာဏ များပြားနေသူမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ သာမန်ကိုယ်အလေးချိန်ရှိတဲ့လူ ၄ ဦးမှာ ၁ ဦးက Skinny-fat ဖြစ်နေတယ်လို့ UC Davis Health System ရဲ့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ဒီလို Skinny-fat ဖြစ်နေပြီဆိုရင် သွေးတွင်း ဖိအားနှုန်းမြင့်မားတာ၊ သွေးတွင်း သကြားပမာဏများပြားတာတွေ ဖြစ်နိုင်ပြီး ဇီဝကမ္မဖြစ်စဉ်တစ်ခုလုံးဟာ ပုံမှန်အဝလွန်နေသူတွေလိုပဲ ဖြစ်ပျက်နေမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့တွေဟာ ဆီးချိုရောဂါဖြစ်နိုင်ခြေ မြင့်မားသလို နှလုံးသွေးကြောနဲ့ သက်ဆိုင်တဲ့ ဝေဒနာတွေလည်း ဖြစ်နိုင်ခြေ မြင့်မားလှပါတယ်။လူတစ်ယောက်ဟာ သာမန်ကိုယ်အလေးချိန်မျိုး၊ သာမန် ခန္ဓာကိုယ်မျိုးသာ ပိုင်ဆိုင်ထားပေမယ့် Skinny-fat ဖြစ်နေနိုင်တယ်ဆိုတာကို အောက်က အချက် ၅ ချက်ကို ကြည့်ပြီးသိနိုင်မှာဖြစ်ပါတယ်။ခန္ဓာကိုယ် အရွယ်အစား အတူတူချင်း၊ ကိုယ်အလေးချိန် အတူတူချင်းဖြစ်ပေမယ့်လည်း Skinny-fat သမားတွေဟာ ကိုယ်အလေးချိန် မြင့်မားနေသူတွေ အဝလွန်နေသူတွေလိုပဲ လေ့ကျင့်ခန်းလို၊ အလုပ်ကြမ်းလိုအရာမျိုးတွေ ပြုလုပ်ချိန်တွေမှာ စောလျင်စွာ ပင်ပန်းတာ၊ နွမ်းနယ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဆီအများစုဟာ သွေးတွင်းနဲ့ ဗိုက်ဝန်းကျင်မှာသာ စုနေနိုင်တာမို့ တခြားသူတွေထက် ပိုပင်ပန်းရတာဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေရဲ့ အဆီတွေဟာ ခါးနဲ့ ဗိုက်တို့မှာ မသိမသာအနေအထားနဲ့ ရှိနေတာများပါတယ်။Skinny-fat ဖြစ်နေတဲ့ လူတွေဟာ ကိုယ်တွင်း အဆီပမာဏများပြားနေတတ်ပါတယ်။ သူတို့ရဲ့ ကြွက်သားထုထည်ဟာလည်း ကြီးမားခြင်းမရှိတတ်တာမို့ လေ့ကျင့်ခန်းတွေ ပြုလုပ်ရာမှာ အခက်အခဲတွေ ပိုမိုကြုံရနိုင်ပါတယ်။ အထူးသဖြင့် ဒိုက်ထိုးတာလို လေ့ကျင့်ခန်းမျိုးတွေဟာ သူတို့အတွက် ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့်လည်း ကြိုးစားပြီး လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဂရုမစိုက်ဘဲ ဒီအတိုင်းနေမိမယ်ဆိုရင် အဝလွန်တဲ့သူတွေလိုမျိုး ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ဒီလို Skinny-fat ဖြစ်နေတာဟာ မိဘတွေဆီကနေ အမွေဆက်ခံလာတာလဲ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သွေးနီးတဲ့ ဆွေမျိုးတွေဆီကနေပေါ့။သွေးတိုး၊ ဆီးချို၊ သွေးတွင်းသကြားဓာတ်များတာ၊ကိုလက်စထရောများတာနဲ့ နှလုံးဝေဒနာတွေကိုလည်း လက်ဆင့်ကမ်းလာနိုင်တာကို သတိထားဖို့ လိုအပ်ပါတယ်။တကယ်လို့များ ကိုယ်က နေ့စဉ်ရက်ဆက်Fast Food တွေ၊ကျန်းမာရေးနဲ့ မသင့်တော်တဲ့ အစားအစာတွေကိုပဲ ပုံမှန်စားသောက်နေမယ်ဆိုရင်လည်း Skinny-fat အခြေအနေမျိုးကို ရောက်လာနိုင်ပါတယ်။ တချို့တွေက လူကောင်ထွားမလာပေမယ့် ကိုယ်တွင်းအဆီပမာဏတိုးလာတာမျိုး ကြုံရတတ်တာ ဒီလို အစားအသောက် မဆင်ခြင်တာကြောင့်ဖြစ်ပါတယ်။BMIသုံးပြီး ကိုယ့်ရဲ့ ဖြစ်သင့်တဲ့ ကိုယ်အလေးချိန်ကို တွက်ချက်လို့ရနိုင်ပေမယ့် လူတွေဟာ မျိုးနွယ်စုအလိုက်လည်း Skinny-fat ဖြစ်နိုင်တယ်လို့ လေ့လာချက်တွေကဆိုပါတယ်။ ဥပမာ တောင်အာရှဒေသအခြေစိုက် လူမျိုးတွေဟာ ကော့ကေးရှန်းဒေသက လူတွေနဲ့ BMI ခြင်းကွာဟချက် ကြီးကြီးမားမား ကွာဟချက် မရှိပေမယ့် အဆီပမာဏ ပိုများနေတာမျိုးဖြစ်ပါတယ်။Skinny-fat ဖြစ်နေပြီဆိုတာကို သိထားရင်လေ့ကျင့်ခန်းတွေ ကောင်းကောင်းလုပ်တာနဲ့ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေကို ဂရုတစိုက်စားသောက်တာမျိုးတွေ လုပ်ဖို့ လိုအပ်မှာဖြစ်ပြီးတော့ ကိုယ်တွင်း အဆီဓာတ်တွေ နည်းပါးသွားအောင် ဂရုတစိုက် နေထိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/signs-you-might-be-skinny-fat/
