id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
10,101 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ကိလေသာမရှိသည် မဟုတ်ပါလော။ |
10,102 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ရဟန္တာသည် ရာဂမရှိသည်။ |
10,103 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ကိလေသာမရှိသည် ဖြစ်ခဲ့မူ “သံယောဇဉ်အချို့ကို မပယ်စွန့်မူ၍ ပရိနိဗ္ဗာန်ပြုခြင်းသည် ရှိ၏”ဟု မဆိုသင့်။ |
10,104 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၉၃။ ပရဝါဒီ။ |
10,105 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ သံယောဇဉ်အချို့ကို မပယ်စွန့်မူ၍ ပရိနိဗ္ဗာန်ပြုခြင်းသည် ရှိ၏”ဟု မဆိုသင့်ပါသလော။ |
10,106 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန္တာသည် မြတ်စွာဘုရားဉာဏ်တော်၏ အရာဟူသမျှကို သိပါသလော။ |
10,107 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် သံယောဇဉ်အချို့ကို မပယ်စွန့်မူ၍ ပရိနိဗ္ဗာန်ပြုခြင်းသည် ရှိ၏။ |
10,108 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပရိနိဗ္ဗာနကထာ ပြီး၏။ |
10,109 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ ရဟန္တာပုဂ္ဂိုလ်သည် ဘုရားရှင်၏ ဉာဏ်တော်အရာဖြစ်သော တရား၌ သံယောဇဉ်ကို မပယ်နိုင်မူ၍သာလျှင် ပရိနိဗ္ဗာန်ပြုရ၏ဟု အယူရှိကုန်သော အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤပရိနိဗ္ဗာနကထာကို ဟောတော်မူသည်။ |
10,110 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၂၀၉) ၂-ကုသလစိတ္တကထာ၁ |
10,111 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၉၄။ သကဝါဒီ။ |
10,112 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ရဟန္တာသည် ကုသိုလ်စိတ်ရှိသည် ဖြစ်၍ ပရိနိဗ္ဗာန်ပြုပါသလော။ |
10,113 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန္တာသည် ပုညာဘိသင်္ခါရကို ပြုလုပ်လျက်။ |
10,114 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အာနေဉ္ဇာဘိသင်္ခါရကို ပြုလုပ်လျက်။ |
10,115 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | လားရာဂတိကို ဖြစ်စေတတ်သော ကံကို ပြုလုပ်လျက်။ |
10,116 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဖြစ်ရာဘဝကို ဖြစ်စေတတ်သော ကံကို ပြုလုပ်လျက်။ |
10,117 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အစိုးရခြင်းကို ဖြစ်စေတတ်သော ကံကို ပြုလုပ်လျက်။ |
10,118 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အကြီးအမှူးကို ဖြစ်စေတတ်သော ကံကို ပြုလုပ်လျက်။ |
10,119 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | များစွာသော စည်းစိမ်ကို ဖြစ်စေတတ်သော ကံကို ပြုလုပ်လျက်။ |
10,120 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | များစွာသော အခြံအရံကို ဖြစ်စေတတ်သော ကံကို ပြုလုပ်လျက်။ |
10,121 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | နတ်ပြည်၌ တင့်တယ်ခြင်းကို ဖြစ်စေတတ်သော ကံကို ပြုလုပ်လျက်။ |
