id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
9,801 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မဂ်သည် အင်္ဂါငါးပါး ရှိပါသလော။ |
9,802 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “မဂ်တို့တွင် အင်္ဂါရှစ်ပါးရှိသော မဂ်သည် မြတ်၏၊ သစ္စာတို့တွင် လေးပဒရှိသော သစ္စာတို့သည် မြတ်ကုန်၏၊ တရားတို့တွင် တပ်ခြင်း ကင်းသော (နိဗ္ဗာန်) တရားသည် မြတ်၏၊ အခြေနှစ်ချောင်းရှိသော လူတို့တွင် စက္ခုငါးပါး ရှိသော မြတ်စွာဘုရားသည် မြတ်၏”ဟု မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
9,803 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် မဂ်သည် အင်္ဂါရှစ်ပါးရှိ၏။ |
9,804 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၇၃။ သကဝါဒီ။ |
9,805 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ သမ္မဝါစာသည် မဂ္ဂင်ဖြစ်ပါလျက် ထိုသမ္မာဝါစာသည်လည်း မဂ်မဟုတ်ပါသလော။ |
9,806 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဩော် မှန်ပါ၏။ |
9,807 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာဒိဋ္ဌိသည် မဂ္ဂင်ဖြစ်ပါလျက် ထိုသမ္မာဒိဋ္ဌိသည်လည်း မဂ်မဟုတ်ပါသလော။ |
9,808 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာဝါစာသည် မဂ္ဂင်ဖြစ်ပါလျက် ထိုသမ္မာဝါစာသည်လည်း မဂ်မဟုတ်ပါသလော။ |
9,809 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် မှန်ပါ၏။ |
9,810 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သမ္မာသမာဓိသည့်မဂ္ဂင် ဖြစ်ပါလျက် ထိုသမ္မာသမာဓိသည်လည်း မဂ်မဟုတ်ပါသလော။ |
9,811 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သမ္မာအာဇီဝသည် မဂ္ဂင်ဖြစ်၍ ထိုသမ္မာအာဇီဝသည်လည်း မဂ်မဟုတ်ပါသလော။ |
9,812 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သမ္မာသမာဓိသည် မဂ္ဂင်ဖြစ်ပါလျက် ထိုသမ္မာသမာဓိသည်လည်း မဂ်မဟုတ်ပါသလော။ |
9,813 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာဒိဋ္ဌိသည် မဂ္ဂင်ဖြစ်၍ ထိုသမ္မာဒိဋ္ဌိသည်လည်း မဂ်ဟုတ်ပါသလော။ |
9,814 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာဝါစာသည် မဂ္ဂင်ဖြစ်၍ ထိုသမ္မာဝါစာသည်လည်း မဂ်ဟုတ်ပါသလော။ |
9,815 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သမ္မာအာဇီဝသည် မဂ္ဂင်ဖြစ်၍ ထိုသမ္မာအာဇီဝသည်လည်း မဂ်ဟုတ်ပါသလော။ |
9,816 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သမ္မာသမာဓိသည် မဂ္ဂင် ဖြစ်၍ ထိုသမ္မာသမာဓိသည်လည်း မဂ်ဟုတ်ပါသလော။ |
9,817 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာဝါစာသည်။ |
9,818 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သမ္မာကမ္မန္တသည်။ |
9,819 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သမ္မာအာဇီဝသည် မဂ္ဂင်ဖြစ်၍ ထို (သမ္မာ အာဇီဝ) သည်လည်း မဂ်ဟုတ်ပါသလော။ |
9,820 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၇၄။ ပရဝါဒီ။ |
9,821 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အရိယမဂ်သည် အင်္ဂါရှစ်ပါး ရှိပါသလော။ |
9,822 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ရှေးဦးကပင် ထိုပုဂ္ဂိုလ်၏ ကာယကံသည်လည်းကောင်း၊ ဝစီကံသည်လည်းကောင်း၊ အာဇီဝသည်လည်းကောင်း အလွန် သန့်ရှင်းစင်ကြယ်သည် ဖြစ်၏။ |