နှလုံးရောဂါကုသမှုများ- ဘဝကိုပြောင်းလဲပေးသော နည်းပညာသစ်များ ပေါ်ထွက်လာခြင်း
နှလုံးရောဂါများသည် ကမ္ဘာတစ်ဝှမ်းသေဆုံးမှုများကို ဖြစ်စေသောအကြောင်းရင်းများအနက် ထိပ်ဆုံးတွင်ပါဝင်သည်။ ယခုလက်ရှိတွင် လူပေါင်း ၅.၇သန်းနီးပါးသည် နှလုံးစွမ်းဆောင်ရည်ကျဆင်းသော ရောဂါ၏ ခြိမ်းခြောက်မှုကိုခံနေရသည်။ သို့သော် ၂၁ရာစုသည် နှလုံးအထူးကုပညာရပ်ဝန်းအတွက် ထူးဆန်း အံ့ဖွယ်များကို မျက်မြင်ပြသနေပေပြီ။ ခေတ်မီနည်းပညာ၏ အကူအညီဖြင့် သမားတော်များယခင်ကမဖြစ်နိုင် ဟုယူဆခဲ့သော နှလုံးရောဂါကုသမှုများကို ယခုပြုလုပ်နိုင်နေပြီ။ အောက်ဖော်ပြပါတို့သည် လူအများ၏နှလုံး များကို လင်းလက်စေခဲ့သော ပေါ်ထွန်းလာသော နည်းပညာသစ်အချို့ ဖြစ်ပါတယ်။နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း- နှစ်စဉ် အသက်ပေါင်း ၂၈၇,၀၀၀ ခန့်ကိုနှုတ်ယူနေသော အဓိက တရားခံအဖြစ်သိထားကြသည်။ တင်းကျပ်နေသောသွေးကြောများကြောင့် နှလုံးသည် ခန္ဓါကိုယ် အနှံ့အပြားသို့ သွေးများညှစ်ထုတ်ပေးရာတွင် ပြဿနာရှိနေလျှင် ဤအခြေအနေဖြစ်လာပြီး တဖြည်းဖြည်း ရပ်သွားနိုင်သည်။ ယမန်နှစ်က အမေရိကန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနမှ အန်ထရက်စတို (Entresto)ဟုခေါ်သော ဆေးသစ်တစ်မျိုးကို အသိအမှတ်ပြုပေးခဲ့သည်။ ၎င်းသည်နှလုံးကိုပျက်စီးစေသော အင်ဇိုင်းများကို တားဆီးပေးပြီး သွေးကြောများကျဉ်းခြင်းကို ကာကွယ်ပေးသော ဗယ်လ်ဆာတန် (valsarton)နှင့် ဆာကူဘီထရေးလ် (sacubitril) ဆေးနှစ်မျိုးကိုပေါင်းစပ်ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်း ဆေးသည် သေဆုံးမှုနှုန်းကို ၂၀ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်သည်ဟု သတင်းပေးပို့ထားကြသည်။ အဖြစ် များသည့် ဘေးထွက်ဆိုးကျိုးများမှာ သွေးပေါင်ကျခြင်း၊ ကျောက်ကပ်စွမ်းဆောင်ရည်ကျဆင်းခြင်းနှင့် သွေးထဲတွင် ပိုတက်ဆီယမ်ပမာဏများလာခြင်း တို့ဖြစ်သည်။ဆီးချိုရောဂါနှင့် နှလုံးရောဂါ- ဆီးချိုရောဂါသည် သွေးတွင်းသကြားဓါတ်များခြင်းကိုဖြစ်စေပြီး ခန္ဓါကိုယ်ရှိအင်္ဂါများကို ပျက်စီးစေသည်။ ဆီးချိုရောဂါရှိသည့် နှလုံးရောဂါဝေဒနာရှင်များသည် ဆီးချိုရောဂါ မရှိသူများထက် သေဆုံးနိုင်သည့်အန္တရာယ်ပိုများသည်။ EMPG-REG ဟုခေါ်သော ဆေးအသစ်တစ်မျိုးသည် ဆီးချိုရောဂါနှင့်ပတ်သက်သည့် ရုတ်တရက်နှလုံးထိခိုက်မှုနှင့် လေဖြတ်ခြင်းအန္တရာယ်များကိုလျှော့ချနိုင် သည်ဟုသိရသည်။ အကျိုးဆက်အားဖြင့် ၂၀၁၅ခုနှစ်တွင် ထုတ်ပြန်ခဲ့သော လေ့လာမှုတစ်ခုတွင် နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများကြောင့် သေဆုံးမှုသည် သုံးပုံတစ်ပုံခန့်လျော့ကျသွားသည်ဟု ဖော်ပြထား သည်။ ဘေးထွက်ဆိုးကျိုးများမှာ သွေးပေါင်ကျခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်းတို့ဖြစ်သည်။နှလုံးရောဂါရှိသူများသည် နှလုံးခုန်ခြင်းကို ထိန်းညှိ ပေးရန်နှလုံးနှိုးစက်များသုံးရန်ရွေးချယ်ရလေ့ရှိသည်။ ဤကိရိယာကို ခွဲစိတ်၍နှလုံးတွင်းသို့ထည့်ကာ ဝိုင်ယာကြိုးများဖြင့် နှလုံးနှင့်ချိတ်ဆက်ထားသည်။ သို့သော် သမားတော်များနှင့် လူနာများကဝိုင်ယာကြိုး များပြုတ်ထွက်သွားမည်ကိုလည်းကောင်း၊ ကိရိယာတွင်ပိုးဝင်မည်ကိုလည်းကောင်း စိုးရိမ်ကြသည်။ ကိရိယာ ၏အရွယ်အစားမှာလည်း မသေးငယ်လှသောကြောင့် အရေပြားတွင်ဖောင်းနေစေသည်။ဤစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် သင်၏လက်ချောင်းထိပ်လောက် အရွယ်အစားရှိသော သေးငယ်သည့်နှလုံးနှိုးစက်အသစ် ထွက်ပေါ်လာခဲ့သည်။ ဤသေးငယ်သောနှလုံးနှိုးစက် (Nanostim)ကို