10,122 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | လူ့ပြည်၌ တင့်တယ်ခြင်းကို ဖြစ်စေတတ်သော ကံကို ပြုလုပ်လျက် ပရိနိဗ္ဗာန်ပြုပါသလော။ |
10,123 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန္တာသည် ကုသိုလ်စိတ်ရှိသည် ဖြစ်၍ ပရိနိဗ္ဗာန်ပြုပါသလော။ |
10,124 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန္တာသည် ပွါးစေ၍ ဖျက်ဆီးပြီးလျှင်။ |
10,125 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပယ်စွန့်၍ စွဲလမ်းပြီးလျှင်။ |
10,126 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဖြေရှင်း၍ နှောင်ဖွဲ့ပြီးလျှင်။ |
10,127 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မှုတ်လွှင့်၍ ပေါင်းစည်းပြီးလျှင် ပရိနိဗ္ဗာန်ပြုပါသလော။ |
10,128 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန္တာသည် ပွါးစေဆဲလည်းမဟုတ် ဖျက်ဆီးဆဲလည်း မဟုတ်မူ၍ ဖျက်ဆီးပြီး၍ တည်သည် မဟုတ်ပါသလော။ |
10,129 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ရဟန္တာသည် ပွါးစေဆဲလည်းမဟုတ် ဖျက်ဆီးဆဲလည်း မဟုတ်မူ၍ ဖျက်ဆီးပြီး၍ တည်သည် ဖြစ်ခဲ့မူ “ရဟန္တာသည် ကုသိုလ်စိတ်ရှိသည် ဖြစ်၍ ပရိနိဗ္ဗာန်ပြု၏”ဟူ၍ မဆိုသင့်။ |
10,130 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန္တာသည် ပယ်စွန့်ဆဲလည်းမဟုတ် စွဲလမ်းဆဲလည်း မဟုတ်မူ၍ ပယ်စွန့်ပြီး၍ တည်သည် မဟုတ်ပါလော၊ ဖြေရှင်းဆဲလည်းမဟုတ် နှောင်ဖွဲ့ဆဲလည်း မဟုတ်မူ၍ ဖြေရှင်းပြီး၍ တည်သည် မဟုတ်ပါလော၊ ရဟန္တာသည် မှုတ်လွှင့်ဆဲလည်းမဟုတ် ပေါင်းစည်းဆဲလည်း မဟုတ်မူ၍ မှုတ်လွှင့် ပြီး၍ တည်သည် မဟုတ်ပါလော။ |
10,131 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ရဟန္တာသည် မှုတ်လွှင့်ဆဲလည်းမဟုတ် ပေါင်းစည်းဆဲလည်း မဟုတ်မူ၍ မှုတ်လွှင့်ပြီး၍ တည်သည် ဖြစ်ခဲ့မူ “ရဟန္တာသည် ကုသိုလ်စိတ်ရှိသည် ဖြစ်၍ ပရိနိဗ္ဗာန် ပြု၏”ဟူ၍ မဆိုသင့်။ |
10,132 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၉၅။ ပရဝါဒီ။ |
10,133 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “ရဟန္တာသည် ကုသိုလ်စိတ်ရှိသည် ဖြစ်၍ ပရိနိဗ္ဗာန်ပြု၏”ဟူ၍ မဆိုသင့်ပါသလော။ |
10,134 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန္တာသည် ထင်သောသတိရှိသည်, အောက်မေ့မှုရှိသည်, ဆင်ခြင်ဉာဏ်ရှိသည် ဖြစ်၍ ပရိနိဗ္ဗာန်ပြုသည် မဟုတ်ပါလော။ |
10,135 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်သကဝါဒီ ရဟန္တာသည် ထင်သောသတိရှိသည်, အောက်မေ့မှုရှိသည်, ဆင်ခြင် ဉာဏ်ရှိသည်ဖြစ်၍ ပရိနိဗ္ဗာန်ပြုခဲ့မူ “ရဟန္တာသည် ကုသိုလ်စိတ်ရှိသည် ဖြစ်၍ ပရိနိဗ္ဗာန်ပြု၏”ဟူ၍ ဆိုသင့်၏။ |
10,136 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကုသလစိတ္တကထာ ပြီး၏။ |
10,137 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ ရဟန္တာပုဂ္ဂိုလ်သည် သတိ၏ ပြန့်ပြောခြင်းသို့ ရောက်သည်ဖြစ်၍ ဖြစ်သောကြောင့် ပရိနိဗ္ဗာန်ပြုသော်လည်း သတိရှိသည် ပညာဉာဏ် အဆင်အခြင်နှင့် ပြည့်စုံသည် ဖြစ်၍သာလျှင် ပရိနိဗ္ဗာန်ပြု၏၊ ထို့ကြောင့် ကုသိုလ်စိတ်ရှိသည် ဖြစ်၍ ပရိနိဗ္ဗာန်ပြု၏ဟု အယူရှိကြကုန်သော အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤကုသလစိတ္တကထာကို ဟောတော်မူသည်။ |
10,138 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ ကုသိုလ်စိတ်ရှိသူမည်သည် ပုညာဘိသင်္ခါရကို ပြုလုပ်ခြင်း စသည်တို့၏ အစွမ်းအားဖြင့် ဖြစ်၏၊ ထို့ကြောင့် ထိုအနက်သဘောဖြင့် စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
10,139 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ ပရဝါဒီဆရာ၏ စကားသည် ဇောခဏ၌ ကိရိယာဇောနှင့် ယှဉ်သော သတိသမ္ပဇဉ်ကို ပြခြင်းငှါ ဆိုအပ်ပါ၏၊ ကုသိုလ်စိတ်ကို ပြခြင်းငှါ ဆိုအပ်သည် မဟုတ်၊ ထို့ကြောင့် သာဓက မထိုက်။ |
10,140 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၂၁၀) ၃-အာနေဉ္ဇကထာ၁ |
10,141 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၉၆။ သကဝါဒီ။ |
10,142 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ရဟန္တာသည် အာနေဉ္ဇသမာဓိ၌ တည်သည်ဖြစ်၍ ပရိနိဗ္ဗာန်ပြုပါသလော။ |
10,143 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန္တာသည် ပကတိစိတ်၌ တည်သည်ဖြစ်၍ ပရိနိဗ္ဗာန်ပြုသည် မဟုတ်ပါလော။ |
10,144 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ရဟန္တာသည် ပကတိစိတ်၌ တည်သည်ဖြစ်၍ ပရိနိဗ္ဗာန်ပြုခဲ့မူ “ရဟန္တာသည် အာနေဉ္ဇသမာဓိ၌ တည်သည်ဖြစ်၍ ပရိနိဗ္ဗာန်ပြု၏”ဟူ၍ မဆိုသင့်။ |
10,145 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန္တာသည် အာနေဉ္ဇသမာဓိ၌ တည်သည်ဖြစ်၍ ပရိနိဗ္ဗာန်ပြုပါသလော။ |
10,146 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန္တာသည် ကိရိယာစိတ်၌ တည်သည်ဖြစ်၍ ပရိနိဗ္ဗာန်ပြုပါသလော။ |
10,147 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန္တာသည် ဝိပါက်စိတ်၌ တည်သည်ဖြစ်၍ ပရိနိဗ္ဗာန်ပြုသည် မဟုတ်ပါလော။ |
10,148 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ရဟန္တာသည် ဝိပါက်စိတ်၌ တည်သည်ဖြစ်၍ ပရိနိဗ္ဗာန်ပြုခဲ့ပါမူ “ရဟန္တာသည် အာနေဉ္ဇသမာဓိ၌ တည်သည်ဖြစ်၍ ပရိနိဗ္ဗာန်ပြု၏”ဟူ၍ မဆိုသင့်။ |
10,149 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန္တာသည် ကိရိယာဗျာကတစိတ်၌ တည်သည်ဖြစ်၍ ပရိနိဗ္ဗာန်ပြုပါသလော။ |
10,150 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန္တာသည် ဝိပါက်အဗျာကတစိတ်၌ တည်သည်ဖြစ်၍ ပရိနိဗ္ဗာန်ပြုသည် မဟုတ်ပါလော။ |
10,151 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ရဟန္တာသည် ဝိပါက်အဗျာကတစိတ်၌ တည်သည် ဖြစ်၍ ပရိနိဗ္ဗာန်ပြုခဲ့မူ “ရဟန္တာသည် အာနေဉ္ဇသမာဓိ၌ တည်သည် ဖြစ်၍ ပရိနိဗ္ဗာန်ပြု၏”ဟူ၍ မဆိုသင့်။ |
10,152 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မြတ်စွာဘုရားသည် စတုတ္ထဈာန်မှ ထ၍ (၎င်း၏) အခြားမဲ့၌ ပရိနိဗ္ဗာန်ပြုတော်မူသည် မဟုတ်ပါလော။ |