9,823 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုပုဂ္ဂိုလ်၏ အင်္ဂါရှစ်ပါးသော ဤအရိယမဂ်သည် ဘာဝနာ၏ ပြည့်စုံခြင်းသို့ ရောက်၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
9,824 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၇၅။ သကဝါဒီ။ |
9,825 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ မဂ်သည် အင်္ဂါငါးပါးရှိပါသလော။ |
9,826 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “သုဘဒ္ဒ အကြင်ဓမ္မဝိနယသာသနာ၌ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို မရအပ်၊ ထိုမဂ်ကို မရအပ်ရာ ဓမ္မဝိနယသာသနာ၌ (ပဌမ) သောတာပန်ရဟန်းကိုလည်း မရအပ်၊ ထိုမဂ်ကို မရသော ဓမ္မဝိနယသာသနာ၌ ဒုတိယ (သကဒါဂါမ်) ရဟန်းကိုလည်း မရအပ်၊ ထိုမဂ်ကို မရသော ဓမ္မဝိနယ သာသနာ၌ တတိယ (အနာဂါမ်) ရဟန်းကိုလည်း မရအပ်၊ ထိုမဂ်ကို မရသော ဓမ္မဝိနယသာသနာ၌ စတုတ္ထ (ရဟန္တာ) ရဟန်း... |
9,827 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- သုဘဒ္ဒ အကြင်ဓမ္မဝိနယသာသနာ၌ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ရအပ်၏၊ ထိုဓမ္မဝိနယ သာသနာ၌ ပဌမ (သောတာပန်) ရဟန်းကိုလည်း ရအပ်၏။ |
9,828 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဒုတိယ (သကဒါဂါမ်)။ |
9,829 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ တတိယ (အနာဂါမ်)။ |
9,830 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ထိုဓမ္မဝိနယ သာသနာ၌ စတုတ္ထ (ရဟန္တာ) ရဟန်းကိုလည်း ရအပ်၏။ |
9,831 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သုဘဒ္ဒ ဤဓမ္မဝိနယသာသနာ၌သာလျှင် အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ရအပ်၏၊ သုဘဒ္ဒ ဤသာနာတော်၌သာလျှင် ပဌမ (သောတာပန်) ရဟန်းကို။ |
9,832 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဤသာသနာတော်၌သာလျှင် ဒုတိယ (သကဒါဂါမ်) ရဟန်းကို။ |
9,833 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဤသာသနာတော်၌သာလျှင် တတိယ (အနာဂါမ်) ရဟန်းကို။ |
9,834 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဤသာသနာတော်၌သာလျှင် စတုတ္ထ (ရဟန္တာ) ရဟန်းကို ရအပ်၏၊ (ငါဘုရား၏ သာသနာမှ) တစ်ပါး အခြားသော အယူဝါဒတို့သည် (သစ္စာလေးပါးကို) သိကုန်သော ရဟန်းလေးမျိုးတို့မှ ကင်းဆိတ်ကုန်၏”ဟူ၍ မြတ်စွာဘုရား ဟောအပ် သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
9,835 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ “ပုဗ္ဗေ ခေါ ပနဿ ကာယကမ္မံ ဝစီကမ္မံ အာဇီဝေါ သုပရိသုဒ္ဒေါ ဟောတိ”ဟူသော ဤသုတ်ကိုလည်းကောင်း သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝတို့၏ စိတ်နှင့် မယှဉ်သည်၏အဖြစ်ကိုလည်းကောင်း အမှီပြု၍ မုချအားဖြင့် မဂ်သည် အင်္ဂါငါးပါးသာ ရှိ၏ဟု အယူရှိကြကုန်သော မဟိသာသကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤမဂ္ဂကထာကို ဟောတော်မူသည်။ |
9,836 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ ဤပုစ္ဆာကို ပရသမယ၏ အစွမ်းအားဖြင့် မေးသည်၊ ပရသမယ၌ သမ္မာဝါစာ စသည်တို့သည် မဂ်ဟူ၍ လာကုန်၏၊ ရုပ်ဖြစ်သောကြောင့် မဂ်မဟုတ်ဟု ဖွင့်ဆိုကြ၏။ |
