id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,101 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | မြတ်စွာဘုရားလက်ထက်တော်က သာဝတ္ထိပြည်ရှိ ဒါယကာ ဒါယိကာမတို့ဟာ မြတ်စွာဘုရားရှင်ကို ဖူးမြော် ရန် ဇေတဝန်ကျောင်းတော်ကို နေ့စဉ်နေ့တိုင်း လာရောက်လေ့ရှိကြတယ်။ |
1,102 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | မြတ်စွာဘုရား ဒေသစာရီ ကြွချီတော် မူခိုက် ... မြတ်စွာဘုရားကို ဖူးမြော်ခွင့်မရရှိတဲ့အခါ စိတ်မကြည်မရွှင် ဖြစ်ကြတယ်။ |
1,103 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | . မြတ်စွာဘုရားကို ပူဇော်ဖို့ ယူဆောင်လာခဲ့ကြတဲ့ ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတို့ကို မြတ်စွာဘုရားရှင်အား ရည်မှန်းကာ ဂန္ဓကုဋိတိုက်ရဲ့ ဝင်ပေါက်တံခါးမှာ ချထားလှူဒါန်းခဲ့ကြတယ်။ |
1,104 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | အဲဒီအဖြစ်ကို အနာထပိဏ်သူဌေးကြီးတွေ့ မြင်တော့ မြတ်စွာဘုရားမရှိခိုက် မြတ်စွာဘုရားကိုယ်စား ပူဇော် စရာ တစ်ခုရှိနေရင် ကောင်းမှာပဲလို့ အကြံဖြစ်တယ်။ |
1,105 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | အဲဒီအကြံကို အရှင်အာနန္ဒာအား လျှောက်ထားလိုက်တယ်။ |
1,106 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | အရှင်အာနန္ဒာက မြတ်စွာဘုရားရှင်အား ဆက်လက်လျှောက်ထားရာ မြတ်စွာဘုရားရှင်က မိမိကိုယ်စား ဗောဓိပင် စိုက်ပျိုးစေကာ ပူဇော်ခွင့်ပြုခဲ့တယ်။ |
1,107 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | အရှင်အာနန္ဒာ ဦးဆောင်စိုက်ပျိုးခဲ့လို့ အဲဒီဗောဓိပင်ကို အာနန္ဒာဗောဓိပင်လို့ ခေါ်တယ်။ |
1,108 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | အဲဒီအချိန်ကစပြီး သာဝတ္ထိပြည် ဒါယကာ ဒါယိကာမတို့ဟာ ဇေတဝန်ကျောင်းမှာ မြတ်စွာဘုရားမရှိခိုက် အာနန္ဒာဗောဓိပင်ကို ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတို့နဲ့ လှူဒါန်းပူဇော်ကြတယ်။ |
1,109 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | အဲဒီလို လှူဒါန်းပူဇော်မှုပြုတာကို အစွဲပြုလို့ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ ယနေ့တိုင် ကဆုန်လပြည့်နေ့ရောက်တိုင်း ဗောဓိညောင်ပင်ကို ရေသွန်းလောင်း ကာ ပူဇော်လေ့ ရှိကြတယ်။ |
1,110 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | မှီငြမ်း။ ။ |
1,111 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | ဆယ့်နှစ်ရာသီ မြန်မာ့ရိုးရာ ရာသီပွဲတော်များ၊ ဦးအေးနိုင်၊ ၄၉-၅၀။ |
1,112 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | ဇာ၊ဋ္ဌ၊၄၊၂၂၈။ |
1,113 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | ֍ အောက်ပါမေးခွန်းများကို မေးမြန်းဆွေးနွေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။ |
1,114 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | -သားတို့သမီးတို့ ကဆုန်လပြည့်နေ့မှာ မိဘတွေနဲ့အတူ ဘုရားသွားဖူးကြလား။ |
1,115 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | ဘာတွေလုပ်ကြသလဲ။ |
1,116 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | -ကဆုန်လပြည့်နေ့မှာ ပြုလုပ်တဲ့ပွဲက ဘာပွဲလဲ။ |
1,117 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | ဘာကြောင့် ပြုလုပ်တယ်လို့ ထင်သလဲ။ |
1,118 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | -ကဆုန်လပြည့်နေ့ကို ဘာကြောင့်ဗုဒ္ဓနေ့လို့ ခေါ်သလဲ။ |
1,119 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | -ကဆုန်လပြည့်နေ့ရဲ့ ထူးခြားဖြစ်စဉ်တွေက ဘာတွေလဲ။ |
1,120 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | -ဗောဓိညောင်ပင်ကို ဘယ်အချိန်က စတင်ပူဇော်ခဲ့တာလဲ။ |