10,153 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အရှင်ပရဝါဒီ မြတ်စွာဘုရားသည် စတုတ္ထဈာန်မှ ထ၍ (၎င်း၏) အခြားမဲ့၌ ပရိနိဗ္ဗာန်ပြုတော်မူခဲ့မူ “ရဟန္တာသည် အာနေဉ္ဇသမာဓိ၌ တည်သည်ဖြစ်၍ ပရိနိဗ္ဗာန်ပြု၏”ဟူ၍ မဆိုသင့်။ |
10,154 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အာနေဉ္ဇကထာ ပြီး၏။ |
10,155 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ မြတ်စွာဘုရားသည် စတုတ္တဈာန်၌ တည်လျက် ပရိနိဗ္ဗာန်ပြု၏ဟု မြဲစွာမှတ်ယူလျက် ရဟန္တာပုဂ္ဂိုလ်သည် အာနေဉ္ဇသမာပတ်၌ တည်လျက် ပရိနိဗ္ဗာန်ပြု၏ဟု အယူရှိကုန်သော ဥတ္တရာပထဂိုဏ်းဝင် ပရဝါဒီဆရာအချို့တို့ကို ရည်ရွယ်၍ ဤအာနေဉ္ဇကထာကို ဟောတော်မူသည်။ |
10,156 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ သညာရှိသူ သတ္တဝါအားလုံးတို့သည် ဘဝင်စိတ်၌တည်၍ ဘဝင်၏ အဆုံးဖြစ်သော စုတိစိတ်ဖြင့် သေကြေရကုန်၏၊ ဤအနက်အဓိပ္ပါယ်ဖြင့် စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
10,157 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (အထူးမှတ်ချက်) စတုဝေါကာရဘုံ၌ ရဟန္တာပုဂ္ဂိုလ်၏ ပကတိဘဝင်စိတ်သည် အာနေဉ္ဇပင် မည်ပါသော်လည်း ဤအမေးပြဿနာကို ပဉ္စဝေါကာရဘဝင်၏ အစွမ်းအားဖြင့် ထုတ်ဆောင်အပ်၏။ |
10,158 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (၂၁၁) ၄-ဓမ္မာဘိသမယကထာ၁ |
10,159 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၉၇။ သကဝါဒီ။ |
10,160 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ကိန်းအောင်းရာ အမိဝမ်းတိုက်၌ (သစ္စာ) တရားကို ထိုးထွင်း၍ သိမှု ရှိပါသလော။ |
10,161 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကိန်းအောင်းရာ အမိဝမ်းတိုက်၌ တရားကို ဟောပြောခြင်း၊ တရားကို ကြားနာခြင်း၊ တရားကို ဆွေးနွေးခြင်း၊ အနက်ကို မေးမြန်းခြင်း၊ သီလကို ဆောက်တည်ခြင်း၊ ဣန္ဒြေခြောက်ပါးတို့၌ လုံခြုံသော တံခါး (ပေါက်) ရှိသူ၏အဖြစ်၊ စားဖွယ် (ဘောဇဉ်) ၌ အတိုင်းအရှည်ကို သိသူ၏အဖြစ်၊ ညဉ့်၏ ရှေ့အဖို့နောက်အဖို့တို့ဝယ် နိုးကြားခြင်း၌ အားထုတ်မှုသည် ရှိပါသလော။ |
10,162 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကိန်းအောင်းရာ အမိဝမ်းတိုက်၌ တရားကို ဟောပြောခြင်း၊ တရားကို ကြားနာခြင်း။ |
10,163 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ညဉ့်၏ ရှေ့အဖို့နောက်အဖို့တို့ဝယ် နိုးကြားခြင်း၌ အားထုတ်မှုသည် မရှိပါသလော။ |
10,164 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ကိန်းအောင်းရာ အမိဝမ်းတိုက်၌ တရားကို ဟောပြောခြင်း၊ တရားကို ကြားနာခြင်း။ |
10,165 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ညဉ့်၏ ရှေ့အဖို့နောက်ဖို့တို့ဝယ် နိုးကြားခြင်း၌ အဖန်ဖန်အားထုတ်မှုသည် မရှိခဲ့ ပါလျှင် “ကိန်းအောင်းရာ အမိဝမ်းတိုက်၌ တရားကို ထိုးထွင်းသိခြင်းသည် ရှိ၏”ဟု မဆိုသင့်။ |