9,837 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ မဂ္ဂင်မည်သော တရား၏ မဂ် မမည်သည်၏အဖြစ် မရှိသည်ကို ပြခြင်းငှါ ဤပုစ္ဆာကို တက်သည်။ |
9,838 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၇၆။ သကဝါဒီ။ |
9,839 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ တစ်ဆယ့်နှစ်ပါးသော တည်ရာရှိသော ဉာဏ်သည် လောကုတ္တရာလော။ |
9,840 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | လောကုတ္တရာ အသိဉာဏ်တို့သည် တစ်ဆယ့်နှစ်ပါးတို့လော။ |
9,841 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ သောတာပတ္တိမဂ်တို့သည် တစ်ဆယ့်နှစ်ပါးတို့လော။ |
9,842 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သောတာပတ္တိမဂ်တို့သည် တစ်ဆယ့်နှစ်ပါးတို့လော။ |
9,843 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သကဒါဂါမိမဂ်တို့သည်။ |
9,844 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ အနာဂါမိမဂ်တို့သည်။ |
9,845 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ အရဟတ္တမဂ်တို့သည် တစ်ဆယ့်နှစ်ပါးတို့လော။ |
9,846 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရဟတ္တမဂ်တို့သည် တစ်ဆယ့်နှစ်ပါးတို့လော။ |
9,847 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရဟတ္တဖိုလ်တို့သည် တစ်ဆယ့်နှစ်ပါးတို့လော။ |
9,848 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၇၇။ ပရဝါဒီ။ |
9,849 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “တစ်ဆယ့်နှစ်ပါးသော တည်ရာရှိသော အသိဉာဏ်သည် လောကုတ္တရာ တည်း”ဟု မဆိုသင့်ပါသလော။ |
9,850 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန်းတို့ “ဤတရားသည် ဒုက္ခဖြစ်သော အရိယသစ္စာတည်း”ဟု ငါဘုရားအား ရှေး၌ မကြားဖူးသေးသော (သစ္စာ) တရားတို့၌ (ပညာ) မျက်စိသည် ဖြစ်ပြီ၊ အသိ (ဉာဏ်) သည် ဖြစ်ပြီ၊ အပြားအားဖြင့် သိမှု ‘ပညာ'သည် ဖြစ်ပြီ၊ ထိုးထွင်း၍ သိအပ်သော ဉာဏ် (ဝိဇ္ဇာ) သည် ဖြစ်ပြီ၊ (ပညာ) အရောင်အလင်းသည် ဖြစ်ပြီ၊ ရဟန်းတို့ ထိုဒုက္ခဖြစ်သော အရိယသစ္စာကို ပိုင်းခြား၍ သိအပ်... |
9,851 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ရဟန်းတို့ “ပိုင်းခြား၍ သိအပ်ပြီ”ဟု ငါဘုရားအား။ |
9,852 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- ရဟန်းတို့ “ဤတရားသည် ဒုက္ခ၏အကြောင်းဖြစ်သော အရိယသစ္စာတည်း”ဟု ငါဘုရားအား။ |
9,853 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ရဟန်းတို့ “ထိုဒုက္ခ၏အကြောင်းဖြစ်သော အရိယသစ္စာကို ပယ်အပ်၏”ဟု ငါဘုရားအား။ |
9,854 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ရဟန်းတို့ “ပယ်အပ်ပြီ” ဤသို့ ငါဘုရားအား။ |
9,855 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန်းတို့ “ဤတရားသည် ဒုက္ခ၏ချုပ်ရာဖြစ်သော အရိယသစ္စာတည်း”ဟု ငါဘုရားအား။ |
9,856 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ရဟန်းတို့ “ထိုဒုက္ခ၏ချုပ်ရာ အရိယသစ္စာကို မျက်မှောက်ပြုအပ်၏”ဟု ငါဘုရားအား။ |
9,857 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ရဟန်းတို့ “မျက်မှောက်ပြုအပ်ပြီ”ဟု ငါဘုရားအား။ |
9,858 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန်းတို့ “ဤတရားသည် ဒုက္ခ၏ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းဖြစ်သော အရိယ သစ္စာတည်း”ဟု ငါဘုရားအား။ |
