id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,301
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ထိုကဋာဟကသည် သူဌေးအိမ်၌ ဘဏ္ဍာစိုးအမှုကိုပြုလျှက် ငါ့ကို ဤသူဌေးတို့သည် အခါခပ်သိမ်းဘဏ္ဍာစိုးအရာကိုသာလျှင် မပြုစေကုန်လတ္တံ့၊ တစုံတခုသော ဒေါသကိုလျှင်မြင်၍ ပုတ်ခတ်၍ နှောင်ဖွဲ့၍ အမှတ်ပေး၍ ကျွန်အသုံးအဆောင်ဖြင့် သုံးဆောင်စေကုန်လတ္တံ့၊ ပစ္စန္တရစ်၌ကား သူဌေး အဆွေခင်ပွန်းဖြစ်သော သူဌေးသည်ရှိ၏။
1,302
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ငါသည် သူဌေး၏စကားဖြင့် အမှာစာကိုယူ၍ ပစ္စန္တရစ်သို့သွား၍ ငါသည်သူဌေးသားဟုဆို၍ သူဌေးအားလှည့်စားအံ့၊ ထိုသူဌေးသ္မီးကိုယူ၍ ချမ်းသာစွာ အကယ်၍နေရမူကား ကောင်း၏ဟုကြံ၏။
1,303
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ကြံပြီး၍ ထိုကဋာဟကသည် ကိုယ်တိုင်သာလျှင် ပုရပိုက်ကိုယူ၍ ငါသည် ဤအမည်ရှိသော ငါ၏သားကို သင်၏အထံသို့ စေ၏။
1,304
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
သ္မီးနှင့်သားကို ထိမ်းမြားသဖြင့်စပ်ခြင်းမည်သည် ငါ့အား သင်နှင့်၎င်း, သင့်အား ငါနှင့်၎င်း အတူတကွ လျောက်ပတ်၏။
1,305
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ထို့ကြောင့် သင်သည် ဤသူငယ်အား မိမိသ္မီးကိုပေး၍ ထိုငါ့သားကို သင့်အိမ်၌ နေစေလော့၊ ငါသည်လည်း အခွင့်ကိုရသည်ရှိသော် လာပါအံ့ဟုရေး၍ သူဌေးတံဆိပ် ခတ်၍ အလိုအားလျော်စွာ ရိက္ခာတို့ကို၎င်း၊ နံ့သာပုဆိုး စသည်တို့ကို၎င်းယူ၍ ပစ္စန္တရစ်သို့သွား၍ သူဌေးကို ဖူးမြင်ရှိခိုး၍ နေ၏။
1,306
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ထိုအခါ ထိုကဋာဟကကို သူဌေးသည် အမောင် အဘယ် အရပ်မှလာသနည်းဟု မေး၏ ဗာရာဏသီပြည်မှ လာ၏ဟုဆို၏။
1,307
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
အဘယ်သူ့သားနည်းဟု မေး၏။
1,308
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ဗာရာဏသီသူဌေး၏ သားဟု ဆို၏။
1,309
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
အဘယ်ကိစ္စကြောင့် ဤအရပ်သို့ လာသနည်းဟု မေး၏။
1,310
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ထိုအခါ ကဋာဟကသည် ဤအမှာစာကိုမြင်သဖြင့် သိကုန်လတ္တံ့ဟု အမှာစာကို ပေး၏။
1,311
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
သူဌေးသည် အမှာစာကိုဘဘ်၍ ယခုအခါ၌ ငါသည်သိ၏ဟု နှစ်သက်သောစိတ်ရှိ သည်ဖြစ်၍ သ္မီးကိုပေး၍ နေစေ၏။
1,312
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ထိုကဋာဟကား အခြံအရံသည်များ၏။
1,313
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ထိုကဋာဟကသည် ယာဂုခဲဘွယ် အစရှိသည်တို့ကို၎င်း အဝတ်နံ့သာအစရှိသည်တို့ကို၎င်း ဆက်စပ်ကုန်သည်ရှိသော် ယာဂုမည်သည်ကို ဤသို့ကျိုကုန်၏။
1,314
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ခဲဘွယ်မည်သည်ကို ဤသို့ချက်ကုန်၏။
1,315
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ထမင်း မည်သည်ကို ဤသို့ချက်ကုန်၏။
1,316
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ပစ္စန္တရစ်၌နေသောသူတို့မည်သည်ကား ဪ-မိုက်စွဟု ယာဂုအစရှိသည်တို့ကို ကဲ့ရဲ့၍ ဤသူတို့သည် ပစ္စန္တရစ်၌ နေ သည်၏အဖြစ်ကြောင့် ပုဆိုးတို့ကို သုံးဆောင်အံ့သောငှါဘမသိကုန်၊ နံ့သာတို့ကို သွေးအံ့သောငှါ မသိကုန်၊ ပန်းတို့ကို ကုံးအံ့သောငှာ မသိကုန်၊ ဤသို့ အဝတ်အမှုကိုပြုသောသူ နံ့သာသွေးသောသူ အစရှိသည်တို့ကို ကဲ့ရဲ၏။
