id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
10,301 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရွာဖျက်ဆီးမှုကို ပြုအပ်ပါသလော။ |
10,302 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | နိဂုံးဖျက်ဆီးမှုကို ပြုအပ်ပါသလော။ |
10,303 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဧကာဓိပ္ပါယကထာ ပြီး၏။ |
10,304 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ ရာဂါဓိပ္ပါယမှတစ်ပါး သနားသည်၏အဖြစ်ဟူသော တူညီသော အလိုဖြင့် မေထုန်အကျင့်ကို မှီဝဲထိုက်၏ဟူ၍လည်းကောင်း၊ သံသရာဘဝအဆက်ဆက်၌ အတူတကွ ဖြစ်ရလို၏ဟု နှလုံးသွင်း၍ တောင့်တသည်၏ အစွမ်းဖြင့် တူသောအလိုရှိသော မေထုန်အကျင့်ကို မှီဝဲသင့်၏ဟူ၍လည်းကောင်း အယူရှိကြကုန်သော အန္ဓကနှင့် ဝေတုလ္လကဂိုဏ်းဝင် ပရဝါဒီ ဆရာတို့ကို ရည်ရွယ်၍ ဤဧကာဓိပ္ပါယ ကထာကို... |
10,305 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၂၁၉) ၂-အရဟန္တဝဏ္ဏကထာ၁ |
10,306 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၉၀၉။ သကဝါဒီ။ |
10,307 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ နတ်တို့သည် ရဟန္တာတို့၏ အသွင်ဖြင့် မေထုန်အကျင့်ကို မှီဝဲကုန်သလော။ |
10,308 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် မှီဝဲပါကုန်၏။ |
10,309 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | နတ်တို့သည် ရဟန္တာတို့၏ အသွင်ဖြင့် သတ္တဝါကို သတ်ပါကုန်သလော။ |
10,310 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ မပေး အပ်သော ပစ္စည်းကို ခိုးယူပါကုန်သလော။ |
10,311 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မုသားစကား ပြောဆိုပါကုန်သလော။ |
10,312 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကုန်းတိုက်စကားကို ပြောဆိုပါကုန်သလော။ |
10,313 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကြမ်းတမ်းသော စကားကို ပြောဆိုပါကုန်သလော။ |
10,314 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အကျိုးမဲ့သော စကားကို ပြောဆိုပါကုန်သလော။ |
10,315 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အိမ်ခြံစပ်ကို ဖောက်ဖျက်ပါကုန်သလော။ |
10,316 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | လုယက်အပ်သော ဥစ္စာကို ဆောင်ပါကုန်သလော။ |
10,317 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တစ်အိမ်၌ လုယက်မှုကို ပြုပါကုန်သလော။ |
10,318 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | လမ်း၌ လုယက်ရန် ရပ်တည်ပါကုန်သလော။ |
10,319 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သူတစ်ပါးမယားကို သွားလာပါကုန်သလော။ |
10,320 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရွာဖျက်ဆီးမှုကို ပြုပါကုန်သလော။ |
10,321 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | နိဂုံးဖျက်ဆီးမှုကို ပြုပါ ကုန်သလော။ |
10,322 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရဟန္တဝဏ္ဏကထာ ပြီး၏။ |
10,323 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ ဣရိယာပုထ်နှင့် ပြည့်စုံကုန်သော အသွင်အပြင်နှင့် ပြည့်စုံကုန်သော ရဟန်းယုတ်တို့ကို မြင်ရ၍ နတ်ဘီလူးတို့သည် ရဟန္တာတို့၏ အသွင်အပြင်ဖြင့် မေထုန်မှီဝဲ၏ဟု အယူရှိကြကုန်သော ဥတ္တရာပထဂိုဏ်းဝင်အချို့တို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။ |
10,324 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၂၂၀-၂၂၄) ၃-၇ ဣဿရိယ ကာမကာရိကာကထာ၁ |
