id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,201 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လွမ်းချင်း | ကဆုန်လဘွဲ့ လွမ်းချင်း | နေဝန်းငယ်စက်ရှိန် |
1,202 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လွမ်းချင်း | ကဆုန်လဘွဲ့ လွမ်းချင်း | တောက်လောက်ငယ်ထိန် |
1,203 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လွမ်းချင်း | ကဆုန်လဘွဲ့ လွမ်းချင်း | ဖလ်သူရိန် တေဇာကြောင့် |
1,204 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လွမ်းချင်း | ကဆုန်လဘွဲ့ လွမ်းချင်း | ပူဗျာပါကဲတဲ့ လကိုလေး။ |
1,205 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လွမ်းချင်း | ကဆုန်လဘွဲ့ လွမ်းချင်း | ရာသီငယ်ပြိဿ |
1,206 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လွမ်းချင်း | ကဆုန်လဘွဲ့ လွမ်းချင်း | မဟေသီ ရွှေညီခလို |
1,207 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လွမ်းချင်း | ကဆုန်လဘွဲ့ လွမ်းချင်း | ပန်းမြစကားဝါ၊ ဝိသာခါနှင့် |
1,208 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လွမ်းချင်း | ကဆုန်လဘွဲ့ လွမ်းချင်း | တာရာခြံရံ စန်းငွေယုန်ဖန်သည့်နှယ် |
1,209 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လွမ်းချင်း | ကဆုန်လဘွဲ့ လွမ်းချင်း | ဆဒ္ဒန်ပိုင် ဘွေပုံမှာ |
1,210 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လွမ်းချင်း | ကဆုန်လဘွဲ့ လွမ်းချင်း | လကဆုန် ညောင်ရေပွဲပေမို့ |
1,211 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လွမ်းချင်း | ကဆုန်လဘွဲ့ လွမ်းချင်း | သဲလှတယ်လေး။ |
1,212 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လေးချိုး | ကဆုန်လဘွဲ့ သဖြန်လေးဆစ် | စကဝါ ငုံသင်းလို့ |
1,213 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လေးချိုး | ကဆုန်လဘွဲ့ သဖြန်လေးဆစ် | ကြယ်မင်းတဲ့ ဝိသာခါ |
1,214 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လေးချိုး | ကဆုန်လဘွဲ့ သဖြန်လေးဆစ် | တိမ်ဘွေမှာ ရောင်ချည်းရွှန်း |
1,215 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လေးချိုး | ကဆုန်လဘွဲ့ သဖြန်လေးဆစ် | ထွန်းတဲ့ ချိန်ခါ။ |
1,216 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လေးချိုး | ကဆုန်လဘွဲ့ သဖြန်လေးဆစ် | စုံကန္တာ ဟေမာမြိုင်ထဲ |
1,217 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လေးချိုး | ကဆုန်လဘွဲ့ သဖြန်လေးဆစ် | ရွှေကျေး ပျံသင်လို့ |
1,218 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လေးချိုး | ကဆုန်လဘွဲ့ သဖြန်လေးဆစ် | စံပျော်ရွှင် သည်ကို ကူးလို့ငယ် |
1,219 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လေးချိုး | ကဆုန်လဘွဲ့ သဖြန်လေးဆစ် | မြူးကြစမြဲ။ |
1,220 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ဧကကနိပါတ်-အာသီသဝဂ် |
1,221 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ၆။ ကဉ္စနက္ခန္ဓဇာတ် |
1,222 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | များသောဝန်ကိုဝေဘန်၍ ပေါအောင်ဆောင်သောအကြောင်း |
1,223 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည် ယော ပဟဋ္ဌေန စိတ္တေန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဉ္စနက္ခန္ဓ ဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသော ရဟန်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ |
1,224 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | တယောက်သော သာဝတ္ထိပြည်၌နေသော အမျိုးသားသည် မြတ်စွာဘုရား၏ ဓမ္မဒေသနာတော်ကိုနာရ၍ ရတနာတည်းဟူသော သာသနာတော်၌ ဝမ်းရေးကိုမငဲ့ဘဲ ရဟန်းပြုသတတ်၊ ထိုအခါ ရဟန်းအား ဆရာဥပဇ္ဈာယ်တို့သည် ငါ့သျှင် သီလမည်သည်ကား တပါးအပြားရှိ၏။ |
1,225 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | သီလမည်သည်ကား နှစ်ပါးအပြားရှိ၏။ |
1,226 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | သုံးပါး အပြားရှိ၏။ |
1,227 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | လေးပါးအပြားရှိ၏။ |
1,228 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ငါးပါး အပြားရှိ၏။ |
1,229 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ခြောက်ပါး အပြားရှိ၏။ |
1,230 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ခုနစ်ပါး အပြားရှိ၏။ |
1,231 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ရှစ်ပါး အပြားရှိ၏။ |
1,232 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ကိုးပါး အပြားရှိ၏။ |
1,233 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ဆယ်ပါး အပြားရှိ၏။ |
1,234 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | သီလမည်သည်ကား များသောအပြားရှိ၏။ |
1,235 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ဤသီလသည်ကား စူဠသီလမည်၏။ |
1,236 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ဤသီလသည်ကား မဇ္ဈိမသီလမည်၏။ |
1,237 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ဤသီလသည်ကား မဟာသီလမည်၏။ |
1,238 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ဤသီလသည်ကား ပါတိမောက္ခသံဝရသီလမည်၏။ |
1,239 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ဤသီလသည်ကား ဣန္ဒြိယသံဝရသီလမည်၏။ |
1,240 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ဤသီလသည်ကား အာဇီဝပါရိသုဒ္ဓိသီလမည်၏။ |
1,241 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ဤသီလသည်ကား ပစ္စယပ္ပဋိသေဝနသီလမည်၏ဟု သီလကို ကြားကုန်၏။ |
1,242 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ထိုရဟန်းသည် ဤသီလမည်သည်ကား အလွန်များ၏။ |
1,243 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ငါသည် ဤမျှလောက်သောသီလကိုဆောက်တည်၍ ကျင့်ခြင်းငှာ မတတ်နိုင်လတ္တံ့၊ သီလကိုဖြည့်ခြင်းငှာ မတတ်နိုင်သောသူအားလည်း ရဟန်းအဖြစ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ငါသည် လူထွက်၍ ဒါနအစရှိကုန်သော ကောင်းမှုတို့ကိုလည်း ပြုအံ့၊ သားမယားတို့ကိုလည်း မွေးအံ့ဟုကြံ၏။ |
1,244 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ဤသို့ ကြံပြီး၍ အရှင်ဘုရားတို့ အကျွန်ုပ်သည် သီလကိုစောင့်ခြင်းငှါ မတတ်နိုင်လတ္တံ့၊ မတတ်နိုင်သောသူအားလည်း ရဟန်းအဖြစ်ဖြင့် အဘယ် အကျိုးရှိအံ့နည်း၊ အကျွန်ုပ်သည်လူထှကျအံ့၊ အရှင်ဘုရားတို့၏ သပိတ်သင်္ကန်းကို အရှင်ဘုရားတို့ယူကြကုန်လောဟု ဆို၏။ |
1,245 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ထိုအခါ ထိုရဟန်းကို ငါ့သျှင် ဤသို့မတတ်နိုင်သည်ရှိသော် မြတ်စွာဘုရားကို ရှိခိုး၍သာလျှင် သွားလေလော့ဟု ဆိုကုန်၍ ဆရာဥပဇ္ဈာယ်တို့သည် ထိုရဟန်းကိုယူ၍ မြတ်စွာဘုရားအထံတော်သို့ ဆောင်အပ်သည်ရှိသော် မြတ်စွာဘုရားသည် မြင်တော်မူ၍ ရဟန်းတို့ အလိုမရှိသောရဟန်းကို ယူ၍ အဘယ့်ကြောင့် လာကြကုန်သနည်းဟု မိန့်တော်မူ၏။ |
1,246 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | အရှင်ဘုရား ဤရဟန်းသည် ငါသည် သီလကိုစောင့်ခြင်းငှါ မတတ်နိုင်လတ္တံ့ဟု သပိတ်သင်္ကန်းကို ဥပဇ္ဈာယ်အား ဆောင်နှင်း၏။ |