နှလုံးထဲသို့ သေးငယ်သောပြွန်ကို အသုံးပြု၍ ထည့်နိုင်သည်။ ၎င်း၏သေးငယ်လှသောပုံစံကြောင့် သင်၏ရင်ဘတ်ပေါ်တွင် စက်တစ်ခုကို သယ်ဆောင်ထားရသကဲ့သို့ ခံစားရတော့မည်မဟုတ်ပေ။ မကောင်းသည့်အချက်မှာ ၎င်းသည်ပြုတ်ထွက်နိုင် ပြီး နှလုံးကိုထိုးဖောက်သွားနိုင်သည်။ ထို့ပြင် နှလုံးအခန်းငယ်တစ်ခန်းထက်ပို၍ ၎င်းကိရိယာတပ်ရန်လိုအပ် နေသောလူနာများအတွက် မသင့်တော်ပါ။ ပိုမိုကောင်းမွန်သောရလဒ်များထွက်ပေါ်လာစေရန် သုတေသန များပြုလုပ်နေဆဲဖြစ်သည်။ယေဘုယျအားဖြင့် အဆို့ရှင်အစားထိုးကုသမှု ပြုလုပ်ရမည်ဆိုပါက နှလုံးဖွင့်ရသည့်ခွဲစိတ်မှုလိုအပ်သည်။ သို့သော် နှလုံးခွဲစိတ်မှုခံယူရန် အန္တရာယ်များ သောလူနာများအတွက် ဤသတင်းသည် သတင်းကောင်းဖြစ်သည်။ လူတစ်ဦး၏ရင်ဘတ်ကိုဖွင့်၍ ခွဲစိတ်စရာမလိုဘဲ ပင်မသွေးလွှတ်ကြောအဆို့ရှင်အစားထိုးခြင်း (trans-catheter aortic valve replacement (TAVR)) ဟုခေါ်သည်။ အဆို့ရှင်ကို ပေါင်ခြံမှတဆင့် ပေါင်သွေးလွှတ်ကြောကိုဖြတ်၍ ထည့်သွင်းနိုင်သကဲ့သို့ ရင်ဘတ်တွင်သေးငယ်သောခွဲကြောင်းလေး ပြုလုပ်၍လည်းထည့်သွင်းနိုင်သည်။ အစားထိုးသောအဆို့ရှင်သည် ခေါက်၍ရသောကြောင့် နောက်ပိုင်းတွင်ပြန်ဖြန့်၍လည်းရသည်။ သို့သော် ၎င်းသည်စမ်းသပ်ပြုလုပ်ဆဲကာလဖြစ်သောကြောင့် လေဖြတ်နိုင်ခြင်း၊ သွေးကြောများပျက်စီးနိုင်ခြင်း စသည့် အန္တရာယ်များရှိနိုင်သည်။ ၎င်းသည် နောက်ထပ်နှလုံးခွဲစိတ်မှုမပြုလုပ်နိုင်တော့သော လူနာအတွက် နောက်ဆုံးရွေးစရာနည်းလမ်းအဖြစ် ရွေးချယ်ရန်သာကောင်းသည်။အဝေးမှထိန်းချုပ်နိုင်သည့် အဆင့်မြင့်နှလုံးစောင့်ကြည့်ကိရိယာ၊ ကိုလက်စထရော (သွေးတွင်း အဆီဓါတ်)ကျစေသောဆေးများ၊ မီးဖွားပြီးချိန် သတိပြုရမည့် နှလုံးရောဂါလက္ခဏာများအတွက် အသေးစိတ် လမ်းညွှန်ချက်အသစ်၊ နှလုံးဆဲလ်ပြန်လည်မွေးဖွားခြင်း (ဓါတ်ခွဲခန်းတိရစ္ဆာန်များတွင် အောင်မြင်စွာစမ်းသပ်ပြီး) နှလုံးကို ၃ဖက်မြင်ဓါတ်မှန်ရိုက်ခြင်း စသည်ဖြင့် နှလုံးရောဂါကုသရာတွင် နောက်ထပ်ထိုးဖောက်ကျော်လွှားမှုများစွာရှိသေးသည်။ သုတေသနများထပ်လုပ်ရန် လိုအပ်သေးသော် လည်း ကုသ၍မရနိုင်သည့်ရောဂါရှိသူများအတွက် အလွန်ကောင်းမွန်သောအနာဂတ်ရှိနေပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%80%e1%80%af%e1%80%9e%e1%80%99%e1%82%88%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%81%8b-%e1%80%98/
မတော်တဆ အရွတ်ထိခိုက်၊ ဒဏ်ဖြစ်တာတွေ သက်သာစေမယ့် နည်းလမ်း (၇) ချက်
(၁) ထိခိုက်ထားတဲ့နေရာကို အနားပေးပါ။မဖြစ်မနေလိုအပ်လို့ လှုပ်ရှားရတာကလွဲလို့ ထိခိုက်ထားတဲ့ လက် သို့မဟုတ်ခြေထောက်ကို တတ်နိုင်သလောက် အနားပေးထားပါ။ လိုအပ်လာရင်ဆေးစည်းထားတာ၊ဒူးစွပ်စွပ်တာ၊ပတ်တီးစည်းတာလည်း အထောက်အကူဖြစ်စေပါတယ်။ လှုပ်လှုပ်ရှားရှားသိပ်မလုပ်ပါနဲ့။(၂) ရုတ်တရက်ဖြစ်တဲ့ထိခိုက်နာကျင်မှုဆိုရင်ရေခဲကပ်ပါ။ထိခိုက်တဲ့နေရာကိုရေခဲ(ရေခဲကို တဘက်အပါးလေးနဲ့ပတ်ထားပါ)ကပ်ပေးပါ။ အရေပြားမထိခိုက်စေဖို့ရေခဲကို အသားမှာဘယ်တော့မှ တိုက်ရိုက်မကပ်ပါနဲ့။ တစ်ခါကပ်ရင် မိနစ် ၂၀လောက်၊ တစ်နာရီခြားတစ်ကြိမ် နာကျင်မှုနဲ့ရောင်ရမ်းမှုလျော့လာတဲ့အထိ ကပ်ပေးသင့်ပါတယ်။(၃) တာရှည်ဒဏ်ဖြစ်နေတာဆိုရင် အနွေးကပ်ပေးပါ။ကြွက်သားဒဏ်ဖြစ်တာက နာတာရှည်ဖြစ်နေတာဆိုရင်(တစ်လလောက်ကြာနေရင်) အစိုဓါတ်ရှိတဲ့ အနွေးကပ်ပေးသင့်ပါတယ်။ တာရှည်ဒဏ်ဖြစ်ထားတဲ့ကြွက်သားပေါ်ကို ရေနွေးအိတ်လိုမျိုးခြောက်သွေ့တဲ့အပူဓါတ်ပေးခြင်းက တစ်ရှူးတွေကိုရေဓါတ်ဆုံးရှုံးစေပြီး ဝေဒနာကို ပိုဆိုးစေနိုင်လို့မလုပ်သင့်ပါဘူး။ ပေါင်းထားတဲ့တဘက်စလေးနဲ့ အပူငွေ့ငွေ့ကပ်ပေးတာ ဒါမှမဟုတ် ကြပ်ထုပ်ထိုးတာမျိုးက