id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
10,001
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဝသီဘော်အားဖြင့်။
10,002
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ သဗ္ဗညုတဉာဏ်အားဖြင့် ရှိပါသလော။
10,003
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဗုဒ္ဓကထာ ပြီး၏။
10,004
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁။ ထိုထိုအခါ၌ ခန္ဓာကိုယ်တော်၏ မတူသည်၏အဖြစ်ကိုလည်းကောင်း၊ အသက်တော်၏ မတူသည်၏အဖြစ်ကိုလည်းကောင်း၊ ပကတိအရောင်တော်၏ မတူသည်၏အဖြစ်ကို လည်းကောင်း ချန်ထား၍ ကြွင်းကျန်သော မြတ်စွာဘုရားဂုဏ် ကျေးဇူးတို့ဖြင့် ဘုရားရှင်တို့၏ အခြားသော ဘုရားရှင်တို့မှ ယုတ်လျော့သည်၏အဖြစ် ပိုလွန်သည်၏အဖြစ်မည်သည် မရှိ။
10,005
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကား သာမညအားဖြင့်သာလျှင် အယုတ်အလွန်ရှိ၏ဟု အယူရှိကြ၏၊ ထိုဆရာတို့ကို ရည်ရွယ်၍ ဤဗုဒ္ဓကထာကို ဟောတော်မူသည်။
10,006
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
-- (၂၀၅) ၆-သဗ္ဗဒိသာကထာ၁
10,007
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၈၈၆။ သကဝါဒီ။
10,008
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ အလုံးစုံသော အရပ် (မျက်နှာ)တို့၌ မြတ်စွာဘုရားတို့သည် တည်ရှိပါကုန်သလော။
10,009
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှေ့အရပ်၌ မြတ်စွာဘုရားသည် တည်ရှိပါသလော။
10,010
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဩော် တည်ရှိပါ၏။
10,011
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထိုမြတ်စွာဘုရားသည် အဘယ်အမည်ရှိပါသနည်း၊ အဘယ်အမျိုးဇာတ်ရှိပါသနည်း၊ အဘယ်အနွယ်ရှိပါသနည်း၊ ထိုမြတ်စွာဘုရား၏ အမိအဖတို့သည် အဘယ်အမည်ရှိပါကုန်သနည်း၊ ထို မြတ်စွာဘုရား၏ တပည့် ‘သာဝက'အစုံသည် အဘယ်အမည်ရှိပါသနည်း၊ ထိုမြတ်စွာဘုရား၏ အလုပ် အကျွေးသည် အဘယ်အမည် ရှိပါသနည်း၊ အဘယ်သို့သော သင်္ကန်းကို (ဝတ်) ရုံတော်မူပါသနည်း၊ အဘယ်သို့သော သပိတ်ကို...
10,012
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အဘယ်ရွာ၌လည်းကောင်း၊ အဘယ်နိဂုံး၌ လည်းကောင်း၊ မြို့၌လည်းကောင်း၊ တိုင်းပြည်၌လည်းကောင်း၊ ဇနပုဒ်၌လည်းကောင်း တည်ရှိပါသနည်း။
10,013
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
တောင်အရပ်၌။
10,014
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ အောက်အရပ်၌ မြတ်စွာဘုရားသည် တည်ရှိပါသလော။
10,015
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အောက်အရပ်၌ မြတ်စွာဘုရားသည် တည်ရှိပါသလော။
10,016
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထိုမြတ်စွာဘုရားသည် အဘယ်အမည်ရှိပါသနည်း။
10,017
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ဇနပုဒ်၌လည်းကောင်း (တည်ရှိပါသလော)။
10,018
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အထက်အရပ်၌ မြတ်စွာဘုရားသည် တည်ရှိပါသလော။
10,019
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ စာတုမဟာရာဇ်ဘုံ၌ တည်ရှိပါသလော။
10,020
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ တာဝတိံသာဘုံ၌ တည်ရှိပါသလော၊ ယာမာဘုံ၌ တည်ရှိပါသလော၊ တုသိတာဘုံ၌ တည်ရှိပါသလော၊ နိမ္မာနရတိဘုံ၌ တည်ရှိပါသလော၊ ပရနိမ္မိတဝသဝတ္တီဘုံ၌ တည်ရှိပါသလော။
10,021
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ဗြဟ္မာလောက၌ တည်ရှိပါသလော။
10,022
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သဗ္ဗဒိသာကထာ ပြီး၏။
10,023
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁။ အရပ်လေးမျက်နှာ ထက်အောက်ဝန်းကျင်တို့၌ လောကဓာတ်တို့၏ စုဝေး၍ တည်ခြင်းသည် ရှိ၏၊ ထိုလောကဓာတ်အားလုံးတို့၌လည်း ဘုရားရှင်တို့ ရှိကုန်၏ဟု အထူးထူးကြံဆအပ်သော အတတ်ကို ဖြစ်စေ၍ အရပ်မျက်နှာအားလုံးတို့၌ ဘုရားရှင်တို့သည် ရှိကုန်၏ဟု အယူရှိကြကုန်သော မဟာသံဃိကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤသဗ္ဗဒိသာ ကထာကို ဟောတော်မူသည်။