1,317
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ဘုရားလောင်းသည်လည်း ကျွန်ကို မမြင် သည်ရှိသော် ကဋာဟကသည်မထင်၊ အဘယ်သို့ သွားသနည်း၊ ထိုကဋာဟကကို ရှာကြကုန်လော့ဟု လူတို့ကိုစေ၏။
1,318
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ထိုလူတို့တွင် တယောက်သောသူသည်သွား၍ ထိုကဋာဟကကို မြင်သည်ရှိသော် မှတ်မိ၍ မိမိကိုယ်ကိုမသိစေမူ၍လာပြီးလျှင် ဘုရားလောင်းအားကြ၏။
1,319
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ဘုရားလောင်းသည် ထိုအကြောင်းကိုကြား၍ ထိုကဋာဟကသည် မသင့်သည်ကိုပြု၏။
1,320
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ထိုကဋာဟကကိုသွား၍ ယူအံ့ဟု မင်းကိုပန်၍ များစွာသော အခြံအရံနှင့်ထွက်၏။
1,321
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
သူဌေးသည် ပစ္စန္တရစ်သို့ သွားသတတ်ဟု အလုံးစုံသောအရပ်၌ ထင်ရှားဖြစ်၏။
1,322
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ကဋာဟကသည် သူဌေးလာသတတ်ဟုကြား၍ ထိုသူဌေးသည် တပါးသော အကြောင်းကြောင့် မလာ၊ ငါ့ကိုအမှီပြု၍ သာလျှင် ထိုသူဌေး၏လာခြင်းသည် ဖြစ်ရာ၏။
1,323
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ငါသည် အကယ်၍ ပြေးအံ့၊ တဖန် လာအံ့သောငှါ မတတ်ကောင်းသည် ဖြစ်လတ္တံ့၊ ငါ၏အရှင်အား ခရီးဦး ကြိုဆို၍ ကျွန်အမှုကိုပြု၍ ထိုအရှင်အားလျှင် နှစ်သက်စေအံ့ဟု ကြံ၏။
1,324
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ကြံပြီး၍ ထိုကဋာဟကသည် ထိုအခါမှစ၍ ပရိသတ်အလယ်၌ ဤသို့ဆို၏။
1,325
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
တပါးကုန်သော မိုက်ကုန်သောသူတို့သည် မိမိ၏မိုက်သည်၏အဖြစ်ကြောင့် မိဘတို့၏ ကျေးဇူးကို မသိကုန်သည်ဖြစ်၍ ထိုမိဘတို့၏ စားသောအခါ၌ အရိုအသေအမှုတို့ကိုမပြုမူ၍ မိဘတို့နှင့်တကွသာလျှင် သုံးဆောင်ကုန်၏။
1,326
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ငါတို့သည်ကား မိဘတို့၏ကျေးဇူးကို သိကုန်၏။
1,327
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ထိုမိဘတို့၏ စားသောကာလ၌ လက်ဆေးအင်ကို ခံကုန်၏။
1,328
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ထွေးအင်ကို ခံကုန်၏။
1,329
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ဘောဇဉ်တို့ကို ဆောင်ကုန်၏။
1,330
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
သောက်ရေကို၎င်း၊ ယပ်ကို၎င်းယူ၍ လုပ်ကျွေးကုန်၏။
1,331
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ကိုယ်လက်သုတ်သင်သောကာလ၌ သန့်သက်ရေအိုးကိုယူ၍ ဖုံးလွှမ်းရာအရပ်သို့ သွားသည့်တိုင်အောင် အလုံးစုံသောကျွန်တို့သည် အရှင်တို့အား ပြုအပ်သောကိစ္စကို ပြု၏။
1,332
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ထိုကဋာဟကသည် ဤသို့ ပရိသတ်ကိုမှတ်စေ၍ ဘုရားလောင်း၏ ပစ္စန္တရစ်အနီးသို့ ရောက်သောကာလ၌ ယောက္ခမကို ဘခင် အကျွန်ုပ်၏ အဘသည် အရှင်တို့အား ဖူးမြင်အံ့သောငှါ လာသတတ်၊ သင်တို့သည် ခဲဘွယ်ဘောဇဉ်ကို စီရင်ကြကုန်လော၊ ငါသည် လက်ဆောင်ကိုယူ၍ ခရီးဦးကြိုဆိုအံ့ဟု ဆို၏။