သက်သာနိုင်ပါတယ်။(၄) ကျပ်စည်းပါ။ထိခိုက်ထားတဲ့ လက် သို့မဟုတ်ခြေထောက်အစိတ်အပိုင်းကို ထပ်မထိခိုက်စေဖို့ ကျုံ့ဆန့်နိုင်တဲ့ေဆးပတ်တီးနဲ့ သိုင်းစည်းထားပေးပါ။ ဥပမာခြေကျင်းဝတ်အတွက် သီးသန့်ထုတ်တဲ့ ပတ်တီး၊ ဒူးအတွက်လည်း သီးသန့်ထုတ်တာတွေရှိတာကြောင့် အဆင်ပြေမှာပါ။(၅) မြှင့်ထားပါ။ထိခိုက်ထားတဲ့ခြေ သို့မဟုတ် လက်ကို နှလုံးနဲ့တတန်းတည်းဖြစ်အောင်မြှင့်ထားပေးပါ။ ဒါမှရောင်ရမ်းမှုပိုမဆိုးအောင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ထိုင်တဲ့အခါ သို့မဟုတ် လှဲနေတဲ့အခါ ထိခိုက်ထားတဲ့ခြေ/လက်ကို ကူရှင်တစ်ခုပေါ်တင်ထားပါ။ လက်ကို ပတ်တီးနဲ့သိုင်းရင် သိုင်းထားပါ။(၆) ကြွက်သားကိုအနည်းငယ်ဆန့်ထုတ်တဲ့လှုပ်ရှားမှုလုပ်ပါ။ကြွက်သားကို နည်းနည်းလှုပ်ရှားရစေတဲ့ ပေါ့ပေါ့းပါးပါး လေ့ကျင့်ခန်းမျိုးကို လုပ်ပေးပါ။ ထိခိုက်ကာစမှာ နားနေရပေမယ့် အမြဲမလှုပ်ဘဲနေရင် ပိုဆိုးနိုင်ပါတယ်။ နာကျင်မှုသက်သာလာတာနဲ့ ၁၅ စက္ကန့်လောက်ကို တစ်နေ့သုံးကြိမ်လောက် အသာလေးလှုပ်ရှားပေးပါ။(၇)ဆေးဝါးအကူအညီ။နာကျင်မှုနဲ့ရောင်ရမ်းမှုသက်သာစေဖို့စတီးရွိုက်မပါတဲ့ အရောင်ကျဆေး၊ အကိုက်အခဲပျောက်ဆေးေတွသောက်လို့ရပါတယ်။ အမြန်သက်သာလိုဇောနဲ့ သောက်သုံးသင့်တဲ့ပမာဏထက်တော့ပိုမသောက်ပါနဲ့။ဖြစ်နိုင်ရင် ဆရာဝန်ပြပြီးဆေးညွှန်းအတိုင်းသောက်တာအကောင်းဆုံးပါ။အရိုးအဆစ်ကို ထိခိုက်တဲ့လက္ခဏာရှိနေသလားစောင့်ကြည့်ပါ –။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/sprains-and-strain-treatment/
သေဆုံးပြီးနောက်မိမိ၏ခန္ဓာကိုယ် အစိတ်အပိုင်း များအားလှူဒါန်းခြင်း
သင်သေသွားပြီးတဲ့အခါမှာ သင့်အတွက် အသုံးမဝင်တော့မယ့်ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေက အခြားအသက်ပေါင်းများစွာနဲ့ ဘဝတွေကို အကျိုးပြုနိုင်တယ်ဆိုတာ သိပါသလား။ အဲ့ဒါကြောင့် သင့်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တွေကို လိုအပ်တဲ့ သူတွေဆီကို လှူဒါန်းခြင်းက အရမ်းကို အကျိုးရှိပြီး မွန်မြတ်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုလှူဒါန်းမှူမျိုးနဲ့ ပတ်သတ်ပြီး တစ်ချို့ သိချင်တာလေးတွေ ရှိနေတဲ့အခါ၊ ဘယ်လိုတွေဆောင်ရွက်တယ် ဆိုတာမျိုးကို အကျွမ်းတဝင်မရှိတဲ့အခါ လှူဖို့ နှောင့်နှေးနေကြတာလေးတွေ ရှိကြပါတယ်။ ဒါ့ကြောင့်လည်း ကျွန်မ ဒီဆောင်ပါးလေးကိုရေးဖို့ စဉ်းစားမိတာပါ။ ဒါ့အပြင် ဒီသေဆုံးပြီးခန္ဓာကိုယ်လှူဒါန်းခြင်းက ဘယ်လိုတွေအကျိုးပြုနိုင်တယ်ဆိုတာလေးကို ပိုပြီး လေးလေးနက်နက် သတိထားမိအောင်လည်း ရည်ရွယ်ပါတယ်။(၁)ပထမဦးဆုံးအနေနဲ့ဘယ်အစိတ်အပိုင်းတွေကိုလှူလို့ရလဲပေါ့။ခန္ဓာကိုယ်တစ်ခုလုံး (သို့) ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမဆို ဥပမာ- ကိုယ်တွင်းကလီစာ ( နှလုံး၊ ကျောက်ကပ်၊ အသည်း ) စတာတွေအပြင် မြန်မာနိုင်ငံမှာမျက်ကြည်လွှာကိုလည်း လှူလို့ရပါတယ်။(၂)သင့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပေးလှူပြီးဘယ်လိုတွေအကျိုးပြုနိုင်မလဲ။၁။ သေဆုံးသွားတဲ့အခါ ဒီခန္ဓာကိုယ် အစိတ်အပိုင်း တွေက သင့်အတွက် တန်ဖိုးမရှိတော့ပေမယ့် လိုအပ်နေတဲ့ သူတွေရဲ့ အသက်များစွာကို ကယ်တင်နိုင်ပါတယ်။၂။ အခြားသူတစ်ယောက်ရဲ့ လုပ်ငန်းမလုပ်ဆောင်နိုင်တော့တဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကိုလည်း ပြန်လည်ရှင်သန်လာစေနိုင်တဲ့အတွက် သူတို့ရဲ့ဘဝတွေကို ပိုမိုကောင်းမွန်လာစေနိုင်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။၃။  ဒါ့အပြင် ခန္ဓာကိုယ်တစ်ခုလုံးကို ဆေးတက္ကသိုလ်တွေရဲ့ ခန္ဓာဗေဒဌာနမှာ လှူဒါန်းမယ်ဆိုရင်တော့ နောင်တစ်ချိန်မှာ ပြည်သူ့ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်မယ့် ဆရာဝန်လောင်းလေးတွေရဲ့ ပညာရေးကို သေသေချာချာလေ့လာခွင့်ရအောင် အထောက်အပံ့ပေးနိုင်တဲ့အတွက် တကယ်ကို အကျိုးရှိပါတယ်။၄။ မျက်ကြည်လွှာ လှူမယ်ဆိုရင်လည်း အခြားသူရဲ့ အင်မတန်မှ အရေးကြီးလှတဲ့အမြင်အာရုံကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း အမြင်အာရုံချို့တဲ့ နေသူတွေ အများကြီးက မျက်ကြည်လွှာအစားထိုးကုသမှုတွေကို လိုအပ်လျက်ရှိပါတယ်။(၃)ဘယ်လိုလူတွေလှူလို့ရလဲ။တစ်ချို့ကတော့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ကိုယ့်မှာ ရောဂါရှိလို့ မလှူရဘူးဆိုပြီး အထင်မှားနေတာမျိုး ရှိကြပါတယ်။ အမှန်တကယ်တော့ ကိုယ်သေဆုံးချိန်မှာ ဘယ် အစိတ်အပိုင်းက လှူလို့ရတယ်ဆိုတာမျိုးကို ဆရာဝန်နဲ့ ကျွမ်းကျင်တဲ့တာဝန်ရှိသူတွေက ဆုံးဖြတ်ပေးမှာပါ။HIV,TB, အသည်းရောင်အသားဝါB ပိုး၊C ပိုးရှိတဲ့ သူတွေနဲ့ အခြားကူးစက်နိုင်တဲ့ရောဂါ မရှိဘူးဆိုရင်တော့ မျက်ကြည်လွှာပါ လှူဒါန်းနိုင်ပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ကိုယ်တိုင် စာရင်းသွင်းပြီး လှူဒါန်းထားနိုင်ပါတယ်။(၄)ဘယ်မှာလှူဒါန်းနိုင်သလဲ။မျက်ကြည်လွှာကိုတော့ ရန်ကုန် နှင့် မန္တလေးရှိ မျက်စိဆေးရုံကြီး ၊ခန္ဓာကိုယ်ကိုတော့ သက်ဆိုင်ရာ အစိုးရဆေးရုံ၊ ဆေးတက္ကသိုလ် ၁၊ ဆေးတက္ကသိုလ်၂ နဲ့ တပ်မတော်ဆေးတက္ကသိုလ်တွေမှာ လှူဒါန်းနိုင်ပါတယ်။(၅)ဒါဆိုခန္ဓာကိုယ်လှူဒါန်းထားသူကွယ်လွန်တဲ့အခါဘယ်လိုဆက်ပြီးကူညီဆောင်ရွက်ကြမလဲ။မိမိခန္ဓာကိုယ်ကို လှူဒါန်းထားတဲ့သူတစ်ယောက် သေဆုံးသွားတဲ့အခါ ထိုသူသေဆုံးတဲ့ ဆေးရုံ (သို့) ဆေးခန်း တာဝန်ရှိသူမှ (သို့) မိသားစုဝင်တစ်ယောက်မှ အနီးဆုံးခန္ဓာကိုယ်လက်ခံနေရာကို ချက်ချင်း အကြောင်းကြားပေးရမှာ ဖြစ်ပါတယ်။ ခန္ဓာဗေဒဌာနကို လှူဒါန်ထားသူများကလည်း ကိုယ်လှူဒါန်းထားတဲ့ နေရာများကို အမြန်ဆုံးဆက်သွယ်ပေးရမှာပါ။ မျက်ကြည်လွှာလှူထားတယ်ဆိုရင်တော့ မျက်ကြည်လွှာလှူထားတဲ့ လက်ခံဌာနကို သေဆုံးပြီး ၄နာရီ အတွင်း ဆက်သွယ်ပေးဖို့ ကူညီပေးကြရမှာပါ။လက်ခံဌာနက တာဝန်ရှိသူတွေက ခန္ဓာကိုယ်အစိတ်အပိုင်းကို လက်ခံယူပြီး လိုအပ်တာတွေကို ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ခန္ဓာကိုယ်အစိတ်အပိုင်းတချို့သာ လှူဒါန်းထားပါက လှူဒါန်းသော အစိတ်အပိုင်းကိုသာ ထုတ်ယူ၊ ပုံမပျက်အောင် ထိန်းသိမ်းပေးပြီး မိသားစုဝင်များမှ အလိုရှိပါက ပြန်လည်သယ်ဆောင်ပြီး ဆက်လက်ဆောင်ရွက်နိုင်ပါတယ်။မလွဲမသေ ပုပ်သိုးပျက်စီးသွားမယ့် ခန္ဓာကိုယ်ကြီးကို လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်းပြီး အသက်ပေါင်းများစွာ၊ ဘဝပေါင်းများစွာကို ဝိုင်းဝန်းကယ်တင်ပေးကြပါစို့။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%9e%e1%80%b1%e1%80%86%e1%80%af%e1%80%b6%e1%80%b8%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%99%e1%80%ad%e1%80%99%e1%80%ad%e1%81%8f%e1%80%81%e1%80%94/
ဝိတ်ကျစေဖို့ တစ်နေ့တာမှာ ခြေလှမ်း ဘယ်လောက် လှမ်းရမလဲ
ဝိတ်ကျစေဖို့ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေဖို့အတွက် လမ်းလျှောက်ဖို့ လိုတယ်။လမ်းလျှောက်တာက ကျန်းမာစေတယ်ဆိုတာကို သိပြီးဖြစ်တယ်ဆိုပေမယ့်၊ လမ်းလျှောက်ရင် ဝိတ်ကျတယ်ဆိုပေမယ့် လမ်းကို အချိန်အတိုင်းအတာဘယ်လောက် လျှောက်ရမယ်။ခြေလှမ်း ဘယ်လောက်လှမ်းရမယ်ဆိုတာကိုတော့ သိသူ နည်းဦးမယ် ထင်ပါတယ်။ဝိတ်ကျဖို့ လမ်းလျှောက်တယ်ဆိုတဲ့ နေရာမှာ အချိန် အတိုင်းအတာ ပမာဏနဲ့ လျှောက်တာနဲ့ ခြေလှမ်း အရေအတွက်နဲ့ လျှောက်တာမှာ ဘယ်ဟာက ပိုကောင်းလဲဆိုတာကိုရော