10,325 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၉၁၀။ သကဝါဒီ။ |
10,326 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဘုရားအလောင်းသည် အစိုးရသည်၏ အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် ပျက်စီးကျရောက်ရာ အပါယ်ဘုံသို့ ရောက်ရပါသလော။ |
10,327 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် ရောက်ရပါ၏။ |
10,328 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဘုရားအလောင်းသည် အစိုးရသည်၏ အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် ငရဲသို့ ရောက်ရပါသလော၊ သိဉ္ဇိုးငရဲသို့ ရောက်ရပါသလော၊ ကာလသုတ်ငရဲသို့ ရောက်ရပါသလော၊ တာပနငရဲသို့ ရောက်ရပါသလော၊ မဟာတာပနငရဲသို့ ရောက်ရပါသလော၊ သံဃာ တကငရဲသို့ ရောက်ရပါသလော၊ ရောရုဝငရဲသို့ ရောက်ရပါသလော၊ မဟာရောရုဝငရဲသို့ ရောက်ရပါသလော၊ အဝီစိငရဲသိ... |
10,329 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဘုရားအလောင်းသည် အစိုးရသည်၏ အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် ပျက်စီးကျရောက်ရာ အပါယ်ဘုံသို့ ရောက်ရပါသလော။ |
10,330 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဘုရားအလောင်းသည် အစိုးရသည်၏ အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် ပျက်စီးကျရောက်ရာ အပါယ်ဘုံသို့ ရောက်၏”ဟူသော သုတ္တန် (ပါဠိ) ရှိပါသလော။ |
10,331 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ “ဘုရားအလောင်းသည် အစိုးရသည်၏ အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် ပျက်စီးကျရောက်ရာ အပါယ်ဘုံသို့ ရောက်၏”ဟူသော သုတ္တန် (ပါဠိ) မရှိခဲ့ပါမူ “ဘုရားအလောင်းသည် အစိုးရသည်၏ အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် ပျက်စီးကျရောက်ရာ အပါယ်ဘုံသို့ ရောက်၏”ဟူ၍ မဆိုသင့်။ |
10,332 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၉၁၁။ သကဝါဒီ။ |
10,333 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဘုရားအလောင်းသည် အစိုးရသည်၏ အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် အမိဝမ်းတိုက်၌ ကိန်းအောင်းခြင်းသို့ သက်ရောက်ရပါသလော။ |
10,334 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် သက်ရောက်ရပါ၏။ |
10,335 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဘုရားအလောင်းသည် အစိုးရသည်၏ အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် ငရဲသို့ ကပ်ရောက်ရပါသလော။ |
10,336 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တိရစ္ဆာန်မျိုးသို့ ကပ်ရောက်ရပါသလော။ |
10,337 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဘုရားအလောင်းသည် အစိုးရသည်၏ အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် အမိဝမ်းတိုက်၌ ကိန်းအောင်းခြင်းသို့ သက်ရောက်ရပါသလော။ |
10,338 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဘုရားအလောင်းသည် တန်ခိုးရှိသူ ဖြစ်ပါသလော။ |
10,339 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဘုရားအလောင်းသည် တန်ခိုးရှိသူ ဖြစ်ပါသလော။ |
10,340 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဘုရားအလောင်းသည် ဆန္ဒိဒ္ဓိပါဒ်ကို ပွါးစေအပ်ပါသလော။ |
10,341 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဝီရိယိဒ္ဓိပါဒ်ကို။ |
10,342 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ္တဒ္ဓိပါဒ်ကို။ |
10,343 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဝီမံသိဒ္ဓိပါဒ်ကို ပွါးစေအပ်ပါသလော။ |