1,333
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ယောက္ခမသည် အမောင် ကောင်းပြီဟု ဝန်ခံ၏။
1,334
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ကဋာဟကသည် များစွာသောလက်ဆောင်တို့ကိုယူ၍ ရှိခိုး၍ လက်ဆောင်ကို ဆက်၏။
1,335
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ဘုရားလောင်းသည်လည်း ထိုလက်ဆောင်ကိုယူ၍ ကဋာဟကနှင့်တကွ နှုတ်ခွန်းဆက်ခြင်းကိုပြု၍ မိုးသောက်သောကာလ၌ သစ်ခက်တပ်၌နေ၍ ကိုယ်လက်သုတ်သင်အံ့သောငှါ ဖုံးလွှမ်းရာအရပ်သို့ သွား၏။
1,336
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ကဋာဟကသည် မိမိအခြံအရံကိုနစ်စေ၍ သန့် သက်ရေအိုးကို ယူ၍ ဘုရားလောင်း၏အထံသို့သွား၍ သန့်သက်ရေသုံးဆောင်သော ကိစ္စအဆုံး၌ ခြေတို့၌ဝပ်၍ အရှင်အကျွန်ုပ်သည် အရှင်တို့သည် အကြင်မျှလောက်သော ဥစ္စာတို့ကိုအလိုရှိကုန်၏။
1,337
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ထိုမျှလောက်သော ဥစ္စာကို ပေးပါအံ့၊ အကျွန်ုပ်၏အခွှအေရံကို မကွယ်ပါစေကုန်လင့်ဟု ဆို၏။
1,338
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ဘုရားလောင်းသည် ထိုကဋာဟကအား ဝတ်နှင့်ပြည့်စုံသည်၏အဖြစ်ကြောင့် ကြည်ညိုသည်ဖြစ်၍ မကြောက်လင့်၊ သင့်အား ငါ့အထံမှအပြစ်မရှိဟု နှစ်သိမ့်စေ၍ ပစ္စန္တရစ်မြို့သို့ဝင်၏။
1,339
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
များစွာသော ပူဇော် သက္ကာရသည် ဖြစ်၏။
1,340
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ကဋာဟကသည်လည်း ထိုသူဌေးအား မပြတ် ကျွန်သည် ပြုအပ်သောကိစ္စကို ပြု၏။
1,341
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ထို့နောက် တကြိမ်သောအခါ၌ ချမ်းသာစွာနေသော ထိုသူဌေးကြီးကို ပစ္စန္တရစ်သူဌေးသည် သူဌေးကြီး ငါသည် သင်တို့၏အမှာစာကို မြင်လျှင် သင်တို့၏သားအား သ္မီးကိုပေး၏ဟု ဆို၏။
1,342
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ဘုရားလောင်းသည် ကဝာဟကကိုသားပြု၍ ထိုအမှုအားလျော်စွာ ချစ်ဘွယ်သောစကားကိုဆို၍ သူဋ္ဌေးကို နှစ်သက်စေ၏။
1,343
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ထိုအခါမှစ၍ ကဋာဟက၏မျက်နှာကို ကြည့်ခြင်းငှါ ဝံ့သောသူမည်သည် မရှိ၊ ထိုအခါ တနေ့သ၌ ဘုရားလောင်းသည် သူဌေးသ္မီးကိုခေါ်စေ၍ ချစ်သ္မီး ငါ၏ ဦး ခေါင်း၌ သန်းတို့ကိုရှာလော့ဟုဆို၍ လာလတ်၍ သန်းကိုကောက်သော ထိုသတိုသ္မီးကို ချစ်ဘွယ်သောစကားကိုဆို၍ ချစ်သ္မီး သင့်အား ငါ့သားသည် ချမ်းသာ ဆင်းရဲတို့၌ မမေ့မလျော့ရှိပါ၏ လော၊ နှစ်ယောက်ကုန်သော သူတို့သည် ဝမ်း မြောက်ကုန်သည်ဖြစ်၍ ညီညွတ်စွာနေခြင်းကို နေကြကုန်၏လောဟု မေး၏။
1,344
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ဘခင် သူဌေးကြီး သင်တို့၏သားအား တပါးသောအပြစ်သည် မရှိ၊ စင်စစ်သော်ကား အာဟာ ရကို ကဲ့ရဲ့၏ဟု ဆိုလေ၏။
1,345
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ချစ်သ္မီး ဤငါ့သားသည် အခါခပ်သိမ်း ချမ်းသာသောသဘော ရှိသည်သာလျှင်တည်း၊ စင်စစ်သော်ကား သင့်အား ငါသည် ဤငါ့သား၏နှုတ်ပိတ်မန္တန်ကို သင်အံ့၊ သင်သည် ကောင်းစွာသင်၍ စားသောကာလ၌ ကဲ့ရဲသောသား၏ ရှေ့မှရပ်၍ သင်သောနည်းဖြင့်သာလျှင် ဆိုလော့ဟု ဂါထာကိုသင်၍ နှစ်ရက်သုံးရက်နေ၍ ဗာရာဏသီမြို့သို့လျှင် သွား၏ ကဋာဟကသည်လည်း များသော ခဲဘွယ်ဘောဇဉ်ကိုယူ၍ပို့လိုက်၍ များစွာသောဥစ္စာကိုဆက်ပြီးလျှင်ရှိခိုး၍ ပြန်၏။