သိပြီးပြီလား။ ဒီအချက်တွေကို မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။တစ်နေ့တာကို လမ်းလျှောက်တာနဲ့ စတင်လိုက်ခြင်းကစိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ အလွယ်ကူဆုံးသော ကိုယ်လက်လေ့ကျင့်ခန်း တစ်မျိုးပါ။ ခန္ဓာကိုယ်က အဆီပိုတွေနဲ့ ကိုယ်အလေးချိန်တွေကို လျှော့ချပေးနိုင်မယ့် ထိရောက်လွယ်ကူတဲ့ နည်းလမ်းပါ။လမ်းလျှောက်တာကကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မယ့်ပျော်ရွှင်ခြင်း ဟော်မုန်းတွေကို ထွက်ရှိစေပါတယ်။ ဒါတွေအပြင် လမ်းလျှောက်တာက။လေ့လာမှုတွေအရတော့ လမ်းလျှောက်တာက ကျန်းမာရေးကို တော်တော်လေး ထောက်ကူပေးနိုင်တာပါ။အရိုးတွေကို သန်မာစေပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် တစ်နေ့ကိုခြေလှမ်း ၁၀၀၀၀ လှမ်းပေးဖို့ လိုပါမယ်။ဒီလို ခြေလှမ်း တစ်သောင်းလှမ်းတဲ့နေရာမှာ တစ်နေကုန် လျှောက်ထားသမျှ ခြေလှမ်းတွေကို ထည့်တွက်မှာဖြစ်ပြီး ခန္ဓာကိုယ် ကျန်းမာစေဖို့ဆိုရင် ခြေလှမ်းတိုင်းကို အားပါပါနဲ့ လှမ်းဖို့ လိုပါမယ်။ တစ်နေ့တာမှာ ​ခြေလှမ်း များများ လှမ်းလေလေအသက်ရှည် ကျန်းမာလေလေပါ။ဒီလို ဆိုတာနဲ့ မဖြစ်မနေ ခြေလှမ်း တစ်သောင်း ပြည့်အောင် လှမ်းရမှာလားဆိုတော့ မဟုတ်သေးပါဘူး။ မကြာသေးခင်က လေ့လာမှုတွေအရကတော့ အရွယ်ရပြီးသား အမျိုးသမီးတွေမှာဆိုရင် တစ်နေ့ကို ခြေလှမ်း ၄၄၀၀ လှမ်းတဲ့ အမျိုးသမီးတွေက လှုပ်ရှားမှု နည်းတဲ့ အမျိုးသမီးတွေထက် သေဆုံးနိုင်ခြေ လျော့နည်းနေတာကို တွေ့ရှိရပါတယ်။ အသက် ၃၈ နှစ် ကနေ အသက် ၅၀ အရွယ်တွေမှာတော့ တစ်နေ့ကို ခြေလှမ်း ၇၀၀၀ လှမ်းသူတွေက လှုပ်ရှားမှု နည်းသူတွေထက်သေဆုံးနိုင်ခြေနည်းနေတာကို တွေ့ရှိခဲ့ရပါတယ်။လူတစ်ယောက်ရှိသင့်တဲ့ ကိုယ်အလေးချိန်ရှိနေဖို့၊ အဆီတွေကင်းဖို့နဲ့ အဝလွန်တာမျိုး မဖြစ်ဖို့ဆိုရင် ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ဖို့ လိုအပ်သလိုအစားအသောက်ကိုလည်း ဂရုစိုက်ဖို့ လိုပါမယ်။ဒါတွေအပြင် လူတစ်ယောက်ရဲ့ဝိတ်ချမှုခရီးစဉ်အပေါ် သက်ရောက်နေတဲ့ အခြားသော အချက်တွေရှိပါတယ်။ ဒါတွေကတော့ အသက်အရွယ်၊ ကျား/မ ကွာခြားချက်၊ တစ်နေ့တာ လှုပ်ရှားမှု အတိုင်းအတာပါ။ တစ်နေ့တာကို ခြေလှမ်း ၁၀၀၀၀ လှမ်းတဲ့သူတွေဟာ ၁၈ လ ကြာတဲ့အခါ ကိုယ်အလေးချိန်က ၁၀% လောက် ကျဆင်းပါတယ်။ နောက်ထပ်လေ့လာတွေ့ရှိချက် တစ်ခုအရ သိရတာကတော့ အမျိုးသားတွေအနေနဲ့ တစ်နေ့ကို ခြေလှမ်း ၇၉၀၀၊ အမျိုးသမီးတွေ အနေနဲ့ တစ်နေ့ကို ခြေလှမ်း ၈၃၀၀ လှမ်းတာက မိနစ် ၃၀ လောက်ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာနဲ့ တူညီတဲ့ ပမာဏအတိုင်း ကယ်လ်လိုရီ လောင်ကျွမ်းပါတယ်။ဒီလို ခြေလှမ်းတွေ လှမ်းတဲ့အခါ ခြေလှမ်း အရေအတွက် ပြည့်ဝဖို့ လိုသလို ခပ်သွက်သွက် လှမ်းဖို့လည်း လိုပါတယ်၊၊ တကယ်အလုပ်ဖြစ်တဲ့ လမ်းလျှောက်နည်းဆိုတာ တစ်မိနစ်ကို ခြေလှမ်း ၁၀၀လောက် လှမ်းနိုင်ရပါမယ်၊၊ ဒါမှမဟုတ် လမ်းလျှောက်ပြီး မိနစ်ပိုင်းလောက်ဆို ချွေးစို့လာရပါမယ်၊၊။ကိုယ်ကဝလို့ မြန်မြန်မလှမ်းနိုင်ဘူးဆိုရင်လည်း ပြဿနာမရှိပါဘူး၊၊ ဖြည်းဖြည်းလျှောက်ပါ၊၊ ဒါပေမယ့် ဝေးဝေးလျှောက်ပါ၊၊ ဒီလိုဆိုရင် ကိုယ်အလေးချိန်ကို ကျစေဖို့ရော ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်ဖို့ပါ အထောက်အကူပြုပေးနိုင်မှာပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/weight-loss-exercises/how-many-steps-you-really-need-per-day-for-weight-loss/
အစာအိမ်နဲ့ အူလမ်းကြောင်း က အစာတွေကို ဘယ်လိုချေဖျက်ပေးနေသလဲ။