9,859 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ရဟန်းတို့ “ထိုဒုက္ခ၏ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယသစ္စာကို ပွါးစေအပ်၏”ဟု ငါဘုရားအား။ |
9,860 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ရဟန်းတို့ “ပွါးစေအပ်ပြီ” ဤသို့ ငါဘုရားအား ရှေး၌ မကြားဖူးသေးသော (သစ္စာ) တရားတို့၌ (ပညာ) မျက်စိသည် ဖြစ်ခဲ့ပြီ။ |
9,861 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ပညာအရောင်အလင်းသည် “ဖြစ်ခဲ့ပြီ”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
9,862 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် တစ်ဆယ့်နှစ်ပါးသော တည်ရာရှိသော အသိ ‘ဉာဏ်’ သည် လောကုတ္တရာတည်း။ |
9,863 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝီသတိမဝဂ် ပြီး၏။ |
9,864 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စတုတ္ထပဏ္ဏာသက ပြီး၏။ |
9,865 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ ဓမ္မစက္ကပဝတ္တနသုတ်၌ တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော ဉာဏ်ကို ရည်ရွယ်၍ တစ်ဆယ့်နှစ်ပါးသော တည်ရာရှိသော ဉာဏ်သည် လောကုတ္တရာမည်၏ဟု အယူရှိကြကုန်သော ပုဗ္ဗသေလိယဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤဉာဏကထာကို ဟောတော်မူသည်။ |
9,866 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ ထို လောကုတ္တရာအသိဉာဏ်သည် တစ်ဆယ့်နှစ်ပါးသောတည်ရာ ရှိခဲ့မူ မဂ်ဉာဏ်တို့သည် တစ်ဆယ့်နှစ်ပါးတို့ ဖြစ်ရာ၏ဟု စောဒနာလိုသောကြောင့် ဤပုစ္ဆာကို တက်သည်။ |
9,867 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ မဂ်တစ်ခုတည်းအဖြစ်ကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
9,868 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၄။ တစ်ဖန်နောက်ထပ် မေးမြန်းလတ်သော် တစ်ခုတစ်ခုသောသစ္စာ၌ သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်တို့၏ အစွမ်းအားဖြင့် ဉာဏ်တို့၏ ထူးသည်၏ အဖြစ်ကို ရည်ရွယ်၍ ဝန်ခံပြန်သည်။ |
9,869 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅။ ပရဝါဒီ ပြသောသုတ်သည် ရှေ့အဖို့ နောက်အဖို့၌ ဖြစ်သော ဉာဏ်တို့နှင့်တကွ ဉာဏ်တို့၏ ထူးသည်၏ အဖြစ်ကိုသာ ပြသည်၊ အရိယမဂ်၏ တစ်ဆယ့်နှစ်ပါးသော ဉာဏ်ရှိသည်၏ အဖြစ်ကို မပြရကား သာဓက မထိုက်။ |
9,870 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၂၀ဝ) ၁-သာသနကထာ၁ |
9,871 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၇၈။ သကဝါဒီ။ |
9,872 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ သာသနာကို အသစ်ပြုလုပ်အပ်ပါသလော။ |
9,873 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဩော် ပြုလုပ်အပ်ပါ၏။ |
9,874 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သတိပဌာန်တို့ကို အသစ်ပြုလုပ်အပ်ပါကုန်သလော။ |
9,875 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သာသနာကို အသစ်ပြုလုပ်အပ်ပါသလော။ |
9,876 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် ပြုလုပ်အပ်ပါ၏။ |
9,877 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မပ္ပဓာန်တို့ကို။ |