10,344 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဘုရားအလောင်းသည် အစိုးရသည်၏အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် အမိဝမ်းတိုက်၌ ကိန်းအောင်းခြင်းသို့ သက်ရောက်၏”ဟူသော သုတ္တန် (ပါဠိ) ရှိပါသလော။ |
10,345 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ “ဘုရားအလောင်းသည် အစိုးရသည်၏ အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် အမိဝမ်းတိုက်၌ ကိန်းအောင်းခြင်းသို့ သက်ရောက်၏”ဟူသော သုတ္တန် (ပါဠိ) မရှိခဲ့ပါမူ “ဘုရားအလောင်းသည် အစိုးရသည်၏ အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် အမိဝမ်းတိုက်၌ ကိန်းအောင်းခြင်းသို့ သက်ရောက်၏”ဟူ၍ မဆိုသင့... |
10,346 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၉၁၂။ သကဝါဒီ။ |
10,347 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဘုရားအလောင်းသည် အစိုးရသည်၏ အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် ဒုက္ကရစရိယအကျင့်ကို ပြုကျင့်ခဲ့ရပါသလော။ |
10,348 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် ပြုကျင့်ခဲ့ရပါ၏။ |
10,349 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဘုရားအလောင်းသည် အစိုးရသည်၏အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် “လောကသည် မြဲ၏”ဟူ၍ စွဲယူခဲ့ပါသလော။ |
10,350 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “လောကသည် မမြဲ”ဟူ၍။ |
10,351 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ “လောကသည် အဆုံးရှိ၏”ဟူ၍။ |
10,352 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ “လောကသည် အဆုံးမရှိ”ဟူ၍။ |
10,353 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ “ထိုအသက်သည်ပင် ထိုကိုယ်”ဟူ၍။ |
10,354 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ “အသက်တခြား ကိုယ်တခြား”ဟူ၍။ |
10,355 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ “သတ္တဝါသည် သေပြီးနောက်၌ ဖြစ်၏”ဟူ၍။ |
10,356 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ “သတ္တဝါသည် သေပြီးနောက်၌ မဖြစ်”ဟူ၍။ |
10,357 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ “သတ္တဝါသည် သေပြီးနောက်၌ ဖြစ်လည်း ဖြစ် မဖြစ် လည်းမဖြစ်”ဟူ၍။ |
10,358 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ “သတ္တဝါသည် သေပြီးနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍ စွဲယူခဲ့ပါသလော။ |
10,359 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဘုရားအလောင်းသည် အစိုးရသည်၏အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် ဒုက္ကရစရိယအကျင့်ကို ပြုကျင့်ခဲ့ရပါသလော။ |
10,360 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဘုရားအလောင်းသည် အစိုးရသည်၏အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် ဒုက္ကရစရိယအကျင့်ကို ပြုကျင့်ခဲ့ရ၏”ဟူသော သုတ္တန် (ပါဠိ) ရှိပါသလော။ |
10,361 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ “ဘုရားအလောင်းသည် အစိုးရသည်၏ အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် ဒုက္ကရစရိယအကျင့်ကို ပြုကျင့်ခဲ့ရ၏”ဟူသော သုတ္တန် (ပါဠိ) မရှိခဲ့ပါမူ “ဘုရားအလောင်းသည် အစိုးရသည်၏အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် ဒုက္ကရစရိယအကျင့်ကို ပြုကျင့်ခဲ့ရ၏”ဟူ၍ မဆိုသင့်။ |