1,121 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | ဘာကြောင့်လဲ။ |
1,122 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | -အာနန္ဒာဗောဓိလို့ ဘာကြောင့်ခေါ်တာလဲ။ |
1,123 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | စာသင်ချိန် (၃) |
1,124 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | ။ ဗုဒ္ဓနေ့ ကဗျာ ရေးထားသော စာရွက်ကြီး။ |
1,125 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | ֍ စာရွက်ကြီး/သင်ပုန်းပေါ်တွင် ရေးထားသော ဗုဒ္ဓနေ့ကဗျာကို ကလေးများနှင့် အတူတူရွတ်ဆို၍ အောက်ပါ မေးခွန်းကို မေးပါ။ |
1,126 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | ဗုဒ္ဓနေ့ တံတားအဖြစ် လဲလျောင်းကာ၊ဘုရားဆုပန်ကာ။ |
1,127 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | သုမေဓာ ရှင်ရသေ့၊ဗျာဒိတ်ခံတဲ့နေ့။ |
1,128 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | ကဆုန်လပြည့် နေ့မြတ်တွင်၊ဗုဒ္ဓ မွေးဖွားမြင်။ |
1,129 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | သဗ္ဗဉာဏ်စဉ် လင်းထိန်လက်၊လပြည့်နေ့ ဤရက်။ |
1,130 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | ရုပ်နာမ်စဉ်ဆက် ချုပ်ငြိမ်းပြန်ပရိနိဗ္ဗာန်စံ။ |
1,131 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | ထူးခြားအမှန် ဤနေ့မြတ်၊ဗုဒ္ဓနေ့ သတ်မှတ်။ |
1,132 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | မပြတ်နှစ်စဉ် နှစ်တိုင်းပါ၊ကဆုန်လပြည့်မှားဗုဒ္ဓမြတ်စွာ ဂုဏ်ရည်မွေ့၊ညောင်ရေ သွန်းတဲ့နေ့။ |
1,133 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | -ကဗျာထဲမှာပါတဲ့ ဗုဒ္ဓရဲ့ ထူးခြားဖြစ်စဉ်တွေက ဘာတွေလဲ။ |
1,134 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | သတိထားမိကြလား။ |
1,135 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | ֍ ကလေးများပြောသော ထူးခြားဖြစ်စဉ်များကို ဆရာက ကဗျာပေါ်တွင် ထင်ရှားသော အမှတ်အသားဖြင့် မှတ်သားထားပါ။ |
1,136 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | ֍ ထို့နောက် ကဗျာပေါ်တွင် မှတ်သားထားသော အချက်များကို ထောက်ပြကာ ကလေးများအား “ဘယ်ဖြစ်စဉ်က အရင်ဖြစ်တာလဲ၊ နောက်ဖြစ်စဉ်က ဘာဖြစ်မလဲ” စသည်ဖြင့် မေးမြန်းသဘောတူညီမှုယူ၍ အစဉ်အတိုင်း သတ်မှတ်ပါ။ |
1,137 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | ֍ ဘုရားရှင်၏ ထူးခြားသောဖြစ်စဉ် လေးခုကို နံပါတ်အစဉ်အတိုင်း ကလေးများ မှတ်မိသည်အထိ အလှည့်ကျ ရွတ်ဆိုစေပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။ |
1,138 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | စာသင်ချိန် (၄) |
1,139 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | ။ ညောင်ပင်ပုံ စာရွက်ကြီးနှင့် စာရွက်ငယ်များ၊ ဗုဒ္ဓနေ့ ကဗျာရေးထားသော စာရွက်ကြီး။ |
1,140 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | ֍ ဆရာက သင်ပုန်းပေါ်တွင် ညောင်ပင်ပုံတစ်ပုံကပ်ထားပြီး စာရွက်ငယ်များအား ညောင်ရွက်ပုံစံ ညှပ်ထားပါ။ |
1,141 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | ၎င်းစာရွက်များကို ကလေးတိုင်းအားဝေပေးပါ။ |
1,142 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | (ဆရာအနေဖြင့် မိမိကိုယ်တိုင်မလုပ်ဘဲ ကလေးများကိုယ်တိုင် စာရွက်များကို ညောင်ရွက်ပုံများဖြစ်အောင် ညှပ်ခိုင်းနိုင်ပါသည်။ |
1,143 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | ) ֍ ပြီးနောက် “ကဆုန်လပြည့်နေ့ဟာ ဘာကြောင့်ထူးခြားတာလဲ၊ ဗုဒ္ဓနေ့လို့ ဘာကြောင့်ခေါ်ရတာလဲ ဆိုတာကို သိသွားကြပြီဆိုတော့ အဲဒီလိုထူးခြားမွန်မြတ်တဲ့ ဗုဒ္ဓနေ့မှာ သားတို့သမီးတို့ ဘာတွေလုပ်ချင်လဲ။ |