10,024
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၂။ ဂေါတမမြတ်စွာဘုရားကို ရည်ရွယ်၍ ပဋိက္ခေပပြုလျက် မိမိအယူ၏ အစွမ်းအားဖြင့် တစ်ပါးသောလောကဓာတ်၌ တည်သော ဘုရားကို ရည်ရွယ်၍ ဝန်ခံသည်။
10,025
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၃။ ဘုရားရှိ၏ဟု သိခဲ့မူ အမည်စသည်တို့၏ အစွမ်းအားဖြင့် ဖြေဆိုလော့ဟု စောဒနာလိုသောကြောင့် ဤအမေးကို တက်သည်။
10,026
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
-- (၂၀၆) ၇-ဓမ္မကထာ၁
10,027
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၈၈၇။ သကဝါဒီ။
10,028
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ တရားအားလုံးတို့သည် မြဲပါကုန်သလော။
10,029
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဩော် မြဲပါကုန်၏။
10,030
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ (တရားအားလုံးတို့သည်) မှားယွင်းသော သဘောရှိသည်ဖြစ်၍ မြဲပါကုန်သလော။
10,031
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
(တရားအားလုံးတို့သည်) မှန်ကန်သော သဘောရှိသည်ဖြစ်၍ မြဲပါကုန်သလော။
10,032
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မြဲသော အစုအပုံသည် မရှိပါသလော။
10,033
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မမြဲသော အစုအပုံသည် ရှိသည် မဟုတ်ပါလော။
10,034
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ မမြဲသော အစုအပုံသည် ရှိခဲ့မူ “တရားအားလုံးတို့သည် မြဲကုန်၏”ဟူ၍ မဆိုသင့်။
10,035
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
တရားအားလုံးတို့သည် မြဲပါကုန်သလော။
10,036
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ မှားယွင်းသော သဘောရှိသည် ဖြစ်၍ မြဲသောအစု၊ မှန်ကန်သော သဘောရှိသည် ဖြစ်၍ မြဲသောအစု, မမြဲသောအစုဟူ၍ အစုသုံးမျိုးတို့ကို မြတ်စွာဘုရား ဟောအပ်ကုန်သည် မဟုတ်ပါလော။
10,037
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ မှားယွင်းသော သဘောရှိသည် ဖြစ်၍ မြဲသောအစု၊ မှန်ကန်သော သဘောရှိသည် ဖြစ်၍ မြဲသောအစု, မမြဲသောအစုဟူ၍ အစုသုံးမျိုးတို့ကို မြတ်စွာဘုရား ဟောအပ်ခဲ့ ပါကုန်မူ “တရားအားလုံးတို့သည် မြဲကုန်၏”ဟူ၍ မဆိုသင့်။
10,038
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ရုပ်သည် ဖောက်ပြန်တတ်သော သဘောအားဖြင့် မြဲပါသလော။
10,039
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
(ရုပ်သည်) မှားယွင်းသော သဘောရှိသည်ဖြစ်၍ မြဲပါသလော။
10,040
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
(ရုပ်သည်) မှန်ကန်သော သဘောရှိသည်ဖြစ်၍ မြဲပါသလော။
10,041
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ဝိညာဏ်သည် သိတတ်သော သဘောအားဖြင့် မြဲပါသလော။
10,042
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဝိညာဏ်သည် မှားယွင်းသော သဘောရှိသည်ဖြစ်၍ မြဲပါသလော။
10,043
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
(ဝိညာဏ်သည်) မှန်ကန်သော သဘောရှိသည်ဖြစ်၍ မြဲပါသလော။
10,044
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၈၈၈။ ပရဝါဒီ။
10,045
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ “ရုပ်သည် ဖောက်ပြန်သော သဘောအားဖြင့် မြဲ၏။
10,046
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ဝိညာဏ်သည် သိတတ်သော သဘောအားဖြင့် မြဲ၏”ဟု မဆိုသင့်ပါသလော။
10,047
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ရုပ်သည် ဝေဒနာဖြစ်ပါသလော။
10,048
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ သညာဖြစ်ပါသလော။
10,049