9,878 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဣဒ္ဓိပါဒ်တို့ကို။ |
9,879 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဣန္ဒြေတို့ကို။ |
9,880 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဗိုလ်တို့ကို။ |
9,881 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဗောဇ္ဈင်တို့ကို အသစ်ပြုလုပ်အပ်ပါကုန်သလော။ |
9,882 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရှေး၌ ဖြစ်သော အကုသိုလ်ကို နောက်၌ ကုသိုလ်ဖြစ်အောင် ပြုလုပ်အပ်ပါသလော။ |
9,883 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရှေး၌ (ဖြစ်သော) အာသဝေါတို့၏ အာရုံဖြစ်သော တရားကို။ |
9,884 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သံယောဇဉ်တို့၏ အာရုံဖြစ်သော တရားကို။ |
9,885 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဂန္ထတို့၏ အာရုံဖြစ်သော တရားကို။ |
9,886 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဩဃတို့၏ အာရုံဖြစ်သော တရားကို။ |
9,887 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ယောဂတို့၏ အာရုံဖြစ်သော တရားကို။ |
9,888 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ နီဝရဏတို့၏ အာရုံဖြစ်သော တရားကို။ |
9,889 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ပရာမာသတို့၏ အာရုံဖြစ်သော တရားကို။ |
9,890 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဥပါဒါန်တို့၏ အာရုံဖြစ်သော တရားကို။ |
9,891 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ကိလေသာတို့၏ အာရုံဖြစ်သော တရားကို နောက်၌ ကိလေသာတို့၏ အာရုံမဟုတ်သည်ကို ပြုအပ်သလော။ |
9,892 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မြတ်စွာဘုရား၏ သာသနာတော်ကို အသစ်ပြုလုပ်သော အချို့သောပုဂ္ဂိုလ်သည် ရှိပါသလော။ |
9,893 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သတိပဌာန်တို့ကို အသစ်ပြုလုပ်သော အချို့သောပုဂ္ဂိုလ်သည် ရှိပါသလော။ |
9,894 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဗောဇ္ဈင်တို့ကို အသစ်ပြုလုပ်သော အချို့သောပုဂ္ဂိုလ်သည် ရှိပါသလော။ |
9,895 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရှေး၌ (ဖြစ်သော) အကုသိုလ်ကို နောက်၌ ကုသိုလ်ဖြစ်အောင် ပြုလုပ်သော အချို့ သော ပုဂ္ဂိုလ်သည် ရှိပါသလော။ |
9,896 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ရှေး၌ (ဖြစ်သော) အာသဝေါတို့၏ အာရုံဖြစ်သော တရားကို။ |
9,897 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ကိလေသာတို့၏ အာရုံဖြစ်သော တရားကို နောက်၌ ကိလေသာတို့၏ အာရုံမဟုတ်သည်တို့ကို ပြုလုပ်သော အချို့သောပုဂ္ဂိုလ်သည် ရှိပါသလော။ |
9,898 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မြတ်စွာဘုရား၏ သာသနာတော်ကို တစ်ဖန် အသစ်ပြုလုပ်ခြင်းငှါ ရနိုင်ကောင်းပါသလော။ |
9,899 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သတိပဌာန်တို့ကို တစ်ဖန် အသစ်ပြုလုပ်ခြင်းငှါ ရနိုင်ကောင်းပါကုန်သလော။ |
9,900 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဣန္ဒြေတို့ကို။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.