တစ်နေ့ တစ်နေ့ လှုပ်ရှားလုပ်ကိုင်နိုင်ဖို့ဆိုတာ အင်အားတွေ ပြည့်နေရမှာပါ။ ဒီလိုအပ်တဲ့ အင်အားတွေကို စားသောက်နေတဲ့ အစားအစာတွေက ရတာပေါ့။ ဒီအစားအစာတွေကို ချေဖျက်ပေးမယ့်အစာအိမ်နဲ့ အူလမ်းကြောင်းကောင်းကောင်း အလုပ်လုပ်နေမှ အစားအစာတွေကနေ လိုအပ်တဲ့ အာဟာရတွေ ရပြီး မလိုတာတွေကို ခန္ဓာကိုယ်ကို အဆိပ်အတောက် မဖြစ်အောင် စွန့်ထုတ်နိုင်မှာပါ။အစာအိမ်နဲ့ အူလမ်းကြောင်းက ခံတွင်းကစပြီး စအိုမှာ ဆုံးပါတယ်။ စားလိုက်တဲ့ အစားအစာတစ်ခုကို ပါးစပ်ကစပြီး စအိုထိ အစာခြေစနစ်တစ်လျှောက် လိုသလို ပြုပြင်သွားပါတယ်။ ဒါကြောင့် နောက်ဆုံးမှာ လိုအပ်တဲ့ အင်အားတွေ၊ အာဟာရတွေကို ခန္ဓာကိုယ်မှာ သိမ်းဆည်းပြီး မလိုတာတွေကို မစင်အဖြစ် အပြင်ကို စွန့်ထုတ်နိုင်တာပါ။ပါးစပ်ကစလို့ စအိုအထိ အသုံးမလိုတဲ့ နေရာ၊ အလုပ်မလုပ်ရတဲ့ နေရာဆိုတာ မရှိဘဲ သက်ဆိုင်ရာ အလုပ်တွေကို လုပ်ကြတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဟာ အင်မတန် အလုပ်များတဲ့ နေရာပါပဲ။ သူတို့ရဲ့ တာဝန်တွေကတော့။ပါးစပ်ဆိုတာ အစာခြေစနစ်ရဲ့ တံခါးပေါက်ပါပဲ။ ခံတွင်းထဲမှာ သွားတွေ၊ ကြွက်သားတွေ၊ လျှာနဲ့ တံတွေးဂလင်းတွေ ရှိပါတယ်။ ပါးစပ်ထဲရောက်လာတဲ့ ထမင်းလုတ်ကို သွားက ကျိတ်တယ်။ လျှာက နှံ့အောင် လုပ်ပေးတယ်။ ကြွက်သားတွေက ဝါးပေးတယ်။တံတွေးဂလင်းတွေက အင်ဇိုင်းတွေ ထုတ်ပြီး ချေဖျက်ပေးတယ်။ ဒါကြောင့် အစာခြေတဲ့လုပ်ငန်းက ပါးစပ်ကစတယ်ဆိုရင် မမှားပါဘူး။ ဒါ့ပြင် ပါးစပ်ထဲမှာရှိတဲ့ အာသီးလိုမျိုး ခုခံအားအင်္ဂါတွေက အစာနဲ့အတူပါလာတဲ့ ပိုးတွေကို သေအောင် လုပ်ပေးပါသေးတယ်။ပါးစပ်ထဲမှာ သေချာအချိန်ပေးပြီး ကြေညက်အောင် ဝါးမှ မျိုချတဲ့အခါ နင်တာ၊ အစာအိမ်ထဲရောက်တဲ့အခါ အချိန်အကြာကြီး အစာခြေနေရတာမျိုး မဖြစ်မှာပါ။ ဒါကြောင့် ပါးစပ်ထဲမှာတည်းက အစာကို သေချာ ကြေညက်အောင် ဝါးသင့်ပါတယ်။ ကြေညက်သွားတဲ့ အစာတွေကို လျှာက နောက်ပို့ပြီး မျိုချလိုက်တဲ့အခါ အစာရေမျိုပြွန်ထဲကို ရောက်သွားပါတယ်။အစာရေမျိုပြွန်ဆိုတာ ၁၀လက်မလောက် ရှည်တဲ့ ကြွက်သားပိုက်ချောင်းကြီးပါပဲ။ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားပေးတဲ့ တိုးလျိုပေါက် ပိုက်ကြီးပေါ့။ သူရဲ့ ကပ်လျင်မှာတော့ လေပြွန်ရှိပါတယ်။ ဒါကြောင့် အစာစားတဲ့အခါ၊ အရည်သောက်တဲ့အခါ ဒီပိုက်နှစ်ချောင်းထဲကို မှားဝင်တတ်ပါတယ်။ လေပြွန်ရဲ့ သဘာဝက လေကလွဲပြီး တြခြားဟာ ဝင်လို့ မရပါဘူး။ဒါကြောင့် လေပြွန်ရဲ့ ထိပ်ဝမှာ epiglottisလို့ ခေါ်တဲ့ တံခါးပေါက်လေးနဲ့ ကာထားပါတယ်။ အပေါ်ကနေ တစ်ခုခုမျိုချလိုက်ပြီဆိုရင် ဒီတံခါးပေါက်လေးက ပိတ်သွားပြီး လေပြွန်ထဲကို မဝင်အောင် အလိုအလျောက် တားပြီးသား ဖြစ်သွားပါတယ်။တစ်ခါတလေ ရေတွေဘာတွေ သောက်ရင်း သီးသွားတယ်၊ ချောင်းတွေ ဆက်တိုက်ဆိုးသွားတယ်ဆိုတာ ဒီအပေါက်လေး ပိတ်ချိန်မမီဘဲ လေပြွန်ထဲကို ရေတွေ ဝင်သွားလို့ပါ။ ဒါကြောင့် ချောင်းဆိုးပြီး ဝင်သွားတဲ့ ပစ္စည်းတွေကို ပြန်ထုတ်တာပါ။မျိုချလိုက်တဲ့အစားအစာတွေ အစာအိမ်ထဲကို ရောက်တယ်ဆိုပေမယ့် တန်းရောက်တာတော့ မဟုတ်ပါဘူး။ အစာရေမျိုပြွန်နဲ့ အစာအိမ်နဲ့ ဆက်တဲ့ နေရာမှာ ကျုံ့ဆန့်လို့ ရတဲ့ အဆို့ရှင် ကြွက်သားလေး ရှိပါတယ်။ ဒီကြွက်သားလေးက လှိုင်းလိုမျိုး တွန့်ပြီး အစာတွေကို အစာအိမ်ထဲ ညှစ်ချပေးတာပါ။ မဟုတ်ရင် ရေကန်ထဲ ခဲပြုတ်ကျသလို အက်စစ်တွေ တပွက်ပွက်ဖြစ်နေမှာပေါ့။ဒါကြောင့် ဒီအဆို့ရှင်လေး မလုံတဲ့အခါ အစာအိမ်ထဲက အက်စစ်တွေ အပေါ်ကို ဆန်တက်ပြီး ရင်ပူရင်ဆာ ဖြစ်ပါတယ်။ ဒါကို စားချဉ့်ပြန်ရောဂါလို့ခေါ်ကြပါတယ်။အစာအိမ်ကတော့ တကယ်ကို အစာတွေ သိုလှောင်တဲ့ အိမ်ကြီးပါပဲ။ ‘J ‘လိုမျိုး ခပ်ကောက်ကောက် ပုံသဏ္ဍန် ရှိပါတယ်။ သူ့မှာ အရေးကြီးတဲ့ အလုပ် ၃ခုရှိပါတယ်။-စားသမျှ အစာတွေကို