1,346
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ထိုကဋာကသည် ဘုရားလောင်း၏ သွားသောကာလမှစ၍ အတိုင်း ထက်အလွန် မာနရှိသည်ဖြစ်၏။
1,347
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ထိုကဋာဟကသည် တနေ့သ၌ သူဌေးသီးသည် အထူးထူးသော အရသာရှိသောဘောဇဉ်ကိုတည်၍ ယောက်မကိုယူ၍ လုပ်ကျွေးသည်ရှိသော် ထမင်းကိုကဲ့ရဲ့အံ့သောငှါ အားထုတ်၏။
1,348
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
သူဌေးသီးသည် ဘုရားလောင်း၏အထံ၌ သင်အပ်သောနည်းဖြင့်-
1,349
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
၁၂၅။ ဗဟုမ္ပိ သော ဝိကတ္ထေယျ၊ အညံ ဇနပဒံ ဂတော။
1,350
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
အနွာဂန္တွာန ဒူသေယျ၊ ဘုဉ္ဇ ဘောဂေ ကဋာဟက။
1,351
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ဟူသော ဤဂါထာကို ဆို၏။
1,352
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
၁၂၅။ ကဋာဟက၊ ကဋာဟက။
1,353
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
အညံ၊ တပါးသော။
1,354
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ဇနပဒံ၊ ဇနပုဒ်သို့။
1,355
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ဂတော၊ ရောက်သည်ရှိသော်။
1,356
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ဗဟုမ္ပိ၊ များစွာလည်း။
1,357
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ဝိကတ္တေယျ၊ ရှုတ်ချရာ၏။
1,358
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
အနွာဂန္တွာန၊ တဖန် လာလတ်၍။
1,359
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ဒူသေယျ၊ ဖျက်ဆီးရာ၏။
1,360
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ဘုဉ္ဇ၊ ခံစားလော့။
1,361
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
သူဌေးသ္မီးသည်ကား ထိုဂါထာ၏အနက်ကို မသိဘဲလျက် သင်သောနည်းဖြင့် သဒ္ဒါကိုသာလျှင် ရွတ်၏။
1,362
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ကဋာဟကသည် မချွတ်မုချ သူဌေးသည် ငါ၏အမည်ကိုကြား၍ ထိုသူဌေးသီးအား အလုံးစုံသောစကားကို ပြောဆိုအပ်သည်ဖြစ်လတ္တံ့ဟု နှလုံးသွင်း၍ ထိုအခါမှစ၍ တဖန် ထမင်းကိုကဲ့ရဲအံ့သောငှာမဝံ့၊ ချသော မာနရှိသည်ဖြစ်၍ ရတိုင်းသောထမင်းကိုစား၍ ကံအား လျော်စွာ လား၏။
1,363
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ ယခုအခါ ရှုတ်ချသောစကားကို ဆိုတတ်သောရဟန်းသည် ထိုအခါ ကဋာဟက ဖြစ်ဘူးပြီ၊ ယခုအခါငါဘုရားသည်လျှင် ထိုအခါ ဗာရာဏသီသူဌေး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။
1,364
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋာဟကဇာတ်
ကိုယ့်ကိုကိုယ်သိ၊ ကဲ့ရဲဘိ၊ မကြည့်သူများကို ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော ကဋာဟကဇာတ်သည် ပြီး၏။
1,365
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
ဧကကနိပါတ်-အပဏ္ဏကဝဂ်
1,366
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
၇။ ကဋ္ဌဟာရိဇာတ်