1,144 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | ဘာလုပ်ရင် ကောင်းမယ်လို့ ထင်သလဲဆိုတာကို သားတို့သမီးတို့ကို ဝေထားတဲ့စာရွက်လေးတွေပေါ်မှာ တစ်ရွက်ကို တစ်ချက်စီ ချရေးကြရမယ်။ |
1,145 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | ပြီးရင် သင်ပုန်းပေါ်မှာ ကပ်ထားတဲ့ ညောင်ပင်ရဲ့ အရွက်နေရာမှာ လာကပ် ရမယ်”ဟု ပြောပါ။ |
1,146 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | (သင့်လျော်သလို အချိန်သတ်မှတ်ပေးပြီး ကလေးတစ်ဦးချင်းစီရေးပါစေ။ |
1,147 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | ) ညောင်ရေ လောင်းမယ် |
1,148 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | ပန်းလှူမယ် |
1,149 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | ֍ ထို့နောက် ဆရာက ကလေးများကပ်ထားသော စာရွက်ပါ အကြောင်းအရာများမှ ကလေးများ လုပ်ချင်သော အရာနှင့် လုပ်သင့်သောအရာများကို တူရာစုပြီး လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးပါ။ |
1,150 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ) | ֍ နောက်ဆုံးတွင် ဗုဒ္ဓနေ့ကဗျာကို ပြိုင်တူရွတ်ဆိုကြစေပြီး သင်ခန်းစာကို အဆုံးသတ်ပါ။ |
1,151 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ တေးထပ် | ခါပြိဿ ကဆုန်လမှာ |
1,152 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ တေးထပ် | ဝိသာခ ယှဉ်မှီ၊ |
1,153 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ တေးထပ် | ဗာတ္တိံသ နေ့နာရီမှာ |
1,154 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ တေးထပ် | အဋ္ဌ်စမ္မီ ညဉ့်ကူး။ |
1,155 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ တေးထပ် | လေးလုံးပြည့် နှစ်ပါဒ်လွန်သည် |
1,156 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ တေးထပ် | မေဃဝန် မိုဃ်းသံကမြူး။ |
1,157 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ တေးထပ် | ပန်းပိတောက် မာလာငယ် |
1,158 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ တေးထပ် | ရွှေစကဝါ ပွင့်ဦး။ |
1,159 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ တေးထပ် | ခိုင်ညှာတံ ရှက်ကူးလို့ |
1,160 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ တေးထပ် | ဆွတ်ခူးစို့ မောင်မယ်။ |
1,161 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ တေးထပ် | မြတ်စိန္တေ ရှင်တော်ဖျားမှာလ |
1,162 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ တေးထပ် | ဝပ်တွားလို့ ရှိပန်ဆင်ရွယ်။ |
1,163 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ တေးထပ် | ဘဝါးနှစ် စွန်းကယ်သည် |
1,164 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ တေးထပ် | သွင်နက်နွယ် ခင်လေးနှင့် |
1,165 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ တေးထပ် | မွှေးနိုင်မျှ မေတ္တာရေ |
1,166 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ တေးထပ် | သွန်းလို့မပြေ။ |
1,167 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ တေးထပ် | နွေရွန်းသစ် ဂိမှေငယ် |
1,168 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ တေးထပ် | သွန်းညောင်ရေ ပွဲပေထင့်လေး။ |
1,169 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ် | ကြက်နန်းရဝေ ကြွက်ရွှေဘားနှင့် |
1,170 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ် | ငွေငါးဗျာမန့် မြင့်တိမ်ဆီ |
1,171 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ် | ထွေပြားကာခြံ့ ပ ဉ္ဇင်သီသည် |