10,362 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဘုရားအလောင်းသည် အစိုးရသည်၏ အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် သူတစ်ပါးအား ပူပန်စေတတ်သော အကျင့်ကို ပြုကျင့်ခဲ့ပါသလော၊ အခြား သော ပုဂ္ဂိုလ်ကို ဆရာဟူ၍ ညွှန်ပြခဲ့ပါသလော။ |
10,363 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဘုရားအလောင်းသည် အစိုးရသည်၏ အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် “လောကသည် မြဲ၏”ဟူ၍ စွဲယူခဲ့ပါသလော။ |
10,364 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍ စွဲယူခဲ့ပါသလော။ |
10,365 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၉၁၄။ သကဝါဒီ။ |
10,366 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဘုရားအလောင်းသည် အစိုးရသည်၏ အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် အခြားသောပုဂ္ဂိုလ်ကို ဆရာဟူ၍ ညွှန်ပြခဲ့ပါသလော။ |
10,367 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် ညွှန်ပြခဲ့ပါ၏။ |
10,368 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဘုရားအလောင်းသည် အစိုးရသည်၏ အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် အခြားသော ပုဂ္ဂိုလ်ကို ဆရာဟူ၍ ညွှန်ပြခဲ့၏”ဟူသော သုတ္တန် (ပါဠိ) ရှိပါသလော။ |
10,369 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ “ဘုရားအလောင်းသည် အစိုးရသည်၏ အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် အခြားသော ပုဂ္ဂိုလ်ကို ဆရာဟူ၍ ညွှန်ပြခဲ့၏”ဟူသော သုတ္တန် (ပါဠိ) မရှိခဲ့ပါလျှင် “ဘုရားအလောင်းသည် အစိုးရသည်၏ အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် အခြားသော ပုဂ္ဂိုလ်ကို ဆရာဟူ၍ ညွှန်ပြခဲ့ရ၏”ဟူ၍ မဆိုသင့်။ |
10,370 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဣဿရိယကာမကာရိကာကထာ ပြီး၏။ |
10,371 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ ဆဒ္ဒန္တဇာတ်စသည်တို့ကို ရည်ရွယ်၍ ဘုရားလောင်းသည် မိမိစိတ်ကို အစိုးရသည်၏ အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် ပျက်စီးကျရောက်ရာ ဖြစ်သော ငရဲသို့ ကျရောက်ရ၏၊ အမိဝမ်းတိုက်သို့ သက်ရ၏၊ ဒုက္ကရစရိယာအကျင့်မျိုးကို ကျင့်ရ၏၊ သူတစ်ပါးအား ပူပန်စေခြင်းကို ပြုခဲ့ရ၏၊ တစ်ပါးသောသူကို ဆရာဟု ညွှန်းခဲ့ရ၏ဟု အယူရှိကြကုန်... |
10,372 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ ဘုရားအလောင်းသည် အစိုးရသည်၏ အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် အပါယ်စသည်သို့ ကျရောက်ခဲ့မူ တန်ခိုးဖြင့်သာ ကျရာ၏၊ ကံ၏အစွမ်းဖြင့် မကျရာဟု စောဒနာလိုသောကြောင့် ဤပုစ္ဆာကို တက်သည်။ |
10,373 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ ဘာဝနာမယတန်ခိုးကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
10,374 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၄။ ပုညိဒ္ဓိကို ရည်ရွယ်၍ ဝန်ခံပြန်သည်။ |
10,375 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅။ ဘုရားအလောင်းသည် ထိုအစိုးရသည်၏ အဖြစ်ဖြင့် အလိုရှိတိုင်း ပြုလုပ်ခြင်းဟူသော အကြောင်းကြောင့် ဒုက္ကရစရိယအကျင့်ကို ကျင့်ခဲ့ပါမူ သဿတဒိဋ္ဌိစသော အယူတို့ကိုလည်း ယူရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
10,376 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၂၂၅) ၈-ပတိရူပကထာ၁ |
10,377 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၉၁၅။ သကဝါဒီ။ |
10,378 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ရာဂမဟုတ်သော ရာဂအတုသည် ရှိပါသလော၊ |
10,379 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဖဿမဟုတ်သော ဖဿအတုသည် ရှိပါသလော။ |