1,367
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
မိမိမှဖြစ်သော သားကို မစွန့်အပ်ကြောင်း
1,368
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွလူကို ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည် ပုတ္တော တျာဟံ မဟာရာဇအစရှိသောဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤကဋ္ဌဝါဟနဇာတ်ကို ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဝါသဘခတ္တိယာကို အကြောင်းပြု၍ ဟောတော်မူ၏။
1,369
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
ဝါသဘခတ္တိယာ၏ဝတ္ထုသည်ဒွါဒသကနိပါတ် ဘဒ္ဒသာလဇာတ်၌ ထင်စွာဖြစ်လတ္တံ့ ဝါသဘခတ္တိယာသည် မဟာနာမ် သာကီဝင်မင်း၏ သ္မီးဖြစ်သတတ်၊ နာဂမုဏ္ဍအမည်ရှိသော ကျွန်မ၏ဝမ်း၌ဖြစ်၏။
1,370
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
ကောသလမင်းကြီး၏ မိဖုယားကြီးဖြစ်သတတ်၊ ဝါသဘခတ္တိယာသည် မင်းကိုစွဲ၍ သားကိုဖွား၏။
1,371
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
မင်းသည်ကား ဝါသဘခတ္တိယာ၏ ကျွန်မအဖြစ်ကို နောက်မှသိ၍ မိဖုယားကြီးအရာကိုနုတ်၏။
1,372
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
သား ဝိဋဋူဘ၏လည်း အရာကိုနုတ်သည်သာလျှင်တည်း၊ ထိုသားအမိနှစ်ယောက်တို့သည်လည်း နန်းတော်တွင်း၌သာလျှင် နေကုန်၏။
1,373
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူ၍ နံနက်အခါ၌ ရဟန်းငါးရာ ခြံရံလျက် မင်းအိမ်သို့ကြွတော်မူ၍ ခင်းအပ်သောနေရာ၌ နေတော်မူ၍ မင်းကြီး ဝါသဘခတ္တိယာသည် အဘယ်မှာနည်းဟု မေးတော်မူ၏။
1,374
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
မင်းသည် ထိုအကြောင်းကိုကြားလျှောက်၏။
1,375
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
မင်းကြီး ဝါသဘခတ္တိယာသည် အဘယ်သူ့ သမီးနည်းဟု မေးတော်မူ၏။
1,376
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
အရှင်ဘုရား မဟာနာမ်သာကီဝင်မင်း၏ သမီးတည်းဟုလျောက်၏။
1,377
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
လာလတ်သည်ရှိသော် အဘယ်သူသို့ လာသနည်းဟု မိန့်တော်မူ၏။
1,378
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
အရှင်ဘုရား အကျွန်ုပ်ဘို့လာ၏ဟုလျှောောက်၏။
1,379
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
မင်းကြီး ဤဝါသဘခတ္တိယာသည် မင်း၏သမီးတည်း၊ မင်းသို့သာလျှင် လာ၏။
1,380
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
မင်းကိုသာလျှင် စွဲ၍ သားကိုရ၏။
1,381
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
ထိုသားသည် အဘယ့်ကြောင့် အဘဥစ္စာဖြစ်သော တိုင်းနိုင်ငံ၏ အရှင်သည် မဖြစ်ရာသနည်း၊ ရှေးမင်းတို့သည် တခဏမျှနေသော မယားဖြစ်သော ထင်းခွေမိန်းမဝမ်း၌ သားကိုရ၍ သားအား မင်းအဖြစ်ကို ပေးဘူးကုန်၏ဟု မိန့်တော်မူ၏။
1,382
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
ပသေနဒီ ကောသလမင်းသည် ထိုအကြောင်းကို ထင်စွာပြစိမ့်သောငှါ မြတ်စွာဘုရားကို တောင်းပန်၏။
1,383
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
မြတ်စွာဘုရားသည် ဘဝတပါးသည် ဖုံးလွှမ်းအပ်သော အကြောင်းကို ထင်စွာ ပြတော်မူ၏။
1,384