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သင်္ခါရတို့ ဖြစ်ပါကုန်သလော။
10,050
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဝိညာဏ်ဖြစ်ပါသလော။
10,051
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ဝိညာဏ်သည် ရုပ်ဖြစ်ပါသလော။
10,052
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ဝေဒနာဖြစ်ပါသလော။
10,053
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သညာဖြစ်ပါသလော။
10,054
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထို့ကြောင့်ပင် ရုပ်သည် ဖောက်ပြန်သော သဘောအားဖြင့် မြဲ၏၊ ဝေဒနာသည်။
10,055
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ဝိညာဏ်သည် သိတတ်သော သဘောအားဖြင့် မြဲ၏။
10,056
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဓမ္မကထာ ပြီး၏။
10,057
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁။ ရုပ်စသော တရားတို့သည် ရုပ္ပနစသော သဘောအားဖြင့် မြဲကုန်၏၊ ထိုရုပ္ပနစသော သဘောကို မစွန့်ကြကုန်၊ ထို့ကြောင့် တရားအားလုံးတို့သည် မြဲကုန်၏ဟု အယူရှိကြကုန်သော အန္ဓကနှင့် ဥတ္တရာပထဂိုဏ်းဝင် အချို့သော ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤဓမ္မကထာကို ဟောတော်မူ၏။
10,058
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၂။ တရားအားလုံးတို့သည် ခိုင်မြဲကြကုန်မူ မိစ္ဆတ္တနိယတတို့သော်လည်း ဖြစ်ကုန်ရာ၏၊ သမ္မတ္တနိယတတို့သော်လည်း ဖြစ်ကုန်ရာ၏၊ ဤနှစ်ပါးသော နိယတတို့မှ တစ်ပါး နိယတ မရှိကုန်ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။
10,059
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
-- (၂၀၇) ၈-ကမ္မကထာ ၁
10,060
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၈၈၉။ သကဝါဒီ။
10,061
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ကံအားလုံးတို့သည် မြဲပါကုန်သလော။
10,062
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
(ကံအားလုံးတို့သည်) မှားယွင်းသော သဘောရှိသည်ဖြစ်၍ မြဲပါကုန်သလော။
10,063
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
(ကံအားလုံးတို့သည်) မှန်ကန်သော သဘောရှိသည်ဖြစ်၍ မြဲပါကုန်သလော။
10,064
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မမြဲသောအစုသည် မရှိပါသလော။
10,065
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မမြဲသောအစုသည် ရှိသည် မဟုတ်ပါလော။
10,066
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ မမြဲသောအစုသည် ရှိခဲ့မူ “ကံအားလုံးတို့သည် မြဲကုန်၏”ဟူ၍ မဆိုသင့်။
10,067
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ကံအားလုံးတို့သည် မြဲပါကုန်သလော။
10,068
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မှားယွင်းသော သဘောရှိသည် ဖြစ်၍ မြဲသောအစု၊ မှန်ကန်သော သဘောရှိသည် ဖြစ်၍ မြဲသောအစု, မမြဲသောအစုဟူ၍ အစုသုံးမျိုးတို့ကို မြတ်စွာဘုရား ဟောအပ်ကုန်သည် မဟုတ်ပါလော။
10,069
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ မှားယွင်းသော သဘောရှိသည် ဖြစ်၍ မြဲသောအစု၊ မှန်ကန်သော သဘောရှိသည် ဖြစ်၍ မြဲသောအစု, မမြဲသောအစုဟူ၍ အစုသုံးမျိုးတို့ကို မြတ်စွာဘုရား ဟောအပ့်ကုန်သည် ဖြစ်ခဲ့မူ “ကံအားလုံးတို့သည် မြဲကုန်၏”ဟူ၍ မဆိုသင့်။
10,070
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၈၉၀။ သကဝါဒီ။
10,071
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ဒိဋ္ဌဓမ္မဝေဒနီယကံသည် ယခုဘဝ၌ ခံစားအပ်သော သဘောအားဖြင့် မြဲပါသလော။
10,072
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
(ဒိဋ္ဌဓမ္မဝေဒနီယကံသည်) မှားယွင်းသော သဘောရှိသည်ဖြစ်၍ မြဲပါသလော။
10,073
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဒိဋ္ဌဓမ္မဝေဒနီယကံသည် မှန်ကန်သော သဘောရှိသည်ဖြစ်၍ မြဲပါသလော။
10,074