10,380 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝေဒနာမဟုတ်သော ဝေဒနာအတုသည် ရှိပါသလော။ |
10,381 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သညာမဟုတ်သော သညာအတုသည် ရှိပါသလော။ |
10,382 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စေတနာမဟုတ်သော စေတနာအတုသည် ရှိပါသလော။ |
10,383 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စိတ်မဟုတ်သော စိတ်အတုသည် ရှိပါသလော။ |
10,384 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သဒ္ဓါမဟုတ်သော သဒ္ဓါ အတုသည် ရှိပါသလော။ |
10,385 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝီရိယမဟုတ်သော ဝီရိယအတုသည် ရှိပါသလော။ |
10,386 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သတိမဟုတ်သော သတိ အတုသည် ရှိပါသလော။ |
10,387 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမာဓိမဟုတ်သော သမာဓိအတုသည် ရှိပါသလော။ |
10,388 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပညာမဟုတ်သော ပညာ အတုသည် ရှိပါသလော။ |
10,389 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၉၁၆။ သကဝါဒီ။ |
10,390 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဒေါသမဟုတ်သော ဒေါသအတုသည် ရှိပါသလော၊ မောဟမဟုတ်သော မောဟအတုသည် ရှိပါသလော၊ ကိလေသာမဟုတ်သော ကိလေသာအတုသည် ရှိပါသလော။ |
10,391 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ပညာမဟုတ်သော ပညာ အတုသည် ရှိပါသလော။ |
10,392 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပတိရူပကထာ ပြီး၏။ |
10,393 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ မေတ္တာ ကရုဏာ မုဒိတာ စသည်တို့ကို ရည်ရွယ်၍ ရာဂမဟုတ်ဘဲလျက် ရာဂနှင့် အလားတူသောတရား ရှိ၏ဟူ၍လည်းကောင်း၊ ဣဿာ မစ္ဆရိယ ကုက္ကုစ္စတို့ကို ရည်ရွယ်၍ ဒေါသမဟုတ်ဘဲလျက် ဒေါသနှင့်တူသော တရားရှိ၏ဟူ၍လည်းကောင်း၊ ဟသိတုပ္ပါဒ်ကို ရည်ရွယ်၍ မောဟမဟုတ်ဘဲလျက် မောဟနှင့်တူသော တရားရှိ၏ဟူ၍လည်းကောင်း၊ အလဇ္ဇီရဟန်းတို့ကို နှိပ်ခြင်း, သီလဝန္တရဟန်းတို့ကိ... |
10,394 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၂၂၆) ၉-အပရိနိပ္ဖန္နကထာ ၁ |
10,395 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၉၁၇။ သကဝါဒီ။ |
10,396 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ရုပ်သည် (ကံစသော အကြောင်းလေးပါးဖြင့်) မပြီးပါသလော။ |
10,397 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရုပ်သည် အနိစ္စမဟုတ်သော တရားလော၊ သင်္ခတမဟုတ်သော တရားလော၊ အကြောင်းကို စွဲ၍ မဖြစ်သော တရားလော၊ ကုန်ခန်းခြင်းသဘောမရှိသော တရားလော၊ ပျက်စီးခြင်း သဘောမရှိသော တရားလော၊ ကင်းပြတ်ခြင်းသဘောမရှိသော တရားလော၊ ချုပ်ငြိမ်းခြင်းသဘောမရှိသော တရားလော၊ ဖောက်ပြန်ခြင်းသဘောမရှိသော တရားလော။ |
10,398 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရုပ်သည် မမြဲသည်၊ ပြုပြင်အပ်သည်၊ အကြောင်းကို စွဲ၍ ဖြစ်သည်၊ ကုန်ခန်းခြင်း သဘောရှိသည်၊ ပျက်စီးခြင်းသဘောရှိသည်၊ ကင်းပြတ်ခြင်းသဘောရှိသည်၊ ချုပ်ခြင်းသဘောရှိသည်၊ ဖောက်ပြန်ပျက်စီးခြင်းသဘောရှိသည် မဟုတ်ပါလော။ |
10,399 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ရုပ်သည် မမြဲသည်၊ ပြုပြင်အပ်သည်။ |
10,400 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဖောက်ပြန်ပျက်စီးခြင်း သဘောရှိသည် ဖြစ်ခဲ့မူ “ရုပ်သည် (ကံစသော အကြောင်းလေးပါးဖြင့်) မပြီး”ဟူ၍ မဆိုသင့်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.