10,166 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကိန်းအောင်းရာ အမိဝမ်းတိုက်၌ (သစ္စာ) တရားကို ထိုးထွင်းသိခြင်းသည် ရှိပါသလော။ |
10,167 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ သမ္မာဒိဋ္ဌိ၏ ဖြစ်ခြင်းငှါ သူတစ်ပါးအထံမှ တရားသံကို (နာခံ) ရခြင်းလည်းကောင်း၊ အသင့်အားဖြင့် နှလုံးသွင်းနိုင်ခြင်းလည်းကောင်း (ဤသို့) အကြောင်းနှစ်ပါးတို့သည် ရှိကုန်သည် မဟုတ်ပါလော။ |
10,168 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ သမ္မာဒိဋ္ဌိ၏ ဖြစ်ခြင်းငှါ သူတစ်ပါးအထံမှ တရားသံကို နာခံရခြင်းလည်းကောင်း၊ အသင့်အားဖြင့် နှလုံးသွင်းရခြင်းလည်းကောင်း (ဤသို့) အကြောင်းနှစ်ပါးတို့ ရှိခဲ့ပါကုန်မူ “ကိန်းအောင်းရာ အမိဝမ်းတိုက်၌ တရားကို ထိုးထွင်းသိခြင်းသည် ရှိ၏”ဟု မဆိုသင့်။ |
10,169 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကိန်းအောင်းရာ အမိဝမ်းတိုက်၌ (သစ္စာ) တရားကို ထိုးထွင်း၍ သိခြင်းသည် ရှိပါသလော။ |
10,170 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အိပ်ပျော်သူ၊ မေ့လျော့သူ၊ သတိကင်းပျောက်သူ၊ ဆင်ခြင်ဉာဏ်မရှိသူအား တရားကို ထိုးထွင်းသိခြင်းသည် ဖြစ်ပါသလော။ |
10,171 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဓမ္မာဘိသမယကထာ ပြီး၏။ |
10,172 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ အတိတ်ဘဝ၌ သောတာပန်ဖြစ်၍ အမိဝမ်းတိုက်သို့ သက်ဝင်ပြီးလျှင် မွေးဖွားလာသော သောတာပန်ပုဂ္ဂိုလ်ကို တွေ့မြင်ရ၍ အမိဝမ်းတိုက်၌ သစ္စာလေးပါးကို ထိုးထွင်း၍ သိသူသည် ရှိ၏ဟု အယူရှိကြကုန်သော ဥတ္တရာပထဂိုဏ်းဝင် ပရဝါဒီဆရာအချို့တို့ကို ရည်ရွယ်၍ ဤဓမ္မာဘိသမယကထာကို ဟောတော်မူသည်။ |
10,173 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ အမိဝမ်းတိုက်၌ သစ္စာလေးပါးကို ထိုးထွင်းသိမှု ရှိခဲ့ပါလျှင် သစ္စာလေးပါးကို ထိုထွင်း၍ သိခြင်း၏ အကြောင်းဖြစ်ကုန်သော ဓမ္မဒေသနာ စသည်တို့သည် ဖြစ်ရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
10,174 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၂၁၂-၂၁၄) ၅-၇-တိဿောပိကထာ၁ |
10,175 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၉၈။ သကဝါဒီ။ |
10,176 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ကိန်းအောင်းရာ အမိဝမ်းတိုက်၌ အရဟတ္တဖိုလ်ကို ရခြင်းသည် ရှိပါသလော။ |
10,177 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အိပ်ပျော်နေသူ၊ မေ့လျော့နေသူ၊ သတိကင်းပျောက်သူ၊ ဆင်ခြင်ဉာဏ်မရှိသူအား အရဟတ္တဖိုလ်ကို ရခြင်းသည် ရှိပါသလော။ |
10,178 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၉၉။ သကဝါဒီ။ |
10,179 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အိပ်မက်မက်သူအား (သစ္စာ) တရားကို ထိုးထွင်း၍ သိခြင်းသည် ရှိပါသလော။ |
10,180 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အိပ်ပျော်နေသူ၊ မေ့လျော့သူ၊ သတိကင်းပျောက်သူ၊ ဆင်ခြင်ဉာဏ်မရှိသူအား တရား ကို ထိုးထွင်း၍ သိခြင်းသည် ရှိပါသလော။ |