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ဥပပဇ္ဇဝေဒနီယကံသည်။
10,075
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ အပရာပရိယဝေဒနီယကံသည် ဘဝအဆက်ဆက် ခံစား အပ်သော သဘောအားဖြင့် မြဲပါသလော။
10,076
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မှားယွင်းသော သဘောရှိသည်ဖြစ်၍ မြဲပါသလော။
10,077
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မှန်ကန်သော သဘောရှိသည်ဖြစ်၍ မြဲပါသလော။
10,078
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၈၉၁။ ပရဝါဒီ။
10,079
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ “ဒိဋ္ဌဓမ္မဝေဒနီယကံသည် ယခုဘဝ၌ ခံစားအပ်သော သဘောအားဖြင့် မြဲ၏ဟူ၍ မဆိုသင့်ပါသလော။
10,080
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဥပပဇ္ဇဝေဒနီယကံသည်။
10,081
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ အပရာပရိယဝေဒနီယကံသည် ဘဝအဆက်ဆက်၌ ခံစားအပ်သော သဘောအားဖြင့် မြဲ၏”ဟူ၍ မဆိုသင့်ပါသလော။
10,082
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ဒိဋ္ဌဓမ္မဝေဒနီယကံသည် ဥပပဇ္ဇဝေနီယကံ ဖြစ်ပါသလော၊ အပရာပရိယဝေဒနီယကံ ဖြစ်ပါသလော။
10,083
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ဥပပဇ္ဇဝေဒနီယကံသည် ဒိဋ္ဌဓမ္မဝေဒနီယကံ ဖြစ်ပါသလော၊ အပရာပရိယဝေဒနီယကံ ဖြစ်ပါသလော။
10,084
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ အပရာပရိယဝေဒနီယကံသည် ဒိဋ္ဌဓမ္မဝေဒနီယကံ ဖြစ်ပါသလော။
10,085
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဥပပဇ္ဇဝေဒနီယကံ ဖြစ်ပါသလော။
10,086
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထို့ကြောင့်ပင် ဒိဋ္ဌဓမ္မဝေဒနီယကံသည် ယခုဘဝ၌ ခံစားအပ်သော သဘောအားဖြင့် မြဲ၏၊ ဥပပဇ္ဇဝေဒနီယကံသည်။
10,087
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ အပရာပရိယဝေဒနီယကံသည် ဘဝအဆက်ဆက်၌ ခံစားအပ်သော သဘောအားဖြင့် မြဲ၏။
10,088
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဧကဝီသတိမဝဂ် ပြီး၏။
10,089
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁။ ဒိဋ္ဌဓမ္မဝေဒနီယ အစရှိသည်တို့သည် ဒိဋ္ဌဓမ္မဝေဒနီယ စသည့်သဘောတို့ဖြင့် မြဲကုန်၏၊ ထို့ကြောင့် ကံအားလုံးတို့သည် နိယတမည်ကုန်၏ဟု အယူရှိကြကုန်သော အန္ဓကနှင့် ဥတ္တရာပထဂိုဏ်းဝင် ပရဝါဒီဆရာအချို့တို့ကို ရည်ရွယ်၍ ဤကမ္မကထာကို ဟောတော်မူသည်။
10,090
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၂။ ဒိဋ္ဌဓမ္မဝေဒနီယကံသည် မျက်မှောက်ဘဝ၌ အကျိုးပေးခြင်းငှါ စွမ်းနိုင်ပါမူ အကျိုးပေး၏၊ အကယ်၍ အကျိုးမပေးနိုင်ပါမူ အဟောသိကံ ဖြစ်လေ၏၊ ဤအနက်ကို ရည်ရွယ်၍ သကဝါဒီက ဝန်ခံသည်။
10,091
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
-- ၂၂-ဗာဝီသတိမဝဂ်
10,092
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
(၂၀၈) ၁-ပရိနိဗ္ဗာနကထာ၁
10,093
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၈၉၂။ သကဝါဒီ။
10,094
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ သံယောဇဉ်အချို့ကို မပယ်စွန့်၍ ပရိနိဗ္ဗာန်ပြုခြင်းသည် ရှိပါသလော။
10,095
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သက္ကာယဒိဋ္ဌိအချို့ကို မပယ်စွန့်မူ၍။
10,096
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ အနောတ္တပ္ပကို မပယ်စွန့်၍ ပရိနိဗ္ဗာန် ပြုခြင်းသည် ရှိပါသလော။
10,097
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သံယောဇဉ်အချို့ကို မပယ်စွန့်မူ၍ ပရိနိဗ္ဗာန်ပြုခြင်းသည် ရှိပါသလော။
10,098
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ရဟန္တာသည် ရာဂနှင့်တကွ ဖြစ်ပါသလော။
10,099
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ကိလေသာနှင့်တကွ ဖြစ်ပါသလော။
10,100
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ရဟန္တာသည် ရာဂမရှိသည်။