1,172 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ် | မင်ပန်းပန်းချီ ချယ်လှယ်တင့်။ |
1,173 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ် | ခုပြိုမသို့ မြူလွှာမှောင်တယ် |
1,174 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ် | အသူရာမောင် မာန်ပျို့ချိန်မို့ထင့်။ |
1,175 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ် | နန်းစန္ဒိနှင့် ဖြန်းညှိဖြာသည် |
1,176 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ် | နန်းဝိသာခါ တံငါပွင့်။ |
1,177 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ် | ကျမ်းရှိအလာ သမ္ဘာဝင့်လို့ |
1,178 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ် | အာကာတခွင့် သိန်တဂုဏ်။ |
1,179 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ် | ပယင်းချပ်လွှာ ညှာမြသား |
1,180 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ် | စကားရွှေညှောက် လေသောက်ခါအကြုံ။ |
1,181 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ် | သောင်ငွေသဲတဲ့ ပုလဲရံဝယ် |
1,182 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ် | မကွဲဆွေစုံ မောင်နှံငှက်တို့ |
1,183 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ် | တောင်ပံနွှဲရှက် ချစ်တင်းညီအောင် |
1,184 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ် | သစ်လင်းသီဘွဲ့နှောင်။ |
1,185 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ် | မြှော်လေကြုံလို့ လွမ်းပုံ့ဆောင်တယ် |
1,186 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကဆုန်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ် | ကဆုန်ရွှေညောင် တော်သွန်းပေမို့လေး။ |
1,187 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | ကဆုန်လဘွဲ့ လေးချိုး | နေနန်းရယ်တဲ့ ဖန်သူရိန် |
1,188 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | ကဆုန်လဘွဲ့ လေးချိုး | တန်ခိုး ဥဏှဂူနှင့် |
1,189 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | ကဆုန်လဘွဲ့ လေးချိုး | ကဆုန်ဟူ သည်မာသမှာ |
1,190 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | ကဆုန်လဘွဲ့ လေးချိုး | ပြင်းပြပူရှိန်။ |
1,191 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | ကဆုန်လဘွဲ့ လေးချိုး | ဝိသာခါ ယှဉ်ပြိုင်ဝန်းပါလို့ |
1,192 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | ကဆုန်လဘွဲ့ လေးချိုး | ထွန်းလှတဲ့ ငွေတာရိန်ငယ် |
1,193 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | ကဆုန်လဘွဲ့ လေးချိုး | ဒွတ္တိံသ နေ့စွဲ။ |
1,194 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | ကဆုန်လဘွဲ့ လေးချိုး | ပန်းစံကားဝါ |
1,195 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | ကဆုန်လဘွဲ့ လေးချိုး | နန်းဘမယာ ကေသီဆင်လို့ |
1,196 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | ကဆုန်လဘွဲ့ လေးချိုး | ရွှေပြည်ခွင် ဗိုလ်ပါပေါင်းရယ်တို့ |
1,197 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | ကဆုန်လဘွဲ့ လေးချိုး | ငြိမ့်ညောင်းအောင် ထာဝစဉ်ဖြင့် |
1,198 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | ကဆုန်လဘွဲ့ လေးချိုး | ခါသဘင် ညောင်ရေသွန်းကြတယ် |
1,199 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | ကဆုန်လဘွဲ့ လေးချိုး | လွမ်းစရာ့ပွဲ။ |
1,200 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လွမ်းချင်း | ကဆုန်လဘွဲ့ လွမ်းချင်း | မြူခြေငယ်စွန်းပါလို့ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.