10,181 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၉၀၀။ သကဝါဒီ။ |
10,182 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အိပ်မက်မက်သူအား အရဟတ္တဖိုလ်ကို ရခြင်းသည် ရှိပါသလော။ |
10,183 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အိပ်ပျော်နေသူ၊ မေ့လျော့သူ၊ သတိကင်းပျောက်သူ၊ ဆင်ခြင်ဉာဏ်မရှိသူအား အရဟတ္တဖိုလ်ကို ရခြင်းသည် ရှိပါသလော။ |
10,184 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တိဿောပိကထာ ပြီး၏။ |
10,185 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ မွေးဖွားပြီး၍ မကြာမြင့်သော သောတာပန်ပုဂ္ဂိုလ်တို့၏ အရဟတ္တဖိုလ်သို့ ရောက်ခြင်းကိုလည်းကောင်း၊ သုပ္ပဝါသာ ဥပါသိကာမ၏ ကိုယ်ဝန်ကို တွေ့မြင်ရ၍ အမိဝမ်းတိုက်၌ အရဟတ္တဖိုလ်သို့ရောက်ခြင်းသည် ရှိ၏ဟူ၍လည်းကောင်း၊ အိပ်မက်၌ ကောင်းကင်သို့သွားခြင်း စသည်တို့ကို မြင်မက်၍ ထိုအိပ်မက်၌ သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းသည် ရှိ၏ဟူ၍လည်းကောင်း၊ ... |
10,186 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၂၁၅) ၈-အဗျာကတကထာ၁ |
10,187 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၉၀၁။ သကဝါဒီ။ |
10,188 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အိပ်မက်မက်သူ၏ စိတ်အားလုံးသည် အဗျာကတစိတ်ချည်း ဖြစ်ပါသလော။ |
10,189 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အိပ်မက်၌ (သူတစ်ပါး) အသက်ကို သတ်ရာသလော။ |
10,190 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ အိပ်မက်၌ သူ့အသက်ကို သတ်ခဲ့ပါမူ “အိပ်မက်မက်သူ၏ စိတ်အားလုံးသည် အဗျာကတစိတ်ချည်းသာ”ဟူ၍ မဆိုသင့်။ |
10,191 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အိပ်မက်၌ မပေးအပ်သော ဥစ္စာကို ခိုးယူရာသလော။ |
10,192 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ မုသားပြောဆိုရာသလော။ |
10,193 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဂုံးတိုက်သော စကားကို ပြောဆိုရာသလော။ |
10,194 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကြမ်းတမ်းသော စကားကို ပြောဆိုရာသလော။ |
10,195 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အကျိုးမဲ့ သော စကားကို ပြောဆိုရာသလော။ |
10,196 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အိမ်ခြံစပ်ကို ဖောက်ဖျက်ရာသလော။ |
10,197 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | လုယက်အပ်သောပစ္စည်းကို ဆောင်ရာသလော။ |
10,198 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တစ်အိမ်၌ လုယက်မှုကို ပြုရာသလော။ |
10,199 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | လမ်းခရီး၌ (လုယက်ရန်) တည်ရာသလော။ |
10,200 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သူတစ်ပါးမယားကို သွားလာရာသလော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.