1,247 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ထိုအခါ ထိုရဟန်းကို အကျွန်ုပ်တို့သည် ယူ၍လာကုန်၏ ဟု လျှောက်ကုန်၏။ |
1,248 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ရဟန်းတို့ သင်တို့သည် ဤရဟန်းအား အဘယ့်ကြောင့် များစွာသောသီလတို့ကို ကြားကြကုန်သနည်း၊ အကြင်မျှလောက်သော သီလကို ဤရဟန်းသည် စောင့်ခြင်းငှါတတ်နိုင်၏။ |
1,249 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ထိုမျှလောက်သော သီလကိုသာလျှင် ဟောကြားအပ်၏။ |
1,250 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ဤနေ့မှစ၍ သင်တို့သည် ဤရဟန်းကို တစုံတခုသောစကားကို မဆိုကြကုန်လင့်၊ ငါသည် ဤသီလ၌ပြုအပ်သည်ကို သိအံ့ဟု မိန့်တော်မူ၍ ရဟန်း သင်သည် လာလှည့် သင့်အား များစွာသောသီလဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ သုံးပါးသော သီလတို့ကိုသာလျှင် စောင့်ခြင်းငှါ တတ်နိုင်လတ္တံ့လောဟု မေးတော်မူ၏။ |
1,251 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | အရှင်ဘုရား စောင့်ခြင်း တတ်နိုင်ပါ၏ဟု နားတော်လျောက်၏။ |
1,252 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ရဟန်း ထိုသို့တပြီးကား သင်သည် ဤနေ့မှစ၍ ကာယဒွါရ ဝစီဒွါရ မနောဒွါရ ဤဒွါရသုံးပါးတို့ကို စောင့်လော၊ ကိုယ်ဖြင့်မကောင်းမှုကို မပြုလင့်၊ နှုတ်ဖြင့် မကောင်းမှုကို မပြုလင့်၊ စိတ်ဖြင့် မကောင်းမှုကို မပြုလင့်၊ သွားလော့ လူမထွက်လင့်၊ ဤသီလသုံးပါးတို့ကိုသာလျှင် စောင့်လောဟု မိန့်တော်မူ၏။ |
1,253 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ဤမျှအတိုင်းအရှည်ဖြင့် ထိုရဟန်းသည် နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ အရှင်ဘုရား ကောင်းပါပြီ စောင့်အံ့ဟု မြတ်စွာဘုရားကို ရှိခိုး၍ ဆရာဥပဇ္ဈာယ်တို့နှင့်တကွသာလျှင် သွား၏။ |
1,254 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ထိုရဟန်းသည် ထိုသုံးပါးသော သီလကို ပြည့်စုံစေလျှက်လျှင် ငါ၏ ဆရာဥပဇ္ဈာယ်တို့သည် ဟောကြားအပ်သောသီလသည်လည်း ဤမျှသာလျှင်တည်း၊ ထိုဆရာဥပဇ္ဈာယ်တို့သည်ကား မိမိတို့၏ ဘုရားမဟုတ်သည်၏ အဖြစ်ကြောင့် ငါ့ကိုသိစေခြင်းငှာ မတတ်နိုင်ကုန်၊ မြတ်စွာဘုရားသည်ကား ကိုယ်တော်၏ သဗ္ဗညုတဉာဏ်ကို ကောင်းစွာသိတော်မူသည်၏အဖြစ်ကြောင့် အတုမရှိသော တရားမင်းဖြစ်တော်မူသည်၏အဖြစ်ကြောင့် ဤမျှသောသီလကို သုံးပါးကုန်သောဒွါရတို့၌သာလျှင်တည်၍ ငါ့ကိုမှတ်စေ၏။ |
1,255 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | စင်စစ် မြတ်စွာဘုရားသည် ငါ၏ ကိုးကွယ်ရာဖြစ်တော်မူ၏ဟု သိ၏။ |
1,256 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | သိပြီး၍ ဝိပဿနာကို ပွားစေ၍ နှစ်ရက် သုံးရက်ဖြင့် အရဟတ္တဖိုလ်၌ တည်၏။ |
1,257 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ထိုအကြောင်းကိုသိ၍ တရားသဘင်၌ စည်းဝေးကုန်သော ရဟန်းတို့သည် ငါ့သျှင်တို့ များစွာကုန်သော သီလတို့ကို စောင့်ခြင်းငှါမတတ်နိုင်လတ္တံ့ဟု လူထွက်လိုသော ထိုရဟန်းကို အလုံးစုံသောသီလတို့ကို သုံးစုတို့ဖြင့်ချုံး၍မှတ်စေပြီးလျှင် မြတ်ဘုရားသည် အရဟတ္တဖိုလ်သို့ ရောက်စေတော်မူသတတ်၊ မြတ်စွာဘုရားတို့၏ အာနုဘော်မည်သည်ကားအံ့ဘွယ်ရှိစွဟု မြတ်စွာဘုရား၏ကျေးဇူးတို့ကို ပြောဟောကုန်လျက် နေကြကုန်၏။ |
1,258 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | မြတ်ဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ငါလာတော်မူသောအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးကြကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် အလွန်လေးသည်လည်းဖြစ်သောဝန်သည် အစု၏အစွမ်းအားဖြင့် ဝေဘန်၍ ပေးအပ်သည်ရှိသော် ပေါ့သကဲ့သို့ဖြစ်သည်မဟုတ်သေး၊ ရှေး၌လည်း ပညာရှိတို့သည် ကြီးစွာသောရွှေတုံးကိုရ၍ ချီအံ့သောငှါ မတတ်နိုင်သည်ရှိသော် ဝေဘန်ခြင်းကိုပြု၍ သွားဘူးကုန်ပြီဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။ |