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် များစွာသော အခြံအရံဖြင့် ဥယျာဉ်သို့သွား၍ ထိုဥယျာဉ်၌ အပွင့်အသီး၌ တပ်မက်မောသဖြင့် လှည့်လည်သည်ရှိသော် ဥယျာဉ်တောအုပ်၌ သီချင်းသီ၍ ထင်းခွေသော ဆင်းရဲသော မိန်းမယောက်ကိုမြင်၍ နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ သံဝါသကို ပြု၏။
1,385
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
ထိုခဏ၌လျှင် ဘုရားလောင်းသည် ထင်းခွေမိန်းမ၏ဝမ်း၌ ပဋိသန္ဓေနေ၏။
1,386
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
ထိုပဋိသန္ဓေနေသောခဏ၌လျှင် ထင်းခွေမိန်းမ၏ဝမ်းသည် ဝရဇိန်ဖြင့်ပြည့်သကဲ့သို့ လေးလည်ဖြစ်၏။
1,387
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
ထင်းခွေမိန်းမသည် ကိုယ်ဝန်တည်သောအဖြစ်ကိုသိ၍ ရှင်မင်းကြီး အကျွန်ုပ်အား ကိုယ်ဝန်တည်၏ဟု လျှောက်၏။
1,388
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
မင်းသည် လက်စွပ်ကိုပေးခဲ့၍ သ္မီးသည် အကယ်၍ ဖြစ်အံ့၊ လက်စွပ်ကိုရောင်း၍ မွေးရစ်လော၊ သားသည် အကယ်၍ဖြစ်အံ့၊ လက်စွပ်နှင့်တကွ ငါ့အထံသို့ ဆောင်ခဲ့လောဟု ဆို၍ သွားလေ၏။
1,389
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
ထင်းခွေမိန်းမသည်လည်း ပြည့်သောကိုယ်ဝန် ရှိသည်ဖြစ်၍ ဘုရားလောင်းကို ဖွား၏။
1,390
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
ဘုရားလောင်း၏ ရှေ့ရှုပြေး၍၎င်း ထက်ဝန်းကျင် ပြေး၍၎င်း သွားတတ်သော ကာလ၌ ကစားရာအရပ်၌ ငါတို့ကို အဘမရှိသောသူသည် ပုတ်ခတ်၏ဟု သူငယ်တို့ဆိုကြကုန်၏။
1,391
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
ဘုရားလောင်းသည် ထိုစကားကိုကြား၍ အမိထံသို့ သွား၍ မိခင် အဘသည် အဘယ်သူနည်းဟု မေး၏။
1,392
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
ချစ်သား သင်သည် ဗာရာဏသီမင်း၏သားတည်းဟုဆို၏။
1,393
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
မိခင် တစုံတခုသော သက်သေရှိသလောဟု မေး၏။
1,394
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
ချစ်သား မင်းသည် ဤလက်စွပ်ကိုပေး၍ သ္မီးဖြစ်က လက်စွပ်ကိုရောင်း၍ မွေးရစ်လော၊ သားသည် အကယ်၍ ဖြစ်အံ့ လက်စွပ်နှင့်တကွ ငါ့အထံသို့ ဆောင်ခဲ့လောဟုဆို၏။
1,395
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
မိခင်ဤသို့ဖြစ်သည်ရှိသော် အဘယ်ကြောင့် ငါ့ကို အဘအထံသို့ မဆောင်သနည်းဟုဆို၏။
1,396
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
ထင်းခွေမိန်းမသည် သား၏အလိုကိုသိ၍ မင်းအိမ်တံခါးသို့ သွား၍ မင်းအား ကြားလျှောက်စေ၏။
1,397
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
မင်းလည်းခေါ်စေ၍ ထင်းခွေမိန်းမသည်ဝင်၍ မင်းကိုရှိခိုး၍ ရှင်မင်းကြီး ဤသူငယ်သည် ရှင်မင်းကြီး သားတည်းဟု လျှောက်၏။
1,398
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
မင်းသည် သိလျက်လည်း ပရိသတ်၏ အလယ်၌ ရှက်ခြင်းကြောင့် သားမဟုတ်ဟု ဆို၏။
1,399
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
ရှင်မင်းကြီး ဤလက်စွပ်သည် ရှင်မင်းကြီး၏ လက်စွပ်တည်း၊ ဤလက်စွပ်ကို သိတော် မူလောဟုလျောက်၏။
1,400
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဋ္ဌဟာရိဇာတ်
ဤလက်စွပ်သည်လည်း ငါ့လက်စွပ် မဟုတ်ဟု ဆို၏။