သိုလှောင်ပေးတယ်။-အစာအခဲတွေကို ခပ်ပျော့ပျော့ ဖြစ်အောင် ချေဖျက်ပေးတယ်။-ဒီခပ်ပျော့ပျော့အစာတွေကို အူသိမ်ထဲကို ပို့ပေးတယ်။အစာအိမ်က အပြင်မှာ သုံးနေတဲ့ ကြိတ်ခြေစက် (blender)နဲ့ အလုပ်လုပ်ပုံခြင်း တူပါတယ်။ ဝင်လာသမျှ အစာတွေကို အက်စစ်တွေ၊ အင်ဇိုင်းတွေ၊ အစာအိမ်နံရံကြွက်သားတွေ သုံးပြီး ချေဖျက်ပေးပါတယ်။ ဒါ့ပြင် ပါးစပ်ထဲမှာ သတ်လို့ မနိုင်တဲ့ အစာနဲ့ အတူပါလာတဲ့ ပိုးတွေကိုလည်း အစာခြေရည်တွေ သုံးပြီး နှိမ်မင်းပစ်ပါတယ်။အူသိမ်က ၁လက်မခွဲ ၂လက်မလောက် ကျယ်ပြီး ၂၂ပေ ရှည်ပါတယ်။ ဒီအရှည်ကြီးကို ဗိုက်ထဲ ခွေခေါက်ပြီး ထည့်ထားတာပါ။ အစာအိမ်က ခြေဖျက်ပြီး ရောက်လာတဲ့ အစာတွေကို ခန္ဓာကိုယ်က အရန်သင့် စုပ်ယူသုံးစွဲနိုင်တဲ့ အာဟာရတွေ ဖြစ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်၊ ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်၊ အဆီတွေဖြစ်အောင် ဆက်ပြီး ပြောင်းလဲပေးပါတယ်။သူဒီလိုလုပ်နိုင်ဖို့ သူ့နားက အသည်း၊ သည်းခြေအိတ်နဲ့ ပန်ကရိယတို့ရဲ့ အကူအညီတွေ အများကြီး လိုပါတယ်။ ဒီအကြောင်းကို နောက်မှ ထပ်ပြောပါမယ်။ သူတို့က ထုတ်ပေးလိုက်တဲ့ အစာခြေရည်တွေ၊ အင်ဇိုင်းတွေကြောင့်သာ အစာတွေ ပိုကြေညက်ပြီး လိုအပ်တဲ့ အာဟာရတွေ ရလာတာပါ။အစာတွေက အူသိမ်အစအဆုံး ဖြတ်သန်းဖို့ဆို ၄နာရီလောက် အချိန်ယူရပါတယ်။ အူသိမ်ရဲ့ အဆုံးကို ရောက်လာပြီးတဲ့အခါမှာတော့ အစာတွေက အရည်တွေ ဖြစ်နေပါပြီ။ အာဟာရတွေကိုလည်း အူနံရံတွေက စုပ်ယူပြီး သွေးထဲကို ရောက်နေပါပြီ။အူသိမ်ရဲ့ အစာခြေတဲ့ လုပ်ငန်းမှာ ဝိုင်းပြီး ကူညီပေးကြတဲ့ သူငယ်ချင်းကောင်းလေးတွေပါ။ အူသိမ်ဦးပိုင်းကို သူတို့ရဲ့ သက်ဆိုင်ရာ အစာခြေရည်တွေ ထည့်ပြီး အစာခြေပေးပါတယ်။ ခြေပေးတဲ့အပြင် အူသိမ်က လွယ်လွယ်ကူကူစုပ်ယူနိုင်အောင်လည်း ကူညီပေးပါတယ်။ပန်ကရိယထွက်တဲ့ အစာခြေရည်တွေက ပရိုတိန်းနဲ့ အဆီတွေ ချေဖျက်ဖို့ ကူညီပေးပါတယ်။ အသည်းက ထွက်လာတဲ့ သည်းခြေရည်ကတော့ အဆီတွေကို သွေးထဲရောက်အောင် ကူညီပေးပါတယ်။ သည်းခြေအိတ်ကတော့ သည်းခြေရည်တွေကို သိမ်းဆည်းပေးထားပြီး လိုမှပဲ ထုတ်ပေးပါတယ်။အာဟာရဓာတ်တွေ သယ်ထားတဲ့ သွေးက အသည်းကို လာပြီး သန့်ရှင်းရေး လာလုပ်ပါတယ်။ အသည်းက ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး တချို့တွေကိုတော့ သည်းခြေရည်အဖြစ် ပြောင်းလဲပစ်ပါတယ်။ ဒါ့ပြင် အာဟာရဓာတ်တွေရဲ့ ဘယ်လောက်ကတော့ သွေးထဲကိုသွား၊ ဘယ်လောက်ကတော့ သုံးဖို့ မလိုသေးတော့ အသည်းမှာပဲ သိမ်းထားဦးမယ် စသဖြင့် ဆုံးဖြတ်ပေးပါတယ်။ဒါကြောင့် သကြားဓာတ်တို့၊ ဆီမှာပျော်တဲ့ ဗီတာမင်တို့ အသုံးမလိုသေးဘူးဆိုရင် အသည်းမှာလာပြီး သိမ်းဆည်းထားရပါတယ်။အစာခြေစနစ်ရဲ့ နောက်ဆုံးနေရာဖြစ်တဲ့ အူမကြီးဟာ အချင်းအားဖြင့် ၃-၄လက်မလောက် ကျယ်ပြီး ၅ပေလောက် ရှည်ပါတယ်။ အူမကြီးရဲ့ အဆုံးသတ်တစ်နေရာ (ဝမ်းဗိုက်ညာဘက်အောက်ပိုင်း)မှာအူအတက်ဆိုတာ ရှိပါတယ်။ အလုပ်အားဖြင့်တော့ ကြီးကြီးကျယ်ကျယ် တာဝန်မရှိပေမယ့် သူ့ကို ပိုးဝင်ရင် ဖြစ်ဖြစ်၊ တစ်ခုခုနဲ့ ပိတ်သွားရင် အူအတက်ရောင်ပြီး ဒုက္ခဖြစ်တတ်ပါတယ်။အူသိမ်ကနေ အာဟာရတော်တော်များများကို စုပ်ယူလိုက်ပြီဆိုတော့ ကျန်တာက ခန္ဓာကိုယ်အတွက် သုံးလို့ မရတော့တဲ့ စွန့်ပစ်ရမယ့် ပစ္စည်းတွေပဲ ကျန်တော့မှာပါ။ ဒါကြောင့် နောက်ဆုံးအနေနဲ့ အူမကြီးကနေ ရေနဲ့ သတ္တုဓာတ်တွေကိုပဲ စုပ်ယူလိုက်ပါတယ်။ ဒါကြောင့် ဝမ်းက မာနေတာပါ။ဝမ်းတွေကိုတော့ မစင်အိမ်ထဲမှာ သိမ်းထားပါတယ်။ မစင်အိမ်ပြည့်လာတဲ့အခါ ဝမ်းသွားချင်စိတ်ပေါ်လာပြီး စအိုကနေ ဝမ်းတွေကို စွန့်ထုတ်လိုက်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/all-about-digestive-health/