1,259 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တခုသောရွာ၌ လယ်ထွန်ယောက်ျားသည်စွန့်အပ်သော ဂါမခေတ်၌ထွန်၏။ |
1,260 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ရှေး၌လည်း ထိုရွာဝယ် တယောက်သော ဥစ္စာစည်းစိမ်နှင့်ပြည့်စုံသော သူဌေးသည် လုံးပတ်ပေါင်ပမာဏရှိသော အလျားလေးတောင်ပမာဏရှိသော ရွှေတုံးကို မြှုပ်၍သေ၏။ |
1,261 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ထိုရွှေတုံး၌ ဘုရားလောင်း၏ ထွန်သွားသည်ငြိ၍ တည်၏။ |
1,262 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ဘုရားလောင်းသည် သစ်မြစ်အစဉ်သည်ဖြစ်လတ္တံ့ဟု မြေကိုယက်သည်ရှိသော် ထိုရွှေတုံးကိုမြင်၍ မြေဖြင့်ဖုံးလွှမ်း၍ နေဝင်သည်ရှိသော် ထမ်းပိုး ထွန်တုံး အစရှိသည်တို့ကို တင့်အပ်သောအရပ်၌ထား၍ ရွှေတုံးကိုယူ၍ သွားအံ့ဟု ရွှေတုံးကိုချီ၏။ |
1,263 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ချီခြင်းငှါ မတတ်နိုင်၊ မတတ်နိုင်သည်ရှိသော် ထိုင်၍ ဤမျှသည် ဝမ်းကိုမွေးခြင်းငှါ ဖြစ်လတ္တံ့၊ ဤမျှကို မြှုပ်၍ထားအံ့၊ ဤမျှကို အမှု၌ယှဉ်စေအံ့၊ ဤမျှသည် ဒါနအစရှိသောညပုညကိရိယအကျိုးငှါ ဖြစ်လတ္တံ့၊ ဤသို့ လေးစုတို့ကိုပြု၏။ |
1,264 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ဤသို့လျှင် ဘုရားလောင်း၏ ဝေဘန်သောကာလ၌ ထိုရွှေတုံးသည် ပေါ့သကဲ့သို့ ဖြစ်၏။ |
1,265 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ဘုရားလောင်းသည် ထိုရွှေတုံးကိုဆောင်ပြီးလျှင် လေးစုဝေဘန်၍ ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာ လား၏။ |
1,266 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ဤသို့လျှင် မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍- |
1,267 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ၅၆။ ယော ပဟဋ္ဌေန စိတ္တန၊ ပဟဋ္ဌမနသော နရော။ |
1,268 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ဘာဝတေိ ကုသလံ ဓမ္မံ၊ ယောဂက္ခေမဿ ပတ္တိယာ။ |
1,269 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ပါပုဏေ အနုပုဗ္ဗေန၊ သဗ္ဗသံယောဇနက္ခယံ။ |
1,270 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ဟူသော ဤဂါထာကို ဟောတော်မူ၏။ |
1,271 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ၅၆။ ယော နရော၊ အကြင်သူသည်။ |
1,272 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ပဟဋ္ဌေန၊ နီဝရဏကင်းသဖြင့် ရွှင်လန်းသော စိတ္တေန၊ စိတ်ဖြင့်။ |
1,273 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ပဟဋ္ဌမနသော၊ ရွှင်လန်းသော နှလုံးရှိသည်ဖြစ်၍။ |
1,274 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ယောဂက္ခမဿ၊ ယောဂ လေးပါးတို့ဖြင့် ဘေးမရှိသော နိဗ္ဗာန်သို့။ |
1,275 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ပတ္တိယာ၊ ရောက်ခြင်းငှါ။ |
1,276 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ကုသလံ၊ အပြစ်မရှိသော။ |
1,277 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ဓမ္မံ၊ သုံးဆယ့်ခုနစ်ပါး အပြားရှိသော ဗောဓိပက္ခိယတရားကို။ |
1,278 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ဘာဝေတိ၊ ပွားစေ၏။ |
1,279 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | သော နရော၊ ထိုသူသည်။ |
1,280 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | အနုပုဗ္ဗေန၊ အစဉ်သဖြင့်။ |
1,281 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | သဗ္ဗသံယောဇနက္ခယံ၊ အလုံးစုံသော သံယောဇဉ်တို့၏ ကုန်ခြင်းကိုပြုတတ်သော အရဟတ္တမဂ်၏ အဆုံး၌ဖြစ်ခြင်းကြောင့် သဗ္ဗသံယောဇနက္ခယဟူသော ရေတွက်ခြင်းသို့ရောက်သော အရဟတ္တဖိုလ်သို့။ |
1,282 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ပါပုဏေ၊ ရောက်၏။ |
1,283 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | ဇာတ်ပေါင်း... ဤသို့ မြတ်စွာဘုရားသည် အရဟတ္တဖိုလ်ကို အထွတ်ပြသဖြင့် ဒေသနာကိုပြီးစေ၍ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရွှေတုံးကိုရသောယောက်ျား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။ |
1,284 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဉ္စနက္ခန္ဓဇာတ် | လေးသည့်ဝန်တာ၊ ပေါ့စိမ့်ငှါ၊ စိတ်ဖြာဝေခွဲ ဉာဏ်နှင့်တွဲ ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကဉ္စနက္ခန္ဓဇာတ်သည် ပြီး၏။ |
1,285 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋာဟကဇာတ် | ဧကကနိပါတ်-ကုသနာဠှိဝဂ် |
1,286 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋာဟကဇာတ် | ၅။ ကဋာဟကဇာတ် |
1,287 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋာဟကဇာတ် | သူတပါးတို့အား ကဲ့ရဲ့ရှုတ်ချသောစကားကို ဆိုတတ်သူ၏ အကြောင်း |
1,288 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋာဟကဇာတ် | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဗဟုမ္မိ သော ဝိကတ္ထေယျ အစရှိသော ဂါထပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ကဋာဟကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် တယောက်သော ရှုတ်ချသောစကားကိုဆိုတတ်သော ရဟန်းကို ကြောင်းပြု၍ ဟောတော်မူ၏။ |
1,289 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋာဟကဇာတ် | ထိုရဟန်း၏ ဝတ္ထုသည် အောက်၌ဆိုအပ်ပြီးသည်နှင့် တူသလျှင်ကတည်း။ |
1,290 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋာဟကဇာတ် | အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် များသောစည်းစိမ်ဥစ္စာရှိသော သူဌေးဖြစ်၏။ |
1,291 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋာဟကဇာတ် | ထိုသူဌေး၏ မယားသည် သားကိုဖွား၏။ |
1,292 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋာဟကဇာတ် | ထိုသူဌေး၏ကျွန်မသည်လည်း ထိုနေ့၌ပင်လျှင် သားဖွား၏။ |
1,293 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋာဟကဇာတ် | ထိုသူ ငယ် နှစ်ယောက်တို့သည် တပြိုင်နက်ကြီးကုန်၏။ |
1,294 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋာဟကဇာတ် | သူဌေးသားသည် အက္ခရာအရေးကို သင်သည်ရှိသော် ထိုသူဌေး ကျွန်သည်လည်း သင် ပုန်းကို ယူလျှက်သွား၍ ထိုသူဌေးသားနှင့်လျှင်တကွ အက္ခရာအရေးကိုသင်၏။ |
1,295 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋာဟကဇာတ် | ဂဏန်းကိုသင်၏။ |
1,296 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋာဟကဇာတ် | နှစ်ကြိမ် သုံးကြိမ်သော သင်ခြင်းတို့ကိုပြု၏။ |
1,297 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋာဟကဇာတ် | ထိုကျွန်မသားသည် အစဉ်သဖြင့် စကား၌လိမ်မာ၏။ |
1,298 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋာဟကဇာတ် | ဝေါဟာရ၌လိမ်မာ၏ ပျိုနု၏။ |
1,299 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋာဟကဇာတ် | အဆင်း လှ၏။ |
1,300 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋာဟကဇာတ် | အမည်အားဖြင့် ကဋာဟကမည်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.